မိုးကောင်းကင်အောက်မှကလဲ့စား (...

By KazunoMora

55.7K 3.8K 5

Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ chara... More

🔥ရှင်းလင်းချက်🔥
အကျဉ်းချုပ် အက်ဥ္းခ်ဳပ္
Chapter - 209 "ရှင်လုပ်နိုင်ပါတယ်"
Chapter - 210 "တိမ်မြူခိုးနန်းတော်၏ကြမ္မာဆိုး"
Chapter - 211 "ရှေ့ဖြစ်နိမိတ်"
Chapter - 212 "သူဘယ်လိုသိ"
Chapter - 213 "ကျောက်စိမ်းအားဖြည့် ကြာပန်းပင်"
Chapter - 214"အမှားကြီးမှားခြင်း"
Chapter - 215 "အထင်လွဲခြင်း"
Chapter - 216 "လင်းရှောင်ရေခဲကျင့်စဉ်"
Chapter - 217"ယုံတမ်းစကားများ"
Chapter - 218 "သိက္ခာဆိုတာဘာလဲ"
Chapter - 219"မဖြစ်နိုင်သော"
Chapter - 220 "ကောင်းကင်အပြစ်ဒဏ်"
Chapter - 221"အမည်မသိ"
Chapter - 222"နောက်ယောင်ခံလိုက်ခြင်း"
Chapter - 223"ကျော့ကွင်း"
Chapter - 224"ဝမ်းနည်းနေသောဆောင်ဂျု"
Chapter - 225"ကျူးကျော်ဝင်ရောက်လာခြင်း"
Chapter - 226 "တွေဝေခြင်း"
Chapter - 227"ထိပ်တိုက်ရင်ဆိုင်မှု"
Chapter - 228"မိုးရွာတုန်း ရေခံ"
Chapter - 229"ပညာရှင်နှစ်ဦး၏တိုက်ပွဲ"
Chapter - 230 "ကြာပန်းကိုးခိုင်"
Chapter - 231"သူသေကိုယ်သေ"
Chapter - 232"ကယ်တင်ခြင်း (၁)"
Chapter - 233"ကယ်တင်ခြင်း (၂)"
Chapter - 234"အ‌စေ‌ခံ (၁)"
Chapter - 235"အစေခံ (၂)"
Chapter - 236"ဥတစ်ဥနှင့်လူတစ်ယောက်"
Chapter - 237"သနားစရာမိန်းကလေး ပိုင်အာ"
Chapter - 238"ဘဝတူ"
Chapter - 239"အံ့ဖွယ်လက်ဆောင်"
Chapter - 240"ကျီစားသန်က ရန်များ၏"
Chapter - 241"အဆင့်တက်အောင်ကူညီစေခြင်း (၁)"
Chapter - 242"အဆင့်တက်အောင်ကူညီစေခြင်း (၂)"
Chapter - 243"အဆင့်တက်အောင်ကူညီစေခြင်း (၃)"
Chapter - 244"မယုံနိုင်ဖွယ် အဆင့်တက်ခြင်း"
Chapter - 245"အဆင့်တက်ခြင်း၏ အကျိုးသက်ရောက်မှု"
Chapter - 246"အထူးခြားဆုံးသောကျင့်စဉ်တစ်ခု"
Chapter - 247 "ကုသမှုအား လက်ခံလိုက်ခြင်း"
Chapter - 248"ကျုပ်မှာအချိန်မရှိဘူး"
Chapter - 249"ဝေဒနာအား ကုသပေးခြင်း"
Chapter - 250"ထူးခြား စွမ်းအင်"
Chapter - 251"ပဟေဠိဆန်သော ပုစ္ဆာ"
Chapter - 252"နူးညံ့မှု"
Chapter - 253"ဝမ်ဇန်းဟို၏အခက်အခဲ"
Chapter - 254"အချောင်သမားများ"
Chapter - 255"သနားစဖွယ် ဥ"
Chapter - 256"ထူးဆန်းသောစွမ်းအင်"
Chapter - 257"ဥ၏နေရာ"
Chapter - 258"ပျော်ရွှင်သွားသောဥ"
Chapter - 259 "ပိုင်အာ၏ကြိုးပမ်းမှု"
Chapter - 260 "နှိပ်စက်ခံနေရသကဲ့သို့"
Chapter - 261"ကြောက်မက်ဖွယ်ရာ ချီဓာတ်များ"
Chapter - 262"ထင်ယောင်ထင်မှားဖြစ်ခြင်း"
Chapter -263"လျှို့ဝှက်ချက်ပေါ်သွားခြင်း"
Chapter - 264"နန်ရှန်ဆင်း"
Chapter - 265"အကောင်းဆုံးကြိုးစားခြင်း"
Chapter - 266"ပထမတိုက်ကွက်"
Chapter - 267"သက်ရောက်မှုမရှိခြင်း"
Chapter - 268"ဓားတစ်လက်ဖြစ်ပေါ်လာခြင်း"
Chapter - 269"ရယ်မောခြင်းလေပြည်"
Chapter - 270"တန်ပြန်တိုက်ခိုက်မှု"
Chapter - 271"အသေသတ်တိုက်ကွက်"
Chapter - 272"စားရကံ ကြုံလို့ မုတ်ဆိတ် ပျားစွဲ"
Chapter - 273"မလူးသာမလွန့်သာ"
Chapter - 274"ဝှက်ဖဲ"
Chapter - 275"အပ်ကိုသုံးတာဘယ်သူလဲ"
Chapter - 276"အနန္တသူတော်စင်"
Chapter - 277"မင်းသိလား"
Chapter - 278"လေလံခန်းမဖွင့်လှစ်ခြင်း"
Chapter - 279"မုန်တိုင်းအိမ်တော်၏ အရှိန်အဝါ"
Chapter - 280"ဖိနှိပ်ခံရခြင်း"
Chapter - 281 - 285
286 - 290
291 - 295
296 - 300
301 - 306
307 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 336
Chapter - 337"ဉာဏ်ကောင်းလှသည့်ဇုဝူကျီ"
Chapter - 338"စဉ်းစားခန်းဝင်ခြင်း"
