မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter (414)
“ပြောင်းလဲသွားသောအခြေအနေ”
ဂျိမိန်ဇန်မှာ သတ်ဖြတ်လိုသော အငွေ့အသက်များ လွှမ်းမိုးခံလိုက်ရခြင်းကြောင့် တုန်လှုပ်သွားသည်။ ဘာမျှမလုပ်နိုင်ခင်မှာပင် အေးစက်သော ချီဓာတ်များသည် သူ့အား ဖုံးလွှမ်းသွားခဲ့သည်။ ထိုချီဓာတ်များကြောင့် ဂျိမိန်ဇန်သည် ရေခဲလိုဏ်ဂူ တစ်ခုအတွင်း ပိတ်လှောင်ခံနေရသည့်အတိုင်း ဖြစ်သွားပြီး မျက်နှာတစ်ခုလုံးသည်လည်း ဖြူရော်ရော် ဖြစ်သွားလေသည်။
ကျောင်းဖင်းရှန်၏ စွမ်းအင်ဖိနှိပ်မှုများအား ခံလိုက်ရသောကြောင့် ဂျိမိန်ဇန် စကားတစ်ခွန်းမျှ မပြောရဲတော့ချေ။
နံပါတ် ၃ လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်၏ အရှိန်အဝါမှာ နင်ဘီလျူထက်ပင် သာလွန်နေသယောင်ပင်။
ကျောင်းဖင်းရှန်အား ထိုသို့ ဖြစ်သွားစေသည့် အရာမှာ မည်သည့်အရာ ဖြစ်မည်နည်း။ မှဲ့နီလေးပါသော မိန်းကလေးမှလွဲ၍ အခြားမရှိနိုင်ချေ။
ဂျိမိန်ဇန်သည် ထိုမိန်းကလေးနှင့် ကျောင်းဖင်းရှန် မည်သို့ ဆက်စပ်နေသည်ကို မသိချေ။ အခန့်မသင့်ပါက ကျောင်းဖင်းရှန်မှ သူတို့အားလုံးအား သတ်ပစ်လာနိုင်ပေသည်။
ရဲရှောင်ကိုယ်တိုင်သည်လည်း အဆိုပါ မိန်းကလေးသည် မည်သူ မည်ဝါဖြစ်မှန်း မသိသေးချေ။ သို့သော် ကျောင်းဖင်းရှန်အတွက် အလွန်အရေးပါသော လူတစ်ယောက် ဖြစ်နိုင်ကြောင်းကိုမူ ရိပ်စားမိလိုက်သည်။ အမူအယာများအား ကြည့်ခြင်းအားဖြင့် သူတို့ ၂ ဦး၏ ဆက်ဆံရေးမှာလည်း သာမန်တော့ မဟုတ်လောက်ချေ။ အန္တရာယ်များလှသည့် အခြေအနေတွင် ရောက်နေသည့်တိုင် ရဲရှောင်၏ စိတ်ထဲတွင် ကျောင်းဖင်းရှန်နှင့် မိန်းကလေးတို့အား ကူညီပေးချင်စိတ် ဖြစ်သွားမိသည်။
အချစ်စစ် အချစ်မှန်အတွက် ကူညီသည်မှာ ကောင်းသော အလုပ်ပင် မဟုတ်ပါလော။
(ငါကတော့ တစ်ခါဆုံးရှုံး ခဲ့ရပြီးပြီ . . .)
“သူ အခုငိုနေတယ် . . .”
“ခင်ဗျားကို ကြည့်ပြီး ငိုနေတာပေါ့။ သူ့ပုံစံက စိတ်ဓာတ်ကျနေသလိုပဲ။ သူက ဘယ်သူများလဲ . . .”
ရဲရှောင် တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။
“သူငိုနေတယ် ဟုတ်လား . . . ဘယ်လိုဖြစ်လို့လဲ၊ ဘာလို့ ငိုရတာလဲ၊ ကျုပ်ဘာမှ ဖြစ်နေတာမှ မဟုတ်တာ။ ငိုချင်းငို ကျုပ်သာ ငိုရမှာ . . .”
ကျောင်းဖင်းရှန် ဝမ်းနည်းပူဆွေးမှု အပြည့်ဖြင့် ရဲရှောင်အား ပြန်ပြောလိုက်သည်။ ထို့နောက် ဆို့နစ်ကြေကွဲသော အသံဖြင့် -
“ယုအာ . . . ငါ့ယုအာလေး . . . မငိုပါနဲ့၊ မငိုလိုက်ပါနဲ့ . . .”
မြူခိုးများကြားမှ မိန်းကလေးသည် တုန်ယင်လျက် ရှိသည်။ အငိုတိတ်စေရန် ကြိုးစားနေသော်လည်း မျက်ရည်များ စီးကျနေတုန်းပင် ဖြစ်သည်။ ထိန်းထားသည့်ကြားက ပို၍ပင် ငိုချင်နေသည့်ပုံ ပေါက်နေလေသည်။
ရဲရှောင်သည် ကျောင်းဖင်းရှန်အား သူမြင်နေရသည်နှင့် ပတ်သက်၍ ပြောသင့်မပြောသင့် စဉ်းစားနေမိသည်။ အကယ်၍ သူပြောလိုက်လျှင် ကျောင်းဖင်းရှန် သေချာပေါက်ပင် ပို၍ စိတ်ထိခိုက် သွားပေလိမ့်မည်။
ကျောင်းဖင်းရှန်သည် ရဲရှောင်၏ အနားသို့ ကပျာကယာ ပြေးလာရင်း -
“ခင်ဗျားသူ့ကို မြင်နေရတာ တကယ်ပဲလား၊ တကယ်လားဗျာ . . .”
