မီးတောက်ကြားကပန်းတစ်ပွင့် [မြ...

By Mine-Edge

1M 144K 5.6K

【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သ... More

Disclaimer
အပိုင်း ၁။ကေ့ခ်ျ​ဘ၀- ချစ်​ခြင်းရဲ့၇၂နာရီ
အပိုင်း​၂။ ​ကေ့(ခ်ျ​)ဘဝ
အပိုင်း ၃။ ​ကေ့(ခ်ျ​)ဘဝ
အပိုင်း ၄။ ​ကေ့(ခ်ျ​)ဘဝ
အပိုင်း ၅။ ​ကေ့(ခ်ျ​)ဘဝ
အပိုင်း ၆။ ​ကေ့(ခ်ျ​)ဘဝ
အပိုင်း ၈ ။ ​ကေ့(ခ်ျ​) ဘဝ
အပိုင်း ၉ ။ ​ကေ့(ခ်ျ​)ဘဝ
အပိုင်း ၁၀ ။ ကျန်းယွီ​မော့ဘ၀ - မင်းတစ်​ဦးတည်းသာ
အပိုင်း ၁၁ ။ ကျန်းယွီမော့ဘဝ
အပိုင်း ၁၂ ။ ကျန်းယွီ​မော့ဘဝ
အပိုင်း ၁၃ ။ ကျန်းယွီ​မော့ ဘဝ
အပိုင်း ၁၄ ။ ကျန်းယွီ​မော့ ဘဝ
အပိုင်း ၁၅ ။ ကျန်းယွီ​မော့ဘဝ
အပိုင်း၁၆ ။ ​ကျန်းယွီ​မော့ဘဝ
အပိုင်း ၁၇ ။ ကျန်းယွီ​မော့ဘဝ
အပိုင်း ၁၈ ။ ကျန်းယွီ​မော့ဘဝ
အပိုင်း ၁၉ ။ ကျန်းယွီ​မော့ ဘဝ
အပိုင်း ၂၀ ။ ကျန်းယွီ​မော့ဘ၀ <EXTRA>
အပိုင်း ၂၀။ အိုဆာရီဘ၀ - ယုံကြည်​ရာ
အပိုင်း ၂၂ ။ အိုဆာရီဘဝ
အပိုင်း ၂၃ ။ အိုဆာရီဘဝ
အပိုင်း ၂၄ ။ အိုဆာရီဘဝ
အပိုင်း ၂၅ ။ အိုဆာရီဘဝ
အပိုင်း ၂၆ ။ အိုဆာရီဘဝ
အပိုင်း ၂၇ ။ အိုဆာရီဘဝ
အပိုင်း ၂၈။ အိုဆာရီဘဝ
အပိုင်း ၂၉။ အိုဆာရီဘဝ
အပိုင်း ၃၀။ အိုဆာရီဘဝ
အပိုင်း ၃၁ ။ အိုဆာရီဘဝ
အပိုင်း ၃၂ ။ အိုဆာရီဘဝ
အပိုင်း ၃၃ ။ အိုဆာရီဘဝ
အပိုင်း ၃၄ ။ ဘရူနိုဘဝ - ပွေ့ဖက်ခွင့်
အပိုင်း ၃၅ ။ဘရူနိုဘဝ
အပိုင်း ၃၆ ။ ဘရူနိုဘဝ
အပိုင်း ၃၇ ။ ဘရူနိုဘဝ
အပိုင်း ၃၈ ။ ဘရူနိုဘဝ
အပိုင်း ၃၉ ။ ဘရူနိုဘဝ
အပိုင်း ၄၀ ။ ဘရူနိုဘဝ
အပိုင်း ၄၁ ။ ဘရူနိုဘဝ
အပိုင်း ၄၂ ။ ဘရူနိုဘဝ
အပိုင်း ၄၃ ။ ဘရူနိုဘဝ
အပိုင်း ၄၄ ။ ဘရူနိုဘဝ
အပိုင်း ၄၅ ။ မှိုပွင့်ဘဝ - ချစ်သောမှိုလေး
အပိုင်း ၄၆ ။ မှိုပွင့်ဘဝ
အပိုင်း ၄၇ ။ မှိုပွင့်ဘဝ
အပိုင်း ၄၈ ။ မှိုပွင့်ဘဝ
အပိုင်း ၄၉ ။ မှိုပွင့်ဘဝ
အပိုင်း ၅၀ ။ မှိုပွင့်ဘဝ
အပိုင်း ၅၁ ။ မှိုပွင့်ဘဝ
အပိုင်း ၅၂ ။ မှိုပွင့်ဘဝ
အပိုင်း ၅၃ ။ မှိုပွင့်ဘဝ
အပိုင်း ၅၄ ။ မှိုပွင့်ဘဝ
အပိုင်း ၅၅ ။ဖီလ်မောဘဝ - အယ်လ်ဖာချစ်သူ
အပိုင်း ၅၆ ။ဖီလ်မောဘဝ
အပိုင်း ၅၇ ။ ဖီလ်မောဘဝ
အပိုင်း ၅၈ ။ ဖီ(လ်)မောဘဝ
အပိုင်း ၅၉ ။ ဖီ(လ်)မောဘဝ
အပိုင်း ၆၀ ။ ဖီ(လ်)မောဘဝ
အပိုင်း ၆၁ ။ ဖီ(လ်)မောဘဝ
အပိုင်း ၆၂ ။ ဖီ(လ်)မောဘဝ
အပိုင်း ၆၃ ။ ဖီ(လ်)မောဘဝ
အပိုင်း ၆၄ ။ ဖီ(လ်)မောဘဝ
အပိုင်း ၆၅ ။ ဖီ(လ်)မောဘဝ
အပိုင်း ၆၆ ။ မီးတောက်လေးဘဝ - အထွတ်အမြတ်ရတနာ
အပိုင်း ၆၇ ။ မီးတောက်လေးဘဝ
အပိုင်း ၆၈ ။ မီးတောက်လေးဘဝ
အပိုင်း ၆၉ ။ မီးတောက်လေးဘဝ
အပိုင်း ၇၀ ။ မီးတောက်လေးဘဝ
အပိုင်း ၇၁ ။ မီးတောက်လေးဘဝ
အပိုင်း ၇၂ ။ မီးတောက်လေးဘဝ
အပိုင်း ၇၃ ။ မီးတောက်လေးဘဝ
အပိုင်း ၇၄ ။ မီးတောက်လေးဘဝ
အပိုင်း ၇၅ ။ မီးတောက်လေးဘဝ
အပိုင်း ၇၆ ။ မီးတောက်လေးဘဝ
အပိုင်း ၇၇ ။ မီးတောက်လေးဘဝ
အပိုင်း ၇၈ ။ မီးတောက်လေးဘဝ
အပိုင်း ၇၉ ။ မီးတောက်လေးဘဝ
အပိုင်း ၈၀ ။ ယွဲ့ကျယ်ဘဝ - ပဋိညာဉ်စာချုပ်
အပိုင်း ၈၁ ။ ယွဲ့ကျယ်ဘဝ
အပိုင်း ၈၂ ။ ယွဲ့ကျယ်ဘဝ
အပိုင်း ၈၃ ။ ယွဲ့ကျယ်ဘဝ
အပိုင်း ၈၄ ။ ယွဲ့ကျယ်ဘဝ
အပိုင်း ၈၅ ။ ယွဲ့ကျယ်ဘဝ
အပိုင်း ၈၆ ။ ယွဲ့ကျယ်ဘဝ
အပိုင်း ၈၇ ။ ယွဲ့ကျယ်ဘဝ
အပိုင်း ၈၈ ။ ယွဲ့ကျယ်ဘဝ
အပိုင်း ၈၉ ။ ယွဲ့ကျယ်ဘဝ
အပိုင်း ၉၀ ။ ယွဲ့ကျယ်ဘဝ
အပိုင်း ၉၁ ။ ယွဲ့ကျယ်ဘဝ
အပိုင်း ၉၂ ။ ယွဲ့ကျယ်ဘဝ
အပိုင်း ၉၃ ။ ယွဲ့ကျယ်ဘဝ
အပိုင်း ၉၄ ။ ယွဲ့ကျယ်ဘဝ
အပိုင်း ၉၅ ။ ယွဲ့ကျယ်ဘဝ
အပိုင်း ၉၆ ။ ယွဲ့ကျယ်ဘဝ
အပိုင်း ၉၇ ။ ယွဲ့ကျယ်ဘဝ
အပိုင်း ၉၈ ။ ယွဲ့ကျယ်ဘဝ
အပိုင်း ၉၉ ။ ယွဲ့ကျယ်ဘဝ
အပိုင်း ၁၀၀ ။ Unos ဘဝ - မျက်နှာဖုံးချစ်သူ
အပိုင်း ၁၀၁ ။ Unos ဘဝ
အပိုင်း ၁၀၂ ။ Unos ဘဝ
အပိုင်း ၁၀၃ ။ Unos ဘဝ
အပိုင်း ၁၀၄ ။ Unos ဘဝ
အပိုင်း ၁၀၅ ။ Unos ဘဝ
အပိုင်း ၁၀၆ ။ Unos ဘဝ
အပိုင်း ၁၀၇ ။ Unos ဘဝ
အပိုင်း ၁၁၆ ။ ကျန်းယွီမော့ဘဝ (RE)
အပိုင်း ၁၁၇ ။ ကျန်းယွီမော့ဘဝ (RE)
အပိုင်း ၁၁၈ ။ ကျန်းယွီမော့ဘဝ (RE)
အပိုင်း ၁၁၉ ။ ကျန်းယွီမော့ဘဝ (RE)
အပိုင်း ၁၂၀ ။ ကျန်းယွီမော့ဘဝ (RE)
အပိုင်း ၁၂၁ ။ အိုဆာရီဘဝ (RE)
အပိုင်း ၁၂၂ ။ အိုဆာရီဘဝ (RE)
အပိုင်း ၁၂၃ ။ အိုဆာရီဘဝ (RE)