Chapter - 339"အစော်ကားခံရသည့်ဖန်ဧကရာဇ်"
Chapter - 340"နိုင်ငံရေးနားမလည်သောရဲရှောင်"
Chapter - 341"ဝမ်အာရောက်လာခြင်း"
Chapter - 342"အိန္ဒြေရရ‌ နေကြပါ"
Chapter - 343"လျှို့ဝှက်မြေပုံ"
Chapter - 344"လုပ်ကြံသတ်ဖြတ်သူနှစ်ဦး တွေ့ဆုံကြခြင်း"
Chapter - 345"သေသည့်တိုင် တာဝန်ယူမည်"
Chapter - 346"ခင်ဗျားကိုငှားချင်တယ်"
Chapter - 347"ရှေ့ဆက်ရမည့်အစီအစဉ်"
Chapter - 348"လုပ်ငန်းစတင်ခြင်း"
Chapter - 349"လှုပ်ရှားခြင်း"
Chapter - 350"အသေအချာ သိသွားကြခြင်း"
Chapter - 351"စိတ်နှင့်ကိုယ်မကပ်ခြင်း"
Chapter - 352"ဆဲဆိုကြခြင်း"
Chapter - 353"ဆဲဆိုကြခြင်း"
Chapter - 354"အရက်သောက်ကြခြင်း"
Chapter - 355"ကမ္ဘာ့ရန်"
Chapter - 356"တိုက်ပွဲ"
Chapter - 357"တိုးတက်မှုမရှိခြင်း"
Chapter - 358"ပူးပေါင်းမှု"
Chapter - 359"ဝတ်ရုံနက်ဖြင့်လူ"
Chapter - 360"ခင်ဗျားဘယ်သူလဲ"
Chapter - 361"သွေးခွဲခြင်း"
Chapter - 362"တိုက်ကွက်ဆန်း"
Chapter - 363"စစ်ယု"
Chapter - 364"အတူတကွရင်ဆိုင်ရန်"
Chapter - 365"ကျားရဲတွင်းသို့"
Chapter - 366"ဓားတစ်ချောင်းနှင့်လူတစ်ယောက်"
Chapter - 367"စံပြပုဂ္ဂိုလ်"
Chapter - 368"ကမ္ဘာမကြေ ရန်ငြိုး"
Chapter - 369"ဗိုက်ခေါက်ကြီး"
Chapter - 370"ဆရာနင်"
371 - 375
376--377
378--379
380--381
382--383
384--385
386--387
388--389
390--391
392--393
394--395
396--397
398--399
400
401--402
403--404
405--406
Chapter (407)"ကောင်ကင်အဆင့်တစ်ပညာရှင်လော"
Chapter (408)"ကောင်းကင်အဆင့်နှစ်ပညာရှင်လော"
Chapter (409)"အနိုင်ရမည်လော"
Chapter (411)"ကြိုးစားခွင့်"
Chapter (412)"သတ်ဖြတ်ခြင်းဘုရင်"
Chapter (413)"ခင်ဗျားမှာအကူရှိတယ်"
Chapter (414)"ပြောင်းလဲသွားသောအခြေအနေ"
Chapter (415)"တိုက်ခိုက်မှုစတင်ခြင်း"
Chapter (416)"လှုံ့ဆော်မှု"
Chapter (417)"တရားခံဘယ်သူလဲ"
Chapter (418)"ရှက်ရွံ့နေသည့်သခင်ကြီးဘိုင်"
Chapter (419)"ထူးဆန်းသောအဖြစ်အပျက်"
Chapter (420)"စိတ်တန်ခိုးမျက်လုံး"
Chapter (421)"လေနှင့်အတူ"
Chapter (422)"ယင်ယန်အသီးများ"
Chapter (423)"ရင်နင့်စွာဖြင့်"
Chapter (424)"အချစ်အတွက်ဆို"
Chapter (425)"နည်းလမ်းနှစ်ခု"
Chapter (426)"မိုးကောင်းကင်ကို ထိတွေ့ရသည်ထက် ခက်၏"
Chapter (427)"တစ်နှစ်တစ်ခါ"
Chapter (428)"ရယ်မောခြင်း၏အဓိပ္ပါယ်"
Chapter (429)"အထီးကျန်သောဘဝ"
Chapter (430)"လက်ကိုင်တုတ်"
Chapter (431)"လုပ်ကြံသတ်ဖြတ်သူများစုဝေးခြင်း"
Chapter (432)"အဖြေမရှိ"
Chapter (433)"ထိပ်တန်းပညာရှင်များအား ပျိုးထောင်ပေးခြင်း"
Chapter (434)"အံ့မခန်းအမြန်နှုန်း"
Chapter (435)"ရေခဲဝိညာဉ်ဓား"
Chapter (436)"ဓားနှင့်တသားတည်းဖြစ်သွားခြင်း"
Chapter (437)"မခေါ်ဘဲလာသည့်ဧည့်သည်"
Chapter (438)"လင်းဝုရှဲ့"
439--440
441--442
443--444
445--446
447--448
449--450
451--452
453--454
455--456
457--458
459--460
461--462
463--464
465--466
467--468
469--470
471--472
473--474
475--476
477--478
479--480
Chapter (481)"ကျုပ်တို့မလိုချင်ပါဘူး"
Chapter (482)"ဒုက္ခလှိုင်းများ"
Chapter (483)"ဝမ်းနည်းနေသော လင်းဝုရှဲ့"
Chapter (484)"မန်ဟွာချင်း"
Chapter (485)"အံ့ဩတုန်လှုပ်ခြင်း"
Chapter (486)"ထွက်ခွာကြရတော့မည်"
Chapter (487)"ရှင့်အကူအညီလိုတယ်"
Chapter (488)"ဆွေးနွေးမှုပျက်ပြယ်ခြင်း"
Chapter (489)"ခြိမ်းခြောက်မှု"
Chapter (490)"ဘယ်တော့မှအလျော့မပေးဘူး"
🔥🔥🔥🔥

