Zawgyi
စုန္႔ယီြသည္ ရန္ထင္း၏ဘဝအမွန္ေၾကာင့္ လံႈ႕ေဆာ္ခံလိုက္ရျပီး အိပ္မေပ်ာ္ေတာ့ေခ်။ သူသည္ အိပ္ရာေပၚတြင္ အခ်ိန္အေတာ္ၾကာေအာင္ လူးလိွမ့္ျပီးေနာက္ ကြ်န္းကို စူးစမ္းရန္ အဝတ္အစားလဲဝတ္လိုက္သည္။
သူ ေဝးေဝးမသြားရေသးခင္ ကမ္းေျခတြင္ တစ္ေယာက္နားတစ္ေယာက္ကပ္ကာ ထိုင္ေနသည့္လူနွစ္ေယာက္ကို ေတြ႕လိုက္ရသည္။ သူတို႕ကိုၾကည့္ရတာ ရင္းနွီးေနသလိုပဲ။ စုန္႔ယီြက ေရွ႕ဆက္တိုးရန္ ျပင္ေနစဥ္ ေနာက္သို႕အဆြဲခံလိုက္သည္။ သူလွည့္ၾကည့္ေသာအခါ စေတာ္ဘယ္ရီအင္တာတိန္းမန္႔မွ အစ္မလ်ိဳ႕ဖိန္ကို ျမင္လိုက္ရသည္။ "အစ္မလ်ိဳ႕…"
လ်ိဳ႕ဖိန္၏ ရွည္လ်ားေသာဆံပင္ကို ပုဝါျဖင့္ရစ္ပတ္ထားျပီး မီးေတာက္ကဲ့သို႔ ၀တ္စုံကို ၀တ္ထားသည္။ "မင္းဘာသြားလုပ္မလို႔လဲ။"
'ဒီလူက တကယ့္ကို အထူအပါးနားမလည္ဘူးပဲ။'
'ေက်ာင္းေက်ာင္းက သူ႕ကို အစ္မဖိန္ဖိန္လို႕ ေခၚတယ္။'
"ေရွ႕မွာထိုင္ေနတဲ့လူက လီေက်ာင္းနဲ႕တူလို႕ ကစားပြဲမွာ တူတူပါမလို႕ေလ။" စုန္႔ယီြက ထိုေနရာကို ေငးေနဆဲပင္။
"လူႏွစ္ေယာက္ ေအးေဆးစကားေျပာေနတာေတာင္ မင္းကသြားခ်င္ေသးတာလား။ အပိုမီးသီးေလး ျဖစ္ခ်င္လို႕လား။" လ်ိဳ႕ဖိန္က မ်က္ခုံးပင့္လိုက္၏။ "အသက္ 20 အ႐ြယ္လူတစ္ေယာက္ဟာ ဒီေလာက္ေတာင္ မသိနားမလည္ေသးတာလား။"
စုန္႔ယီြ "???"
"အေဝးၾကီး မသြားနဲ႕… ဒီလူက စေတာ္ဘယ္ရီအင္တာတိန္းမန္႔ကလူ။ သူက လီေက်ာင္းအေပၚ အေႂကြးတင္ၿပီး အျပစ္ရွိတယ္လို႕ ခံစားရလို႕ လီေက်ာင္းကို သည္းခံေနတာ။ တျခားသူအေပၚ အေၾကြးတင္မေနဘူး။"
"မင္းေသခ်င္ရင္ အ့ဲကိုသြားလို႔ရတယ္။" လီေက်ာင္း၏ တကၠသိုလ္ဝင္ခြင့္ဂုဏ္ျပဳပြဲ က်င္းပေပးသည့္သူ၏ အမည္ကို ဥကၠ႒စြန္းက သူမအား ရွင္းရွင္းလင္းလင္း မေျပာျပထားေသာ္လည္း ၎ကို မွန္းဆထားၿပီးျဖစ္သည္။
ခ်န္ဟြမ္း၏ႏွစ္ပတ္လည္အခမ္းအနားတြင္ ခ်င္ေရွာင္းသည္ ခ်န္ဟြမ္းသူေဌးႀကီးေၾကာင့္ လီေက်ာင္းကို ဂ႐ုစိုက္ေပးခ့ဲ၏။ လုရန္ရိသည္ မၾကာေသးမီက လီေက်ာင္းေၾကာင့္ သူ၏ ေထာက္ခံခ်က္မ်ားစြာကို ဆုံးရႈံးခဲ့ရေသာ္လည္း Weibo တြင္ လီေက်ာင္းအား ခ်ီးက်ဴးေျမွာက္ပင့္သည့္စာမ်ား ေရးသားခ့ဲေသးသည္။
စုန္႔ယီြက ေနာက္ဆုံးတြင္ တုံ႕ျပန္လိုက္သည္။ လီေက်ာင္း နဲ႕ ထိုင္ေနတာ အဲဒီလူႀကီးလား။ လ်ိဳ႕ဖိန္က သူ႕အား တားလိုက္သည့္အတြက္ တိတ္တိတ္ေလး ဝမ္းသာသြားမိသည္။ မဟုတ္ရင္ သူခ်က္ခ်င္းေသသြားလိမ့္မယ္။
စုန္႔ယီြ နားလည္သြားသည္ကို ျမင္ေသာအခါ လ်ိဳ႕ဖိန္ျပဳံးလိုက္သည္။ "မသြားေတာ့ဘူးလား။"
စုန္႔ယီြ ေခါင္းယမ္းလိုက္သည္။
"မင္းက အရမ္းၾကီး မနံုအဘူးပဲ။" လ်ိဳ႕ဖိန္သည္ စီးကရက္တစ္လိပ္ကို ႏႈတ္ခမ္းၾကားတြင္ ထည့္ကာ တစ္ရႈိက္မ်ွ ရႈသြင္းျပီး မီးခိုးေငြ႕မ်ားကို ျဖည္းညွင္းစြာ မႈတ္ထုတ္လိုက္သည္။ "မင္း ဘာပဲျမင္ျမင္ အျပင္ကို ထုတ္မေျပာနဲ႕။ မင္းအတြက္ မေကာင္းဘူး။"
"ကြၽန္ေတာ္သိပါတယ္။" စုန္႔ယီြသည္ လ်ိဳ႕ဖိန္ ႏွင့္ ဆန႔္က်င္ဘက္သို႔ ေလွ်ာက္သြားခဲ့သည္။
"စြမ္းအားၾကီးတဲ့ ဆက္ဆံေရးအေၾကာင္း မင္းလည္း သိမွာပါ။" လ်ိဳ႕ဖိန္သည္ သူမ၏ဆံပင္မ်ားကို စုစည္းလိုက္သည္။ "ဒီလူႀကီးက လီေက်ာင္းကို အရမ္းအေလးထားတယ္။ မင္း ျပန္သြားတာနဲ႕ ေမ့သင့္တ့ဲအခ်က္အလက္ေတြအကုန္လံုးကို ေမ့ပစ္လိုက္။ ကိုယ့္ကိုယ္ကိုယ္ ဒုကၡမေပးနဲ႕။"
စုန္႔ယီြ၏ ႏႈတ္ခမ္းမ်ား လႈပ္သြားသည္။ သူ အခ်ိန္အေတာ္ၾကာေအာင္ ႏႈတ္ဆိတ္ေနခ့ဲျပီး "လီေက်ာင္း၊ သူ... ဆႏၵရွိရဲ႕လား။" ဟု ေမးလိုက္သည္။
လ်ိဳ႕ဖိန္သည္ စီးကရက္ဘူးကို ထုတ္ကာ အမွိုက္ပုံးထဲသို႔ ပစ္ခ်ရင္း ရယ္ေမာလိုက္၏။ "မင္း ဘယ္လိုထင္လဲ။"
"လီေက်ာင္း ရဲ႕ ကိုယ္ရည္ကိုယ္ေသြးအရေျပာရရင္... ဒါဟာ ဆႏၵအေလ်ာက္ ျဖစ္သင့္တယ္။"စုန္႔ယီြက စိတ္ပူေနေသးသည္။ "ဒါေပမ့ဲ..."
