မိုးကောင်းကင်အောက်မှကလဲ့စား (...
KazunoMora tarafından
52K 3.8K 5
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ chara... Daha Fazla
🔥ရှင်းလင်းချက်🔥
အကျဉ်းချုပ် အက်ဥ္းခ်ဳပ္
Chapter - 209 "ရှင်လုပ်နိုင်ပါတယ်"
Chapter - 210 "တိမ်မြူခိုးနန်းတော်၏ကြမ္မာဆိုး"
Chapter - 211 "ရှေ့ဖြစ်နိမိတ်"
Chapter - 212 "သူဘယ်လိုသိ"
Chapter - 213 "ကျောက်စိမ်းအားဖြည့် ကြာပန်းပင်"
Chapter - 214"အမှားကြီးမှားခြင်း"
Chapter - 215 "အထင်လွဲခြင်း"
Chapter - 216 "လင်းရှောင်ရေခဲကျင့်စဉ်"
Chapter - 217"ယုံတမ်းစကားများ"
Chapter - 218 "သိက္ခာဆိုတာဘာလဲ"
Chapter - 219"မဖြစ်နိုင်သော"
Chapter - 220 "ကောင်းကင်အပြစ်ဒဏ်"
Chapter - 221"အမည်မသိ"
Chapter - 222"နောက်ယောင်ခံလိုက်ခြင်း"
Chapter - 223"ကျော့ကွင်း"
Chapter - 224"ဝမ်းနည်းနေသောဆောင်ဂျု"
Chapter - 225"ကျူးကျော်ဝင်ရောက်လာခြင်း"
Chapter - 226 "တွေဝေခြင်း"
Chapter - 227"ထိပ်တိုက်ရင်ဆိုင်မှု"
Chapter - 228"မိုးရွာတုန်း ရေခံ"
Chapter - 229"ပညာရှင်နှစ်ဦး၏တိုက်ပွဲ"
Chapter - 230 "ကြာပန်းကိုးခိုင်"
Chapter - 231"သူသေကိုယ်သေ"
Chapter - 232"ကယ်တင်ခြင်း (၁)"
Chapter - 233"ကယ်တင်ခြင်း (၂)"
Chapter - 234"အ‌စေ‌ခံ (၁)"
Chapter - 235"အစေခံ (၂)"
Chapter - 236"ဥတစ်ဥနှင့်လူတစ်ယောက်"
Chapter - 237"သနားစရာမိန်းကလေး ပိုင်အာ"
Chapter - 238"ဘဝတူ"
Chapter - 239"အံ့ဖွယ်လက်ဆောင်"
Chapter - 240"ကျီစားသန်က ရန်များ၏"
Chapter - 241"အဆင့်တက်အောင်ကူညီစေခြင်း (၁)"
Chapter - 242"အဆင့်တက်အောင်ကူညီစေခြင်း (၂)"
Chapter - 243"အဆင့်တက်အောင်ကူညီစေခြင်း (၃)"
Chapter - 244"မယုံနိုင်ဖွယ် အဆင့်တက်ခြင်း"
Chapter - 245"အဆင့်တက်ခြင်း၏ အကျိုးသက်ရောက်မှု"
Chapter - 246"အထူးခြားဆုံးသောကျင့်စဉ်တစ်ခု"
Chapter - 247 "ကုသမှုအား လက်ခံလိုက်ခြင်း"
Chapter - 248"ကျုပ်မှာအချိန်မရှိဘူး"
Chapter - 249"ဝေဒနာအား ကုသပေးခြင်း"
Chapter - 250"ထူးခြား စွမ်းအင်"
Chapter - 251"ပဟေဠိဆန်သော ပုစ္ဆာ"
Chapter - 252"နူးညံ့မှု"
Chapter - 253"ဝမ်ဇန်းဟို၏အခက်အခဲ"
Chapter - 254"အချောင်သမားများ"
Chapter - 255"သနားစဖွယ် ဥ"
Chapter - 256"ထူးဆန်းသောစွမ်းအင်"
