Chapter (430)
“လက်ကိုင်တုတ်”
“ကျုပ်သိုင်းလောကသားအဖြစ် ကျင်လည်နေတုန်း ကျုပ်ရဲ့ကျင့်ကြံမှုတွေက ပိုပိုပြီး တိုးတက်လာခဲ့တယ်။ နောက်ဆုံး ကောင်းကင်အဆင့် ၈ ထိ ရောက်လာခဲ့တယ်။ ကျုပ်အထင်ကြီးရမယ့် လူဆိုတာ မရှိသလောက်ကို ရှားခဲ့တယ်။ ကျုပ်ဘယ်တော့မှ မမေ့နိုင်တဲ့ အရာကတော့ ကံကြမ္မာဆရာ ပြောခဲ့တဲ့ စကားလုံးတွေပဲ . . .”
“သိပ်မကြာခင်က ကျုပ်ငွေလိုလာခဲ့တယ်။ ကျုပ်ကိုယ်ကျုပ်တောင် စားဖို့အနိုင်နိုင် ဖြစ်ခဲ့ရတယ်လေ။ အဲဒါကြောင့်ပဲ ဆုကြေးထုတ်ခံထားရတာမျိုးတွေ လိုက်ရှာခဲ့တယ်။ နောက်တော့ နတ်ဘုရားသတ်အဖွဲ့နဲ့ တွေ့ခဲ့တယ်။ သူတို့ကကျုပ်ကို စည်းရုံးတာနဲ့ ချန်နိုင်ငံတော် ရောက်လာပြီး ခင်ဗျားနဲ့ တွေ့ခဲ့တာပဲ။ ကျုပ်နဲ့ ရေစက်ပါတဲ့ ခင်ဗျားနဲ့ပေါ့ . . .”
ကျောင်းဖင်းရှန် တစ်ချက်ပြုံးလိုက်ပြန်ရင်း -
“ဒါကတော့ ကျုပ်ဘဝဇာတ်ကြောင်း အကျဉ်းချုပ်ပေါ့။ ရိုးရိုးရှင်းရှင်းနဲ့ ပျင်းစရာ ဘဝမျိုးပါပဲ . . .”
ရဲရှောင်မှာမူ နှုတ်ဆိတ်လျက် ရှိသည်။
(ဒီသတ်ဖြတ်ခြင်း ဘုရင်ရဲ့ ဘဝက တော်တော်ဆိုးရွားခဲ့တာပဲ။ သူ့ရဲ့ ဇနီးလောင်းလေးကလည်း လက်မထပ်ခင်မှာ ရောဂါကြောင့် သေခဲ့ရတယ်။ သူ့ဂိုဏ်းတစ်ခုလုံးလည်း အဖြိုခွဲခံခဲ့ရတယ်။ အချိန်အတော်ကြာ ဦးတည်ချက်မဲ့နေတဲ့ လူတစ်ယောက်အဖြစ် နေထိုင်ခဲ့ပြီးမှ သတ်ဖြတ်ခြင်းဘုရင်ဆိုပြီး ဖြစ်လာခဲ့တာပဲ။ ဒီလိုသတ်ဖြတ်ခြင်း ဘုရင်ဆိုတာကရော ဘယ်လိုဖြစ်လာတာပါလိမ့် . . .)
“အစ်ကိုကျောင်း . . . ခင်ဗျားက သတ်ဖြတ်ခြင်းဘုရင်ဆိုပြီး ဂုဏ်ပုဒ်ကိုတောင် ရလာတာဆိုတော့ ငွေမရှားလောက်ပါဘူး။ မချမ်းသာရင်တောင် သုံးနိုင်စွဲနိုင်မှာပဲ။ အခုကြ ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ ငွေရှားနေရတာလဲ . . .”
ရဲရှောင် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
ကျောင်းဖင်းရှန်အနေဖြင့် နင်ဘီလျူကဲ့သို့ ထောက်ပံ့စရာများ မရှိသဖြင့် သူရသမျှငွေအား သူတစ်ယောက်တည်းဖြင့် အကုန်မသုံးနိုင်လောက်ချေ။
“ဟဲဟဲ . . . ကျုပ်က လက်ထဲမှာ ဘယ်တော့မှ ငွေစ ၁၀၀ ထက် ပိုမထားဘူး။ ခင်ဗျား မယုံနိုင် ဖြစ်နေတယ် မဟုတ်လား . . .”
ကျောင်းဖင်းရှန် ပြုံးလျက် ပြောလိုက်သည်။
ထိုအပြုံးမှာ နူးညံ့သော အပြုံးမျိုး ဖြစ်သည်။
“ငွေစတစ်ရာထက် ပိုထားမိရင် စိတ်ထဲ မသိုးမသန့် ခံစားမိလို့ ကျန်တဲ့ငွေတွေ အားလုံးကို ပေးပစ်လိုက်တာ . . .”
“လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်တစ်ယောက် ဖြစ်တဲ့အတွက် သူများအသက်ကို သတ်ပြီးမှ ငွေရသလို ကျုပ်ကိုယ်တိုင်လည်း အသက်စွန့်နေရတယ် မဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ရတဲ့ ငွေတွေမှာ သွေးနံ့တွေ ဖုံးလွှမ်းနေမှာပဲ။ ကျုပ်သတ်တဲ့ လူတွေအားလုံးက လူဆိုးတွေချည်း ဆိုပေမယ့် ကျုပ်က လူသတ်သမား ဖြစ်နေတယ်။ ကျုပ်ငွေရတဲ့အခါ ကျုပ်အတွက် နည်းနည်းချန်ပြီး ကျန်တာတွေ အားလုံးကို ဆင်းရဲသားတွေကို ပေးပစ်တာပဲဗျ . . .”
ကျောင်းဖင်းရှန် ပြောနေရင်းဖြင့် ဆက်မပြောတော့ဘဲ ခေတ္တခဏ နားလိုက်သည်။ ထို့နောက် တစ်ချက် ပြုံးလိုက်ရင်း -
“အထူးသဖြင့် လက်ထပ်ဖို့ ငွေမရှိတဲ့ လူငယ်စုံတွဲလေးတွေဆိုရင် ပိုပြီး ပေးဖြစ်တယ်။ အချစ်စစ် အချစ်မှန်နဲ့ ချစ်ကြတဲ့ စုံတွဲတိုင်းကို ပျော်ရွှင်စေချင်တယ်လေ . . .”
ကျောင်းဖင်းရှန်သည် ပြောနေရင်းဖြင့် သူ၏ ဘေးနားသို့ နူးညံ့သော အကြည့်မျိုးဖြင့် လှည့်ပတ်ကြည့်သည်။ ယုအာသည် သူ၏ အနားတွင် ရှိနေမှန်း သိသဖြင့် မမြင်ရသည့်တိုင် လိုက်ကြည့်နေမိခြင်း ဖြစ်သည်။
ယုအာမှာလည်း ကျောင်းဖင်းရှန် သူ့အား မမြင်နိုင်မှန်း သိသည့်တိုင် ကျောင်းဖင်းရှန် ကြည့်နေသည့်ဘက်သို့ ရွှေ့ပြောင်းလိုက်သည်။
အရမ်းချစ်ကြသော ချစ်သူနှစ်ဦးသည် ယင်နှင့်ယန်ကဲ့သို့ ဆန့်ကျင်ဘက် ဘုံဘဝသို့ ရောက်ရှိနေကြသည်။ ရဲရှောင်လည်း သက်ပြင်းသာ ချလိုက်ပြီး မည်သည့်စကားမျှ မဆိုတော့ချေ။
ပြောနေရန်လည်း မလိုအပ်တော့ပေ။ ကျောင်းဖင်းရှန်၏ ခံစားချက်အား အခြားသူများထက် ပိုမိုနားလည် စာနာမိသွားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ကျောင်းဖင်းရှန်အား ကူညီရန် ဆုံးဖြတ်လိုက်သည်။ ကျောင်းဖင်းရှန်နှင့် စကားပြောနေရင်းဖြင့်
အတိတ်က အရှုံးသမားတစ်ယောက်အား ပြန်လည်မြင်ယောင်သွားမိသည်။
ထိုအရှုံးသမားမှာ အခြားလူမဟုတ်ပေ ရဲရှောင်ကိုယ်တိုင်ပင် ဖြစ်သည်။ ရဲရှောင်အနေဖြင့် မိမိကိုယ်တိုင် အရှုံးသမားတစ်ယောက် ဖြစ်ခဲ့ရသဖြင့် ကျောင်းဖင်းရှန်အား သူကဲ့သို့သော အရှုံးသမားမျိုး ဖြစ်သွားမည်ကို မလိုလားပေ။
ထို့ကြောင့် ကျောင်းဖင်းရှန်အား ကူညီခြင်းဖြင့် မိမိကိုယ်ကို ဖြေသာစေလိမ့်မည်ဟု ရဲရှောင် ယုံကြည်နေမိသည်။
(ကျွင့်ယင်းလျန်ရယ် . . .)
“ကျုပ်ခင်ဗျားကို ကူညီပေးမှာပါ။ ကျုပ်လုပ်နိုင်တာ မှန်သမျှ လုပ်ပြီးတော့ ကူညီပေးမယ် . . .”
ရဲရှောင် ကျောင်းဖင်းရှန်အား ကြည့်ရင်း ပြောလိုက်သည်။
ကျောင်းဖင်းရှန်နှင့် ယုအာတို့ ၂ ဦးစလုံးသည် ရဲရှောင် စိတ်ရင်းအမှန်ဖြင့် ပြောနေမှန်း ယုံကြည်ထားကြသည်။
ထို့အတွက်လည်း အလွန်ကျေးဇူးတင်နေမိကြသည်။
“အစ်ကိုကျောင်း . . . ကျုပ်တို့ ကြိုးစားကြည့်ကြတာပေါ့ဗျာ . . .”