အပိုင်း၇။ ​ကေ့(ခ်ျ​)ဘဝ

16.3K 2K 115
By Mine-Edge

[Zawgyi]





အရှင်​မင်းကြီးကအရမ်းမိုက်တယ်ေ​​နာ်!"







"သခင်​​လေး​ကေ့(ခ်ျ​) အရှင်​မင်းကြီးက သခင်​​လေးကိုကြည့်​​နေတာဖြစ်​မယ်​!"


"သခင်​​လေး​ကေ့(ခ်ျ​) ​ဘယ်​လို​နေလဲ တစ်​​နေရာရာ ​နေမ​ကောင်းလို့လား"








"မင်း​ပျော်​တယ်​မလား"






အသံကိုကြားလိုက်​ရတယ်

မှာလိုက်​တယ်



[Jas-က​လေးရယ်​😢]





[Jas-ဘာသာပြန်​ရင်းငို😭]


"ဒါ ငါ့ရဲ့ အုပ်​ချုပ်​မှုကို​မေးခွန်းထုတ်​ရုံတင်​မဟုတ်​ဘူး ​ကေ့(ခ်ျ​)ကိုလည်း​စော်​ကား​နေတာပဲ"


"ငါ မြင်​ဖူးတဲ့ ​ကေ့(ခ်ျ​) ကိုပဲ ယုံကြည်​မယ်​ မှန်​မှန်​ မမှန်​မှန်​ အဲဒါ​တွေက ငါ့ရဲ့​ကေ့(ခ်ျ​)အ​ပေါ်အမြင်​ကို သက်​​ရောက်​မှုမရှိဘူး"

"ဒီ တပည့်​နားလည်​ပါပြီ "
ပြန်​သွားတယ်



ဘာ​တွေဖြစ်​​နေတာလဲ..




သူဝန်​ခံရမယ်​ ဒီသခင်​​လေး​​ကေ့(ခ်ျ​)ဘ၀က အ​ရောင်​အ​သွေးစုံလွန်းတယ်​ အ​မှောင်​ဂိုဏ်းသား​တွေကြား ​ရော​နှော​နေ အုပ်​စုလိုက်​ရန်​ဖြစ်​ အလှ​လေး​တွေကိုပိုး

ရှန့်​ခယ်​ အမြင်​က​နေကြည့်​ရင်​ ​ကေ့(ခ်ျ​)က
အချစ်​မရှိတဲ့ သခင်​​လေးတစ်​​ယောက်​ပဲ ဒါက သိပ်​အ​ရေးမကြီးဘူးဆို​ပေမဲ့ သူက လူသိရှင်​ကြားသူရဲ​ကောင်းတစ်​​ယောက်​ဖြစ်​လာခဲ့တယ်​ ပြည်​သူ့စံပြအ​နေနဲ့ အမှား​သေး​သေး​လေးတစ်​ခုက​တောင်​ ​ဝေဖန်​ခံရ​စေနိုင်​တယ်​ ဒါ့အပြင်​ ​ကေ့(ခ်ျ​)အကျင့်​စရိုက်​ကသိပ်​မ​ကောင်းဘူး လူအများကြီး​ပေါ်အပြစ်​လုပ်​ဖူးတယ်​ သူ့ရဲ့အတိတ်​​တွေ​ပေါ်လာ​တော့ ရှုပ်​ချ​ဝေဖန်​မှု​တွေက ချက်​ချင်းပြန့်​သွား​တော့တာပံ လူ​တော်​​တော်​များများက သူတို့အလိမ်​ခံရတယ်​လို့ ​ခံစားလိုက်​ရတယ်

