[Zawgyi]
က်န္႔ခ်န္ဖုန္း သတိထားၿပီးတင္းၾကပ္လွတဲ့ေစာင့္ေၾကာင့္မႈေတြေအာက္မွာ ႐ွန္႔ခယ္လည္း ပူေဆြးေသာကေရာက္စြာနဲ႔ ခြဲစိတ္ခန္း၀င္ဖို႔လုပ္ရေတာ့တယ္ ဒီအခ်ိန္အေတာအတြင္းမွာ သူ ေလွကားေပၚကေနျပဳတ္က်ဖို႔ႀကိဳးစားတယ္..ေရခ်ိဳးခန္းထဲမွာဆပ္ျပာတံုးတက္နင္းမိၿပီးေခ်ာ္လဲေအာင္လုပ္တယ္..အိပ္ရာေပၚကေနၾကမ္းျပင္ေပၚျပဳတ္က်ေအာင္ေရာပဲ..ဒါေပမဲ့ေခါင္းေနာက္ကို႐ိုက္မိေအာင္လုပ္ရတာကလည္း
အရည္အခ်င္းတစ္ရပ္ပဲဆိုတဲ့ အမွန္တရားက သက္ေသျပသြားတယ္...
သူျပဳတ္က်ၿပီးဒဏ္ရာရသြားတဲ့ေနရာေတြက သူ႔ရဲ႕တင္ပါးနဲ႔ေနာက္ေက်ာပဲ..
သူ႕ရဲ႕"မေရမတြက္ႏိုင္တဲ့လူသတ္ဖို႔ႀကိဳးစားမႈေတြ" ေအာက္မွာ ခႏၶာကိုယ္တစ္ခုလံုး
ဒဏ္ရာရခဲ့ေပမဲ့ခြဲစိတ္ခန္း၀င္မဲ့ေန႔အထိ သူ႕ေခါင္းေနာက္ေစ့က သက္သာရာရေနခဲ့တုန္းပဲ
ဟုတ္တာေပါ့..အားကစားနည္းေတြမွာပါ၀င္ဖို႔ သူ႔အခြင့္အေရးကိုေတာင္းဆိုဖို႔လည္းမေမ့ဘူး ဒါေပမဲ့ ရလဒ္ကေတာ့ သူထြက္ေျပးသြားတိုင္း က်န္႔ခ်န္ဖုန္း
ဖမ္းမိၿပီးျပန္ဆြဲေခၚခံလာရတာပဲ..အားကစားclub
တိုင္းမွာအတြင္းလူထည့္ထားၿပီးထြက္ေျပးဖို႔အခြင့္အေရးတစ္စက္ေလးေတာင္မေပးဘူး
႐ွန္႔ခယ္ဒါေတြအကုန္လုပ္ေနေပမဲ့ က်န္႔ခ်န္ဖုန္း ကေတာ့မရိပ္မိတဲ့ပံု..သူသိတာက ႐ွန္႔ခယ္ရဲအေျခအေနကပိုပိုဆိုးလာတယ္ပဲ..မၾကာခဏေခါင္းမူးပ်ိဳ႕အန္ရံုတင္မဟုတ္...သူ႔ေျခေထာက္လက္ေထာက္ေတြလည္းထံုက်ဥ္ၿပီးအားနည္းလာကာ လမ္းေတာင္
ေသခ်ာမေလ်ွာက္ႏိုင္ေတာ့ဘူးဆိုတာပဲ ႐ွန္႔ခယ္ရဲ႕
တစ္ေန႔တစ္ျခားဆိုးဆိုးလာတဲ့အေျခအေနေၾကာင့္
က်န္႔ခ်န္ဖုန္း လည္း ႐ွန္႔ခယ္အခန္းထဲေျပာင္းေနလိုက္ၿပီး ကိုယ္တိုင္ကိုယ္က် အၾကင္နာဆံုး ဂ႐ုစိုက္ေပးေတာ့တယ္
သူက ေဘာက္ဆတ္ဆတ္ေျပာတတ္ေပမဲ့ အျပဳအမူေတြကေတာ့တကယ္စိတ္႐ွည္လြန္းတယ္
႐ွန္႔ခယ္သာ မိန္းကေလးျဖစ္ၿပီး ဒီလိုရည္းစားေကာင္ေလးပိုင္ဆိုင္ထားရရင္ ဘ၀ႀကီးကေပ်ာ္စရာေတြနဲ႔ပဲ
ျပည့္ေနၿပီးဘာမွစိုးရိမ္စရာမ႐ွိေတာ့မွာက သာမန္ျဖစ္ရပ္ျဖစ္လာလိမ့္မယ္လို႔ေတာင္ေတြးမိတယ္
အဆံုးမွာေတာ့ သူလည္းကိုယ့္ကိုကုိ္ယ္ႏွိပ္စက္ေနတာ ရပ္တန္႔လိုက္ေတာ့တယ္..သူေသတာက ေသတာပဲ...သူ႕ေဘးနားကလူကိုႏွိပ္စက္ဖို႔မလိုဘူး
သူဒီလိုအလုပ္မ်ိဳးမလုပ္ႏိုင္ဘူး
သူေသသြားႏိုင္တယ္..ဒါေပမဲ့သူ႕ကိုဂ႐ုစိုက္ေပးတဲ့လူေတြအားလံုးသူ႔ေၾကာင့္နဲ႔ခံစားရလိမ့္မယ္ missionကေတာ့missionပဲ...ဒါေပမဲ့ ဒီအတြက္ေၾကာင့္နဲ႔ေတာ့..ေသဖို႔ခ်ည္းပဲေရြးခ်ယ္ေနတဲ့ ႏွလံုးသားမ႐ွိတဲ့လူတစ္ေယာက္အျဖစ္မေျပာင္းလဲသြားခ်င္ဘူး
ခြဲစိတ္ခန္း၀င္တဲ့ေန႔မွာေတာ့က်န္းမိသားစုတစ္စုလံုးရယ္ က်န္႔ခ်န္ဖုန္း နဲ႔ က်န္႔႐ွင္းတို႔ပါ အတူတူလိုက္လာတယ္
"ပါး..မား..ကြၽန္ေတာ္က်န္႔ခ်န္ဖုန္းနဲ႔ႏွစ္ေယာက္တည္းေျပာစရာ႐ွိတယ္"
က်န္းပါပါးနဲ႔မာမားက က်န္႔ခ်န္ဖုန္းကုိ ၾကည့္ၿပီးေတာ့ အခန္းထဲကေနစိုးရိမ္တဲ့မ်က္ႏွာေတြနဲထြက္သြားတယ္
သူတို႔အခန္းထဲကေနထြက္သြားေတာ့မွပဲ ႐ွန္႔ခယ္ စၿပီးစကားေျပာေတာ့တယ္
"က်န္႔ခ်န္ဖုန္း တကယ္လို႔
ကြၽန္ေတာ္တစ္ခုခုျဖစ္ခဲ့ရင္...."
"ဘာမွျဖစ္မွာမဟုတ္ပါဘူး! "
က်န္႔ခ်န္ဖုန္းက ကုတင္ေဘးမွာ တစ္၀က္ထိုင္လိုက္ကာ သူ႔လက္ကိုတင္းတင္းဆုပ္ရင္း စိုးရိမ္တႀကီးေျပာတယ္
"မင္းသာ...ခြဲစိတ္ေနရင္းေဒါက္တာရဲ႕ခြဲစိတ္ဓားကို ယူၿပီးကိုယ့္လည္ပင္းကိုယ္မစိုက္ရင္ ရၿပီ..."
႐ွန္႔ခယ္ စြံ႕အသြားတယ္
"ခြဲစိတ္ေနတုန္းေမ့ေဆးသံုးတယ္ေလ..ဘယ္က အင္အားနဲ႔ေဒါက္တာရဲ႕ခြဲစိတ္ဓားကိုလုယူရမွာလဲ"
က်န္႔ခ်န္ဖုန္း ကမ်က္၀န္းေတြကို ေမွးစင္းလိုက္တယ္
"သူတို႔သာေမ့ေဆးမသံုးရင္မင္းကတကယ္လုယူမယ္ေပါ့ ..."
႐ွန္႔ခယ္စကားေျပာတာရပ္တန္႔သြားတယ္ သူအ့ံၾသမိတယ္..သူက က်န္႔ခ်န္ဖုန္းမ်က္စိထဲမွာ တကယ္ႀကီးကိုယ့္ကိုကိုယ္နာက်င္ေအာင္လုပ္တတ္တဲ့သူမ်ိဳးျဖစ္ေနခဲ့တာလား..ထားပါေတာ့..တျခားသူအျမင္မွာေတာ့ သူက တကယ္ ကိုယ့္ကိုကိုယ္နာက်င္ေအာင္လုပ္ရတာ
သေဘာက်တဲ့ပံုနဲ႔တူေလာက္တယ္...
