မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 355
“ကမ္ဘာ့ရန်”
အရက်၏ အရောင်မှာ အလွန်လှပပြီး ပယင်းရောင်ကဲ့သို့ အဆင်းရှိ၏။ ထို့ပြင် ခွက်အတွင်းရှိ အရက်၏ ရနံ့သည် ပတ်ဝန်းကျင် တစ်ခုလုံးအား ဖုံးလွှမ်းထားလေသည်။
အရက်၏ သင်းပျံ့သည့် ရနံ့ကြောင့် အပြင်ဘက်တွင် ရပ်စောင့်နေကြသော လုပ်ကြံသတ်ဖြတ်ရေးသမား ၅ ဦးသည် တံတွေးများသာ မျိုချနေကြရသည်။
ထိုအရည်အသွေး ကောင်းလှသည့် အရက်အား တစ်ခွက်တစ်ဖလားခန့် မြည်းစမ်းကြည့်ချင် နေမိကြသည်။ မြင်ရပေမယ့် မကြင်ရသည့် သူတို့ ၅ ဦး၏ အဖြစ်သည် အနုနည်းဖြင့် ညှင်းပန်းနှိပ်စက်ခံနေရသည်နှင့်ပင် တူနေပါသေးသည်။
အနန္တသူတော်စင်သည် အရက်သောက်ရန် အခွင့်အရေး ရသခိုက် တစ်ခွက်ပြီးတစ်ခွက် အားရပါးရ သောက်နေလေသည်။ အရက်ဝင်လာသည်နှင့်အမျှ တဖြည်းဖြည်းဖြင့် လေပေါ် လမ်းလျှောက်နေရသည့်အလား ခံစားလာရသည်။ ထို့ပြင် မိမိကိုယ်ကို ယခင်ကထက် များစွာ ငယ်ရွယ်နုပျိုလာသကဲ့သို့လည်း ခံစားလိုက်ရသည်။ မြင်မြင်သမျှ အရာအားလုံး လှပနေသကဲ့သို့ ခံစားနေရပြီး ကမ္ဘာလောကကြီး တစ်ခုလုံးသည်လည်း ငြိမ်းချမ်းသာယာနေသည့်အလား ခံစားနေရပြန်သည်။ ယခုကဲ့သို့ အေးအေးလူလူဖြင့် အရက်သောက်နေရခြင်းသည် လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ဦးအတွက် ရတောင့်ရခဲ အခွင့်အရေးတစ်ခုပင် ဖြစ်သည်။
ထို့ကြောင့် နှစ်ခြိုက်စွာ အရသာခံ၍ သောက်သုံးနေလေသည်။
ခေါင်းဆောင်တစ်ဦး ဖြစ်သည့်တိုင် တစ်နှစ်မှတစ်ခါ သောက်ရသည့် အခွင့်အရေး ဖြစ်သည့်အတွက် အရာအားလုံး မေ့လျော့ထားကာ အပူပင် ကင်းမဲ့စွာဖြင့် သောက်စားလျက် ရှိသည်။
အရက်ကြောင့် သူ၏ စိတ်တစ်ခုလုံး ပေါ့ပါးနေသကဲ့သို့ ခံစားနေရပြီး အလိုလို ပျော်ရွှင်နေမိသည်။
ထိုကဲ့သို့ လောကစည်းစိမ်အား အပြည့်အဝ ခံစားနေစဉ် အပြင်ဘက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည့် အသံနက်ကြီးအား ရုတ်တရက် ကြားလိုက်ရသည်။
“အနန္တသူတော်စင် ထွက်လာခဲ့စမ်း . . .”
အနန္တသူတော်စင်သာမက သူ၏ တပည့်များပင် ထိုအသံအား ကြားလိုက်ရသောအခါ ခေါင်းနပမ်းများ ကြီးသွားကြသည်။
(ဘာလဲဟ . . . ငါ့ဟာငါ အေးအေးဆေးဆေး အရက်သောက်နေတာ။ ဘယ်သူ့ကိုမှ ငါ မနှောင့်ယှက်မိပါဘူး။ ဘာလို့ ငါ့နာမည်ကို ဒေါသတကြီးနဲ့ ခေါ်နေရတာလဲ . . .)
ထိုသို့ တွေးနေစဉ်မှာပင် အော်သံအား ထပ်မံ၍ ကြားလိုက်ရပြန်သည်။
“အနန္တသူတော်စင် . . . မင်းက အခုကြ ကြောက်နေပြီလား၊ မင်းလုပ်ခဲ့တဲ့ ကိစ္စကို မင်းတာဝန်ယူရမှာပေါ့ကွ . . .”
