[Zawgyi]
႐ွန္႔ခယ္ မွန္ေ႐ွ႕တြင္ရပ္ေနၿပီး တက္ႂကြမႈအျပည့္။
သူက အေရာင္ေဖ်ာ့ေဖ်ာ့ တီ႐ွပ္၀တ္ထားၿပီး နက္တိုင္မခ်ည္ထားပဲအေပၚက အနက္ေရာင္ ကုတ္အက်ႌထပ္၀တ္လိုက္တယ္..ေျပာရရင္ဘ၀ကိုေပါ့ေပါ့ပါးပါးေနတတ္ေပမဲ့ တည္ၿငိမ္တဲ့အသြင္လည္း ေဆာင္ေနတယ္..က်န္းယြီေမာ့နဲ႔သူနဲ႔က ၈၀ကေန၉၀ရာခိုင္ႏႈန္းနီးပါးဆင္တူတယ္..သူတို္ရဲ႕အသြင္ကနည္းနည္းေလးပဲကြာသြားတာ..က်န္းယြီေမာ့မ်က္နွာက ပိုၿပီး ႏူးည့ံၿပီး ႐ွန္႔ခယ္ကေတာ့ ပိုျပီးတည္ၿငိမ္ရင့္က်က္တဲ့ပံုပဲ
ဒီေန႔က သူ က်န္႔ခ်န္ဖုန္းရဲ႕ကုမၸဏီဆီပထမဆံုးသြားမဲ့ေနပင္..။ဒါေၾကာင့္ ႐ွန္႔ခယ္ စိတ္ဓာတ္ေတြ
တစ္ရာ့ႏွစ္ဆယ္ရာခိုင္းႏႈန္းေတာင္ တက္ႂကြေနတယ္
ဒီေန႔မတိုင္ခင္ထိ သူ က်န္႔ခ်န္ဖုန္းရဲ႕ အခ်က္အလက္ေတြကို ေသခ်ာေလ့လာထားတယ္ အသက္၁၈ႏွစ္မွာ
ကုမၸဏီမွာစအလုပ္လုပ္ခဲ့တယ္ ၂၃ႏွစ္မွာ တစ္ခ်ိဳ႕႐ိုး႐ွင္းတဲ့အရာေတြကို သိမ္းပိုက္ႏိုင္လာၿပီး ၅ႏွစ္အတြင္းမွာပဲ
ကုမၸဏီရဲ႕အျမတ္ကို ရာခိုင္ႏႈန္း၇၀ထိတိုးသြားေစၿပီး ေျပာင္ေျမာက္လွတဲ့ စီးပြားေရးအရည္အခ်ည္းကုိ ခ်ျပခဲ့တယ္
သူက ရင့္က်က္တယ္..တည္ၿငိမ္တယ္..စည္းကမ္း႐ွိ္တယ္ရည္ရြယ္ခ်က္ခိုင္မာတယ္..ကြၽမ္းက်င္လိမၼာတယ္..အတိုခ်ဳပ္ေျပာရရင္ေတာ့ သူက နယ္ပယ္စံုမွာ ေတာ္ၿပီး အသိုင္းအ၀ိိုင္းထဲမွာ ေ႐ႊဂုဏ္ထူးအဆင့္ရထားတဲ့သူပဲ
ပြဲေတြအတြင္းမွာ သူ႕လိုလူမ်ိဳးကိုေစာင့္ေနတဲ့ မိန္းမေခ်ာေလးေတြအမ်ားႀကီး႐ွိေပမဲ့ တစ္ခါမွ ေပြတယ္ဆိုၿပီး သတင္းမထြက္ဖူးဘူး သူ႔ရဲ႕ဘ၀က ထြက္ေပါက္ရၿပီး စိတ္ဆႏၵ႐ွိတာမ႐ွိေတာ့တဲ့ ဘုန္းႀကီးတစ္ပါးလိုပဲ ဟုတ္တာေပါ့ ဒါကိုတမင္သက္သက္ လူအသိမေပးခံတာလည္းျဖစ္ႏိုင္တာပဲ
ဒါေပမဲ့ ဒီ အရာရာျပၫ့္စံုတယ္လို႔လူသိမ်ားတဲ့ဒီလူနဲ႔ ႐ွန္႔ခယ္ ရဲ႕ ပထမဆံုးအလုပ္သေဘာအရေတြ႕ဆံုမႈမွာ စိတ္ခ်မ္းသာစရာေကာင္းလွသည္မဟုတ္ေပ။
"က်န္းယြီေမာ့ မင္း ငါ့ကုမၸဏီမွာ အလုပ္သင္လုပ္တာျဖစ္တဲ့အတြက္ မင္းရဲ႕သခင္ေလးပံုစံကိုဖယ္ထားၿပီး အလာပ္ေကာင္းေကာင္းလုပ္..ငါမင္းကို မ်က္ႏွာသာေပးမွာ မဟုတ္ဘူး တကယ္လို႔ မင္း အလုပ္ေသခ်ာမလုပ္တာပဲျဖစ္ျဖစ္ ေရသာခိုေနတာပဲျဖစ္ျဖစ္ ငါသိသြားရင္ မင္း ဒီေနရာကခ်က္ခ်င္းထြက္သြားရလိမ့္မယ္"
က်န္းခ်န္ဖုန္႔က သူ႕ကို ေခါင္းမွေျခဖ်ားစဆံုးထိ စူး႐ွသည့္အၾကည့္ျဖင့္ တစ္ခ်က္မ်ွခ်ံဳၾကည့္သည္။
"မင္း ငါ့ လက္ေထာက္အျဖစ္ အရင္ လုပ္ရမယ္ အတြင္းေရးမွဴးေကြ႕က မင္းဘာလုပ္သင့္လဲ ေျပာျပလိမ့္မာ္ အလြယ္ဆံုးကေနစသင္ တစ္ခုခုေမးစရာ႐ွိရင္ သူ႕ကိုေမး ေကာင္းၿပီ ခုသြားလို႔ရၿပီ"
႐ွန္႔ခယ္ မွာ ရံုးခန္းထဲကေနမထြက္ခင္ထိ စကားတစ္လံုးမွ ေျပာဖို႔အခြင့္အေရးမရခဲ့..။ က်န္႔ခ်န္ဖုန္းထံမွ ယဥ္ေက်းမႈကို အစ႐ွာမရ။ က်န္႔ခ်န္ဖုန္း၏ မ်က္၀န္းႏွင့္ အသံက အလိုမက်မႈအျပည့္ႏွင့္..။ မသိလ်ွင္ပင္ သူကုမၸဏီမွာလာလုပ္သည့္အခ်က္က ကုမၸဏီအား
အစြန္းအထင္းျဖစ္ေစသလိုမ်ိဳး..။
႐ွန္႔ခယ္ အသက္၀၀႐ႈကာ စိတ္ထိန္းႏိုင္သမ်ွထိန္းလိုက္တယ္ က်န္႔ခ်န္ဖုန္းက ဒီလိုသူ႕ကိုဆက္ဆံတာက သူ သူ႔ညီမကို ပိုးပန္းခဲ့မိလို႔..ဒါေၾကာင့္ က်န္႔ခ်န္ဖုန္း စိတ္႐ႈပ္တာက ပံုမွန္ပါပဲေလ..သူ႕ဘက္ကို နားလည္ေပးသင့္ပါတယ္ေလ
အတြင္းေရးမွဴးေကြ႕မွာ ႐ွန္႔ခယ္ ေဒါသမထြက္တာကိုျမင္ေတာ့ အေတာ္ေလးအ့ံျသသြားတယ္ ေကာလာဟာလေတြအရေတာ့ ဒီသခင္ေလးက ေဒါသသိပ္မထိန္းႏိုင္ဘူးေျပာၾကတယ္..ၿပီးေတာ့ ဒီလို ဆူပူခံလိုက္ရတာေတာင္မွ သူ ေဒါသကိုထိန္းႏိုင္ေသးတယ္ ဒါ တကယ္ လူေတြကို သူကို႔ လံုး၀ ေလးစားသြားတယ္ အတြင္းေရးမွဴးေကြ႕ အစကထင္ခဲ့တာက အရင္ မ်က္ႏွာထားနဲ႔ ထြက္သြားမယ္ထင္ခဲ့တာ..ဒါ႐ိုက္တာက်န္႔ကလည္း ဒီလိုမ်ိဳးစီစဥ္ခဲ့တာျဖစ္လိမ့္မည္...။
အတြင္းေရးမွဴးေကြ႕က ႐ွန္႔ခယ္အတြက္ အလုပ္စားပြဲစီစဥ္ေပးၿပီး ဖိုင္စာရြက္ေတြတစ္ပုံႀကီးေပးလိုက္တယ္
"ဒီေန႔ေတာ့ မင္းဒီကအေျခအေနေတြကို ပိုၿပီးေကာင္းေကာင္းနားလည္ေအာင္ ဒီဟာေတြကို အရင္စီစဥ္ႏိုင္တယ္"
"ေကာင္းပါၿပီ ေက်းဇူးတင္ပါတယ္ ေကြ႕အတြင္းေရးမွဴး"
႐ွန္႔ခယ္ ေဒါသေတြထြက္လာၿပီး လ်င္လ်င္ျမန္ျမန္ပဲ စိတ္ေျပသြားတယ္ သူ႕ဘ၀ႀကီးျပန္သာယာသြားဖို႔ စကၠန္႔အနည္းငယ္ပဲၾကာလိုက္တယ္
ေကြ႕အတြင္းေရးမွဴးကေတာ့ ႐ွန္႔ခယ္အေပၚ အေကာင္းျမင္သြားတယ္ ဒါေၾကာင့္ ကိုယ့္အလုပ္ကိုယ္ျပန္မလုပ္ခင္
နည္းနည္းပဲ သတိေပးသြားတယ္..