Chapter - 257"ဥ၏နေရာ"
Chapter - 258"ပျော်ရွှင်သွားသောဥ"
Chapter - 259 "ပိုင်အာ၏ကြိုးပမ်းမှု"
Chapter - 260 "နှိပ်စက်ခံနေရသကဲ့သို့"
Chapter - 261"ကြောက်မက်ဖွယ်ရာ ချီဓာတ်များ"
Chapter - 262"ထင်ယောင်ထင်မှားဖြစ်ခြင်း"
Chapter -263"လျှို့ဝှက်ချက်ပေါ်သွားခြင်း"
Chapter - 264"နန်ရှန်ဆင်း"
Chapter - 265"အကောင်းဆုံးကြိုးစားခြင်း"
Chapter - 266"ပထမတိုက်ကွက်"
Chapter - 267"သက်ရောက်မှုမရှိခြင်း"
Chapter - 268"ဓားတစ်လက်ဖြစ်ပေါ်လာခြင်း"
Chapter - 269"ရယ်မောခြင်းလေပြည်"
Chapter - 270"တန်ပြန်တိုက်ခိုက်မှု"
Chapter - 271"အသေသတ်တိုက်ကွက်"
Chapter - 272"စားရကံ ကြုံလို့ မုတ်ဆိတ် ပျားစွဲ"
Chapter - 273"မလူးသာမလွန့်သာ"
Chapter - 274"ဝှက်ဖဲ"
Chapter - 275"အပ်ကိုသုံးတာဘယ်သူလဲ"
Chapter - 276"အနန္တသူတော်စင်"
Chapter - 277"မင်းသိလား"
Chapter - 278"လေလံခန်းမဖွင့်လှစ်ခြင်း"
Chapter - 279"မုန်တိုင်းအိမ်တော်၏ အရှိန်အဝါ"
Chapter - 280"ဖိနှိပ်ခံရခြင်း"
Chapter - 281 - 285
286 - 290
291 - 295
296 - 300
301 - 306
307 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 336
Chapter - 337"ဉာဏ်ကောင်းလှသည့်ဇုဝူကျီ"
Chapter - 338"စဉ်းစားခန်းဝင်ခြင်း"
Chapter - 339"အစော်ကားခံရသည့်ဖန်ဧကရာဇ်"
Chapter - 340"နိုင်ငံရေးနားမလည်သောရဲရှောင်"
Chapter - 341"ဝမ်အာရောက်လာခြင်း"
Chapter - 342"အိန္ဒြေရရ‌ နေကြပါ"
Chapter - 343"လျှို့ဝှက်မြေပုံ"
Chapter - 344"လုပ်ကြံသတ်ဖြတ်သူနှစ်ဦး တွေ့ဆုံကြခြင်း"
Chapter - 345"သေသည့်တိုင် တာဝန်ယူမည်"
Chapter - 346"ခင်ဗျားကိုငှားချင်တယ်"
Chapter - 347"ရှေ့ဆက်ရမည့်အစီအစဉ်"
Chapter - 348"လုပ်ငန်းစတင်ခြင်း"
Chapter - 349"လှုပ်ရှားခြင်း"
Chapter - 350"အသေအချာ သိသွားကြခြင်း"
Chapter - 351"စိတ်နှင့်ကိုယ်မကပ်ခြင်း"
Chapter - 352"ဆဲဆိုကြခြင်း"
Chapter - 353"ဆဲဆိုကြခြင်း"
Chapter - 354"အရက်သောက်ကြခြင်း"
Chapter - 355"ကမ္ဘာ့ရန်"
Chapter - 356"တိုက်ပွဲ"
Chapter - 357"တိုးတက်မှုမရှိခြင်း"
Chapter - 358"ပူးပေါင်းမှု"
Chapter - 359"ဝတ်ရုံနက်ဖြင့်လူ"
Chapter - 360"ခင်ဗျားဘယ်သူလဲ"
Chapter - 361"သွေးခွဲခြင်း"
