မိုးကောင်းကင်အောက်မှကလဲ့စား (...

By KazunoMora

52K 3.8K 5

Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ chara... More

🔥ရှင်းလင်းချက်🔥
အကျဉ်းချုပ် အက်ဥ္းခ်ဳပ္
Chapter - 209 "ရှင်လုပ်နိုင်ပါတယ်"
Chapter - 210 "တိမ်မြူခိုးနန်းတော်၏ကြမ္မာဆိုး"
Chapter - 211 "ရှေ့ဖြစ်နိမိတ်"
Chapter - 212 "သူဘယ်လိုသိ"
Chapter - 213 "ကျောက်စိမ်းအားဖြည့် ကြာပန်းပင်"
Chapter - 214"အမှားကြီးမှားခြင်း"
Chapter - 215 "အထင်လွဲခြင်း"
Chapter - 216 "လင်းရှောင်ရေခဲကျင့်စဉ်"
Chapter - 217"ယုံတမ်းစကားများ"
Chapter - 218 "သိက္ခာဆိုတာဘာလဲ"
Chapter - 219"မဖြစ်နိုင်သော"
Chapter - 220 "ကောင်းကင်အပြစ်ဒဏ်"
Chapter - 221"အမည်မသိ"
Chapter - 222"နောက်ယောင်ခံလိုက်ခြင်း"
Chapter - 223"ကျော့ကွင်း"
Chapter - 224"ဝမ်းနည်းနေသောဆောင်ဂျု"
Chapter - 225"ကျူးကျော်ဝင်ရောက်လာခြင်း"
Chapter - 226 "တွေဝေခြင်း"
Chapter - 227"ထိပ်တိုက်ရင်ဆိုင်မှု"
Chapter - 228"မိုးရွာတုန်း ရေခံ"
Chapter - 229"ပညာရှင်နှစ်ဦး၏တိုက်ပွဲ"
Chapter - 230 "ကြာပန်းကိုးခိုင်"
Chapter - 231"သူသေကိုယ်သေ"
Chapter - 232"ကယ်တင်ခြင်း (၁)"
Chapter - 233"ကယ်တင်ခြင်း (၂)"
Chapter - 234"အ‌စေ‌ခံ (၁)"
Chapter - 235"အစေခံ (၂)"
Chapter - 236"ဥတစ်ဥနှင့်လူတစ်ယောက်"
Chapter - 237"သနားစရာမိန်းကလေး ပိုင်အာ"
Chapter - 238"ဘဝတူ"
Chapter - 239"အံ့ဖွယ်လက်ဆောင်"
Chapter - 240"ကျီစားသန်က ရန်များ၏"
Chapter - 241"အဆင့်တက်အောင်ကူညီစေခြင်း (၁)"
Chapter - 242"အဆင့်တက်အောင်ကူညီစေခြင်း (၂)"
Chapter - 243"အဆင့်တက်အောင်ကူညီစေခြင်း (၃)"
Chapter - 244"မယုံနိုင်ဖွယ် အဆင့်တက်ခြင်း"
Chapter - 245"အဆင့်တက်ခြင်း၏ အကျိုးသက်ရောက်မှု"
Chapter - 246"အထူးခြားဆုံးသောကျင့်စဉ်တစ်ခု"
Chapter - 247 "ကုသမှုအား လက်ခံလိုက်ခြင်း"
Chapter - 248"ကျုပ်မှာအချိန်မရှိဘူး"
Chapter - 249"ဝေဒနာအား ကုသပေးခြင်း"
Chapter - 250"ထူးခြား စွမ်းအင်"
Chapter - 251"ပဟေဠိဆန်သော ပုစ္ဆာ"
Chapter - 252"နူးညံ့မှု"
Chapter - 253"ဝမ်ဇန်းဟို၏အခက်အခဲ"
Chapter - 254"အချောင်သမားများ"
Chapter - 255"သနားစဖွယ် ဥ"
Chapter - 256"ထူးဆန်းသောစွမ်းအင်"
Chapter - 257"ဥ၏နေရာ"
Chapter - 258"ပျော်ရွှင်သွားသောဥ"
Chapter - 259 "ပိုင်အာ၏ကြိုးပမ်းမှု"
Chapter - 260 "နှိပ်စက်ခံနေရသကဲ့သို့"
Chapter - 261"ကြောက်မက်ဖွယ်ရာ ချီဓာတ်များ"
Chapter - 262"ထင်ယောင်ထင်မှားဖြစ်ခြင်း"
Chapter -263"လျှို့ဝှက်ချက်ပေါ်သွားခြင်း"
Chapter - 264"နန်ရှန်ဆင်း"
Chapter - 265"အကောင်းဆုံးကြိုးစားခြင်း"
Chapter - 266"ပထမတိုက်ကွက်"
Chapter - 267"သက်ရောက်မှုမရှိခြင်း"
Chapter - 268"ဓားတစ်လက်ဖြစ်ပေါ်လာခြင်း"
Chapter - 269"ရယ်မောခြင်းလေပြည်"
Chapter - 270"တန်ပြန်တိုက်ခိုက်မှု"
Chapter - 271"အသေသတ်တိုက်ကွက်"
Chapter - 272"စားရကံ ကြုံလို့ မုတ်ဆိတ် ပျားစွဲ"
Chapter - 273"မလူးသာမလွန့်သာ"
Chapter - 274"ဝှက်ဖဲ"
Chapter - 275"အပ်ကိုသုံးတာဘယ်သူလဲ"
Chapter - 276"အနန္တသူတော်စင်"
Chapter - 277"မင်းသိလား"
Chapter - 278"လေလံခန်းမဖွင့်လှစ်ခြင်း"
Chapter - 279"မုန်တိုင်းအိမ်တော်၏ အရှိန်အဝါ"
Chapter - 280"ဖိနှိပ်ခံရခြင်း"
Chapter - 281 - 285
286 - 290
291 - 295
296 - 300
301 - 306
307 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 336
Chapter - 337"ဉာဏ်ကောင်းလှသည့်ဇုဝူကျီ"
