မိုးကောင်းကင်အောက်မှကလဲ့စား (...
By KazunoMora
55.8K 3.8K 5
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ chara... More
🔥ရှင်းလင်းချက်🔥
အကျဉ်းချုပ် အက်ဥ္းခ်ဳပ္
Chapter - 209 "ရှင်လုပ်နိုင်ပါတယ်"
Chapter - 210 "တိမ်မြူခိုးနန်းတော်၏ကြမ္မာဆိုး"
Chapter - 211 "ရှေ့ဖြစ်နိမိတ်"
Chapter - 212 "သူဘယ်လိုသိ"
Chapter - 213 "ကျောက်စိမ်းအားဖြည့် ကြာပန်းပင်"
Chapter - 214"အမှားကြီးမှားခြင်း"
Chapter - 215 "အထင်လွဲခြင်း"
Chapter - 216 "လင်းရှောင်ရေခဲကျင့်စဉ်"
Chapter - 217"ယုံတမ်းစကားများ"
Chapter - 218 "သိက္ခာဆိုတာဘာလဲ"
Chapter - 219"မဖြစ်နိုင်သော"
Chapter - 220 "ကောင်းကင်အပြစ်ဒဏ်"
Chapter - 221"အမည်မသိ"
Chapter - 222"နောက်ယောင်ခံလိုက်ခြင်း"
Chapter - 223"ကျော့ကွင်း"
Chapter - 224"ဝမ်းနည်းနေသောဆောင်ဂျု"
Chapter - 225"ကျူးကျော်ဝင်ရောက်လာခြင်း"
Chapter - 226 "တွေဝေခြင်း"
Chapter - 227"ထိပ်တိုက်ရင်ဆိုင်မှု"
Chapter - 228"မိုးရွာတုန်း ရေခံ"
Chapter - 229"ပညာရှင်နှစ်ဦး၏တိုက်ပွဲ"
Chapter - 230 "ကြာပန်းကိုးခိုင်"
Chapter - 231"သူသေကိုယ်သေ"
Chapter - 232"ကယ်တင်ခြင်း (၁)"
Chapter - 233"ကယ်တင်ခြင်း (၂)"
Chapter - 234"အ‌စေ‌ခံ (၁)"
Chapter - 235"အစေခံ (၂)"
Chapter - 236"ဥတစ်ဥနှင့်လူတစ်ယောက်"
Chapter - 237"သနားစရာမိန်းကလေး ပိုင်အာ"
Chapter - 238"ဘဝတူ"
Chapter - 239"အံ့ဖွယ်လက်ဆောင်"
Chapter - 240"ကျီစားသန်က ရန်များ၏"
Chapter - 241"အဆင့်တက်အောင်ကူညီစေခြင်း (၁)"
Chapter - 242"အဆင့်တက်အောင်ကူညီစေခြင်း (၂)"
Chapter - 243"အဆင့်တက်အောင်ကူညီစေခြင်း (၃)"
Chapter - 244"မယုံနိုင်ဖွယ် အဆင့်တက်ခြင်း"
Chapter - 245"အဆင့်တက်ခြင်း၏ အကျိုးသက်ရောက်မှု"
Chapter - 246"အထူးခြားဆုံးသောကျင့်စဉ်တစ်ခု"
Chapter - 247 "ကုသမှုအား လက်ခံလိုက်ခြင်း"
Chapter - 248"ကျုပ်မှာအချိန်မရှိဘူး"
Chapter - 249"ဝေဒနာအား ကုသပေးခြင်း"
Chapter - 250"ထူးခြား စွမ်းအင်"
Chapter - 251"ပဟေဠိဆန်သော ပုစ္ဆာ"
Chapter - 252"နူးညံ့မှု"
Chapter - 253"ဝမ်ဇန်းဟို၏အခက်အခဲ"
Chapter - 254"အချောင်သမားများ"
Chapter - 255"သနားစဖွယ် ဥ"
Chapter - 256"ထူးဆန်းသောစွမ်းအင်"
Chapter - 257"ဥ၏နေရာ"
Chapter - 258"ပျော်ရွှင်သွားသောဥ"
Chapter - 259 "ပိုင်အာ၏ကြိုးပမ်းမှု"
Chapter - 260 "နှိပ်စက်ခံနေရသကဲ့သို့"
Chapter - 261"ကြောက်မက်ဖွယ်ရာ ချီဓာတ်များ"
Chapter - 262"ထင်ယောင်ထင်မှားဖြစ်ခြင်း"
Chapter -263"လျှို့ဝှက်ချက်ပေါ်သွားခြင်း"
Chapter - 264"နန်ရှန်ဆင်း"