အနန္တသူတော်စင်သည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင် သိလိုက်သည်။
သို့သော် အပြင်သို့ မထွက်ချင်ပေ။
(ငါ့ကို ဘယ်သူလို့များ ထင်နေတာလဲ။ မင်းတို့ ဒီလိုပြောတာနဲ့ပဲ ငါက ထွက်လာရတော့မှာလား။ ဒီနေ့ ဒီအချိန်က ငါ့ရဲ့ အားလပ်ချိန်ပဲ။ ဘာမှ မလုပ်ချင်သေးဘူး . . .)
ထို့ကြောင့် အရက်သာ ပေတေ၍ ဆက်သောက်နေခဲ့ပြီး အပြင်သို့ မထွက်ဘဲ နေခဲ့သည်။
အနန္တသူတော်စင်သည် သည်းခံတတ်သည့် လူတစ်ယောက်တော့ မဟုတ်ပေ။ သူ၏ ဒေါသအား ထိန်း၍ နေနေသည်မှာ ရှားသည်။ အမှန်တကယ်တွင် အနန္တသူတော်စင်အနေဖြင့် ယခုအချိန်တွင် မည်သူနှင့်မျှ မတွေ့ချင်သေးသောကြောင့် ဖြစ်သည်။ သို့သော် အပြင်ဘက်မှ လူများမှာမူ ထိုသို့ မဟုတ်ချေ။
“အနန္တသူတော်စင် . . . ခွေးမသား . . .”
ခွေးမသားဆိုသည့် အသံအား ကြားလိုက်ရသောအခါ လုပ်ကြံသတ်ဖြတ်သူများ သာမက အနန္တသူတော်စင် ကိုယ်တိုင်ပင် ဒေါသထောင်းခနဲ ထွက်သွားလေသည်။
ဒေါသစိတ်များနှင့်အတူ သတ်ဖြတ်လိုသော အငွေ့အသက်များလည်း ထွက်ပေါ်လာကြသည်။
(ဘာလဲဟ . . . နှစ်ပေါင်းများစွာအတွင်း ငါ့ကို ဒီလိုခေါ်တာ ပထမဆုံး အကြိမ်ပဲ . . .)
ခဏအကြာတွင် ခွေးမသားဟု ခေါ်သည်ထက် ပို၍ ရုန့်ရင်း ကြမ်းတမ်းသော စကားလုံးများဖြင့် ဆဲဆိုကြသည်ကို ကြားလိုက်ကြရသည်။ အားလုံးမှ တပြိုင်နက် ဆဲဆိုနေကြခြင်းဖြစ်ကာ ၎င်းတို့၏ အသံများသည်လည်း ကောင်းကင်တစ်ခွင်လုံး ဟိန်းလျက် ရှိသည်။
“ခွေးမသား အနန္တသူတော်စင် . . .”
ထိုအသံသည် မြို့ထဲရှိ လူများ အားလုံး၏ နားတွင် ပဲ့တင်ထပ်နေခဲ့သည်။
အေးအေးလူလူ အရက်သောက်နေသည့် အနန္တသူတော်စင်သည် အလွန်ဒေါသ ထွက်သွားချေပြီ။
(စောက်ရေးမပါလိုက်တာ . . . ငါဒီလို အေးအေးဆေးဆေး သောက်နေတဲ့ အချိန်မှကွာ။ ကိုယ့်ဟာကိုယ် အေးဆေး အရက်လေးသောက်နေတာ၊ ဘယ်သူ့ကိုမှလည်း သတ်ဖြတ်နေတာ မဟုတ်ဘူး။ ဘာလို့ ဒီခွေးသူတောင်းစားတွေက ငါ့ကို လာဆဲနေကြရတာလဲ . . . မင်းတို့ကို ငါဘာများ လုပ်မိလို့လဲကွ . . .)
ထို့နောက် အနန္တသူတော်စင်လည်း စားပွဲအား ခြေဖြင့် အားရပါးရ ဆောင့်ကန်လိုက်ပြီး အပြင်ဘက်သို့ ပြေးထွက်သွားလေသည်။
အနန္တသူတော်စင်အနေဖြင့် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။
သူ့အား ဆဲဆိုသည့်သူသည် မည်သူပင် ဖြစ်နေစေကာမူ အပြင်းထန်ဆုံး အပြစ်အား ပေးရမည်ဟု တွေးထားမိသည်။
(ဒီလောက်ထိ စော်ကားနေတာကိုမှ ငါထွက်မလာရင် လူတိုင်း ငါ့ကို လှောင်ပြောင်နေကြတော့မှာပေါ့။ ဒီကောင်တွေကိုသာ အပြတ်မရှင်းနိုင်ရင် သိုင်းလောကမှာ ငါတို့ အနန္တရေကန် ဘယ်လို ရှေ့ဆက်လျှောက်ရတော့မှာလဲ။ ဘယ်သူက ငါတို့ကို လေးစားတော့မှာလဲ . . .)
