Chapter (485)
“အံ့ဩတုန်လှုပ်ခြင်း”
“ဘာဖြစ်လို့လဲ . . . အဲဒီ မန်ဟွာချင်းဆိုတာ ခင်ဗျားတို့ဆီမှာ နာမည်ကြီးလို့လား . . .”
“ခင်ဗျားအမူအယာ ကြည့်ရသလောက် ဆရာမ မန်ဟွာချင်း နာမည်ကြီးတယ်ထင်တယ် . . .”
ရဲရှောင် တအံ့တဩဖြင့် မေးလိုက်သည်။
ရဲရှောင်၏ စိတ်ထဲတွင် မန်ဟွာချင်းသည် နာမည်ကြီးတစ်ယောက် ဖြစ်လေလေ သူ့အတွက် ကောင်းလေလေ ဟုလည်း တွေးနေမိသည်။
နာမည်ကြီး ဖြစ်သည်နှင့်အညီ ထိုနယ်ပယ်တွင် သူမ၏ ဩဇာအာဏာသည်လည်း များစွာ သက်ရောက်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် စုယဲ့ယွဲ့အတွက်လည်း အထောက်အပံ့ များများ ရနိုင်မည် မဟုတ်ပါလော။
(နာမည်ကြီးလို့လားလို့ မေးလိုက်တယ်ပေါ့ . . .)
လင်းဝုရှဲ့သည် အံ့ဩလွန်းသဖြင့် မျက်လုံးပြူးလျက် ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။ နောက်ဆုံးတွင် သက်ပြင်းတစ်ချက် လေးလေးပင်ပင် ချလိုက်မိသည်။
“အဟွတ် . . . အဟွတ် . . . အဟွတ် . . .”
လင်းဝုရှဲ့သည် ဘာပြန်ပြောရမှန်း မသိတော့သဖြင့် ချောင်းသာဆိုးနေမိသည်။ ကျင့်ကြံမှုအဆင့် လွန်စွာမြင့်မားသည့် လူဖြစ်သည့်တိုင် သည်းသည်းထန်ထန် ချောင်းဆိုးသောကြောင့် မျက်ရည်များပင် ထွက်လာလေသည်။
(သူက ဘုရင်မလေ . . . အဲဒါတောင် နာမည်ကျော်လားလို့ မေးနေရသေးလား . . .)
(နာမည်ကျော်တယ် ဆိုတာထက်ကို ပိုသေးတယ်။ အရမ်းကို ကျော်ကြားတဲ့ လူတစ်ယောက်ပေါ့)
(နယ်မြေအရှင်သခင် တစ်ဦးရဲ့ မိန်းမပဲဟာ . . .)
(အဲဒါကို ကျော်ကြားတဲ့လူလားလို့ မေးနေစရာ လိုသေးလား . . .)
(သူက ဘိုင်ချန်ရဲ့ အမေ၊ မန်ဝုဇန်ရဲ့ အဒေါ်ပဲ . . .)
(အရှေ့ကောင်းကင်ဘုရင်ရဲ့ ချွေးမလေ၊ အနောက်ကောင်းကင်ဘုရင်ရဲ့ အစ်မကွ . . .)
(အဲဒီလောက်ဆို လုံလောက်ပြီလား . . .)
(စကြဝဠာထဲက ဘယ်သူမှ မန်ဟွာချင်းကို မဆန့်ကျင်ရဲဘူး။ အရှေ့ကောင်းကင်ဘုရင်ကို ဆန့်ကျင်ရဲတဲ့လူ ရှိချင်ရှိလိမ့်မယ်၊ ဒါပေမယ့် ဘုရင်နှစ်ပါးကိုတော့ ဘယ်သူက ဆန့်ကျင်ရဲမှာလဲ . . .)
(ဘုရင်နှစ်ပါး အတူတူ တိုက်ခိုက်အောင် သူကလွဲပြီး ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး . . .)
(မန်ဟွာချင်းသာ အနိုင်ကျင့်ခံရတာ ဒါမှမဟုတ် တစ်ခုခု ဖြစ်သွားမယ်ဆိုရင် ဘုရင်နှစ်ပါးလုံးက ဘာမှ တွေဝေတုံဆိုင်းနေမှာ မဟုတ်ဘူး။ ၂ ယောက်ပေါင်းပြီး တိုက်ခိုက်ကြမှာ သေချာတယ်။ မန်ဟွာချင်းကို အနိုင်ကျင့်တဲ့လူလည်း ဘယ်က အသက်ထွက်ရမှန်းတောင် သိမှာမဟုတ်ဘူး . . .)