"က်စ္…" လ်ိဳ႕ဖိန္က သူ႕ႏႈတ္ခမ္းဆီသို႔ လက္ညိွဳး တင္လိုက္သည္။ "တစ္ခါတေလမွာ သူငယ္ခ်င္းတစ္ေယာက္က ကိုယ့္အတြက္ မွန္ကန္တဲ့ အႀကံဉာဏ္ေတြ ေပးတတ္ေပမ့ဲ ဒါက စိတ္ပိုင္းဆိုင္ရာ ကိစၥတစ္ခုပါ။ ခံစားခ်က္ဆိုတာမ်ိဳးက ဖိနပ္စီးတာနဲ႕တူတယ္။ ကိုက္ညီမႈရွိမရွိ လူကိုယ္တိုင္ပဲသိမွာ။ သူ ေျပာမျပခင္ တျခားလူေတြက ထင္ရာျမင္ရာ ေလ်ွာက္မခန္႔မွန္းသင့္ဘူး။"
စုန္႔ယီြက လ်ိဳ႕ဖိန္ကို ခဏေလာက္ စိုက္ၾကည့္ေနတယ္။ "မင္းၾကည့္ရတာ... လီေက်ာင္းကို အရမ္းသေဘာက်တ့ဲပံုပဲ။"
လ်ိဳ႕ဖိန္၏ခ်ဥ္းကပ္မႈသည္ လူတိုင္းအတြက္ ေခ်ာေမြ႕ေကာင္းမြန္ေသာ္လည္း သူမသည္ ရိုးသားေလ့မရွိပါ။ သို႔ေသာ္ သူမ၏ လီေက်ာင္းအေပၚ ဆက္ဆံပုံမွာ မၾကာရွည္ေသးေသာ္လည္း ရိုးရွင္းၿပီး ေခ်ာေမြ႕လွသည္။
"ခ်စ္စရာေကာင္းတဲ့ ေကာင္ေလးေတြကို ဘယ္သူက မႀကိဳက္မွာလဲ။" လ်ိဳ႕ဖိန္သည္ စုန္႔ယီြကို ၾကည့္လိုက္သည္။ "ဟုတ္တာပါ့၊ မင္းမွာ ဒီလိုအေတြ႕အႀကဳံရွိမွာ မဟုတ္ဘူး။"
စုန္႔ယီြ : သူ႕မ်က္ႏွာနဲ႕ ပတ္သက္ၿပီး တိုက္ခိုက္ခံရတာလား။ ေသခ်ာတယ္၊၊ စေတာ္ဘယ္ရီအင္တာတိန္းမန္႔ နဲ႕ ပတ္သတ္ၿပီး ေကာင္းတာတစ္ခုမွ မရွိဘူး။
ေနာက္တစ္ေန႕မနက္တြင္ လီေက်ာင္း ထမင္းစားခန္းသို႔ သြားေသာအခါ ရႈပ္ေထြးေသာအမူအရာျဖင့္ အေဝးမွ သူ႕ကို စိုက္ၾကည့္ေနေသာ စုန္႔ယီြကို ေတြ႕လိုက္ရသည္။
"ဘာမွားေနလို႔လဲ။" သူ ခ်ဥ္းကပ္လာၿပီး စုန္႔ယီြကို ေမးလိုက္သည္။
"ငါ မင္းရဲ႕ ခံစားခ်က္နဲ႔ဆိုင္တ့ဲ ေ႐ြးခ်ယ္မႈေတြကို ေလးစားတယ္။" စုန္႔ယီြက လီေက်ာင္းကို တည့္တည့္ မၾကည့္ဘဲ ေျပာလိုက္သည္။ "ဒီကိစၥနဲ႕ ပတ္သက္ၿပီး ဘယ္သူ႕ကိုမွ မေျပာျပမွာမို႕လို႕ စိတ္ခ်ပါ။ အနာဂတ္မွာ တစ္ခုခုလိုအပ္ရင္ ငါ့ကို ေျပာေလ။ အေသးအဖြဲအရာေလးေတြဆို ကူညီေပးနိုင္တယ္။ ဒါေပမ့ဲ ခ်န္ဟြမ္းလုိကုမၸဏီႀကီးတစ္ခုနဲ႕ တိုက္ခိုက္ေနတယ္ဆိုရင္ ငါ့ကို မေျပာနဲ႔။ ငါ မင္းကို မကူညီနိုင္ဘူး။"
လီေက်ာင္း "......"
ဒါဆိုရင္ေတာ့ မင္းကိုယ္မင္း ေကာင္းေကာင္းနားလည္သြားၿပီ။
"ဘယ္စိတ္ခံစားခ်က္ ေ႐ြးခ်ယ္မႈလဲ။" လီေက်ာင္း သည္ ေခါင္းစဥ္၏ဦးတည္ရာကို ဖမ္းဆုပ္လိုက္သည္။
"မင္းငါ့ကို ဖုံးကြယ္ထားစရာ မလိုဘူး။ ငါ မေန႕ညက ေတြ႕ခ့ဲတယ္။" စုန္႔ယီြက တိုးတိုးေလး မေျပာခင္ စကၠန႔္အနည္းငယ္ေလာက္ တံု႕ဆိုင္းေနၿပီး " မင္းတို႕ ေပ်ာ္႐ႊင္ပါေစလို႔ ဆုေတာင္းပါတယ္။"
"ေက်းဇူးတင္ပါတယ္။"
စုန္႔ယီြသည္ လီေက်ာင္းကို မယုံနိုင္စြာ ၾကည့္လိုက္သည္။ ဒီအသံက... လီေက်ာင္းအသံနဲ႕မတူဘူး။ သူလွည့္ၾကည့္လိုက္ျပီးေနာက္ သူ႕မ်က္ႏွာေပၚရွိ အမူအရာမွာ ေအးခဲျပီး ေသမတတ္ေၾကာက္လန္႔သြားသည္။ ရန္ထင္းက ဘယ္လိုလုပ္ ဒီမွာရွိေနတာလဲ။ ငါ ေျပာတာေတြကို သူၾကားလိုက္တာလား။
ရန္တင္၏ ညင္သာေသာ အမူအရာကို ျမင္လိုက္သျဖင့္ စုန္႔ယီြသည္ သူ႕လက္ကို အျမန္ေဝွ႕ယမ္းလိုက္သည္။ "ရပါတယ္၊ ရပါတယ္၊ ဒီလိုမ်ိဳးျဖစ္သင့္တာပဲ။" ထို႔ေနာက္ ႂကြက္တစ္ေကာင္လို ထြက္ေျပးသြားသည္။
ေမေမေရ ေဖေဖေရ…သား ေၾကာက္တယ္။
ဘာေတြလဲ။
လီေက်ာင္းသည္ သူခိုးကဲ့သို႔ ေျပးသြားေသာစုန္႔ယီြကိုတစ္လွည့္ ရန္ထင္းကို တစ္လွည့္ ၾကည့္လိုက္သည္။
"မနက္စာ သြားစားေတာ့ေလ။" ရန္ထင္းက လီေက်ာင္း၏လက္ကိုကိုင္ကာ သာမန္က့ဲသို႕ ျပဳမူလိုက္သည္။ "ထမင္းစားၿပီးရင္ အ၀တ္အစားလဲဖို႕ ေခၚသြားေပးမယ္။"
တြဲထားသည့္ လက္ႏွစ္စံုကို ၾကည့္ရင္း လီေက်ာင္းက ရန္ထင္းမွာ သားျဖစ္သူကို ၾကြားဝါေနသည့္ ရူးနွမ္းနွမ္းဖခင္ဘဝသို႕ လုံးလုံးလ်ားလ်ား ေရာက္ရွိေနသည္ဟု သံသယဝင္သြားသည္။ နည္းနည္းရွက္စရာေကာင္းေပမဲ့... သူအရမ္းေပ်ာ္တယ္။
ဧည့္သည္မ်ားက ရန္ထင္းႏွင့္ လီေက်ာင္းလက္တြဲလာသည္ကိုျမင္ၿပီး အၿပဳံးျဖင့္ ႏႈတ္ဆက္ၾကသည္။ မည္သူကမွ တစ္ခုခု မွားေနသည့္အမူအရာ မျပေခ်။ အားလုံးက သူတို႔ဘာသာထမင္းစားရင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စကားစျမည္ေျပာေနၾက၏။ လ်ိဳ႕ဖိန္က အစားအေသာက္ ဓာတ္ပုံအနည္းငယ္ ရိုက္ယူခဲ့ေသာ္လည္း တူမ်ားကို မေရႊ႕ခ့ဲေပ။
ကင္မရာေပၚတြင္ ၾကည့္ေကာင္းေစရန္အတြက္ လ်ိဳ႕ဖိန္သည္ ႐ုပ္ရွင္ရိုက္ကူးေနစဥ္အတြင္း သူမ၏အစားအေသာက္ကို တင္းၾကပ္စြာ ထိန္းခ်ဳပ္ထားၿပီး သူမ၏ခႏၶာကိုယ္ပုံသ႑ာန္ကို ပ်က္ယြင္းခြင့္မျပဳေခ်။ သူမက ၿမိန္ရည္ယွက္ရည္စားေသာက္ေနေသာ လီေက်ာင္းကို ၾကည့္ကာ သက္ျပင္းတိုးတိုးေလး ခ်လုိက္မိသည္။ ဒါက ဘဝပဲ။ တခ်ိဳ႕လူေတြက ဘယ္ေလာက္စားစား မဝလာဘူး။ ဘုရားသခင္က သူ႕အေပၚ တကယ္ မ်က္နွာလိုက္တယ္။
တကၠသိုလ္ဝင္ခြင့္ဂုဏ္ျပဳပြဲမွာ အလြန္အသက္ဝင္လွသည္။ ရန္ထင္းသည္ အခမ္းအနား တစ္ေလ်ွာက္လုံးတြင္ လီေက်ာင္း၏မိသားစုဝင္တစ္ဦးအျဖစ္ ရပ္တည္ခ့ဲ၏။ ႂကြေရာက္လာသူတိုင္းသည္ ရန္ထင္း၏ကာကြယ္မႈႏွင့္ လီေက်ာင္းအေပၚ ဂ႐ုစိုက္မႈကို ျမင္ေတြ႔နိုင္သည္။