Chapter - 338"စဉ်းစားခန်းဝင်ခြင်း"
Chapter - 339"အစော်ကားခံရသည့်ဖန်ဧကရာဇ်"
Chapter - 341"ဝမ်အာရောက်လာခြင်း"
Chapter - 342"အိန္ဒြေရရ‌ နေကြပါ"
Chapter - 343"လျှို့ဝှက်မြေပုံ"
Chapter - 344"လုပ်ကြံသတ်ဖြတ်သူနှစ်ဦး တွေ့ဆုံကြခြင်း"
Chapter - 345"သေသည့်တိုင် တာဝန်ယူမည်"
Chapter - 346"ခင်ဗျားကိုငှားချင်တယ်"
Chapter - 347"ရှေ့ဆက်ရမည့်အစီအစဉ်"
Chapter - 348"လုပ်ငန်းစတင်ခြင်း"
Chapter - 349"လှုပ်ရှားခြင်း"
Chapter - 350"အသေအချာ သိသွားကြခြင်း"
Chapter - 351"စိတ်နှင့်ကိုယ်မကပ်ခြင်း"
Chapter - 352"ဆဲဆိုကြခြင်း"
Chapter - 353"ဆဲဆိုကြခြင်း"
Chapter - 354"အရက်သောက်ကြခြင်း"
Chapter - 355"ကမ္ဘာ့ရန်"
Chapter - 356"တိုက်ပွဲ"
Chapter - 357"တိုးတက်မှုမရှိခြင်း"
Chapter - 358"ပူးပေါင်းမှု"
Chapter - 359"ဝတ်ရုံနက်ဖြင့်လူ"
Chapter - 360"ခင်ဗျားဘယ်သူလဲ"
Chapter - 361"သွေးခွဲခြင်း"
Chapter - 362"တိုက်ကွက်ဆန်း"
Chapter - 363"စစ်ယု"
Chapter - 364"အတူတကွရင်ဆိုင်ရန်"
Chapter - 365"ကျားရဲတွင်းသို့"
Chapter - 366"ဓားတစ်ချောင်းနှင့်လူတစ်ယောက်"
Chapter - 367"စံပြပုဂ္ဂိုလ်"
Chapter - 368"ကမ္ဘာမကြေ ရန်ငြိုး"
Chapter - 369"ဗိုက်ခေါက်ကြီး"
Chapter - 370"ဆရာနင်"
371 - 375
376--377
378--379
380--381
382--383
384--385
386--387
388--389
390--391
392--393
394--395
396--397
398--399
400
401--402
403--404
405--406
Chapter (407)"ကောင်ကင်အဆင့်တစ်ပညာရှင်လော"
Chapter (408)"ကောင်းကင်အဆင့်နှစ်ပညာရှင်လော"
Chapter (409)"အနိုင်ရမည်လော"
Chapter (410)"တစ်ချက်တည်းဖြင့်"
Chapter (411)"ကြိုးစားခွင့်"
Chapter (412)"သတ်ဖြတ်ခြင်းဘုရင်"
Chapter (413)"ခင်ဗျားမှာအကူရှိတယ်"
Chapter (414)"ပြောင်းလဲသွားသောအခြေအနေ"
Chapter (415)"တိုက်ခိုက်မှုစတင်ခြင်း"
Chapter (416)"လှုံ့ဆော်မှု"
Chapter (417)"တရားခံဘယ်သူလဲ"
Chapter (418)"ရှက်ရွံ့နေသည့်သခင်ကြီးဘိုင်"
Chapter (419)"ထူးဆန်းသောအဖြစ်အပျက်"
Chapter (420)"စိတ်တန်ခိုးမျက်လုံး"
Chapter (421)"လေနှင့်အတူ"
Chapter (422)"ယင်ယန်အသီးများ"
Chapter (423)"ရင်နင့်စွာဖြင့်"
Chapter (424)"အချစ်အတွက်ဆို"
Chapter (425)"နည်းလမ်းနှစ်ခု"
Chapter (426)"မိုးကောင်းကင်ကို ထိတွေ့ရသည်ထက် ခက်၏"
Chapter (427)"တစ်နှစ်တစ်ခါ"
Chapter (428)"ရယ်မောခြင်း၏အဓိပ္ပါယ်"
Chapter (429)"အထီးကျန်သောဘဝ"
Chapter (430)"လက်ကိုင်တုတ်"
Chapter (431)"လုပ်ကြံသတ်ဖြတ်သူများစုဝေးခြင်း"
Chapter (432)"အဖြေမရှိ"
Chapter (433)"ထိပ်တန်းပညာရှင်များအား ပျိုးထောင်ပေးခြင်း"
Chapter (434)"အံ့မခန်းအမြန်နှုန်း"
Chapter (435)"ရေခဲဝိညာဉ်ဓား"
Chapter (436)"ဓားနှင့်တသားတည်းဖြစ်သွားခြင်း"
Chapter (437)"မခေါ်ဘဲလာသည့်ဧည့်သည်"
Chapter (438)"လင်းဝုရှဲ့"
439--440
441--442
443--444
445--446
447--448
449--450
451--452
453--454
455--456
457--458
459--460
461--462
463--464
465--466
467--468
469--470
471--472
473--474
475--476
477--478
479--480
Chapter (481)"ကျုပ်တို့မလိုချင်ပါဘူး"
Chapter (482)"ဒုက္ခလှိုင်းများ"
Chapter (483)"ဝမ်းနည်းနေသော လင်းဝုရှဲ့"
Chapter (484)"မန်ဟွာချင်း"
Chapter (485)"အံ့ဩတုန်လှုပ်ခြင်း"
Chapter (486)"ထွက်ခွာကြရတော့မည်"
Chapter (487)"ရှင့်အကူအညီလိုတယ်"
Chapter (488)"ဆွေးနွေးမှုပျက်ပြယ်ခြင်း"
Chapter (489)"ခြိမ်းခြောက်မှု"
Chapter (490)"ဘယ်တော့မှအလျော့မပေးဘူး"
🔥🔥🔥🔥