Chapter - 362"တိုက်ကွက်ဆန်း"
Chapter - 363"စစ်ယု"
Chapter - 364"အတူတကွရင်ဆိုင်ရန်"
Chapter - 365"ကျားရဲတွင်းသို့"
Chapter - 366"ဓားတစ်ချောင်းနှင့်လူတစ်ယောက်"
Chapter - 367"စံပြပုဂ္ဂိုလ်"
Chapter - 368"ကမ္ဘာမကြေ ရန်ငြိုး"
Chapter - 369"ဗိုက်ခေါက်ကြီး"
Chapter - 370"ဆရာနင်"
371 - 375
376--377
378--379
380--381
382--383
384--385
386--387
388--389
390--391
392--393
394--395
396--397
398--399
400
401--402
403--404
405--406
Chapter (407)"ကောင်ကင်အဆင့်တစ်ပညာရှင်လော"
Chapter (408)"ကောင်းကင်အဆင့်နှစ်ပညာရှင်လော"
Chapter (409)"အနိုင်ရမည်လော"
Chapter (410)"တစ်ချက်တည်းဖြင့်"
Chapter (412)"သတ်ဖြတ်ခြင်းဘုရင်"
Chapter (413)"ခင်ဗျားမှာအကူရှိတယ်"
Chapter (414)"ပြောင်းလဲသွားသောအခြေအနေ"
Chapter (415)"တိုက်ခိုက်မှုစတင်ခြင်း"
Chapter (416)"လှုံ့ဆော်မှု"
Chapter (417)"တရားခံဘယ်သူလဲ"
Chapter (418)"ရှက်ရွံ့နေသည့်သခင်ကြီးဘိုင်"
Chapter (419)"ထူးဆန်းသောအဖြစ်အပျက်"
Chapter (420)"စိတ်တန်ခိုးမျက်လုံး"
Chapter (421)"လေနှင့်အတူ"
Chapter (422)"ယင်ယန်အသီးများ"
Chapter (423)"ရင်နင့်စွာဖြင့်"
Chapter (424)"အချစ်အတွက်ဆို"
Chapter (425)"နည်းလမ်းနှစ်ခု"
Chapter (426)"မိုးကောင်းကင်ကို ထိတွေ့ရသည်ထက် ခက်၏"
Chapter (427)"တစ်နှစ်တစ်ခါ"
Chapter (428)"ရယ်မောခြင်း၏အဓိပ္ပါယ်"
Chapter (429)"အထီးကျန်သောဘဝ"
Chapter (430)"လက်ကိုင်တုတ်"
Chapter (431)"လုပ်ကြံသတ်ဖြတ်သူများစုဝေးခြင်း"
Chapter (432)"အဖြေမရှိ"
Chapter (433)"ထိပ်တန်းပညာရှင်များအား ပျိုးထောင်ပေးခြင်း"
Chapter (434)"အံ့မခန်းအမြန်နှုန်း"
Chapter (435)"ရေခဲဝိညာဉ်ဓား"
Chapter (436)"ဓားနှင့်တသားတည်းဖြစ်သွားခြင်း"
Chapter (437)"မခေါ်ဘဲလာသည့်ဧည့်သည်"
Chapter (438)"လင်းဝုရှဲ့"
439--440
441--442
443--444
445--446
447--448
449--450
451--452
453--454
455--456
457--458
459--460
461--462
463--464
465--466
467--468
469--470
471--472
473--474
475--476
477--478
479--480
Chapter (481)"ကျုပ်တို့မလိုချင်ပါဘူး"
Chapter (482)"ဒုက္ခလှိုင်းများ"
Chapter (483)"ဝမ်းနည်းနေသော လင်းဝုရှဲ့"
Chapter (484)"မန်ဟွာချင်း"
