မိုးကောင်းကင်အောက်မှကလဲ့စား (...

By KazunoMora

52K 3.8K 5

Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ chara... More

🔥ရှင်းလင်းချက်🔥
အကျဉ်းချုပ် အက်ဥ္းခ်ဳပ္
Chapter - 209 "ရှင်လုပ်နိုင်ပါတယ်"
Chapter - 210 "တိမ်မြူခိုးနန်းတော်၏ကြမ္မာဆိုး"
Chapter - 211 "ရှေ့ဖြစ်နိမိတ်"
Chapter - 212 "သူဘယ်လိုသိ"
Chapter - 213 "ကျောက်စိမ်းအားဖြည့် ကြာပန်းပင်"
Chapter - 214"အမှားကြီးမှားခြင်း"
Chapter - 215 "အထင်လွဲခြင်း"
Chapter - 216 "လင်းရှောင်ရေခဲကျင့်စဉ်"
Chapter - 217"ယုံတမ်းစကားများ"
Chapter - 218 "သိက္ခာဆိုတာဘာလဲ"
Chapter - 219"မဖြစ်နိုင်သော"
Chapter - 220 "ကောင်းကင်အပြစ်ဒဏ်"
Chapter - 221"အမည်မသိ"
Chapter - 222"နောက်ယောင်ခံလိုက်ခြင်း"
Chapter - 223"ကျော့ကွင်း"
Chapter - 224"ဝမ်းနည်းနေသောဆောင်ဂျု"
Chapter - 225"ကျူးကျော်ဝင်ရောက်လာခြင်း"
Chapter - 226 "တွေဝေခြင်း"
Chapter - 227"ထိပ်တိုက်ရင်ဆိုင်မှု"
Chapter - 228"မိုးရွာတုန်း ရေခံ"
Chapter - 229"ပညာရှင်နှစ်ဦး၏တိုက်ပွဲ"
Chapter - 230 "ကြာပန်းကိုးခိုင်"
Chapter - 231"သူသေကိုယ်သေ"
Chapter - 232"ကယ်တင်ခြင်း (၁)"
Chapter - 233"ကယ်တင်ခြင်း (၂)"
Chapter - 234"အ‌စေ‌ခံ (၁)"
Chapter - 235"အစေခံ (၂)"
Chapter - 236"ဥတစ်ဥနှင့်လူတစ်ယောက်"
Chapter - 237"သနားစရာမိန်းကလေး ပိုင်အာ"
Chapter - 238"ဘဝတူ"
Chapter - 239"အံ့ဖွယ်လက်ဆောင်"
Chapter - 240"ကျီစားသန်က ရန်များ၏"
Chapter - 241"အဆင့်တက်အောင်ကူညီစေခြင်း (၁)"
Chapter - 242"အဆင့်တက်အောင်ကူညီစေခြင်း (၂)"
Chapter - 243"အဆင့်တက်အောင်ကူညီစေခြင်း (၃)"
Chapter - 244"မယုံနိုင်ဖွယ် အဆင့်တက်ခြင်း"
Chapter - 245"အဆင့်တက်ခြင်း၏ အကျိုးသက်ရောက်မှု"
Chapter - 246"အထူးခြားဆုံးသောကျင့်စဉ်တစ်ခု"
Chapter - 247 "ကုသမှုအား လက်ခံလိုက်ခြင်း"
Chapter - 248"ကျုပ်မှာအချိန်မရှိဘူး"
Chapter - 249"ဝေဒနာအား ကုသပေးခြင်း"
Chapter - 250"ထူးခြား စွမ်းအင်"
Chapter - 251"ပဟေဠိဆန်သော ပုစ္ဆာ"
Chapter - 252"နူးညံ့မှု"
Chapter - 253"ဝမ်ဇန်းဟို၏အခက်အခဲ"
Chapter - 254"အချောင်သမားများ"
Chapter - 255"သနားစဖွယ် ဥ"
Chapter - 256"ထူးဆန်းသောစွမ်းအင်"
Chapter - 257"ဥ၏နေရာ"
Chapter - 258"ပျော်ရွှင်သွားသောဥ"
Chapter - 259 "ပိုင်အာ၏ကြိုးပမ်းမှု"
Chapter - 260 "နှိပ်စက်ခံနေရသကဲ့သို့"
Chapter - 261"ကြောက်မက်ဖွယ်ရာ ချီဓာတ်များ"
Chapter - 262"ထင်ယောင်ထင်မှားဖြစ်ခြင်း"
Chapter -263"လျှို့ဝှက်ချက်ပေါ်သွားခြင်း"
Chapter - 264"နန်ရှန်ဆင်း"
Chapter - 265"အကောင်းဆုံးကြိုးစားခြင်း"
Chapter - 266"ပထမတိုက်ကွက်"
Chapter - 267"သက်ရောက်မှုမရှိခြင်း"
Chapter - 268"ဓားတစ်လက်ဖြစ်ပေါ်လာခြင်း"
Chapter - 269"ရယ်မောခြင်းလေပြည်"
Chapter - 270"တန်ပြန်တိုက်ခိုက်မှု"
Chapter - 271"အသေသတ်တိုက်ကွက်"
Chapter - 272"စားရကံ ကြုံလို့ မုတ်ဆိတ် ပျားစွဲ"
Chapter - 273"မလူးသာမလွန့်သာ"
Chapter - 274"ဝှက်ဖဲ"
Chapter - 275"အပ်ကိုသုံးတာဘယ်သူလဲ"
Chapter - 276"အနန္တသူတော်စင်"
Chapter - 277"မင်းသိလား"
Chapter - 278"လေလံခန်းမဖွင့်လှစ်ခြင်း"
Chapter - 279"မုန်တိုင်းအိမ်တော်၏ အရှိန်အဝါ"
Chapter - 280"ဖိနှိပ်ခံရခြင်း"
Chapter - 281 - 285
286 - 290
291 - 295
296 - 300
301 - 306
307 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 336
Chapter - 337"ဉာဏ်ကောင်းလှသည့်ဇုဝူကျီ"
Chapter - 338"စဉ်းစားခန်းဝင်ခြင်း"
Chapter - 339"အစော်ကားခံရသည့်ဖန်ဧကရာဇ်"
Chapter - 340"နိုင်ငံရေးနားမလည်သောရဲရှောင်"
Chapter - 341"ဝမ်အာရောက်လာခြင်း"
Chapter - 342"အိန္ဒြေရရ‌ နေကြပါ"
Chapter - 343"လျှို့ဝှက်မြေပုံ"
Chapter - 344"လုပ်ကြံသတ်ဖြတ်သူနှစ်ဦး တွေ့ဆုံကြခြင်း"
Chapter - 345"သေသည့်တိုင် တာဝန်ယူမည်"
Chapter - 346"ခင်ဗျားကိုငှားချင်တယ်"
Chapter - 347"ရှေ့ဆက်ရမည့်အစီအစဉ်"
Chapter - 348"လုပ်ငန်းစတင်ခြင်း"
Chapter - 349"လှုပ်ရှားခြင်း"
Chapter - 350"အသေအချာ သိသွားကြခြင်း"
Chapter - 351"စိတ်နှင့်ကိုယ်မကပ်ခြင်း"
Chapter - 352"ဆဲဆိုကြခြင်း"
Chapter - 353"ဆဲဆိုကြခြင်း"
Chapter - 354"အရက်သောက်ကြခြင်း"
Chapter - 355"ကမ္ဘာ့ရန်"
Chapter - 356"တိုက်ပွဲ"
Chapter - 357"တိုးတက်မှုမရှိခြင်း"
Chapter - 358"ပူးပေါင်းမှု"
Chapter - 359"ဝတ်ရုံနက်ဖြင့်လူ"
Chapter - 360"ခင်ဗျားဘယ်သူလဲ"
Chapter - 361"သွေးခွဲခြင်း"
Chapter - 362"တိုက်ကွက်ဆန်း"
Chapter - 363"စစ်ယု"
Chapter - 364"အတူတကွရင်ဆိုင်ရန်"
Chapter - 365"ကျားရဲတွင်းသို့"
Chapter - 366"ဓားတစ်ချောင်းနှင့်လူတစ်ယောက်"
Chapter - 367"စံပြပုဂ္ဂိုလ်"
Chapter - 368"ကမ္ဘာမကြေ ရန်ငြိုး"
Chapter - 369"ဗိုက်ခေါက်ကြီး"
Chapter - 370"ဆရာနင်"
371 - 375
376--377
378--379
380--381
382--383
384--385
386--387
388--389
390--391
392--393
394--395
396--397
398--399
400
401--402
403--404
405--406
Chapter (407)"ကောင်ကင်အဆင့်တစ်ပညာရှင်လော"
Chapter (408)"ကောင်းကင်အဆင့်နှစ်ပညာရှင်လော"
Chapter (409)"အနိုင်ရမည်လော"
Chapter (410)"တစ်ချက်တည်းဖြင့်"
Chapter (411)"ကြိုးစားခွင့်"
Chapter (412)"သတ်ဖြတ်ခြင်းဘုရင်"
Chapter (413)"ခင်ဗျားမှာအကူရှိတယ်"
Chapter (414)"ပြောင်းလဲသွားသောအခြေအနေ"
Chapter (415)"တိုက်ခိုက်မှုစတင်ခြင်း"
Chapter (416)"လှုံ့ဆော်မှု"
Chapter (417)"တရားခံဘယ်သူလဲ"
Chapter (418)"ရှက်ရွံ့နေသည့်သခင်ကြီးဘိုင်"
Chapter (419)"ထူးဆန်းသောအဖြစ်အပျက်"
Chapter (420)"စိတ်တန်ခိုးမျက်လုံး"
Chapter (421)"လေနှင့်အတူ"
Chapter (422)"ယင်ယန်အသီးများ"
Chapter (423)"ရင်နင့်စွာဖြင့်"
Chapter (424)"အချစ်အတွက်ဆို"
Chapter (425)"နည်းလမ်းနှစ်ခု"
Chapter (427)"တစ်နှစ်တစ်ခါ"
Chapter (428)"ရယ်မောခြင်း၏အဓိပ္ပါယ်"
Chapter (429)"အထီးကျန်သောဘဝ"
Chapter (430)"လက်ကိုင်တုတ်"
Chapter (431)"လုပ်ကြံသတ်ဖြတ်သူများစုဝေးခြင်း"
Chapter (432)"အဖြေမရှိ"
Chapter (433)"ထိပ်တန်းပညာရှင်များအား ပျိုးထောင်ပေးခြင်း"
Chapter (434)"အံ့မခန်းအမြန်နှုန်း"
Chapter (435)"ရေခဲဝိညာဉ်ဓား"
Chapter (436)"ဓားနှင့်တသားတည်းဖြစ်သွားခြင်း"
Chapter (437)"မခေါ်ဘဲလာသည့်ဧည့်သည်"
Chapter (438)"လင်းဝုရှဲ့"
439--440
441--442
443--444
445--446
447--448
449--450
451--452
453--454
455--456
457--458
459--460
461--462
463--464
465--466
467--468
469--470
471--472
473--474
475--476
477--478
479--480
Chapter (481)"ကျုပ်တို့မလိုချင်ပါဘူး"
Chapter (482)"ဒုက္ခလှိုင်းများ"
Chapter (483)"ဝမ်းနည်းနေသော လင်းဝုရှဲ့"
Chapter (484)"မန်ဟွာချင်း"
Chapter (485)"အံ့ဩတုန်လှုပ်ခြင်း"
Chapter (486)"ထွက်ခွာကြရတော့မည်"
Chapter (487)"ရှင့်အကူအညီလိုတယ်"
Chapter (488)"ဆွေးနွေးမှုပျက်ပြယ်ခြင်း"
Chapter (489)"ခြိမ်းခြောက်မှု"
Chapter (490)"ဘယ်တော့မှအလျော့မပေးဘူး"
🔥🔥🔥🔥