႐ွန္႔ခယ္ ထိုင္ခ်ကာ စတင္ဖတ္႐ွဴဖို႔ file ေတြေကာက္ကိုင္လိုက္တယ္
"ဟမ္..." အ့ံၾသမႈေတြက သူ႔မ်က္၀န္းထဲ ျဖတ္ေျပးသြားတယ္ ဒါက အခ်က္အလက္ေတြက ျပႆနာ႐ွိလို႔မဟုတ္ဘူး သူ႕မွတ္ဥာဏ္ေတြ ပိုၿပီး ေကာင္းလာတာကိုသတိထားလိုက္မိလို႔ပဲ..သူ ဒီ အခ်က္အလက္ file အထူႀကီးကို တစ္ခါပဲၾကည့္ရေသးတာေတာင္
အကုန္မွတ္မိေနတယ္ သူမ်က္လံုးေတြမွိတ္ထားလိုက္ရင္
အေၾကာင္းအရာအားလံုးရဲ႕ ၉၅ရာခိုင္ႏႈန္းကို အတိအက်ျပန္ရြတ္ျပႏိုင္တယ္ က်န္တဲ့ငါးရာခိုင္ႏႈန္းကလည္း အတိအက်ဖတ္ဖို႔မလိုအပ္လို႔ ခ်န္ထားခဲ့တာေတြပဲ
သူ႕ရဲ႕ မွတ္ဥာဏ္ကပံုမွန္ဆိုရင္ေတာင္ ေကာင္းတဲ့ထဲပါတယ္ System ရဲ႕ ဆုရၿပီးေနာက္မွာေတာ့ ပိုၿပီးေတာင္စြဲစြဲျမဲျမဲမွတ္မိသြားတယ္
သူ႔ႏႈတ္ခမ္းဖ်ားမွာ အျပံဳးတစ္ခုခ်ိတ္ဆြဲသြားၿပီးေတာ့ သူ႕ စိတ္အေျခအေနကလည္း အရမ္းေတာက္ပေနေတာ့တယ္
ဒီအခ်ိန္မွာပဲ စားပြဲေပၚက တယ္လီဖုနး္က ျမည္လာတယ္ ႐ွန္႔ခယ္ လွမ္းၾကည့္လိုက္ေတာ့ ေကြ႔အတြင္းေရးမွဴးက ရံုးခန္းထဲ႐ွိမေနဘူး ဒါနဲ႔ပဲ သူပဲဖုန္းကိုင္လိုက္တယ္
သူ ခ်က္ခ်င္းဆိုသလို က်န္႔ခ်န္ဖုန္း ရဲ႕ မေကာင္းဆိုး၀ါးဆန္တဲ့အသံနဲ႔မွာေနတာကိုၾကားလိုက္ရတယ္
"ေကြ႕အတြင္းေရးမွဴး ေကာ္ဖီတစ္ခြက္"
အဲတစ္ေၾကာင္းေျပာၿပီးတာနဲ႔ ခ်က္ခ်င္းပဲ ဖုန္းခ်သြားတယ္
႐ွန္႔ခယ္ အၾကည့္ေတြပင့္တင္လိုက္ၿပီး လက္ဖက္ရည္ခန္းထဲ ထသြားကာ ေကာ္ဖီစတင္ေဖ်ာ္ေတာ့တယ္
႐ွန္႔ခယ္ ေကာ္ဖီျပင္ၿပီးတဲ့အခ်ိန္မွာပဲ ကေန ထြက္လာတဲ့ အိမ္သာကေနထြက္လာတဲ့ ေကြ႕အတြင္းေရးမွဴး နဲ႔သြားေတြ႔တယ္ ဒါနဲ႔ပဲ ႐ွန္႔ခယ္လည္း သူ႕ဆီေကာ္ဖီခြက္လွမ္းေပးၿပီး ေျပာလိုက္တယ္
"ေကြ႕အတြင္းေရးမွဴး ဒါ႐ိုက္တာကခုေလးတင္ ေကာ္ဖီယူလာခိုင္းတယ္"
ေကာ္ဖီခြက္လွမး္ယူၿပီး ေကြ႕အတြင္းေရးမွဴးက ခဏ တု႔ံဆိုင္းေနေပမဲ့ အဆံုးမွာေတာ့ ေက်းဇူးတင္ၿပီး ေကာ္ဖီကိုသြားပို႔ေတာ့တယ္
႐ွန္႔ခယ္ သူဘာလို႔တြန္႔ဆုတ္ေနမွန္းသိမွန္းသိတာေပါ့..သူေကာ္ဖီကိုမေကာင္းမကန္းေဖ်ာ္ၿပီး
က်န္႔ခ်န္ဖုန္းကုိေဒါသထြက္ေစမွာကိုေၾကာက္ေနတာပဲေလ..
႐ွန္႔ခယ္ က ဒီလို အေပၚယံပဲပတ္သတ္မႈ႐ွိတဲ့ လူေတြအေပၚ ကိုယ့္ကိုကို္ယ္ႏွိမ့္ခ်ဖို႔ ပ်င္းလြန္းတယ္
ေသျခင္းကိုရင္ဆိုင္တဲ့ေနရာမွာ ထူးခြၽန္တဲ့လူတစ္ေယာက္အေနနဲ႔ ေလာကႀကီးထဲက ဘယ္အရာကမ်ား ေၾကာက္လန္႔ေစမွာလဲ...
ေန႔လည္မွာေတာ့ ေကြ႕အတြင္းေရးမွဴးက စားေသာက္ခန္းမဆီမွာ ထမင္းသြားစားဖို႔ လာေခၚတယ္
"ဒါနဲ႔ ဒါ႐ိုက္တာက်န္႔က်ေတာ့ေရာ"
"တကယ္လို႔ ဒါ႐ိုု္က္တာက်န္႔က အမိန္႔မေပးရင္ ငါ ေန႔လည္စာဘူးပဲယူသြားလိုက္တယ္.."
ေကြ႕အတြင္းေရးမွဴး က ျပန္ေျဖတယ္
"လတိုင္း အခ်ိန္တစ္၀က္ေလာက္ပဲ ကုမၸဏီမွာစားတာကြ.."
ႏွစ္ေယာက္သား ဗန္းေတြကို သယ္သြားၾကၿပီး ထိုင္ဖို႔ ခြံအလြတ္႐ွာေတြ႕တယ္..ေကြ႔အတြင္းေရးမွဴးက စားေသာက္ရင္း စားေသာက္ခန္းမအေၾကာင္းနဲ႔လုပ္ေဖာ္ကိုင္ဖက္ေတြကို မိတ္ဆက္ေပးတယ္
"Hey! ေကြ႔အတြင္းေရးမွဴး ဒီ လူေခ်ာေလးက ဘယ္သူလဲ"
ဖက္႐ွင္က်က်၀တ္ဆင္ထားတဲ့အမ်ိဳးသမီးက သူတုိ႔ဆီေလ်ွာက္လာၿပီး ရင္းရင္းႏွီးႏွီးႏႈတ္ဆက္တယ္
"ဟယ္လို ေလာ္ရာ ငါ့နာမည္က က်န္းယြီေမာ့ပါ "
႐ွန္႔ခယ္က ထရပ္ၿပီး ယဥ္ယဥ္ေက်းေက်း လက္ဆန္႔
လိုက္ၿပီး ျပံဳးျပလိုက္တယ္
"ေတြ႔ရတာ၀မ္းသာပါတယ္"
"ဟယ္လို ကြ်န္မလည္းေတြ႔ရတာ၀မ္းသာပါတယ္..
တစ္ရက္ေလာက္အခ်ိန္႐ွိရင္ အျပင္သြားစားခ်င္လား"
ေလာ္ရာရဲ႕ အမူအက်င့္က ပြင့္ပြင့္လင္းလင္း႐ွိ
လြန္းတယ္ ဒါေပမဲ့ တစ္ေယာက္ကမွ သူမကို သေဘာမက်တာမ႐ွိဘူး"
"ေသခ်ာတာေပါ့ဗ်ာ..."
