မိုးကောင်းကင်အောက်မှကလဲ့စား (...

By KazunoMora

52K 3.8K 5

Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ chara... More

🔥ရှင်းလင်းချက်🔥
အကျဉ်းချုပ် အက်ဥ္းခ်ဳပ္
Chapter - 209 "ရှင်လုပ်နိုင်ပါတယ်"
Chapter - 210 "တိမ်မြူခိုးနန်းတော်၏ကြမ္မာဆိုး"
Chapter - 211 "ရှေ့ဖြစ်နိမိတ်"
Chapter - 212 "သူဘယ်လိုသိ"
Chapter - 213 "ကျောက်စိမ်းအားဖြည့် ကြာပန်းပင်"
Chapter - 214"အမှားကြီးမှားခြင်း"
Chapter - 215 "အထင်လွဲခြင်း"
Chapter - 216 "လင်းရှောင်ရေခဲကျင့်စဉ်"
Chapter - 217"ယုံတမ်းစကားများ"
Chapter - 218 "သိက္ခာဆိုတာဘာလဲ"
Chapter - 219"မဖြစ်နိုင်သော"
Chapter - 220 "ကောင်းကင်အပြစ်ဒဏ်"
Chapter - 221"အမည်မသိ"
Chapter - 222"နောက်ယောင်ခံလိုက်ခြင်း"
Chapter - 223"ကျော့ကွင်း"
Chapter - 224"ဝမ်းနည်းနေသောဆောင်ဂျု"
Chapter - 225"ကျူးကျော်ဝင်ရောက်လာခြင်း"
Chapter - 226 "တွေဝေခြင်း"
Chapter - 227"ထိပ်တိုက်ရင်ဆိုင်မှု"
Chapter - 228"မိုးရွာတုန်း ရေခံ"
Chapter - 229"ပညာရှင်နှစ်ဦး၏တိုက်ပွဲ"
Chapter - 230 "ကြာပန်းကိုးခိုင်"
Chapter - 231"သူသေကိုယ်သေ"
Chapter - 232"ကယ်တင်ခြင်း (၁)"
Chapter - 233"ကယ်တင်ခြင်း (၂)"
Chapter - 234"အ‌စေ‌ခံ (၁)"
Chapter - 235"အစေခံ (၂)"
Chapter - 236"ဥတစ်ဥနှင့်လူတစ်ယောက်"
Chapter - 237"သနားစရာမိန်းကလေး ပိုင်အာ"
Chapter - 238"ဘဝတူ"
Chapter - 239"အံ့ဖွယ်လက်ဆောင်"
Chapter - 240"ကျီစားသန်က ရန်များ၏"
Chapter - 241"အဆင့်တက်အောင်ကူညီစေခြင်း (၁)"
Chapter - 242"အဆင့်တက်အောင်ကူညီစေခြင်း (၂)"
Chapter - 243"အဆင့်တက်အောင်ကူညီစေခြင်း (၃)"
Chapter - 244"မယုံနိုင်ဖွယ် အဆင့်တက်ခြင်း"
Chapter - 245"အဆင့်တက်ခြင်း၏ အကျိုးသက်ရောက်မှု"
Chapter - 246"အထူးခြားဆုံးသောကျင့်စဉ်တစ်ခု"
Chapter - 247 "ကုသမှုအား လက်ခံလိုက်ခြင်း"
Chapter - 248"ကျုပ်မှာအချိန်မရှိဘူး"
Chapter - 249"ဝေဒနာအား ကုသပေးခြင်း"
Chapter - 250"ထူးခြား စွမ်းအင်"
Chapter - 251"ပဟေဠိဆန်သော ပုစ္ဆာ"
Chapter - 252"နူးညံ့မှု"
Chapter - 253"ဝမ်ဇန်းဟို၏အခက်အခဲ"
Chapter - 254"အချောင်သမားများ"
Chapter - 255"သနားစဖွယ် ဥ"
Chapter - 256"ထူးဆန်းသောစွမ်းအင်"
Chapter - 257"ဥ၏နေရာ"
Chapter - 258"ပျော်ရွှင်သွားသောဥ"
Chapter - 259 "ပိုင်အာ၏ကြိုးပမ်းမှု"
Chapter - 260 "နှိပ်စက်ခံနေရသကဲ့သို့"
Chapter - 261"ကြောက်မက်ဖွယ်ရာ ချီဓာတ်များ"
Chapter - 262"ထင်ယောင်ထင်မှားဖြစ်ခြင်း"
Chapter -263"လျှို့ဝှက်ချက်ပေါ်သွားခြင်း"
Chapter - 264"နန်ရှန်ဆင်း"
Chapter - 265"အကောင်းဆုံးကြိုးစားခြင်း"
Chapter - 266"ပထမတိုက်ကွက်"
Chapter - 267"သက်ရောက်မှုမရှိခြင်း"
Chapter - 268"ဓားတစ်လက်ဖြစ်ပေါ်လာခြင်း"
Chapter - 269"ရယ်မောခြင်းလေပြည်"
Chapter - 270"တန်ပြန်တိုက်ခိုက်မှု"
Chapter - 271"အသေသတ်တိုက်ကွက်"
Chapter - 272"စားရကံ ကြုံလို့ မုတ်ဆိတ် ပျားစွဲ"
Chapter - 273"မလူးသာမလွန့်သာ"
Chapter - 274"ဝှက်ဖဲ"
Chapter - 275"အပ်ကိုသုံးတာဘယ်သူလဲ"
Chapter - 276"အနန္တသူတော်စင်"
Chapter - 277"မင်းသိလား"
Chapter - 278"လေလံခန်းမဖွင့်လှစ်ခြင်း"
Chapter - 279"မုန်တိုင်းအိမ်တော်၏ အရှိန်အဝါ"
Chapter - 280"ဖိနှိပ်ခံရခြင်း"
Chapter - 281 - 285
286 - 290
291 - 295
296 - 300
301 - 306
307 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 336
Chapter - 337"ဉာဏ်ကောင်းလှသည့်ဇုဝူကျီ"