“ခင်ဗျားဘယ်နည်းလမ်းကိုပဲ ရွေးရွေး ဘယ်လိုပဲဖြစ်ဖြစ် မူလတာအိုအဆင့် ရောက်ကို ရောက်ရမယ်ဗျာ၊ အဲဒီထက်လည်း ပိုမြင့်မြင့် ရောက်နိုင်တယ် . . .”
ကျောင်းဖင်းရှန်သည်လည်း စိတ်အားတက်ကြွသွားပြီး ခေါင်းညိတ်ပြလိုက်သည်။
ရဲရှောင်မှ စကားဆက်မပြောတော့သည့်တိုင် ရဲရှောင် ဖြစ်စေချင်သည့် ဆန္ဒအား ကျောင်းဖင်းရှန် နားလည်လိုက်သည်။
(မူလတာအိုအဆင့်မှ မရောက်နိုင်ရင် သူကူညီချင်တယ် ဆိုရင်တောင် ငါကကူညီဖို့ မထိုက်တန်တဲ့လူ ဖြစ်သွားလိမ့်မယ်။ မိတ်ဆွေပဲဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ် အဆင့်တူချင်းသာ ပေါင်းသင်းလို့ ကောင်းတယ်။ ကျားတစ်ကောင်က ဘယ်တော့မှ ယုန်တစ်ကောင်ကို မိတ်ဆွေဖွဲ့မှာ မဟုတ်ဘူး။ ယုန်က သိပ်အားနည်းတယ် မဟုတ်လား။ ကျားအတွက် မိတ်ဆွေဖြစ်ထိုက်တဲ့ အရည်အချင်းမျိုး မရှိဘူး။ ကျားရဲ့ အစာအဖြစ်တောင် မထိုက်တန်ဘူး။ အထူးသဖြင့် ဒီလို သိုင်းလောကမှာ ပိုပြီးတောင် ဆိုးသေးတယ်။ ဖန်ဧကရာဇ်နဲ့ ပေါင်းသင်းလို့ ထိုက်တန်မယ့် လူတစ်ယောက်ဖြစ်အောင် ငါလုပ်ရမယ် . . .)
ကျောင်းဖင်းရှန် တစ်ကိုယ်တည်း တွေးနေမိပါတော့သည်။
*****
“ဖန်ဧကရာဇ် . . . အမှန်တိုင်းပြောရရင် ခင်ဗျားက ကျုပ်ရဲ့ မှောင်မိုက်နေတဲ့ ဘဝအတွက် နေရောင်ခြည်ကို ယူလာပေးသူ တစ်ယောက်ပါပဲ။ ခင်ဗျားကို ဘယ်လိုကျေးဇူး ပြန်ဆပ်ရမှန်းတောင် မသိတော့ပါဘူး . . .”
“ဒါပေမယ့် အခုခင်ဗျားမှာ အန္တရာယ်တွေ ဝိုင်းနေတယ်ဆိုတာ ကျုပ်သိပါတယ်။ ကျုပ်ရဲ့ ကျေးဇူးကြွေးကို ပြန်ဆပ်ဖို့အတွက် စကားတွေ အများကြီး ပြောမနေတော့ပါဘူး။ ပြောနေလည်း အပိုပါပဲ။ ကျုပ်အတွက်၊ ယုအာအတွက်၊ အနာဂတ်တစ်ခုလုံးအတွက်၊ မျှော်လင့်ချက်တွေအတွက် အခုကစပြီး ကျုပ်က ခင်ဗျားရဲ့ လက်ကိုင်တုတ် ဖြစ်သွားပါပြီ . . .”
“ကျုပ်တို့ ကိစ္စတွေ မလုပ်ရသေးခင် လာမယ့် နေ့ရက်တွေမှာ ကျရောက်လာမယ့် ဘေးဒုက္ခတွေ အားလုံးကို အတူတူ ကျော်ဖြတ်ကြတာပေါ့ . . .”
“ကျုပ်တို့ မဖြတ်ကျော်နိုင်ရင် ခင်ဗျားဘေးမှာပဲ ကျုပ်အသက်ကို ပေးသွားမယ်။ ကျုပ်တို့ ကျော်ဖြတ်နိုင်ခဲ့ရင်တော့ ကျုပ်နဲ့ယုအာအတွက် ခင်ဗျား ကူညီပေးမယ့် နေ့ရက်ကို စောင့်နေပါ့မယ် . . .”
