မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 365
“ကျားရဲတွင်းသို့”
လျူချန်းဂျန်သည် အသက်လု၍ ပြေးနေရလေသည်။ နင်ဘီလျူ ပြောသကဲ့သို့ အယောင်ဆောင်ရခြင်း အလုပ်သည် အလွန်ပင်ပန်း လှပေသည်။
လျူချန်းဂျန်သည် ကျားရဲတွင်းထဲသို့ သွားရောက်ခဲ့သည်ဟုပင် ဆိုရပေမည်။
သူသွားရောက်ခဲ့သည့် နေရာမှာ အပြာရောင်လေ နိုင်ငံတော်၏ လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်များ စုဝေးရာ နေရာဖြစ်သည်။
ရဲရှောင်၏ ညွှန်ကြားပြသမှုများသာ မရှိခဲ့ပါက ယခုကဲ့သို့ အန္တရာယ်များလှသည့် တာဝန်အား ယူရဲမည် မဟုတ်ချေ။
တာဝန်များ ခွဲဝေယူခဲ့စဉ်က ရဲရှောင်သည် အခက်ခဲဆုံး ဖြစ်သည့် တာဝန်အား ယူသွားခဲ့ပြီး မော်တယ်ကမ္ဘာ၏ နံပါတ် ၁ လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်ဖြစ်သူ နင်ဘီလျူသည် ဒုတိယ အခက်ခဲဆုံး တာဝန်အား ယူခဲ့လေသည်။
လျူချန်းဂျန်ကိုမူ ဝန်အပေါ့ဆုံးဖြစ်သည့် တာဝန်အား ပေးခဲ့ခြင်း ဖြစ်သည်။
တကယ့်လက်တွေ့တွင်လည်း ထိုတာဝန်သည် လွယ်ကူလှ၏။ ပထမဦးစွာ လျူချန်းဂျန်အနေဖြင့် ထိပ်တန်းပညာရှင်များစွာ စုဝေးရာ နေရာသို့ အုပ်ချုပ်ရေးပိုင်းမှ လူတစ်ဦးအသွင် ဟန်ဆောင်ကာ သွားရောက်ရမည် ဖြစ်သည်။ ထိုနေရာသို့ ရောက်သည့်အခါ တော်ဝင်အိမ်တော်မှ လုပ်ကြံသတ်ဖြတ်ရေး သမားများအား လိုက်လံဖမ်းဆီးနေသည် ဟူသော သတင်းတုအား ဖြန့်ပေးရုံသာ ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လုပ်ကြံသတ်ဖြတ်သူ ပညာရှင်များ တကွဲတပြားနှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားရန်သာ ဖြစ်သည်။
လျူချန်းဂျန်သည် လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်များ စုဝေးရာ နေရာသို့ ရောက်ဖူးသဖြင့် ထိုသတင်းတု ဖြန့်ရမည့် နေရာအား သိနေလေသည်။ ထိုနေရာသည် သတင်းများစွာ ရယူနိုင်သော နေရာတစ်ခုလည်း ဖြစ်သည်
ထိုကဲ့သို့သော နေရာမျိုးတွင် ကောလဟလ သတင်းတစ်ပုဒ်အား ဖြန့်ရန်မှာ လျူချန်းဂျန်အတွက် မခက်ခဲလှချေ။
မိမိကိုယ်တိုင် လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်တစ်ဦး ဖြစ်သဖြင့် ထိုနေရာသို့ သွားနိုင်ရန်မှာ ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပေ။ ထိုနေရာရှိ လူအားလုံး သူပြောချင်သည့် သတင်းအား သိသွားလျှင် သူ၏ တာဝန် ကျေပြီ ဖြစ်သည်။
လျူချန်းဂျန်သည် ထိုတာဝန်အား လက်ခံရယူခဲ့စဉ်က မိမိအတွက် လွယ်ကူလွန်းလှသည်ဟု ထင်မြင်မိခဲ့သည်။ သို့သော် ထိုနေရာသို့ ရောက်ရှိသွားသည့်အခါ အထင်နှင့်အမြင် တက်တက်စင်အောင်ပင် လွဲသွားခဲ့ရသည်။ လက်ရှိအချိန်တွင် အသက်နှင့် ခန္ဓာကိုယ် အိုးစားကွဲမတတ်ပင် ထွက်ပြေးနေခဲ့ရပြီ မဟုတ်ပါလော။
“ဝှစ် ဝှစ် ဝှစ် . . .”
