မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 343
"လျှို့ဝှက်မြေပုံ"
“ခေါင်းဆောင် . . . ကျုပ်တို့ အခု ဘယ်လို လုပ်ကြမလဲ။ ဒီအတိုင်း စော်ကားတာကို ငြိမ်ခံနေကြရမှာလား . . .”
နေရောင်ဂိုဏ်းမှလူများသည် သက်ပြင်းကိုယ်စီ ချမိလိုက်ကြသည်။
ယခုကဲ့သို့သာ ဆက်လက် အစော်ကား ခံရမည် ဆိုပါက နေရောင်ဂိုဏ်းအဖို့ ရှေ့လျှောက် မလွယ်ကူ
လှချေ။ ဖိနှိပ်ခံလိုက်ရသည့်အတွက် စိတ်ထဲတွင်လည်း ရှက်ရွံ့နေမိကြသည်။
(တော်တော်ကို အသက်ရှူကြပ်စရာကောင်းတဲ့ အနေအထားပါလား . . .)
နေရောင်ဂိုဏ်းမှ လူများသည် ရင်ထဲရှိ ဒေါသများအား ပေါက်ကွဲပစ်ချင်နေကြသည်။
ဝမ်အာ၏ လက်ချက်ကြောင့် မြေပြင်ပေါ်တွင် အရိုးကြိုးပြတ် လဲကျနေသော တစ်ဂိုဏ်းတည်းသား ညီအစ်ကိုအား ကြည့်ရင်း အရိုးများအားလုံး ကျိုးကြေသွားလောက်သည်ဟု ခန့်မှန်းမိလိုက်ကြသည်။ ဒဏ်ရာဒဏ်ချက်များကြောင့် ဒုက္ခိတဖြစ်လုနီးပါးပါပင် ဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် ဂိုဏ်းသားများ အားလုံးသည် စိတ်ထဲတွင် မကျေမချမ်းပင် ဖြစ်နေကြလေသည်။
(ဒါတောင် ချမ်းသာပေးလိုက်တာလို့ ပြောသေးတယ်။ ဒီနေ့ ဝမ်အာက စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ခုခုများ ရှိနေလို့လား။ သူဘာလို့ ဒီလို လာလုပ်ရတာလဲ။ အဆင့်ဒီလောက်ထိ ကွာခြားနေတာကို တမင်သက်သက် အနိုင်ကျင့်သွားတာပဲ မဟုတ်လား။ တော်တော် သည်းမခံနိုင်စရာပဲ . . .)
ဂျိချန်းဖန်မှ ဒေါသတကြီးဖြင့် -
“မင်းတို့က ငါ့ကို ဘာလုပ်ကြမလဲ မေးနေတယ်။ ငါတို့ လုပ်သင့်တာ လုပ်ကြရမှာပေါ့ကွာ . . .”
“ငါတို့ အလုပ်ကို မုန်တိုင်းအိမ်တော်က ဝင်ရှုပ်ဦးမလား သိချင်မိတယ်။ သူတို့ကလည်း သူတို့ အကျိုးအမြတ်အတွက် လုပ်ရသလို ငါတို့ကလည်း ကိုယ့်အကျိုးအတွက် ကိုယ်လုပ်ကြရမှာပဲ . . .”
“အခု ဒီမှာ ငါတို့လူတွေ စုစည်းမိနေပြီဆိုတော့ စီစဉ်ထားတဲ့ အတိုင်းသာ လုပ်ကြတာပေါ့ . . .”
အဘိုးကြီး၏ မျက်လုံးများသည် စူးရှလျက် ရှိပြီး သွေးအေးရက်စက်တော့မည့်အသွင်ကို ဆောင်လျက် ရှိသည်။ ထို့ပြင် ရင်ထဲတွင် တောက်လောင်နေသည့် ဒေါသမီးများကြောင့် သွက်သွက်ခါအောင် ရူးသွပ်သွားတော့မည့်ပုံပင် ပေါက်နေလေသည်။
အဘိုးကြီးသာမက ကျန်သော လူများသည်လည်း သွေးများ ပွက်ပွက်ဆူမတတ်ပင် ဒေါသထွက်နေကြသည်။
ဝမ်အာသည် သူတို့၏ ဒေါသမီးများအား ဆွသွားခဲ့သည် မဟုတ်ပါလား။
အဆုံးစွန်သော ဒေါသများ ပေါက်ကွဲထွက်အောင် လုပ်သွားခဲ့ခြင်း ဖြစ်သည်။
မစဉ်းစားမဆင်ခြင်ဘဲ ဒေါသအလျောက် ပြုလုပ်လိုက်သော ကိစ္စများသည် သွေးချောင်းစီးစရာ ကိစ္စများသာ ဖြစ်လာပေလိမ့်မည်။ သူတို့၏ ပစ်မှတ် မည်သူပင် ဖြစ်နေစေကာမူ ထိုပစ်မှတ်အား သနားညှာတာမှု အလျဉ်းရှိတော့မည် မဟုတ်ချေ။
. . .
