မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 352
“ဆဲဆိုကြခြင်း”
ပထမဆုံး အကြိမ်အဖြစ် လေလံပွဲတွင် နေရောင်ဂိုဏ်းသည် ဝမ်အာ၏ စော်ကားမှုအား ခံခဲ့ကြရသည်။ ထိုအချိန်ကတည်းက ဂျိချန်းဖန်သည် သူ၏ ဒေါသများအား ပေါက်ကွဲပစ်ချင်နေမိခဲ့သည်။
ယခုအခါတွင် ဝမ်အာသည် နေရောင်ဂိုဏ်းအား ဒုတိယအကြိမ် ထပ်မံ၍ စော်ကားခဲ့သည်သာမက အနန္တသူတော်စင်ကပါ လာရောက်စော်ကားခဲ့သည်။
ဂျိချန်းချန်အဖို့ မိမိကိုယ်ကို သတ်သေပစ်ချင်နေမိပြီ ဖြစ်သည်။
(မုန်တိုင်းအိမ်တော်ကို ငါတို့ ရင်မဆိုင်နိုင်ဘူး ဆိုတာတော့ ထားလိုက်ပါတော့၊ အနန္တရေကန်ကိုရော ငါတို့ ရင်ဆိုင်နိုင်မှာလား . . .)
အနန္တရေကန် ဆိုသည်မှာ ကမ္ဘာပေါ်တွင် ကြောက်စရာ အကောင်းဆုံး လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်း တစ်ခုပင် ဖြစ်သည်။ ထိုအဖွဲ့အစည်းမှ လူများသည် အလွန်အစွမ်းထက်ကြပြီး အင်အားအရာတွင်လည်း အလွန် တောင့်တင်းသော အဖွဲ့တစ်ခု ဖြစ်သည်။
သာမန်အချိန်မျိုးတွင် နေရောင်ဂိုဏ်းသည် ယခုကဲ့သို့ ပြန်လည် တိုက်ခိုက်ရဲမည် မဟုတ်ချေ။
သို့သော် ယခုအခါတွင်မူ ထိုသို့ စဉ်းစားဆင်ခြင်နိုင်ခြင်း မရှိတော့ပေ။
ရင်ဆိုင်နိုင်သည် မရင်ဆိုင်နိုင်သည်ကို ဂရုမစိုက်ကြတော့ဘဲ သေသေရှင်ရှင် တိုက်ခိုက်တော့မည် သာ ဖြစ်ပေသည်။
အရှေ့မှ ပြေးလွှားနေသည့် အနက်ရောင်ဝတ်လူအား ကြည့်ရင်း ဂျိချန်းဖန်၏ စိတ်ထဲတွင် -
(မင်းပြေးစမ်း၊ ကောင်းကင်ဘုံပေါ်သွားလည်း လိုက်မယ်။ ငရဲပြည်ဆင်းလဲ ရအောင်လိုက်မယ်။ မင်းဘယ်ကိုပြေးပြေး ငါလုံးဝ အရှုံးမပေးဘဲ ရအောင် လိုက်ပြမယ် . . .)
အနက်ရောင်ဝတ်လူသည် ပြေးနေရင်းမှ -
“ရပ်လိုက်တော့ အရူးရဲ့၊ ငါ့ကို မင်း အထင်မှားနေပြီကွ . . .”
ဂျိချန်းဖန်၏ စိတ်ထဲတွင် အနက်ရောင်ဝတ်လူအား မကျေမနပ် ဖြစ်သွားသည်။
(မင်းက ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး မိစ္ဆာအရှင်သခင် တစ်ယောက်ပဲ။ အခုတော့ မင်းက ဝန်မခံချင်ဘူး ဖြစ်နေတယ်။ ကိုယ်လုပ်ခဲ့တာကို ကိုယ်တာဝန် မယူချင်တာလား၊ မင်းကို တော်တော် အထင်သေးသွားမိပြီ . . .)
ဂျိချန်းဖန်သည် အလွန် ဒေါသထွက်လာသည့်အတွက် အရှိန်မြင့်၍ ပျံသန်းရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ရုတ်တရက်ဆိုသလိုပင် ကျယ်လောင်သော အသံတစ်သံအား ကြားလိုက်ရသည်။
"ဘုန်း . . ."