ေလာ္ရာျပန္ထြက္သြားၿပီးေနာက္မွာေတာ့ အတြင္းေရးမွဴးေကြ႔ကျပံဳးရင္းေျပာလိုက္တယ္
"မင္းေနသားမက်မွာငါစိုးရိမ္ေနခဲ့တာ..ဒါေပမဲ့ ငါစိုးရိမ္ေနတာေတြအားလံုးကမလိုအပ္တဲ့ပံုပဲ.."
"ဘယ္လိုလုပ္ျဖစ္ႏိုင္ပါ့မလဲ" ႐ွန္႔ခယ္က
စကားဆက္ေျပာတယ္
"တကယ္ေတာ့ကြၽန္ေတာ္ကအျပင္ပိုင္းကအထင္ႀကီးဖို႔ေကာင္းေပမဲ့ တကယ္တမ္းေတာ့ တန္ဖိုးမ႐ွိတဲ့လူတစ္ေယာက္ဆိုတာ မသိဘူးလား"
ဒါက ပထမဆံုးအေနနဲ႔ သူ႕ကိုယ္သူ ႐ုပ္ရည္ပိုင္းအရ အထင္ႀကီးစရာေကာင္းေပမဲ့ တန္ဖိုးမ႐ွိဘူးလို႔ ယံုၾကည္မႈ႐ွိ႐ွိေျပာႏိုင္တဲ့သူကို ပထမဆံုးေတြ႕ဖူးတာပဲ ဒီက်န္းသခင္ေလးက ထင္ထားတာထက္ ပိုၿပီးခ်စ္စရာေကာင္းတာပဲ
ဒါေပမဲ့ ေလာ္ရာနဲ႔သူနဲ႔ကို မိတ္မဆက္ေပးဖူးတာကို မွတ္မိသြားေတာ့ ေၾကာင္သြားတယ္...သူဘယ္လိုလုပ္သိေနတာလဲ
ဒါေၾကာင့္သူေမးၾကည့္လိုက္တယ္
႐ွန္႔ခယ္ က ျပန္႐ွင္းျပတယ္
"ေလာ္ရာက ဒီကုမၸဏီမွာဆယ္ႏွစ္ေတာင္အလုပ္လုပ္လာခဲ့တဲ့ စီးပြားေရးမန္ေနဂ်ာပဲကို..သူ႔အခ်က္အလက္ေတြအကုန္လံုး ကြန္ပ်ဴတာထဲမွာ
မွတ္တမ္းတင္ထားၾကတယ္ေလ"
"ဒါေပမဲ့ ကြန္ပ်ဴတာထဲမွာ မွတ္တမ္းတင္ထားတဲ့ ဌာနမွဴးေတြကတင္လူ၅ရာေက်ာ္တယ္ေလ"
"ေလာ္ရာကေခ်ာတာကိုး..ဒါေၾကာင့္ သူ႕ကို ပိုၿပီးမွတ္မိေနတာ"
ေကြ႕အတြင္းေရးမွဴး သံသယ၀င္စြာၾကည့္လိုက္တယ္
ေလာ္ရာကေခ်ာတယ္ဆိုတာမွန္ေပမဲ့ အသက္၄၀ေက်ာ္ေနၿပီ ႐ုပ္ရည္ကိုေကာင္းေကာင္း
ဂ႐ုစိုက္ထိန္းသိမ္းေပမဲ့ စြဲျမဲမွတ္ထားမိေလာက္တဲ့အထိေတာ့ မေခ်ာေတာ့ပါဘူး..ဒါမွမဟုတ္ က်န္းဒုတိယသခင္ေလးက သူ႔ထက္အသက္ႏွစ္ဆေလာက္ႀကီးတဲ့အမ်ိဳးသမီးေတြပဲစိတ္၀င္စားေတာ့တာလား...
"မင္းထပ္မစားေတာ့ဘူးလား"
႐ွန္႔ခယ္ပန္းကန္ထဲမွာတစ္၀က္နီးပါးက်န္ေနေသးတာေတြ႔ေတာ့ သူမေမးပဲမေနႏိုင္ေတာ့..။
"ကြၽန္ေတာ္ ဒီေန႔ဗိုက္မဆာလို႔ပါ"
Hundred Training Space ထဲမွာ
ဟင္းခ်က္သင္ခဲ့ရတဲ့အခ်ိန္ကစၿပီး သူ ဂ်ီးမ်ားလာမိတယ္ သူလံုး၀မဆာေနရင္ သူ႔အႀကိဳက္မဟုတ္တဲ့ အစားအေသာက္ေတြကို တကူးတက စားေနမွာမဟုတ္ဘူး
တကယ္ေတာ့ ကုမၸဏီရဲ႕ အစားအေသာက္က ေကာင္းတဲ့ထဲပါပါတယ္ ဒါေပမဲ့ လူအမ်ားႀကီးအတြက္ ခ်က္ေပးရတာျဖစ္တယ္ ဆီအမ်ားႀကီးသံုးတာနဲ႔ ေပါ့ရႊတ္ေနလြန္းတာကို ေ႐ွာင္ဖို႔ကခဲယဥ္းယ္ အစားအသာက္က အရသာမ႐ွိတဲ့ပံုေပၚၿပီး ဂ႐ုတစိုက္ခ်က္ျပဳတ္မႈလည္းလိုအပ္ေနတယ္
တစ္ေခါက္စားမိၿပီးတာနဲ႔ မနက္ျဖန္ကစျပီး သူ႕ေန႔လည္စာဘူးကို သူ႔ဟာသူလုပ္ဖို႔ဆံုးျဖတ္လိုက္တယ္
အဲေန႔လည္မွာ ေကြ႕အတြင္းေရးမွဴး က်န္႔ခ်န္ဖုန္း ဆီ ေကာ္ဖီသြားပို႔ေတာ့ သတင္းေမးခံရတယ္
"သူဘယ္လိုေနလဲ"
"စိတ္လည္း႐ွည္တယ္..ၿပီးေတာ့
ေနသားက်တာလည္းျမန္တာပဲ ေပါင္းသင္းဆက္ဆံေရးလည္းမဆိုးဘူး"
ေကြ႕အတြင္းေရးမွဴးက လက္ေတြ႔က်က်နဲ႔အမွန္တိုင္းေျဖလိုက္တယ္
"ဟုတ္လား" က်န္႔ခ်န္ဖုန္းက မ်က္ခံုးတစ္ဖက္ပင့္တင္လိုက္တယ္ မယံုၾကည္ဘူးဆိုတာ သိသာတယ္
အတြင္းေရးမွဴးေကြ႔ ဆက္ေျပာလိုက္တယ္
"အၾကာႀကီးသူနဲ႔မဆက္ဆံရေသးေပမဲ့ သူက ေကာလာဟာလေတြနဲ႔တျခားစီလို႔ ကြၽန္ေတာ္ထင္ပါတယ္ ဒါ႐ိုက္တာက်န္း ကြၽန္ေတာ္တို႔ သူနဲ႔
က်န္႔မိန္းကေလးေတြ႕တာ ခြင့္ျပဳဖို႔ စဥ္းစားၾကည့့္လို႔ရပါတယ္"
"အဲလိုေတြေတြးစရာမလိုဘူး"
က်န္႔ခ်န္ဖုန္း ေကာ္ဖီခြက္ကိုေမာ့ေသာက္လိုက္တယ္ ဒါေပမဲ့ သူ႔မ်က္ခံုးေတြ ခ်က္ခ်င္းဆိုသလို တြန္႔ခ်ိဳးသြားတယ္
"မနက္တုန္းကေတာ့ မင္းေကာ္ဖီေဖ်ာ္တာလက္ရာေကာင္းလာၿပီလို႔ခ်ီးက်ဴးမလို႔ပဲ႐ွိေသး..ညေနက်ေတာ့ ဘာလို႔ပံုမွန္လက္ရာျပန္ျဖစ္သြားတာလဲ"
ေကြ႕အတြင္းေရးမွဴး ခဏေၾကာင္သြားၿပီး ခ်က္ခ်င္း
ျငင္းလိုက္တယ္
"ေတာင္းပန္ပါတယ္ ဒါ႐ိုက္တာက်န္႔ မနက္က
ေကာ္ဖီက က်န္းသခင္ေလးေဖ်ာ္ေပးတာပါ"
"သူလား.." က်န္႔ခ်န္ဖုန္း တိတ္ဆိတ္သြားၿပီး ဆံုးျဖတ္ခ်က္ခ်လိုက္တယ္
"ဒါသူလုပ္ႏိုင္တာတစ္ခုပဲျဖစ္လိမ့္မယ္
ေနာက္ပိုင္းက်ရင္ငါ့အတြက္ ေကာ္ဖီျပင္ေပးရမယ္"
ဒါ႐ိုက္တာက်န္႔...ခင္ဗ်ားမ်က္လံုးထဲ..သခင္ေလးက်န္းရဲ႕တန္ဖိုးက ေကာ္ဖီျပင္ေပးဖို႔ပဲတဲ့လား...
အတြင္းေရးမွဴးေကြ႔ ႐ုတ္တရက္ က်န္းယြီေမာ့ကို သနားသြားတယ္...