Chapter (410)"တစ်ချက်တည်းဖြင့်"

226 20 0
By KazunoMora

Chapter (410)

“တစ်ချက်တည်းဖြင့်”

ဂျိမိန်ဇန် အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် အေးစက်စက် အသံဖြင့် -

“ခင်ဗျားက ဘယ်လိုထင်လို့လဲ အစ်ကိုကျောင်း။ ဘာလို့ရယ်နေတာလဲ . . .”

အစ်ကိုကျောင်းဟု ခေါ်သော လူသည် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး ပိန်ပိန်ပါးပါးဖြင့်‌ အေးစက်စက်မျက်နှာထားမျိုး ရှိသည်။ သူ၏ပုံစံမှာ တစ်ကိုယ်တည်း သီးသန့် နေတတ်ဟန်ရှိပြီး လူများနှင့် ရောရောနှောနှော နေလေ့ရှိသည့်ပုံ မပေါ်ချေ။

ထိုလူ၏ မျက်လုံးများသည် သမုဒ္ဒရာကဲ့သို့ပင် နက်ရှိုင်းလှသည်။

ဂျိမိန်ဇန်၏ စကားအား ကြားသောအခါ အကိုကျောင်းဆိုသူသည် ခနဲ့တဲ့တဲ့ မျက်နှာထားမျိုးဖြင့် -

“သေချာလေ့လာကြည့်ကြပါဦး . . .”

မုတ်ဆိတ်မွှေးရှည်ရှည်နှင့် လူတစ်ယောက်မှ အလိုမကျသည့်ဟန်ဖြင့် -

“အစ်ကိုကျောင်း . . . ခင်ဗျားက ကျုပ်တို့ မှားနေတယ်လို့ ထင်နေတာလား။ ခင်ဗျား အမြင်က ဘယ်လို ရှိနေလို့လဲ . . .”

အစ်ကိုကျောင်းသည် ထိုလူအား လှမ်းကြည့်လိုက်သည်။ သို့သော် သူ၏ မျက်လုံးများသည် မည်သည့် အရာကိုမျှ ကြည့်နေခြင်း မရှိသည့် ပုံမျိုးဖြင့် ရီဝေဝေဖြစ်လျက် ရှိသည်။ ထို့နောက် တိုးညှင်းသော အသံဖြင့် -

“ချင်ဝုကတော့ သေမှာ သေချာပေါက်ပဲ။ တစ်ချက်တည်းနဲ့ကို သေရလိမ့်မယ် . . .”

"ဘာရယ် . . . ခင်ဗျား ဘာပြောလိုက်တာလဲ အကိုကျောင်း . . ."

ဂျိမိန်ဇန်သည် သူ၏ နားသူ မယုံနိုင်သဖြင့် ထပ်မေးလိုက်သည်။ သို့သော် အစ်ကိုကျောင်း ဆိုသူသည် မည်သည့်စကားမျှ ထပ်မပြောတော့ချေ။

ဂျိမိန်ဇန်၏ စိတ်ထဲတွင် တွေဝေသွားမိသည်။ အဘယ့်ကြောင့်ဆိုသော် အစ်ကိုကျောင်း ဆိုသည်မှာ သာမန်တော့ မဟုတ်ပေ။ မော်တယ်ကမ္ဘာ၏ ထိပ်သီးပညာရှင်တစ်ဦးပင် ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့သော လူမျိုး၏ စကားအား ပစ်ပယ်၍တော့ မရနိုင်ချေ။

(သူက တခြားလူတွေ အားလုံးနဲ့ အမြင်မတူဘဲ ကွဲထွက်နေပါလား။ ဒါအကြောင်းပြချက်တော့ ရှိရမယ်။ ဒါပေမယ့် ချင်ဝုဆိုတာ ကောင်းကင်အဆင့် ၄ ရှိတဲ့ လူတစ်ယောက်ပဲ။ ဒီလိုလူတစ်ယောက်က တစ်ချက်တည်းနဲ့ သေပါ့မလား။ သူဆိုလိုချင်တဲ့ တစ်ချက်တည်းနဲ့ သေမယ်ဆိုတာ ဘယ်လိုမျိုးကို ပြောတာပါလိမ့် . . .)

ထိုကဲ့သို့ တွေးနေမိချိန်မှာပင် ချင်ဝုသည် ခြေလှမ်း ၉ လှမ်း လှမ်းပြီးခဲ့ပြီ ဖြစ်သည်။

အဘိုးကြီးပြောခဲ့သည့်အတိုင်း ချင်ဝု၏ ခန္ဓာကိုယ်မှ စွမ်းအင် အငွေ့အသက် အရှိန်အဝါများ ပိုမိုထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

“ဖန်ဇီလင် . . . ခင်ဗျားခေါင်း ကျုပ်ကို ပေးရမယ် . . .”

ချင်ဝု ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် စတင်လှုပ်ရှားလိုက်သည်။

အပြာရောင် ဓားအလင်းတန်းများစွာ ပေါ်ထွက်လာပြီး ပေ ၃၀ ပတ်လည် အကွာအဝေးလောက် အတွင်းတွင် ထိုအပြာရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်။

အဆုံးမရှိသည့် အလင်းတန်းများသည် မြစ်တစ်စင်း စီးဆင်းသွားသကဲ့သို့ ရဲရှောင်ရှိရာသို့ ရောက်ရှိလာကြသည်။

“ကောင်းကင်ဓားသွား . . . မိုးကောင်းကင် လှည့်လည်ခြင်း ပါလား . . .”

လူအုပ်ထဲမှ တစ်ယောက်သည် တအံ့တဩဖြင့် ရေရွတ်လိုက်သည်။

“ချင်ဝုကတော့ ဒီတစ်ကွက်တည်းနဲ့ တိုက်ပွဲကို အဆုံးသတ်တော့မယ် ထင်တယ် . . .”

“ဟုတ်တယ် . . . မိုးကောင်းကင် လှည့်လည်ခြင်း တိုက်ကွက်ကို လုပ်နိုင်ဖို့အတွက် ကောင်းကင်အဆင့် ၄ ပညာရှင် တစ်ယောက်ရဲ့ စွမ်းအင်အကုန်လုံး အသုံးပြုမှပဲ ရနိုင်မှာ။ သူ့ရဲ့စိတ်နဲ့ ဓားကို လုံးဝပေါင်းစပ်လိုက်တာပဲ။ နောက်ပြီး အစွမ်းကုန်လည်း ထုတ်သုံးထားတယ်။ ငါတောင် ဒီလိုတိုက်ကွက်မျိုးနဲ့ ရင်ဆိုင်ရမယ်ဆို နောက်ကိုဆုတ်သွားရမှာ။ ဒီတိုက်ကွက်ကို ရှောင်တိမ်းဖို့အတွက် အနည်းဆုံး ပေ ၁၀၀ လောက်ထိ နောက်ဆုတ်ရလိမ့်မယ်။ ပြီးမှပဲ ပြန်တိုက်ဖို့ နည်းလမ်းရှာရမှာပေါ့ . . .”