ဒီအခ်ိန္မွာပဲ တစ္ဖက္ကေနတံခါးေခါက္သံေတြထြက္လာတယ္..က်န္းတုန္းလင္က အျပင္ကေန သတိေပးလိုက္တယ္
"ယြီေမာ့..ခြဲစိတ္ဖို႔စေတာ့မယ္ေနာ္"
"အင္း...ၿပီးေတာ့မယ္" ႐ွန္႔ခယ္အျပင္ကိုလွမ္းေအာ္ၿပီး က်န္႔ခ်န္ဖုန္းကိုသတိေပးလိုက္တယ္
"က်န္႔ခ်န္ဖုန္း..ကြၽန္ေတာ့္ကိုကတိေပးပါ တကယ္လို႔
ခြဲစိတ္မႈသာမေအာင္ျမင္ခဲ့ရင္ ကြၽန္ေတာ့္ႏွလံုးကို က်န္႔႐ွင္းဆီအစားထိုးလိုက္ပါ..သူ႔အေျခအေနက ပိုဆိုးေနတယ္ဆိုတာခင္ဗ်ားသိပါတယ္"
"မင္းသူ႔အေၾကာင္းခဏေလးေတာင္ေမ့ထားလို႔္မရဘူးလား"
က်န္႔ခ်န္ဖုန္းေဒါသတႀကီးေျပာလိုက္တယ္
"မင္းကိုယ့္အေပၚမေျပာင္းလဲဘူးဆိုတာမဟုတ္ေတာ့တာခံစားမိတယ္..ကိုယ္တို႔ႏွစ္ေယာက္လံုးက ေယာက်္ားေလးျဖစ္ေနလို႔မ်ားမင္းကိုယ့္ကိုလက္မခံႏိုင္တာလား..က်န္းယြီေမာ့..မင္းခြဲစိတ္တာၿပီးသြားရင္ ကိုယ္တို႔လက္တြဲၾကရေအာင္"
႐ွန္႔ခယ္သူ႕ကိုေငးၾကည့္ေနမိတယ္..အၾကည့္ေတြရဲ႕ေအာက္မွာစကားလံုးေထာင္နဲ႔ခ်ီသို၀ွက္ထားတဲ့ပံုပဲ..ေနာက္ဆံုးေတာ့သူခပ္တိုးတိုးေရရြတ္လိုက္တယ္
"ခြဲစိတ္တာၿပီးသြားရင္အဲအေၾကာင္းေျပာၾကတာေပါ့.."
က်န္႔ခ်န္ဖုန္းႏွလံုးသား ႐ုတ္တရက္ ထခုန္သြားတယ္
သူတိုက္႐ိုက္ႀကီးမျငင္းဘူး..တကယ္ႀကီးတိုက္႐ိုက္မျငင္းလိုက္ဘူး!
ဒါေပမဲ့ ခ်က္ခ်င္းဆိုသလို ႐ွန္႔ခယ္ကို ေဒါက္တာေတြနဲ႔သူနာျပဳမေတြကခြဲခန္းထဲတြန္းေခၚသြားၾကၿပီး အျပင္ကလူေတြကေတာ့စိတ္႐ွည္႐ွည္နဲ႔ေစာင့္ရံုပဲတတ္ႏိုင္ေတာ့တယ္
က်န္းတုန္းလင္ကက်န္႔ခ်န္ဖုန္းဆီေလွ်ာက္လာတယ္
"ခ်န္႔ဖုန္း..ငါနဲ႔ခဏေလာက္လိုက္ခဲ့ဦး"
သူတို႔ႏွစ္ေယာက္လံုးေကာ္ရစ္တာအဆံုးက ျပတင္းေပါက္နားဆီေလ်ွာက္သြားၿပီး က်န္းတုင္းလင္က ေမးလိုက္တယ္
"ႏွလံုးနဲ႔ပတ္သတ္တဲ့အေၾကာင္းကဘာလဲ.."
"ဘာကိုလဲ" က်န္႔ခ်န္ဖုန္း သူ႕ကိုေခါင္းေမာ့ၾကည့္လိုက္တယ္
"ငါမင္းတို႔ႏွစ္ေယာက္လူနာခန္းထဲမွာ ႏွလံုးနဲ႔ပတ္သတ္တာတစ္ခုခုေျပာေနတာတစ္စြန္းတစ္စၾကားလိုက္တယ္"
က်န္းတုန္းလင္က စူးစမ္းေမးျမန္းလိုက္တယ္
"ယြီေမာ့ ငါတို႔ကိုတစ္ခုခုဖံုးကြယ္ထားတာမ်ား႐ွိလား"
က်န္႔ခ်န္ဖုန္းက ျပတင္းေပါက္အျပင္ကိုၾကည့္ၿပီး ခပ္ေဖ်ာ့ေဖ်ာ့ေရရြတ္လိုက္တယ္
"ဒီကိစၥကိုမင္းတို႔ေတြကိုမဖံုးကြယ္သင့္တာအမွန္ပဲ..
ယြီေမာ့ကက်န္႔႐ွင္းအတြက္သူ႕ႏွလံုးကိုလွဴဖို႔ ႏွလံုးလွဴဒါန္းမႈသေဘာတူၫီခ်က္မွာ လက္မွတ္ထိုးထားတယ္"
က်န္းတုင္းလင္ အထိတ္တလန္႔ျဖစ္သြားခဲ့တယ္
"ဘယ္တုန္းကလဲ!"
"သူ႔ဦးေႏွာက္အက်ိတ္အေၾကာင္းသူ႐ွာေတြ႔တဲ့အခ်ိန္ကတည္းကပဲ"
"ဘာ..." က်န္းတုန္းလင္ ရဲ႕မ်က္ႏွာက လံုး၀အ့ံၾသထိတ္လန္႔ဟန္ေပါက္ေနတယ္..သူ႕ညီက သူတို႔ဆီကေနဒီေလာက္အေရးႀကီးတဲ့ဟာဖံုးကြယ္ထားမယ္လို႔မထင္ခဲ့ဘူး
"ခဏ...မင္းေျပာတဲ့အတိုင္း သူ႕ဦးေႏွာက္အက်ိတ္႐ွာေတြ႔တုန္းကဆိုရင္..ဒီလိုမ်ိဳးနဲ႔ပဲ ႏွလံုးလွဴဒါန္းမႈသေဘာတူညီခ်က္ကိုလက္မွတ္ထုုိးလိုက္တာလား"
သူမွတ္ထားရသေလာက္ဆိုရင္ ယြီေမာ့အေျခအေနပိုဆိုးသြားခဲ့တာကသူ႕ေၾကာင့္ပဲ...အရင္မတိုင္ခင္တုန္းက သူ႕အေျခအေနကအေတာ္ေလးတည္ၿငိမ္ေနခဲ့တာ ခြဲစိတ္ဖို႔ေအာင္ျမင္ႏႈန္းကလည္းခုထက္သံုးဆျမင့္ခဲ့တယ္..ဒါေတာင္အဲတည္းက ႏွလံုးကို လွဴဖို႔ဆံုးျဖတ္ခဲ့တယ္ေပါ့
က်န္းတုန္းလင္ ယြီေမာ့ကသူ႔အေျခအေနကိုေျပာမျပရံုတင္မဟုတ္ဘူး...ခြဲစိတ္ဖို႔ကိုလည္းတမင္အခ်ိန္ဆြဲေနခဲ့တာကိုသတိထားမိသြားတယ္ သူသာ မေတာ္တဆ နံရံကိုေခါင္းနဲမ႐ိုက္မိရင္ ထပ္ၿပီးမ်ား ဆက္အခ်ိန္ဆြဲဦးမလား..