Chapter - 340"နိုင်ငံရေးနားမလည်သောရဲရှောင်"

276 21 0
By KazunoMora

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 340

“နိုင်ငံရေးနားမလည်သောရဲရှောင်”

ဇုဝူကျီ သက်ပြင်းချလိုက်ရင်း -

“ရှောင်ရှောင် . . . မင်းက နိုင်ငံရေး အခြေအနေတွေ ဘာမှ မသိဘူးကွ။ လင်းပါအိုက နိုင်ငံ့ကောင်းကျိုးအတွက် လုပ်ခဲ့တယ်ဆိုတာ မှန်တယ်။ နိုင်ငံကလည်း လင်းပါအိုကြောင့် အကျိုးအမြတ် ရလိုက်တယ်။ အဲ့ဒီအတွက် သေချာပေါက် ကျေးဇူးတင်သင့်တာပေါ့။ ဒါပေမယ့် လင်းပါအိုသာ ဆက်ပြီး နိုင်ငံအတွက် အကျိုးအမြတ် မရစေတော့ရင်၊ နိုင်ငံအတွက် အတားအဆီးလိုတောင် ဖြစ်လာခဲ့ရင် ချန်နိုင်ငံကလည်း လင်းပါအိုကို ချက်ချင်း မောင်းထုတ်ပစ်မှာပဲကွ။ ဖန်ဇီလင် ဘယ်လောက်ပဲ အရည်အချင်းရှိရှိ ငါသေချာ ပြောနိုင်တဲ့ အချက်က ဖန်ဇီလင်က လင်းပါအိုရဲ့ ဧကရာဇ်အဖြစ် အကြာကြီး မရှိနိုင်ဘူး။ ဝမ်ဇန်းဟိုဆိုတာကလည်း နှစ်ထောင်နဲ့ချီ အသက်ရှည်ပြီး အတွေ့အကြုံများတဲ့ လူတစ်ယောက်။ သူ့ကိုလည်း လျော့မတွက်နဲ့နော် . . .”

ရဲရှောင် ပါးစပ်အဟောင်းသား ဖြစ်သွားကာ နှုတ်ဆိတ်သွားသည်။ ဇုဝူကျီ ပြောသမျှ စကားလုံးတိုင်းသည် မှန်ကန်နေသည့်အတွက် သူ့အနေဖြင့် ငြင်းဆန်နိုင်ခြင်း မရှိချေ။

ဇုဝူကျီ ရဲရှောင်အား စိုက်ကြည့်ရင်း -

“အခု လက်ရှိ အခြေအနေအကြောင်း ပြန်သွားရအောင်။ နိုင်ငံအသီးသီးက လုပ်ကြံသတ်ဖြတ်ရေး သမားတွေကလည်း တဖြည်းဖြည်း များလာပြီ။ အမျိုးအစားတွေ ခွဲခြားဖို့ကတော့ မလွယ်ဘူးပေါ့ကွာ။ ဒါပေမယ့် ငါတို့ ဒီလို ပိုင်ခြားပြီး သိအောင် လုပ်လို့ ရတယ်။ ယေဘူယျအားဖြင့် လုပ်ကြံသတ်ဖြတ်ရေးသမား အယောက် ၅ ထောင်ကျော် ချန်ရှင်းမြို့ထဲ ရောက်နေပြီလို့ ပြောကြတယ်။ ဒါပေမယ့် အဲ့ဒီလူတွေကို မြို့ထဲမှာ လိုက်ရှာကြည့်ရင်တော့ တွေ့ရမှာ မဟုတ်ဘူးကွ . . .”

“အမှန်တကယ်က အယောက် ၅ ထောင်ထက်တောင် ပိုသေးတယ် . . .”

“နောက်ပြီး သူတို့အားလုံးက အမိန့်တွေကို စောင့်ဆိုင်းနေကြသလိုပဲ။ ပိုအရေးကြီးတဲ့အချက်က သူတို့တွေက အဖွဲ့နဲ့ လာတဲ့ လူတွေလည်း ရှိသလို တစ်ကိုယ်တော်သမားတွေလည်း ပါတယ်။ ဒီလူတွေ အားလုံးက ပုန်းအောင်းနေကြတယ်။ ဘယ်သူမှ သူတို့ရဲ့ နောက်ကြောင်း ရာဇဝင်ကို မသိကြဘူး။ ဒါပေမယ့် ငါသေချာ ပြောနိုင်တဲ့ အချက်တစ်ချက်က မြို့ထဲကို ဝင်လာနေတဲ့ လူဦးရေက ခါတိုင်း ပုံမှန် အခြေအနေထက်ကို ၂ ဆလောက် ရှိနေတယ် . . .”

“သိပ်ပြီးလည်း အံ့သြမသွားနဲ့ဦး။ မပြီးသေးဘူး။ အံ့သြစရာကောင်းတဲ့ အပိုင်းက အခုမှလာမှာ။ ခုဏက ပြောတာ မြို့ထဲဝင်တဲ့ လူဦးရေကို ပြောတာနော်။ မြို့ထဲက ထွက်တဲ့ လူဦးရေကကျ ပုံမှန်ပဲ။ အဲဒီတော့ သဘောက မြို့ထဲမှာ လူစိမ်းတွေ ထောင်နဲ့ချီပြီး ရောက်နေကြတာ။ သူတို့က ဒီကို ဘာလာလုပ်ကြတာလဲ။ ဘယ်သူတွေလဲ . . .”

“ရှင်းပါတယ် . . . အများစုက လင်းပါအိုက ဖန်ဇီလင်ဆီ လာကြတာပေါ့။ ဝမ်ဇန်းဟိုကြောင့်လည်း ပါတယ်။ ဒါပေမယ့် ဒီလူတွေ အားလုံးက လင်းပါအို တစ်ခုတည်းကို အာရုံစိုက်ထားကြတာတော့ မဟုတ်ဘူးကွ။ ဒါက ချန်နိုင်ငံတော်ရဲ့ မြို့တော် မဟုတ်လား။ ငါ့အထင် တော်ဝင်မျိုးနွယ်ကိုလည်း စောင့်ကြည့်နေကြတာ ဖြစ်မယ်။ ပြောရရင် တစ်မြို့လုံးကို ပစ်မှတ် ထားနေတဲ့ သဘောပဲ . . .”

ရဲရှောင် ခေါင်းညိတ်လိုက်ရင်း -

“မင်းပြောချင်တာကို ငါနားလည်တယ်။ ကျိုးကြောင်းလည်း ဆီလျော်တယ်။ ဒါပေမယ့် ဒီလူတွေကို ရင်ဆိုင်နိုင်မယ့် နည်းလမ်း မင်းမှာ မရှိဘူးလား။ ဘယ်လိုများ လုပ်ရင် ရနိုင်မလဲ . . .”

