Zawgyi
ေငြရွာျခင္း
ညေနခင္း ရိုက္ကူးေရးလုပ္သည့္ ေနရာမွာ ေပက်င္း၏ နာမည္ၾကီးသရဲအိမ္ျဖစ္သည္။
ရႈေပႏွင့္လီေက်ာင္းက တံခါးမွတစ္ဆင့္ ဝင္လာသည္။ လီေက်ာင္း မလႈပ္ရွားရေသးခင္ ေအာ္သံတစ္သံ ၾကားလိုက္ရၿပီး ရႈေပက ေလျပင္းအလား ေျပးဆင္းသြား၏။ ကင္မရာက သတိလက္လြတ္ျဖစ္ေနေသာ သူ႔မ်က္နွာကို အနီးကပ္ရိုက္ျပျပီးေနာက္ အသံုးအေဆာင္ပစၥည္းအနည္းငယ္နွင့္ အစိမ္းေရာင္အလင္းမ်ားသာ ရွိေသာအိမ္ကို ရိုက္ကူးခ့ဲသည္။
"ရႈေကာ၊ မေၾကာက္နဲ႕။ သရဲအိမ္ဆိုတာ အလိမ္အညာေတြပါ။" လီေက်ာင္းက ရႈေပေနာက္သို႔ လိုက္လာသည္။ သူ တံခါးကို ျဖတ္ဝင္ရံုရွိေသး ဝတ္စံုနီဝတ္ထားေသာ မိန္းကေလးတစ္ေယာက္က သူ႔ေရွ႕တြင္ ေပၚလာခ့ဲသည္။
လူႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ သုံးစကၠန႔္ၾကာမ်ွ တိတ္တိတ္ေလး စိုက္ၾကည့္ေနၾက၏။ လီေက်ာင္းက ေဘးဘက္သို႔ ေျခႏွစ္လွမ္း လွမ္းလိုက္ရာ သရဲမေလးကလည္း သူ႔အတိုင္း လိုက္လုပ္လာသည္။
"ခ်စ္စရာေကာင္းတဲ့ ညီမေလးေရ၊ ငါက အသက္ရွင္ေနတဲ့လူတစ္ေယာက္ကို ရွာေနတာ။ သူ ဘယ္ကိုသြားလဲ သိလား။"
ဤအခန္းတြင္ လမ္းေၾကာင္းသံုးခုရွိၿပီး လီေက်ာင္းက ရႈေပ ဘယ္သြားသည္ကို မသိပါ။ သရဲမေလးက လီေက်ာင္းကို ၾကည့္ေနရာ လီေက်ာင္းကလည္း ေနာက္ျပန္လွည့္ၾကည့္လိုက္၏။ မိနစ္ဝက္ခန္႔ ၾကာေသာအခါ သရဲမေလးက ရယ္ခ်င္စိတ္ကို ခ်ဳပ္တည္းျပီး တံခါးတစ္ခ်ပ္ကို ၫႊန္ျပလိုက္သည္။
"သည္းထိတ္ရင္ဖို႐ုပ္ရွင္ေတြ ၾကည့္ဖူးတဲ့ ကြၽန္ေတာ့္အေတြ႕အႀကဳံအရ ေျပာရမယ္ဆိုရင္ သရဲေတြက လမ္းမွားကိုၫႊန္တတ္လို႔ ဒီဘက္လမ္းကို ေ႐ြးလိုက္မယ္။" လီေက်ာင္းသည္ ေျခလွမ္းႏွစ္လွမ္း မ်ွလွမ္းၿပီးေနာက္ လ်ွာၾကီးတစ္လစ္ထြက္ေနသည့္ ၾကိဳးဆြဲခ်သရဲတစ္ေကာင္ကို ေတြ႕လိုက္ရသည္။
သူက လွ်ာကို လိပ္ကာ သရဲသရုပ္ေဆာင္လက္ထဲ ျပန္ထည့္ေပးလိုက္သည္။ "မင္းရဲ႕လွ်ာကို မထုတ္နဲ႕။ ဖုန္ေတြကပ္ၿပီး က်န္းမာေရးနဲ႕မညီဘူး။"
သူ႔လ်ွာသူ ကိုင္ထားရျပီး ၾကိဳးဆြဲခ်တေစၦအျဖစ္ သ႐ုပ္ေဆာင္ေသာ မင္းသား "......"
လူငယ္ေလး၊ မင္း ငါ့အလုပ္ကို ေလးစားၿပီး ေၾကာက္ေပးလို႔ရမလား။
လီေက်ာင္းသည္ အစိမ္းေရာင္အလင္း အနည္းငယ္သာရွိေသာ ေမွာင္မိုက္ေသာ လမ္းၾကားထဲသို႔ ဝင္သြားသည္။ ကင္မရာသမားက "ေက်ာင္းေက်ာင္း၊ မင္း မေၾကာက္ဘူးလား။" ဟု ေမးလိုက္သည္။
"ကြ်န္ေတာ္က ကြၽန္ေတာ့္ရဲ႕ အေတြးအေခၚနဲ႕ နိုင္ငံေရးအတန္းေတြမွာ မၾကာခဏဆိုသလို အတန္းထဲမွာ ပထမရတတ္တာကို သိလား။"
ကင္မရာသမား "အ့ဲဒီေတာ့..."
"အ့ဲဒီေတာ့ ကြ်န္ေတာ္က ဆိုရွယ္လစ္ဝါဒီေလ။" လီေက်ာင္းက ေလးနက္စြာေျပာလိုက္၏။ "တေစၦ၊ သရဲနဲ႕ ဘီလူးေတြအားလုံးကို ကြ်န္ေတာ္ ဖ်က္ဆီးနိုင္တယ္။"
ကင္မရာမန္း "......"
အံမခန္းပဲ၊ အရမ္းမိုက္တယ္။
"အားး..."
လီေက်ာင္းသည္ ရႈေပ၏ေအာ္သံကိုၾကားၿပီးေနာက္ အျမန္ေျပးသြားလိုက္သည္။ ရႈေပက သူ႕ေခါင္းသူကိုင္ကာ ေထာင့္တစ္ေနရာ၌ ရပ္ေနေၾကာင္း ေတြ႕လိုက္ရ၏။ သူ႕ေနာက္မွ ေျခသံကိုၾကားေသာအခါ ရႈေပ၏ မ်က္ႏွာေပၚတြင္ ရက္စက္ၾကမ္းၾကဳတ္မႈတစ္ခ်ိဳ႕ ထြက္ေပၚလာသည္။ သူက လက္ေမာင္းၾကားတြင္ ဝွက္ထားေသာ အရိုးကို ရိုက္ခ်ိဳးျပီး ျပင္းျပင္းထန္ထန္ ကန္ခ်လိုက္သည္။
အရိုးက်ိဳးသြားျပီး ရႈေပ၏ေျခေထာက္ႏွင့္ လီေက်ာင္း၏အက်ီစ ထိသြားသည္နွင့္တစ္ျပိဳင္နက္ လီေက်ာင္းမွာ ေျမၾကီးေပၚသို႔ လဲက်သြားသည္။
"ေက်ာင္းေက်ာင္း..." ကင္မရာသမားက လီေက်ာင္းေနာက္တြင္ ရွိေနသျဖင့္ ရႈေပက သူ႕အား ကန္ေနသည္ကိုသာ ျမင္လိုက္ရ၏။ လီေက်ာင္းက သူ႕ဗိုက္သူဖိကာ ေျမျပင္ေပၚလဲက်သြားသည္ကို ျမင္လိုက္ရသျဖင့္ ထိတ္လန္႔မႈေၾကာင့္ ကင္မရာပါ မျငိမ္မသက္ ျဖစ္သြားသည္။ သူသည္ စက္ကို လက္တစ္ဖက္ျဖင့္ အလ်င္အျမန္ သယ္ကာ ေနာက္တစ္ဖက္ႏွင့္ လီေက်ာင္းကို ကူညီလိုက္သည္။
ဤက့ဲသို႔ မေတာ္တဆမႈမ်ိဳး ႐ုတ္တရက္ ျဖစ္ပြားသြားရာ သရဲေနရာမွ ပါဝင္သရုပ္ေဆာင္ေနသည့္ ဝန္ထမ္းမ်ားနွင့္ ဧည့္သည္မ်ားကို ေစာင့္ေရွာက္ရန္ လိုက္ပါလာသည့္ လံုျခံဳေရးဝန္ထမ္းအားလံုး ထိတ္လန္႕သြားၾကသည္။ "ေက်ာင္းေက်ာင္း...မင္း အဆင္ေျပရဲ႕လား။"