က်န္းတုန္းလင္ မ်က္ႏွာထားကမိႈင္းညႇိဳ႕သြားၿပီး ခြဲစိတ္ခန္းဘက့္ကိုမ်က္ႏွာမူၾကည့္လိုက္တယ္...သူ႕ရဲ႕မ်က္ႏွာမွာစိုးရိမ္မႈေတြအျပည့္နဲ႔
"သူေနေကာင္းသြားမွာ" က်န္႔ခ်န္ဖုန္း က ေသခ်ာပိုင္ႏိုင္တဲ့အသံနဲ႔ေျပာလိုက္တယ္
"အင္း..သူေသခ်ာေပါက္ေနေကာင္းသြားမွာပါ"
က်န္းတုန္းလင္ကမ်က္၀န္းေတြကိုပိတ္လိုက္ၿပီး ခါးသီးစြာျပံဳးလိုက္တယ္
"မင္းေရာ...ငါကသူ႕အစ္ကိုျဖစ္ဖို႔ တာ၀န္မေက်ဘူးလို႔ထင္ေနၿပီမလား..ငါသူ႕ကိုဘယ္တုန္းကမွ
နားမလည္ခဲ့သလိုပဲ"
သူကေပါ့ေပါ့ေနေပါ့ေပါ့စားေနတဲ့ပံုေပါက္ေပမဲ့ ခံစားေတြကေတာ့နက္႐ိႈင္းလြန္းတယ္...က်န္႔႐ွင္းအတြက္
သူ႕အသက္ကိုေတာင္စြန္႔ရဲတယ္ေပါ့..
က်န္းတုန္းလင္ကသူက်န္႔႐ွင္းကိုအရမ္းခ်စ္တယ္လို႔ အျမဲထင္ေနခဲ့တာ ဒါေပမဲ့ ယြီေမာ့နဲ႔ယွဥ္ရင္
သူကဘယ္အဆင့္မွာလဲ...ယြီေမာ့ရဲ႕ ေရာဂါအေျခအေနက သူ႔ေၾကာင့္ပိုဆိုးသြားခဲ့တယ္..ဒါေတာင္ သူ႕ရဲ႕ ခ်စ္ရတဲ့အမ်ိဳးသမီးကို လုယူခဲ့မိေသးတယ္..အရင္စိတ္နဲ႔ဆုိရင္ သူ႕ကိုဒုကၡေတြေပးရမွာေပါ့..ဒါေပမဲ့ အရမ္းကိုတည္ၿငိမ္လြန္းေနခဲ့တယ္ သူေသခ်ာျပန္ေတြးၾကည့္မိေတာ့ ယြီေမာ့ကမ်ား ကိုယ့္ကိုကိုယ္စေတးၿပီး သူနဲ႔က်န္႔႐ွင္းအတူေပ်ာ္ႏိုင္ေအာင္ လုပ္ေပးမယ္လို႔ဆံုးျဖတ္ခ်ထားတာျဖစ္မွာေၾကာက္မိတယ္
သူကေတာ့ ဘာမွသတိမထားမိခဲ့ဘူး..
တကယ္လို႔သာမထင္မွတ္ထားတာတစ္ခုခု ယြီေမာ့ျဖစ္ခဲ့ရင္ သူဘယ္လိုစိတ္နဲ႔ က်န္႔႐ွင္းနဲ႔အတူ ေနႏိုင္ဦးမွာလဲ...
ခြဲစိတ္မႈက၇နာရီၾကာျမင့္သြားခဲ့တယ္..ခြဲစိတ္မီးအလင္းေရာင္ၿငိမ္းသြားၿပီး ဆရာ၀န္က ခြဲစိတ္မႈေအာင္ျမင္ေၾကာင္းေၾကာ္ညာလိုက္ခ်ိန္မွာေတာ့
အားလံုးက အေပ်ာ္လြန္မ်က္ရည္ေတြနဲ႔..။
ဒါေပမဲ့ ေဒါက္တာက သူတို႔ကို ေနာက္ထပ္ဘာမွမျဖစ္ေအာင္ လူနာရဲ့ေခါင္းကိုမ႐ိုက္မိဖို႔အေရးႀကီးတယ္ဆိုျပီး တင္းတင္းၾကပ္ၾကပ္
သတိေပးသြားတယ္
က်န္႔ခ်န္ဖုန္းႏႈတ္ခမ္းဖ်ားေတြအနည္းငယ္ေကာ့တက္သြားၿပီး အခ်ိန္အေတာ္ၾကာေပ်ာက္ဆံုးေနခဲ့တဲ့
အျပံဳးျပန္ေပၚလာတယ္
【Host အဓိကmission ကိုေအာင္ျမင္သြားတဲ့
အတြက္ ဂုဏ္ယူပါတယ္ က်န္းမိသားစုက
က်န္႔ခ်န္ဖုန္း ေၾကာင့္ ဒုကၡမေရာက္ေတာ့တဲ့အျပင္
လူမႈအသိုင္းအ၀ိုင္းျမင့္မားတဲ့ေနရာကိုပါ က်န္႔မိသားစုေၾကာင့္ တက္ေရာင္ႏိုင္ေတာ့မွာပါ】
အဓိကmission က ေအာင္သြားၿပီလား...ေ၀၀ါးလွတဲ့အေတြးထဲမွာ
Systemရဲ႕အသံကိုၾကားေနရတယ္...အဓိက missionက ခြဲစိတ္မႈတစ္ခုေလးနဲ႔တင္ေအာင္ျမင္သြားၿပီလား..
【Hostရဲ႕အေျခအေနနဲ႔ဆို..ခြဲစိတ္တာက်႐ႈံးဖို႔က ၈၀ရာခိုင္ႏႈန္းပါ..ဒါေပမဲ့ဒီကမ႓ာရဲ့အဓိကဇာတ္လိုက္က Hostအတြက္ ကမ႓ာ့နံပါတ္၁ ဦးေႏွာက္အထူးကုကို ငွါးေပးတယ္..ဒါေၾကာင့္ ခြဲစိတ္မႈေအာင္ျမင္ႏႈန္းက၆၅ရာခိုင္ႏႈန္းထိတက္သြားခဲ့တယ္ ဒါ့အျပင္ က်န္႔ခ်န္ဖုန္း ရဲ႕ အဓိက ဇာတ္လိုက္ အ႐ွိန္အ၀ါ(ဇာတ္လမ္းအကာအကြယ္)ေၾကာင့္ Hostရဲ႕ ေသျခင္းတရားကိုေသခ်ာေပါက္ရင္ဆိုင္ရမဲ့ကံၾကမၼာက
ကံေကာင္းစြာေျပာင္းလဲသြားခဲ့ပါတယ္】
႐ွန္႔ခယ္ : "......" ဒါဆိုရင္ အဓိကဇာတ္လိုက္အ႐ွိန္အ၀ါနဲ႔ကံၾကမၼာကိုေျပာင္းလဲပစ္တယ္ဆိုတာ တကယ္႐ွိတာေပါ့
【Hostကထူးျခားေျပာင္ေျမာက္စြာ အဓိကmissionကိုအသက္႐ွင္ခဲ့တဲ့အတြက္ Systemက ၂ႏွစ္ေစာင့္ဆိုင္းခ်ိန္ေပးပါ့မယ္
တကယ္လို႔Hostကေသလုနီးပါးmissions ႏွစ္ခုၾကံဳခဲ့ၿပီးမေသေသးရင္ ဒီကမ႓ာမွာလြတ္လြတ္လပ္လပ္ ေနထိုင္ႏိုင္ပါတယ္】
ေစာင့္ဆိုင္းခ်ိန္ ၂ႏွစ္ေတာင္လား...
အရမ္းႀကီးမၾကာလြန္းဘူးလား
【ဒီကမ႓ာကၿငိမ္းခ်မ္းတဲ့ေနရာျဖစ္လို႔
သူရဲေကာင္းဆန္ဆန္ေသဆံုးဖို႔ခက္ခဲမႈကလည္း ျမင့္တက္လာပါတယ္ ဒါေၾကာင့္Systemက အထူးအေနနဲ႔ Hostကိုအခ်ိန္ပိုေပးတာပါ】
႐ွန္႔ခယ္: ....သူေက်းဇူးပါလို႔ေျပာသင့္လား
【You're welcome.】
ေသစမ္း English လိုေတာင္ျပန္ၿပီးေျပာတယ္ေပါ့!
႐ွန္႔ခယ္: f*ck off! (#‵′)凸 (English)
ေနာက္တစ္ေန႔မွာေတာ့ ႐ွန္႔ခယ္က ကုတင္ေပၚထိုင္ကာ မွန္ကိုကိုင္ထားရင္း ေငးၾကည့္ေနတယ္
မွန္ထဲမွာေတာ့ ပတ္တီးေတြနဲ႔ေခါင္းေျပာင္ေျပာင္လူတစ္ေယာက္...ေခါင္းကဆံပင္တစ္မ်ွင္ေတာင္မ႐ွိေတာ့ပဲလံုး၀ကို သူ႕ရဲ႕ေခ်ာေမာတဲ့႐ုပ္ရည္ကို
ေျပာင္းလဲပစ္တယ္ ႐ုပ္ရည္တိုးျမႇင့္ႏိုင္စြမ္း packageဘယ္ေရာက္သြားၿပီလဲ..
