Chapter (487)
“ရှင့်အကူအညီလိုတယ်”
“ဟဲဟဲ . . . ဒါကတော့ . . . ပြောရရင် . . .”
ဝမ်အာ၏ စိတ်ထဲတွင် ပြောမည့် စကားလုံးများအား စဉ်းစား ရွေးချယ်နေမိသည်။ သို့သော် ပွင့်ပွင့်လင်းလင်းပင် ပြောမှ ဖြစ်မည်ဟုလည်း တွေးလိုက်မိသည်။
“ကျွန်မတို့ အများကြီး လုပ်ခဲ့ကြပြီးပြီ။ ကျွန်မတို့တွေ အခုတော့ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ကို ပြန်သွားကြဖို့ ဆုံးဖြတ်လိုက်ကြပြီ။ ဒီမှာ ထပ်မနေကြတော့ဘူးလေ . . .”
ရဲရှောင်မှ -
“အင်း . . .”
ရဲရှောင်အနေဖြင့် ဝမ်အာပြောချင်နေသည့် အကြောင်းအရာများအား နားလည်သလိုလို ဖြစ်လာလေသည်။
“ကျွန်မတို့ ဒီမှာ နေနေနိုင်ကြတယ်ဆိုတာ နတ်ဘုရားအပြစ်ဒဏ်ကြောင့်ပဲ။ ကျွန်မတို့ရဲ့ စွမ်းအင်တွေကို ကန့်သတ်ခံထားရတယ် . . .”
ချူးအာမှ ခပ်တိုးတိုး ပြောလိုက်သည်။
“ကျွန်မတို့သာ အကန့်အသတ်ကို မချိုးဖျက်နိုင်ဘူးဆိုရင် ဒီကထွက်နိုင်တော့မှာ မဟုတ်ဘူး။ ကျွန်မတို့ရဲ့ ပုံမှန်အစွမ်းကို ပြန်မရရင် ဒီကနေ ထွက်နိုင်မှာလည်း မဟုတ်ဘူးလေ . . .”
ဝမ်အာမှ -
“ကျွန်မတို့ ဘယ်နယ်ပယ်ကိုပဲသွားသွား ဟင်းလင်းပြင် မုခ်ဝကို ဖွင့်ဖို့အတွက် စွမ်းအားတွေ လိုအပ်တယ်”
“ကျွန်မတို့ လက်ရှိအနေအထားနဲ့ ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ဘူး . . .”
“ဒီလို အကန့်အသတ်နဲ့ ချုပ်နှောင်ထားတာကို ဖျောက်ပစ်နိုင်မှ ဒီကနေ ထွက်သွားနိုင်မှာ၊ အဲဒါကြောင့် ရှင့်အကူအညီ လိုနေရတာပဲ . . .”
“ကျွန်မတို့ လိုနေတဲ့အရာကို အောင်မြင်အောင် လုပ်ပေးနိုင်မယ့်လူက မိုးအောက်မြေပြင်မှာ တစ်ယောက်ပဲ ရှိတယ် . . .”
“အဲဒါရှင်ပဲ ဖန်ဧကရာဇ် . . .”
မိန်းကလေး ၂ ဦးသည် အရာအားလုံးအား ရှင်းပြလျက် ရှိသည်။
ရဲရှောင် ကျေနပ်သွားဟန်ဖြင့် -
“ကောင်းကင်ဆန့်ကျင်ဆေးလုံး လိုချင်တာပေါ့ . . .”
မိန်းကလေး ၂ ဦးလည်း တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။
“ဟုတ်တယ် . . . ကောင်းကင်ဆန့်ကျင်ဆေးလုံး လိုချင်တာပဲ။ ထူးခြားအစွမ်းထက် အဆင့်ပေါ့။ ဒါမှသာ ကျွန်မတို့ နတ်ဘုရားအပြစ်ဒဏ် သက်ရောက်မှုကို ခံနိုင်မှာ . . .”
ရဲရှောင် တခဏမျှ စဉ်းစားလိုက်ပြီးနောက် -
“တကယ်တော့ ကျုပ်ကို ဒါတွေလာပြီး ပြောနေစရာ မလိုပါဘူး။ မင်းတို့ဆရာနဲ့ ငါနဲ့ အပေးအယူ လုပ်ထားပြီးသားပါ။ သူ့အတွက် ဒီဆေးလုံးကို လုပ်ပေးမှာပဲလေ။ ငါ့စိတ်ထဲမှာ ရှိပြီးသားပါ။ သတ်မှတ်ရက် မတိုင်ခင် ပြီးအောင် လုပ်ပေးမယ် . . .”