Chapter - 265"အကောင်းဆုံးကြိုးစားခြင်း"
Chapter - 266"ပထမတိုက်ကွက်"
Chapter - 267"သက်ရောက်မှုမရှိခြင်း"
Chapter - 268"ဓားတစ်လက်ဖြစ်ပေါ်လာခြင်း"
Chapter - 269"ရယ်မောခြင်းလေပြည်"
Chapter - 270"တန်ပြန်တိုက်ခိုက်မှု"
Chapter - 271"အသေသတ်တိုက်ကွက်"
Chapter - 272"စားရကံ ကြုံလို့ မုတ်ဆိတ် ပျားစွဲ"
Chapter - 273"မလူးသာမလွန့်သာ"
Chapter - 274"ဝှက်ဖဲ"
Chapter - 275"အပ်ကိုသုံးတာဘယ်သူလဲ"
Chapter - 276"အနန္တသူတော်စင်"
Chapter - 277"မင်းသိလား"
Chapter - 278"လေလံခန်းမဖွင့်လှစ်ခြင်း"
Chapter - 279"မုန်တိုင်းအိမ်တော်၏ အရှိန်အဝါ"
Chapter - 280"ဖိနှိပ်ခံရခြင်း"
Chapter - 281 - 285
286 - 290
291 - 295
296 - 300
301 - 306
307 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 336
Chapter - 337"ဉာဏ်ကောင်းလှသည့်ဇုဝူကျီ"
Chapter - 338"စဉ်းစားခန်းဝင်ခြင်း"
Chapter - 339"အစော်ကားခံရသည့်ဖန်ဧကရာဇ်"
Chapter - 340"နိုင်ငံရေးနားမလည်သောရဲရှောင်"
Chapter - 341"ဝမ်အာရောက်လာခြင်း"
Chapter - 342"အိန္ဒြေရရ‌ နေကြပါ"
Chapter - 343"လျှို့ဝှက်မြေပုံ"
Chapter - 344"လုပ်ကြံသတ်ဖြတ်သူနှစ်ဦး တွေ့ဆုံကြခြင်း"
Chapter - 345"သေသည့်တိုင် တာဝန်ယူမည်"
Chapter - 346"ခင်ဗျားကိုငှားချင်တယ်"
Chapter - 347"ရှေ့ဆက်ရမည့်အစီအစဉ်"
Chapter - 348"လုပ်ငန်းစတင်ခြင်း"
Chapter - 349"လှုပ်ရှားခြင်း"
Chapter - 350"အသေအချာ သိသွားကြခြင်း"
Chapter - 351"စိတ်နှင့်ကိုယ်မကပ်ခြင်း"
Chapter - 352"ဆဲဆိုကြခြင်း"
Chapter - 353"ဆဲဆိုကြခြင်း"
Chapter - 354"အရက်သောက်ကြခြင်း"
Chapter - 355"ကမ္ဘာ့ရန်"
Chapter - 356"တိုက်ပွဲ"
Chapter - 357"တိုးတက်မှုမရှိခြင်း"
Chapter - 358"ပူးပေါင်းမှု"
Chapter - 359"ဝတ်ရုံနက်ဖြင့်လူ"
Chapter - 360"ခင်ဗျားဘယ်သူလဲ"
Chapter - 361"သွေးခွဲခြင်း"
Chapter - 362"တိုက်ကွက်ဆန်း"
Chapter - 363"စစ်ယု"
Chapter - 364"အတူတကွရင်ဆိုင်ရန်"
Chapter - 365"ကျားရဲတွင်းသို့"
Chapter - 366"ဓားတစ်ချောင်းနှင့်လူတစ်ယောက်"
Chapter - 367"စံပြပုဂ္ဂိုလ်"
Chapter - 368"ကမ္ဘာမကြေ ရန်ငြိုး"
Chapter - 369"ဗိုက်ခေါက်ကြီး"
Chapter - 370"ဆရာနင်"
371 - 375
376--377
378--379
380--381
382--383
384--385
386--387
388--389
390--391
392--393
394--395
396--397
398--399
400
401--402
403--404
405--406
Chapter (407)"ကောင်ကင်အဆင့်တစ်ပညာရှင်လော"
Chapter (408)"ကောင်းကင်အဆင့်နှစ်ပညာရှင်လော"
Chapter (409)"အနိုင်ရမည်လော"
Chapter (410)"တစ်ချက်တည်းဖြင့်"