Chapter - 338"စဉ်းစားခန်းဝင်ခြင်း"
Chapter - 339"အစော်ကားခံရသည့်ဖန်ဧကရာဇ်"
Chapter - 340"နိုင်ငံရေးနားမလည်သောရဲရှောင်"
Chapter - 341"ဝမ်အာရောက်လာခြင်း"
Chapter - 342"အိန္ဒြေရရ‌ နေကြပါ"
Chapter - 343"လျှို့ဝှက်မြေပုံ"
Chapter - 344"လုပ်ကြံသတ်ဖြတ်သူနှစ်ဦး တွေ့ဆုံကြခြင်း"
Chapter - 345"သေသည့်တိုင် တာဝန်ယူမည်"
Chapter - 346"ခင်ဗျားကိုငှားချင်တယ်"
Chapter - 347"ရှေ့ဆက်ရမည့်အစီအစဉ်"
Chapter - 348"လုပ်ငန်းစတင်ခြင်း"
Chapter - 349"လှုပ်ရှားခြင်း"
Chapter - 350"အသေအချာ သိသွားကြခြင်း"
Chapter - 351"စိတ်နှင့်ကိုယ်မကပ်ခြင်း"
Chapter - 352"ဆဲဆိုကြခြင်း"
Chapter - 353"ဆဲဆိုကြခြင်း"
Chapter - 354"အရက်သောက်ကြခြင်း"
Chapter - 355"ကမ္ဘာ့ရန်"
Chapter - 356"တိုက်ပွဲ"
Chapter - 357"တိုးတက်မှုမရှိခြင်း"
Chapter - 358"ပူးပေါင်းမှု"
Chapter - 359"ဝတ်ရုံနက်ဖြင့်လူ"
Chapter - 360"ခင်ဗျားဘယ်သူလဲ"
Chapter - 361"သွေးခွဲခြင်း"
Chapter - 362"တိုက်ကွက်ဆန်း"
Chapter - 363"စစ်ယု"
Chapter - 364"အတူတကွရင်ဆိုင်ရန်"
Chapter - 365"ကျားရဲတွင်းသို့"
Chapter - 366"ဓားတစ်ချောင်းနှင့်လူတစ်ယောက်"
Chapter - 367"စံပြပုဂ္ဂိုလ်"
Chapter - 368"ကမ္ဘာမကြေ ရန်ငြိုး"
Chapter - 369"ဗိုက်ခေါက်ကြီး"
Chapter - 370"ဆရာနင်"
371 - 375
376--377
378--379
380--381
382--383
384--385
386--387
388--389
390--391
392--393
394--395
396--397
398--399
400
401--402
403--404
405--406
Chapter (407)"ကောင်ကင်အဆင့်တစ်ပညာရှင်လော"
Chapter (408)"ကောင်းကင်အဆင့်နှစ်ပညာရှင်လော"
Chapter (409)"အနိုင်ရမည်လော"
Chapter (410)"တစ်ချက်တည်းဖြင့်"
Chapter (411)"ကြိုးစားခွင့်"
Chapter (412)"သတ်ဖြတ်ခြင်းဘုရင်"
Chapter (413)"ခင်ဗျားမှာအကူရှိတယ်"
Chapter (414)"ပြောင်းလဲသွားသောအခြေအနေ"
Chapter (415)"တိုက်ခိုက်မှုစတင်ခြင်း"
Chapter (416)"လှုံ့ဆော်မှု"
Chapter (417)"တရားခံဘယ်သူလဲ"
Chapter (418)"ရှက်ရွံ့နေသည့်သခင်ကြီးဘိုင်"
Chapter (419)"ထူးဆန်းသောအဖြစ်အပျက်"
Chapter (421)"လေနှင့်အတူ"
Chapter (422)"ယင်ယန်အသီးများ"
Chapter (423)"ရင်နင့်စွာဖြင့်"
Chapter (424)"အချစ်အတွက်ဆို"
Chapter (425)"နည်းလမ်းနှစ်ခု"
Chapter (426)"မိုးကောင်းကင်ကို ထိတွေ့ရသည်ထက် ခက်၏"
Chapter (427)"တစ်နှစ်တစ်ခါ"
Chapter (428)"ရယ်မောခြင်း၏အဓိပ္ပါယ်"
Chapter (429)"အထီးကျန်သောဘဝ"
Chapter (430)"လက်ကိုင်တုတ်"
Chapter (431)"လုပ်ကြံသတ်ဖြတ်သူများစုဝေးခြင်း"
Chapter (432)"အဖြေမရှိ"
Chapter (433)"ထိပ်တန်းပညာရှင်များအား ပျိုးထောင်ပေးခြင်း"
Chapter (434)"အံ့မခန်းအမြန်နှုန်း"
Chapter (435)"ရေခဲဝိညာဉ်ဓား"
Chapter (436)"ဓားနှင့်တသားတည်းဖြစ်သွားခြင်း"
Chapter (437)"မခေါ်ဘဲလာသည့်ဧည့်သည်"
Chapter (438)"လင်းဝုရှဲ့"
439--440
441--442
443--444
445--446
447--448
449--450
451--452
453--454
455--456
457--458
459--460
461--462
463--464
465--466
467--468
469--470
471--472
473--474
475--476
477--478
479--480
Chapter (481)"ကျုပ်တို့မလိုချင်ပါဘူး"
Chapter (482)"ဒုက္ခလှိုင်းများ"
Chapter (483)"ဝမ်းနည်းနေသော လင်းဝုရှဲ့"
Chapter (484)"မန်ဟွာချင်း"
Chapter (485)"အံ့ဩတုန်လှုပ်ခြင်း"
Chapter (486)"ထွက်ခွာကြရတော့မည်"
Chapter (487)"ရှင့်အကူအညီလိုတယ်"
Chapter (488)"ဆွေးနွေးမှုပျက်ပြယ်ခြင်း"
Chapter (489)"ခြိမ်းခြောက်မှု"
Chapter (490)"ဘယ်တော့မှအလျော့မပေးဘူး"
🔥🔥🔥🔥

