ပျော်ရွှင်မှု/ေပ်ာ္ရႊင္မႈ [M...

By yinyinhtun9699

647K 100K 3.8K

Zawgyi လီေက်ာင္းသည္ ဆင္းရဲႏြမ္းပါးေသာ အသက္၂၀အရြယ္ သရုပ္ေဆာင္တစ္ဦးျဖစ္ျပီး ေနာက္ထပ္တစ္နပ္စာ မည္သည့္ေနရာမွရမလဲ... More

မိတ္ဆက္အမွာစာ
Chapter (1) Zawgyi အလြန္ေပ်ာ္ရႊင္ေနပါတယ္
Chapter (1) Unicode အလွန်ပျော်ရွှင်နေပါတယ်
Chapter (2) Zawgyi ေမြးေန႕ဆုေတာင္း
Chapter (2) Unicode မွေးနေ့ဆုတောင်း
Chapter (3) Zawgyi အျပစ္ကင္းေသာ ပြဲၾကည့္ပရိသတ္
Chapter (3) Unicode အပြစ်ကင်းသော ပွဲကြည့်ပရိသတ်
Chapter (4) Zawgyi Ahhhh......
Chapter (4) Unicode Ahhh......
Chapter (5) Z+U
Chapter (6) Z+U hot topic
Chapter (7) Z+U ခက္ခဲလြန္းတယ္ /ခက်ခဲလွန်းတယ်
Chapter (8) Z+U သတင္းဆိုး/သတင်းဆိုး
Chapter (9) Z+U အရမ္းေကာင္းတယ္ /အရမ်းကောင်းတယ်
Chapter (10) Z+U အရသာရွိေသာ/အရသာရှိသော
Chapter (11) Z+U ကေလးမ်ားအတြက္ အစာေၾကေဆးျပား / ကလေးများအတွက် အစာကြေဆေးပြား
Chapter (12) လံုးဝမျဖစ္နိုင္ဘူး /လုံးဝမဖြစ်နိုင်ဘူး
Chapter (13) Z+U မနာလိုမႈ / မနာလိုမှု
Chapter (14) Z+U သက္ဝင္လႈပ္ရွားေနေသာ / သက်ဝင်လှုပ်ရှားနေသော
Chapter (15) Z+U လူလိမ္/ လူလိမ်
Chapter (16) Z+U Fuwa
Chapter (17) Z+U ပံုၾကီးခ်ဲ႕ျခင္း /ပုံကြီးချဲ့ခြင်း
Chapter (18) Z+U မင္းကိုအလုပ္ကေနလာၾကိဳမယ္/မင်းကိုအလုပ်ကနေလာကြိုမယ်
Chapter (19) ျဖဴ စင္ေသာခင္မင္မႈ
Chapter (19) ဖြူစင်သောခင်မင်မှု
Chapter (20) ပိုက္ဆံေပးမယ္
Chapter (20) ပိုက်ဆံပေးမယ်
Chapter (21) ေမ်ွာ္လင့္မထားသည့္ ေတြ႕ဆံုမႈ
Chapter (21) မျှော်လင့်မထားသည့်တွေ့ဆုံမှု
Chapter (22) ရနံ႔
Chapter (22) ရနံ့
Chapter (23) ဘယ္လိုတိုက္ဆိုင္မႈမ်ိဳးလဲ
Chapter (23) ဘယ်လိုတိုက်ဆိုင်မှုမျိုးလဲ
Chapter (24) ေခ်ာက္ကမ္းပါး
Chapter (24) ချောက်ကမ်းပါး
Chapter (25) ဆယ္ေက်ာ္သက္က့ဲသို႔
Chapter (25) ဆယ်ကျော်သက်ကဲ့သို့
Chapter (26) ညီအစ္ကိုအဝတ္အထည္
Chapter (26) ညီအစ်ကိုအဝတ်အထည်
Chapter (27) ဆူညံမႈ
Chapter (27) ဆူညံမှု
Chapter (28) ျခိမ္းေျခာက္မႈ
Chapter (28) ခြိမ်းခြောက်မှု
Chapter (29)
Chapter (29)
Chapter (30) သိုးမ်ားေရတြက္ျခင္း
Chapter (30) သိုးများရေတွက်ခြင်း
Chapter (31) ဖက္ထုပ္မ်ားေရတြက္ျခင္း
Chapter (31) ဖက်ထုပ်များရေတွက်ခြင်း
Chapter (32) ေပ်ာ္ရႊင္စရာအဝတ္အစားမ်ား
Chapter (32) ပျော်ရွှင်စရာအဝတ်အစားများ
Chapter (33) ၾကြားတာလား
Chapter (33) ကြွားတာလား
Chapter (34) ေထာက္ခံခ်က္
Chapter (34) ထောက်ခံချက်
Chapter (35) Touching Porcelain
Chapter (35) Touching Porcelain
Chapter (36) ထင္းထင္းတ့ဲလား
Chapter (36) ထင်းထင်းတဲ့လား
Chapter (37) ေပ်ာ္ရႊင္ျခင္း ဝမ္းနည္းျခင္း
Chapter (37) ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း
Chapter (38-1) နွွစ္ပတ္လည္ ေတြ႕ဆံုပြဲ
Chapter (38-1) နှစ်ပတ်လည် တွေ့ဆုံပွဲ
Chapter (38-2) ႏွစ္ပတ္လည္ ေတြ႕ဆံုပြဲ
Chapter (38-2) နှစ်ပတ်လည် တွေ့ဆုံပွဲ
Chapter (39) ျပင္ဆင္ျခယ္သျခင္း
Chapter (39) ပြင်ဆင်ခြယ်သခြင်း
Chapter (40) ပါတီပြဲ
Chapter (40) ပါတီပွဲ
Chapter (41) သီးသန္႔အမွာစာ
Chapter (41) သီးသန့်အမှာစာ
Chapter (42) လက္ေဆာင္
Chapter (42) လက်ဆောင်
Chapter (43-1) Z+U မ်က္ဝန္းတစ္စံု /မျက်ဝန်းတစ်စုံ
Chapter (43-2) Z+U မ်က္ဝန္းတစ္စံု /မျက်ဝန်းတစ်စုံ
Chapter (44) အင္တာဗ်ဴး
Chapter (44) အင်တာဗျူး
Chapter (45) ႏွစ္သစ္ကူးပိုက္ဆံ
Chapter (45) နှစ်သစ်ကူးပိုက်ဆံ
Chapter (46) ရုပ္ရွင္
Chapter (46) ရုပ်ရှင်
Chapter (47) ဇာတ္ေကာင္
Chapter (47) ဇာတ်ကောင်
Chapter (48) ေစာေစာစီးစီး အခ်စ္
Chapter (48) စောစောစီးစီး အချစ်
Chapter (49) ဘဝတစ္သက္စာ
Chapter (49) ဘဝတစ်သက်စာ
Chapter (50) အရွက္မ့ဲေသာ
Chapter (50) အရှက်မဲ့သော
Chapter (51) မ်က္ႏွာခ်ိဳေသြးျခင္း
Chapter (51) မျက်နှာချိုသွေးခြင်း
Chapter (52) ရန္ပြဲ
Chapter (52) ရန်ပွဲ
Chapter (53-1) ေႏြးေထြးေသာ/ နွေးထွေးသော
Chapter (53-2) ေႏြးေထြးေသာ/ နွေးထွေးသော
Chapter (54) ဝက္ေမြးျမဴျခင္းဆိုင္ရာ အသိပညာေၾကာ္ျငာ
Chapter (54) ဝက်မွေးမြူခြင်းဆိုင်ရာ အသိပညာကြော်ငြာ
Chapter (54)
Chapter (55-1) Z+U အစီအစဥ္ရိုက္ကူးျခင္း /အစီအစဉ်ရိုက်ကူးခြင်း
Chapter (55-2) Z+U အစီအစဥ္ရိုက္ကူးျခင္း/ အစီအစဉ်ရိုက်ကူးခြင်း
Chapter (56-1) Z+U အစီအစဥ္ရိုက္ကူးျခင္း (2) / အစီအစဉ်ရိုက်ကူးခြင်း (2)
Chapter (56-2) Z+U အစီအစဥ္ရိုက္ကူးျခင္း (2) / အစီအစဉ်ရိုက်ကူးခြင်း (2)
Chapter (56-3) အစီအစဥ္ရိုက္ကူးျခင္း (2) / အစီအစဉ်ရိုက်ကူးခြင်း (2)
Chapter (57-1) Z+U ထုတ္လႊင့္ျပသျခင္း/ထုတ်လွှင့်ပြသခြင်း
Chapter (57-2) Z+U ထုတ္လႊင့္ျပသျခင္း / ထုတ်လွှင့်ပြသခြင်း
Chapter (57-3) Z+U ထုတ္လႊင့္ျပသျခင္း / ထုတ်လွှင့်ပြသခြင်း
Chapter (58-1) Z+U ေဘဘီေလးကိုကာကြယ္ျခင္း /ဘေဘီလေးကိုကာကွယ်ခြင်း
Chapter (58-2) Z+U ေဘဘီေလးကိုကာကြယ္ျခင္း / ဘေဘီလေးကိုကာကွယ်ခြင်း
Chapter (59-1) အစားအေသာက္ဂရုစိုက္ေပးျခင္း /အစားအသောက်ဂရုစိုက်ပေးခြင်း
Chapter (59-2) Z+U အစားအေသာက္ဂရုစိုက္ေပးျခင္း / အစားအသောက်ဂရုစိုက်ပေးခြင်း
Chapter (60) Z+U အမိႈက္ေကာက္ျခင္း / အမှိုက်ကောက်ခြင်း
Chapter (61-1) Z+U သစ္ပင္စိုက္ပ်ိဳးျခင္း / သစ်ပင်စိုက်ပျိုးခြင်း
Chapter (61-2) Z+U သစ္ပင္စိုက္ပ်ိဳးျခင္း /သစ်ပင်စိုက်ပျိုးခြင်း
Chapter (62-1) Z+U ပိုက္ဆံေခ်းျခင္း / ပိုက်ဆံချေးခြင်း
Chapter (62-2) Z+U ပိုက္ဆံေခ်းျခင္း /ပိုက်ဆံချေးခြင်း
Chapter (63) Z+U လေရာင္/ လရောင်
Chapter (64-1) Z+U စားေသာက္ၾကျခင္း / စားသောက်ကြခြင်း
Chapter (64-2) Z+U စားေသာက္ၾကျခင္း / စားသောက်ကြခြင်း
Chapter (65-1) Z+U စာအိတ္နီ / စာအိတ်နီ
Chapter (65-2) Z+U စာအိတ္နီ / စာအိတ်နီ
Chapter (66-1) Z+U သူေဌးၾကီး / သူဌေးကြီး
chapter (66-2) Z+U သူေဌးၾကီး / သူဌေးကြီး
Chapter (67-1) Z+U
Chapter (67-2)
Chapter (68) Z+U အရသာ / အရသာ
Chapter (69) Z+U အေရးအၾကီးဆံုး / အရေးအကြီးဆုံး
Chapter (70-1) Z+U ထင္းထင္းလား / ထင်းထင်းလား
Chapter (70-2) Z+U ထင္းထင္းလား / ထင်းထင်းလား
Chapter (71-1) Z+U ေႏြးေထြးမႈ / နွေးထွေးမှု
Hello
Chapter (71-2) Z+U ေႏြးေထြးမႈ /နွေးထွေးမှု
Chapter (71-2) Z+U ေႏြးေထြးမႈ / နွေးထွေးမှု
Chapter (72-1) Z+U မခါးသီးပါဘူး / မခါးသီးပါဘူး
Chapter (72-2) Z+U မခါးသီးပါဘူး / မခါးသီးပါဘူး
Not update
Chapter (73-1) Z+U ဆုရျခင္း / ဆုရခြင်း
Chapter (73-2) Z+U ဆုရျခင္း/ ဆုရခြင်း
Chapter (74-1) Z+ U
Chapter(74-2) Z+U
Chapter (75-1) Z+U
Chapter (75-2)
Chapter (76-1) Z+U အင္တာဗ်ဴး / အင်တာဗျူး
Chapter (76-2) Z+U အင္တာဗ်ဴး
Chapter (77) Z+U ေရငတ္ျခင္း / ရေငတ်ခြင်း
Chapter (78) Z+U တကၠသိုလ္ဝင္ခြင့္စာေမးပြဲရလဒ္/ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရလဒ္
Chapter (79-1) Z+U ရႈရန္ထင္း / ရှုရန်ထင်း
Not Update
Chapter (79-2) Z+U ရႈရန္ထင္း / ရှုရန်ထင်း
Chapter (80-1) Z+U အတိတ္ / အတိတ်
Chapter (80-2) Z+U အတိတ္/ အတိတ်
Chapter (81-1) Z+U မဝံ့ရဲပါ / မဝံ့ရဲပါ
Chapter (81-2) Z+U မဝံ့ရဲပါ / မဝံ့ရဲပါ
Chapter (82) Z+U မဟုတ္ဘူး /မဟုတ်ဘူး
Chapter (83-1) Z+U ပိုက္ဆံမရွာနဲ႕ / ပိုက်ဆံမရှာနဲ့
Chapter (83-2) Z+U ပိုက္ဆံမရွာနဲ႕ / ပိုက်ဆံမရှာနဲ့
Not update (ေတာင္းပန္လႊာ)
Chapter (84-1) Z+U ေငြရွာျခင္း / ငွေရှာခြင်း
Chapter (84-2) Z+U ေငြရွာျခင္း / ငွေရှာခြင်း
Chapter (85) Z+U Volunteer
Chapter (86) Z+U ယွဥ္ျပိဳင္ျခင္း/ ယှဉ်ပြိုင်ခြင်း
Not Update
Chapter (87) Z+U မိုက္မဲမႈ / မိုက်မဲမှု
Chapter (88-1) Z+U အခ်စ္မ်ားေရတြက္ျခင္း / အချစ်များရေတွက်ခြင်း
Chapter (88-2) Z+U
Chapter (89-2) Z+U အရမ္းမိုက္တယ္/ အရမ်းမိုက်တယ်
Chapter (90) Z+U
Chapter (91-1)
Chapter (91-2)
ေတာင္းပန္လႊာ
Chapter (92-1)