ထိုနေရာသို့ လျူချန်းဂျန် ရောက်သွားသည်နှင့် လုပ်ကြံသတ်ဖြတ်ရေး ပညာရှင် ရာပေါင်းများစွာတို့သည် ချက်ချင်းပင် သူရှိရာသို့ ရောက်လာကြသည်။ ထိုလူများအနက် လူတစ်ဝက်လောက်တွင် အပြာရောင် အလင်းတန်းများ ထွက်ပေါ်လျက် ရှိနေသည်။
အလွန်များပြားသော လူအုပ်ကြီးပင်ဖြစ်ပြီး မျက်စိတစ်ဆုံး မြင်နေရသည်။
အံ့ဩလွန်းသွားသဖြင့် လျူချန်းဂျန် ကြောင်ငေးသွားမိခဲ့သည်။
(ဘယ်လိုဖြစ်တာလဲ . . . မော်တယ်ကမ္ဘာမှာရှိတဲ့ ထိပ်တန်း လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်တွေ အားလုံးက ဒီရောက်နေကြတာလား . . .)
လျူချန်းဂျန်၏ အဖြစ်သည် သိုးအုပ်အတွင်း ရောက်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ပင် ရှိနေလေသည်။ အမှန်တကယ်တွင်မူ သိုးအုပ်မဟုတ်ဘဲ ခြင်္သေ့အုပ်ကြီး ဖြစ်နေခဲ့သည်။
ပညာရှင်လူအုပ်ကြီးအား ကြည့်ရင်း လျူချန်းဂျန်သည် အူလှိုက်သည်းလှိုက်ပင် ထိတ်လန့်ကြောက်ရွံ့သွားသည့်အတွက် စကားလုံး ၂ လုံးသာ ရေရွတ်နိုင်လိုက်သည်။
“သေစမ်း . . .”
ထို့သို့ ရေရွတ်လိုက်ပြီးသည်နှင့် လျူချန်းဂျန်သည် ဖနောင့်နှင့်တစ်သားတည်း ကျအောင်ပင် ပြန်လှည့်၍ ပြေးပါတော့သည်။
သို့သော် ရာပေါင်းများစွာသော လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်များသည် လျူချန်းဂျန်အား ယခုကဲ့သို့ အလွယ်တကူ အလွတ်ခံမည် မဟုတ်ချေ။
“လိုက်ကြ . . .”
“သတ်ကြဟေ့ . . .”
လူအုပ်ကြီးသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ကြပြီး လျူချန်းဂျန်၏ နောက်သို့ ထပ်ကြပ်မခွာ လိုက်သွားရင်း အမိဖမ်းရန် ကြိုးစားလိုက်ကြသည်။
ကောင်းကင်ထက်တွင်လည်း ဓားအလင်းတန်းများ လင်းလက်လျက်ရှိသောကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး လင်းထိန်လျက် ရှိနေခဲ့သည်။
လျူချန်းဂျန်လည်း အလွန်ရဲရင့်သော လူတစ်ဦး ဖြစ်သည့်သော်လည်း လူအုပ်ကြီးအား ကြည့်ရင်း ကြောက်ဒူးတုန်လာမိသည်။
ထို့အတူ စိတ်ထဲတွင်လည်း ထိတ်လန့် တုန်လှုပ်နေမိလျက် ရှိသည်။
(ဘယ်လိုဖြစ်တာလဲ၊ ငါက အုပ်ချုပ်ရေးပိုင်းက အရာရှိငယ်တစ်ယောက်လို အယောင်ဆောင်ရုံပဲ ရှိသေးတယ် မင်းတို့က အသေရရ အရှင်ရရကို လိုက်ဖမ်းနေကြတော့တာပဲ။ ဒီလောက်ထိ လိုလို့လားဟ . . .)