(ဒီမိန်းမက စကြဝဠာ တစ်ခုလုံးမှာ ဘယ်သူမှ သူ့ကို မထိရဲဘူး . . .)
(ဖန်ဧကရာဇ်ကတော့ သူ့နာမည်ကို သာမန်လူတစ်ယောက် နာမည်ပြောသလို ပုံမှန်အတိုင်းကြီး ပြောနေတာပါလား . . .)
(နည်းနည်းပါးပါး လေးစားသမှုတောင် မရှိဘူးပဲ . . .)
ရုတ်တရက် လင်းဝုရှဲ့သည် တုန်လှုပ်သထက် တုန်လှုပ်လာမိသည်။
(ဟင် . . . ဒီလိုအခြေအနေတွေ ဖြစ်နေမယ်လို့ ငါတကယ် မထင်ထားခဲ့မိဘူး။ ငါပြန်ပဲပြန်ရတော့မလား၊ ဒါဆိုလည်း ငါ့သူငယ်ချင်းကို သစ္စာဖောက်ရာ ရောက်ဦးမယ် . . .)
(တစ်နေ့ ဘုရင်မသာ ငါဒီမှာ မဟုတ်တာတစ်ခုခု လုပ်နေတယ် ဆိုတာကို သိရင် ငါ့အဖေကိုတောင် ခွင့်တောင်းနေစရာ လိုမယ်မထင်ဘူး။ ငါ့အဖေကိုယ်တိုင် ငါ့ကို သတ်ပစ်လောက်တယ်။ ဒုက္ခပါပဲ . . .)
(ငါတော်တော်ကို လန့်နေပြီ . . .)
လင်းဝုရှဲ့ အထစ်ထစ်အငေါ့ငေါ့ဖြင့် -
“ဖန်ဧကရာဇ် . . . ခင်ဗျားက ဘာမှမသိဘူးပဲ၊ အဲဒီ ဆရာမမန်ဆိုတာ . . . အဟွတ် . . .”
“သူက . . . သူက ကျုပ်တို့နယ်ပယ်မှာ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ ဘယ်သူမှ သူ့ကို သွားရန်မစရဲဘူး အဟွတ် . . .”
ရဲရှောင်လည်း လင်းဝုရှဲ့၏ စကားကြောင့် စိတ်သက်သာရာ ရသွားမိသည်။
“သတင်းကြားရတာ ဝမ်းသာစရာပဲ၊ ကျုပ်က အဲဒီမှာ ကျုပ်မိတ်ဆွေ အနိုင်ကျင့်ခံရမှာကို စိုးရိမ်နေတာဗျ . . .”
လင်းဝုရှဲ့ ချောင်းဆိုးသွားပြန်သည်။ ထို့အတူ မျက်ရည်များနှင့်အတူ နှပ်များပါ ထွက်လာသောကြောင့် နှာခေါင်းကို တဗျင်းဗျင်း ပွတ်နေပါတော့သည်။
(ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး . . .)
(ဘုရင်မရဲ့ တပည့်ကို ဘယ်သူကများ အနိုင်ကျင့်ဝံ့မှာလဲ . . .)
(ဘုရင်မက သူသဘောကျပြီး သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီတဲ့ တပည့်တစ်ယောက် ရှာနေတယ် ဆိုတာ လူတိုင်းသိတယ်။ အခုတော့ သူတွေ့သွားပြီ၊ အဲဒီသူက ဘုရင်မမျက်လုံးထဲ အရမ်းကို တန်ဖိုးထားမိတဲ့ လူပဲ ဖြစ်ရမယ် . . .)
(အဲဒီလို မိန်းကလေး အနိုင်ကျင့်ခံရတာကို ဘုရင်မက ဒီအတိုင်း ကြည့်နေမယ် ထင်လို့လား . . .)
(ငါရယ်၊ မန်ဝုဇန်ရယ် တခြား အဆင့်မြင့် ပညာရှင် ၈ ယောက်လောက် ပေါင်းမယ် ဆိုရင်တောင် သွားအနိုင်မကျင့်ရဲဘူး . . .)
(ငါတို့တစ်ခုခု လုပ်တာနဲ့ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်မှာပဲ . . .)