ဇုဝူကျီ သူ၏ မေးစေ့အား ပွတ်လိုက်ကာ -

“ဒါက သော့ဂလောက် တစ်ခုလိုပဲ။ ဒါကို ဖွင့်နိုင်မယ့် သော့တစ်ချောင်းတော့ ရှိရမှာပေါ့။ ငါစဉ်းစားထားမိတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် လုံလောက်တဲ့ အင်အားမျိုး ရှိဖို့ လိုမယ်။ မင်းလက်ပြတ်နေရင် သူများကို လက်သီးနဲ့ ထိုးလို့ ရပါ့မလား။ အင်အားမရှိရင် ဘာမှ လုပ်မရဘူးကွ”

ရဲရှောင် ဇုဝူကျီအား စူးစိုက်ကြည့်လိုက်ရင်း -

“ဒီလိုလေကွာ၊ ငါပြောချင်တာက မင်းအတွက် လုံလောက်တဲ့ အင်အားမျိုး တစ်ယောက်ယောက်က ပေးနိုင်တယ်ဆိုရင် မင်းဒီအခြေအနေကို ဘယ်လိုရင်ဆိုင်မလဲ သိချင်တာ . . ."

ဇုဝူကျီလည်း ရဲရှောင်အား စေ့စေ့ကြည့်လျက် -

“လွယ်ပါတယ် . . . ဒီလူတွေ လိုချင်တာကို ပေးလိုက်ရုံပဲပေါ့ . . .”

“လင်းပါအို ခန်းမရယ်၊ ဖန်ဇီလင်ရယ် ဝမ်ဇန်းဟိုရယ်ကို သူတို့ ရသွားရင် ပြန်သွားကြမှာပဲလေ”

“အဟွတ် . . .”

“ဇုဝူကျီ . . . မင်းဟာက မများလွန်းဘူးလား။ လင်းပါအိုက နိုင်ငံအတွက် ဒီလောက်ထိ ကူညီခဲ့တာ။ ငါတို့က သူတို့ကို စတေးပစ်ရမှာလား။ ဒါ . . . ဒါက မလုပ်သင့်တဲ့ အလုပ်ပဲ မဟုတ်ဘူးလား . . .”

ရဲရှောင် တုန်လှုပ်သွားမိသည်။

“ရှောင်ရှောင် . . . နိုင်ငံရေးအကြောင်း မင်းဘာမှ နားမလည်ဘူးဆိုတာ အဲဒါပဲပေါ့ကွ။ ဒါက နိုင်ငံနဲ့ ချီတဲ့ အရေးကိစ္စနော်။ အရာရာကို စတေးသင့် စတေးရမှာပဲ။ အခုဆို လေလံပွဲလည်း ပြီးသွားပြီ၊ ၇၀ ဘီလီယံလည်း ရခဲ့ပြီးပြီ။ လင်းပါအိုနဲ့ ဖန်ဇီလင်ဆိုတာ နိုင်ငံအတွက် အသုံးမလိုတော့ဘူးလေ။ စတေးဖို့ လိုအပ်လာရင် စတေးကို စတေးရမယ်။ သူတို့ကို စတေးလိုက်တော့ ဘာဖြစ်လဲ။ ဘုရင်ကရော ထွေထွေထူးထူး စဉ်းစားနေမယ် ထင်နေလား။ သူ့ကို နည်းမှန်လမ်းမှန် အကြံပေးနိုင်တဲ့ လူမျိုးလည်း မရှိဘူးကွ . . .”

ဇုဝူကျီ လေသံတီးတိုးဖြင့် ပြောလိုက်သည်။

“အင်း . . . အဲဒီတော့ ဒီလို ငါးစာနဲ့မျှားဖို့ အစီအစဉ်ကရော ဘယ်လိုလဲ . . .”

ရဲရှောင် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

“ရှောင်ရှောင် . . . မင်းဒီကိစ္စကို ဝင်လုပ်မှာတော့ မဟုတ်ဘူးမလား။ မင်းသိတဲ့အတိုင်းပဲ ဖန်ဇီလင်နဲ့ ဝမ်ဇန်းဟိုကိုသာ ငါးစာအဖြစ် အသုံးချမယ်ဆိုရင် သူတို့ သေချာပေါက် သေရလိမ့်မယ် . . .”

ဇုဝူကျီ သက်ပြင်းချရင်း ပြောလိုက်သည်။

“မင်းဘာမှ စိုးရိမ်မနေစမ်းပါနဲ့၊ ငါ့ကို ပြောစရာရှိတာ သာပြောစမ်းပါ . . .”

ရဲရှောင် ထပ်မေးလိုက်သည်။ စိတ်ထဲတွင်လည်း တစ်ကိုယ်တည်း ကြိတ်တွေးနေမိသည်။

(ဖန်ဇီလင်ကို စတေးလိုက်မယ်ဆိုတဲ့ ကိစ္စက ဘာမှ မဖြစ်ပါဘူး။ ငါက အသက်ရှင်နေဦးမှာပဲ၊ ငါလိုချင်တာလည်း ဒီလိုပဲဟာ . . .)

“ဒီပြဿနာကို ဖြေရှင်းဖို့က သိပ်မခက်ပါဘူး။ ငါပြောခဲ့သလိုပေါ့၊ ငါတို့မှာသာ အင်အားရှိမယ်ဆိုရင် ငါတို့လုပ်ဖို့ လိုမှာက . . .”

ထိုသို့ဖြင့် ဇုဝူကျီသည် ရဲရှောင်အား အစီအစဉ်များ ပြောပြခဲ့သည်။ ရဲရှောင်၏ မျက်လုံးများသည်လည်း ကျောက်မျက်ရတနာများကဲ့သို့ပင် အရောင်တဝင်းဝင်း တောက်ပလျက်ရှိသည်။

ဇုဝူကျီသည် ရဲရှောင်အား အကြံအစည်ကောင်းများစွာ တစ်ခုပြီး တစ်ခု ပြောပြခဲ့လေသည်။ အစီစဉ်များသည် တစ်ခုနှင့် တစ်ခုလည်း ချိတ်ဆက်လျက် ရှိနေသည်။

ရဲရှောင်သည် လက်တွေ့ကျလှသော ဇုဝူကျီ၏ အကြံအစည်များကြောင့် စိတ်ထဲတွင် မချီးကျူးဘဲ မနေနိုင်တော့ချေ။

(တော်တော် ဉာဏ်ကောင်းတဲ့ ဇုဝူကျီပါလား။ တော်တော်ကို ချီးကျူးဖို့ ကောင်းတယ် . . .)

“တကယ်တော့ ဒီကိစ္စလောက်က ရင်ဆိုင်ရတာ မခက်ပါဘူး။ လုံလောက်တဲ့ အင်အားမျိုးပဲ ရှိဖို့ လိုတာ။ ဖြေရှင်းဖို့ ခက်ခဲတာက မုန်တိုင်းအိမ်တော်ကိစ္စပဲ . . .”

