Chapter (421)
“လေနှင့်အတူ”
“ကျုပ်မသောက်တော့ဘူး . . .”
ကျောင်းဖင်းရှန် ရဲရှောင်အား ကြည့်ရင်း ပြောလိုက်သည်။
ရဲရှောင်မှ -
“ကျုပ်ကတော့ သောက်မယ်၊ ဒီလို အတူရှိခွင့် ရတဲ့အတွက် ကျုပ်တို့ သောက်ရင်းနဲ့ အမှတ်တရ အခိုက်အတန့်ကို ဖြတ်သန်းသင့်တယ်ဗျ။ နောက်ပြီး ခင်ဗျားဇာတ်လမ်းကို ဘာမှမသောက်ဘဲ နားထောင်ရရင် တစ်ခုခု လိုနေမှာ သေချာတယ်။ ပျင်းစရာ ကောင်းနေမှာ . . .”
ကျောင်းဖင်းရှန် ငေးငိုင်သွားပြီးနောက် -
“ဟုတ်ပါတယ် . . . ကျုပ်လည်း သောက်ပါ့မယ် . . .”
ထို့နောက် ကျောင်းဖင်းရှန်သည် အရက်ခွက်အား ကိုင်မြှောက်လိုက်ပြီးနောက် စက္ကန့်ပိုင်းအတွင်း သောက်ချလိုက်လေသည်။
ရဲရှောင်၏ စိတ်ထဲတွင် အံ့ဩသွားကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
(ဘာလဲဟ . . . ပြောတော့ မသောက်ဘူးဆိုပြီး မော့ချလိုက်တာ တစ်ကျိုက်တည်းပဲ။ သူမသောက်ဘူးဆိုပြီး သောက်တာ တခြားလူတွေ သောက်မယ်ပြောပြီး သောက်တာထက်တောင် ပိုများနေသေးတယ် . . .)
ကျောင်းဖင်းရှန် ခွက်အား ပြန်ချလိုက်ပြီးနောက် ရဲရှောင်အား စိုက်ကြည့်ကာ -
“ဖန်ဧကရာဇ် . . . ခင်ဗျားကို ကျုပ်မေးပါရစေဦး။ ခင်ဗျား တကယ်ပဲ ယုအာကို မြင်နေရတာလား။ ကျုပ်ရဲ့ ယုအာလေးကိုလေ . . .”
ရဲရှောင်လည်း ယင်ယန်မျက်လုံးအား ပြန်လည်ဖွင့်၍ ကျောင်းဖင်းရှန်၏ အနီးပတ်ဝန်းကျင်ထံသို့ တစ်ချက်ကြည့်လိုက်သည်။
ထိုအခါ မြူခိုးများကြားထဲမှ မိန်းကလေးတစ်ဦးသည် ရဲရှောင်အား မျှော်လင့်ကြီးစွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ခင်ဗျားရဲ့ ယုအာလား ဘာလားတော့ မသိဘူး။ ကျုပ်မြင်နေရတာကတော့ နဖူးမှာ မှဲ့နီလေးတစ်လုံး ပါတဲ့ မိန်းကလေးကိုပဲ။ သူက ခင်ဗျားဘေးမှာ ရှိနေတယ် . . .”
ကျောင်းဖင်းရှန် ပြုံးလိုက်ပြီး -
“တကယ်ပဲလား . . . ယုအာ . . . မင်းငါ့နားမှာ အမြဲတမ်း ရှိနေခဲ့တာလား။ ငါမသိခဲ့မိဘူး။ နတ်ဘုရားတွေက ငါ့ကို မျက်နှာသာပေးခဲ့တာပါလား . . .”
မိန်းကလေးသည် မျက်ရည်များ စီးကျရင်း ကျောင်းဖင်းရှန်အား ကြည့်ကာ သက်ပြင်းချလိုက်သည်။
ရဲရှောင်မှ -
“အစ်ကိုကျောင်း . . . ဘယ်လိုတွေ ဖြစ်ခဲ့ကြတာလဲဗျ။ ကျုပ်သာ အကြောင်းအရာ အားလုံးကို သိမယ်ဆိုရင် ပိုပြီး ကူညီပေးနိုင်လောက်ရဲ့ . . .”
ရဲရှောင်၏ စကားကြောင့် ကျောင်းဖင်းရှန် တစ်ချက်တုန်လှုပ်သွားသည်။ အရက်ခွက်အားကိုင်မြှောက်၍ နောက်တစ်ခွက် ထပ်မော့လိုက်ပြန်သည်။
“ခင်ဗျားမမေးရင်တောင်မှ ကျုပ်က ပြောပြမှာပါ။ ဒါက ကျုပ်ဘဝရဲ့ အကြီးမားဆုံး နောင်တရစရာ အဖြစ်အပျက်ပဲ။ ဘယ်ကစပြောရမှန်းတောင် မသိတော့ပါဘူး . . .”
ထိုသို့ ပြောရင်းဖြင့် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြန်သည်။ ကျောင်းဖင်းရှန်၏ ပုံစံသည် အတိတ်အား လွမ်းဆွတ်နေသည့် ပုံစံမျိုးပင်။ ထိုအတိတ်နေ့ရက်များအား ဘယ်သောအခါမျှ မေ့ပျောက်လိမ့်မည် မဟုတ်ပေ။
*****
“ယုအာက ကျုပ်ရဲ့ ဇနီးလောင်းပဲ . . .”