အနန္တသူတော်စင် အပြင်ဘက်သို့ တဟုန်ထိုး ပြေးထွက်သွားလေသည်။ တခဏတွင်းမှာပင် သူ့အား ဆဲဆိုနေကြသည့် လူများအား တွေ့လိုက်ရလေသည်။
အကယ်၍ အရက်မသောက်ပါက ထိုလူများအား အမှောင်ရိပ် တစ်နေရာမှ စောင့်ကြည့်၍ လျှပ်တပြတ် ဝင်ရောက်တိုက်ခိုက်မည် ဖြစ်သည်။ သို့သော် ယခုအခါတွင် အရက်အတော်များများ သောက်ထားပြီး ဖြစ်သဖြင့် သွေးကြွနေကာ ကမ္ဘာပေါ်တွင် မိမိကိုယ်ကို အစွမ်းထက်ဆုံးဟု ထင်မြင် နေမိသည်။ ထို့ကြောင့် သူ့အား ဆဲဆိုနေကြသူများအား မည်သို့မျှ ခွင့်လွှတ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။
ဆဲဆိုနေသည့် လူအုပ်ရှိရာသို့ သွားလိုက်ရင်း စိတ်လိုက်မာန်ပါ ပြောဆို၍ ဒေါသများအား ဖြေလျော့ ပစ်လိုက်သည်။
ဂျိချန်းဖန်သည် အနန္တသူတော်စင်အား အထင်သေးဟန်ဖြင့် ကြည့်လိုက်ရင်း -
“ဘာ . . . မင်းကပဲ စိတ်ဆိုးရတယ် ရှိသေးတယ်။ ဒီလို ဆဲတာ မခံချင်ဘူးပေါ့ ဟုတ်လား။ ဒါဆိုလည်း အစကတည်းက ဘာလို့ သတ္တိကြောင်နေခဲ့သေးလဲကွ။ ပုန်းနေပြီးမှ မတတ်သာလို့ ထွက်လာရတာများ . . .”
အနန္တသူတော်စင်၏ မျက်နှာ ကွက်ခနဲ ပျက်သွားသည်။ ခန္ဓာကိုယ်အတွင်း အရက်များစွာ ဝင်ထားသည့်အတွက် သွေးများလည်း ဆူပွက်လွယ်လျက်ရှိသည်။ ထို့ကြောင့် ကျယ်လောင်သော အသံကြီးဖြင့် -
“နေရောင်ဂိုဏ်းက ဂိုဏ်းကြီး တစ်ဂိုဏ်းပါ။ မင်းတို့မှာ ဒီလောက်ထိ ပညာရှင်တွေ အများကြီး ရှိနေတာသာ ကြည့်တော့။ သိပ်ပြီး အစွမ်းထက်နေကြတယ်ပေါ့လေ။ ဟဲဟဲ . . . မင်းတို့အမြင်မှာ ငါ့ အနန္တရေကန် ဆိုတာကို အထင်သေးနေကြပုံပဲ . . .”
ထို့နောက် အနန္တသူတော်စင်သည် ဂျိချန်းဖန်အား စူးစိုက်ကြည့်လိုက်ကာ -
“မင်းတို့က ငါ့ကို လူမြင်ကွင်းမှာ ရစရာ မရှိအောင် ဆဲဆိုခဲ့ကြတယ်။ မင်းတို့က ဘာလဲကွ။ စိန်ခေါ်တာလား၊ စော်ကားတာလား . . .”
ဂျိချန်းဖန်မှ -
“အနန္တသူတော်စင် အပိုစကားတွေ ပြောမနေနဲ့တော့။ မင်းအခုလို ပေါ်လာလာ မပေါ်လာလာ၊ သတ္တိရှိရှိ မရှိရှိ ငါဂရုမစိုက်ဘူး။ ငါတို့က မင်းကို အလွတ်ပေးဖို့ မရှိတော့ဘူးကွ . . .”
အနန္တသူတော်စင်မှ -
“ဟင် . . . မင်းတို့ နေရောင်ဂိုဏ်းက လူတွေအားလုံး သေချင်နေကြတယ်ပေါ့ ဟုတ်လား . . .”