ဇုဝူကျီ သက်ပြင်းချရင်း ပြောလိုက်သည်။

“ဒီလိုအခြေအနေတွေ ဖြစ်လာတာ ဖိအားပေးခံရလို့သာ ဖြစ်လာတာပဲ။ အရာရာတိုင်းက ဖိအားပေးသူရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတယ်။ ဒီလို လုပ်နိုင်တယ် ဆိုတာကလည်း မုန်တိုင်းအိမ်တော်ကလွဲပြီး တခြားမရှိနိုင်ဘူး . . .”

ဇုဝူကျီ၏ စကားအား ထောက်ခံသည့် သဘောဖြင့်ရဲရှောင် ခေါင်းညိတ်ပြလိုက်သည်။ သူ၏ မျက်စိထဲတွင်လည်း သခင်ကြီးဘိုင်အား ပြန်လည် မြင်ယောင်သွားမိသည်။

သခင်ကြီးဘိုင်သည် ရဲရှောင်၏ အမြင်တွင် အလွန်အထင်ကြီးစရာ ကောင်းသော လူတစ်ယောက် ဖြစ်သည်။ ရဲရှောင် ဖြတ်သန်းခဲ့ရသည့် ဘဝနှစ်ခုလုံးတွင် သခင်ကြီးဘိုင်သည် ကြောက်စရာ အကောင်းဆုံး ရန်သူပင် ဖြစ်လေသည်။

ကျင့်ကြံမှုစွမ်းအား၊ ခွန်အား၊ ဗျူဟာ၊ နေရာတိုင်းတွင် အားလုံးထက် သာလွန်နေသူတစ်ဦး ဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ယောက်အား ရဲရှောင် မည်သို့ ရင်ဆိုင်ရပါမည်နည်း။

“မုန်တိုင်းအိမ်တော်နဲ့ ရင်ဆိုင်နိုင်မယ့် နည်းလမ်းကို မစဉ်းစားနိုင်တော့ ငါ့ကိုယ်ငါ အားမရ ဖြစ်မိတယ် . . .”

ဇုဝူကျီ မျက်နှာမသာယာဖြင့် ပြောလိုက်သည်။

ရဲရှောင်မှာမူ နှုတ်ဆိတ်လျက်ပင် ရှိနေသည်။

ဇုဝူကျီကိုလည်း အပြစ်တင်၍ မရချေ။ မုန်တိုင်းအိမ်တော်အား မည်သူ ရင်ဆိုင်နိုင်ပါမည်နည်း။

ရဲရှောင်တို့ မည်မျှအထိ သာလွန်ကောင်းမွန်သော အစီအစဉ်များ ပြုလုပ်ထားစေကာမူ မုန်တိုင်းအိမ်တော်သည် အရာအားလုံးအား ပြောင်းလဲပစ်နိုင်စွမ်း ရှိနေသည်။

ထို့ကြောင့် တစ်ဖက်မှ လှုပ်ရှားမှုများအား စောင့်ကြည့်ပြီးမှသာ ရဲရှောင်တို့ဘက်မှ လုပ်စရာ ရှိသည်များ ဆက်၍ လုပ်နိုင်ပေမည်။

မိမိတို့ထက် အစစအရာရာ သာလွန်သော ရန်သူအား ရင်ဆိုင်ခြင်းသည် ဆင်ခြင်ဉာဏ် နည်းပါးသော လုပ်ရပ်ပင် ဖြစ်ပေလိမ့်မည်။

. . .

ရဲရှောင် ဇုဝူကျီအိမ်မှ ပြန်လာသောအခါ မှောင်နေပြီ ဖြစ်သည်။ လမ်းပေါ်တွင် လမ်းမီးအိမ်များပင် ထွန်းထားပြီ ဖြစ်သည်။

ထို့နောက် ရဲရှောင်သည် နောက်ဖေးလမ်းကြား တစ်ခုသို့ ဝင်သွားလိုက်ပြီး -

“လာခဲ့ပါ . . .”

ရုတ်တရက် ပုံရိပ်တစ်ခု ပေါ်လာပြီး ရဲရှောင်၏ ရှေ့သို့့ ပိန်ပိန်ပါးပါး လူတစ်ဦး ရောက်လာလေသည်။ ထိုလူ၏ မျက်လုံးများသည်လည်း အလွန်စူးရှလှသည်။ ထိုလူဆိုသည်မှာ နင်ဘီလျူပင် ဖြစ်သည်။

မော်တယ်ကမ္ဘာ၏ နံပါတ် ၁ လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်ပင် ဖြစ်ပါတော့သည်။

မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား

Chapter – 340

“ႏိုင္ငံေရးနားမလည္ေသာရဲေ႐ွာင္”

ဇုဝူက်ီ သက္ျပင္းခ်လိုက္ရင္း -

“ေ႐ွာင္ေ႐ွာင္ . . . မင္းက ႏိုင္ငံေရး အေျခအေနေတြ ဘာမွ မသိဘူးကြ။ လင္းပါအိုက ႏိုင္ငံ့ေကာင္းက်ိဳးအတြက္ လုပ္ခဲ့တယ္ဆိုတာ မွန္တယ္။ ႏိုင္ငံကလည္း လင္းပါအိုေၾကာင့္ အက်ိဳးအျမတ္ ရလိုက္တယ္။ အဲ့ဒီအတြက္ ေသခ်ာေပါက္ ေက်းဇူးတင္သင့္တာေပါ့။ ဒါေပမယ့္ လင္းပါအိုသာ ဆက္ၿပီး ႏိုင္ငံအတြက္ အက်ိဳးအျမတ္ မရေစေတာ့ရင္၊ ႏိုင္ငံအတြက္ အတားအဆီးလိုေတာင္ ျဖစ္လာခဲ့ရင္ ခ်န္ႏိုင္ငံကလည္း လင္းပါအိုကို ခ်က္ခ်င္း ေမာင္းထုတ္ပစ္မွာပဲကြ။ ဖန္ဇီလင္ ဘယ္ေလာက္ပဲ အရည္အခ်င္း႐ွိ႐ွိ ငါေသခ်ာ ေျပာႏိုင္တဲ့ အခ်က္က ဖန္ဇီလင္က လင္းပါအိုရဲ႕ ဧကရာဇ္အျဖစ္ အၾကာႀကီး မ႐ွိႏိုင္ဘူး။ ဝမ္ဇန္းဟိုဆိုတာကလည္း ႏွစ္ေထာင္နဲ႔ခ်ီ အသက္႐ွည္ၿပီး အေတြ႕အၾကဳံမ်ားတဲ့ လူတစ္ေယာက္။ သူ႕ကိုလည္း ေလ်ာ့မတြက္နဲ႔ေနာ္ . . .”