ကျောင်းဖင်းရှန် သက်ပြင်းတစ်ချက် ချလိုက်သည်။
“အရင်တုန်းက ကျုပ်ဟာ သိပ်တော်တဲ့ လူတစ်ယောက်ပေါ့။ စာရေးတာ စာဖတ်တာ ကျုပ်ရဲ့ဘဝလို့ ပြောလို့ရတယ်။ တစ်နေ့မှာ နန်းတွင်းစာမွေးပွဲ အောင်မြင်ပြီး အမတ်တစ်ယောက် ဖြစ်ရမယ်လို့လည်း မျှော်လင့်ချက် ကြီးကြီးကို ထားခဲ့တယ်။ ယုအာကတော့ ကျုပ်ရွာဘေးနားက ရွာတစ်ရွာကပေါ့။ ကျုပ်တို့ အတူတူ ကြီးပြင်းလာခဲ့ကြတယ်။ ကျုပ်တို့တစ်ယောက်နဲ့တစ်ယောက် နှစ်သက်ကြတယ် ဆိုတာကိုလည်း မိဘတွေအားလုံး သိကြတယ်။ အဲဒါကြောင့်ပဲ စေ့စပ်ထားခဲ့ကြတယ် . . .”
“ဒီလိုနဲ့ ကျုပ်အသက် ၁၈ နှစ်ပြည့်တော့ ယုအာက ၁၇ နှစ် ကျုပ်တို့တွေ လက်ထပ်ဖို့အတွက် ပြင်ဆင်ခဲ့ကြတာပေါ့ . . .”
ကျောင်းဖင်းရှန် ပြောနေရင်းဖြင့် နာကျင်စွာ ပြုံးလိုက်သည်။ သူ၏ မျက်လုံးများထဲတွင်မူ နာကျင်နေသည့် အရိပ်အယောင်များအား အတိုင်းသား တွေ့မြင်နေရသည်။
“ကျုပ်တို့က ရွာသူရွာသားတွေ ဖြစ်တဲ့အတွက် အများကြီးတွေ လိုချင်တပ်မက်စိတ် မရှိပါဘူး။ အချိန်တိုင်းလိုလို အတူတူကစားကြတယ်။ ကျုပ်တို့အသက် ၁၅ နှစ်အရွယ်လောက် ရောက်တော့ အချစ်နဲ့ လက်ထပ်ခြင်း အကြောင်းတွေကို သိလာခဲ့ကြတယ်။ ကျုပ်တို့တွေ အမြဲတမ်း အနီးကပ် ရှိခဲ့ကြတော့ ဘာအပူအပင်မှလည်း မရှိခဲ့ကြဘူးလေ။ မထင်မှတ်တာတွေ ဖြစ်လာမယ်လို့လည်း မတွေးမိခဲ့ကြဘူးပေါ့ . . .”
“ကျုပ်တို့ အတူတူ ပျော်ရွှင်ခဲ့ကြတယ်။ ကျုပ်တို့ရင်ထဲက သံယောဇဉ်ကြိုးတွေကလည်း တစ်စထက် တစ်စ ပိုပြီး ရစ်ပတ်တွယ်ငင်လာခဲ့ကြတယ်။ ယုအာဆို သူ့ရဲ့ မင်္ဂလာဝတ်စုံလေးတောင် လုပ်ပြီးပြီလေ . . .”
“ဒါပေမယ့် ရုတ်တရက်ဆိုသလိုပါပဲ . . . အဲဒီနေ့မှာပေါ့ ကျုပ်သူ့ရွာက မြစ်ကို ထွက်လာခဲ့တယ်။ ကျုပ်တို့ ချိန်းတွေ့နေကြ နေရာလေးပေါ့။ အဲဒီနေရာက လူရှင်းတော့ အမြဲလိုလို အဲဒီမှာပဲ တွေ့ဖြစ်ကြတယ်လေ။ အဲဒီနေ့က ယုအာ ရောက်မလာခဲ့ဘူး။ နောက်နေ့တွေလည်း ရောက်မလာခဲ့ဘူးလေ။ ဒီလိုမျိုး အရင်က တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး . . .”
“ကျုပ်ထင်တာက ကျုပ်တို့ လက်ထပ်ကြရတော့မယ်ဆိုတော့ သူများ ရှက်နေတာလားပေါ့။ အဲဒါနဲ့ ကျုပ်လည်း စိတ်ရှည်ရှည်ပဲ စောင့်ခဲ့တယ်။ ရက်အနည်းငယ်ကြာတော့ ကျုပ်လည်း ဆက်မစောင့်နိုင်တော့ဘူး။ သူ့ကို အရမ်းတွေ့ချင်လာခဲ့တယ်။ အဲ့ဒါကြောင့် သူ့အိမ်ကို လိုက်သွားခဲ့တယ်။ သူ့အိမ်ရောက်တော့ သူ့အဖေနဲ့ တွေ့ခဲ့တယ်။ ကျုပ်ကတော့ ကျုပ်တို့ မကြာခင်ပဲ လက်ထပ်ကြရတော့မှာဆိုတော့ အခုနေ သူကျုပ်ကို မတွေ့ချင်ရင်တောင် ကျုပ်ကပဲ ခိုးကြည့်သွားမယ်ပေါ့လေ . . .”
ကျောင်းဖင်းရှန် အဝေးသို့ ရီဝေစွာ ငေးကြည့်ရင်း သက်ပြင်းချလိုက်သည်။ မည်သည့်စကားမျှ ဆက်မပြောတော့ဘဲ ပြောလက်စ စကားအား ခဏနားလိုက်သည်။ ရဲရှောင်လည်း ဆက်ပြောရန် မတိုက်တွန်းဖြစ်ပေ။ အရက်သာ သောက်လျက် နေလိုက်သည်။ ၂ ခွက်လောက် သောက်ပြီးနောက် ရဲရှောင်သက်ပြင်းတစ်ချက် ချလိုက်ရင်း စိတ်ထဲတွင် တစ်ကိုယ်တည်း တွေးလိုက်မိသည်။
(ဒီနောက်ပိုင်းတွေကစပြီး ပျော်စရာကောင်းတဲ့ ဇာတ်လမ်းမျိုး ဖြစ်မှာ မဟုတ်တော့ဘူး . . .)