ရႈေပသည္ နာက်င္မႈေၾကာင့္ ျဖဴေဖ်ာ့ေနသည့္ လီေက်ာင္းကို စိုက္ၾကည့္ေနသည္။ သူ လီေက်ာင္းကို ဒီေလာက္ထိ ျပင္းျပင္းထန္ထန္ မကန္ခဲ့ဘူး။ သူက လီေက်ာင္းကို တအားထိတ္လန္႔ျပီး ေၾကာက္သြားေအာင္ လုပ္ဖို႔ ရည္ရြယ္ထားေပမ့ဲ လီေက်ာင္းကို ထိခိုက္ေအာင္ မလုပ္ခ့ဲပါဘူး။ လီေက်ာင္းက ဘာလို႔ ဒီေလာက္ ျဖစ္ပ်က္ေနတာလဲ။
"ငါ..." ရႈေပ စကားစစခ်င္း လီေက်ာင္းက သူ႕စကားကို ျဖတ္ေျပာလိုက္သည္။ "ကြၽန္ေတာ္အဆင္ေျပတယ္၊ အဆင္ေျပတယ္။ အစ္ကိုရႈက တမင္ရည္႐ြယ္ျပီး လုပ္ခ့ဲတာမွမဟုတ္တာ။ ခုနက တအားေၾကာက္ေနေတာ့ သူ႔ကိုယ္သူအလိုအေလ်ာက္ ကာကြယ္မိသြားတာ။"
သူ႕အေျခအေနမေကာင္းသည္ကို လီေက်ာင္း၏ နာက်င္ေနပံုရသည့္ အေျပာမ်ားမွတစ္ဆင့္ လူတိုင္း သိလိုက္ရ၏။ ကန္ခ်က္က မညင္သာဘဲ ဧည္သည္မ်ားအေပၚ မေတာ္တဆထိခိုက္မႈျဖစ္မည္ကို စိုးရိမ္သည့္အတြက္ ရိုက္ကူးမႈကို ရပ္ဆိုင္းရန္ အဆိုျပဳလိုက္ၾကသည္။
"ရပါတယ္၊ ဆက္ရိုက္လို႔ရတယ္။" လီေက်ာင္း က ေခါင္းခါလိုက္သည္။ "ရိုက္ကူးေရးလုပ္ငန္းစဥ္ကို ကြ်န္ေတာ္တစ္ေယာက္တည္းအတြက္နဲ႕ ေနွာင့္ေနွးေအာင္ လုပ္လို႔မျဖစ္ဘူးေလ။ လူတိုင္း ရႈတင္ေစာေစာျပီးရင္ အကုန္လံုး ေစာေစာအနားယူလို႔ရတာေပါ့။"
ပရိုဂရမ္ဝန္ထမ္းမ်ားမွာ အလြန္တရာ စိတ္လႈပ္ရွားသြားသည္။ လီေက်ာင္းက တကယ္ကို ေစတနာေကာင္းျပီး နားလည္မႈ ရွိလြန္းတာပဲ။
ေစာင့္ၾကည့္ခန္းထဲတြင္ ဒါရိုက္တာနွင့္ တျခားဝန္ထမ္းမ်ား၏ အမူအရာမွာ အနည္းငယ္ အ႐ုပ္ဆိုးလ်က္ရွိသည္။ သူတို႔အားလုံးသည္ ရသစံုရွိုးပြဲမ်ား၏ ဝါရင့္သမ႓ာရင့္မ်ား ျဖစ္ၾကၿပီး ဧည့္သည္မ်ားအၾကား အသုံးျပဳသည့္ လွ်ို႔ဝွက္နည္းလမ္းမ်ားကို ျမင္ဖူးၾက၏။ ရႈေပရဲ႕တုံ႕ျပန္မႈက.. ရည္႐ြယ္ခ်က္ရွိရွိ လုပ္တယ္ဆိုတာ ထင္ရွားေနတယ္။
သူသာ သရဲတေစၦေတြကို တကယ္ေၾကာက္တယ္ဆိုရင္ လီေက်ာင္း လဲက်သြားၿပီး သရဲအျဖစ္သရုပ္ေဆာင္တ့ဲ ဝန္ထမ္းေတြ ေျပးလာတုန္းက ေၾကာက္တ့ဲပံုေပါက္ေနရမွာ။ ဒါေပမ့ဲ သူက လီေက်ာင္းကို ကန္ျပီးေတာ့ သရဲေတြကို ျမင္ေပမ့ဲ သူတို႔ကို ေရွာင္လည္းမေရွာင္ဘူး။ အၾကည့္လႊဲတာမ်ိဳးေတာင္ မလုပ္ဘူး။
"ဒါရိုက္တာ... ဒါကို သိမ္းထားခ်င္လား။"
"သိမ္းထားလိုက္။ အပိုင္းတစ္ခ်ိဳ႕ကို ပရိုမိုးရွင္းထဲထည့္မယ္။ အပိုင္းတစ္ခ်ိဳ႕ကို ရႈိးထဲ ထည့္မယ္။" ဒါရိုက္တာက ရႈေပကို စက္ဆုပ္သြားသည္။ ဧည့္သည္တိုင္းက ရႈေပလိုမ်ိဳး တစ္ခုခုလုပ္ခဲ့မယ္ဆိုရင္ ဒီရႈိးကို သူ ဘယ္လိုလုပ္ ရိုက္ကူးနိုင္ေတာ့မွာလဲ။
ရႈေပက သူ႔ကိုယ္သူ ခ်ဳပ္တည္းခ့ဲသည္မွာ က်ိန္းေသေသာ္လည္း လီေက်ာင္း၏သရုပ္ေဆာင္ခ်က္က အလြန္ေကာင္းေသာေၾကာင့္ သူက "လီေက်ာင္းကို လံုးဝထိခိုက္ေအာင္ မလုပ္ခ့ဲပါဘူူး" ဟု ေျပာလ်ွင္ပင္ မည္သူကမွ သူ႔ကိုယံုမည္မဟုတ္ေခ်။ ဒီလူေတြက သူ႔ကို ဘယ္လိုထင္ၾကမလဲ။
လီေက်ာင္းက ဝန္ထမ္းမ်ားကို စကားခ်ိဳခ်ိဳမ်ားေျပာျပီး ဝန္ထမ္းမ်ားက သူ႕အား နွစ္သိမ့္ေပးေနသည္ကို နားေထာင္ရင္း ရႈေပသည္ လီေက်ာင္း၏ ဟန္ေဆာင္မ်က္နွာဖံုးကို ခြာခ်ပစ္ခ်င္လာသည္။ ကန္ခ်က္က လံုးဝမထိတာမို႔လို႔ လီေက်ာင္းက က်ိန္းေသေပါက္ အဆင္ေျပေနတာကို။ ဒီေခြးေကာင္ကေတာ့…။
"ရႈေကာ…ကိုယ့္ကိုယ္ကိုယ္ အျပစ္မတင္ပါနဲ႕။" လီေက်ာင္းက ရႈေပ၏ပုခုံးေပၚ လက္တင္ကာ ၿပဳံးလိုက္၏။ "ကြ်န္ေတာ့္အသားက ထူေတာ့ ကန္ခ်က္တစ္ခ်က္ေလာက္က ဘာမွမျဖစ္ပါဘူး။"
လီေက်ာင္းသည္ ကေလးဘဝတြင္ ညွင္းပန္းႏွိပ္စက္ခံရၿပီး ေန႕တိုင္း အရိုက္ခံရေၾကာင္းကို ကင္မရာမန္းက အမွတ္ရသြားသည္။' ရႈေပ ရဲ႕ကန္ခ်က္က ငယ္ငယ္တုန္းက ျဖစ္ပ်က္ခဲ့တာေတြနဲ႕ ယွဥ္ရင္ ဘာမွမဟုတ္ဘူး။' ဤနည္းျဖင့္ သူသည္ ပို၍ပင္ သနားစရာေကာင္းသူ ျဖစ္လာခ့ဲသည္။
အျခားဧည့္သည္မ်ားမွာ သရဲအိမ္ထဲတြင္ ရိုက္ကူးေရးၿပီးသြားသျဖင့္ အနားယူရန္ အခန္းထဲတြင္ ထိုင္ေနၾကသည္။ ခ်န္ဟန္က အခ်ိန္ကို တစ္ခ်က္ၾကည့္လိုက္၏။ "ေက်ာင္းေက်ာင္းနဲ႕ ရႈေပက တေစၦအေၾကာက္ဆုံး လူငယ္ႏွစ္ေယာက္ ျဖစ္ေလာက္တယ္။ အခုထိ ထြက္မလာၾကေသးဘူး။"