ကျောင်းဖင်းရှန်၏ အသံများထဲတွင် မျှော်လင့်ချက်များအပြည့် ပါဝင်နေလျက် ရှိသည်။ အကယ်၍ ရဲရှောင်ဘက်မှ မမြင်ရပါဘူးဟု ပြောလိုက်မည် ဆိုပါက သူ၏ မျှော်လင့်ချက်များ ပျက်ဆီးသွားပေလိမ့်မည်။
လက်ရှိအချိန်တွင် ကျောင်းဖင်းရှန်၏ ပုံစံသည် သွက်သွက်ခါနေသည့် အရူးတစ်ယောက်ကဲ့သို့ပင် ဖြစ်နေလေသည်။ ထိုကဲ့သို့ စိတ်လွတ်နေသည့်အချိန်တွင် ရဲရှောင်မှ ကျောင်းဖင်းရှန်အား သတ်မည် ဆိုပါက အလွန်တရာပင် လွယ်ကူနေပေလိမ့်မည်။ သို့သော် ရဲရှောင်အနေဖြင့် ထိုသို့ မလုပ်ရက်ပေ။
ထို့ကြောင့် ကျောင်းဖင်းရှန်၏ အမေးအား ပါးစပ်မှ ထုတ်ပြောမနေတော့ဘဲ ရဲရှောင် ခေါင်းသာ ညိတ်၍ တုန့်ပြန်လိုက်သည်။
ကျောင်းဖင်းရှန်မှ ဝမ်းသာအားရဖြင့် -
“ဒါဆို သူကျုပ်ပြောတာတွေကို ကြားနိုင်လား၊ သူကြားမလားဟင် . . .”
ရဲရှောင် မြူခိုးများ ကြားထဲမှ မိန်းကလေးအား လှမ်းကြည့်ရင်း ခေါင်းညိတ်ပြလိုက်ကာ -
“ဘာလို့လဲတော့ မသိဘူး။ ခင်ဗျားပြောတာတွေကို သူကြားပါတယ်။ ခင်ဗျားရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း သူမြင်နေရတယ်။ ခင်ဗျားလုပ်တာပြောတာ မှန်သမျှကို သူသိနေတယ် . . .”
(သူသိနေတာလား . . .)
ရဲရှောင်၏ အဖြေကြောင့် ကျောင်းဖင်းရှန်၏ မျက်နှာတစ်ခုလုံး နီရဲသွားကာ အလွန်အမင်း အံ့ဩသွားသည်။ မတ်မတ်ရပ်နေသည့် ခြေထောက်များပင် ယိမ်းယိုင်သွားပြီး မြေပေါ်လဲကျတော့မတတ်ပင် ဖြစ်သွားခဲ့သည်။
“ယုအာ . . . ယုအာ . . . မင်းငါနဲ့အတူ အမြဲတမ်း ရှိနေတာပေါ့နော်။ နတ်ဘုရားတွေက ငါ့ကို ကောင်းချီးပေးခဲ့တာပဲ ဟားဟား ဟားဟား . . .”
ကျောင်းဖင်းရှန်သည် အရူးကြီး တစ်ဦးပမာပင် ဟက်ဟက်ပက်ပက် ရယ်မောရင်း ထခုန်နေပါတော့သည်။ သို့သော် မျက်လုံးများမှမူ မျက်ရည်များ စီးကျလျက် ရှိနေသည်။
လက်ရှိအချိန်တွင် ကျောင်းဖင်းရှန်၏ အသိစိတ်များသည် ပျောက်ဆုံးလုနီးပါး ဖြစ်နေသည့်အတွက် မည်သူမဆို သူ့အား အလွယ်တကူဖြင့် သတ်ဖြတ်နိုင်ပေလိမ့်မည်။
ထိုသို့ သတ်ဖြတ်ရန် အားစိုက်နေစရာလည်း လိုလိမ့်မည် မဟုတ်ပေ။
သို့သော် ရဲရှောင်မှာမူ ထိုသို့မလုပ်ချင်သည့်အတွက် ကျောင်းဖင်းရှန်ကိုသာ ငေးစိုက်၍ ကြည့်နေမိသည်။
အချစ်စိတ်များဖြင့် ပြည့်နေသည့် လူတစ်ယောက်အား ရဲရှောင် သတ်ရက်လိမ့်မည် မဟုတ်ပေ။ ရှောင်ဧကရာဇ် အနေဖြင့် ထိုသို့သော အောက်တန်းကျသည့် လုပ်ရပ်မျိုးအား ဘယ်သောအခါမျှ လုပ်လိမ့်မည် မဟုတ်ချေ။
“ယုအာ . . . ငါပြောတာ နားထောင်ပါ။ မင်း . . .”
