အပိုင်း ၈၅ ။ ယွဲ့ကျယ်ဘဝ

Start from the beginning
                                    

သို့သော်ငြား တစ်အောင့်အကြာတွင် အစောင့်တစ်ယောက်က သတင်းစကားတစ်ခု ပေးပို့လာသည်။
"အရှင့်သား၊ မင်းသားကြီး၊ ကားအက်ဆီးဒန့်ဖြစ်တဲ့လူက ယွဲ့မိသားစုသခင်လေးပါ"

ယွဲ့မိသားစုသခင်လေးလား။ သူတို့ ကားပြိုင်ကွင်းမှာမြင်ခဲ့သည့် 'ယွဲ့ရွှမ်'ဆိုသည့် ထိုကောင်လေးလား။ ယီယွင် မျက်မှောင်ကြုတ်ကာ လုရှုဖန်ကိုလှည့်ကြည့်လိုက်သည်။

လုရှုဖန်ကမေးလာ၏။
"သူ့အခြေအနေ ဘယ်လိုလဲ"

"အတော်လေးပြင်းထန်တဲ့ပုံပါ၊ တစ်ကိုယ်လုံး သွေးတွေကြီးပဲ"
အ​စောင့်က ဖော်ပြချက်ထဲကအတိုင်း တစ်သွေမတိမ်း တင်ပြလိုက်သည်။

"ရှန့်ကျယ်၊ ငါနဲ့အတူတစ်ချက်လောက် လာကြည့်ကြည့်"
ယွဲ့မိသားစုမှာ သူတို့အရင်ကျော်ကြားမှုကို ပြန်ရရှိရန် ဘယ်တော့မှ အိပ်မက်မမက်နိုင်သော်ငြား လူသိများသေးသည့် မိသားစုဖြစ်နေတုန်းပင်။ သူတို့ဘာမှမလုပ်ဘဲ သူ့ကို သေခွင့်ပေးလိုက်လျှင် ကောလဟာလဆိုးများ ပျံ့နိုင်ကာ သူတို့ကိုဆိုးရွားစွာ ပုံဖော်ကြလိမ့်မည်။

ရှန့်ခယ်က ကားထဲမှ ဆေးသေတ္တာအကူဘူး အပိုယူလာကာ လုရှုဖန်နောက်လိုက်လာ၏။ သူ့ မည်သူမည်ဝါဆိုသည့် လက္ခဏာကြောင့် ယီယွင်မှာ ကားထဲတွင်သာနေရပြီး လုံခြုံရေးကင်မရာမှတစ်ဆင့်အပြင်ကအခြေအနေကို ကြည့်နေရသည်။

အစောင့်များက လမ်းကိုရှင်းပေးလိုက်ကြသည်။ လုရှုဖန်နှင့်ရှန့်ခယ် မကြာခင် မှုခင်းဖြစ်ရာနေရာဆီရောက်လာသည်။ အနားရောက်လာပြီးနောက် မှောက်နေသည့်ယာဉ် နှစ်စီးထက်မကရှိနေတာ သိလိုက်ရသည်။

ကလေးများ စိုက်ကြည့်ပြီး အတင်း အဓိပ္ပါယ်ဖော်ခိုင်းခံရသော ခေတ်သစ်အနုပညာပုံတူပမာ ကားလေးငါးစီးက ဝင်တိုက်ထားသေးသည်။ ဒဏ်ရာအနည်းဆုံးလူများက ဘေးတွင်ထိုင်နေကာ လုံခြုံရေးအသင်းဖြေရှင်းပေးရန် စောင့်ဆိုင်းနေကြသည်။ ပိုပြီးဒဏ်ရာပြင်းသော လူနှစ်ယောက်က မြေပြင်ပေါ်တွင်လဲလျောင်းနေကာ တစ်ယောက်က ယွဲ့ရွှမ်ဖြစ်သည်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now