ရဲေ႐ွာင္ ပါးစပ္အေဟာင္းသား ျဖစ္သြားကာ ႏႈတ္ဆိတ္သြားသည္။ ဇုဝူက်ီ ေျပာသမွ် စကားလုံးတိုင္းသည္ မွန္ကန္ေနသည့္အတြက္ သူ႕အေနျဖင့္ ျငင္းဆန္ႏိုင္ျခင္း မ႐ွိေခ်။

ဇုဝူက်ီ ရဲေ႐ွာင္အား စိုက္ၾကည့္ရင္း -

“အခု လက္႐ွိ အေျခအေနအေၾကာင္း ျပန္သြားရေအာင္။ ႏိုင္ငံအသီးသီးက လုပ္ၾကံသတ္ျဖတ္ေရး သမားေတြကလည္း တျဖည္းျဖည္း မ်ားလာၿပီ။ အမ်ိဳးအစားေတြ ခြဲျခားဖို႔ကေတာ့ မလြယ္ဘူးေပါ့ကြာ။ ဒါေပမယ့္ ငါတို႔ ဒီလို ပိုင္ျခားၿပီး သိေအာင္ လုပ္လို႔ ရတယ္။ ေယဘူယ်အားျဖင့္ လုပ္ၾကံသတ္ျဖတ္ေရးသမား အေယာက္ ၅ ေထာင္ေက်ာ္ ခ်န္႐ွင္းၿမိဳ႕ထဲ ေရာက္ေနၿပီလို႔ ေျပာၾကတယ္။ ဒါေပမယ့္ အဲ့ဒီလူေတြကို ၿမိဳ႕ထဲမွာ လိုက္႐ွာၾကည့္ရင္ေတာ့ ေတြ႕ရမွာ မဟုတ္ဘူးကြ . . .”

“အမွန္တကယ္က အေယာက္ ၅ ေထာင္ထက္ေတာင္ ပိုေသးတယ္ . . .”

“ေနာက္ၿပီး သူတို႔အားလုံးက အမိန္႔ေတြကို ေစာင့္ဆိုင္းေနၾကသလိုပဲ။ ပိုအေရးႀကီးတဲ့အခ်က္က သူတို႔ေတြက အဖြဲ႕နဲ႔ လာတဲ့ လူေတြလည္း ႐ွိသလို တစ္ကိုယ္ေတာ္သမားေတြလည္း ပါတယ္။ ဒီလူေတြ အားလုံးက ပုန္းေအာင္းေနၾကတယ္။ ဘယ္သူမွ သူတို႔ရဲ႕ ေနာက္ေၾကာင္း ရာဇဝင္ကို မသိၾကဘူး။ ဒါေပမယ့္ ငါေသခ်ာ ေျပာႏိုင္တဲ့ အခ်က္တစ္ခ်က္က ၿမိဳ႕ထဲကို ဝင္လာေနတဲ့ လူဦးေရက ခါတိုင္း ပုံမွန္ အေျခအေနထက္ကို ၂ ဆေလာက္ ႐ွိေနတယ္ . . .”

“သိပ္ၿပီးလည္း အံ့ၾသမသြားနဲ႔ဦး။ မၿပီးေသးဘူး။ အံ့ၾသစရာေကာင္းတဲ့ အပိုင္းက အခုမွလာမွာ။ ခုဏက ေျပာတာ ၿမိဳ႕ထဲဝင္တဲ့ လူဦးေရကို ေျပာတာေနာ္။ ၿမိဳ႕ထဲက ထြက္တဲ့ လူဦးေရကက် ပုံမွန္ပဲ။ အဲဒီေတာ့ သေဘာက ၿမိဳ႕ထဲမွာ လူစိမ္းေတြ ေထာင္နဲ႔ခ်ီၿပီး ေရာက္ေနၾကတာ။ သူတို႔က ဒီကို ဘာလာလုပ္ၾကတာလဲ။ ဘယ္သူေတြလဲ . . .”

“႐ွင္းပါတယ္ . . . အမ်ားစုက လင္းပါအိုက ဖန္ဇီလင္ဆီ လာၾကတာေပါ့။ ဝမ္ဇန္းဟိုေၾကာင့္လည္း ပါတယ္။ ဒါေပမယ့္ ဒီလူေတြ အားလုံးက လင္းပါအို တစ္ခုတည္းကို အာ႐ုံစိုက္ထားၾကတာေတာ့ မဟုတ္ဘူးကြ။ ဒါက ခ်န္ႏိုင္ငံေတာ္ရဲ႕ ၿမိဳ႕ေတာ္ မဟုတ္လား။ ငါ့အထင္ ေတာ္ဝင္မ်ိဳးႏြယ္ကိုလည္း ေစာင့္ၾကည့္ေနၾကတာ ျဖစ္မယ္။ ေျပာရရင္ တစ္ၿမိဳ႕လုံးကို ပစ္မွတ္ ထားေနတဲ့ သေဘာပဲ . . .”

ရဲေ႐ွာင္ ေခါင္းညိတ္လိုက္ရင္း -

“မင္းေျပာခ်င္တာကို ငါနားလည္တယ္။ က်ိဳးေၾကာင္းလည္း ဆီေလ်ာ္တယ္။ ဒါေပမယ့္ ဒီလူေတြကို ရင္ဆိုင္ႏိုင္မယ့္ နည္းလမ္း မင္းမွာ မ႐ွိဘူးလား။ ဘယ္လိုမ်ား လုပ္ရင္ ရႏိုင္မလဲ . . .”