Chapter (89-1) Z+U အရမ္းမိုက္တယ္/ အရမ်းမိုက်တယ်

2.3K 458 39
By yinyinhtun9699

Zawgyi

အရမ္းမိုက္တယ္

လီေက်ာင္း ျပန္ယူလာေသာကိတ္မုန္႔ကို ရန္ထင္းက တစ္ဝက္သာစားျပီး က်န္တစ္ဝက္မွာ လီေက်ာင္း ဗိုက္ထဲသို႔ ေရာက္သြားသည္။

ကိတ္မုန႔္တစ္ဝက္ကို စားလိုက္ေသာ္လည္း သူက ညစာကို ေလ်ွာ့မစားေပ။ ထို႕ေနာက္ သူသည္ သူ၏ လံုးဝိုင္းေနေသာဗိုက္ကေလးကို ဖံုးကာ ရန္ထင္းနွင့္အတူ မိုးေကာင္းကင္က်ဴးရင့္သံ ၾကည့္ရန္ ဆိုဖာေပၚတြင္ ထိုင္လိုက္သည္။

မိုးေကာင္းကင္က်ဴးရင့္သံသည္ ညတိုင္း အပိုင္းႏွစ္ပိုင္း ထုတ္လႊင့္ေလ့ရွိၿပီး အြန္လိုင္း႐ုပ္သံလႊင့္ပလပ္ေဖာင္းတြင္မူ တီဗီဌာနထက္ ႏွစ္နာရီေနာက္က်ၿပီးမွ တင္ေလ့ရွိ၏။ မၾကာေသးမီႏွစ္မ်ားအတြင္း၊ နာမည္ေက်ာ္ သမိုင္းဝင္ဒရာမာ ဇာတ္လမ္းတြဲမ်ားစြာ ရွိခဲ့ေသာ္လည္း ၎တို႔၏အြန္လိုင္းမွ ဝင္ေရာက္ၾကည့္ရႈမႈမ်ားမွာ မျမင့္မားဘဲ အဆင့္သတ္မွတ္ခ်က္မ်ားသည္ ပ်မ္းမွ်သာျဖစ္သည္။

မိုးေကာင္းကင္က်ဴးရင့္သံ၏ ျမင့္မားေသာ အဆင့္သတ္မွတ္ခ်က္မ်ားႏွင့္ နာမည္ၾကီးႏႈန္းက နယ္ပယ္တြင္းရွိ လူအမ်ားကို အံ့အားသင့္ေစခဲ့သည္။ ႐ုပ္ရွင္ႏွင့္ ႐ုပ္ျမင္သံၾကားကုမၸဏီႀကီးမ်ားသည္ အခ်ိန္ပိုအလုပ္ဆင္းကာ ထိုလွ်ို႔ဝွက္ခ်က္ကို ရွာေဖြနိုင္ရန္အတြက္ ဤဒရာမာကို ၾကည့္ရႈရန္ စီစဥ္ခဲ့ၾကသည္။

အဝတ္အစားေတြနဲ႕ ဇာတ္ဝင္ပစၥည္းအသံုးေတြက လက္ရာေျမာက္တယ္။ သရုပ္ေဆာင္ေတြကလည္း ေလးေလးနက္နက္ရွိတယ္။ အသက္ သံုးဆယ္ေလးဆယ္အရြယ္ လူၾကီးေတြကို ေကာင္ေလးေတြအျဖစ္ သရုပ္ေဆာင္ခြင့္မေပးထားသလို အသက္သံုးဆယ္ေလးဆယ္အရြယ္ အမ်ိဳးသမီးေတြကိုလည္း ဆယ္ေက်ာ္သက္ မိန္းကေလးေနရာမွာ သရုပ္မေဆာင္ခိုင္းခ့ဲဘူး။ ဇာတ္ကြက္က က်ိဳးေၾကာင္းဆီေလ်ာ္၊ က်စ္လ်စ္ၿပီး ရႈပ္ေထြးတဲ့ ခံစားခ်က္ဒရာမာေတြ မပါဘူး။ အဓိကဇာတ္ကြက္က ရွင္းရွင္းလင္းလင္းရွိၿပီး ဒရာမာထဲက ဇာတ္ေကာင္ေတြရဲ႕ က်င့္ဝတ္ထံုးတမ္းေတြက သမိုင္းမွတ္တမ္းေတြနဲ႕လည္း ကိုက္ညီတယ္။