ကျောင်းဖင်းရှန်သည် ယောက်ျားရင့်မာကြီး တစ်ဦးဖြစ်သော်လည်း ပြောနေရင်းဖြင့် မျက်ရည်များ စီးကျလာပြန်သည်။ လေသံတီးတိုးဖြင့် ရေရွတ်နေသည့်အတွက် မည်သူမျှတော့ သူ၏အသံအား ကြားနိုင်လိမ့်မည် မဟုတ်ချေ။
“အားလုံး တိုက်ခိုက်ကြ၊ ဖန်ဇီလင်ကို သတ်ပြီး အစ်ကိုကျောင်းကို သွားကယ်လာခဲ့ကြစမ်း . . .”
ဂျိမိန်ဇန်သည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့်ပင် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။
(ဒီလိုဆက်လွှတ်ထားလိုက်ရင် ကျောင်းဖင်းရှန် ငါတို့ဘက်ကို ရန်မူလာနိုင်တယ် . . .)
နာမည်ကျော် သတ်ဖြတ်ခြင်းဘုရင်သည် တစ္ဆေများ၊ ဝိညာဉ်များနှင့် ပတ်သက်ပြီး အယုံအကြည် ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။ ရဲရှောင်၏ စကားလုံးအနည်းငယ်ဖြင့်ပင် လုံးလုံး စိတ်ပြောင်းသွားခဲ့သည် မဟုတ်ပါလား။
ဂျိမိန်ဇန်၏ စိတ်ထဲတွင် မချိတင်ကဲပင် ခံစားနေရသည်။
(ငါကတော့ ငွေကုန်ကြေးကျ အများကြီး လုပ်ထားလိုက်ရတာ၊ အခုတော့ ငါ လူငှားမိတာ မှားပြီ ထင်တယ် . . .)
ယခုကဲ့သို့ အမိန့်ပေးလိုက်ခြင်းအားဖြင့် ကျောင်းဖင်းရှန်အား ဆန့်ကျင်သလို ဖြစ်သွားလိမ့်မည်ဟု ဂျိမိန်ဇန် တွေးလိုက်မိသည်။ သို့သော် လက်ရှိအခြေအနေအရ ထွေထွေထူးထူး မစဉ်းစားနိုင်တော့ချေ။ ကျောင်းဖင်းရှန်၏ မူမမှန်သော အပြုအမူများကြောင့် လွှတ်ထားလိုက်လျှင် ပိုဆိုးလာပေလိမ့်မည်။
ဂျိမိန်ဇန်၏ အမိန့်ကြောင့် လူအယောက် ၈၀ လောက် အော်ဟစ်ကြရင်း တစ်ပြိုင်တည်း ပြေးထွက်သွားကြသည်။
ကျောင်းဖင်းရှန်သည် အတွေးနယ်ချဲ့နေရင်း တစ်ကိုယ်တည်း တီးတိုး ရေရွတ်နေလေသည်။ လက်ရှိ ဖြစ်ပျက်နေသည့် အကြောင်းအရာများပေါ် ဂရုမထားသည့်ပုံပင်။
မျက်လုံးမှ မျက်ရည်များ ကျနေသည်ကို ကြည့်ခြင်းအားဖြင့် ကျောင်းဖင်းရှန်၏ ခံစားချက်အား သိနိုင်ပေလိမ့်မည်။
မြူခိုးများကြားမှ မိန်းကလေးသည် ကျောင်းဖင်းရှန်၏ စကားများအား သေချာစွာ နားစိုက်ထောင်နေသည်ကို ရဲရှောင်တစ်ယောက်တည်းသာ တွေ့မြင်နေရသည်။
ထိုမြင်ကွင်းအား ကြည့်ရင်း ရဲရှောင် ပြုံးလိုက်မိသည်။
သူ အမှတ်မထင် ပြောလိုက်သော စကားကြောင့် ယခုကဲ့သို့ ထူးဆန်းသော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့မိချေ။ သို့သော် ကံအကြောင်းတိုက်ဆိုင်လျှင် မဖြစ်နိုင်သော အရာဟူ၍ မရှိပေ။
ယခုအခါ လူများစွာ သူ့ထံသို့ ပြေးဝင်လာပြီ ဖြစ်သည်။ ထိုလူများ အားလုံးသည် သူတစ်ယောက်တည်းကိုသာ တိုက်ခိုက်ကြမည်ဖြစ်ကြောင်း ရဲရှောင် ရိပ်စားမိလိုက်သည်။
အကယ်၍ အခြေအနေ တစ်ခုခု ထူးခြားလျှင် ကျောင်းဖင်းရှန်ကိုပါ တိုက်ခိုက်ကြပေလိမ့်မည်။ တွေဝေတုံ့ဆိုင်းနေကြမည် မဟုတ်ပေ။
ကျောင်းဖင်းရှန်သည် ယခုအခါတွင် ဂိ်ျမိန်ဇန်တို့၏ လူ မဟုတ်တော့ချေ။ အချိန်မရွေး ပေါက်ကွဲထွက်နိုင်သည့် ဗုံးတစ်လုံးအလားပင် ဖြစ်နေပေသည်။ ကျောင်းဖင်းရှန်ထံတွင် လူအားလုံးအား သတ်ဖြတ်နိုင်သည့် အစွမ်း ရှိနေသည် မဟုတ်ပါလော။
ထို့ကြောင့် တစ်ခုခုဆိုလျှင် ထိုလူများ အားလုံးသည် တွေဝေနေကြမည် မဟုတ်ပေ။
“သူတို့ လာနေကြပြီ . . .”
