မိုးကောင်းကင်အောက်မှကလဲ့စား (...

By KazunoMora

55.8K 3.8K 5

Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ chara... More

🔥ရှင်းလင်းချက်🔥
အကျဉ်းချုပ် အက်ဥ္းခ်ဳပ္
Chapter - 209 "ရှင်လုပ်နိုင်ပါတယ်"
Chapter - 210 "တိမ်မြူခိုးနန်းတော်၏ကြမ္မာဆိုး"
Chapter - 211 "ရှေ့ဖြစ်နိမိတ်"
Chapter - 212 "သူဘယ်လိုသိ"
Chapter - 213 "ကျောက်စိမ်းအားဖြည့် ကြာပန်းပင်"
Chapter - 214"အမှားကြီးမှားခြင်း"
Chapter - 215 "အထင်လွဲခြင်း"
Chapter - 216 "လင်းရှောင်ရေခဲကျင့်စဉ်"
Chapter - 217"ယုံတမ်းစကားများ"
Chapter - 218 "သိက္ခာဆိုတာဘာလဲ"
Chapter - 219"မဖြစ်နိုင်သော"
Chapter - 220 "ကောင်းကင်အပြစ်ဒဏ်"
Chapter - 221"အမည်မသိ"
Chapter - 222"နောက်ယောင်ခံလိုက်ခြင်း"
Chapter - 223"ကျော့ကွင်း"
Chapter - 224"ဝမ်းနည်းနေသောဆောင်ဂျု"
Chapter - 225"ကျူးကျော်ဝင်ရောက်လာခြင်း"
Chapter - 226 "တွေဝေခြင်း"
Chapter - 227"ထိပ်တိုက်ရင်ဆိုင်မှု"
Chapter - 228"မိုးရွာတုန်း ရေခံ"
Chapter - 229"ပညာရှင်နှစ်ဦး၏တိုက်ပွဲ"
Chapter - 230 "ကြာပန်းကိုးခိုင်"
Chapter - 231"သူသေကိုယ်သေ"
Chapter - 232"ကယ်တင်ခြင်း (၁)"
Chapter - 233"ကယ်တင်ခြင်း (၂)"
Chapter - 234"အ‌စေ‌ခံ (၁)"
Chapter - 235"အစေခံ (၂)"
Chapter - 236"ဥတစ်ဥနှင့်လူတစ်ယောက်"
Chapter - 237"သနားစရာမိန်းကလေး ပိုင်အာ"
Chapter - 238"ဘဝတူ"
Chapter - 239"အံ့ဖွယ်လက်ဆောင်"
Chapter - 240"ကျီစားသန်က ရန်များ၏"
Chapter - 241"အဆင့်တက်အောင်ကူညီစေခြင်း (၁)"
Chapter - 242"အဆင့်တက်အောင်ကူညီစေခြင်း (၂)"
Chapter - 243"အဆင့်တက်အောင်ကူညီစေခြင်း (၃)"
Chapter - 244"မယုံနိုင်ဖွယ် အဆင့်တက်ခြင်း"
Chapter - 245"အဆင့်တက်ခြင်း၏ အကျိုးသက်ရောက်မှု"
Chapter - 246"အထူးခြားဆုံးသောကျင့်စဉ်တစ်ခု"
Chapter - 247 "ကုသမှုအား လက်ခံလိုက်ခြင်း"
Chapter - 248"ကျုပ်မှာအချိန်မရှိဘူး"
Chapter - 249"ဝေဒနာအား ကုသပေးခြင်း"
Chapter - 250"ထူးခြား စွမ်းအင်"
Chapter - 251"ပဟေဠိဆန်သော ပုစ္ဆာ"
Chapter - 252"နူးညံ့မှု"
Chapter - 253"ဝမ်ဇန်းဟို၏အခက်အခဲ"
Chapter - 254"အချောင်သမားများ"
Chapter - 255"သနားစဖွယ် ဥ"
Chapter - 256"ထူးဆန်းသောစွမ်းအင်"
Chapter - 257"ဥ၏နေရာ"
Chapter - 258"ပျော်ရွှင်သွားသောဥ"
Chapter - 259 "ပိုင်အာ၏ကြိုးပမ်းမှု"
Chapter - 260 "နှိပ်စက်ခံနေရသကဲ့သို့"
Chapter - 261"ကြောက်မက်ဖွယ်ရာ ချီဓာတ်များ"
Chapter - 262"ထင်ယောင်ထင်မှားဖြစ်ခြင်း"
Chapter -263"လျှို့ဝှက်ချက်ပေါ်သွားခြင်း"
Chapter - 264"နန်ရှန်ဆင်း"
Chapter - 265"အကောင်းဆုံးကြိုးစားခြင်း"
Chapter - 266"ပထမတိုက်ကွက်"
Chapter - 267"သက်ရောက်မှုမရှိခြင်း"
Chapter - 268"ဓားတစ်လက်ဖြစ်ပေါ်လာခြင်း"
Chapter - 269"ရယ်မောခြင်းလေပြည်"
Chapter - 270"တန်ပြန်တိုက်ခိုက်မှု"
Chapter - 271"အသေသတ်တိုက်ကွက်"
Chapter - 272"စားရကံ ကြုံလို့ မုတ်ဆိတ် ပျားစွဲ"
Chapter - 274"ဝှက်ဖဲ"
Chapter - 275"အပ်ကိုသုံးတာဘယ်သူလဲ"
Chapter - 276"အနန္တသူတော်စင်"
Chapter - 277"မင်းသိလား"
Chapter - 278"လေလံခန်းမဖွင့်လှစ်ခြင်း"
Chapter - 279"မုန်တိုင်းအိမ်တော်၏ အရှိန်အဝါ"
Chapter - 280"ဖိနှိပ်ခံရခြင်း"
Chapter - 281 - 285
286 - 290
291 - 295
296 - 300
301 - 306
307 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 336
Chapter - 337"ဉာဏ်ကောင်းလှသည့်ဇုဝူကျီ"
Chapter - 338"စဉ်းစားခန်းဝင်ခြင်း"