ကောင်းကင်အဆင့် ၆ ပညာရှင်တစ်ဦးမှ ပြောလိုက်သည်။

ထိုလူသည် ချင်ဝု၏ လှုပ်ရှားမှုများအား ကြည့်ရင်း စိတ်ထဲမှ ချီးမွမ်းနေမိသည်။

(တော်တော်ကို ပြည့်စုံကောင်းမွန်တဲ့ တိုက်ကွက်ပဲ။ အဆင့် ၄ ပညာရှင်တွေထဲမှာ ဒီလို တိုက်ကွက်ကို အပြည့်အဝအသုံးချနိုင်တာဆိုလို့ လူတစ်သောင်းမှာ တစ်ယောက်လောက်ပဲ ရှိလိမ့်မယ်။ ချင်ဝုကတော့ ကောင်းကောင်းကို အသုံးချနိုင်တာပါလား။ သူ့ရဲ့ စိတ်ဝိညာဉ်နဲ့ ဓားကို လုံးဝ ပေါင်းစပ်ထားတယ်။ ဒီလိုပေါင်းစပ်မှုကြောင့် သက်ရောက်မှုကလည်း အတိုင်းအဆမရှိ ပြင်းထန်သွားမှာပဲ . . .)

(အရာရာကို ချိုးဖျက်နိုင်တဲ့ တိုက်ကွက်။ ဒီလိုတိုက်ကွက်မျိုးနဲ့ဆို သူ့ထက်အဆင့်နိမ့်တဲ့လူ မပြောနဲ့ အဆင့်တူ လူတစ်ယောက်ကိုတောင် ကောင်းကောင်း အနိုင်ယူနိုင်မှာပဲ။ သူ့ထက် အဆင့်မြင့်တဲ့ လူကို သုံးရင်တောင်မှ တစ်ဖက်လူ မစားသာလောက်ဘူး . . .)

ထိုကဲ့သို့ လူအားလုံးသည် ချင်ဝု၏ တိုက်ကွက်အား ချီးမွမ်းနေကြစဉ်မှာပင် ရဲရှောင် စတင်လှုပ်ရှားလိုက်သည်။

ဓားအလင်းတန်းများစွာ ထွက်ပေါ်နေသည့် ကြားထဲသို့ ရဲရှောင် ခုန်တက်သွားသည်။ ထို့နောက် ဓားအလင်းတန်းများ စုဆုံနေသည့် နေရာသို့ ပျံသန်းသွားပြန်သည်။

အလင်းတန်းများသည် သိပ်သည်းစွာ ထွက်ပေါ်နေပြီး နေရာလွတ်ဟူ၍ မရှိသလောက်ပင် ဖြစ်နေခဲ့သည်။ သို့သော် ရဲရှောင်သည် အေးအေးလူလူဖြင့်ပင် ထိုအလင်းတန်းများ အားလုံးကို ရှောင်တိမ်းနိုင်လျက် ရှိသည်။
​​
အလင်းတန်းများသည် သိပ်သည်းလွန်းလှသဖြင့် ပုရွက်ဆိတ်တစ်ကောင် ထိမိလျှင်ပင် တစ်စစီ ဖြစ်သွားနိုင်ပေသည်။ သိုသော် ရဲရှောင်ကိုမူ ထိမှန်ခြင်း မရှိပေ။

ဂျိမိန်ဇန် မျက်စိပျက် မျက်နှာပျက်ဖြင့် -

“မြန်မြန် ပြန်ဆုတ်တော့ . . .”

ချက်ချင်းပင် ချင်ဝုအား အော်ဟစ်သတိပေးလိုက်ရင်း အခြားလူများဘက်သို့ လှည့်၍ ကျယ်လောင်သော အသံဖြင့် -

“သူ့ကို မြန်မြန်သွားကူကြ။ သွားကယ်ကြဟ . . .”

အချိန်အတော်ကြာမှသာ ဂျိမိန်ဇန်သည် တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်လိုက်မိခဲ့သည်။

(ဖန်ဧကရာဇ်က ယုံကြည်ချက်အပြည့် ရှိနေလို့သာ အေးအေးဆေးဆေး နေနေနိုင်တာပဲ။ ဒီလို အလင်းတန်းတွေ အများကြီး ကြားထဲမှာတောင် အေးအေးလူလူ ဝင်သွားပြနေသေးတယ်။ သူ့ကို ဘယ်လိုမှ နာကျင်အောင် မလုပ်နိုင်ဘူး ဆိုတာကိုလည်း ယုံကြည်ထားတယ် ထင်တယ်။ နောက်ပြီး သူတစ်ချက်လှုပ်ရှားတာနဲ့ ချင်ဝု အသက်ပါသွားမယ် ဆိုတာကလည်း မဖြစ်နိုင်စရာ မရှိတော့ဘူး . . .)

“နောက်ကျသွားပြီ . . .”

ဂျိမိန်ဇန်၏ ဘေးမှ အစ်ကိုကျောင်း ဆိုသူသည် ပြောလိုက်သည်။

“ဖန်ဇီလင်က ချင်ဝုကို ခြေလှမ်း ၉ လှမ်းထိ လျှောက်လာခွင့် ပေးလိုက်ပြီးတော့ ချင်ဝုရဲ့ မိုးကောင်းကင် လှည့်လည်ခြင်း တိုက်ကွက် စတင်လာတဲ့ထိ စောင့်နေလိုက်တယ်။ ကျုပ်တို့ အခုလို သူလုပ်ပြတာကို မြင်အောင်လို့ တမင်စောင့်နေခဲ့တာပဲ။ နောက်ပြီး ချင်ဝုကို နောက်ဆုတ်ဖို့ အခွင့်အရေး ပေးခဲ့တာလည်း ပါတယ်။ အခုတော့ ချင်ဝုသေရတော့မှာ . . .”

အစ်ကိုကျောင်းမှ “တမင်စောင့်နေခဲ့တာပဲ” ဟူသည့် စကားအဆုံးမှာပင် ဖန်ဧကရာဇ်သည် စတင်တိုက်ခိုက်မှု ပြုလိုက်ပြီ ဖြစ်သည်။

ရဲရှောင်ထံမှ ရုတ်တရက် ရွှေရောင် အလင်းတန်းများ လင်းလက်လာလေသည်။

“ချလွင် . . .”

ရဲရှောင်၏ လက်နှင့် ချင်ဝု၏ ဓားတို့ ထိမိသွားသည်။
အစ်ကိုကျောင်းမှ “ချင်ဝုသေရတော့မှာပဲ” ဟု ပြောလိုက်သည့် အချိန်မှာပင် ရဲရှောင်၏ ညာလက်သည် ချင်ဝု၏ လည်မျိုသို့ လျှပ်စီးလက်လိုက်သည့် အရှိန်မျိုးဖြင့် ရိုက်ချလိုက်သည်။

“ခွပ် . . .”