(သူ့တပည့် မိန်းကလေးက တခြားလူတွေကို အနိုင်ကျင့်ရင်သာ ဘုရင်မက ကျေနပ်ရင် ကျေနပ်နေဦးမှာ . . .)
ရဲရှောင်မှ -
“အင်း . . . ကောင်းကင်ဘုံအထက်က နယ်ပယ် လူသားနယ်ပယ် . . .”
ရဲရှောင်၏ စိတ်ထဲတွင် ထိုလူသားနယ်ပယ်အကြောင်းအား တွေးနေမိသည်။
(စကြဝဠာထဲမှာ နယ်ပယ်တွေ အများကြီး ရှိတယ်။ အဲဒီကောင်းကင်ဘုံ အထက်က လူသားနယ်ပယ်ကို ငါတစ်နေ့ ရောက်ကို ရောက်ရမယ် . . .)
(သေချာပေါက်ကို ရောက်ရမှာပေါ့ . . .)
(မိုးကောင်းကင်ကြီးအောက်က တကယ့် အရှင်သခင် အစစ်အမှန်တွေဆိုတာ ဘယ်လိုလဲ ငါသိချင်လိုက်တာ၊ သူတို့နဲ့ တိုက်ခိုက်ရင်း သေရမယ်ဆိုရင်တောင် ငါနောင်တရမိမယ် မထင်ဘူး . . .)
(တကယ်လို့ တိုက်ခိုက်နေရင်း ငါနိုင်မယ်ဆိုရင် ပိုပြီးတော့တောင် ကောင်းဦးမယ် . . .)
ထိုသို့ တွေးနေမိသော်လည်း ထုတ်ဖော်ပြောခြင်းတော့ မရှိပေ။
အကယ်၍ လင်းဝုရှဲ့သာ ရဲရှောင် တွေးနေသည်ကို သိမည်ဆိုပါက သေချာပေါက် သွေးအန်သွားပေလိမ့်မည်။ ရဲရှောင်၏ အတွေးကိုလည်း အိပ်မက်တစ်ခုဟူ၍သာ သတ်မှတ်ပေမည်။
မန်ဟွာချင်း၏ နာမည်အား ကြားပြီးနောက် လင်းဝုရှဲ့သည် အံ့ဩစိတ်နှင့်အတူ လာရင်းကိစ္စကိုပင် မေ့လျော့နေမိသည်။ ထို့နောက် ချူးအာအား လှမ်းကြည့်လိုက်ရင်း -
“ငါဘာပြန်ပြောသင့်လဲ . . .”
“. . .”
ချူးအာမှ လင်းဝုရှဲ့အား ပြန်၍ မျက်စောင်းထိုးကြည့်လိုက်ရင်း စိတ်ထဲတွင် မကျေမနပ် ဖြစ်နေမိသည်။
(ငါ့ကိုလာမေးနေသေးတယ်၊ ကိုယ့်ဟာကိုယ် ပြောစရာရှိတာ ပြောပါလား၊ ကျွန်မက ရှင့်ဗိုက်ထဲက ပုဏ္ဏားလေးမှ မဟုတ်တာ၊ ဘယ်သိပါ့မလဲ . . .)
(ကျွန်မကို ဒီလို မကြည့်နေနဲ့၊ ရှင်က ကျွန်မနဲ့လည်း ရင်းနှီးတာ မဟုတ်ဘဲ . . .)
(ဒီလူကို ငါနဲ့သိပါတယ်လို့ ပြောရမှာ တော်တော် ရှက်စရာကောင်းတယ်။ ငါတို့ဆရာ သူ့အကြောင်း တစ်ခါမှ မပြောဖူးတာလည်း အံ့ဩစရာ မရှိပါဘူးလေ . . .)
“ဒီက ဆရာလင်း . . . ခင်ဗျားနာမည်က လင်းဝုရှဲ့လို့ ပြောတယ်နော် . . .”
ရဲရှောင် မေးလိုက်သည်။
“ဟုတ်ပါတယ် . . . နောင်ကြီးဖန် . . . ဟုတ်ပါတယ် . . .”
လင်းဝုရှဲ့ ရဲရှောင်၏ လက်အား ဆုပ်ကိုင်လိုက်ရင်း လေးနက်သော လေသံဖြင့် -
“နောင်ကြီးဖန် . . . ကျုပ်နာမည်ကို သေချာမှတ်ထားပါဗျာ၊ ကျုပ်နာမည်က လင်းဝုရှဲ့ပဲ . . .”