နေရောင်ဂိုဏ်းထံမှ ထွက်လာပြီးနောက် ဝမ်အာသည် ကြယ်ရောင်ဂိုဏ်း ရှိရာသို့ ရောက်လာခဲ့ပြန်သည်။ နေရောင်ဂိုဏ်း ကဲ့သို့ပင် ကြယ်ရောင်ဂိုဏ်းအား ဒေါသထွက်အောင် ပြုလုပ်ခဲ့ပြန်သည်။ မာန်မဲ၍ သတိပေးမှုများလည်း ပြုလုပ်ခဲ့သည်။
ထို့ကြောင့် ကြယ်ရောင်ဂိုဏ်းမှ လူများသည်လည်း ပေါက်ကွဲထွက်ခါနီး မီးတောင်များကဲ့သို့ပင် ဒေါသများ ထွက်သွားကြသည်။
ထိုကဲ့သို့ တို့မီးရှို့မီး လုပ်ခဲ့ပြီးနောက် ဝမ်အာသည် လုံးဝ ပျောက်ကွယ်သွားပါတော့သည်။
. . .
ဂိုဏ်းကြီး ၂ ခုစလုံးရှိ လူများ၏ ရင်ထဲတွင် ဒေါသများဖြင့် ပြည့်နှက်နေကြသည်။
အကယ်၍ ဝမ်အာဘက်မှ ထိုထက်ပို၍ ဖိနှိပ်မှုမျိုး လုပ်ခဲ့မည် ဆိုပါက ဂိုဏ်းကြီး ၂ ခုအနေဖြင့် မည်သည့်အရာကိုမျှ ပြုလုပ်ရဲတော့မည် မဟုတ်ချေ။ မုန်တိုင်းအိမ်တော်အား ကြောက်ရွံ့ကြသည့်အတွက် ငြိမ်ကုတ်သွားကြမည်သာ ဖြစ်သည်။ သို့သော် ဝမ်အာသည် ဂိုဏ်းကြီးများအား ဒေါသထွက်စေရုံသာ ပြုလုပ်ခဲ့လေသည်။
ဂိုဏ်းကြီးနှစ်ခုထံသို့ သွားပြီးနောက် ဝမ်အာသည် နေရာအသစ်တစ်ခုထံသို့ သွားရောက်ခဲ့သည်။
ထိုနေရာသည် စပါးကျီတစ်ခုပင် ဖြစ်သည်။ ထိုစပါးကျီသည် ချန်နိုင်ငံတော်အတွင်း တည်ရှိပြီး အပြာရောင်လေနိုင်ငံတော်မှ သူလျှိုများသည် သာမန်အရပ်သားများအသွင် ဟန်ဆောင်၍ လာရောက် နေထိုင် အလုပ်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် ချန်နိုင်ငံတော်ထံသို့ အခွန်အခများကိုမူ ပေးသွင်းရလေသည်။
ဝမ်အာသည် လက်အား ဝေ့ယမ်းလိုက်ပြီးနောက် အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြန်သည်။
" ရွှစ် . . ."