(ျမန္မာကားေတြထဲက ေက်ာင္းသားေက်ာင္းသူေတြကို ေျပးျမင္မိ)

အေရးအႀကီးဆုံးအရာကေတာ့ သ႐ုပ္ေဆာင္ေတြက အရမ္းေစ့စပ္ၿပီး ပရိသတ္ရဲ႕စ်ာန္ဝင္မႈကို မခ်ိဳးေဖာက္တာပါပဲ။ ငယ္႐ြယ္တ့ဲသ႐ုပ္ေဆာင္ေတြေတာင္ ဇာတ္႐ုပ္ေတြကို ျပီးျပည့္စံုေအာင္ လုပ္ေဆာင္နိုင္တယ္။ ေနာက္တစ္ခ်က္ကေတာ့… ဒီဒရာမာထဲက ရႈတရန္က သူ႕လက္ကေလးေျမွာက္လိုက္တာေတာင္ ဆြဲေဆာင္မႈ ရွိေနတယ္။ အင္တာနက္တစ္ခြင္ ပ်ံ႕နွံ႕ေနတဲ့ ရႈတရန္ရဲ႕ gifs ေတြကို ၾကည့္တာနဲ႕သိနိုင္တယ္။

အလွတရားကို ခ်စ္ျမတ္နိုးျခင္းသည္ လူ႕ဗီဇတစ္ခုျဖစ္သည္။

ဒါရိုက္တာယန္က လူငယ္သ႐ုပ္ေဆာင္မ်ားကို ေလ့က်င့္သင္ၾကားေပးရာ၌ အလြန္ေတာ္ျပီး သ႐ုပ္ေဆာင္စြမ္းရည္နည္းပါးသည့္ စုန္႔ယီြသည္ပင္ ဒီဒရာမာတြင္ ေကာင္းေကာင္းသ႐ုပ္ေဆာင္ခဲ့သည္။

ဒရာမာတစ္ဝက္ေရာက္ေအာင္ မထုတ္လႊင့္မရေသးေသာ္လည္း လီယီြ CP ကို ​​အ႐ူးအမူးစြဲလန္းေနၾကသည့္ ပရိသတ္မ်ား မွိုလိုေပါက္လာခဲ့၏။ သူတို႔က လီေက်ာင္းႏွင့္ စုန္႔ယီြတို႕၏ မေရမတြက္နိုင္ေလာက္ေအာင္ ခ်ိဳၿမိန္ေသာ သို႔မဟုတ္ ခါးသက္ေသာ ဇာတ္လမ္းမ်ား ဖန္တီးရန္အတြက္ လႊမ္းမိုးျခယ္လွယ္နိုင္စြမ္းရွိေသာအမ်ိဳးသမီးဥကၠ႒နွင့္ မိုးေကာင္းကင္က်ဴးရင့္သံမွ ဇာတ္ဝင္ခန္းမ်ားကို ျဖတ္ညွပ္ကပ္ လုပ္ခ့ဲၾကသည္။ 

စုန္႔ယီြ၏စတူဒီယိုသည္ လီေက်ာင္း၏ ေက်ာ္ၾကားမႈကို ရည္ရြယ္ခ်က္ရွိရွိ မီွခိုေနရေသာေၾကာင့္ ဤဗီဒီယိုမ်ားအတြက္ မ်က္လုံးတစ္ဖက္မွိတ္ေပးထားသည္။ တစ္ခ်ိန္က လီေက်ာင္း၏ေက်ာ္ၾကားမႈကို လံုးဝမွီခိုမွာမဟုတ္ဟု စကားၾကီး စကားက်ယ္ေျပာခ့ဲသည့္ စုန္႔ယီြက အျပစ္ရွိသလိုခံစားရေသာေၾကာင့္ လီေက်ာင္းထံသို႕ စာအိတ္နီမ်ား ရံဖန္ရံခါ ေပးပို႔ေပးခဲ့သည္။

CP ကို ​​ႀကိဳက္ႏွစ္သက္သည့္ ပရိသတ္ဆိုသည္မွာ ေဖ်ာ္ေျဖေရးနယ္ပယ္၌ ျဖစ္ရိုးျဖစ္စဥ္တစ္ခု ျဖစ္သည္။ ပရိတ္သတ္မ်ားေရာ ေဖ်ာ္ေျဖေရးသမားမ်ားပါ ၎က အစစ္အမွန္မဟုတ္ေၾကာင္း သိေပ၏။ လူတိုင္းက ကိုယ့္စိတ္ကူးကေလးနွင့္ကိုယ္ ေက်နပ္ေနၾကသည္။ လီေက်ာင္း၏စတူဒီယိုက ဤကိစၥသည္ စုန္႔ယီြနွင့္ ဘာမွမဆိုင္ေၾကာင္း၊ ပရိသတ္မ်ား၏ အလိုအေလ်ာက္ အျပဳအမူမ်ား ျဖစ္ေၾကာင္းေတြ႕ရွိသြားျပီး ေလာေလာဆယ္ ဒီတိုင္းထားရန္ ဆံုးျဖတ္လိုက္ၾကသည္။

(ဘာမွလာမေျပာနဲ႕။ Yizhan ကေတာ့ real ပဲ။ 🤣🤣)

လီေက်ာင္းႏွင့္ ရန္ထင္းတို႔ တီဗီ ငါးမိနစ္မ်ွ ၾကည့္ျပီးခ်ိန္တြင္ စုန္႔ယီြ၏ စာအိတ္နီကို ထပ္မံလက္ခံရရွိခ့ဲ၏။ လီေက်ာင္းက အင္တာနက္တြင္ ရွာေဖြခဲ့ရာ သူႏွင့္ စုန္႔ယီြ၏ CP ဗီဒီယိုသည္ ေရပန္းစားလာသည္ကို ေတြ႕လိုက္ရသည္။

သူနဲ႕ စုန္႔ယီြက ဘာလို႕ CP ခံစားခ်က္ေတြ ရွိရမွာလဲ။ သူနဲ႕ စုန္႔ယီြက … မေကာင္းဘူး… 

လီေက်ာင္းက ရန္ထင္းကို မသိစိတ္အရ ၾကည့္ေနၿပီးေနာက္ အျပစ္ရွိဟန္ျဖင့္ သူ႕အၾကည့္ကို ျပန္႐ုတ္လိုက္သည္။ ရန္ထင္းက သူ႕ကို အစ္ကိုတစ္ေယာက္လို ဆက္ဆံခဲ့ေပမဲ့ သူက သူနဲ႕ထင္းထင္းရဲ႕ CP ကို ေထာက္ပ့ံေပးခ်င္ေနတာလား။ ေယာင္ယိကြမ္းရဲ႕ ညစ္ညမ္းတ့ဲအေတြးေတြေၾကာင့္ သူ႕ရဲ႕ျဖဴစင္တ့ဲႏွလံုးသားေလး ကူးစက္ခံလိုက္ရတာလား။ 

"ဘာျဖစ္တာလဲ။" ရန္ထင္းက တခ်က္ၾကည့္လိုက္သည္။ "တစ္ေယာက္ေယာက္က မင္းနဲ႕ပတ္သက္တဲ့ မေကာင္းသတင္းေတြကို အြန္လိုင္းမွာ ထပ္ၿပီးျဖန႔္ေနတာလား။"

"အဆင္ေျပပါတယ္၊ အဆင္ေျပပါတယ္။" လီေက်ာင္းက ေခါင္းခါလိုက္ၿပီး ဗီဒီယိုကို မေတာ္တဆ နွိပ္မိသြားေသာေၾကာင့္ ဗီဒီယို ပြင့္သြားခ့ဲသည္။

"ဘာလို႔ မင္း ငါ့ကို မခ်စ္တာလဲ။"

"သူက ဘာေကာင္းလို႔လဲ။ မင္း ငါ့ကို ဘာလို႔ ထပ္ျပီး ဂရုမစိုက္ေတာ့တာလဲ။

ရန္ထင္းသည္ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္ကာ ဗြီဒီယိုၾကည့္ရန္ ငံု႕လိုက္သည္။ လီေက်ာင္းက စုန္႔ယီြကို သူ႕ရင္ခြင္ထဲတြင္ ထည့္ထားရန္ လက္လွမ္းသည္ကို ျမင္လိုက္ရသည္။

ရန္ထင္း  "????"

