Chapter (490)
“ဘယ်တော့မှအလျော့မပေးဘူး”
“ငါတို့ရဲ့ ဆက်ဆံရေးက မင်းထင်နေသလို မဟုတ်ဘူး။ ငါတို့နှစ်ယောက်ကြားက ဆက်ဆံရေးဆိုတာ အရောင်တွေ ကင်းမဲ့ပါတယ်။ မင်းအနေနဲ့ သူ့ကို အသုံးချပြီး ဘာကြောင့်များ ငါ့လာခြိမ်းခြောက်နေလဲ မသိတော့ဘူး . . .”
ရဲရှောင် ဝမ်အာအား စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။
“ငါသူ့အသက်ကို ကယ်ခဲ့တယ်။ သူကလည်း ကျေးဇူးသိတတ်တဲ့ လူတစ်ယောက် ဖြစ်တဲ့အတွက် ငါဒုက္ခတွေ့နေချိန်မှာ အပြန်အလှန် အနေနဲ့ ကူညီပေးခဲ့တယ်။ သူသေသွားရင်တောင်မှ ငါသူ့ကို ပေးခဲ့တဲ့ အသက်ကို အလျော်ပြန်ပေးလိုက်သလိုပဲ ဖြစ်မှာလေ။ ငါ့အတွက် အံ့ဩစရာ ဆိုပေမယ့် လက်မခံနိုင်စရာ အကြောင်းတော့လည်း မဟုတ်ဘူး။ မင်းတို့အတွက်ကျ အဲဒီလောက်တောင် နားလည်ရ ခက်နေကြလား”
ရဲရှောင် ခပ်တည်တည်ပင် ပြောလိုက်သည်။ ထိုသို့ တည်တည်ငြိမ်ငြိမ် ပြောလိုက်သော်လည်း သူ၏ ရင်ဘတ်ထဲတွင် နာကျင်မှုများဖြင့် ပြည့်နေလျက် ရှိသည်။
(ငါကွာ . . . ဘာလို့ ဒီမိန်းကလေးက ငါ့အတွက် သူ့ကိုယ်သူ စတေးခဲ့ရတာလဲ။ သူလုပ်ခဲ့တာကိုတောင် ငါ့ကို မသိစေချင်ခဲ့ပါလား . . .)
ယခုအခါ စေ့စပ်ညှိနှိုင်း ဆွေးနွေးနေကြသည် ဖြစ်သော်လည်း ထိုသို့ ဆွေးနွေးမှုတွင် ရဲရှောင်ဘက်မှ အလျော့ပေးလို့ မဖြစ်ပေ။ သူ့ဘက်က အနည်းငယ်သာ အလျော့ပေးမိမည် ဆိုပါက ဝမ်အာနှင့် ချူးအာတို့ ဘက်မှလည်း ရောင့်တက်လာကြမည် ဖြစ်သည်။ သူ့ခံစားချက် အစစ်အမှန်များကို အနည်းငယ် ထုတ်ဖော် လှစ်ဟ ပြသမိလိုက်မည် ဆိုပါက ထိုအားနည်းချက်ကို ချနင်းခံရပေလိမ့်မည်။
ရဲရှောင်သည် နည်းနည်းလေးမှ အလျော့မပေးချင်ပေ။ ထို့ကြောင့်ပင် သွေးအေးသည့် ပုံစံမျိုး ရှိနေရခြင်း ဖြစ်သည်။
“မင်းတို့က ငါ့ကို သူနဲ့ ခြိမ်းခြောက်ပေမယ့် ငါ့ဘက်ကတော့ သဘောတူပါတယ်လို့ ပြောမှာ မဟုတ်ဘူး”
“သူနဲ့ငါ . . . ငါတို့ကြားမှာ အချစ်ဆိုတာ မရှိဘူး။ သူက ငါ့ချစ်သူ ဖြစ်နေရင်တောင် မင်းတို့ တောင်းဆိုတာကို ငါ့ဘက်က လက်ခံမှာ မဟုတ်ဘူး။ သူသေတာကိုပဲ ငါ့ကိုအရင်ပြပြ၊ ငါတို့ကိုပဲ တစ်ချိန်တည်း သေခိုင်းသေခိုင်း ငါ့ဘက်ကတော့ လုံးဝလက်ခံမှာ မဟုတ်ဘူး။ ငါ့ဆီက ဘာမှရဖို့ မမျှော်လင့်နဲ့”
ရဲရှောင်သည် ရေခဲတမျှ အေးစက်လှသော လေသံဖြင့် ပြောလိုက်ပါတော့သည်။
*****
ဝမ်အာနှင့် ချူးအာတို့ တစ်ယောက်မျက်နှာ တစ်ယောက်လှမ်း၍ ကြည့်လိုက်ကြသည်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်း မသိကြတော့ပေ။
ဖန်ဧကရာဇ်၏ စိတ်အား ပျော့သွားအောင် မည်သို့ လုပ်ရမည် ဆိုသည်ကိုလည်း မစဉ်းစား တတ်ကြတော့ပေ။ ကူရာကယ်ရာ မဲ့နေကြချေပြီ။
ထိုအချိန် လင်းဝုရှဲ့မှ -
“ခင်ဗျားအနေနဲ့ အခုချိန် ဘာမှမပြောချင်တော့ဘူးလို့ ထင်ထားတာ၊ ခုနက ကျုပ်တို့ကိုတောင် ပြန်ခိုင်းနေပြီ မဟုတ်လား၊ ဒါပေမယ့် ပိုင်ရှင်းယွဲ့ အကြောင်းလည်း ပြောလိုက်ရော စကားတွေ အများကြီး ပြောလာပါလား။ ခင်ဗျား ကျုပ်တို့ကို ပြန်စေချင်တဲ့ စိတ်ရော ရှိသေးရဲ့လား . . .”