အိမ်တစ်လုံး အမိုး ပြိုကျသွားသည့် အသံဖြစ်သည်။ ဂျိချန်းဖန်လည်း ထိုအသံ ထွက်ပေါ်လာရာ နေရာသို့ လှမ်းကြည့်မိလိုက်သောကြောင့် အနက်ရောင်ဝတ်လူအား မျက်ခြေပြတ်သွားလေသည်။
တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်ကြောင်း ဂျိချန်းဖန် သိလိုက်သည်။ ထို့ကြောင့် ရပ်တန့်ရန် ကြိုးစားလိုက်သော်လည်း ဓားနှင့် စွမ်းအင်များ ပေါင်းစပ်၍ အရှိန်မြန်စေရန် ပြုလုပ်ထားသောကြောင့် ချက်ချင်း မရပ်တန့်နိုင်ခဲ့ချေ။ အိမ်အချို့အား ကျော်လွန်သွားပြီးမှသာ အရှိန်ရပ်တန့်သွားခဲ့သည်။ ထို့နောက် အနက်ရောင်ဝတ်လူ ပျောက်သွားသည့် နေရာသို့ သွားပြန်သွားကြည့်သောအခါ လမ်းသွယ် ၂ ခုအား တွေ့လိုက်ရလေသည်။
ထိုလမ်းသွယ်များသည် အရှေ့၊ အနောက်၊ တောင်နှင့်မြောက် အရပ်လေးမျက်နှာလုံးအား ဆက်သွယ်ထားသော လမ်းဖြစ်ပြီး လမ်းများ အားလုံးတွင် လူသူ အရိပ်အယောင်ဟူ၍လည်း မတွေ့ရချေ။
အနက်ရောင်ဝတ်လူသည် မည်သည့်လမ်းသို့ ထွက်သွားသည်ကို သူမသိနိုင်တော့ပေ။
လုံးဝ မျက်ခြေပြတ်သွားခဲ့ချေပြီ။
ဂျိချန်းဖန်သည် အတွေ့အကြုံ ရင့်ကျက်သော လူတစ်ဦး ဖြစ်သဖြင့် လှုပ်ရှားမှု တစ်ခုအား မြန်မြန်ဆန်ဆန် ပြုလုပ်လိုက်သည်။ သူ၏ ချီဓာတ်များအား စုစည်း၍ တစ်ချက် အော်ဟစ်လိုက်ပြီးနောက် ဓားထံသို့ စွမ်းအင်များ ပို့လွှတ်လိုက်လေသည်။ ထိုအခါ ဓားမှ အပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုဓားနှင့်အတူ ဂျိချန်းဖန်သည် မြေပြင်ထက် အမြင့် ပေ ၁၀၀ ခန့် မြင့်သည် လေထဲသို့ ရောက်ရှိသွားလေသည်။ ထို့နောက် အရပ်လေးမျက်နှာသို့ စူးရဲသော မျက်လုံးအစုံဖြင့် ကြည့်၍ ဝတ်ရုံနက်ဝတ်နှင့်လူအား ခြေရာခံနိုင်ရန် ကြိုးစားလိုက်သည်။
သူ၏ အပြုအမူသည် လက်ရှိအခြေအနေတွင် အကောင်းဆုံး လုပ်ဆောင်လိုက်ခြင်းပင် ဖြစ်သည်။ အနက်ရောင်ဝတ်လူသည် မည်သည့်ဘက်သို့ ထွက်ပြေးပုန်းရှောင် သွားသည်ဖြစ်စေ လေပေါ်အမြင့်မှ ပျံသန်း၍ ကြည့်လိုက်သဖြင့် သေချာပေါက်ပင် တွေ့မြင်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော် မည်သည့် အရိပ်အယောင်ကိုမျှ မတွေ့ရဘဲ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်လျက်ပင် ရှိနေခဲ့သည်။ သက်ရှိဟူ၍ ကြွက်တစ်ကောင်ပင် မရှိချေ။
ညသည် နက်သထက် နက်လာခဲ့ချေပြီ။
လမ်းမများတွင်လည်း မြူနှင်းအချို့ ကျလျက်ရှိသည်။ မှောင်မိုက်သောည နှင့် အဆိုပါ မြူနှင်းတို့ ပေါင်းစပ်လိုက်သောအခါ မြို့သည် ခြောက်ခြားဖွယ်ရာ အတိပင် ဖြစ်နေလေသည်။
တိတ်ဆိတ်မှုသည်ပါ ထပ်လောင်း၍ လွှမ်းခြုံလိုက်သောအခါ ပတ်ဝန်းကျင် အခြေအနေသည် ပို၍ပင် ကျောချမ်းဖွယ်ရာ ကောင်းလျက် ရှိသည်။
ထိုအချိန်တွင် ဂျိချန်းဖန်၏ အနားသို့ နေရောင်ဂိုဏ်းမှလူအချို့ ရောက်ရှိလာကြသည်။
လူစိမ်းတစ်ဦးမှ သူတို့ဆီသို့ တမင်လာရောက်၍ အထင်မြင်သေးစွာ စော်ကားခဲ့သည်သာမက အဖွဲ့ဝင် ဖြစ်သော ကောင်းကင်အဆင့် ပညာရှင်တစ်ဦးကိုပင် သတ်ဖြတ်သွားခဲ့သည်။ သို့သော် ထိုလူအား အချိန်များစွာ အားအင်များစွာ အကုန်ခံ၍ လိုက်ကြသည့်တိုင် ယခုအခါတွင် မျက်ခြေပြတ်သွားခဲ့ပြီ ဖြစ်သည်။