“ဒါက တည္းျဖတ္ထားတဲ့ အပိုင္းပါ။ စုန္႔ယီြနဲ႕ ဒီေလာက္ ရင္းႏွီးတဲ့ ဇာတ္ကြက္မ်ိဳး တစ္ခါမွ မရိုက္ဖူးဘူး။” လီေက်ာင္းသည္ အျပစ္ရွိေၾကာင္း မသိစိတ္က ခံစားခဲ့ရၿပီး သူႏွင့္ စုန္႔ယီြ သည္ အျပစ္မရွိေၾကာင္း အျမန္ရွင္းျပခဲ့သည္။

"ငါ မင္းကို အရမ္းခ်စ္တယ္။ မ်က္လုံးဖြင့္ၿပီး ငါ့ကို ၾကည့္ေပးပါ။"

ရန္ထင္းသည္ လီေက်ာင္းကို ေမာ့ၾကည့္လိုက္သည္။ လီေက်ာင္းက ေခ်ာင္းဆိုးဟန္ျပဳကာ ဗီဒီယိုကို အျမန္ပိတ္လိုက္၏။ “ဒါေတြအားလုံးက အင္တာနက္ေပၚကလူေတြ ျဖတ္ညွပ္ကပ္လုပ္ထားတ့ဲ ဗီဒီယိုေတြပါ။ အေလးအနက္ မထားနဲ႕။"

"ဘာလို႔ ဒီလိုဗီဒီယိုေတြကို ျဖတ္ရတာလဲ။"

“ဘာလို႕လဲဆိုေတာ့ သူတို႔က…” လီေက်ာင္းက ေခါင္းကိုက္သြားသလို ခံစားရသည္။ ဒီပရိသတ္ေတြက သူနဲ႕ စုန္႔ယီြရဲ႕ CP ပရိတ္သတ္ေတြျဖစ္ၿပီး စုန္႔ယီြနဲ႕သူေပါင္းျပီး ေမ်ာက္ေလးတစ္ေကာင္ေမြးတာ ျမင္ခ်င္ေနတ့ဲသူေတြလို႔ ရန္ထင္းကို ဘယ္လိုရွင္းျပရမလဲ။

"သူတို႔က မင္းကို စုန္႔ယီြနဲ႕ ခ်စ္ေစခ်င္တာလား။"

“မဟုတ္ဘူး၊ မဟုတ္ဘူး။ သူတို႔က အခ်ိဳစားရတာ ၾကိဳက္ရံုပါ။ တကယ္ေတာ့ သူတို႕က ငါနဲ႕စုန္႔ယီြ အတူတူရွိမွာကို မလိုခ်င္ပါဘူး။" လီေက်ာင္းက ခဏမွ် စဥ္းစားလိုက္သည္။ “တကယ္ေၾကာက္ေနတဲ့အခ်ိန္မွာ တစ္ခုခုကို သေဘာက်ဟန္ေဆာင္တာနဲ႕ ဆင္တူပါတယ္။ ဒီအဓိပၸာယ္နဲ႕ ေတာ္ေတာ္ေလး ဆင္တယ္။ သူတို႕က ဒါေတြပဲ စဥ္းစားေနၾကတာ။”

ရန္ထင္းက တိတ္ဆိတ္လ်က္ရွိျပီး သူ၏နက္ေမွာင္ေသာ မ်က္ဝန္းအစံုတြင္ ေအးစက္မႈမ်ား ျပည့္ႏွက္သြားသည္။ စဥ္းေတာင္ မစဥ္းစားနဲ႕။

"ဒါက အသေရဖ်က္မႈပဲ။"

"ဟမ္…" လီေက်ာင္းက မတုံ႕ျပန္နိုင္ခဲ့ေခ်။

"စုန္႔ယီြက မင္းနဲ႕မထိုက္တန္ဘူး။" ရန္ထင္းသည္ ထူးထူးျခားျခား ၿငိမ္သက္ေနသည္။ “သူက အရပ္မရွည္ဘူး၊ အသားအေရလည္း မေကာင္းဘူး၊ ႏွာေခါင္းကလည္း ျပားျပီး သ႐ုပ္ေဆာင္တာလည္း မေကာင္းဘူး။ သူက မထိုက္တန္ဘူး။"

လီေက်ာင္း  "……"

ဒီစကားေတြ... သူျပန္မေျဖနိုင္ဘူး။ စုန္႔ယီြပို႕ထားတ့ဲ စာအိတ္နီကိုေတာင္ မဖြင့္ၾကည့္ရေသးတ့ဲအတြက္ တစ္ဖက္လူကို မေကာင္းေျပာဖို႕ ခက္ေနတယ္။

လီေက်ာင္းဘက္မွ စကားျပန္မလာသည္ကို ရန္ထင္းက ျမင္ၿပီး ဤပရိသတ္မ်ားက အျမင္မရွိဟု ခံစားခ့ဲရ၏။ CP တစ္ခု ပ့ံပိုးခ်င္တယ္ဆိုရင္လည္း သူနဲ႕ေက်ာင္းေက်ာင္းရဲ႕ CP ကို ေထာက္ခံေပးသင့္တာေပါ့။

တီဗီၾကည့္ရန္ လွည့္ၾကည့္လိုက္ေသာအခါ ရႈတရန္အျဖစ္ သ႐ုပ္ေဆာင္ထားေသာ လီေက်ာင္းႏွင့္ စုန္႔ယီြ၏ဇာတ္ေကာင္တို႕ ရယ္ေမာေနသည့္ပံုကို ေတြ႕လိုက္ရ၏။ လက္တစ္ဖက္က ပုခံုးကိုဖက္ထားျပီး ဆံပင္ကို ထိေနတယ္။ မသင့္ေလ်ာ္လိုက္တာ။ ဒီစုန္႔ယီြက တစ္ခ်က္ၾကည့္တာနဲ႕ အေလးအနက္ထားတတ္တ့ဲသူမဟုတ္မွန္း သိသာတယ္။

ရန္ထင္းက မတ္တပ္ရပ္လိုက္သည္။ "ငါ စာရြက္စာတမ္းေတြဖတ္ဖို႕ သြားေတာ့မယ္။"

"မင္း TV မၾကည့္ေတာ့ဘူးလား။"

"ငါၾကည့္မွာမဟုတ္ဘူး။"

လီေက်ာင္းသည္ တီဗီတြင္ စုန္႔ယီြကို ျမင္လိုက္ရသည္။ စုန္႔ယီြရဲ႕ ႐ုပ္ဆိုးမႈေၾကာင့္ ထင္းထင္း ထြက္သြားတာလား။ သူ႕စိတ္ထဲတြင္ေတာ့ ရန္ထင္းႏွင့္ သူ၏ CP ပုံရိပ္ ထြက္ေပၚလာျပန္သည္။ လီေက်ာင္းက ေခါင္းယမ္းၿပီး မ်က္ေမွာင္ၾကဳတ္လိုက္၏။ သူက ညစ္ညမ္းတ့ဲလူနဲ႕ နီးနီးကပ္ကပ္ေနခ့ဲမိလို႕ ဒီကိစၥေတြကို ျပတ္ျပတ္သားသား ေတြးျမင္ေနမိတာလား။

ထိုအခ်ိန္တြင္ ရန္ထင္းက စာၾကည့္ခန္းတံခါးကိုပိတ္ၿပီး ခ်င္ေရွာင္းကိုေခၚရန္ သူ႕ဖုန္းကို ထုတ္လိုက္သည္။

"ဆရာ…" ခ်င္ေရွာင္းသည္ ေနာက္ဆုံးတြင္ သူ႕ရည္းစားအသစ္စက္စက္ေလးႏွင့္ အျပင္ထြက္စားရန္ အခ်ိန္ရခဲ့သည္။ ထို႔ေနာက္ ရန္ထင္းထံမွ တယ္လီဖုန္းတစ္ခု လက္ခံရရွိၿပီး စိတ္ထဲတြင္ တုန္လႈပ္သြားသည္။

ယခင္က ရန္ထင္းက သူ႕ကို ဖုန္းမေခၚသျဖင့္ ရန္ထင္း၏ စိတ္ပိုင္းဆိုင္ရာ ျပသနာမ်ားကို စိတ္ပူခ့ဲရသည္။ ယခုအခါ ရန္ထင္းက သူ႕ကို မၾကာခဏ ဖုန္းဆက္ျပီး ရန္ထင္း၏စိတ္ပိုင္းဆိုင္ရာ ျပသနာမ်ားကို စိတ္ပူေပးရျပန္သည္။

"အင္တာနက္ စာေရးဆရာလား။" ခ်င္ေရွာင္း က သူ႕ေဘးမွာ ထိုင္ေနသည့္ သူ႕ေကာင္မေလးကို ၾကည့္လိုက္သည္။ "ဆရာ ေမ့သြားၿပီလား။ ကြၽန္ေတာ့္ေကာင္မေလးက အင္တာနက္ စာေရးဆရာေလ။”

"ေက်းဇူးတင္ပါတယ္ ဆရာ။" ခ်င္ေရွာင္းသည္ သူ႕စိုးရိမ္မႈကို အျပည့္အဝလႊတ္မခ်ရဲေသးေပ။ "ေနာက္ထပ္ ဘာလုပ္ေပးရမလဲခင္ဗ်။"

"လီယီြ CP"  ခ်င္ေရွာင္း အံ့ၾသသြားသည္။ "ေကာင္းပါၿပီ၊ ကိစၥမရွိပါဘူး။"

ခ်င္ေရွာင္း ဖုန္း ခ်လိုက္ၿပီး သူ႕ေကာင္မေလးကို ၾကည့္လိုက္သည္ ။ “ငါ့ဆီမွာ ကာစတန္မာရဲ႕ခ်ိဳျမိန္တ့ဲစာသားေလးေတြ ရွိတယ္။ ေဈးက အရမ္းျမင့္တယ္။ မင္းနဲ႕ မင္းသူငယ္ခ်င္းေတြ စမ္းၾကည့္ခ်င္လား။"

သူ႕ေကာင္မေလးက ေခါင္းညိတ္လိုက္သည္။ "ရွင့္မွာ ပိုက္ဆံရွိရင္ေျပာသာေျပာလိုက္။ ဘယ္လိုပုံစံမ်ိဳးလဲ။"