ဘာလို႔အစြမ္းမျပရတာလဲ..အနည္းဆံုးေတာ့ သူ႕ကတံုးကိုလူေတြမျမင္ေအာင္ မ်က္လံုးက်ိန္းသြားေစေလာက္တဲ့အလင္းေပးဖို႔စဥ္းစားသင့္တယ္မလား
ဒီအခ်ိန္မွာပဲ က်န္႔ခ်န္ဖုန္း က တံခါးဖြင့္၀င္လာတယ္
႐ွန္႔ခယ္၀မး္နည္းေနတဲ့ဟန္နဲ႔ မွန္ကိုစိုက္ၾကည့္ေနတာျမင္ေတာ့ သူ အလိုလုိျပံဳးလိုက္မိတယ္
"မွန္ကိုၾကည့္ေနဖို႔မလိုပါဘူး...
မင္းကေခ်ာေနတုန္းပဲ"
႐ွန္႔ခယ္က သူ႕ကို သေဘာမတူတဲ့ဟန္နဲ႔ၾကည့္လိုက္တယ္ : ခင္ဗ်ားေျပာတာကေျပာတာပဲ..ဒါေပမဲ့ ဒီလိုကတံုးျဖစ္ေနတာကတစ္ျခားကိစၥရပ္ေလ..
အစြမ္း႐ွိရင္ ခင္ဗ်ားကိုယ့္ဟာကိုယ္ေခါင္းသြားရိပ္ၿပီး
ကိုယ့္ကိုယ္ကို ယံုၾကည္မႈလြန္ကဲေနတဲ့ ဒါ႐ိုက္တာခ်ဳပ္ အေငြ႔အသက္ကေန အက်ဥ္းသားေတြပံုစံ ျဖစ္သြားမျဖစ္သြားစမ္းၾကည့္ပါလား
"မင္းက ကိုယ့္ကိုေခါင္းတံုးေစခ်င္တာလား.."
က်န္႔ခ်န္ဖုန္း ႏႈတ္ခမ္း ကေကာ့တက္သြားတယ္
"မင္းသာေျပာရင္..
ကိုယ္ခုခ်က္ခ်င္းသြားတံုးလိုက္မယ္"
(Jas-🐸အဲေလာက္မ႐ိုၾကပါနဲ႔ faကိုသနားပါ)
႐ွန္႔ခယ္က မွန္ကိုျပန္ခ်လိုက္ၿပီး ရီေမာရင္းႏႈတ္ခမ္းဖ်ားေလးေတြကျမင့္တက္သြားတယ္
"ထားလိုက္ပါေတာ့..ကတံုးတစ္ခုနဲ႔တင္ေတာက္ပေနတာ..ေနာက္တစ္ခုဆိုကန္းပါကန္းသြားလိမ့္မယ္"
"ကိုယ္မင္းအတြက္ဆန္ျပဳတ္ယူလာတယ္..ေသာက္လိုက္ဦး" က်န္႔ခ်န္ဖုန္းအမူအရာက
အရမ္းေပ်ာ့ေပ်ာင္းေနၿပီးေတာ့ သူ႔စိတ္အေျခအေနကလည္း အေတာ္ေလးတက္ႂကြေနပံုပဲ
႐ွန္႔ခယ္ကခြက္ကိုယူၿပီးက်န္႔ခ်န္ဖုန္းအၾကည့္ေတြကိုလႊဲလိုက္တယ္..
သူ႕ရင္ထဲမွာတဒိန္းဒိန္းနဲ႔...။
က်န္႔ခ်န္ဖုန္း က သူ႕ကို႐ွင္း႐ွင္းလင္းလင္းေျပာၿပီးၿပီ
ခြဲစိတ္မႈၿပီးသြားတဲ့အခါ ႀကိဳးစားၿပီးအတူတူ႐ွိေနၾကမယ္တဲ့...သူတိုက္႐ိုက္အေျဖျပန္မေပးခဲ့ေပမဲ့
ျငင္းလည္းမျငင္းခဲ့မိဘူး...အခုေတာ့ဘာလုပ္ရေတာ့မလဲ
သူျငင္းမိလိုက္ရင္ ေနာက္၂ႏွစ္လံုး ႐ႈပ္ေထြးတဲ့ ခံစားခ်က္ေတြထဲနစ္ျမဳပ္သြားၿပီး "မင္းကငါ့ကိုခ်စ္တယ္ ငါကသူမကိုခ်စ္တယ္" ဆိုတဲ့ အပ်က္ပ်က္နဲ႔ေသြးထြက္ရမဲ့ ဒရမ္မာဇာတ္လမ္းႀကီးထဲ ၀င္ေရာက္ကျပရေတာ့မယ္ ကိုယ့္ကိုကိုယ္လိမ္ရံုတင္မဟုတ္...တျခားသူေတြကိုပါလွည့္ဖ်ားရာက်ေတာ့မယ္
သေဘာတူလိုက္ျပန္ရင္လည္း ႐ွန္႔ခယ္ ခမ်ာ အပိုေဆာင္းmissionႏွစ္ခုကိုေအာင္ျမင္ေအာင္
အစြမ္းကုန္ႀကိဳးစားၿပီး ဒီကမ႓ာမွာေနကာ က်န္႔ခ်န္ဖုန္းနဲ႔အတူလြတ္လြတ္လပ္လပ္ေနလို႔ရမယ္..ဒါေပမဲ့
သူ တျခားmission ၂ခုမွာ အသက္႐ွင္ပါ့မလားဆိုတာ ယံုၾကည္ခ်က္မ႐ွိဘူး သူသာေသသြားခဲ့ရင္..က်န္႔ခ်န္ဖုန္း ကိုပဲပိုၿပီးထိခိုက္သြားမွာ...
ဒါတကယ္ႀကီးကိုခက္လြန္းတဲ့ေရြးခ်ယ္မႈပဲ! သူ missionကိစၥေတြေမ့ထားလိုက္ၿပီးတစ္ခါတည္းေသဖို႔ပဲလုပ္လိုက္ရေတာ့မလား
ထားလိုက္ေတာ့...မသိခ်င္ေယာင္ေဆာင္ၿပီး Systemဘယ္အခ်ိန္အပိုေဆာင္းmission
ထုတ္မလဲပဲေစာင့္ၾကည့္ရေတာ့မယ္
႐ွန္႔ခယ္က ပန္းကန္လံုးကိုင္ၿပီး ဆန္ျပဳတ္ေသာက္ဖို႔ပဲ အာရံုစိုက္ေနလိုက္ေတာ့တယ္
ဒီအခ်ိန္တျခားတစ္ဖက္မွာေတာ့ က်န္းတုန္းလင္က က်န္႔႐ွင္းနားထိုင္ေနၿပီး သူမစားေသာက္ေနတာကို တိတ္တဆိတ္ၾကည့္ေနတယ္..သူ႔မ်က္ႏွာက ေတြေ၀မႈအျပည့္နဲ႔..။
"တုန္းလင္..ဘာျဖစ္လို႔လဲ"
က်န္႔႐ွင္းေမးလိုက္တယ္
က်န္းတုန္းလင္က အသိျပန္၀င္လာၿပီးေျဖလိုက္တယ္
"႐ွင္းအာ..ကိုယ္အခုတေလာ အလုပ္အရမ္း႐ႈပ္ေနတာ..အရင္ကေလာက္မင္းကိုအေဖာ္ျပဳေပးဖို႔ အခ်ိန္မ႐ွိေလာက္ေတာ့ဘူး"
"အာ.. ႐ွင္ကြၽန္မဆီအေဖာ္လုပ္ေပးဖို႔ေန႔တိုင္း
မလာႏိုင္ေတာ့ဘူးေပါ့"
က်န္းတုန္းလင္ကတိတ္ဆိတ္စြာေခါင္းညိတ္ျပလိုက္တယ္
က်န္႔႐ွင္းမ်က္ႏွာက၀မ္းနည္းသြားဟန္နဲ႔ ခပ္ေတြေတြေျပာလိုက္တယ္
"ဒါဆိုလည္း႐ွင္ျမန္ျမန္အလုပ္ၿပီးေအာင္လုပ္ေနာ္..ကြၽန္မ႐ွင့္ကိုေန႔တိုင္းေစာင့္ေနမယ္"
"အင္း..." က်န္းတုန္းလင္ ျပံဳးျပလိုက္ေပမဲ့ သူ႕ႏွလံုးသားကေတာ့ေလးလံေနတယ္..ယြီေမာ့ရဲ႕
က်န္႔႐ွင္းအေပၚခံစားခ်က္ေတြဘယ္ေလာက္နက္႐ွိဳင္း