ချူးအာမှ လေးကန်သော လေသံဖြင့် -
“ကျွန်မတို့ ဆရာက ရှင့်ကို လုံးဝယုံကြည်ပါတယ်။ ဒါပေမယ့် အခြေအနေတွေက ပြောင်းလဲသွားပြီ။ ဆရာနဲ့ရှင်နဲ့ အပေးအယူ လုပ်ထားတုန်းက ကျွန်မတို့ ဒီကနေ ထွက်သွားဖို့ အစီအစဉ် မရှိသေးဘူး။ နောက်ပြီး လိုတာကလည်း တစ်လုံးလောက်ပဲလေ။ အခုတော့ အဲဒီလို မဟုတ်တော့ဘူး . . .”
ရဲရှောင် တုန်လှုပ်သွားဟန်ဖြင့် -
“မင်းတို့က ပိုလိုချင်နေတာလား . . .”
ဝမ်အာ မျက်မှောင်ကြုတ်လျက် -
“ဟုတ်ပါတယ် . . .”
“ကျွန်မတို့ဆရာ ပြန်ကောင်းလာဖို့ပဲ ဆိုရင်တော့ ၁ လုံးပဲ လိုမှာပေါ့။ ၂ လုံးဆို စိတ်ချရတဲ့ အနေအထားလောက် ရောက်ပြီ။ ဒါပေမယ့် သူ့ရဲ့ အစွမ်းတွေ ပြန်ရလာဖို့ ဆိုရင်တော့ အလုံး ၂၀ တောင် လောက်မှာမဟုတ်ဘူး။ နောက်ပြီး ကျွန်မတို့ ၂ ယောက်အတွက်လည်း နည်းနည်းလိုသေးတယ်။ အခု ကျွန်မတို့ လိုနေတာ အလုံး ၅၀ ကျော်လောက်ပဲ . . .”
“အလုံး ၅၀ . . .”
ရဲရှောင် တအံ့တဩ ရေရွတ်လိုက်မိကာ ချက်ချင်းဆိုသလို မတ်တတ်ရပ်လိုက်ရင်း -
“မိန်းကလေးတို့ . . . မင်းတို့ငါ့ကို နောက်နေကြတာလား . . .”
မိန်းကလေး ၂ ဦး၏ လေးနက်တည်ကြည်သော မျက်နှာအမူအယာအား မြင်တွေ့လိုက်ရသောအခါ နောက်နေသည် မဟုတ်မှန်း ရဲရှောင် သဘောပေါက်သွားသည်။ အမှန်တကယ်ကိုပင် အလုံး ၅၀ ကျော် လိုချင်နေကြခြင်း ဖြစ်သည်။
“မဖြစ်နိုင်တာပဲ . . .”
ရဲရှောင် စဉ်းပင်မစဉ်းစားနေတော့ဘဲ ချက်ချင်းပင် ငြင်းလိုက်သည်။ ထို့နောက် ဒေါသထွက်သည့် အသံဖြင့် -
“ကောင်းကင်ဆန့်ကျင်ဆေးလုံးဆိုတာ မင်းတို့အတွက် အမှိုက်တွေလိုများ သဘောထားနေတာလား၊ ငါ့လက်တစ်ဖက် ဝေ့ယမ်းလိုက်ရုံနဲ့ ရတယ်များ ထင်နေတာလား။ တော်တော်ဆိုးတာပဲ။ မင်းတို့က ဆေးလုပ်ငန်းစဉ်ကို မသိလို့နော်၊ ကောင်းပြီ ငါနားလည်ပါတယ်။ ဒါပေမယ့် ငါ့ဘက်က ရင်ဆိုင်ရမယ့် ပေးဆပ်မှုတွေကိုလည်း မင်းတို့ဆရာကိုငါ ပြောပြခဲ့ပြီးသားပါ။ အောင်မြင်အောင်လုပ်ဖို့ ဘယ်လောက်ခက်လဲ ဆိုတာကိုလည်း ပြောပြခဲ့ပြီးပြီ။ အလုံး ၅၀ မပြောနဲ့ ၅ လုံးတောင် မင်းတို့အတွက် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းစရာ မလိုတော့ဘူး . . .”