Chapter (420)"စိတ်တန်ခိုးမျက်လုံး"

231 21 0
By KazunoMora

Chapter (420)

“စိတ်တန်ခိုးမျက်လုံး”

ဝမ်အာနှင့် ချူးအာတို့မှ တအံ့တဩဖြင့် -

“ဟင် . . . ထူးဆန်းတယ်နော် . . .”

သခင်ကြီးဘိုင် မျက်မှောင်ကြုတ်လျက် -

“ဖန်ဇီလင် အဲဒီလို ပြောပြီးတာနဲ့ ကျောင်းဖင်းရှန်က သူ့အဖွဲ့ကို သူပြန်ဆန့်ကျင်လိုက်တာလား . . ."

“သူ့ပုံစံက ဘယ်လိုမျိုး ဖြစ်နေလဲ၊ ဘာများ ပြောလိုက်သေးလဲ၊ အသေးစိတ် ပြန်ပြောစမ်း . . .”

ဝတ်ရုံနက်ဖြင့်လူလည်း တခဏမျှ စဉ်းစားလိုက်ပြီးနောက် ဇာတ်လမ်းအား အစမှနေ၍ ပြန်ပြောပြပြန်သည်။ ထိုသို့ ပြောပြနေချိန်၌ သခင်ကြီးဘိုင်၏ မျက်နှာသည် တည်ငြိမ်သွားလိုက် မျက်မှောင်ကြုတ်သွားလိုက်ဖြင့် အမူအယာအမျိုးမျိုး ဖြစ်ပေါ်နေလေသည်။

သခင်ကြီးဘိုင် မျက်မှောင်ကြုတ်ရင်း အတွေးနယ်ချဲ့နေစဉ်မှာပင် သူ၏ မျက်နှာရှိ ဒဏ်ရာများသည်လည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်ကုန်ကြသည်။

ထိုအခါ ဝက်ခေါင်းကဲ့သို့ ယောင်ကိုင်းမနေတော့ဘဲ ယခင်ကကဲ့သို့ ချောမောခန့်ညားသော ရုပ်ရည်မျိုး ပြန်ဖြစ်သွားသည်။ ဝတ်ရုံနက်ဖြင့်လူ ပြောပြသည့် စကားများအား အစအဆုံး နားထောင်ပြီးသည့်နောက် သခင်ကြီးဘိုင် ဇာတ်ရည်လည်သွားလေသည်။

“ဖန်ဇီလင်ကတော့ ငါ့ကို အမြဲတမ်း အံ့ဩအောင် လုပ်နေတော့တာပဲ။ သူ့မှာ စိတ်တန်ခိုးမျက်လုံး ရှိနေတာပဲ။ ဒီလို အဆင့်နိမ့်နယ်ပယ်မှာ အခုလို လျှို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းမျိုး ပိုင်ဆိုင်ထားတဲ့လူ တကယ်ပဲ ရှိနေတာလား၊ တော်တော်ကို ထူးဆန်းတာပဲ . . .”

ဝမ်အာနှင့် ချူးအာတို့လည်း အံ့ဩသွားကာ -

“စိတ်တန်ခိုးမျက်လုံး ဟုတ်လား . . . ဘယ်လိုများလဲ . . .”

သခင်ကြီးဘိုင် ခေါင်းညိတ်လိုက်ရင်း -

“ကျိုးကြောင်းဆီလျော်အောင် ရှင်းပြလို့တော့ မရပေဘူး။ ကျောင်းဖင်းရှန်က သူ့ရန်သူပြောတဲ့ စကားကို အလွယ်တကူ ယုံလိမ့်မယ်လို့များ ထင်နေလား၊ အဲဒီလောက်ထိတော့ မရူးမိုက်ဘူးလေ . . .”

ချူးအာမှ နားမလည်နိုင်သည့်ဟန်ဖြင့် -

“ဆရာပြောတာလည်း ဟုတ်တာပဲ၊  ဒါပေမယ့် အဆင့်နိမ့်နယ်ပယ်မှာ ဒီလို စိတ်တန်ခိုးမျက်လုံး ပိုင်ရှင်တွေက များသောအားဖြင့် ကလေးတွေ များတယ်။ နောက်ပြီး ဒီကလေးတွေ ဆိုတာကလည်း တကယ့်အစစ်အမှန်ကမ္ဘာမှာ မတည်ရှိတဲ့ အရာတွေကို မြင်နိုင်နေတဲ့အတွက် မကျန်းမမာ ဖြစ်ကြတာ များတယ်လေ။ သူတို့ ကြီးပြင်းလာတာနဲ့အမျှ ဒီစိတ်တန်ခိုးမျက်လုံး အစွမ်းကို ဆုံးရှုံးကြရတာပဲ။ ဖန်ဧကရာဇ်က မငယ်တော့ပါဘူး။ ဒီလိုစွမ်းအင်မျိုး ဘယ်လိုလုပ် ပိုင်ဆိုင်နေရတာလဲ . . .”

သခင်ကြီးဘိုင် အဝေးတစ်နေရာသို့ ငေးကြည့်လိုက်ရင်း -

“သူ့မှာလည်း သူ့နည်းနဲ့သူ ရှိလို့ နေမှာပေါ့။ စိတ်တန်ခိုး မျက်လုံးရအောင် လေ့ကျင့်နိုင်သူဆိုတာ အရမ်းကို အဆင့်မြင့်တဲ့ နယ်ပယ်က လူတွေလောက်မှာပဲ ရှိတာ၊ နည်းလမ်းလည်း အများကြီး မရှိပါဘူး။ ဒါပေမယ့် ကံအားလျော်စွာနဲ့ နည်းလမ်းတစ်ခုကို တွေ့ခဲ့ပြီး ကောင်းကောင်း လေ့ကျင့်နိုင်ခဲ့တာပဲ ဖြစ်လိမ့်မယ်။ အခုချိန်မှာတော့ ဒီလိုပဲ ယူဆရမှာပေါ့ . . .”

ချူးအာ ခေါင်းညိတ်လျက် -

“ဟုတ်တယ် . . .  သူသာ ကောင်းကောင်း လေ့ကျင့်နိုင်မယ်ဆို ယင်ဓာတ်တစ်မျိုးတည်းတင် မကဘဲ ယင်ယန် ဓာတ်နှစ်မျိုးလုံးကို ထွင်းဖောက်မြင်နိုင်လိမ့်မယ် . . .”

“တစ္ဆေတွေ ဝိညာဉ်တွေဆိုတာ သာမန်လူတွေအဖို့ မယုံကြည်နိုင်စရာ ရယ်ချင်စရာပဲပေါ့။ ဒါပေမယ့် ထိပ်တန်းပညာရှင်တွေကတော့ ဒီလို ဖြစ်တည်မှုတွေကို သိကြတယ်။ ဝိညာဉ်တွေ ဆိုတာ တကယ်ရှိသလို တစ္ဆေတွေ ဆိုတာလည်း တကယ်ရှိတယ်လေ . . .”

ဝမ်အာလည်း ထောက်ခံသည့် သဘောဖြင့် ခေါင်းညိတ်လိုက်ရင်း -

“ဟုတ်တယ် . . . ဒီယုအာဆိုတဲ့ မိန်းကလေးက ကျောင်းဖင်းရှန်အတွက် အရမ်းကို အရေးကြီးတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လိမ့်မယ်။ ကျောင်းဖင်းရှန်က အဲဒီကောင်မလေးကို သတိရတဲ့စိတ်နဲ့ အမြဲတမ်း မှိုင်တွေနေတာ ဖြစ်နိုင်တယ်။ ဖန်ဇီလင်က ဒီအကွက်ကို အသုံးချပြီး သူ့ဘက်ပါအောင် ဆွဲခေါ်နိုင်လိုက်ပုံပဲ . . .”