【ဖာ့ခ်​ ​ကေ့(ခ်ျ​)က ဒီလိုလူလား အမှန်​တရားက အရမ်းကွာတာပဲ​နော်​!】



【အ​ပေါ်ကစကား​တွေကသိပ်​ကြမ်းတာပဲ ​ကေ့(ခ်ျ​) ကအခုအိပ်​ရာထဲလဲ​နေတာ​လေ...ပြီး​တော့အကြာကြီး​နေရ​တော့မှာမဟုတ်​ဘူး မင်းတို့​တွေ မ​သေချာတာကိုဒီတိုင်းထားလို့မရဘူးလား】


【ကျွန်မေ​က့(ခ်ျ)ရဲ့​ဆေးမှတ်​တမ်းကိုမြင်​ဖူးတယ်​ ဒီလိုဒဏ်​ရာ​တွေနဲ့ သာမန်​လူဆို
နှစ်​ရက်​ထက်​ပိုမခံဘူး】

【ဟဲ့..ဟဲ့ ဒါ သံသယ၀င်​စရာ​ကောင်းတယ်​လို့မထင်​ဘူးလား ​ကေ့(ခ်ျ​)က တမင်​သက်​သက်​ သနားခံရ​အောင်​လုပ်​တာဖြသ်​မယ်​ ပြီး​တော့ဒီမှတ်​တမ်းကို အသုံးချပြီး အတိတ်​ကအမှား​တွေကို​ဖျောက်​ဖို့လုပ်​တာဖြစ်​မယ်​ ငါ့အထင်​ သူ့တကယ့်​ဒဏ်​ရာ​တွေက တင်​ပြထားသလိုမဟုတ်​​လောက်​ဘူးဟ】

ကေ့(ခ်ျ​)ရဲ့အတိတ်​ဆိုးကြကိုရှင်းမပြကြတာလဲ!】

【သူ​ပြောတာက...】

……
ရာဗယ်​(လ်​) တစ်​ချိန်​လုံး ​ကေ့(ခ်ျ​) အ​ခြေအ​နေကို ကြည့်​​နေမိတယ်​ စိတ်​ဓာတ်​ကျသွားပြီး ခန္ဓာကိုယ်​ဒဏ်​ရာ​တွေပိုဆိုးသွားမှာစိုးရိမ်​​နေမိတယ်
ဒါ​ပေမဲ့ ​ကေ့(ခ်ျ​)က ​ဒေါသမထွက်​ရုံတင်​မဟုတ်​ တည်​ငြိမ်​ပြီး​အေးချမ်း​နေမယ်​လို့မထင်​ခဲ့ဘူး

ဒါမှန်​တယ်​..ဒါကမှ သူနဲ့ ရင်းနှီးတဲ့'​ကေ့(ခ်ျ​)' ပဲ
လူတစ်​​ယောက်​ရဲ့ပြင်​ပရုပ်​သွင်​က တခြားသူ​တွေကိုလိ​မ်လို့ရနိုင်​တယ်​ ဒါ​​ပေမဲ့ မျက်​လုံး​တွေက​တော့လိမ်​လို့မရဘူး ​ကေ့(ခ်ျ​)မျက်​၀န်းမှာ အ​မှောင်​လွှမ်းမ​နေဘူး အဲအစား အလင်း​ရောင်​နဲ့ပဲပြည့်​​နေတယ်











အွန်​လိုင်း​ပေါ်မှာ ​​ကြေညာတဲ့အချက်​အလက်​က ​ကေ့(ခ်ျ​)ရဲ့ အသက်​၁၄နှစ်က​နေ၂၁နှစ်​အထိ

တကယ်​​လို့​ကေ့(ခ်ျ​)သာ နဂါးစွယ်​ဂြိုလ်​​ပေါ်​စော​စောပြန်​မလာပဲ ပုန်​ကန်​မှုပြီးပြီးအ​ခြေအ​နေ​တွေငြိမ်​မှပြန်​လာခဲ့ရင်​​တောင်​ ​ဂေဘရီရယ်​က ပြည်​သူအမြင်​ကိုထိန်းချုပ်​ဖို့ အချက်​အလက်​​တွေ​ဖောက်​ချပြဦးမှာပဲ


"ပြည်​သူ​တွေက ​ကေ့(ခ်ျ​)ကို​တော်​​တော်​​လေး မကြည်​မလင်​ဖြစ်​​နေတယ်​ အစိုးရကို​ဖြေရှင်းချက်​တစ်​ခုထုတ်​​ပေး​စေချင်​ပြီး​ကေ့(ခ်ျ​)ကိုလည်းလူလုံးပြထွက်​လာပြီး အ​ခြေအ​နေ​တွေကိုရှင်း​စေချင်​တယ်​တဲ့.."

တွေ ​ကေ့(ခ်ျ​)အ​ခြေအ​နေကို အတုဆိုပြီးတကယ်​ထင်​​နေတယ်​​ပေါ့.."


"​ကေ့(ခ်ျ​)..သူ..သူ​​သေဆုံးရ​တော့မှာ.."


"​ကေ့(ခ်ျ​)ကိုငြိမ်းငြိမ်းချမ်းချမ်းသွား​စေချင်​တယ်​ ဒါ​ကြောင့်​...သူ့နာမည်​ပျက်​စီးသွားပြီးမ​သေဆုံးပါ​စေနဲ့"


Footnotes:




_______
[5847 words]

[Unicode]

ရှန့်ခယ် ခေါင်းအုံကိုမှီထားပြီး သူ့ရှေ့က ရုပ်ကြွမျက်နှာပြင်ကိုစိုက်ကြည့်နေတယ် အစီစဉ်က နိုင်ငံတော်တည်ထောင်တဲ့အခမ်းအနားကို ထုတ်လွှင့်ပြသနေတယ်

ကွင်းပြင်မှာ လူအုပ်ကြီးက အသက်ဝင်ပြီး
ပျားပန်းခတ်မျှ အလုပ်ရှုပ်နေတယ် ရာဗယ်(လ်) က သွားရမဲ့လမ်းကြောင်းအတိုင်း နှေးနှေးလေးမောင်းနေတဲ့ လွန်းပြန်ယာဉ်ပေါ်ထိုင်နေတယ်

