မီးတောက်ကြားကပန်းတစ်ပွင့် [မြ...

By Mine-Edge

1M 144K 5.6K

【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သ... More

Disclaimer
အပိုင္း ၁။​​ေက့ခ်္​ဘ၀- ခ်စ္​ျခင္​းရဲ႕၇၂နာရီ
အပုိုင္း​၂။ ​ေက့(ခ်္​)ဘ၀
အပိုင္​း ၃။ ​ေက့(ခ်္​)ဘ၀
အပိုင္​း ၄။ ​ေက့(ခ်္​)ဘ၀
အပိုင္​း ၅။ ​ေက့(ခ်္​)ဘ၀
အပိုင္​း ၆။ ​ေက့(ခ်္​)ဘ၀
အပိုင္​း၇။ ​ေက့(ခ်္​)ဘ၀
အပိုင္​း ၈ ။ ​ေက့(ခ်္​) ဘ၀
အပိုင္​း ၉ ။ ​ေက့(ခ်္​)ဘ၀
အပိုင္​း ၁၀ ။ က်န္​းယြီ​ေမာ့ဘ၀ - မင္​းတစ္​ဦးတည္​းသာ
အပိုင္း ၁၁ ။ က်န္းယြီေမာ့ဘ၀
အပိုင္​း ၁၂ ။ က်န္​းယြီ​ေမာ့ဘ၀
အပိုင္​း ၁၃ ။ က်န္​းယြီ​ေမာ့ ဘ၀
အပိုင္​း ၁၄ ။ က်န္​းယြီ​ေမာ့ ဘ၀
အပိုင္​း ၁၅ ။ က်န္​းယြီ​ေမာ့ဘ၀
အပိုင္​း၁၆ ။ ​က်န္​းယြီ​ေမာ့ဘ၀
အပိုင္​း ၁၇ ။ က်န္​းယြီ​ေမာ့ဘ၀
အပိုင္​း ၁၈ ။ က်န္​းယြီ​ေမာ့ဘ၀
အပိုင္​း ၁၉ ။ က်န္​းယြီ​ေမာ့ ဘ၀
အပိုင္​း ၂၀ ။ က်န္​းယီြ​ေမာ့ဘ၀ <EXTRA>
အပိုင္​း ၂၀။ အိုဆာရီဘ၀ - ယံုၾကည္​ရာ
အပိုင္​း ၂၂ ။ အိုဆာရီဘ၀
အပိုင္​း ၂၃ ။ အိုဆာရီဘ၀
အပိုင္​း ၂၅ ။ အိုဆာရီဘ၀
အပိုင္း ၂၆ ။ အိုဆာရီဘဝ
အပိုင္း ၂၇ ။ အိုဆာရီဘဝ
အပိုင္း ၂၈။ အိုဆာရီဘဝ
အပိုင္း ၂၉။ အိုဆာရီဘဝ
အပိုင္း ၃၀။ အိုဆာရီဘဝ
အပိုင္း ၃၁ ။ အိုဆာရီဘဝ
အပိုင္း ၃၂ ။ အိုဆာရီဘဝ
အပိုင္း ၃၃ ။ အိုဆာရီဘဝ
အပိုင္​း ၃၄ ။ ဘ႐ူႏိုဘဝ - ေပြ႕ဖက္ခြင့္
အပိုင္း ၃၅ ။ဘရူနိုဘဝ
အပိုင္း ၃၆ ။ ဘရူနိုဘဝ
အပိုင္း ၃၇ ။ ဘရူနိုဘဝ
အပိုင္း ၃၈ ။ ဘရူနိုဘဝ
အပိုင္း ၃၉ ။ ဘရူနိုဘဝ
အပိုင္း ၄၀ ။ ဘရူနိုဘဝ
အပိုင္း ၄၁ ။ ဘရူနိုဘဝ
အပိုင္း ၄၂ ။ ဘရူနိုဘဝ
အပိုင္း ၄၃ ။ ဘရူနိုဘဝ
အပိုင္း ၄၄ ။ ဘရူနိုဘဝ
အပိုင္း ၄၅ ။ မွိုပြင့္ဘဝ - ခ်စ္ေသာမွိုေလး
အပိုင္း ၄၆ ။ မွိုပြင့္ဘဝ
အပိုင္း ၄၇ ။ မွုိပြင့္ဘဝ
အပိုင္း ၄၈ ။ မွိုပြင့္ဘဝ
အပိုင္း ၄၉ ။ မွိုပြင့္ဘဝ
အပိုင္း ၅၀ ။ မွိုပြင့္ဘဝ
အပိုင္း ၅၁ ။ မွုိပြင့္ဘဝ
အပိုင္း ၅၂ ။ မွုိပြင့္ဘဝ
အပိုင္း ၅၃ ။ မွိုပြင့္ဘဝ
အပိုင္း ၅၄ ။ မွိုပြင့္ဘဝ
အပိုင္း ၅၅ ။ဖီလ္ေမာဘဝ - အယ္လ္ဖာခ်စ္သူ
အပိုင္း ၅၆ ။ဖီလ္ေမာဘဝ
အပိုင္း ၅၇ ။ ဖီလ္ေမာဘဝ
အပိုင္း ၅၈ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၅၉ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၀ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၁ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၂ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၃ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၄ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၅ ။ ဖီ(လ္)ေမာဘဝ
အပိုင္း ၆၆ ။ မီးေတာက္ေလးဘဝ - အထြတ္အျမတ္ရတနာ
အပိုင္း ၆၇ ။ မီးေတာက္ေလးဘဝ
အပိုင္း ၆၈ ။ မီးေတာက္ေလးဘဝ
အပိုင္း ၆၉ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၀ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၁ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၂ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၃ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၄ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၅ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၆ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၇ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၈ ။ မီးေတာက္ေလးဘဝ
အပိုင္း ၇၉ ။ မီးေတာက္ေလးဘဝ
အပိုင္း ၈၀ ။ ယြဲ႕က်ယ္ဘဝ - ပဋိညာဥ္စာခ်ဳပ္
အပိုင္း ၈၁ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၂ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၃ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၄ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၅ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၆ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၇ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၈ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၈၉ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၀ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၁ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၂ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၃ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၄ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၅ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၆ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၇ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၈ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၉၉ ။ ယြဲ႕က်ယ္ဘဝ
အပိုင္း ၁၀၀ ။ Unos ဘဝ - မ်က္ႏွာဖုံးခ်စ္သူ
အပိုင္း ၁၀၁ ။ Unos ဘဝ
အပိုင္း ၁၀၂ ။ Unos ဘဝ
အပိုင္း ၁၀၃ ။ Unos ဘဝ
အပိုင္း ၁၀၄ ။ Unos ဘဝ
အပိုင္း ၁၀၅ ။ Unos ဘဝ
အပိုင္း ၁၀၆ ။ Unos ဘဝ
အပိုင္း ၁၀၇ ။ Unos ဘဝ
အပိုင္း ၁၁၆ ။ က်န္းယြီေမာ့ဘဝ (RE)
အပိုင္း ၁၁၇ ။ က်န္းယြီေမာ့ဘဝ (RE)
အပိုင္း ၁၁၈ ။ က်န္းယြီေမာ့ဘဝ (RE)
အပိုင္း ၁၁၉ ။ က်န္းယြီေမာ့ဘဝ (RE)
အပိုင္း ၁၂၀ ။ က်န္းယြီေမာ့ဘဝ (RE)
အပိုင္း ၁၂၁ ။ အိုဆာရီဘဝ (RE)
အပိုင္း ၁၂၂ ။ အိုဆာရီဘဝ (RE)
အပိုင္း ၁၂၃ ။ အိုဆာရီဘဝ (RE)

အပိုင္​း ၂၄ ။ အိုဆာရီဘ၀

13.4K 2.1K 56
By Mine-Edge

[Zawgyi]