ချူးအာမှလည်း -

“ပိုအရေးကြီးတဲ့ အချက်တစ်ချက်က ဒီကောင်မလေးဟာ ကျောင်းဖင်းရှန် အချစ်ရဆုံး မိန်းကလေး ဖြစ်လိမ့်မယ်။ ကျွန်မ ကျောင်ဖင်းရှန်အကြောင်း စုံစမ်းကြည့်လိုက်ပါ့မယ် ဆရာ . . . ကျွန်မတို့ သူ့အကြောင်း သိဖို့ လိုနေပြီ . . .”

သခင်ကြီးဘိုင် မျက်မှောင်ကြုတ်လျက် -

“တကယ်တော့ အခုချိန် ဘာမှ စုံစမ်းနေစရာ မလိုတော့ပါဘူး။ ကျောင်းဖင်းရှန်က အခုချိန်မှာ ဖန်ဇီလင်လူ ဖြစ်နေပြီ။ ဒါပေမယ့်လည်း သတိဆိုတာ ပိုတယ်မရှိပါဘူးလေ။ ကျောင်းဖင်းရှန်အကြောင်း ပိုပြီး သိနိုင်ရင် နောက်ပိုင်း ငါတို့သူနဲ့ ရင်ဆိုင်ရ လွယ်မှာပေါ့ . . .”

သခင်ကြီးဘိုင်၏ စကားအား ကြားသောအခါ ချူးအာလည်း ထွက်ခွာသွားလေသည်။

ဝမ်အာမှ -

“ဆရာ . . . ကျောင်းဖင်းရှန်က ဖန်ဇီလင်လူ ဖြစ်သွားပြီဆိုတာ ဆရာက သေချာလှချည်လား။ ကျောင်းဖင်းရှန်ကို တိုက်ခိုက်နိုင်တဲ့ လူတစ်ယောက်လောက် လွှတ်လိုက်မယ် ဆိုရင်ရော . . .”

သခင်ကြီးဘိုင်လည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပါတော့သည်။

*****

ရဲရှောင်နှင့် ကျောင်းဖင်းရှန်တို့သည် မြင်းကိုယ်စီ စီးနှင်းလာကြပြီး ခရီးဆက်လာခဲ့ကြသည်။ ၇ မိုင်ခန့် ခရီးဆက်လာခဲ့ပြီးသည့် အချိန်တွင် ဖန်ဇီလင်၏ အသက်အား လိုချင်နေသော လူအုပ်စု ၇ စုအား တွေ့ခဲ့ကြရသည်။ သို့သော် ဖန်ဇီလင်အနေဖြင့် စိုးရိမ်နေစရာ မရှိချေ။ အဘယ့်ကြောင့်ဆိုသော် ကျောင်းဖင်းရှန်သည် ဖန်ဇီလင်အား အပြည့်အဝ ကာကွယ်ပေးလျက် ရှိနေသောကြောင့် ဖြစ်သည်။ ကျောင်းဖင်းရှန်၏ လက်ချက်ကြောင့် မြေပြင်ပေါ်တွင် ရန်သူများ အတုံးအရုံး လဲကျသေဆုံးနေကာ သွေးကွက်များစွာလည်း ထင်ကျန်၍ နေပါတော့သည်။

မြို့ထဲတွင် ဖန်ဇီလင်၏ အသက်အား လိုချင်သည့် လူအများအပြား ရှိသည်။ ထို့ကြောင့် လူများ ထပ်မံ၍ ရောက်လာနိုင်ပေသည်။

ကျောင်းဖင်းရှန်သည် သတ်ဖြတ်ခြင်းဘုရင် ဆိုသော်လည်း လူသားတစ်ယောက်ပင် မဟုတ်ပါလား။ လူသားတစ်ယောက် ဖြစ်သည့်အတွက် အားအင်ကုန်ခန်းလာသည်မှာ ဓမ္မတာပင်။ ထို့ကြောင့် ရေရှည်တွင် ထပ်မံရောက်ရှိလာမည့် ရန်သူများအား ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ရဲရှောင်သည် သူ၏ မျက်နှာအား လက်ကိုင်ပဝါ တစ်ထည်ဖြင့် စီး၍ ကာထားလိုက်သည်။ နေ့ခင်းကြောင်တောင်တွင် လက်ကိုင်ပဝါ အုပ်၍ မျက်နှာကာထားသည့်လူအား အရူးတစ်ယောက်ဟုပင် လူတိုင်း ထင်မြင်ကြပေလိမ့်မည်။

သို့သော် အရူးတစ်ယောက်ဟု ထင်မြင်ကြခြင်းထက် လူမြင်မခံရရေးမှာ ပို၍ အရေးကြီးလှပေသည်။ ယခုလို အရူးတစ်ယောက်ကဲ့သို့ လူတစ်ယောက်သည် လင်းပါအို၏ ဖန်ဧကရာဇ် ဖြစ်လိမ့်မည်ဟု မည်သူမျှ တန်း၍ သိနိုင်မည် မဟုတ်တော့ပေ။

ဖန်ဇီလင်သည် အားလုံး၏ အလိုရှိခြင်း ခံနေရသော လူတစ်ယောက်ပင် မဟုတ်ပါလော။

ကျောင်းဖင်းရှန်သည်လည်း ရဲရှောင်၏ အကြံအား သဘောကျသွားဟန်ဖြင့် မျက်နှာဖုံးတစ်ခု ဝတ်ဆင်လိုက်လေသည်။

သူသည်လည်း နာမည်ကြီးတစ်ယောက် ဖြစ်သဖြင့် လုပ်ကြံသတ်ဖြတ်ရေး လောကတွင် မသိသူဟူ၍ ခပ်ရှားရှားပင် ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ရုပ်ဖျက်ထားမှသာ လူမသိသူမသိ ဖြစ်ပေလိမ့်မည်။

အကယ်၍ ကျောင်းဖင်းရှန် တစ်ယောက်တည်းသာဆိုလျှင် မည်သည့်အရာကိုမျှ ကြောက်နေစရာ ဂရုစိုက်စရာ မလိုသကဲ့သို့ သူ့ကိုလည်း မည်သူကမျှ ရန်လာစရဲကြမည် မဟုတ်ပေ။

သို့သော် အခြေအနေခြင်းမှာ မတူညီပေ။ ဖန်ဇီလင်တို့၏ သတင်းသည် တောမီးပမာ ပြန့်နှံ့ခဲ့ပြီး ကျောင်းဖင်းရှန်နှင့်အတူ ဖန်ဇီလင် ရှိနေသည် ဆိုသည်ကိုလည်း လူတိုင်းလိုလို သိသွားကြပြီ ဖြစ်သည်။