ရေတပ်ကာကွယ်ရေးအဖွဲ့က ကိုယ်ရံတော်တွေက ဘယ်ဘက်ညာဘက်လိုက်ပါကာကွယ်နေကြတယ် သူတို့တွေကောင်းကင်ကိုသေနတ်ဖောက်လိုက်တော့ ရောင်စုံပန်းတွေထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးခမ်းနားသွားတယ်

တကယ်လို့ လူတစ်ယောက်သာ ရာဗယ်(လ်)လို ပြည့်စုံရင် သူ့ဘဝကနေထိုင်ဖို့အရမ်းတန်တယ်လို့ ရှန့်ခယ်ထင်တယ် အင်ပါယာအသစ်ရဲ့ဘုရင်တစ်ပါးဖြစ်ပြီး သူ့အောက်ကလူတွေနဲ့ဆိုရင်
တစ်ကမ္ဘာလုံးမှာ သူကနံပါတ်၁ပဲ

"ဗိုလ်ချုပ်ကြီးရာဗယ်(လ်)...အာ..မဟုတ်ဘူး...အရှင်မင်းကြီးလို့ခေါ်သင့်ပြီ
အရှင်မင်းကြီးကအရမ်းမိုက်တယ်နော်!"
သူနာပြု အမကြီးက မျက်ဝန်းထဲမှာကြယ်တွေ တလက်လက်တောက်ပနေပြီး ချီးကျူးနေတယ်

ရှန့်ခယ်ကသဘောတူကြောင်းပြဖို့ခေါင်းညိတ်ပြလိုက်တယ် ရာဗယ်(လ်) သုံးပုံနှစ်ပုံလောက် မိုက်တာတော့ မဝန်ခံချင်ဝန်ခံချင်နဲ့ ဝန်ခံရမယ်
(Jas-ပေပီသာအမိုက်ဆုံးပါ😝)

ရာဗယ်(လ်) က စင်မြင့်ပေါ်တက်သွားပြီး မိန့်ခွန်းသပြောဖို့လုပ်တယ် သူ့ပုံစံကအရမ်းတည်ငြိမ်နေပြီး မျက်ဝန်းတွေက ခိုင်မာလွန်းတယ် စစ်သားတစ်ယောက်ရဲ့ စည်းကမ်းတင်းကြပ်ဟန်နဲ့ တော်ဝင်မျိုးနွယ်ရဲ့ ကျက်သရေရှိမှုက ရောယှက်နေပြီး ထူးခြားတဲ့ဆွဲဆောင်မှုကိုပေးလို့ လူတွေရဲ့ရင်ထဲ
လေးစားမှုတွေပေါ်လာတယ်

သူ ခရူး(စ်)ရဲ့အုပ်ချုပ်မှုကိုဖျက်သိမ်းကြောင်းနဲ့ အင်ပါယာ အသစ်ကြီးတည်ထောင်မှုကို ကျယ်ကျယ်လောင်လောင် ကြေညာလောက်တော့ လူတွေအကုန်လုံးအားပေးကြတော့တယ် ငိုကြရီကြဖက်ကြနဲ့ ခံစားချက်တွေရောထွေးနေခဲ့တယ်

ရှန့်ခယ်က ဒီကမ္ဘာက လူမဟုတ်ဘူး ဒါကြောင့် ခရူး(စ်)အုပ်ချုပ်မှုအမှောင်လောကရဲ့ရက်စက်မှုကို မကြုံဖူးဘူး ဒါပေမဲ့ သူတို့တွေလှိုက်လှိုက်လှဲလှဲပြောနေတာမြင်ရတော့ သူလည်း စိတ်ထဲခံစားသွားရတယ်

အမှန်တော့ သူရဲကောင်းတစ်ယောက်လိုဆက်ဆံခံရတာက တော်တော်လေးကောင်းတယ်
သူရဲကောင်း'အတုအယောင်'လို့သူ့ကိုသတ်မှတ်နိုင်ပေမဲ့ တကယ်တော့သူလည်း နှိပ်စက်တာတွေခံခဲ့ရတာပဲလေ ဒါကြောင့်
ကောင်းကောင်းဆိုးဆိုး သူဘာမှ အကျိုးမပြုခဲ့ရင်တောင် အားသွန်ခွန်စိုက် ကြိုးစားခဲ့တယ်
ရှန့်ခယ် သူလည်း 'တခြားသူတွေနဲ့အတူပျော်ရွှင် အောင်ပွဲခံသင့်တယ်'လို့ တွေးမိတယ်

ဒီအခိုက်အတန့်မှာ ရာဗယ်(လ်)က ရုတ်တရက်
ခေါင်းမော့ပြီး မီးတောက်အကြည့်နဲ့ကြည့်လိုက်တယ် စခရင်ပေါ်ကိုဖြတ်သွားကာ တစ်နေရာရာကိုစိုက်ကြည့်နေဟန်...။

"အိုး..!" သူနာပြုအမက တိုးတိုးလေးထအော်တယ် ပြီးတော့ သူ့နားကပ်ပြီးပြောတော့တယ်
"သခင်လေးကေ့(ချ်) အရှင်မင်းကြီးက သခင်လေးကိုကြည့်နေတာဖြစ်မယ်!"

မစပဲနေလို့မရဘူးလား..သူ့ဟာသူတစ်လောကလုံးကိုအုပ်စိုးမယ်ဆိုတဲ့သဘောနဲ့ကြည့်တာလေ...

သူနာပြုအမက သူဘာမှပြန်မပြောတာတွေ့တော့ ချက်ချင်းစိုးရိမ်သွားပြီး သူ့နားရောက်လာကာ စက်ကိရိယာကိုစစ်ဆေးပြီးမေးလိုက်တယ်
"သခင်လေးကေ့(ချ်) ဘယ်လိုနေလဲ တစ်နေရာရာ နေမကောင်းလို့လား"

ရှန့်ခယ်က သူမဘာကြောင့်ဒီလောက်စိတ်လှုပ်ရှားနေလဲ နားမလည်လို့စိတ်ရှုပ်ထွေးစွာကြည့်လိုက်တယ် သူ နေကောင်းတယ်မဟုတ်ဘူးလား..
သူပြဿနာတစ်ခုခုရှိရင် ရုပ်ကပိုတောင်ချောလာဦးမယ်(ရုပ်ရည်မြှင့်တင်နိုင်စွမ်းကမင်းကိုပိုပိုပြီးချောလာစေတယ်)[၁]

သူနာပြုလည်း သူဘာမှမဖြစ်တာသေချာတော့မှ
အသက်ရှူထုတ်ပြီးပြောလိုက်တယ်..
"အရှင်မင်းကြီးက သခင်လေးအခြေအနေကိုသေချာ
ဂရုစိုက်ဖို့မှာသွားတာ သခင်လေး အခမ်းအနားကြည့်နေုတုန်း မထင်မှတ်တာတစ်ခုခုဖြစ်မှာစိုးလို့တဲ့"

ဘာမထင်မှတ်တာဖြစ်မှာမို့လို့လဲ ရာဗယ်(လ်) က သူ စိတ်အလှုပ်ရှားလွန်ပြီးသေသွားမှာကြောက်တာလား အင်း...မစိုးရိမ်ပါနဲ့ သူ ရှင်သန်ဖို့ နောက်ထပ်၃ရက်ကျန်သေးတယ်

အခမ်းအနားမှာ သုံးနာရီတောင်ကြာမြင့်ခဲ့တယ် ရာဗယ်(လ်)ပြန်တဲ့အချိန်မှာတောင် လူအုပ်ကြီးက မကွဲသေးဘူး..