ဂျိချန်းဖန်၏ နဖူးတွင် ချွေးများ ပြန်လာပြီ ဖြစ်သည်။ သူ၏ မျက်လုံးများသည် ယခင်ကထက် ပို၍ စူးရှလာပြီး ပတ်ဝန်းကျင်အား စေ့စေ့စပ်စပ် ကြည့်နေမိသည်။ သိမ်းဌက်တစ်ကောင်၏ အကြည့်မျိုးနှင့်အတူ လက်ထဲတွင်လည်း ဓားအား ဆုပ်ကိုင်ထား၍ မျက်ခြေမပြတ်ပင် ရှာဖွေနေမိသည်။ ရန်သူအား ရှာဖွေနေသည့်အချိန်တွင် မကျေနပ်ချက် ဒေါသများနှင့်အတူ ဂျိချန်းဖန်ထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များသည်လည်း ထွက်ပေါ်လျက် ရှိသည်။
ခဏအကြာတွင် ဂျိချန်းဖန်သည် သူ၏ စိတ်အား ဒုန်းဒုန်းချလိုက်မိသည်။ ဝတ်ရုံနက်ဝတ်နှင့်လူအား လုံးဝ မျက်ခြေပြတ်သွားပြီ ဖြစ်ကြောင်း အသေအချာ သိလိုက်ပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ဒေါသကြောင့် သူ၏ အသက်ရှူသံများသည်လည်း ပုံမှန် မဟုတ်တော့ပေ။ ထို့နောက် အကြံကုန် ဂဠုန်ဆားချက် ဆိုသည့်အတိုင်း ဂျိချန်းဖန်သည် ကောင်းကင်ပေါ်သို့ မျက်နှာမူ၍ ကျယ်လောင်သော အသံနက်ကြီးဖြင့် -
“အနန္တသူတော်စင် . . . ထွက်လာခဲ့စမ်း၊ ထွက်ခဲ့စမ်းပါ . . .”
သူ၏ အော်သံသည် ကျယ်လောင်လွန်းလှသဖြင့် မိုင် ၂၀ ပတ်လည် အကွာအဝေးလောက်မှပင် ကြားရပေလိမ့်မည်။
ဂျိချန်ဖန် ပတ်ဝန်းကျင်အား ထပ်မံအကဲခတ်ကြည့်သည့် အခါတွင်လည်း တိတ်ဆိတ်လျက်သာ ရှိနေသေးသည်။ အနက်ရောင်ဝတ်လူသည် နောက်တစ်ကြိမ် ထပ်မံ၍ ပေါ်လာတော့မည့် ပုံစံမျိုး မရှိချေ။
ခဏကြာပြီးနောက် ဂျိချန်းဖန်လည်း သူ၏ စွမ်းအင်သိုလှောင်ရာမှ ချီဓာတ်များအား အသုံးပြု၍ ထပ်မံ အော်လိုက်ပြန်သည်။
“အနန္တသူတော်စင် . . . မင်းက ငကြောက်လား၊ သတ္တိနည်းလှချည်လားကွ . . .”
သူ၏ အသံသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်လွန်းလှပြီး ပထမ အခေါက်တုန်းကထက်ပင် ပို၍ များစွာ ကျယ်လောင်လှသည်။
“ရွှစ် ရွှစ် ရွှစ် . . .”
နေရောင်ဂိုဏ်းမှ လူများအားလုံး သူ၏ ဘေးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထိုလူများသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြရင်း ပစ်မှတ်အား မျက်ခြေပြတ်သွားပြီ ဖြစ်ကြောင်း ရိပ်စားမိလိုက်သည်။
(ခေါင်းဆောင် စိတ်ဆိုးနေတာလည်း မထူးဆန်းပါဘူး။ အနန္တသူတော်စင်က တော်တော် စော်ကားခဲ့တာကိုး၊ အခုတော့ သိက္ခာတွေဘာတွေ ထည့်တွက်မနေဘဲ အနန္တသူတော်စင်ကို ပေါ်တင် စိန်ခေါ်နေတာပါလား . . .)
အဖွဲ့ထဲမှ အနန္တသူတော်စင်အား အတော်မုန်းတီးနေဟန်ရှိပြီး ပါးစပ်ဖွာတတ်သည့် လူတစ်ဦးမှ ကျယ်လောင်သော အသံဖြင့် -
“အနန္တသူတော်စင် . . . ခွေးမသား၊ ထွက်လာခဲ့စမ်း။ စောက်ရူး မိစ္ဆာအရှင်သခင်လား။ မင်းက သတ္တိကြောင်တဲ့ ငကြောက်တစ်ကောင်ပဲ။ သနားစရာ ကောင်းလိုက်တာ။ အခုတော့ ပုန်းနေရရှာပြီပေါ့။ ခွေးမသားက သတ္တိလုံးဝ မရှိဘူးပဲ . . .”
အခြားသော လူများမှလည်း ကျယ်လောင်စွာ သံပြိုင် ဆဲဆိုလိုက်ကြသည်။
“ခွေးသူတောင်းစား အနန္တသူတော်စင်၊ ထွက်လာခဲ့စမ်း . . .”
“အနန္တသူတော်စင် . . . ငကြောက်ကောင်၊ ထွက်လာမလား မလာဘူးလား . . .”
“အခုမှ သိပ်ကြောက်နေတယ်ပေါ့။ ခွေးမသား သူတောင်းစား . . . တကယ်ကို အရှက်မရှိတဲ့ ခွေးလိုကောင် . . .”