___________
ေနာက္တစ္ေန႔မွာေတာ့႐ွန္႔ခယ္ ကုမၸဏီကိုေရာက္တဲ့အခ်ိန္ ေကြ႕အတြင္းေရးမွဴးကလည္း ေ႐ွ႕ဆင့္ေနာက္ဆင့္ေရာက္လာတယ္..တျခားသူေတြအားလံုးကို ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ေနတာေတြ႔ေတာ့ သူေၾကာင္သြားတယ္...ဒီေကာင္ေလးက
၀န္ထမ္းအားလံုးရဲ႕ အခ်က္အလက္ေတြအားလံုးကို
တကယ္မွတ္မိေနတာလား!
ဒီမွာဆယ္ရက္ကေနတစ္လအတြင္း အလုပ္လုပ္ေနတာၾကာၿပီျဖစ္တဲ့သူေတာင္ လုပ္ေဖာ္ကိုင္ဖက္ေတြနာမည္ကို အရမ္းႀကီးတိတိက်က်မေျပာႏိုင္ၾကဘူး ဒါေပမဲ့ ဒီေကာင္ေလးကေတာ့
တစ္ရက္တည္းနဲ႔...ျဖစ္ႏိုင္တာကေတာ့ ေန႔တစ္၀က္တည္းနဲ႔ ပတ္၀န္းက်င္နဲ႔ႏွံ႔ႏွ႔ံစပ္စပ္ရင္းႏွီးသြားတယ္
ဒီလိုမွတ္ဥာဏ္မ်ိဳးနဲ႔ အလိုက္သင့္ေနႏိုင္စြမ္းက တကယ္ကိုစြ႔ံအသြားေစတယ္
အျပင္ေလာက ရဲ႕ က်န္းတုန္းလင္နဲ႔က်န္းယြီေမာ့ အေပၚ တြက္ခ်က္မႈေတြက ေတာင္နဲ႔ေျမာက္လိုကြာျပားတယ္ တစ္ေယာက္က ကံၾကမၼာက မ်က္ႏွာသာေပးထားတဲ့ ဂုဏ္ယူစရာသားျဖစ္ၿပီး ေနာက္တစ္ေယာက္ကေတာ့ သည္းမခံႏိုင္စရာလူတစ္ေယာက္လို႔ေျပာၾကတယ္..ဒါေပမဲ့အခုေတာ့
က်န္းဒုတိယသခင္ေလးက သူ႕ရဲ႕ဓားသြားကို ၀ွက္ထားတဲ့ပံုပဲ
ရင္ထဲမွာ သိခ်င္စိတ္တို႔ ေမြးဖြားလာၿပီး ေကြ႔အတြင္းေရးမွဴးလည္း က်န္းယြီေမာ့ကိုသတိထားၾကည့္မိလာတယ္ ဒီေနာက္မွာေတာ့ သူ႕ကိုေပးတဲ့ အလုပ္မွန္သမ်ွ ခဏေလးနဲ႔ၿပီးသြားတယ္ သူ မေမးရင္ေတာင္ က်န္းယြီေမာ့က သူ႕ကိုအရင္လာေျပာတယ္
က်န္းယြီေမာ့ရဲ႕အမူအက်င့္က လူ႔အသိုင္းအ၀ိုင္းနဲ႔ ကိုက္ညီတယ္...အရာရာကိုေပါ့ေပါ့ပါးပါးေနတတ္တယ္ အလုပ္မွာမဟုတ္ပဲ အခ်ိန္ေတြကို ေပ်ာ္ေပ်ာ္ႀကီးကုန္ဆံုးေနတဲ့ဟန္ႏွင့္ပင္..။
ေန႔လည္မွာေတာ့ အတြင္းေရးမွဴးေကြ႕က ေန႔လည္စာ သြားစားဖို႔႐ွန္႔ခယ္ကိုလာေခၚတယ္ ဒါေပမဲ့ ႐ွန္႔ခယ္က သူ႕ေန႔လည္စာဘူးကိုထုတ္ယူၿပီးေျပာလိုက္တယ္
"ကြၽန္ေတာ္ ကိုယ့္ဟာကိုယ္ေနလည္စာယူလာတယ္..ဒါေၾကာင့္ အစ္ကိုတစ္ေယာက္တည္းပဲသြားလိုက္ပါေတာ့"
"အိုး! မင္းမိသားစုရဲ႕စားဖိုမွဴးကျပင္ေပးတာလား"
အတြင္းေရးမွဴးေကြ႕က ႐ွန္႔ခယ္စားပြဲေပၚက ေန႔လည္စာဘူးကို လွမ္းၾကည့္လိုက္တယ္ အရသာနဲ႔အန႔ံက လတ္ဆတ္တဲ့ပံုေပၚၿပီး လွလွပပအလွဆင္ထားတယ္ သူ မခ်ီးက်ဴးပဲမေနႏိုင္ေတာ့ဘူး
"တကယ္အရသာ႐ွိမဲ့ပံုပဲ"
႐ွန္႔ခယ္ ျပံဳးလိုက္တယ္
"ကြၽန္ေတာ္အခုလက္႐ွိတစ္ေယာက္တည္းေနတာေလ"
အလုပ္ကိုအဆင္ေျပေျပသြားႏိုင္ဖို႔ သူ ႏွစ္ခန္းတြဲတိုက္ခန္းတစ္ခု ငွါးထားလိုက္တယ္
အတြင္းေရးမွဴးေကြ႔မွာ ခဏတာၾကာၿပီးမွ သတိျပန္၀င္လာၿပီး အ့ံၾသသင့္ကာ ေသခ်ာေအာင္ေမးလိုက္တယ္
"ဒါဆို မင္းဆိုလိုတာက ဒီေန႔လည္စာဘူးက
မင္းဟာမင္းလုပ္တာေပါ့..."
က်န္းဒုတိယသခင္ေလးကဘယ္လိုဟင္းခ်က္ရလဲသိတယ္ေပါ့...
႐ွန္႔ခယ္ ေခါင္းညိတ္လိုက္ၿပီး လက္ဖက္ရည္ခန္းထဲ၀င္သြားတယ္ ၿပီးေတာ့ microwaveေပၚ
ထမင္းဘူးတင္လိုက္ၿပီး ေႏႊးလိုက္တယ္
အတြင္းေရးမွဴးေကြ႕ရဲ႕အျမင္ကို ဒီဒုတိယသခင္ေလးက အျမဲေျပာင္းလဲေနေစတာပဲ
သူ အလုပ္မဆင္းခင္ အတြင္းေရးမွဴးေကြ႕က
က်န္႔ခ်န္ဖုန္းကို ဒီေန႔အလုပ္အေၾကာင္း အက်ဥ္းခ်ဳပ္ျပန္ေျပာျပၿပီး သူ႐ွာေတြ႔တာကိုပါ ထုတ္ေျပာလိုက္မိတယ္
က်န္႔ခ်န္ဖုန္းက သူေျပာေနတာကို နားေထာင္
စဥ္းစားၿပီး ခဏအၾကာမွာ စကားဆိုလိုက္တယ္
"သူ မနက္ျဖန္ကစၿပီး ငါ့ထမင္းဘူးအတြက္ ပါျပင္ရမဲ့ တာ၀န္႐ွိသြားၿပီ"
"ဒါက..မေကာင္းဘူးလား"
က်န္႔ခ်န္ဖုန္းက ေအးစက္စက္ေျပာလိုက္တယ္
"တကယ္လို႔ ငါ့ညီမကို ပိုးပန္းခ်င္ရင္ ငါ့ကို အရင္ ေက်ာ္ျဖတ္ရမယ္"
ဒါ႐ိုက္တာက်န္း ခင္ဗ်ားစိတ္၀င္စားတာအတြက္ လုပ္ပိုင္ခြင့္ကို အသံုးခ်ေနတာေတာ့
မဟုတ္ဘူးမလား...
