မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 353
“ဆဲဆိုကြခြင်း”
ဆဲဆိုနေသည့် အသံများကြောင့် မင်းကြီးသည် စိတ်အနှောင့်အယှက် ဖြစ်လျက် ရှိသည်။ မည်သူမဆို အိပ်စက် အနားယူနေသည့် အချိန်တွင် ဆူညံနေခြင်းအား ကြိုက်နှစ်သက်လိမ့်မည် မဟုတ်ပေ။ ဆဲဆိုနေသည့် အသံများ ထွက်ပေါ်ရာနေရာမှာ တော်ဝင်အိမ်တော်နှင့် အနီးကပ်ကြီး မဟုတ်ကြောင်း မင်းကြီး ရိပ်စားမိလိုက်သည်။ သေချာစေရန်အတွက် အပြင်ဘက်သို့ ကြည့်မိသည့်အခါ ကောင်းကင်အဆင့် ပညာရှင်များ အော်ဟစ်နေကြသည်ကို သိလိုက်ရသည်။ အချို့မှာ အပြာရင့်ရောင် အလင်းတန်းများပင် ထုတ်လွှတ်နိုင်ကြသည့် ကောင်းကင်အဆင့်၏ ဆရာသခင် အဆင့် ပညာရှင်များပင် ဖြစ်နေလေသည်။
(သူတို့ သိုင်းလောကကလည်း ဒီလိုတွေချည်းပဲလား။ သူတို့ကိုယ်သူတို့ အစွမ်းထက်ဆုံး ဂိုဏ်းတစ်ခုလို့ ထင်နေကြပုံပဲ . . .)
ဘုရင်သည် ဒေါသထွက်နေသည့်တိုင် သည်းခံ၍သာ နေနေရသည်။
ချန်နိုင်ငံတော်တွင် ဘုရင်သည် အာဏာအရှိဆုံး ဖြစ်သော်လည်း ထိပ်သီး အင်အားစုများနှင့် ရင်ဆိုင်ရသည့် အခါမျိုးတွင် သာမန်လူတစ်ဦးကဲ့သို့ပင် ဖြစ်သွားရသည်။ ယခု ပညာရှင်များမှာ ထိပ်သီးများပင် ဖြစ်သဖြင့် အလွယ်တကူ ရင်ဆိုင်နိုင်မည့် လူများ မဟုတ်ပေ။
ထိုလူများသည် ရူးသွပ်နေခြင်းပင် ဖြစ်နိုင်သည်ဟု တွေးနေမိသည်။ ထိုကဲ့သို့သာ မဟုတ်ပါက အကြောင်းမဲ့သက်သက်ဖြင့် ယခုကဲ့သို့ အော်ဟစ်နေမည် မဟုတ်ပေ။ မင်းကြီးကိုယ်တိုင်သည်လည်း ထိုကဲ့သို့ အော်ဟစ် နေကြရသည့် အကြောင်းရင်းအား သိချင်နေမိသည်။
အကယ်၍ မင်းကြီးဘက်မှ တစ်စုံတစ်ခု ဝင်ရောက်နှာင့်ယှက်လိုက်မိမည် ဆိုပါက ထိုလူများ၏ ဒေါသများသည် တော်ဝင်မျိုးနွယ်ထံသို့ စုပြုံကျလာနိုင်ပေသည်။
ထိုအခါ တော်ဝင်မျိုးနွယ်အဖို့ ဂြိုလ်ဆိုးဝင်သွားသည်ထက်ပင် ဆိုးပေလိမ့်မည်။ အနည်းဆုံးမူ တော်ဝင်မျိုးနွယ်ထဲမှ လူအတော်များများ အသတ်ခံရနိုင်ချေရှိသည်။
မြို့အတွင်း အဆောက်အဦ စသည်တို့ကို ဖျက်ဆီးခြင်း ဆိုပါက အကြောင်း မဟုတ်သေးချေ။ အသက်များ စတေးရမည့် ကိစ္စ ဖြစ်နေသည့်အတွက် ပေါ့ပေါ့တန်တန် လုပ်၍ မရပေ။ မင်းကြီးသည် ကောင်းကင်အဆင့် ပညာရှင်များအား စုဆောင်းနိုင်ရေးအတွက် များစွာ အားစိုက်ထုတ်ခဲ့ရသည်။ ထို့ကြောင့် ထိုလူများအား အလဟဿ မသေဆုံး စေချင်ပေ။
ထိုကဲ့သို့ ဖြစ်လာမည့် အကျိုးဆက်များအား ကြိုတင် တွက်ဆမိသဖြင့် မည်သည့်အကြောင်းနှင့်မျှ ဝင်ရောက် မနှောင့်ယှက်ရဲခြင်း ဖြစ်သည်။
ပို၍ အရေးကြီးသည့် အချက်မှာ သူ၏ ကောင်းကင်အဆင့် ထိပ်သီးပညာရှင်များ အားလုံး အသုံးပြုမည် ဆိုလျှင်ပင် ထိုလူများအား အနိုင်ရနိုင်ရုံမျှလောက်သာ ဖြစ်နိုင်ပေလိမ့်မည်။ သို့သော် သူ့ဘက်မှလည်း ထိခိုက်နစ်နာမှုများ ရှိနိုင်သည်။ ထို့ကြောင့် မင်းကြီးသည် သူ၏ ရင်ထဲရှိ ဒေါသများကိုသာ မြိုသိပ်၍ လက်မှိုင်ချကာ နေနေရလေသည်။
သို့သော် စိတ်ထဲတွင်မူ တစ်ကိုယ်တည်း ကျိန်ဆဲနေမိသည်။
(ခွေးမသား အနန္တသူတော်စင်၊ မင်းကတော့ ပြဿနာကို မီးမွှေးသွားရုံတင် မကဘူး ငါ့နေရာကိုပါ ရောက်အောင် ပို့လိုက်တယ်။ မင်းကတော့ လွတ်ရာကျွတ်ရာ ရောက်နေရောပေါ့။ ဘယ်လိုကောင်မျိုးလဲ မသိဘူး။ အော်နေကြတဲ့ လူတွေ မမှားဘူး။ ငါကိုယ်တိုင်ပါ ခွေးမသားဆိုပြီး ထွက်အော်ချင်နေမိပြီ . . .)