လင်းဝုရှဲ့ ပြုံးလျက် ရှိသည်။
“ကျုပ်ကတော့ တော်တော်ကို စိတ်ဝင်စားသွားမိပြီ။ ဘယ်လောက်လှပပြီး နှလုံးသား ဖြူစင်တဲ့ မိန်းကလေးက ဖန်ဧကရာဇ်ရဲ့ စိတ်ကို ဒီလိုဖြစ်သွားအောင် လုပ်နိုင်တာပါလိမ့်။ သေချာတာတော့ ကျုပ်ကို စိတ်ပျက်စေမှာ မဟုတ်ဘူးပဲ . . .”
ရဲရှောင် အံ့ဩသွားသည်။ ထို့နောက် လင်းဝုရှဲ့အား အင်မတန် အေးစက်လှသည့် အကြည့်မျိုးဖြင့် လှမ်းကြည့်လိုက်သည်။
လင်းဝုရှဲ့မှာမူ ပြုံးလျက်သာ ရှိနေလေသည်။ ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြန်ရင်း -
“ဘာသဘောမှ မဟုတ်ပါဘူးဗျာ၊ ကျုပ်စကားပြောလောကြီးသွားလို့ ဒီအတိုင်း ပြောလိုက်မိတာပါ”
ရဲရှောင်မှ -
“ကိစ္စမရှိပါဘူး။ လောကြီးကြီး မကြီးကြီး ကျုပ်ပြောတာ မှန်မမှန် ဆိုတာကို ခင်ဗျား သိရမှာပါ။ ကျုပ်ဘက်က အလျော့ပေးမှာတော့ မဟုတ်ဘူး . . .”
ထို့နောက် ရဲရှောင်သည် လေးတိလေးကန် အသံမျိုးဖြင့် ဆက်လက်၍ -
“ကဲ . . . ငါ့ကို ဘာနဲ့များ ထပ်ပြီး ခြိမ်းခြောက်ဦးမှာလဲ။ လုပ်လေ . . . ငါပင်ပန်းနေပြီ။ မျက်လုံးတောင် မဖွင့်ချင်တော့ဘူး။ လုပ်ပါ၊ ငါနားထောင်နေတယ်။ မင်းတို့ကို တားမှာ မဟုတ်ဘူး။ မင်းတို့ ပြောစရာရှိတာ ပြောပြီးရင် ပြန်ကြပါတော့။ လင်းပါအိုက အစေခံတွေ အားလုံးကို ပြန်လွှတ်ထားတဲ့အတွက် မင်းတို့ကို ဘာနဲ့မှ ဧည့်ခံပေးနိုင်မှာလည်း မဟုတ်ဘူး . . .”
“တစ်နေလုံး အလုပ်များနေခဲ့တာ၊ အခုတော်တော်ကို ပင်ပန်းနေပြီ . . .”
ရဲရှောင်သည် ပြောပြောဆိုဆိုဖြင့် အညောင်းတစ်ချက် ဆန့်လိုက်ပြီး ခုံပေါ် နောက်မှီချလိုက်သည်။ တစ်နည်းအားဖြင့် သူ့သဘောထားကို ထုတ်ဖော် ပြသလိုက်ခြင်း ဖြစ်ပေသည်။
(ငါစကားလည်း မပြောချင်တော့သလို နားလည်း မထောင်ချင်တော့ဘူး . . .)
(မင်းတို့က ပိုင်ရှင်းယွဲ့အကြောင်း ပြောလိုက်ရုံနဲ့ ငါ့စိတ်ကို ပြောင်းလဲနိုင်မယ် ထင်လို့လား . . .)
(ကောင်းပြီ ဆက်ပြောကြ . . . မင်းတို့ ကြိုက်တာသာ ပြောကြတော့ . . .)