Translator - No_Coz

ယံုၾကည္ရာ (၄)
~~~~~~~~~

မေကာင္းဆိုးဝါးခ်ီ ထိုးေဖာက္ဝင္ေရာက္ခံရတဲ့ လူ နဂိုအတိုင္း ျပန္ေကာင္းသြားေတာ့၊ အနီးအနားမွာ ၾကည့္ေနၾကသူေတြအကုန္ အံ့ဩသြားရေတာ့တယ္။ ဘုန္းေတာ္ႀကီးက မြန္ျမတ္ေသာ ေရစင္ယူလာခိုင္းၿပီး အဲ့ဒီလူကို ေသာက္ေစတယ္။ ဒီလို ေရစင္မ်ိဳးက လူတစ္ေယာက္ရဲ႕ ကိုယ္ထဲမွာ မိစၧာခ်ီ ရွိ မရွိကို ကြဲျပားသိသာေစႏိုင္တယ္ေလ။ မိစၧာခ်ီ နည္းနည္းေလးပဲ ရွိေနတယ္ဆိုရင္ ခ်ီေတြကို ေပ်ာ္ေပ်ာက္သြားေစမွာျဖစ္ၿပီး မိစၧာခ်ီေတြ သိပ္မ်ားေနရင္ေတာ့ အဲ့ဒီလူဟာ အလူးအလဲ နာက်င္ေနရမွာ ျဖစ္တယ္။

ဒါေပမယ့္ ဒီေရစင္ဟာ မင္းအဆင့္ တမန္ေတာ္ေတြအေပၚမွာေတာ့ သက္ေရာက္မႈ မရွိဘူး။

အဲ့ဒီလူက ေရစင္ကို ရႊင္ရႊင္လန္းလန္းၾကည္ၾကည္သာသာပဲ ေသာက္လိုက္ႏိုင္တယ္။ ဘုန္းေတာ္ႀကီးေတြအားလံုး တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ရင္း အံ့ဩကုန္ၾကတယ္။ သူတို႔ စိတ္ထဲ မသိုးမသန္႔ ျဖစ္ေနမိေပမယ့္ ဒီလူရဲ႕ ကိုယ္ထဲမွာ မိစၧာခ်ီ မရွိေတာ့ပါဘူးဆိုတဲ့ အခ်က္ကိုေတာ့ သူတို႔ လက္ခံေၾကညာခဲ့ရတယ္။

အဲ့ဒီ့လူရဲ႕ မိသားစုဝင္ေတြလည္း ဝမ္းသာရလြန္းလို႔ ဘုန္းေတာ္ႀကီးေတြကို အႀကိမ္ႀကိမ္ ေက်းဇူးေတြ တင္ေနေလရဲ႕။

တကယ္ေတာ့၊ ဘုန္းေတာ္ႀကီးေတြမွာလည္း နားမလည္ႏိုင္ေတြ ျဖစ္ေနခဲ့ရတာ. . . .

ရွန္႔ခယ္ တုန္ယင္ခ်င္ေနမိတဲ့ ခႏၶာကိုယ္ကို ခ်ဳပ္တည္းရင္း ေတာင့္တင္းစြာ ရပ္ေနရတယ္။ မေကာင္းဆိုးဝါးခ်ီေတြကို စုပ္ယူရတာက ပုပ္သိုးေနတဲ့ အစားအစာေတြ စားမိလိုက္ရသလိုမ်ိဳး။ ရက္ေပါင္းမ်ားစြာ စြဲက်န္ေနေစခဲ့မယ့္ "လက္က်န္ အရသာဆိုးဆိုး" ေလးနဲ႔ေပါ့။

ခိုင္ဆာ ရွန္႔ခယ္ကို ေသေသခ်ာခ်ာ စူးစိုက္ၾကည့္ေနမိတယ္။ သူပဲ အထင္အျမင္မွားေနတာလား... အဲ့ဒီ့လူရဲ႕ ကိုယ္ထဲက မေကာင္းဆိုးဝါး ခ်ီေတြက ရွန္႔ခယ္ကိုယ္ထဲ စီးဝင္သြားခဲ့တာ မလား. . .

"ေဖေဖ...?" ဖူဖူလည္း ရွန္႔ခယ္ရဲ႕ မူမမွန္တဲ့ အေျခအေနကို သတိထားမိေတာ့ သူ႔ဆံပင္ေတြကို ဆြဲကိုင္ကာ လႈပ္ယမ္းလိုက္တယ္။

"ဘာမွ မျဖစ္ဘူး..." ဒီစကားလံုး အနည္းငယ္ကိုေတာင္ ရွန္႔ခယ္ မနည္းျဖစ္ညစ္ထုတ္ၿပီး ေျပာလိုက္ရတာ။

"သြားရေအာင္... ဘာမွ ၾကည့္စရာလည္း မရွိေတာ့ပဲနဲ႔ ..." ယိုးရီ ေရာက္လာၿပီး လက္တစ္ဖက္က ခိုင္ဆာ၊ ေနာက္တစ္ဖက္က ရွန္႔ခယ္ကို တြန္းကာ အျပင္ကို ေခၚေဆာင္သြားတယ္။

သူ တြန္းလိုက္တာကိုေတာင္ ရွန္႔ခယ္ မခံႏိုင္ဘူး။ ယိုင္နဲ႔နဲ႔ ျဖစ္သြားတာ။ ခိုင္ဆာက သူ႔ကို ေပြ႕ထိန္းလိုက္ရတယ္။ ခိုင္ဆာ့မ်က္ဝန္းေတြထဲမွာေတာ့ နားမလည္ႏိုင္မႈေတြ အျပည့္နဲ႔ေပါ့။

ဗယ္ဒ်ဴလာကေတာ့ သူ႔ကို မေလွာင္ရ မေနႏိုင္ရွာ။ "ေယာက်္ားလုပ္ၿပီး ေပ်ာ့ဖတ္ေနလိုက္တာ..."

သူမ ခပ္တိုးတိုးေလးသာ ေျပာလိုက္တာျဖစ္ေပမယ့္လည္း အခ်င္းခ်င္း နီးကပ္ေနတာမို႔ အားလံုးၾကားလိုက္ရတယ္။

ရွန္႔ခယ္ကေတာ့ ခပ္ဆိတ္ဆိတ္သာ ေနရင္း မ်က္ႏွာကို ဝတ္ရံုက ကြယ္ထားတာေၾကာင့္ မ်က္ႏွာထား ဘယ္လိုျဖစ္သြားသလဲေတာ့ မသိရဘူး။ ခိုင္ဆာနဲ႔ ယိုးရီကေတာ့ ဘာမွ ေျပာမေနေတာ့ဘဲ အလင္းေရာင္ဘံုေက်ာင္းတြင္းမွ ထြက္လာလိုက္ေတာ့တယ္။

ရွန္႔ခယ္ ျဖည္းညင္းစြာသာ ေလၽွာက္ႏိုင္ေတာ့တယ္။ ဟိုသံုးေယာက္က ေတာ္ေတာ္ေဝးေဝးေတြေတာင္ ေရာက္ကုန္ၿပီ။ ဒါေပမယ့္ သူကေတာ့ ေနာက္မွာ ယိုင္တိုင္တိုင္နဲ႔ က်န္ခဲ့ရွာတယ္။ သူက အျမန္ မေလၽွာက္ခ်င္လို႔ မေလၽွာက္တာမ်ိဳးေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ သူ ခုနက စုပ္ယူလိုက္တဲ့ မေကာင္းဆိုးဝါးခ်ီက အရင္က ခ်ိဳးႏွိမ္ထားႏိုင္ခဲ့တဲ့ မေကာင္းဆိုးဝါးခ်ီေတြကို ျပန္အံုႂကြသြားေစခဲ့တယ္။ ဒီေတာ့ သူ႔ စိတ္စြမ္းအားနဲ႔ ခႏၶာကိုယ္ကို "အေႏွာင့္အယွက္ျဖစ္ေစၿပီး" အခ်ိန္နဲ႔ အမၽွ သူ႔ကို နာက်င္ကိုက္ခဲေနေစတယ္။

ရွန္႔ခယ္ သူ႔ကို ပထမကမၻာမွာကတည္းက ဒုကၡအႀကီးအက်ယ္ခံစားထားေစခဲ့တဲ့ System f
ကို ေက်းဇူးတင္မိတယ္။ အဲ့ဒါေၾကာင့္လည္း သူ ခုလို နာက်င္မႈေဝဒနာေတြကို ခါးစည္းေတာင့္ခံေနႏိုင္တာကိုး။

ဒီကိစၥကပဲ လူေတြ စိတ္ႏွလံုးထဲ မ်က္ရည္မိုးေတြ ၿဖိဳင္ၿဖိဳင္ ရြာသြန္းေစႏိုင္ခဲ့တာ။

အခုအခ်ိန္မွာေတာ့ ရွန္႔ခယ္တစ္ေယာက္ သူတို႔အုပ္စုအနား ရစ္သီ ရစ္သီ ပိုပိုလာလုပ္ေနတဲ့ အဆင့္နိမ့္ မိစၧာတမန္ငယ္ေလးေတြကို သတိထားမိလိုက္တယ္။ သူတို႔သာ ရိုးရိုးသာမန္လူသာဆို ရွန္႔ခယ္ သူတို႔ကို သတိထားမိမွာေတာင္ မဟုတ္ဘူး။ ဒါေပမယ့္ အဆင့္နိမ့္တမန္ေတြရဲ႕ ကိုယ္ေရာင္ကိုယ္ဝါကေတာ့ သိသာထင္ရွားတယ္။ အေမွာင္ထဲက မီးစုန္းေတြလိုပဲ။

သူ နဂိုကတည္းက စိတ္မေပ်ာ္ေတာ့တာ၊ အခု သူ႔ကို လာေႏွာင့္ယွက္မယ့္သူေတြက ေပည္လာေသးတယ္။

ရွန္႔ခယ္ရဲ႕ ကိုယ္ထဲကေန မင္းအဆင့္ တမန္ေတာ္တစ္ပါးရဲ႕ အရွိန္အဝါေတြ ခန္႔ညားထည္ဝါစြာ ရုတ္တရက္ ထြက္ေပၚလာေတာ့တယ္။ ရက္စက္ၾကမ္းက်ဳတ္ေအးစက္ၿပီး အညာအတာကင္းမဲ့ေနဟန္ေပၚတယ္။ လိုရင္းေျပာရရင္ အဲ့ဒါက တမန္ေတာ္အငယ္ေတြကို သူ႔အနားကေန ထြက္သြားေစလိုက္တာပဲ။

အဲ့ဒီ အဆင့္နိမ့္တမန္ေတာ္ေတြအကုန္ အံ့အားသင့္ကုန္ၾကတယ္။ သူတို႔ မ်က္ႏွာထားလည္း ထိန္လန္႔ေၾကာက္ရြံ႕သြားၾကပံုနဲ႔ ေဘးဘီဝဲယာေတြ ေလၽွာက္ၾကည့္ၾကတယ္။ ဒါေပမယ့္ သူတို႔ အထက္ "ေခါင္းေဆာင္"ဆိုတဲ့ ပုဂၢိဳလ္ရဲ႕ အရိပ္အေယာင္ကိုေတာင္ မေတြ႕ရျပန္ဘူး။ ဒီလိုဆိုေပမယ့္ သူတို႔က နည္းနည္း ပါးနပ္ၾကေသးေတာ့၊ ဒီနယ္ေျမတစ္ဝိုက္ကို ဆရာ့ဆရာႀကီးတစ္ပါးက ပိုင္နက္သတ္မွတ္ၿပီး ျဖစ္တာေၾကာင့္ ရစ္သီရစ္သီ ဆက္မလုပ္ရဲေတာ့ဘဲ၊ ျပန္လွည့္သြားၾကၿပီး လူအုပ္ၾကားထဲ တိုးဝင္ ေပ်ာက္ကြယ္သြားၾကေတာ့တယ္။

ခိုင္ဆာ့ေျခလွမ္းေတြ တုန္႔ကနဲ ရပ္သြားတယ္။ ထူးဆန္းတယ္. . . သူတို႔ေနာက္ကို လိုက္လာတဲ့သူေတြ ရွိတာကို သူ အာရံုခံမိေပမယ့္ တစ္ခဏအတြင္း အကုန္ေပ်ာက္သြားတယ္လား။

သူတို႔ အုပ္စုလည္း လည္ဖို႔ ပတ္ဖို႔ကို စိတ္မပါေတာ့တာနဲ႔ ဝယ္စရာရွိတာေတြ အျမန္ဝယ္ၿပီး တည္းခိုခန္းရွိရာကို ျပန္လာလိုက္ၾကတယ္။

ဆရာဂြင္းက ဆုေၾကးေငြသြားထုတ္ၿပီးသြားၿပီ။ သူတို႔ေတြကို အညီအမၽွ ခြဲေပးလိုက္တယ္။ ရွန္႔ခယ္လည္း ေဝစုရတယ္။ ေရႊဒဂၤါး ၃၀ တည္းဆိုေပမယ့္ သူ အခ်ိန္ကာလတစ္ခုအတြင္းေတာ့ ေနႏိုင္ စားႏိုင္ေလာက္မယ့္ ပမာဏပဲ။

ေနာက္တစ္ေန႔ေရာက္တာနဲ႔ သူတို႔ ၿမိဳ႕ေတာ္ျပန္ဖို႔ ခရီးဆက္ခဲ့လိုက္ၾကတယ္။