ဧည့္သည္မ်ားကလည္း လီေက်ာင္းအား အခ်ိန္အေတာ္ၾကာကတည္းက ျပင္ဆင္ထားသည့္ လက္ေဆာင္မ်ား ေပးခ့ဲၾကသည္။ စုန္႔ယီြက အရိုးရွင္းဆုံးပင္။ သူသည္ လီေက်ာင္းကို ေငြအေျမာက္အျမားပါသည့္ ခ်က္လက္မွတ္တစ္ေစာင္ တိုက္ရိုက္ေပးခဲ့သည္။
"မင္း ဘာႀကိဳက္လဲ မသိတာနဲ႕ ငါမင္းကို ပိုက္ဆံ ေပးလိုက္တာ။"စုန္႔ယီြက ရပ္လိုက္သည္။ "ေပက်င္းတကၠသိုလ္ကို တက္ေရာက္ခြင့္ရတဲ့အတြက္ ဂုဏ္ယူပါတယ္။ ေတာက္ပတဲ့အနာဂတ္ေလး ပိုင္ဆိုင္နိုင္ပါေစလို႕ ငါဆုေတာင္းေပးပါတယ္။"
"ေက်းဇူးပါ။" လီေက်ာင္းသည္ ခ်က္လက္မွတ္ကို ျငင္းပယ္ျခင္းမရွိေပ။
လီေက်ာင္းသည္ ဤခ်က္လက္မွတ္အား လက္ခံသည္ကိုျမင္ၿပီးေနာက္ စုန္႔ယီြ၏ႏွလုံးသားထဲတြင္ က်န္ေနေသးေသာအျပစ္ရွိစိတ္မ်ား ေပ်ာက္ကြယ္သြားခဲ့သည္။ သူက လီေက်ာင္းအနားတြင္ ရပ္ေနသည့္ရန္ထင္းကို ၾကည့္ၿပီး အသံကို ေလွ်ာ့လိုက္၏။ "မင္းနဲ႕မစၥတာရန္တို႕ ဘဝတစ္သက္လံုး တူတူေနထိုင္သြားနိုင္ပါေစလို႕လည္း ငါဆုေတာင္းပါတယ္။"
လီေက်ာင္းက ဘာမွမေျပာရေသးခင္ သူ လွည့္ထြက္ျပီး ဧည့္သည္မ်ားရွိရာဆီသို႕ ေလွ်ာက္သြားခ့ဲသည္။
လီေက်ာင္းက ရန္ထင္းႏွင့္ မ်က္ႏွာေပၚတြင္ ေကာင္းခ်ီးေပးသည့္ အၿပဳံးတစ္ခု ပန္ဆင္ထားသည့္ စုန္႔ယီြကို ၾကည့္လိုက္သည္။ လီေက်ာင္းက သူ ရန္ထင္း၏ဂုဏ္သိကၡာကို ပ်က္စီးေစမိျပီဟု ေတြးမိသြားသည္။
လီေက်ာင္းအေပၚ ရန္ထင္း၏ သေဘာထားကို သိၿပီးေနာက္ ဇီက်ားအင္တာတိန္းမန္႔၏ ဥကၠ႒ခ်န္းမွာ ဝမ္းေျမာက္ဝမ္းသာျဖစ္ခ့ဲရသည္။ သူ အရွက္မရွိဘဲ လီေက်ာင္းရဲ႕ပြဲကို တက္ခ့ဲလို႕ ေတာ္ေသးတယ္။ မဟုတ္ရင္ လီေက်ာင္းက ရန္ထင္းရဲ႕ ႏွလုံးသားထဲမွာ အရမ္းအေရးႀကီးတယ္ဆိုတာကို သူဘယ္လိုသိနိုင္မွာလဲ။
ရႈမိသားစုက ေတာ္ေတာ္ေလး အစြဲအလမ္းၾကီးၾကတယ္။ အသက္တစ္ရာရွိျပီျဖစ္တ့ဲ မစ္ရႈကလည္း သူ႕ခ်စ္သူေစာေစာ ဆံုးပါးသြားေပမ့ဲ အိမ္ေထာင္ထပ္မျပဳခ့ဲဘူး။ သူမက သူမရဲ႕အခ်စ္ဇာတ္လမ္းနဲ႕ မေရမတြက္နိုင္တ့ဲလူေတြရဲ႕စိတ္နွလံုးကို သိမ္းပိုက္ခ့ဲတယ္။ မထင္မွတ္ဘဲ သူမရဲ႕သားစဥ္ေျမးဆက္ထဲမွာ သူနဲ႔တူတ့ဲ ရႈရန္ထင္းတစ္ေယာက္ ထပ္ေပၚလာတယ္။
လီေက်ာင္းအေပၚ ကြၽန္းရွိဝန္ထမ္းမ်ား၏ သေဘာထားအရ လီေက်ာင္း၏ အဆင့္အတန္းသည္ ကြၽန္း၏ပိုင္ရွင္ေနာက္တစ္ေယာက္နွင့္ ညီေၾကာင္း ေတြ႕ရေပသည္။ သူသည္ ကြၽန္းေပၚတြင္ အႂကြင္းမဲ့အာဏာ ရွိ၏။ ဥကၠ႒ခ်န္းမွာ နားမလည္နိုင္ ျဖစ္ေနသည္။ ေယာက္်ားေလးေတြက ဘာေကာင္းလို႕လဲ။ မိန္းကေလးေတြက ခ်စ္စရာေကာင္းၿပီး နွစ္လိုဖြယ္ျဖစ္တာ။ရႈရန္ထင္းက ဘာေၾကာင့္ ေယာက္်ားတစ္ေယာက္ကို ဖက္တြယ္ထားတာလဲ။
ဂုဏ္ျပဳပြဲျပီးဆံုးသြားေသာအခါ ဧည့္သည္မ်ား အရင္ဆံုး ထြက္ခြာသြားသည္။ သူတို႕ကို ကြ်န္းမွ ျပန္ရန္ ေလယာဥ္တစ္စင္း စီစဥ္ေပးခ့ဲသည္။ ေလဆိပ္ေရာက္သည္နွင့္ လ်ိဳ႕ဖိန္၊ လုေဟာင္နွင့္ တစ္ျခားနာမည္ၾကီးမ်ားကို အခ်ိန္အျကာၾကီးေစာင့္ေနရသည့္ သတင္းေထာက္မ်ားက ဝန္းရံလိုက္ၾကသည္။
"လ်ိဳ႕ေလာင္ရွီး၊ ဒီတစ္ခါ မင္းက ခ်မ္းသာတဲ့သူတစ္ေယာက္ရဲ႕ မဂၤလာေဆာင္ကို သြားခဲ့တယ္လို႔ ၾကားမိတယ္။ အ့ဲဒါ အမွန္ပဲလား။"
"လုေလာင္ရွီး၊ လုေလာင္ရွီး၊ ကြၽန္းပိုင္ရွင္ရဲ႕ အေထာက္အထားကို အတိုခ်ဳံး မိတ္ဆက္ေပးနိုင္မလား။"
"လ်ိဳ႕ေလာင္ရွီး၊ လုေလာင္ရွီး၊ မင္းတို႔ႏွစ္ေယာက္ လက္ထပ္ဖို႔ ကြၽန္းကို သြားခဲ့တာလို႔ ေျပာတယ္။ ဒါအမွန္ပဲလား။"
"ဘယ္သူကမ်ား ဒီလိုစိတ္ကူးကို ေတြးမိတာလဲ။" လ်ိ႕ဖိန္သည္ သူမ၏ ေနကာမ်က္မွန္ကို ခြၽတ္လိုက္ၿပီး ကင္မရာကို ၿပဳံးျပလိုက္သည္။ "အဲဒါ မဟုတ္ပါဘူး။ သူငယ္ခ်င္းကေလးရဲ႕ တကၠသိုလ္ဝင္ခြင့္ဂုဏ္ျပဳပြဲေလးကို သြားခဲ့တာပါ။"
တကၠသိုလ္ဝင္ခြင့္ ညစာစားပြဲကို သီးသန႔္ကြၽန္းမွာ က်င္းပခဲ့တယ္၊ ဒါက ဘယ္လိုမိသားစုမ်ိဳးလဲ။ သူတို႔အိမ္မွာ မိုင္းတြင္းေတြရွိလား ဒါမွမဟုတ္ တစ္ခုခုလား။
သတင္းေထာက္တခ်ိဳ႕က မယုံနိုင္ေသာ္လည္း မၾကာမီ စေတာ္ဘယ္ရီအင္တာတိန္းမန္႕ႏွင့္ ဇီက်ားအင္တာတိန္းမန္႕တို႕၏ပိုင္ရွင္မ်ားက ေဖ်ာ္ေျဖေရးနယ္ပယ္ရွိ အေကာင္ၾကီးၾကီးမ်ားနွင့္အတူ ထြက္လာသည္ကို ေတြ႕လိုက္ရသည္။
သတၱိရွိေသာ သတင္းေထာက္တစ္ဦးက ဥကၠ႒စြန္း၏ေရွ႕တြင္ ရပ္ကာ အလြန္အသုံးဝင္ေသာ အခ်က္အလက္မ်ားကို ရယူခ်င္ခ့ဲသည္။ "ဥကၠ႒စြန္း၊ ဘယ္လိုလုပ္ တူတူျပန္လာၾကတာလဲခင္ဗ်။"
"အိုး အဲဒါ အိမ္ရွင္ရဲ႕ ဧည့္ဝတ္ေက်ပြန္မႈေလ။ ငါတို႔ကို ကိုယ္ပိုင္ေလယာဥ္နဲ႕ ေခၚသြားၿပီး အျပန္လည္း အတူတူ ျပန္လာခဲ့တာ။" ဥကၠ႒စြန္း ရယ္ေမာလိုက္သည္။ "ဒါေပမ့ဲ ဒီသူငယ္ခ်င္းက နွိမ့္ခ်တတ္တဲ့အတြက္ မီဒီယာမိတ္ေဆြေတြ၊ ကြ်န္ေတာ့္ကို အိမ္ရွင္ရဲ႕ အခ်က္အလက္ေတြ မေတာင္းပါနဲ႕။ ေနာက္တစ္ခါက်ရင္ နာမည္ပ်က္စာရင္းသြင္းခံရမွာစိုးလို႕ပါ။"