“ခွေးသူတောင်းစား . . . သူမထွက်လာဘူး ဆိုကတည်းက သတ္တိမရှိတဲ့ ငကြောက်မို့လို့ပေါ့ကွာ။ သူ့ကို ခွေးမသားလို့ ခေါ်ရမှာတောင် မတန်ဘူး၊ ခွေးမတစ်ကောင်ရဲ့ သားဖြစ်ဖို့တောင် ဒီကောင်က ထိုက်တန်လို့လား . . .”
“သောက်ရှက်မရှိတဲ့ ခွေးကောင်၊ ခွေးကမှ ရဲတင်းသေးတယ်။ သူက ခွေးလောက်တောင် သတ္တိမရှိဘူး . . .”
“မဟုတ်ဘူး . . . ခွေးတော့ ခွေးပဲကွ။ သတ္တိမရှိတဲ့ ခွေးဝဲစား၊ အဲဒါကြောင့်ပဲ ထွက်မလာရဲတာ ဖြစ်မှာပေါ့ . . .”
“ခွေးဆိုရင်တောင် မျိုးမစစ်ခွေးပဲ ဖြစ်လိမ့်မယ် . . .”
“ခွေးကောင် . . . အခုချက်ချင်း ထွက်လာစမ်း . . .”
. . .
ကောင်းကင်အဆင့် ပညာရှင် တစ်ဒါဇင်ကျော်မှ တစ်ပြိုင်နက်တည်း ဆဲဆိုနေသည်မှာ အလွန် အံ့သြဖွယ်ရာကောင်းသော ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။
ထိုလူများသည် အနန္တသူတော်စင်အား ဆဲဆိုနေသည့်အသံများအား ကြားစေချင်နေကြသည့်ပုံပင်။ ထို့ကြောင့် အော်ဟစ်ရာတွင်လည်း ချီဓာတ်များ အသုံးပြု၍ အော်ဟစ်လိုက်ကြသည်။ သူတို့၏ အသံအား အနည်းဆုံး ၁၀ မိုင် ပတ်လည် အကွာအဝေးလောက်မှပင် ကောင်းစွာ ကြားနိုင်မည် ဖြစ်သည်။ ချန်ရှင်းမြို့တော်အဖို့ တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်ပင်။
ရုတ်တရက် ချန်ရှင်းမြို့တော်၏ မြို့လယ်ခေါင်တွင် သွားလာနေကြသည့် အချို့သော ကောင်းကင်အဆင့် ပညာရှင်များသည် အသံလှိုင်းများ ရောက်ရှိလာမှုကြောင့် သတိပြုမိလိုက်ကြသည်။ ထိုအသံလှိုင်းများမှာ မြို့တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားလေသည်။
ထိုနေရာသည် တော်ဝင်အိမ်တော်များ၏ အနီးတွင် ရှိနေသဖြင့် တော်ဝင်အိမ်တော်ရှိ ဘုရင်ပင် ထိုဆဲဆိုသံများအား ကြားလိုက်ရပါလေတော့သတည်း။
မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား
Chapter – 352
“ဆဲဆိုၾကျခင္း”
ပထမဆုံး အႀကိမ္အျဖစ္ ေလလံပြဲတြင္ ေနေရာင္ဂိုဏ္းသည္ ဝမ္အာ၏ ေစာ္ကားမႈအား ခံခဲ့ၾကရသည္။ ထိုအခ်ိန္ကတည္းက ဂ်ိခ်န္းဖန္သည္ သူ၏ ေဒါသမ်ားအား ေပါက္ကြဲပစ္ခ်င္ေနမိခဲ့သည္။
ယခုအခါတြင္ ဝမ္အာသည္ ေနေရာင္ဂိုဏ္းအား ဒုတိယအႀကိမ္ ထပ္မံ၍ ေစာ္ကားခဲ့သည္သာမက အနႏၲသူေတာ္စင္ကပါ လာေရာက္ေစာ္ကားခဲ့သည္။
ဂ်ိခ်န္းခ်န္အဖို႔ မိမိကိုယ္ကို သတ္ေသပစ္ခ်င္ေနမိၿပီ ျဖစ္သည္။
(မုန္တိုင္းအိမ္ေတာ္ကို ငါတို႔ ရင္မဆိုင္ႏိုင္ဘူး ဆိုတာေတာ့ ထားလိုက္ပါေတာ့၊ အနႏၲေရကန္ကိုေရာ ငါတို႔ ရင္ဆိုင္ႏိုင္မွာလား . . .)