လဲသိသြားတဲ့အခ်ိန္မွာ သူေနာက္ဆုတ္ဖို႔ဆံုးျဖတ္ခဲ့တယ္..ယြီေမာ့သူ႕အသက္ကို က်န္႔႐ွင္းအတြက္.ေပးအပ္ဖို႔လုပ္ခဲ့တာကိုစဥ္းစားမိတိုင္း သူ က်န္႔႐ွင္းနဲ႔
ထပ္ၿပီးမဆက္သြယ္ႏိုင္ေတာ့သလိုပဲ
က်န္႔႐ွင္းက ယြီေမာ့ကိုအျမဲၾကည့္မရျဖစ္ေနေပမဲ့ ယြီေမာ့သူ႕အတြက္ဘာေတြလုပ္ေပးထားလဲ သိရတာနဲ႔
အျမင္ေတြခ်က္ခ်င္းေျပာင္းလဲသြားမွာပဲ
ဒါကသူနဲ႔လမ္းခြဲဖို႔အခ်ိန္မဟုတ္ေသးတာပဲ႐ွိတာ..က်န္႔႐ွင္းရဲ႕ႏွလံုးကအေျခအေနမေကာင္းတဲ့အတြက္ သူ သူမကို စိတ္ဓာတ္မက်ေစခ်င္ဘူး..ဒါေၾကာင့္ သူမဆီကေနျဖည္းျဖည္းခ်င္း
ခြဲခြာသြားမယ္လို႔ က်န္းတုန္းလင္ဆံုးျဖတ္လိုက္တယ္
[WORDS - 5471 WORDS]
[Unicode]
ကျန့်ချန်ဖုန်း သတိထားပြီးတင်းကြပ်လှတဲ့စောင့်ကြောင့်မှုတွေအောက်မှာ ရှန့်ခယ်လည်း ပူဆွေးသောကရောက်စွာနဲ့ ခွဲစိတ်ခန်းဝင်ဖို့လုပ်ရတော့တယ် ဒီအချိန်အတောအတွင်းမှာ သူ လှေကားပေါ်ကနေပြုတ်ကျဖို့ကြိုးစားတယ်..ရေချိုးခန်းထဲမှာဆပ်ပြာတုံးတက်နင်းမိပြီးချော်လဲအောင်လုပ်တယ်..အိပ်ရာပေါ်ကနေကြမ်းပြင်ပေါ်ပြုတ်ကျအောင်ရောပဲ..ဒါပေမဲ့ခေါင်းနောက်ကိုရိုက်မိအောင်လုပ်ရတာကလည်း
အရည်အချင်းတစ်ရပ်ပဲဆိုတဲ့ အမှန်တရားက သက်သေပြသွားတယ်...
သူပြုတ်ကျပြီးဒဏ်ရာရသွားတဲ့နေရာတွေက သူ့ရဲ့တင်ပါးနဲ့နောက်ကျောပဲ..
သူ့ရဲ့"မရေမတွက်နိုင်တဲ့လူသတ်ဖို့ကြိုးစားမှုတွေ" အောက်မှာ ခန္ဓာကိုယ်တစ်ခုလုံး
ဒဏ်ရာရခဲ့ပေမဲ့ခွဲစိတ်ခန်းဝင်မဲ့နေ့အထိ သူ့ခေါင်းနောက်စေ့က သက်သာရာရနေခဲ့တုန်းပဲ
ဟုတ်တာပေါ့..အားကစားနည်းတွေမှာပါဝင်ဖို့ သူ့အခွင့်အရေးကိုတောင်းဆိုဖို့လည်းမမေ့ဘူး ဒါပေမဲ့ ရလဒ်ကတော့ သူထွက်ပြေးသွားတိုင်း ကျန့်ချန်ဖုန်း
ဖမ်းမိပြီးပြန်ဆွဲခေါ်ခံလာရတာပဲ..အားကစားclub
တိုင်းမှာအတွင်းလူထည့်ထားပြီးထွက်ပြေးဖို့အခွင့်အရေးတစ်စက်လေးတောင်မပေးဘူး
ရှန့်ခယ်ဒါတွေအကုန်လုပ်နေပေမဲ့ ကျန့်ချန်ဖုန်း ကတော့မရိပ်မိတဲ့ပုံ..သူသိတာက ရှန့်ခယ်ရဲအခြေအနေကပိုပိုဆိုးလာတယ်ပဲ..မကြာခဏခေါင်းမူးပျို့အန်ရုံတင်မဟုတ်...သူ့ခြေထောက်လက်ထောက်တွေလည်းထုံကျဉ်ပြီးအားနည်းလာကာ လမ်းတောင်
သေချာမလျှောက်နိုင်တော့ဘူးဆိုတာပဲ ရှန့်ခယ်ရဲ့
တစ်နေ့တစ်ခြားဆိုးဆိုးလာတဲ့အခြေအနေကြောင့်
ကျန့်ချန်ဖုန်း လည်း ရှန့်ခယ်အခန်းထဲပြောင်းနေလိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ အကြင်နာဆုံး ဂရုစိုက်ပေးတော့တယ်
သူက ဘောက်ဆတ်ဆတ်ပြောတတ်ပေမဲ့ အပြုအမူတွေကတော့တကယ်စိတ်ရှည်လွန်းတယ်
ရှန့်ခယ်သာ မိန်းကလေးဖြစ်ပြီး ဒီလိုရည်းစားကောင်လေးပိုင်ဆိုင်ထားရရင် ဘဝကြီးကပျော်စရာတွေနဲ့ပဲ
ပြည့်နေပြီးဘာမှစိုးရိမ်စရာမရှိတော့မှာက သာမန်ဖြစ်ရပ်ဖြစ်လာလိမ့်မယ်လို့တောင်တွေးမိတယ်
အဆုံးမှာတော့ သူလည်းကိုယ့်ကိုကိုယ်နှိပ်စက်နေတာ ရပ်တန့်လိုက်တော့တယ်..သူသေတာက သေတာပဲ...သူ့ဘေးနားကလူကိုနှိပ်စက်ဖို့မလိုဘူး
သူဒီလိုအလုပ်မျိုးမလုပ်နိုင်ဘူး
သူသေသွားနိုင်တယ်..ဒါပေမဲ့သူ့ကိုဂရုစိုက်ပေးတဲ့လူတွေအားလုံးသူ့ကြောင့်နဲ့ခံစားရလိမ့်မယ် missionကတော့missionပဲ...ဒါပေမဲ့ ဒီအတွက်ကြောင့်နဲ့တော့..သေဖို့ချည်းပဲရွေးချယ်နေတဲ့ နှလုံးသားမရှိတဲ့လူတစ်ယောက်အဖြစ်မပြောင်းလဲသွားချင်ဘူး
ခွဲစိတ်ခန်းဝင်တဲ့နေ့မှာတော့ကျန်းမိသားစုတစ်စုလုံးရယ် ကျန့်ချန်ဖုန်း နဲ့ ကျန့်ရှင်းတို့ပါ အတူတူလိုက်လာတယ်
"ပါး..မား..ကျွန်တော်ကျန့်ချန်ဖုန်းနဲ့နှစ်ယောက်တည်းပြောစရာရှိတယ်"
ကျန်းပါပါးနဲ့မာမားက ကျန့်ချန်ဖုန်းကို ကြည့်ပြီးတော့ အခန်းထဲကနေစိုးရိမ်တဲ့မျက်နှာတွေနဲထွက်သွားတယ်
သူတို့အခန်းထဲကနေထွက်သွားတော့မှပဲ ရှန့်ခယ် စပြီးစကားပြောတော့တယ်
"ကျန့်ချန်ဖုန်း တကယ်လို့
ကျွန်တော်တစ်ခုခုဖြစ်ခဲ့ရင်...."
"ဘာမှဖြစ်မှာမဟုတ်ပါဘူး! "
ကျန့်ချန်ဖုန်းက ကုတင်ဘေးမှာ တစ်ဝက်ထိုင်လိုက်ကာ သူ့လက်ကိုတင်းတင်းဆုပ်ရင်း စိုးရိမ်တကြီးပြောတယ်
"မင်းသာ...ခွဲစိတ်နေရင်းဒေါက်တာရဲ့ခွဲစိတ်ဓားကို ယူပြီးကိုယ့်လည်ပင်းကိုယ်မစိုက်ရင် ရပြီ..."