ရဲရှောင် ကျောင်းဖင်းရှန်အား ကြည့်ရင်း ပြောလိုက်သည်။ ယခုအချိန်သည် အန္တရာယ်များလှသည့် အခိုက်အတန့်ပင် ဖြစ်သည်။ ရဲရှောင်အနေဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်သော်လည်း ကျောင်းဖင်းရှန်ကိုမူ အကာအကွယ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော် ကျောင်းဖင်းရှန်သည် တုပ်တုပ်မျှပင် မလှုပ်ချေ။
“သူတို့တွေ ယုအာကို လာခေါ်နေကြပြီနော် . . .”
ရဲရှောင် ထပ်ပြောလိုက်သည်။
ယခုအချိန်သည် အန္တရာယ်များလွန်းလှသဖြင့် ရဲရှောင် ထိုသို့ ဉာဏ်သုံးလိုက်ရခြင်း ဖြစ်သည်။ အနည်းဆုံးမူ ထိုစကားသည် ကျောင်းဖင်းရှန်အား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေနိုင်ပေမည်။
“ဘယ်ကောင် ဖမ်းရဲလဲ . . .”
ကျောင်းဖင်းရှန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ မျက်နှာတွင် ပျော့ညံ့မှုများ မတွေ့ရတော့ဘဲ ဒေါသမီးများ တောက်လောင်သွားသည်။ ထို့ပြင် သတ်ဖြတ်လိုသော အငွေ့အသက်များလည်း တမဟုတ်ချင်း ထွက်ပေါ်လာလေသည်။
“ငါ့ရဲ့ ယုအာကို ဘယ်ကောင် ဖမ်းချင်တာလဲ . . .”
ကျောင်းဖင်းရှန်၏ စကားကြောင့် ပြေးလာကြသည့် လူများအားလုံးသည် တမုချင်း ရပ်တန့်သွားကြသည်။
အကယ်၍ မရပ်တန့်ပါက ကျောင်းဖင်းရှန်နှင့် ထိပ်တိုက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ကျောင်းဖင်းရှန်သည် အသိစိတ်ရှိနေသည့်အချိန်တွင် အေးအေးလူလူ နေတတ်သော လူတစ်ဦး ဖြစ်သော်လည်း တစ်ဖက်တွင်လည်း သတ်ဖြတ်ခြင်း ဘုရင်ဟူသည့် နာမည်အား ရရှိထားသူဖြစ်သည်။
ကျောင်းဖင်းရှန် လူများအားလုံးအား အေးစက်စက် မျက်လုံးများဖြင့် တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထို့နောက် လက်အား ရုတ်တရက် ဝေ့ယမ်းလိုက်သောအခါ မြေပြင်ပေါ်တွင် ပြုတ်ကျနေသည့် ဓားသည်လည်း သူ၏ လက်ထဲသို့ ပြန်ရောက်သွားပါတော့သည်။
မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား
Chapter (414)
“ေျပာင္းလဲသြားေသာအေျခအေန”
ဂ်ိမိန္ဇန္မွာ သတ္ျဖတ္လိုေသာ အေငြ႕အသက္မ်ား လႊမ္းမိုးခံလိုက္ရျခင္းေၾကာင့္ တုန္လႈပ္သြားသည္။ ဘာမွ်မလုပ္ႏိုင္ခင္မွာပင္ ေအးစက္ေသာ ခ်ီဓာတ္မ်ားသည္ သူ႕အား ဖုံးလႊမ္းသြားခဲ့သည္။ ထိုခ်ီဓာတ္မ်ားေၾကာင့္ ဂ်ိမိန္ဇန္သည္ ေရခဲလိုဏ္ဂူ တစ္ခုအတြင္း ပိတ္ေလွာင္ခံေနရသည့္အတိုင္း ျဖစ္သြားၿပီး မ်က္ႏွာတစ္ခုလုံးသည္လည္း ျဖဴေရာ္ေရာ္ ျဖစ္သြားေလသည္။