ထိုအချိန်တွင် လူအတော်များများသည်လည်း အော်ဟစ်နေကြသည့် လူများအား မြင်နေကြပြီ ဖြစ်သည်။ အများစုမှာ မော်တယ်ကမ္ဘာ၏ ထိပ်သီး ပညာရှင်တွေများ ဖြစ်ကြသည်။
ထိုလူများသည် အသံထွက်ပေါ်ရာ နေရာသို့ ကြည့်ရုံသာ လှမ်းကြည့်နေကြခြင်း ဖြစ်ပြီး အနီးကပ်တော့ မသွားဝံ့ကြချေ။
အနည်းငယ် လှမ်းသည့်တိုင် အသံများအား ကောင်းစွာ ကြားနေရသည်။ ထိုလူများသည် အဘယ့်အတွက်ကြောင့် ဆဲဆိုနေကြသည်ကိုလည်း သိချင်နေမိကြပြီး စိတ်ထဲတွင်လည်း ရယ်ချင်နေမိကြလေသည်။
အနန္တသူတော်စင်သည် မိစ္ဆာအရှင်သခင်ဟုပင် ထင်ရှားသည့် လူတစ်ဦး ဖြစ်ကြောင်း လူတိုင်း သိကြသည်။ မည်သူမျှ အနန္တသူတော်စင်အား ရင်ဆိုင်ရဲလိမ့်မည် မဟုတ်ချေ။
ယခုကဲ့သို့ လူမြင်ကွင်းတွင် ကျယ်လောင်စွာ ဆဲဆိုဖို့ဆိုလျှင် မည်သူမျှ လုပ်ရဲမည် မဟုတ်ပေ။
ဆဲဆိုနေသည်မှာလည်း ပက်ပက်စက်စက်ကိုဖြစ်ပြီး ရစရာပင် မရှိတော့ချေ။ ဆဲဆိုနေသူများသည် အလွန် ရဲတင်းလွန်းလှသည်ဟု ဆိုရပေမည်။
ထို့ကြောင့် လူများသည် ကောင်းကင်အဆင့် ပညာရှင်များစွာ ဆဲဆိုနေကြသည်ကို ကြည့်ကောင်းကောင်းဖြင့်ပင် ကြည့်နေမိကြသည်။
အချို့သော အတွေ့အကြုံများသည့် ပညာရှင်များသည် ဆဲဆိုနေသည့် လူများအား မှတ်မိကြသည်။
“ဘယ်လိုဖြစ်တာလဲ၊ ဒီလူတွေက နေရောင်ဂိုဏ်းက မဟုတ်လား။ ဂျိချန်းဖန်လည်း ရှိနေတာပါလား”
“ဟုတ်တယ်ဟ သူတို့ပဲ . . .”
“ဘာတွေ ဖြစ်နေကြလဲ မသိဘူး။ အနန္တသူတော်စင်က နေရောင်ဂိုဏ်းကို ဘာသွားလုပ်လဲ မသိပါဘူး။ ဒီလောက်ထိ ဘာလို့ ဆဲဆိုနေကြတာပါလိမ့်။ သူတို့တွေ မတည့်ကြဘူးလို့လည်း မကြားမိပါဘူး။ အခုဘယ်လိုဖြစ်ပြီး ငြိကုန်ကြတာလဲ . . .”
“တော်တော်တော့ ထူးဆန်းတယ်။ ဒါပေမယ့် တစ်ဖက်လှည့်တွေးကြည့်ရင် အနန္တသူတော်စင်ကို နေရောင်ဂိုဏ်းကလွဲပြီး ဘယ်သူကများ စော်ကားရဲမှာလဲ . . .”
“ဒီကိစ္စရဲ့ နောက်ကွယ်မှာ အကြောင်းတစ်ခုခုတော့ ရှိရမယ်။ အဲဒီအကြောင်းကလည်း တော်တော် စိတ်ဝင်စားစရာ ကောင်းမှာပဲ . . .”