ဇုဝူက်ီ သူ၏ ေမးေစ့အား ပြတ္လိုက္ကာ -

“ဒါက ေသာ့ဂေလာက္ တစ္ခုလိုပဲ။ ဒါကို ဖြင့္ႏိုင္မယ့္ ေသာ့တစ္ေခ်ာင္းေတာ့ ႐ွိရမွာေပါ့။ ငါစဥ္းစားထားမိတာေတြေတာ့ ႐ွိပါတယ္။ ဒါေပမယ့္ လုံေလာက္တဲ့ အင္အားမ်ိဳး ႐ွိဖို႔ လိုမယ္။ မင္းလက္ျပတ္ေနရင္ သူမ်ားကို လက္သီးနဲ႔ ထိုးလို႔ ရပါ့မလား။ အင္အားမ႐ွိရင္ ဘာမွ လုပ္မရဘူးကြ”

ရဲေ႐ွာင္ ဇုဝူက်ီအား စူးစိုက္ၾကည့္လိုက္ရင္း -

“ဒီလိုေလကြာ၊ ငါေျပာခ်င္တာက မင္းအတြက္ လုံေလာက္တဲ့ အင္အားမ်ိဳး တစ္ေယာက္ေယာက္က ေပးႏိုင္တယ္ဆိုရင္ မင္းဒီအေျခအေနကို ဘယ္လိုရင္ဆိုင္မလဲ သိခ်င္တာ . . ."

ဇုဝူက်ီလည္း ရဲေ႐ွာင္အား ေစ့ေစ့ၾကည့္လ်က္ -

“လြယ္ပါတယ္ . . . ဒီလူေတြ လိုခ်င္တာကို ေပးလိုက္႐ုံပဲေပါ့ . . .”

“လင္းပါအို ခန္းမရယ္၊ ဖန္ဇီလင္ရယ္ ဝမ္ဇန္းဟိုရယ္ကို သူတို႔ ရသြားရင္ ျပန္သြားၾကမွာပဲေလ”

“အဟြတ္ . . .”

“ဇုဝူက်ီ . . . မင္းဟာက မမ်ားလြန္းဘူးလား။ လင္းပါအိုက ႏိုင္ငံအတြက္ ဒီေလာက္ထိ ကူညီခဲ့တာ။ ငါတို႔က သူတို႔ကို စေတးပစ္ရမွာလား။ ဒါ . . . ဒါက မလုပ္သင့္တဲ့ အလုပ္ပဲ မဟုတ္ဘူးလား . . .”

ရဲေ႐ွာင္ တုန္လႈပ္သြားမိသည္။

“ေ႐ွာင္ေ႐ွာင္ . . . ႏိုင္ငံေရးအေၾကာင္း မင္းဘာမွ နားမလည္ဘူးဆိုတာ အဲဒါပဲေပါ့ကြ။ ဒါက ႏိုင္ငံနဲ႔ ခ်ီတဲ့ အေရးကိစၥေနာ္။ အရာရာကို စေတးသင့္ စေတးရမွာပဲ။ အခုဆို ေလလံပြဲလည္း ၿပီးသြားၿပီ၊ ၇၀ ဘီလီယံလည္း ရခဲ့ၿပီးၿပီ။ လင္းပါအိုနဲ႔ ဖန္ဇီလင္ဆိုတာ ႏိုင္ငံအတြက္ အသုံးမလိုေတာ့ဘူးေလ။ စေတးဖို႔ လိုအပ္လာရင္ စေတးကို စေတးရမယ္။ သူတို႔ကို စေတးလိုက္ေတာ့ ဘာျဖစ္လဲ။ ဘုရင္ကေရာ ေထြေထြထူးထူး စဥ္းစားေနမယ္ ထင္ေနလား။ သူ႕ကို နည္းမွန္လမ္းမွန္ အၾကံေပးႏိုင္တဲ့ လူမ်ိဳးလည္း မ႐ွိဘူးကြ . . .”

ဇုဝူက်ီ ေလသံတီးတိုးျဖင့္ ေျပာလိုက္သည္။

“အင္း . . . အဲဒီေတာ့ ဒီလို ငါးစာနဲ႔မွ်ားဖို႔ အစီအစဥ္ကေရာ ဘယ္လိုလဲ . . .”

ရဲေ႐ွာင္ စိတ္ဝင္တစားျဖင့္ ေမးလိုက္သည္။

“ေ႐ွာင္ေ႐ွာင္ . . . မင္းဒီကိစၥကို ဝင္လုပ္မွာေတာ့ မဟုတ္ဘူးမလား။ မင္းသိတဲ့အတိုင္းပဲ ဖန္ဇီလင္နဲ႔ ဝမ္ဇန္းဟိုကိုသာ ငါးစာအျဖစ္ အသုံးခ်မယ္ဆိုရင္ သူတို႔ ေသခ်ာေပါက္ ေသရလိမ့္မယ္ . . .”

ဇုဝူက်ီ သက္ျပင္းခ်ရင္း ေျပာလိုက္သည္။

“မင္းဘာမွ စိုးရိမ္မေနစမ္းပါနဲ႔၊ ငါ့ကို ေျပာစရာ႐ွိတာ သာေျပာစမ္းပါ . . .”

ရဲေ႐ွာင္ ထပ္ေမးလိုက္သည္။ စိတ္ထဲတြင္လည္း တစ္ကိုယ္တည္း ႀကိတ္ေတြးေနမိသည္။

(ဖန္ဇီလင္ကို စေတးလိုက္မယ္ဆိုတဲ့ ကိစၥက ဘာမွ မျဖစ္ပါဘူး။ ငါက အသက္႐ွင္ေနဦးမွာပဲ၊ ငါလိုခ်င္တာလည္း ဒီလိုပဲဟာ . . .)

“ဒီျပႆနာကို ေျဖ႐ွင္းဖို႔က သိပ္မခက္ပါဘူး။ ငါေျပာခဲ့သလိုေပါ့၊ ငါတို႔မွာသာ အင္အား႐ွိမယ္ဆိုရင္ ငါတို႔လုပ္ဖို႔ လိုမွာက . . .”

ထိုသို႔ျဖင့္ ဇုဝူက်ီသည္ ရဲေ႐ွာင္အား အစီအစဥ္မ်ား ေျပာျပခဲ့သည္။ ရဲေ႐ွာင္၏ မ်က္လုံးမ်ားသည္လည္း ေက်ာက္မ်က္ရတနာမ်ားကဲ့သို႔ပင္ အေရာင္တဝင္းဝင္း ေတာက္ပလ်က္႐ွိသည္။

ဇုဝူက်ီသည္ ရဲေ႐ွာင္အား အၾကံအစည္ေကာင္းမ်ားစြာ တစ္ခုၿပီး တစ္ခု ေျပာျပခဲ့ေလသည္။ အစီစဥ္မ်ားသည္ တစ္ခုႏွင့္ တစ္ခုလည္း ခ်ိတ္ဆက္လ်က္ ႐ွိေနသည္။

ရဲေ႐ွာင္သည္ လက္ေတြ႕က်လွေသာ ဇုဝူက်ီ၏ အၾကံအစည္မ်ားေၾကာင့္ စိတ္ထဲတြင္ မခ်ီးက်ဴးဘဲ မေနႏိုင္ေတာ့ေခ်။

(ေတာ္ေတာ္ ဉာဏ္ေကာင္းတဲ့ ဇုဝူက်ီပါလား။ ေတာ္ေတာ္ကို ခ်ီးက်ဴးဖို႔ ေကာင္းတယ္ . . .)