Chapter (426)"မိုးကောင်းကင်ကို ထိတွေ့ရသည်ထက် ခက်၏"

243 18 0
By KazunoMora

Chapter (426)

“မိုးကောင်းကင်ကို ထိတွေ့ရသည်ထက် ခက်၏”

ကျောင်းဖင်းရှန် ပြောလိုက်သည့် စကားကြောင့် ရဲရှောင် အံ့ဩသွားမိသည်။ သို့သော် အချိန်အနည်းငယ်ခန့် စဉ်းစားမိလိုက်သောအခါ ကျောင်းဖင်းရှန်၏ အခြေအနေအား သဘောပေါက်သွားသည်။ ကျောင်းဖင်းရှန်သည် မော်တယ်ကမ္ဘာတွင် သတ်ဖြတ်ခြင်း ဘုရင်ဟု ကျော်ကြားသည့်တိုင် အဆင့်မြင့်နယ်ပယ်မှ ပညာရှင်များနှင့် တစ်ခါမျှ တွေ့ဖူးသည့်ပုံ မပေါ်ချေ။

“ခင်ဗျားကအခု ကောင်းကင်အဆင့်ရဲ့ ထိပ်ဆုံး မဟုတ်လား . . .”

ရဲရှောင် မေးလိုက်သည်။

“ဟုတ်တယ် . . .”