Chapter (411)"ကြိုးစားခွင့်"
Chapter (412)"သတ်ဖြတ်ခြင်းဘုရင်"
Chapter (413)"ခင်ဗျားမှာအကူရှိတယ်"
Chapter (414)"ပြောင်းလဲသွားသောအခြေအနေ"
Chapter (415)"တိုက်ခိုက်မှုစတင်ခြင်း"
Chapter (416)"လှုံ့ဆော်မှု"
Chapter (417)"တရားခံဘယ်သူလဲ"
Chapter (418)"ရှက်ရွံ့နေသည့်သခင်ကြီးဘိုင်"
Chapter (419)"ထူးဆန်းသောအဖြစ်အပျက်"
Chapter (420)"စိတ်တန်ခိုးမျက်လုံး"
Chapter (421)"လေနှင့်အတူ"
Chapter (422)"ယင်ယန်အသီးများ"
Chapter (423)"ရင်နင့်စွာဖြင့်"
Chapter (424)"အချစ်အတွက်ဆို"
Chapter (425)"နည်းလမ်းနှစ်ခု"
Chapter (426)"မိုးကောင်းကင်ကို ထိတွေ့ရသည်ထက် ခက်၏"
Chapter (427)"တစ်နှစ်တစ်ခါ"
Chapter (428)"ရယ်မောခြင်း၏အဓိပ္ပါယ်"
Chapter (429)"အထီးကျန်သောဘဝ"
Chapter (430)"လက်ကိုင်တုတ်"
Chapter (431)"လုပ်ကြံသတ်ဖြတ်သူများစုဝေးခြင်း"
Chapter (433)"ထိပ်တန်းပညာရှင်များအား ပျိုးထောင်ပေးခြင်း"
Chapter (434)"အံ့မခန်းအမြန်နှုန်း"
Chapter (435)"ရေခဲဝိညာဉ်ဓား"
Chapter (436)"ဓားနှင့်တသားတည်းဖြစ်သွားခြင်း"
Chapter (437)"မခေါ်ဘဲလာသည့်ဧည့်သည်"
Chapter (438)"လင်းဝုရှဲ့"
439--440
441--442
443--444
445--446
447--448
449--450
451--452
453--454
455--456
457--458
459--460
461--462
463--464
465--466
467--468
469--470
471--472
473--474
475--476
477--478
479--480
Chapter (481)"ကျုပ်တို့မလိုချင်ပါဘူး"
Chapter (482)"ဒုက္ခလှိုင်းများ"
Chapter (483)"ဝမ်းနည်းနေသော လင်းဝုရှဲ့"
Chapter (484)"မန်ဟွာချင်း"
Chapter (485)"အံ့ဩတုန်လှုပ်ခြင်း"
Chapter (486)"ထွက်ခွာကြရတော့မည်"
Chapter (487)"ရှင့်အကူအညီလိုတယ်"
Chapter (488)"ဆွေးနွေးမှုပျက်ပြယ်ခြင်း"
Chapter (489)"ခြိမ်းခြောက်မှု"
Chapter (490)"ဘယ်တော့မှအလျော့မပေးဘူး"
🔥🔥🔥🔥
Chapter (432)"အဖြေမရှိ"
238 18 0
By KazunoMora
Chapter (432)
“အဖြေမရှိ”
နင်ဘီလျူအနေဖြင့် ရဲရှောင်မှ ယခုကဲ့သို့ မေးခွန်းမျိုး မေးလာလိမ့်မည်ဟု ထင်မထားခဲ့မိချေ။ ထို့ကြောင့် စိတ်ရှုပ်သွားသည့်ဟန်ဖြင့် မျက်ခုံးကြုတ်လိုက်ရင်း -
“ဘယ်လိုအဆင့်ကို ပြောတာလဲ။ ကျုပ်တော့ တစ်ခါမှ မစဉ်းစားခဲ့မိဘူး။ အဆုံးစွန်ထိတော့ ရောက်ချင်မိတယ်။ အဲဒီလို အဆင့်ရောက်ရင်တော့ အဆင့်မြင့် နယ်ပယ်တွေကို သွားကြည့်ချင်သေးတယ်။ လူ့သက်တမ်းက တိုပါတယ်။ ဒါပေမယ့် အနာဂတ်ကတော့ အဆုံးအစမဲ့ပဲ။ ဘယ်အဆင့်ထိ ရောက်မလဲ ဆိုတာကတော့ ကျုပ်ကြိုးစားမှုနဲ့ ကျုပ်ရလာမယ့် အခွင့်အလမ်းတွေပေါ် မူတည်မယ် ထင်တာပဲ။ အတင်းအကြပ်ကြီး လုပ်ယူလို့တော့ မရဘူးလားပဲ . . .”