ဝန္ထမ္းမ်ား ထြက္လာၿပီး ဧည့္သည္မ်ားကို တိုးတိုးေလး ေတာင္းပန္စကားဆိုကာ ျဖစ္ပ်က္ပံုအလံုးစံုကို ရွင္းျပလိုက္သည္။ ရွင္းျပခ်က္ကို နားေထာင္ၿပီးေနာက္ ဧည့္သည္မ်ား၏အမူအရာမွာ ဆိုး႐ြားသြားၾက၏။ လူကို ဇာတ္ဝင္ပစၥည္းနဲ႕ရိုက္ျပီး ကန္လည္းကန္ေသးတယ္၊ အ့ဲဒါက တကယ္ပဲ သတိလက္လြန္ျဖစ္သြားတာ ဟုတ္ပါ့မလား။
ရိုက္ကူးေရးျပီးသြားျပီး ကင္မရာမန္းမွ မွန္ဘီလူးအဖံုးကို တပ္ဆင္လိုက္ျပီးေနာက္ ရႈေပ၏အမူအရာသည္ ခ်က္ခ်င္းဆိုသလို အက်ည္းတန္သြားသည္။ သူက လီေက်ာင္းကို မႈန္ကုတ္ကုတ္အမူအရာျဖင့္ စိုက္ၾကည့္ရင္း ေလသံျဖင့္ ေျပာလိုက္သည္။ "လီေက်ာင္း မင္းက အရမ္းရက္စက္တာပဲ။"
လီေက်ာင္း ၿပဳံးလိုက္သည္။ "ရႈေပ မင္း ဘာေတြေျပာေနတာလဲ။"
"မင္းက ဒီအျပစ္ကင္းတဲ့အၿပဳံးနဲ႕ ခ်င္ေရွာင္းကို လွည့္စားခဲ့တာလား။" ရႈေပက သူ႔ပါးသူ ကိုက္လိုက္သည္။ "ခဏပဲေစာင့္၊ မင္း ၾကာၾကာ ဂုဏ္ေမာက္နိုင္ေတာ့မွာ မဟုတ္ဘူး။"
လီေက်ာင္းက စကားမေျပာဘဲ ၿပဳံးရံုသာ ျပံဳးျပလိုက္သည္။
ရႈေပသည္ သူ႕အၿပဳံးေၾကာင့္ ေဒါသထြက္သြားသည္။ "သိပ္မၾကာေတာ့ပါဘူး။ ခ်န္ဟြမ္းက လက္ေျပာင္းသြားတာနဲ႕ မင္းဒုကၡေရာက္လိမ့္မယ္။"
ထိုသို႔ေျပာၿပီးေနာက္ သူက လီေက်ာင္း၏လက္ကို တြန္းထုတ္ကာ လွည့္ထြက္သြားခဲ့သည္။
"ေက်ာင္းေက်ာင္း မင္း အဆင္ေျပရဲ႕လား။" သရဲအိမ္မွ ထြက္လာသည့္ ဝန္ထမ္းေလးက ေက်ာင္းေက်ာင္းကို လက္ကမ္းေပးလိုက္သည္။
"ကြ်န္ေတာ္ အဆင္ေျပပါတယ္။ ေက်းဇူးပါ။" လီေက်ာင္းသည္ သူ႕စိတ္ထဲတြင္ ထူးထူးဆန္းဆန္း ခံစားေနရေသာ္လည္း ဝန္ထမ္းေလးအား ေက်းဇူးတင္စကား ေျပာလိုက္ေသးသည္။
ခ်န္ဟြမ္း လက္ေျပာင္းတာ။ အ့ဲဒါက ထင္းထင္း ရဲ႕ကုမၸဏီမဟုတ္ဘူးလား။ ဘာလို႔ ပိုင္ရွင္ ေျပာင္းရမွာလဲ ။
ရႈေပ...။
ရႈ ဆိုေတာ့ ရႈေပက ရန္ထင္းကုမၸဏီကို လိုခ်င္ေနတဲ့ ရန္ထင္းရဲ႕ ေဆြမ်ိဳးလား။ လီေက်ာင္း၏ေခါင္းထဲတြင္ တီဗီြဒရာမာဇာတ္ကြက္မ်ားစြာ ထြက္ေပၚလာသည္။
နားေနခန္းထဲျပန္ေရာက္လာေသာအခါ လီေက်ာင္းနွင့္အျခားသူမ်ားက ရိုက္ကူးေရးကို အျပီးသတ္ျပီး အိမ္ျပန္ခ့ဲၾကသည္။
ေမွာင္မိုက္ေသာ ညတစ္ည ျဖစ္၏။ လီေက်ာင္း ျပန္ေရာက္ေသာအခါ ရန္ထင္းမွာ ကုမၸဏီတြင္ ရွိေနဆဲျဖစ္ေၾကာင္း သိလိုက္ရသည္။ အိမ္ေတာ္ထိန္းဦးေလးက သူ႕အတြက္ ထမင္းျပင္ဆင္ေပးေသာ္လည္း လီေက်ာင္းက အစာစားရန္ အလ်င္မလိုသည္ကို ေတြ႕ရသျဖင့္ သူ အံ့အားသင့္သြား၏။ "မစၥတာလီ၊ စားခ်င္စိတ္မရွိဘူးလား ဒါမွမဟုတ္ ေနမေကာင္းလို႔လား။"
လီေက်ာင္းက ေခါင္းခါျပကာ အိမ္ေတာ္ထိန္းကို ေမးလိုက္သည္။ "အိမ္ေတာ္ထိန္းဦးေလး၊ ထင္းထင္းမွာ ရႈေပ လို႔ေခၚတဲ့ ေဆြမ်ိဳးတစ္ေယာက္ရွိလား။"
"ရႈေပ..." အိမ္ေတာ္ထိန္း၏ အၿပဳံးမွာ အနည္းငယ္ ထူးဆန္းသြားၿပီး စက္ဆုပ္မႈမ်ား ေရာယွက္သြားသည္။ "အ့ဲဒီရႈမိသားစုနဲ႕က ေဆြမ်ိဳးေတြ မဟုတ္ဘူး။ တစ္ေယာက္ေယာက္က ဆရာ့ကို စိတ္ရႈပ္စရာေတြေျပာလာရင္ အဲဒါေတြကို ဂ႐ုစိုက္မေနပါနဲ႔။"
လီေက်ာင္းက နားလည္မႈျဖင့္ ေခါင္းညိတ္လိုက္သည္။
"ဒီလူ… ရႈေပက တကယ္ပဲ ရႈမိသားစုဝင္ပါ။" အိမ္ေတာ္ထိန္းက ဆက္ေျပာျပသည္။ "ဒါေပမယ့္၊ သူေဌးက အဲဒီလူေတြနဲ႕ ဘယ္ေတာ့မွ အဆက္အဆံ မလုပ္ဘူး၊ သူ႕ေရွ႕မွာ ရႈမိသားစုအေၾကာင္း တျခားသူေတြ ေျပာတာကိုလည္း မႀကိဳက္ဘူး။"
"ဟုတ္က့ဲ၊ ကြၽန္ေတာ္ သူ႕ေရွ႕မွာ မေျပာပါဘူး။" လီေက်ာင္းက ထင္းထင္း ရႈမိသားစုႏွင့္ အဆက္အဆံမလုပ္ခ်င္သည္ကို မအ့ံၾသမိပါ။ လီေက်ာင္းပင္လွ်င္ သူတို႔က မနွစ္ျမိဳ႕စရာေကာင္းသည္ဟု ခံစားမိသည္။
ေဆြမ်ိဳးေတြက တစ္စုံတစ္ေယာက္ရဲ႕ ကုမၸဏီကို တေနကုန္ ေထာက္လွမ္းၿပီး သူေဌးကို အစားထိုးဖို႔ ဆႏၵရွိေနတာက တကယ့္ကို ႐ြံစရာေကာင္းလြန္းတယ္။
လီေက်ာင္းက က်န္းေရွာင္ယြမ္ကို ဖုန္းဆက္ကာ ယေန႔အစီအစဥ္ရိုက္ကူးခ်ိန္၌ ျဖစ္ပ်က္ခဲ့ပံုကို ေျပာျပခ့ဲသည္။