ကျောင်းဖင်းရှန် ခေါင်းညိတ်၍ ပြန်ဖြေလိုက်၏။

“ကောင်းကင်အဆင့်ပြီးရင် မူလဝိညာဉ်တော် အဆင့်ဆိုတာ ရှိတယ်။ အဲဒီအဆင့်မှာ အဆင့်ပေါင်း ၉ ဆင့် ရှိတယ်။ အဲဒါပြီးရင်တော့ မူလအိပ်မက်အဆင့်ကို ရောက်မယ်။ အဲဒီမှာလည်း အဆင့်ပေါင်းက  ၉ ဆင့်ပဲ။ မူလတာအိုအဆင့် ဆိုတာကတော့ မူလအိပ်မက်အဆင့်ပြီး ရောက်မယ့် အဆင့်ပေါ့။ အဲဒီမှာလည်း အဆင့်ပေါင်း ၉ ဆင့် ရှိတယ်။ ဒီအဆင့်မှာဆို အဆင့်တစ်ဆင့်တက်ချင်ရင် ကောင်းကင်ဘုံတစ်ခုကို တက်ရသလို သတ်မှတ်လို့ရတယ် . . .”

“ဒီနယ်ပယ်ကလူတွေ ယုံကြည်နေကြတဲ့ နတ်ဘုရားအဆင့်တွေဘာတွေ ဆိုတာက မူလဝိညာဉ်တော် အဆင့်လောက်ကို ပြောနေကြတာပဲ။ တစ်ခါတလေ မူလတာအိုအဆင့်ရှိတဲ့ ပညာရှင်တွေ ပေါ်လာတတ်ပေမယ့် သူတို့က ဒီကလူတွေ မဟုတ်ဘူး။ မတော်တဆ ရောက်လာကြတဲ့ သဘောပဲ။ သူတို့ရဲ့ အစွမ်းက ဒီကမ္ဘာထက် အများကြီး သာလွန်နေတယ်။ အဲဒါကြောင့် ကောင်းကင်အဆင့်ကို ကျော်ဖြတ်နိုင်သွားတဲ့ လူဆိုရင် အဆင့်မြင့်နယ်ပယ်တစ်ခုခုကို တက်သွားကြရတာပဲ . . .”

ရဲရှောင် ပြောလိုက်သည့် စကားကြောင့် ကျောင်းဖင်းရှန်၏ မျက်နှာအမူအယာသည် ရုတ်ချည်း ပြောင်းလဲသွားသည်။

ထို့ပြင် သူ၏ ရင်ထဲတွင် စို့နင့်သွားသလိုလည်း ခံစားလိုက်ရသည်။

ကျောင်းဖင်းရှန်အတွက် ကောင်းကင်အဆင့် ၉ သို့ ရောက်ရှိရန်အတွက် အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရသည်။ သို့သော် ထိုအဆင့်ထက်တွင် အဆင့်ပေါင်းများစွာ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့မိချေ။ ကောင်းကင်အဆင့်၏ အထက်တွင် အဆင့် ၉ ဆင့်ရှိသော မူလဝိညာဉ်တော်အဆင့် ရှိနေသည်။ ထိုမူလဝိညာဉ်တော်အဆင့် တစ်ဆင့်အား ကျော်ဖြတ်ရသည်မှာ ကောင်းကင်အဆင့်ထက် အဆထောင်သောင်းမက ခက်ခဲလှသည်။ ထိုအထက်တွင် မူလအိပ်မက်အဆင့် ရှိနေသေးသည်။ ခက်ခဲမှုမှာလည်း အဆမတန် ကွာခြားသွားပေလိမ့်မည်။ မူလတာအိုအဆင့်အတွက် ဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

ကျောင်းဖင်းရှန် တွေးပင် မတွေးဝံ့ရဲတော့ပေ။ မူလတာအိုအဆင့် ဖြစ်ရုံနှင့်လည်း မရသေးချေ။ မူလတာအိုအဆင့် ၅ အထက်မှသာ ရပေလိမ့်မည်။ ထိုကဲ့သို့ အဆင့်ရောက်ရန် လူတစ်ယောက်သည် နှစ်ထောင်နှင့်ချီ၍ ကျင့်ကြံမှု လုပ်ရပေလိမ့်မည်။ အခက်အခဲများစွာလည်း တွေ့နိုင်ပေသည်။

ထိုကဲ့သို့သော လူမှ ကျောင်းဖင်းရှန်အား မည်သို့ ကူညီပါမည်နည်း။ ထို့အပြင် ထိုသို့ကူညီသည့်အတွက် ကောင်းကင်အပြစ်ဒဏ် ခတ်ခြင်းကိုလည်း ခံစားရပေဦးမည်။ ကျင့်ကြံမှုစွမ်းအား တဝက်လောက်လည်း လျော့ကျသွားမည် ဖြစ်သည်။

မည်သူမျှ ထိုမျှလောက် စတေးခံပေးလိမ့်မည် မဟုတ်ပေ။ ထို့ပြင် အခန့်မသင့်လျှင် အသက်ပင် သေဆုံးနိုင်ပါသေးသည်။

ထို့ကြောင့် ပထမနည်းလမ်းသည် အတော်ကို ခက်ခဲလှသည်ဟု ဆိုရပေမည်။ ယုအာအတွက် အထိအခိုက်နည်းမည် ဆိုသည့်တိုင် လတ်တလောတွင် မဖြစ်နိုင်သလောက်ပင်။

ကျောင်းဖင်းရှန် ခေါင်းငိုက်စိုက် ကျသွားပြီး စိတ်ဓာတ်ကျသွားမိသည်။ အတန်ကြာ ငြိမ်နေလိုက်ပြီးမှ -

“နောက်တစ်နည်းကရော . . .”

ရဲရှောင် ကျောင်းဖင်းရှန်အား ကြည့်လိုက်ရင်း -

“ဒုတိယနည်းကတော့ ယင်ဆေး လုပ်ရမှာပဲ။ ယုအာအတွက် ခန္ဓာကိုယ် အချိုးအစားတစ်ခုကို ယင်ဆေးနဲ့ ကျုပ်တို့ ပုံသွင်းရမယ်။ ပြီးရင် ဝိညာဉ်ပုံစံကနေ အပြင်ပိုင်းပုံစံ အစစ်အဖြစ် ပြောင်းလဲပေးရမယ်။ ဒီနည်းသာ အောင်မြင်မယ်ဆိုရင် ယုအာက လူသားကိုယ်ခန္ဓာအစစ်တော့ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမယ့် သက်ရှိတစ်ယောက်လိုတော့ ဖြစ်သွားမှာပဲ။ ခင်ဗျားသူ့ကို မြင်နိုင်တယ်။ တစ်နည်းနည်းနဲ့တောင် ထိတွေ့လို့ ရနိုင်တယ်။ နောက်ပြီး ယုအာသာ သူ့ဝိညာဉ်တော်ကို ပိုပြီး အားကောင်းလာအောင် ကျင့်ကြံမှုတွေ လုပ်မယ်ဆိုရင် တစ်နေ့မှာ အောင်မြင်မှုတွေ ရလာလိမ့်မယ်။ အဲဒီအခါကျ ခင်ဗျားတို့ ၂ ယောက် တစ်သက်လုံး အတူတူနေသွားလို့ ရပြီ . . .”

