Chapter (424)
“အချစ်အတွက်ဆို”
“နောက်တော့ . . .”
ကျောင်းဖင်းရှန် တစ်ချက်ပြုံးလိုက်ရင်း -
“နောက်တော့ အရူးတစ်ယောက်လို သူ့အလောင်းကို တူးခဲ့မိတယ်။ ကျုပ်သူ့ကို အရမ်းတွေ့ချင်နေမိပြီလေ။ ဒါပေမယ့် ကျုပ်သူ့ရဲ့ အရိုးခြောက်ဖြစ်လုမတတ် အရိုးစုကိုပဲ တွေ့ခဲ့ရတယ်။ ယုအာက မြေကြီးထဲမှာ ငြိမ်ငြိမ်လေး လှဲလျောင်းနေပြီး သေဆုံးနေခဲ့ပြီကိုး။ ကျုပ်လည်း မခံစားနိုင်လွန်းလို့ သွေးအန်ထွက်သွားမိပြီး လဲကျသွားတယ် . . .”
“သူ့ဘေးနားမှာပဲ သူနဲ့အတူ လှဲနေပြီး ပြန်ကို မထွက်ချင်တော့ဘူး။ သူ့မိဘတွေနဲ့ ကျုပ်မိဘတွေ ဒူးထောက်တောင်းပန် ခဲ့ရတဲ့အထိပဲ . . .”
“မထချင်ပေမယ့် ကျုပ်ပြန်ထခဲ့တယ်။ ယုအာက သေသွားပြီလေ။ ကျုပ်တို့မိဘတွေကတော့ အသက်ရှင်နေကြသေးတယ်။ သူတို့ကိုပါ ထပ်ပြီး ရင်မကွဲစေချင်တော့ဘူး။ သူတို့ကို ဂရုစိုက်ဖို့ လိုသေးတယ် မဟုတ်လား။ ကျန်တဲ့ ကျုပ်တစ်ဘဝလုံး ဘာလုပ်ရမယ် ဆိုတာကိုတောင် မသိတော့ဘူး။ သူ့ရဲ့ မြေပုံထဲမှာ ကျုပ်လည်း ယင်အသီးကို ထားခဲ့လိုက်တယ်။ တစ္ဆေတွေ ဝိညာဉ်တွေအတွက် ဒီအသီးက အသုံးဝင်မှန်းသိလို့ ကျုပ်ယုအာလေးအတွက် ထားခဲ့တာပေါ့ . . .”
“သူ့ကိုယ်ပေါ်မှာ အသီးကို ကျုပ်တင်ပေးခဲ့တယ်။ အသီးက သူ့ကိုယ်ထဲ ဝင်သွားသလို တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတယ်။ အဲဒီအချိန်တုန်းက ကျုပ်ကို နတ်ဘုရားတွေ ကောင်းချီးပေးခဲ့တာလို့ ကျုပ်ထင်ခဲ့မိတယ်။ ကျုပ်ဖြင့် အိပ်မက်တောင် မက်တယ်ဗျာ။ ယန်အသီးကြောင့် ကျုပ်ရဲ့ ကျင့်ကြံမှုတွေဟာ ၆ နှစ်စာလောက် လျင်လျင်မြန်မြန် တိုးတက်ခဲ့တယ်။ သူလည်း ယင်အသီးကို စားလိုက်ရင် အသက်များ ပြန်ရှင်လာမလေလားပေါ့။ ဒါပေမယ့် လက်တွေ့မှာတော့ သူပြန်မလာနိုင်ခဲ့ပါဘူး။ ယင်အသီး ပျောက်သွားပေမယ့် ဘာမှ ထူးခြားတာ ဖြစ်မလာခဲ့ဘူး။ ဘာကြောင့်များလဲ ဘာကြောင့် ဘာထူးခြားမှုမှ မရှိရတာလဲ။ သူယင်အသီးကို စားခဲ့တာ မဟုတ်လား။ ဒါဆိုဘာလို့များ ကျုပ်ကို နတ်ဘုရားတွေက ကောင်းချီး မပေးရတာလဲ . . .”
ကျောင်းဖင်းရှန် တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ ထို့နောက် ရဲရှောင်၏ ဝတ်ရုံစအား ကိုင်ဆွဲကာ နီရဲသော မျက်လုံးများဖြင့် ကြည့်လိုက်ကာ -
“ဘာကြောင့်လဲ . . . ဘာကြောင့်လဲ . . . ဘာကြောင့်လဲ . . . ဘာကြောင့်လဲဆိုတာ ခင်ဗျားသိလား။ ကျုပ်ကို ဖြေပါဦး . . .”