"ေတာ္တယ္။ ဒီလိုလူဆိုးေတြနဲ႕ ဆက္ဆံတ့ဲအခါ ယုတ္မာတဲ့နည္းလမ္းေတြကို သုံးရမွာေပါ့။" က်န္းေရွာင္ယြမ္မွာ တကယ္ကို ေပ်ာ္႐ႊင္ေနခဲ့သည္။ "စတူဒီယိုက စစ္ေဆးၿပီးၿပီ။ မားကတ္တင္းအေကာင့္ေတြဝယ္ၿပီး မင္းကို တိုက္ခိုက္ဖို႔ ပိုက္ဆံေပးခ့ဲတ့ဲသူက ရႈေပပဲ။ အ့ဲဒီေကာင္က အရမ္းရုပ္ဆိုးျပီး ေမ်ာက္ဝံၾကီးက်ေနတာပဲ။ မင္းကို တိုက္ခိုက္ဖို႔ ဘယ္သူကမ်ား သူ႔ကို သတၱိေတြေပးခဲ့သလဲ မသိဘူး။"
"အစ္ကို ရွာေတြ႕တာ ျမန္လိုက္တာ။" ယခုည ရႈေပက သူ႔အား ခ်င္ေရွာင္းအေၾကာင္း အစေဖာ္လာကတည္းက ဤကိစၥမွာ ရႈေပနွင့္ဆက္စပ္ေနသည္ဟု သူသံသယရွိခ့ဲေသာ္လည္း တကယ္လက္ေတြ႕ျဖစ္လာမည္ဟု မေမ်ွာ္လင့္ထားခ့ဲေပ။
"ေခ်ာင္က်ားဘက္က သတင္းအခ်က္အလက္ရၿပီး သူက စတူဒီယိုကို ေျပာျပခ့ဲတာ။" က်န္းေရွာင္ယြမ္သည္ ဤအဆင့္ျမင့္ပုဂၢိဳလ္က သတင္းရွာေဖြရန္ မည္သည့္နည္းလမ္းအား အသုံးျပဳခဲ့ေၾကာင္း မသိေသာ္လည္း ေက်ာင္းေက်ာင္းအတြက္ တရားမ်ွတမႈရေအာင္ အားစိုက္ထုတ္ေပးခ့ဲသည္မွာ ေကာင္းေသာကိစၥျဖစ္ေပသည္။
"ေမ့လိုက္ပါေတာ့၊ ဒီလိုအမွိုက္မ်ိဳးေၾကာင့္ မင္းရဲ႕စိတ္ခံစားခ်က္ကို မထိခိုက္ေစနဲ႕။" က်န္းေရွာင္ယြမ္က အေၾကာင္းအရာကို ေျပာင္းလဲလိုက္သည္။ "ရက္နည္းနည္းၾကာရင္ မင္းရဲ႕တကၠသိုလ္ေလွ်ာက္လႊာေဖာင္ကို ျဖည့္ရေတာ့မယ္။ မင္း အႀကိဳက္ဆုံး တကၠသိုလ္ရွိလား။"
"ရွင္းဟြာနဲ႕ ေပက်င္းတကၠသိုလ္က ေကာင္းမယ္ထင္တယ္။" လီေက်ာင္း တစ္ခဏမ်ွ ၾကက္ေသေသသြား၏။ သူ ဒီအေၾကာင္းကို တစ္ခါမွ မေတြးဖူးဘူး။ လက္ရွိမွာ သူက သ႐ုပ္ေဆာင္တစ္ေယာက္ဆိုေတာ့ ဘယ္ေမဂ်ာက ပိုသင့္ေတာ္မလဲ။
"ေပက်င္းမွာ ႐ုပ္ရွင္၊ ႐ုပ္ျမင္သံၾကားနဲ႕ သက္ဆိုင္တ့ဲဌာနတစ္ခုရွိၿပီး ရွင္းဟြာမွာ အရင္နွစ္က စဖြင့္တ့ဲ ေဖ်ာ္ေျဖေရးေမဂ်ာတစ္ခု ရွိတယ္။ အ့ဲဒီႏွစ္ခုလံုးက မင္းနဲ႕ ေတာ္ေတာ္ေလး သင့္ေတာ္တယ္။" က်န္းေရွာင္ယြမ္၏ စိတ္သည္ ရႈပ္ေထြးသြားသည္။ "သူ တကၠသိုလ္ဝင္ခြင့္ စာေမးပြဲ ၿပီးသြားတုန္းက သူ႕ရမွတ္နဲ႕ ဘယ္ကို သြားနိုင္မလဲဆိုတာကို စိုးရိမ္ရတယ္။ အခုက်ေတာ့ ေက်ာင္းေက်ာင္းက ထိပ္တန္းတကၠသိုလ္ထဲက ဘယ္တကၠသိုလ္ကို ေ႐ြးရမလဲဆိုတာ စိုးရိမ္ေနတယ္။"
လူအခ်င္းခ်င္း ကြာျခားခ်က္ကေတာ့ သံပုရာသီးစားရေလာက္ေအာင္ ႀကီးလြန္းတယ္။
ရန္ထင္းသည္ အလြန္ေနာက္က်မွ ျပန္ေရာက္လာျပီး ဆိုဖာေပၚတြင္ ေစာင္ပါးေလးတစ္ထည္ ျခံဳလ်က္ အိပ္ေပ်ာ္ေနေသာ ေက်ာင္းေက်ာင္းကို ေတြ႕လိုက္ရ၏။ သူက ဆိုဖာဆီသို႔ ေလ်ွာက္လာျပီး နွစ္နွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ေနေသာ လီေက်ာင္း၏မ်က္နွာေလးကို ၾကည့္ကာ ေရခ်ိဳးဂ်ယ္၏ သင္းပ်ံ့ေသာ ရနံ႕ကို ရႈရႈိက္ရန္ ေခါင္းငုံ႕လိုက္သည္။
လီေက်ာင္းမွာ အိပ္ေပ်ာ္လ်က္ရွိျပီး ဘာတစ္ခုမွ မသိေခ်။ ရန္ထင္းသည္ သူ႕ႏႈတ္ခမ္းပါးမ်ားနွင့္ ေပ်ာ့ေပ်ာင္းလွသည့္ ဆံႏြယ္မ်ားကို ထိၾကည့္ခ်င္မိသည္။ ေႏြးေထြးေသာ အသက္ရႈသံက သူ႕ပါးျပင္ကို ပြတ္တိုက္ေနသည္။ ရန္ထင္းက သူ႕ကို………နမ္းခ်င္ေနသည္။
"ထင္းထင္း…" လီေက်ာင္းက မ်က္လုံးဖြင့္ကာရႈပ္ေထြးေနသည့္အမူအရာျဖင့္ ရန္ထင္း၏မ်က္နွာကို ၾကည့္လိုက္သည္။ "ဘာၾကည့္ေနတာလဲ။"
ရန္ထင္းက မတ္မတ္မရပ္ခင္ သူ႕ကို စကၠန႔္အနည္းငယ္ၾကာ ေငးၾကည့္ျပီးမွ တည္ျငိမ္ေသာအသံျဖင့္ ေျပာလိုက္သည္။ "မင္းမ်က္ႏွာေပၚက မွဲ႕ေတြကို ၾကည့္ေနတာ။"
"ငါ့မ်က္ႏွာမွာ မွဲ႕တစ္လံုးမွ မရွိပါဘူး။" လီေက်ာင္းက သူ႔ညဝတ္အက်ီ၏ အေပၚဆံုးၾကယ္သီးကို ျဖဳတ္ကာ လည္ပင္းဘက္သို႔ ၫႊန္ျပလိုက္သည္။ "ဒီမွာ…ဒီမွာ တစ္ခုရွိတယ္။"
သြယ္လ်ျဖဴေဖြးေသာလည္တိုင္ကို ၾကည့္ရင္း ရန္ထင္းသည္ သူ၏အက်ီေကာ္လာကို အျမန္ဆြဲတင္ေပးလိုက္သည္။ "မင္း ဘာလုပ္ေနပါလဲ။ ၾကယ္သီးျပန္တပ္လိုက္။ "
"ငါ့မွာ မွဲ႕ရွိမရွိ မၾကည့္ခ်င္ဘူးလား။" လီေက်ာင္း သမ္းလိုက္သည္။ "ဒီေန႕ ကုမၸဏီမွာ အလုပ္ေတြ အမ်ားႀကီးရွိလို႔ ေနာက္က်မွ ျပန္လာတာလား။"
"ဟုတ္တယ္။ ငါပိုက္ဆံရွာေနတာ။ " ရန္ထင္းက လီေက်ာင္းကို ၾကည့္လိုက္သည္။
လီေက်ာင္း "......"