အဲ့ေန႔ အလင္းေရာင္ဘံုေက်ာင္းက ကိစၥကေတာ့ ခိုင္ဆာ့စိတ္ထဲမွာ သံသယဝင္စရာတစ္ခုအေနနဲ႔ ကိန္းေအာင္းလာလ်က္ေပါ့။ ဒါ့ေၾကာင့္ ခရီးစဥ္တစ္ေလၽွာက္မွာ၊ ခိုင္ဆာက ရွန္႔ခယ္ရဲ႕ လႈပ္ရွားမႈတိုင္းကို ေသခ်ာသတိထားေစာင့္ၾကည့္ေတာ့တာပဲ။

သိပ္မၾကာပါဘူး၊ ထူးဆန္းတဲ့ အခ်က္ကေလးေတြကို သူ စသတိထားမိလာတယ္။ ရွန္႔ခယ္ရဲ႕ ခႏၶာကိုယ္က ေပ်ာ့ညံ့လြန္းတဲ့ အထဲမွာ မပါဘူး။ ဒါေပမယ့္ သူ႔ကာယအင္အားကေတာ့ အေတာ္ေလးကို ခ်ိနဲ႔ေနတယ္။ ခဏေလာက္လမ္းေလၽွာက္ၿပီးတာနဲ႔ သူ ႏြမ္းနယ္စျပဳလာတယ္။ ဒီလို အားအင္မ်ိဳးက သာမန္လူေတြနဲ႔ ယွဥ္ရင္ေတာင္ အေတာ္နည္းေနတာ၊ သူ႔မွာ ဒဏ္ရာရေနတာမ်ိဳးေတြ၊ ေရာဂါရွိေနတာမ်ိဳးေတြလည္း မဟုတ္။ သူ႔ခႏၶာကိုးက ၾကံ့ခိုင္ၿပီး အခ်ိဳးအစားလည္း က်နရဲ႕သားနဲ႔ဆိုေတာ့ သူ အရင္က သိုင္းပညာေတြ ေလ့က်င့္သင္ယူဖူးမွာ ေသခ်ာတယ္။ ဘာ့ေၾကာင့္လဲေတာ့ ခိုင္ဆာမသိဘူး၊ ဒါေပမယ့္ ရွန္႔ခယ္ရဲ႕ တုန္႔ျပန္မႈေတြ၊ လႈပ္ရွားမႈေတြအကုန္ ေႏွးေကြးေလးလံေနသလိုပဲ။

အဲ့သလို မူမမွန္တာေတြကို အသာဖယ္ထားလိုက္မယ္ဆိုရင္ေတာ့ ရွန္႔ခယ္ဟာ အေတာ္ေပါင္းလို႔ သင္းလို႔ ေကာင္းတဲ့ လူတစ္ေယာက္ပဲ။ သူက ၾကင္နာတတ္ၿပီး ပါးနပ္လိမၼာေသးတယ္။ ဗယ္ဒ်ဴလာ ေလွာင္ေျပာင္ သေရာ္ မွတ္ခ်က္ျပဳတာေတြကိုလည္း ဥေပကၡာျပဳထားႏိုင္တယ္။

ခိုင္ဆာ ရွန္႔ခယ္ကို တိတ္တဆိတ္ေစာင့္ၾကည့္ေလ့လာတာ လံုေလာက္သြားေတာ့ သူ ရပ္လိုက္ေတာ့မလို႔ပဲ။ ဒါေပမယ့္ ဒီေန႔ သူတို႔ေတြ တိုက္တိုကြဆိုင္ဆိုင္ မေကာင္းဆိုးဝါးခ်ီ ထြင္းေဖာက္ခံရတဲ့ လူတစ္ေယာက္နဲ႔ ဆံုလိုက္ရတဲ့အခါမွာ သူ႔ရင္ထဲက ေမးခြန္းေတြကို အလိုလိုေျဖေပးၿပီးသား ျဖစ္သြားေတာ့တယ္။

ရွန္႔ခယ္ အဲ့ဒီ့လူအနား ဒူးေထာက္ခ်လိုက္ၿပီး သူ႔ကိုယ္ေပၚမွာ လက္တင္ထားလိုက္တယ္။ ေနာက္ေတာ့ ဟိုလူ႔ကိုယ္ထဲက မေကာင္းဆိုးဝါးခ်ီေတြ ရွန္႔ခယ္ကိုယ္ထဲကို စီးဝင္သြားတာေတြ သူ ေတြ႕လိုက္ရေတာ့တယ္။

ခိုင္ဆာ့မ်က္ဝန္းေတြထဲ အံ့ဩမင္သက္မႈေတြ ရိပ္ထင္သြားတယ္။ ဒါေပမယ့္ သူ႔မ်က္ႏွာထားေတာ့ ဘာမွ ေျပာင္းလဲမသြားဘူး။ မိစၧာခ်ီေတြအကုန္ ထုတ္ပယ္ေပးၿပီးသြားတာနဲ႔ အဲ့ဒီလူလည္း ပံုမွန္အတိုင္း ျပန္ျဖစ္သြားေတာ့တယ္။ အလင္းေရာင္ဘံုေက်ာင္းမွာ ျဖစ္ခဲ့တဲ့ ကိစၥတုန္းကလိုပဲ။

မေကာင္းဆိုးဝါးခ်ီ ထြင္းေဖာက္ခံရတဲ့သူကို ယံုၾကည္မႈစြမ္းအင္အျပင္ တျခားနည္းနဲ႔ ကုသလို႔ရေသးတာမ်ိဳး ခိုင္ဆာ တစ္ခါမွ မၾကားဖူးခဲ့ဘူး။ ၿပီးေတာ့ အဲ့ဒီ့နည္းလမ္းႀကီးကလည္း မိမိကိုယ္ကို စေတးခံဖို႔ ျဖစ္ေနတယ္။

ရွန္႔ခယ္ မေကာင္းဆိုးဝါးခ်ီေတြကို စုပ္ယူၿပီးသြားေတာ့ နဂိုကတည္းက မည္းနက္ေနတဲ့ သူ႔မ်က္ဝန္းေတြ ပိုလို႔ေတာင္ ေမွာင္သြားသလိုပဲ။ သူ႔အသားအေရက ပိုလို႔ေတာင္ ေဖ်ာ့ေတာ့လာတယ္။ ဒါေပမယ့္ ထူးထူးျခားျခား သူ႔ႏႈတ္ခမ္းေတြကေတာ့ ေစြးေစြးနီလို႔ အလြန္စြဲေဆာင္မႈရွိေနတယ္။ သူ႔ရုပ္သြင္က နတ္ဆိုးတစ္ပါးရဲ႕ အလွတရားလိုမ်ိဳး။

သူက ခိုင္ဆာ သူ႔ကို ၾကည့္ေနတာေတြ သတိထားမိပံုပဲ။ သူ႔ေခါင္းေဆာင္းဝတ္ရံုကို ပိုၿပီး ခပ္ငိုက္ငိုက္ေဆာင္းလိုက္တာ မ်က္ႏွာတစ္ဝက္ေလာက္အုပ္သြားၿပီး စြဲေဆာင္မႈရွိတဲ့ သူ႔ႏႈတ္ခမ္းေတြပဲ ေပၚေတာ့တယ္။

ခိုင္ဆာ့ သူငယ္အိမ္ေတြ က်ဥ္းသြားမိတယ္။ ရွန္႔ခယ္ အဲ့ေန႔က ဘာလို႔ သိပ္အားနည္းသြားရတာလဲ သူ ေနာက္ဆံုးေတာ့ နားလည္သြားခဲ့ၿပီေလ။ ဘာလို႔ဆို၊ သူက အျခားလူေတြ ကိုယ္စား မေကာင္းဆိုးဝါးခ်ီရဲ႕ တိုက္စားနာက်င္မႈကို ခံယူ ခံစားေပးေနရတာမို႔။

ဒါ မိုက္မဲရူးသြပ္လြန္းရာ က်တယ္လို႔ ခိုင္ဆာ ထင္မိတယ္။ မေကာင္းဆိုးဝါးခ်ီ တိုးဝင္တာခံရရင္ နာက်င္မႈေဝဒနာကို ခံစားရရံုတင္မကဘဲ လူတစ္ေယာက္ရဲ႕ စိတ္ခြန္အားနဲ႔ ယံုၾကည္မႈစြမ္းအင္ေတြကိုပါ စမ္းသပ္ေနသလိုျဖစ္တယ္ဆိုတာ လူတိုင္းသိေနတာပဲေလ။ နည္းနည္းေလး သတိလစ္လြတ္သြားမိတာနဲ႔ အေမွာင္ဓာတ္လႊမ္းမိုးျခင္း ခံသြားရၿပီး မိစၧာသစ္ပင္ရဲ႕ ေက်းကၽြန္ျဖစ္သြားေတာ့မွာ။ လူတိုင္းမွာ ကိုယ္စီကိုယ္ငွ အားနည္းခ်က္ေတြ၊ အေမွာင္ျခမ္းေတြ ရွိေနတာမို႔ ဘယ္သူကမွေတာ့ ကိုယ့္ခႏၶာကိုယ္ထဲ မေကာင္းဆိုးဝါးခ်ီကို ဆြဲသြင္းခ်င္မွာ မဟုတ္ဘူး။ နာက်င္မႈကို ေတာင့္ခံႏိုင္ၿပီး ေနာက္ဆံုးအခ်ိန္ထိ နည္းနည္းေလးမွ စိတ္မယိုင္ဘဲ ေနသြားႏိုင္မယ္လို႔ ဘယ္သူမွ အာမမခံႏိုင္ဘူး။

ဒညေပမယ့္ ရွန္႔ခယ္ကေတာ့ ဒီလိုေတြ လုပ္ခဲ့တယ္။ ၿပီးေတာ့ ဒါမ်ိဳးလုပ္ေနတာ သူ႔အတြက္ေတာ့ လုပ္ေနက်လိုမ်ိဳးေတာင္ ျဖစ္ေနသလိုပဲ။

ခိုင္ဆာ သူ႔ကိုယ္ထဲက မေကာင္းဆိုးဝါးခ်ီကို အာရံုခံၾကည့္လို႔ မရဘူး။ ျဖစ္ႏိုင္တာ တစ္ခုပဲ ရွိေတာ့တယ္။ ရွန္႔ခယ္ စုပ္ယူလိုက္တဲ့ မိစၧာခ်ီေတြ တျဖည္းၿဖည္းမ်ားလာလို႔ သိပ္သည္းသြားၿပီး မင္းအဆင့္ကို တက္သြားလို႔ ျဖစ္မယ္။

ဧကႏၱ သူက မိစၧာတမန္ေတာ္မ်ားလား။ ခိုက္ဆာ့ မ်က္ႏွာ အမူအရာ အနည္းငယ္ေျပာင္းသြားတယ္။ ဒါေပမယ့္ သူ အဲ့ဒီ့အေတြးကို ခ်က္ခ်င္း ျပန္ေဖ်ာက္ပစ္လိုက္တယ္။ ရွန္႔ခယ္သာ တကယ့္တမန္ေတာ္ဆိုရင္ တျခားလူေတြ မေကာင္းဆိုးဝါးခ်ီ ထိုးေဖာက္ခံရမႈက လြတ္ေျမာက္ေအာင္ သူ ဘယ္ကူညီပါ့မလဲ။ ေနာက္ၿပီးေတာ့ သူ တျခားလူကို ကယ္ၿပီးသြားတိုင္း အခ်ိန္အတိုင္းအတာတစ္ခုၾကာတဲ့အထိကို သူ အားနည္းေနရတယ္။ ဒါဟာ သူ႔စိတ္စြမ္းအားနဲ႔ မေကာင္းဆိုးဝါးခ်ီတို႔ လြန္ဆြဲေနတယ္ဆိုတာကို ျပေနတာပဲ။

ရွန္႔ခယ္ရဲ႕ ကိုယ္ခံအား အေတာ္နည္းေနရတဲ့ အေၾကာင္းက သူ႔ခႏၶာကိုယ္က ခ်ိနဲ႔ေနလို႔ မဟုတ္ဘဲ သူ႔ကိုယ္ထဲမွာ စုမိေနတဲ့ မေကာင္းဆိုးဝါး ခ်ီဓာတ္ေတြ သိပ္မ်ားေနလို႔ပဲျဖစ္တယ္။ တကယ္ေတာ့ အားနည္းတာရဲ႕ ဆန္႔က်သ္ဘက္ပါပဲ၊ သူ႔မွာ အေတာ္ၾကံခိုင္တဲ့ စိတ္ခြန္အားနဲ႔ ခိုင္မာျပတ္သားတဲ့ ယံုၾကည္ခ်က္ေတြ ရွိေနတယ္။ သာမန္လူေတြေတာင္ လိုက္မမီႏိုင္ေလာက္ေအာင္ကို ရွန္႔ခယ္ဟာ အင္အားႀကီးေနတာပါ။

ခိုင္ဆာ ဖူဖူကို ငံု႔ၾကည့္ၿပီးေတာ့ သူ႔အထင္ကို ေကာက္ခ်က္ခ် အတည္ျပဳလိုက္ေတာ့တယ္။ ဖူဖူက ရွန္႔ခယ္နဲ႔ တူတူ ေနေနတာ၊ သူမကို မေကာင္းဆိုးဝါးခ်ီေတြ ထိုးေဖာက္ဝင္ေရာက္တာမ်ိဳး မရွိတဲ့အျပင္ကို လံုးဝဆန္႔က်င္ဘက္အေနနဲ႔ သူမရဲ႕ ယံုၾကည္မႈစြမ္းအားက အေတာ္ကို သန္႔စင္လြန္းေနတယ္။