ရဲရှောင် မြူခိုးများ ကြားထဲမှ မိန်းကလေးအား လှမ်းကြည့်လိုက်သည်။ ထိုမိန်းကလေးသည် ကျောင်းဖင်းရှန်အား မျက်တောင်မခတ်ဘဲ ဝမ်းနည်းနေသည့် မျက်နှာဖြင့် ငေးကြည့်လျက် ရှိသည်။
“အဲဒီနေ့မှာ . . . ကျုပ်ယုအာကို တွေ့ခဲ့တယ်။ သူက ကောင်လေးတစ်ယောက်နဲ့ အရမ်းကို ပျော်ရွှင်နေတယ်လေ။ အဲဒီကောင်လေးရဲ့ လက်ကိုလည်း ဆွဲထားသေးတယ်။ သူတို့က သိပ်ကို ရင်းနှီးနေကြသလိုပဲဗျာ။ ကျုပ်ကိုမြင်တော့ ယုအာရဲ့ မျက်နှာတစ်ခုလုံး သွေးမရှိတော့သလို ဖြူရော်ရော် ဖြစ်သွားခဲ့တယ် . . .”
“အဲဒီအချိန်မှာ ကျုပ်ဘယ်လို ခံစားလိုက်ရမလဲဆိုတာ ခင်ဗျားလည်း နားလည်မှာပါ။ ကျုပ် . . . ကျုပ် . . .”
ကျောင်းဖင်းရှန် အံကြိတ်လျက် ခေါင်းငုံ့သွားသည်။
“ကျုပ်လည်း ဒေါသတကြီးနဲ့ သူတို့ဆီ လျှောက်သွားလိုက်တယ်။ အဲဒီကောင်လေး ဘယ်သူလဲ ဆိုတာကိုလည်း ယုအာကို အဆက်မပြတ် မေးနေမိခဲ့တယ်။ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကရော ဘာလဲဆိုတာကိုပေါ့ . . .”
“ယုအာက ကျုပ်ကို ခပ်တည်တည်ပဲ ပြန်ပြောခဲ့တယ်။သူကကျုပ်ကို အစ်ကိုတစ်ယောက်လိုပဲ အမြဲတမ်း သဘောထားခဲ့တာပါတဲ့။ ကျုပ်ကို ချစ်သူတစ်ယောက်၊ လင်ယောကျာ်းတစ်ယောက် အနေနဲ့ လုံးဝ မမြင်မိခဲ့ဘူးတဲ့။ နောက်တော့ . . .”
ကျောင်းဖင်းရှန် ပြောလက်စ စကားအား ခဏရပ်သွားပြန်သည်။
“ယုအာထပ်ပြောတာက ကျုပ်နဲ့အတူ ရှိနေရင် သူလုံခြုံမှာ မဟုတ်ဘူးတဲ့၊ အခုကောင်လေးကို မတွေ့ခင် အချိန်ထိ သူလိုချင်တဲ့ ယောကျာ်းမျိုး ဘယ်လိုဆိုတာကို သူမသိသေးဘူးတဲ့လေ။ ကျုပ်က သူ့ဘဝထဲမှာ ခဏတာ အဖြည့်ခံသက်သက် ဖြစ်ခဲ့ရတာပေါ့ဗျာ၊ သူနဲ့ မထိုက်တန်တဲ့ လူတစ်ယောက်ပဲ ဆိုပါတော့ . . .”
“သူက အစွမ်းထက်တဲ့ ယောကျာ်းမျိုးကို သဘောကျတယ်။ သူရဲကောင်းပေါ့ဗျာ . . . သူပြောပုံအရ အသိဉာဏ်ကြွယ်ဝတယ်ဆိုတာ တိုက်ခိုက်ခံနေရချိန်မှာ အသုံးဝင်နိုင်မှာ မဟုတ်ဘူးတဲ့၊ ကျုပ်တို့ ဒုက္ခတွေ့တဲ့အခါ စာအုပ်တွေနဲ့ တိုက်ခိုက်မှာလားလို့လည်း ကျုပ်ကို မေးခဲ့တယ်။ စာပဲဖတ်နေတဲ့လူက ကမ္ဘာကြီးမှာ အသုံးဝင်တဲ့နေရာ ခပ်ရှားရှားလို့ ဆိုလိုချင်နေတာပဲဗျ . . .”
“နောက်ပြီး မိန်းကလေးတစ်ယောက်အတွက် လုံခြုံမှုက အရေးကြီးတယ်တဲ့၊ သူ့ဘေးမှာ ရှိနေတဲ့လူက မော်တယ်အဆင့်ရဲ့ ထိပ်ဆုံးပညာရှင်တွေထဲက တစ်ယောက်တဲ့လေ၊ ကျုပ်မှာ ငွေလည်းမရှိသလို ခွန်အားလည်း မရှိဘူး။ ကျုပ်က ဆင်းရဲသားလေး တစ်ယောက်ပါ။ ကျုပ်ရဲ့ စာဖတ်အားနဲ့ အသိဉာဏ်ကို ကျုပ်အမြဲတမ်း ဂုဏ်ယူနေခဲ့တယ်။ ဒါပေမယ့် ကျုပ်အမတ်တစ်ယောက်လည်း ဖြစ်မလာခဲ့ပါဘူး”
“နောက်ဆုံးတော့ အနာဂတ်မဲ့တဲ့ လူတစ်ယောက်ပဲ ဖြစ်ခဲ့ရတယ် . . .”