မြားတစ်စင်းသည် စပါးကျီအတွင်းသို့ တဟုန်ထိုး ပျံသန်း ဝင်ရောက်လာလေသည်။
စပါးကျီထဲမှ လူတစ်ယောက်သည် မြားအား ကောက်ယူ ကြည့်လိုက်သောအခါ မြေပုံတစ်ခု တွေ့လိုက်ရသည်။
ထိုမြေပုံတွင် တော်ဝင်မျိုးနွယ်အိမ်တော်၏ အစောင့်အရှောက်များ၊ လျှို့ဝှက်အကြံအစည်များ၊ တည်နေရာများ၊ ကာကွယ်ရေး အစီအမံများ၊ ခေါင်းဆောင်များ၏ နာမည်များနှင့် ပတ်သက်သော အချက်အလက်များ ပါဝင်နေလျက် ရှိသည်။
ချန်ရှင်းနိုင်ငံတော်၏ စစ်သည်များ ရှိနေသည့် နေရာများအထိပင် ပါဝင်နေပါသေးသည်။
ထို့ပြင် စပါးကျီများ၊ ကုန်လှောင်ရုံများ၊ အစောင့်အရှောက်များ၏ နာမည်များနှင့် ၎င်းတို့၏ ကျင့်ကြံမှု အဆင့်များမှအစ အသေးစိတ် ပါဝင်နေပေသည်။ ထိုအရာများ အားလုံးအား မြေပုံပေါ်တွင် ဖော်ပြထားခြင်း ဖြစ်သည်။
“ဒီမြေပုံကို ဆွဲထားတဲ့လူက တော်ရုံဉာဏ်ကောင်းတာ မဟုတ်ဘူး။ မိစ္ဆာတစ်ကောင်ပဲ ဖြစ်ရမယ်”
စပါးကျီ အတွင်းမှ မုတ်ဆိတ်မွှေးများနှင့် လူတစ်ဦးသည် မြေပုံအား ကြည့်ရင်း ချီးကျူးလိုက်သည်။
“ဒီလောက် အချက်အလက်တွေ များတဲ့ မြေပုံမျိုး တစ်ခါမှကို မမြင်ဖူးဘူး။ တော်တော်ကို မှတ်သားထားရမှာပဲ။ ချန်ရှင်းမြို့ရဲ့မြေပုံကို ဒီလောက်ထိ တိတိကျကျ ဆွဲနိုင်တာ အံ့သြစရာပါလား . . .”
“ပုံဆွဲဌာနက လူတွေတောင် ဒီလို မြေပုံမျိုး ဆွဲနိုင်မယ် မထင်ဘူး . . .”
ထိုလူသည် မြေပုံအားကြည့်ရင်း အဆက်မပြတ် ချီးကျူးနေမိသည်။
“ခေါင်းဆောင် . . . ချန်နိုင်ငံတော်က ကျုပ်တို့ကို ထောင်ချောက် ဆင်တာရော မဖြစ်နိုင်ဘူးလား။ ကျုပ်တို့ကို ထောင်ချောက်ထဲ ဆွဲသွင်းနေတာများလား . . .”
ထိုလူဘေးမှ လူတစ်ယောက်သည် တွေးတွေးဆဆဖြင့် ပြောလိုက်သည်။
“ထောင်ချောက် ဟုတ်လား . . . မင်းဦးနှောက် မရှိဘူးလား . . .”
မုတ်ဆိတ်မွှေးများဖြင့် လူမှ သူ၏ လက်ထောက်ဖြစ်ဟန်တူသူအား ကြည့်၍ ပြောလိုက်သည်။
“ချန်နိုင်ငံတော်က လူတွေသာ ငါတို့ ဘယ်သူတွေမှန်းသိရင် ဒီလို ထောင်ချောက် ဆင်နေစရာ လိုပါ့မလား။ ရဲမက်တစ်အုပ်လောက် လွှတ်လိုက်ရင်တောင် ငါတို့သေတယ်။ မင်းက ငတုံးပဲ။ မင်းသိထားရမှာက ဒီမြေပုံပေါ်က အချက်အလက်တွေက အတုတွေ ဖြစ်နေမယ် ဆိုရင်တောင် ဒီမြေပုံကို ရေးဆွဲတဲ့ ပညာက ငါတို့အသက်ထက်ကို ပိုတန်ဖိုးရှိတယ်ကွ။ တကယ်ကို ပြောင်မြောက်တဲ့ လက်ရာပဲ”
ရှိနေကြသည့် ကျန်လူများမှာလည်း ခေါင်းဆောင်ဖြစ်သူ၏ စကားအား လက်ခံသည့်ဟန်ဖြင့် ခေါင်းညိတ်မိလိုက်ကြသည်။
(ခေါင်းဆောင်ပြောတာ မှန်တယ်။ ငါတို့ကိုသာ ဘယ်ကမှန်းသိရင် ဒီလို ထောင်ချောက်ဆင်နေပါ့မလား။ မြားပစ်သွားတဲ့လူက ဒီမြေပုံကိုတောင် ဆွဲနိုင်တယ်ဆို သာမန်အရည်အချင်းမျိုးတော့ မဟုတ်လောက်ဘူး။ ငါတို့အားလုံးကို သတ်ဖို့က သူ့အတွက် သိပ်လွယ်နေမှာပဲ . . .)
“ဒီမြေပုံသာ အစစ်အမှန် ဖြစ်တယ်ဆိုရင် ချန်နိုင်ငံတော်ရဲ့ မြို့တော်ကြီးထဲ ကျုပ်တို့ လုပ်ချင်တာတွေ အလွယ်တကူ လုပ်လို့ ရနိုင်တော့မှာပေါ့ . . .”