ဘယ္တမန္ေတာ္မဆို သူတို႔အနားမွာ သူတို႔ကို ဒဏ္ရာရသြားေစႏိုင္တဲ့ ယံုၾကည္မႈ ရွိသူေတြကို ေနခြင့္ေပးမွာ မဟုတ္ဘူး။ အနီးကပ္ဆံုးက မိသားစုေတြေတာင္ မရဘူး။ မေကာင္းဆိုးဝါး တမန္ေတာ္ အထူးသျဖင့္ မင္းအဆင့္တမန္ေတြဟာဆိုရင္ သူတို႔ရဲ႕ စိတ္ခံစားခ်က္နဲ႔ အသိဉာဏ္ဆင္ျခင္တုံတရားေတြကိုပါ စြန္႔လႊတ္လိုက္ၾကတယ္။

"ေဖေဖ. . ." ဖူဖူက အားနည္းေနတဲ့ ရွန္႔ခယ္ကိျ ၾကည့္ရင္း ေခၚလိုက္တယ္။ သူမ စိတ္ပူစိုးရိမ္ေနေၾကာင္း ဘယ္လိုျပသရမယ္မွန္းမသိေတာ့၊ သူမ သူ႔ကို တင္းတင္းက်ပ္က်ပ္သာ ဖက္ထားလိုက္ေတာ့တယ္။

"ေဖေဖ ဘာမွ မျဖစ္ဘူး..." ရွန္႔ခယ္ သူမ ေခါင္းေလးကို ပြတ္ေပးၿပီး ျပန္ေျဖလိုက္တယ္။ "ဒီမွာ ေဖေဖ့ကို အသီးခြံ႕ပါဦး..."

ဖူဖူလည္း ပုတီးေစ့ေလာက္ သစ္သီးေလးတစ္လံုး သူမ အိတ္ေထာင္ထဲက ထုတ္ၿပီး ေျခဖ်ားေထာက္ လက္ႏွဖက္ဆန္႔တန္းကာ ရွန္႔ခယ္ ပါးစပ္ထဲဝင္ေအာင္ ခြံ႕ေပးလိုက္တယ္။

ရွန္႔ခယ္ကလည္း ကိုယ္ကို ကိုင္းေပးၿပီး စားကာ သူမကို ခ်ီးကိူးေပးတယ္။ "ခ်ိဳလိုက္တာ..."

ဖူဖူတစ္ေယာက္ ေပ်ာ္သြားၿပီး ျပံဳးေနေတာ့တာေပါ့။

ဒီျမင္ကြင္းကို ျမင္ေတာ့ ခိုင္ဆာ့အၾကည့္ေတြလည္း ႏူးညံ့သြားရေတာ့တယ္။ သိပ္မၾကာပါဘူး။ ရွန္႔ခယ္ လက္ေခ်ာင္းေလးေတြ တုန္ေနၿပီး ေခၽြးေစးေတြျပန္လာတာကို သူ သတိထားမိလိုက္တယ္။ သူ မ်က္ေမွာင္က်ဳတ္လိုက္မိၿပီး ရွန္႔ခယ္ေနာက္ဘက္ကို ေလၽွာက္သြားၿပီး ခပ္တိုးတိုး ကပ္ေျပာလိုက္တယ္။ "ထိုင္ၿပီး ခဏနားလိုက္ပါလား..."

"နားဦးမယ္..." ဗယ္ဒ်ဴလာ မေက်မနပ္ ဝင္ေျပာတယ္။ "သူ႔အတြက္ေၾကာင့္နဲ႔ ငါတို႔ ဘယ္ႏွရက္ေတာင္ ေနာက္က်သြားခဲ့ၿပီလဲ..."

"ဗယ္ဒ်ဴလာ... ရွန္႔ခယ္က ခံႏိုင္ရည္သိပ္မရွိဘူး... သူ႔ကို ဂရုစိုက္ေပးရတာက ျဖစ္သင့္တဲ့အရာပဲေလ..." ယိုးရီက ျပန္ေျဖတယ္။

"ဂရုစိုက္ေပးရမယ္...? ငါ့လို မိန္းကေလးေတာင္ သူ႔ေလာက္ အိညက္အိညက္ျဖစ္မေနဘူး..." ဗယ္ဒ်ဴလာက ရွန္႔ခယ္ကို ရြံရွာတဲ့ ပံုစံနဲ႔ မ်က္ေစာင္းထိုးလိုက္တယ္။

ဒူရိုနဲ႔ ဖရက္ဒ္ကလည္း ရွန္႔ခယ္ကို ေျပာခ်င္ခ်င္ ျဖစ္ေနၿပီ။ သူ႔ခႏၶာကိုယ္က ေတာ္ေတာ္ေလး ၾကံ့ၾကံ့ခိုင္ခိုင္ရွိတယ္ဆိုေပမယ့္ က်န္းမာေရးက ေတာ္ေတာ္ေလး မေကာင္းပံုပဲ။ ေယာက်္ားတစ္ေယာက္နဲ႔ကို မတူေတာ့ဘူး။

ရုပ္တည္ႀကီးနဲ႔ အျမဲေနတတ္တဲ့ အလွေလး ေအမီကေတာ့ ဘာမွ မေျပာဘူး။ ရွန္႔ခယ္ကို တစ္ခ်က္သာ ၾကည့္လိုက္ရံုပဲ။

"ျမန္ၿမန္ပဲ သြားတာေပါ့... က်ေနာ့ေၾကာင့္ေတာ့ ခရီးမဖင့္ပါေစနဲ႔ ..." ရွန္႔ခယ္က ဖူဖူကို ဆြဲေခၚရင္း အားလံုးကို ျပံဳးျပလိုက္တယ္။

က်န္တဲ့ ႏွစ္ရက္မွာလည္း သူတို႔ အုပ္စုက မေကာင္းဆိုးဝါး ခ်ီ ထိုးေဖာက္ခံရသူေတြနဲ႔ ထပ္ေတြ႕ျပန္တယ္။ အေျခအေနအဆင့္ဆင့္ကေတာ့ အမ်ိဳးမ်ိဳးပဲ။ သူတို႔အားလံုး တစ္ေယာက္မွ မခ်န္ဘဲ ရွန္႔ခယ္က ကုသေပးခဲ့တယ္။

သူ ကုေပးရတာ မ်ားေလေလ၊ ပိုၿပီး အားနည္းလာရေလေလပဲ။

သူ လဲက်သြားေတာ့မယ္လို႔ ခိုင္ဆာ ထင္လိုက္တိုင္းမွာေတာင္ သူ ေတာင့္ခံထားႏိုင္ခဲ့တယ္။ သူ တစ္ကိုယ္လံုး တုန္ယင္ေနတာေတာင္ ၾကံ့ၾကံ့ခံႏိုင္တယ္။ ေျခလွမ္းတိုင္းဟာ ယိုင္နဲ႔ေနေပမယ့္ အားလံုးရဲ႕ေနာက္ကေန သူ မဆုတ္မနစ္လိုက္ပါလာတယ္။

ခိုင္ဆာ သူ႔ ဘဝသက္တမ္းတစ္ေလၽွာက္မွာ ဘယ္သူ႔ဘယ္သူကိုမွ ေလးစား အထင္ႀကီးခဲ့တယ္ဆိုမ်ိဳး မရွိခဲ့ဘူး။ ဒါေပမယ့္ ရွန္႔ခယ္ရဲ႕ ဇြဲလံု႔လကေတာ့ သူ႔ကို တကယ္ စိတ္လႈပ္ရွား ခံစားသြားရေစခဲ့တယ္။

"အာ ေနာက္ဆံုးေတာ့ ျပန္ေရာက္လာခဲ့ၿပီ..." ဗယ္ဒ်ဴလာက သူတို႔ မ်က္စိေရွ႕တင္ ေရာက္ေနၿပီျဖစ္တဲ့ ၿမိဳ႕ေတာ္ႀကီး၊ ဘုရင့္ၿမိဳ႕ေတာ္ကို ၾကည့္ရင္း ဝမ္းသာအားရ ဆိုလိုက္တယ္။

က်န္တဲ့သူေတြလည္း စိတ္သက္သာရာရသြားတဲ့ အျပံဳးေတြ ကိုယ္စီနဲ႔။

ဆရာဂြင္းက သူတို႔ကို ေျပာလိုက္တယ္။ "မင္းတို႔ေတြ ငါနဲ႔ ေက်ာင္းကို လိုက္လာၿပီး လက္မွတ္ထိုးသြားရမယ္... ၿပီးရင္ေတာ့ သံုးရက္ နားရက္ရမယ္..."

"ေရး...!"

သူတို႔ေတြကေတာ့ ျပန္ေရာက္လာၿပီး သူငယ္ခ်င္း အတန္းေဖာ္ေတြနဲ႔ ျပန္ဆံုရေတာ့မယ္ဆိုၿပီး လင္းေရာင္တမ္းခ်င္းေက်ာင္းေတာ္ဆီသို႔ တက္ႂကြစြာ ေလၽွာက္သြားေတာ့တယ္။

ရွန္႔ခယ္လည္း သူတို႔ေနာက္ကေန လိုက္လာခဲ့တယ္။ ႏူလခႏၶာကိုယ္ ပိုင္ရွင္ရဲ႕ ေက်ာင္းနဲ႔ ပတ္သက္တဲ့ အမွတ္တရေတြမွာ "သူ႔" အလွပဆံုးအေတြ႕အၾကံဳေတြေရာ၊ အက်ည္းတန္ဆံုး ရွံဳးနိမ့္မႈေတြပါ ေရာႁပြန္းေနတယ္။

"ရွန္႔ခယ္ ခင္ဗ်ား ဖူဖူနဲ႔ ဒီကေန ေစာင့္ေနေပးပါ... ကၽြန္ေတာ္ လက္မွတ္သြားထိုးၿပီးတာနဲ႔ ျပန္လာခဲ့မယ္..." ခိုင္ဆာ သူ႔ကို ေျပာၿပီးတာနဲ႔ ေက်ာင္းထဲ ဝင္သြားေတာ့တယ္။

ရွန္႔ခယ္ ဥယ်ာဥ္ထဲက ခံုတန္းတစ္ခုမွာ ထိုင္ၿပီး ဖူဖူ႔ကို ႀကိဳးထံုးနည္းသင္ေပးရင္း ခိုင္ဆာကို ေစာင့္ေနလိုက္တယ္။

အဲ့အခ်ိန္မွာပဲ မနီးမေဝးတစ္ေနရာက ဆူဆူညံညံအသံအခ်ိဳ႕ ထြက္ေပၚလာေတာ့တယ္။

"ၾကည့္စမ္း... အဲ့ဒါ သခင္တိုင္လာဟ...!" ေက်ာင္းသူတစ္ဦးက အလြန္႔အလြန္ ျမဴးထူးသြားတဲ့ ေလသံနဲ႔ ေအာ္လိုက္တယ္။ "အား........ သူက အရမ္းခန္႔တာပဲ...!"

ရွန္႔ခယ္ "တိုင္လာ"ဆိုတဲ့ နာမည္ကို ၾကားတာနဲ႔ ေခါင္းေမာ့လာၿပီး အသံလာရာဘက္ကို လွမ္းၾကည့္လိုက္မိတယ္။ သူ႔မ်က္ဝန္းေတြက ေက်ာင္းဆီကို ေျခလွမ္းက်ဲႀကီးေတြနဲ႔ ေလၽွာက္လာတဲ့ အရပ္ျမင့္ျမင့္နဲ႔ လူတစ္ေယာက္ဆီ ေရာက္သြားမိတယ္။ သူ႔မွာ ေနေရာင္ျခည္လို ေတာက္ပေႏြးေထြးတဲ့ ေရႊေရာင္ဆံပင္ေတြနဲ႔၊ ေသြးနီေရာင္ လေတြလို႔ နီညိဳေရာင္ မ်က္ဝန္းေတြ ပိုင္ဆိုင္ထားတယ္။ သူက ခပ္ထူထူ အဝတ္အစားေတြ ဝတ္ဆင္ထားၿပီး ခႏၶာကိုယ္ သန္မာေထာင္ေမာင္းတယ္။ သူ႔အသြင္က စြမ္းအားေတြ ထက္သန္ေနတာကို ကိုယ္စားျပဳေနသလိုပဲ။ သူ႔ရဲ႕ ရွည္လ်ားလွတဲ့ ေျခတံေတြကို အနက္ေရာင္ စစ္ဖိနပ္ေတြနဲ႔ ဆင္ယင္ထားၿပီး ေလတိုက္ေနခ်ိန္ျဖစ္တာမို႔ သူ႔လွျပ္ရွားလိုက္တိုင္း ဝတ္ရံုရွည္က လြင့္ေမျေနေလတယ္။

ဒီလိုလူမ်ိဳးဟာ ဘယ္ေနရာသြားသြား လူအမ်ား အာရံုစိုက္ခံရမယ့္ လူစားမ်ိဳးပဲ။

တိုင္လာလည္း ျဖတ္သြားရင္း ရွန္႔ခယ္ကို ၾကည့္လိုက္မိတယ္။ ေလက ရုတ္တရက္ ခပ္ျပင္းျပင္း တိုက္လိုက္ခ်ိန္မို႔ ရွန္႔ခယ္ရဲ႕ ဝတ္ရံုေခါင္းေဆာင္းက အေပၚပင့္တက္သြားၿပီး အနက္ေရာင္ဆံႏြယ္စေတြ ေပၚလာေတာ့တယ္။

ရွန္႔ခယ္ကေတာ့ တိုင္လာရဲ႕ ညာဘက္လက္ဝါးျပင္မွာ. . . အံ့ဩဖြယ္ရာေကာင္းလွစြာ မွဲ႔တစ္ခု ရွိေနတာကို သတိထားမိလိုက္ေလရဲ႕။

[Unicode]

Translator - No_Coz

ယုံကြည်ရာ (၄)
~~~~~~~~~