“သူကပြောသေးတယ် . . . အစ်ကိုတဲ့ ရှင့်အတွက် ကျွန်မ ဝမ်းမနည်းပါဘူးတဲ့၊ ရှင်သာ ထိပ်တန်းအဆင့် ပညာရှင်တစ်ယောက်ဆို ကျွန်မရှင့်ကို လက်ထပ်မှာပါ၊ ဒါပေမယ့် အခုရှင်က အဲဒီလိုမှ မဟုတ်တာတဲ့လေ . . .”
“အဲဒီလို မဟုတ်တဲ့အတွက် ငွေကြေးချမ်းသာနိုင်လားဆိုပြီး စဉ်းစားတော့လည်း ငွေမရှိဘူးလေတဲ့။ ဒါပေမယ့် ငွေမရှိတောင် အနာဂတ်ခရီးလမ်းက သေချာရေရာနေမယ်ဆိုရင်တောင် အလုပ်ဖြစ်သေးတယ် ဆိုပြီး စဉ်းစားကြည့်ပြန်တော့လည်း မသေချာဘူး၊ ခွန်အားအရာမှာလည်း မရှိဘူး၊ ဘာဆိုဘာမှ မရှိတဲ့လူ ဖြစ်နေတဲ့ လူနဲ့ ကျွန်မ ရှင်နဲ့ ဘယ်လိုစခန်းသွားရမှာလဲတဲ့၊ ကျွန်မဘဝကို ရှင့်ဆီ ဘယ်လိုပုံအပ်ရမှာလဲတဲ့၊ အချစ်က ထမင်းမကျွေးဘူး၊ ထမင်းမစားနိုင်မှတော့ အချစ်ဆိုတာလည်း ရှိမှာ မဟုတ်ဘူးတဲ့လေ . . .”
ကျောင်းဖင်းရှန်သည် ထိုစကားများအား ပြောနေရင်းဖြင့် သူ့ကိုယ်သူ လှောင်ပြောင်နေသလိုပင်။ သူအချစ်ရဆုံး မိန်းကလေးမှ သူ့အား လှောင်ပြောင်ခဲ့သည် မဟုတ်ပါလော။
ရဲရှောင် အရမ်းကြီး မအံ့ဩမိတော့ချေ။ ယခုကိစ္စနှင့် ပတ်သက်၍ တစ်ခုခု လွဲမှားနေပြီ ဟုသာ တွေးလိုက်မိသည်။
“ကျုပ်လည်း ဆောက်တည်ရာမရ ဖြစ်သွားခဲ့တယ်။ အဲဒီကောင်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ပြီးပြီဆို ကျုပ်တို့ဖြတ်သန်းခဲ့တဲ့ အရာအားလုံးကို မေ့လိုက်တော့မှာလားလို့လည်း မေးခဲ့တယ်။ လေနဲ့အတူ လွင့်ပြယ်သွားသလို လုပ်လိုက်တော့မှာလားလို့ပေါ့ . . .”
ကျောင်းဖင်းရှန် နာကျင်စွာ ပြုံးလိုက်ပြန်သည်။
“ယုအာက ထပ်ပြောပြန်တယ်လေ . . . သူ့ဘေးနားကကောင် သူနဲ့လက်ထပ်ဖို့က ၃ နှစ်လိုဦးမှာတဲ့၊ အဲဒီ ၃ နှစ်မှာ အဲဒီကောင်လေးက ကျင့်ကြံမှုတွေ လုပ်နေမှာပေါ့။ ၃ နှစ်ကြာရင်တော့ သူတို့ လက်ထပ်ကြမှာ၊ ၃ နှစ်ကြာလို့ အဲဒီကောင်လေးကို ကျုပ်က အနိုင်ယူနိုင်တယ်ဆို ကျုပ်ကို လက်ထပ်မယ်လို့ ယုအာက ပြောခဲ့တယ် . . .”
ကျောင်းဖင်းရှန် ရီဝေစွာ အဝေးသို့ ငေးကြည့်ရင်း ပြောလိုက်ပါတော့သည်။
Chapter (421)
“ေလႏွင့္အတူ”
“က်ဳပ္မေသာက္ေတာ့ဘူး . . .”
ေက်ာင္းဖင္း႐ွန္ ရဲေ႐ွာင္အား ၾကည့္ရင္း ေျပာလိုက္သည္။
ရဲေ႐ွာင္မွ -
“က်ဳပ္ကေတာ့ ေသာက္မယ္၊ ဒီလို အတူ႐ွိခြင့္ ရတဲ့အတြက္ က်ဳပ္တို႔ ေသာက္ရင္းနဲ႔ အမွတ္တရ အခိုက္အတန္႔ကို ျဖတ္သန္းသင့္တယ္ဗ်။ ေနာက္ၿပီး ခင္ဗ်ားဇာတ္လမ္းကို ဘာမွမေသာက္ဘဲ နားေထာင္ရရင္ တစ္ခုခု လိုေနမွာ ေသခ်ာတယ္။ ပ်င္းစရာ ေကာင္းေနမွာ . . .”
ေက်ာင္းဖင္း႐ွန္ ေငးငိုင္သြားၿပီးေနာက္ -
“ဟုတ္ပါတယ္ . . . က်ဳပ္လည္း ေသာက္ပါ့မယ္ . . .”