(မင်းတို့ပြောတာကို ငါကြားမဖြတ်ဘူး၊ နားထောင်ပေးမယ်။ စိတ်လည်း မဝင်စားဘူးကွာ . . .)
လင်းဝုရှဲ့သည် သူစကားမှားသွားကြောင်း သဘောပေါက်သွားခဲ့သည်။
ပိုင်ရှင်းယွဲ့အကြောင်း ပြောပြီးချိန်တွင် ဖန်ဇီလင်သည် အနည်းငယ် သဘောထား ပြောင်းလဲသွားခဲ့သည်။ ထိုသို့ ပြောင်းလဲသွားမှန်းကိုလည်း အားလုံး ရိပ်စားမိခဲ့သည်။ သို့သော် လင်းဝုရှဲ့ အမှားတစ်ခု ကျူးလွန်မိသွားခဲ့လေသည်။ ဖန်ဇီလင်ဘက်က သဘောထား အနည်းငယ် ပြောင်းလဲသွားသည်ကို ထုတ်ဖော်ပြောဆိုမိခဲ့ခြင်း ဖြစ်သည်။
ဖန်ဇီလင်သည် ခေါင်းမာသော လူတစ်ဦးဖြစ်၏။
လင်းဝုရှဲ့မှ ထုတ်ဖော်ပြောလာသောအခါ ဖန်ဇီလင်အနေဖြင့် သဘောထား ပြောင်းလဲပြီး ဖြစ်သည့်တိုင် မပြောင်းလဲသယောင် ခေါင်းမာနေဦးမည် ဖြစ်သည်။
ရဲရှောင် မျက်လုံးများ မှိတ်ထားရင်းမှ -
“မင်းတို့မှာ အင်အားရှိတယ်၊ အစွမ်းရှိတယ်၊ ဂုဏ်သိက္ခာလည်း ရှိတယ်။ အဲဒါနဲ့ပဲ မင်းတို့ လုပ်ချင်သလို အရာရာတိုင်းကို လုပ်လို့ရမယ် ထင်နေတာလား . . .”
“ယောကျာ်းတစ်ယောက်ကို သူ့မိန်းမနဲ့ အသုံးချပြီး ထိန်းချုပ်နိုင်မယ်လို့ တကယ်ပဲ ထင်နေတယ်ပေါ့”
“သက်ရှိယောကျာ်း အားလုံးကို ဒီလိုနည်းနဲ့ ထိန်းချုပ်ပြီး ကမ္ဘာကြီးကို သွန်လိုသွန် မှောက်လိုမှောက် လုပ်လို့ရမယ် ထင်နေတာလား . . .”
“မင်းတို့ မှားနေပြီ . . .”
“မင်းတို့ကတော့ ဇွတ်တိုးတာပဲ၊ ဒါပေမယ့် မင်းတို့လုပ်ရပ်က ပိုပြီး အလှမ်းကွာဝေးစေတာကို မင်းတို့ မစဉ်းစားမိကြဘူး . . .”
“မင်းတို့က ဒီကမ္ဘာကနေ ဘာကိုမှ မလိုချင်ကြဘူး။ ဒီကမ္ဘာကိုလည်း ဂရုမစိုက်ကြပါဘူး။ ကမ္ဘာကြီးကတော့ ဗြောင်းဆန်နေရတယ်။ နိုင်ငံတွေ ပြိုကွဲတယ်၊ လူတွေ ထိခိုက်နစ်နာ သေဆုံးကြရတယ်။ ဒါပေမယ့် မင်းတို့ ဂရုမစိုက်ပါဘူး။ အဲဒါကြောင့်ပဲ အခုထိ အဲဒီလိုတွေ လုပ်နေတာပေါ့ . . .”
“ဒါပေမယ့် အခုကတော့ မတူဘူး . . .”
“မင်းတို့က ငါ့ဆီက တစ်ခုခု လိုချင်နေကြပြီ . . .”
“ဒါကြောင့် ငါကလည်း မင်းတို့ရဲ့ ခြိမ်းခြောက်မှုတွေကို ဂရုမစိုက်ဘူး။ ငါ့ကိုသတ်ပြီး မင်းတို့ လုပ်စရာရှိတာ ဆက်လုပ်ကြပေါ့။ မင်းတို့ရဲ့ ပျင်းရိငြီးငွေ့စရာ ကောင်းလှတဲ့ ဘဝကြီးမှာ နှစ်ပေါင်း ထောင်သောင်း သိန်းသန်းချီပြီး ဖြတ်သန်းကြဦးပေါ့ . . .”