“တကယ္ေတာ့ ဒီကိစၥေလာက္က ရင္ဆိုင္ရတာ မခက္ပါဘူး။ လုံေလာက္တဲ့ အင္အားမ်ိဳးပဲ ႐ွိဖို႔ လိုတာ။ ေျဖ႐ွင္းဖို႔ ခက္ခဲတာက မုန္တိုင္းအိမ္ေတာ္ကိစၥပဲ . . .”

ဇုဝူက်ီ သက္ျပင္းခ်ရင္း ေျပာလိုက္သည္။

“ဒီလိုအေျခအေနေတြ ျဖစ္လာတာ ဖိအားေပးခံရလို႔သာ ျဖစ္လာတာပဲ။ အရာရာတိုင္းက ဖိအားေပးသူရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာပဲ ႐ွိေနတယ္။ ဒီလို လုပ္ႏိုင္တယ္ ဆိုတာကလည္း မုန္တိုင္းအိမ္ေတာ္ကလြဲၿပီး တျခားမ႐ွိႏိုင္ဘူး . . .”

ဇုဝူက်ီ၏ စကားအား ေထာက္ခံသည့္ သေဘာျဖင့္ရဲေ႐ွာင္ ေခါင္းညိတ္ျပလိုက္သည္။ သူ၏ မ်က္စိထဲတြင္လည္း သခင္ႀကီးဘိုင္အား ျပန္လည္ ျမင္ေယာင္သြားမိသည္။

သခင္ႀကီးဘိုင္သည္ ရဲေ႐ွာင္၏ အျမင္တြင္ အလြန္အထင္ႀကီးစရာ ေကာင္းေသာ လူတစ္ေယာက္ ျဖစ္သည္။ ရဲေ႐ွာင္ ျဖတ္သန္းခဲ့ရသည့္ ဘဝႏွစ္ခုလုံးတြင္ သခင္ႀကီးဘိုင္သည္ ေၾကာက္စရာ အေကာင္းဆုံး ရန္သူပင္ ျဖစ္ေလသည္။

က်င့္ၾကံမႈစြမ္းအား၊ ခြန္အား၊ ဗ်ဴဟာ၊ ေနရာတိုင္းတြင္ အားလုံးထက္ သာလြန္ေနသူတစ္ဦး ျဖစ္သည္။ ထိုကဲ့သို႔ေသာ လူတစ္ေယာက္အား ရဲေ႐ွာင္ မည္သို႔ ရင္ဆိုင္ရပါမည္နည္း။

“မုန္တိုင္းအိမ္ေတာ္နဲ႔ ရင္ဆိုင္ႏိုင္မယ့္ နည္းလမ္းကို မစဥ္းစားႏိုင္ေတာ့ ငါ့ကိုယ္ငါ အားမရ ျဖစ္မိတယ္ . . .”

ဇုဝူက်ီ မ်က္ႏွာမသာယာျဖင့္ ေျပာလိုက္သည္။

ရဲေ႐ွာင္မွာမူ ႏႈတ္ဆိတ္လ်က္ပင္ ႐ွိေနသည္။

ဇုဝူက်ီကိုလည္း အျပစ္တင္၍ မရေခ်။ မုန္တိုင္းအိမ္ေတာ္အား မည္သူ ရင္ဆိုင္ႏိုင္ပါမည္နည္း။

ရဲေ႐ွာင္တို႔ မည္မွ်အထိ သာလြန္ေကာင္းမြန္ေသာ အစီအစဥ္မ်ား ျပဳလုပ္ထားေစကာမူ မုန္တိုင္းအိမ္ေတာ္သည္ အရာအားလုံးအား ေျပာင္းလဲပစ္ႏိုင္စြမ္း ႐ွိေနသည္။

ထို႔ေၾကာင့္ တစ္ဖက္မွ လႈပ္႐ွားမႈမ်ားအား ေစာင့္ၾကည့္ၿပီးမွသာ ရဲေ႐ွာင္တို႔ဘက္မွ လုပ္စရာ ႐ွိသည္မ်ား ဆက္၍ လုပ္ႏိုင္ေပမည္။

မိမိတို႔ထက္ အစစအရာရာ သာလြန္ေသာ ရန္သူအား ရင္ဆိုင္ျခင္းသည္ ဆင္ျခင္ဉာဏ္ နည္းပါးေသာ လုပ္ရပ္ပင္ ျဖစ္ေပလိမ့္မည္။

. . .

ရဲေ႐ွာင္ ဇုဝူက်ီအိမ္မွ ျပန္လာေသာအခါ ေမွာင္ေနၿပီ ျဖစ္သည္။ လမ္းေပၚတြင္ လမ္းမီးအိမ္မ်ားပင္ ထြန္းထားၿပီ ျဖစ္သည္။

ထို႔ေနာက္ ရဲေ႐ွာင္သည္ ေနာက္ေဖးလမ္းၾကား တစ္ခုသို႔ ဝင္သြားလိုက္ၿပီး -

“လာခဲ့ပါ . . .”

႐ုတ္တရက္ ပုံရိပ္တစ္ခု ေပၚလာၿပီး ရဲေ႐ွာင္၏ ေ႐ွ႕သို႔့ ပိန္ပိန္ပါးပါး လူတစ္ဦး ေရာက္လာေလသည္။ ထိုလူ၏ မ်က္လုံးမ်ားသည္လည္း အလြန္စူး႐ွလွသည္။ ထိုလူဆိုသည္မွာ နင္ဘီလ်ဴပင္ ျဖစ္သည္။

ေမာ္တယ္ကမ႓ာ၏ နံပါတ္ ၁ လုပ္ၾကံသတ္ျဖတ္ေရး ပညာ႐ွင္ပင္ ျဖစ္ပါေတာ့သည္။

Continue Reading

You'll Also Like

209K 14K 55
Jeon Jungkook x Kim Taehyung
51.4K 8.1K 35
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...
135K 28.4K 200
Sequel of book (700 - 900)
558K 75.6K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...