ထို႔ေနာက္ ေက်ာင္းဖင္း႐ွန္သည္ အရက္ခြက္အား ကိုင္ေျမႇာက္လိုက္ၿပီးေနာက္ စကၠန္႔ပိုင္းအတြင္း ေသာက္ခ်လိုက္ေလသည္။
ရဲေ႐ွာင္၏ စိတ္ထဲတြင္ အံ့ဩသြားကာ ပါးစပ္အေဟာင္းသား ျဖစ္သြားသည္။
(ဘာလဲဟ . . . ေျပာေတာ့ မေသာက္ဘူးဆိုၿပီး ေမာ့ခ်လိုက္တာ တစ္က်ိဳက္တည္းပဲ။ သူမေသာက္ဘူးဆိုၿပီး ေသာက္တာ တျခားလူေတြ ေသာက္မယ္ေျပာၿပီး ေသာက္တာထက္ေတာင္ ပိုမ်ားေနေသးတယ္ . . .)
ေက်ာင္းဖင္း႐ွန္ ခြက္အား ျပန္ခ်လိုက္ၿပီးေနာက္ ရဲေ႐ွာင္အား စိုက္ၾကည့္ကာ -
“ဖန္ဧကရာဇ္ . . . ခင္ဗ်ားကို က်ဳပ္ေမးပါရေစဦး။ ခင္ဗ်ား တကယ္ပဲ ယုအာကို ျမင္ေနရတာလား။ က်ဳပ္ရဲ႕ ယုအာေလးကိုေလ . . .”
ရဲေ႐ွာင္လည္း ယင္ယန္မ်က္လုံးအား ျပန္လည္ဖြင့္၍ ေက်ာင္းဖင္း႐ွန္၏ အနီးပတ္ဝန္းက်င္ထံသို႔ တစ္ခ်က္ၾကည့္လိုက္သည္။
ထိုအခါ ျမဴခိုးမ်ားၾကားထဲမွ မိန္းကေလးတစ္ဦးသည္ ရဲေ႐ွာင္အား ေမွ်ာ္လင့္ႀကီးစြာ ၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။
“ခင္ဗ်ားရဲ႕ ယုအာလား ဘာလားေတာ့ မသိဘူး။ က်ဳပ္ျမင္ေနရတာကေတာ့ နဖူးမွာ မွဲ႔နီေလးတစ္လုံး ပါတဲ့ မိန္းကေလးကိုပဲ။ သူက ခင္ဗ်ားေဘးမွာ ႐ွိေနတယ္ . . .”
ေက်ာင္းဖင္း႐ွန္ ျပဳံးလိုက္ၿပီး -
“တကယ္ပဲလား . . . ယုအာ . . . မင္းငါ့နားမွာ အၿမဲတမ္း ႐ွိေနခဲ့တာလား။ ငါမသိခဲ့မိဘူး။ နတ္ဘုရားေတြက ငါ့ကို မ်က္ႏွာသာေပးခဲ့တာပါလား . . .”
မိန္းကေလးသည္ မ်က္ရည္မ်ား စီးက်ရင္း ေက်ာင္းဖင္း႐ွန္အား ၾကည့္ကာ သက္ျပင္းခ်လိုက္သည္။
ရဲေ႐ွာင္မွ -
“အစ္ကိုေက်ာင္း . . . ဘယ္လိုေတြ ျဖစ္ခဲ့ၾကတာလဲဗ်။ က်ဳပ္သာ အေၾကာင္းအရာ အားလုံးကို သိမယ္ဆိုရင္ ပိုၿပီး ကူညီေပးႏိုင္ေလာက္ရဲ႕ . . .”
ရဲေ႐ွာင္၏ စကားေၾကာင့္ ေက်ာင္းဖင္း႐ွန္ တစ္ခ်က္တုန္လႈပ္သြားသည္။ အရက္ခြက္အားကိုင္ေျမႇာက္၍ ေနာက္တစ္ခြက္ ထပ္ေမာ့လိုက္ျပန္သည္။
“ခင္ဗ်ားမေမးရင္ေတာင္မွ က်ဳပ္က ေျပာျပမွာပါ။ ဒါက က်ဳပ္ဘဝရဲ႕ အႀကီးမားဆုံး ေနာင္တရစရာ အျဖစ္အပ်က္ပဲ။ ဘယ္ကစေျပာရမွန္းေတာင္ မသိေတာ့ပါဘူး . . .”
ထိုသို႔ ေျပာရင္းျဖင့္ အသက္ျပင္းျပင္းတစ္ခ်က္ ႐ွဴသြင္းလိုက္ျပန္သည္။ ေက်ာင္းဖင္း႐ွန္၏ ပုံစံသည္ အတိတ္အား လြမ္းဆြတ္ေနသည့္ ပုံစံမ်ိဳးပင္။ ထိုအတိတ္ေန႔ရက္မ်ားအား ဘယ္ေသာအခါမွ် ေမ့ေပ်ာက္လိမ့္မည္ မဟုတ္ေပ။
*****
“ယုအာက က်ဳပ္ရဲ႕ ဇနီးေလာင္းပဲ . . .”
ေက်ာင္းဖင္း႐ွန္ သက္ျပင္းတစ္ခ်က္ ခ်လိုက္သည္။
“အရင္တုန္းက က်ဳပ္ဟာ သိပ္ေတာ္တဲ့ လူတစ္ေယာက္ေပါ့။ စာေရးတာ စာဖတ္တာ က်ဳပ္ရဲ႕ဘဝလို႔ ေျပာလို႔ရတယ္။ တစ္ေန႔မွာ နန္းတြင္းစာေမြးပြဲ ေအာင္ျမင္ၿပီး အမတ္တစ္ေယာက္ ျဖစ္ရမယ္လို႔လည္း ေမွ်ာ္လင့္ခ်က္ ႀကီးႀကီးကို ထားခဲ့တယ္။ ယုအာကေတာ့ က်ဳပ္႐ြာေဘးနားက ႐ြာတစ္႐ြာကေပါ့။ က်ဳပ္တို႔ အတူတူ ႀကီးျပင္းလာခဲ့ၾကတယ္။ က်ဳပ္တို႔တစ္ေယာက္နဲ႔တစ္ေယာက္ ႏွစ္သက္ၾကတယ္ ဆိုတာကိုလည္း မိဘေတြအားလုံး သိၾကတယ္။ အဲဒါေၾကာင့္ပဲ ေစ့စပ္ထားခဲ့ၾကတယ္ . . .”