ကျောင်းဖင်းရှန် သက်ပြင်းချလိုက်မိသည်။ ကြားရသည်များမှာ ဝမ်းသာစရာ ကောင်းလှသည့်တိုင် ပို၍ ခက်ခဲမည်ကိုလည်း သူရိပ်စားမိလိုက်သည်။

ဒုတိယနည်းတွင် အားသာချက်များစွာ ရှိသော်လည်း ပထမနည်းထက် သေချာပေါက် ပို၍ ခက်ခဲပေလိမ့်မည်။

ရဲရှောင်မှ -

“ယင်ဆေးလုံးဆိုတာ ဆေးလောကမှာ ဆေးပညာရှင်တိုင်း မလုပ်ချင်တဲ့ ဆေးမျိုးပဲ။ ဘာလို့လဲဆိုတော့ ဆေးလုပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ရှာဖွေရတာ အရမ်းခက်ခဲလို့ပဲ။ ဒါပေမယ့် ဒါအခက်ခဲဆုံး မဟုတ်သေးဘူး။ ဆေးလုံးလုပ်တဲ့ ဆေးပညာရှင်က နတ်ဘုရားအပြစ်ဒဏ်ကို ခံစားရဖို့ သေချာသလောက် ဖြစ်နေတဲ့ အချက်ကတော့ တော်တော်ဆိုးတယ် . . .”

ကျောင်းဖင်းရှန် မျက်နှာပျက်သထက် ပျက်လာချေပြီ။ အတွေ့အကြုံရှိသည့် ကျင့်ကြံမှု ပညာရှင်တစ်ဦးပီပီ နတ်ဘုရားအပြစ်ဒဏ်သည် မည်မျှအထိ ဆိုးရွားကြောင်း သိနေလေသည်။

နတ်ဘုရားဝဋ်ကြွေး၊ နတ်ဘုရားဒုက္ခနှင့် နတ်ဘုရားအပြစ်ဒဏ်တို့မှာ ပညာရှင်တိုင်းအဖို့ အိပ်မက်ဆိုးများပင် ဖြစ်ကြသည်။ နတ်ဘုရားဝဋ်ကြွေးဆိုသည်မှာ ကျင့်ကြံသူတစ်ဦး အဆင့်တစ်ခုသို့ တက်လှမ်းချိန်တွင် ကြုံတွေ့ရသော အခက်အခဲဖြစ်သည်။ နတ်ဘုရားဒုက္ခမှာ မလုပ်သင့်သည့် အရာမျိုးအား လုပ်မိသည့်အခါတွင် ကြုံတွေ့ရတတ်သည့် ဒဏ်ခတ်ခြင်းမျိုးပင် ဖြစ်သည်။ နတ်ဘုရားအပြစ်ဒဏ်မှာမူ နတ်ဘုရားများ၏ ဆန္ဒကို ဆန့်ကျင့်၍ ဆိုးကျိုးများ ဖြစ်ပေါ်စေသောအခါ ခံစားရသော အပြစ်ဒဏ်မျိုး ဖြစ်လေသည်။ ထိုသုံးမျိုးလုံးအား ခြုံ၍ ကောင်းကင်အပြစ်ဒဏ်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

သခင်ကြီးဘိုင်သည် အစွမ်းထက် ပညာရှင်တစ်ဦးဖြစ်သည်။ ရဲရှောင်မည်သို့ပင် ကြိုးစားစေကာမူ လိုက်မမီနိုင်လောက်အောင် အစွမ်းထက်သည့် ပညာရှင်ပင် ဖြစ်သည်။ သို့သော် ထိုသို့သော ပညာရှင်မျိုးပင် နတ်ဘုရားအပြစ်ဒဏ်အား ခံစားရသောအခါ ဒုက္ခိတလုံးလုံးဖြစ်၍ ကြက်တစ်ကောင်ကိုပင် မသတ်နိုင်တော့ချေ။

ထိုကောင်းကင်အပြစ်ဒဏ်နှင့် ပတ်သက်၍ ဆိုရိုးတစ်ခုပင် ရှိခဲ့ဖူးသည်။

“နတ်ဘုရားဝဋ်ကြွေးကလွယ်သလောက် နတ်ဘုရားဒုက္ခက ခက်တယ်။ နတ်ဘုရားအပြစ်ဒဏ်ကတော့ ဘယ်သူမှ လွတ်မြောက်နိုင်စွမ်း မရှိဘူး” ဟူသည့် ဆိုရိုးပင် ဖြစ်သည်။

ကျောင်းဖင်းရှန်သည် ထိုအပြစ်ဒဏ်များ အကြောင်းအား ကောင်းကောင်းသိနေလေသည်။ ရဲရှောင်သာလျှင် ထိုဆေးအား လုပ်နိုင်စွမ်းရှိမည်မှန်း သိသော်လည်း လုပ်ပေးရန် မတောင်းဆိုရက်ပေ။

ရဲရှောင်မှ -

“အစ်ကိုကျောင်း . . . ကျုပ်က ယင်ဆေးကို လုပ်နိုင်တဲ့ အစွမ်းမျိုး ရှိပြီး ခင်ဗျားကိုလည်း ကူညီချင်ပါတယ်။ ဒါပေမယ့် အခုခက်နေတာက ဆေးပစ္စည်းတွေ စုဆောင်းဖို့အတွက်ပဲ။ ရှာရအခက်ဆုံး ဆေးအမယ်က ၉ မျိုး ရှိတယ်။ ပထမတစ်ခုက ငရဲကိုးထပ်ကရေစင်ပဲ။ ၃ ကြိမ်ရမှ ဖြစ်မယ်။ ဆေးလုပ်နေတုန်းမှာ ဒီရေကို ၃ ကြိမ် သုံးရမှာလေ။ ဒုတိယ တစ်ခုက ယွန်မြစ်ပန်းရဲ့ ဝတ်ဆံ၊ တတိယတစ်ခုက အမှောင်ကမ္ဘာမြက်၊ စတုတ္ထက ငရဲချောက်တံတားက အသူတရာကျောက်စိမ်း၊ ပဉ္စမက မဟူရာဝိညာဉ်အမြစ် ဒါမှမဟုတ် ငရဲက အရောင်သုံးမျိုး အရွက်ပဲ . . .”

ရဲရှောင်သည် ပထမဆုံး ပစ္စည်း ၅ မျိုးကိုသာ ရွတ်ပြလိုက်သော်လည်း ကျောင်းဖင်းရှန်မှာမူ မူးဝေဝေ ဖြစ်သွားသည်။ ထို့ပြင် မျက်နှာတစ်ခုလုံးသည်လည်း သွေးမရှိတော့သည့်အလား ဖြူရော်ရော် ဖြစ်သွားသည်။

သို့သော် အံတစ်ချက်ကြိတ်လိုက်ရင်း -

“နောက်ဟာတွေကရော . . . နောက် ၄ မျိုးက ဘာတွေလဲ . . .”