ဝမ်အာမှ လေသံတီးတိုးဖြင့် -
“ရှင်တောင်းဆိုသမျှ ကျွန်မတို့ဘက်က လိုက်လျောပေးနိုင်တယ်။ ကြိုက်တဲ့အရာကို တောင်းဆိုနိုင်တယ်။ ရှင့်ဘက်ကသာ ပြောလိုက်ပါ . . .”
ရဲရှောင် ခေါင်းခါယမ်းလိုက်ရင်း -
“ငါ့ကိုဈေးဆစ်နေတယ်များ မင်းတို့က ထင်နေတာလား . . . မင်းတို့တွေ ငါ့အတွက် ကမ္ဘာတစ်ခုလုံး သိမ်းပိုက်ပေးမယ် ဆိုရင်တောင် မင်းတို့ကို အလုံး ၅၀ ပေးနိုင်မှာ မဟုတ်ဘူး . . .”
“ကောင်းကင်ဆန့်ကျင်ဆေးလုံး အလုံး ၅၀ ဟုတ်လား . . . ငါ့ခေါင်းကိုသာ ဖြတ်သွားကြပါလား။ အဲဒါကမှ ငါ့အတွက် ပေးလိုက်ဖို့ လွယ်ဦးမယ်။ ဒီကိစ္စအတွက် ပြောဖို့ လာကြတာဆိုရင် ပြန်ကြပါတော့။ မင်းတို့ဆရာ ပြန်ပြောလိုက်ပါ။ ဒီကိစ္စကို ဖြစ်နိုင်တယ်လို့ တကယ်ပဲ ထင်နေတာလားလို့ မေးလိုက်စမ်းပါကွာ”
ချူးအာမှ -
“ဖန်ဧကရာဇ် . . . သေချာလေး စဉ်းစားပေးပါဦး၊ ရှင့်ဘက်က ဆေးလုံးတွေ ပေးတာနဲ့ ရှင်လိုတာမှန်သမျှ ကျွန်မတို့ဆီကနေ ရမှာနော် . . .”
“ဘယ်လိုမှ မဖြစ်နိုင်ပါဘူး . . .”
ရဲရှောင် စိတ်ထဲ ဒေါသထွက်လာသည်။
“ထားလိုက်ပါတော့ . . . မင်းတို့ဆရာက ဆေးလုပ်ငန်းစဉ်ကို မင်းတို့ကို သေချာ မရှင်းပြဘူးလို့ ယူဆလိုက်မယ်။ အဲဒါကြောင့် ငါမင်းတို့ကို အခုပြောပြမယ်။ ကောင်းကင်ဆန့်ကျင်ဆေးလုံးဆိုတာ သဘာဝတရားကို ဆန့်ကျင်တဲ့ ဆေးလုံးပဲ။ ဆေးလုံတစ်လုံးလုပ်တိုင်း ကြောက်စရာ နတ်ဘုရားအပြစ်ဒဏ်ကို ခံစားရတယ်။ တစ်လုံးလုပ်ရုံနဲ့ ခံရမယ့် အပြစ်ဒဏ်က ငါ့အတွက် တကယ်ကို ကြောက်စရာကောင်းတယ်ကွ။ ငါသေချာစဉ်းစားပြီးသွားပြီ။ တစ်လုံးလုပ်လို့ ခံရမယ့် ဒဏ်လောက်ကို ငါခံနိုင်ရည် ရှိမယ်လို့လည်း ယုံကြည်တယ်။ တော်တော်ကြီး ခံစားရမှာ ဖြစ်ပေမယ့် အဆင်ပြေဦးမှာပါ။ အခုမင်းတို့က အလုံး ၅၀ လာပြောတာနော်။ အောင်မြင်မှုနှုန်းကို ထားလိုက်ဦး ငါအကြိမ်တိုင်း အောင်မြင်အောင် လုပ်နိုင်တယ် ဆိုရင်တောင် နတ်ဘုရားအပြစ်ဒဏ်ကြောင့် ပြာဖြစ်သွားလိမ့်မယ်ကွ။ ငါပြာဖြစ်သွားမှတော့ မင်းတို့ကို ဘယ်သူဆေးဆက်လုပ်ပေးတော့မှာလဲ . . .”