“ဒီလိုနဲ႔ က်ဳပ္အသက္ ၁၈ ႏွစ္ျပည့္ေတာ့ ယုအာက ၁၇ ႏွစ္ က်ဳပ္တို႔ေတြ လက္ထပ္ဖို႔အတြက္ ျပင္ဆင္ခဲ့ၾကတာေပါ့ . . .”
ေက်ာင္းဖင္း႐ွန္ ေျပာေနရင္းျဖင့္ နာက်င္စြာ ျပဳံးလိုက္သည္။ သူ၏ မ်က္လုံးမ်ားထဲတြင္မူ နာက်င္ေနသည့္ အရိပ္အေယာင္မ်ားအား အတိုင္းသား ေတြ႕ျမင္ေနရသည္။
“က်ဳပ္တို႔က ႐ြာသူ႐ြာသားေတြ ျဖစ္တဲ့အတြက္ အမ်ားႀကီးေတြ လိုခ်င္တပ္မက္စိတ္ မ႐ွိပါဘူး။ အခ်ိန္တိုင္းလိုလို အတူတူကစားၾကတယ္။ က်ဳပ္တို႔အသက္ ၁၅ ႏွစ္အ႐ြယ္ေလာက္ ေရာက္ေတာ့ အခ်စ္နဲ႔ လက္ထပ္ျခင္း အေၾကာင္းေတြကို သိလာခဲ့ၾကတယ္။ က်ဳပ္တို႔ေတြ အၿမဲတမ္း အနီးကပ္ ႐ွိခဲ့ၾကေတာ့ ဘာအပူအပင္မွလည္း မ႐ွိခဲ့ၾကဘူးေလ။ မထင္မွတ္တာေတြ ျဖစ္လာမယ္လို႔လည္း မေတြးမိခဲ့ၾကဘူးေပါ့ . . .”
“က်ဳပ္တို႔ အတူတူ ေပ်ာ္႐ႊင္ခဲ့ၾကတယ္။ က်ဳပ္တို႔ရင္ထဲက သံေယာဇဥ္ႀကိဳးေတြကလည္း တစ္စထက္ တစ္စ ပိုၿပီး ရစ္ပတ္တြယ္ငင္လာခဲ့ၾကတယ္။ ယုအာဆို သူ႕ရဲ႕ မဂၤလာဝတ္စုံေလးေတာင္ လုပ္ၿပီးၿပီေလ . . .”
“ဒါေပမယ့္ ႐ုတ္တရက္ဆိုသလိုပါပဲ . . . အဲဒီေန႔မွာေပါ့ က်ဳပ္သူ႕႐ြာက ျမစ္ကို ထြက္လာခဲ့တယ္။ က်ဳပ္တို႔ ခ်ိန္းေတြ႕ေနၾက ေနရာေလးေပါ့။ အဲဒီေနရာက လူ႐ွင္းေတာ့ အၿမဲလိုလို အဲဒီမွာပဲ ေတြ႕ျဖစ္ၾကတယ္ေလ။ အဲဒီေန႔က ယုအာ ေရာက္မလာခဲ့ဘူး။ ေနာက္ေန႔ေတြလည္း ေရာက္မလာခဲ့ဘူးေလ။ ဒီလိုမ်ိဳး အရင္က တစ္ခါမွ မျဖစ္ခဲ့ဖူးဘူး . . .”
“က်ဳပ္ထင္တာက က်ဳပ္တို႔ လက္ထပ္ၾကရေတာ့မယ္ဆိုေတာ့ သူမ်ား ႐ွက္ေနတာလားေပါ့။ အဲဒါနဲ႔ က်ဳပ္လည္း စိတ္႐ွည္႐ွည္ပဲ ေစာင့္ခဲ့တယ္။ ရက္အနည္းငယ္ၾကာေတာ့ က်ဳပ္လည္း ဆက္မေစာင့္ႏိုင္ေတာ့ဘူး။ သူ႕ကို အရမ္းေတြ႕ခ်င္လာခဲ့တယ္။ အဲ့ဒါေၾကာင့္ သူ႕အိမ္ကို လိုက္သြားခဲ့တယ္။ သူ႕အိမ္ေရာက္ေတာ့ သူ႕အေဖနဲ႔ ေတြ႕ခဲ့တယ္။ က်ဳပ္ကေတာ့ က်ဳပ္တို႔ မၾကာခင္ပဲ လက္ထပ္ၾကရေတာ့မွာဆိုေတာ့ အခုေန သူက်ဳပ္ကို မေတြ႕ခ်င္ရင္ေတာင္ က်ဳပ္ကပဲ ခိုးၾကည့္သြားမယ္ေပါ့ေလ . . .”