ရဲရှောင် တခဏမျှ စဉ်းစားလိုက်ရင်း ခေါင်းတဆတ်ဆတ်ညိတ်ကာ -
“ဒါပေါ့ . . . ခင်ဗျားက အပြောကောင်းသားပဲ။ လူ့သက်တမ်းက တိုပေမယ့် အနာဂတ်ကတော့ အဆုံးအစမဲ့ပဲ . . .”
ထို့နောက် ကျောင်းဖင်းရှန်ဘက်သို့ လှည့်ကာ ထိုမေးခွန်းကိုပင် ရဲရှောင် ထပ်မေးလိုက်သည်။ ထိုအခါ ကျောင်းဖင်းရှန်သည် တွေဝေတုံ့ဆိုင်ခြင်း မရှိဘဲ -
“နှစ်သုံးရာအတွင်း မူလတာအိုအဆင့်ရဲ့ ထိပ်ဆုံးကို ရောက်ချင်တယ်။ နှစ်သုံးရာမဟုတ်ဘူး။ နှစ်နှစ်ရာ ဆိုရင်ပိုကောင်းတယ်။ နှစ်တစ်ရာအတွင်းဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါတောင်မှ အဆုံးသတ်နိုင်ဦးမယ် မထင်ဘူး။ ကျုပ်ရဲ့ ဦးစားပေး အလုပ်တွေတော့ အရင်လုပ်ရဦးမှာပေါ့။ ကျုပ်ရည်မှန်းချက်တွေ ပြည့်တော့မှ ကျန်တာ စဉ်းစားရမယ် . . .”
ရဲရှောင် ခေါင်းညိတ်ပြလိုက်ပြန်သည်။
နင်ဘီလျူနှင့် လျူချန်းဂျန်တို့သည် တစ်ယောက်နှင့်တစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ ရဲရှောင်၏ အပြုအမူများကြောင့် သူတို့၏ စိတ်ထဲတွင် နားမလည်သလိုလည်း ဖြစ်သွားကြသည်။
(မူလတာအိုအဆင့်ရဲ့ ထိပ်ဆုံးကို ရောက်ရင် သူက ဘာတွေ လုပ်မှာပါလိမ့်။ နောက်ပြီး မူလတာအို အဆင့်ဆိုတာကရော ဘာများလဲ။ ကောင်းကင်အဆင့်ထက် တစ်ဆင့်မြင့်တာလား။ မူလဝိညာဉ်အဆင့်လို့ ခေါ်တာ မဟုတ်ဘူးလား။ ဒါမှမဟုတ် နောက်နာမည်တစ်မျိုးအဖြစ် ခေါ်တာလား . . .)
ရဲရှောင်သည် လျူချန်းဂျန်ကိုလည်း မေးလိုက်ပြန်သည်။ လျူချန်းဂျန်မှာမူ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်လျက် ရှိသည်။ အရှေ့ပိုင်းတွင် သူလေးစားရသည့် လူ ၂ ယောက်စလုံးမှ အဖြေပေးသွားခဲ့ပြီ ဖြစ်သည်။ ထိုလူ ၂ ယောက်၏ အဖြေမှာ အကောင်းဆုံး အဖြေပင် ဖြစ်လိမ့်မည်ဟု ယူဆထားလိုက်ပြီး ထွေထွေထူးထူးလည်း ပြန် မဖြေတတ်တော့ချေ။ ထို့ကြောင့် ဘာပြောရမှန်းမသိအောင် ဖြစ်နေလေသည်။
သို့သော် အားလုံးမှ သူ့အား စိုက်ကြည့်နေကြသဖြင့် လျူချန်းဂျန်လည်း မတတ်သာတော့ဘဲ -
“ကျုပ်မှာတော့ ထွေထွေထူးထူး အစီအစဉ် မရှိပါဘူး။ ခင်ဗျားဘယ်သွားသွား ခင်ဗျားလက်ထဲက ဓားတစ်ချောင်းလို အချိန်တိုင်း ရှိနေပေးမှာပါ . . .”