ရဲရှောင် မျက်မှောင်ကြုတ်လိုက်ရင်း စိတ်ထဲတွင်လည်း အံ့ဩသွားမိသည်။
(သူက ငါ့လက်ကို ဆုပ်ကိုင်ထားပါလား၊ ဘာလို့ အရမ်းကြီး ဆုပ်ကိုင်ထားရတာလဲ၊ ဘာတွေ ဖြစ်နေတာလဲဟ . . .)
(ဘယ်သူကများ ကိုယ့်ကိုယ်ကိုယ် ဒီလို မိတ်ဆက်မှာလဲ . . .)
ဝမ်အာနှင့် ချူးအာတို့မှာမူ ခေါင်းငုံ့လျက်သာ ရှိနေကြသည်။ အကြောင်းမှာ စိတ်ထဲ၌ အလွန်ရှက်ရွံ့ နေမိကြခြင်းကြောင့်ပင် ဖြစ်ပါတော့သည်။
Chapter (485)
“အံ့ဩတုန္လႈပ္ျခင္း”
“ဘာျဖစ္လို႔လဲ . . . အဲဒီ မန္ဟြာခ်င္းဆိုတာ ခင္ဗ်ားတို႔ဆီမွာ နာမည္ႀကီးလို႔လား . . .”
“ခင္ဗ်ားအမူအယာ ၾကည့္ရသေလာက္ ဆရာမ မန္ဟြာခ်င္း နာမည္ႀကီးတယ္ထင္တယ္ . . .”
ရဲေ႐ွာင္ တအံ့တဩျဖင့္ ေမးလိုက္သည္။
ရဲေ႐ွာင္၏ စိတ္ထဲတြင္ မန္ဟြာခ်င္းသည္ နာမည္ႀကီးတစ္ေယာက္ ျဖစ္ေလေလ သူ႕အတြက္ ေကာင္းေလေလ ဟုလည္း ေတြးေနမိသည္။
နာမည္ႀကီး ျဖစ္သည္ႏွင့္အညီ ထိုနယ္ပယ္တြင္ သူမ၏ ဩဇာအာဏာသည္လည္း မ်ားစြာ သက္ေရာက္ေပလိမ့္မည္။ ထိုသို႔ဆိုလွ်င္ စုယဲ့ယြဲ႕အတြက္လည္း အေထာက္အပံ့ မ်ားမ်ား ရႏိုင္မည္ မဟုတ္ပါေလာ။
(နာမည္ႀကီးလို႔လားလို႔ ေမးလိုက္တယ္ေပါ့ . . .)
လင္းဝု႐ွဲ႕သည္ အံ့ဩလြန္းသျဖင့္ မ်က္လုံးျပဴးလ်က္ ပါးစပ္အေဟာင္းသား ျဖစ္ေနေလသည္။ ေနာက္ဆုံးတြင္ သက္ျပင္းတစ္ခ်က္ ေလးေလးပင္ပင္ ခ်လိုက္မိသည္။
“အဟြတ္ . . . အဟြတ္ . . . အဟြတ္ . . .”
လင္းဝု႐ွဲ႕သည္ ဘာျပန္ေျပာရမွန္း မသိေတာ့သျဖင့္ ေခ်ာင္းသာဆိုးေနမိသည္။ က်င့္ၾကံမႈအဆင့္ လြန္စြာျမင့္မားသည့္ လူျဖစ္သည့္တိုင္ သည္းသည္းထန္ထန္ ေခ်ာင္းဆိုးေသာေၾကာင့္ မ်က္ရည္မ်ားပင္ ထြက္လာေလသည္။
(သူက ဘုရင္မေလ . . . အဲဒါေတာင္ နာမည္ေက်ာ္လားလို႔ ေမးေနရေသးလား . . .)
(နာမည္ေက်ာ္တယ္ ဆိုတာထက္ကို ပိုေသးတယ္။ အရမ္းကို ေက်ာ္ၾကားတဲ့ လူတစ္ေယာက္ေပါ့)
(နယ္ေျမအ႐ွင္သခင္ တစ္ဦးရဲ႕ မိန္းမပဲဟာ . . .)
(အဲဒါကို ေက်ာ္ၾကားတဲ့လူလားလို႔ ေမးေနစရာ လိုေသးလား . . .)