“နေရောင်ဂိုဏ်းက လူတွေကို ကြည့်ပါဦး။ သူတို့ရဲ့ ဘိုးဘေးတွေ ဂူဗိမာန် အတူးခံလိုက်ရသလိုကို ဆတ်ဆတ်ခါ ဖြစ်နေလိုက်ကြတာ . . .”
“အနန္တသူတော်စင်က သူတို့ထဲက တစ်ယောက်ယောက်ရဲ့ မိန်းမကို ခိုးသွားတာလည်း ဖြစ်နိုင်တာပဲ . . .”
“ဟားဟား . . . ဖြစ်နိုင်တယ် ဖြစ်နိုင်တယ် . . .”
“ဒီလိုလူတွေ တိုက်ကြခိုက်ကြမယ်ဆို ငါတို့လို အဆင့်တွေက ဝေးဝေးနေတာ ကောင်းပါတယ်။ ကိုယ့်အသက်လုံခြုံဖို့က အရေးကြီးဆုံးပဲ . . .”
“ဒါပေါ့ . . . လုံခြုံဖို့က ပထမပဲ . . .”
. . .
ကြည့်နေသူများသည် တီးတိုးဝေဖန် ပြောဆိုနေကြပြီး ခပ်ဝေးဝေးသို့ နေရာရွေ့သွားကြသည်။ သို့သော် မည်သူမျှ ပြန်သွားခြင်း မရှိချေ။ ထိုလူများသည် သူတို့၏ ဘဝတွင် နောက်ထပ် မြင်တွေ့ရန် မဖြစ်နိုင်လောက်သည့် မြင်ကွင်းမျိုး ဖြစ်နေသည့်အတွက် လက်လွတ်မခံချင်ကြသည့်ပုံပင်။
“အားလုံး တိတ်ကြစမ်း . . .”
ထိုအချိန်တွင် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည့် အသံတစ်သံအား ကြားလိုက်ကြရသည်။
ထိုအသံသည် အမတ်ကြီးဇူ၏ အိမ်တော်မှ ထွက်ပေါ်လာသည့် အသံဖြစ်သည်။ အမတ်ကြီးဇူ၏ အိမ်သည် တော်ဝင်အိမ်တော်၏ ဘေးတွင် ရှိလေသည်။
အသံပိုင်ရှင်သည် အနက်ရောင်ဝတ်ရုံအား ဝတ်ဆင်ထားကာ မျက်နှာကိုလည်း ဖုံးအုပ်ထားသည်။ သို့သော် ထိုလူ၏ အေးစက်စက် မျက်လုံးများကိုမူ အတိုင်းသား မြင်တွေ့ရလျက် ရှိသည်။
အနက်ရောင်ဝတ်ဖြင့်လူသည် နေရောင်ဂိုဏ်းမှ လူများထံသို့ ပျံသန်းသွားသည်။
ထိုလူ၏ မျက်လုံးများသည် မီးဝင်းဝင်း တောက်လျက် ရှိသည်။ ထို့နောက် အေးစက်မာကြောသော အသံဖြင့် -
“ဂျိချန်းဖန် . . . မင်းတို့ နေရောင်ဂိုဏ်းက တော်တော် သတ္တိကောင်းနေပါလား။ ဘယ်လိုတောင် ရဲတင်းနေရတာလဲ . . .”
အနန္တသူတော်စင် အစစ်အမှန် ပေါ်လာသည့်အချိန် အနန္တသူတော်စင် အတုသည် စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေပြီ ဖြစ်သည်။
ရဲရှောင်သည် နံရံထောင့် တစ်နေရာတွင် ပုန်းခိုနေခြင်းဖြစ်ပြီး သူ၏ ရင်ဘတ်တစ်ခုလုံးသည်လည်း ပေါက်ကွဲထွက်မတတ်ပင် တုန်ခါလျက် ရှိသည်။
ရဲရှောင် အလွန်ပင်ပန်း နွမ်းနယ်၍ အားကင်ကုန်ခန်းနေပြီ ဖြစ်သည်။
မပင်ပန်းဘဲ မည်သို့ နေမည်နည်း။ အဆင့်နိမ့် ကောင်းကင်အဆင့် ပညာရှင်တစ်ဦးသာ ဖြစ်သေးသည့် ရဲရှောင်သည် ကောင်းကင်အဆင့်မြင့် ပညာရှင်ပေါင်း များစွာ၏ လိုက်လံ ဖမ်းဆီးခြင်းအား ခံခဲ့ရသည်။ အချို့ဆိုလျှင် ကောင်းကင်အဆင့် ၉ ပင် ရှိနေကြပြီ ဖြစ်၏။ ထိုကဲ့သို့သော ပညာရှင်ကြီးများအား ရဲရှောင်သည် အပေါ်စီးမှ မချေမငံ ဆက်ဆံခဲ့လေသည်။