Chapter (485)"အံ့ဩတုန်လှုပ်ခြင်း"
Chapter (486)"ထွက်ခွာကြရတော့မည်"
Chapter (487)"ရှင့်အကူအညီလိုတယ်"
Chapter (488)"ဆွေးနွေးမှုပျက်ပြယ်ခြင်း"
Chapter (489)"ခြိမ်းခြောက်မှု"
Chapter (490)"ဘယ်တော့မှအလျော့မပေးဘူး"
🔥🔥🔥🔥
Chapter (411)"ကြိုးစားခွင့်"
217 20 0
KazunoMora tarafından
မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter (411)
“ကြိုးစားခွင့်"
ခေါင်းပြတ်နေသော ခန္ဓာကိုယ်ကြီးသည် ဂျိမိန်ဇန်၏ မျက်နှာတည့်တည့်သို့ ရောက်ရှိလာလေသည်။ ထိုခေါင်းပြတ်နေသည့် နေရာမှ သွေးများသည် ရေပန်းများသဖွယ် ထွက်ပေါ်လျက် ရှိသည်။
ဂျိမိန်ဇန်လည်း အလန့်တကြားဖြင့် ချက်ချင်းပင် လေပေါ်သို့ ခုန်တက်လိုက်တယ်။ သွေးများသည် သူ၏ ခန္ဓာကိုယ်အား မထိမှန်သွားသော်လည်း မြေပြင်တွင်မူ သွေးချောင်းစီးသွားခဲ့သည်။
ချင်ဝု၏ ခေါင်းမရှိတော့သည့် ခန္ဓာကိုယ်ကြီး အောက်သို့ ပြုတ်ကျသွားသောအခါ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။ ထိုအလောင်းကောင်ကြီးအား ကြည့်ရင်း လူတိုင်း၏ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ မည်သည့်အသံမှလည်း မထွက်ရဲကြတော့ချေ။
ရဲရှောင်မှ ယခုအကြိမ်တွင်လည်း တစ်ချက်တည်းဖြင့် ပွဲသိမ်းလိုက်ချေပြန်ပြီ။
ရန်သူ့ထံမှ ဓားကိုလုပြီးသည်နှင့် တစ်ပြိုင်နက်တည်းပင် ထိုဓားနှင့် ရန်သူ၏ လည်ပင်းအား ခုတ်ချလိုက်ခြင်းကြောင့် တစ်ချက်တည်းဟု ဆိုရပေမည်။
တိုက်ပွဲရလဒ်သည် အစ်ကိုကျောင်းဆိုသူ ခန့်မှန်းထားသည့် အတိုင်းပင် ဖြစ်သည်။ ကောင်းကင်အဆင့် ၄ ပညာရှင်ဖြစ်သည့် ချင်ဝုသည် ခြေလှမ်း ၉လှမ်း လှမ်းလိုက်ပြီးနောက် အပြင်းထန်ဆုံး တိုက်ခိုက်တော့မည့် အချိန်မှာပင် ရက်ရက်စက်စက် အသတ်ခံလိုက်ရသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သေဆုံးသွားရခြင်း ဖြစ်သည်။
ဖန်ဇီလင်သည် ချင်ဝု မည်သို့ပုံစံဖြင့် သေဆုံးရမည်ကိုပင် တွက်ဆထားမိဟန်ရှိသည့်အတွက် ထိုခေါင်းပြတ် နေသည့် ခန္ဓာကိုယ်ကြီးအား ဂျိမိန်ဇန်ရှိရာသို့ လှမ်းကန်လိုက်ခြင်း ဖြစ်သည်။
(ဖန်ဇီလင်က ဒီလိုတိုက်ခိုက်နေတဲ့ အချိန်မျိုးမှာတောင် အရာရာကို အကွက်ချထားနိုင်နေတယ်။ အသေးစိတ်ကို ကြိုတင် တွက်ဆထားနိုင်ခဲ့တာပဲ။ သူ့ရဲ့ တိုက်ရည်ခိုက်ရည် အစွမ်းကတော့ တကယ်ကို ကြောက်စရာကောင်းတာပါပဲလား . . .)
