အပိုင်း ၅၃ ။ မှိုပွင့်ဘဝ

Start from the beginning
                                    

သူ့ကို ခေါင်းစခြေဆုံးကြည့်ပြီးနောက် ရှိနေသည့် ပညာရှင်ျိားအားလုံးက ရှန့်ခယ်ဆီ အကြည့်ရောက်လာသည်။ သူက ဝိဥာဏ်စွမ်းအင်ရှိသော အပင်တစ်ခုမှ ဖြစ်လာသည့် ဝိဥာဏ် တစ်ယောက်ဖြစ်သည်ဆိုတာ ပြောနိုင်၍ပင်။ မိစ္ဆာသားရဲများနှင့် မတူဘဲ အသွင်ပြောင်းနိုင်သည့် ဝိဥာဏ်စွမ်းအင်ရှိသော အပင်များကရှားလှသည်။ သူတို့က ကောင်းကင်နှင့်မြေကြီးရဲ့ ဝိဥာဏ်ချီများပါဝင်ရုံတင်မဟုတ်ပေ။မင်း အနားမှာ သူတို့ကို ပျိုးထောင်လျှင် ဝိဥာဏ်ချီသိပ်သည်းမှုကို မြင့်တင်ပေးနိုင်သလို စွမ်းအင်အစစ်အမှန်ကိုလည်း အားဖြည့်ပေးနိုင်သည်။ထို့အပြင် ချီဓာတ်ကိုပါ တည်ငြိမ်စေနိုင်သေး၏။

ရှန့်ခယ်သာ "မိစ္ဆာ" မှိုလေးဖြစ်နေသေးလျှင် ပိုပြီးတောင် အာရုံစိုက်ခံရလိမ့်မည်။ ယခုလက်ရှိသူကတော့ မသေမျိုးချီများနှင့်ပင်။ ကျင့်ကြံသူများအတွက်တော့ သူက အင်မတန်ကို အာဟာရဖြစ်စေသည့် အရာဖြစ်သော လင်ဇီမှိုပင်။

ကျင့်ကြံဆင့် နိမ့်သည့် အခြားကျင့်ကြံသူများကတော့ ရှန့်ခယ်ရဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို မမှန်းဆလောက်မိပေမဲ့ သူ့ကိုယ်ကနေ "အရသာရှိသော" ရနံ့ကို အာရုံခံနိုင်သေးသည်။

ယန်လုအကြည့်ကအေးစက်သွားသည်။ သူက ရှန့်ခယ်ကို ခါးကနေဖက်ကာ မျက်စိတစ်မှိတ်အတွင်း နေရာကနေ ပျောက်သွားလေသည်။

"မင်းဘယ်သွားချင်လဲ" ယန်လုကမေးသည်။

"မသေမျိုးတွေရဲ့အကြွင်းအကျန်နေရာတွေ"
ရှန့်ခယ်မှာ ရှေးခေတ်မှ အကြွင်းအကျန် နေရာများအကြောင်း ခေါင်းထဲ အချက်အလက် အနည်းငယ် ထည့်ထားသေးသည်။

နှစ်ယောက်သားက လွတ်လပ်စွာ လျှောက်သွားနေကြသော်ငြား သူတို့၏ အသွင်အပြင်က အင်မတန်တိုတောင်းသည့်အချိန်မှာပင် ကျင့်ကြံခြင်းလောကတစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။ ထာဝရရှင်သန်အဆင့်ထဲရှိ ပါရမီရှင်များနှင့် လက်ရည်ချင်းယှဉ်နိုင်သည့် ကျင့်ကြံသူနှစ်ယောက်က ရုတ်တရက်ပေါ်လာသည်။ တစ်ယောက်ဆိုလျှင် အင်မတန်ရှားပါးလှသော စိတ်စွမ်းအင်များနှင့်ပြည့်နေသည့် ဝိဥာဏ်အပင် ကျင့်ကြံသူဖြစ်သေးသည်။ ဒါက သေချာပေါက် ထိတ်လန့််စရာ သတင်းပေ။ ပို၍ ထူးဆန်းသည်က ဘယ်သူမှ သူတို့ကို မမှတ်မိကြပေ။ ခဏအတွင်းမှာပင် မရေမတွက်နိုင်သော လူများမှာ သူတို့ ဘယ်သူလဲဟု တိတ်တဆိတ် စုံစမ်းကြလေတော့၏။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now