(ဒီအတိုင်းဆို ဒုက္ခတော့ များပြီထင်တယ်။ ဒီအင်အားအတိုင်းသာဆိုရင် မုန်တိုင်းအိမ်တော်ကိုတောင် ရင်ဆိုင်လို့ ရနိုင်လောက်တယ်။ အခုတော့ ငါရင်ဆိုင်နေရပြီ။ ဘုရားရေ . . . ငါတော့ သေပြီထင်တယ် . . .)
လျူချန်းဂျန်သည် ထိုကဲ့သို့ တွေးရင်းဖြင့် မျက်ရည်များလည်း ဝေ့တက်လာခဲ့သည်။ ယခုနေရာသို့ လာခဲ့မိသည်ကိုပင် နောင်တအကြီးအကျယ် ရနေမိသည်။
လူအားလုံးသည် သူ့အား အလွတ်ပေးကြမည် မဟုတ်ချေ။
အချို့ဆိုလျှင် လက်နက်ပုန်းများနှင့်ပင် ပစ်ပေါက်နေလျက် ရှိနေသည်။
လျူချန်းဂျန် လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ပြေးလွှားရန်သာ ဖြစ်ပေသည်။
“ရွှစ် . . .”
“အား . . .”
လျူချန်းဂျန် ငယ်သံပါအောင်ပင် အော်ဟစ်သွားမိသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ တင်ပါးတွင် ဓား ၂ ချောင်း စိုက်ဝင်နေသောကြောင့် ဖြစ်သည်။
အတော်ခံရခက်သည့် ဝေဒနာပင်။
လူအားလုံး အံ့ဩသင့်ရသည့် အချက်မှာ လျူချန်းဂျန်သည် တင်ပါးအား ဓားဖြင့် စိုက်သွားပြီးနောက်တွင်ပင် ပို၍ လျင်မြန်စွာ ပြေးလွှားသွားနိုင်ခြင်းပင် ဖြစ်သည်။ မြင်ရသူအပေါင်းအဖို့ ပါးစပ်အဟောင်းသားပင် ဖြစ်သွားကြသည်။
လျူချန်းဂျန်ကိုလည်း စိတ်ထဲမှနေ၍ ကြိတ်၍ပင် ချီးမွမ်းနေမိကြပြီး ခေါင်းထဲတွင်လည်း အကြံတစ်ခု ရသွားမိကြသည်။ စစ်ပွဲများ တိုက်ခိုက်ကြစဉ် မိမိစီးသည့် မြင်းအား ပို၍ မြန်မြန်ပြေးစေလိုပါက မြင်း၏ တင်ပါးအား ဓားနှင့် ထိုးရမည်ဟု စဉ်းစားမိသွားကြခြင်းပင် ဖြစ်သည်။
တင်ပါးတွင် ဓားတန်းလန်းဖြင့် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ထွက်ပြေးသွားသော လျူချန်းဂျန်သည် သူတို့အားလုံးအား သင်ခန်းစာတစ်ခု ပေးသွားသကဲ့သို့ပင်။
“ရွှစ် . . . ရွှစ် . . . ရွှစ် . . .”
မရေမတွက်နိုင်သော လက်နက်ပျံများသည် မြားမိုးများ ရွာချသကဲ့သို့ လျူချန်းဂျန်ထံသို့ ပြေးဝင်သွားကြသည်။ ထိုလက်နက်ပျံများ တစ်ခုထိတိုင်း လျူချန်းဂျန်သည် ငယ်သံပါအောင် အော်ဟစ်နေရသည်။
“အား . . .”
“သေပါပြီ . . .”
“သွားပြီ . . .”
“အား . . . နာလိုက္တာကြာ . . .”
သို့သော် ထိုကဲ့သို့ ထိမှန်ခံရသည့်တိုင် အရှိန်လျော့ကျသွားခြင်း မရှိချေ။ အကယ်၍ ခေါင်းဖြတ်ခံသွားရလျှင်ပင် လျူချန်းဂျန်သည် ပြေးနေဦးမည်ဟု အားလုံး သဘောပေါက်လိုက်ကြသည်။
နောက်မှလိုက်လာသူများမှာလည်း လုံးဝ မရပ်သွားချေ။
(တောက် . . . တစ်ကိုယ်လုံး ဖြူကောင်လို လက်နက်တွေ စိုက်နေတာတောင် ယုန်လို အပြေးမြန်နေတုန်းပါလား။ ဘယ်လောက်ထိ ပြေးနိုင်မလဲ ကြည့်ရသေးတာပေါ့ . . .)