(သူက ဘိုင္ခ်န္ရဲ႕ အေမ၊ မန္ဝုဇန္ရဲ႕ အေဒၚပဲ . . .)
(အေ႐ွ႕ေကာင္းကင္ဘုရင္ရဲ႕ ေခြၽးမေလ၊ အေနာက္ေကာင္းကင္ဘုရင္ရဲ႕ အစ္မကြ . . .)
(အဲဒီေလာက္ဆို လုံေလာက္ၿပီလား . . .)
(စၾကဝဠာထဲက ဘယ္သူမွ မန္ဟြာခ်င္းကို မဆန္႔က်င္ရဲဘူး။ အေ႐ွ႕ေကာင္းကင္ဘုရင္ကို ဆန္႔က်င္ရဲတဲ့လူ ႐ွိခ်င္႐ွိလိမ့္မယ္၊ ဒါေပမယ့္ ဘုရင္ႏွစ္ပါးကိုေတာ့ ဘယ္သူက ဆန္႔က်င္ရဲမွာလဲ . . .)
(ဘုရင္ႏွစ္ပါး အတူတူ တိုက္ခိုက္ေအာင္ သူကလြဲၿပီး ဘယ္သူမွ လုပ္ႏိုင္မွာ မဟုတ္ဘူး . . .)
(မန္ဟြာခ်င္းသာ အႏိုင္က်င့္ခံရတာ ဒါမွမဟုတ္ တစ္ခုခု ျဖစ္သြားမယ္ဆိုရင္ ဘုရင္ႏွစ္ပါးလုံးက ဘာမွ ေတြေဝတုံဆိုင္းေနမွာ မဟုတ္ဘူး။ ၂ ေယာက္ေပါင္းၿပီး တိုက္ခိုက္ၾကမွာ ေသခ်ာတယ္။ မန္ဟြာခ်င္းကို အႏိုင္က်င့္တဲ့လူလည္း ဘယ္က အသက္ထြက္ရမွန္းေတာင္ သိမွာမဟုတ္ဘူး . . .)
(ဒီမိန္းမက စၾကဝဠာ တစ္ခုလုံးမွာ ဘယ္သူမွ သူ႕ကို မထိရဲဘူး . . .)
(ဖန္ဧကရာဇ္ကေတာ့ သူ႕နာမည္ကို သာမန္လူတစ္ေယာက္ နာမည္ေျပာသလို ပုံမွန္အတိုင္းႀကီး ေျပာေနတာပါလား . . .)
(နည္းနည္းပါးပါး ေလးစားသမႈေတာင္ မ႐ွိဘူးပဲ . . .)
႐ုတ္တရက္ လင္းဝု႐ွဲ႕သည္ တုန္လႈပ္သထက္ တုန္လႈပ္လာမိသည္။
(ဟင္ . . . ဒီလိုအေျခအေနေတြ ျဖစ္ေနမယ္လို႔ ငါတကယ္ မထင္ထားခဲ့မိဘူး။ ငါျပန္ပဲျပန္ရေတာ့မလား၊ ဒါဆိုလည္း ငါ့သူငယ္ခ်င္းကို သစၥာေဖာက္ရာ ေရာက္ဦးမယ္ . . .)
(တစ္ေန႔ ဘုရင္မသာ ငါဒီမွာ မဟုတ္တာတစ္ခုခု လုပ္ေနတယ္ ဆိုတာကို သိရင္ ငါ့အေဖကိုေတာင္ ခြင့္ေတာင္းေနစရာ လိုမယ္မထင္ဘူး။ ငါ့အေဖကိုယ္တိုင္ ငါ့ကို သတ္ပစ္ေလာက္တယ္။ ဒုကၡပါပဲ . . .)
(ငါေတာ္ေတာ္ကို လန္႔ေနၿပီ . . .)
လင္းဝု႐ွဲ႕ အထစ္ထစ္အေငါ့ေငါ့ျဖင့္ -
“ဖန္ဧကရာဇ္ . . . ခင္ဗ်ားက ဘာမွမသိဘူးပဲ၊ အဲဒီ ဆရာမမန္ဆိုတာ . . . အဟြတ္ . . .”
“သူက . . . သူက က်ဳပ္တို႔နယ္ပယ္မွာ အစြမ္းထက္တဲ့ ပုဂၢိဳလ္တစ္ေယာက္ပဲ။ ဘယ္သူမွ သူ႕ကို သြားရန္မစရဲဘူး အဟြတ္ . . .”