“ငါမင်းတို့ကို ကောင်းကင်ဆန့်ကျင်ဆေးလုံးတွေ ပိုပြီး လုပ်မပေးနိုင်ဘူး။ ငါကတိပေးပေးထားခဲ့တဲ့ တစ်လုံးတောင် လတ်တလော လုပ်နိုင်မှာ မဟုတ်သေးဘူး။ ဆေးလုပ်ရင် ဆေးလုပ်တဲ့လူရဲ့ စိတ်အစဉ်က သန့်ရှင်းစင်ကြယ်နေပြီး တည်တည်ငြိမ်ငြိမ် ဖြစ်နေဖို့ လိုတယ်။ ဒီလိုမှမဟုတ်ရင် သေချာပေါက် မအောင်မြင်ဘူး။ ဘယ်နှကြိမ်ပဲ ကြိုးစားကြိုးစား အောင်မြင်မှာ မဟုတ်ဘူး။ ငါကတိပေးနိုင်တာက ၇ လ လောက် ကြာရင် မင်းတို့ ဆရာအတွက် ကောင်းကင်ဆန့်ကျင်ဆေးလုံးတစ်လုံး ရမယ်။ မင်းတို့လိုချင်နေတဲ့ အရေအတွက်အတိုင်း ဆိုရင်တော့ တခြားလူကို သွားအကူအညီ တောင်းလိုက်ပါ။ ငါကတော့ လုပ်ပေးနိုင်မှာ မဟုတ်ဘူး . . .”
“မင်းတို့အခု သိရမှာက တောင်းပန်တာမျိုးနဲ့ဖြစ်ဖြစ် မာမာထန်ထန် ဆက်ဆံတာမျိုးနဲ့ဖြစ်ဖြစ် ငါကတော့ အလျော့ပေးသွားမှာ မဟုတ်ဘူး။ တောင်းပဲပန်ပန်၊ ခြိမ်းပဲခြောက်ခြောက် ငါ့ဆုံးဖြတ်ချက်က မပြောင်းလဲဘူး . . .”
“အခု သွားကြပါတော့ . . .”
ဝမ်အာ၊ ချူးအာနှင့် လင်းဝုရှဲ့တို့သည် ဘာဆက်ပြောရမှန်း မသိကြတော့ပေ။
ရဲရှောင် လိမ်နေခြင်း မဟုတ်မှန်းကိုလည်း သူတို့အားလုံး သိကြ၏။ အထူးသဖြင့် သူ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အလွန်ပင် ပြတ်သားလှလေသည်။ လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်များ အပါအဝင် ဂိုဏ်းကြီး ၂ ဂိုဏ်းနှင့် ရင်ဆိုင်ခဲ့စဉ် ဆုံးဖြတ်ချက် တကယ်ပြတ်သားသော လူဖြစ်ကြောင်းကိုလည်း သူတို့အားလုံး တွေ့ခဲ့ရသည်။
သို့သော် လက်ရှိအချိန်တွင် သူတို့အားလုံး ဘာလုပ်ရမည်မှန်း မသိကြတော့ပေ။
ဖန်ဇီလင် ပြောသလိုပင် သူတို့သည် အကူအညီ လိုနေကြသူများ ဖြစ်ကြ၏။ ဖန်ဇီလင် ဘက်မှ တင်းခံနေမည် ဆိုပါက သူတို့လည်း ဘာမျှ တတ်နိုင်လိမ့်မည် မဟုတ်ပေ။ ဘာများ လုပ်နိုင် ကြမည်နည်း။
(ဒီလိုစိတ်မျိုးရှိတဲ့ လူတစ်ယောက် ကမ္ဘာမှာ ရှိနေလိမ့်မယ်လို့ ထင်ကို မထင်ထားခဲ့မိဘူး . . .)
ဝမ်အာနှင့် ချူးအာတို့ သက်ပြင်းသာ ချနေမိကြပါတော့သည်။
Chapter (490)
“ဘယ္ေတာ့မွအေလ်ာ့မေပးဘူး”
“ငါတို႔ရဲ႕ ဆက္ဆံေရးက မင္းထင္ေနသလို မဟုတ္ဘူး။ ငါတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးဆိုတာ အေရာင္ေတြ ကင္းမဲ့ပါတယ္။ မင္းအေနနဲ႔ သူ႕ကို အသုံးခ်ၿပီး ဘာေၾကာင့္မ်ား ငါ့လာၿခိမ္းေျခာက္ေနလဲ မသိေတာ့ဘူး . . .”