လျူချန်းဂျန် ထိုသို့ ပြောလိုက်သောအခါ နင်ဘီလျူနှင့် ကျောင်းဖင်းရှန်တို့၏ စိတ်ထဲတွင် အားမလို အားမရ ဖြစ်သွားမိကြသည်။ လူငယ်တစ်ဦး ဖြစ်သည့်တိုင် ရည်မှန်းချက် ရေရေရာရာ မရှိသူဟုပင် တွေးလိုက်မိကြသည်။
ရဲရှောင်မှာမူ တစ်ချက်ပြုံးလိုက်မိသည်။
သူ၏ ရှေ့မှလူ ၃ ယောက်ထဲတွင် လျူချန်းဂျန်၏ ရည်မှန်းချက်သာ အမြင့်မားဆုံး ဖြစ်နေသည်ကို သူတစ်ယောက်တည်းသာ သိလေသည်။ တကယ်လက်တွေ့တွင် လျူချန်းဂျန်မှာ တမင်ရည်ရွယ်၍ ပြောလိုက်ခြင်း မဟုတ်ပေ။ အဖြေရခက်သဖြင့် သင့်တော်သလို ပြောလိုက်မိခြင်း ဖြစ်သည်။
(ငါ့အရင်ဘဝတုန်းက မူလတာအိုအဆင့်ရဲ့ ထိပ်ဆုံးနေရာထိ ရောက်ခဲ့တယ်။ ဒီဘဝမှာ မူလတာအိုအဆင့်ကို ကျော်လွန်ပြီး ပိုအဆင့်မြင့်မြင့် ရောက်ရမယ်လို့ ငါက ဆုံးဖြတ်ထားခဲ့တာပဲ။ ကမ္ဘာတစ်ခုလုံးကို အပေါ်စီးကကြည့်ရင်း ဟားတိုက်ရယ်မောနိုင်တဲ့ အထိပေါ့ . . .)
(လျူချန်းဂျန်သာ ငါ့ဘေးနား သူပြောသလို ရှိနေနိုင်မယ်ဆိုရင် သူလည်း သေချာပေါက် မူလတာအို အဆင့်ကို ကျော်သွားမှာပဲ။ ဒီလိုမျိုး ကျိန်းသေ ဖြစ်လာလိမ့်မယ် . . .)
ရဲရှောင် တွေးနေရင်းဖြင့် မျက်လုံးများ အရောင်လက်သွားကာ -
“ကျုပ်မှာ ကျင့်စဉ်စာအုပ် ၃ အုပ် ရှိတယ်။ အဲဒီထဲက တစ်ခုက ကောင်းကင်မှာ နေလောင်ကျွမ်းခြင်း ဆိုတဲ့ ကျင့်စဉ်ပဲ။ အပိုင်းသုံးပိုင်းပါတယ်။ လက်သီး၊ ဓားနဲ ခြေထောက် ဆိုပြီးတော့ပေါ့ . . .”
“ဒီစာအုပ်အတိုင်း ကျင့်ကြံနိုင်မယ်ဆိုရင် ခင်ဗျားတို့တွေ ကောင်းကင်အဆင့်ထက် ၂ ဆင့်လောက် ပိုမြင့်အောင် လုပ်နိုင်ကြလိမ့်မယ် . . .”
နင်ဘီလျူတို့ သုံးဦးစလုံး ကောင်းစွာ နားမလည်လိုက်သော်လည်း စိတ်ထဲတွင်မူ ကျေနပ်သွားကြသည်။
အဆင့် ၂ ဆင့် တက်သွားစေနိုင်သည့် ကျင့်စဉ်မျိုး မရှိနိုင်ဟု ယခင်က ယူဆထားခဲ့မိကြသည်။
(တော်တော် ထူးဆန်းတဲ့ ကျင့်စဉ်ပါလား။ အံ့ဩစရာ ကောင်းလိုက်တာ . . .)