အနႏၲေရကန္ ဆိုသည္မွာ ကမ႓ာေပၚတြင္ ေၾကာက္စရာ အေကာင္းဆုံး လုပ္ၾကံသတ္ျဖတ္ေရး အဖြဲ႕အစည္း တစ္ခုပင္ ျဖစ္သည္။ ထိုအဖြဲ႕အစည္းမွ လူမ်ားသည္ အလြန္အစြမ္းထက္ၾကၿပီး အင္အားအရာတြင္လည္း အလြန္ ေတာင့္တင္းေသာ အဖြဲ႕တစ္ခု ျဖစ္သည္။
သာမန္အခ်ိန္မ်ိဳးတြင္ ေနေရာင္ဂိုဏ္းသည္ ယခုကဲ့သို႔ ျပန္လည္ တိုက္ခိုက္ရဲမည္ မဟုတ္ေခ်။
သို႔ေသာ္ ယခုအခါတြင္မူ ထိုသို႔ စဥ္းစားဆင္ျခင္ႏိုင္ျခင္း မ႐ွိေတာ့ေပ။
ရင္ဆိုင္ႏိုင္သည္ မရင္ဆိုင္ႏိုင္သည္ကို ဂ႐ုမစိုက္ၾကေတာ့ဘဲ ေသေသ႐ွင္႐ွင္ တိုက္ခိုက္ေတာ့မည္ သာ ျဖစ္ေပသည္။
အေ႐ွ႕မွ ေျပးလႊားေနသည့္ အနက္ေရာင္ဝတ္လူအား ၾကည့္ရင္း ဂ်ိခ်န္းဖန္၏ စိတ္ထဲတြင္ -
(မင္းေျပးစမ္း၊ ေကာင္းကင္ဘုံေပၚသြားလည္း လိုက္မယ္။ ငရဲျပည္ဆင္းလဲ ရေအာင္လိုက္မယ္။ မင္းဘယ္ကိုေျပးေျပး ငါလုံးဝ အ႐ႈံးမေပးဘဲ ရေအာင္ လိုက္ျပမယ္ . . .)
အနက္ေရာင္ဝတ္လူသည္ ေျပးေနရင္းမွ -
“ရပ္လိုက္ေတာ့ အ႐ူးရဲ႕၊ ငါ့ကို မင္း အထင္မွားေနၿပီကြ . . .”
ဂ်ိခ်န္းဖန္၏ စိတ္ထဲတြင္ အနက္ေရာင္ဝတ္လူအား မေက်မနပ္ ျဖစ္သြားသည္။
(မင္းက ကမ႓ာ့ေၾကာက္စရာ အေကာင္းဆုံး မိစၧာအ႐ွင္သခင္ တစ္ေယာက္ပဲ။ အခုေတာ့ မင္းက ဝန္မခံခ်င္ဘူး ျဖစ္ေနတယ္။ ကိုယ္လုပ္ခဲ့တာကို ကိုယ္တာဝန္ မယူခ်င္တာလား၊ မင္းကို ေတာ္ေတာ္ အထင္ေသးသြားမိၿပီ . . .)
ဂ်ိခ်န္းဖန္သည္ အလြန္ ေဒါသထြက္လာသည့္အတြက္ အ႐ွိန္ျမင့္၍ ပ်ံသန္းရန္ ျပင္လိုက္သည္။ ထိုအခ်ိန္တြင္ ႐ုတ္တရက္ဆိုသလိုပင္ က်ယ္ေလာင္ေသာ အသံတစ္သံအား ၾကားလိုက္ရသည္။
"ဘုန္း . . ."
အိမ္တစ္လုံး အမိုး ၿပိဳက်သြားသည့္ အသံျဖစ္သည္။ ဂ်ိခ်န္းဖန္လည္း ထိုအသံ ထြက္ေပၚလာရာ ေနရာသို႔ လွမ္းၾကည့္မိလိုက္ေသာေၾကာင့္ အနက္ေရာင္ဝတ္လူအား မ်က္ေျချပတ္သြားေလသည္။
တစ္စုံတစ္ခု မွားယြင္းေနၿပီ ျဖစ္ေၾကာင္း ဂ်ိခ်န္းဖန္ သိလိုက္သည္။ ထို႔ေၾကာင့္ ရပ္တန္႔ရန္ ႀကိဳးစားလိုက္ေသာ္လည္း ဓားႏွင့္ စြမ္းအင္မ်ား ေပါင္းစပ္၍ အ႐ွိန္ျမန္ေစရန္ ျပဳလုပ္ထားေသာေၾကာင့္ ခ်က္ခ်င္း မရပ္တန္႔ႏိုင္ခဲ့ေခ်။ အိမ္အခ်ိဳ႕အား ေက်ာ္လြန္သြားၿပီးမွသာ အ႐ွိန္ရပ္တန္႔သြားခဲ့သည္။ ထို႔ေနာက္ အနက္ေရာင္ဝတ္လူ ေပ်ာက္သြားသည့္ ေနရာသို႔ သြားျပန္သြားၾကည့္ေသာအခါ လမ္းသြယ္ ၂ ခုအား ေတြ႕လိုက္ရေလသည္။