“တကယ္ေတာ့ ေအးတိေအးစက္နိုင္တ့ဲဥကၠ႒နဲ႕ နာမည္ၾကီးစတားတစ္ေယာက္အေၾကာင္း။"

"ေယာက္်ားနဲ႕မိန္းမလား။ ေယာက္်ားႏွစ္ေယာက္လား။" ခ်စ္သူေကာင္မေလး၏ မ်က္လုံးမ်ားက တဖ်က္ဖ်က္ လက္လာခ့ဲသည္။

“အမ္။” ခ်င္ေရွာင္း ေခ်ာင္းဟန္႔လိုက္သည္။ “ေယာက်္ားေလး ႏွစ္ေယာက္။ မင္း ဒီလိုေရးရတာ မႀကိဳက္ရင္…”

"ေရးမယ္ ငါေရးမယ္။" သူ႕ေကာင္မေလးက ခ်င္ေရွာင္း၏မ်က္လုံးမ်ားကို မထင္မွတ္ဘဲ စိတ္အားထက္သန္စြာ စိုက္ၾကည့္ေနခ့ဲသည္။ "ရွင္နဲ႕ကြ်န္မက ဘက္တူမယ္လို႕ မေမွ်ာ္လင့္ထားဘူး။ ကြ်န္မ ရွင့္ကို 20% ေလွ်ာ့ေပးမယ္။"

ခ်င္ေရွာင္း  "..."

သူက သူ႕ရည္းစားႏွင့္ တြဲသည္မွာ တစ္လမျပည့္ေသးေပ။ သူ အလုပ္ရႈပ္တိုင္း သူ႕ေကာင္မေလးက သူ႕အေပၚ ျငဴစူျခင္း မက္ေဆခ့်္ေပးပို႕ျခင္း မရွိေခ်။ ဤကဲ့သို႔ စိတ္အားထက္သန္ေသာ မ်က္လုံးမ်ားျဖင့္ သူ႕ကိုၾကည့္ျခင္းသည္ ပထမဆုံးအႀကိမ္ျဖစ္သည္။

“စိတ္ခ်လက္ခ်သာေနေတာ့။ ကြ်န္မ ေသခ်ာေပါက္ ဝမ္းနည္း ခ်ိဳၿမိန္ၿပီး ရင္ခုန္စရာေကာင္းတဲ့ အခ်စ္ဇာတ္လမ္းကို ေရးေပးမယ္။" သူ႕ေကာင္မေလးက တိုးတိုးေလးေျပာလိုက္သည္။ "ဒါနဲ႕ ရွင္နဲ႕ကြ်န္မမိသားစုက ေက်ာင္းေက်ာင္းေလးရဲ႕ သတင္းအရႈပ္ေတာ္ပံုက ဘယ္လိုျဖစ္ရတာလဲ။"

“အဲ့အေၾကာင္း မေတြးနဲ႕။လီေက်ာင္းနဲ႕ ငါ့မွာ အ့ဲဒီလို ဆက္ဆံေရး မရွိဘူး…”

“ရွင့္မွာ ဒီလိုဆက္ဆံေရးမ်ိဳး မရွိနိုင္ဘူးဆိုတာ  ကြ်န္မ သိပါတယ္။ ကြ်န္မရဲ႕ေက်ာင္းေက်ာင္းေလးက ဘယ္ေလာက္ေကာင္းလိုက္လဲ။ ရွင္က သူနဲ႕ ဘယ္လိုလုပ္ ထိုက္တန္မွာလဲ။" သူ႕ေကာင္မေလးက ေခါင္းခါလိုက္၏။ "ရွင္ ေက်ာင္းေက်ာင္းကို တကယ္သိတာလား။ သူ႕ကိုသိရင္ ကြ်န္မအတြက္ သူ႕လက္မွတ္ပါတ့ဲ ဓါတ္ပုံတခ်ိဳ႕ ေတာင္းေပးပါလားဟင္။"

"လုဝမ္ဝမ္၊ ငါကမွ မင္းရဲ႕ရည္းစားေနာ္။" ခ်င္ေရွာင္းသည္ သူ႕ေကာင္မေလးကို ကူကယ္ရာမဲ့စြာ ၾကည့္ေနသည္ ။ "သူက သူ႕ေကာင္ေလးကို ဘယ္လိုေတာင္ နွိမ့္ခ်ရက္တာလဲ။"

"ရွင္က ကြ်န္မေကာင္ေလးဆိုေပမ့ဲ ကိုယ့္အသိစိတ္ထဲကအတိုင္း ေျပာတာပါ။" လုဝမ္ဝမ္က သူ႕အတြက္ ေျပာင္းသကာရည္တစ္ခြက္ ထည့္ေပးလိုက္သည္။ "ဒါလင္ကလည္း စိတ္မဆိုးပါနဲ႕။ ကြ်န္မ ရွင့္ကို တကယ္ခ်စ္တာပါ။"

ခ်င္ေရွာင္း  "..."

သူ႕ေကာင္မေလးကို အိမ္ျပန္ပို႔ၿပီးေနာက္၊ ခ်င္ေရွာင္းသည္ ပလက္ေဖာင္းအမ်ိဳးမ်ိဳးကို ဆက္သြယ္ခဲ့ၿပီး 'လီယီြ CP ' ၏ ေခါင္းစဥ္ကို ဖ်က္ေပရန္ ေတာင္းဆိုခဲ့သည္။

ဤအျဖစ္အပ်က္ၿပီးေနာက္ လီေက်ာင္းႏွင့္ သူ၏ 'မရွင္းလင္းေသာ' ဆက္ဆံေရးသည္ စက္ဝိုင္းထဲတြင္ တစ္ဖန္လွ်ိဳ႕ဝွက္စြာ ပ်ံ့ႏွံ႕လာမည္ဟု သူ သံသယျဖစ္မိသည္။

သမၼတရဲ႕ အထူးလက္ေထာက္ျဖစ္ရတာ တကယ္ကို ခက္ခဲတယ္။

လီယီြ CP ပရိသတ္မ်ားသည္ လီယီြ အေၾကာင္းအရာမ်ား အင္တာနက္ေပၚမွ ရုတ္ျခည္း ေပ်ာက္ကြယ္သြားသည္ကို ေတြ႕လိုက္ရသည္။ သူတို႔တည္ေဆာက္ထားသည့္ super topic မ်ားပင္ သဲလြန္စမရွိဘဲ ေပ်ာက္ကြယ္သြားခဲ့သည္။ 

“ငါတို႕က ဥပေဒနဲ႕ စည္းကမ္းေတြ မလိုက္နာလို႔လား ဘာေၾကာင့္လဲ။ ဒါကဘယ္လိုျဖစ္ရတာလဲ။" 

"ငါတို႔ကို တကယ္ ရီပို႕ထုဖို႕ ဘယ္သူက ဒီေလာက္ အရွက္မရွိရတာလဲ။"

"XX ရဲ႕ စူပါအေၾကာင္းအရာ သို႔မဟုတ္ XXX ရဲ႕ စူပါအေၾကာင္းအရာ???."

"ဒါက စုန္႔ယီြ ဒါမွမဟုတ္ လီေက်ာင္းရဲ႕ ပရိတ္သတ္စစ္စစ္ေတြေၾကာင့္လား။"

“အဲလို မထင္ဘူး။ ဒီပရိသတ္ႏွစ္မ်ိဳးက မ်ားေသာအားျဖင့္ လိုက္ဖက္ညီပါတယ္။ CP ကို ​​မေထာက္ခံေပမ့ဲ အလြန္အကြၽံ လုပ္ေလ့မရွိဘူး။"

"ရႈေပရဲ႕ ပရိသတ္ေတြက လုပ္ခဲ့တာျဖစ္မယ္။"

"ဟုတ္တယ္၊ ရႈေပရဲ႕ ပရိသတ္ေတြကလြဲရင္ ဘယ္သူမွ ဒီလို စက္ဆုပ္႐ြံရွာဖြယ္ လုပ္ရပ္မ်ိဳး လုပ္မွာ မဟုတ္ပါဘူး။"

“ညီအစ္မတို႔ အနုပညာလိုင္းက ထုတ္လႊင့္ၿပီးၿပီ။ ေက်ာင္းေက်ာင္း ဒဏ္ရာရတ့ဲ အေၾကာင္းရင္းနဲ႕ ထိခိုက္မႈကို ျမင္ျပီး ငါ့အဆုတ္ေတြ ေပါက္ကြဲလုနီးပါး ျဖစ္ေနၿပီ။ ႐ႊံ႕ေကာ္ဖီနဲ႕တူတဲ့ ရႈေပကို ဘာလို႕ ကမ႓ာေျမၾကီးရဲ႕အလယ္ဗဟိုကို လႊင့္မပစ္နိုင္ရတာလဲ။"

#4168words
#1.10.23


Unicode

အရမ်းမိုက်တယ်

လီကျောင်း ပြန်ယူလာသောကိတ်မုန့်ကို ရန်ထင်းက တစ်ဝက်သာစားပြီး ကျန်တစ်ဝက်မှာ လီကျောင်း ဗိုက်ထဲသို့ ရောက်သွားသည်။