ယခုအခါ အလွန်ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ ရဲရှောင် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပြေးလွှားနိုင်ခဲ့ခြင်းမှာလည်း သူ၏ ရယ်မောခြင်း ကောင်းကင် ကျင့်စဉ် အစွမ်းကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် နေရောင်ဂိုဏ်းမှ လူများထက် ပိုမိုမြန်ဆန်ရုံသာမက လှပစွာပင် ပျံသန်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ရဲရှောင်သည် ထိုရယ်မောခြင်းကောင်းကင် ကျင့်စဉ်အပေါ် ယုံကြည်မှု အပြည့်အဝ ရှိခဲ့သောကြောင့် သာ ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ရဲရှောင်သာလျှင် ထိုတာဝန်အား ထမ်းဆောင်နိုင်မည် ဖြစ်သည်။ နင်ဘီလျူသည် ရဲရှောင်ထက် ပို၍ အစွမ်းထက်သည့်တိုင် ရဲရှောင်ကဲ့သို့ သရုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် အပ်ဆိုသည့် လက်နက်ကိုလည်း လူတိုင်း အသုံးပြုနိုင်မည် မဟုတ်သဖြင့် ရဲရှောင်သာလျှင် ထိုတာဝန်အား ယူခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူ စီစဉ်ထားသည့်အတိုင်း ဖြစ်လာခဲ့သော်လည်း ရဲရှောင်သည် နေရောင်ဂိုဏ်းမှ လူများအား အလွန်အကျွံ ဒေါသထွက်အောင် ပြုလုပ်မိခဲ့သည်။ သို့သော် မထင်မှတ်စွာပင် နေရောင်ဂိုဏ်းမှ လူများသည် သူ၏ နောက်မှ အသည်းအသန် ထပ်ကြပ်မခွာ လိုက်လာခဲ့ကြသည်။ ဂျိချန်းဖန်ဆိုလျှင် သူ၏ ဓားအား အသုံးပြု၍ပင် ပိုမိုလျှင်မြန်အောင်လုပ်၍ လိုက်ပါလာခဲ့သည်။
ရဲရှောင်သည် ပျံသန်းပြေးလွှားခြင်း အရာတွင် အားလုံးထက် သာလွန်မှုရှိသည်။ သို့သော် ထိုလူများထက် ၂ ဆခန့် လျင်မြန်နေသည်တော့ မဟုတ်ချေ။ ဂျိချန်းဖန်မှ အစွမ်းကုန်သုံးခဲ့သဖြင့် ရဲရှောင်သည် မည်သို့မျှ မျက်ခြေမဖြတ်နိုင်ခဲ့ပေ။ ထိုသို့ဖြင့်ပင် သူ၏ နောက်မှ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
ထိုအချိန်တွင် ရဲရှောင်လည်း ဆုံးဖြတ်ချက်တစ်ခုအား မြန်မြန်ဆန်ဆန် ချလိုက်သည်။ သူ၏ ဟင်းလင်းပြင်ကြီးထဲမှ စွမ်းအင်များ အားလုံး အကုန်အစင် ထုတ်သုံးကာ သူ့ကိုယ်သူ အရှိန်မြင့်တက်အောင် ပြုလုပ်ခဲ့သည်။ ထို့ကြောင့်ပင် နောက်ဆုံးတွင် ဂျိချန်းဖန်အား မျက်ခြေဖြတ်နိုင်ခဲ့ခြင်းပင် ဖြစ်ပါတော့သည်။
မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား
Chapter – 353
“ဆဲဆိုၾကျခင္း”
ဆဲဆိုေနသည့္ အသံမ်ားေၾကာင့္ မင္းႀကီးသည္ စိတ္အေႏွာင့္အယွက္ ျဖစ္လ်က္ ႐ွိသည္။ မည္သူမဆို အိပ္စက္ အနားယူေနသည့္ အခ်ိန္တြင္ ဆူညံေနျခင္းအား ႀကိဳက္ႏွစ္သက္လိမ့္မည္ မဟုတ္ေပ။ ဆဲဆိုေနသည့္ အသံမ်ား ထြက္ေပၚရာေနရာမွာ ေတာ္ဝင္အိမ္ေတာ္ႏွင့္ အနီးကပ္ႀကီး မဟုတ္ေၾကာင္း မင္းႀကီး ရိပ္စားမိလိုက္သည္။ ေသခ်ာေစရန္အတြက္ အျပင္ဘက္သို႔ ၾကည့္မိသည့္အခါ ေကာင္းကင္အဆင့္ ပညာ႐ွင္မ်ား ေအာ္ဟစ္ေနၾကသည္ကို သိလိုက္ရသည္။ အခ်ိဳ႕မွာ အျပာရင့္ေရာင္ အလင္းတန္းမ်ားပင္ ထုတ္လႊတ္ႏိုင္ၾကသည့္ ေကာင္းကင္အဆင့္၏ ဆရာသခင္ အဆင့္ ပညာ႐ွင္မ်ားပင္ ျဖစ္ေနေလသည္။
(သူတို႔ သိုင္းေလာကကလည္း ဒီလိုေတြခ်ည္းပဲလား။ သူတို႔ကိုယ္သူတို႔ အစြမ္းထက္ဆုံး ဂိုဏ္းတစ္ခုလို႔ ထင္ေနၾကပုံပဲ . . .)