“ကျန်တာတွေကတော့ ငရဲပြည်ကဟာတွေ မဟုတ်တော့ပါဘူး။ တိမ်တိုက်ကိုးခုကျောက်စိမ်းမှို၊ ကောင်းကင်စိမ်းမြက်၊ ဂျင်ဆင်းနဲ့ ဝိညာဉ်တော်အဆင့် ၉ ရှိတဲ့ သားရဲရဲ့ အမြုတေပဲ။ အဲဒီအမြုတေက အနည်းဆုံးတော့ နှစ်တစ်ထောင်ကျော် သက်တမ်း ရှိရမယ် . . .”

ရဲရှောင် ပြုံးလိုက်ပြန်ရင်း -

“ပထမပစ္စည်း ၅ မျိုးက ငရဲမှာရှိတယ်။ တိမ်တိုက်ကိုးခု ကျောက်စိမ်းမှိုနဲ့ ကောင်းကင်စိမ်းမြက်တို့က ကောင်းကင်နယ်ပယ်မှာ ရှိတယ်။ ဂျင်ဆင်းကတော့ ရဖို့ အလွယ်ကူဆုံးပေါ့။ သင်္ချိုင်းတွေနားတို့ အရမ်းအေးစက်တဲ့ ချီဓာတ်တွေနဲ့ ပြည့်နေတဲ့ နေရာနားတွေမှာ ရှိတတ်တယ်။ သားရဲအမြုတေကလည်း ချင်းယန်နယ်ပယ်မှာ တွေ့နိုင်မှာပါ။ ဒါပေမယ့် ဒီလိုနှစ်တစ်ထောင်သက်တမ်းကျော် သားရဲကြီးတွေက မယုံကြည်နိုင်လောက်အောင် အစွမ်းထက်တယ်။ မူလတာအိုအဆင့်အောက် လူတွေအဖို့ ဒီကောင်ကြီးကို သတ်ပြီး အမြုတေ မယူနိုင်လောက်ဘူး . . .”

ရဲရှောင် နည်းလမ်း ၂ မျိုးလုံးအား ရှင်းပြပြီးချိန်တွင် ကျောင်းဖင်းရှန်နှင့် မြူခိုးများကြားထဲမှ မိန်းကလေးတို့သည် မှိုင်တွေသွားကြလေသည်။ စိတ်ဓာတ်လည်း အလွန်ကျသွားသည့် ပုံပင်။

ကျောင်းဖင်းရှန်တို့ နှစ်ဦးအတွက် နည်းလမ်း ၂ ခုလုံးသည် မိုးကောင်းကင်ကို ထိတွေ့ရန်ထက်ပင် ပို၍ ခက်နေပါသေးသည်။ မဖြစ်နိုင်သလောက်ကို ဖြစ်နေပါသည်။

“ပထမနည်းလမ်းက ဝိညာဉ်ကာကွယ်ဆေးကို ကျုပ်လုပ်နိုင်တယ်။ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း စိတ်ရှည်ရှည်နဲ့ စုဆောင်းကြတာပေါ့။ ကျုပ်တို့ကို ကူညီဖို့အတွက် မူလတာအိုအဆင့် ပညာရှင်ကို ရှာရမှာတော့ နည်းနည်းခက်တယ်။ ဒါပေမယ့် ကျုပ်တို့ဘက်က မက်လောက်စရာ တစ်ခုခုပေးပြီးတော့ ဖြစ်ဖြစ် ဒါမှမဟုတ် ကံကောင်းသွားလို့ပဲဖြစ်ဖြစ် တစ်နေ့နေ့မှာတော့ ရှာတွေ့မှာပါ။ အစ်ကိုကျောင်းကိုယ်တိုင်လည်း သေချာသာ ကျင့်ကြံမှုတွေ လုပ်မယ်ဆိုရင် မူလတာအိုအဆင့် ၅ ကို ရောက်နိုင်တာပဲလေ။ ဒါဆိုရင် ယုအာကို ခင်ဗျားကိုယ်တိုင် ကယ်တင်လို့ရပြီ။ ပိုပြီးလည်း သင့်တော်တယ်။ ဒါကပထမနည်းလမ်းနဲ့ ပတ်သက်ပြီး စဉ်းစားကြည့်တာပါ။ ကျုပ်တို့သာ အားစိုက်ကြမယ်ဆိုရင် ကံလေးနည်းနည်း ဖေးမတာနဲ့ တစ်နေ့တော့ အောင်မြင်နိုင်မှာပါ . . .”

ရဲရှောင် သက်ပြင်းချ၍ ပြောလိုက်ပါတော့သည်။

Chapter (426)

“မိုးေကာင္းကင္ကို ထိေတြ႕ရသည္ထက္ ခက္၏”

ေက်ာင္းဖင္း႐ွန္ ေျပာလိုက္သည့္ စကားေၾကာင့္ ရဲေ႐ွာင္ အံ့ဩသြားမိသည္။ သို႔ေသာ္ အခ်ိန္အနည္းငယ္ခန္႔ စဥ္းစားမိလိုက္ေသာအခါ ေက်ာင္းဖင္း႐ွန္၏ အေျခအေနအား သေဘာေပါက္သြားသည္။ ေက်ာင္းဖင္း႐ွန္သည္ ေမာ္တယ္ကမ႓ာတြင္ သတ္ျဖတ္ျခင္း ဘုရင္ဟု ေက်ာ္ၾကားသည့္တိုင္ အဆင့္ျမင့္နယ္ပယ္မွ ပညာ႐ွင္မ်ားႏွင့္ တစ္ခါမွ် ေတြ႕ဖူးသည့္ပုံ မေပၚေခ်။

“ခင္ဗ်ားကအခု ေကာင္းကင္အဆင့္ရဲ႕ ထိပ္ဆုံး မဟုတ္လား . . .”

ရဲေ႐ွာင္ ေမးလိုက္သည္။

“ဟုတ္တယ္ . . .”

ေက်ာင္းဖင္း႐ွန္ ေခါင္းညိတ္၍ ျပန္ေျဖလိုက္၏။

“ေကာင္းကင္အဆင့္ၿပီးရင္ မူလဝိညာဥ္ေတာ္ အဆင့္ဆိုတာ ႐ွိတယ္။ အဲဒီအဆင့္မွာ အဆင့္ေပါင္း ၉ ဆင့္ ႐ွိတယ္။ အဲဒါၿပီးရင္ေတာ့ မူလအိပ္မက္အဆင့္ကို ေရာက္မယ္။ အဲဒီမွာလည္း အဆင့္ေပါင္းက  ၉ ဆင့္ပဲ။ မူလတာအိုအဆင့္ ဆိုတာကေတာ့ မူလအိပ္မက္အဆင့္ၿပီး ေရာက္မယ့္ အဆင့္ေပါ့။ အဲဒီမွာလည္း အဆင့္ေပါင္း ၉ ဆင့္ ႐ွိတယ္။ ဒီအဆင့္မွာဆို အဆင့္တစ္ဆင့္တက္ခ်င္ရင္ ေကာင္းကင္ဘုံတစ္ခုကို တက္ရသလို သတ္မွတ္လို႔ရတယ္ . . .”