ရဲရှောင် ကျောင်းဖင်းရှန်အား ငေးမော၍ ကြည့်လိုက် မြူခိုးများကြားထဲမှ မိန်းကလေးအား ကြည့်လိုက်နှင့် ဖြစ်နေမိသည်။ ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်ရင်း -
“အစ်ကိုကျောင်း . . . ခင်ဗျားမသိတာပါ။ ယင်အသီးက အာနိသင် ရှိခဲ့ပါတယ်။ ယုအာက သေရာက ပြန်မရှင်နိုင်ဘူး ဆိုပေမယ့် တခြားနည်းလမ်း တစ်မျိုးနဲ့ ခင်ဗျားဘေး ရောက်နေခဲ့တယ်။ အဲ့ဒါကို ခင်ဗျား မသိလို့ပါ . . .”
ရဲရှောင်သည် ကျောင်းဖင်းရှန်၏ ထူးဆန်းသော အဖြစ်အပျက်များအား နားလည်သဘောပေါက် သွားခဲ့သည်။ လူများ သေသည့်အခါ ဝိညာဉ်များသည် ကွယ်ပျောက်သွားခဲ့ရပြီး ဝိညာဉ်တော် အမျှင်တန်း အနည်းငယ်သည်သာ ပြန်လည်ဝင်စားနိုင်ရန် နယ်ပယ် အသီးသီးသို့ လွင့်ပျံထွက်သွားရသည်။ ကျောင်းဖင်းရှန် ချစ်ရသည့် မိန်းကလေး ယုအာ၏ ဝိညာဉ်တော်သည် မြူခိုးများ၏ အကာအကွယ် အတွင်း ရှိနေပြီး ကျောင်းဖင်းရှန်နှင့် မခွဲမခွာ အတူရှိနေကာ ပုံစံအရလည်း ကောင်းကောင်းမွန်မွန်ပါပင်။
နေ့အချိန်များမှာပင် သူမသည် ကျောင်းဖင်းရှန်၏ ဘေးနားတွင် ရှိနေနိုင်သည်။ မည်သည့်အခါမျှ ထွက်ခွာသွားခဲ့သည့်ပုံလည်း မပေါ်ချေ။
ထိုသို့ ဖြစ်ရခြင်းမှာ ကျောင်းဖင်းရှန်မှ ယုအာ၏ အလောင်းပေါ်သို့ ယင်အသီးအား တင်ခဲ့သောကြောင့် ဖြစ်သည်။
ကျောင်းဖင်းရှန် အသီးအား တင်လိုက်သည့် အချိန်တွင် ယုအာ သေပြီးနောက် ၇ ရက်သာ ရှိသေးသည်။ ထို့ကြောင့် ထိုအချိန်တွင် သူမ၏ ဝိညာဉ်တော်အကြွင်းအကျန်များ ခန္ဓာကိုယ်တွင် ရှိနေနိုင်သေးသည်။ အလောင်းမှ ယင်အသီး၏ ဝိညာဉ်တော် ချီဓာတ်များအား စုပ်ယူလိုက်ခြင်းကြောင့် ယခုကဲ့သို့ ဖြစ်လာရခြင်း ဖြစ်ပေသည်။ ယုအာ၏ မှတ်ဉာဏ်များ မပျောက်ပျက်သွားသေးဘဲ အရာရာကို မှတ်မိနေခြင်းသည်သာ ထူးခြားသော အဖြစ်အပျက်တစ်ခုပင် ဖြစ်သည်။
အပင်တစ်ပင်တည်းမှ သီးသော အသီး ၂ လုံးသည် လူ ၂ ယောက်အား ကယ်တင်ခဲ့လေသည်။ ယန်အသီးသည် ကျောင်းဖင်းရှန်အား ကယ်တင်စေနိုင်ခဲ့သကဲ့သို့ ယင်အသီးသည်လည်း ယုအာအား ကယ်တင်ပေးခဲ့သည်။
သူတို့ နှစ်ဦးသည် ဘုံမတူတော့သော်လည်း တစ်ယောက်၏နောက်သို့ တစ်ယောက်မှ ထပ်ကြပ်မခွာ လိုက်နေခဲ့သည်။ သေအတူ ရှင်မကွာ ဆိုသည့် သဘောမျိုးပင် ဖြစ်နေလေသည်။
တစ်ခါတရံတွင် တကယ့်အဖြစ်အပျက်များသည် စိတ်ကူးယဉ်သည်ထက်ပင် ပို၍ ဆန်းကြယ်နေပါသေးသည်။
“ယင်အသီးက အာနိသင် ရှိခဲ့တယ် ဟုတ်လား၊ ခင်ဗျား ဘာကိုဆိုလိုတာလဲ။ ယုအာက ကျုပ်နဲ့အတူ အချိန်တိုင်း ရှိနေခဲ့တာလား။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ခင်ဗျားဘာတွေ လာပြောနေတာလဲ။ သူသာ ကျုပ်နားမှာဆို ကျုပ်ဘာလို့ မမြင်ရတာလဲ။ ခင်ဗျားဘာတွေ ပြောနေတာလဲဗျာ . . .”