သတင္းေထာက္မ်ားမွာ ေဖာ္ေဖာ္ေရြေရြ ၿပဳံးျပၿပီး အိမ္ရွင္၏ အခ်က္အလက္ကို မည္သူမွ် မေမးၾကေတာ့ေပ။ စေတာ္ဘယ္ရီ အင္တာတိန္းမန႔္၏ သူေဌးပင္လွ်င္ နာမည္ပ်က္စာရင္းသြင္းခံရမည္ကို ေၾကာက္သည္။ ထိုသို႕ေသာလူကို မထိရဲပါ။ လူတိုင္းက ျပန္သြားၾကၿပီး အနုပညာအသိုင္းအဝိုင္းရွိအေကာင္ၾကီးၾကီးမ်ားနွင့္ ပတ္သတ္ဆက္ႏြယ္ေနေသာ လူခ်မ္းသာမ်ားအေၾကာင္း ေဆာင္းပါးတစ္ခ်ိဳ႕ ေရးသားလိုက္ၾကသည္။
စုန္႔ယီြသည္ ခ်မ္းသာေသာ ဒုတိယမ်ိဳးဆက္ျဖစ္ထိုက္သည္ဟု လူအခ်ိဳ႕က ယူဆၾကသည္။ ဤအခ်ိန္မ်ိဳးတြင္ သူ႕ကိုလည္း ျမင္ေတြ႕ခ့ဲရ၏။ အစြန္းေရာက္ပရိသတ္အခ်ိဳ႕က လီပရိသတ္မ်ားကို ႏွိုးဆြရန္ ပရိသတ္မ်ားကို တမင္တကာ အသုံးျပဳကာ လီေက်ာင္းသည္ ယခု အလြန္ေက်ာ္ၾကားေနေသာ္လည္း သူ႕တစ္သက္တြင္ ထိုသို႔ေသာေနရာကို ဘယ္ေသာအခါမွ မသြားနိုင္ဟု ေျပာဆိုခဲ့သည္။
လီေက်ာင္း ပရိသတ္မ်ားက သူတို႔ကို မဆဲဆိုခင္ ယီြပရိသတ္မ်ားက ထိုအစြန္းေရာက္ပရိသတ္မ်ားကို ေျမႀကီးေပၚသို႔ ဖိနွိပ္ထားၿပီးျဖစ္၏။ ၎က အျခားသူမ်ားအား အနုပညာအသိုင္းအဝိုင္းအတြင္းရွိ စစ္မွန္ေသာ ခင္မင္ရင္းႏွီးမႈကို ထပ္မံျမင္ေတြ႕ေစပါသည္။
ျပင္ပကမာၻမွ ေဝဖန္မႈမ်ားကို ေရွာင္ရွားရန္ လီေက်ာင္းသည္ ဤပြဲ၏ အိမ္ရွင္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားျခင္းမရွိေပ။ ခ်စ္သူခုနွစ္ေဖာ္ဇာတ္လမ္း အဖြဲ႕သားမ်ားသည္ တစ္စုံတစ္ခုကို မွန္းဆမိေသာ္လည္း မည္သူမွ် မေျပာရဲၾကေပ။ ပုဂၢလိကဇိမ္ခံကြၽန္း၏အေၾကာင္းအရာသည္ အခ်ိန္အေတာ္ၾကာေအာင္ နာမည္ၾကီးခဲ့ေသာ္လည္း မည္သူကမွ လီေက်ာင္းနွင့္ မဆက္စပ္မိေခ်။
ထိုအခ်ိန္တြင္ လီေက်ာင္း ၊ ရန္ထင္း ၊ အစ္မရွႏွင့္ အျခားသူမ်ားမွာ ကြၽန္းမွ ခ်က္ျခင္း မထြက္ခြာခဲ့ေပ။ သူတို႔သည္ ကြၽန္းေပၚတြင္ ရက္အနည္းငယ္ေနရန္ ဆုံးျဖတ္ခဲ့သည္။ လီေက်ာင္းသည္ ကမ္းေျခေဘာင္းဘီႏွင့္ ေနပူခံဦးထုပ္ကို ၀တ္ဆင္ထားၿပီး သႏၲာေက်ာက္တန္းေဘးတြင္ ကဏန္းဖမ္းရန္ ရန္ထင္းကို ေခၚသြား၏။ သူကံမေကာင္းခဲ့ပါ။ အခ်ိန္အေတာ္ၾကာေအာင္ ရွာေဖြေသာ္လည္း ကဏန္းငယ္ ႏွစ္ေကာင္သာ ဖမ္းမိခဲ့သည္။
"သူတို႔က အရမ္းေသးၿပီး စားလို႕မရဘူး။ သူတို႔မိဘေတြကို ျပန္ရွာဖို႕ လႊတ္လိုက္မယ္။" လီေက်ာင္းသည္ ပုံးထဲမွ ကဏန္းမ်ားကို ပင္လယ္ထဲသို႔ ေလာင္းခ်လိုက္သည္။ သူ႕အား ဓာတ္ပံုရိုက္ေပးရန္ ရန္ထင္းအား ေျပာေနစဥ္ ေျခေခ်ာ္ျပီး ေနာက္ျပန္လဲသြားသည္။
'ပင္လယ္ႀကီးက ေက်ာက္တုံးေတြနဲ႕ ျပည့္ေနတာ။ လဲသြားရင္ ပြန္းပဲ့ကုန္ေတာ့မွာပဲ။' ဟု သူ႔စိတ္ထဲတြင္ ေတြးမိသည္။ သို႕ရာတြင္ လီေက်ာင္း လဲက်သြားေသာ္လည္း ထိခိုက္မႈမရွိေပ။ အဘယ္ေၾကာင့္ဆိုေသာ္ သူ႕ခါးကို တင္းတင္းဖက္ကာ အကာအကြယ္ေပးထားသည့္ လက္ေမာင္းေၾကာင့္ ျဖစ္သည္။ ပင္လယ္ေရမ်ာက သူ႕ေျခဖဝါးၾကားမွ စီးဝင္ေပ်ာက္ကြယ္သြားသည္။
"ထင္းထင္း မင္းအဆင္ေျပရဲ႕လား။" လီေက်ာင္းက ရန္ထင္း သူ႕ေနာက္တြင္ ရွိေနသည္ကို သတိရသြားသည္။ လဲက်တုန္းက ရန္ထင္း ေက်ာက္ခဲနဲ႕တိုက္မိသြားလားမသိဘူး။
"အဆင္ေျပပါတယ္။" ရန္ထင္းက လက္ေျမွာက္ကာ လီေက်ာင္း၏ ေခါင္းေပၚရွိ ဦးထုပ္ကို ဖိလိုက္သည္။ "ဒီေနရာက နည္းနည္းေခ်ာ္တယ္။ မလဲက်ေစနဲ႕။"
လီေက်ာင္းသည္ ရန္ထင္း၏ မ်က္ႏွာတြင္ ေရစက္ အနည္းငယ္ ရွိေနၿပီး ပါးျပင္ေပၚသို႔ စီးက်လာသည္ကို ျမင္လိုက္ရသည္။ ရန္ထင္းက လီေက်ာင္း၏ ဦးထုပ္ကို ဖိလိုက္ပံုမွာ အသိျပန္မဝင္ေသးသည့္ ကေလးေလးအား ေခ်ာ့ျမဴလိုသည့္အလားပင္။
လီေက်ာင္းသည္ ရန္ထင္းအား ေၾကာင္တက္တက္ျဖင့္ စိုက္ၾကည့္ကာ သူ႕မ်က္ႏွာေပၚရွိ ပင္လယ္ေရမ်ားကို သုတ္ေပးရန္ ႀကိဳးစားလိုက္သည္။
"ေၾကာက္ေနတာလား။" လီေက်ာင္းက သူ႕အား မွင္ေသေသနွင့္ ေငးျကည့္ေနသည္ကို ျမင္ေသာအခါ ရန္ထင္းက လီေက်ာင္းကို သႏၲာေက်ာက္တန္းေပၚမွ ခ်ီမျပီး သႏၲာေက်ာက္တန္းၾကား က်သြားသည့္ပုံးကို ေကာက္ယူရန္ လွည့္လိုက္သည္။
လီေက်ာင္းသည္ ရန္ထင္း၏ ေနာက္ေက်ာကို ၾကည့္ကာ ေျမျပင္ေပၚရွိ သဲမ်ားကို ဆုပ္ကိုင္ရင္း ညွစ္လိုက္သည္။ ထို႕ေနာက္ အေဝးကို လွမ္းၾကည့္လိုက္သည္။
အစ္မရွႏွင့္ အစ္ကိုက်ိဳးတို႕သည္ ကမ္းေျခေပၚတြင္ လက္ခ်င္းတြဲ၍ လမ္းေလွ်ာက္ေနၾကသည္။ အစ္ကိုေရွာင္က်င္းႏွင့္ အစ္မလင္းလင္း တို႔သည္ ဆယ္လ္ဖီရိုက္ေနစဥ္ ေပြ႕ဖက္ေနၾကသည္။ သူတို႔တစ္ကိုယ္လုံးတြင္ အခ်စ္နံ႕မ်ား သင္းပ်ံ့လ်က္ရွိသည္။
"ဘာၾကည့္ေနတာလဲ။" ရန္ထင္းက သူ႕ေဘးတြင္ ရပ္ေနၿပီး သူတို႔အဝတ္အစားမ်ား ထိမိသြားသည္။
လီေက်ာင္းသည္ ရန္ထင္းကို ျပန္ၾကည့္သည္။ သူသာ ရန္ထင္းနဲ႕ လက္ခ်င္းယွက္ၿပီး ကမ္းေျခမွာ အတူတူ လမ္းေလွ်ာက္ရင္ ...