“ဒီနယ္ပယ္ကလူေတြ ယုံၾကည္ေနၾကတဲ့ နတ္ဘုရားအဆင့္ေတြဘာေတြ ဆိုတာက မူလဝိညာဥ္ေတာ္ အဆင့္ေလာက္ကို ေျပာေနၾကတာပဲ။ တစ္ခါတေလ မူလတာအိုအဆင့္႐ွိတဲ့ ပညာ႐ွင္ေတြ ေပၚလာတတ္ေပမယ့္ သူတို႔က ဒီကလူေတြ မဟုတ္ဘူး။ မေတာ္တဆ ေရာက္လာၾကတဲ့ သေဘာပဲ။ သူတို႔ရဲ႕ အစြမ္းက ဒီကမ႓ာထက္ အမ်ားႀကီး သာလြန္ေနတယ္။ အဲဒါေၾကာင့္ ေကာင္းကင္အဆင့္ကို ေက်ာ္ျဖတ္ႏိုင္သြားတဲ့ လူဆိုရင္ အဆင့္ျမင့္နယ္ပယ္တစ္ခုခုကို တက္သြားၾကရတာပဲ . . .”

ရဲေ႐ွာင္ ေျပာလိုက္သည့္ စကားေၾကာင့္ ေက်ာင္းဖင္း႐ွန္၏ မ်က္ႏွာအမူအယာသည္ ႐ုတ္ခ်ည္း ေျပာင္းလဲသြားသည္။

ထို႔ျပင္ သူ၏ ရင္ထဲတြင္ စို႔နင့္သြားသလိုလည္း ခံစားလိုက္ရသည္။

ေက်ာင္းဖင္း႐ွန္အတြက္ ေကာင္းကင္အဆင့္ ၉ သို႔ ေရာက္႐ွိရန္အတြက္ အခက္အခဲမ်ိဳးစုံ ၾကဳံေတြ႕ခဲ့ရသည္။ သို႔ေသာ္ ထိုအဆင့္ထက္တြင္ အဆင့္ေပါင္းမ်ားစြာ ႐ွိေနလိမ့္မည္ဟု မထင္ထားခဲ့မိေခ်။ ေကာင္းကင္အဆင့္၏ အထက္တြင္ အဆင့္ ၉ ဆင့္႐ွိေသာ မူလဝိညာဥ္ေတာ္အဆင့္ ႐ွိေနသည္။ ထိုမူလဝိညာဥ္ေတာ္အဆင့္ တစ္ဆင့္အား ေက်ာ္ျဖတ္ရသည္မွာ ေကာင္းကင္အဆင့္ထက္ အဆေထာင္ေသာင္းမက ခက္ခဲလွသည္။ ထိုအထက္တြင္ မူလအိပ္မက္အဆင့္ ႐ွိေနေသးသည္။ ခက္ခဲမႈမွာလည္း အဆမတန္ ကြာျခားသြားေပလိမ့္မည္။ မူလတာအိုအဆင့္အတြက္ ဆိုလွ်င္ေတာ့ ဆိုဖြယ္ရာပင္ မ႐ွိေတာ့ေခ်။

ေက်ာင္းဖင္း႐ွန္ ေတြးပင္ မေတြးဝံ့ရဲေတာ့ေပ။ မူလတာအိုအဆင့္ ျဖစ္႐ုံႏွင့္လည္း မရေသးေခ်။ မူလတာအိုအဆင့္ ၅ အထက္မွသာ ရေပလိမ့္မည္။ ထိုကဲ့သို႔ အဆင့္ေရာက္ရန္ လူတစ္ေယာက္သည္ ႏွစ္ေထာင္ႏွင့္ခ်ီ၍ က်င့္ၾကံမႈ လုပ္ရေပလိမ့္မည္။ အခက္အခဲမ်ားစြာလည္း ေတြ႕ႏိုင္ေပသည္။

ထိုကဲ့သို႔ေသာ လူမွ ေက်ာင္းဖင္း႐ွန္အား မည္သို႔ ကူညီပါမည္နည္း။ ထို႔အျပင္ ထိုသို႔ကူညီသည့္အတြက္ ေကာင္းကင္အျပစ္ဒဏ္ ခတ္ျခင္းကိုလည္း ခံစားရေပဦးမည္။ က်င့္ၾကံမႈစြမ္းအား တဝက္ေလာက္လည္း ေလ်ာ့က်သြားမည္ ျဖစ္သည္။

မည္သူမွ် ထိုမွ်ေလာက္ စေတးခံေပးလိမ့္မည္ မဟုတ္ေပ။ ထို႔ျပင္ အခန္႔မသင့္လွ်င္ အသက္ပင္ ေသဆုံးႏိုင္ပါေသးသည္။

ထို႔ေၾကာင့္ ပထမနည္းလမ္းသည္ အေတာ္ကို ခက္ခဲလွသည္ဟု ဆိုရေပမည္။ ယုအာအတြက္ အထိအခိုက္နည္းမည္ ဆိုသည့္တိုင္ လတ္တေလာတြင္ မျဖစ္ႏိုင္သေလာက္ပင္။

ေက်ာင္းဖင္း႐ွန္ ေခါင္းငိုက္စိုက္ က်သြားၿပီး စိတ္ဓာတ္က်သြားမိသည္။ အတန္ၾကာ ၿငိမ္ေနလိုက္ၿပီးမွ -

“ေနာက္တစ္နည္းကေရာ . . .”

ရဲေ႐ွာင္ ေက်ာင္းဖင္း႐ွန္အား ၾကည့္လိုက္ရင္း -

“ဒုတိယနည္းကေတာ့ ယင္ေဆး လုပ္ရမွာပဲ။ ယုအာအတြက္ ခႏၶာကိုယ္ အခ်ိဳးအစားတစ္ခုကို ယင္ေဆးနဲ႔ က်ဳပ္တို႔ ပုံသြင္းရမယ္။ ၿပီးရင္ ဝိညာဥ္ပုံစံကေန အျပင္ပိုင္းပုံစံ အစစ္အျဖစ္ ေျပာင္းလဲေပးရမယ္။ ဒီနည္းသာ ေအာင္ျမင္မယ္ဆိုရင္ ယုအာက လူသားကိုယ္ခႏၶာအစစ္ေတာ့ ျဖစ္လာမွာ မဟုတ္ဘူး။ ဒါေပမယ့္ သက္႐ွိတစ္ေယာက္လိုေတာ့ ျဖစ္သြားမွာပဲ။ ခင္ဗ်ားသူ႕ကို ျမင္ႏိုင္တယ္။ တစ္နည္းနည္းနဲ႔ေတာင္ ထိေတြ႕လို႔ ရႏိုင္တယ္။ ေနာက္ၿပီး ယုအာသာ သူ႕ဝိညာဥ္ေတာ္ကို ပိုၿပီး အားေကာင္းလာေအာင္ က်င့္ၾကံမႈေတြ လုပ္မယ္ဆိုရင္ တစ္ေန႔မွာ ေအာင္ျမင္မႈေတြ ရလာလိမ့္မယ္။ အဲဒီအခါက် ခင္ဗ်ားတို႔ ၂ ေယာက္ တစ္သက္လုံး အတူတူေနသြားလို႔ ရၿပီ . . .”