ရဲေ႐ွာင္ ဝမ္အာအား စူးစိုက္ၾကည့္ရင္း ေျပာလိုက္သည္။
“ငါသူ႕အသက္ကို ကယ္ခဲ့တယ္။ သူကလည္း ေက်းဇူးသိတတ္တဲ့ လူတစ္ေယာက္ ျဖစ္တဲ့အတြက္ ငါဒုကၡေတြ႕ေနခ်ိန္မွာ အျပန္အလွန္ အေနနဲ႔ ကူညီေပးခဲ့တယ္။ သူေသသြားရင္ေတာင္မွ ငါသူ႕ကို ေပးခဲ့တဲ့ အသက္ကို အေလ်ာ္ျပန္ေပးလိုက္သလိုပဲ ျဖစ္မွာေလ။ ငါ့အတြက္ အံ့ဩစရာ ဆိုေပမယ့္ လက္မခံႏိုင္စရာ အေၾကာင္းေတာ့လည္း မဟုတ္ဘူး။ မင္းတို႔အတြက္က် အဲဒီေလာက္ေတာင္ နားလည္ရ ခက္ေနၾကလား”
ရဲေ႐ွာင္ ခပ္တည္တည္ပင္ ေျပာလိုက္သည္။ ထိုသို႔ တည္တည္ၿငိမ္ၿငိမ္ ေျပာလိုက္ေသာ္လည္း သူ၏ ရင္ဘတ္ထဲတြင္ နာက်င္မႈမ်ားျဖင့္ ျပည့္ေနလ်က္ ႐ွိသည္။
(ငါကြာ . . . ဘာလို႔ ဒီမိန္းကေလးက ငါ့အတြက္ သူ႕ကိုယ္သူ စေတးခဲ့ရတာလဲ။ သူလုပ္ခဲ့တာကိုေတာင္ ငါ့ကို မသိေစခ်င္ခဲ့ပါလား . . .)
ယခုအခါ ေစ့စပ္ညႇိႏိႈင္း ေဆြးေႏြးေနၾကသည္ ျဖစ္ေသာ္လည္း ထိုသို႔ ေဆြးေႏြးမႈတြင္ ရဲေ႐ွာင္ဘက္မွ အေလ်ာ့ေပးလို႔ မျဖစ္ေပ။ သူ႕ဘက္က အနည္းငယ္သာ အေလ်ာ့ေပးမိမည္ ဆိုပါက ဝမ္အာႏွင့္ ခ်ဴးအာတို႔ ဘက္မွလည္း ေရာင့္တက္လာၾကမည္ ျဖစ္သည္။ သူ႕ခံစားခ်က္ အစစ္အမွန္မ်ားကို အနည္းငယ္ ထုတ္ေဖာ္ လွစ္ဟ ျပသမိလိုက္မည္ ဆိုပါက ထိုအားနည္းခ်က္ကို ခ်နင္းခံရေပလိမ့္မည္။
ရဲေ႐ွာင္သည္ နည္းနည္းေလးမွ အေလ်ာ့မေပးခ်င္ေပ။ ထို႔ေၾကာင့္ပင္ ေသြးေအးသည့္ ပုံစံမ်ိဳး ႐ွိေနရျခင္း ျဖစ္သည္။
“မင္းတို႔က ငါ့ကို သူနဲ႔ ၿခိမ္းေျခာက္ေပမယ့္ ငါ့ဘက္ကေတာ့ သေဘာတူပါတယ္လို႔ ေျပာမွာ မဟုတ္ဘူး”
“သူနဲ႔ငါ . . . ငါတို႔ၾကားမွာ အခ်စ္ဆိုတာ မ႐ွိဘူး။ သူက ငါ့ခ်စ္သူ ျဖစ္ေနရင္ေတာင္ မင္းတို႔ ေတာင္းဆိုတာကို ငါ့ဘက္က လက္ခံမွာ မဟုတ္ဘူး။ သူေသတာကိုပဲ ငါ့ကိုအရင္ျပျပ၊ ငါတို႔ကိုပဲ တစ္ခ်ိန္တည္း ေသခိုင္းေသခိုင္း ငါ့ဘက္ကေတာ့ လုံးဝလက္ခံမွာ မဟုတ္ဘူး။ ငါ့ဆီက ဘာမွရဖို႔ မေမွ်ာ္လင့္နဲ႔”
ရဲေ႐ွာင္သည္ ေရခဲတမွ် ေအးစက္လွေသာ ေလသံျဖင့္ ေျပာလိုက္ပါေတာ့သည္။
*****
ဝမ္အာႏွင့္ ခ်ဴးအာတို႔ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္လွမ္း၍ ၾကည့္လိုက္ၾကသည္။ ဘာလုပ္လို႔ ဘာကိုင္ရမွန္းလည္း မသိၾကေတာ့ေပ။
ဖန္ဧကရာဇ္၏ စိတ္အား ေပ်ာ့သြားေအာင္ မည္သို႔ လုပ္ရမည္ ဆိုသည္ကိုလည္း မစဥ္းစား တတ္ၾကေတာ့ေပ။ ကူရာကယ္ရာ မဲ့ေနၾကေခ်ၿပီ။
ထိုအခ်ိန္ လင္းဝု႐ွဲ႕မွ -
“ခင္ဗ်ားအေနနဲ႔ အခုခ်ိန္ ဘာမွမေျပာခ်င္ေတာ့ဘူးလို႔ ထင္ထားတာ၊ ခုနက က်ဳပ္တို႔ကိုေတာင္ ျပန္ခိုင္းေနၿပီ မဟုတ္လား၊ ဒါေပမယ့္ ပိုင္႐ွင္းယြဲ႕ အေၾကာင္းလည္း ေျပာလိုက္ေရာ စကားေတြ အမ်ားႀကီး ေျပာလာပါလား။ ခင္ဗ်ား က်ဳပ္တို႔ကို ျပန္ေစခ်င္တဲ့ စိတ္ေရာ ႐ွိေသးရဲ႕လား . . .”