ချင်ဝု မျက်လုံးများ ပြူးထွက်သွားသည်။ ထိုကဲ့သို့ ရိုက်ချခံလိုက်ရပြီးသည်နှင့် ချင်ဝု၏ လည်မျိုသည် ယောင်ကိုင်းလာပြီး ပုံစံပင် ပျက်သွားသည်။ သူ၏ လည်ပင်းအောက်ဘက်ရှိ အစိတ်အပိုင်းများအားလုံး သွေးခြေဥသွားသကဲ့သို့ ယောင်ကိုင်းလာသည်ကို အားလုံး မြင်တွေ့လိုက်ကြရသည်။

(ချင်ဝု သေပြီလား . . .)

အားလုံး၏ စိတ်ထဲတွင် ထိုသို့ တွေးမိလိုက်ကြသည်။ ချင်ဝု၏ လည်ပင်းရှိ အရိုးများအားလုံး တစ်စစီ ဖြစ်သွားလောက်ချေပြီ။ ထို့ပြင် သွေးကြောများအားလုံး ပြတ်တောက်သွားပြီး ကျိုးသွားသော အရိုးများအားလုံးသည် တစ်နေရာတည်းတွင် စုပုံသွားသည့် ပုံပင်။

ဒဏ်ရာကြောင့် သွေးထွက်လာရမည့် ချင်ယုသည် အရိုးများ၏ ပိတ်ဆို့မှုကြောင့် အောက်သို့ သွေးမစီးဆင်းနိုင်တော့ချေ။ ထို့ကြောင့် ခေါင်းသို့ သွေးများဆောင့်တက်လာပြီး မျက်နှာနှင့် ခေါင်းတစ်ခုလုံး ယောင်ကိုင်းဖောသွပ်လာလေသည်။

ထိုအချိန်တွင် ရဲရှောင်ထံမှ ရွှေရောင်အလင်းတန်း ထပ်မံ လင်းလက်သွားပြန်သည်။ ဖန်ဇီလင်၏ ဘယ်ဖက်လက်တွင် မည်သည့်လက်နက်မျှ မကိုင်ထားသည့်တိုင် ထိုကဲ့သို့ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေသဖြင့် ရွှေလက်ကဲ့သို့ ဖြစ်နေလေသည်။ ယခုအခါတွင် ချင်ဝု၏ ဓားသည်လည်း ဖန်ဇီလင်လက်ထဲ ရောက်နေပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ကြရသည်။

ထို့နောက် ရဲရှောင်သည် ချင်ဝု၏ ခန္ဓာကိုယ်အား ခပ်ပြင်းပြင်း ကန်လိုက်သည်။ ထိုကန်ချက်ကြောင့် ချင်ဝုသည် လေထဲတွင် နှစ်ပတ်သုံးပတ် လည်ထွက်သွားသည်။ ထိုကဲ့သို့ လည်ထွက်သွားသည့်အချိန်တွင် ရဲရှောင်မှ ချင်ဝု၏ လည်ပင်းအား ဓားဖြင့် ခုတ်ပိုင်းချလိုက်လေသည်။ နဂိုက "ဖန်ဇီလင် . . . ခင်ဗျားခေါင်း ကျုပ်ကို ပေးရမည်"ဟု လေတစ်လုံး မိုးတစ်လုံး ပြောခဲ့သည့် ချင်ဝုသည် ယခုအခါတွင် ခေါင်းတစ်ခြား ကိုယ်တစ်ခြား ဖြစ်သွားခဲ့ချေပြီ။ အဆိုပါ ခေါင်းပြတ်ကြီး လေထဲသို့ မြောက်တက်နေသည့် အချိန်တွင် ရဲရှောင်သည် ခေါင်းမရှိတော့သည့် ချင်ဝု၏ ခန္ဓာကိုယ်ကြီးအား ဂျိမိန်ဇန်ထံသို့ ကန်ပစ်လိုက်သည်။ ရဲရှောင်မှ နဂိုကတည်းက ထိုသို့လုပ်ရန် ရည်ရွယ်ထားခြင်းပင် ဖြစ်နိုင်ပါတော့သည်။

Chapter (410)

“တစ္ခ်က္တည္းျဖင့္”

ဂ်ိမိန္ဇန္ အသံလာရာဆီသို႔ လွမ္းၾကည့္လိုက္သည္။ ထို႔ေနာက္ ေအးစက္စက္ အသံျဖင့္ -

“ခင္ဗ်ားက ဘယ္လိုထင္လို႔လဲ အစ္ကိုေက်ာင္း။ ဘာလို႔ရယ္ေနတာလဲ . . .”

အစ္ကိုေက်ာင္းဟု ေခၚေသာ လူသည္ အနက္ေရာင္ဝတ္႐ုံ ဝတ္ဆင္ထားၿပီး ပိန္ပိန္ပါးပါးျဖင့္‌ ေအးစက္စက္မ်က္ႏွာထားမ်ိဳး ႐ွိသည္။ သူ၏ပုံစံမွာ တစ္ကိုယ္တည္း သီးသန္႔ ေနတတ္ဟန္႐ွိၿပီး လူမ်ားႏွင့္ ေရာေရာေႏွာေႏွာ ေနေလ့႐ွိသည့္ပုံ မေပၚေခ်။

ထိုလူ၏ မ်က္လုံးမ်ားသည္ သမုဒၵရာကဲ့သို႔ပင္ နက္႐ိႈင္းလွသည္။

ဂ်ိမိန္ဇန္၏ စကားအား ၾကားေသာအခါ အကိုေက်ာင္းဆိုသူသည္ ခနဲ႔တဲ့တဲ့ မ်က္ႏွာထားမ်ိဳးျဖင့္ -

“ေသခ်ာေလ့လာၾကည့္ၾကပါဦး . . .”

မုတ္ဆိတ္ေမႊး႐ွည္႐ွည္ႏွင့္ လူတစ္ေယာက္မွ အလိုမက်သည့္ဟန္ျဖင့္ -

“အစ္ကိုေက်ာင္း . . . ခင္ဗ်ားက က်ဳပ္တို႔ မွားေနတယ္လို႔ ထင္ေနတာလား။ ခင္ဗ်ား အျမင္က ဘယ္လို ႐ွိေနလို႔လဲ . . .”