ထို့ကြောင့် မျက်နှာဖုံး စွပ်လိုက်ခြင်းဖြင့် အနည်းနှင့်အများတော့ ခံသာသွားမည် ဖြစ်သည်။

ရဲရှောင်တို့ နှစ်ဦးသည် လူတိုင်းလိုလို ညဘက်တွင်သာ တပ်လေ့ရှိသော မျက်နှာဖုံးအား နေ့ခင်းဘက်တွင် တပ်ထားကြသည်။ အခြားလူများအတွက် လှောင်ပြောင်ရယ်မောစရာ ဖြစ်နေမည်ကိုလည်း ဂရုမစိုက်တော့ချေ။

ထိုသို့ဖြင့် တည်းခိုဆောင်လေး တစ်ခုသို့ ရောက်သည့်အခါမှသာ သူတို့၏ ခရီးကိုလည်း အဆုံးသတ်လိုက်ကြလေသည်။

ဖန်ဇီလင်တို့သည် မြင်းများပေါ်မှ ဆင်းလိုက်ကြပြီးနောက် တည်းခိုဆောင်အတွင်း လမ်းလျှောက်ဝင်လာခဲ့ ကြသည်။

ရဲရှောင်လည်း သင့်တင့်သည့် အခန်းတစ်ခန်း ယူလိုက်ပြီးနောက် ကျောင်းဖင်းရှန်နှင့်အတူ အခန်းထဲသို့ ဝင်ခဲ့လေသည်။ ထို့နောက် သိုလှောင်လက်စွပ် အတွင်းမှ အဝတ်အစားအချို့ထုတ်ကာ လဲလှယ် ဝတ်ဆင်လိုက်ကြသည်။ ရဲရှောင်တို့သည် ယခုတည်းခိုဆောင်တွင် နားကြခြင်း မဟုတ်ဘဲ ပြင်ဆင်စရာ ရှိသည်များအား ပြင်ဆင်ပြီးသည်နှင့် ပြတင်းပေါက်မှတဆင့် ခုန်ချထွက်ပြေးခဲ့ကြပြန်သည်။

ထိုတည်းခိုဆောင် အနီးတွင် နောက်ထပ် တည်းခိုဆောင်တစ်ခု ရှိနေပြန်ပါသေးသည်။ ရဲရှောင်မှ ရက်ရောစွာပင် တည်းခိုဆောင် ပိုင်ရှင်အား ငွေစတစ်ထောင် ထုတ်ပေး၍ တည်းခိုဆောင်ကြီး တစ်ခုလုံးအား တစ်ရက်အပြတ် ငှားရမ်းလိုက်လေသည်။

စားဖို့သောက်ဖို့ အတွက် ချက်ပြုတ်ပေးရန်ပင် လူမချန်တော့ချေ။

ထိုတည်းခိုဆောင်သည် တစ်နှစ်လုံးမှ ငွေစ ၁၀၀၀ ခန့်သာ ရသည်။ ယခု ရဲရှောင်ကဲ့သို့ လူချမ်းသာ တစ်ဦးနှင့် တွေ့ရသည့်အတွက် ဆိုင်ရှင်လည်း အရူးတစ်ယောက်ကဲ့သို့ ရယ်မောကာ မည်သည့်စကားမျှ မပြောတော့ဘဲ တည်းခိုဆောင်တံခါးအား ပိတ်ရင်း ထွက်ခွာသွားခဲ့သည်။

ရဲရှောင်တို့ ၂ ယောက် အေးအေးဆေးဆေး စကားပြောနိုင်ရန်အတွက် သူကိုယ်တိုင်ပါ ရှောင်ပေးလိုက်ခြင်း ဖြစ်သည်။

ရဲရှောင်နှင့် ကျောင်းဖင်းရှန်တို့သည် မျက်နှာချင်းဆိုင် ထိုင်လျက် ရှိကြသည်။ သူတို့၏ အရှေ့တွင် ဆိုင်ရှင်မသွားခင် စီစဉ်ပေးခဲ့သည့် စားစရာ အချို့လည်း ရှိနေပါတော့သည်။

Chapter (420)

“စိတ္တန္ခိုးမ်က္လုံး”

ဝမ္အာႏွင့္ ခ်ဴးအာတို႔မွ တအံ့တဩျဖင့္ -

“ဟင္ . . . ထူးဆန္းတယ္ေနာ္ . . .”

သခင္ႀကီးဘိုင္ မ်က္ေမွာင္ၾကဳတ္လ်က္ -

“ဖန္ဇီလင္ အဲဒီလို ေျပာၿပီးတာနဲ႔ ေက်ာင္းဖင္း႐ွန္က သူ႕အဖြဲ႕ကို သူျပန္ဆန္႔က်င္လိုက္တာလား . . ."

“သူ႕ပုံစံက ဘယ္လိုမ်ိဳး ျဖစ္ေနလဲ၊ ဘာမ်ား ေျပာလိုက္ေသးလဲ၊ အေသးစိတ္ ျပန္ေျပာစမ္း . . .”

ဝတ္႐ုံနက္ျဖင့္လူလည္း တခဏမွ် စဥ္းစားလိုက္ၿပီးေနာက္ ဇာတ္လမ္းအား အစမွေန၍ ျပန္ေျပာျပျပန္သည္။ ထိုသို႔ ေျပာျပေနခ်ိန္၌ သခင္ႀကီးဘိုင္၏ မ်က္ႏွာသည္ တည္ၿငိမ္သြားလိုက္ မ်က္ေမွာင္ၾကဳတ္သြားလိုက္ျဖင့္ အမူအယာအမ်ိဳးမ်ိဳး ျဖစ္ေပၚေနေလသည္။

သခင္ႀကီးဘိုင္ မ်က္ေမွာင္ၾကဳတ္ရင္း အေတြးနယ္ခ်ဲ႕ေနစဥ္မွာပင္ သူ၏ မ်က္ႏွာ႐ွိ ဒဏ္ရာမ်ားသည္လည္း တျဖည္းျဖည္းခ်င္း ေပ်ာက္ကြယ္ကုန္ၾကသည္။

ထိုအခါ ဝက္ေခါင္းကဲ့သို႔ ေယာင္ကိုင္းမေနေတာ့ဘဲ ယခင္ကကဲ့သို႔ ေခ်ာေမာခန္႔ညားေသာ ႐ုပ္ရည္မ်ိဳး ျပန္ျဖစ္သြားသည္။ ဝတ္႐ုံနက္ျဖင့္လူ ေျပာျပသည့္ စကားမ်ားအား အစအဆုံး နားေထာင္ၿပီးသည့္ေနာက္ သခင္ႀကီးဘိုင္ ဇာတ္ရည္လည္သြားေလသည္။

“ဖန္ဇီလင္ကေတာ့ ငါ့ကို အၿမဲတမ္း အံ့ဩေအာင္ လုပ္ေနေတာ့တာပဲ။ သူ႕မွာ စိတ္တန္ခိုးမ်က္လုံး ႐ွိေနတာပဲ။ ဒီလို အဆင့္နိမ့္နယ္ပယ္မွာ အခုလို လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အစြမ္းမ်ိဳး ပိုင္ဆိုင္ထားတဲ့လူ တကယ္ပဲ ႐ွိေနတာလား၊ ေတာ္ေတာ္ကို ထူးဆန္းတာပဲ . . .”