မကောင်းဆိုးဝါးချီ ထိုးဖောက်ဝင်ရောက်ခံရတဲ့ လူ နဂိုအတိုင်း ပြန်ကောင်းသွားတော့၊ အနီးအနားမှာ ကြည့်နေကြသူတွေအကုန် အံ့ဩသွားရတော့တယ်။ ဘုန်းတော်ကြီးက မွန်မြတ်သော ရေစင်ယူလာခိုင်းပြီး အဲ့ဒီလူကို သောက်စေတယ်။ ဒီလို ရေစင်မျိုးက လူတစ်ယောက်ရဲ့ ကိုယ်ထဲမှာ မိစ္ဆာချီ ရှိ မရှိကို ကွဲပြားသိသာစေနိုင်တယ်လေ။ မိစ္ဆာချီ နည်းနည်းလေးပဲ ရှိနေတယ်ဆိုရင် ချီတွေကို ပျော်ပျောက်သွားစေမှာဖြစ်ပြီး မိစ္ဆာချီတွေ သိပ်များနေရင်တော့ အဲ့ဒီလူဟာ အလူးအလဲ နာကျင်နေရမှာ ဖြစ်တယ်။

ဒါပေမယ့် ဒီရေစင်ဟာ မင်းအဆင့် တမန်တော်တွေအပေါ်မှာတော့ သက်ရောက်မှု မရှိဘူး။

အဲ့ဒီလူက ရေစင်ကို ရွှင်ရွှင်လန်းလန်းကြည်ကြည်သာသာပဲ သောက်လိုက်နိုင်တယ်။ ဘုန်းတော်ကြီးတွေအားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အံ့ဩကုန်ကြတယ်။ သူတို့ စိတ်ထဲ မသိုးမသန့် ဖြစ်နေမိပေမယ့် ဒီလူရဲ့ ကိုယ်ထဲမှာ မိစ္ဆာချီ မရှိတော့ပါဘူးဆိုတဲ့ အချက်ကိုတော့ သူတို့ လက်ခံကြေညာခဲ့ရတယ်။

အဲ့ဒီ့လူရဲ့ မိသားစုဝင်တွေလည်း ဝမ်းသာရလွန်းလို့ ဘုန်းတော်ကြီးတွေကို အကြိမ်ကြိမ် ကျေးဇူးတွေ တင်နေလေရဲ့။

တကယ်တော့၊ ဘုန်းတော်ကြီးတွေမှာလည်း နားမလည်နိုင်တွေ ဖြစ်နေခဲ့ရတာ. . . .

ရှန့်ခယ် တုန်ယင်ချင်နေမိတဲ့ ခန္ဓာကိုယ်ကို ချုပ်တည်းရင်း တောင့်တင်းစွာ ရပ်နေရတယ်။ မကောင်းဆိုးဝါးချီတွေကို စုပ်ယူရတာက ပုပ်သိုးနေတဲ့ အစားအစာတွေ စားမိလိုက်ရသလိုမျိုး။ ရက်ပေါင်းများစွာ စွဲကျန်နေစေခဲ့မယ့် "လက်ကျန် အရသာဆိုးဆိုး" လေးနဲ့ပေါ့။

ခိုင်ဆာ ရှန့်ခယ်ကို သေသေချာချာ စူးစိုက်ကြည့်နေမိတယ်။ သူပဲ အထင်အမြင်မှားနေတာလား... အဲ့ဒီ့လူရဲ့ ကိုယ်ထဲက မကောင်းဆိုးဝါး ချီတွေက ရှန့်ခယ်ကိုယ်ထဲ စီးဝင်သွားခဲ့တာ မလား. . .

"ဖေဖေ...?" ဖူဖူလည်း ရှန့်ခယ်ရဲ့ မူမမှန်တဲ့ အခြေအနေကို သတိထားမိတော့ သူ့ဆံပင်တွေကို ဆွဲကိုင်ကာ လှုပ်ယမ်းလိုက်တယ်။

"ဘာမှ မဖြစ်ဘူး..." ဒီစကားလုံး အနည်းငယ်ကိုတောင် ရှန့်ခယ် မနည်းဖြစ်ညစ်ထုတ်ပြီး ပြောလိုက်ရတာ။

"သွားရအောင်... ဘာမှ ကြည့်စရာလည်း မရှိတော့ပဲနဲ့ ..." ယိုးရီ ရောက်လာပြီး လက်တစ်ဖက်က ခိုင်ဆာ၊ နောက်တစ်ဖက်က ရှန့်ခယ်ကို တွန်းကာ အပြင်ကို ခေါ်ဆောင်သွားတယ်။

သူ တွန်းလိုက်တာကိုတောင် ရှန့်ခယ် မခံနိုင်ဘူး။ ယိုင်နဲ့နဲ့ ဖြစ်သွားတာ။ ခိုင်ဆာက သူ့ကို ပွေ့ထိန်းလိုက်ရတယ်။ ခိုင်ဆာ့မျက်ဝန်းတွေထဲမှာတော့ နားမလည်နိုင်မှုတွေ အပြည့်နဲ့ပေါ့။

ဗယ်ဒျူလာကတော့ သူ့ကို မလှောင်ရ မနေနိုင်ရှာ။ "ယောကျ်ားလုပ်ပြီး ပျော့ဖတ်နေလိုက်တာ..."

