အပိုင်း ၈၃ ။ ယွဲ့ကျယ်ဘဝ

Start from the beginning
                                    

ရှန့်ခယ်က ဒီကျင့်ဝတ်ထုံးတမ်းများနှင့် လူမှုရေးဆိုင်ရာစည်းမျဉ်းများကို စိမ်းသက်နေသူမဟုတ်။ ဖေးလင်း၏ ကြီးကြပ်မှုအောက် ရှန့်ခယ် လက်စွဲစာအုပ်များကို ဂရုတစိုက် ထပ်တလဲလဲဖတ်ပြီး လမ်းညွှန်မှုကို တလေးတနက်လက်ခံပြီးနောက် အကဲဖြတ်မှုအား လွယ်လင့်တကူအောင်မြင်သွားခဲ့သည်။

ရှန့်ခယ် အမူအရာကင်းမဲ့သည်ကလွဲ သူ့အပြုအမူမှာ စင်းလုံးချောနီးပါးဖြစ်သော်ငြား ဖေးလင်းကတော့ တစ်ခုခုလွဲနေသလိုမျိုး ခံစားနေရသည်။ သူ့ကို အနီးကပ် အသေအချာလေ့လာပြီးနောက် နောက်ဆုံးတော့ အံ့ဩသင့်စရာကောက်ချက်တစ်ခုရခဲ့သည်။ ရှန့်ခယ်၏ အမူအရာမှာ အေးစက်နေလွန်းခြင်းပင်။ သူက မည်မျှပင် ရိုသေသည့် ပုံပေါက်ပေါက် အထက်စီး ရှိသည့် အသွင်မျိုးပေးစွမ်းသည်။ လုရှုဖန်၏ တည်ကြည်စွာ ဂုဏ်အိန္ဒေရြှိပြီး အေးစက်သော ဝင့်ဝါခြင်းနှင့်ကွာခြားသည်က ရှန့်ခယ်မှာရန်လိုပြီး အမှန်တကယ် စိတ်မဝင်စားလျစ်လျူရှုကာ ပြင်ပအရေးများကြောင့်နှင့် လုံးဝမလှုပ်မယှက်ဟန်ဖြစ်သည်။

"ရှန့်ကျယ်၊ ပြုံးကြည့်ဒီလိုမျိုး" ဖေးလင်း ရှန့်ခယ်မြင်စေရန် တော်သင့်ရုံအပြုံးမျိုး ပြုံးပြလိုက်သည်။

ရှန့်ခယ်တစ်ယောက် သူ့ အရေးအကြောင်းတစ်ချို့နှင့် ပြုံးနေသောမျက်နှာကို ဗလာစိုက်ကြည့်နေရင်း စိတ်ထဲတွင်မရေမတွက်နိုင်သော ကျိန်ဆဲမှုများ ဖြတ်သန်းသွားခဲ့သည်။

"ရှန့်ကျယ်၊ မျက်နှာအမူအရာဆိုတာ လူတွေကြားက ဆက်သွယ်မှုလမ်းကြောင်းတွေထဲ အရေးအကြီးဆုံးပဲ၊ မင်း မပြုံးနိုင်ရင်တောင် တတ်နိုင်သမျှ မင်းပါးစပ်ထောင့်ဖျားကို လှုပ်ကြည့်ကြည့်၊ သေချာကြည့်နေ"
ဖေးလင်းက သူ့ပါးစပ်ထောင့်ဖျားများကို အပေါ်သို့ကော့တက်ပြလိုက်သည်။
"လာ မင်းစမ်းကြည့်"

ရှန့်ခယ် နှုတ်ခမ်းကိုစေ့လိုက်သည့် အမူအရာမှာ မရှိစဉ်ကာလတုန်းကထက် ကျွမ်းကျင်လွန်းစွာထေ့ငေါ့ပြုံးသည့် မျက်နှာမဲ့မှုအဖြစ် သက်ဆင်းသွားရှာသည်။

ဖေးလင်း စိတ်ရှည်ရှည်ဖြင့် ဆက်ပြီး နည်းပြရှာ၏။
"နှုတ်ခမ်းထောင့်ဖျားလေးတွေကို နည်းနည်းပိုပြီး ဆွဲဆန့်ကြည့်ကြည့်၊ နောက်တစ်ခေါက် ထပ်လုပ်ကြည့်"

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now