ဘုရင္သည္ ေဒါသထြက္ေနသည့္တိုင္ သည္းခံ၍သာ ေနေနရသည္။
ခ်န္ႏိုင္ငံေတာ္တြင္ ဘုရင္သည္ အာဏာအ႐ွိဆုံး ျဖစ္ေသာ္လည္း ထိပ္သီး အင္အားစုမ်ားႏွင့္ ရင္ဆိုင္ရသည့္ အခါမ်ိဳးတြင္ သာမန္လူတစ္ဦးကဲ့သို႔ပင္ ျဖစ္သြားရသည္။ ယခု ပညာ႐ွင္မ်ားမွာ ထိပ္သီးမ်ားပင္ ျဖစ္သျဖင့္ အလြယ္တကူ ရင္ဆိုင္ႏိုင္မည့္ လူမ်ား မဟုတ္ေပ။
ထိုလူမ်ားသည္ ႐ူးသြပ္ေနျခင္းပင္ ျဖစ္ႏိုင္သည္ဟု ေတြးေနမိသည္။ ထိုကဲ့သို႔သာ မဟုတ္ပါက အေၾကာင္းမဲ့သက္သက္ျဖင့္ ယခုကဲ့သို႔ ေအာ္ဟစ္ေနမည္ မဟုတ္ေပ။ မင္းႀကီးကိုယ္တိုင္သည္လည္း ထိုကဲ့သို႔ ေအာ္ဟစ္ ေနၾကရသည့္ အေၾကာင္းရင္းအား သိခ်င္ေနမိသည္။
အကယ္၍ မင္းႀကီးဘက္မွ တစ္စုံတစ္ခု ဝင္ေရာက္ႏွာင့္ယွက္လိုက္မိမည္ ဆိုပါက ထိုလူမ်ား၏ ေဒါသမ်ားသည္ ေတာ္ဝင္မ်ိဳးႏြယ္ထံသို႔ စုျပဳံက်လာႏိုင္ေပသည္။
ထိုအခါ ေတာ္ဝင္မ်ိဳးႏြယ္အဖို႔ ၿဂိဳလ္ဆိုးဝင္သြားသည္ထက္ပင္ ဆိုးေပလိမ့္မည္။ အနည္းဆုံးမူ ေတာ္ဝင္မ်ိဳးႏြယ္ထဲမွ လူအေတာ္မ်ားမ်ား အသတ္ခံရႏိုင္ေခ်႐ွိသည္။
ၿမိဳ႕အတြင္း အေဆာက္အဦ စသည္တို႔ကို ဖ်က္ဆီးျခင္း ဆိုပါက အေၾကာင္း မဟုတ္ေသးေခ်။ အသက္မ်ား စေတးရမည့္ ကိစၥ ျဖစ္ေနသည့္အတြက္ ေပါ့ေပါ့တန္တန္ လုပ္၍ မရေပ။ မင္းႀကီးသည္ ေကာင္းကင္အဆင့္ ပညာ႐ွင္မ်ားအား စုေဆာင္းႏိုင္ေရးအတြက္ မ်ားစြာ အားစိုက္ထုတ္ခဲ့ရသည္။ ထို႔ေၾကာင့္ ထိုလူမ်ားအား အလဟႆ မေသဆုံး ေစခ်င္ေပ။
ထိုကဲ့သို႔ ျဖစ္လာမည့္ အက်ိဳးဆက္မ်ားအား ႀကိဳတင္ တြက္ဆမိသျဖင့္ မည္သည့္အေၾကာင္းႏွင့္မွ် ဝင္ေရာက္ မေႏွာင့္ယွက္ရဲျခင္း ျဖစ္သည္။
ပို၍ အေရးႀကီးသည့္ အခ်က္မွာ သူ၏ ေကာင္းကင္အဆင့္ ထိပ္သီးပညာ႐ွင္မ်ား အားလုံး အသုံးျပဳမည္ ဆိုလွ်င္ပင္ ထိုလူမ်ားအား အႏိုင္ရႏိုင္႐ုံမွ်ေလာက္သာ ျဖစ္ႏိုင္ေပလိမ့္မည္။ သို႔ေသာ္ သူ႕ဘက္မွလည္း ထိခိုက္နစ္နာမႈမ်ား ႐ွိႏိုင္သည္။ ထို႔ေၾကာင့္ မင္းႀကီးသည္ သူ၏ ရင္ထဲ႐ွိ ေဒါသမ်ားကိုသာ ၿမိဳသိပ္၍ လက္မိႈင္ခ်ကာ ေနေနရေလသည္။
သို႔ေသာ္ စိတ္ထဲတြင္မူ တစ္ကိုယ္တည္း က်ိန္ဆဲေနမိသည္။
(ေခြးမသား အနႏၲသူေတာ္စင္၊ မင္းကေတာ့ ျပႆနာကို မီးေမႊးသြား႐ုံတင္ မကဘူး ငါ့ေနရာကိုပါ ေရာက္ေအာင္ ပို႔လိုက္တယ္။ မင္းကေတာ့ လြတ္ရာကြၽတ္ရာ ေရာက္ေနေရာေပါ့။ ဘယ္လိုေကာင္မ်ိဳးလဲ မသိဘူး။ ေအာ္ေနၾကတဲ့ လူေတြ မမွားဘူး။ ငါကိုယ္တိုင္ပါ ေခြးမသားဆိုၿပီး ထြက္ေအာ္ခ်င္ေနမိၿပီ . . .)