ရဲေ႐ွာင္လည္း လင္းဝု႐ွဲ႕၏ စကားေၾကာင့္ စိတ္သက္သာရာ ရသြားမိသည္။
“သတင္းၾကားရတာ ဝမ္းသာစရာပဲ၊ က်ဳပ္က အဲဒီမွာ က်ဳပ္မိတ္ေဆြ အႏိုင္က်င့္ခံရမွာကို စိုးရိမ္ေနတာဗ် . . .”
လင္းဝု႐ွဲ႕ ေခ်ာင္းဆိုးသြားျပန္သည္။ ထို႔အတူ မ်က္ရည္မ်ားႏွင့္အတူ ႏွပ္မ်ားပါ ထြက္လာေသာေၾကာင့္ ႏွာေခါင္းကို တဗ်င္းဗ်င္း ပြတ္ေနပါေတာ့သည္။
(ဘာျပန္ေျပာရမွန္းေတာင္ မသိေတာ့ဘူး . . .)
(ဘုရင္မရဲ႕ တပည့္ကို ဘယ္သူကမ်ား အႏိုင္က်င့္ဝံ့မွာလဲ . . .)
(ဘုရင္မက သူသေဘာက်ၿပီး သတ္မွတ္အရည္အခ်င္းနဲ႔ ကိုက္ညီတဲ့ တပည့္တစ္ေယာက္ ႐ွာေနတယ္ ဆိုတာ လူတိုင္းသိတယ္။ အခုေတာ့ သူေတြ႕သြားၿပီ၊ အဲဒီသူက ဘုရင္မမ်က္လုံးထဲ အရမ္းကို တန္ဖိုးထားမိတဲ့ လူပဲ ျဖစ္ရမယ္ . . .)
(အဲဒီလို မိန္းကေလး အႏိုင္က်င့္ခံရတာကို ဘုရင္မက ဒီအတိုင္း ၾကည့္ေနမယ္ ထင္လို႔လား . . .)
(ငါရယ္၊ မန္ဝုဇန္ရယ္ တျခား အဆင့္ျမင့္ ပညာ႐ွင္ ၈ ေယာက္ေလာက္ ေပါင္းမယ္ ဆိုရင္ေတာင္ သြားအႏိုင္မက်င့္ရဲဘူး . . .)
(ငါတို႔တစ္ခုခု လုပ္တာနဲ႔ ကိုယ့္ေသတြင္း ကိုယ္တူးသလို ျဖစ္မွာပဲ . . .)
(သူ႕တပည့္ မိန္းကေလးက တျခားလူေတြကို အႏိုင္က်င့္ရင္သာ ဘုရင္မက ေက်နပ္ရင္ ေက်နပ္ေနဦးမွာ . . .)
ရဲေ႐ွာင္မွ -
“အင္း . . . ေကာင္းကင္ဘုံအထက္က နယ္ပယ္ လူသားနယ္ပယ္ . . .”
ရဲေ႐ွာင္၏ စိတ္ထဲတြင္ ထိုလူသားနယ္ပယ္အေၾကာင္းအား ေတြးေနမိသည္။
(စၾကဝဠာထဲမွာ နယ္ပယ္ေတြ အမ်ားႀကီး ႐ွိတယ္။ အဲဒီေကာင္းကင္ဘုံ အထက္က လူသားနယ္ပယ္ကို ငါတစ္ေန႔ ေရာက္ကို ေရာက္ရမယ္ . . .)
(ေသခ်ာေပါက္ကို ေရာက္ရမွာေပါ့ . . .)
(မိုးေကာင္းကင္ႀကီးေအာက္က တကယ့္ အ႐ွင္သခင္ အစစ္အမွန္ေတြဆိုတာ ဘယ္လိုလဲ ငါသိခ်င္လိုက္တာ၊ သူတို႔နဲ႔ တိုက္ခိုက္ရင္း ေသရမယ္ဆိုရင္ေတာင္ ငါေနာင္တရမိမယ္ မထင္ဘူး . . .)
(တကယ္လို႔ တိုက္ခိုက္ေနရင္း ငါႏိုင္မယ္ဆိုရင္ ပိုၿပီးေတာ့ေတာင္ ေကာင္းဦးမယ္ . . .)