ရှန့်ခယ် စွံ့အသွားတယ်
"ခွဲစိတ်နေတုန်းမေ့ဆေးသုံးတယ်လေ..ဘယ်က အင်အားနဲ့ဒေါက်တာရဲ့ခွဲစိတ်ဓားကိုလုယူရမှာလဲ"
ကျန့်ချန်ဖုန်း ကမျက်ဝန်းတွေကို မှေးစင်းလိုက်တယ်
"သူတို့သာမေ့ဆေးမသုံးရင်မင်းကတကယ်လုယူမယ်ပေါ့ ..."
ရှန့်ခယ်စကားပြောတာရပ်တန့်သွားတယ် သူအံ့သြမိတယ်..သူက ကျန့်ချန်ဖုန်းမျက်စိထဲမှာ တကယ်ကြီးကိုယ့်ကိုကိုယ်နာကျင်အောင်လုပ်တတ်တဲ့သူမျိုးဖြစ်နေခဲ့တာလား..ထားပါတော့..တခြားသူအမြင်မှာတော့ သူက တကယ် ကိုယ့်ကိုကိုယ်နာကျင်အောင်လုပ်ရတာ
သဘောကျတဲ့ပုံနဲ့တူလောက်တယ်...
ဒီအချိန်မှာပဲ တစ်ဖက်ကနေတံခါးခေါက်သံတွေထွက်လာတယ်..ကျန်းတုန်းလင်က အပြင်ကနေ သတိပေးလိုက်တယ်
"ယွီမော့..ခွဲစိတ်ဖို့စတော့မယ်နော်"
"အင်း...ပြီးတော့မယ်" ရှန့်ခယ်အပြင်ကိုလှမ်းအော်ပြီး ကျန့်ချန်ဖုန်းကိုသတိပေးလိုက်တယ်
"ကျန့်ချန်ဖုန်း..ကျွန်တော့်ကိုကတိပေးပါ တကယ်လို့
ခွဲစိတ်မှုသာမအောင်မြင်ခဲ့ရင် ကျွန်တော့်နှလုံးကို ကျန့်ရှင်းဆီအစားထိုးလိုက်ပါ..သူ့အခြေအနေက ပိုဆိုးနေတယ်ဆိုတာခင်ဗျားသိပါတယ်"
"မင်းသူ့အကြောင်းခဏလေးတောင်မေ့ထားလို့်မရဘူးလား"
ကျန့်ချန်ဖုန်းဒေါသတကြီးပြောလိုက်တယ်
"မင်းကိုယ့်အပေါ်မပြောင်းလဲဘူးဆိုတာမဟုတ်တော့တာခံစားမိတယ်..ကိုယ်တို့နှစ်ယောက်လုံးက ယောကျ်ားလေးဖြစ်နေလို့များမင်းကိုယ့်ကိုလက်မခံနိုင်တာလား..ကျန်းယွီမော့..မင်းခွဲစိတ်တာပြီးသွားရင် ကိုယ်တို့လက်တွဲကြရအောင်"
ရှန့်ခယ်သူ့ကိုငေးကြည့်နေမိတယ်..အကြည့်တွေရဲ့အောက်မှာစကားလုံးထောင်နဲ့ချီသိုဝှက်ထားတဲ့ပုံပဲ..နောက်ဆုံးတော့သူခပ်တိုးတိုးရေရွတ်လိုက်တယ်
"ခွဲစိတ်တာပြီးသွားရင်အဲအကြောင်းပြောကြတာပေါ့.."
ကျန့်ချန်ဖုန်းနှလုံးသား ရုတ်တရက် ထခုန်သွားတယ်
သူတိုက်ရိုက်ကြီးမငြင်းဘူး..တကယ်ကြီးတိုက်ရိုက်မငြင်းလိုက်ဘူး!
ဒါပေမဲ့ ချက်ချင်းဆိုသလို ရှန့်ခယ်ကို ဒေါက်တာတွေနဲ့သူနာပြုမတွေကခွဲခန်းထဲတွန်းခေါ်သွားကြပြီး အပြင်ကလူတွေကတော့စိတ်ရှည်ရှည်နဲ့စောင့်ရုံပဲတတ်နိုင်တော့တယ်
ကျန်းတုန်းလင်ကကျန့်ချန်ဖုန်းဆီလျှောက်လာတယ်
"ချန့်ဖုန်း..ငါနဲ့ခဏလောက်လိုက်ခဲ့ဦး"
သူတို့နှစ်ယောက်လုံးကော်ရစ်တာအဆုံးက ပြတင်းပေါက်နားဆီလျှောက်သွားပြီး ကျန်းတုင်းလင်က မေးလိုက်တယ်
"နှလုံးနဲ့ပတ်သတ်တဲ့အကြောင်းကဘာလဲ.."
"ဘာကိုလဲ" ကျန့်ချန်ဖုန်း သူ့ကိုခေါင်းမော့ကြည့်လိုက်တယ်
"ငါမင်းတို့နှစ်ယောက်လူနာခန်းထဲမှာ နှလုံးနဲ့ပတ်သတ်တာတစ်ခုခုပြောနေတာတစ်စွန်းတစ်စကြားလိုက်တယ်"
ကျန်းတုန်းလင်က စူးစမ်းမေးမြန်းလိုက်တယ်
"ယွီမော့ ငါတို့ကိုတစ်ခုခုဖုံးကွယ်ထားတာများရှိလား"
ကျန့်ချန်ဖုန်းက ပြတင်းပေါက်အပြင်ကိုကြည့်ပြီး ခပ်ဖျော့ဖျော့ရေရွတ်လိုက်တယ်
"ဒီကိစ္စကိုမင်းတို့တွေကိုမဖုံးကွယ်သင့်တာအမှန်ပဲ..
ယွီမော့ကကျန့်ရှင်းအတွက်သူ့နှလုံးကိုလှူဖို့ နှလုံးလှူဒါန်းမှုသဘောတူညီချက်မှာ လက်မှတ်ထိုးထားတယ်"
ကျန်းတုင်းလင် အထိတ်တလန့်ဖြစ်သွားခဲ့တယ်
"ဘယ်တုန်းကလဲ!"
"သူ့ဦးနှောက်အကျိတ်အကြောင်းသူရှာတွေ့တဲ့အချိန်ကတည်းကပဲ"
"ဘာ..." ကျန်းတုန်းလင် ရဲ့မျက်နှာက လုံးဝအံ့သြထိတ်လန့်ဟန်ပေါက်နေတယ်..သူ့ညီက သူတို့ဆီကနေဒီလောက်အရေးကြီးတဲ့ဟာဖုံးကွယ်ထားမယ်လို့မထင်ခဲ့ဘူး
"ခဏ...မင်းပြောတဲ့အတိုင်း သူ့ဦးနှောက်အကျိတ်ရှာတွေ့တုန်းကဆိုရင်..ဒီလိုမျိုးနဲ့ပဲ နှလုံးလှူဒါန်းမှုသဘောတူညီချက်ကိုလက်မှတ်ထိုးလိုက်တာလား"
သူမှတ်ထားရသလောက်ဆိုရင် ယွီမော့အခြေအနေပိုဆိုးသွားခဲ့တာကသူ့ကြောင့်ပဲ...အရင်မတိုင်ခင်တုန်းက သူ့အခြေအနေကအတော်လေးတည်ငြိမ်နေခဲ့တာ ခွဲစိတ်ဖို့အောင်မြင်နှုန်းကလည်းခုထက်သုံးဆမြင့်ခဲ့တယ်..ဒါတောင်အဲတည်းက နှလုံးကို လှူဖို့ဆုံးဖြတ်ခဲ့တယ်ပေါ့
ကျန်းတုန်းလင် ယွီမော့ကသူ့အခြေအနေကိုပြောမပြရုံတင်မဟုတ်ဘူး...ခွဲစိတ်ဖို့ကိုလည်းတမင်အချိန်ဆွဲနေခဲ့တာကိုသတိထားမိသွားတယ် သူသာ မတော်တဆ နံရံကိုခေါင်းနဲမရိုက်မိရင် ထပ်ပြီးများ ဆက်အချိန်ဆွဲဦးမလား..