ရဲရှောင် မငြင်းတော့ချေ။ ငြင်းလိုက်ပါက ကျောင်းဖင်းရှန်အဖို့ ပို၍ ခံစားသွားရနိုင်သောကြောင့် ဖြစ်သည်။
တကယ်တမ်းတွင် ကျောင်းဖင်းရှန်သည်လည်း ရဲရှောင်အနား နေချင်နေမိသည်။ အဘယ့်ကြောင့်ဆိုသော် ယုအာ၏ အခြေအနေအား ရဲရှောင်၏ အနားတွင် ရှိနေမှသာ သိခွင့်ရနိုင်မည် ဖြစ်သောကြောင့် ဖြစ်သည်။ ထိုပြင် ယုအာ၏ ဝိညာဉ်အတွက် လိုအပ်သည့် ဆေးများအပြင် တခြားကိစ္စများကိုလည်း သူကူလုပ်ပေးရဦးမည် ဖြစ်သည်။
ရဲရှောင်ကိုယ်တိုင်လည်း အကူအညီ လိုအပ်နေသဖြင့် မငြင်းနိုင်တော့ချေ။
“ကောင်းတယ်ဗျာ . . .”
ရဲရှောင် လက်ခုပ်တီးရင်း ပြောလိုက်သည်။
“အခုကစပြီး အစ်ကိုကျောင်းရဲ့ အကူအညီနဲ့ ကျုပ်လည်း ဒီဘေးဒုက္ခတွေကို ဖြတ်ကျော်နိုင်ဖို့ ရာခိုင်နှုန်း များသွားပြီ . . .”
*****
ရဲရှောင်နှင့် ကျောင်းဖင်းရှန်တို့သည် လူများ သတ်ဖြတ်ရင်း လင်းပါအိုခန်းမသို့ ပြန်လာခဲ့ကြသည်။
သူတို့နှစ်ဦး ရောက်နေသော နေရာသည် လင်းပါအိုခန်းမနှင့် သိပ်မဝေးလှသဖြင့် လင်းပါအိုသို့ လူမသိသူမသိ ပြန်ရန် ခက်ခဲမှု မရှိလှချေ။
သို့သော် ကျောင်းဖင်းရှန်သည် အပြန်လမ်းတစ်လျှောက် ရသလောက် ရန်သူများအား သတ်ဖြတ်သွားရန် ရဲရှောင်အား အကြံပြုလေသည်။
ယခုအချိန်တွင် ကျောင်းဖင်းရှန်သည် တုနှိုင်း၍ မရနိုင်လောက်သော စွမ်းအားများ ရရှိထားသဖြင့် ထိုစွမ်းအားများအား ဖွင့်ထုတ်ပစ်ရန် လိုနေလေသည်။ စိတ်လှုပ်ရှားမှုနှင့် စိတ်အားတက်ကြွမှုတို့ကြောင့် ဖြစ်ပြီး ထိုသို့ ဖွင့်မထုတ်လျှင် နေလို့ထိုင်လို့ ကောင်းမည် မဟုတ်ပေ။
ရဲရှောင်မှာမူ ဘာမျှ မပြောသာအောင် ဖြစ်ခဲ့ရသည်။
သို့သော် သူ၏ ဘေးနားတွင် ထိပ်တန်းအဆင့် ကိုယ်ရံတော်တစ်ယောက် ရှိနေသည်ကို သိလိုက်ရသဖြင့် ကျေနပ်သွားမိသည်။ ထို့ကြောင့် ခိုးကြောင်ခိုးဝှက် မဟုတ်တော့ဘဲ ရင်ကော့၍သာ လင်းပါအိုသို့ ပြန်လာခဲ့လိုက်လေသည်။
ရဲရှောင်တို့နှစ်ဦးသည် လမ်းတစ်လျှောက် တွေ့သမျှ ရန်သူအားလုံးအား သတ်ဖြတ်သွားပါတော့သည်။
Chapter (430)
“လက္ကိုင္တုတ္”
“က်ဳပ္သိုင္းေလာကသားအျဖစ္ က်င္လည္ေနတုန္း က်ဳပ္ရဲ႕က်င့္ၾကံမႈေတြက ပိုပိုၿပီး တိုးတက္လာခဲ့တယ္။ ေနာက္ဆုံး ေကာင္းကင္အဆင့္ ၈ ထိ ေရာက္လာခဲ့တယ္။ က်ဳပ္အထင္ႀကီးရမယ့္ လူဆိုတာ မ႐ွိသေလာက္ကို ႐ွားခဲ့တယ္။ က်ဳပ္ဘယ္ေတာ့မွ မေမ့ႏိုင္တဲ့ အရာကေတာ့ ကံၾကမၼာဆရာ ေျပာခဲ့တဲ့ စကားလုံးေတြပဲ . . .”
“သိပ္မၾကာခင္က က်ဳပ္ေငြလိုလာခဲ့တယ္။ က်ဳပ္ကိုယ္က်ဳပ္ေတာင္ စားဖို႔အႏိုင္ႏိုင္ ျဖစ္ခဲ့ရတယ္ေလ။ အဲဒါေၾကာင့္ပဲ ဆုေၾကးထုတ္ခံထားရတာမ်ိဳးေတြ လိုက္႐ွာခဲ့တယ္။ ေနာက္ေတာ့ နတ္ဘုရားသတ္အဖြဲ႕နဲ႔ ေတြ႕ခဲ့တယ္။ သူတို႔ကက်ဳပ္ကို စည္း႐ုံးတာနဲ႔ ခ်န္ႏိုင္ငံေတာ္ ေရာက္လာၿပီး ခင္ဗ်ားနဲ႔ ေတြ႕ခဲ့တာပဲ။ က်ဳပ္နဲ႔ ေရစက္ပါတဲ့ ခင္ဗ်ားနဲ႔ေပါ့ . . .”