သူမ ခပ်တိုးတိုးလေးသာ ပြောလိုက်တာဖြစ်ပေမယ့်လည်း အချင်းချင်း နီးကပ်နေတာမို့ အားလုံးကြားလိုက်ရတယ်။

ရှန့်ခယ်ကတော့ ခပ်ဆိတ်ဆိတ်သာ နေရင်း မျက်နှာကို ဝတ်ရုံက ကွယ်ထားတာကြောင့် မျက်နှာထား ဘယ်လိုဖြစ်သွားသလဲတော့ မသိရဘူး။ ခိုင်ဆာနဲ့ ယိုးရီကတော့ ဘာမှ ပြောမနေတော့ဘဲ အလင်းရောင်ဘုံကျောင်းတွင်းမှ ထွက်လာလိုက်တော့တယ်။

ရှန့်ခယ် ဖြည်းညင်းစွာသာ လျှောက်နိုင်တော့တယ်။ ဟိုသုံးယောက်က တော်တော်ဝေးဝေးတွေတောင် ရောက်ကုန်ပြီ။ ဒါပေမယ့် သူကတော့ နောက်မှာ ယိုင်တိုင်တိုင်နဲ့ ကျန်ခဲ့ရှာတယ်။ သူက အမြန် မလျှောက်ချင်လို့ မလျှောက်တာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် သူ ခုနက စုပ်ယူလိုက်တဲ့ မကောင်းဆိုးဝါးချီက အရင်က ချိုးနှိမ်ထားနိုင်ခဲ့တဲ့ မကောင်းဆိုးဝါးချီတွေကို ပြန်အုံကြွသွားစေခဲ့တယ်။ ဒီတော့ သူ့ စိတ်စွမ်းအားနဲ့ ခန္ဓာကိုယ်ကို "အနှောင့်အယှက်ဖြစ်စေပြီး" အချိန်နဲ့ အမျှ သူ့ကို နာကျင်ကိုက်ခဲနေစေတယ်။

ရှန့်ခယ် သူ့ကို ပထမကမ္ဘာမှာကတည်းက ဒုက္ခအကြီးအကျယ်ခံစားထားစေခဲ့တဲ့ System f
ကို ကျေးဇူးတင်မိတယ်။ အဲ့ဒါကြောင့်လည်း သူ ခုလို နာကျင်မှုဝေဒနာတွေကို ခါးစည်းတောင့်ခံနေနိုင်တာကိုး။

ဒီကိစ္စကပဲ လူတွေ စိတ်နှလုံးထဲ မျက်ရည်မိုးတွေ ဖြိုင်ဖြိုင် ရွာသွန်းစေနိုင်ခဲ့တာ။

အခုအချိန်မှာတော့ ရှန့်ခယ်တစ်ယောက် သူတို့အုပ်စုအနား ရစ်သီ ရစ်သီ ပိုပိုလာလုပ်နေတဲ့ အဆင့်နိမ့် မိစ္ဆာတမန်ငယ်လေးတွေကို သတိထားမိလိုက်တယ်။ သူတို့သာ ရိုးရိုးသာမန်လူသာဆို ရှန့်ခယ် သူတို့ကို သတိထားမိမှာတောင် မဟုတ်ဘူး။ ဒါပေမယ့် အဆင့်နိမ့်တမန်တွေရဲ့ ကိုယ်ရောင်ကိုယ်ဝါကတော့ သိသာထင်ရှားတယ်။ အမှောင်ထဲက မီးစုန်းတွေလိုပဲ။

သူ နဂိုကတည်းက စိတ်မပျော်တော့တာ၊ အခု သူ့ကို လာနှောင့်ယှက်မယ့်သူတွေက ပေည်လာသေးတယ်။

ရှန့်ခယ်ရဲ့ ကိုယ်ထဲကနေ မင်းအဆင့် တမန်တော်တစ်ပါးရဲ့ အရှိန်အဝါတွေ ခန့်ညားထည်ဝါစွာ ရုတ်တရက် ထွက်ပေါ်လာတော့တယ်။ ရက်စက်ကြမ်းကျုတ်အေးစက်ပြီး အညာအတာကင်းမဲ့နေဟန်ပေါ်တယ်။ လိုရင်းပြောရရင် အဲ့ဒါက တမန်တော်အငယ်တွေကို သူ့အနားကနေ ထွက်သွားစေလိုက်တာပဲ။

အဲ့ဒီ အဆင့်နိမ့်တမန်တော်တွေအကုန် အံ့အားသင့်ကုန်ကြတယ်။ သူတို့ မျက်နှာထားလည်း ထိန်လန့်ကြောက်ရွံ့သွားကြပုံနဲ့ ဘေးဘီဝဲယာတွေ လျှောက်ကြည့်ကြတယ်။ ဒါပေမယ့် သူတို့ အထက် "ခေါင်းဆောင်"ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရပြန်ဘူး။ ဒီလိုဆိုပေမယ့် သူတို့က နည်းနည်း ပါးနပ်ကြသေးတော့၊ ဒီနယ်မြေတစ်ဝိုက်ကို ဆရာ့ဆရာကြီးတစ်ပါးက ပိုင်နက်သတ်မှတ်ပြီး ဖြစ်တာကြောင့် ရစ်သီရစ်သီ ဆက်မလုပ်ရဲတော့ဘဲ၊ ပြန်လှည့်သွားကြပြီး လူအုပ်ကြားထဲ တိုးဝင် ပျောက်ကွယ်သွားကြတော့တယ်။

ခိုင်ဆာ့ခြေလှမ်းတွေ တုန့်ကနဲ ရပ်သွားတယ်။ ထူးဆန်းတယ်. . . သူတို့နောက်ကို လိုက်လာတဲ့သူတွေ ရှိတာကို သူ အာရုံခံမိပေမယ့် တစ်ခဏအတွင်း အကုန်ပျောက်သွားတယ်လား။

သူတို့ အုပ်စုလည်း လည်ဖို့ ပတ်ဖို့ကို စိတ်မပါတော့တာနဲ့ ဝယ်စရာရှိတာတွေ အမြန်ဝယ်ပြီး တည်းခိုခန်းရှိရာကို ပြန်လာလိုက်ကြတယ်။

ဆရာဂွင်းက ဆုကြေးငွေသွားထုတ်ပြီးသွားပြီ။ သူတို့တွေကို အညီအမျှ ခွဲပေးလိုက်တယ်။ ရှန့်ခယ်လည်း ဝေစုရတယ်။ ရွှေဒင်္ဂါး ၃၀ တည်းဆိုပေမယ့် သူ အချိန်ကာလတစ်ခုအတွင်းတော့ နေနိုင် စားနိုင်လောက်မယ့် ပမာဏပဲ။

နောက်တစ်နေ့ရောက်တာနဲ့ သူတို့ မြို့တော်ပြန်ဖို့ ခရီးဆက်ခဲ့လိုက်ကြတယ်။

အဲ့နေ့ အလင်းရောင်ဘုံကျောင်းက ကိစ္စကတော့ ခိုင်ဆာ့စိတ်ထဲမှာ သံသယဝင်စရာတစ်ခုအနေနဲ့ ကိန်းအောင်းလာလျက်ပေါ့။ ဒါ့ကြောင့် ခရီးစဉ်တစ်လျှောက်မှာ၊ ခိုင်ဆာက ရှန့်ခယ်ရဲ့ လှုပ်ရှားမှုတိုင်းကို သေချာသတိထားစောင့်ကြည့်တော့တာပဲ။

သိပ်မကြာပါဘူး၊ ထူးဆန်းတဲ့ အချက်ကလေးတွေကို သူ စသတိထားမိလာတယ်။ ရှန့်ခယ်ရဲ့ ခန္ဓာကိုယ်က ပျော့ညံ့လွန်းတဲ့ အထဲမှာ မပါဘူး။ ဒါပေမယ့် သူ့ကာယအင်အားကတော့ အတော်လေးကို ချိနဲ့နေတယ်။ ခဏလောက်လမ်းလျှောက်ပြီးတာနဲ့ သူ နွမ်းနယ်စပြုလာတယ်။ ဒီလို အားအင်မျိုးက သာမန်လူတွေနဲ့ ယှဉ်ရင်တောင် အတော်နည်းနေတာ၊ သူ့မှာ ဒဏ်ရာရနေတာမျိုးတွေ၊ ရောဂါရှိနေတာမျိုးတွေလည်း မဟုတ်။ သူ့ခန္ဓာကိုးက ကြံ့ခိုင်ပြီး အချိုးအစားလည်း ကျနရဲ့သားနဲ့ဆိုတော့ သူ အရင်က သိုင်းပညာတွေ လေ့ကျင့်သင်ယူဖူးမှာ သေချာတယ်။ ဘာ့ကြောင့်လဲတော့ ခိုင်ဆာမသိဘူး၊ ဒါပေမယ့် ရှန့်ခယ်ရဲ့ တုန့်ပြန်မှုတွေ၊ လှုပ်ရှားမှုတွေအကုန် နှေးကွေးလေးလံနေသလိုပဲ။

အဲ့သလို မူမမှန်တာတွေကို အသာဖယ်ထားလိုက်မယ်ဆိုရင်တော့ ရှန့်ခယ်ဟာ အတော်ပေါင်းလို့ သင်းလို့ ကောင်းတဲ့ လူတစ်ယောက်ပဲ။ သူက ကြင်နာတတ်ပြီး ပါးနပ်လိမ္မာသေးတယ်။ ဗယ်ဒျူလာ လှောင်ပြောင် သရော် မှတ်ချက်ပြုတာတွေကိုလည်း ဥပေက္ခာပြုထားနိုင်တယ်။

ခိုင်ဆာ ရှန့်ခယ်ကို တိတ်တဆိတ်စောင့်ကြည့်လေ့လာတာ လုံလောက်သွားတော့ သူ ရပ်လိုက်တော့မလို့ပဲ။ ဒါပေမယ့် ဒီနေ့ သူတို့တွေ တိုက်တိုကွဆိုင်ဆိုင် မကောင်းဆိုးဝါးချီ ထွင်းဖောက်ခံရတဲ့ လူတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါမှာ သူ့ရင်ထဲက မေးခွန်းတွေကို အလိုလိုဖြေပေးပြီးသား ဖြစ်သွားတော့တယ်။