ထင္းထင္းခ်မ္းသာတာက မလံုေလာက္ေသးဘူးလား။
သူေတာ့ သူေဌးေတြရဲ႕ေလာကကို တကယ္ နားမလည္ေတာ့ဘူး။
စာေရးသူမွာ ေျပာစရာရွိတယ္။
မၾကာေသးမီက ေဘဘီထင္းထင္းသည္ သူငယ္တန္းတြင္ အတန္းတက္ေသာအခါ အထူးအေလးအနက္ ထားေနခ့ဲသည္။
တျခားကေလးတစ္ေယာက္က ေမးလိုက္သည္ : မင္းဘာလို႔ ဒီေလာက္ေလးနက္ေနတာလဲ။ ငါတို႔က ကေလးေတြပဲ ရွိေသးတာေလ။
ေဘဘီထင္းထင္း : ပန္းပြင့္နီေလးေတြ ပိုရခ်င္လို႔။ ျပီးေတာ့ သၾကားလံုးဆုကိုလည္း လိုခ်င္တယ္။
ကေလးေလး : မင္းငါ့ကို သၾကားလံုးတစ္လံုးေလာက္ ေပးလို႔ရမလား။
ေဘဘီထင္းထင္းက ေခါင္းခါျပလိုက္သည္ : ဟင့္အင္း…ငါက ေက်ာင္းေက်ာင္းကို အကုန္လံုးေပးမွာ။
#4835words
#25.4.23
Unicode
ငွေရှာခြင်း
ညနေခင်း ရိုက်ကူးရေးလုပ်သည့် နေရာမှာ ပေကျင်း၏ နာမည်ကြီးသရဲအိမ်ဖြစ်သည်။
ရှုပေနှင့်လီကျောင်းက တံခါးမှတစ်ဆင့် ဝင်လာသည်။ လီကျောင်း မလှုပ်ရှားရသေးခင် အော်သံတစ်သံ ကြားလိုက်ရပြီး ရှုပေက လေပြင်းအလား ပြေးဆင်းသွား၏။ ကင်မရာက သတိလက်လွတ်ဖြစ်နေသော သူ့မျက်နှာကို အနီးကပ်ရိုက်ပြပြီးနောက် အသုံးအဆောင်ပစ္စည်းအနည်းငယ်နှင့် အစိမ်းရောင်အလင်းများသာ ရှိသောအိမ်ကို ရိုက်ကူးခဲ့သည်။
"ရှုကော၊ မကြောက်နဲ့။ သရဲအိမ်ဆိုတာ အလိမ်အညာတွေပါ။" လီကျောင်းက ရှုပေနောက်သို့ လိုက်လာသည်။ သူ တံခါးကို ဖြတ်ဝင်ရုံရှိသေး ဝတ်စုံနီဝတ်ထားသော မိန်းကလေးတစ်ယောက်က သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သုံးစက္ကန့်ကြာမျှ တိတ်တိတ်လေး စိုက်ကြည့်နေကြ၏။ လီကျောင်းက ဘေးဘက်သို့ ခြေနှစ်လှမ်း လှမ်းလိုက်ရာ သရဲမလေးကလည်း သူ့အတိုင်း လိုက်လုပ်လာသည်။
"ချစ်စရာကောင်းတဲ့ ညီမလေးရေ၊ ငါက အသက်ရှင်နေတဲ့လူတစ်ယောက်ကို ရှာနေတာ။ သူ ဘယ်ကိုသွားလဲ သိလား။"
ဤအခန်းတွင် လမ်းကြောင်းသုံးခုရှိပြီး လီကျောင်းက ရှုပေ ဘယ်သွားသည်ကို မသိပါ။ သရဲမလေးက လီကျောင်းကို ကြည့်နေရာ လီကျောင်းကလည်း နောက်ပြန်လှည့်ကြည့်လိုက်၏။ မိနစ်ဝက်ခန့် ကြာသောအခါ သရဲမလေးက ရယ်ချင်စိတ်ကို ချုပ်တည်းပြီး တံခါးတစ်ချပ်ကို ညွှန်ပြလိုက်သည်။
"သည်းထိတ်ရင်ဖိုရုပ်ရှင်တွေ ကြည့်ဖူးတဲ့ ကျွန်တော့်အတွေ့အကြုံအရ ပြောရမယ်ဆိုရင် သရဲတွေက လမ်းမှားကိုညွှန်တတ်လို့ ဒီဘက်လမ်းကို ရွေးလိုက်မယ်။" လီကျောင်းသည် ခြေလှမ်းနှစ်လှမ်း မျှလှမ်းပြီးနောက် လျှာကြီးတစ်လစ်ထွက်နေသည့် ကြိုးဆွဲချသရဲတစ်ကောင်ကို တွေ့လိုက်ရသည်။
သူက လျှာကို လိပ်ကာ သရဲသရုပ်ဆောင်လက်ထဲ ပြန်ထည့်ပေးလိုက်သည်။ "မင်းရဲ့လျှာကို မထုတ်နဲ့။ ဖုန်တွေကပ်ပြီး ကျန်းမာရေးနဲ့မညီဘူး။"
သူ့လျှာသူ ကိုင်ထားရပြီး ကြိုးဆွဲချတစ္ဆေအဖြစ် သရုပ်ဆောင်သော မင်းသား "......"
လူငယ်လေး၊ မင်း ငါ့အလုပ်ကို လေးစားပြီး ကြောက်ပေးလို့ရမလား။
လီကျောင်းသည် အစိမ်းရောင်အလင်း အနည်းငယ်သာရှိသော မှောင်မိုက်သော လမ်းကြားထဲသို့ ဝင်သွားသည်။ ကင်မရာသမားက "ကျောင်းကျောင်း၊ မင်း မကြောက်ဘူးလား။" ဟု မေးလိုက်သည်။
"ကျွန်တော်က ကျွန်တော့်ရဲ့ အတွေးအခေါ်နဲ့ နိုင်ငံရေးအတန်းတွေမှာ မကြာခဏဆိုသလို အတန်းထဲမှာ ပထမရတတ်တာကို သိလား။"
ကင်မရာသမား "အဲ့ဒီတော့..."
"အဲ့ဒီတော့ ကျွန်တော်က ဆိုရှယ်လစ်ဝါဒီလေ။" လီကျောင်းက လေးနက်စွာပြောလိုက်၏။ "တစ္ဆေ၊ သရဲနဲ့ ဘီလူးတွေအားလုံးကို ကျွန်တော် ဖျက်ဆီးနိုင်တယ်။"
ကင်မရာမန်း "......"
အံမခန်းပဲ၊ အရမ်းမိုက်တယ်။
"အားး..."