လူအားလုံး၏ စိတ်ထဲတွင် ထိုကဲ့သို့ တွေးမိလိုက်ကြသည်။ ဖန်ဧကရာဇ်၏လက် ရွှေရောင်တောက်ပသွားစဉ်က ထိုလက်ဖြင့် ချင်ဝု၏ ဓားအား ရှောင်တိမ်းခြင်း မပြုဘဲ တည့်တိုးပင်ခံလိုက်သည်။
အကယ်၍ ရှောင်တိမ်းလိုက်မည် ဆိုပါက ဖန်ဇီလင်၏ အစွမ်းအား ကောင်းစွာ သိနိုင်ကြမည် မဟုတ်ပေ။ ထိပ်တိုက် ထိမှန်စေလိုက်ခြင်းဖြင့် သူ၏ စွမ်းအင်အမှန်များအား ပြသလိုက်သည့်ပုံပင်။
ထို့ကြောင့်ပင် ကောင်းကင်အဆင့် ၄ ပညာရှင်ဖြစ်သည့် ချင်ဝုသည်လည်း ရပ်တန့်သွားခဲ့ရခြင်း ဖြစ်သည်။ တဟုန်ထိုး တိုက်ခိုက်ရန် ဟန်ပြင်နေရာမှ ရုတ်တရက် တန့်သွားရခြင်း ဖြစ်သည်။
ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပင် ဖန်ဧကရာဇ်သည် ချင်ဝုအား သတ်ဖြတ်နိုင်ခဲ့သည်။
ထိုလှုပ်ရှားမှုများအား ဖန်ဇီလင်သည် တစ်ချက်မှ နား
ခြင်း မရှိဘဲ ဆက်တိုက်လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။ သူ၏ လှုပ်ရှားမှုများနှင့် တိုက်ခိုက်မှုများသည် တိကျသေသပ်၍ အမှားအယွင်းဟူ၍ လုံးဝမရှိပေ။
ချင်ဝု၏ ဓားချက်သည် ဖန်ဇီလင်အား ထိခိုက်အောင် မလုပ်နိုင်ခဲ့သည့်အပြင် အခွင့်အရေး ပေးလိုက်သလိုပင် ဖြစ်သွားခဲ့သည်။
သူ၏ အဖွဲ့သားများ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားသည့်အချိန်တွင် ဂျိမိန်ဇန်သည် သွေးအေးအေး မနေနိုင်တော့ချေ။ ထို့ကြောင့် ဘေးရှိ အဘိုးကြီး ၂ ယောက်အား အံကြိတ်၍ ကြည့်လိုက်ရင်း -
“ဒါကအဆင့် ၂ ဟုတ်လား . . . ခင်ဗျားတို့ ပြောတော့ သေချာတယ်ဆို . . .”
အဘိုးကြီး ၂ ဦးလည်း ရှက်အမ်းအမ်းဖြင့် မည်သို့ မည်ပုံ ပြန်ပြောရမည်ကို မသိတော့ချေ။
အဘိုးကြီး ၂ဦး အနေဖြင့် ဖန်ဇီလင်နှင့် မတွေ့ခင်အချိန်က တစ်ဖက်လူ၏ အဆင့်အတန်းအား ခန့်မှန်းသည့် နေရာတွင် မည်သည့်အခါမျှ မလွဲခဲ့ဖူးချေ။ တစ်ခါတစ်ရံ အနည်းငယ်ကွာခြားချက် ရှိနေသည့်တိုင် ယခုလောက်အထိ မမှားယွင်းခဲ့ဖူးကြချေ။ လက်ရှိအချိန်တွင် သူတို့၏ ခန့်မှန်းချက်များသည် တက်တက်စင်အောင်ပင် လွဲချော်နေခဲ့သည် မဟုတ်ပါလော။
(ဒါပေမယ့် . . . ဒီဖန်ဇီလင်က ငါတို့ထက် အဆင့်နိမ့်တာ အသိသာကြီးပဲ။ ဘာလို့ သူ့ရဲ့ အစွမ်းကို ငါတို့ မခန့်မှန်းနိုင်ရတာပါလိမ့် . . .)
(ငါတို့ ၂ ယောက်ထဲက တစ်ယောက်က မှားယွင်းခန့်မှန်းမိတယ် ဆိုရင်တောင် လက်ခံလို့ ရသေးတယ်။ အခုတော့ ၂ ယောက်လုံး မှားနေတာပါလား . . .)