ေက်ာင္းဖင္း႐ွန္၏ စြမ္းအင္ဖိႏွိပ္မႈမ်ားအား ခံလိုက္ရေသာေၾကာင့္ ဂ်ိမိန္ဇန္ စကားတစ္ခြန္းမွ် မေျပာရဲေတာ့ေခ်။
နံပါတ္ ၃ လုပ္ၾကံသတ္ျဖတ္ေရး ပညာ႐ွင္၏ အ႐ွိန္အဝါမွာ နင္ဘီလ်ဴထက္ပင္ သာလြန္ေနသေယာင္ပင္။
ေက်ာင္းဖင္း႐ွန္အား ထိုသို႔ ျဖစ္သြားေစသည့္ အရာမွာ မည္သည့္အရာ ျဖစ္မည္နည္း။ မွဲ႔နီေလးပါေသာ မိန္းကေလးမွလြဲ၍ အျခားမ႐ွိႏိုင္ေခ်။
ဂ်ိမိန္ဇန္သည္ ထိုမိန္းကေလးႏွင့္ ေက်ာင္းဖင္း႐ွန္ မည္သို႔ ဆက္စပ္ေနသည္ကို မသိေခ်။ အခန္႔မသင့္ပါက ေက်ာင္းဖင္း႐ွန္မွ သူတို႔အားလုံးအား သတ္ပစ္လာႏိုင္ေပသည္။
ရဲေ႐ွာင္ကိုယ္တိုင္သည္လည္း အဆိုပါ မိန္းကေလးသည္ မည္သူ မည္ဝါျဖစ္မွန္း မသိေသးေခ်။ သို႔ေသာ္ ေက်ာင္းဖင္း႐ွန္အတြက္ အလြန္အေရးပါေသာ လူတစ္ေယာက္ ျဖစ္ႏိုင္ေၾကာင္းကိုမူ ရိပ္စားမိလိုက္သည္။ အမူအယာမ်ားအား ၾကည့္ျခင္းအားျဖင့္ သူတို႔ ၂ ဦး၏ ဆက္ဆံေရးမွာလည္း သာမန္ေတာ့ မဟုတ္ေလာက္ေခ်။ အႏၲရာယ္မ်ားလွသည့္ အေျခအေနတြင္ ေရာက္ေနသည့္တိုင္ ရဲေ႐ွာင္၏ စိတ္ထဲတြင္ ေက်ာင္းဖင္း႐ွန္ႏွင့္ မိန္းကေလးတို႔အား ကူညီေပးခ်င္စိတ္ ျဖစ္သြားမိသည္။
အခ်စ္စစ္ အခ်စ္မွန္အတြက္ ကူညီသည္မွာ ေကာင္းေသာ အလုပ္ပင္ မဟုတ္ပါေလာ။
(ငါကေတာ့ တစ္ခါဆုံး႐ႈံး ခဲ့ရၿပီးၿပီ . . .)
“သူ အခုငိုေနတယ္ . . .”
“ခင္ဗ်ားကို ၾကည့္ၿပီး ငိုေနတာေပါ့။ သူ႕ပုံစံက စိတ္ဓာတ္က်ေနသလိုပဲ။ သူက ဘယ္သူမ်ားလဲ . . .”
ရဲေ႐ွာင္ တည္တည္ၿငိမ္ၿငိမ္ပင္ ေျပာလိုက္သည္။
“သူငိုေနတယ္ ဟုတ္လား . . . ဘယ္လိုျဖစ္လို႔လဲ၊ ဘာလို႔ ငိုရတာလဲ၊ က်ဳပ္ဘာမွ ျဖစ္ေနတာမွ မဟုတ္တာ။ ငိုခ်င္းငို က်ဳပ္သာ ငိုရမွာ . . .”
ေက်ာင္းဖင္း႐ွန္ ဝမ္းနည္းပူေဆြးမႈ အျပည့္ျဖင့္ ရဲေ႐ွာင္အား ျပန္ေျပာလိုက္သည္။ ထို႔ေနာက္ ဆို႔နစ္ေၾကကြဲေသာ အသံျဖင့္ -
“ယုအာ . . . ငါ့ယုအာေလး . . . မငိုပါနဲ႔၊ မငိုလိုက္ပါနဲ႔ . . .”
ျမဴခိုးမ်ားၾကားမွ မိန္းကေလးသည္ တုန္ယင္လ်က္ ႐ွိသည္။ အငိုတိတ္ေစရန္ ႀကိဳးစားေနေသာ္လည္း မ်က္ရည္မ်ား စီးက်ေနတုန္းပင္ ျဖစ္သည္။ ထိန္းထားသည့္ၾကားက ပို၍ပင္ ငိုခ်င္ေနသည့္ပုံ ေပါက္ေနေလသည္။
ရဲေ႐ွာင္သည္ ေက်ာင္းဖင္း႐ွန္အား သူျမင္ေနရသည္ႏွင့္ ပတ္သက္၍ ေျပာသင့္မေျပာသင့္ စဥ္းစားေနမိသည္။ အကယ္၍ သူေျပာလိုက္လွ်င္ ေက်ာင္းဖင္း႐ွန္ ေသခ်ာေပါက္ပင္ ပို၍ စိတ္ထိခိုက္ သြားေပလိမ့္မည္။
ေက်ာင္းဖင္း႐ွန္သည္ ရဲေ႐ွာင္၏ အနားသို႔ ကပ်ာကယာ ေျပးလာရင္း -
“ခင္ဗ်ားသူ႕ကို ျမင္ေနရတာ တကယ္ပဲလား၊ တကယ္လားဗ်ာ . . .”