ဝမ်အာနှင့် ချူးအာတို့သည် တစ်စုံတစ်ခုအား သတိပြုမိသွားဟန်ဖြင့် မျက်လုံးများ အရောင်ဝင်းလက်သွားကာစိတ်ထဲတွင်လည်း တွေးမိလိုက်ကြသည်။
(သူငြင်းနေတယ်ဆိုတာ သူ့မှာ လုံလောက်တဲ့ စွမ်းအားမျိုး မရှိလို့ပဲ။ ဒါပေမယ့် ပြန်စဉ်းစားကြည့်ရင် သူက တကယ်လုပ်နိုင်နေတဲ့ သဘောပဲ။ လုပ်လို့မဖြစ်လို့သာ မလုပ်တာ။ ငါတို့သာ သူ့စွမ်းအင်တွေ တိုးအောင် လုပ်ပေးမယ်ဆိုရင် သေချာပေါက် လုပ်နိုင်လောက်တယ် . . .)
(ဖန်ဧကရာဇ်က တစ်လုံးထက်ပိုပြီး လုပ်နိုင်တာတော့ သေချာနေပြီ . . .)
ချူးအာမှ လေသံတီးတိုးဖြင့် -
“သေချာစဉ်းစားပါဦး ဖန်ဧကရာဇ် . . . ကျွန်မတို့ဘက်က အရမ်းကို ရက်ရောနေတာနော်။ ဒီကမ္ဘာအပေါ်မှာ ထားတဲ့ ရှင့်ရဲ့ ခံစားချက်ကိုလည်း နားလည်ပါတယ်။ ကျွန်မတို့လည်း ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ချင်ဘူး။ ရှင့်ကို လေးလည်းလေးစားပါတယ် . . .”
“ကျွန်မတို့ဘက်က မတတ်သာတဲ့ အခြေအနေမှသာ ရှင်နဲ့ အတိုက်အခံ ဖြစ်ရမှာပါ။ ရှင်မကူညီလို့ ကျွန်မတို့ ဒီကနေ ထွက်မသွားနိုင်ဘူးဆိုရင် အားလုံးအတွက် မုန်တိုင်းဝင်နေသလို ဖြစ်နေရဦးမှာပဲ။ ရှင်လည်း ဒါဆိုရင် ပျော်မယ်မထင်ဘူး။ ရှင်သာ ကျွန်မတို့ကို ကူညီလိုက်လို့ ကျွန်မတို့ ထွက်သွားနိုင်မယ်ဆိုရင် ရှင်ကမ္ဘာကြီးကိုလည်း ကယ်တင်ရာ ရောက်မှာပေါ့ . . .”
“အဲဒါကြောင့်မို့ သေချာစဉ်းစားပါဦး ဖန်ဧကရာဇ် . . . သေချာ အလေးအနက် စဉ်းစားပါ . . .”
ချူးအာ၏ အသံသည် နူးညံ့သိမ်မွေ့လှသော်လည်း တစ်မျိုးတစ်ဖုံ ခြိမ်းခြောက်သလိုပင် ဖြစ်နေပါတော့သည်။
Chapter (487)
“႐ွင့္အကူအညီလိုတယ္”
“ဟဲဟဲ . . . ဒါကေတာ့ . . . ေျပာရရင္ . . .”
ဝမ္အာ၏ စိတ္ထဲတြင္ ေျပာမည့္ စကားလုံးမ်ားအား စဥ္းစား ေ႐ြးခ်ယ္ေနမိသည္။ သို႔ေသာ္ ပြင့္ပြင့္လင္းလင္းပင္ ေျပာမွ ျဖစ္မည္ဟုလည္း ေတြးလိုက္မိသည္။
“ကြၽန္မတို႔ အမ်ားႀကီး လုပ္ခဲ့ၾကၿပီးၿပီ။ ကြၽန္မတို႔ေတြ အခုေတာ့ ေကာင္းကင္ဘုံအထက္ လူသားနယ္ပယ္ကို ျပန္သြားၾကဖို႔ ဆုံးျဖတ္လိုက္ၾကၿပီ။ ဒီမွာ ထပ္မေနၾကေတာ့ဘူးေလ . . .”
ရဲေ႐ွာင္မွ -
“အင္း . . .”