ရှန့်ခယ် တီဗွီလိုင်းပြောင်းခါနီးအချိန်မှာပဲ
ရာဗယ်(လ်)ဆီက ဖုန်းဝင်လာတယ် အချိန်ကိုကြည့်ရင် သူတော်တော်လေးအလုပ်ရှုပ်နေမဲ့အချိန် ဒါတောင် ဖုန်းဆက်ဖို့မမေ့ဘူး သူကအတော်လေး
စဉ်းစားပေးတတ်တဲ့သူငယ်ချင်းပဲ[၂]

"မင်း အခမ်းအနားကိုကြည့်ခဲ့လား"

ရှန့်ခယ် ခေါင်းညိတ်ပြလိုက်တယ်

"မင်းပျော်တယ်မလား"

ဒါပေါ့ ရှန့်ခယ် ဆက်ခေါင်းညိတ်ပြတယ်

"ဒီနေ့ နေ့လည်ကျရင် ဧည့်ခံပွဲတစ်ပွဲရှိသေးတယ် အဲသွားဖို့ ကိုယ်မင်းကိုခေါ်ချင်ပေမဲ့ မင်းခန္ဓာကိုယ်အတွက် ကိုယ်စိုးရိမ်တယ်..."

ရာဗယ်(လ်)က စခရင်ထဲကရှန့်ခယ်ကို သေချာစစ်ဆေးကြည့်ပြီး အဆင်ပြေတာသေချာတော့မှ စိတ်သက်သာသွားတယ်

အမှန်တော့ ရှန့်ခယ် အဲ ဧည့်ခံပွဲကိုသွားပြီး လောကကြီးကိုကြည့်ချင်တယ် ဒါက ဒီကမ္ဘာရဲ့ဧည့်ခံပွဲလေ! သူက နောက်ဆုံးမှာ အာဏာရှိတစ်ယောက်နဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်လာပြီ ပြီးတော့ ဒီလိုအခွင့်အရေးမျိုးနောက်တစ်ကြိမ်ရလောက်မှာမဟုတ်ဘူး...

ရာဗယ်(လ်)ကောင်လေးရဲ့တောက်ပနေတဲ့မျက်ဝန်းတွေကိုကြည့်မိတော့ အေးစက်နေတဲ့အငွေ့အသက်တွေကလျော့ပါးသွားတယ်

"အရှင်မင်းကြီး အားလုံးကစောင့်နေပါတယ် "
ရာဗယ်(လ်) ဘက်အခြမ်းကနေခန်း
အသံကိုကြားလိုက်ရတယ်

ရာဗယ်(လ်) အသိပြန်ဝင်လာပြီး ရှန့်ခယ်ကို
မှာလိုက်တယ်
"ကောင်းကောင်းအနားယူပြီး ကိုယ်ပြန်လာတာကိုစောင့်နေနော်.."

ဖုန်းခေါ်တာပြီးသွားတော့ သူနာပြုအမက ရှန့်ခယ်ကို စောင်ပြန်ခြုံပေးပြီး ပြုံးရင်းစလိုက်တယ်
"အရှင်မင်းကြီး ပြောထားတယ်နော်
ကောင်းကောင်းအနားယူရမယ်တဲ့ အမိန့်မနာခံလို့မရဘူးနော်"

ရှန့်ခယ် နှုတ်ခမ်းတွေအပေါ်ကော့တက်သွားပြီး တွေးလိုက်တယ်
အစ်မက ကျွန်တော့်ဘေးမှာ သူထားထားတဲ့
အတွင်းလူဆိုတာ မသိဘူးမထင်နဲ့ အလိမ်အညာကြီး စပိုင်ကြီး! [၃]

သူ သူမကိုတိတ်တဆိတ် အော်ဟစ်ပြီးနောက်မှာ
တော့ ရှန့်ခယ်မျက်ဝန်းတွေမှိတ်လိုက်ပြီး လိမ်လိမ်မာမာ အိပ်လိုက်တယ်
အဆုံးမှာတော့ ကိုယ်တစ်ပိုင်းသေနေတဲ့လူတစ်ယောက်ကပြေးလွှားခုန်ပေါက်နေလို့ရနိုင်မယ်လို့ မျှော်လင့်လို့ရမှာလဲ
[Jas-ကလေးရယ်😢]

အဲညမှာ ရာဗယ်(လ်) က တခြား လူမှုရေးပွဲတွေကို ရွှေ့ဆိုင်းကာ အဝတ်အစားမလဲဘဲနဲ့တောင် ဆေးရုံကိုအမြန်တိုက်ရိုက်ပြန်တယ်

သူ အခန်းတံခါးရောက်ခါနီး ခြေလှမ်းတွေကို နှေးလိုက်ပြီး တံခါးကိုဖွဖွလေးဖွင့်လိုက်တယ် အိပ်ပျော်တာအရမ်းမြန်တဲ့ ရှန့်ခယ်ကိုမြင်တော့ သူ့ရဲ့မျက်ဆံတွေအနည်းငယ်ကျဉ်းမြောင်းသွားတယ်

သူ ဆေးရုံအိပ်ရာနားသွားပြီး ဆေးကိရိယာစက်ပေါ်က အခြေအနေတွေကိုစစ်ဆေးနေတယ် ပြီးတော့ ဖြည်းဖြည်းချင်းထိုင်ချပြီး ရှန့်ခယ်ရဲ့လက်ကိုကိုင်ပြီး အပူငွေ့ကိုစမ်းလိုက်သေးတယ် အဲတော့မှပဲ သူသက်ပြင်းချနိုင်တော့တယ်

ဆက်ပြီးရှင်သန်နေပေးတဲ့အတွက်ကျေးဇူးပါ...