ခဏအကြာတွင် အဘိုးကြီး ၂ ယောက်အနက် ချောင် ဟုခေါ်သော အဘိုးကြီးမှ -
“ကျုပ်က အသက်ကြီးပြီဆိုတော့ မျက်လုံးသိပ်မကောင်းတော့ဘူးလေ။ ဖန်ဇီလင်က အဆင့် ၅ ဖြစ်လောက်မယ် ထင်တယ်။ အဲဒီထက်လည်း မြင့်ကောင်း မြင့်နိုင်တယ်။ မသေချာဘူး . . .”
ဂျိမိန်ဇန် ဒေါသတကြီးဖြင့် -
“ခင်ဗျားတို့ ခန့်မှန်းတာ မမှန်မချင်း ကျုပ်က ကျုပ်လူတွေကို အသေခံခိုင်းနေရမှာလား။ ဖန်ဇီလင် မသေမချင်း တစ်ဆင့်ချင်းစီက လူတွေကို လွှတ်ရမှာလား။ ခင်ဗျားတို့ အကြံပေးနိုင်တာ ဒါအကုန်ပဲပေါ့ . . .”
ဂျိမိန်ဇန်၏ စကားကြောင့် အဘိုးကြီး၂ဦး၏ စိတ်ထဲတွင် မကျေမနပ်ပင် ဖြစ်သွားကြသည်။
(မင်းက ခေါင်းဆောင်ပဲ။ မင်းစိတ်ကြိုက် ဆုံးဖြတ်နိုင်တာပဲ မဟုတ်ဘူးလား။ အခုမင်းလူတွေ သေတာကို မဆီမဆိုင် ငါတို့ကို လာပြဿနာ ရှာနေတယ်။ ငါတို့ကို မင်းရဲ့ လက်ဝှေ့အိတ်လို သဘောထားနေတာလား။
ငါတို့အရင်တုန်းက ခန့်မှန်းတာတွေ တောက်လျှောက် မှန်နေခဲ့တုန်းကကြ ဘာလို့ မချီးကျူးခဲ့တာလဲ . . .)
အစ်ကိုကျောင်းမှ ရဲရှောင်အား စိုက်ကြည့်လိုက်ရင်း -
“ဖန်ဧကရာဇ်က အရမ်းကြီး အဆင့်မမြင့်ပါဘူး။ ဒါပေမယ့် တိုက်ခိုက်တဲ့ အချိန်မှာ နည်းစနစ်ကောင်းတွေ အများကြီး ရှိနေတယ်။ အမြင်ကလည်း သိပ်စူးရှတယ်။ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး ကောင်းကောင်း ဖြေရှင်းနိုင်စွမ်း ရှိတယ်။ နောက်ပြီး သူ့ရဲ့ အားအင် အစစ်အမှန်ကိုလည်း ထုတ်မပြသေးဘူး။ အခုထိ သူသုံးတဲ့ လက်နက်ဆိုတာကို မမြင်ဖူးသေးဘူး။ ခင်ဗျားလူတွေ ထပ်လွှတ်နေရင်လည်း အဲဒီလူတွေကို သေလမ်းပို့သလို ဖြစ်နေမှာပဲ . . ."
“ဘာလို့များ ကျုပ်ကို ကြိုးစားခွင့် မပေးရတာလဲ . . .”