ေက်ာင္းဖင္း႐ွန္ အေဝးသို႔ ရီေဝစြာ ေငးၾကည့္ရင္း သက္ျပင္းခ်လိုက္သည္။ မည္သည့္စကားမွ် ဆက္မေျပာေတာ့ဘဲ ေျပာလက္စ စကားအား ခဏနားလိုက္သည္။ ရဲေ႐ွာင္လည္း ဆက္ေျပာရန္ မတိုက္တြန္းျဖစ္ေပ။ အရက္သာ ေသာက္လ်က္ ေနလိုက္သည္။ ၂ ခြက္ေလာက္ ေသာက္ၿပီးေနာက္ ရဲေ႐ွာင္သက္ျပင္းတစ္ခ်က္ ခ်လိုက္ရင္း စိတ္ထဲတြင္ တစ္ကိုယ္တည္း ေတြးလိုက္မိသည္။
(ဒီေနာက္ပိုင္းေတြကစၿပီး ေပ်ာ္စရာေကာင္းတဲ့ ဇာတ္လမ္းမ်ိဳး ျဖစ္မွာ မဟုတ္ေတာ့ဘူး . . .)
ရဲေ႐ွာင္ ျမဴခိုးမ်ား ၾကားထဲမွ မိန္းကေလးအား လွမ္းၾကည့္လိုက္သည္။ ထိုမိန္းကေလးသည္ ေက်ာင္းဖင္း႐ွန္အား မ်က္ေတာင္မခတ္ဘဲ ဝမ္းနည္းေနသည့္ မ်က္ႏွာျဖင့္ ေငးၾကည့္လ်က္ ႐ွိသည္။
“အဲဒီေန႔မွာ . . . က်ဳပ္ယုအာကို ေတြ႕ခဲ့တယ္။ သူက ေကာင္ေလးတစ္ေယာက္နဲ႔ အရမ္းကို ေပ်ာ္႐ႊင္ေနတယ္ေလ။ အဲဒီေကာင္ေလးရဲ႕ လက္ကိုလည္း ဆြဲထားေသးတယ္။ သူတို႔က သိပ္ကို ရင္းႏွီးေနၾကသလိုပဲဗ်ာ။ က်ဳပ္ကိုျမင္ေတာ့ ယုအာရဲ႕ မ်က္ႏွာတစ္ခုလုံး ေသြးမ႐ွိေတာ့သလို ျဖဴေရာ္ေရာ္ ျဖစ္သြားခဲ့တယ္ . . .”
“အဲဒီအခ်ိန္မွာ က်ဳပ္ဘယ္လို ခံစားလိုက္ရမလဲဆိုတာ ခင္ဗ်ားလည္း နားလည္မွာပါ။ က်ဳပ္ . . . က်ဳပ္ . . .”
ေက်ာင္းဖင္း႐ွန္ အံႀကိတ္လ်က္ ေခါင္းငုံ႔သြားသည္။
“က်ဳပ္လည္း ေဒါသတႀကီးနဲ႔ သူတို႔ဆီ ေလွ်ာက္သြားလိုက္တယ္။ အဲဒီေကာင္ေလး ဘယ္သူလဲ ဆိုတာကိုလည္း ယုအာကို အဆက္မျပတ္ ေမးေနမိခဲ့တယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ ပတ္သက္မႈကေရာ ဘာလဲဆိုတာကိုေပါ့ . . .”
“ယုအာက က်ဳပ္ကို ခပ္တည္တည္ပဲ ျပန္ေျပာခဲ့တယ္။သူကက်ဳပ္ကို အစ္ကိုတစ္ေယာက္လိုပဲ အၿမဲတမ္း သေဘာထားခဲ့တာပါတဲ့။ က်ဳပ္ကို ခ်စ္သူတစ္ေယာက္၊ လင္ေယာက်ာ္းတစ္ေယာက္ အေနနဲ႔ လုံးဝ မျမင္မိခဲ့ဘူးတဲ့။ ေနာက္ေတာ့ . . .”
ေက်ာင္းဖင္း႐ွန္ ေျပာလက္စ စကားအား ခဏရပ္သြားျပန္သည္။
“ယုအာထပ္ေျပာတာက က်ဳပ္နဲ႔အတူ ႐ွိေနရင္ သူလုံျခဳံမွာ မဟုတ္ဘူးတဲ့၊ အခုေကာင္ေလးကို မေတြ႕ခင္ အခ်ိန္ထိ သူလိုခ်င္တဲ့ ေယာက်ာ္းမ်ိဳး ဘယ္လိုဆိုတာကို သူမသိေသးဘူးတဲ့ေလ။ က်ဳပ္က သူ႕ဘဝထဲမွာ ခဏတာ အျဖည့္ခံသက္သက္ ျဖစ္ခဲ့ရတာေပါ့ဗ်ာ၊ သူနဲ႔ မထိုက္တန္တဲ့ လူတစ္ေယာက္ပဲ ဆိုပါေတာ့ . . .”
“သူက အစြမ္းထက္တဲ့ ေယာက်ာ္းမ်ိဳးကို သေဘာက်တယ္။ သူရဲေကာင္းေပါ့ဗ်ာ . . . သူေျပာပုံအရ အသိဉာဏ္ႂကြယ္ဝတယ္ဆိုတာ တိုက္ခိုက္ခံေနရခ်ိန္မွာ အသုံးဝင္ႏိုင္မွာ မဟုတ္ဘူးတဲ့၊ က်ဳပ္တို႔ ဒုကၡေတြ႕တဲ့အခါ စာအုပ္ေတြနဲ႔ တိုက္ခိုက္မွာလားလို႔လည္း က်ဳပ္ကို ေမးခဲ့တယ္။ စာပဲဖတ္ေနတဲ့လူက ကမ႓ာႀကီးမွာ အသုံးဝင္တဲ့ေနရာ ခပ္႐ွား႐ွားလို႔ ဆိုလိုခ်င္ေနတာပဲဗ် . . .”