[Jas-ဘာသာပြန်ရင်းငို😭]

နောက်တစ်နေ့မနက် ရှန့်ခယ် နိုးတစ်ဝက်မန်ုးတစ်ဝက်အခြေအနေမှာတံခါးကနေဖြတ်သန်းလာတဲ့အသံတစ်သံကြားလိုက်ရတယ်
ရာဗယ်(လ်)တစ်ယောက်ယောက်ကိုစကားပြောနေပုံပဲ ဒါပေမဲ့သူ့အသံကအရမ်းအေးစက်နေတယ်

"သတင်းတွေဘယ်ကထွက်လာလဲ
မြန်မြန်စုံစမ်းလေ!" သက်ဖြတ်လိုတဲ့အရိပ်အယောင်တွေရာဗယ့်(လ်)မျက်ဝန်းထဲ ဖြတ်ပြေးသွားတယ်
"ဒါ ငါ့ရဲ့ အုပ်ချုပ်မှုကိုမေးခွန်းထုတ်ရုံတင်မဟုတ်ဘူး ကေ့(ချ်)ကိုလည်းစော်ကားနေတာပဲ"

ခန်းမျက်မှောင်ကြုတ်ပြီးပြောလိုက်တယ်
"ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကိုသေချာစစ်ဆေးဖို့လူတွေရှာပြီးပါပြီ သူတို့တွေကအတုမဟုတ်ပေမဲ့..."

"ငါ မြင်ဖူးတဲ့ ကေ့(ချ်) ကိုပဲ ယုံကြည်မယ် မှန်မှန် မမှန်မှန် အဲဒါတွေက ငါ့ရဲ့ကေ့(ချ်)အပေါ်အမြင်ကို သက်ရောက်မှုမရှိဘူး"
ရာဗယ်(လ်) ခန်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်တယ်

"ဒီ တပည့်နားလည်ပါပြီ "
ခန်း ပုံစံလည်း အေးစက်သွားပြီး အလေးပြုကာ
ပြန်သွားတယ်

ရာဗယ်(လ်) အခန်းထဲ ပြန်ရောက်လာတော့ ကောင်လေးဘယ်အချိန်ကနိုးနေမှန်းမသိပေမဲ့ မတ်မတ်ထိုင်ပြီး သူ့ကိုကြည့်နေတယ်

"မင်းကြားသွားတာလား..." ရာဗယ်(လ်) သူ့ဘေးနားလျှောက်လာပြီးထိုင်ချလိုက်တယ်

ရှန့်ခယ် ခေါင်းညိတ်ပြပြီး
အကြည့်တွေနဲ့မေးလိုက်တယ်
ဘာတွေဖြစ်နေတာလဲ..

ရာဗယ်(လ်)တော်တော်ကြာတဲ့အထိ တိတ်နေပြီးတော့မှ ပုံရိပ်ယောင်မျက်နှာပြင်ကိုအကျယ်ချဲ့လိုက်တယ်

ပြထားတဲ့ပုံတွေဗီဒီယိုတွေအများကြီး..သူတို့ကိုရှင်းပြပေးဖို့တောင်းဆိုထားတာတွေလည်းပုံစံမျိုးစုံပဲ အကြောင်းအရာအားလုံးက သူနဲ့တစ်ခုမဟုတ် တစ်ခုဆိုင်နေတာချည်းပဲ

တိတိကျကျပြောရရင်တော့ ဒီခန္ဓာကိုယ်ရဲ့မူလ
ပိုင်ရှင်နဲ့ ဆိုင်နေတာပေါ့

သူဝန်ခံရမယ် ဒီသခင်လေးကေ့(ချ်)ဘဝက အရောင်အသွေးစုံလွန်းတယ် အမှောင်ဂိုဏ်းသားတွေကြား ရောနှောနေ အုပ်စုလိုက်ရန်ဖြစ် အလှလေးတွေကိုပိုး
ကိုယ့်ကိုကိုယ်အရှက်ခွဲ အားနည်းတဲ့သူတွေကိုအနိုင်ကျင့်...သူ မိုးကြိုးဂြိုလ်ငယ်ပေါ်နေရတော့ သူ့စိတ်တိုင်းကျမလုပ်ရပဲ ပျင်းစရာကောင်းတဲ့ကစားနည်းတွေသာကစားခဲ့ရတယ်

ရှန့်ခယ် အမြင်ကနေကြည့်ရင် ကေ့(ချ်)က
အချစ်မရှိတဲ့ သခင်လေးတစ်ယောက်ပဲ ဒါက သိပ်အရေးမကြီးဘူးဆိုပေမဲ့ သူက လူသိရှင်ကြားသူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့တယ် ပြည်သူ့စံပြအနေနဲ့ အမှားသေးသေးလေးတစ်ခုကတောင် ဝေဖန်ခံရစေနိုင်တယ် ဒါ့အပြင် ကေ့(ချ်)အကျင့်စရိုက်ကသိပ်မကောင်းဘူး လူအများကြီးပေါ်အပြစ်လုပ်ဖူးတယ် သူ့ရဲ့အတိတ်တွေပေါ်လာတော့ ရှုပ်ချဝေဖန်မှုတွေက ချက်ချင်းပြန့်သွားတော့တာပံ လူတော်တော်များများက သူတို့အလိမ်ခံရတယ်လို့ ခံစားလိုက်ရတယ်

【ဖာ့ခ် ကေ့(ချ်)က ဒီလိုလူလား အမှန်တရားက အရမ်းကွာတာပဲနော်!】

【ငါ သူ့ကိုစံပြအဖြစ်တောင်သတ်မှတ်ထားတာ ခုတော့ 'အန်ချင်စရာ'လို့ခေါ်သင့်နေပြီ】

【ဒီလိုကောင်မျိုးကို 'သူရဲကောင်း'လို့ခေါ်ရမယ်ပေါ့...ချီးပဲ သူက သူရဲကောင်းတွေအတွက် အရှက်ရစရာကြီး】

【အပေါ်ကစကားတွေကသိပ်ကြမ်းတာပဲ ကေ့(ချ်) ကအခုအိပ်ရာထဲလဲနေတာလေ...ပြီးတော့အကြာကြီးနေရတော့မှာမဟုတ်ဘူး မင်းတို့တွေ မသေချာတာကိုဒီတိုင်းထားလို့မရဘူးလား】

【အကြာကြီးနေရတော့မှာမဟုတ်ဘူးတဲ့လား..ဟိုဆယ်ရက်တုန်းကပဲ ဆရာဝန်က သူနှစ်ရက်ထက်ပိုမခံဘူးပြောခဲ့တဲ့ဟာ..အခုကျ အသက်ရှင်ပြီးကောင်းကောင်းနေ နေတာပဲမဟုတ်ဘူးလား】