ကျန်းတုန်းလင် မျက်နှာထားကမှိုင်းညှို့သွားပြီး ခွဲစိတ်ခန်းဘက့်ကိုမျက်နှာမူကြည့်လိုက်တယ်...သူ့ရဲ့မျက်နှာမှာစိုးရိမ်မှုတွေအပြည့်နဲ့
"သူနေကောင်းသွားမှာ" ကျန့်ချန်ဖုန်း က သေချာပိုင်နိုင်တဲ့အသံနဲ့ပြောလိုက်တယ်
"အင်း..သူသေချာပေါက်နေကောင်းသွားမှာပါ"
ကျန်းတုန်းလင်ကမျက်ဝန်းတွေကိုပိတ်လိုက်ပြီး ခါးသီးစွာပြုံးလိုက်တယ်
"မင်းရော...ငါကသူ့အစ်ကိုဖြစ်ဖို့ တာဝန်မကျေဘူးလို့ထင်နေပြီမလား..ငါသူ့ကိုဘယ်တုန်းကမှ
နားမလည်ခဲ့သလိုပဲ"
သူကပေါ့ပေါ့နေပေါ့ပေါ့စားနေတဲ့ပုံပေါက်ပေမဲ့ ခံစားတွေကတော့နက်ရှိုင်းလွန်းတယ်...ကျန့်ရှင်းအတွက်
သူ့အသက်ကိုတောင်စွန့်ရဲတယ်ပေါ့..
ကျန်းတုန်းလင်ကသူကျန့်ရှင်းကိုအရမ်းချစ်တယ်လို့ အမြဲထင်နေခဲ့တာ ဒါပေမဲ့ ယွီမော့နဲ့ယှဉ်ရင်
သူကဘယ်အဆင့်မှာလဲ...ယွီမော့ရဲ့ ရောဂါအခြေအနေက သူ့ကြောင့်ပိုဆိုးသွားခဲ့တယ်..ဒါတောင် သူ့ရဲ့ ချစ်ရတဲ့အမျိုးသမီးကို လုယူခဲ့မိသေးတယ်..အရင်စိတ်နဲ့ဆိုရင် သူ့ကိုဒုက္ခတွေပေးရမှာပေါ့..ဒါပေမဲ့ အရမ်းကိုတည်ငြိမ်လွန်းနေခဲ့တယ် သူသေချာပြန်တွေးကြည့်မိတော့ ယွီမော့ကများ ကိုယ့်ကိုကိုယ်စတေးပြီး သူနဲ့ကျန့်ရှင်းအတူပျော်နိုင်အောင် လုပ်ပေးမယ်လို့ဆုံးဖြတ်ချထားတာဖြစ်မှာကြောက်မိတယ်
သူကတော့ ဘာမှသတိမထားမိခဲ့ဘူး..
တကယ်လို့သာမထင်မှတ်ထားတာတစ်ခုခု ယွီမော့ဖြစ်ခဲ့ရင် သူဘယ်လိုစိတ်နဲ့ ကျန့်ရှင်းနဲ့အတူ နေနိုင်ဦးမှာလဲ...
ခွဲစိတ်မှုက၇နာရီကြာမြင့်သွားခဲ့တယ်..ခွဲစိတ်မီးအလင်းရောင်ငြိမ်းသွားပြီး ဆရာဝန်က ခွဲစိတ်မှုအောင်မြင်ကြောင်းကြော်ညာလိုက်ချိန်မှာတော့
အားလုံးက အပျော်လွန်မျက်ရည်တွေနဲ့..။
ဒါပေမဲ့ ဒေါက်တာက သူတို့ကို နောက်ထပ်ဘာမှမဖြစ်အောင် လူနာရဲ့ခေါင်းကိုမရိုက်မိဖို့အရေးကြီးတယ်ဆိုပြီး တင်းတင်းကြပ်ကြပ်
သတိပေးသွားတယ်
ကျန့်ချန်ဖုန်းနှုတ်ခမ်းဖျားတွေအနည်းငယ်ကော့တက်သွားပြီး အချိန်အတော်ကြာပျောက်ဆုံးနေခဲ့တဲ့
အပြုံးပြန်ပေါ်လာတယ်
【Host အဓိကmission ကိုအောင်မြင်သွားတဲ့
အတွက် ဂုဏ်ယူပါတယ် ကျန်းမိသားစုက
ကျန့်ချန်ဖုန်း ကြောင့် ဒုက္ခမရောက်တော့တဲ့အပြင်
လူမှုအသိုင်းအဝိုင်းမြင့်မားတဲ့နေရာကိုပါ ကျန့်မိသားစုကြောင့် တက်ရောင်နိုင်တော့မှာပါ】
အဓိကmission က အောင်သွားပြီလား...ေ၀ဝါးလှတဲ့အတွေးထဲမှာ
Systemရဲ့အသံကိုကြားနေရတယ်...အဓိက missionက ခွဲစိတ်မှုတစ်ခုလေးနဲ့တင်အောင်မြင်သွားပြီလား..
【Hostရဲ့အခြေအနေနဲ့ဆို..ခွဲစိတ်တာကျရှုံးဖို့က ၈၀ရာခိုင်နှုန်းပါ..ဒါပေမဲ့ဒီကမ္ဘာရဲ့အဓိကဇာတ်လိုက်က Hostအတွက် ကမ္ဘာ့နံပါတ်၁ ဦးနှောက်အထူးကုကို ငှါးပေးတယ်..ဒါကြောင့် ခွဲစိတ်မှုအောင်မြင်နှုန်းက၆၅ရာခိုင်နှုန်းထိတက်သွားခဲ့တယ် ဒါ့အပြင် ကျန့်ချန်ဖုန်း ရဲ့ အဓိက ဇာတ်လိုက် အရှိန်အဝါ(ဇာတ်လမ်းအကာအကွယ်)ကြောင့် Hostရဲ့ သေခြင်းတရားကိုသေချာပေါက်ရင်ဆိုင်ရမဲ့ကံကြမ္မာက
ကံကောင်းစွာပြောင်းလဲသွားခဲ့ပါတယ်】
ရှန့်ခယ် : "......" ဒါဆိုရင် အဓိကဇာတ်လိုက်အရှိန်အဝါနဲ့ကံကြမ္မာကိုပြောင်းလဲပစ်တယ်ဆိုတာ တကယ်ရှိတာပေါ့
【Hostကထူးခြားပြောင်မြောက်စွာ အဓိကmissionကိုအသက်ရှင်ခဲ့တဲ့အတွက် Systemက ၂နှစ်စောင့်ဆိုင်းချိန်ပေးပါ့မယ်
တကယ်လို့Hostကသေလုနီးပါးmissions နှစ်ခုကြုံခဲ့ပြီးမသေသေးရင် ဒီကမ္ဘာမှာလွတ်လွတ်လပ်လပ် နေထိုင်နိုင်ပါတယ်】
စောင့်ဆိုင်းချိန် ၂နှစ်တောင်လား...
အရမ်းကြီးမကြာလွန်းဘူးလား
【ဒီကမ္ဘာကငြိမ်းချမ်းတဲ့နေရာဖြစ်လို့
သူရဲကောင်းဆန်ဆန်သေဆုံးဖို့ခက်ခဲမှုကလည်း မြင့်တက်လာပါတယ် ဒါကြောင့်Systemက အထူးအနေနဲ့ Hostကိုအချိန်ပိုပေးတာပါ】
ရှန့်ခယ်: ....သူကျေးဇူးပါလို့ပြောသင့်လား
【You're welcome.】
သေစမ်း English လိုတောင်ပြန်ပြီးပြောတယ်ပေါ့!
ရှန့်ခယ်: f*ck off! (#‵′)凸 (English)
နောက်တစ်နေ့မှာတော့ ရှန့်ခယ်က ကုတင်ပေါ်ထိုင်ကာ မှန်ကိုကိုင်ထားရင်း ငေးကြည့်နေတယ်
မှန်ထဲမှာတော့ ပတ်တီးတွေနဲ့ခေါင်းပြောင်ပြောင်လူတစ်ယောက်...ခေါင်းကဆံပင်တစ်မျှင်တောင်မရှိတော့ပဲလုံးဝကို သူ့ရဲ့ချောမောတဲ့ရုပ်ရည်ကို
ပြောင်းလဲပစ်တယ် ရုပ်ရည်တိုးမြှင့်နိုင်စွမ်း packageဘယ်ရောက်သွားပြီလဲ..
ဘာလို့အစွမ်းမပြရတာလဲ..အနည်းဆုံးတော့ သူ့ကတုံးကိုလူတွေမမြင်အောင် မျက်လုံးကျိန်းသွားစေလောက်တဲ့အလင်းပေးဖို့စဉ်းစားသင့်တယ်မလား
ဒီအချိန်မှာပဲ ကျန့်ချန်ဖုန်း က တံခါးဖွင့်ဝင်လာတယ်
ရှန့်ခယ်ဝမ်းနည်းနေတဲ့ဟန်နဲ့ မှန်ကိုစိုက်ကြည့်နေတာမြင်တော့ သူ အလိုလိုပြုံးလိုက်မိတယ်
"မှန်ကိုကြည့်နေဖို့မလိုပါဘူး...