ေတြးမေနနဲ႕ေတာ့။ ဒီစိတ္ကူးကို ရပ္လိုက္။
လီေက်ာင္း ေခါင္းယမ္းလိုက္သည္။ "သူတို႔က ဆက္ဆံေရးေကာင္းတယ္လို႔ ငါထင္ရံုပါ။"
"သူတို႔ကို မနာလိုမျဖစ္ပါနဲ႕။" ရန္ထင္းသည္ ေသာင္ျပင္တစ္ေလ်ွာက္ ရွာေဖြကာ ခရုခြံကိုဆြဲထုတ္လိုက္သည္။ "ငါတို႔ရဲ႕ ခံစားခ်က္ေတြလည္း အရမ္းေကာင္းပါတယ္။"
လီေက်ာင္း "......"
လီေက်ာင္း မင္း စိတ္ေအးေအးထား။ စုန္႔ယီြရဲမဟုတ္ကဟုတ္က စကားေတြကို ေခါင္းထဲမထည့္နဲ႕။
"ပင္ပန္းေနျပီလား။" ရန္ထင္းက လီေက်ာင္းကို ညင္သာစြာ ၿပဳံးျပလိုက္သည္။ "မင္း ငါ့ပခုံးေပၚမွာ ခဏေလာက္ အနားယူခ်င္လား။"
ဒီအၿပဳံး...
ထင္းထင္းသည္ သူ႕ေရွ႕တြင္ ဒုတိယအႀကိမ္ ၿပဳံးျပျခင္းျဖစ္သည္။ ဘယ္သူက ခံနိုင္ရည္ရွိလဲ။ ဘယ္သူကလဲ။
လီေက်ာင္းက သူ႕အသိတရား အလြန္ဆိုးဝါးေနၿပီး သူေသေတာ့မည္ဟု ခံစားလိုက္ရသည္။
စာေရးသူမွာ ေျပာစရာရွိတယ္။
ေဘဘီေက်ာင္းေက်ာင္းသည္ သူငယ္တန္း၏ ေသးငယ္ေသာ ေထာင့္တြင္ ဝပ္ဝပ္ကေလး ထိုင္ေနရင္း သူ႕ကိုယ္ပိုင္ လူသားဆန္မႈႏွင့္ အသိတရားအေၾကာင္း ေမးခြန္းထုတ္ေနမိသည္။
ေဘဘီထင္းထင္းက ေနာက္ေက်ာတြင္ ေက်ာပိုးအိတ္ေသးေသးေလး လြယ္ထားသည့္ သူ႕ကို ရွာေတြ႕သြားျပီး ေဘဘီေက်ာင္းေက်ာင္း၏လက္ကို ဆုပ္ကိုင္လိုက္သည္။
#5501words
#8.2.2024
Unicode
စုန့်ယွီသည် ရန်ထင်း၏ဘဝအမှန်ကြောင့် လှုံ့ဆော်ခံလိုက်ရပြီး အိပ်မပျော်တော့ချေ။ သူသည် အိပ်ရာပေါ်တွင် အချိန်အတော်ကြာအောင် လူးလှိမ့်ပြီးနောက် ကျွန်းကို စူးစမ်းရန် အဝတ်အစားလဲဝတ်လိုက်သည်။
သူ ဝေးဝေးမသွားရသေးခင် ကမ်းခြေတွင် တစ်ယောက်နားတစ်ယောက်ကပ်ကာ ထိုင်နေသည့်လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့ကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ။ စုန့်ယွီက ရှေ့ဆက်တိုးရန် ပြင်နေစဉ် နောက်သို့အဆွဲခံလိုက်သည်။ သူလှည့်ကြည့်သောအခါ စတော်ဘယ်ရီအင်တာတိန်းမန့်မှ အစ်မလျို့ဖိန်ကို မြင်လိုက်ရသည်။ "အစ်မလျို့…"
လျို့ဖိန်၏ ရှည်လျားသောဆံပင်ကို ပုဝါဖြင့်ရစ်ပတ်ထားပြီး မီးတောက်ကဲ့သို့ ဝတ်စုံကို ဝတ်ထားသည်။ "မင်းဘာသွားလုပ်မလို့လဲ။"
'ဒီလူက တကယ့်ကို အထူအပါးနားမလည်ဘူးပဲ။'
'ကျောင်းကျောင်းက သူ့ကို အစ်မဖိန်ဖိန်လို့ ခေါ်တယ်။'
"ရှေ့မှာထိုင်နေတဲ့လူက လီကျောင်းနဲ့တူလို့ ကစားပွဲမှာ တူတူပါမလို့လေ။" စုန့်ယွီက ထိုနေရာကို ငေးနေဆဲပင်။
"လူနှစ်ယောက် အေးဆေးစကားပြောနေတာတောင် မင်းကသွားချင်သေးတာလား။ အပိုမီးသီးလေး ဖြစ်ချင်လို့လား။" လျို့ဖိန်က မျက်ခုံးပင့်လိုက်၏။ "အသက် 20 အရွယ်လူတစ်ယောက်ဟာ ဒီလောက်တောင် မသိနားမလည်သေးတာလား။"
စုန့်ယွီ "???"
"အဝေးကြီး မသွားနဲ့… ဒီလူက စတော်ဘယ်ရီအင်တာတိန်းမန့်ကလူ။ သူက လီကျောင်းအပေါ် အကြွေးတင်ပြီး အပြစ်ရှိတယ်လို့ ခံစားရလို့ လီကျောင်းကို သည်းခံနေတာ။ တခြားသူအပေါ် အကြွေးတင်မနေဘူး။"
"မင်းသေချင်ရင် အဲ့ကိုသွားလို့ရတယ်။" လီကျောင်း၏ တက္ကသိုလ်ဝင်ခွင့်ဂုဏ်ပြုပွဲ ကျင်းပပေးသည့်သူ၏ အမည်ကို ဥက္ကဋ္ဌစွန်းက သူမအား ရှင်းရှင်းလင်းလင်း မပြောပြထားသော်လည်း ၎င်းကို မှန်းဆထားပြီးဖြစ်သည်။
ချန်ဟွမ်း၏နှစ်ပတ်လည်အခမ်းအနားတွင် ချင်ရှောင်းသည် ချန်ဟွမ်းသူဌေးကြီးကြောင့် လီကျောင်းကို ဂရုစိုက်ပေးခဲ့၏။ လုရန်ရိသည် မကြာသေးမီက လီကျောင်းကြောင့် သူ၏ ထောက်ခံချက်များစွာကို ဆုံးရှုံးခဲ့ရသော်လည်း Weibo တွင် လီကျောင်းအား ချီးကျူးမြှောက်ပင့်သည့်စာများ ရေးသားခဲ့သေးသည်။
စုန့်ယွီက နောက်ဆုံးတွင် တုံ့ပြန်လိုက်သည်။ လီကျောင်း နဲ့ ထိုင်နေတာ အဲဒီလူကြီးလား။ လျို့ဖိန်က သူ့အား တားလိုက်သည့်အတွက် တိတ်တိတ်လေး ဝမ်းသာသွားမိသည်။ မဟုတ်ရင် သူချက်ချင်းသေသွားလိမ့်မယ်။
စုန့်ယွီ နားလည်သွားသည်ကို မြင်သောအခါ လျို့ဖိန်ပြုံးလိုက်သည်။ "မသွားတော့ဘူးလား။"
စုန့်ယွီ ခေါင်းယမ်းလိုက်သည်။
"မင်းက အရမ်းကြီး မနုံအဘူးပဲ။" လျို့ဖိန်သည် စီးကရက်တစ်လိပ်ကို နှုတ်ခမ်းကြားတွင် ထည့်ကာ တစ်ရှိုက်မျှ ရှုသွင်းပြီး မီးခိုးငွေ့များကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်သည်။ "မင်း ဘာပဲမြင်မြင် အပြင်ကို ထုတ်မပြောနဲ့။ မင်းအတွက် မကောင်းဘူး။"
"ကျွန်တော်သိပါတယ်။" စုန့်ယွီသည် လျို့ဖိန် နှင့် ဆန့်ကျင်ဘက်သို့ လျှောက်သွားခဲ့သည်။
"စွမ်းအားကြီးတဲ့ ဆက်ဆံရေးအကြောင်း မင်းလည်း သိမှာပါ။" လျို့ဖိန်သည် သူမ၏ဆံပင်များကို စုစည်းလိုက်သည်။ "ဒီလူကြီးက လီကျောင်းကို အရမ်းအလေးထားတယ်။ မင်း ပြန်သွားတာနဲ့ မေ့သင့်တဲ့အချက်အလက်တွေအကုန်လုံးကို မေ့ပစ်လိုက်။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခမပေးနဲ့။"
စုန့်ယွီ၏ နှုတ်ခမ်းများ လှုပ်သွားသည်။ သူ အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့ပြီး "လီကျောင်း၊ သူ... ဆန္ဒရှိရဲ့လား။" ဟု မေးလိုက်သည်။
လျို့ဖိန်သည် စီးကရက်ဘူးကို ထုတ်ကာ အမှိုက်ပုံးထဲသို့ ပစ်ချရင်း ရယ်မောလိုက်၏။ "မင်း ဘယ်လိုထင်လဲ။"
"လီကျောင်း ရဲ့ ကိုယ်ရည်ကိုယ်သွေးအရပြောရရင်... ဒါဟာ ဆန္ဒအလျောက် ဖြစ်သင့်တယ်။"စုန့်ယွီက စိတ်ပူနေသေးသည်။ "ဒါပေမဲ့..."