【ကျွန်မကေ့(ချ်)ရဲ့ဆေးမှတ်တမ်းကိုမြင်ဖူးတယ် ဒီလိုဒဏ်ရာတွေနဲ့ သာမန်လူဆို
နှစ်ရက်ထက်ပိုမခံဘူး】

【ဟဲ့..ဟဲ့ ဒါ သံသယဝင်စရာကောင်းတယ်လို့မထင်ဘူးလား ကေ့(ချ်)က တမင်သက်သက် သနားခံရအောင်လုပ်တာဖြသ်မယ် ပြီးတော့ဒီမှတ်တမ်းကို အသုံးချပြီး အတိတ်ကအမှားတွေကိုဖျောက်ဖို့လုပ်တာဖြစ်မယ် ငါ့အထင် သူ့တကယ့်ဒဏ်ရာတွေက တင်ပြထားသလိုမဟုတ်လောက်ဘူးဟ】

【သေစမ်း..ဒီလိုသာဆိုရင် သူတို့တွေဘာလို့
ကေ့(ချ်)ရဲ့အတိတ်ဆိုးကြကိုရှင်းမပြကြတာလဲ!】

【သူပြောတာက...】

……
ရာဗယ်(လ်) တစ်ချိန်လုံး ကေ့(ချ်) အခြေအနေကို ကြည့်နေမိတယ် စိတ်ဓာတ်ကျသွားပြီး ခန္ဓာကိုယ်ဒဏ်ရာတွေပိုဆိုးသွားမှာစိုးရိမ်နေမိတယ်
ဒါပေမဲ့ ကေ့(ချ်)က ဒေါသမထွက်ရုံတင်မဟုတ် တည်ငြိမ်ပြီးအေးချမ်းနေမယ်လို့မထင်ခဲ့ဘူး

ဒါမှန်တယ်..ဒါကမှ သူနဲ့ ရင်းနှီးတဲ့'ကေ့(ချ်)' ပဲ
ရန်သူနှိပ်စက်မှုကိုမျက်နှာချင်းဆိုင်နေရတုန်းက မယိမ်းယိုင်ခဲ့သလို အသနားလည်းမခံခဲ့ဘူး လူတွေရဲ့ ဝေဖန်သံတွေကိုရင်ဆိုင်ရတော့လည်း သူက
အောက်ကျို့လည်းမခံ ရန်လည်းမမူဘူး
လူတစ်ယောက်ရဲ့ပြင်ပရုပ်သွင်က တခြားသူတွေကိုလိမ်လို့ရနိုင်တယ် ဒါပေမဲ့ မျက်လုံးတွေကတော့လိမ်လို့မရဘူး ကေ့(ချ်)မျက်ဝန်းမှာ အမှောင်လွှမ်းမနေဘူး အဲအစား အလင်းရောင်နဲ့ပဲပြည့်နေတယ်

အွန်လိုင်းပေါ်က မှတ်ချက်တွေက သည်းမခံနိုင်စရာပဲ ဒါတောင် ဒီကောင်လေးကအရမ်းတည်ငြိမ်နေတယ်လို့ ရာဗယ်(လ်)ထင်တယ် ဒီအကျင့်လေးကတင် ဒီကောင်လေးကို အပြည့်အဝကာကွယ်ပေးစေမိတယ်

တစ်ခါတစ်လေ စကားလုံးတွေကဓားသွားထက်တောင်ကြောက်ဖို့ကောင်းသေးတယ် တာဝန်မယူပဲ စကားလုံးအနည်းငယ်ပြောလိုက်ရုံလေးနဲ့တင် တသ်ဖက်သားကို နာကျင်စေတယ် ဒါကြောင့် ကောလဟာလေတွေလျှောက်လွင့်ပြီး ပြဿနာတွေရှာနေတဲ့သူတွေကို ရာဗယ်(လ်) အထင်သေးစပြုလာတယ်

"မစိုးရိမ်ပါနဲ့ ဒီကိစ္စကိုကိုယ့်ကိုလွှဲထား
မင်းမတရားထင်ခံရတာမျိုးကိုယ်ခွင့်မပြုဘူး.."
ရာဗယ်(လ်)က သူ့ကိုကတိပေးတယ်

အရာအားလုံးအဆင်ပြေသွားမှာ..
သူဒါကိုသိပ်ပြီး တွေးမနေဘူး
ရှန့်ခယ် သူ့ကို အဆင်ပြေသွားမှာပါဆိုတဲ့
သဘောနဲ့ပြုံးပြမလို့ပဲရှိသေး..System အသံက သူ့အတွေးထဲရုတ်တရက်ပေါ်လာတယ်
【အပိုဆောင်းmission : နှစ်ရင်အတွင်း
ရာဗယ်(လ်) စနိုက်ပါလုပ်ကြံမှုနဲ့ရင်ဆိုင်ရမယ် Hostက ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုကာကွယ်ပေးပါ】

ခန္ဓာကိုယ်မလှုပ်ရှားနိုင်တဲ့သူက ရာဗယ်(လ်)ကို ဘယ်လိုလုပ်ကာကွယ်နိုင်ပါ့မလဲ...

【Hostရဲ့အခု ကြွက်သားချို့တဲ့ခြင်း,အဆိပ်မိထားတဲ့အခြေအနေ,ပျက်စီးနေပြီဖြစ်တဲ့
အတွင်းကလီစာတွေ ပြန်ကောင်းလာစပြုတဲ့ အရိုးတွေအားလုံးကိုထည့်တွက်ရင် Host ၃စက္ကန့်
မက်တပ်ရပ်နိုင်မယ်လို့တွက်ချက်လို့ရတယ် ဒီတန်ဖိုးကြီးတဲ့၃စက္ကန့်ကို နည်းစနစ်ကျကျ အသုံးချပြီး သေခြင်းတရားကို သူရဲကောင်းဆန်ဆန်ရင်ဆိုင်ပါ"】

System မှန်မှန်ပြောစမ်း..ရာဗယ်(လ်)က
ခင်ဗျားသားလား သူ့ကိုကာကွယ်ဖို့ အသက်တစ်ချောင်းကိုဆော့ကစားနေတယ် ဒါပေမဲ့ အဲအသက်က သူ့ကိုယ်ပိုင်အသက်လေ!

【Mission အောင်မြင်ပြီးHost မသေသေးရင်
Systemကထပ်ပြီးစောင့်ဆိုင်းချိန်၁၅ရက်လက်ဆောင်ပေးပါ့မယ်】
ရှန့်ခယ်စိတ်ထဲကတွေးလိုက်တယ်
ဟဟ..ကျေးဇူးပါပဲ ဒါပေမဲ့မလိုဘူး!