ထိုအခ်ိန္တြင္ လူအေတာ္မ်ားမ်ားသည္လည္း ေအာ္ဟစ္ေနၾကသည့္ လူမ်ားအား ျမင္ေနၾကၿပီ ျဖစ္သည္။ အမ်ားစုမွာ ေမာ္တယ္ကမ႓ာ၏ ထိပ္သီး ပညာ႐ွင္ေတြမ်ား ျဖစ္ၾကသည္။
ထိုလူမ်ားသည္ အသံထြက္ေပၚရာ ေနရာသို႔ ၾကည့္႐ုံသာ လွမ္းၾကည့္ေနၾကျခင္း ျဖစ္ၿပီး အနီးကပ္ေတာ့ မသြားဝံ့ၾကေခ်။
အနည္းငယ္ လွမ္းသည့္တိုင္ အသံမ်ားအား ေကာင္းစြာ ၾကားေနရသည္။ ထိုလူမ်ားသည္ အဘယ့္အတြက္ေၾကာင့္ ဆဲဆိုေနၾကသည္ကိုလည္း သိခ်င္ေနမိၾကၿပီး စိတ္ထဲတြင္လည္း ရယ္ခ်င္ေနမိၾကေလသည္။
အနႏၲသူေတာ္စင္သည္ မိစၧာအ႐ွင္သခင္ဟုပင္ ထင္႐ွားသည့္ လူတစ္ဦး ျဖစ္ေၾကာင္း လူတိုင္း သိၾကသည္။ မည္သူမွ် အနႏၲသူေတာ္စင္အား ရင္ဆိုင္ရဲလိမ့္မည္ မဟုတ္ေခ်။
ယခုကဲ့သို႔ လူျမင္ကြင္းတြင္ က်ယ္ေလာင္စြာ ဆဲဆိုဖို႔ဆိုလွ်င္ မည္သူမွ် လုပ္ရဲမည္ မဟုတ္ေပ။
ဆဲဆိုေနသည္မွာလည္း ပက္ပက္စက္စက္ကိုျဖစ္ၿပီး ရစရာပင္ မ႐ွိေတာ့ေခ်။ ဆဲဆိုေနသူမ်ားသည္ အလြန္ ရဲတင္းလြန္းလွသည္ဟု ဆိုရေပမည္။
ထို႔ေၾကာင့္ လူမ်ားသည္ ေကာင္းကင္အဆင့္ ပညာ႐ွင္မ်ားစြာ ဆဲဆိုေနၾကသည္ကို ၾကည့္ေကာင္းေကာင္းျဖင့္ပင္ ၾကည့္ေနမိၾကသည္။
အခ်ိဳ႕ေသာ အေတြ႕အၾကဳံမ်ားသည့္ ပညာ႐ွင္မ်ားသည္ ဆဲဆိုေနသည့္ လူမ်ားအား မွတ္မိၾကသည္။
“ဘယ္လိုျဖစ္တာလဲ၊ ဒီလူေတြက ေနေရာင္ဂိုဏ္းက မဟုတ္လား။ ဂ်ိခ်န္းဖန္လည္း ႐ွိေနတာပါလား”
“ဟုတ္တယ္ဟ သူတို႔ပဲ . . .”
“ဘာေတြ ျဖစ္ေနၾကလဲ မသိဘူး။ အနႏၲသူေတာ္စင္က ေနေရာင္ဂိုဏ္းကို ဘာသြားလုပ္လဲ မသိပါဘူး။ ဒီေလာက္ထိ ဘာလို႔ ဆဲဆိုေနၾကတာပါလိမ့္။ သူတို႔ေတြ မတည့္ၾကဘူးလို႔လည္း မၾကားမိပါဘူး။ အခုဘယ္လိုျဖစ္ၿပီး ၿငိကုန္ၾကတာလဲ . . .”
“ေတာ္ေတာ္ေတာ့ ထူးဆန္းတယ္။ ဒါေပမယ့္ တစ္ဖက္လွည့္ေတြးၾကည့္ရင္ အနႏၲသူေတာ္စင္ကို ေနေရာင္ဂိုဏ္းကလြဲၿပီး ဘယ္သူကမ်ား ေစာ္ကားရဲမွာလဲ . . .”
“ဒီကိစၥရဲ႕ ေနာက္ကြယ္မွာ အေၾကာင္းတစ္ခုခုေတာ့ ႐ွိရမယ္။ အဲဒီအေၾကာင္းကလည္း ေတာ္ေတာ္ စိတ္ဝင္စားစရာ ေကာင္းမွာပဲ . . .”