နောက်လူတစ်ယောက်မှ အားရဝမ်းသာဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
ခေါင်းဆောင်ဖြစ်သူသည် သူ၏ မေးစေ့အား ပွတ်ကာ -
“ဒီလိုပဲ ဆိုရမှာပေါ့ . . .”
“ဒါပေမယ့် တစ်ခုခု လုပ်မယ်ဆိုရင် အရင်ဆုံး လုပ်နိုင်တဲ့ အစွမ်းအစမျိုး ရှိဖို့ လိုအပ်တယ်။ ငါတို့က ဒီမှာ တသီးတသန့် နေနေကြတာ။ ငါတို့ ထင်တိုင်းကြဲလို့တော့ မရဘူးကွ။ ဒါပေမယ့် ငါတုိ့ အင်အားတချို့တော့ သုံးလို့ရနိုင်ပါတယ်။ ချန်ရှင်းမြို့ထဲမှာ လူတစ်ဝက်ကျော်လောက်က ချန်နိုင်ငံတော်ကို မုန်တီးနေကြတာ။ သူတို့ရဲ့ အင်အားကိုသာ အသုံးချမယ် ဆိုရင်တော့ . . .”
ထို့နောက် တခဏမျှ စဉ်းစားလိုက်ပြန်ရင်း -
“ငါတို့ ဒီတစ်ခေါက်က အချက်အလက်တွေကို ဖွင့်ချလိုက်ရုံပဲကွ။ ကိုယ်တိုင်ကိုယ်ကျ ဘာမှ လုပ်စရာ မလိုဘူး။ ငါတို့က အမှောင်ထဲကနေ အရိပ်အခြေ ကြည့်နေရုံပဲ . . .”
“အင်အားစုတွေထဲ ပုန်းအောင်းနေကြတဲ့ ငါတို့လူတွေကို ဆက်သွယ်ကြ။ သူတို့ကို ဒီမြေပုံပါ အချက်အလက်တွေ ပေးရမယ်။ မြန်မြန်လုပ်ကြဟေ့ . . .”
မုတ်ဆိတ်မွှေးနှင့်လူသည် အမိန့်ပေးလိုက်သည်။
“တော်တော်ကောင်းတဲ့ အစီအစဉ်တွေ ဖြစ်လာတော့မှာပဲ . . . ချန်နိုင်ငံတော်လည်း ဒုက္ခပင်လယ်ဝေရတော့မှာပေါ့ကွာ . . .”
သို့သော် ခဏအကြာတွင် မျက်မှောင်ကြုတ်လိုက်ပြန်ရင်း -
“ဒါပေမယ့် ဒီမြေပုံကို ဘယ်သူကများ ငါတို့ကို ပေးတာ ဖြစ်မလဲ။ ငါတို့ရဲ့ သရုပ်အမှန်ကိုရော ဘယ်လို သိနေရတာလဲ . . .”
အကယ်၍ သရုပ်အမှန်အား မသိပါက မြေပုံအား သေချာပေါက် ပေးလိမ့်မည် မဟုတ်ကြောင်း မုတ်ဆိတ်မွှေးနှင့်လူ စဉ်းစားမိလိုက်ပါတော့သည်။
မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား
Chapter – 343
"လွ်ိဳ႕ဝွက္ေျမပုံ"
“ေခါင္းေဆာင္ . . . က်ဳပ္တို႔ အခု ဘယ္လို လုပ္ၾကမလဲ။ ဒီအတိုင္း ေစာ္ကားတာကို ၿငိမ္ခံေနၾကရမွာလား . . .”
ေနေရာင္ဂိုဏ္းမွလူမ်ားသည္ သက္ျပင္းကိုယ္စီ ခ်မိလိုက္ၾကသည္။
ယခုကဲ့သို႔သာ ဆက္လက္ အေစာ္ကား ခံရမည္ ဆိုပါက ေနေရာင္ဂိုဏ္းအဖို႔ ေ႐ွ႕ေလွ်ာက္ မလြယ္ကူ
လွေခ်။ ဖိႏွိပ္ခံလိုက္ရသည့္အတြက္ စိတ္ထဲတြင္လည္း ႐ွက္႐ြံ႕ေနမိၾကသည္။
(ေတာ္ေတာ္ကို အသက္႐ွဴၾကပ္စရာေကာင္းတဲ့ အေနအထားပါလား . . .)