ေက်ာင္းဖင္း႐ွန္ တစ္ခ်က္ျပဳံးလိုက္ျပန္ရင္း -
“ဒါကေတာ့ က်ဳပ္ဘဝဇာတ္ေၾကာင္း အက်ဥ္းခ်ဳပ္ေပါ့။ ႐ိုး႐ိုး႐ွင္း႐ွင္းနဲ႔ ပ်င္းစရာ ဘဝမ်ိဳးပါပဲ . . .”
ရဲေ႐ွာင္မွာမူ ႏႈတ္ဆိတ္လ်က္ ႐ွိသည္။
(ဒီသတ္ျဖတ္ျခင္း ဘုရင္ရဲ႕ ဘဝက ေတာ္ေတာ္ဆိုး႐ြားခဲ့တာပဲ။ သူ႕ရဲ႕ ဇနီးေလာင္းေလးကလည္း လက္မထပ္ခင္မွာ ေရာဂါေၾကာင့္ ေသခဲ့ရတယ္။ သူ႕ဂိုဏ္းတစ္ခုလုံးလည္း အၿဖိဳခြဲခံခဲ့ရတယ္။ အခ်ိန္အေတာ္ၾကာ ဦးတည္ခ်က္မဲ့ေနတဲ့ လူတစ္ေယာက္အျဖစ္ ေနထိုင္ခဲ့ၿပီးမွ သတ္ျဖတ္ျခင္းဘုရင္ဆိုၿပီး ျဖစ္လာခဲ့တာပဲ။ ဒီလိုသတ္ျဖတ္ျခင္း ဘုရင္ဆိုတာကေရာ ဘယ္လိုျဖစ္လာတာပါလိမ့္ . . .)
“အစ္ကိုေက်ာင္း . . . ခင္ဗ်ားက သတ္ျဖတ္ျခင္းဘုရင္ဆိုၿပီး ဂုဏ္ပုဒ္ကိုေတာင္ ရလာတာဆိုေတာ့ ေငြမ႐ွားေလာက္ပါဘူး။ မခ်မ္းသာရင္ေတာင္ သုံးႏိုင္စြဲႏိုင္မွာပဲ။ အခုၾက ဘယ္လိုျဖစ္ၿပီး ဒီေလာက္ထိ ေငြ႐ွားေနရတာလဲ . . .”
ရဲေ႐ွာင္ စိတ္ဝင္တစားျဖင့္ ေမးလိုက္သည္။
ေက်ာင္းဖင္း႐ွန္အေနျဖင့္ နင္ဘီလ်ဴကဲ့သို႔ ေထာက္ပံ့စရာမ်ား မ႐ွိသျဖင့္ သူရသမွ်ေငြအား သူတစ္ေယာက္တည္းျဖင့္ အကုန္မသုံးႏိုင္ေလာက္ေခ်။
“ဟဲဟဲ . . . က်ဳပ္က လက္ထဲမွာ ဘယ္ေတာ့မွ ေငြစ ၁၀၀ ထက္ ပိုမထားဘူး။ ခင္ဗ်ား မယုံႏိုင္ ျဖစ္ေနတယ္ မဟုတ္လား . . .”
ေက်ာင္းဖင္း႐ွန္ ျပဳံးလ်က္ ေျပာလိုက္သည္။
ထိုအျပဳံးမွာ ႏူးညံ့ေသာ အျပဳံးမ်ိဳး ျဖစ္သည္။
“ေငြစတစ္ရာထက္ ပိုထားမိရင္ စိတ္ထဲ မသိုးမသန္႔ ခံစားမိလို႔ က်န္တဲ့ေငြေတြ အားလုံးကို ေပးပစ္လိုက္တာ . . .”
“လုပ္ၾကံသတ္ျဖတ္ေရး ပညာ႐ွင္တစ္ေယာက္ ျဖစ္တဲ့အတြက္ သူမ်ားအသက္ကို သတ္ၿပီးမွ ေငြရသလို က်ဳပ္ကိုယ္တိုင္လည္း အသက္စြန္႔ေနရတယ္ မဟုတ္လား။ ဘယ္လိုပဲျဖစ္ျဖစ္ က်ဳပ္ရတဲ့ ေငြေတြမွာ ေသြးနံ႔ေတြ ဖုံးလႊမ္းေနမွာပဲ။ က်ဳပ္သတ္တဲ့ လူေတြအားလုံးက လူဆိုးေတြခ်ည္း ဆိုေပမယ့္ က်ဳပ္က လူသတ္သမား ျဖစ္ေနတယ္။ က်ဳပ္ေငြရတဲ့အခါ က်ဳပ္အတြက္ နည္းနည္းခ်န္ၿပီး က်န္တာေတြ အားလုံးကို ဆင္းရဲသားေတြကို ေပးပစ္တာပဲဗ် . . .”