အစ္ကိုေက်ာင္းသည္ ထိုလူအား လွမ္းၾကည့္လိုက္သည္။ သို႔ေသာ္ သူ၏ မ်က္လုံးမ်ားသည္ မည္သည့္ အရာကိုမွ် ၾကည့္ေနျခင္း မ႐ွိသည့္ ပုံမ်ိဳးျဖင့္ ရီေဝေဝျဖစ္လ်က္ ႐ွိသည္။ ထို႔ေနာက္ တိုးညႇင္းေသာ အသံျဖင့္ -

“ခ်င္ဝုကေတာ့ ေသမွာ ေသခ်ာေပါက္ပဲ။ တစ္ခ်က္တည္းနဲ႔ကို ေသရလိမ့္မယ္ . . .”

"ဘာရယ္ . . . ခင္ဗ်ား ဘာေျပာလိုက္တာလဲ အကိုေက်ာင္း . . ."

ဂ်ိမိန္ဇန္သည္ သူ၏ နားသူ မယုံႏိုင္သျဖင့္ ထပ္ေမးလိုက္သည္။ သို႔ေသာ္ အစ္ကိုေက်ာင္း ဆိုသူသည္ မည္သည့္စကားမွ် ထပ္မေျပာေတာ့ေခ်။

ဂ်ိမိန္ဇန္၏ စိတ္ထဲတြင္ ေတြေဝသြားမိသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ အစ္ကိုေက်ာင္း ဆိုသည္မွာ သာမန္ေတာ့ မဟုတ္ေပ။ ေမာ္တယ္ကမ႓ာ၏ ထိပ္သီးပညာ႐ွင္တစ္ဦးပင္ ျဖစ္သည္။ ထို႔ေၾကာင့္ ထိုကဲ့သို႔ေသာ လူမ်ိဳး၏ စကားအား ပစ္ပယ္၍ေတာ့ မရႏိုင္ေခ်။

(သူက တျခားလူေတြ အားလုံးနဲ႔ အျမင္မတူဘဲ ကြဲထြက္ေနပါလား။ ဒါအေၾကာင္းျပခ်က္ေတာ့ ႐ွိရမယ္။ ဒါေပမယ့္ ခ်င္ဝုဆိုတာ ေကာင္းကင္အဆင့္ ၄ ႐ွိတဲ့ လူတစ္ေယာက္ပဲ။ ဒီလိုလူတစ္ေယာက္က တစ္ခ်က္တည္းနဲ႔ ေသပါ့မလား။ သူဆိုလိုခ်င္တဲ့ တစ္ခ်က္တည္းနဲ႔ ေသမယ္ဆိုတာ ဘယ္လိုမ်ိဳးကို ေျပာတာပါလိမ့္ . . .)

ထိုကဲ့သို႔ ေတြးေနမိခ်ိန္မွာပင္ ခ်င္ဝုသည္ ေျခလွမ္း ၉ လွမ္း လွမ္းၿပီးခဲ့ၿပီ ျဖစ္သည္။

အဘိုးႀကီးေျပာခဲ့သည့္အတိုင္း ခ်င္ဝု၏ ခႏၶာကိုယ္မွ စြမ္းအင္ အေငြ႕အသက္ အ႐ွိန္အဝါမ်ား ပိုမိုထြက္ေပၚလာသည္ကို ေတြ႕လိုက္ရသည္။

“ဖန္ဇီလင္ . . . ခင္ဗ်ားေခါင္း က်ဳပ္ကို ေပးရမယ္ . . .”

ခ်င္ဝု က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္ၿပီးေနာက္ စတင္လႈပ္႐ွားလိုက္သည္။

အျပာေရာင္ ဓားအလင္းတန္းမ်ားစြာ ေပၚထြက္လာၿပီး ေပ ၃၀ ပတ္လည္ အကြာအေဝးေလာက္ အတြင္းတြင္ ထိုအျပာေရာင္အလင္းတန္းမ်ားျဖင့္ ဖုံးလႊမ္းသြားသည္။

အဆုံးမ႐ွိသည့္ အလင္းတန္းမ်ားသည္ ျမစ္တစ္စင္း စီးဆင္းသြားသကဲ့သို႔ ရဲေ႐ွာင္႐ွိရာသို႔ ေရာက္႐ွိလာၾကသည္။

“ေကာင္းကင္ဓားသြား . . . မိုးေကာင္းကင္ လွည့္လည္ျခင္း ပါလား . . .”

လူအုပ္ထဲမွ တစ္ေယာက္သည္ တအံ့တဩျဖင့္ ေရ႐ြတ္လိုက္သည္။

“ခ်င္ဝုကေတာ့ ဒီတစ္ကြက္တည္းနဲ႔ တိုက္ပြဲကို အဆုံးသတ္ေတာ့မယ္ ထင္တယ္ . . .”

“ဟုတ္တယ္ . . . မိုးေကာင္းကင္ လွည့္လည္ျခင္း တိုက္ကြက္ကို လုပ္ႏိုင္ဖို႔အတြက္ ေကာင္းကင္အဆင့္ ၄ ပညာ႐ွင္ တစ္ေယာက္ရဲ႕ စြမ္းအင္အကုန္လုံး အသုံးျပဳမွပဲ ရႏိုင္မွာ။ သူ႕ရဲ႕စိတ္နဲ႔ ဓားကို လုံးဝေပါင္းစပ္လိုက္တာပဲ။ ေနာက္ၿပီး အစြမ္းကုန္လည္း ထုတ္သုံးထားတယ္။ ငါေတာင္ ဒီလိုတိုက္ကြက္မ်ိဳးနဲ႔ ရင္ဆိုင္ရမယ္ဆို ေနာက္ကိုဆုတ္သြားရမွာ။ ဒီတိုက္ကြက္ကို ေ႐ွာင္တိမ္းဖို႔အတြက္ အနည္းဆုံး ေပ ၁၀၀ ေလာက္ထိ ေနာက္ဆုတ္ရလိမ့္မယ္။ ၿပီးမွပဲ ျပန္တိုက္ဖို႔ နည္းလမ္း႐ွာရမွာေပါ့ . . .”