ရှန့်ခယ် အဲ့ဒီ့လူအနား ဒူးထောက်ချလိုက်ပြီး သူ့ကိုယ်ပေါ်မှာ လက်တင်ထားလိုက်တယ်။ နောက်တော့ ဟိုလူ့ကိုယ်ထဲက မကောင်းဆိုးဝါးချီတွေ ရှန့်ခယ်ကိုယ်ထဲကို စီးဝင်သွားတာတွေ သူ တွေ့လိုက်ရတော့တယ်။

ခိုင်ဆာ့မျက်ဝန်းတွေထဲ အံ့ဩမင်သက်မှုတွေ ရိပ်ထင်သွားတယ်။ ဒါပေမယ့် သူ့မျက်နှာထားတော့ ဘာမှ ပြောင်းလဲမသွားဘူး။ မိစ္ဆာချီတွေအကုန် ထုတ်ပယ်ပေးပြီးသွားတာနဲ့ အဲ့ဒီလူလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့တယ်။ အလင်းရောင်ဘုံကျောင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စတုန်းကလိုပဲ။

မကောင်းဆိုးဝါးချီ ထွင်းဖောက်ခံရတဲ့သူကို ယုံကြည်မှုစွမ်းအင်အပြင် တခြားနည်းနဲ့ ကုသလို့ရသေးတာမျိုး ခိုင်ဆာ တစ်ခါမှ မကြားဖူးခဲ့ဘူး။ ပြီးတော့ အဲ့ဒီ့နည်းလမ်းကြီးကလည်း မိမိကိုယ်ကို စတေးခံဖို့ ဖြစ်နေတယ်။

ရှန့်ခယ် မကောင်းဆိုးဝါးချီတွေကို စုပ်ယူပြီးသွားတော့ နဂိုကတည်းက မည်းနက်နေတဲ့ သူ့မျက်ဝန်းတွေ ပိုလို့တောင် မှောင်သွားသလိုပဲ။ သူ့အသားအရေက ပိုလို့တောင် ဖျော့တော့လာတယ်။ ဒါပေမယ့် ထူးထူးခြားခြား သူ့နှုတ်ခမ်းတွေကတော့ စွေးစွေးနီလို့ အလွန်စွဲဆောင်မှုရှိနေတယ်။ သူ့ရုပ်သွင်က နတ်ဆိုးတစ်ပါးရဲ့ အလှတရားလိုမျိုး။

သူက ခိုင်ဆာ သူ့ကို ကြည့်နေတာတွေ သတိထားမိပုံပဲ။ သူ့ခေါင်းဆောင်းဝတ်ရုံကို ပိုပြီး ခပ်ငိုက်ငိုက်ဆောင်းလိုက်တာ မျက်နှာတစ်ဝက်လောက်အုပ်သွားပြီး စွဲဆောင်မှုရှိတဲ့ သူ့နှုတ်ခမ်းတွေပဲ ပေါ်တော့တယ်။

ခိုင်ဆာ့ သူငယ်အိမ်တွေ ကျဉ်းသွားမိတယ်။ ရှန့်ခယ် အဲ့နေ့က ဘာလို့ သိပ်အားနည်းသွားရတာလဲ သူ နောက်ဆုံးတော့ နားလည်သွားခဲ့ပြီလေ။ ဘာလို့ဆို၊ သူက အခြားလူတွေ ကိုယ်စား မကောင်းဆိုးဝါးချီရဲ့ တိုက်စားနာကျင်မှုကို ခံယူ ခံစားပေးနေရတာမို့။

ဒါ မိုက်မဲရူးသွပ်လွန်းရာ ကျတယ်လို့ ခိုင်ဆာ ထင်မိတယ်။ မကောင်းဆိုးဝါးချီ တိုးဝင်တာခံရရင် နာကျင်မှုဝေဒနာကို ခံစားရရုံတင်မကဘဲ လူတစ်ယောက်ရဲ့ စိတ်ခွန်အားနဲ့ ယုံကြည်မှုစွမ်းအင်တွေကိုပါ စမ်းသပ်နေသလိုဖြစ်တယ်ဆိုတာ လူတိုင်းသိနေတာပဲလေ။ နည်းနည်းလေး သတိလစ်လွတ်သွားမိတာနဲ့ အမှောင်ဓာတ်လွှမ်းမိုးခြင်း ခံသွားရပြီး မိစ္ဆာသစ်ပင်ရဲ့ ကျေးကျွန်ဖြစ်သွားတော့မှာ။ လူတိုင်းမှာ ကိုယ်စီကိုယ်ငှ အားနည်းချက်တွေ၊ အမှောင်ခြမ်းတွေ ရှိနေတာမို့ ဘယ်သူကမှတော့ ကိုယ့်ခန္ဓာကိုယ်ထဲ မကောင်းဆိုးဝါးချီကို ဆွဲသွင်းချင်မှာ မဟုတ်ဘူး။ နာကျင်မှုကို တောင့်ခံနိုင်ပြီး နောက်ဆုံးအချိန်ထိ နည်းနည်းလေးမှ စိတ်မယိုင်ဘဲ နေသွားနိုင်မယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး။

ဒညပေမယ့် ရှန့်ခယ်ကတော့ ဒီလိုတွေ လုပ်ခဲ့တယ်။ ပြီးတော့ ဒါမျိုးလုပ်နေတာ သူ့အတွက်တော့ လုပ်နေကျလိုမျိုးတောင် ဖြစ်နေသလိုပဲ။

ခိုင်ဆာ သူ့ကိုယ်ထဲက မကောင်းဆိုးဝါးချီကို အာရုံခံကြည့်လို့ မရဘူး။ ဖြစ်နိုင်တာ တစ်ခုပဲ ရှိတော့တယ်။ ရှန့်ခယ် စုပ်ယူလိုက်တဲ့ မိစ္ဆာချီတွေ တဖြည်းဖြည်းများလာလို့ သိပ်သည်းသွားပြီး မင်းအဆင့်ကို တက်သွားလို့ ဖြစ်မယ်။

ဧကန္တ သူက မိစ္ဆာတမန်တော်များလား။ ခိုက်ဆာ့ မျက်နှာ အမူအရာ အနည်းငယ်ပြောင်းသွားတယ်။ ဒါပေမယ့် သူ အဲ့ဒီ့အတွေးကို ချက်ချင်း ပြန်ဖျောက်ပစ်လိုက်တယ်။ ရှန့်ခယ်သာ တကယ့်တမန်တော်ဆိုရင် တခြားလူတွေ မကောင်းဆိုးဝါးချီ ထိုးဖောက်ခံရမှုက လွတ်မြောက်အောင် သူ ဘယ်ကူညီပါ့မလဲ။ နောက်ပြီးတော့ သူ တခြားလူကို ကယ်ပြီးသွားတိုင်း အချိန်အတိုင်းအတာတစ်ခုကြာတဲ့အထိကို သူ အားနည်းနေရတယ်။ ဒါဟာ သူ့စိတ်စွမ်းအားနဲ့ မကောင်းဆိုးဝါးချီတို့ လွန်ဆွဲနေတယ်ဆိုတာကို ပြနေတာပဲ။

ရှန့်ခယ်ရဲ့ ကိုယ်ခံအား အတော်နည်းနေရတဲ့ အကြောင်းက သူ့ခန္ဓာကိုယ်က ချိနဲ့နေလို့ မဟုတ်ဘဲ သူ့ကိုယ်ထဲမှာ စုမိနေတဲ့ မကောင်းဆိုးဝါး ချီဓာတ်တွေ သိပ်များနေလို့ပဲဖြစ်တယ်။ တကယ်တော့ အားနည်းတာရဲ့ ဆန့်ကျသ်ဘက်ပါပဲ၊ သူ့မှာ အတော်ကြံခိုင်တဲ့ စိတ်ခွန်အားနဲ့ ခိုင်မာပြတ်သားတဲ့ ယုံကြည်ချက်တွေ ရှိနေတယ်။ သာမန်လူတွေတောင် လိုက်မမီနိုင်လောက်အောင်ကို ရှန့်ခယ်ဟာ အင်အားကြီးနေတာပါ။

ခိုင်ဆာ ဖူဖူကို ငုံ့ကြည့်ပြီးတော့ သူ့အထင်ကို ကောက်ချက်ချ အတည်ပြုလိုက်တော့တယ်။ ဖူဖူက ရှန့်ခယ်နဲ့ တူတူ နေနေတာ၊ သူမကို မကောင်းဆိုးဝါးချီတွေ ထိုးဖောက်ဝင်ရောက်တာမျိုး မရှိတဲ့အပြင်ကို လုံးဝဆန့်ကျင်ဘက်အနေနဲ့ သူမရဲ့ ယုံကြည်မှုစွမ်းအားက အတော်ကို သန့်စင်လွန်းနေတယ်။

ဘယ်တမန်တော်မဆို သူတို့အနားမှာ သူတို့ကို ဒဏ်ရာရသွားစေနိုင်တဲ့ ယုံကြည်မှု ရှိသူတွေကို နေခွင့်ပေးမှာ မဟုတ်ဘူး။ အနီးကပ်ဆုံးက မိသားစုတွေတောင် မရဘူး။ မကောင်းဆိုးဝါး တမန်တော် အထူးသဖြင့် မင်းအဆင့်တမန်တွေဟာဆိုရင် သူတို့ရဲ့ စိတ်ခံစားချက်နဲ့ အသိဉာဏ်ဆင်ခြင်တုံတရားတွေကိုပါ စွန့်လွှတ်လိုက်ကြတယ်။

"ဖေဖေ. . ." ဖူဖူက အားနည်းနေတဲ့ ရှန့်ခယ်ကိြ ကြည့်ရင်း ခေါ်လိုက်တယ်။ သူမ စိတ်ပူစိုးရိမ်နေကြောင်း ဘယ်လိုပြသရမယ်မှန်းမသိတော့၊ သူမ သူ့ကို တင်းတင်းကျပ်ကျပ်သာ ဖက်ထားလိုက်တော့တယ်။

"ဖေဖေ ဘာမှ မဖြစ်ဘူး..." ရှန့်ခယ် သူမ ခေါင်းလေးကို ပွတ်ပေးပြီး ပြန်ဖြေလိုက်တယ်။ "ဒီမှာ ဖေဖေ့ကို အသီးခွံ့ပါဦး..."