ကျောင်းဖင်းရှန် စို့နစ်ကြေကွဲသော အသံကြီးဖြင့် ပြောလိုက်သည်။
“ဟူး . . . ခင်ဗျားသူ့ကို လွမ်းနေတာ သိပါတယ်။ သူကလည်း ခင်ဗျားကိုပဲ အမြဲ ကြည့်နေခဲ့တာပါ။ သူခင်ဗျားကို မြင်နိုင်ပေမယ့် ထိတွေ့လို့ မရနိုင်ဘူး။ ခင်ဗျားဘယ်လောက်လွမ်းနေနေ သူရှိနေတယ် ဆိုတာကို ခင်ဗျား မသိနိုင်ခဲ့ဘူး။ ဒီလို ခံစားမှုက ကမ္ဘာပေါ်မှာ ဝမ်းနည်းစရာ အကောင်းဆုံး ဖြစ်မယ်ထင်တယ်။ ကျုပ်ကောင်မလေးကို ဘာလို့ မြင်နိုင်လဲ ခင်ဗျား သိလား . . .”
“ခင်ဗျားကြောင့်ပဲ . . . ခင်ဗျားက ယင်အသီးကို ယုအာပေါ် တင်ခဲ့တယ်။ အသီးက သူ့ကိုယ်ထဲ ဝင်သွားတယ်။ သူ့ကို အသက်ပြန်ရှင်မလာစေပေမယ့် သူ့ရဲ့ ဝိညာဉ်တော်ကို အားကောင်းသွားစေခဲ့တယ်။ သူက ပြန်လည် ဝင်စားလိုက်ရမယ့်အစား ဒီဝိညာဉ်ပုံစံနဲ့ပဲ ခင်ဗျားနား မခွဲမခွာ အတူနေခဲ့တယ်လေ . . .”
“ဒါကြောင့် သူ့ကို ကျုပ်မြင်နိုင်နေတာပေါ့ . . .”
ရဲရှောင် ကျောင်းဖင်းရှန်အား ကြည့်ရင်း ပြောလိုက်သည်။
မြူခိုးကြားမှ မိန်းကလေးသည် ရဲရှောင်အား ခေါင်းညိတ်ပြလိုက်သည်။
“ခင်ဗျား တကယ်ပြောတာလား . . . ယုအာက ကျုပ်နဲ့အတူ အမြဲရှိနေခဲ့တာပေါ့နော် . . .”
“ခင်ဗျားက သူ့ကို မြင်တယ် မဟုတ်လား၊ သူ့ပုံစံ အခုဘယ်လိုဖြစ်နေလဲဆိုတာ ပြောစမ်းပါဦးဗျာ . . .”
ကျောင်းဖင်းရှန် တအံ့တဩဖြင့် မေးလိုက်သည်။
ရဲရှောင် မိန်းကလေးအား လှမ်းကြည့်လိုက်သည်။ ယုအာသည် အနည်းငယ် ရှက်ရွံ့နေဟန်ရှိပြီး ခေါင်းငုံ့ထားလေသည်။ တခဏကြာမှသာ ခေါင်းကို ရဲရဲတင်းတင်း မော့လိုက်ပြီး ရဲရှောင်အား ပြန်လည် စိုက်ကြည့်လာသည်။ သူမ၏ ယခုပုံစံအား ချစ်ရသူဖြစ်သည့် ကျောင်းဖင်းရှန်ထံသို့ ပြန်ပြောစေချင်ပုံပင်။
“သူက အဖြူရောင်ဝတ်ရုံကို ဝတ်ထားတယ်။ ခပ်ပိန်ပိန်ပဲ။ သူ့ဆံပင်မှာ အထုံး ၂ ခု ရှိတယ်။ ညာဖက်က အထုံးက နည်းနည်း ကြီးနေတယ်။ သူ့ပုံစံက ချစ်စရာလေးပါ။ သာမန် မိသားစုက မွေးဖွားလာပြီး ရည်ရည်မွန်မွန်နဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေး ပုံစံပါပဲ . . .”
ကျောင်းဖင်းရှန်မှ အလောတကြီး အမူအယာဖြင့် -
“ဟုတ်တယ် . . . ဟုတ်တယ် . . . ကျုပ်ရဲ့ ယုအာပဲ၊ ကျုပ်တို့ ကလေးတုန်းက အတူတူဆော့ကြရင်း ယုအာ လဲကျသွားခဲ့ဖူးတယ်။ သူ့ရဲ့ ညာဖက်ခေါင်းမှာ ဒဏ်ရာရသွားခဲ့တယ်လေ။ အဲဒါကြောင့် အဲဒီဒဏ်ရာကို ဖုံးထားချင်လို့ သူက ဆံထုံးထုံးတဲ့အခါမှာ ညာဖက်ကို ပိုကြီးအောင် ထုံးလေ့ရှိတယ် . . .”