နင်ဘီလျူတို့သည် အဆိုပါ ကျင့်စဉ်နာမည်နှင့် ပတ်သက်၍လည်း ကျေနပ်သွားကြပြန်သည်။ သန့်စင်သော ယန်ကျင့်စဉ် တစ်မျိုးဖြစ်မည်ဟုလည်း နာမည်အရ သိလိုက်ကြသည်။
ထိုသန့်စင်သော ယန်ကျင့်စဉ်သည် တခြားလူ ၂ ယောက်ထက် ကျောင်းဖင်းရှန်နှင့် ပို၍ပင် ကိုက်နေပါသေးသည်။
ကျောင်းဖင်းရှင်လည်း ရှေ့သို့ တိုးလိုက်ရင်း -
“ဂုဏ်ယူစရာပါပဲ . . . ကျုပ်အတွက် အခွင့်အရေး ရလာပြီပေါ့။ ကျေးဇူးတင်ပါတယ် ဧကရာဇ် . . .”
သူ၏ မျက်နှာသည်လည်း စိတ်လှုပ်ရှားမှုကြောင့် နီရဲနေလျက် ရှိသည်။ သူ၏ စိတ်လှုပ်ရှားမှုကို တည်ငြိမ်စေရန်ပင် မနည်းထိန်းနေရလေသည်။
အဆင့် ၂ ဆင့် မြင့်တက်မည် ဖြစ်သဖြင့် အနည်းဆုံး အဆင့်ငယ်ပေါင်း ၁၈ ဆင့်ကို ကျော်ဖြတ်နိုင်ပေလိမ့်မည်။
ထို့ကြောင့် အနည်းဆုံးမူ မူလအိပ်မက်အဆင့်သို့ ရောက်ရှိပေလိမ့်မည်။
ထိုထက်မကလည်း အဆင့်မြင့်သွားနိုင်သေးသည်။
ကျောင်းဖင်းရှန်အနေဖြင့် ယခင်က ကောင်းကင်အဆင့်ထက် တက်ချင်နေမိသော်လည်း မည်သို့ တက်ရမှန်းမသိ ဖြစ်ခဲ့ရသည်။ ယခုအခါ ဆင်းရဲသားတစ်ယောက်မှ ရွှေတောင်ကြီးတစ်တောင် သို့မဟုတ် ရတနာမြေပုံတစ်ခု ရလိုက်ရသလိုပင် ခံစားလိုက်ရသည်။
အနည်းဆုံးမူ သူ၏ ရည်မှန်းချက်များ ပြည့်ဝရန်အတွက် ယခုကျင့်စဉ်သည် များစွာ အထောက်အကူ ပြုပေလိမ့်မည်။
ကျောင်းဖင်းရှန်သည် ကျင့်စဉ်စာအုပ် ယူလိုက်ပြီး ပထမဆုံး စာမျက်နှာအား လှန်ကြည့်လိုက်သည်။ ထိုစာမျက်နှာမှ မျက်စိပင် မခွာနိုင်အောင် ဖြစ်သွားပြီး သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးအား မေ့လျော့သွားသည်။
နင်ဘီလျူနှင့် လျူချန်းဂျန်တို့ပင် ကျောင်းဖင်းရှန်အား ကြည့်ရင်း မနာလို ဖြစ်သွားမိကြလေသည်။
တစ်ချက်ကြည့်ရုံဖြင့် လူတစ်ယောက်အား ဆွဲဆောင်နိုင်လိုက်သည့် ကျင့်စဉ်သည် အလွန်ထူးခြား နေ၍သာ ဖြစ်ပေလိမ့်မည်။ ပထမအချက်အနေဖြင့် ထိုကဲ့သို့ ထူးခြားသော ကျင့်စဉ်သည် လွယ်လွယ် တတ်မြောက်နိုင်မည် မဟုတ်သည်မှာ သေချာပေသည်။ ဒုတိယအချက်အနေဖြင့် ကျင့်ကြံမည့်လူသည် ကျင့်စဉ်ပါ လိုအပ်ချက်များကို ကိုက်ညီမှသာ ဖြစ်ပေလိမ့်မည်။ တတိယအချက်ခေါ် အရေးကြီးဆုံး အချက်ကတော့ အဆင့် ၂ ဆင့် တက်စေနိုင်မည် ဖြစ်သဖြင့် လူတိုင်း ခန့်မှန်းထားသည်ထက် များစွာ သာလွန်နေပေမည် ဖြစ်သည်။
ကျောင်းဖင်းရှန်သည် သူနှင့် အလွန်ကိုက်ညီသည့် ကျင့်စဉ်ကို ရရှိလိုက်ခြင်းပင် ဖြစ်သည်။ လိုနေသော ကွက်လပ်အား ဖြည့်ပေးလိုက်သလိုပါပင်။
ရဲရှောင်သည် နင်ဘီလျူနှင့် လျူချန်းဂျန်အား ကြည့်ရင်း ရယ်ချင်သွားမိသည်။ ထို့နောက် ဒုတိယ တစ်အုပ်အား ထုတ်လိုက်ရင်း -
"ဒီတစ်အုပ်ကတော့ ဘာမှ ထွေထွေထူးထူး မလိုအပ်ဘူး။ ကျင့်စဉ်ကောင်း တစ်ခုဖြစ်ပြီးတော့ ခင်ဗျားနဲ့ သင့်တော်လိမ့်မယ်ထင်တယ် နင် . . .”