လူအားလုံး၏ စိတ်ထဲတွင် မကျေမချမ်းပင် ဖြစ်နေမိကြပါတော့သည်။
မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား
Chapter – 365
“က်ားရဲတြင္းသို႔”
လ်ဴခ်န္းဂ်န္သည္ အသက္လု၍ ေျပးေနရေလသည္။ နင္ဘီလ်ဴ ေျပာသကဲ့သို႔ အေယာင္ေဆာင္ရျခင္း အလုပ္သည္ အလြန္ပင္ပန္း လွေပသည္။
လ်ဴခ်န္းဂ်န္သည္ က်ားရဲတြင္းထဲသို႔ သြားေရာက္ခဲ့သည္ဟုပင္ ဆိုရေပမည္။
သူသြားေရာက္ခဲ့သည့္ ေနရာမွာ အျပာေရာင္ေလ ႏိုင္ငံေတာ္၏ လုပ္ၾကံသတ္ျဖတ္ေရး ပညာ႐ွင္မ်ား စုေဝးရာ ေနရာျဖစ္သည္။
ရဲေ႐ွာင္၏ ၫႊန္ၾကားျပသမႈမ်ားသာ မ႐ွိခဲ့ပါက ယခုကဲ့သို႔ အႏၲရာယ္မ်ားလွသည့္ တာဝန္အား ယူရဲမည္ မဟုတ္ေခ်။
တာဝန္မ်ား ခြဲေဝယူခဲ့စဥ္က ရဲေ႐ွာင္သည္ အခက္ခဲဆုံး ျဖစ္သည့္ တာဝန္အား ယူသြားခဲ့ၿပီး ေမာ္တယ္ကမ႓ာ၏ နံပါတ္ ၁ လုပ္ၾကံသတ္ျဖတ္ေရး ပညာ႐ွင္ျဖစ္သူ နင္ဘီလ်ဴသည္ ဒုတိယ အခက္ခဲဆုံး တာဝန္အား ယူခဲ့ေလသည္။
လ်ဴခ်န္းဂ်န္ကိုမူ ဝန္အေပါ့ဆုံးျဖစ္သည့္ တာဝန္အား ေပးခဲ့ျခင္း ျဖစ္သည္။
တကယ့္လက္ေတြ႕တြင္လည္း ထိုတာဝန္သည္ လြယ္ကူလွ၏။ ပထမဦးစြာ လ်ဴခ်န္းဂ်န္အေနျဖင့္ ထိပ္တန္းပညာ႐ွင္မ်ားစြာ စုေဝးရာ ေနရာသို႔ အုပ္ခ်ဳပ္ေရးပိုင္းမွ လူတစ္ဦးအသြင္ ဟန္ေဆာင္ကာ သြားေရာက္ရမည္ ျဖစ္သည္။ ထိုေနရာသို႔ ေရာက္သည့္အခါ ေတာ္ဝင္အိမ္ေတာ္မွ လုပ္ၾကံသတ္ျဖတ္ေရး သမားမ်ားအား လိုက္လံဖမ္းဆီးေနသည္ ဟူေသာ သတင္းတုအား ျဖန္႔ေပး႐ုံသာ ျဖစ္သည္။ ထိုကဲ့သို႔ ျပဳလုပ္ရသည့္ ရည္႐ြယ္ခ်က္မွာ လုပ္ၾကံသတ္ျဖတ္သူ ပညာ႐ွင္မ်ား တကြဲတျပားႏွင့္ ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားရန္သာ ျဖစ္သည္။
လ်ဴခ်န္းဂ်န္သည္ လုပ္ၾကံသတ္ျဖတ္ေရး ပညာ႐ွင္မ်ား စုေဝးရာ ေနရာသို႔ ေရာက္ဖူးသျဖင့္ ထိုသတင္းတု ျဖန္႔ရမည့္ ေနရာအား သိေနေလသည္။ ထိုေနရာသည္ သတင္းမ်ားစြာ ရယူႏိုင္ေသာ ေနရာတစ္ခုလည္း ျဖစ္သည္