ေနေရာင္ဂိုဏ္းမွ လူမ်ားသည္ ရင္ထဲ႐ွိ ေဒါသမ်ားအား ေပါက္ကြဲပစ္ခ်င္ေနၾကသည္။
ဝမ္အာ၏ လက္ခ်က္ေၾကာင့္ ေျမျပင္ေပၚတြင္ အ႐ိုးႀကိဳးျပတ္ လဲက်ေနေသာ တစ္ဂိုဏ္းတည္းသား ညီအစ္ကိုအား ၾကည့္ရင္း အ႐ိုးမ်ားအားလုံး က်ိဳးေၾကသြားေလာက္သည္ဟု ခန္႔မွန္းမိလိုက္ၾကသည္။ ဒဏ္ရာဒဏ္ခ်က္မ်ားေၾကာင့္ ဒုကၡိတျဖစ္လုနီးပါးပါပင္ ျဖစ္သြားခဲ့ရသည္။ ထို႔ေၾကာင့္ ဂိုဏ္းသားမ်ား အားလုံးသည္ စိတ္ထဲတြင္ မေက်မခ်မ္းပင္ ျဖစ္ေနၾကေလသည္။
(ဒါေတာင္ ခ်မ္းသာေပးလိုက္တာလို႔ ေျပာေသးတယ္။ ဒီေန႔ ဝမ္အာက စိတ္အေႏွာင့္အယွက္ ျဖစ္စရာ တစ္ခုခုမ်ား ႐ွိေနလို႔လား။ သူဘာလို႔ ဒီလို လာလုပ္ရတာလဲ။ အဆင့္ဒီေလာက္ထိ ကြာျခားေနတာကို တမင္သက္သက္ အႏိုင္က်င့္သြားတာပဲ မဟုတ္လား။ ေတာ္ေတာ္ သည္းမခံႏိုင္စရာပဲ . . .)
ဂ်ိခ်န္းဖန္မွ ေဒါသတႀကီးျဖင့္ -
“မင္းတို႔က ငါ့ကို ဘာလုပ္ၾကမလဲ ေမးေနတယ္။ ငါတို႔ လုပ္သင့္တာ လုပ္ၾကရမွာေပါ့ကြာ . . .”
“ငါတို႔ အလုပ္ကို မုန္တိုင္းအိမ္ေတာ္က ဝင္႐ႈပ္ဦးမလား သိခ်င္မိတယ္။ သူတို႔ကလည္း သူတို႔ အက်ိဳးအျမတ္အတြက္ လုပ္ရသလို ငါတို႔ကလည္း ကိုယ့္အက်ိဳးအတြက္ ကိုယ္လုပ္ၾကရမွာပဲ . . .”
“အခု ဒီမွာ ငါတို႔လူေတြ စုစည္းမိေနၿပီဆိုေတာ့ စီစဥ္ထားတဲ့ အတိုင္းသာ လုပ္ၾကတာေပါ့ . . .”
အဘိုးႀကီး၏ မ်က္လုံးမ်ားသည္ စူး႐ွလ်က္ ႐ွိၿပီး ေသြးေအးရက္စက္ေတာ့မည့္အသြင္ကို ေဆာင္လ်က္ ႐ွိသည္။ ထို႔ျပင္ ရင္ထဲတြင္ ေတာက္ေလာင္ေနသည့္ ေဒါသမီးမ်ားေၾကာင့္ သြက္သြက္ခါေအာင္ ႐ူးသြပ္သြားေတာ့မည့္ပုံပင္ ေပါက္ေနေလသည္။
အဘိုးႀကီးသာမက က်န္ေသာ လူမ်ားသည္လည္း ေသြးမ်ား ပြက္ပြက္ဆူမတတ္ပင္ ေဒါသထြက္ေနၾကသည္။
ဝမ္အာသည္ သူတို႔၏ ေဒါသမီးမ်ားအား ဆြသြားခဲ့သည္ မဟုတ္ပါလား။
အဆုံးစြန္ေသာ ေဒါသမ်ား ေပါက္ကြဲထြက္ေအာင္ လုပ္သြားခဲ့ျခင္း ျဖစ္သည္။
မစဥ္းစားမဆင္ျခင္ဘဲ ေဒါသအေလ်ာက္ ျပဳလုပ္လိုက္ေသာ ကိစၥမ်ားသည္ ေသြးေခ်ာင္းစီးစရာ ကိစၥမ်ားသာ ျဖစ္လာေပလိမ့္မည္။ သူတို႔၏ ပစ္မွတ္ မည္သူပင္ ျဖစ္ေနေစကာမူ ထိုပစ္မွတ္အား သနားညႇာတာမႈ အလ်ဥ္း႐ွိေတာ့မည္ မဟုတ္ေခ်။
. . .