ရဲေ႐ွာင္အေနျဖင့္ ဝမ္အာေျပာခ်င္ေနသည့္ အေၾကာင္းအရာမ်ားအား နားလည္သလိုလို ျဖစ္လာေလသည္။
“ကြၽန္မတို႔ ဒီမွာ ေနေနႏိုင္ၾကတယ္ဆိုတာ နတ္ဘုရားအျပစ္ဒဏ္ေၾကာင့္ပဲ။ ကြၽန္မတို႔ရဲ႕ စြမ္းအင္ေတြကို ကန္႔သတ္ခံထားရတယ္ . . .”
ခ်ဴးအာမွ ခပ္တိုးတိုး ေျပာလိုက္သည္။
“ကြၽန္မတို႔သာ အကန္႔အသတ္ကို မခ်ိဳးဖ်က္ႏိုင္ဘူးဆိုရင္ ဒီကထြက္ႏိုင္ေတာ့မွာ မဟုတ္ဘူး။ ကြၽန္မတို႔ရဲ႕ ပုံမွန္အစြမ္းကို ျပန္မရရင္ ဒီကေန ထြက္ႏိုင္မွာလည္း မဟုတ္ဘူးေလ . . .”
ဝမ္အာမွ -
“ကြၽန္မတို႔ ဘယ္နယ္ပယ္ကိုပဲသြားသြား ဟင္းလင္းျပင္ မုခ္ဝကို ဖြင့္ဖို႔အတြက္ စြမ္းအားေတြ လိုအပ္တယ္”
“ကြၽန္မတို႔ လက္႐ွိအေနအထားနဲ႔ ဘယ္လိုမွ လုပ္ႏိုင္မွာ မဟုတ္ဘူး . . .”
“ဒီလို အကန္႔အသတ္နဲ႔ ခ်ဳပ္ေႏွာင္ထားတာကို ေဖ်ာက္ပစ္ႏိုင္မွ ဒီကေန ထြက္သြားႏိုင္မွာ၊ အဲဒါေၾကာင့္ ႐ွင့္အကူအညီ လိုေနရတာပဲ . . .”
“ကြၽန္မတို႔ လိုေနတဲ့အရာကို ေအာင္ျမင္ေအာင္ လုပ္ေပးႏိုင္မယ့္လူက မိုးေအာက္ေျမျပင္မွာ တစ္ေယာက္ပဲ ႐ွိတယ္ . . .”
“အဲဒါ႐ွင္ပဲ ဖန္ဧကရာဇ္ . . .”
မိန္းကေလး ၂ ဦးသည္ အရာအားလုံးအား ႐ွင္းျပလ်က္ ႐ွိသည္။
ရဲေ႐ွာင္ ေက်နပ္သြားဟန္ျဖင့္ -
“ေကာင္းကင္ဆန္႔က်င္ေဆးလုံး လိုခ်င္တာေပါ့ . . .”
မိန္းကေလး ၂ ဦးလည္း တၿပိဳင္နက္တည္း ေခါင္းညိတ္လိုက္ၾကသည္။
“ဟုတ္တယ္ . . . ေကာင္းကင္ဆန္႔က်င္ေဆးလုံး လိုခ်င္တာပဲ။ ထူးျခားအစြမ္းထက္ အဆင့္ေပါ့။ ဒါမွသာ ကြၽန္မတို႔ နတ္ဘုရားအျပစ္ဒဏ္ သက္ေရာက္မႈကို ခံႏိုင္မွာ . . .”
ရဲေ႐ွာင္ တခဏမွ် စဥ္းစားလိုက္ၿပီးေနာက္ -
“တကယ္ေတာ့ က်ဳပ္ကို ဒါေတြလာၿပီး ေျပာေနစရာ မလိုပါဘူး။ မင္းတို႔ဆရာနဲ႔ ငါနဲ႔ အေပးအယူ လုပ္ထားၿပီးသားပါ။ သူ႕အတြက္ ဒီေဆးလုံးကို လုပ္ေပးမွာပဲေလ။ ငါ့စိတ္ထဲမွာ ႐ွိၿပီးသားပါ။ သတ္မွတ္ရက္ မတိုင္ခင္ ၿပီးေအာင္ လုပ္ေပးမယ္ . . .”