ထိုစဉ် နေရောင်ဂိုဏ်းမှ လူတစ်ယောက်လည်း -
“အနန္တသူတော်စင် . . . ခွေးမသား၊ မင်းကို ဆဲတယ် ဘာဖြစ်လဲ။ သတ္တိမရှိတဲ့ ငကြောက်လို့ အပြောမခံချင်လို့ ထွက်လာတာလား။ မင်းအမေကများ မင်းကို အားပေးလိုက်လား မသိပါဘူး။ ဟားဟား ဟားဟား . . . ငါထင်တာ မှန်လောက်တယ်။ ခွေးမကြီးက သတ္တိတွေ ပေးလိုက်တယ် ထင်တယ်။ အဲဒါကြောင့် အခုလို သတ္တိတွေ ရှိလာတာ ဖြစ်မယ်။ ဟုတ်တယ်မလား ဟားဟား . . .”
ဘေးနားမှ လူများသည်လည်း ထိုလူနှင့်အတူ လိုက်လံ၍ ရယ်မောလိုက်ကြသည်။
“ဟား ဟား ဟား . . .”
နေရောင်ဂိုဏ်းသည် အနန္တရေကန်ကဲ့သို့ အဖွဲ့အား မည်သည့်အခါကမျှ အကြောင်းမဲ့ မလေးမစား စော်ကားခဲ့ဖူးခြင်း မရှိချေ။ ယနေ့ညမှသာ ထူးဆန်းစွာ ဖြစ်နေကြသည်ဟု လူအများ တွေးနေမိကြသည်။
အနန္တသူတော်စင်၏ လုပ်ရပ်များအား ပြန်လည် ရှင်းပြနေစရာ မလိုလောက်ဟုလည်း နေရောင်ဂိုဏ်းမှ လူများ ခံယူထားလေသည်။
မိခင်ဖြစ်သူအား ခွေးမနှင့် အနှိုင်းခံလိုက်ရသည့်အတွက် အနန္တသူတော်စင်၏ ဒေါသများသည် တဟုန်းဟုန်း တောက်လောင်နေခဲ့ပြီ ဖြစ်သည်။ နေရောင်ဂိုဏ်းမှ လူများသည် သူ၏ ကွယ်ရာတွင် ကျယ်လောင်စွာ ဆဲဆိုနေခဲ့ကြသည်သာမက ယခုအခါ သူ၏ ရှေ့တွင်ပင် သူ့အား ဆဲဆိုနေပြီ ဖြစ်သည်။ ထိုကဲ့သို့ စော်ကားခံရသည့်အဖြစ်အား မည်သူမျှ လျစ်လျူရှု နေကြမည် မဟုတ်ပေ။
နေရောင်ဂိုဏ်းမှ လူများသည် အကျိုးအကြောင်း ပြောဆိုနေခြင်း မရှိဘဲ ရုန့်ရင်း ကြမ်းတမ်းသော စကားလုံးများဖြင့်သာ အားရပါးရ ဆဲဆိုနေကြသည်။ ယခုအခါ နေရောင်ဂိုဏ်းနှင့် အနန္တရေကန်သည် ကမ္ဘာ့ရန်ဘက်များပင် ဖြစ်သွားကြပြီ ဖြစ်ပါတော့သည်။
မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား
Chapter – 355
“ကမ႓ာ့ရန္”
အရက္၏ အေရာင္မွာ အလြန္လွပၿပီး ပယင္းေရာင္ကဲ့သို႔ အဆင္း႐ွိ၏။ ထို႔ျပင္ ခြက္အတြင္း႐ွိ အရက္၏ ရနံ႔သည္ ပတ္ဝန္းက်င္ တစ္ခုလုံးအား ဖုံးလႊမ္းထားေလသည္။
အရက္၏ သင္းပ်ံ႕သည့္ ရနံ႔ေၾကာင့္ အျပင္ဘက္တြင္ ရပ္ေစာင့္ေနၾကေသာ လုပ္ၾကံသတ္ျဖတ္ေရးသမား ၅ ဦးသည္ တံေတြးမ်ားသာ မ်ိဳခ်ေနၾကရသည္။
ထိုအရည္အေသြး ေကာင္းလွသည့္ အရက္အား တစ္ခြက္တစ္ဖလားခန္႔ ျမည္းစမ္းၾကည့္ခ်င္ ေနမိၾကသည္။ ျမင္ရေပမယ့္ မၾကင္ရသည့္ သူတို႔ ၅ ဦး၏ အျဖစ္သည္ အႏုနည္းျဖင့္ ညႇင္းပန္းႏွိပ္စက္ခံေနရသည္ႏွင့္ပင္ တူေနပါေသးသည္။