ေကြ႕အတြင္းေရးမွဴးဆီကေန Boss အ႐ွင္ႀကီးက သူ႕ကို ေကာ္ဖီေဖ်ာ္ေကာင္ေလးဘ၀ကေန စားဖိုမွဴးအျဖစ္ရာထူးတိုးေပးလိုက္တဲ့အေၾကာင္း
ၾကားရေတာ့ ႐ွန္႔ခယ္ စိတ္မပ်က္ေပဘူး...ေျပာရမယ္ဆိုရင္ သူအေတာ္ေလးေပ်ာ္ေနတယ္ ေဆးရံုကေန သူနဲ႔ႏွလံုးကိုက္ညီတယ္ဆိုတဲ့အေျဖထြက္လာခဲ့တယ္
ဆိုလိုတာကေတာ့ သူ႔အစီအစဥ္ေနာက္တစ္ကြက္ကို ေရႊ႕လို႔ရၿပီေပါ့
စိတ္ဓာတ္တက္ႂကြစြာနဲ႔ ႐ွန္႔ခယ္ ေနာက္တစ္ေန႔မွာလည္း က်န္႔ခ်န္ဖုန္းအတြက္ အေတာ္ေလးႀကီးၿပီး ခမ္းနားလွတဲ့ ေန႔လည္စာဘူးႀကီး ျပင္ေပးေတာ့တယ္
က်န္႔ခ်န္ဖုန္း ထမင္းဘူးကို ဖြင့္ၾကည့္တဲ့အခ်ိန္မွာ ေမႊးႀကိဳင္လွတဲ့ရနံ႔နဲ႔ ျပင္ဆင္ထားတဲ့ ပံုစံက တကယ္ေတာ္၀င္ဆန္လြန္းလို႔ သူ မ်က္လံုးကန္းသြားမတတ္ပဲ
သူ႕ညီမကိုပိုးပန္းဖို႔ ဒီဒုတိယသခင္ေလး တစ္နည္း သူ႕ရဲ႕ေယာက္ဖေလာင္းေလးရဲ႕ သူ႕ကို မ်က္ႏွာခ်ိဳေသြးတဲ့ပံုက တကယ့္savageျဖစ္လြန္းတဲ့အဆင့္ထိေရာက္ေနၿပီဆိုတာ နားလည္လိုက္တယ္
ဒါေပမဲ့ က်န္းယြီေမာ့ လုပ္ထားတဲ့ အစားအေသာက္က သူခန္႔မွန္းထားတာထက္ကိုလြန္ၿပီး တကယ္အရသာ႐ွိလြန္းတယ္
က်န္႔ခ်န္ဖုန္းလို အရသာ႐ွိတဲ့အစားအေသာက္မ်ိဳးစံု စားဖူးတဲ့သူေတာင္ ဒီေကာင္ေလးရဲ႕
ဟင္းခ်က္အစြမ္းက ဆရာႀကီးအဆင့္ဆိုတာ
၀န္ခံရမယ္...
ဆရာ၀န္ေလး႐ွဴခ်င္း 😆
မေန႔ကထည့္ေပးဖို႔ဟာေမ့သြားတာ
[Unicode]
ရှန့်ခယ် မှန်ရှေ့တွင်ရပ်နေပြီး တက်ကြွမှုအပြည့်။
သူက အရောင်ဖျော့ဖျော့ တီရှပ်ဝတ်ထားပြီး နက်တိုင်မချည်ထားပဲအပေါ်က အနက်ရောင် ကုတ်အင်္ကျီထပ်ဝတ်လိုက်တယ်..ပြောရရင်ဘဝကိုပေါ့ပေါ့ပါးပါးနေတတ်ပေမဲ့ တည်ငြိမ်တဲ့အသွင်လည်း ဆောင်နေတယ်..ကျန်းယွီမော့နဲ့သူနဲ့က ၈၀ကနေ၉၀ရာခိုင်နှုန်းနီးပါးဆင်တူတယ်..သူတိုရဲ့အသွင်ကနည်းနည်းလေးပဲကွာသွားတာ..ကျန်းယွီမော့မျက်နှာက ပိုပြီး နူးညံ့ပြီး ရှန့်ခယ်ကတော့ ပိုပြီးတည်ငြိမ်ရင့်ကျက်တဲ့ပုံပဲ
ဒီနေ့က သူ ကျန့်ချန်ဖုန်းရဲ့ကုမ္ပဏီဆီပထမဆုံးသွားမဲ့နေပင်..။ဒါကြောင့် ရှန့်ခယ် စိတ်ဓာတ်တွေ
တစ်ရာ့နှစ်ဆယ်ရာခိုင်းနှုန်းတောင် တက်ကြွနေတယ်
ဒီနေ့မတိုင်ခင်ထိ သူ ကျန့်ချန်ဖုန်းရဲ့ အချက်အလက်တွေကို သေချာလေ့လာထားတယ် အသက်၁၈နှစ်မှာ
ကုမ္ပဏီမှာစအလုပ်လုပ်ခဲ့တယ် ၂၃နှစ်မှာ တစ်ချို့ရိုးရှင်းတဲ့အရာတွေကို သိမ်းပိုက်နိုင်လာပြီး ၅နှစ်အတွင်းမှာပဲ
ကုမ္ပဏီရဲ့အမြတ်ကို ရာခိုင်နှုန်း၇၀ထိတိုးသွားစေပြီး ပြောင်မြောက်လှတဲ့ စီးပွားရေးအရည်အချည်းကို ချပြခဲ့တယ်
သူက ရင့်ကျက်တယ်..တည်ငြိမ်တယ်..စည်းကမ်းရှိတယ်ရည်ရွယ်ချက်ခိုင်မာတယ်..ကျွမ်းကျင်လိမ္မာတယ်..အတိုချုပ်ပြောရရင်တော့ သူက နယ်ပယ်စုံမှာ တော်ပြီး အသိုင်းအဝိုင်းထဲမှာ ရွှေဂုဏ်ထူးအဆင့်ရထားတဲ့သူပဲ
ပွဲတွေအတွင်းမှာ သူ့လိုလူမျိုးကိုစောင့်နေတဲ့ မိန်းမချောလေးတွေအများကြီးရှိပေမဲ့ တစ်ခါမှ ပွေတယ်ဆိုပြီး သတင်းမထွက်ဖူးဘူး သူ့ရဲ့ဘဝက ထွက်ပေါက်ရပြီး စိတ်ဆန္ဒရှိတာမရှိတော့တဲ့ ဘုန်းကြီးတစ်ပါးလိုပဲ ဟုတ်တာပေါ့ ဒါကိုတမင်သက်သက် လူအသိမပေးခံတာလည်းဖြစ်နိုင်တာပဲ
ဒါပေမဲ့ ဒီ အရာရာပြည့်စုံတယ်လို့လူသိများတဲ့ဒီလူနဲ့ ရှန့်ခယ် ရဲ့ ပထမဆုံးအလုပ်သဘောအရတွေ့ဆုံမှုမှာ စိတ်ချမ်းသာစရာကောင်းလှသည်မဟုတ်ပေ။
"ကျန်းယွီမော့ မင်း ငါ့ကုမ္ပဏီမှာ အလုပ်သင်လုပ်တာဖြစ်တဲ့အတွက် မင်းရဲ့သခင်လေးပုံစံကိုဖယ်ထားပြီး အလာပ်ကောင်းကောင်းလုပ်..ငါမင်းကို မျက်နှာသာပေးမှာ မဟုတ်ဘူး တကယ်လို့ မင်း အလုပ်သေချာမလုပ်တာပဲဖြစ်ဖြစ် ရေသာခိုနေတာပဲဖြစ်ဖြစ် ငါသိသွားရင် မင်း ဒီနေရာကချက်ချင်းထွက်သွားရလိမ့်မယ်"
ကျန်းချန်ဖုန့်က သူ့ကို ခေါင်းမှခြေဖျားစဆုံးထိ စူးရှသည့်အကြည့်ဖြင့် တစ်ချက်မျှချုံကြည့်သည်။
"မင်း ငါ့ လက်ထောက်အဖြစ် အရင် လုပ်ရမယ် အတွင်းရေးမှူးကွေ့က မင်းဘာလုပ်သင့်လဲ ပြောပြလိမ့်မာ် အလွယ်ဆုံးကနေစသင် တစ်ခုခုမေးစရာရှိရင် သူ့ကိုမေး ကောင်းပြီ ခုသွားလို့ရပြီ"
ရှန့်ခယ် မှာ ရုံးခန်းထဲကနေမထွက်ခင်ထိ စကားတစ်လုံးမှ ပြောဖို့အခွင့်အရေးမရခဲ့..။ ကျန့်ချန်ဖုန်းထံမှ ယဉ်ကျေးမှုကို အစရှာမရ။ ကျန့်ချန်ဖုန်း၏ မျက်ဝန်းနှင့် အသံက အလိုမကျမှုအပြည့်နှင့်..။ မသိလျှင်ပင် သူကုမ္ပဏီမှာလာလုပ်သည့်အချက်က ကုမ္ပဏီအား
အစွန်းအထင်းဖြစ်စေသလိုမျိုး..။
ရှန့်ခယ် အသက်၀၀ရှုကာ စိတ်ထိန်းနိုင်သမျှထိန်းလိုက်တယ် ကျန့်ချန်ဖုန်းက ဒီလိုသူ့ကိုဆက်ဆံတာက သူ သူ့ညီမကို ပိုးပန်းခဲ့မိလို့..ဒါကြောင့် ကျန့်ချန်ဖုန်း စိတ်ရှုပ်တာက ပုံမှန်ပါပဲလေ..သူ့ဘက်ကို နားလည်ပေးသင့်ပါတယ်လေ
အတွင်းရေးမှူးကွေ့မှာ ရှန့်ခယ် ဒေါသမထွက်တာကိုမြင်တော့ အတော်လေးအံ့သြသွားတယ် ကောလာဟာလတွေအရတော့ ဒီသခင်လေးက ဒေါသသိပ်မထိန်းနိုင်ဘူးပြောကြတယ်..ပြီးတော့ ဒီလို ဆူပူခံလိုက်ရတာတောင်မှ သူ ဒေါသကိုထိန်းနိုင်သေးတယ် ဒါ တကယ် လူတွေကို သူကို့ လုံး၀ လေးစားသွားတယ် အတွင်းရေးမှူးကွေ့ အစကထင်ခဲ့တာက အရင် မျက်နှာထားနဲ့ ထွက်သွားမယ်ထင်ခဲ့တာ..ဒါရိုက်တာကျန့်ကလည်း ဒီလိုမျိုးစီစဉ်ခဲ့တာဖြစ်လိမ့်မည်...။
အတွင်းရေးမှူးကွေ့က ရှန့်ခယ်အတွက် အလုပ်စားပွဲစီစဉ်ပေးပြီး ဖိုင်စာရွက်တွေတစ်ပုံကြီးပေးလိုက်တယ်
"ဒီနေ့တော့ မင်းဒီကအခြေအနေတွေကို ပိုပြီးကောင်းကောင်းနားလည်အောင် ဒီဟာတွေကို အရင်စီစဉ်နိုင်တယ်"
"ကောင်းပါပြီ ကျေးဇူးတင်ပါတယ် ကွေ့အတွင်းရေးမှူး"
ရှန့်ခယ် ဒေါသတွေထွက်လာပြီး လျင်လျင်မြန်မြန်ပဲ စိတ်ပြေသွားတယ် သူ့ဘဝကြီးပြန်သာယာသွားဖို့ စက္ကန့်အနည်းငယ်ပဲကြာလိုက်တယ်
ကွေ့အတွင်းရေးမှူးကတော့ ရှန့်ခယ်အပေါ် အကောင်းမြင်သွားတယ် ဒါကြောင့် ကိုယ့်အလုပ်ကိုယ်ပြန်မလုပ်ခင်
နည်းနည်းပဲ သတိပေးသွားတယ်..