ထိုကဲ့သို႔ေသာ ေနရာမ်ိဳးတြင္ ေကာလဟလ သတင္းတစ္ပုဒ္အား ျဖန္႔ရန္မွာ လ်ဴခ်န္းဂ်န္အတြက္ မခက္ခဲလွေခ်။
မိမိကိုယ္တိုင္ လုပ္ၾကံသတ္ျဖတ္ေရး ပညာ႐ွင္တစ္ဦး ျဖစ္သျဖင့္ ထိုေနရာသို႔ သြားႏိုင္ရန္မွာ ခက္ခဲေသာ အလုပ္တစ္ခု မဟုတ္ေပ။ ထိုေနရာ႐ွိ လူအားလုံး သူေျပာခ်င္သည့္ သတင္းအား သိသြားလွ်င္ သူ၏ တာဝန္ ေက်ၿပီ ျဖစ္သည္။
လ်ဴခ်န္းဂ်န္သည္ ထိုတာဝန္အား လက္ခံရယူခဲ့စဥ္က မိမိအတြက္ လြယ္ကူလြန္းလွသည္ဟု ထင္ျမင္မိခဲ့သည္။ သို႔ေသာ္ ထိုေနရာသို႔ ေရာက္႐ွိသြားသည့္အခါ အထင္ႏွင့္အျမင္ တက္တက္စင္ေအာင္ပင္ လြဲသြားခဲ့ရသည္။ လက္႐ွိအခ်ိန္တြင္ အသက္ႏွင့္ ခႏၶာကိုယ္ အိုးစားကြဲမတတ္ပင္ ထြက္ေျပးေနခဲ့ရၿပီ မဟုတ္ပါေလာ။
“ဝွစ္ ဝွစ္ ဝွစ္ . . .”
ထိုေနရာသို႔ လ်ဴခ်န္းဂ်န္ ေရာက္သြားသည္ႏွင့္ လုပ္ၾကံသတ္ျဖတ္ေရး ပညာ႐ွင္ ရာေပါင္းမ်ားစြာတို႔သည္ ခ်က္ခ်င္းပင္ သူ႐ွိရာသို႔ ေရာက္လာၾကသည္။ ထိုလူမ်ားအနက္ လူတစ္ဝက္ေလာက္တြင္ အျပာေရာင္ အလင္းတန္းမ်ား ထြက္ေပၚလ်က္ ႐ွိေနသည္။
အလြန္မ်ားျပားေသာ လူအုပ္ႀကီးပင္ျဖစ္ၿပီး မ်က္စိတစ္ဆုံး ျမင္ေနရသည္။
အံ့ဩလြန္းသြားသျဖင့္ လ်ဴခ်န္းဂ်န္ ေၾကာင္ေငးသြားမိခဲ့သည္။
(ဘယ္လိုျဖစ္တာလဲ . . . ေမာ္တယ္ကမ႓ာမွာ႐ွိတဲ့ ထိပ္တန္း လုပ္ၾကံသတ္ျဖတ္ေရး ပညာ႐ွင္ေတြ အားလုံးက ဒီေရာက္ေနၾကတာလား . . .)
လ်ဴခ်န္းဂ်န္၏ အျဖစ္သည္ သိုးအုပ္အတြင္း ေရာက္ေနေသာ ဝံပုေလြတစ္ေကာင္ကဲ့သို႔ပင္ ႐ွိေနေလသည္။ အမွန္တကယ္တြင္မူ သိုးအုပ္မဟုတ္ဘဲ ျခေသၤ့အုပ္ႀကီး ျဖစ္ေနခဲ့သည္။
ပညာ႐ွင္လူအုပ္ႀကီးအား ၾကည့္ရင္း လ်ဴခ်န္းဂ်န္သည္ အူလိႈက္သည္းလိႈက္ပင္ ထိတ္လန္႔ေၾကာက္႐ြံ႕သြားသည့္အတြက္ စကားလုံး ၂ လုံးသာ ေရ႐ြတ္ႏိုင္လိုက္သည္။
“ေသစမ္း . . .”
