အပိုင်း ၈၅ ။ ယွဲ့ကျယ်ဘဝ

Start from the beginning
                                    

"သူ့စွမ်းဆောင်ရည်ကတော်တော်လေး ချီးကျူးစရာကောင်းတယ်၊ သူကဒီပြိုင်ပွဲရဲ့ MVP ပဲ"
ယီယွင်က စိတ်ပါလက်ပါ ချီးကျူးလိုက်သည်။

"အင်း" လုရှုဖန်က ရိုးရှင်းစွာသာ ပြန်​တုံ့ပြန်သည်။ သူ့လေသံက ဒါမျှော်လင့်ထားပြီးသားဆိုတာ သိရှိထားသည့်ပုံပင်။

ယီယွင် တိတ်တဆိတ် ဝေဖန်လိုက်မိတော့သည်... ဒီလို ရေခဲမျက်နှာကို အချိန်အကြာကြီးဝတ်ဆင်ထားပြီး လုံးဝနွေးထွေးမှုမရှိပေ။ မျက်နှာကြောသေနေသည့် ရှန့်ကျယ်တောင် ပိုနွေးထွေးပြီး ချည်းကပ်ရလွယ်သေးသည်။

"နန်းတော်ဆီ ပြန်တော့၊ အရှင်မင်းကြီးက ဒီည မိသားစုညစာစားပွဲ ပြင်ထားတယ်" လုရှုဖန်က သူ့ကို သတိပေးလိုက်သည်။

"ကျွန်တော် သိပါတယ်" ယီယွင်က လှည့်ကာ တခြားသူများကို နှုတ်ဆက်လိုက်သည်။

ရှန့်ခယ် လုရှုဖန်အတွက် ကားတံခါးကို ဆွဲဖွင့်လိုက်သည်။ ယီယွင်က သူနှင့်အတူလိုက်သွားပြီး ထိုင်ချသည်။

လုရှုဖန်၏ Black Wheel က ရှေ့ဆုံးကနေ မောင်းလိုက်သည်။ လိုက်ပါပို့ဆောင်သည့် ယာဉ်များက သူ့ကားနောက်ကနေ လိုက်ကာ ပိုင်စိုးပိုင်နင်း နန်းတော်ဆီ ဦးတည်မောင်းလာခဲ့ကြသည်။

ထိုနေရာအသွားတွင် အသံတစ်သံက ရုတ်တရက် ကားဆက်သွယ်ရေးကိရိယာကနေ တဖြောက်ဖြောက်မြည်လာသည်။
"

အရှင့်သား၊ မင်းသားကြီး၊ အရှေ့မှာ မတော်တဆမှု ဖြစ်နေပါတယ်၊ ကျေးဇူးပြုပြီး အရှိန်လျှော့ပေးပါဦး၊ ကျွန်တော်တို့ လမ်းကြောင်းရှင်းပေးပါ့မယ်"

"နားလည်ပါပြီ" ရှန့်ခယ်က ပြန်ဖြေပြီး ကားကို အရှိန်လျှော့ချလိုက်၏။

လူအုပ်ကြီးနှင့် သိပ်မနီးမဝေးတွင် ရပ်တန့်နေသည့်ကားများမှာ ဘေးဘက်တွင် ဝဲနေသည်။ အများစုက စိတ်လှုပ်ရှားစရာကိုကြည့်ချင်နေကြသော ဖြတ်သွားဖြတ်လာများသာပင်။

ပြည်သူ့လုံခြုံရေး တာဝန်ယူထားသည့် အစောင့်များ မရောက်သေးပုံကိုကြည့်လျှင် မတော်တဆမှုမှာ သူတို့ရောက်ခါနီး မိနစ်အတောအတွင်းဖြစ်လိမ့်မည်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now