ကိတ်မုန့်တစ်ဝက်ကို စားလိုက်သော်လည်း သူက ညစာကို လျှော့မစားပေ။ ထို့နောက် သူသည် သူ၏ လုံးဝိုင်းနေသောဗိုက်ကလေးကို ဖုံးကာ ရန်ထင်းနှင့်အတူ မိုးကောင်းကင်ကျူးရင့်သံ ကြည့်ရန် ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။

မိုးကောင်းကင်ကျူးရင့်သံသည် ညတိုင်း အပိုင်းနှစ်ပိုင်း ထုတ်လွှင့်လေ့ရှိပြီး အွန်လိုင်းရုပ်သံလွှင့်ပလပ်ဖောင်းတွင်မူ တီဗီဌာနထက် နှစ်နာရီနောက်ကျပြီးမှ တင်လေ့ရှိ၏။ မကြာသေးမီနှစ်များအတွင်း၊ နာမည်ကျော် သမိုင်းဝင်ဒရာမာ ဇာတ်လမ်းတွဲများစွာ ရှိခဲ့သော်လည်း ၎င်းတို့၏အွန်လိုင်းမှ ဝင်ရောက်ကြည့်ရှုမှုများမှာ မမြင့်မားဘဲ အဆင့်သတ်မှတ်ချက်များသည် ပျမ်းမျှသာဖြစ်သည်။

မိုးကောင်းကင်ကျူးရင့်သံ၏ မြင့်မားသော အဆင့်သတ်မှတ်ချက်များနှင့် နာမည်ကြီးနှုန်းက နယ်ပယ်တွင်းရှိ လူအများကို အံ့အားသင့်စေခဲ့သည်။ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကုမ္ပဏီကြီးများသည် အချိန်ပိုအလုပ်ဆင်းကာ ထိုလျှို့ဝှက်ချက်ကို ရှာဖွေနိုင်ရန်အတွက် ဤဒရာမာကို ကြည့်ရှုရန် စီစဉ်ခဲ့ကြသည်။

အဝတ်အစားတွေနဲ့ ဇာတ်ဝင်ပစ္စည်းအသုံးတွေက လက်ရာမြောက်တယ်။ သရုပ်ဆောင်တွေကလည်း လေးလေးနက်နက်ရှိတယ်။ အသက် သုံးဆယ်လေးဆယ်အရွယ် လူကြီးတွေကို ကောင်လေးတွေအဖြစ် သရုပ်ဆောင်ခွင့်မပေးထားသလို အသက်သုံးဆယ်လေးဆယ်အရွယ် အမျိုးသမီးတွေကိုလည်း ဆယ်ကျော်သက် မိန်းကလေးနေရာမှာ သရုပ်မဆောင်ခိုင်းခဲ့ဘူး။ ဇာတ်ကွက်က ကျိုးကြောင်းဆီလျော်၊ ကျစ်လျစ်ပြီး ရှုပ်ထွေးတဲ့ ခံစားချက်ဒရာမာတွေ မပါဘူး။ အဓိကဇာတ်ကွက်က ရှင်းရှင်းလင်းလင်းရှိပြီး ဒရာမာထဲက ဇာတ်ကောင်တွေရဲ့ ကျင့်ဝတ်ထုံးတမ်းတွေက သမိုင်းမှတ်တမ်းတွေနဲ့လည်း ကိုက်ညီတယ်။

(မြန်မာကားတွေထဲက ကျောင်းသားကျောင်းသူတွေကို ပြေးမြင်မိ)

အရေးအကြီးဆုံးအရာကတော့ သရုပ်ဆောင်တွေက အရမ်းစေ့စပ်ပြီး ပရိသတ်ရဲ့ဈာန်ဝင်မှုကို မချိုးဖောက်တာပါပဲ။ ငယ်ရွယ်တဲ့သရုပ်ဆောင်တွေတောင် ဇာတ်ရုပ်တွေကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်တယ်။ နောက်တစ်ချက်ကတော့… ဒီဒရာမာထဲက ရှုတရန်က သူ့လက်ကလေးမြှောက်လိုက်တာတောင် ဆွဲဆောင်မှု ရှိနေတယ်။ အင်တာနက်တစ်ခွင် ပျံ့နှံ့နေတဲ့ ရှုတရန်ရဲ့ gifs တွေကို ကြည့်တာနဲ့သိနိုင်တယ်။

အလှတရားကို ချစ်မြတ်နိုးခြင်းသည် လူ့ဗီဇတစ်ခုဖြစ်သည်။

ဒါရိုက်တာယန်က လူငယ်သရုပ်ဆောင်များကို လေ့ကျင့်သင်ကြားပေးရာ၌ အလွန်တော်ပြီး သရုပ်ဆောင်စွမ်းရည်နည်းပါးသည့် စုန့်ယွီသည်ပင် ဒီဒရာမာတွင် ကောင်းကောင်းသရုပ်ဆောင်ခဲ့သည်။

ဒရာမာတစ်ဝက်ရောက်အောင် မထုတ်လွှင့်မရသေးသော်လည်း လီယွီ CP ကို အရူးအမူးစွဲလန်းနေကြသည့် ပရိသတ်များ မှိုလိုပေါက်လာခဲ့၏။ သူတို့က လီကျောင်းနှင့် စုန့်ယွီတို့၏ မရေမတွက်နိုင်လောက်အောင် ချိုမြိန်သော သို့မဟုတ် ခါးသက်သော ဇာတ်လမ်းများ ဖန်တီးရန်အတွက် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသောအမျိုးသမီးဥက္ကဋ္ဌနှင့် မိုးကောင်းကင်ကျူးရင့်သံမှ ဇာတ်ဝင်ခန်းများကို ဖြတ်ညှပ်ကပ် လုပ်ခဲ့ကြသည်။ 

စုန့်ယွီ၏စတူဒီယိုသည် လီကျောင်း၏ ကျော်ကြားမှုကို ရည်ရွယ်ချက်ရှိရှိ မှီခိုနေရသောကြောင့် ဤဗီဒီယိုများအတွက် မျက်လုံးတစ်ဖက်မှိတ်ပေးထားသည်။ တစ်ချိန်က လီကျောင်း၏ကျော်ကြားမှုကို လုံးဝမှီခိုမှာမဟုတ်ဟု စကားကြီး စကားကျယ်ပြောခဲ့သည့် စုန့်ယွီက အပြစ်ရှိသလိုခံစားရသောကြောင့် လီကျောင်းထံသို့ စာအိတ်နီများ ရံဖန်ရံခါ ပေးပို့ပေးခဲ့သည်။

CP ကို ကြိုက်နှစ်သက်သည့် ပရိသတ်ဆိုသည်မှာ ဖျော်ဖြေရေးနယ်ပယ်၌ ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်သည်။ ပရိတ်သတ်များရော ဖျော်ဖြေရေးသမားများပါ ၎င်းက အစစ်အမှန်မဟုတ်ကြောင်း သိပေ၏။ လူတိုင်းက ကိုယ့်စိတ်ကူးကလေးနှင့်ကိုယ် ကျေနပ်နေကြသည်။ လီကျောင်း၏စတူဒီယိုက ဤကိစ္စသည် စုန့်ယွီနှင့် ဘာမှမဆိုင်ကြောင်း၊ ပရိသတ်များ၏ အလိုအလျောက် အပြုအမူများ ဖြစ်ကြောင်းတွေ့ရှိသွားပြီး လောလောဆယ် ဒီတိုင်းထားရန် ဆုံးဖြတ်လိုက်ကြသည်။

(ဘာမှလာမပြောနဲ့။ Yizhan ကတော့ real ပဲ။ 🤣🤣)

လီကျောင်းနှင့် ရန်ထင်းတို့ တီဗီ ငါးမိနစ်မျှ ကြည့်ပြီးချိန်တွင် စုန့်ယွီ၏ စာအိတ်နီကို ထပ်မံလက်ခံရရှိခဲ့၏။ လီကျောင်းက အင်တာနက်တွင် ရှာဖွေခဲ့ရာ သူနှင့် စုန့်ယွီ၏ CP ဗီဒီယိုသည် ရေပန်းစားလာသည်ကို တွေ့လိုက်ရသည်။

သူနဲ့ စုန့်ယွီက ဘာလို့ CP ခံစားချက်တွေ ရှိရမှာလဲ။ သူနဲ့ စုန့်ယွီက … မကောင်းဘူး… 

လီကျောင်းက ရန်ထင်းကို မသိစိတ်အရ ကြည့်နေပြီးနောက် အပြစ်ရှိဟန်ဖြင့် သူ့အကြည့်ကို ပြန်ရုတ်လိုက်သည်။ ရန်ထင်းက သူ့ကို အစ်ကိုတစ်ယောက်လို ဆက်ဆံခဲ့ပေမဲ့ သူက သူနဲ့ထင်းထင်းရဲ့ CP ကို ထောက်ပံ့ပေးချင်နေတာလား။ ယောင်ယိကွမ်းရဲ့ ညစ်ညမ်းတဲ့အတွေးတွေကြောင့် သူ့ရဲ့ဖြူစင်တဲ့နှလုံးသားလေး ကူးစက်ခံလိုက်ရတာလား။ 

"ဘာဖြစ်တာလဲ။" ရန်ထင်းက တချက်ကြည့်လိုက်သည်။ "တစ်ယောက်ယောက်က မင်းနဲ့ပတ်သက်တဲ့ မကောင်းသတင်းတွေကို အွန်လိုင်းမှာ ထပ်ပြီးဖြန့်နေတာလား။"

"အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်။" လီကျောင်းက ခေါင်းခါလိုက်ပြီး ဗီဒီယိုကို မတော်တဆ နှိပ်မိသွားသောကြောင့် ဗီဒီယို ပွင့်သွားခဲ့သည်။

"ဘာလို့ မင်း ငါ့ကို မချစ်တာလဲ။"

"သူက ဘာကောင်းလို့လဲ။ မင်း ငါ့ကို ဘာလို့ ထပ်ပြီး ဂရုမစိုက်တော့တာလဲ။

ရန်ထင်းသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ဗွီဒီယိုကြည့်ရန် ငုံ့လိုက်သည်။ လီကျောင်းက စုန့်ယွီကို သူ့ရင်ခွင်ထဲတွင် ထည့်ထားရန် လက်လှမ်းသည်ကို မြင်လိုက်ရသည်။

ရန်ထင်း  "????"