ေက်ာင္းဖင္း႐ွန္၏ အသံမ်ားထဲတြင္ ေမွ်ာ္လင့္ခ်က္မ်ားအျပည့္ ပါဝင္ေနလ်က္ ႐ွိသည္။ အကယ္၍ ရဲေ႐ွာင္ဘက္မွ မျမင္ရပါဘူးဟု ေျပာလိုက္မည္ ဆိုပါက သူ၏ ေမွ်ာ္လင့္ခ်က္မ်ား ပ်က္ဆီးသြားေပလိမ့္မည္။
လက္႐ွိအခ်ိန္တြင္ ေက်ာင္းဖင္း႐ွန္၏ ပုံစံသည္ သြက္သြက္ခါေနသည့္ အ႐ူးတစ္ေယာက္ကဲ့သို႔ပင္ ျဖစ္ေနေလသည္။ ထိုကဲ့သို႔ စိတ္လြတ္ေနသည့္အခ်ိန္တြင္ ရဲေ႐ွာင္မွ ေက်ာင္းဖင္း႐ွန္အား သတ္မည္ ဆိုပါက အလြန္တရာပင္ လြယ္ကူေနေပလိမ့္မည္။ သို႔ေသာ္ ရဲေ႐ွာင္အေနျဖင့္ ထိုသို႔ မလုပ္ရက္ေပ။
ထို႔ေၾကာင့္ ေက်ာင္းဖင္း႐ွန္၏ အေမးအား ပါးစပ္မွ ထုတ္ေျပာမေနေတာ့ဘဲ ရဲေ႐ွာင္ ေခါင္းသာ ညိတ္၍ တုန္႔ျပန္လိုက္သည္။
ေက်ာင္းဖင္း႐ွန္မွ ဝမ္းသာအားရျဖင့္ -
“ဒါဆို သူက်ဳပ္ေျပာတာေတြကို ၾကားႏိုင္လား၊ သူၾကားမလားဟင္ . . .”
ရဲေ႐ွာင္ ျမဴခိုးမ်ား ၾကားထဲမွ မိန္းကေလးအား လွမ္းၾကည့္ရင္း ေခါင္းညိတ္ျပလိုက္ကာ -
“ဘာလို႔လဲေတာ့ မသိဘူး။ ခင္ဗ်ားေျပာတာေတြကို သူၾကားပါတယ္။ ခင္ဗ်ားရဲ႕ လႈပ္႐ွားမႈတိုင္းကိုလည္း သူျမင္ေနရတယ္။ ခင္ဗ်ားလုပ္တာေျပာတာ မွန္သမွ်ကို သူသိေနတယ္ . . .”
(သူသိေနတာလား . . .)
ရဲေ႐ွာင္၏ အေျဖေၾကာင့္ ေက်ာင္းဖင္း႐ွန္၏ မ်က္ႏွာတစ္ခုလုံး နီရဲသြားကာ အလြန္အမင္း အံ့ဩသြားသည္။ မတ္မတ္ရပ္ေနသည့္ ေျခေထာက္မ်ားပင္ ယိမ္းယိုင္သြားၿပီး ေျမေပၚလဲက်ေတာ့မတတ္ပင္ ျဖစ္သြားခဲ့သည္။
“ယုအာ . . . ယုအာ . . . မင္းငါနဲ႔အတူ အၿမဲတမ္း ႐ွိေနတာေပါ့ေနာ္။ နတ္ဘုရားေတြက ငါ့ကို ေကာင္းခ်ီးေပးခဲ့တာပဲ ဟားဟား ဟားဟား . . .”
ေက်ာင္းဖင္း႐ွန္သည္ အ႐ူးႀကီး တစ္ဦးပမာပင္ ဟက္ဟက္ပက္ပက္ ရယ္ေမာရင္း ထခုန္ေနပါေတာ့သည္။ သို႔ေသာ္ မ်က္လုံးမ်ားမွမူ မ်က္ရည္မ်ား စီးက်လ်က္ ႐ွိေနသည္။
လက္႐ွိအခ်ိန္တြင္ ေက်ာင္းဖင္း႐ွန္၏ အသိစိတ္မ်ားသည္ ေပ်ာက္ဆုံးလုနီးပါး ျဖစ္ေနသည့္အတြက္ မည္သူမဆို သူ႕အား အလြယ္တကူျဖင့္ သတ္ျဖတ္ႏိုင္ေပလိမ့္မည္။
ထိုသို႔ သတ္ျဖတ္ရန္ အားစိုက္ေနစရာလည္း လိုလိမ့္မည္ မဟုတ္ေပ။
သို႔ေသာ္ ရဲေ႐ွာင္မွာမူ ထိုသို႔မလုပ္ခ်င္သည့္အတြက္ ေက်ာင္းဖင္း႐ွန္ကိုသာ ေငးစိုက္၍ ၾကည့္ေနမိသည္။
အခ်စ္စိတ္မ်ားျဖင့္ ျပည့္ေနသည့္ လူတစ္ေယာက္အား ရဲေ႐ွာင္ သတ္ရက္လိမ့္မည္ မဟုတ္ေပ။ ေ႐ွာင္ဧကရာဇ္ အေနျဖင့္ ထိုသို႔ေသာ ေအာက္တန္းက်သည့္ လုပ္ရပ္မ်ိဳးအား ဘယ္ေသာအခါမွ် လုပ္လိမ့္မည္ မဟုတ္ေခ်။
“ယုအာ . . . ငါေျပာတာ နားေထာင္ပါ။ မင္း . . .”