ထိုလမ္းသြယ္မ်ားသည္ အေ႐ွ႕၊ အေနာက္၊ ေတာင္ႏွင့္ေျမာက္ အရပ္ေလးမ်က္ႏွာလုံးအား ဆက္သြယ္ထားေသာ လမ္းျဖစ္ၿပီး လမ္းမ်ား အားလုံးတြင္ လူသူ အရိပ္အေယာင္ဟူ၍လည္း မေတြ႕ရေခ်။
အနက္ေရာင္ဝတ္လူသည္ မည္သည့္လမ္းသို႔ ထြက္သြားသည္ကို သူမသိႏိုင္ေတာ့ေပ။
လုံးဝ မ်က္ေျချပတ္သြားခဲ့ေခ်ၿပီ။
ဂ်ိခ်န္းဖန္သည္ အေတြ႕အၾကဳံ ရင့္က်က္ေသာ လူတစ္ဦး ျဖစ္သျဖင့္ လႈပ္႐ွားမႈ တစ္ခုအား ျမန္ျမန္ဆန္ဆန္ ျပဳလုပ္လိုက္သည္။ သူ၏ ခ်ီဓာတ္မ်ားအား စုစည္း၍ တစ္ခ်က္ ေအာ္ဟစ္လိုက္ၿပီးေနာက္ ဓားထံသို႔ စြမ္းအင္မ်ား ပို႔လႊတ္လိုက္ေလသည္။ ထိုအခါ ဓားမွ အျပာေရာင္ အလင္းတန္းတစ္ခု ထြက္ေပၚလာခဲ့ၿပီး ထိုဓားႏွင့္အတူ ဂ်ိခ်န္းဖန္သည္ ေျမျပင္ထက္ အျမင့္ ေပ ၁၀၀ ခန္႔ ျမင့္သည္ ေလထဲသို႔ ေရာက္႐ွိသြားေလသည္။ ထို႔ေနာက္ အရပ္ေလးမ်က္ႏွာသို႔ စူးရဲေသာ မ်က္လုံးအစုံျဖင့္ ၾကည့္၍ ဝတ္႐ုံနက္ဝတ္ႏွင့္လူအား ေျခရာခံႏိုင္ရန္ ႀကိဳးစားလိုက္သည္။
သူ၏ အျပဳအမူသည္ လက္႐ွိအေျခအေနတြင္ အေကာင္းဆုံး လုပ္ေဆာင္လိုက္ျခင္းပင္ ျဖစ္သည္။ အနက္ေရာင္ဝတ္လူသည္ မည္သည့္ဘက္သို႔ ထြက္ေျပးပုန္းေ႐ွာင္ သြားသည္ျဖစ္ေစ ေလေပၚအျမင့္မွ ပ်ံသန္း၍ ၾကည့္လိုက္သျဖင့္ ေသခ်ာေပါက္ပင္ ေတြ႕ျမင္ႏိုင္လိမ့္မည္ ျဖစ္သည္။
သို႔ေသာ္ မည္သည့္ အရိပ္အေယာင္ကိုမွ် မေတြ႕ရဘဲ ပတ္ဝန္းက်င္ တစ္ခုလုံး တိတ္ဆိတ္ ၿငိမ္သက္လ်က္ပင္ ႐ွိေနခဲ့သည္။ သက္႐ွိဟူ၍ ႂကြက္တစ္ေကာင္ပင္ မ႐ွိေခ်။
ညသည္ နက္သထက္ နက္လာခဲ့ေခ်ၿပီ။
လမ္းမမ်ားတြင္လည္း ျမဴႏွင္းအခ်ိဳ႕ က်လ်က္႐ွိသည္။ ေမွာင္မိုက္ေသာည ႏွင့္ အဆိုပါ ျမဴႏွင္းတို႔ ေပါင္းစပ္လိုက္ေသာအခါ ၿမိဳ႕သည္ ေျခာက္ျခားဖြယ္ရာ အတိပင္ ျဖစ္ေနေလသည္။
တိတ္ဆိတ္မႈသည္ပါ ထပ္ေလာင္း၍ လႊမ္းျခဳံလိုက္ေသာအခါ ပတ္ဝန္းက်င္ အေျခအေနသည္ ပို၍ပင္ ေက်ာခ်မ္းဖြယ္ရာ ေကာင္းလ်က္ ႐ွိသည္။
ထိုအခ်ိန္တြင္ ဂ်ိခ်န္းဖန္၏ အနားသို႔ ေနေရာင္ဂိုဏ္းမွလူအခ်ိဳ႕ ေရာက္႐ွိလာၾကသည္။
လူစိမ္းတစ္ဦးမွ သူတို႔ဆီသို႔ တမင္လာေရာက္၍ အထင္ျမင္ေသးစြာ ေစာ္ကားခဲ့သည္သာမက အဖြဲ႕ဝင္ ျဖစ္ေသာ ေကာင္းကင္အဆင့္ ပညာ႐ွင္တစ္ဦးကိုပင္ သတ္ျဖတ္သြားခဲ့သည္။ သို႔ေသာ္ ထိုလူအား အခ်ိန္မ်ားစြာ အားအင္မ်ားစြာ အကုန္ခံ၍ လိုက္ၾကသည့္တိုင္ ယခုအခါတြင္ မ်က္ေျချပတ္သြားခဲ့ၿပီ ျဖစ္သည္။
