အပိုင်း ၈၃ ။ ယွဲ့ကျယ်ဘဝ

Start from the beginning
                                    

ရှန့်ခယ် Zootopia ထဲမှ ဆလော့ကောင်လေးလို ဖြည်းဖြည်းချင်း နှုတ်ခမ်းကိုကွေးပြီး မျက်နှာပေါ်မှ လှောင်ပြုံးကို ထူးဆန်းပြီး မနှစ်မျို့ဖွယ်ထူးခြားလှသော မိတ္တူအမူအရာပုံစံအဖြစ်​ပြောင်းလဲလိုက်လေသည်။

ဖေးလင်း : "......"
ဘုရားသခင်တောင် ဒီ အကြောသေမျက်နှာကို ကယ်တင်နိုင်တော့မည်မဟုတ်ပေ!

"ဖွီ" ခပ်တိုးတိုး ဗလုံးဗထွေးရယ်သံက ရုတ်တရက် အပြင်ကနေထွက်လာခဲ့သည်။

"သခင်ကြီး" ဖေးလင်းက အနေရခက်စွာ အလေးပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ ထိတ်လန့်တကြားတွေးမိသွားသည် : သခင်ကြီးရယ်နေတာ ဟုတ်တယ်မလား။ သူ ရယ်ခဲ့တာ! သေချာပေါက် ရယ်သံပဲ! ငါ ထင်ယောင်ထင်မှားတွေ ဖြစ်နေတာတော့မဟုတ်ပါဘူး ဟုတ်တယ်မလား။

"သူ့ကိုသင်ပေးစရာမလိုတော့ပါဘူး၊ ဒီတိုင်းပဲ နေခွင့်ပေးလိုက်ပါ" လုရှုဖန်က ခြေလှမ်းကျဲများဖြင့် အခန်းထဲ လျှောက်လာပြီး ရှန့်ခယ်ရှေ့ရပ်ကာ ညင်သာစွာပြောလိုက်သည်။
"မင်းကိုယ်မင်း ဖိအားပေးစရာမလိုဘူး၊ အပြုံးဆိုတာ နှလုံးသားကပဲ၊ ငါ နေ့တိုင်း အပြုံးတုတွေနဲ့ ရင်ဆိုင်နေရတာ၊ နောက်တစ်ခုပါ ထပ်တိုးလာဖို့ မလိုတော့ဘူး"

ရှန့်ခယ် အေးစက်ပြီး ခံစားချက်မဲ့သော ပုံမှန်အမူအရာအတိုင်း ပြန်ဖြစ်သွားသည်။

ဖေးလင်းသက်ပြင်းချပြီး ဆက်မတိုက်တွန်းတော့ပေ။ ခံစားချက်မရှိသော စာချုပ်ထိန်းသိမ်းသူတစ်ယောက်အတွက် မည်သည့်မျက်နှာအမူအရာမဆို မလိုအပ်တော့ပေ။

တစ်လအကြာတွင် လုရှုဖန် ရှန့်ခယ်နှင့် ကိုယ်ရံတော်တစ်စုကို ခေါ်ကာ မြို့တော် ဆိုယာဆီဦးတည်လာခဲ့သည်။

အမှန်တိုင်းပြောရလျှင် ရှန့်ခယ် မြို့တော်ဆီမသွားချင်။ ထိုနေရာတွင် ယွဲ့မိသားစုနှင့် တွေ့နိုင်သည့်အခွင့်အရေးကများ၍ပင်။ ယွဲ့မိသားစု၏ ပင်မစံအိမ်မှာ ဆိုယာတွင် မဟုတ်သော်ငြား မြို့တော်တွင် သူတို့အရောင်းအဝယ်အမျှင်များကို လေ့လာနေသည့် ကလေးများရှိသည်။ ဒီကမ္ဘာတွင် သူ့အဓိက မစ်ရှင်မှာ ယွဲ့မိသားစု၏ အမွေဆက်ခံသူ တစ်ဖန်ဖြစ်လာရန် ဆိုသော်ငြား အခြားသင့်တော်သူများရှိနေစဉ် အသက် ၃၅နှစ်အရွယ်၌ သေဆုံးမည့် စာချုပ်ထိန်းသိမ်းသူတစ်ယောက်ကိုတော့ အမွေဆက်ခံသည့်နေရာပေးလာမည်ဆိုတာ မဖြစ်နိုင်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now