ခ်ဴးအာမွ ေလးကန္ေသာ ေလသံျဖင့္ -
“ကြၽန္မတို႔ ဆရာက ႐ွင့္ကို လုံးဝယုံၾကည္ပါတယ္။ ဒါေပမယ့္ အေျခအေနေတြက ေျပာင္းလဲသြားၿပီ။ ဆရာနဲ႔႐ွင္နဲ႔ အေပးအယူ လုပ္ထားတုန္းက ကြၽန္မတို႔ ဒီကေန ထြက္သြားဖို႔ အစီအစဥ္ မ႐ွိေသးဘူး။ ေနာက္ၿပီး လိုတာကလည္း တစ္လုံးေလာက္ပဲေလ။ အခုေတာ့ အဲဒီလို မဟုတ္ေတာ့ဘူး . . .”
ရဲေ႐ွာင္ တုန္လႈပ္သြားဟန္ျဖင့္ -
“မင္းတို႔က ပိုလိုခ်င္ေနတာလား . . .”
ဝမ္အာ မ်က္ေမွာင္ၾကဳတ္လ်က္ -
“ဟုတ္ပါတယ္ . . .”
“ကြၽန္မတို႔ဆရာ ျပန္ေကာင္းလာဖို႔ပဲ ဆိုရင္ေတာ့ ၁ လုံးပဲ လိုမွာေပါ့။ ၂ လုံးဆို စိတ္ခ်ရတဲ့ အေနအထားေလာက္ ေရာက္ၿပီ။ ဒါေပမယ့္ သူ႕ရဲ႕ အစြမ္းေတြ ျပန္ရလာဖို႔ ဆိုရင္ေတာ့ အလုံး ၂၀ ေတာင္ ေလာက္မွာမဟုတ္ဘူး။ ေနာက္ၿပီး ကြၽန္မတို႔ ၂ ေယာက္အတြက္လည္း နည္းနည္းလိုေသးတယ္။ အခု ကြၽန္မတို႔ လိုေနတာ အလုံး ၅၀ ေက်ာ္ေလာက္ပဲ . . .”
“အလုံး ၅၀ . . .”
ရဲေ႐ွာင္ တအံ့တဩ ေရ႐ြတ္လိုက္မိကာ ခ်က္ခ်င္းဆိုသလို မတ္တတ္ရပ္လိုက္ရင္း -
“မိန္းကေလးတို႔ . . . မင္းတို႔ငါ့ကို ေနာက္ေနၾကတာလား . . .”
မိန္းကေလး ၂ ဦး၏ ေလးနက္တည္ၾကည္ေသာ မ်က္ႏွာအမူအယာအား ျမင္ေတြ႕လိုက္ရေသာအခါ ေနာက္ေနသည္ မဟုတ္မွန္း ရဲေ႐ွာင္ သေဘာေပါက္သြားသည္။ အမွန္တကယ္ကိုပင္ အလုံး ၅၀ ေက်ာ္ လိုခ်င္ေနၾကျခင္း ျဖစ္သည္။
“မျဖစ္ႏိုင္တာပဲ . . .”
ရဲေ႐ွာင္ စဥ္းပင္မစဥ္းစားေနေတာ့ဘဲ ခ်က္ခ်င္းပင္ ျငင္းလိုက္သည္။ ထို႔ေနာက္ ေဒါသထြက္သည့္ အသံျဖင့္ -
“ေကာင္းကင္ဆန္႔က်င္ေဆးလုံးဆိုတာ မင္းတို႔အတြက္ အမိႈက္ေတြလိုမ်ား သေဘာထားေနတာလား၊ ငါ့လက္တစ္ဖက္ ေဝ့ယမ္းလိုက္႐ုံနဲ႔ ရတယ္မ်ား ထင္ေနတာလား။ ေတာ္ေတာ္ဆိုးတာပဲ။ မင္းတို႔က ေဆးလုပ္ငန္းစဥ္ကို မသိလို႔ေနာ္၊ ေကာင္းၿပီ ငါနားလည္ပါတယ္။ ဒါေပမယ့္ ငါ့ဘက္က ရင္ဆိုင္ရမယ့္ ေပးဆပ္မႈေတြကိုလည္း မင္းတို႔ဆရာကိုငါ ေျပာျပခဲ့ၿပီးသားပါ။ ေအာင္ျမင္ေအာင္လုပ္ဖို႔ ဘယ္ေလာက္ခက္လဲ ဆိုတာကိုလည္း ေျပာျပခဲ့ၿပီးၿပီ။ အလုံး ၅၀ မေျပာနဲ႔ ၅ လုံးေတာင္ မင္းတို႔အတြက္ လုပ္ေပးႏိုင္မွာ မဟုတ္ဘူး။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ညႇိႏိႈင္းစရာ မလိုေတာ့ဘူး . . .”