လင္းဝု႐ွဲ႕ ျပဳံးလ်က္ ႐ွိသည္။
“က်ဳပ္ကေတာ့ ေတာ္ေတာ္ကို စိတ္ဝင္စားသြားမိၿပီ။ ဘယ္ေလာက္လွပၿပီး ႏွလုံးသား ျဖဴစင္တဲ့ မိန္းကေလးက ဖန္ဧကရာဇ္ရဲ႕ စိတ္ကို ဒီလိုျဖစ္သြားေအာင္ လုပ္ႏိုင္တာပါလိမ့္။ ေသခ်ာတာေတာ့ က်ဳပ္ကို စိတ္ပ်က္ေစမွာ မဟုတ္ဘူးပဲ . . .”
ရဲေ႐ွာင္ အံ့ဩသြားသည္။ ထို႔ေနာက္ လင္းဝု႐ွဲ႕အား အင္မတန္ ေအးစက္လွသည့္ အၾကည့္မ်ိဳးျဖင့္ လွမ္းၾကည့္လိုက္သည္။
လင္းဝု႐ွဲ႕မွာမူ ျပဳံးလ်က္သာ ႐ွိေနေလသည္။ ေခါင္းတဆတ္ဆတ္ ညိတ္လိုက္ျပန္ရင္း -
“ဘာသေဘာမွ မဟုတ္ပါဘူးဗ်ာ၊ က်ဳပ္စကားေျပာေလာႀကီးသြားလို႔ ဒီအတိုင္း ေျပာလိုက္မိတာပါ”
ရဲေ႐ွာင္မွ -
“ကိစၥမ႐ွိပါဘူး။ ေလာႀကီးႀကီး မႀကီးႀကီး က်ဳပ္ေျပာတာ မွန္မမွန္ ဆိုတာကို ခင္ဗ်ား သိရမွာပါ။ က်ဳပ္ဘက္က အေလ်ာ့ေပးမွာေတာ့ မဟုတ္ဘူး . . .”
ထို႔ေနာက္ ရဲေ႐ွာင္သည္ ေလးတိေလးကန္ အသံမ်ိဳးျဖင့္ ဆက္လက္၍ -
“ကဲ . . . ငါ့ကို ဘာနဲ႔မ်ား ထပ္ၿပီး ၿခိမ္းေျခာက္ဦးမွာလဲ။ လုပ္ေလ . . . ငါပင္ပန္းေနၿပီ။ မ်က္လုံးေတာင္ မဖြင့္ခ်င္ေတာ့ဘူး။ လုပ္ပါ၊ ငါနားေထာင္ေနတယ္။ မင္းတို႔ကို တားမွာ မဟုတ္ဘူး။ မင္းတို႔ ေျပာစရာ႐ွိတာ ေျပာၿပီးရင္ ျပန္ၾကပါေတာ့။ လင္းပါအိုက အေစခံေတြ အားလုံးကို ျပန္လႊတ္ထားတဲ့အတြက္ မင္းတို႔ကို ဘာနဲ႔မွ ဧည့္ခံေပးႏိုင္မွာလည္း မဟုတ္ဘူး . . .”
“တစ္ေနလုံး အလုပ္မ်ားေနခဲ့တာ၊ အခုေတာ္ေတာ္ကို ပင္ပန္းေနၿပီ . . .”
ရဲေ႐ွာင္သည္ ေျပာေျပာဆိုဆိုျဖင့္ အေညာင္းတစ္ခ်က္ ဆန္႔လိုက္ၿပီး ခုံေပၚ ေနာက္မွီခ်လိုက္သည္။ တစ္နည္းအားျဖင့္ သူ႕သေဘာထားကို ထုတ္ေဖာ္ ျပသလိုက္ျခင္း ျဖစ္ေပသည္။
(ငါစကားလည္း မေျပာခ်င္ေတာ့သလို နားလည္း မေထာင္ခ်င္ေတာ့ဘူး . . .)
(မင္းတို႔က ပိုင္႐ွင္းယြဲ႕အေၾကာင္း ေျပာလိုက္႐ုံနဲ႔ ငါ့စိတ္ကို ေျပာင္းလဲႏိုင္မယ္ ထင္လို႔လား . . .)
(ေကာင္းၿပီ ဆက္ေျပာၾက . . . မင္းတို႔ ႀကိဳက္တာသာ ေျပာၾကေတာ့ . . .)