“ေနာက္ၿပီး မိန္းကေလးတစ္ေယာက္အတြက္ လုံျခဳံမႈက အေရးႀကီးတယ္တဲ့၊ သူ႕ေဘးမွာ ႐ွိေနတဲ့လူက ေမာ္တယ္အဆင့္ရဲ႕ ထိပ္ဆုံးပညာ႐ွင္ေတြထဲက တစ္ေယာက္တဲ့ေလ၊ က်ဳပ္မွာ ေငြလည္းမ႐ွိသလို ခြန္အားလည္း မ႐ွိဘူး။ က်ဳပ္က ဆင္းရဲသားေလး တစ္ေယာက္ပါ။ က်ဳပ္ရဲ႕ စာဖတ္အားနဲ႔ အသိဉာဏ္ကို က်ဳပ္အၿမဲတမ္း ဂုဏ္ယူေနခဲ့တယ္။ ဒါေပမယ့္ က်ဳပ္အမတ္တစ္ေယာက္လည္း ျဖစ္မလာခဲ့ပါဘူး”
“ေနာက္ဆုံးေတာ့ အနာဂတ္မဲ့တဲ့ လူတစ္ေယာက္ပဲ ျဖစ္ခဲ့ရတယ္ . . .”
“သူကေျပာေသးတယ္ . . . အစ္ကိုတဲ့ ႐ွင့္အတြက္ ကြၽန္မ ဝမ္းမနည္းပါဘူးတဲ့၊ ႐ွင္သာ ထိပ္တန္းအဆင့္ ပညာ႐ွင္တစ္ေယာက္ဆို ကြၽန္မ႐ွင့္ကို လက္ထပ္မွာပါ၊ ဒါေပမယ့္ အခု႐ွင္က အဲဒီလိုမွ မဟုတ္တာတဲ့ေလ . . .”
“အဲဒီလို မဟုတ္တဲ့အတြက္ ေငြေၾကးခ်မ္းသာႏိုင္လားဆိုၿပီး စဥ္းစားေတာ့လည္း ေငြမ႐ွိဘူးေလတဲ့။ ဒါေပမယ့္ ေငြမ႐ွိေတာင္ အနာဂတ္ခရီးလမ္းက ေသခ်ာေရရာေနမယ္ဆိုရင္ေတာင္ အလုပ္ျဖစ္ေသးတယ္ ဆိုၿပီး စဥ္းစားၾကည့္ျပန္ေတာ့လည္း မေသခ်ာဘူး၊ ခြန္အားအရာမွာလည္း မ႐ွိဘူး၊ ဘာဆိုဘာမွ မ႐ွိတဲ့လူ ျဖစ္ေနတဲ့ လူနဲ႔ ကြၽန္မ ႐ွင္နဲ႔ ဘယ္လိုစခန္းသြားရမွာလဲတဲ့၊ ကြၽန္မဘဝကို ႐ွင့္ဆီ ဘယ္လိုပုံအပ္ရမွာလဲတဲ့၊ အခ်စ္က ထမင္းမေကြၽးဘူး၊ ထမင္းမစားႏိုင္မွေတာ့ အခ်စ္ဆိုတာလည္း ႐ွိမွာ မဟုတ္ဘူးတဲ့ေလ . . .”
ေက်ာင္းဖင္း႐ွန္သည္ ထိုစကားမ်ားအား ေျပာေနရင္းျဖင့္ သူ႕ကိုယ္သူ ေလွာင္ေျပာင္ေနသလိုပင္။ သူအခ်စ္ရဆုံး မိန္းကေလးမွ သူ႕အား ေလွာင္ေျပာင္ခဲ့သည္ မဟုတ္ပါေလာ။
ရဲေ႐ွာင္ အရမ္းႀကီး မအံ့ဩမိေတာ့ေခ်။ ယခုကိစၥႏွင့္ ပတ္သက္၍ တစ္ခုခု လြဲမွားေနၿပီ ဟုသာ ေတြးလိုက္မိသည္။
“က်ဳပ္လည္း ေဆာက္တည္ရာမရ ျဖစ္သြားခဲ့တယ္။ အဲဒီေကာင္ကို ေ႐ြးခ်ယ္ဖို႔ ဆုံးျဖတ္ၿပီးၿပီဆို က်ဳပ္တို႔ျဖတ္သန္းခဲ့တဲ့ အရာအားလုံးကို ေမ့လိုက္ေတာ့မွာလားလို႔လည္း ေမးခဲ့တယ္။ ေလနဲ႔အတူ လြင့္ျပယ္သြားသလို လုပ္လိုက္ေတာ့မွာလားလို႔ေပါ့ . . .”
ေက်ာင္းဖင္း႐ွန္ နာက်င္စြာ ျပဳံးလိုက္ျပန္သည္။
“ယုအာက ထပ္ေျပာျပန္တယ္ေလ . . . သူ႕ေဘးနားကေကာင္ သူနဲ႔လက္ထပ္ဖို႔က ၃ ႏွစ္လိုဦးမွာတဲ့၊ အဲဒီ ၃ ႏွစ္မွာ အဲဒီေကာင္ေလးက က်င့္ၾကံမႈေတြ လုပ္ေနမွာေပါ့။ ၃ ႏွစ္ၾကာရင္ေတာ့ သူတို႔ လက္ထပ္ၾကမွာ၊ ၃ ႏွစ္ၾကာလို႔ အဲဒီေကာင္ေလးကို က်ဳပ္က အႏိုင္ယူႏိုင္တယ္ဆို က်ဳပ္ကို လက္ထပ္မယ္လို႔ ယုအာက ေျပာခဲ့တယ္ . . .”
ေက်ာင္းဖင္း႐ွန္ ရီေဝစြာ အေဝးသို႔ ေငးၾကည့္ရင္း ေျပာလိုက္ပါေတာ့သည္။