နင်ဘီလျူသည် ချက်ချင်း မယူသေးဘဲ စာအုပ်အဖုံးအား လှမ်းကြည့်လိုက်သည်။ စာအုပ်အဖုံးပေါ်မှ စာကြောင့် သူ၏ ရင်ထဲ မီးများတောက်လာသလိုပင် ခံစားလိုက်ရလေသည်။
ပင်မကောင်းကင်နည်းစနစ် . . .
ထိုကျင့်စဉ်နာမည်အား မည်သူမျှ မကြားဖူးလောက်ချေ။ သို့သော် ကျောင်းဖင်းရှန် ရသွားသည့် ကျင့်စဉ်အောက်တော့ လျော့မည်မဟုတ်ကြောင်း နင်ဘီလျူ ရိပ်စားမိလိုက်သည်။
(အနာဂတ်မှာ ငါ့အတွက် အောင်မြင်မှုတွေရဖို့ အခွင့်အရေးကောင်းပဲ၊ ဒါပေမယ့် ငါယူလိုက်ရင် သူ့ကျေးဇူးကြွေးကို ဘယ်တော့မှ ပြန်ဆပ်နိုင်မှာ မဟုတ်တော့ဘူး . . .)
နင်ဘီလျူသည် စာအုပ်အား ယူရန် တွေဝေတွန့်ဆုတ် နေလေသည်။
ရဲရှောင်မှ ပြုံးလိုက်ရင်း -
“နင် . . . ကျုပ်ခင်ဗျားကို ဘယ်တုန်းက အတင်းအကြပ် တောင်းဆိုဖူးတာ ရှိလဲ . . .”
နင်ဘီလျူမှ တအံ့တဩဖြင့် -
“မရှိပါဘူး . . .”
“ဟုတ်တယ် . . . မရှိဘူး၊ ခင်ဗျားကို နောက်ပိုင်းလည်း တွန်းအားပေးမှာ မဟုတ်ဘူး။ ခင်ဗျားအပေါ် ကျုပ်လုပ်ပေးခဲ့တာတွေ အားလုံးကို ကျုပ်ဆီ ပြန်ပေးနိုင်မယ်လို့များ ထင်နေတာလား . . .”
နင်ဘီလျူ ငိုင်သွားသည်။
(သူကငါ့အသက်ကို ၂ ကြိမ်တောင် ကယ်ဖူးတဲ့အပြင် ငါလိုအပ်တဲ့ ငွေကြေးပစ္စည်းတွေလည်း အများကြီး ပေးခဲ့တယ်။ ဒီဘဝမှာ ဒီအကြွေးကို ငါပြန်ပေးနိုင်ပါတော့မလား . . .)
သေချာပေါက် ပေးနိုင်လိမ့်မည် မဟုတ်ပေ။
“မပေးနိုင်လောက်ပါဘူး . . .”
နင်ဘီလျူသည် မျက်စိပျက်မျက်နှာပျက်ဖြင့် ဖြေလိုက်ပါတော့သည်။
Chapter (432)
“အဖြေမရှိ”