ဖူဖူလည်း ပုတီးစေ့လောက် သစ်သီးလေးတစ်လုံး သူမ အိတ်ထောင်ထဲက ထုတ်ပြီး ခြေဖျားထောက် လက်နှဖက်ဆန့်တန်းကာ ရှန့်ခယ် ပါးစပ်ထဲဝင်အောင် ခွံ့ပေးလိုက်တယ်။

ရှန့်ခယ်ကလည်း ကိုယ်ကို ကိုင်းပေးပြီး စားကာ သူမကို ချီးကိူးပေးတယ်။ "ချိုလိုက်တာ..."

ဖူဖူတစ်ယောက် ပျော်သွားပြီး ပြုံးနေတော့တာပေါ့။

ဒီမြင်ကွင်းကို မြင်တော့ ခိုင်ဆာ့အကြည့်တွေလည်း နူးညံ့သွားရတော့တယ်။ သိပ်မကြာပါဘူး။ ရှန့်ခယ် လက်ချောင်းလေးတွေ တုန်နေပြီး ချွေးစေးတွေပြန်လာတာကို သူ သတိထားမိလိုက်တယ်။ သူ မျက်မှောင်ကျုတ်လိုက်မိပြီး ရှန့်ခယ်နောက်ဘက်ကို လျှောက်သွားပြီး ခပ်တိုးတိုး ကပ်ပြောလိုက်တယ်။ "ထိုင်ပြီး ခဏနားလိုက်ပါလား..."

"နားဦးမယ်..." ဗယ်ဒျူလာ မကျေမနပ် ဝင်ပြောတယ်။ "သူ့အတွက်ကြောင့်နဲ့ ငါတို့ ဘယ်နှရက်တောင် နောက်ကျသွားခဲ့ပြီလဲ..."

"ဗယ်ဒျူလာ... ရှန့်ခယ်က ခံနိုင်ရည်သိပ်မရှိဘူး... သူ့ကို ဂရုစိုက်ပေးရတာက ဖြစ်သင့်တဲ့အရာပဲလေ..." ယိုးရီက ပြန်ဖြေတယ်။

"ဂရုစိုက်ပေးရမယ်...? ငါ့လို မိန်းကလေးတောင် သူ့လောက် အိညက်အိညက်ဖြစ်မနေဘူး..." ဗယ်ဒျူလာက ရှန့်ခယ်ကို ရွံရှာတဲ့ ပုံစံနဲ့ မျက်စောင်းထိုးလိုက်တယ်။

ဒူရိုနဲ့ ဖရက်ဒ်ကလည်း ရှန့်ခယ်ကို ပြောချင်ချင် ဖြစ်နေပြီ။ သူ့ခန္ဓာကိုယ်က တော်တော်လေး ကြံ့ကြံ့ခိုင်ခိုင်ရှိတယ်ဆိုပေမယ့် ကျန်းမာရေးက တော်တော်လေး မကောင်းပုံပဲ။ ယောကျ်ားတစ်ယောက်နဲ့ကို မတူတော့ဘူး။

ရုပ်တည်ကြီးနဲ့ အမြဲနေတတ်တဲ့ အလှလေး အေမီကတော့ ဘာမှ မပြောဘူး။ ရှန့်ခယ်ကို တစ်ချက်သာ ကြည့်လိုက်ရုံပဲ။

"မြန်မြန်ပဲ သွားတာပေါ့... ကျနော့ကြောင့်တော့ ခရီးမဖင့်ပါစေနဲ့ ..." ရှန့်ခယ်က ဖူဖူကို ဆွဲခေါ်ရင်း အားလုံးကို ပြုံးပြလိုက်တယ်။

ကျန်တဲ့ နှစ်ရက်မှာလည်း သူတို့ အုပ်စုက မကောင်းဆိုးဝါး ချီ ထိုးဖောက်ခံရသူတွေနဲ့ ထပ်တွေ့ပြန်တယ်။ အခြေအနေအဆင့်ဆင့်ကတော့ အမျိုးမျိုးပဲ။ သူတို့အားလုံး တစ်ယောက်မှ မချန်ဘဲ ရှန့်ခယ်က ကုသပေးခဲ့တယ်။

သူ ကုပေးရတာ များလေလေ၊ ပိုပြီး အားနည်းလာရလေလေပဲ။

သူ လဲကျသွားတော့မယ်လို့ ခိုင်ဆာ ထင်လိုက်တိုင်းမှာတောင် သူ တောင့်ခံထားနိုင်ခဲ့တယ်။ သူ တစ်ကိုယ်လုံး တုန်ယင်နေတာတောင် ကြံ့ကြံ့ခံနိုင်တယ်။ ခြေလှမ်းတိုင်းဟာ ယိုင်နဲ့နေပေမယ့် အားလုံးရဲ့နောက်ကနေ သူ မဆုတ်မနစ်လိုက်ပါလာတယ်။

ခိုင်ဆာ သူ့ ဘဝသက်တမ်းတစ်လျှောက်မှာ ဘယ်သူ့ဘယ်သူကိုမှ လေးစား အထင်ကြီးခဲ့တယ်ဆိုမျိုး မရှိခဲ့ဘူး။ ဒါပေမယ့် ရှန့်ခယ်ရဲ့ ဇွဲလုံ့လကတော့ သူ့ကို တကယ် စိတ်လှုပ်ရှား ခံစားသွားရစေခဲ့တယ်။

"အာ နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီ..." ဗယ်ဒျူလာက သူတို့ မျက်စိရှေ့တင် ရောက်နေပြီဖြစ်တဲ့ မြို့တော်ကြီး၊ ဘုရင့်မြို့တော်ကို ကြည့်ရင်း ဝမ်းသာအားရ ဆိုလိုက်တယ်။

ကျန်တဲ့သူတွေလည်း စိတ်သက်သာရာရသွားတဲ့ အပြုံးတွေ ကိုယ်စီနဲ့။

ဆရာဂွင်းက သူတို့ကို ပြောလိုက်တယ်။ "မင်းတို့တွေ ငါနဲ့ ကျောင်းကို လိုက်လာပြီး လက်မှတ်ထိုးသွားရမယ်... ပြီးရင်တော့ သုံးရက် နားရက်ရမယ်..."

"ရေး...!"

သူတို့တွေကတော့ ပြန်ရောက်လာပြီး သူငယ်ချင်း အတန်းဖော်တွေနဲ့ ပြန်ဆုံရတော့မယ်ဆိုပြီး လင်းရောင်တမ်းချင်းကျောင်းတော်ဆီသို့ တက်ကြွစွာ လျှောက်သွားတော့တယ်။

ရှန့်ခယ်လည်း သူတို့နောက်ကနေ လိုက်လာခဲ့တယ်။ နူလခန္ဓာကိုယ် ပိုင်ရှင်ရဲ့ ကျောင်းနဲ့ ပတ်သက်တဲ့ အမှတ်တရတွေမှာ "သူ့" အလှပဆုံးအတွေ့အကြုံတွေရော၊ အကျည်းတန်ဆုံး ရှုံးနိမ့်မှုတွေပါ ရောပြွန်းနေတယ်။

"ရှန့်ခယ် ခင်ဗျား ဖူဖူနဲ့ ဒီကနေ စောင့်နေပေးပါ... ကျွန်တော် လက်မှတ်သွားထိုးပြီးတာနဲ့ ပြန်လာခဲ့မယ်..." ခိုင်ဆာ သူ့ကို ပြောပြီးတာနဲ့ ကျောင်းထဲ ဝင်သွားတော့တယ်။

ရှန့်ခယ် ဥယျာဉ်ထဲက ခုံတန်းတစ်ခုမှာ ထိုင်ပြီး ဖူဖူ့ကို ကြိုးထုံးနည်းသင်ပေးရင်း ခိုင်ဆာကို စောင့်နေလိုက်တယ်။

အဲ့အချိန်မှာပဲ မနီးမဝေးတစ်နေရာက ဆူဆူညံညံအသံအချို့ ထွက်ပေါ်လာတော့တယ်။

"ကြည့်စမ်း... အဲ့ဒါ သခင်တိုင်လာဟ...!" ကျောင်းသူတစ်ဦးက အလွန့်အလွန် မြူးထူးသွားတဲ့ လေသံနဲ့ အော်လိုက်တယ်။ "အား........ သူက အရမ်းခန့်တာပဲ...!"

ရှန့်ခယ် "တိုင်လာ"ဆိုတဲ့ နာမည်ကို ကြားတာနဲ့ ခေါင်းမော့လာပြီး အသံလာရာဘက်ကို လှမ်းကြည့်လိုက်မိတယ်။ သူ့မျက်ဝန်းတွေက ကျောင်းဆီကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာတဲ့ အရပ်မြင့်မြင့်နဲ့ လူတစ်ယောက်ဆီ ရောက်သွားမိတယ်။ သူ့မှာ နေရောင်ခြည်လို တောက်ပနွေးထွေးတဲ့ ရွှေရောင်ဆံပင်တွေနဲ့၊ သွေးနီရောင် လတွေလို့ နီညိုရောင် မျက်ဝန်းတွေ ပိုင်ဆိုင်ထားတယ်။ သူက ခပ်ထူထူ အဝတ်အစားတွေ ဝတ်ဆင်ထားပြီး ခန္ဓာကိုယ် သန်မာထောင်မောင်းတယ်။ သူ့အသွင်က စွမ်းအားတွေ ထက်သန်နေတာကို ကိုယ်စားပြုနေသလိုပဲ။ သူ့ရဲ့ ရှည်လျားလှတဲ့ ခြေတံတွေကို အနက်ရောင် စစ်ဖိနပ်တွေနဲ့ ဆင်ယင်ထားပြီး လေတိုက်နေချိန်ဖြစ်တာမို့ သူ့လြှပ်ရှားလိုက်တိုင်း ဝတ်ရုံရှည်က လွင့်မြေနေလေတယ်။

ဒီလိုလူမျိုးဟာ ဘယ်နေရာသွားသွား လူအများ အာရုံစိုက်ခံရမယ့် လူစားမျိုးပဲ။

တိုင်လာလည်း ဖြတ်သွားရင်း ရှန့်ခယ်ကို ကြည့်လိုက်မိတယ်။ လေက ရုတ်တရက် ခပ်ပြင်းပြင်း တိုက်လိုက်ချိန်မို့ ရှန့်ခယ်ရဲ့ ဝတ်ရုံခေါင်းဆောင်းက အပေါ်ပင့်တက်သွားပြီး အနက်ရောင်ဆံနွယ်စတွေ ပေါ်လာတော့တယ်။

ရှန့်ခယ်ကတော့ တိုင်လာရဲ့ ညာဘက်လက်ဝါးပြင်မှာ. . . အံ့ဩဖွယ်ရာကောင်းလှစွာ မှဲ့တစ်ခု ရှိနေတာကို သတိထားမိလိုက်လေရဲ့။

Continue Reading

You'll Also Like

927K 10.2K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
407K 58.1K 199
ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)
234K 22.9K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...