“ဒါက တည်းဖြတ်ထားတဲ့ အပိုင်းပါ။ စုန့်ယွီနဲ့ ဒီလောက် ရင်းနှီးတဲ့ ဇာတ်ကွက်မျိုး တစ်ခါမှ မရိုက်ဖူးဘူး။” လီကျောင်းသည် အပြစ်ရှိကြောင်း မသိစိတ်က ခံစားခဲ့ရပြီး သူနှင့် စုန့်ယွီ သည် အပြစ်မရှိကြောင်း အမြန်ရှင်းပြခဲ့သည်။

"ငါ မင်းကို အရမ်းချစ်တယ်။ မျက်လုံးဖွင့်ပြီး ငါ့ကို ကြည့်ပေးပါ။"

ရန်ထင်းသည် လီကျောင်းကို မော့ကြည့်လိုက်သည်။ လီကျောင်းက ချောင်းဆိုးဟန်ပြုကာ ဗီဒီယိုကို အမြန်ပိတ်လိုက်၏။ “ဒါတွေအားလုံးက အင်တာနက်ပေါ်ကလူတွေ ဖြတ်ညှပ်ကပ်လုပ်ထားတဲ့ ဗီဒီယိုတွေပါ။ အလေးအနက် မထားနဲ့။"

"ဘာလို့ ဒီလိုဗီဒီယိုတွေကို ဖြတ်ရတာလဲ။"

“ဘာလို့လဲဆိုတော့ သူတို့က…” လီကျောင်းက ခေါင်းကိုက်သွားသလို ခံစားရသည်။ ဒီပရိသတ်တွေက သူနဲ့ စုန့်ယွီရဲ့ CP ပရိတ်သတ်တွေဖြစ်ပြီး စုန့်ယွီနဲ့သူပေါင်းပြီး မျောက်လေးတစ်ကောင်မွေးတာ မြင်ချင်နေတဲ့သူတွေလို့ ရန်ထင်းကို ဘယ်လိုရှင်းပြရမလဲ။

"သူတို့က မင်းကို စုန့်ယွီနဲ့ ချစ်စေချင်တာလား။"

“မဟုတ်ဘူး၊ မဟုတ်ဘူး။ သူတို့က အချိုစားရတာ ကြိုက်ရုံပါ။ တကယ်တော့ သူတို့က ငါနဲ့စုန့်ယွီ အတူတူရှိမှာကို မလိုချင်ပါဘူး။" လီကျောင်းက ခဏမျှ စဉ်းစားလိုက်သည်။ “တကယ်ကြောက်နေတဲ့အချိန်မှာ တစ်ခုခုကို သဘောကျဟန်ဆောင်တာနဲ့ ဆင်တူပါတယ်။ ဒီအဓိပ္ပာယ်နဲ့ တော်တော်လေး ဆင်တယ်။ သူတို့က ဒါတွေပဲ စဉ်းစားနေကြတာ။”

ရန်ထင်းက တိတ်ဆိတ်လျက်ရှိပြီး သူ၏နက်မှောင်သော မျက်ဝန်းအစုံတွင် အေးစက်မှုများ ပြည့်နှက်သွားသည်။ စဉ်းတောင် မစဉ်းစားနဲ့။

"ဒါက အသရေဖျက်မှုပဲ။"

"ဟမ်…" လီကျောင်းက မတုံ့ပြန်နိုင်ခဲ့ချေ။

"စုန့်ယွီက မင်းနဲ့မထိုက်တန်ဘူး။" ရန်ထင်းသည် ထူးထူးခြားခြား ငြိမ်သက်နေသည်။ “သူက အရပ်မရှည်ဘူး၊ အသားအရေလည်း မကောင်းဘူး၊ နှာခေါင်းကလည်း ပြားပြီး သရုပ်ဆောင်တာလည်း မကောင်းဘူး။ သူက မထိုက်တန်ဘူး။"

လီကျောင်း  "……"

ဒီစကားတွေ... သူပြန်မဖြေနိုင်ဘူး။ စုန့်ယွီပို့ထားတဲ့ စာအိတ်နီကိုတောင် မဖွင့်ကြည့်ရသေးတဲ့အတွက် တစ်ဖက်လူကို မကောင်းပြောဖို့ ခက်နေတယ်။

လီကျောင်းဘက်မှ စကားပြန်မလာသည်ကို ရန်ထင်းက မြင်ပြီး ဤပရိသတ်များက အမြင်မရှိဟု ခံစားခဲ့ရ၏။ CP တစ်ခု ပံ့ပိုးချင်တယ်ဆိုရင်လည်း သူနဲ့ကျောင်းကျောင်းရဲ့ CP ကို ထောက်ခံပေးသင့်တာပေါ့။

တီဗီကြည့်ရန် လှည့်ကြည့်လိုက်သောအခါ ရှုတရန်အဖြစ် သရုပ်ဆောင်ထားသော လီကျောင်းနှင့် စုန့်ယွီ၏ဇာတ်ကောင်တို့ ရယ်မောနေသည့်ပုံကို တွေ့လိုက်ရ၏။ လက်တစ်ဖက်က ပုခုံးကိုဖက်ထားပြီး ဆံပင်ကို ထိနေတယ်။ မသင့်လျော်လိုက်တာ။ ဒီစုန့်ယွီက တစ်ချက်ကြည့်တာနဲ့ အလေးအနက်ထားတတ်တဲ့သူမဟုတ်မှန်း သိသာတယ်။

ရန်ထင်းက မတ်တပ်ရပ်လိုက်သည်။ "ငါ စာရွက်စာတမ်းတွေဖတ်ဖို့ သွားတော့မယ်။"

"မင်း TV မကြည့်တော့ဘူးလား။"

"ငါကြည့်မှာမဟုတ်ဘူး။"

လီကျောင်းသည် တီဗီတွင် စုန့်ယွီကို မြင်လိုက်ရသည်။ စုန့်ယွီရဲ့ ရုပ်ဆိုးမှုကြောင့် ထင်းထင်း ထွက်သွားတာလား။ သူ့စိတ်ထဲတွင်တော့ ရန်ထင်းနှင့် သူ၏ CP ပုံရိပ် ထွက်ပေါ်လာပြန်သည်။ လီကျောင်းက ခေါင်းယမ်းပြီး မျက်မှောင်ကြုတ်လိုက်၏။ သူက ညစ်ညမ်းတဲ့လူနဲ့ နီးနီးကပ်ကပ်နေခဲ့မိလို့ ဒီကိစ္စတွေကို ပြတ်ပြတ်သားသား တွေးမြင်နေမိတာလား။

ထိုအချိန်တွင် ရန်ထင်းက စာကြည့်ခန်းတံခါးကိုပိတ်ပြီး ချင်ရှောင်းကိုခေါ်ရန် သူ့ဖုန်းကို ထုတ်လိုက်သည်။

"ဆရာ…" ချင်ရှောင်းသည် နောက်ဆုံးတွင် သူ့ရည်းစားအသစ်စက်စက်လေးနှင့် အပြင်ထွက်စားရန် အချိန်ရခဲ့သည်။ ထို့နောက် ရန်ထင်းထံမှ တယ်လီဖုန်းတစ်ခု လက်ခံရရှိပြီး စိတ်ထဲတွင် တုန်လှုပ်သွားသည်။

ယခင်က ရန်ထင်းက သူ့ကို ဖုန်းမခေါ်သဖြင့် ရန်ထင်း၏ စိတ်ပိုင်းဆိုင်ရာ ပြသနာများကို စိတ်ပူခဲ့ရသည်။ ယခုအခါ ရန်ထင်းက သူ့ကို မကြာခဏ ဖုန်းဆက်ပြီး ရန်ထင်း၏စိတ်ပိုင်းဆိုင်ရာ ပြသနာများကို စိတ်ပူပေးရပြန်သည်။

"အင်တာနက် စာရေးဆရာလား။" ချင်ရှောင်း က သူ့ဘေးမှာ ထိုင်နေသည့် သူ့ကောင်မလေးကို ကြည့်လိုက်သည်။ "ဆရာ မေ့သွားပြီလား။ ကျွန်တော့်ကောင်မလေးက အင်တာနက် စာရေးဆရာလေ။”