Chapter - 339"အစော်ကားခံရသည့်ဖန်ဧကရာဇ်"
Chapter - 340"နိုင်ငံရေးနားမလည်သောရဲရှောင်"
Chapter - 341"ဝမ်အာရောက်လာခြင်း"
Chapter - 342"အိန္ဒြေရရ‌ နေကြပါ"
Chapter - 343"လျှို့ဝှက်မြေပုံ"
Chapter - 344"လုပ်ကြံသတ်ဖြတ်သူနှစ်ဦး တွေ့ဆုံကြခြင်း"
Chapter - 345"သေသည့်တိုင် တာဝန်ယူမည်"
Chapter - 346"ခင်ဗျားကိုငှားချင်တယ်"
Chapter - 347"ရှေ့ဆက်ရမည့်အစီအစဉ်"
Chapter - 348"လုပ်ငန်းစတင်ခြင်း"
Chapter - 349"လှုပ်ရှားခြင်း"
Chapter - 350"အသေအချာ သိသွားကြခြင်း"
Chapter - 351"စိတ်နှင့်ကိုယ်မကပ်ခြင်း"
Chapter - 352"ဆဲဆိုကြခြင်း"
Chapter - 353"ဆဲဆိုကြခြင်း"
Chapter - 354"အရက်သောက်ကြခြင်း"
Chapter - 355"ကမ္ဘာ့ရန်"
Chapter - 356"တိုက်ပွဲ"
Chapter - 357"တိုးတက်မှုမရှိခြင်း"
Chapter - 358"ပူးပေါင်းမှု"
Chapter - 359"ဝတ်ရုံနက်ဖြင့်လူ"
Chapter - 360"ခင်ဗျားဘယ်သူလဲ"
Chapter - 361"သွေးခွဲခြင်း"
Chapter - 362"တိုက်ကွက်ဆန်း"
Chapter - 363"စစ်ယု"
Chapter - 364"အတူတကွရင်ဆိုင်ရန်"
Chapter - 365"ကျားရဲတွင်းသို့"
Chapter - 366"ဓားတစ်ချောင်းနှင့်လူတစ်ယောက်"
Chapter - 367"စံပြပုဂ္ဂိုလ်"
Chapter - 368"ကမ္ဘာမကြေ ရန်ငြိုး"
Chapter - 369"ဗိုက်ခေါက်ကြီး"
Chapter - 370"ဆရာနင်"
371 - 375
376--377
378--379
380--381
382--383
384--385
386--387
388--389
390--391
392--393
394--395
396--397
398--399
400
401--402
403--404
405--406
Chapter (407)"ကောင်ကင်အဆင့်တစ်ပညာရှင်လော"
Chapter (408)"ကောင်းကင်အဆင့်နှစ်ပညာရှင်လော"
Chapter (409)"အနိုင်ရမည်လော"
Chapter (410)"တစ်ချက်တည်းဖြင့်"
Chapter (411)"ကြိုးစားခွင့်"
Chapter (412)"သတ်ဖြတ်ခြင်းဘုရင်"
Chapter (413)"ခင်ဗျားမှာအကူရှိတယ်"
Chapter (414)"ပြောင်းလဲသွားသောအခြေအနေ"
Chapter (415)"တိုက်ခိုက်မှုစတင်ခြင်း"
Chapter (416)"လှုံ့ဆော်မှု"
Chapter (417)"တရားခံဘယ်သူလဲ"
Chapter (418)"ရှက်ရွံ့နေသည့်သခင်ကြီးဘိုင်"
Chapter (419)"ထူးဆန်းသောအဖြစ်အပျက်"
Chapter (420)"စိတ်တန်ခိုးမျက်လုံး"
Chapter (421)"လေနှင့်အတူ"
Chapter (422)"ယင်ယန်အသီးများ"
Chapter (423)"ရင်နင့်စွာဖြင့်"
Chapter (424)"အချစ်အတွက်ဆို"
Chapter (425)"နည်းလမ်းနှစ်ခု"
Chapter (426)"မိုးကောင်းကင်ကို ထိတွေ့ရသည်ထက် ခက်၏"
Chapter (427)"တစ်နှစ်တစ်ခါ"
Chapter (428)"ရယ်မောခြင်း၏အဓိပ္ပါယ်"
Chapter (429)"အထီးကျန်သောဘဝ"
Chapter (430)"လက်ကိုင်တုတ်"
Chapter (431)"လုပ်ကြံသတ်ဖြတ်သူများစုဝေးခြင်း"
Chapter (432)"အဖြေမရှိ"
Chapter (433)"ထိပ်တန်းပညာရှင်များအား ပျိုးထောင်ပေးခြင်း"
Chapter (434)"အံ့မခန်းအမြန်နှုန်း"
Chapter (435)"ရေခဲဝိညာဉ်ဓား"
Chapter (436)"ဓားနှင့်တသားတည်းဖြစ်သွားခြင်း"
Chapter (437)"မခေါ်ဘဲလာသည့်ဧည့်သည်"
Chapter (438)"လင်းဝုရှဲ့"
439--440
441--442
443--444
445--446
447--448
449--450
451--452
453--454
455--456
457--458
459--460
461--462
463--464
465--466
467--468
469--470
471--472
473--474
475--476
477--478
479--480
Chapter (481)"ကျုပ်တို့မလိုချင်ပါဘူး"
Chapter (482)"ဒုက္ခလှိုင်းများ"
Chapter (483)"ဝမ်းနည်းနေသော လင်းဝုရှဲ့"
Chapter (484)"မန်ဟွာချင်း"
Chapter (485)"အံ့ဩတုန်လှုပ်ခြင်း"
Chapter (486)"ထွက်ခွာကြရတော့မည်"
Chapter (487)"ရှင့်အကူအညီလိုတယ်"
Chapter (488)"ဆွေးနွေးမှုပျက်ပြယ်ခြင်း"
Chapter (489)"ခြိမ်းခြောက်မှု"
Chapter (490)"ဘယ်တော့မှအလျော့မပေးဘူး"
🔥🔥🔥🔥