ေနေရာင္ဂိုဏ္းထံမွ ထြက္လာၿပီးေနာက္ ဝမ္အာသည္ ၾကယ္ေရာင္ဂိုဏ္း ႐ွိရာသို႔ ေရာက္လာခဲ့ျပန္သည္။ ေနေရာင္ဂိုဏ္း ကဲ့သို႔ပင္ ၾကယ္ေရာင္ဂိုဏ္းအား ေဒါသထြက္ေအာင္ ျပဳလုပ္ခဲ့ျပန္သည္။ မာန္မဲ၍ သတိေပးမႈမ်ားလည္း ျပဳလုပ္ခဲ့သည္။
ထို႔ေၾကာင့္ ၾကယ္ေရာင္ဂိုဏ္းမွ လူမ်ားသည္လည္း ေပါက္ကြဲထြက္ခါနီး မီးေတာင္မ်ားကဲ့သို႔ပင္ ေဒါသမ်ား ထြက္သြားၾကသည္။
ထိုကဲ့သို႔ တို႔မီး႐ိႈ႕မီး လုပ္ခဲ့ၿပီးေနာက္ ဝမ္အာသည္ လုံးဝ ေပ်ာက္ကြယ္သြားပါေတာ့သည္။
. . .
ဂိုဏ္းႀကီး ၂ ခုစလုံး႐ွိ လူမ်ား၏ ရင္ထဲတြင္ ေဒါသမ်ားျဖင့္ ျပည့္ႏွက္ေနၾကသည္။
အကယ္၍ ဝမ္အာဘက္မွ ထိုထက္ပို၍ ဖိႏွိပ္မႈမ်ိဳး လုပ္ခဲ့မည္ ဆိုပါက ဂိုဏ္းႀကီး ၂ ခုအေနျဖင့္ မည္သည့္အရာကိုမွ် ျပဳလုပ္ရဲေတာ့မည္ မဟုတ္ေခ်။ မုန္တိုင္းအိမ္ေတာ္အား ေၾကာက္႐ြံ႕ၾကသည့္အတြက္ ၿငိမ္ကုတ္သြားၾကမည္သာ ျဖစ္သည္။ သို႔ေသာ္ ဝမ္အာသည္ ဂိုဏ္းႀကီးမ်ားအား ေဒါသထြက္ေစ႐ုံသာ ျပဳလုပ္ခဲ့ေလသည္။
ဂိုဏ္းႀကီးႏွစ္ခုထံသို႔ သြားၿပီးေနာက္ ဝမ္အာသည္ ေနရာအသစ္တစ္ခုထံသို႔ သြားေရာက္ခဲ့သည္။
ထိုေနရာသည္ စပါးက်ီတစ္ခုပင္ ျဖစ္သည္။ ထိုစပါးက်ီသည္ ခ်န္ႏိုင္ငံေတာ္အတြင္း တည္႐ွိၿပီး အျပာေရာင္ေလႏိုင္ငံေတာ္မွ သူလွ်ိဳမ်ားသည္ သာမန္အရပ္သားမ်ားအသြင္ ဟန္ေဆာင္၍ လာေရာက္ ေနထိုင္ အလုပ္လုပ္ကိုင္ေနၾကျခင္း ျဖစ္သည္။ ထို႔အတြက္ေၾကာင့္ ခ်န္ႏိုင္ငံေတာ္ထံသို႔ အခြန္အခမ်ားကိုမူ ေပးသြင္းရေလသည္။
ဝမ္အာသည္ လက္အား ေဝ့ယမ္းလိုက္ၿပီးေနာက္ အေမွာင္ထဲသို႔ တိုးဝင္ေပ်ာက္ကြယ္သြားျပန္သည္။
" ႐ႊစ္ . . ."