ကျောင်းဖင်းရှန် ရဲရှောင်၏ အရှေ့တွင် ဒူးထောက်ချလိုက်ကာ -
“ဖန်ဧကရာဇ် . . . ကျေးဇူးပြုပြီး . . . ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပေးပါ။ ခင်ဗျားမှာ သူ့ကို မြင်နိုင်တဲ့ နည်းလမ်းတစ်ခု ရှိမှာပဲ။ ကျုပ်ကို မြင်တွေ့ခွင့် ပေးပါဗျာ၊ တစ်ချက်ပါပဲ။ တစ်ချက်လေးပဲ မြင်ချင်လို့ပါ။ ကျုပ်တောင်းပန်ပါတယ် . . .”
သတ်ဖြတ်ခြင်း ဘုရင်သည် ယခုအခါတွင် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သိက္ခာများအား ထည့်မတွက်တော့ဘဲ ဒူးထောက်တောင်းပန်နေပြီ ဖြစ်သည်။
သူအချစ်ရဆုံး မိန်းကလေးအား အရမ်းတွေ့ချင်နေပြီ ဖြစ်သည်။ ထို့အတွက် မည်သည့်အရာများ လုပ်ရလုပ်ရ သူလုပ်မည်သာ ဖြစ်သည်။
မီးခိုးရောင် မြူခိုးများထဲမှ မိန်းကလေးသည်လည်း သည်းထန်စွာ ငိုကြွေးလျက် ရှိသည်။ သူမ၏ ချစ်သူမှ အခြားလူတစ်ဦးအား ဒူးထောက်နေသည်ကို ကြည့်ရင်း အသည်းများ ကွဲကြေသွားမတတ်ပင် ခံစားလိုက်ရသည်။ ထို့နောက် ယုအာသည်လည်း ရဲရှောင်၏ ရှေ့မှောက်သို့ ဖြည်းဖြည်းချင်း ဒူးထောက်ချလိုက်သည်။
ယုအာအနေဖြင့် သူ့အား ရဲရှောင် မြင်နေရသည် ဆိုသည်ကို သိနေခဲ့သည်။ လူသားများကဲ့သို့ စကားမပြောနိုင်သဖြင့် ရဲရှောင်အားအမူအယာအားဖြင့်သာ တောင်းပန်လိုက်ခြင်း ဖြစ်သည်။
“ခင်ဗျား ဘာတွေလုပ်နေတာလဲ။ ခင်ဗျားလည်း ကျုပ်ကို ကူညီခဲ့ဖူးတာပဲဟာ၊ ခင်ဗျားတို့ ချစ်သူနှစ်ဦးအတွက် ကျုပ်လုပ်နိုင်တာမှန်သမျှ အကောင်းဆုံး လုပ်ပေးမှာပါ။ ထပါဗျာ ထပြီးသာ ပြောစမ်းပါ”
ရဲရှောင် ချက်ချင်းပင် ကျောင်းဖင်းရှန်အား ထူပေးလိုက်ပါတော့သည်။
Chapter (424)
“အခ်စ္အတြက္ဆို”
“ေနာက္ေတာ့ . . .”
ေက်ာင္းဖင္း႐ွန္ တစ္ခ်က္ျပဳံးလိုက္ရင္း -
“ေနာက္ေတာ့ အ႐ူးတစ္ေယာက္လို သူ႕အေလာင္းကို တူးခဲ့မိတယ္။ က်ဳပ္သူ႕ကို အရမ္းေတြ႕ခ်င္ေနမိၿပီေလ။ ဒါေပမယ့္ က်ဳပ္သူ႕ရဲ႕ အ႐ိုးေျခာက္ျဖစ္လုမတတ္ အ႐ိုးစုကိုပဲ ေတြ႕ခဲ့ရတယ္။ ယုအာက ေျမႀကီးထဲမွာ ၿငိမ္ၿငိမ္ေလး လွဲေလ်ာင္းေနၿပီး ေသဆုံးေနခဲ့ၿပီကိုး။ က်ဳပ္လည္း မခံစားႏိုင္လြန္းလို႔ ေသြးအန္ထြက္သြားမိၿပီး လဲက်သြားတယ္ . . .”