ေကာင္းကင္အဆင့္ ၆ ပညာ႐ွင္တစ္ဦးမွ ေျပာလိုက္သည္။

ထိုလူသည္ ခ်င္ဝု၏ လႈပ္႐ွားမႈမ်ားအား ၾကည့္ရင္း စိတ္ထဲမွ ခ်ီးမြမ္းေနမိသည္။

(ေတာ္ေတာ္ကို ျပည့္စုံေကာင္းမြန္တဲ့ တိုက္ကြက္ပဲ။ အဆင့္ ၄ ပညာ႐ွင္ေတြထဲမွာ ဒီလို တိုက္ကြက္ကို အျပည့္အဝအသုံးခ်ႏိုင္တာဆိုလို႔ လူတစ္ေသာင္းမွာ တစ္ေယာက္ေလာက္ပဲ ႐ွိလိမ့္မယ္။ ခ်င္ဝုကေတာ့ ေကာင္းေကာင္းကို အသုံးခ်ႏိုင္တာပါလား။ သူ႕ရဲ႕ စိတ္ဝိညာဥ္နဲ႔ ဓားကို လုံးဝ ေပါင္းစပ္ထားတယ္။ ဒီလိုေပါင္းစပ္မႈေၾကာင့္ သက္ေရာက္မႈကလည္း အတိုင္းအဆမ႐ွိ ျပင္းထန္သြားမွာပဲ . . .)

(အရာရာကို ခ်ိဳးဖ်က္ႏိုင္တဲ့ တိုက္ကြက္။ ဒီလိုတိုက္ကြက္မ်ိဳးနဲ႔ဆို သူ႕ထက္အဆင့္နိမ့္တဲ့လူ မေျပာနဲ႔ အဆင့္တူ လူတစ္ေယာက္ကိုေတာင္ ေကာင္းေကာင္း အႏိုင္ယူႏိုင္မွာပဲ။ သူ႕ထက္ အဆင့္ျမင့္တဲ့ လူကို သုံးရင္ေတာင္မွ တစ္ဖက္လူ မစားသာေလာက္ဘူး . . .)

ထိုကဲ့သို႔ လူအားလုံးသည္ ခ်င္ဝု၏ တိုက္ကြက္အား ခ်ီးမြမ္းေနၾကစဥ္မွာပင္ ရဲေ႐ွာင္ စတင္လႈပ္႐ွားလိုက္သည္။

ဓားအလင္းတန္းမ်ားစြာ ထြက္ေပၚေနသည့္ ၾကားထဲသို႔ ရဲေ႐ွာင္ ခုန္တက္သြားသည္။ ထို႔ေနာက္ ဓားအလင္းတန္းမ်ား စုဆုံေနသည့္ ေနရာသို႔ ပ်ံသန္းသြားျပန္သည္။

အလင္းတန္းမ်ားသည္ သိပ္သည္းစြာ ထြက္ေပၚေနၿပီး ေနရာလြတ္ဟူ၍ မ႐ွိသေလာက္ပင္ ျဖစ္ေနခဲ့သည္။ သို႔ေသာ္ ရဲေ႐ွာင္သည္ ေအးေအးလူလူျဖင့္ပင္ ထိုအလင္းတန္းမ်ား အားလုံးကို ေ႐ွာင္တိမ္းႏိုင္လ်က္ ႐ွိသည္။
​​
အလင္းတန္းမ်ားသည္ သိပ္သည္းလြန္းလွသျဖင့္ ပု႐ြက္ဆိတ္တစ္ေကာင္ ထိမိလွ်င္ပင္ တစ္စစီ ျဖစ္သြားႏိုင္ေပသည္။ သိုေသာ္ ရဲေ႐ွာင္ကိုမူ ထိမွန္ျခင္း မ႐ွိေပ။

ဂ်ိမိန္ဇန္ မ်က္စိပ်က္ မ်က္ႏွာပ်က္ျဖင့္ -

“ျမန္ျမန္ ျပန္ဆုတ္ေတာ့ . . .”

ခ်က္ခ်င္းပင္ ခ်င္ဝုအား ေအာ္ဟစ္သတိေပးလိုက္ရင္း အျခားလူမ်ားဘက္သို႔ လွည့္၍ က်ယ္ေလာင္ေသာ အသံျဖင့္ -

“သူ႕ကို ျမန္ျမန္သြားကူၾက။ သြားကယ္ၾကဟ . . .”

အခ်ိန္အေတာ္ၾကာမွသာ ဂ်ိမိန္ဇန္သည္ တစ္ခုခု မွားယြင္းေနေၾကာင္း သေဘာေပါက္လိုက္မိခဲ့သည္။

(ဖန္ဧကရာဇ္က ယုံၾကည္ခ်က္အျပည့္ ႐ွိေနလို႔သာ ေအးေအးေဆးေဆး ေနေနႏိုင္တာပဲ။ ဒီလို အလင္းတန္းေတြ အမ်ားႀကီး ၾကားထဲမွာေတာင္ ေအးေအးလူလူ ဝင္သြားျပေနေသးတယ္။ သူ႕ကို ဘယ္လိုမွ နာက်င္ေအာင္ မလုပ္ႏိုင္ဘူး ဆိုတာကိုလည္း ယုံၾကည္ထားတယ္ ထင္တယ္။ ေနာက္ၿပီး သူတစ္ခ်က္လႈပ္႐ွားတာနဲ႔ ခ်င္ဝု အသက္ပါသြားမယ္ ဆိုတာကလည္း မျဖစ္ႏိုင္စရာ မ႐ွိေတာ့ဘူး . . .)

“ေနာက္က်သြားၿပီ . . .”

ဂ်ိမိန္ဇန္၏ ေဘးမွ အစ္ကိုေက်ာင္း ဆိုသူသည္ ေျပာလိုက္သည္။

“ဖန္ဇီလင္က ခ်င္ဝုကို ေျခလွမ္း ၉ လွမ္းထိ ေလွ်ာက္လာခြင့္ ေပးလိုက္ၿပီးေတာ့ ခ်င္ဝုရဲ႕ မိုးေကာင္းကင္ လွည့္လည္ျခင္း တိုက္ကြက္ စတင္လာတဲ့ထိ ေစာင့္ေနလိုက္တယ္။ က်ဳပ္တို႔ အခုလို သူလုပ္ျပတာကို ျမင္ေအာင္လို႔ တမင္ေစာင့္ေနခဲ့တာပဲ။ ေနာက္ၿပီး ခ်င္ဝုကို ေနာက္ဆုတ္ဖို႔ အခြင့္အေရး ေပးခဲ့တာလည္း ပါတယ္။ အခုေတာ့ ခ်င္ဝုေသရေတာ့မွာ . . .”

