Chapter (4) Unicode Ahhh......

En başından başla
                                    

ထိုလူသည်တိတ်ဆိတ်စွာ နားထောင်ခဲ့၏ ။သူသည် လီကျောင်းနှင့်အတူ သီးသန့်အခန်းတစ်ခုသို့လိုက်သွားခဲ့ပြီး ထိုတစ်ဝက်ပိတ်ထားသောတံခါးမှ ရယ်သံများထွက်လာသည်ကို ကြားနေရသည်။

“ မင်းငါ့ကိုအပြင်မှာ စောင့်နေလို့ရမလား။ ငါ့သူငယ်ချင်းတွေကို နှုတ်ဆက်ပြီးရင် မင်းသူဌေးနဲ့တွေ့ဖို့ အတူလိုက်ခဲ့မယ်။ ”
လီကျောင်း စကားပြောပြီးပြီးချင်း ထိုလူကသူ့ကို မျက်မှောင်ကြုတ်၍ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ လီကျောင်းက သူ့သူဌေးကိုတွေ့ဖို့ ဘာကြောင့်လိုက်ချင်နေမှန်း နားလည်သည့်ပုံမပေါ်ပေ ။

"မှုခင်းဒရာမာကြည့်ဖူးလား"

လီကျောင်းက ပါးစပ်ကို ဖုံးလိုက်ပြီး ထိုလူကိုတီးတိုးပြောလိုက်သည်။ 
“ သံသယရှိတဲ့သူကို မရှာတွေ့စေချင်ရင် အလီဘိုင်လုပ်ပေးမဲ့လူတစ်ယောက် လိုတယ်”
ထိုလူ၏မျက်လုံးများ အနည်းငယ်တုန်လှုပ်သွားသည်။

"နားလည်လား"
 လီကျောင်းက မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။

"မင်းက အခင်းနေရာမှာမရှိဘူးဆိုတာ ငါကသက်သေလုပ်ပေးမယ် "

ထိုလူကစကားပြန်ပြောမည့်ပုံ မပေါ်သောကြောင့် မူးနေသောလီကျောင်းက တိုက်ရိုက်ပြောခဲ့သည်။

"ဘာပဲဖြစ်ဖြစ်စိတ်မပူပါနဲ့။ ငါ့ကိုဒီမှာစောင့်နေ၊ ချက်ချင်းပြန်လာခဲ့မယ် "

ထိုလူသည် အခန်းထဲသို့ ခြေလှမ်းကျဲများဖြင့် ဝင်သွားပြီး အဓိကထိုင်ခုံတွင် ထိုင်နေသောလူများစွာနှင့် စကားပြောခဲ့ကြောင်း တွေ့လိုက်ရ၏ ။လီကျောင်း ထွက်မလာခင် သူတို့အတွက် ဝိုင်ခွက်အနည်းငယ် ဖြည့်ပေးခဲ့သည်။သူ့နောက်ရှိ ပျော်ရွှင်ရယ်မောနေသောလူများသည် သူစောစောထွက်သွားသည်ကို ဂရုပြုမိပုံမပေါ်ပေ။ သူတို့သည် များသောအားဖြင့် အခြားလူငယ်တစ်ယာက်ကို ဝန်းရံထားကြသည်။

"သွားကြရအောင်။" 
လီကျောင်းသည် နှုတ်ခမ်းထောင့်စွန်း၌ပေနေသောဝိုင်များကို တစ်သျူးစက္ကူဖြင့် သုတ်လိုက်သည်။ 

“ဟိုကိုရောက်ရင် ငါက မင်းရဲ့သူဌေးကိုနှုတ်ဆက်ပြီး မင်းကငါ့ကိုအများကြီး ကူညီခဲ့တယ်လို့ ပြောလိုက်မယ်။ စားသုံးသူတစ်ယောက်က မင်းကိုပုဂ္ဂိုလ်ရေးအရ ချီးမွမ်းတာက အသုံးမဝင်ဘဲနေပါ့မလား။ ”

ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ  [Myanmar translation]Hikayelerin yaşadığı yer. Şimdi keşfedin