ထိုသို႔ ေတြးေနမိေသာ္လည္း ထုတ္ေဖာ္ေျပာျခင္းေတာ့ မ႐ွိေပ။
အကယ္၍ လင္းဝု႐ွဲ႕သာ ရဲေ႐ွာင္ ေတြးေနသည္ကို သိမည္ဆိုပါက ေသခ်ာေပါက္ ေသြးအန္သြားေပလိမ့္မည္။ ရဲေ႐ွာင္၏ အေတြးကိုလည္း အိပ္မက္တစ္ခုဟူ၍သာ သတ္မွတ္ေပမည္။
မန္ဟြာခ်င္း၏ နာမည္အား ၾကားၿပီးေနာက္ လင္းဝု႐ွဲ႕သည္ အံ့ဩစိတ္ႏွင့္အတူ လာရင္းကိစၥကိုပင္ ေမ့ေလ်ာ့ေနမိသည္။ ထို႔ေနာက္ ခ်ဴးအာအား လွမ္းၾကည့္လိုက္ရင္း -
“ငါဘာျပန္ေျပာသင့္လဲ . . .”
“. . .”
ခ်ဴးအာမွ လင္းဝု႐ွဲ႕အား ျပန္၍ မ်က္ေစာင္းထိုးၾကည့္လိုက္ရင္း စိတ္ထဲတြင္ မေက်မနပ္ ျဖစ္ေနမိသည္။
(ငါ့ကိုလာေမးေနေသးတယ္၊ ကိုယ့္ဟာကိုယ္ ေျပာစရာ႐ွိတာ ေျပာပါလား၊ ကြၽန္မက ႐ွင့္ဗိုက္ထဲက ပုဏၰားေလးမွ မဟုတ္တာ၊ ဘယ္သိပါ့မလဲ . . .)
(ကြၽန္မကို ဒီလို မၾကည့္ေနနဲ႔၊ ႐ွင္က ကြၽန္မနဲ႔လည္း ရင္းႏွီးတာ မဟုတ္ဘဲ . . .)
(ဒီလူကို ငါနဲ႔သိပါတယ္လို႔ ေျပာရမွာ ေတာ္ေတာ္ ႐ွက္စရာေကာင္းတယ္။ ငါတို႔ဆရာ သူ႕အေၾကာင္း တစ္ခါမွ မေျပာဖူးတာလည္း အံ့ဩစရာ မ႐ွိပါဘူးေလ . . .)
“ဒီက ဆရာလင္း . . . ခင္ဗ်ားနာမည္က လင္းဝု႐ွဲ႕လို႔ ေျပာတယ္ေနာ္ . . .”
ရဲေ႐ွာင္ ေမးလိုက္သည္။
“ဟုတ္ပါတယ္ . . . ေနာင္ႀကီးဖန္ . . . ဟုတ္ပါတယ္ . . .”
လင္းဝု႐ွဲ႕ ရဲေ႐ွာင္၏ လက္အား ဆုပ္ကိုင္လိုက္ရင္း ေလးနက္ေသာ ေလသံျဖင့္ -
“ေနာင္ႀကီးဖန္ . . . က်ဳပ္နာမည္ကို ေသခ်ာမွတ္ထားပါဗ်ာ၊ က်ဳပ္နာမည္က လင္းဝု႐ွဲ႕ပဲ . . .”
ရဲေ႐ွာင္ မ်က္ေမွာင္ၾကဳတ္လိုက္ရင္း စိတ္ထဲတြင္လည္း အံ့ဩသြားမိသည္။
(သူက ငါ့လက္ကို ဆုပ္ကိုင္ထားပါလား၊ ဘာလို႔ အရမ္းႀကီး ဆုပ္ကိုင္ထားရတာလဲ၊ ဘာေတြ ျဖစ္ေနတာလဲဟ . . .)
(ဘယ္သူကမ်ား ကိုယ့္ကိုယ္ကိုယ္ ဒီလို မိတ္ဆက္မွာလဲ . . .)
ဝမ္အာႏွင့္ ခ်ဴးအာတို႔မွာမူ ေခါင္းငုံ႔လ်က္သာ ႐ွိေနၾကသည္။ အေၾကာင္းမွာ စိတ္ထဲ၌ အလြန္႐ွက္႐ြံ႕ ေနမိၾကျခင္းေၾကာင့္ပင္ ျဖစ္ပါေတာ့သည္။