အစ္ကိုေက်ာင္းမွ “တမင္ေစာင့္ေနခဲ့တာပဲ” ဟူသည့္ စကားအဆုံးမွာပင္ ဖန္ဧကရာဇ္သည္ စတင္တိုက္ခိုက္မႈ ျပဳလိုက္ၿပီ ျဖစ္သည္။

ရဲေ႐ွာင္ထံမွ ႐ုတ္တရက္ ေ႐ႊေရာင္ အလင္းတန္းမ်ား လင္းလက္လာေလသည္။

“ခ်လြင္ . . .”

ရဲေ႐ွာင္၏ လက္ႏွင့္ ခ်င္ဝု၏ ဓားတို႔ ထိမိသြားသည္။
အစ္ကိုေက်ာင္းမွ “ခ်င္ဝုေသရေတာ့မွာပဲ” ဟု ေျပာလိုက္သည့္ အခ်ိန္မွာပင္ ရဲေ႐ွာင္၏ ညာလက္သည္ ခ်င္ဝု၏ လည္မ်ိဳသို႔ လွ်ပ္စီးလက္လိုက္သည့္ အ႐ွိန္မ်ိဳးျဖင့္ ႐ိုက္ခ်လိုက္သည္။

“ခြပ္ . . .”

ခ်င္ဝု မ်က္လုံးမ်ား ျပဴးထြက္သြားသည္။ ထိုကဲ့သို႔ ႐ိုက္ခ်ခံလိုက္ရၿပီးသည္ႏွင့္ ခ်င္ဝု၏ လည္မ်ိဳသည္ ေယာင္ကိုင္းလာၿပီး ပုံစံပင္ ပ်က္သြားသည္။ သူ၏ လည္ပင္းေအာက္ဘက္႐ွိ အစိတ္အပိုင္းမ်ားအားလုံး ေသြးေျခဥသြားသကဲ့သို႔ ေယာင္ကိုင္းလာသည္ကို အားလုံး ျမင္ေတြ႕လိုက္ၾကရသည္။

(ခ်င္ဝု ေသၿပီလား . . .)

အားလုံး၏ စိတ္ထဲတြင္ ထိုသို႔ ေတြးမိလိုက္ၾကသည္။ ခ်င္ဝု၏ လည္ပင္း႐ွိ အ႐ိုးမ်ားအားလုံး တစ္စစီ ျဖစ္သြားေလာက္ေခ်ၿပီ။ ထို႔ျပင္ ေသြးေၾကာမ်ားအားလုံး ျပတ္ေတာက္သြားၿပီး က်ိဳးသြားေသာ အ႐ိုးမ်ားအားလုံးသည္ တစ္ေနရာတည္းတြင္ စုပုံသြားသည့္ ပုံပင္။

ဒဏ္ရာေၾကာင့္ ေသြးထြက္လာရမည့္ ခ်င္ယုသည္ အ႐ိုးမ်ား၏ ပိတ္ဆို႔မႈေၾကာင့္ ေအာက္သို႔ ေသြးမစီးဆင္းႏိုင္ေတာ့ေခ်။ ထို႔ေၾကာင့္ ေခါင္းသို႔ ေသြးမ်ားေဆာင့္တက္လာၿပီး မ်က္ႏွာႏွင့္ ေခါင္းတစ္ခုလုံး ေယာင္ကိုင္းေဖာသြပ္လာေလသည္။

ထိုအခ်ိန္တြင္ ရဲေ႐ွာင္ထံမွ ေ႐ႊေရာင္အလင္းတန္း ထပ္မံ လင္းလက္သြားျပန္သည္။ ဖန္ဇီလင္၏ ဘယ္ဖက္လက္တြင္ မည္သည့္လက္နက္မွ် မကိုင္ထားသည့္တိုင္ ထိုကဲ့သို႔ ေ႐ႊေရာင္ အလင္းတန္းမ်ား ထြက္ေပၚေနသျဖင့္ ေ႐ႊလက္ကဲ့သို႔ ျဖစ္ေနေလသည္။ ယခုအခါတြင္ ခ်င္ဝု၏ ဓားသည္လည္း ဖန္ဇီလင္လက္ထဲ ေရာက္ေနၿပီျဖစ္ေၾကာင္း ႐ွင္း႐ွင္းလင္းလင္း ေတြ႕ျမင္လိုက္ၾကရသည္။

ထို႔ေနာက္ ရဲေ႐ွာင္သည္ ခ်င္ဝု၏ ခႏၶာကိုယ္အား ခပ္ျပင္းျပင္း ကန္လိုက္သည္။ ထိုကန္ခ်က္ေၾကာင့္ ခ်င္ဝုသည္ ေလထဲတြင္ ႏွစ္ပတ္သုံးပတ္ လည္ထြက္သြားသည္။ ထိုကဲ့သို႔ လည္ထြက္သြားသည့္အခ်ိန္တြင္ ရဲေ႐ွာင္မွ ခ်င္ဝု၏ လည္ပင္းအား ဓားျဖင့္ ခုတ္ပိုင္းခ်လိုက္ေလသည္။ နဂိုက "ဖန္ဇီလင္ . . . ခင္ဗ်ားေခါင္း က်ဳပ္ကို ေပးရမည္"ဟု ေလတစ္လုံး မိုးတစ္လုံး ေျပာခဲ့သည့္ ခ်င္ဝုသည္ ယခုအခါတြင္ ေခါင္းတစ္ျခား ကိုယ္တစ္ျခား ျဖစ္သြားခဲ့ေခ်ၿပီ။ အဆိုပါ ေခါင္းျပတ္ႀကီး ေလထဲသို႔ ေျမာက္တက္ေနသည့္ အခ်ိန္တြင္ ရဲေ႐ွာင္သည္ ေခါင္းမ႐ွိေတာ့သည့္ ခ်င္ဝု၏ ခႏၶာကိုယ္ႀကီးအား ဂ်ိမိန္ဇန္ထံသို႔ ကန္ပစ္လိုက္သည္။ ရဲေ႐ွာင္မွ နဂိုကတည္းက ထိုသို႔လုပ္ရန္ ရည္႐ြယ္ထားျခင္းပင္ ျဖစ္ႏိုင္ပါေတာ့သည္။

Continue Reading

You'll Also Like

602K 94.1K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
250K 43.1K 78
ဝိညာဉ်သန့်စင်ရေးရာဌာနရဲ့ အလုပ်သင်သစ်လေး Lu heng ရဲ့ တာဝန်ထမ်းဆောင်ခြင်းများ
156K 12.9K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...