အနႏၲသူေတာ္စင္သည္ အရက္ေသာက္ရန္ အခြင့္အေရး ရသခိုက္ တစ္ခြက္ၿပီးတစ္ခြက္ အားရပါးရ ေသာက္ေနေလသည္။ အရက္ဝင္လာသည္ႏွင့္အမွ် တျဖည္းျဖည္းျဖင့္ ေလေပၚ လမ္းေလွ်ာက္ေနရသည့္အလား ခံစားလာရသည္။ ထို႔ျပင္ မိမိကိုယ္ကို ယခင္ကထက္ မ်ားစြာ ငယ္႐ြယ္ႏုပ်ိဳလာသကဲ့သို႔လည္း ခံစားလိုက္ရသည္။ ျမင္ျမင္သမွ် အရာအားလုံး လွပေနသကဲ့သို႔ ခံစားေနရၿပီး ကမ႓ာေလာကႀကီး တစ္ခုလုံးသည္လည္း ၿငိမ္းခ်မ္းသာယာေနသည့္အလား ခံစားေနရျပန္သည္။ ယခုကဲ့သို႔ ေအးေအးလူလူျဖင့္ အရက္ေသာက္ေနရျခင္းသည္ လုပ္ၾကံသတ္ျဖတ္ေရးသမား တစ္ဦးအတြက္ ရေတာင့္ရခဲ အခြင့္အေရးတစ္ခုပင္ ျဖစ္သည္။
ထို႔ေၾကာင့္ ႏွစ္ၿခိဳက္စြာ အရသာခံ၍ ေသာက္သုံးေနေလသည္။
ေခါင္းေဆာင္တစ္ဦး ျဖစ္သည့္တိုင္ တစ္ႏွစ္မွတစ္ခါ ေသာက္ရသည့္ အခြင့္အေရး ျဖစ္သည့္အတြက္ အရာအားလုံး ေမ့ေလ်ာ့ထားကာ အပူပင္ ကင္းမဲ့စြာျဖင့္ ေသာက္စားလ်က္ ႐ွိသည္။
အရက္ေၾကာင့္ သူ၏ စိတ္တစ္ခုလုံး ေပါ့ပါးေနသကဲ့သို႔ ခံစားေနရၿပီး အလိုလို ေပ်ာ္႐ႊင္ေနမိသည္။
ထိုကဲ့သို႔ ေလာကစည္းစိမ္အား အျပည့္အဝ ခံစားေနစဥ္ အျပင္ဘက္မွ က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္သည့္ အသံနက္ႀကီးအား ႐ုတ္တရက္ ၾကားလိုက္ရသည္။
“အနႏၲသူေတာ္စင္ ထြက္လာခဲ့စမ္း . . .”
အနႏၲသူေတာ္စင္သာမက သူ၏ တပည့္မ်ားပင္ ထိုအသံအား ၾကားလိုက္ရေသာအခါ ေခါင္းနပမ္းမ်ား ႀကီးသြားၾကသည္။
(ဘာလဲဟ . . . ငါ့ဟာငါ ေအးေအးေဆးေဆး အရက္ေသာက္ေနတာ။ ဘယ္သူ႕ကိုမွ ငါ မေႏွာင့္ယွက္မိပါဘူး။ ဘာလို႔ ငါ့နာမည္ကို ေဒါသတႀကီးနဲ႔ ေခၚေနရတာလဲ . . .)
ထိုသို႔ ေတြးေနစဥ္မွာပင္ ေအာ္သံအား ထပ္မံ၍ ၾကားလိုက္ရျပန္သည္။
“အနႏၲသူေတာ္စင္ . . . မင္းက အခုၾက ေၾကာက္ေနၿပီလား၊ မင္းလုပ္ခဲ့တဲ့ ကိစၥကို မင္းတာဝန္ယူရမွာေပါ့ကြ . . .”
အနႏၲသူေတာ္စင္သည္ တစ္ခုခု မွားယြင္းေနၿပီျဖစ္ေၾကာင္ သိလိုက္သည္။
သို႔ေသာ္ အျပင္သို႔ မထြက္ခ်င္ေပ။
(ငါ့ကို ဘယ္သူလို႔မ်ား ထင္ေနတာလဲ။ မင္းတို႔ ဒီလိုေျပာတာနဲ႔ပဲ ငါက ထြက္လာရေတာ့မွာလား။ ဒီေန႔ ဒီအခ်ိန္က ငါ့ရဲ႕ အားလပ္ခ်ိန္ပဲ။ ဘာမွ မလုပ္ခ်င္ေသးဘူး . . .)