ဂ်ိခ်န္းဖန္၏ နဖူးတြင္ ေခြၽးမ်ား ျပန္လာၿပီ ျဖစ္သည္။ သူ၏ မ်က္လုံးမ်ားသည္ ယခင္ကထက္ ပို၍ စူး႐ွလာၿပီး ပတ္ဝန္းက်င္အား ေစ့ေစ့စပ္စပ္ ၾကည့္ေနမိသည္။ သိမ္းဌက္တစ္ေကာင္၏ အၾကည့္မ်ိဳးႏွင့္အတူ လက္ထဲတြင္လည္း ဓားအား ဆုပ္ကိုင္ထား၍ မ်က္ေျခမျပတ္ပင္ ႐ွာေဖြေနမိသည္။ ရန္သူအား ႐ွာေဖြေနသည့္အခ်ိန္တြင္ မေက်နပ္ခ်က္ ေဒါသမ်ားႏွင့္အတူ ဂ်ိခ်န္းဖန္ထံမွ သတ္ျဖတ္လိုေသာ အေငြ႕အသက္မ်ားသည္လည္း ထြက္ေပၚလ်က္ ႐ွိသည္။
ခဏအၾကာတြင္ ဂ်ိခ်န္းဖန္သည္ သူ၏ စိတ္အား ဒုန္းဒုန္းခ်လိုက္မိသည္။ ဝတ္႐ုံနက္ဝတ္ႏွင့္လူအား လုံးဝ မ်က္ေျချပတ္သြားၿပီ ျဖစ္ေၾကာင္း အေသအခ်ာ သိလိုက္ၿပီ ျဖစ္ေသာေၾကာင့္ ျဖစ္သည္။ ေဒါသေၾကာင့္ သူ၏ အသက္႐ွဴသံမ်ားသည္လည္း ပုံမွန္ မဟုတ္ေတာ့ေပ။ ထို႔ေနာက္ အၾကံကုန္ ဂဠဳန္ဆားခ်က္ ဆိုသည့္အတိုင္း ဂ်ိခ်န္းဖန္သည္ ေကာင္းကင္ေပၚသို႔ မ်က္ႏွာမူ၍ က်ယ္ေလာင္ေသာ အသံနက္ႀကီးျဖင့္ -
“အနႏၲသူေတာ္စင္ . . . ထြက္လာခဲ့စမ္း၊ ထြက္ခဲ့စမ္းပါ . . .”
သူ၏ ေအာ္သံသည္ က်ယ္ေလာင္လြန္းလွသျဖင့္ မိုင္ ၂၀ ပတ္လည္ အကြာအေဝးေလာက္မွပင္ ၾကားရေပလိမ့္မည္။
ဂ်ိခ်န္ဖန္ ပတ္ဝန္းက်င္အား ထပ္မံအကဲခတ္ၾကည့္သည့္ အခါတြင္လည္း တိတ္ဆိတ္လ်က္သာ ႐ွိေနေသးသည္။ အနက္ေရာင္ဝတ္လူသည္ ေနာက္တစ္ႀကိမ္ ထပ္မံ၍ ေပၚလာေတာ့မည့္ ပုံစံမ်ိဳး မ႐ွိေခ်။
ခဏၾကာၿပီးေနာက္ ဂ်ိခ်န္းဖန္လည္း သူ၏ စြမ္းအင္သိုေလွာင္ရာမွ ခ်ီဓာတ္မ်ားအား အသုံးျပဳ၍ ထပ္မံ ေအာ္လိုက္ျပန္သည္။
“အနႏၲသူေတာ္စင္ . . . မင္းက ငေၾကာက္လား၊ သတၱိနည္းလွခ်ည္လားကြ . . .”
သူ၏ အသံသည္ မိုးႀကိဳးပစ္ခ်လိုက္သကဲ့သို႔ က်ယ္ေလာင္လြန္းလွၿပီး ပထမ အေခါက္တုန္းကထက္ပင္ ပို၍ မ်ားစြာ က်ယ္ေလာင္လွသည္။
“႐ႊစ္ ႐ႊစ္ ႐ႊစ္ . . .”
ေနေရာင္ဂိုဏ္းမွ လူမ်ားအားလုံး သူ၏ ေဘးသို႔ ေရာက္႐ွိလာခဲ့ၿပီ ျဖစ္သည္။
ထိုလူမ်ားသည္ တစ္ေယာက္ႏွင့္တစ္ေယာက္ ၾကည့္လိုက္ၾကရင္း ပစ္မွတ္အား မ်က္ေျချပတ္သြားၿပီ ျဖစ္ေၾကာင္း ရိပ္စားမိလိုက္သည္။
(ေခါင္းေဆာင္ စိတ္ဆိုးေနတာလည္း မထူးဆန္းပါဘူး။ အနႏၲသူေတာ္စင္က ေတာ္ေတာ္ ေစာ္ကားခဲ့တာကိုး၊ အခုေတာ့ သိကၡာေတြဘာေတြ ထည့္တြက္မေနဘဲ အနႏၲသူေတာ္စင္ကို ေပၚတင္ စိန္ေခၚေနတာပါလား . . .)