"ကျစ်…" လျို့ဖိန်က သူ့နှုတ်ခမ်းဆီသို့ လက်ညှိုး တင်လိုက်သည်။ "တစ်ခါတလေမှာ သူငယ်ချင်းတစ်ယောက်က ကိုယ့်အတွက် မှန်ကန်တဲ့ အကြံဉာဏ်တွေ ပေးတတ်ပေမဲ့ ဒါက စိတ်ပိုင်းဆိုင်ရာ ကိစ္စတစ်ခုပါ။ ခံစားချက်ဆိုတာမျိုးက ဖိနပ်စီးတာနဲ့တူတယ်။ ကိုက်ညီမှုရှိမရှိ လူကိုယ်တိုင်ပဲသိမှာ။ သူ ပြောမပြခင် တခြားလူတွေက ထင်ရာမြင်ရာ လျှောက်မခန့်မှန်းသင့်ဘူး။"
စုန့်ယွီက လျို့ဖိန်ကို ခဏလောက် စိုက်ကြည့်နေတယ်။ "မင်းကြည့်ရတာ... လီကျောင်းကို အရမ်းသဘောကျတဲ့ပုံပဲ။"
လျို့ဖိန်၏ချဉ်းကပ်မှုသည် လူတိုင်းအတွက် ချောမွေ့ကောင်းမွန်သော်လည်း သူမသည် ရိုးသားလေ့မရှိပါ။ သို့သော် သူမ၏ လီကျောင်းအပေါ် ဆက်ဆံပုံမှာ မကြာရှည်သေးသော်လည်း ရိုးရှင်းပြီး ချောမွေ့လှသည်။
"ချစ်စရာကောင်းတဲ့ ကောင်လေးတွေကို ဘယ်သူက မကြိုက်မှာလဲ။" လျို့ဖိန်သည် စုန့်ယွီကို ကြည့်လိုက်သည်။ "ဟုတ်တာပါ့၊ မင်းမှာ ဒီလိုအတွေ့အကြုံရှိမှာ မဟုတ်ဘူး။"
စုန့်ယွီ : သူ့မျက်နှာနဲ့ ပတ်သက်ပြီး တိုက်ခိုက်ခံရတာလား။ သေချာတယ်၊၊ စတော်ဘယ်ရီအင်တာတိန်းမန့် နဲ့ ပတ်သတ်ပြီး ကောင်းတာတစ်ခုမှ မရှိဘူး။
နောက်တစ်နေ့မနက်တွင် လီကျောင်း ထမင်းစားခန်းသို့ သွားသောအခါ ရှုပ်ထွေးသောအမူအရာဖြင့် အဝေးမှ သူ့ကို စိုက်ကြည့်နေသော စုန့်ယွီကို တွေ့လိုက်ရသည်။
"ဘာမှားနေလို့လဲ။" သူ ချဉ်းကပ်လာပြီး စုန့်ယွီကို မေးလိုက်သည်။
"ငါ မင်းရဲ့ ခံစားချက်နဲ့ဆိုင်တဲ့ ရွေးချယ်မှုတွေကို လေးစားတယ်။" စုန့်ယွီက လီကျောင်းကို တည့်တည့် မကြည့်ဘဲ ပြောလိုက်သည်။ "ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ မပြောပြမှာမို့လို့ စိတ်ချပါ။ အနာဂတ်မှာ တစ်ခုခုလိုအပ်ရင် ငါ့ကို ပြောလေ။ အသေးအဖွဲအရာလေးတွေဆို ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ချန်ဟွမ်းလိုကုမ္ပဏီကြီးတစ်ခုနဲ့ တိုက်ခိုက်နေတယ်ဆိုရင် ငါ့ကို မပြောနဲ့။ ငါ မင်းကို မကူညီနိုင်ဘူး။"
လီကျောင်း "......"
ဒါဆိုရင်တော့ မင်းကိုယ်မင်း ကောင်းကောင်းနားလည်သွားပြီ။
"ဘယ်စိတ်ခံစားချက် ရွေးချယ်မှုလဲ။" လီကျောင်း သည် ခေါင်းစဉ်၏ဦးတည်ရာကို ဖမ်းဆုပ်လိုက်သည်။
"မင်းငါ့ကို ဖုံးကွယ်ထားစရာ မလိုဘူး။ ငါ မနေ့ညက တွေ့ခဲ့တယ်။" စုန့်ယွီက တိုးတိုးလေး မပြောခင် စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းနေပြီး " မင်းတို့ ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်။"
"ကျေးဇူးတင်ပါတယ်။"
စုန့်ယွီသည် လီကျောင်းကို မယုံနိုင်စွာ ကြည့်လိုက်သည်။ ဒီအသံက... လီကျောင်းအသံနဲ့မတူဘူး။ သူလှည့်ကြည့်လိုက်ပြီးနောက် သူ့မျက်နှာပေါ်ရှိ အမူအရာမှာ အေးခဲပြီး သေမတတ်ကြောက်လန့်သွားသည်။ ရန်ထင်းက ဘယ်လိုလုပ် ဒီမှာရှိနေတာလဲ။ ငါ ပြောတာတွေကို သူကြားလိုက်တာလား။
ရန်တင်၏ ညင်သာသော အမူအရာကို မြင်လိုက်သဖြင့် စုန့်ယွီသည် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။ "ရပါတယ်၊ ရပါတယ်၊ ဒီလိုမျိုးဖြစ်သင့်တာပဲ။" ထို့နောက် ကြွက်တစ်ကောင်လို ထွက်ပြေးသွားသည်။
မေမေရေ ဖေဖေရေ…သား ကြောက်တယ်။
ဘာတွေလဲ။
လီကျောင်းသည် သူခိုးကဲ့သို့ ပြေးသွားသောစုန့်ယွီကိုတစ်လှည့် ရန်ထင်းကို တစ်လှည့် ကြည့်လိုက်သည်။
"မနက်စာ သွားစားတော့လေ။" ရန်ထင်းက လီကျောင်း၏လက်ကိုကိုင်ကာ သာမန်ကဲ့သို့ ပြုမူလိုက်သည်။ "ထမင်းစားပြီးရင် အဝတ်အစားလဲဖို့ ခေါ်သွားပေးမယ်။"
တွဲထားသည့် လက်နှစ်စုံကို ကြည့်ရင်း လီကျောင်းက ရန်ထင်းမှာ သားဖြစ်သူကို ကြွားဝါနေသည့် ရူးနှမ်းနှမ်းဖခင်ဘဝသို့ လုံးလုံးလျားလျား ရောက်ရှိနေသည်ဟု သံသယဝင်သွားသည်။ နည်းနည်းရှက်စရာကောင်းပေမဲ့... သူအရမ်းပျော်တယ်။
ဧည့်သည်များက ရန်ထင်းနှင့် လီကျောင်းလက်တွဲလာသည်ကိုမြင်ပြီး အပြုံးဖြင့် နှုတ်ဆက်ကြသည်။ မည်သူကမှ တစ်ခုခု မှားနေသည့်အမူအရာ မပြချေ။ အားလုံးက သူတို့ဘာသာထမင်းစားရင်း ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောနေကြ၏။ လျို့ဖိန်က အစားအသောက် ဓာတ်ပုံအနည်းငယ် ရိုက်ယူခဲ့သော်လည်း တူများကို မရွှေ့ခဲ့ပေ။
ကင်မရာပေါ်တွင် ကြည့်ကောင်းစေရန်အတွက် လျို့ဖိန်သည် ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း သူမ၏အစားအသောက်ကို တင်းကြပ်စွာ ထိန်းချုပ်ထားပြီး သူမ၏ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို ပျက်ယွင်းခွင့်မပြုချေ။ သူမက မြိန်ရည်ယှက်ရည်စားသောက်နေသော လီကျောင်းကို ကြည့်ကာ သက်ပြင်းတိုးတိုးလေး ချလိုက်မိသည်။ ဒါက ဘဝပဲ။ တချို့လူတွေက ဘယ်လောက်စားစား မဝလာဘူး။ ဘုရားသခင်က သူ့အပေါ် တကယ် မျက်နှာလိုက်တယ်။
တက္ကသိုလ်ဝင်ခွင့်ဂုဏ်ပြုပွဲမှာ အလွန်အသက်ဝင်လှသည်။ ရန်ထင်းသည် အခမ်းအနား တစ်လျှောက်လုံးတွင် လီကျောင်း၏မိသားစုဝင်တစ်ဦးအဖြစ် ရပ်တည်ခဲ့၏။ ကြွရောက်လာသူတိုင်းသည် ရန်ထင်း၏ကာကွယ်မှုနှင့် လီကျောင်းအပေါ် ဂရုစိုက်မှုကို မြင်တွေ့နိုင်သည်။
ဧည့်သည်များကလည်း လီကျောင်းအား အချိန်အတော်ကြာကတည်းက ပြင်ဆင်ထားသည့် လက်ဆောင်များ ပေးခဲ့ကြသည်။ စုန့်ယွီက အရိုးရှင်းဆုံးပင်။ သူသည် လီကျောင်းကို ငွေအမြောက်အမြားပါသည့် ချက်လက်မှတ်တစ်စောင် တိုက်ရိုက်ပေးခဲ့သည်။