“ေနေရာင္ဂိုဏ္းက လူေတြကို ၾကည့္ပါဦး။ သူတို႔ရဲ႕ ဘိုးေဘးေတြ ဂူဗိမာန္ အတူးခံလိုက္ရသလိုကို ဆတ္ဆတ္ခါ ျဖစ္ေနလိုက္ၾကတာ . . .”
“အနႏၲသူေတာ္စင္က သူတို႔ထဲက တစ္ေယာက္ေယာက္ရဲ႕ မိန္းမကို ခိုးသြားတာလည္း ျဖစ္ႏိုင္တာပဲ . . .”
“ဟားဟား . . . ျဖစ္ႏိုင္တယ္ ျဖစ္ႏိုင္တယ္ . . .”
“ဒီလိုလူေတြ တိုက္ၾကခိုက္ၾကမယ္ဆို ငါတို႔လို အဆင့္ေတြက ေဝးေဝးေနတာ ေကာင္းပါတယ္။ ကိုယ့္အသက္လုံျခဳံဖို႔က အေရးႀကီးဆုံးပဲ . . .”
“ဒါေပါ့ . . . လုံျခဳံဖို႔က ပထမပဲ . . .”
. . .
ၾကည့္ေနသူမ်ားသည္ တီးတိုးေဝဖန္ ေျပာဆိုေနၾကၿပီး ခပ္ေဝးေဝးသို႔ ေနရာေ႐ြ႕သြားၾကသည္။ သို႔ေသာ္ မည္သူမွ် ျပန္သြားျခင္း မ႐ွိေခ်။ ထိုလူမ်ားသည္ သူတို႔၏ ဘဝတြင္ ေနာက္ထပ္ ျမင္ေတြ႕ရန္ မျဖစ္ႏိုင္ေလာက္သည့္ ျမင္ကြင္းမ်ိဳး ျဖစ္ေနသည့္အတြက္ လက္လြတ္မခံခ်င္ၾကသည့္ပုံပင္။
“အားလုံး တိတ္ၾကစမ္း . . .”
ထိုအခ်ိန္တြင္ ေဒါသတႀကီးျဖင့္ ေအာ္ဟစ္လိုက္သည့္ အသံတစ္သံအား ၾကားလိုက္ၾကရသည္။
ထိုအသံသည္ အမတ္ႀကီးဇူ၏ အိမ္ေတာ္မွ ထြက္ေပၚလာသည့္ အသံျဖစ္သည္။ အမတ္ႀကီးဇူ၏ အိမ္သည္ ေတာ္ဝင္အိမ္ေတာ္၏ ေဘးတြင္ ႐ွိေလသည္။
အသံပိုင္႐ွင္သည္ အနက္ေရာင္ဝတ္႐ုံအား ဝတ္ဆင္ထားကာ မ်က္ႏွာကိုလည္း ဖုံးအုပ္ထားသည္။ သို႔ေသာ္ ထိုလူ၏ ေအးစက္စက္ မ်က္လုံးမ်ားကိုမူ အတိုင္းသား ျမင္ေတြ႕ရလ်က္ ႐ွိသည္။
အနက္ေရာင္ဝတ္ျဖင့္လူသည္ ေနေရာင္ဂိုဏ္းမွ လူမ်ားထံသို႔ ပ်ံသန္းသြားသည္။
ထိုလူ၏ မ်က္လုံးမ်ားသည္ မီးဝင္းဝင္း ေတာက္လ်က္ ႐ွိသည္။ ထို႔ေနာက္ ေအးစက္မာေၾကာေသာ အသံျဖင့္ -
“ဂ်ိခ်န္းဖန္ . . . မင္းတို႔ ေနေရာင္ဂိုဏ္းက ေတာ္ေတာ္ သတၱိေကာင္းေနပါလား။ ဘယ္လိုေတာင္ ရဲတင္းေနရတာလဲ . . .”