ေက်ာင္းဖင္း႐ွန္ ေျပာေနရင္းျဖင့္ ဆက္မေျပာေတာ့ဘဲ ေခတၱခဏ နားလိုက္သည္။ ထို႔ေနာက္ တစ္ခ်က္ ျပဳံးလိုက္ရင္း -
“အထူးသျဖင့္ လက္ထပ္ဖို႔ ေငြမ႐ွိတဲ့ လူငယ္စုံတြဲေလးေတြဆိုရင္ ပိုၿပီး ေပးျဖစ္တယ္။ အခ်စ္စစ္ အခ်စ္မွန္နဲ႔ ခ်စ္ၾကတဲ့ စုံတြဲတိုင္းကို ေပ်ာ္႐ႊင္ေစခ်င္တယ္ေလ . . .”
ေက်ာင္းဖင္း႐ွန္သည္ ေျပာေနရင္းျဖင့္ သူ၏ ေဘးနားသို႔ ႏူးညံ့ေသာ အၾကည့္မ်ိဳးျဖင့္ လွည့္ပတ္ၾကည့္သည္။ ယုအာသည္ သူ၏ အနားတြင္ ႐ွိေနမွန္း သိသျဖင့္ မျမင္ရသည့္တိုင္ လိုက္ၾကည့္ေနမိျခင္း ျဖစ္သည္။
ယုအာမွာလည္း ေက်ာင္းဖင္း႐ွန္ သူ႕အား မျမင္ႏိုင္မွန္း သိသည့္တိုင္ ေက်ာင္းဖင္း႐ွန္ ၾကည့္ေနသည့္ဘက္သို႔ ေ႐ႊ႕ေျပာင္းလိုက္သည္။
အရမ္းခ်စ္ၾကေသာ ခ်စ္သူႏွစ္ဦးသည္ ယင္ႏွင့္ယန္ကဲ့သို႔ ဆန္႔က်င္ဘက္ ဘုံဘဝသို႔ ေရာက္႐ွိေနၾကသည္။ ရဲေ႐ွာင္လည္း သက္ျပင္းသာ ခ်လိုက္ၿပီး မည္သည့္စကားမွ် မဆိုေတာ့ေခ်။
ေျပာေနရန္လည္း မလိုအပ္ေတာ့ေပ။ ေက်ာင္းဖင္း႐ွန္၏ ခံစားခ်က္အား အျခားသူမ်ားထက္ ပိုမိုနားလည္ စာနာမိသြားေသာေၾကာင့္ ျဖစ္သည္။
ထို႔ေၾကာင့္ ေက်ာင္းဖင္း႐ွန္အား ကူညီရန္ ဆုံးျဖတ္လိုက္သည္။ ေက်ာင္းဖင္း႐ွန္ႏွင့္ စကားေျပာေနရင္းျဖင့္
အတိတ္က အ႐ႈံးသမားတစ္ေယာက္အား ျပန္လည္ျမင္ေယာင္သြားမိသည္။
ထိုအ႐ႈံးသမားမွာ အျခားလူမဟုတ္ေပ ရဲေ႐ွာင္ကိုယ္တိုင္ပင္ ျဖစ္သည္။ ရဲေ႐ွာင္အေနျဖင့္ မိမိကိုယ္တိုင္ အ႐ႈံးသမားတစ္ေယာက္ ျဖစ္ခဲ့ရသျဖင့္ ေက်ာင္းဖင္း႐ွန္အား သူကဲ့သို႔ေသာ အ႐ႈံးသမားမ်ိဳး ျဖစ္သြားမည္ကို မလိုလားေပ။
ထို႔ေၾကာင့္ ေက်ာင္းဖင္း႐ွန္အား ကူညီျခင္းျဖင့္ မိမိကိုယ္ကို ေျဖသာေစလိမ့္မည္ဟု ရဲေ႐ွာင္ ယုံၾကည္ေနမိသည္။
(ကြၽင့္ယင္းလ်န္ရယ္ . . .)
“က်ဳပ္ခင္ဗ်ားကို ကူညီေပးမွာပါ။ က်ဳပ္လုပ္ႏိုင္တာ မွန္သမွ် လုပ္ၿပီးေတာ့ ကူညီေပးမယ္ . . .”