ဒါပေမဲ့ နာရီအနည်းငယ်အတွင်းမှာပဲ ကောလဟာလရဲ့ဇာတ်မြစ်ကိုရှာတွေ့တယ် သူတို့တွေ ဖွတဲ့လူကိုမမိပေမဲ့ ဂေဘရီရယ်နဲ့ရင်းနှီးမှန်းသိတယ် ဂေဘရီရယ်ကိုနည်းနည်းလေးထပ်ညှင်းဆဲလိုက်တာနဲ့ ခြေရာခံလိုက်လို့ရတယ်

ဂေဘရီရယ် နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေကမသက်သာသေးဘူး သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ဒဏ်ရာ ဒဏ်ချက်တွေချည်းပဲ ပြီးတော့ ဘယ်သူမေးခွန်းမေးမေး သူပြန်ဖြေတယ် အရမ်းနာခံလွန်းလို့ ဒီထက်ပိုပြီးနာခံဖို့တောင်မဖြစ်နိုင်တော့ဘူး...

အွန်လိုင်းပေါ်မှာ ကြေညာတဲ့အချက်အလက်က ကေ့(ချ်)ရဲ့ အသက်၁၄နှစ်ကနေ၂၁နှစ်အထိ
အမည်းစက်တွေပဲ ဂေဘရီရယ် ဒါကိုလုပ်ဖို့စီစဉ်ခဲ့တာ အတော်လေးကြာနေပြီဆိုတာသိသာတယ်

တကယ်လို့ကေ့(ချ်)သာ နဂါးစွယ်ဂြိုလ်ပေါ်စောစောပြန်မလာပဲ ပုန်ကန်မှုပြီးပြီးအခြေအနေတွေငြိမ်မှပြန်လာခဲ့ရင်တောင် ဂေဘရီရယ်က ပြည်သူအမြင်ကိုထိန်းချုပ်ဖို့ အချက်အလက်တွေဖောက်ချပြဦးမှာပဲ
ဒီအခွင့်အရေးကိုအသုံးချပြီး မိသားစုအမွေဆက်ခံခွင့်ကိုယူချင်နေခဲ့တာပဲ သူ့အတွေးကိုလွယ်လွယ်လေး ခန့်မှန်းလို့ရတယ်

ရာဗယ်(လ်) အစကဂေဘရီရယ့်ကို သုတ်သင်ဖို့ မစီစဉ်ထားခဲ့ဖူးပေ...ဒါပေမဲ့ တစ်ဖက်လူက
သူ သည်းမခံတဲ့အရာကို ခဏခဏလာလာဆွမနေသင့်ဘူး!

"အရှင်မင်းကြီး အင်တာနက်ပေါ်က သတင်းတွေအားလုံးရှင်းပြီးပါပြီ ဒါပေမဲ့..."
ခန်းဆက်မပြောနိုင်ခင်တွန့်ဆုတ်သွားမိသေးတယ်
"ပြည်သူတွေက ကေ့(ချ်)ကိုတော်တော်လေး မကြည်မလင်ဖြစ်နေတယ် အစိုးရကိုဖြေရှင်းချက်တစ်ခုထုတ်ပေးစေချင်ပြီးကေ့(ချ်)ကိုလည်းလူလုံးပြထွက်လာပြီး အခြေအနေတွေကိုရှင်းစေချင်တယ်တဲ့.."

"လူကိုယ်တိုင်ပေါ်လာပြီးဖြေရှင်းပေးဖို့လား...ဒင်းတို့
တွေ ကေ့(ချ်)အခြေအနေကို အတုဆိုပြီးတကယ်ထင်နေတယ်ပေါ့.."
ဒေါက်တာဘန်နီမှာ ဒေါသတွေဆက်ပြီးမထိန်းချုပ်နိုင်တော့ပေ။

ရာဗယ်(လ်) မျက်ဝန်းတွေထဲမှာလည်း ထိန်းချုပ်ထားတဲ့ ဒေါသတွေပါဝင်နေခဲ့တယ်..

"အ..ရှင်မင်းကြီး" ဘန်နီက ရာဗယ်(လ်)ကိုကြည့်လိုက်တယ် သူ့အသံကကြေကွဲမှုအပြည့်နဲ့..
"ကေ့(ချ်)..သူ..သူသေဆုံးရတော့မှာ.."

ရာဗယ်(လ်)မျက်နှာအောက်ငုံ့ကာ လက်သီးကိုခပ်တင်းတင်းဆုပ်ထားတယ်

"ကေ့(ချ်)ကိုငြိမ်းငြိမ်းချမ်းချမ်းသွားစေချင်တယ် ဒါကြောင့်...သူ့နာမည်ပျက်စီးသွားပြီးမသေဆုံးပါစေနဲ့"
ဘန်နီသက်ပြင်းမောချကာ လှည့်ထွက်ပြန်သွားတော့တယ်

သူနဲ့ရင်းရင်းနှီးနှီးထိတွေ့ဆက်ဆံနေရတဲ့သူတွေအကုန်လုံး သူက စိတ်ဓာတ်ခိုင်မာပြီး သဘောကောင်းတဲ့ကလေးဆိုတာသိကြတယ်
အတိတ်ကိုထားပြီး အခုလက်ရှိ
ဒီကောင်လေးက...အားလုံးရဲ့လေးစားမှုနဲ့အချစ်ခံရဖို့ထိုက်တန်တယ်...

Footnotes:

[၁]ရုပ်ကပိုတောသ်ချောလာဦးမယ်ဆိုတာက တရုတ်စကားလုံးမှာ သေဆုံးသွားတာနဲ့အတူတူပါ ဒါကြောင့် ရှန့်ခယ်က သေရတာနဲ့ပတ်သတ်ပြီးနောက်လိုက်တာပါ

[၂]ဒီသူငယ်ချင်းလို့ရေးထားတဲ့အသုံးနှုန်းကတော့ လိင်တူတဲ့သူငယ်ချင်းတွေကိုပြောတာပါ တစ်ခါတစ်ရံ
Gay partner တွေကိုလည်းခေါ်ပါတယ်

[၃]ဒါကလည်း ဗန်းစကားပါ အလိမ်အညာကြီးလို့ရေးထားတဲ့အသုံးအနှုန်းက
သူလျှိုဆိုတဲ့အသုံးနှုန်းနဲ့တူပါတယ် သူက ပုံစံအမျိုးမျိုးပြောလိုက်တာပါ

_______
[5847 words]

Continue Reading

You'll Also Like

376K 37.1K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
1.4M 60.4K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
158K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
612K 59.4K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...