ထို႔သို႔ ေရ႐ြတ္လိုက္ၿပီးသည္ႏွင့္ လ်ဴခ်န္းဂ်န္သည္ ဖေနာင့္ႏွင့္တစ္သားတည္း က်ေအာင္ပင္ ျပန္လွည့္၍ ေျပးပါေတာ့သည္။
သို႔ေသာ္ ရာေပါင္းမ်ားစြာေသာ လုပ္ၾကံသတ္ျဖတ္ေရး ပညာ႐ွင္မ်ားသည္ လ်ဴခ်န္းဂ်န္အား ယခုကဲ့သို႔ အလြယ္တကူ အလြတ္ခံမည္ မဟုတ္ေခ်။
“လိုက္ၾက . . .”
“သတ္ၾကေဟ့ . . .”
လူအုပ္ႀကီးသည္ ေဒါသတႀကီးျဖင့္ ေအာ္ဟစ္လိုက္ၾကၿပီး လ်ဴခ်န္းဂ်န္၏ ေနာက္သို႔ ထပ္ၾကပ္မခြာ လိုက္သြားရင္း အမိဖမ္းရန္ ႀကိဳးစားလိုက္ၾကသည္။
ေကာင္းကင္ထက္တြင္လည္း ဓားအလင္းတန္းမ်ား လင္းလက္လ်က္႐ွိေသာေၾကာင့္ ပတ္ဝန္းက်င္ တစ္ခုလုံး လင္းထိန္လ်က္ ႐ွိေနခဲ့သည္။
လ်ဴခ်န္းဂ်န္လည္း အလြန္ရဲရင့္ေသာ လူတစ္ဦး ျဖစ္သည့္ေသာ္လည္း လူအုပ္ႀကီးအား ၾကည့္ရင္း ေၾကာက္ဒူးတုန္လာမိသည္။
ထို႔အတူ စိတ္ထဲတြင္လည္း ထိတ္လန္႔ တုန္လႈပ္ေနမိလ်က္ ႐ွိသည္။
(ဘယ္လိုျဖစ္တာလဲ၊ ငါက အုပ္ခ်ဳပ္ေရးပိုင္းက အရာ႐ွိငယ္တစ္ေယာက္လို အေယာင္ေဆာင္႐ုံပဲ ႐ွိေသးတယ္ မင္းတို႔က အေသရရ အ႐ွင္ရရကို လိုက္ဖမ္းေနၾကေတာ့တာပဲ။ ဒီေလာက္ထိ လိုလို႔လားဟ . . .)
(ဒီအတိုင္းဆို ဒုကၡေတာ့ မ်ားၿပီထင္တယ္။ ဒီအင္အားအတိုင္းသာဆိုရင္ မုန္တိုင္းအိမ္ေတာ္ကိုေတာင္ ရင္ဆိုင္လို႔ ရႏိုင္ေလာက္တယ္။ အခုေတာ့ ငါရင္ဆိုင္ေနရၿပီ။ ဘုရားေရ . . . ငါေတာ့ ေသၿပီထင္တယ္ . . .)
လ်ဴခ်န္းဂ်န္သည္ ထိုကဲ့သို႔ ေတြးရင္းျဖင့္ မ်က္ရည္မ်ားလည္း ေဝ့တက္လာခဲ့သည္။ ယခုေနရာသို႔ လာခဲ့မိသည္ကိုပင္ ေနာင္တအႀကီးအက်ယ္ ရေနမိသည္။
လူအားလုံးသည္ သူ႕အား အလြတ္ေပးၾကမည္ မဟုတ္ေခ်။
အခ်ိဳ႕ဆိုလွ်င္ လက္နက္ပုန္းမ်ားႏွင့္ပင္ ပစ္ေပါက္ေနလ်က္ ႐ွိေနသည္။
လ်ဴခ်န္းဂ်န္ လုပ္ႏိုင္သည့္ တစ္ခုတည္းေသာ အရာမွာ ေျပးလႊားရန္သာ ျဖစ္ေပသည္။
“႐ႊစ္ . . .”