"မင်း ဘာကြိုက်လဲ မသိတာနဲ့ ငါမင်းကို ပိုက်ဆံ ပေးလိုက်တာ။"စုန့်ယွီက ရပ်လိုက်သည်။ "ပေကျင်းတက္ကသိုလ်ကို တက်ရောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ တောက်ပတဲ့အနာဂတ်လေး ပိုင်ဆိုင်နိုင်ပါစေလို့ ငါဆုတောင်းပေးပါတယ်။"
"ကျေးဇူးပါ။" လီကျောင်းသည် ချက်လက်မှတ်ကို ငြင်းပယ်ခြင်းမရှိပေ။
လီကျောင်းသည် ဤချက်လက်မှတ်အား လက်ခံသည်ကိုမြင်ပြီးနောက် စုန့်ယွီ၏နှလုံးသားထဲတွင် ကျန်နေသေးသောအပြစ်ရှိစိတ်များ ပျောက်ကွယ်သွားခဲ့သည်။ သူက လီကျောင်းအနားတွင် ရပ်နေသည့်ရန်ထင်းကို ကြည့်ပြီး အသံကို လျှော့လိုက်၏။ "မင်းနဲ့မစ္စတာရန်တို့ ဘဝတစ်သက်လုံး တူတူနေထိုင်သွားနိုင်ပါစေလို့လည်း ငါဆုတောင်းပါတယ်။"
လီကျောင်းက ဘာမှမပြောရသေးခင် သူ လှည့်ထွက်ပြီး ဧည့်သည်များရှိရာဆီသို့ လျှောက်သွားခဲ့သည်။
လီကျောင်းက ရန်ထင်းနှင့် မျက်နှာပေါ်တွင် ကောင်းချီးပေးသည့် အပြုံးတစ်ခု ပန်ဆင်ထားသည့် စုန့်ယွီကို ကြည့်လိုက်သည်။ လီကျောင်းက သူ ရန်ထင်း၏ဂုဏ်သိက္ခာကို ပျက်စီးစေမိပြီဟု တွေးမိသွားသည်။
လီကျောင်းအပေါ် ရန်ထင်း၏ သဘောထားကို သိပြီးနောက် ဇီကျားအင်တာတိန်းမန့်၏ ဥက္ကဋ္ဌချန်းမှာ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရသည်။ သူ အရှက်မရှိဘဲ လီကျောင်းရဲ့ပွဲကို တက်ခဲ့လို့ တော်သေးတယ်။ မဟုတ်ရင် လီကျောင်းက ရန်ထင်းရဲ့ နှလုံးသားထဲမှာ အရမ်းအရေးကြီးတယ်ဆိုတာကို သူဘယ်လိုသိနိုင်မှာလဲ။
ရှုမိသားစုက တော်တော်လေး အစွဲအလမ်းကြီးကြတယ်။ အသက်တစ်ရာရှိပြီဖြစ်တဲ့ မစ်ရှုကလည်း သူ့ချစ်သူစောစော ဆုံးပါးသွားပေမဲ့ အိမ်ထောင်ထပ်မပြုခဲ့ဘူး။ သူမက သူမရဲ့အချစ်ဇာတ်လမ်းနဲ့ မရေမတွက်နိုင်တဲ့လူတွေရဲ့စိတ်နှလုံးကို သိမ်းပိုက်ခဲ့တယ်။ မထင်မှတ်ဘဲ သူမရဲ့သားစဉ်မြေးဆက်ထဲမှာ သူနဲ့တူတဲ့ ရှုရန်ထင်းတစ်ယောက် ထပ်ပေါ်လာတယ်။
လီကျောင်းအပေါ် ကျွန်းရှိဝန်ထမ်းများ၏ သဘောထားအရ လီကျောင်း၏ အဆင့်အတန်းသည် ကျွန်း၏ပိုင်ရှင်နောက်တစ်ယောက်နှင့် ညီကြောင်း တွေ့ရပေသည်။ သူသည် ကျွန်းပေါ်တွင် အကြွင်းမဲ့အာဏာ ရှိ၏။ ဥက္ကဋ္ဌချန်းမှာ နားမလည်နိုင် ဖြစ်နေသည်။ ယောက်ျားလေးတွေက ဘာကောင်းလို့လဲ။ မိန်းကလေးတွေက ချစ်စရာကောင်းပြီး နှစ်လိုဖွယ်ဖြစ်တာ။ရှုရန်ထင်းက ဘာကြောင့် ယောက်ျားတစ်ယောက်ကို ဖက်တွယ်ထားတာလဲ။
ဂုဏ်ပြုပွဲပြီးဆုံးသွားသောအခါ ဧည့်သည်များ အရင်ဆုံး ထွက်ခွာသွားသည်။ သူတို့ကို ကျွန်းမှ ပြန်ရန် လေယာဉ်တစ်စင်း စီစဉ်ပေးခဲ့သည်။ လေဆိပ်ရောက်သည်နှင့် လျို့ဖိန်၊ လုဟောင်နှင့် တစ်ခြားနာမည်ကြီးများကို အချိန်အကြာကြီးစောင့်နေရသည့် သတင်းထောက်များက ဝန်းရံလိုက်ကြသည်။
"လျို့လောင်ရှီး၊ ဒီတစ်ခါ မင်းက ချမ်းသာတဲ့သူတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို သွားခဲ့တယ်လို့ ကြားမိတယ်။ အဲ့ဒါ အမှန်ပဲလား။"
"လုလောင်ရှီး၊ လုလောင်ရှီး၊ ကျွန်းပိုင်ရှင်ရဲ့ အထောက်အထားကို အတိုချုံး မိတ်ဆက်ပေးနိုင်မလား။"
"လျို့လောင်ရှီး၊ လုလောင်ရှီး၊ မင်းတို့နှစ်ယောက် လက်ထပ်ဖို့ ကျွန်းကို သွားခဲ့တာလို့ ပြောတယ်။ ဒါအမှန်ပဲလား။"
"ဘယ်သူကများ ဒီလိုစိတ်ကူးကို တွေးမိတာလဲ။" လျိ့ဖိန်သည် သူမ၏ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ကင်မရာကို ပြုံးပြလိုက်သည်။ "အဲဒါ မဟုတ်ပါဘူး။ သူငယ်ချင်းကလေးရဲ့ တက္ကသိုလ်ဝင်ခွင့်ဂုဏ်ပြုပွဲလေးကို သွားခဲ့တာပါ။"
တက္ကသိုလ်ဝင်ခွင့် ညစာစားပွဲကို သီးသန့်ကျွန်းမှာ ကျင်းပခဲ့တယ်၊ ဒါက ဘယ်လိုမိသားစုမျိုးလဲ။ သူတို့အိမ်မှာ မိုင်းတွင်းတွေရှိလား ဒါမှမဟုတ် တစ်ခုခုလား။
သတင်းထောက်တချို့က မယုံနိုင်သော်လည်း မကြာမီ စတော်ဘယ်ရီအင်တာတိန်းမန့်နှင့် ဇီကျားအင်တာတိန်းမန့်တို့၏ပိုင်ရှင်များက ဖျော်ဖြေရေးနယ်ပယ်ရှိ အကောင်ကြီးကြီးများနှင့်အတူ ထွက်လာသည်ကို တွေ့လိုက်ရသည်။
သတ္တိရှိသော သတင်းထောက်တစ်ဦးက ဥက္ကဋ္ဌစွန်း၏ရှေ့တွင် ရပ်ကာ အလွန်အသုံးဝင်သော အချက်အလက်များကို ရယူချင်ခဲ့သည်။ "ဥက္ကဋ္ဌစွန်း၊ ဘယ်လိုလုပ် တူတူပြန်လာကြတာလဲခင်ဗျ။"
"အိုး အဲဒါ အိမ်ရှင်ရဲ့ ဧည့်ဝတ်ကျေပွန်မှုလေ။ ငါတို့ကို ကိုယ်ပိုင်လေယာဉ်နဲ့ ခေါ်သွားပြီး အပြန်လည်း အတူတူ ပြန်လာခဲ့တာ။" ဥက္ကဋ္ဌစွန်း ရယ်မောလိုက်သည်။ "ဒါပေမဲ့ ဒီသူငယ်ချင်းက နှိမ့်ချတတ်တဲ့အတွက် မီဒီယာမိတ်ဆွေတွေ၊ ကျွန်တော့်ကို အိမ်ရှင်ရဲ့ အချက်အလက်တွေ မတောင်းပါနဲ့။ နောက်တစ်ခါကျရင် နာမည်ပျက်စာရင်းသွင်းခံရမှာစိုးလို့ပါ။"
သတင်းထောက်များမှာ ဖော်ဖော်ရွေရွေ ပြုံးပြပြီး အိမ်ရှင်၏ အချက်အလက်ကို မည်သူမျှ မမေးကြတော့ပေ။ စတော်ဘယ်ရီ အင်တာတိန်းမန့်၏ သူဌေးပင်လျှင် နာမည်ပျက်စာရင်းသွင်းခံရမည်ကို ကြောက်သည်။ ထိုသို့သောလူကို မထိရဲပါ။ လူတိုင်းက ပြန်သွားကြပြီး အနုပညာအသိုင်းအဝိုင်းရှိအကောင်ကြီးကြီးများနှင့် ပတ်သတ်ဆက်နွယ်နေသော လူချမ်းသာများအကြောင်း ဆောင်းပါးတစ်ချို့ ရေးသားလိုက်ကြသည်။
စုန့်ယွီသည် ချမ်းသာသော ဒုတိယမျိုးဆက်ဖြစ်ထိုက်သည်ဟု လူအချို့က ယူဆကြသည်။ ဤအချိန်မျိုးတွင် သူ့ကိုလည်း မြင်တွေ့ခဲ့ရ၏။ အစွန်းရောက်ပရိသတ်အချို့က လီပရိသတ်များကို နှိုးဆွရန် ပရိသတ်များကို တမင်တကာ အသုံးပြုကာ လီကျောင်းသည် ယခု အလွန်ကျော်ကြားနေသော်လည်း သူ့တစ်သက်တွင် ထိုသို့သောနေရာကို ဘယ်သောအခါမှ မသွားနိုင်ဟု ပြောဆိုခဲ့သည်။