“သူ႕ေဘးနားမွာပဲ သူနဲ႔အတူ လွဲေနၿပီး ျပန္ကို မထြက္ခ်င္ေတာ့ဘူး။ သူ႕မိဘေတြနဲ႔ က်ဳပ္မိဘေတြ ဒူးေထာက္ေတာင္းပန္ ခဲ့ရတဲ့အထိပဲ . . .”
“မထခ်င္ေပမယ့္ က်ဳပ္ျပန္ထခဲ့တယ္။ ယုအာက ေသသြားၿပီေလ။ က်ဳပ္တို႔မိဘေတြကေတာ့ အသက္႐ွင္ေနၾကေသးတယ္။ သူတို႔ကိုပါ ထပ္ၿပီး ရင္မကြဲေစခ်င္ေတာ့ဘူး။ သူတို႔ကို ဂ႐ုစိုက္ဖို႔ လိုေသးတယ္ မဟုတ္လား။ က်န္တဲ့ က်ဳပ္တစ္ဘဝလုံး ဘာလုပ္ရမယ္ ဆိုတာကိုေတာင္ မသိေတာ့ဘူး။ သူ႕ရဲ႕ ေျမပုံထဲမွာ က်ဳပ္လည္း ယင္အသီးကို ထားခဲ့လိုက္တယ္။ တေစၧေတြ ဝိညာဥ္ေတြအတြက္ ဒီအသီးက အသုံးဝင္မွန္းသိလို႔ က်ဳပ္ယုအာေလးအတြက္ ထားခဲ့တာေပါ့ . . .”
“သူ႕ကိုယ္ေပၚမွာ အသီးကို က်ဳပ္တင္ေပးခဲ့တယ္။ အသီးက သူ႕ကိုယ္ထဲ ဝင္သြားသလို တျဖည္းျဖည္းခ်င္း ေပ်ာက္ကြယ္သြားတယ္။ အဲဒီအခ်ိန္တုန္းက က်ဳပ္ကို နတ္ဘုရားေတြ ေကာင္းခ်ီးေပးခဲ့တာလို႔ က်ဳပ္ထင္ခဲ့မိတယ္။ က်ဳပ္ျဖင့္ အိပ္မက္ေတာင္ မက္တယ္ဗ်ာ။ ယန္အသီးေၾကာင့္ က်ဳပ္ရဲ႕ က်င့္ၾကံမႈေတြဟာ ၆ ႏွစ္စာေလာက္ လ်င္လ်င္ျမန္ျမန္ တိုးတက္ခဲ့တယ္။ သူလည္း ယင္အသီးကို စားလိုက္ရင္ အသက္မ်ား ျပန္႐ွင္လာမေလလားေပါ့။ ဒါေပမယ့္ လက္ေတြ႕မွာေတာ့ သူျပန္မလာႏိုင္ခဲ့ပါဘူး။ ယင္အသီး ေပ်ာက္သြားေပမယ့္ ဘာမွ ထူးျခားတာ ျဖစ္မလာခဲ့ဘူး။ ဘာေၾကာင့္မ်ားလဲ ဘာေၾကာင့္ ဘာထူးျခားမႈမွ မ႐ွိရတာလဲ။ သူယင္အသီးကို စားခဲ့တာ မဟုတ္လား။ ဒါဆိုဘာလို႔မ်ား က်ဳပ္ကို နတ္ဘုရားေတြက ေကာင္းခ်ီး မေပးရတာလဲ . . .”
ေက်ာင္းဖင္း႐ွန္ တုန္ယင္ေသာ အသံျဖင့္ ေျပာလိုက္သည္။ ထို႔ေနာက္ ရဲေ႐ွာင္၏ ဝတ္႐ုံစအား ကိုင္ဆြဲကာ နီရဲေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္ကာ -
“ဘာေၾကာင့္လဲ . . . ဘာေၾကာင့္လဲ . . . ဘာေၾကာင့္လဲ . . . ဘာေၾကာင့္လဲဆိုတာ ခင္ဗ်ားသိလား။ က်ဳပ္ကို ေျဖပါဦး . . .”
ရဲေ႐ွာင္ ေက်ာင္းဖင္း႐ွန္အား ေငးေမာ၍ ၾကည့္လိုက္ ျမဴခိုးမ်ားၾကားထဲမွ မိန္းကေလးအား ၾကည့္လိုက္ႏွင့္ ျဖစ္ေနမိသည္။ ထို႔ေနာက္ သက္ျပင္းတစ္ခ်က္ ခ်လိုက္ရင္း -
“အစ္ကိုေက်ာင္း . . . ခင္ဗ်ားမသိတာပါ။ ယင္အသီးက အာနိသင္ ႐ွိခဲ့ပါတယ္။ ယုအာက ေသရာက ျပန္မ႐ွင္ႏိုင္ဘူး ဆိုေပမယ့္ တျခားနည္းလမ္း တစ္မ်ိဳးနဲ႔ ခင္ဗ်ားေဘး ေရာက္ေနခဲ့တယ္။ အဲ့ဒါကို ခင္ဗ်ား မသိလို႔ပါ . . .”