ရဲေ႐ွာင္ ေက်ာင္းဖင္း႐ွန္အား ၾကည့္ရင္း ေျပာလိုက္သည္။
ေက်ာင္းဖင္း႐ွန္ႏွင့္ ယုအာတို႔ ၂ ဦးစလုံးသည္ ရဲေ႐ွာင္ စိတ္ရင္းအမွန္ျဖင့္ ေျပာေနမွန္း ယုံၾကည္ထားၾကသည္။
ထို႔အတြက္လည္း အလြန္ေက်းဇူးတင္ေနမိၾကသည္။
“အစ္ကိုေက်ာင္း . . . က်ဳပ္တို႔ ႀကိဳးစားၾကည့္ၾကတာေပါ့ဗ်ာ . . .”
“ခင္ဗ်ားဘယ္နည္းလမ္းကိုပဲ ေ႐ြးေ႐ြး ဘယ္လိုပဲျဖစ္ျဖစ္ မူလတာအိုအဆင့္ ေရာက္ကို ေရာက္ရမယ္ဗ်ာ၊ အဲဒီထက္လည္း ပိုျမင့္ျမင့္ ေရာက္ႏိုင္တယ္ . . .”
ေက်ာင္းဖင္း႐ွန္သည္လည္း စိတ္အားတက္ႂကြသြားၿပီး ေခါင္းညိတ္ျပလိုက္သည္။
ရဲေ႐ွာင္မွ စကားဆက္မေျပာေတာ့သည့္တိုင္ ရဲေ႐ွာင္ ျဖစ္ေစခ်င္သည့္ ဆႏၵအား ေက်ာင္းဖင္း႐ွန္ နားလည္လိုက္သည္။
(မူလတာအိုအဆင့္မွ မေရာက္ႏိုင္ရင္ သူကူညီခ်င္တယ္ ဆိုရင္ေတာင္ ငါကကူညီဖို႔ မထိုက္တန္တဲ့လူ ျဖစ္သြားလိမ့္မယ္။ မိတ္ေဆြပဲျဖစ္ျဖစ္၊ သူငယ္ခ်င္းပဲျဖစ္ျဖစ္ အဆင့္တူခ်င္းသာ ေပါင္းသင္းလို႔ ေကာင္းတယ္။ က်ားတစ္ေကာင္က ဘယ္ေတာ့မွ ယုန္တစ္ေကာင္ကို မိတ္ေဆြဖြဲ႕မွာ မဟုတ္ဘူး။ ယုန္က သိပ္အားနည္းတယ္ မဟုတ္လား။ က်ားအတြက္ မိတ္ေဆြျဖစ္ထိုက္တဲ့ အရည္အခ်င္းမ်ိဳး မ႐ွိဘူး။ က်ားရဲ႕ အစာအျဖစ္ေတာင္ မထိုက္တန္ဘူး။ အထူးသျဖင့္ ဒီလို သိုင္းေလာကမွာ ပိုၿပီးေတာင္ ဆိုးေသးတယ္။ ဖန္ဧကရာဇ္နဲ႔ ေပါင္းသင္းလို႔ ထိုက္တန္မယ့္ လူတစ္ေယာက္ျဖစ္ေအာင္ ငါလုပ္ရမယ္ . . .)
ေက်ာင္းဖင္း႐ွန္ တစ္ကိုယ္တည္း ေတြးေနမိပါေတာ့သည္။
*****
“ဖန္ဧကရာဇ္ . . . အမွန္တိုင္းေျပာရရင္ ခင္ဗ်ားက က်ဳပ္ရဲ႕ ေမွာင္မိုက္ေနတဲ့ ဘဝအတြက္ ေနေရာင္ျခည္ကို ယူလာေပးသူ တစ္ေယာက္ပါပဲ။ ခင္ဗ်ားကို ဘယ္လိုေက်းဇူး ျပန္ဆပ္ရမွန္းေတာင္ မသိေတာ့ပါဘူး . . .”
“ဒါေပမယ့္ အခုခင္ဗ်ားမွာ အႏၲရာယ္ေတြ ဝိုင္းေနတယ္ဆိုတာ က်ဳပ္သိပါတယ္။ က်ဳပ္ရဲ႕ ေက်းဇူးေႂကြးကို ျပန္ဆပ္ဖို႔အတြက္ စကားေတြ အမ်ားႀကီး ေျပာမေနေတာ့ပါဘူး။ ေျပာေနလည္း အပိုပါပဲ။ က်ဳပ္အတြက္၊ ယုအာအတြက္၊ အနာဂတ္တစ္ခုလုံးအတြက္၊ ေမွ်ာ္လင့္ခ်က္ေတြအတြက္ အခုကစၿပီး က်ဳပ္က ခင္ဗ်ားရဲ႕ လက္ကိုင္တုတ္ ျဖစ္သြားပါၿပီ . . .”
“က်ဳပ္တို႔ ကိစၥေတြ မလုပ္ရေသးခင္ လာမယ့္ ေန႔ရက္ေတြမွာ က်ေရာက္လာမယ့္ ေဘးဒုကၡေတြ အားလုံးကို အတူတူ ေက်ာ္ျဖတ္ၾကတာေပါ့ . . .”