ဝမ္အာမွ ေလသံတီးတိုးျဖင့္ -
“႐ွင္ေတာင္းဆိုသမွ် ကြၽန္မတို႔ဘက္က လိုက္ေလ်ာေပးႏိုင္တယ္။ ႀကိဳက္တဲ့အရာကို ေတာင္းဆိုႏိုင္တယ္။ ႐ွင့္ဘက္ကသာ ေျပာလိုက္ပါ . . .”
ရဲေ႐ွာင္ ေခါင္းခါယမ္းလိုက္ရင္း -
“ငါ့ကိုေဈးဆစ္ေနတယ္မ်ား မင္းတို႔က ထင္ေနတာလား . . . မင္းတို႔ေတြ ငါ့အတြက္ ကမ႓ာတစ္ခုလုံး သိမ္းပိုက္ေပးမယ္ ဆိုရင္ေတာင္ မင္းတို႔ကို အလုံး ၅၀ ေပးႏိုင္မွာ မဟုတ္ဘူး . . .”
“ေကာင္းကင္ဆန္႔က်င္ေဆးလုံး အလုံး ၅၀ ဟုတ္လား . . . ငါ့ေခါင္းကိုသာ ျဖတ္သြားၾကပါလား။ အဲဒါကမွ ငါ့အတြက္ ေပးလိုက္ဖို႔ လြယ္ဦးမယ္။ ဒီကိစၥအတြက္ ေျပာဖို႔ လာၾကတာဆိုရင္ ျပန္ၾကပါေတာ့။ မင္းတို႔ဆရာ ျပန္ေျပာလိုက္ပါ။ ဒီကိစၥကို ျဖစ္ႏိုင္တယ္လို႔ တကယ္ပဲ ထင္ေနတာလားလို႔ ေမးလိုက္စမ္းပါကြာ”
ခ်ဴးအာမွ -
“ဖန္ဧကရာဇ္ . . . ေသခ်ာေလး စဥ္းစားေပးပါဦး၊ ႐ွင့္ဘက္က ေဆးလုံးေတြ ေပးတာနဲ႔ ႐ွင္လိုတာမွန္သမွ် ကြၽန္မတို႔ဆီကေန ရမွာေနာ္ . . .”
“ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူး . . .”
ရဲေ႐ွာင္ စိတ္ထဲ ေဒါသထြက္လာသည္။
“ထားလိုက္ပါေတာ့ . . . မင္းတို႔ဆရာက ေဆးလုပ္ငန္းစဥ္ကို မင္းတို႔ကို ေသခ်ာ မ႐ွင္းျပဘူးလို႔ ယူဆလိုက္မယ္။ အဲဒါေၾကာင့္ ငါမင္းတို႔ကို အခုေျပာျပမယ္။ ေကာင္းကင္ဆန္႔က်င္ေဆးလုံးဆိုတာ သဘာဝတရားကို ဆန္႔က်င္တဲ့ ေဆးလုံးပဲ။ ေဆးလုံတစ္လုံးလုပ္တိုင္း ေၾကာက္စရာ နတ္ဘုရားအျပစ္ဒဏ္ကို ခံစားရတယ္။ တစ္လုံးလုပ္႐ုံနဲ႔ ခံရမယ့္ အျပစ္ဒဏ္က ငါ့အတြက္ တကယ္ကို ေၾကာက္စရာေကာင္းတယ္ကြ။ ငါေသခ်ာစဥ္းစားၿပီးသြားၿပီ။ တစ္လုံးလုပ္လို႔ ခံရမယ့္ ဒဏ္ေလာက္ကို ငါခံႏိုင္ရည္ ႐ွိမယ္လို႔လည္း ယုံၾကည္တယ္။ ေတာ္ေတာ္ႀကီး ခံစားရမွာ ျဖစ္ေပမယ့္ အဆင္ေျပဦးမွာပါ။ အခုမင္းတို႔က အလုံး ၅၀ လာေျပာတာေနာ္။ ေအာင္ျမင္မႈႏႈန္းကို ထားလိုက္ဦး ငါအႀကိမ္တိုင္း ေအာင္ျမင္ေအာင္ လုပ္ႏိုင္တယ္ ဆိုရင္ေတာင္ နတ္ဘုရားအျပစ္ဒဏ္ေၾကာင့္ ျပာျဖစ္သြားလိမ့္မယ္ကြ။ ငါျပာျဖစ္သြားမွေတာ့ မင္းတို႔ကို ဘယ္သူေဆးဆက္လုပ္ေပးေတာ့မွာလဲ . . .”