လီကျောင်း ပရိသတ်များက သူတို့ကို မဆဲဆိုခင် ယွီပရိသတ်များက ထိုအစွန်းရောက်ပရိသတ်များကို မြေကြီးပေါ်သို့ ဖိနှိပ်ထားပြီးဖြစ်၏။ ၎င်းက အခြားသူများအား အနုပညာအသိုင်းအဝိုင်းအတွင်းရှိ စစ်မှန်သော ခင်မင်ရင်းနှီးမှုကို ထပ်မံမြင်တွေ့စေပါသည်။
ပြင်ပကမ္ဘာမှ ဝေဖန်မှုများကို ရှောင်ရှားရန် လီကျောင်းသည် ဤပွဲ၏ အိမ်ရှင်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ ချစ်သူခုနှစ်ဖော်ဇာတ်လမ်း အဖွဲ့သားများသည် တစ်စုံတစ်ခုကို မှန်းဆမိသော်လည်း မည်သူမျှ မပြောရဲကြပေ။ ပုဂ္ဂလိကဇိမ်ခံကျွန်း၏အကြောင်းအရာသည် အချိန်အတော်ကြာအောင် နာမည်ကြီးခဲ့သော်လည်း မည်သူကမှ လီကျောင်းနှင့် မဆက်စပ်မိချေ။
ထိုအချိန်တွင် လီကျောင်း ၊ ရန်ထင်း ၊ အစ်မရှနှင့် အခြားသူများမှာ ကျွန်းမှ ချက်ခြင်း မထွက်ခွာခဲ့ပေ။ သူတို့သည် ကျွန်းပေါ်တွင် ရက်အနည်းငယ်နေရန် ဆုံးဖြတ်ခဲ့သည်။ လီကျောင်းသည် ကမ်းခြေဘောင်းဘီနှင့် နေပူခံဦးထုပ်ကို ဝတ်ဆင်ထားပြီး သန္တာကျောက်တန်းဘေးတွင် ကဏန်းဖမ်းရန် ရန်ထင်းကို ခေါ်သွား၏။ သူကံမကောင်းခဲ့ပါ။ အချိန်အတော်ကြာအောင် ရှာဖွေသော်လည်း ကဏန်းငယ် နှစ်ကောင်သာ ဖမ်းမိခဲ့သည်။
"သူတို့က အရမ်းသေးပြီး စားလို့မရဘူး။ သူတို့မိဘတွေကို ပြန်ရှာဖို့ လွှတ်လိုက်မယ်။" လီကျောင်းသည် ပုံးထဲမှ ကဏန်းများကို ပင်လယ်ထဲသို့ လောင်းချလိုက်သည်။ သူ့အား ဓာတ်ပုံရိုက်ပေးရန် ရန်ထင်းအား ပြောနေစဉ် ခြေချော်ပြီး နောက်ပြန်လဲသွားသည်။
'ပင်လယ်ကြီးက ကျောက်တုံးတွေနဲ့ ပြည့်နေတာ။ လဲသွားရင် ပွန်းပဲ့ကုန်တော့မှာပဲ။' ဟု သူ့စိတ်ထဲတွင် တွေးမိသည်။ သို့ရာတွင် လီကျောင်း လဲကျသွားသော်လည်း ထိခိုက်မှုမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ့ခါးကို တင်းတင်းဖက်ကာ အကာအကွယ်ပေးထားသည့် လက်မောင်းကြောင့် ဖြစ်သည်။ ပင်လယ်ရေမျာက သူ့ခြေဖဝါးကြားမှ စီးဝင်ပျောက်ကွယ်သွားသည်။
"ထင်းထင်း မင်းအဆင်ပြေရဲ့လား။" လီကျောင်းက ရန်ထင်း သူ့နောက်တွင် ရှိနေသည်ကို သတိရသွားသည်။ လဲကျတုန်းက ရန်ထင်း ကျောက်ခဲနဲ့တိုက်မိသွားလားမသိဘူး။
"အဆင်ပြေပါတယ်။" ရန်ထင်းက လက်မြှောက်ကာ လီကျောင်း၏ ခေါင်းပေါ်ရှိ ဦးထုပ်ကို ဖိလိုက်သည်။ "ဒီနေရာက နည်းနည်းချော်တယ်။ မလဲကျစေနဲ့။"
လီကျောင်းသည် ရန်ထင်း၏ မျက်နှာတွင် ရေစက် အနည်းငယ် ရှိနေပြီး ပါးပြင်ပေါ်သို့ စီးကျလာသည်ကို မြင်လိုက်ရသည်။ ရန်ထင်းက လီကျောင်း၏ ဦးထုပ်ကို ဖိလိုက်ပုံမှာ အသိပြန်မဝင်သေးသည့် ကလေးလေးအား ချော့မြူလိုသည့်အလားပင်။
လီကျောင်းသည် ရန်ထင်းအား ကြောင်တက်တက်ဖြင့် စိုက်ကြည့်ကာ သူ့မျက်နှာပေါ်ရှိ ပင်လယ်ရေများကို သုတ်ပေးရန် ကြိုးစားလိုက်သည်။
"ကြောက်နေတာလား။" လီကျောင်းက သူ့အား မှင်သေသေနှင့် ငေးကြည့်နေသည်ကို မြင်သောအခါ ရန်ထင်းက လီကျောင်းကို သန္တာကျောက်တန်းပေါ်မှ ချီမပြီး သန္တာကျောက်တန်းကြား ကျသွားသည့်ပုံးကို ကောက်ယူရန် လှည့်လိုက်သည်။
လီကျောင်းသည် ရန်ထင်း၏ နောက်ကျောကို ကြည့်ကာ မြေပြင်ပေါ်ရှိ သဲများကို ဆုပ်ကိုင်ရင်း ညှစ်လိုက်သည်။ ထို့နောက် အဝေးကို လှမ်းကြည့်လိုက်သည်။
အစ်မရှနှင့် အစ်ကိုကျိုးတို့သည် ကမ်းခြေပေါ်တွင် လက်ချင်းတွဲ၍ လမ်းလျှောက်နေကြသည်။ အစ်ကိုရှောင်ကျင်းနှင့် အစ်မလင်းလင်း တို့သည် ဆယ်လ်ဖီရိုက်နေစဉ် ပွေ့ဖက်နေကြသည်။ သူတို့တစ်ကိုယ်လုံးတွင် အချစ်နံ့များ သင်းပျံ့လျက်ရှိသည်။
"ဘာကြည့်နေတာလဲ။" ရန်ထင်းက သူ့ဘေးတွင် ရပ်နေပြီး သူတို့အဝတ်အစားများ ထိမိသွားသည်။
လီကျောင်းသည် ရန်ထင်းကို ပြန်ကြည့်သည်။ သူသာ ရန်ထင်းနဲ့ လက်ချင်းယှက်ပြီး ကမ်းခြေမှာ အတူတူ လမ်းလျှောက်ရင် ...
တွေးမနေနဲ့တော့။ ဒီစိတ်ကူးကို ရပ်လိုက်။
လီကျောင်း ခေါင်းယမ်းလိုက်သည်။ "သူတို့က ဆက်ဆံရေးကောင်းတယ်လို့ ငါထင်ရုံပါ။"
"သူတို့ကို မနာလိုမဖြစ်ပါနဲ့။" ရန်ထင်းသည် သောင်ပြင်တစ်လျှောက် ရှာဖွေကာ ခရုခွံကိုဆွဲထုတ်လိုက်သည်။ "ငါတို့ရဲ့ ခံစားချက်တွေလည်း အရမ်းကောင်းပါတယ်။"
လီကျောင်း "......"
လီကျောင်း မင်း စိတ်အေးအေးထား။ စုန့်ယွီရဲမဟုတ်ကဟုတ်က စကားတွေကို ခေါင်းထဲမထည့်နဲ့။
"ပင်ပန်းနေပြီလား။" ရန်ထင်းက လီကျောင်းကို ညင်သာစွာ ပြုံးပြလိုက်သည်။ "မင်း ငါ့ပခုံးပေါ်မှာ ခဏလောက် အနားယူချင်လား။"
ဒီအပြုံး...
ထင်းထင်းသည် သူ့ရှေ့တွင် ဒုတိယအကြိမ် ပြုံးပြခြင်းဖြစ်သည်။ ဘယ်သူက ခံနိုင်ရည်ရှိလဲ။ ဘယ်သူကလဲ။
လီကျောင်းက သူ့အသိတရား အလွန်ဆိုးဝါးနေပြီး သူသေတော့မည်ဟု ခံစားလိုက်ရသည်။
စာရေးသူမှာ ပြောစရာရှိတယ်။
ဘေဘီကျောင်းကျောင်းသည် သူငယ်တန်း၏ သေးငယ်သော ထောင့်တွင် ဝပ်ဝပ်ကလေး ထိုင်နေရင်း သူ့ကိုယ်ပိုင် လူသားဆန်မှုနှင့် အသိတရားအကြောင်း မေးခွန်းထုတ်နေမိသည်။
ဘေဘီထင်းထင်းက နောက်ကျောတွင် ကျောပိုးအိတ်သေးသေးလေး လွယ်ထားသည့် သူ့ကို ရှာတွေ့သွားပြီး ဘေဘီကျောင်းကျောင်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။
#5501words
#8.2.2024