ဝမ္အာႏွင့္ ခ်ဴးအာတို႔လည္း အံ့ဩသြားကာ -

“စိတ္တန္ခိုးမ်က္လုံး ဟုတ္လား . . . ဘယ္လိုမ်ားလဲ . . .”

သခင္ႀကီးဘိုင္ ေခါင္းညိတ္လိုက္ရင္း -

“က်ိဳးေၾကာင္းဆီေလ်ာ္ေအာင္ ႐ွင္းျပလို႔ေတာ့ မရေပဘူး။ ေက်ာင္းဖင္း႐ွန္က သူ႕ရန္သူေျပာတဲ့ စကားကို အလြယ္တကူ ယုံလိမ့္မယ္လို႔မ်ား ထင္ေနလား၊ အဲဒီေလာက္ထိေတာ့ မ႐ူးမိုက္ဘူးေလ . . .”

ခ်ဴးအာမွ နားမလည္ႏိုင္သည့္ဟန္ျဖင့္ -

“ဆရာေျပာတာလည္း ဟုတ္တာပဲ၊  ဒါေပမယ့္ အဆင့္နိမ့္နယ္ပယ္မွာ ဒီလို စိတ္တန္ခိုးမ်က္လုံး ပိုင္႐ွင္ေတြက မ်ားေသာအားျဖင့္ ကေလးေတြ မ်ားတယ္။ ေနာက္ၿပီး ဒီကေလးေတြ ဆိုတာကလည္း တကယ့္အစစ္အမွန္ကမ႓ာမွာ မတည္႐ွိတဲ့ အရာေတြကို ျမင္ႏိုင္ေနတဲ့အတြက္ မက်န္းမမာ ျဖစ္ၾကတာ မ်ားတယ္ေလ။ သူတို႔ ႀကီးျပင္းလာတာနဲ႔အမွ် ဒီစိတ္တန္ခိုးမ်က္လုံး အစြမ္းကို ဆုံး႐ႈံးၾကရတာပဲ။ ဖန္ဧကရာဇ္က မငယ္ေတာ့ပါဘူး။ ဒီလိုစြမ္းအင္မ်ိဳး ဘယ္လိုလုပ္ ပိုင္ဆိုင္ေနရတာလဲ . . .”

သခင္ႀကီးဘိုင္ အေဝးတစ္ေနရာသို႔ ေငးၾကည့္လိုက္ရင္း -

“သူ႕မွာလည္း သူ႕နည္းနဲ႔သူ ႐ွိလို႔ ေနမွာေပါ့။ စိတ္တန္ခိုး မ်က္လုံးရေအာင္ ေလ့က်င့္ႏိုင္သူဆိုတာ အရမ္းကို အဆင့္ျမင့္တဲ့ နယ္ပယ္က လူေတြေလာက္မွာပဲ ႐ွိတာ၊ နည္းလမ္းလည္း အမ်ားႀကီး မ႐ွိပါဘူး။ ဒါေပမယ့္ ကံအားေလ်ာ္စြာနဲ႔ နည္းလမ္းတစ္ခုကို ေတြ႕ခဲ့ၿပီး ေကာင္းေကာင္း ေလ့က်င့္ႏိုင္ခဲ့တာပဲ ျဖစ္လိမ့္မယ္။ အခုခ်ိန္မွာေတာ့ ဒီလိုပဲ ယူဆရမွာေပါ့ . . .”

ခ်ဴးအာ ေခါင္းညိတ္လ်က္ -

“ဟုတ္တယ္ . . .  သူသာ ေကာင္းေကာင္း ေလ့က်င့္ႏိုင္မယ္ဆို ယင္ဓာတ္တစ္မ်ိဳးတည္းတင္ မကဘဲ ယင္ယန္ ဓာတ္ႏွစ္မ်ိဳးလုံးကို ထြင္းေဖာက္ျမင္ႏိုင္လိမ့္မယ္ . . .”

“တေစၧေတြ ဝိညာဥ္ေတြဆိုတာ သာမန္လူေတြအဖို႔ မယုံၾကည္ႏိုင္စရာ ရယ္ခ်င္စရာပဲေပါ့။ ဒါေပမယ့္ ထိပ္တန္းပညာ႐ွင္ေတြကေတာ့ ဒီလို ျဖစ္တည္မႈေတြကို သိၾကတယ္။ ဝိညာဥ္ေတြ ဆိုတာ တကယ္႐ွိသလို တေစၧေတြ ဆိုတာလည္း တကယ္႐ွိတယ္ေလ . . .”

ဝမ္အာလည္း ေထာက္ခံသည့္ သေဘာျဖင့္ ေခါင္းညိတ္လိုက္ရင္း -

“ဟုတ္တယ္ . . . ဒီယုအာဆိုတဲ့ မိန္းကေလးက ေက်ာင္းဖင္း႐ွန္အတြက္ အရမ္းကို အေရးႀကီးတဲ့ မိန္းကေလးတစ္ေယာက္ ျဖစ္လိမ့္မယ္။ ေက်ာင္းဖင္း႐ွန္က အဲဒီေကာင္မေလးကို သတိရတဲ့စိတ္နဲ႔ အၿမဲတမ္း မိႈင္ေတြေနတာ ျဖစ္ႏိုင္တယ္။ ဖန္ဇီလင္က ဒီအကြက္ကို အသုံးခ်ၿပီး သူ႕ဘက္ပါေအာင္ ဆြဲေခၚႏိုင္လိုက္ပုံပဲ . . .”