ရဲေ႐ွာင္သည္ ေက်ာင္းဖင္း႐ွန္၏ ထူးဆန္းေသာ အျဖစ္အပ်က္မ်ားအား နားလည္သေဘာေပါက္ သြားခဲ့သည္။ လူမ်ား ေသသည့္အခါ ဝိညာဥ္မ်ားသည္ ကြယ္ေပ်ာက္သြားခဲ့ရၿပီး ဝိညာဥ္ေတာ္ အမွ်င္တန္း အနည္းငယ္သည္သာ ျပန္လည္ဝင္စားႏိုင္ရန္ နယ္ပယ္ အသီးသီးသို႔ လြင့္ပ်ံထြက္သြားရသည္။ ေက်ာင္းဖင္း႐ွန္ ခ်စ္ရသည့္ မိန္းကေလး ယုအာ၏ ဝိညာဥ္ေတာ္သည္ ျမဴခိုးမ်ား၏ အကာအကြယ္ အတြင္း ႐ွိေနၿပီး ေက်ာင္းဖင္း႐ွန္ႏွင့္ မခြဲမခြာ အတူ႐ွိေနကာ ပုံစံအရလည္း ေကာင္းေကာင္းမြန္မြန္ပါပင္။
ေန႔အခ်ိန္မ်ားမွာပင္ သူမသည္ ေက်ာင္းဖင္း႐ွန္၏ ေဘးနားတြင္ ႐ွိေနႏိုင္သည္။ မည္သည့္အခါမွ် ထြက္ခြာသြားခဲ့သည့္ပုံလည္း မေပၚေခ်။
ထိုသို႔ ျဖစ္ရျခင္းမွာ ေက်ာင္းဖင္း႐ွန္မွ ယုအာ၏ အေလာင္းေပၚသို႔ ယင္အသီးအား တင္ခဲ့ေသာေၾကာင့္ ျဖစ္သည္။
ေက်ာင္းဖင္း႐ွန္ အသီးအား တင္လိုက္သည့္ အခ်ိန္တြင္ ယုအာ ေသၿပီးေနာက္ ၇ ရက္သာ ႐ွိေသးသည္။ ထို႔ေၾကာင့္ ထိုအခ်ိန္တြင္ သူမ၏ ဝိညာဥ္ေတာ္အႂကြင္းအက်န္မ်ား ခႏၶာကိုယ္တြင္ ႐ွိေနႏိုင္ေသးသည္။ အေလာင္းမွ ယင္အသီး၏ ဝိညာဥ္ေတာ္ ခ်ီဓာတ္မ်ားအား စုပ္ယူလိုက္ျခင္းေၾကာင့္ ယခုကဲ့သို႔ ျဖစ္လာရျခင္း ျဖစ္ေပသည္။ ယုအာ၏ မွတ္ဉာဏ္မ်ား မေပ်ာက္ပ်က္သြားေသးဘဲ အရာရာကို မွတ္မိေနျခင္းသည္သာ ထူးျခားေသာ အျဖစ္အပ်က္တစ္ခုပင္ ျဖစ္သည္။
အပင္တစ္ပင္တည္းမွ သီးေသာ အသီး ၂ လုံးသည္ လူ ၂ ေယာက္အား ကယ္တင္ခဲ့ေလသည္။ ယန္အသီးသည္ ေက်ာင္းဖင္း႐ွန္အား ကယ္တင္ေစႏိုင္ခဲ့သကဲ့သို႔ ယင္အသီးသည္လည္း ယုအာအား ကယ္တင္ေပးခဲ့သည္။
သူတို႔ ႏွစ္ဦးသည္ ဘုံမတူေတာ့ေသာ္လည္း တစ္ေယာက္၏ေနာက္သို႔ တစ္ေယာက္မွ ထပ္ၾကပ္မခြာ လိုက္ေနခဲ့သည္။ ေသအတူ ႐ွင္မကြာ ဆိုသည့္ သေဘာမ်ိဳးပင္ ျဖစ္ေနေလသည္။
တစ္ခါတရံတြင္ တကယ့္အျဖစ္အပ်က္မ်ားသည္ စိတ္ကူးယဥ္သည္ထက္ပင္ ပို၍ ဆန္းၾကယ္ေနပါေသးသည္။
“ယင္အသီးက အာနိသင္ ႐ွိခဲ့တယ္ ဟုတ္လား၊ ခင္ဗ်ား ဘာကိုဆိုလိုတာလဲ။ ယုအာက က်ဳပ္နဲ႔အတူ အခ်ိန္တိုင္း ႐ွိေနခဲ့တာလား။ ဘယ္လိုျဖစ္ႏိုင္မွာလဲ။ ခင္ဗ်ားဘာေတြ လာေျပာေနတာလဲ။ သူသာ က်ဳပ္နားမွာဆို က်ဳပ္ဘာလို႔ မျမင္ရတာလဲ။ ခင္ဗ်ားဘာေတြ ေျပာေနတာလဲဗ်ာ . . .”