ရှန့်ခယ် ထိုင်ချကာ စတင်ဖတ်ရှူဖို့ file တွေကောက်ကိုင်လိုက်တယ်
"ဟမ်..." အံ့သြမှုတွေက သူ့မျက်ဝန်းထဲ ဖြတ်ပြေးသွားတယ် ဒါက အချက်အလက်တွေက ပြဿနာရှိလို့မဟုတ်ဘူး သူ့မှတ်ဉာဏ်တွေ ပိုပြီး ကောင်းလာတာကိုသတိထားလိုက်မိလို့ပဲ..သူ ဒီ အချက်အလက် file အထူကြီးကို တစ်ခါပဲကြည့်ရသေးတာတောင်
အကုန်မှတ်မိနေတယ် သူမျက်လုံးတွေမှိတ်ထားလိုက်ရင်
အကြောင်းအရာအားလုံးရဲ့ ၉၅ရာခိုင်နှုန်းကို အတိအကျပြန်ရွတ်ပြနိုင်တယ် ကျန်တဲ့ငါးရာခိုင်နှုန်းကလည်း အတိအကျဖတ်ဖို့မလိုအပ်လို့ ချန်ထားခဲ့တာတွေပဲ
သူ့ရဲ့ မှတ်ဉာဏ်ကပုံမှန်ဆိုရင်တောင် ကောင်းတဲ့ထဲပါတယ် System ရဲ့ ဆုရပြီးနောက်မှာတော့ ပိုပြီးတောင်စွဲစွဲမြဲမြဲမှတ်မိသွားတယ်
သူ့နှုတ်ခမ်းဖျားမှာ အပြုံးတစ်ခုချိတ်ဆွဲသွားပြီးတော့ သူ့ စိတ်အခြေအနေကလည်း အရမ်းတောက်ပနေတော့တယ်
ဒီအချိန်မှာပဲ စားပွဲပေါ်က တယ်လီဖုန်းက မြည်လာတယ် ရှန့်ခယ် လှမ်းကြည့်လိုက်တော့ ကွေ့အတွင်းရေးမှူးက ရုံးခန်းထဲရှိမနေဘူး ဒါနဲ့ပဲ သူပဲဖုန်းကိုင်လိုက်တယ်
သူ ချက်ချင်းဆိုသလို ကျန့်ချန်ဖုန်း ရဲ့ မကောင်းဆိုးဝါးဆန်တဲ့အသံနဲ့မှာနေတာကိုကြားလိုက်ရတယ်
"ကွေ့အတွင်းရေးမှူး ကော်ဖီတစ်ခွက်"
အဲတစ်ကြောင်းပြောပြီးတာနဲ့ ချက်ချင်းပဲ ဖုန်းချသွားတယ်
ရှန့်ခယ် အကြည့်တွေပင့်တင်လိုက်ပြီး လက်ဖက်ရည်ခန်းထဲ ထသွားကာ ကော်ဖီစတင်ဖျော်တော့တယ်
ရှန့်ခယ် ကော်ဖီပြင်ပြီးတဲ့အချိန်မှာပဲ ကနေ ထွက်လာတဲ့ အိမ်သာကနေထွက်လာတဲ့ ကွေ့အတွင်းရေးမှူး နဲ့သွားတွေ့တယ် ဒါနဲ့ပဲ ရှန့်ခယ်လည်း သူ့ဆီကော်ဖီခွက်လှမ်းပေးပြီး ပြောလိုက်တယ်
"ကွေ့အတွင်းရေးမှူး ဒါရိုက်တာကခုလေးတင် ကော်ဖီယူလာခိုင်းတယ်"
ကော်ဖီခွက်လှမ်းယူပြီး ကွေ့အတွင်းရေးမှူးက ခဏ တုံ့ဆိုင်းနေပေမဲ့ အဆုံးမှာတော့ ကျေးဇူးတင်ပြီး ကော်ဖီကိုသွားပို့တော့တယ်
ရှန့်ခယ် သူဘာလို့တွန့်ဆုတ်နေမှန်းသိမှန်းသိတာပေါ့..သူကော်ဖီကိုမကောင်းမကန်းဖျော်ပြီး
ကျန့်ချန်ဖုန်းကိုဒေါသထွက်စေမှာကိုကြောက်နေတာပဲလေ..
ရှန့်ခယ် က ဒီလို အပေါ်ယံပဲပတ်သတ်မှုရှိတဲ့ လူတွေအပေါ် ကိုယ့်ကိုကိုယ်နှိမ့်ချဖို့ ပျင်းလွန်းတယ်
သေခြင်းကိုရင်ဆိုင်တဲ့နေရာမှာ ထူးချွန်တဲ့လူတစ်ယောက်အနေနဲ့ လောကကြီးထဲက ဘယ်အရာကများ ကြောက်လန့်စေမှာလဲ...
နေ့လည်မှာတော့ ကွေ့အတွင်းရေးမှူးက စားသောက်ခန်းမဆီမှာ ထမင်းသွားစားဖို့ လာခေါ်တယ်
"ဒါနဲ့ ဒါရိုက်တာကျန့်ကျတော့ရော"
"တကယ်လို့ ဒါရိုက်တာကျန့်က အမိန့်မပေးရင် ငါ နေ့လည်စာဘူးပဲယူသွားလိုက်တယ်.."
ကွေ့အတွင်းရေးမှူး က ပြန်ဖြေတယ်
"လတိုင်း အချိန်တစ်ဝက်လောက်ပဲ ကုမ္ပဏီမှာစားတာကွ.."
နှစ်ယောက်သား ဗန်းတွေကို သယ်သွားကြပြီး ထိုင်ဖို့ ခွံအလွတ်ရှာတွေ့တယ်..ကွေ့အတွင်းရေးမှူးက စားသောက်ရင်း စားသောက်ခန်းမအကြောင်းနဲ့လုပ်ဖော်ကိုင်ဖက်တွေကို မိတ်ဆက်ပေးတယ်
"Hey! ကွေ့အတွင်းရေးမှူး ဒီ လူချောလေးက ဘယ်သူလဲ"
ဖက်ရှင်ကျကျဝတ်ဆင်ထားတဲ့အမျိုးသမီးက သူတို့ဆီလျှောက်လာပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်တယ်
"ဟယ်လို လော်ရာ ငါ့နာမည်က ကျန်းယွီမော့ပါ "
ရှန့်ခယ်က ထရပ်ပြီး ယဉ်ယဉ်ကျေးကျေး လက်ဆန့်
လိုက်ပြီး ပြုံးပြလိုက်တယ်
"တွေ့ရတာဝမ်းသာပါတယ်"
"ဟယ်လို ကျွန်မလည်းတွေ့ရတာဝမ်းသာပါတယ်..
တစ်ရက်လောက်အချိန်ရှိရင် အပြင်သွားစားချင်လား"
လော်ရာရဲ့ အမူအကျင့်က ပွင့်ပွင့်လင်းလင်းရှိ
လွန်းတယ် ဒါပေမဲ့ တစ်ယောက်ကမှ သူမကို သဘောမကျတာမရှိဘူး"
"သေချာတာပေါ့ဗျာ..."