မင်းကချောနေတုန်းပဲ"
ရှန့်ခယ်က သူ့ကို သဘောမတူတဲ့ဟန်နဲ့ကြည့်လိုက်တယ် : ခင်ဗျားပြောတာကပြောတာပဲ..ဒါပေမဲ့ ဒီလိုကတုံးဖြစ်နေတာကတစ်ခြားကိစ္စရပ်လေ..
အစွမ်းရှိရင် ခင်ဗျားကိုယ့်ဟာကိုယ်ခေါင်းသွားရိပ်ပြီး
ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲနေတဲ့ ဒါရိုက်တာချုပ် အငွေ့အသက်ကနေ အကျဉ်းသားတွေပုံစံ ဖြစ်သွားမဖြစ်သွားစမ်းကြည့်ပါလား
"မင်းက ကိုယ့်ကိုခေါင်းတုံးစေချင်တာလား.."
ကျန့်ချန်ဖုန်း နှုတ်ခမ်း ကကော့တက်သွားတယ်
"မင်းသာပြောရင်..
ကိုယ်ခုချက်ချင်းသွားတုံးလိုက်မယ်"
(Jas-🐸အဲလောက်မရိုကြပါနဲ့ faကိုသနားပါ)
ရှန့်ခယ်က မှန်ကိုပြန်ချလိုက်ပြီး ရီမောရင်းနှုတ်ခမ်းဖျားလေးတွေကမြင့်တက်သွားတယ်
"ထားလိုက်ပါတော့..ကတုံးတစ်ခုနဲ့တင်တောက်ပနေတာ..နောက်တစ်ခုဆိုကန်းပါကန်းသွားလိမ့်မယ်"
"ကိုယ်မင်းအတွက်ဆန်ပြုတ်ယူလာတယ်..သောက်လိုက်ဦး" ကျန့်ချန်ဖုန်းအမူအရာက
အရမ်းပျော့ပျောင်းနေပြီးတော့ သူ့စိတ်အခြေအနေကလည်း အတော်လေးတက်ကြွနေပုံပဲ
ရှန့်ခယ်ကခွက်ကိုယူပြီးကျန့်ချန်ဖုန်းအကြည့်တွေကိုလွှဲလိုက်တယ်..
သူ့ရင်ထဲမှာတဒိန်းဒိန်းနဲ့...။
ကျန့်ချန်ဖုန်း က သူ့ကိုရှင်းရှင်းလင်းလင်းပြောပြီးပြီ
ခွဲစိတ်မှုပြီးသွားတဲ့အခါ ကြိုးစားပြီးအတူတူရှိနေကြမယ်တဲ့...သူတိုက်ရိုက်အဖြေပြန်မပေးခဲ့ပေမဲ့
ငြင်းလည်းမငြင်းခဲ့မိဘူး...အခုတော့ဘာလုပ်ရတော့မလဲ
သူငြင်းမိလိုက်ရင် နောက်၂နှစ်လုံး ရှုပ်ထွေးတဲ့ ခံစားချက်တွေထဲနစ်မြုပ်သွားပြီး "မင်းကငါ့ကိုချစ်တယ် ငါကသူမကိုချစ်တယ်" ဆိုတဲ့ အပျက်ပျက်နဲ့သွေးထွက်ရမဲ့ ဒရမ်မာဇာတ်လမ်းကြီးထဲ ဝင်ရောက်ကပြရတော့မယ် ကိုယ့်ကိုကိုယ်လိမ်ရုံတင်မဟုတ်...တခြားသူတွေကိုပါလှည့်ဖျားရာကျတော့မယ်
သဘောတူလိုက်ပြန်ရင်လည်း ရှန့်ခယ် ခမျာ အပိုဆောင်းmissionနှစ်ခုကိုအောင်မြင်အောင်
အစွမ်းကုန်ကြိုးစားပြီး ဒီကမ္ဘာမှာနေကာ ကျန့်ချန်ဖုန်းနဲ့အတူလွတ်လွတ်လပ်လပ်နေလို့ရမယ်..ဒါပေမဲ့
သူ တခြားmission ၂ခုမှာ အသက်ရှင်ပါ့မလားဆိုတာ ယုံကြည်ချက်မရှိဘူး သူသာသေသွားခဲ့ရင်..ကျန့်ချန်ဖုန်း ကိုပဲပိုပြီးထိခိုက်သွားမှာ...
ဒါတကယ်ကြီးကိုခက်လွန်းတဲ့ရွေးချယ်မှုပဲ! သူ missionကိစ္စတွေမေ့ထားလိုက်ပြီးတစ်ခါတည်းသေဖို့ပဲလုပ်လိုက်ရတော့မလား
ထားလိုက်တော့...မသိချင်ယောင်ဆောင်ပြီး Systemဘယ်အချိန်အပိုဆောင်းmission
ထုတ်မလဲပဲစောင့်ကြည့်ရတော့မယ်
ရှန့်ခယ်က ပန်းကန်လုံးကိုင်ပြီး ဆန်ပြုတ်သောက်ဖို့ပဲ အာရုံစိုက်နေလိုက်တော့တယ်
ဒီအချိန်တခြားတစ်ဖက်မှာတော့ ကျန်းတုန်းလင်က ကျန့်ရှင်းနားထိုင်နေပြီး သူမစားသောက်နေတာကို တိတ်တဆိတ်ကြည့်နေတယ်..သူ့မျက်နှာက တွေဝေမှုအပြည့်နဲ့..။
"တုန်းလင်..ဘာဖြစ်လို့လဲ"
ကျန့်ရှင်းမေးလိုက်တယ်
ကျန်းတုန်းလင်က အသိပြန်ဝင်လာပြီးဖြေလိုက်တယ်
"ရှင်းအာ..ကိုယ်အခုတလော အလုပ်အရမ်းရှုပ်နေတာ..အရင်ကလောက်မင်းကိုအဖော်ပြုပေးဖို့ အချိန်မရှိလောက်တော့ဘူး"
"အာ.. ရှင်ကျွန်မဆီအဖော်လုပ်ပေးဖို့နေ့တိုင်း
မလာနိုင်တော့ဘူးပေါ့"
ကျန်းတုန်းလင်ကတိတ်ဆိတ်စွာခေါင်းညိတ်ပြလိုက်တယ်
ကျန့်ရှင်းမျက်နှာကဝမ်းနည်းသွားဟန်နဲ့ ခပ်တွေတွေပြောလိုက်တယ်
"ဒါဆိုလည်းရှင်မြန်မြန်အလုပ်ပြီးအောင်လုပ်နော်..ကျွန်မရှင့်ကိုနေ့တိုင်းစောင့်နေမယ်"
"အင်း..." ကျန်းတုန်းလင် ပြုံးပြလိုက်ပေမဲ့ သူ့နှလုံးသားကတော့လေးလံနေတယ်..ယွီမော့ရဲ့
ကျန့်ရှင်းအပေါ်ခံစားချက်တွေဘယ်လောက်နက်ရှိုင်း
လဲသိသွားတဲ့အချိန်မှာ သူနောက်ဆုတ်ဖို့ဆုံးဖြတ်ခဲ့တယ်..ယွီမော့သူ့အသက်ကို ကျန့်ရှင်းအတွက်.ပေးအပ်ဖို့လုပ်ခဲ့တာကိုစဉ်းစားမိတိုင်း သူ ကျန့်ရှင်းနဲ့
ထပ်ပြီးမဆက်သွယ်နိုင်တော့သလိုပဲ
ကျန့်ရှင်းက ယွီမော့ကိုအမြဲကြည့်မရဖြစ်နေပေမဲ့ ယွီမော့သူ့အတွက်ဘာတွေလုပ်ပေးထားလဲ သိရတာနဲ့
အမြင်တွေချက်ချင်းပြောင်းလဲသွားမှာပဲ
ဒါကသူနဲ့လမ်းခွဲဖို့အချိန်မဟုတ်သေးတာပဲရှိတာ..ကျန့်ရှင်းရဲ့နှလုံးကအခြေအနေမကောင်းတဲ့အတွက် သူ သူမကို စိတ်ဓာတ်မကျစေချင်ဘူး..ဒါကြောင့် သူမဆီကနေဖြည်းဖြည်းချင်း
ခွဲခွာသွားမယ်လို့ ကျန်းတုန်းလင်ဆုံးဖြတ်လိုက်တယ်
[WORDS - 5471 WORDS]