အနႏၲသူေတာ္စင္ အစစ္အမွန္ ေပၚလာသည့္အခ်ိန္ အနႏၲသူေတာ္စင္ အတုသည္ စိတ္ပင္ပန္း လူပင္ပန္း ျဖစ္ေနၿပီ ျဖစ္သည္။
ရဲေ႐ွာင္သည္ နံရံေထာင့္ တစ္ေနရာတြင္ ပုန္းခိုေနျခင္းျဖစ္ၿပီး သူ၏ ရင္ဘတ္တစ္ခုလုံးသည္လည္း ေပါက္ကြဲထြက္မတတ္ပင္ တုန္ခါလ်က္ ႐ွိသည္။
ရဲေ႐ွာင္ အလြန္ပင္ပန္း ႏြမ္းနယ္၍ အားကင္ကုန္ခန္းေနၿပီ ျဖစ္သည္။
မပင္ပန္းဘဲ မည္သို႔ ေနမည္နည္း။ အဆင့္နိမ့္ ေကာင္းကင္အဆင့္ ပညာ႐ွင္တစ္ဦးသာ ျဖစ္ေသးသည့္ ရဲေ႐ွာင္သည္ ေကာင္းကင္အဆင့္ျမင့္ ပညာ႐ွင္ေပါင္း မ်ားစြာ၏ လိုက္လံ ဖမ္းဆီးျခင္းအား ခံခဲ့ရသည္။ အခ်ိဳ႕ဆိုလွ်င္ ေကာင္းကင္အဆင့္ ၉ ပင္ ႐ွိေနၾကၿပီ ျဖစ္၏။ ထိုကဲ့သို႔ေသာ ပညာ႐ွင္ႀကီးမ်ားအား ရဲေ႐ွာင္သည္ အေပၚစီးမွ မေခ်မငံ ဆက္ဆံခဲ့ေလသည္။
ယခုအခါ အလြန္ပင္ပန္းႏြမ္းနယ္ေနၿပီ ျဖစ္သည္။ ရဲေ႐ွာင္ လွ်ပ္စီးကဲ့သို႔ လ်င္ျမန္စြာ ေျပးလႊားႏိုင္ခဲ့ျခင္းမွာလည္း သူ၏ ရယ္ေမာျခင္း ေကာင္းကင္ က်င့္စဥ္ အစြမ္းေၾကာင့္ပင္ ျဖစ္သည္။ ထို႔ေၾကာင့္ ေနေရာင္ဂိုဏ္းမွ လူမ်ားထက္ ပိုမိုျမန္ဆန္႐ုံသာမက လွပစြာပင္ ပ်ံသန္းႏိုင္ခဲ့ျခင္း ျဖစ္သည္။
ရဲေ႐ွာင္သည္ ထိုရယ္ေမာျခင္းေကာင္းကင္ က်င့္စဥ္အေပၚ ယုံၾကည္မႈ အျပည့္အဝ ႐ွိခဲ့ေသာေၾကာင့္ သာ ယခုကဲ့သို႔ ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။ ရဲေ႐ွာင္သာလွ်င္ ထိုတာဝန္အား ထမ္းေဆာင္ႏိုင္မည္ ျဖစ္သည္။ နင္ဘီလ်ဴသည္ ရဲေ႐ွာင္ထက္ ပို၍ အစြမ္းထက္သည့္တိုင္ ရဲေ႐ွာင္ကဲ့သို႔ သ႐ုပ္ေဆာင္ႏိုင္လိမ့္မည္ မဟုတ္ေပ။
ထို႔အျပင္ အပ္ဆိုသည့္ လက္နက္ကိုလည္း လူတိုင္း အသုံးျပဳႏိုင္မည္ မဟုတ္သျဖင့္ ရဲေ႐ွာင္သာလွ်င္ ထိုတာဝန္အား ယူခဲ့ျခင္း ျဖစ္သည္။
ယခုအခါ သူ စီစဥ္ထားသည့္အတိုင္း ျဖစ္လာခဲ့ေသာ္လည္း ရဲေ႐ွာင္သည္ ေနေရာင္ဂိုဏ္းမွ လူမ်ားအား အလြန္အကြၽံ ေဒါသထြက္ေအာင္ ျပဳလုပ္မိခဲ့သည္။ သို႔ေသာ္ မထင္မွတ္စြာပင္ ေနေရာင္ဂိုဏ္းမွ လူမ်ားသည္ သူ၏ ေနာက္မွ အသည္းအသန္ ထပ္ၾကပ္မခြာ လိုက္လာခဲ့ၾကသည္။ ဂ်ိခ်န္းဖန္ဆိုလွ်င္ သူ၏ ဓားအား အသုံးျပဳ၍ပင္ ပိုမိုလွ်င္ျမန္ေအာင္လုပ္၍ လိုက္ပါလာခဲ့သည္။
ရဲေ႐ွာင္သည္ ပ်ံသန္းေျပးလႊားျခင္း အရာတြင္ အားလုံးထက္ သာလြန္မႈ႐ွိသည္။ သို႔ေသာ္ ထိုလူမ်ားထက္ ၂ ဆခန္႔ လ်င္ျမန္ေနသည္ေတာ့ မဟုတ္ေခ်။ ဂ်ိခ်န္းဖန္မွ အစြမ္းကုန္သုံးခဲ့သျဖင့္ ရဲေ႐ွာင္သည္ မည္သို႔မွ် မ်က္ေျခမျဖတ္ႏိုင္ခဲ့ေပ။ ထိုသို႔ျဖင့္ပင္ သူ၏ ေနာက္မွ တျဖည္းျဖည္း နီးကပ္လာခဲ့သည္။
ထိုအခ်ိန္တြင္ ရဲေ႐ွာင္လည္း ဆုံးျဖတ္ခ်က္တစ္ခုအား ျမန္ျမန္ဆန္ဆန္ ခ်လိုက္သည္။ သူ၏ ဟင္းလင္းျပင္ႀကီးထဲမွ စြမ္းအင္မ်ား အားလုံး အကုန္အစင္ ထုတ္သုံးကာ သူ႕ကိုယ္သူ အ႐ွိန္ျမင့္တက္ေအာင္ ျပဳလုပ္ခဲ့သည္။ ထို႔ေၾကာင့္ပင္ ေနာက္ဆုံးတြင္ ဂ်ိခ်န္းဖန္အား မ်က္ေျချဖတ္ႏိုင္ခဲ့ျခင္းပင္ ျဖစ္ပါေတာ့သည္။