"ကျေးဇူးတင်ပါတယ် ဆရာ။" ချင်ရှောင်းသည် သူ့စိုးရိမ်မှုကို အပြည့်အဝလွှတ်မချရဲသေးပေ။ "နောက်ထပ် ဘာလုပ်ပေးရမလဲခင်ဗျ။"

"လီယွီ CP"  ချင်ရှောင်း အံ့သြသွားသည်။ "ကောင်းပါပြီ၊ ကိစ္စမရှိပါဘူး။"

ချင်ရှောင်း ဖုန်း ချလိုက်ပြီး သူ့ကောင်မလေးကို ကြည့်လိုက်သည် ။ “ငါ့ဆီမှာ ကာစတန်မာရဲ့ချိုမြိန်တဲ့စာသားလေးတွေ ရှိတယ်။ ဈေးက အရမ်းမြင့်တယ်။ မင်းနဲ့ မင်းသူငယ်ချင်းတွေ စမ်းကြည့်ချင်လား။"

သူ့ကောင်မလေးက ခေါင်းညိတ်လိုက်သည်။ "ရှင့်မှာ ပိုက်ဆံရှိရင်ပြောသာပြောလိုက်။ ဘယ်လိုပုံစံမျိုးလဲ။"

“တကယ်တော့ အေးတိအေးစက်နိုင်တဲ့ဥက္ကဋ္ဌနဲ့ နာမည်ကြီးစတားတစ်ယောက်အကြောင်း။"

"ယောက်ျားနဲ့မိန်းမလား။ ယောက်ျားနှစ်ယောက်လား။" ချစ်သူကောင်မလေး၏ မျက်လုံးများက တဖျက်ဖျက် လက်လာခဲ့သည်။

“အမ်။” ချင်ရှောင်း ချောင်းဟန့်လိုက်သည်။ “ယောကျ်ားလေး နှစ်ယောက်။ မင်း ဒီလိုရေးရတာ မကြိုက်ရင်…”

"ရေးမယ် ငါရေးမယ်။" သူ့ကောင်မလေးက ချင်ရှောင်း၏မျက်လုံးများကို မထင်မှတ်ဘဲ စိတ်အားထက်သန်စွာ စိုက်ကြည့်နေခဲ့သည်။ "ရှင်နဲ့ကျွန်မက ဘက်တူမယ်လို့ မမျှော်လင့်ထားဘူး။ ကျွန်မ ရှင့်ကို 20% လျှော့ပေးမယ်။"

ချင်ရှောင်း  "..."

သူက သူ့ရည်းစားနှင့် တွဲသည်မှာ တစ်လမပြည့်သေးပေ။ သူ အလုပ်ရှုပ်တိုင်း သူ့ကောင်မလေးက သူ့အပေါ် ငြူစူခြင်း မက်ဆေချ့်ပေးပို့ခြင်း မရှိချေ။ ဤကဲ့သို့ စိတ်အားထက်သန်သော မျက်လုံးများဖြင့် သူ့ကိုကြည့်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

“စိတ်ချလက်ချသာနေတော့။ ကျွန်မ သေချာပေါက် ဝမ်းနည်း ချိုမြိန်ပြီး ရင်ခုန်စရာကောင်းတဲ့ အချစ်ဇာတ်လမ်းကို ရေးပေးမယ်။" သူ့ကောင်မလေးက တိုးတိုးလေးပြောလိုက်သည်။ "ဒါနဲ့ ရှင်နဲ့ကျွန်မမိသားစုက ကျောင်းကျောင်းလေးရဲ့ သတင်းအရှုပ်တော်ပုံက ဘယ်လိုဖြစ်ရတာလဲ။"

“အဲ့အကြောင်း မတွေးနဲ့။လီကျောင်းနဲ့ ငါ့မှာ အဲ့ဒီလို ဆက်ဆံရေး မရှိဘူး…”

“ရှင့်မှာ ဒီလိုဆက်ဆံရေးမျိုး မရှိနိုင်ဘူးဆိုတာ  ကျွန်မ သိပါတယ်။ ကျွန်မရဲ့ကျောင်းကျောင်းလေးက ဘယ်လောက်ကောင်းလိုက်လဲ။ ရှင်က သူနဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ။" သူ့ကောင်မလေးက ခေါင်းခါလိုက်၏။ "ရှင် ကျောင်းကျောင်းကို တကယ်သိတာလား။ သူ့ကိုသိရင် ကျွန်မအတွက် သူ့လက်မှတ်ပါတဲ့ ဓါတ်ပုံတချို့ တောင်းပေးပါလားဟင်။"

"လုဝမ်ဝမ်၊ ငါကမှ မင်းရဲ့ရည်းစားနော်။" ချင်ရှောင်းသည် သူ့ကောင်မလေးကို ကူကယ်ရာမဲ့စွာ ကြည့်နေသည် ။ "သူက သူ့ကောင်လေးကို ဘယ်လိုတောင် နှိမ့်ချရက်တာလဲ။"

"ရှင်က ကျွန်မကောင်လေးဆိုပေမဲ့ ကိုယ့်အသိစိတ်ထဲကအတိုင်း ပြောတာပါ။" လုဝမ်ဝမ်က သူ့အတွက် ပြောင်းသကာရည်တစ်ခွက် ထည့်ပေးလိုက်သည်။ "ဒါလင်ကလည်း စိတ်မဆိုးပါနဲ့။ ကျွန်မ ရှင့်ကို တကယ်ချစ်တာပါ။"

ချင်ရှောင်း  "..."

သူ့ကောင်မလေးကို အိမ်ပြန်ပို့ပြီးနောက်၊ ချင်ရှောင်းသည် ပလက်ဖောင်းအမျိုးမျိုးကို ဆက်သွယ်ခဲ့ပြီး 'လီယွီ CP ' ၏ ခေါင်းစဉ်ကို ဖျက်ပေရန် တောင်းဆိုခဲ့သည်။

ဤအဖြစ်အပျက်ပြီးနောက် လီကျောင်းနှင့် သူ၏ 'မရှင်းလင်းသော' ဆက်ဆံရေးသည် စက်ဝိုင်းထဲတွင် တစ်ဖန်လျှို့ဝှက်စွာ ပျံ့နှံ့လာမည်ဟု သူ သံသယဖြစ်မိသည်။

သမ္မတရဲ့ အထူးလက်ထောက်ဖြစ်ရတာ တကယ်ကို ခက်ခဲတယ်။

လီယွီ CP ပရိသတ်များသည် လီယွီ အကြောင်းအရာများ အင်တာနက်ပေါ်မှ ရုတ်ခြည်း ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ သူတို့တည်ဆောက်ထားသည့် super topic များပင် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ 

“ငါတို့က ဥပဒေနဲ့ စည်းကမ်းတွေ မလိုက်နာလို့လား ဘာကြောင့်လဲ။ ဒါကဘယ်လိုဖြစ်ရတာလဲ။" 

"ငါတို့ကို တကယ် ရီပို့ထုဖို့ ဘယ်သူက ဒီလောက် အရှက်မရှိရတာလဲ။"

"XX ရဲ့ စူပါအကြောင်းအရာ သို့မဟုတ် XXX ရဲ့ စူပါအကြောင်းအရာ???."

"ဒါက စုန့်ယွီ ဒါမှမဟုတ် လီကျောင်းရဲ့ ပရိတ်သတ်စစ်စစ်တွေကြောင့်လား။"

“အဲလို မထင်ဘူး။ ဒီပရိသတ်နှစ်မျိုးက များသောအားဖြင့် လိုက်ဖက်ညီပါတယ်။ CP ကို မထောက်ခံပေမဲ့ အလွန်အကျွံ လုပ်လေ့မရှိဘူး။"

"ရှုပေရဲ့ ပရိသတ်တွေက လုပ်ခဲ့တာဖြစ်မယ်။"

"ဟုတ်တယ်၊ ရှုပေရဲ့ ပရိသတ်တွေကလွဲရင် ဘယ်သူမှ ဒီလို စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်မျိုး လုပ်မှာ မဟုတ်ပါဘူး။"

“ညီအစ်မတို့ အနုပညာလိုင်းက ထုတ်လွှင့်ပြီးပြီ။ ကျောင်းကျောင်း ဒဏ်ရာရတဲ့ အကြောင်းရင်းနဲ့ ထိခိုက်မှုကို မြင်ပြီး ငါ့အဆုတ်တွေ ပေါက်ကွဲလုနီးပါး ဖြစ်နေပြီ။ ရွှံ့ကော်ဖီနဲ့တူတဲ့ ရှုပေကို ဘာလို့ ကမ္ဘာမြေကြီးရဲ့အလယ်ဗဟိုကို လွှင့်မပစ်နိုင်ရတာလဲ။"

#4168words
#1.10.23

Continue Reading

You'll Also Like

3.5K 736 22
[ Alpha×Beta ] Title ✿ One-way Passage Original Author ✿ Jin Gang Chuan / 金刚圈 Status : 107 chapters +17 extras (Completed) @Translated from Englis...
4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
59.3K 10.1K 19
This is not my own story. It is fan translation. Credits to original author. Picture credits to original artist. I got permission from English Trans...
267K 9.5K 50
Labari ne da baku tab'a jin irin sa ba, matarsa ce bata haihuwa mahaifarta tana da matsana, sai ta sashi ya auri wata yarinya a b'oye babu wanda ya s...