ေက်ာင္းဖင္း႐ွန္ သက္ျပင္းခ်လိုက္မိသည္။ ၾကားရသည္မ်ားမွာ ဝမ္းသာစရာ ေကာင္းလွသည့္တိုင္ ပို၍ ခက္ခဲမည္ကိုလည္း သူရိပ္စားမိလိုက္သည္။

ဒုတိယနည္းတြင္ အားသာခ်က္မ်ားစြာ ႐ွိေသာ္လည္း ပထမနည္းထက္ ေသခ်ာေပါက္ ပို၍ ခက္ခဲေပလိမ့္မည္။

ရဲေ႐ွာင္မွ -

“ယင္ေဆးလုံးဆိုတာ ေဆးေလာကမွာ ေဆးပညာ႐ွင္တိုင္း မလုပ္ခ်င္တဲ့ ေဆးမ်ိဳးပဲ။ ဘာလို႔လဲဆိုေတာ့ ေဆးလုပ္ဖို႔အတြက္ လိုအပ္တဲ့ ပါဝင္ပစၥည္းေတြကို ႐ွာေဖြရတာ အရမ္းခက္ခဲလို႔ပဲ။ ဒါေပမယ့္ ဒါအခက္ခဲဆုံး မဟုတ္ေသးဘူး။ ေဆးလုံးလုပ္တဲ့ ေဆးပညာ႐ွင္က နတ္ဘုရားအျပစ္ဒဏ္ကို ခံစားရဖို႔ ေသခ်ာသေလာက္ ျဖစ္ေနတဲ့ အခ်က္ကေတာ့ ေတာ္ေတာ္ဆိုးတယ္ . . .”

ေက်ာင္းဖင္း႐ွန္ မ်က္ႏွာပ်က္သထက္ ပ်က္လာေခ်ၿပီ။ အေတြ႕အၾကဳံ႐ွိသည့္ က်င့္ၾကံမႈ ပညာ႐ွင္တစ္ဦးပီပီ နတ္ဘုရားအျပစ္ဒဏ္သည္ မည္မွ်အထိ ဆိုး႐ြားေၾကာင္း သိေနေလသည္။

နတ္ဘုရားဝဋ္ေႂကြး၊ နတ္ဘုရားဒုကၡႏွင့္ နတ္ဘုရားအျပစ္ဒဏ္တို႔မွာ ပညာ႐ွင္တိုင္းအဖို႔ အိပ္မက္ဆိုးမ်ားပင္ ျဖစ္ၾကသည္။ နတ္ဘုရားဝဋ္ေႂကြးဆိုသည္မွာ က်င့္ၾကံသူတစ္ဦး အဆင့္တစ္ခုသို႔ တက္လွမ္းခ်ိန္တြင္ ၾကဳံေတြ႕ရေသာ အခက္အခဲျဖစ္သည္။ နတ္ဘုရားဒုကၡမွာ မလုပ္သင့္သည့္ အရာမ်ိဳးအား လုပ္မိသည့္အခါတြင္ ၾကဳံေတြ႕ရတတ္သည့္ ဒဏ္ခတ္ျခင္းမ်ိဳးပင္ ျဖစ္သည္။ နတ္ဘုရားအျပစ္ဒဏ္မွာမူ နတ္ဘုရားမ်ား၏ ဆႏၵကို ဆန္႔က်င့္၍ ဆိုးက်ိဳးမ်ား ျဖစ္ေပၚေစေသာအခါ ခံစားရေသာ အျပစ္ဒဏ္မ်ိဳး ျဖစ္ေလသည္။ ထိုသုံးမ်ိဳးလုံးအား ျခဳံ၍ ေကာင္းကင္အျပစ္ဒဏ္ဟု ေခၚဆိုျခင္း ျဖစ္သည္။

သခင္ႀကီးဘိုင္သည္ အစြမ္းထက္ ပညာ႐ွင္တစ္ဦးျဖစ္သည္။ ရဲေ႐ွာင္မည္သို႔ပင္ ႀကိဳးစားေစကာမူ လိုက္မမီႏိုင္ေလာက္ေအာင္ အစြမ္းထက္သည့္ ပညာ႐ွင္ပင္ ျဖစ္သည္။ သို႔ေသာ္ ထိုသို႔ေသာ ပညာ႐ွင္မ်ိဳးပင္ နတ္ဘုရားအျပစ္ဒဏ္အား ခံစားရေသာအခါ ဒုကၡိတလုံးလုံးျဖစ္၍ ၾကက္တစ္ေကာင္ကိုပင္ မသတ္ႏိုင္ေတာ့ေခ်။

ထိုေကာင္းကင္အျပစ္ဒဏ္ႏွင့္ ပတ္သက္၍ ဆို႐ိုးတစ္ခုပင္ ႐ွိခဲ့ဖူးသည္။

“နတ္ဘုရားဝဋ္ေႂကြးကလြယ္သေလာက္ နတ္ဘုရားဒုကၡက ခက္တယ္။ နတ္ဘုရားအျပစ္ဒဏ္ကေတာ့ ဘယ္သူမွ လြတ္ေျမာက္ႏိုင္စြမ္း မ႐ွိဘူး” ဟူသည့္ ဆို႐ိုးပင္ ျဖစ္သည္။

ေက်ာင္းဖင္း႐ွန္သည္ ထိုအျပစ္ဒဏ္မ်ား အေၾကာင္းအား ေကာင္းေကာင္းသိေနေလသည္။ ရဲေ႐ွာင္သာလွ်င္ ထိုေဆးအား လုပ္ႏိုင္စြမ္း႐ွိမည္မွန္း သိေသာ္လည္း လုပ္ေပးရန္ မေတာင္းဆိုရက္ေပ။

ရဲေ႐ွာင္မွ -

“အစ္ကိုေက်ာင္း . . . က်ဳပ္က ယင္ေဆးကို လုပ္ႏိုင္တဲ့ အစြမ္းမ်ိဳး ႐ွိၿပီး ခင္ဗ်ားကိုလည္း ကူညီခ်င္ပါတယ္။ ဒါေပမယ့္ အခုခက္ေနတာက ေဆးပစၥည္းေတြ စုေဆာင္းဖို႔အတြက္ပဲ။ ႐ွာရအခက္ဆုံး ေဆးအမယ္က ၉ မ်ိဳး ႐ွိတယ္။ ပထမတစ္ခုက ငရဲကိုးထပ္ကေရစင္ပဲ။ ၃ ႀကိမ္ရမွ ျဖစ္မယ္။ ေဆးလုပ္ေနတုန္းမွာ ဒီေရကို ၃ ႀကိမ္ သုံးရမွာေလ။ ဒုတိယ တစ္ခုက ယြန္ျမစ္ပန္းရဲ႕ ဝတ္ဆံ၊ တတိယတစ္ခုက အေမွာင္ကမ႓ာျမက္၊ စတုတၳက ငရဲေခ်ာက္တံတားက အသူတရာေက်ာက္စိမ္း၊ ပၪၥမက မဟူရာဝိညာဥ္အျမစ္ ဒါမွမဟုတ္ ငရဲက အေရာင္သုံးမ်ိဳး အ႐ြက္ပဲ . . .”