(မင္းတို႔ေျပာတာကို ငါၾကားမျဖတ္ဘူး၊ နားေထာင္ေပးမယ္။ စိတ္လည္း မဝင္စားဘူးကြာ . . .)
လင္းဝု႐ွဲ႕သည္ သူစကားမွားသြားေၾကာင္း သေဘာေပါက္သြားခဲ့သည္။
ပိုင္႐ွင္းယြဲ႕အေၾကာင္း ေျပာၿပီးခ်ိန္တြင္ ဖန္ဇီလင္သည္ အနည္းငယ္ သေဘာထား ေျပာင္းလဲသြားခဲ့သည္။ ထိုသို႔ ေျပာင္းလဲသြားမွန္းကိုလည္း အားလုံး ရိပ္စားမိခဲ့သည္။ သို႔ေသာ္ လင္းဝု႐ွဲ႕ အမွားတစ္ခု က်ဴးလြန္မိသြားခဲ့ေလသည္။ ဖန္ဇီလင္ဘက္က သေဘာထား အနည္းငယ္ ေျပာင္းလဲသြားသည္ကို ထုတ္ေဖာ္ေျပာဆိုမိခဲ့ျခင္း ျဖစ္သည္။
ဖန္ဇီလင္သည္ ေခါင္းမာေသာ လူတစ္ဦးျဖစ္၏။
လင္းဝု႐ွဲ႕မွ ထုတ္ေဖာ္ေျပာလာေသာအခါ ဖန္ဇီလင္အေနျဖင့္ သေဘာထား ေျပာင္းလဲၿပီး ျဖစ္သည့္တိုင္ မေျပာင္းလဲသေယာင္ ေခါင္းမာေနဦးမည္ ျဖစ္သည္။
ရဲေ႐ွာင္ မ်က္လုံးမ်ား မွိတ္ထားရင္းမွ -
“မင္းတို႔မွာ အင္အား႐ွိတယ္၊ အစြမ္း႐ွိတယ္၊ ဂုဏ္သိကၡာလည္း ႐ွိတယ္။ အဲဒါနဲ႔ပဲ မင္းတို႔ လုပ္ခ်င္သလို အရာရာတိုင္းကို လုပ္လို႔ရမယ္ ထင္ေနတာလား . . .”
“ေယာက်ာ္းတစ္ေယာက္ကို သူ႕မိန္းမနဲ႔ အသုံးခ်ၿပီး ထိန္းခ်ဳပ္ႏိုင္မယ္လို႔ တကယ္ပဲ ထင္ေနတယ္ေပါ့”
“သက္႐ွိေယာက်ာ္း အားလုံးကို ဒီလိုနည္းနဲ႔ ထိန္းခ်ဳပ္ၿပီး ကမ႓ာႀကီးကို သြန္လိုသြန္ ေမွာက္လိုေမွာက္ လုပ္လို႔ရမယ္ ထင္ေနတာလား . . .”
“မင္းတို႔ မွားေနၿပီ . . .”
“မင္းတို႔ကေတာ့ ဇြတ္တိုးတာပဲ၊ ဒါေပမယ့္ မင္းတို႔လုပ္ရပ္က ပိုၿပီး အလွမ္းကြာေဝးေစတာကို မင္းတို႔ မစဥ္းစားမိၾကဘူး . . .”
“မင္းတို႔က ဒီကမ႓ာကေန ဘာကိုမွ မလိုခ်င္ၾကဘူး။ ဒီကမ႓ာကိုလည္း ဂ႐ုမစိုက္ၾကပါဘူး။ ကမ႓ာႀကီးကေတာ့ ေျဗာင္းဆန္ေနရတယ္။ ႏိုင္ငံေတြ ၿပိဳကြဲတယ္၊ လူေတြ ထိခိုက္နစ္နာ ေသဆုံးၾကရတယ္။ ဒါေပမယ့္ မင္းတို႔ ဂ႐ုမစိုက္ပါဘူး။ အဲဒါေၾကာင့္ပဲ အခုထိ အဲဒီလိုေတြ လုပ္ေနတာေပါ့ . . .”
“ဒါေပမယ့္ အခုကေတာ့ မတူဘူး . . .”
“မင္းတို႔က ငါ့ဆီက တစ္ခုခု လိုခ်င္ေနၾကၿပီ . . .”
“ဒါေၾကာင့္ ငါကလည္း မင္းတို႔ရဲ႕ ၿခိမ္းေျခာက္မႈေတြကို ဂ႐ုမစိုက္ဘူး။ ငါ့ကိုသတ္ၿပီး မင္းတို႔ လုပ္စရာ႐ွိတာ ဆက္လုပ္ၾကေပါ့။ မင္းတို႔ရဲ႕ ပ်င္းရိၿငီးေငြ႕စရာ ေကာင္းလွတဲ့ ဘဝႀကီးမွာ ႏွစ္ေပါင္း ေထာင္ေသာင္း သိန္းသန္းခ်ီၿပီး ျဖတ္သန္းၾကဦးေပါ့ . . .”