လီကျောင်းသည် ရှုပေ၏အော်သံကိုကြားပြီးနောက် အမြန်ပြေးသွားလိုက်သည်။ ရှုပေက သူ့ခေါင်းသူကိုင်ကာ ထောင့်တစ်နေရာ၌ ရပ်နေကြောင်း တွေ့လိုက်ရ၏။ သူ့နောက်မှ ခြေသံကိုကြားသောအခါ ရှုပေ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုတစ်ချို့ ထွက်ပေါ်လာသည်။ သူက လက်မောင်းကြားတွင် ဝှက်ထားသော အရိုးကို ရိုက်ချိုးပြီး ပြင်းပြင်းထန်ထန် ကန်ချလိုက်သည်။
အရိုးကျိုးသွားပြီး ရှုပေ၏ခြေထောက်နှင့် လီကျောင်း၏အကျီစ ထိသွားသည်နှင့်တစ်ပြိုင်နက် လီကျောင်းမှာ မြေကြီးပေါ်သို့ လဲကျသွားသည်။
"ကျောင်းကျောင်း..." ကင်မရာသမားက လီကျောင်းနောက်တွင် ရှိနေသဖြင့် ရှုပေက သူ့အား ကန်နေသည်ကိုသာ မြင်လိုက်ရ၏။ လီကျောင်းက သူ့ဗိုက်သူဖိကာ မြေပြင်ပေါ်လဲကျသွားသည်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်မှုကြောင့် ကင်မရာပါ မငြိမ်မသက် ဖြစ်သွားသည်။ သူသည် စက်ကို လက်တစ်ဖက်ဖြင့် အလျင်အမြန် သယ်ကာ နောက်တစ်ဖက်နှင့် လီကျောင်းကို ကူညီလိုက်သည်။
ဤကဲ့သို့ မတော်တဆမှုမျိုး ရုတ်တရက် ဖြစ်ပွားသွားရာ သရဲနေရာမှ ပါဝင်သရုပ်ဆောင်နေသည့် ဝန်ထမ်းများနှင့် ဧည့်သည်များကို စောင့်ရှောက်ရန် လိုက်ပါလာသည့် လုံခြုံရေးဝန်ထမ်းအားလုံး ထိတ်လန့်သွားကြသည်။ "ကျောင်းကျောင်း...မင်း အဆင်ပြေရဲ့လား။"
ရှုပေသည် နာကျင်မှုကြောင့် ဖြူဖျော့နေသည့် လီကျောင်းကို စိုက်ကြည့်နေသည်။ သူ လီကျောင်းကို ဒီလောက်ထိ ပြင်းပြင်းထန်ထန် မကန်ခဲ့ဘူး။ သူက လီကျောင်းကို တအားထိတ်လန့်ပြီး ကြောက်သွားအောင် လုပ်ဖို့ ရည်ရွယ်ထားပေမဲ့ လီကျောင်းကို ထိခိုက်အောင် မလုပ်ခဲ့ပါဘူး။ လီကျောင်းက ဘာလို့ ဒီလောက် ဖြစ်ပျက်နေတာလဲ။
"ငါ..." ရှုပေ စကားစစချင်း လီကျောင်းက သူ့စကားကို ဖြတ်ပြောလိုက်သည်။ "ကျွန်တော်အဆင်ပြေတယ်၊ အဆင်ပြေတယ်။ အစ်ကိုရှုက တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာမှမဟုတ်တာ။ ခုနက တအားကြောက်နေတော့ သူ့ကိုယ်သူအလိုအလျောက် ကာကွယ်မိသွားတာ။"
သူ့အခြေအနေမကောင်းသည်ကို လီကျောင်း၏ နာကျင်နေပုံရသည့် အပြောများမှတစ်ဆင့် လူတိုင်း သိလိုက်ရ၏။ ကန်ချက်က မညင်သာဘဲ ဧည်သည်များအပေါ် မတော်တဆထိခိုက်မှုဖြစ်မည်ကို စိုးရိမ်သည့်အတွက် ရိုက်ကူးမှုကို ရပ်ဆိုင်းရန် အဆိုပြုလိုက်ကြသည်။
"ရပါတယ်၊ ဆက်ရိုက်လို့ရတယ်။" လီကျောင်း က ခေါင်းခါလိုက်သည်။ "ရိုက်ကူးရေးလုပ်ငန်းစဉ်ကို ကျွန်တော်တစ်ယောက်တည်းအတွက်နဲ့ နှောင့်နှေးအောင် လုပ်လို့မဖြစ်ဘူးလေ။ လူတိုင်း ရှုတင်စောစောပြီးရင် အကုန်လုံး စောစောအနားယူလို့ရတာပေါ့။"
ပရိုဂရမ်ဝန်ထမ်းများမှာ အလွန်တရာ စိတ်လှုပ်ရှားသွားသည်။ လီကျောင်းက တကယ်ကို စေတနာကောင်းပြီး နားလည်မှု ရှိလွန်းတာပဲ။
စောင့်ကြည့်ခန်းထဲတွင် ဒါရိုက်တာနှင့် တခြားဝန်ထမ်းများ၏ အမူအရာမှာ အနည်းငယ် အရုပ်ဆိုးလျက်ရှိသည်။ သူတို့အားလုံးသည် ရသစုံရှိုးပွဲများ၏ ဝါရင့်သမ္ဘာရင့်များ ဖြစ်ကြပြီး ဧည့်သည်များအကြား အသုံးပြုသည့် လျှို့ဝှက်နည်းလမ်းများကို မြင်ဖူးကြ၏။ ရှုပေရဲ့တုံ့ပြန်မှုက.. ရည်ရွယ်ချက်ရှိရှိ လုပ်တယ်ဆိုတာ ထင်ရှားနေတယ်။
သူသာ သရဲတစ္ဆေတွေကို တကယ်ကြောက်တယ်ဆိုရင် လီကျောင်း လဲကျသွားပြီး သရဲအဖြစ်သရုပ်ဆောင်တဲ့ ဝန်ထမ်းတွေ ပြေးလာတုန်းက ကြောက်တဲ့ပုံပေါက်နေရမှာ။ ဒါပေမဲ့ သူက လီကျောင်းကို ကန်ပြီးတော့ သရဲတွေကို မြင်ပေမဲ့ သူတို့ကို ရှောင်လည်းမရှောင်ဘူး။ အကြည့်လွှဲတာမျိုးတောင် မလုပ်ဘူး။
"ဒါရိုက်တာ... ဒါကို သိမ်းထားချင်လား။"
"သိမ်းထားလိုက်။ အပိုင်းတစ်ချို့ကို ပရိုမိုးရှင်းထဲထည့်မယ်။ အပိုင်းတစ်ချို့ကို ရှိုးထဲ ထည့်မယ်။" ဒါရိုက်တာက ရှုပေကို စက်ဆုပ်သွားသည်။ ဧည့်သည်တိုင်းက ရှုပေလိုမျိုး တစ်ခုခုလုပ်ခဲ့မယ်ဆိုရင် ဒီရှိုးကို သူ ဘယ်လိုလုပ် ရိုက်ကူးနိုင်တော့မှာလဲ။
ရှုပေက သူ့ကိုယ်သူ ချုပ်တည်းခဲ့သည်မှာ ကျိန်းသေသော်လည်း လီကျောင်း၏သရုပ်ဆောင်ချက်က အလွန်ကောင်းသောကြောင့် သူက "လီကျောင်းကို လုံးဝထိခိုက်အောင် မလုပ်ခဲ့ပါဘူူး" ဟု ပြောလျှင်ပင် မည်သူကမှ သူ့ကိုယုံမည်မဟုတ်ချေ။ ဒီလူတွေက သူ့ကို ဘယ်လိုထင်ကြမလဲ။
လီကျောင်းက ဝန်ထမ်းများကို စကားချိုချိုများပြောပြီး ဝန်ထမ်းများက သူ့အား နှစ်သိမ့်ပေးနေသည်ကို နားထောင်ရင်း ရှုပေသည် လီကျောင်း၏ ဟန်ဆောင်မျက်နှာဖုံးကို ခွာချပစ်ချင်လာသည်။ ကန်ချက်က လုံးဝမထိတာမို့လို့ လီကျောင်းက ကျိန်းသေပေါက် အဆင်ပြေနေတာကို။ ဒီခွေးကောင်ကတော့…။
"ရှုကော…ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။" လီကျောင်းက ရှုပေ၏ပုခုံးပေါ် လက်တင်ကာ ပြုံးလိုက်၏။ "ကျွန်တော့်အသားက ထူတော့ ကန်ချက်တစ်ချက်လောက်က ဘာမှမဖြစ်ပါဘူး။"