ခ်ဴးအာမွလည္း -

“ပိုအေရးႀကီးတဲ့ အခ်က္တစ္ခ်က္က ဒီေကာင္မေလးဟာ ေက်ာင္းဖင္း႐ွန္ အခ်စ္ရဆုံး မိန္းကေလး ျဖစ္လိမ့္မယ္။ ကြၽန္မ ေက်ာင္ဖင္း႐ွန္အေၾကာင္း စုံစမ္းၾကည့္လိုက္ပါ့မယ္ ဆရာ . . . ကြၽန္မတို႔ သူ႕အေၾကာင္း သိဖို႔ လိုေနၿပီ . . .”

သခင္ႀကီးဘိုင္ မ်က္ေမွာင္ၾကဳတ္လ်က္ -

“တကယ္ေတာ့ အခုခ်ိန္ ဘာမွ စုံစမ္းေနစရာ မလိုေတာ့ပါဘူး။ ေက်ာင္းဖင္း႐ွန္က အခုခ်ိန္မွာ ဖန္ဇီလင္လူ ျဖစ္ေနၿပီ။ ဒါေပမယ့္လည္း သတိဆိုတာ ပိုတယ္မ႐ွိပါဘူးေလ။ ေက်ာင္းဖင္း႐ွန္အေၾကာင္း ပိုၿပီး သိႏိုင္ရင္ ေနာက္ပိုင္း ငါတို႔သူနဲ႔ ရင္ဆိုင္ရ လြယ္မွာေပါ့ . . .”

သခင္ႀကီးဘိုင္၏ စကားအား ၾကားေသာအခါ ခ်ဴးအာလည္း ထြက္ခြာသြားေလသည္။

ဝမ္အာမွ -

“ဆရာ . . . ေက်ာင္းဖင္း႐ွန္က ဖန္ဇီလင္လူ ျဖစ္သြားၿပီဆိုတာ ဆရာက ေသခ်ာလွခ်ည္လား။ ေက်ာင္းဖင္း႐ွန္ကို တိုက္ခိုက္ႏိုင္တဲ့ လူတစ္ေယာက္ေလာက္ လႊတ္လိုက္မယ္ ဆိုရင္ေရာ . . .”

သခင္ႀကီးဘိုင္လည္း သေဘာတူဟန္ျဖင့္ ေခါင္းညိတ္ျပလိုက္ပါေတာ့သည္။

*****

ရဲေ႐ွာင္ႏွင့္ ေက်ာင္းဖင္း႐ွန္တို႔သည္ ျမင္းကိုယ္စီ စီးႏွင္းလာၾကၿပီး ခရီးဆက္လာခဲ့ၾကသည္။ ၇ မိုင္ခန္႔ ခရီးဆက္လာခဲ့ၿပီးသည့္ အခ်ိန္တြင္ ဖန္ဇီလင္၏ အသက္အား လိုခ်င္ေနေသာ လူအုပ္စု ၇ စုအား ေတြ႕ခဲ့ၾကရသည္။ သို႔ေသာ္ ဖန္ဇီလင္အေနျဖင့္ စိုးရိမ္ေနစရာ မ႐ွိေခ်။ အဘယ့္ေၾကာင့္ဆိုေသာ္ ေက်ာင္းဖင္း႐ွန္သည္ ဖန္ဇီလင္အား အျပည့္အဝ ကာကြယ္ေပးလ်က္ ႐ွိေနေသာေၾကာင့္ ျဖစ္သည္။ ေက်ာင္းဖင္း႐ွန္၏ လက္ခ်က္ေၾကာင့္ ေျမျပင္ေပၚတြင္ ရန္သူမ်ား အတုံးအ႐ုံး လဲက်ေသဆုံးေနကာ ေသြးကြက္မ်ားစြာလည္း ထင္က်န္၍ ေနပါေတာ့သည္။

ၿမိဳ႕ထဲတြင္ ဖန္ဇီလင္၏ အသက္အား လိုခ်င္သည့္ လူအမ်ားအျပား ႐ွိသည္။ ထို႔ေၾကာင့္ လူမ်ား ထပ္မံ၍ ေရာက္လာႏိုင္ေပသည္။

ေက်ာင္းဖင္း႐ွန္သည္ သတ္ျဖတ္ျခင္းဘုရင္ ဆိုေသာ္လည္း လူသားတစ္ေယာက္ပင္ မဟုတ္ပါလား။ လူသားတစ္ေယာက္ ျဖစ္သည့္အတြက္ အားအင္ကုန္ခန္းလာသည္မွာ ဓမၼတာပင္။ ထို႔ေၾကာင့္ ေရ႐ွည္တြင္ ထပ္မံေရာက္႐ွိလာမည့္ ရန္သူမ်ားအား ရင္ဆိုင္ႏိုင္လိမ့္မည္ မဟုတ္ေခ်။

ထို႔ေၾကာင့္ ရဲေ႐ွာင္သည္ သူ၏ မ်က္ႏွာအား လက္ကိုင္ပဝါ တစ္ထည္ျဖင့္ စီး၍ ကာထားလိုက္သည္။ ေန႔ခင္းေၾကာင္ေတာင္တြင္ လက္ကိုင္ပဝါ အုပ္၍ မ်က္ႏွာကာထားသည့္လူအား အ႐ူးတစ္ေယာက္ဟုပင္ လူတိုင္း ထင္ျမင္ၾကေပလိမ့္မည္။

သို႔ေသာ္ အ႐ူးတစ္ေယာက္ဟု ထင္ျမင္ၾကျခင္းထက္ လူျမင္မခံရေရးမွာ ပို၍ အေရးႀကီးလွေပသည္။ ယခုလို အ႐ူးတစ္ေယာက္ကဲ့သို႔ လူတစ္ေယာက္သည္ လင္းပါအို၏ ဖန္ဧကရာဇ္ ျဖစ္လိမ့္မည္ဟု မည္သူမွ် တန္း၍ သိႏိုင္မည္ မဟုတ္ေတာ့ေပ။

ဖန္ဇီလင္သည္ အားလုံး၏ အလို႐ွိျခင္း ခံေနရေသာ လူတစ္ေယာက္ပင္ မဟုတ္ပါေလာ။

ေက်ာင္းဖင္း႐ွန္သည္လည္း ရဲေ႐ွာင္၏ အၾကံအား သေဘာက်သြားဟန္ျဖင့္ မ်က္ႏွာဖုံးတစ္ခု ဝတ္ဆင္လိုက္ေလသည္။

သူသည္လည္း နာမည္ႀကီးတစ္ေယာက္ ျဖစ္သျဖင့္ လုပ္ၾကံသတ္ျဖတ္ေရး ေလာကတြင္ မသိသူဟူ၍ ခပ္႐ွား႐ွားပင္ ျဖစ္သည္။ ထို႔ေၾကာင့္ ယခုကဲ့သို႔ ႐ုပ္ဖ်က္ထားမွသာ လူမသိသူမသိ ျဖစ္ေပလိမ့္မည္။