ထို႔ေၾကာင့္ အရက္သာ ေပေတ၍ ဆက္ေသာက္ေနခဲ့ၿပီး အျပင္သို႔ မထြက္ဘဲ ေနခဲ့သည္။
အနႏၲသူေတာ္စင္သည္ သည္းခံတတ္သည့္ လူတစ္ေယာက္ေတာ့ မဟုတ္ေပ။ သူ၏ ေဒါသအား ထိန္း၍ ေနေနသည္မွာ ႐ွားသည္။ အမွန္တကယ္တြင္ အနႏၲသူေတာ္စင္အေနျဖင့္ ယခုအခ်ိန္တြင္ မည္သူႏွင့္မွ် မေတြ႕ခ်င္ေသးေသာေၾကာင့္ ျဖစ္သည္။ သို႔ေသာ္ အျပင္ဘက္မွ လူမ်ားမွာမူ ထိုသို႔ မဟုတ္ေခ်။
“အနႏၲသူေတာ္စင္ . . . ေခြးမသား . . .”
ေခြးမသားဆိုသည့္ အသံအား ၾကားလိုက္ရေသာအခါ လုပ္ၾကံသတ္ျဖတ္သူမ်ား သာမက အနႏၲသူေတာ္စင္ ကိုယ္တိုင္ပင္ ေဒါသေထာင္းခနဲ ထြက္သြားေလသည္။
ေဒါသစိတ္မ်ားႏွင့္အတူ သတ္ျဖတ္လိုေသာ အေငြ႕အသက္မ်ားလည္း ထြက္ေပၚလာၾကသည္။
(ဘာလဲဟ . . . ႏွစ္ေပါင္းမ်ားစြာအတြင္း ငါ့ကို ဒီလိုေခၚတာ ပထမဆုံး အႀကိမ္ပဲ . . .)
ခဏအၾကာတြင္ ေခြးမသားဟု ေခၚသည္ထက္ ပို၍ ႐ုန္႔ရင္း ၾကမ္းတမ္းေသာ စကားလုံးမ်ားျဖင့္ ဆဲဆိုၾကသည္ကို ၾကားလိုက္ၾကရသည္။ အားလုံးမွ တၿပိဳင္နက္ ဆဲဆိုေနၾကျခင္းျဖစ္ကာ ၎တို႔၏ အသံမ်ားသည္လည္း ေကာင္းကင္တစ္ခြင္လုံး ဟိန္းလ်က္ ႐ွိသည္။
“ေခြးမသား အနႏၲသူေတာ္စင္ . . .”
ထိုအသံသည္ ၿမိဳ႕ထဲ႐ွိ လူမ်ား အားလုံး၏ နားတြင္ ပဲ့တင္ထပ္ေနခဲ့သည္။
ေအးေအးလူလူ အရက္ေသာက္ေနသည့္ အနႏၲသူေတာ္စင္သည္ အလြန္ေဒါသ ထြက္သြားေခ်ၿပီ။
(ေစာက္ေရးမပါလိုက္တာ . . . ငါဒီလို ေအးေအးေဆးေဆး ေသာက္ေနတဲ့ အခ်ိန္မွကြာ။ ကိုယ့္ဟာကိုယ္ ေအးေဆး အရက္ေလးေသာက္ေနတာ၊ ဘယ္သူ႕ကိုမွလည္း သတ္ျဖတ္ေနတာ မဟုတ္ဘူး။ ဘာလို႔ ဒီေခြးသူေတာင္းစားေတြက ငါ့ကို လာဆဲေနၾကရတာလဲ . . . မင္းတို႔ကို ငါဘာမ်ား လုပ္မိလို႔လဲကြ . . .)
ထို႔ေနာက္ အနႏၲသူေတာ္စင္လည္း စားပြဲအား ေျချဖင့္ အားရပါးရ ေဆာင့္ကန္လိုက္ၿပီး အျပင္ဘက္သို႔ ေျပးထြက္သြားေလသည္။
အနႏၲသူေတာ္စင္အေနျဖင့္ စိတ္ပိုင္းျဖတ္ထားၿပီးျဖစ္သည္။
သူ႕အား ဆဲဆိုသည့္သူသည္ မည္သူပင္ ျဖစ္ေနေစကာမူ အျပင္းထန္ဆုံး အျပစ္အား ေပးရမည္ဟု ေတြးထားမိသည္။
(ဒီေလာက္ထိ ေစာ္ကားေနတာကိုမွ ငါထြက္မလာရင္ လူတိုင္း ငါ့ကို ေလွာင္ေျပာင္ေနၾကေတာ့မွာေပါ့။ ဒီေကာင္ေတြကိုသာ အျပတ္မ႐ွင္းႏိုင္ရင္ သိုင္းေလာကမွာ ငါတို႔ အနႏၲေရကန္ ဘယ္လို ေ႐ွ႕ဆက္ေလွ်ာက္ရေတာ့မွာလဲ။ ဘယ္သူက ငါတို႔ကို ေလးစားေတာ့မွာလဲ . . .)