ေက်ာင္းဖင္း႐ွန္ စို႔နစ္ေၾကကြဲေသာ အသံႀကီးျဖင့္ ေျပာလိုက္သည္။
“ဟူး . . . ခင္ဗ်ားသူ႕ကို လြမ္းေနတာ သိပါတယ္။ သူကလည္း ခင္ဗ်ားကိုပဲ အၿမဲ ၾကည့္ေနခဲ့တာပါ။ သူခင္ဗ်ားကို ျမင္ႏိုင္ေပမယ့္ ထိေတြ႕လို႔ မရႏိုင္ဘူး။ ခင္ဗ်ားဘယ္ေလာက္လြမ္းေနေန သူ႐ွိေနတယ္ ဆိုတာကို ခင္ဗ်ား မသိႏိုင္ခဲ့ဘူး။ ဒီလို ခံစားမႈက ကမ႓ာေပၚမွာ ဝမ္းနည္းစရာ အေကာင္းဆုံး ျဖစ္မယ္ထင္တယ္။ က်ဳပ္ေကာင္မေလးကို ဘာလို႔ ျမင္ႏိုင္လဲ ခင္ဗ်ား သိလား . . .”
“ခင္ဗ်ားေၾကာင့္ပဲ . . . ခင္ဗ်ားက ယင္အသီးကို ယုအာေပၚ တင္ခဲ့တယ္။ အသီးက သူ႕ကိုယ္ထဲ ဝင္သြားတယ္။ သူ႕ကို အသက္ျပန္႐ွင္မလာေစေပမယ့္ သူ႕ရဲ႕ ဝိညာဥ္ေတာ္ကို အားေကာင္းသြားေစခဲ့တယ္။ သူက ျပန္လည္ ဝင္စားလိုက္ရမယ့္အစား ဒီဝိညာဥ္ပုံစံနဲ႔ပဲ ခင္ဗ်ားနား မခြဲမခြာ အတူေနခဲ့တယ္ေလ . . .”
“ဒါေၾကာင့္ သူ႕ကို က်ဳပ္ျမင္ႏိုင္ေနတာေပါ့ . . .”
ရဲေ႐ွာင္ ေက်ာင္းဖင္း႐ွန္အား ၾကည့္ရင္း ေျပာလိုက္သည္။
ျမဴခိုးၾကားမွ မိန္းကေလးသည္ ရဲေ႐ွာင္အား ေခါင္းညိတ္ျပလိုက္သည္။
“ခင္ဗ်ား တကယ္ေျပာတာလား . . . ယုအာက က်ဳပ္နဲ႔အတူ အၿမဲ႐ွိေနခဲ့တာေပါ့ေနာ္ . . .”
“ခင္ဗ်ားက သူ႕ကို ျမင္တယ္ မဟုတ္လား၊ သူ႕ပုံစံ အခုဘယ္လိုျဖစ္ေနလဲဆိုတာ ေျပာစမ္းပါဦးဗ်ာ . . .”
ေက်ာင္းဖင္း႐ွန္ တအံ့တဩျဖင့္ ေမးလိုက္သည္။
ရဲေ႐ွာင္ မိန္းကေလးအား လွမ္းၾကည့္လိုက္သည္။ ယုအာသည္ အနည္းငယ္ ႐ွက္႐ြံ႕ေနဟန္႐ွိၿပီး ေခါင္းငုံ႔ထားေလသည္။ တခဏၾကာမွသာ ေခါင္းကို ရဲရဲတင္းတင္း ေမာ့လိုက္ၿပီး ရဲေ႐ွာင္အား ျပန္လည္ စိုက္ၾကည့္လာသည္။ သူမ၏ ယခုပုံစံအား ခ်စ္ရသူျဖစ္သည့္ ေက်ာင္းဖင္း႐ွန္ထံသို႔ ျပန္ေျပာေစခ်င္ပုံပင္။
“သူက အျဖဴေရာင္ဝတ္႐ုံကို ဝတ္ထားတယ္။ ခပ္ပိန္ပိန္ပဲ။ သူ႕ဆံပင္မွာ အထုံး ၂ ခု ႐ွိတယ္။ ညာဖက္က အထုံးက နည္းနည္း ႀကီးေနတယ္။ သူ႕ပုံစံက ခ်စ္စရာေလးပါ။ သာမန္ မိသားစုက ေမြးဖြားလာၿပီး ရည္ရည္မြန္မြန္နဲ႔ ခ်စ္စရာေကာင္းတဲ့ မိန္းကေလး ပုံစံပါပဲ . . .”