ျမားတစ္စင္းသည္ စပါးက်ီအတြင္းသို႔ တဟုန္ထိုး ပ်ံသန္း ဝင္ေရာက္လာေလသည္။
စပါးက်ီထဲမွ လူတစ္ေယာက္သည္ ျမားအား ေကာက္ယူ ၾကည့္လိုက္ေသာအခါ ေျမပုံတစ္ခု ေတြ႕လိုက္ရသည္။
ထိုေျမပုံတြင္ ေတာ္ဝင္မ်ိဳးႏြယ္အိမ္ေတာ္၏ အေစာင့္အေ႐ွာက္မ်ား၊ လွ်ိဳ႕ဝွက္အၾကံအစည္မ်ား၊ တည္ေနရာမ်ား၊ ကာကြယ္ေရး အစီအမံမ်ား၊ ေခါင္းေဆာင္မ်ား၏ နာမည္မ်ားႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ား ပါဝင္ေနလ်က္ ႐ွိသည္။
ခ်န္႐ွင္းႏိုင္ငံေတာ္၏ စစ္သည္မ်ား ႐ွိေနသည့္ ေနရာမ်ားအထိပင္ ပါဝင္ေနပါေသးသည္။
ထို႔ျပင္ စပါးက်ီမ်ား၊ ကုန္ေလွာင္႐ုံမ်ား၊ အေစာင့္အေ႐ွာက္မ်ား၏ နာမည္မ်ားႏွင့္ ၎တို႔၏ က်င့္ၾကံမႈ အဆင့္မ်ားမွအစ အေသးစိတ္ ပါဝင္ေနေပသည္။ ထိုအရာမ်ား အားလုံးအား ေျမပုံေပၚတြင္ ေဖာ္ျပထားျခင္း ျဖစ္သည္။
“ဒီေျမပုံကို ဆြဲထားတဲ့လူက ေတာ္႐ုံဉာဏ္ေကာင္းတာ မဟုတ္ဘူး။ မိစၧာတစ္ေကာင္ပဲ ျဖစ္ရမယ္”
စပါးက်ီ အတြင္းမွ မုတ္ဆိတ္ေမႊးမ်ားႏွင့္ လူတစ္ဦးသည္ ေျမပုံအား ၾကည့္ရင္း ခ်ီးက်ဴးလိုက္သည္။
“ဒီေလာက္ အခ်က္အလက္ေတြ မ်ားတဲ့ ေျမပုံမ်ိဳး တစ္ခါမွကို မျမင္ဖူးဘူး။ ေတာ္ေတာ္ကို မွတ္သားထားရမွာပဲ။ ခ်န္႐ွင္းၿမိဳ႕ရဲ႕ေျမပုံကို ဒီေလာက္ထိ တိတိက်က် ဆြဲႏိုင္တာ အံ့ၾသစရာပါလား . . .”
“ပုံဆြဲဌာနက လူေတြေတာင္ ဒီလို ေျမပုံမ်ိဳး ဆြဲႏိုင္မယ္ မထင္ဘူး . . .”
ထိုလူသည္ ေျမပုံအားၾကည့္ရင္း အဆက္မျပတ္ ခ်ီးက်ဴးေနမိသည္။
“ေခါင္းေဆာင္ . . . ခ်န္ႏိုင္ငံေတာ္က က်ဳပ္တို႔ကို ေထာင္ေခ်ာက္ ဆင္တာေရာ မျဖစ္ႏိုင္ဘူးလား။ က်ဳပ္တို႔ကို ေထာင္ေခ်ာက္ထဲ ဆြဲသြင္းေနတာမ်ားလား . . .”
ထိုလူေဘးမွ လူတစ္ေယာက္သည္ ေတြးေတြးဆဆျဖင့္ ေျပာလိုက္သည္။
“ေထာင္ေခ်ာက္ ဟုတ္လား . . . မင္းဦးေႏွာက္ မ႐ွိဘူးလား . . .”
မုတ္ဆိတ္ေမႊးမ်ားျဖင့္ လူမွ သူ၏ လက္ေထာက္ျဖစ္ဟန္တူသူအား ၾကည့္၍ ေျပာလိုက္သည္။
“ခ်န္ႏိုင္ငံေတာ္က လူေတြသာ ငါတို႔ ဘယ္သူေတြမွန္းသိရင္ ဒီလို ေထာင္ေခ်ာက္ ဆင္ေနစရာ လိုပါ့မလား။ ရဲမက္တစ္အုပ္ေလာက္ လႊတ္လိုက္ရင္ေတာင္ ငါတို႔ေသတယ္။ မင္းက ငတုံးပဲ။ မင္းသိထားရမွာက ဒီေျမပုံေပၚက အခ်က္အလက္ေတြက အတုေတြ ျဖစ္ေနမယ္ ဆိုရင္ေတာင္ ဒီေျမပုံကို ေရးဆြဲတဲ့ ပညာက ငါတို႔အသက္ထက္ကို ပိုတန္ဖိုး႐ွိတယ္ကြ။ တကယ္ကို ေျပာင္ေျမာက္တဲ့ လက္ရာပဲ”
႐ွိေနၾကသည့္ က်န္လူမ်ားမွာလည္း ေခါင္းေဆာင္ျဖစ္သူ၏ စကားအား လက္ခံသည့္ဟန္ျဖင့္ ေခါင္းညိတ္မိလိုက္ၾကသည္။
(ေခါင္းေဆာင္ေျပာတာ မွန္တယ္။ ငါတို႔ကိုသာ ဘယ္ကမွန္းသိရင္ ဒီလို ေထာင္ေခ်ာက္ဆင္ေနပါ့မလား။ ျမားပစ္သြားတဲ့လူက ဒီေျမပုံကိုေတာင္ ဆြဲႏိုင္တယ္ဆို သာမန္အရည္အခ်င္းမ်ိဳးေတာ့ မဟုတ္ေလာက္ဘူး။ ငါတို႔အားလုံးကို သတ္ဖို႔က သူ႕အတြက္ သိပ္လြယ္ေနမွာပဲ . . .)