ရဲေ႐ွာင္သည္ ပထမဆုံး ပစၥည္း ၅ မ်ိဳးကိုသာ ႐ြတ္ျပလိုက္ေသာ္လည္း ေက်ာင္းဖင္း႐ွန္မွာမူ မူးေဝေဝ ျဖစ္သြားသည္။ ထို႔ျပင္ မ်က္ႏွာတစ္ခုလုံးသည္လည္း ေသြးမ႐ွိေတာ့သည့္အလား ျဖဴေရာ္ေရာ္ ျဖစ္သြားသည္။

သို႔ေသာ္ အံတစ္ခ်က္ႀကိတ္လိုက္ရင္း -

“ေနာက္ဟာေတြကေရာ . . . ေနာက္ ၄ မ်ိဳးက ဘာေတြလဲ . . .”

“က်န္တာေတြကေတာ့ ငရဲျပည္ကဟာေတြ မဟုတ္ေတာ့ပါဘူး။ တိမ္တိုက္ကိုးခုေက်ာက္စိမ္းမိႈ၊ ေကာင္းကင္စိမ္းျမက္၊ ဂ်င္ဆင္းနဲ႔ ဝိညာဥ္ေတာ္အဆင့္ ၉ ႐ွိတဲ့ သားရဲရဲ႕ အျမဳေတပဲ။ အဲဒီအျမဳေတက အနည္းဆုံးေတာ့ ႏွစ္တစ္ေထာင္ေက်ာ္ သက္တမ္း ႐ွိရမယ္ . . .”

ရဲေ႐ွာင္ ျပဳံးလိုက္ျပန္ရင္း -

“ပထမပစၥည္း ၅ မ်ိဳးက ငရဲမွာ႐ွိတယ္။ တိမ္တိုက္ကိုးခု ေက်ာက္စိမ္းမိႈနဲ႔ ေကာင္းကင္စိမ္းျမက္တို႔က ေကာင္းကင္နယ္ပယ္မွာ ႐ွိတယ္။ ဂ်င္ဆင္းကေတာ့ ရဖို႔ အလြယ္ကူဆုံးေပါ့။ သခ်ႋဳင္းေတြနားတို႔ အရမ္းေအးစက္တဲ့ ခ်ီဓာတ္ေတြနဲ႔ ျပည့္ေနတဲ့ ေနရာနားေတြမွာ ႐ွိတတ္တယ္။ သားရဲအျမဳေတကလည္း ခ်င္းယန္နယ္ပယ္မွာ ေတြ႕ႏိုင္မွာပါ။ ဒါေပမယ့္ ဒီလိုႏွစ္တစ္ေထာင္သက္တမ္းေက်ာ္ သားရဲႀကီးေတြက မယုံၾကည္ႏိုင္ေလာက္ေအာင္ အစြမ္းထက္တယ္။ မူလတာအိုအဆင့္ေအာက္ လူေတြအဖို႔ ဒီေကာင္ႀကီးကို သတ္ၿပီး အျမဳေတ မယူႏိုင္ေလာက္ဘူး . . .”

ရဲေ႐ွာင္ နည္းလမ္း ၂ မ်ိဳးလုံးအား ႐ွင္းျပၿပီးခ်ိန္တြင္ ေက်ာင္းဖင္း႐ွန္ႏွင့္ ျမဴခိုးမ်ားၾကားထဲမွ မိန္းကေလးတို႔သည္ မိႈင္ေတြသြားၾကေလသည္။ စိတ္ဓာတ္လည္း အလြန္က်သြားသည့္ ပုံပင္။

ေက်ာင္းဖင္း႐ွန္တို႔ ႏွစ္ဦးအတြက္ နည္းလမ္း ၂ ခုလုံးသည္ မိုးေကာင္းကင္ကို ထိေတြ႕ရန္ထက္ပင္ ပို၍ ခက္ေနပါေသးသည္။ မျဖစ္ႏိုင္သေလာက္ကို ျဖစ္ေနပါသည္။

“ပထမနည္းလမ္းက ဝိညာဥ္ကာကြယ္ေဆးကို က်ဳပ္လုပ္ႏိုင္တယ္။ လိုအပ္တဲ့ ပစၥည္းေတြကိုလည္း စိတ္႐ွည္႐ွည္နဲ႔ စုေဆာင္းၾကတာေပါ့။ က်ဳပ္တို႔ကို ကူညီဖို႔အတြက္ မူလတာအိုအဆင့္ ပညာ႐ွင္ကို ႐ွာရမွာေတာ့ နည္းနည္းခက္တယ္။ ဒါေပမယ့္ က်ဳပ္တို႔ဘက္က မက္ေလာက္စရာ တစ္ခုခုေပးၿပီးေတာ့ ျဖစ္ျဖစ္ ဒါမွမဟုတ္ ကံေကာင္းသြားလို႔ပဲျဖစ္ျဖစ္ တစ္ေန႔ေန႔မွာေတာ့ ႐ွာေတြ႕မွာပါ။ အစ္ကိုေက်ာင္းကိုယ္တိုင္လည္း ေသခ်ာသာ က်င့္ၾကံမႈေတြ လုပ္မယ္ဆိုရင္ မူလတာအိုအဆင့္ ၅ ကို ေရာက္ႏိုင္တာပဲေလ။ ဒါဆိုရင္ ယုအာကို ခင္ဗ်ားကိုယ္တိုင္ ကယ္တင္လို႔ရၿပီ။ ပိုၿပီးလည္း သင့္ေတာ္တယ္။ ဒါကပထမနည္းလမ္းနဲ႔ ပတ္သက္ၿပီး စဥ္းစားၾကည့္တာပါ။ က်ဳပ္တို႔သာ အားစိုက္ၾကမယ္ဆိုရင္ ကံေလးနည္းနည္း ေဖးမတာနဲ႔ တစ္ေန႔ေတာ့ ေအာင္ျမင္ႏိုင္မွာပါ . . .”

ရဲေ႐ွာင္ သက္ျပင္းခ်၍ ေျပာလိုက္ပါေတာ့သည္။

Continue Reading

You'll Also Like

36.2K 2.7K 104
ဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်...
172K 21.8K 58
အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေအကုန်လုံးကို ပျော်ပျော်ကြီး ပြန်ဆပ်မည်။ ...
134K 12.1K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...