အနႏၲသူေတာ္စင္ အျပင္ဘက္သို႔ တဟုန္ထိုး ေျပးထြက္သြားေလသည္။ တခဏတြင္းမွာပင္ သူ႕အား ဆဲဆိုေနၾကသည့္ လူမ်ားအား ေတြ႕လိုက္ရေလသည္။
အကယ္၍ အရက္မေသာက္ပါက ထိုလူမ်ားအား အေမွာင္ရိပ္ တစ္ေနရာမွ ေစာင့္ၾကည့္၍ လွ်ပ္တျပတ္ ဝင္ေရာက္တိုက္ခိုက္မည္ ျဖစ္သည္။ သို႔ေသာ္ ယခုအခါတြင္ အရက္အေတာ္မ်ားမ်ား ေသာက္ထားၿပီး ျဖစ္သျဖင့္ ေသြးႂကြေနကာ ကမ႓ာေပၚတြင္ မိမိကိုယ္ကို အစြမ္းထက္ဆုံးဟု ထင္ျမင္ ေနမိသည္။ ထို႔ေၾကာင့္ သူ႕အား ဆဲဆိုေနၾကသူမ်ားအား မည္သို႔မွ် ခြင့္လႊတ္ေပးႏိုင္လိမ့္မည္ မဟုတ္ေခ်။
ဆဲဆိုေနသည့္ လူအုပ္႐ွိရာသို႔ သြားလိုက္ရင္း စိတ္လိုက္မာန္ပါ ေျပာဆို၍ ေဒါသမ်ားအား ေျဖေလ်ာ့ ပစ္လိုက္သည္။
ဂ်ိခ်န္းဖန္သည္ အနႏၲသူေတာ္စင္အား အထင္ေသးဟန္ျဖင့္ ၾကည့္လိုက္ရင္း -
“ဘာ . . . မင္းကပဲ စိတ္ဆိုးရတယ္ ႐ွိေသးတယ္။ ဒီလို ဆဲတာ မခံခ်င္ဘူးေပါ့ ဟုတ္လား။ ဒါဆိုလည္း အစကတည္းက ဘာလို႔ သတၱိေၾကာင္ေနခဲ့ေသးလဲကြ။ ပုန္းေနၿပီးမွ မတတ္သာလို႔ ထြက္လာရတာမ်ား . . .”
အနႏၲသူေတာ္စင္၏ မ်က္ႏွာ ကြက္ခနဲ ပ်က္သြားသည္။ ခႏၶာကိုယ္အတြင္း အရက္မ်ားစြာ ဝင္ထားသည့္အတြက္ ေသြးမ်ားလည္း ဆူပြက္လြယ္လ်က္႐ွိသည္။ ထို႔ေၾကာင့္ က်ယ္ေလာင္ေသာ အသံႀကီးျဖင့္ -
“ေနေရာင္ဂိုဏ္းက ဂိုဏ္းႀကီး တစ္ဂိုဏ္းပါ။ မင္းတို႔မွာ ဒီေလာက္ထိ ပညာ႐ွင္ေတြ အမ်ားႀကီး ႐ွိေနတာသာ ၾကည့္ေတာ့။ သိပ္ၿပီး အစြမ္းထက္ေနၾကတယ္ေပါ့ေလ။ ဟဲဟဲ . . . မင္းတို႔အျမင္မွာ ငါ့ အနႏၲေရကန္ ဆိုတာကို အထင္ေသးေနၾကပုံပဲ . . .”
ထို႔ေနာက္ အနႏၲသူေတာ္စင္သည္ ဂ်ိခ်န္းဖန္အား စူးစိုက္ၾကည့္လိုက္ကာ -
“မင္းတို႔က ငါ့ကို လူျမင္ကြင္းမွာ ရစရာ မ႐ွိေအာင္ ဆဲဆိုခဲ့ၾကတယ္။ မင္းတို႔က ဘာလဲကြ။ စိန္ေခၚတာလား၊ ေစာ္ကားတာလား . . .”