အဖြဲ႕ထဲမွ အနႏၲသူေတာ္စင္အား အေတာ္မုန္းတီးေနဟန္႐ွိၿပီး ပါးစပ္ဖြာတတ္သည့္ လူတစ္ဦးမွ က်ယ္ေလာင္ေသာ အသံျဖင့္ -
“အနႏၲသူေတာ္စင္ . . . ေခြးမသား၊ ထြက္လာခဲ့စမ္း။ ေစာက္႐ူး မိစၧာအ႐ွင္သခင္လား။ မင္းက သတၱိေၾကာင္တဲ့ ငေၾကာက္တစ္ေကာင္ပဲ။ သနားစရာ ေကာင္းလိုက္တာ။ အခုေတာ့ ပုန္းေနရ႐ွာၿပီေပါ့။ ေခြးမသားက သတၱိလုံးဝ မ႐ွိဘူးပဲ . . .”
အျခားေသာ လူမ်ားမွလည္း က်ယ္ေလာင္စြာ သံၿပိဳင္ ဆဲဆိုလိုက္ၾကသည္။
“ေခြးသူေတာင္းစား အနႏၲသူေတာ္စင္၊ ထြက္လာခဲ့စမ္း . . .”
“အနႏၲသူေတာ္စင္ . . . ငေၾကာက္ေကာင္၊ ထြက္လာမလား မလာဘူးလား . . .”
“အခုမွ သိပ္ေၾကာက္ေနတယ္ေပါ့။ ေခြးမသား သူေတာင္းစား . . . တကယ္ကို အ႐ွက္မ႐ွိတဲ့ ေခြးလိုေကာင္ . . .”
“ေခြးသူေတာင္းစား . . . သူမထြက္လာဘူး ဆိုကတည္းက သတၱိမ႐ွိတဲ့ ငေၾကာက္မို႔လို႔ေပါ့ကြာ။ သူ႕ကို ေခြးမသားလို႔ ေခၚရမွာေတာင္ မတန္ဘူး၊ ေခြးမတစ္ေကာင္ရဲ႕ သားျဖစ္ဖို႔ေတာင္ ဒီေကာင္က ထိုက္တန္လို႔လား . . .”
“ေသာက္႐ွက္မ႐ွိတဲ့ ေခြးေကာင္၊ ေခြးကမွ ရဲတင္းေသးတယ္။ သူက ေခြးေလာက္ေတာင္ သတၱိမ႐ွိဘူး . . .”
“မဟုတ္ဘူး . . . ေခြးေတာ့ ေခြးပဲကြ။ သတၱိမ႐ွိတဲ့ ေခြးဝဲစား၊ အဲဒါေၾကာင့္ပဲ ထြက္မလာရဲတာ ျဖစ္မွာေပါ့ . . .”
“ေခြးဆိုရင္ေတာင္ မ်ိဳးမစစ္ေခြးပဲ ျဖစ္လိမ့္မယ္ . . .”
“ေခြးေကာင္ . . . အခုခ်က္ခ်င္း ထြက္လာစမ္း . . .”
. . .
ေကာင္းကင္အဆင့္ ပညာ႐ွင္ တစ္ဒါဇင္ေက်ာ္မွ တစ္ၿပိဳင္နက္တည္း ဆဲဆိုေနသည္မွာ အလြန္ အံ့ၾသဖြယ္ရာေကာင္းေသာ ျဖစ္ရပ္တစ္ခုပင္ ျဖစ္သည္။
ထိုလူမ်ားသည္ အနႏၲသူေတာ္စင္အား ဆဲဆိုေနသည့္အသံမ်ားအား ၾကားေစခ်င္ေနၾကသည့္ပုံပင္။ ထို႔ေၾကာင့္ ေအာ္ဟစ္ရာတြင္လည္း ခ်ီဓာတ္မ်ား အသုံးျပဳ၍ ေအာ္ဟစ္လိုက္ၾကသည္။ သူတို႔၏ အသံအား အနည္းဆုံး ၁၀ မိုင္ ပတ္လည္ အကြာအေဝးေလာက္မွပင္ ေကာင္းစြာ ၾကားႏိုင္မည္ ျဖစ္သည္။ ခ်န္႐ွင္းၿမိဳ႕ေတာ္အဖို႔ တုန္လႈပ္ဖြယ္ရာ ျဖစ္ရပ္ပင္။
႐ုတ္တရက္ ခ်န္႐ွင္းၿမိဳ႕ေတာ္၏ ၿမိဳ႕လယ္ေခါင္တြင္ သြားလာေနၾကသည့္ အခ်ိဳ႕ေသာ ေကာင္းကင္အဆင့္ ပညာ႐ွင္မ်ားသည္ အသံလိႈင္းမ်ား ေရာက္႐ွိလာမႈေၾကာင့္ သတိျပဳမိလိုက္ၾကသည္။ ထိုအသံလိႈင္းမ်ားမွာ ၿမိဳ႕တစ္ခုလုံးကိုပင္ ဖုံးလႊမ္းသြားေလသည္။
ထိုေနရာသည္ ေတာ္ဝင္အိမ္ေတာ္မ်ား၏ အနီးတြင္ ႐ွိေနသျဖင့္ ေတာ္ဝင္အိမ္ေတာ္႐ွိ ဘုရင္ပင္ ထိုဆဲဆိုသံမ်ားအား ၾကားလိုက္ရပါေလေတာ့သတည္း။