“က်ဳပ္တို႔ မျဖတ္ေက်ာ္ႏိုင္ရင္ ခင္ဗ်ားေဘးမွာပဲ က်ဳပ္အသက္ကို ေပးသြားမယ္။ က်ဳပ္တို႔ ေက်ာ္ျဖတ္ႏိုင္ခဲ့ရင္ေတာ့ က်ဳပ္နဲ႔ယုအာအတြက္ ခင္ဗ်ား ကူညီေပးမယ့္ ေန႔ရက္ကို ေစာင့္ေနပါ့မယ္ . . .”
ရဲေ႐ွာင္ မျငင္းေတာ့ေခ်။ ျငင္းလိုက္ပါက ေက်ာင္းဖင္း႐ွန္အဖို႔ ပို၍ ခံစားသြားရႏိုင္ေသာေၾကာင့္ ျဖစ္သည္။
တကယ္တမ္းတြင္ ေက်ာင္းဖင္း႐ွန္သည္လည္း ရဲေ႐ွာင္အနား ေနခ်င္ေနမိသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ယုအာ၏ အေျခအေနအား ရဲေ႐ွာင္၏ အနားတြင္ ႐ွိေနမွသာ သိခြင့္ရႏိုင္မည္ ျဖစ္ေသာေၾကာင့္ ျဖစ္သည္။ ထိုျပင္ ယုအာ၏ ဝိညာဥ္အတြက္ လိုအပ္သည့္ ေဆးမ်ားအျပင္ တျခားကိစၥမ်ားကိုလည္း သူကူလုပ္ေပးရဦးမည္ ျဖစ္သည္။
ရဲေ႐ွာင္ကိုယ္တိုင္လည္း အကူအညီ လိုအပ္ေနသျဖင့္ မျငင္းႏိုင္ေတာ့ေခ်။
“ေကာင္းတယ္ဗ်ာ . . .”
ရဲေ႐ွာင္ လက္ခုပ္တီးရင္း ေျပာလိုက္သည္။
“အခုကစၿပီး အစ္ကိုေက်ာင္းရဲ႕ အကူအညီနဲ႔ က်ဳပ္လည္း ဒီေဘးဒုကၡေတြကို ျဖတ္ေက်ာ္ႏိုင္ဖို႔ ရာခိုင္ႏႈန္း မ်ားသြားၿပီ . . .”
*****
ရဲေ႐ွာင္ႏွင့္ ေက်ာင္းဖင္း႐ွန္တို႔သည္ လူမ်ား သတ္ျဖတ္ရင္း လင္းပါအိုခန္းမသို႔ ျပန္လာခဲ့ၾကသည္။
သူတို႔ႏွစ္ဦး ေရာက္ေနေသာ ေနရာသည္ လင္းပါအိုခန္းမႏွင့္ သိပ္မေဝးလွသျဖင့္ လင္းပါအိုသို႔ လူမသိသူမသိ ျပန္ရန္ ခက္ခဲမႈ မ႐ွိလွေခ်။
သို႔ေသာ္ ေက်ာင္းဖင္း႐ွန္သည္ အျပန္လမ္းတစ္ေလွ်ာက္ ရသေလာက္ ရန္သူမ်ားအား သတ္ျဖတ္သြားရန္ ရဲေ႐ွာင္အား အၾကံျပဳေလသည္။
ယခုအခ်ိန္တြင္ ေက်ာင္းဖင္း႐ွန္သည္ တုႏိႈင္း၍ မရႏိုင္ေလာက္ေသာ စြမ္းအားမ်ား ရ႐ွိထားသျဖင့္ ထိုစြမ္းအားမ်ားအား ဖြင့္ထုတ္ပစ္ရန္ လိုေနေလသည္။ စိတ္လႈပ္႐ွားမႈႏွင့္ စိတ္အားတက္ႂကြမႈတို႔ေၾကာင့္ ျဖစ္ၿပီး ထိုသို႔ ဖြင့္မထုတ္လွ်င္ ေနလို႔ထိုင္လို႔ ေကာင္းမည္ မဟုတ္ေပ။
ရဲေ႐ွာင္မွာမူ ဘာမွ် မေျပာသာေအာင္ ျဖစ္ခဲ့ရသည္။
သို႔ေသာ္ သူ၏ ေဘးနားတြင္ ထိပ္တန္းအဆင့္ ကိုယ္ရံေတာ္တစ္ေယာက္ ႐ွိေနသည္ကို သိလိုက္ရသျဖင့္ ေက်နပ္သြားမိသည္။ ထို႔ေၾကာင့္ ခိုးေၾကာင္ခိုးဝွက္ မဟုတ္ေတာ့ဘဲ ရင္ေကာ့၍သာ လင္းပါအိုသို႔ ျပန္လာခဲ့လိုက္ေလသည္။
ရဲေ႐ွာင္တို႔ႏွစ္ဦးသည္ လမ္းတစ္ေလွ်ာက္ ေတြ႕သမွ် ရန္သူအားလုံးအား သတ္ျဖတ္သြားပါေတာ့သည္။