လော်ရာပြန်ထွက်သွားပြီးနောက်မှာတော့ အတွင်းရေးမှူးကွေ့ကပြုံးရင်းပြောလိုက်တယ်
"မင်းနေသားမကျမှာငါစိုးရိမ်နေခဲ့တာ..ဒါပေမဲ့ ငါစိုးရိမ်နေတာတွေအားလုံးကမလိုအပ်တဲ့ပုံပဲ.."
"ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ" ရှန့်ခယ်က
စကားဆက်ပြောတယ်
"တကယ်တော့ကျွန်တော်ကအပြင်ပိုင်းကအထင်ကြီးဖို့ကောင်းပေမဲ့ တကယ်တမ်းတော့ တန်ဖိုးမရှိတဲ့လူတစ်ယောက်ဆိုတာ မသိဘူးလား"
ဒါက ပထမဆုံးအနေနဲ့ သူ့ကိုယ်သူ ရုပ်ရည်ပိုင်းအရ အထင်ကြီးစရာကောင်းပေမဲ့ တန်ဖိုးမရှိဘူးလို့ ယုံကြည်မှုရှိရှိပြောနိုင်တဲ့သူကို ပထမဆုံးတွေ့ဖူးတာပဲ ဒီကျန်းသခင်လေးက ထင်ထားတာထက် ပိုပြီးချစ်စရာကောင်းတာပဲ
ဒါပေမဲ့ လော်ရာနဲ့သူနဲ့ကို မိတ်မဆက်ပေးဖူးတာကို မှတ်မိသွားတော့ ကြောင်သွားတယ်...သူဘယ်လိုလုပ်သိနေတာလဲ
ဒါကြောင့်သူမေးကြည့်လိုက်တယ်
ရှန့်ခယ် က ပြန်ရှင်းပြတယ်
"လော်ရာက ဒီကုမ္ပဏီမှာဆယ်နှစ်တောင်အလုပ်လုပ်လာခဲ့တဲ့ စီးပွားရေးမန်နေဂျာပဲကို..သူ့အချက်အလက်တွေအကုန်လုံး ကွန်ပျူတာထဲမှာ
မှတ်တမ်းတင်ထားကြတယ်လေ"
"ဒါပေမဲ့ ကွန်ပျူတာထဲမှာ မှတ်တမ်းတင်ထားတဲ့ ဌာနမှူးတွေကတင်လူ၅ရာကျော်တယ်လေ"
"လော်ရာကချောတာကိုး..ဒါကြောင့် သူ့ကို ပိုပြီးမှတ်မိနေတာ"
ကွေ့အတွင်းရေးမှူး သံသယဝင်စွာကြည့်လိုက်တယ်
လော်ရာကချောတယ်ဆိုတာမှန်ပေမဲ့ အသက်၄၀ကျော်နေပြီ ရုပ်ရည်ကိုကောင်းကောင်း
ဂရုစိုက်ထိန်းသိမ်းပေမဲ့ စွဲမြဲမှတ်ထားမိလောက်တဲ့အထိတော့ မချောတော့ပါဘူး..ဒါမှမဟုတ် ကျန်းဒုတိယသခင်လေးက သူ့ထက်အသက်နှစ်ဆလောက်ကြီးတဲ့အမျိုးသမီးတွေပဲစိတ်ဝင်စားတော့တာလား...
"မင်းထပ်မစားတော့ဘူးလား"
ရှန့်ခယ်ပန်းကန်ထဲမှာတစ်ဝက်နီးပါးကျန်နေသေးတာတွေ့တော့ သူမမေးပဲမနေနိုင်တော့..။
"ကျွန်တော် ဒီနေ့ဗိုက်မဆာလို့ပါ"
Hundred Training Space ထဲမှာ
ဟင်းချက်သင်ခဲ့ရတဲ့အချိန်ကစပြီး သူ ဂျီးများလာမိတယ် သူလုံးဝမဆာနေရင် သူ့အကြိုက်မဟုတ်တဲ့ အစားအသောက်တွေကို တကူးတက စားနေမှာမဟုတ်ဘူး
တကယ်တော့ ကုမ္ပဏီရဲ့ အစားအသောက်က ကောင်းတဲ့ထဲပါပါတယ် ဒါပေမဲ့ လူအများကြီးအတွက် ချက်ပေးရတာဖြစ်တယ် ဆီအများကြီးသုံးတာနဲ့ ပေါ့ရွှတ်နေလွန်းတာကို ရှောင်ဖို့ကခဲယဉ်းယ် အစားအသာက်က အရသာမရှိတဲ့ပုံပေါ်ပြီး ဂရုတစိုက်ချက်ပြုတ်မှုလည်းလိုအပ်နေတယ်
တစ်ခေါက်စားမိပြီးတာနဲ့ မနက်ဖြန်ကစပြီး သူ့နေ့လည်စာဘူးကို သူ့ဟာသူလုပ်ဖို့ဆုံးဖြတ်လိုက်တယ်
အဲနေ့လည်မှာ ကွေ့အတွင်းရေးမှူး ကျန့်ချန်ဖုန်း ဆီ ကော်ဖီသွားပို့တော့ သတင်းမေးခံရတယ်
"သူဘယ်လိုနေလဲ"
"စိတ်လည်းရှည်တယ်..ပြီးတော့
နေသားကျတာလည်းမြန်တာပဲ ပေါင်းသင်းဆက်ဆံရေးလည်းမဆိုးဘူး"
ကွေ့အတွင်းရေးမှူးက လက်တွေ့ကျကျနဲ့အမှန်တိုင်းဖြေလိုက်တယ်
"ဟုတ်လား" ကျန့်ချန်ဖုန်းက မျက်ခုံးတစ်ဖက်ပင့်တင်လိုက်တယ် မယုံကြည်ဘူးဆိုတာ သိသာတယ်
အတွင်းရေးမှူးကွေ့ ဆက်ပြောလိုက်တယ်
"အကြာကြီးသူနဲ့မဆက်ဆံရသေးပေမဲ့ သူက ကောလာဟာလတွေနဲ့တခြားစီလို့ ကျွန်တော်ထင်ပါတယ် ဒါရိုက်တာကျန်း ကျွန်တော်တို့ သူနဲ့
ကျန့်မိန်းကလေးတွေ့တာ ခွင့်ပြုဖို့ စဉ်းစားကြည့့်လို့ရပါတယ်"
"အဲလိုတွေတွေးစရာမလိုဘူး"
ကျန့်ချန်ဖုန်း ကော်ဖီခွက်ကိုမော့သောက်လိုက်တယ် ဒါပေမဲ့ သူ့မျက်ခုံးတွေ ချက်ချင်းဆိုသလို တွန့်ချိုးသွားတယ်
"မနက်တုန်းကတော့ မင်းကော်ဖီဖျော်တာလက်ရာကောင်းလာပြီလို့ချီးကျူးမလို့ပဲရှိသေး..ညနေကျတော့ ဘာလို့ပုံမှန်လက်ရာပြန်ဖြစ်သွားတာလဲ"
ကွေ့အတွင်းရေးမှူး ခဏကြောင်သွားပြီး ချက်ချင်း
ငြင်းလိုက်တယ်
"တောင်းပန်ပါတယ် ဒါရိုက်တာကျန့် မနက်က
ကော်ဖီက ကျန်းသခင်လေးဖျော်ပေးတာပါ"
"သူလား.." ကျန့်ချန်ဖုန်း တိတ်ဆိတ်သွားပြီး ဆုံးဖြတ်ချက်ချလိုက်တယ်
"ဒါသူလုပ်နိုင်တာတစ်ခုပဲဖြစ်လိမ့်မယ်
နောက်ပိုင်းကျရင်ငါ့အတွက် ကော်ဖီပြင်ပေးရမယ်"
ဒါရိုက်တာကျန့်...ခင်ဗျားမျက်လုံးထဲ..သခင်လေးကျန်းရဲ့တန်ဖိုးက ကော်ဖီပြင်ပေးဖို့ပဲတဲ့လား...
အတွင်းရေးမှူးကွေ့ ရုတ်တရက် ကျန်းယွီမော့ကို သနားသွားတယ်...
___________
နောက်တစ်နေ့မှာတော့ရှန့်ခယ် ကုမ္ပဏီကိုရောက်တဲ့အချိန် ကွေ့အတွင်းရေးမှူးကလည်း ရှေ့ဆင့်နောက်ဆင့်ရောက်လာတယ်..တခြားသူတွေအားလုံးကို ရင်းရင်းနှီးနှီးနှုတ်ဆက်နေတာတွေ့တော့ သူကြောင်သွားတယ်...ဒီကောင်လေးက
ဝန်ထမ်းအားလုံးရဲ့ အချက်အလက်တွေအားလုံးကို
တကယ်မှတ်မိနေတာလား!