ေက်ာင္းဖင္း႐ွန္သည္ ေယာက်္ားရင့္မာႀကီး တစ္ဦးျဖစ္ေသာ္လည္း ေျပာေနရင္းျဖင့္ မ်က္ရည္မ်ား စီးက်လာျပန္သည္။ ေလသံတီးတိုးျဖင့္ ေရ႐ြတ္ေနသည့္အတြက္ မည္သူမွ်ေတာ့ သူ၏အသံအား ၾကားႏိုင္လိမ့္မည္ မဟုတ္ေခ်။
“အားလုံး တိုက္ခိုက္ၾက၊ ဖန္ဇီလင္ကို သတ္ၿပီး အစ္ကိုေက်ာင္းကို သြားကယ္လာခဲ့ၾကစမ္း . . .”
ဂ်ိမိန္ဇန္သည္ တစ္ခုခု မွားယြင္းေနၿပီျဖစ္ေၾကာင္း သိလိုက္သည္။ ထို႔ေၾကာင့္ပင္ အမိန္႔ေပးလိုက္ျခင္း ျဖစ္သည္။
(ဒီလိုဆက္လႊတ္ထားလိုက္ရင္ ေက်ာင္းဖင္း႐ွန္ ငါတို႔ဘက္ကို ရန္မူလာႏိုင္တယ္ . . .)
နာမည္ေက်ာ္ သတ္ျဖတ္ျခင္းဘုရင္သည္ တေစၧမ်ား၊ ဝိညာဥ္မ်ားႏွင့္ ပတ္သက္ၿပီး အယုံအၾကည္ ႐ွိေနလိမ့္မည္ဟု မည္သူမွ် မထင္ထားခဲ့ၾကေခ်။ ရဲေ႐ွာင္၏ စကားလုံးအနည္းငယ္ျဖင့္ပင္ လုံးလုံး စိတ္ေျပာင္းသြားခဲ့သည္ မဟုတ္ပါလား။
ဂ်ိမိန္ဇန္၏ စိတ္ထဲတြင္ မခ်ိတင္ကဲပင္ ခံစားေနရသည္။
(ငါကေတာ့ ေငြကုန္ေၾကးက် အမ်ားႀကီး လုပ္ထားလိုက္ရတာ၊ အခုေတာ့ ငါ လူငွားမိတာ မွားၿပီ ထင္တယ္ . . .)
ယခုကဲ့သို႔ အမိန္႔ေပးလိုက္ျခင္းအားျဖင့္ ေက်ာင္းဖင္း႐ွန္အား ဆန္႔က်င္သလို ျဖစ္သြားလိမ့္မည္ဟု ဂ်ိမိန္ဇန္ ေတြးလိုက္မိသည္။ သို႔ေသာ္ လက္႐ွိအေျခအေနအရ ေထြေထြထူးထူး မစဥ္းစားႏိုင္ေတာ့ေခ်။ ေက်ာင္းဖင္း႐ွန္၏ မူမမွန္ေသာ အျပဳအမူမ်ားေၾကာင့္ လႊတ္ထားလိုက္လွ်င္ ပိုဆိုးလာေပလိမ့္မည္။
ဂ်ိမိန္ဇန္၏ အမိန္႔ေၾကာင့္ လူအေယာက္ ၈၀ ေလာက္ ေအာ္ဟစ္ၾကရင္း တစ္ၿပိဳင္တည္း ေျပးထြက္သြားၾကသည္။
ေက်ာင္းဖင္း႐ွန္သည္ အေတြးနယ္ခ်ဲ႕ေနရင္း တစ္ကိုယ္တည္း တီးတိုး ေရ႐ြတ္ေနေလသည္။ လက္႐ွိ ျဖစ္ပ်က္ေနသည့္ အေၾကာင္းအရာမ်ားေပၚ ဂ႐ုမထားသည့္ပုံပင္။
မ်က္လုံးမွ မ်က္ရည္မ်ား က်ေနသည္ကို ၾကည့္ျခင္းအားျဖင့္ ေက်ာင္းဖင္း႐ွန္၏ ခံစားခ်က္အား သိႏိုင္ေပလိမ့္မည္။
ျမဴခိုးမ်ားၾကားမွ မိန္းကေလးသည္ ေက်ာင္းဖင္း႐ွန္၏ စကားမ်ားအား ေသခ်ာစြာ နားစိုက္ေထာင္ေနသည္ကို ရဲေ႐ွာင္တစ္ေယာက္တည္းသာ ေတြ႕ျမင္ေနရသည္။
ထိုျမင္ကြင္းအား ၾကည့္ရင္း ရဲေ႐ွာင္ ျပဳံးလိုက္မိသည္။
သူ အမွတ္မထင္ ေျပာလိုက္ေသာ စကားေၾကာင့္ ယခုကဲ့သို႔ ထူးဆန္းေသာ အေျခအေနမ်ိဳး ျဖစ္လာလိမ့္မည္ဟု မထင္ထားခဲ့မိေခ်။ သို႔ေသာ္ ကံအေၾကာင္းတိုက္ဆိုင္လွ်င္ မျဖစ္ႏိုင္ေသာ အရာဟူ၍ မ႐ွိေပ။
ယခုအခါ လူမ်ားစြာ သူ႕ထံသို႔ ေျပးဝင္လာၿပီ ျဖစ္သည္။ ထိုလူမ်ား အားလုံးသည္ သူတစ္ေယာက္တည္းကိုသာ တိုက္ခိုက္ၾကမည္ျဖစ္ေၾကာင္း ရဲေ႐ွာင္ ရိပ္စားမိလိုက္သည္။
အကယ္၍ အေျခအေန တစ္ခုခု ထူးျခားလွ်င္ ေက်ာင္းဖင္း႐ွန္ကိုပါ တိုက္ခိုက္ၾကေပလိမ့္မည္။ ေတြေဝတုံ႔ဆိုင္းေနၾကမည္ မဟုတ္ေပ။
ေက်ာင္းဖင္း႐ွန္သည္ ယခုအခါတြင္ ဂိ္်မိန္ဇန္တို႔၏ လူ မဟုတ္ေတာ့ေခ်။ အခ်ိန္မေ႐ြး ေပါက္ကြဲထြက္ႏိုင္သည့္ ဗုံးတစ္လုံးအလားပင္ ျဖစ္ေနေပသည္။ ေက်ာင္းဖင္း႐ွန္ထံတြင္ လူအားလုံးအား သတ္ျဖတ္ႏိုင္သည့္ အစြမ္း ႐ွိေနသည္ မဟုတ္ပါေလာ။
ထို႔ေၾကာင့္ တစ္ခုခုဆိုလွ်င္ ထိုလူမ်ား အားလုံးသည္ ေတြေဝေနၾကမည္ မဟုတ္ေပ။
“သူတို႔ လာေနၾကၿပီ . . .”