လီကျောင်းသည် ကလေးဘဝတွင် ညှင်းပန်းနှိပ်စက်ခံရပြီး နေ့တိုင်း အရိုက်ခံရကြောင်းကို ကင်မရာမန်းက အမှတ်ရသွားသည်။' ရှုပေ ရဲ့ကန်ချက်က ငယ်ငယ်တုန်းက ဖြစ်ပျက်ခဲ့တာတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး။' ဤနည်းဖြင့် သူသည် ပို၍ပင် သနားစရာကောင်းသူ ဖြစ်လာခဲ့သည်။
အခြားဧည့်သည်များမှာ သရဲအိမ်ထဲတွင် ရိုက်ကူးရေးပြီးသွားသဖြင့် အနားယူရန် အခန်းထဲတွင် ထိုင်နေကြသည်။ ချန်ဟန်က အချိန်ကို တစ်ချက်ကြည့်လိုက်၏။ "ကျောင်းကျောင်းနဲ့ ရှုပေက တစ္ဆေအကြောက်ဆုံး လူငယ်နှစ်ယောက် ဖြစ်လောက်တယ်။ အခုထိ ထွက်မလာကြသေးဘူး။"
ဝန်ထမ်းများ ထွက်လာပြီး ဧည့်သည်များကို တိုးတိုးလေး တောင်းပန်စကားဆိုကာ ဖြစ်ပျက်ပုံအလုံးစုံကို ရှင်းပြလိုက်သည်။ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဧည့်သည်များ၏အမူအရာမှာ ဆိုးရွားသွားကြ၏။ လူကို ဇာတ်ဝင်ပစ္စည်းနဲ့ရိုက်ပြီး ကန်လည်းကန်သေးတယ်၊ အဲ့ဒါက တကယ်ပဲ သတိလက်လွန်ဖြစ်သွားတာ ဟုတ်ပါ့မလား။
ရိုက်ကူးရေးပြီးသွားပြီး ကင်မရာမန်းမှ မှန်ဘီလူးအဖုံးကို တပ်ဆင်လိုက်ပြီးနောက် ရှုပေ၏အမူအရာသည် ချက်ချင်းဆိုသလို အကျည်းတန်သွားသည်။ သူက လီကျောင်းကို မှုန်ကုတ်ကုတ်အမူအရာဖြင့် စိုက်ကြည့်ရင်း လေသံဖြင့် ပြောလိုက်သည်။ "လီကျောင်း မင်းက အရမ်းရက်စက်တာပဲ။"
လီကျောင်း ပြုံးလိုက်သည်။ "ရှုပေ မင်း ဘာတွေပြောနေတာလဲ။"
"မင်းက ဒီအပြစ်ကင်းတဲ့အပြုံးနဲ့ ချင်ရှောင်းကို လှည့်စားခဲ့တာလား။" ရှုပေက သူ့ပါးသူ ကိုက်လိုက်သည်။ "ခဏပဲစောင့်၊ မင်း ကြာကြာ ဂုဏ်မောက်နိုင်တော့မှာ မဟုတ်ဘူး။"
လီကျောင်းက စကားမပြောဘဲ ပြုံးရုံသာ ပြုံးပြလိုက်သည်။
ရှုပေသည် သူ့အပြုံးကြောင့် ဒေါသထွက်သွားသည်။ "သိပ်မကြာတော့ပါဘူး။ ချန်ဟွမ်းက လက်ပြောင်းသွားတာနဲ့ မင်းဒုက္ခရောက်လိမ့်မယ်။"
ထိုသို့ပြောပြီးနောက် သူက လီကျောင်း၏လက်ကို တွန်းထုတ်ကာ လှည့်ထွက်သွားခဲ့သည်။
"ကျောင်းကျောင်း မင်း အဆင်ပြေရဲ့လား။" သရဲအိမ်မှ ထွက်လာသည့် ဝန်ထမ်းလေးက ကျောင်းကျောင်းကို လက်ကမ်းပေးလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်။ ကျေးဇူးပါ။" လီကျောင်းသည် သူ့စိတ်ထဲတွင် ထူးထူးဆန်းဆန်း ခံစားနေရသော်လည်း ဝန်ထမ်းလေးအား ကျေးဇူးတင်စကား ပြောလိုက်သေးသည်။
ချန်ဟွမ်း လက်ပြောင်းတာ။ အဲ့ဒါက ထင်းထင်း ရဲ့ကုမ္ပဏီမဟုတ်ဘူးလား။ ဘာလို့ ပိုင်ရှင် ပြောင်းရမှာလဲ ။
ရှုပေ...။
ရှု ဆိုတော့ ရှုပေက ရန်ထင်းကုမ္ပဏီကို လိုချင်နေတဲ့ ရန်ထင်းရဲ့ ဆွေမျိုးလား။ လီကျောင်း၏ခေါင်းထဲတွင် တီဗွီဒရာမာဇာတ်ကွက်များစွာ ထွက်ပေါ်လာသည်။
နားနေခန်းထဲပြန်ရောက်လာသောအခါ လီကျောင်းနှင့်အခြားသူများက ရိုက်ကူးရေးကို အပြီးသတ်ပြီး အိမ်ပြန်ခဲ့ကြသည်။
မှောင်မိုက်သော ညတစ်ည ဖြစ်၏။ လီကျောင်း ပြန်ရောက်သောအခါ ရန်ထင်းမှာ ကုမ္ပဏီတွင် ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရသည်။ အိမ်တော်ထိန်းဦးလေးက သူ့အတွက် ထမင်းပြင်ဆင်ပေးသော်လည်း လီကျောင်းက အစာစားရန် အလျင်မလိုသည်ကို တွေ့ရသဖြင့် သူ အံ့အားသင့်သွား၏။ "မစ္စတာလီ၊ စားချင်စိတ်မရှိဘူးလား ဒါမှမဟုတ် နေမကောင်းလို့လား။"
လီကျောင်းက ခေါင်းခါပြကာ အိမ်တော်ထိန်းကို မေးလိုက်သည်။ "အိမ်တော်ထိန်းဦးလေး၊ ထင်းထင်းမှာ ရှုပေ လို့ခေါ်တဲ့ ဆွေမျိုးတစ်ယောက်ရှိလား။"
"ရှုပေ..." အိမ်တော်ထိန်း၏ အပြုံးမှာ အနည်းငယ် ထူးဆန်းသွားပြီး စက်ဆုပ်မှုများ ရောယှက်သွားသည်။ "အဲ့ဒီရှုမိသားစုနဲ့က ဆွေမျိုးတွေ မဟုတ်ဘူး။ တစ်ယောက်ယောက်က ဆရာ့ကို စိတ်ရှုပ်စရာတွေပြောလာရင် အဲဒါတွေကို ဂရုစိုက်မနေပါနဲ့။"
လီကျောင်းက နားလည်မှုဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒီလူ… ရှုပေက တကယ်ပဲ ရှုမိသားစုဝင်ပါ။" အိမ်တော်ထိန်းက ဆက်ပြောပြသည်။ "ဒါပေမယ့်၊ သူဌေးက အဲဒီလူတွေနဲ့ ဘယ်တော့မှ အဆက်အဆံ မလုပ်ဘူး၊ သူ့ရှေ့မှာ ရှုမိသားစုအကြောင်း တခြားသူတွေ ပြောတာကိုလည်း မကြိုက်ဘူး။"
"ဟုတ်ကဲ့၊ ကျွန်တော် သူ့ရှေ့မှာ မပြောပါဘူး။" လီကျောင်းက ထင်းထင်း ရှုမိသားစုနှင့် အဆက်အဆံမလုပ်ချင်သည်ကို မအံ့သြမိပါ။ လီကျောင်းပင်လျှင် သူတို့က မနှစ်မြို့စရာကောင်းသည်ဟု ခံစားမိသည်။
ဆွေမျိုးတွေက တစ်စုံတစ်ယောက်ရဲ့ ကုမ္ပဏီကို တနေကုန် ထောက်လှမ်းပြီး သူဌေးကို အစားထိုးဖို့ ဆန္ဒရှိနေတာက တကယ့်ကို ရွံစရာကောင်းလွန်းတယ်။
လီကျောင်းက ကျန်းရှောင်ယွမ်ကို ဖုန်းဆက်ကာ ယနေ့အစီအစဉ်ရိုက်ကူးချိန်၌ ဖြစ်ပျက်ခဲ့ပုံကို ပြောပြခဲ့သည်။