“ငါမင္းတို႔ကို ေကာင္းကင္ဆန္႔က်င္ေဆးလုံးေတြ ပိုၿပီး လုပ္မေပးႏိုင္ဘူး။ ငါကတိေပးေပးထားခဲ့တဲ့ တစ္လုံးေတာင္ လတ္တေလာ လုပ္ႏိုင္မွာ မဟုတ္ေသးဘူး။ ေဆးလုပ္ရင္ ေဆးလုပ္တဲ့လူရဲ႕ စိတ္အစဥ္က သန္႔႐ွင္းစင္ၾကယ္ေနၿပီး တည္တည္ၿငိမ္ၿငိမ္ ျဖစ္ေနဖို႔ လိုတယ္။ ဒီလိုမွမဟုတ္ရင္ ေသခ်ာေပါက္ မေအာင္ျမင္ဘူး။ ဘယ္ႏွႀကိမ္ပဲ ႀကိဳးစားႀကိဳးစား ေအာင္ျမင္မွာ မဟုတ္ဘူး။ ငါကတိေပးႏိုင္တာက ၇ လ ေလာက္ ၾကာရင္ မင္းတို႔ ဆရာအတြက္ ေကာင္းကင္ဆန္႔က်င္ေဆးလုံးတစ္လုံး ရမယ္။ မင္းတို႔လိုခ်င္ေနတဲ့ အေရအတြက္အတိုင္း ဆိုရင္ေတာ့ တျခားလူကို သြားအကူအညီ ေတာင္းလိုက္ပါ။ ငါကေတာ့ လုပ္ေပးႏိုင္မွာ မဟုတ္ဘူး . . .”
“မင္းတို႔အခု သိရမွာက ေတာင္းပန္တာမ်ိဳးနဲ႔ျဖစ္ျဖစ္ မာမာထန္ထန္ ဆက္ဆံတာမ်ိဳးနဲ႔ျဖစ္ျဖစ္ ငါကေတာ့ အေလ်ာ့ေပးသြားမွာ မဟုတ္ဘူး။ ေတာင္းပဲပန္ပန္၊ ၿခိမ္းပဲေျခာက္ေျခာက္ ငါ့ဆုံးျဖတ္ခ်က္က မေျပာင္းလဲဘူး . . .”
“အခု သြားၾကပါေတာ့ . . .”
ဝမ္အာ၊ ခ်ဴးအာႏွင့္ လင္းဝု႐ွဲ႕တို႔သည္ ဘာဆက္ေျပာရမွန္း မသိၾကေတာ့ေပ။
ရဲေ႐ွာင္ လိမ္ေနျခင္း မဟုတ္မွန္းကိုလည္း သူတို႔အားလုံး သိၾက၏။ အထူးသျဖင့္ သူ၏ ဆုံးျဖတ္ခ်က္ႏွင့္ ပတ္သက္၍ အလြန္ပင္ ျပတ္သားလွေလသည္။ လုပ္ၾကံသတ္ျဖတ္ေရး ပညာ႐ွင္မ်ား အပါအဝင္ ဂိုဏ္းႀကီး ၂ ဂိုဏ္းႏွင့္ ရင္ဆိုင္ခဲ့စဥ္ ဆုံးျဖတ္ခ်က္ တကယ္ျပတ္သားေသာ လူျဖစ္ေၾကာင္းကိုလည္း သူတို႔အားလုံး ေတြ႕ခဲ့ရသည္။
သို႔ေသာ္ လက္႐ွိအခ်ိန္တြင္ သူတို႔အားလုံး ဘာလုပ္ရမည္မွန္း မသိၾကေတာ့ေပ။
ဖန္ဇီလင္ ေျပာသလိုပင္ သူတို႔သည္ အကူအညီ လိုေနၾကသူမ်ား ျဖစ္ၾက၏။ ဖန္ဇီလင္ ဘက္မွ တင္းခံေနမည္ ဆိုပါက သူတို႔လည္း ဘာမွ် တတ္ႏိုင္လိမ့္မည္ မဟုတ္ေပ။ ဘာမ်ား လုပ္ႏိုင္ ၾကမည္နည္း။
(ဒီလိုစိတ္မ်ိဳး႐ွိတဲ့ လူတစ္ေယာက္ ကမ႓ာမွာ ႐ွိေနလိမ့္မယ္လို႔ ထင္ကို မထင္ထားခဲ့မိဘူး . . .)
ဝမ္အာႏွင့္ ခ်ဴးအာတို႔ သက္ျပင္းသာ ခ်ေနမိၾကပါေတာ့သည္။