ဒီမှာဆယ်ရက်ကနေတစ်လအတွင်း အလုပ်လုပ်နေတာကြာပြီဖြစ်တဲ့သူတောင် လုပ်ဖော်ကိုင်ဖက်တွေနာမည်ကို အရမ်းကြီးတိတိကျကျမပြောနိုင်ကြဘူး ဒါပေမဲ့ ဒီကောင်လေးကတော့
တစ်ရက်တည်းနဲ့...ဖြစ်နိုင်တာကတော့ နေ့တစ်ဝက်တည်းနဲ့ ပတ်ဝန်းကျင်နဲ့နှံ့နှံ့စပ်စပ်ရင်းနှီးသွားတယ်
ဒီလိုမှတ်ဉာဏ်မျိုးနဲ့ အလိုက်သင့်နေနိုင်စွမ်းက တကယ်ကိုစွံ့အသွားစေတယ်
အပြင်လောက ရဲ့ ကျန်းတုန်းလင်နဲ့ကျန်းယွီမော့ အပေါ် တွက်ချက်မှုတွေက တောင်နဲ့မြောက်လိုကွာပြားတယ် တစ်ယောက်က ကံကြမ္မာက မျက်နှာသာပေးထားတဲ့ ဂုဏ်ယူစရာသားဖြစ်ပြီး နောက်တစ်ယောက်ကတော့ သည်းမခံနိုင်စရာလူတစ်ယောက်လို့ပြောကြတယ်..ဒါပေမဲ့အခုတော့
ကျန်းဒုတိယသခင်လေးက သူ့ရဲ့ဓားသွားကို ဝှက်ထားတဲ့ပုံပဲ
ရင်ထဲမှာ သိချင်စိတ်တို့ မွေးဖွားလာပြီး ကွေ့အတွင်းရေးမှူးလည်း ကျန်းယွီမော့ကိုသတိထားကြည့်မိလာတယ် ဒီနောက်မှာတော့ သူ့ကိုပေးတဲ့ အလုပ်မှန်သမျှ ခဏလေးနဲ့ပြီးသွားတယ် သူ မမေးရင်တောင် ကျန်းယွီမော့က သူ့ကိုအရင်လာပြောတယ်
ကျန်းယွီမော့ရဲ့အမူအကျင့်က လူ့အသိုင်းအဝိုင်းနဲ့ ကိုက်ညီတယ်...အရာရာကိုပေါ့ပေါ့ပါးပါးနေတတ်တယ် အလုပ်မှာမဟုတ်ပဲ အချိန်တွေကို ပျော်ပျော်ကြီးကုန်ဆုံးနေတဲ့ဟန်နှင့်ပင်..။
နေ့လည်မှာတော့ အတွင်းရေးမှူးကွေ့က နေ့လည်စာ သွားစားဖို့ရှန့်ခယ်ကိုလာခေါ်တယ် ဒါပေမဲ့ ရှန့်ခယ်က သူ့နေ့လည်စာဘူးကိုထုတ်ယူပြီးပြောလိုက်တယ်
"ကျွန်တော် ကိုယ့်ဟာကိုယ်နေလည်စာယူလာတယ်..ဒါကြောင့် အစ်ကိုတစ်ယောက်တည်းပဲသွားလိုက်ပါတော့"
"အိုး! မင်းမိသားစုရဲ့စားဖိုမှူးကပြင်ပေးတာလား"
အတွင်းရေးမှူးကွေ့က ရှန့်ခယ်စားပွဲပေါ်က နေ့လည်စာဘူးကို လှမ်းကြည့်လိုက်တယ် အရသာနဲ့အနံ့က လတ်ဆတ်တဲ့ပုံပေါ်ပြီး လှလှပပအလှဆင်ထားတယ် သူ မချီးကျူးပဲမနေနိုင်တော့ဘူး
"တကယ်အရသာရှိမဲ့ပုံပဲ"
ရှန့်ခယ် ပြုံးလိုက်တယ်
"ကျွန်တော်အခုလက်ရှိတစ်ယောက်တည်းနေတာလေ"
အလုပ်ကိုအဆင်ပြေပြေသွားနိုင်ဖို့ သူ နှစ်ခန်းတွဲတိုက်ခန်းတစ်ခု ငှါးထားလိုက်တယ်
အတွင်းရေးမှူးကွေ့မှာ ခဏတာကြာပြီးမှ သတိပြန်ဝင်လာပြီး အံ့သြသင့်ကာ သေချာအောင်မေးလိုက်တယ်
"ဒါဆို မင်းဆိုလိုတာက ဒီနေ့လည်စာဘူးက
မင်းဟာမင်းလုပ်တာပေါ့..."
ကျန်းဒုတိယသခင်လေးကဘယ်လိုဟင်းချက်ရလဲသိတယ်ပေါ့...
ရှန့်ခယ် ခေါင်းညိတ်လိုက်ပြီး လက်ဖက်ရည်ခန်းထဲဝင်သွားတယ် ပြီးတော့ microwaveပေါ်
ထမင်းဘူးတင်လိုက်ပြီး နွှေးလိုက်တယ်
အတွင်းရေးမှူးကွေ့ရဲ့အမြင်ကို ဒီဒုတိယသခင်လေးက အမြဲပြောင်းလဲနေစေတာပဲ
သူ အလုပ်မဆင်းခင် အတွင်းရေးမှူးကွေ့က
ကျန့်ချန်ဖုန်းကို ဒီနေ့အလုပ်အကြောင်း အကျဉ်းချုပ်ပြန်ပြောပြပြီး သူရှာတွေ့တာကိုပါ ထုတ်ပြောလိုက်မိတယ်
ကျန့်ချန်ဖုန်းက သူပြောနေတာကို နားထောင်
စဉ်းစားပြီး ခဏအကြာမှာ စကားဆိုလိုက်တယ်
"သူ မနက်ဖြန်ကစပြီး ငါ့ထမင်းဘူးအတွက် ပါပြင်ရမဲ့ တာဝန်ရှိသွားပြီ"
"ဒါက..မကောင်းဘူးလား"
ကျန့်ချန်ဖုန်းက အေးစက်စက်ပြောလိုက်တယ်
"တကယ်လို့ ငါ့ညီမကို ပိုးပန်းချင်ရင် ငါ့ကို အရင် ကျော်ဖြတ်ရမယ်"
ဒါရိုက်တာကျန်း ခင်ဗျားစိတ်ဝင်စားတာအတွက် လုပ်ပိုင်ခွင့်ကို အသုံးချနေတာတော့
မဟုတ်ဘူးမလား...
ကွေ့အတွင်းရေးမှူးဆီကနေ Boss အရှင်ကြီးက သူ့ကို ကော်ဖီဖျော်ကောင်လေးဘဝကနေ စားဖိုမှူးအဖြစ်ရာထူးတိုးပေးလိုက်တဲ့အကြောင်း
ကြားရတော့ ရှန့်ခယ် စိတ်မပျက်ပေဘူး...ပြောရမယ်ဆိုရင် သူအတော်လေးပျော်နေတယ် ဆေးရုံကနေ သူနဲ့နှလုံးကိုက်ညီတယ်ဆိုတဲ့အဖြေထွက်လာခဲ့တယ်
ဆိုလိုတာကတော့ သူ့အစီအစဉ်နောက်တစ်ကွက်ကို ရွှေ့လို့ရပြီပေါ့
စိတ်ဓာတ်တက်ကြွစွာနဲ့ ရှန့်ခယ် နောက်တစ်နေ့မှာလည်း ကျန့်ချန်ဖုန်းအတွက် အတော်လေးကြီးပြီး ခမ်းနားလှတဲ့ နေ့လည်စာဘူးကြီး ပြင်ပေးတော့တယ်
ကျန့်ချန်ဖုန်း ထမင်းဘူးကို ဖွင့်ကြည့်တဲ့အချိန်မှာ မွှေးကြိုင်လှတဲ့ရနံ့နဲ့ ပြင်ဆင်ထားတဲ့ ပုံစံက တကယ်တော်ဝင်ဆန်လွန်းလို့ သူ မျက်လုံးကန်းသွားမတတ်ပဲ
သူ့ညီမကိုပိုးပန်းဖို့ ဒီဒုတိယသခင်လေး တစ်နည်း သူ့ရဲ့ယောက်ဖလောင်းလေးရဲ့ သူ့ကို မျက်နှာချိုသွေးတဲ့ပုံက တကယ့်savageဖြစ်လွန်းတဲ့အဆင့်ထိရောက်နေပြီဆိုတာ နားလည်လိုက်တယ်
ဒါပေမဲ့ ကျန်းယွီမော့ လုပ်ထားတဲ့ အစားအသောက်က သူခန့်မှန်းထားတာထက်ကိုလွန်ပြီး တကယ်အရသာရှိလွန်းတယ်
ကျန့်ချန်ဖုန်းလို အရသာရှိတဲ့အစားအသောက်မျိုးစုံ စားဖူးတဲ့သူတောင် ဒီကောင်လေးရဲ့
ဟင်းချက်အစွမ်းက ဆရာကြီးအဆင့်ဆိုတာ
ဝန်ခံရမယ်...