ဂျိမိန်ဇန် ပျော်ရွှင်သွားမိသည်။
“အစ်ကိုကျောင်းက တကယ်ကို ဉာဏ်အမျှော်အမြင် ရှိတာပဲ။ အစ်ကိုကျောင်းပဲ တာဝန်ယူလိုက်ပါ”
အစ်ကိုကျောင်းသည် ခေါင်းညိတ်လိုက်ပြီး ရဲရှောင်ထံသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
သူ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နှင့် မလိုက်ဖက်လောက်အောင်ပင် လေးပင်စွာ သွားနေလျက် ရှိသည်။
ထိုအချိန်တွင် တဖြူဖြူးတိုက်ခတ်နေသော လေကြောင့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အကိုကျောင်း၏ ပုံသည် တစ္ဆေတစ်ကောင် လေထဲတွင် မျောလွင့်နေသည်နှင့်ပင် တူနေပါသေးသည်။
ရဲရှောင် အစ်ကိုကျောင်းအား ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။
သူ့အား ရန်သူများ စတင် အဝိုင်းခံထားရသည့် အချိန်ကတည်းက ထိုလူအား သတိထားမိခဲ့သည်။
ဂျိမိန်ဇန် ဦးဆောင်သည့် အဖွဲ့သည် မည်မျှအထိ အင်အားတောင့်တင်းနေစေကာမူ အကန့်အသတ်ဖြင့်သာ ရှိလေသည်။ ထို့ကြောင့် ရဲရှောင်အနေဖြင့်လည်း စိတ်ထဲတွင် ပေါ့ပေါ့ပါးပါးပင် ဖြစ်နေခဲ့မိသည်။ ဂျိမိန်ဇန်၏ လူများအားလုံးအား အနိုင်မယူနိုင်သည့်တိုင် အသက်ရှင်လျက် ထွက်ပြေးနိုင်လိမ့်မည်ဟုလည်း ယုံကြည်ထားခဲ့မိသည်။
ဂျိမိန်ဇန် အပါအဝင် အဆင့် ၈ အဘိုးကြီး ၂ ယောက်နှင့် ထိပ်တန်းအဆင့် ပညာရှင် ၃ ယောက်တို့ ပိတ်ဆို့၍ ထားသည့်တိုင် ရဲရှောင်အား ခြိမ်းခြောက်နိုင်စွမ်း မရှိချေ။ ထို့ကြောင့် ရဲရှောင်ဘက်မှလည်း ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကဲ့သို့ပင် တည်တည်ငြိမ်ငြိမ်ဖြင့် တုံ့ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။
(ငါသာတကယ် လွတ်မြောက်ချင်ရင် အဆင့် ၉ ပညာရှင်တောင် ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး)
သို့သော် ထိုဝတ်ရုံနက်ဖြင့်လူသည် မိမိအား ခြိမ်းခြောက်လာနိုင်လေသည်။ စတင်ရောက်ရှိသည့် အချိန်ကတည်းက ထိုလူသည် နှုတ်ဆိတ်၍သာ နေခဲ့သည်။
သို့သော် ရဲရှောင်အား ကြည့်နေသည့် ထိုလူ၏ အကြည့်များသည် အဆိပ်ပြင်းသော မြွေတစ်ကောင်၏ အကြည့်မျိုးနှင့်ပင် တူနေပါသေးသည်။
ရဲရှောင်လည်း ထိုအကြည့်များကြောင့် ကြက်သီးများပင် ထမိခဲ့လေသည်။ ထို့ပြင် အန္တရာယ် အငွေ့အသက်အချို့ကိုလည်း ခံစားမိလိုက်သည်။
ယခု နတ်ဘုရားသတ် အဖွဲ့ထဲတွင် ရဲရှောင်၏ အသက်အား ခြိမ်းခြောက်နိုင်သည့် လူဆို၍ ထိုလူတစ်ယောက်တည်းသာ ရှိပေလိမ့်မည်။
ထိုလူ လျှောက်လာသည့်အချိန်တွင် ရဲရှောင်အဖို့ အနည်းငယ် စိတ်ဖိစီးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ထို့ပြင် အကိုကျောင်း၏ ပုံစံမှာ အေးအေးလူလူပင်ဖြစ်ပြီး ပျင်းရိနေသည့်ပုံပင် ပေါက်နေလေသည်။ ထို့ကြောင့်ပင် ရဲရှောင်အဖို့ အထူးအဆန်းသဖွယ် ခံစားနေရသည်။
ထိုမျှသာမက ထိုလူ၏ ခန္ဓာကိုယ် ပတ်လည်၌ အလွန်အမင်း အေးစက်သော ချီဓာတ်များလည်း ထွက်ပေါ်လျက် ရှိနေပါတော့သည်။
Chapter (411)
“ကြိုးစားခွင့်"