ရဲေ႐ွာင္ ေက်ာင္းဖင္း႐ွန္အား ၾကည့္ရင္း ေျပာလိုက္သည္။ ယခုအခ်ိန္သည္ အႏၲရာယ္မ်ားလွသည့္ အခိုက္အတန္႔ပင္ ျဖစ္သည္။ ရဲေ႐ွာင္အေနျဖင့္ မိမိကိုယ္ကို ကာကြယ္ႏိုင္ေသာ္လည္း ေက်ာင္းဖင္း႐ွန္ကိုမူ အကာအကြယ္ေပးႏိုင္လိမ့္မည္ မဟုတ္ေခ်။
သို႔ေသာ္ ေက်ာင္းဖင္း႐ွန္သည္ တုပ္တုပ္မွ်ပင္ မလႈပ္ေခ်။
“သူတို႔ေတြ ယုအာကို လာေခၚေနၾကၿပီေနာ္ . . .”
ရဲေ႐ွာင္ ထပ္ေျပာလိုက္သည္။
ယခုအခ်ိန္သည္ အႏၲရာယ္မ်ားလြန္းလွသျဖင့္ ရဲေ႐ွာင္ ထိုသို႔ ဉာဏ္သုံးလိုက္ရျခင္း ျဖစ္သည္။ အနည္းဆုံးမူ ထိုစကားသည္ ေက်ာင္းဖင္း႐ွန္အား လႈပ္လႈပ္႐ွား႐ွား ျဖစ္သြားေစႏိုင္ေပမည္။
“ဘယ္ေကာင္ ဖမ္းရဲလဲ . . .”
ေက်ာင္းဖင္း႐ွန္ က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္သည္။ သူ၏ မ်က္ႏွာတြင္ ေပ်ာ့ညံ့မႈမ်ား မေတြ႕ရေတာ့ဘဲ ေဒါသမီးမ်ား ေတာက္ေလာင္သြားသည္။ ထို႔ျပင္ သတ္ျဖတ္လိုေသာ အေငြ႕အသက္မ်ားလည္း တမဟုတ္ခ်င္း ထြက္ေပၚလာေလသည္။
“ငါ့ရဲ႕ ယုအာကို ဘယ္ေကာင္ ဖမ္းခ်င္တာလဲ . . .”
ေက်ာင္းဖင္း႐ွန္၏ စကားေၾကာင့္ ေျပးလာၾကသည့္ လူမ်ားအားလုံးသည္ တမုခ်င္း ရပ္တန္႔သြားၾကသည္။
အကယ္၍ မရပ္တန္႔ပါက ေက်ာင္းဖင္း႐ွန္ႏွင့္ ထိပ္တိုက္ ရင္ဆိုင္ရေတာ့မည္ ျဖစ္သည္။ ေက်ာင္းဖင္း႐ွန္သည္ အသိစိတ္႐ွိေနသည့္အခ်ိန္တြင္ ေအးေအးလူလူ ေနတတ္ေသာ လူတစ္ဦး ျဖစ္ေသာ္လည္း တစ္ဖက္တြင္လည္း သတ္ျဖတ္ျခင္း ဘုရင္ဟူသည့္ နာမည္အား ရ႐ွိထားသူျဖစ္သည္။
ေက်ာင္းဖင္း႐ွန္ လူမ်ားအားလုံးအား ေအးစက္စက္ မ်က္လုံးမ်ားျဖင့္ တစ္ခ်က္ေဝ့ၾကည့္လိုက္သည္။ ထို႔ေနာက္ လက္အား ႐ုတ္တရက္ ေဝ့ယမ္းလိုက္ေသာအခါ ေျမျပင္ေပၚတြင္ ျပဳတ္က်ေနသည့္ ဓားသည္လည္း သူ၏ လက္ထဲသို႔ ျပန္ေရာက္သြားပါေတာ့သည္။