"တော်တယ်။ ဒီလိုလူဆိုးတွေနဲ့ ဆက်ဆံတဲ့အခါ ယုတ်မာတဲ့နည်းလမ်းတွေကို သုံးရမှာပေါ့။" ကျန်းရှောင်ယွမ်မှာ တကယ်ကို ပျော်ရွှင်နေခဲ့သည်။ "စတူဒီယိုက စစ်ဆေးပြီးပြီ။ မားကတ်တင်းအကောင့်တွေဝယ်ပြီး မင်းကို တိုက်ခိုက်ဖို့ ပိုက်ဆံပေးခဲ့တဲ့သူက ရှုပေပဲ။ အဲ့ဒီကောင်က အရမ်းရုပ်ဆိုးပြီး မျောက်ဝံကြီးကျနေတာပဲ။ မင်းကို တိုက်ခိုက်ဖို့ ဘယ်သူကများ သူ့ကို သတ္တိတွေပေးခဲ့သလဲ မသိဘူး။"
"အစ်ကို ရှာတွေ့တာ မြန်လိုက်တာ။" ယခုည ရှုပေက သူ့အား ချင်ရှောင်းအကြောင်း အစဖော်လာကတည်းက ဤကိစ္စမှာ ရှုပေနှင့်ဆက်စပ်နေသည်ဟု သူသံသယရှိခဲ့သော်လည်း တကယ်လက်တွေ့ဖြစ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ချောင်ကျားဘက်က သတင်းအချက်အလက်ရပြီး သူက စတူဒီယိုကို ပြောပြခဲ့တာ။" ကျန်းရှောင်ယွမ်သည် ဤအဆင့်မြင့်ပုဂ္ဂိုလ်က သတင်းရှာဖွေရန် မည်သည့်နည်းလမ်းအား အသုံးပြုခဲ့ကြောင်း မသိသော်လည်း ကျောင်းကျောင်းအတွက် တရားမျှတမှုရအောင် အားစိုက်ထုတ်ပေးခဲ့သည်မှာ ကောင်းသောကိစ္စဖြစ်ပေသည်။
"မေ့လိုက်ပါတော့၊ ဒီလိုအမှိုက်မျိုးကြောင့် မင်းရဲ့စိတ်ခံစားချက်ကို မထိခိုက်စေနဲ့။" ကျန်းရှောင်ယွမ်က အကြောင်းအရာကို ပြောင်းလဲလိုက်သည်။ "ရက်နည်းနည်းကြာရင် မင်းရဲ့တက္ကသိုလ်လျှောက်လွှာဖောင်ကို ဖြည့်ရတော့မယ်။ မင်း အကြိုက်ဆုံး တက္ကသိုလ်ရှိလား။"
"ရှင်းဟွာနဲ့ ပေကျင်းတက္ကသိုလ်က ကောင်းမယ်ထင်တယ်။" လီကျောင်း တစ်ခဏမျှ ကြက်သေသေသွား၏။ သူ ဒီအကြောင်းကို တစ်ခါမှ မတွေးဖူးဘူး။ လက်ရှိမှာ သူက သရုပ်ဆောင်တစ်ယောက်ဆိုတော့ ဘယ်မေဂျာက ပိုသင့်တော်မလဲ။
"ပေကျင်းမှာ ရုပ်ရှင်၊ ရုပ်မြင်သံကြားနဲ့ သက်ဆိုင်တဲ့ဌာနတစ်ခုရှိပြီး ရှင်းဟွာမှာ အရင်နှစ်က စဖွင့်တဲ့ ဖျော်ဖြေရေးမေဂျာတစ်ခု ရှိတယ်။ အဲ့ဒီနှစ်ခုလုံးက မင်းနဲ့ တော်တော်လေး သင့်တော်တယ်။" ကျန်းရှောင်ယွမ်၏ စိတ်သည် ရှုပ်ထွေးသွားသည်။ "သူ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ပြီးသွားတုန်းက သူ့ရမှတ်နဲ့ ဘယ်ကို သွားနိုင်မလဲဆိုတာကို စိုးရိမ်ရတယ်။ အခုကျတော့ ကျောင်းကျောင်းက ထိပ်တန်းတက္ကသိုလ်ထဲက ဘယ်တက္ကသိုလ်ကို ရွေးရမလဲဆိုတာ စိုးရိမ်နေတယ်။"
လူအချင်းချင်း ကွာခြားချက်ကတော့ သံပုရာသီးစားရလောက်အောင် ကြီးလွန်းတယ်။
ရန်ထင်းသည် အလွန်နောက်ကျမှ ပြန်ရောက်လာပြီး ဆိုဖာပေါ်တွင် စောင်ပါးလေးတစ်ထည် ခြုံလျက် အိပ်ပျော်နေသော ကျောင်းကျောင်းကို တွေ့လိုက်ရ၏။ သူက ဆိုဖာဆီသို့ လျှောက်လာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော လီကျောင်း၏မျက်နှာလေးကို ကြည့်ကာ ရေချိုးဂျယ်၏ သင်းပျံ့သော ရနံ့ကို ရှုရှိုက်ရန် ခေါင်းငုံ့လိုက်သည်။
လီကျောင်းမှာ အိပ်ပျော်လျက်ရှိပြီး ဘာတစ်ခုမှ မသိချေ။ ရန်ထင်းသည် သူ့နှုတ်ခမ်းပါးများနှင့် ပျော့ပျောင်းလှသည့် ဆံနွယ်များကို ထိကြည့်ချင်မိသည်။ နွေးထွေးသော အသက်ရှုသံက သူ့ပါးပြင်ကို ပွတ်တိုက်နေသည်။ ရန်ထင်းက သူ့ကို………နမ်းချင်နေသည်။
"ထင်းထင်း…" လီကျောင်းက မျက်လုံးဖွင့်ကာရှုပ်ထွေးနေသည့်အမူအရာဖြင့် ရန်ထင်း၏မျက်နှာကို ကြည့်လိုက်သည်။ "ဘာကြည့်နေတာလဲ။"
ရန်ထင်းက မတ်မတ်မရပ်ခင် သူ့ကို စက္ကန့်အနည်းငယ်ကြာ ငေးကြည့်ပြီးမှ တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။ "မင်းမျက်နှာပေါ်က မှဲ့တွေကို ကြည့်နေတာ။"
"ငါ့မျက်နှာမှာ မှဲ့တစ်လုံးမှ မရှိပါဘူး။" လီကျောင်းက သူ့ညဝတ်အကျီ၏ အပေါ်ဆုံးကြယ်သီးကို ဖြုတ်ကာ လည်ပင်းဘက်သို့ ညွှန်ပြလိုက်သည်။ "ဒီမှာ…ဒီမှာ တစ်ခုရှိတယ်။"
သွယ်လျဖြူဖွေးသောလည်တိုင်ကို ကြည့်ရင်း ရန်ထင်းသည် သူ၏အကျီကော်လာကို အမြန်ဆွဲတင်ပေးလိုက်သည်။ "မင်း ဘာလုပ်နေပါလဲ။ ကြယ်သီးပြန်တပ်လိုက်။ "
"ငါ့မှာ မှဲ့ရှိမရှိ မကြည့်ချင်ဘူးလား။" လီကျောင်း သမ်းလိုက်သည်။ "ဒီနေ့ ကုမ္ပဏီမှာ အလုပ်တွေ အများကြီးရှိလို့ နောက်ကျမှ ပြန်လာတာလား။"
"ဟုတ်တယ်။ ငါပိုက်ဆံရှာနေတာ။ " ရန်ထင်းက လီကျောင်းကို ကြည့်လိုက်သည်။
လီကျောင်း "......"
ထင်းထင်းချမ်းသာတာက မလုံလောက်သေးဘူးလား။
သူတော့ သူဌေးတွေရဲ့လောကကို တကယ် နားမလည်တော့ဘူး။
စာရေးသူမှာ ပြောစရာရှိတယ်။
မကြာသေးမီက ဘေဘီထင်းထင်းသည် သူငယ်တန်းတွင် အတန်းတက်သောအခါ အထူးအလေးအနက် ထားနေခဲ့သည်။
တခြားကလေးတစ်ယောက်က မေးလိုက်သည် : မင်းဘာလို့ ဒီလောက်လေးနက်နေတာလဲ။ ငါတို့က ကလေးတွေပဲ ရှိသေးတာလေ။
ဘေဘီထင်းထင်း : ပန်းပွင့်နီလေးတွေ ပိုရချင်လို့။ ပြီးတော့ သကြားလုံးဆုကိုလည်း လိုချင်တယ်။
ကလေးလေး : မင်းငါ့ကို သကြားလုံးတစ်လုံးလောက် ပေးလို့ရမလား။
ဘေဘီထင်းထင်းက ခေါင်းခါပြလိုက်သည် : ဟင့်အင်း…ငါက ကျောင်းကျောင်းကို အကုန်လုံးပေးမှာ။
#4835words
#25.4.23