အကယ္၍ ေက်ာင္းဖင္း႐ွန္ တစ္ေယာက္တည္းသာဆိုလွ်င္ မည္သည့္အရာကိုမွ် ေၾကာက္ေနစရာ ဂ႐ုစိုက္စရာ မလိုသကဲ့သို႔ သူ႕ကိုလည္း မည္သူကမွ် ရန္လာစရဲၾကမည္ မဟုတ္ေပ။

သို႔ေသာ္ အေျခအေနျခင္းမွာ မတူညီေပ။ ဖန္ဇီလင္တို႔၏ သတင္းသည္ ေတာမီးပမာ ျပန္႔ႏွံ႔ခဲ့ၿပီး ေက်ာင္းဖင္း႐ွန္ႏွင့္အတူ ဖန္ဇီလင္ ႐ွိေနသည္ ဆိုသည္ကိုလည္း လူတိုင္းလိုလို သိသြားၾကၿပီ ျဖစ္သည္။

ထို႔ေၾကာင့္ မ်က္ႏွာဖုံး စြပ္လိုက္ျခင္းျဖင့္ အနည္းႏွင့္အမ်ားေတာ့ ခံသာသြားမည္ ျဖစ္သည္။

ရဲေ႐ွာင္တို႔ ႏွစ္ဦးသည္ လူတိုင္းလိုလို ညဘက္တြင္သာ တပ္ေလ့႐ွိေသာ မ်က္ႏွာဖုံးအား ေန႔ခင္းဘက္တြင္ တပ္ထားၾကသည္။ အျခားလူမ်ားအတြက္ ေလွာင္ေျပာင္ရယ္ေမာစရာ ျဖစ္ေနမည္ကိုလည္း ဂ႐ုမစိုက္ေတာ့ေခ်။

ထိုသို႔ျဖင့္ တည္းခိုေဆာင္ေလး တစ္ခုသို႔ ေရာက္သည့္အခါမွသာ သူတို႔၏ ခရီးကိုလည္း အဆုံးသတ္လိုက္ၾကေလသည္။

ဖန္ဇီလင္တို႔သည္ ျမင္းမ်ားေပၚမွ ဆင္းလိုက္ၾကၿပီးေနာက္ တည္းခိုေဆာင္အတြင္း လမ္းေလွ်ာက္ဝင္လာခဲ့ ၾကသည္။

ရဲေ႐ွာင္လည္း သင့္တင့္သည့္ အခန္းတစ္ခန္း ယူလိုက္ၿပီးေနာက္ ေက်ာင္းဖင္း႐ွန္ႏွင့္အတူ အခန္းထဲသို႔ ဝင္ခဲ့ေလသည္။ ထို႔ေနာက္ သိုေလွာင္လက္စြပ္ အတြင္းမွ အဝတ္အစားအခ်ိဳ႕ထုတ္ကာ လဲလွယ္ ဝတ္ဆင္လိုက္ၾကသည္။ ရဲေ႐ွာင္တို႔သည္ ယခုတည္းခိုေဆာင္တြင္ နားၾကျခင္း မဟုတ္ဘဲ ျပင္ဆင္စရာ ႐ွိသည္မ်ားအား ျပင္ဆင္ၿပီးသည္ႏွင့္ ျပတင္းေပါက္မွတဆင့္ ခုန္ခ်ထြက္ေျပးခဲ့ၾကျပန္သည္။

ထိုတည္းခိုေဆာင္ အနီးတြင္ ေနာက္ထပ္ တည္းခိုေဆာင္တစ္ခု ႐ွိေနျပန္ပါေသးသည္။ ရဲေ႐ွာင္မွ ရက္ေရာစြာပင္ တည္းခိုေဆာင္ ပိုင္႐ွင္အား ေငြစတစ္ေထာင္ ထုတ္ေပး၍ တည္းခိုေဆာင္ႀကီး တစ္ခုလုံးအား တစ္ရက္အျပတ္ ငွားရမ္းလိုက္ေလသည္။

စားဖို႔ေသာက္ဖို႔ အတြက္ ခ်က္ျပဳတ္ေပးရန္ပင္ လူမခ်န္ေတာ့ေခ်။

ထိုတည္းခိုေဆာင္သည္ တစ္ႏွစ္လုံးမွ ေငြစ ၁၀၀၀ ခန္႔သာ ရသည္။ ယခု ရဲေ႐ွာင္ကဲ့သို႔ လူခ်မ္းသာ တစ္ဦးႏွင့္ ေတြ႕ရသည့္အတြက္ ဆိုင္႐ွင္လည္း အ႐ူးတစ္ေယာက္ကဲ့သို႔ ရယ္ေမာကာ မည္သည့္စကားမွ် မေျပာေတာ့ဘဲ တည္းခိုေဆာင္တံခါးအား ပိတ္ရင္း ထြက္ခြာသြားခဲ့သည္။

ရဲေ႐ွာင္တို႔ ၂ ေယာက္ ေအးေအးေဆးေဆး စကားေျပာႏိုင္ရန္အတြက္ သူကိုယ္တိုင္ပါ ေ႐ွာင္ေပးလိုက္ျခင္း ျဖစ္သည္။

ရဲေ႐ွာင္ႏွင့္ ေက်ာင္းဖင္း႐ွန္တို႔သည္ မ်က္ႏွာခ်င္းဆိုင္ ထိုင္လ်က္ ႐ွိၾကသည္။ သူတို႔၏ အေ႐ွ႕တြင္ ဆိုင္႐ွင္မသြားခင္ စီစဥ္ေပးခဲ့သည့္ စားစရာ အခ်ိဳ႕လည္း ႐ွိေနပါေတာ့သည္။

Continue Reading

You'll Also Like

129K 13.9K 93
Fb page name=ဂန္တဝင်စနစ် ကောင်းလားမကောင်းလား ထွေထွေထူးထူးမပြောတော့ဘူး ကိုယ့်ကိုသာယုံလိုက်😉 ဘာသာပြန်သူ၏ခွင့်ပြုချက်နဲ့တင်ခြင်းဖြစ်သည်။
135K 28.5K 200
Sequel of book (700 - 900)
407K 60.2K 200
ဒါလေးက အရမ်းကံဆိုးလွန်းတဲ့ ဇာတ်လိုက်အကြောင်းပါ .... ကံဆိုးလွန်းပေမဲ့ အားလုံးက သူ့ကို ကံကြမ္မာသားတော် ထင်နေတဲ့အခါ ... သူတော်စင်ရာထူးကိုလဲ အလွယ်လေး ရသ...