ေက်ာင္းဖင္း႐ွန္မွ အေလာတႀကီး အမူအယာျဖင့္ -
“ဟုတ္တယ္ . . . ဟုတ္တယ္ . . . က်ဳပ္ရဲ႕ ယုအာပဲ၊ က်ဳပ္တို႔ ကေလးတုန္းက အတူတူေဆာ့ၾကရင္း ယုအာ လဲက်သြားခဲ့ဖူးတယ္။ သူ႕ရဲ႕ ညာဖက္ေခါင္းမွာ ဒဏ္ရာရသြားခဲ့တယ္ေလ။ အဲဒါေၾကာင့္ အဲဒီဒဏ္ရာကို ဖုံးထားခ်င္လို႔ သူက ဆံထုံးထုံးတဲ့အခါမွာ ညာဖက္ကို ပိုႀကီးေအာင္ ထုံးေလ့႐ွိတယ္ . . .”
ေက်ာင္းဖင္း႐ွန္ ရဲေ႐ွာင္၏ အေ႐ွ႕တြင္ ဒူးေထာက္ခ်လိုက္ကာ -
“ဖန္ဧကရာဇ္ . . . ေက်းဇူးျပဳၿပီး . . . ေက်းဇူးျပဳၿပီး က်ဳပ္ကို ကူညီေပးပါ။ ခင္ဗ်ားမွာ သူ႕ကို ျမင္ႏိုင္တဲ့ နည္းလမ္းတစ္ခု ႐ွိမွာပဲ။ က်ဳပ္ကို ျမင္ေတြ႕ခြင့္ ေပးပါဗ်ာ၊ တစ္ခ်က္ပါပဲ။ တစ္ခ်က္ေလးပဲ ျမင္ခ်င္လို႔ပါ။ က်ဳပ္ေတာင္းပန္ပါတယ္ . . .”
သတ္ျဖတ္ျခင္း ဘုရင္သည္ ယခုအခါတြင္ ေတြေဝတုံ႔ဆိုင္းျခင္း မ႐ွိဘဲ သိကၡာမ်ားအား ထည့္မတြက္ေတာ့ဘဲ ဒူးေထာက္ေတာင္းပန္ေနၿပီ ျဖစ္သည္။
သူအခ်စ္ရဆုံး မိန္းကေလးအား အရမ္းေတြ႕ခ်င္ေနၿပီ ျဖစ္သည္။ ထို႔အတြက္ မည္သည့္အရာမ်ား လုပ္ရလုပ္ရ သူလုပ္မည္သာ ျဖစ္သည္။
မီးခိုးေရာင္ ျမဴခိုးမ်ားထဲမွ မိန္းကေလးသည္လည္း သည္းထန္စြာ ငိုေႂကြးလ်က္ ႐ွိသည္။ သူမ၏ ခ်စ္သူမွ အျခားလူတစ္ဦးအား ဒူးေထာက္ေနသည္ကို ၾကည့္ရင္း အသည္းမ်ား ကြဲေၾကသြားမတတ္ပင္ ခံစားလိုက္ရသည္။ ထို႔ေနာက္ ယုအာသည္လည္း ရဲေ႐ွာင္၏ ေ႐ွ႕ေမွာက္သို႔ ျဖည္းျဖည္းခ်င္း ဒူးေထာက္ခ်လိုက္သည္။
ယုအာအေနျဖင့္ သူ႕အား ရဲေ႐ွာင္ ျမင္ေနရသည္ ဆိုသည္ကို သိေနခဲ့သည္။ လူသားမ်ားကဲ့သို႔ စကားမေျပာႏိုင္သျဖင့္ ရဲေ႐ွာင္အားအမူအယာအားျဖင့္သာ ေတာင္းပန္လိုက္ျခင္း ျဖစ္သည္။
“ခင္ဗ်ား ဘာေတြလုပ္ေနတာလဲ။ ခင္ဗ်ားလည္း က်ဳပ္ကို ကူညီခဲ့ဖူးတာပဲဟာ၊ ခင္ဗ်ားတို႔ ခ်စ္သူႏွစ္ဦးအတြက္ က်ဳပ္လုပ္ႏိုင္တာမွန္သမွ် အေကာင္းဆုံး လုပ္ေပးမွာပါ။ ထပါဗ်ာ ထၿပီးသာ ေျပာစမ္းပါ”
ရဲေ႐ွာင္ ခ်က္ခ်င္းပင္ ေက်ာင္းဖင္း႐ွန္အား ထူေပးလိုက္ပါေတာ့သည္။