“ဒီေျမပုံသာ အစစ္အမွန္ ျဖစ္တယ္ဆိုရင္ ခ်န္ႏိုင္ငံေတာ္ရဲ႕ ၿမိဳ႕ေတာ္ႀကီးထဲ က်ဳပ္တို႔ လုပ္ခ်င္တာေတြ အလြယ္တကူ လုပ္လို႔ ရႏိုင္ေတာ့မွာေပါ့ . . .”
ေနာက္လူတစ္ေယာက္မွ အားရဝမ္းသာျဖင့္ ေျပာလိုက္ျခင္း ျဖစ္သည္။
ေခါင္းေဆာင္ျဖစ္သူသည္ သူ၏ ေမးေစ့အား ပြတ္ကာ -
“ဒီလိုပဲ ဆိုရမွာေပါ့ . . .”
“ဒါေပမယ့္ တစ္ခုခု လုပ္မယ္ဆိုရင္ အရင္ဆုံး လုပ္ႏိုင္တဲ့ အစြမ္းအစမ်ိဳး ႐ွိဖို႔ လိုအပ္တယ္။ ငါတို႔က ဒီမွာ တသီးတသန္႔ ေနေနၾကတာ။ ငါတို႔ ထင္တိုင္းႀကဲလို႔ေတာ့ မရဘူးကြ။ ဒါေပမယ့္ ငါတုိ႕ အင္အားတခ်ိဳ႕ေတာ့ သုံးလို႔ရႏိုင္ပါတယ္။ ခ်န္႐ွင္းၿမိဳ႕ထဲမွာ လူတစ္ဝက္ေက်ာ္ေလာက္က ခ်န္ႏိုင္ငံေတာ္ကို မုန္တီးေနၾကတာ။ သူတို႔ရဲ႕ အင္အားကိုသာ အသုံးခ်မယ္ ဆိုရင္ေတာ့ . . .”
ထို႔ေနာက္ တခဏမွ် စဥ္းစားလိုက္ျပန္ရင္း -
“ငါတို႔ ဒီတစ္ေခါက္က အခ်က္အလက္ေတြကို ဖြင့္ခ်လိုက္႐ုံပဲကြ။ ကိုယ္တိုင္ကိုယ္က် ဘာမွ လုပ္စရာ မလိုဘူး။ ငါတို႔က အေမွာင္ထဲကေန အရိပ္အေျခ ၾကည့္ေန႐ုံပဲ . . .”
“အင္အားစုေတြထဲ ပုန္းေအာင္းေနၾကတဲ့ ငါတို႔လူေတြကို ဆက္သြယ္ၾက။ သူတို႔ကို ဒီေျမပုံပါ အခ်က္အလက္ေတြ ေပးရမယ္။ ျမန္ျမန္လုပ္ၾကေဟ့ . . .”
မုတ္ဆိတ္ေမႊးႏွင့္လူသည္ အမိန္႔ေပးလိုက္သည္။
“ေတာ္ေတာ္ေကာင္းတဲ့ အစီအစဥ္ေတြ ျဖစ္လာေတာ့မွာပဲ . . . ခ်န္ႏိုင္ငံေတာ္လည္း ဒုကၡပင္လယ္ေဝရေတာ့မွာေပါ့ကြာ . . .”
သို႔ေသာ္ ခဏအၾကာတြင္ မ်က္ေမွာင္ၾကဳတ္လိုက္ျပန္ရင္း -
“ဒါေပမယ့္ ဒီေျမပုံကို ဘယ္သူကမ်ား ငါတို႔ကို ေပးတာ ျဖစ္မလဲ။ ငါတို႔ရဲ႕ သ႐ုပ္အမွန္ကိုေရာ ဘယ္လို သိေနရတာလဲ . . .”
အကယ္၍ သ႐ုပ္အမွန္အား မသိပါက ေျမပုံအား ေသခ်ာေပါက္ ေပးလိမ့္မည္ မဟုတ္ေၾကာင္း မုတ္ဆိတ္ေမႊးႏွင့္လူ စဥ္းစားမိလိုက္ပါေတာ့သည္။