“အား . . .”
လ်ဴခ်န္းဂ်န္ ငယ္သံပါေအာင္ပင္ ေအာ္ဟစ္သြားမိသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ သူ၏ တင္ပါးတြင္ ဓား ၂ ေခ်ာင္း စိုက္ဝင္ေနေသာေၾကာင့္ ျဖစ္သည္။
အေတာ္ခံရခက္သည့္ ေဝဒနာပင္။
လူအားလုံး အံ့ဩသင့္ရသည့္ အခ်က္မွာ လ်ဴခ်န္းဂ်န္သည္ တင္ပါးအား ဓားျဖင့္ စိုက္သြားၿပီးေနာက္တြင္ပင္ ပို၍ လ်င္ျမန္စြာ ေျပးလႊားသြားႏိုင္ျခင္းပင္ ျဖစ္သည္။ ျမင္ရသူအေပါင္းအဖို႔ ပါးစပ္အေဟာင္းသားပင္ ျဖစ္သြားၾကသည္။
လ်ဴခ်န္းဂ်န္ကိုလည္း စိတ္ထဲမွေန၍ ႀကိတ္၍ပင္ ခ်ီးမြမ္းေနမိၾကၿပီး ေခါင္းထဲတြင္လည္း အၾကံတစ္ခု ရသြားမိၾကသည္။ စစ္ပြဲမ်ား တိုက္ခိုက္ၾကစဥ္ မိမိစီးသည့္ ျမင္းအား ပို၍ ျမန္ျမန္ေျပးေစလိုပါက ျမင္း၏ တင္ပါးအား ဓားႏွင့္ ထိုးရမည္ဟု စဥ္းစားမိသြားၾကျခင္းပင္ ျဖစ္သည္။
တင္ပါးတြင္ ဓားတန္းလန္းျဖင့္ လွ်ပ္စီးလက္သကဲ့သို႔ လ်င္ျမန္စြာ ထြက္ေျပးသြားေသာ လ်ဴခ်န္းဂ်န္သည္ သူတို႔အားလုံးအား သင္ခန္းစာတစ္ခု ေပးသြားသကဲ့သို႔ပင္။
“႐ႊစ္ . . . ႐ႊစ္ . . . ႐ႊစ္ . . .”
မေရမတြက္ႏိုင္ေသာ လက္နက္ပ်ံမ်ားသည္ ျမားမိုးမ်ား ႐ြာခ်သကဲ့သို႔ လ်ဴခ်န္းဂ်န္ထံသို႔ ေျပးဝင္သြားၾကသည္။ ထိုလက္နက္ပ်ံမ်ား တစ္ခုထိတိုင္း လ်ဴခ်န္းဂ်န္သည္ ငယ္သံပါေအာင္ ေအာ္ဟစ္ေနရသည္။
“အား . . .”
“ေသပါၿပီ . . .”
“သြားၿပီ . . .”
“အား . . . နာလိုကၱာၾကာ . . .”
သို႔ေသာ္ ထိုကဲ့သို႔ ထိမွန္ခံရသည့္တိုင္ အ႐ွိန္ေလ်ာ့က်သြားျခင္း မ႐ွိေခ်။ အကယ္၍ ေခါင္းျဖတ္ခံသြားရလွ်င္ပင္ လ်ဴခ်န္းဂ်န္သည္ ေျပးေနဦးမည္ဟု အားလုံး သေဘာေပါက္လိုက္ၾကသည္။
ေနာက္မွလိုက္လာသူမ်ားမွာလည္း လုံးဝ မရပ္သြားေခ်။
(ေတာက္ . . . တစ္ကိုယ္လုံး ျဖဴေကာင္လို လက္နက္ေတြ စိုက္ေနတာေတာင္ ယုန္လို အေျပးျမန္ေနတုန္းပါလား။ ဘယ္ေလာက္ထိ ေျပးႏိုင္မလဲ ၾကည့္ရေသးတာေပါ့ . . .)
လူအားလုံး၏ စိတ္ထဲတြင္ မေက်မခ်မ္းပင္ ျဖစ္ေနမိၾကပါေတာ့သည္။