ဂ်ိခ်န္းဖန္မွ -
“အနႏၲသူေတာ္စင္ အပိုစကားေတြ ေျပာမေနနဲ႔ေတာ့။ မင္းအခုလို ေပၚလာလာ မေပၚလာလာ၊ သတၱိ႐ွိ႐ွိ မ႐ွိ႐ွိ ငါဂ႐ုမစိုက္ဘူး။ ငါတို႔က မင္းကို အလြတ္ေပးဖို႔ မ႐ွိေတာ့ဘူးကြ . . .”
အနႏၲသူေတာ္စင္မွ -
“ဟင္ . . . မင္းတို႔ ေနေရာင္ဂိုဏ္းက လူေတြအားလုံး ေသခ်င္ေနၾကတယ္ေပါ့ ဟုတ္လား . . .”
ထိုစဥ္ ေနေရာင္ဂိုဏ္းမွ လူတစ္ေယာက္လည္း -
“အနႏၲသူေတာ္စင္ . . . ေခြးမသား၊ မင္းကို ဆဲတယ္ ဘာျဖစ္လဲ။ သတၱိမ႐ွိတဲ့ ငေၾကာက္လို႔ အေျပာမခံခ်င္လို႔ ထြက္လာတာလား။ မင္းအေမကမ်ား မင္းကို အားေပးလိုက္လား မသိပါဘူး။ ဟားဟား ဟားဟား . . . ငါထင္တာ မွန္ေလာက္တယ္။ ေခြးမႀကီးက သတၱိေတြ ေပးလိုက္တယ္ ထင္တယ္။ အဲဒါေၾကာင့္ အခုလို သတၱိေတြ ႐ွိလာတာ ျဖစ္မယ္။ ဟုတ္တယ္မလား ဟားဟား . . .”
ေဘးနားမွ လူမ်ားသည္လည္း ထိုလူႏွင့္အတူ လိုက္လံ၍ ရယ္ေမာလိုက္ၾကသည္။
“ဟား ဟား ဟား . . .”
ေနေရာင္ဂိုဏ္းသည္ အနႏၲေရကန္ကဲ့သို႔ အဖြဲ႕အား မည္သည့္အခါကမွ် အေၾကာင္းမဲ့ မေလးမစား ေစာ္ကားခဲ့ဖူးျခင္း မ႐ွိေခ်။ ယေန႔ညမွသာ ထူးဆန္းစြာ ျဖစ္ေနၾကသည္ဟု လူအမ်ား ေတြးေနမိၾကသည္။
အနႏၲသူေတာ္စင္၏ လုပ္ရပ္မ်ားအား ျပန္လည္ ႐ွင္းျပေနစရာ မလိုေလာက္ဟုလည္း ေနေရာင္ဂိုဏ္းမွ လူမ်ား ခံယူထားေလသည္။
မိခင္ျဖစ္သူအား ေခြးမႏွင့္ အႏိႈင္းခံလိုက္ရသည့္အတြက္ အနႏၲသူေတာ္စင္၏ ေဒါသမ်ားသည္ တဟုန္းဟုန္း ေတာက္ေလာင္ေနခဲ့ၿပီ ျဖစ္သည္။ ေနေရာင္ဂိုဏ္းမွ လူမ်ားသည္ သူ၏ ကြယ္ရာတြင္ က်ယ္ေလာင္စြာ ဆဲဆိုေနခဲ့ၾကသည္သာမက ယခုအခါ သူ၏ ေ႐ွ႕တြင္ပင္ သူ႕အား ဆဲဆိုေနၿပီ ျဖစ္သည္။ ထိုကဲ့သို႔ ေစာ္ကားခံရသည့္အျဖစ္အား မည္သူမွ် လ်စ္လ်ဴ႐ႈ ေနၾကမည္ မဟုတ္ေပ။
ေနေရာင္ဂိုဏ္းမွ လူမ်ားသည္ အက်ိဳးအေၾကာင္း ေျပာဆိုေနျခင္း မ႐ွိဘဲ ႐ုန္႔ရင္း ၾကမ္းတမ္းေသာ စကားလုံးမ်ားျဖင့္သာ အားရပါးရ ဆဲဆိုေနၾကသည္။ ယခုအခါ ေနေရာင္ဂိုဏ္းႏွင့္ အနႏၲေရကန္သည္ ကမ႓ာ့ရန္ဘက္မ်ားပင္ ျဖစ္သြားၾကၿပီ ျဖစ္ပါေတာ့သည္။