ဝမ္အာႏွင့္ ခ်ဴးအာတို႔သည္ တစ္စုံတစ္ခုအား သတိျပဳမိသြားဟန္ျဖင့္ မ်က္လုံးမ်ား အေရာင္ဝင္းလက္သြားကာစိတ္ထဲတြင္လည္း ေတြးမိလိုက္ၾကသည္။
(သူျငင္းေနတယ္ဆိုတာ သူ႕မွာ လုံေလာက္တဲ့ စြမ္းအားမ်ိဳး မ႐ွိလို႔ပဲ။ ဒါေပမယ့္ ျပန္စဥ္းစားၾကည့္ရင္ သူက တကယ္လုပ္ႏိုင္ေနတဲ့ သေဘာပဲ။ လုပ္လို႔မျဖစ္လို႔သာ မလုပ္တာ။ ငါတို႔သာ သူ႕စြမ္းအင္ေတြ တိုးေအာင္ လုပ္ေပးမယ္ဆိုရင္ ေသခ်ာေပါက္ လုပ္ႏိုင္ေလာက္တယ္ . . .)
(ဖန္ဧကရာဇ္က တစ္လုံးထက္ပိုၿပီး လုပ္ႏိုင္တာေတာ့ ေသခ်ာေနၿပီ . . .)
ခ်ဴးအာမွ ေလသံတီးတိုးျဖင့္ -
“ေသခ်ာစဥ္းစားပါဦး ဖန္ဧကရာဇ္ . . . ကြၽန္မတို႔ဘက္က အရမ္းကို ရက္ေရာေနတာေနာ္။ ဒီကမ႓ာအေပၚမွာ ထားတဲ့ ႐ွင့္ရဲ႕ ခံစားခ်က္ကိုလည္း နားလည္ပါတယ္။ ကြၽန္မတို႔လည္း ဘယ္သူ႕ကိုမွ ထိခိုက္ေအာင္ မလုပ္ခ်င္ဘူး။ ႐ွင့္ကို ေလးလည္းေလးစားပါတယ္ . . .”
“ကြၽန္မတို႔ဘက္က မတတ္သာတဲ့ အေျခအေနမွသာ ႐ွင္နဲ႔ အတိုက္အခံ ျဖစ္ရမွာပါ။ ႐ွင္မကူညီလို႔ ကြၽန္မတို႔ ဒီကေန ထြက္မသြားႏိုင္ဘူးဆိုရင္ အားလုံးအတြက္ မုန္တိုင္းဝင္ေနသလို ျဖစ္ေနရဦးမွာပဲ။ ႐ွင္လည္း ဒါဆိုရင္ ေပ်ာ္မယ္မထင္ဘူး။ ႐ွင္သာ ကြၽန္မတို႔ကို ကူညီလိုက္လို႔ ကြၽန္မတို႔ ထြက္သြားႏိုင္မယ္ဆိုရင္ ႐ွင္ကမ႓ာႀကီးကိုလည္း ကယ္တင္ရာ ေရာက္မွာေပါ့ . . .”
“အဲဒါေၾကာင့္မို႔ ေသခ်ာစဥ္းစားပါဦး ဖန္ဧကရာဇ္ . . . ေသခ်ာ အေလးအနက္ စဥ္းစားပါ . . .”
ခ်ဴးအာ၏ အသံသည္ ႏူးညံ့သိမ္ေမြ႕လွေသာ္လည္း တစ္မ်ိဳးတစ္ဖုံ ၿခိမ္းေျခာက္သလိုပင္ ျဖစ္ေနပါေတာ့သည္။