Chapter - 273"မလူးသာမလွန့်သာ"

261 22 0
By KazunoMora

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 273

“မလူးသာမလွန့်သာ”

ထိုလူသည် မမျှော်လင့်ထားသော မြင်ကွင်းအား မြင်တွေ့လိုက်ရသည့်အတွက် အံ့သြမှုနှင့်အတူ ပျော်ရွှင်မှုကိုပါ အတိုင်းမသိ ခံစားလိုက်ရသည်။ နန်ရှန်ဆင်း၏ အသက်မဲ့နေသော ခန္ဓာကိုယ်နှင့် မလှုပ်နိုင်တော့သော ရဲရှောင်အား ကြည့်ရင်း ကျေနပ်နေမိသည်။

ရဲရှောင်၏ ရှေ့တွင် ရှိနေသော လူသည် အသက်အရွယ်အားဖြင့် ကြီးသေးပုံ မပေါ်ချေ။ ခန့်မှန်းခြေအားဖြင့် အသက် ၄၀ ခန့်သာ ရှိနိုင်သေးသည်။

ထိုလူ၏ ကျင့်ကြံမှုအဆင့်သည်လည်း နိမ့်လှပြီး မြေကြီးအဆင့် ၆ ထက် မပိုနိုင်ချေ။ ရဲရှောင် အဆင့်မတက်ခဲ့လျှင်ပင် ထိုကဲ့သို့သော လူမျိုးအား မျက်စိမှိတ်၍ တိုက်ခိုက်နိုင်သော်လည်း ယခုကဲ့သို့ မလှုပ်နိုင် မရှားနိုင် ဖြစ်နေသည့် အချိန်တွင်မူ သေချာပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။

ရဲရှောင်သည် အားတင်းလိုက်၍ -

“မင်းဘယ်သူလဲ . . .”

ထိုလူသည် ရဲရှောင်၏ အသံအား ကြားလိုက်ရသောအခါ ချက်ချင်းပင် သတိအနေအထား ဖြစ်သွားကာ ရဲရှောင်အား လှမ်းကြည့်လိုက်သည်။ ထို့နောက် ရယ်မောလိုက်ရင်း -

“မင်းက နန်ရှန်ဆင်းလို ငါ့ကို အာရုံလွှဲပြီး မင်းထောင်ချောက်ထဲ ထည့်တော့မလို့လား၊ ဟဲဟဲ . . . ငါသာ မင်းရဲ့ လှုပ်ရှားမှုတွေကို မတွေ့ခဲ့ရရင် သေချာပေါက် သေရမှာပဲ။ ဒါပေမယ့် မင်းရဲ့အကြံတွေကို ငါ အကုန် သိထားပြီးသားပါ . . .”

ထို့နောက် ကောက်ကျစ်ယုတ်မာသည့်ဟန်ဖြင့် ရယ်မောလိုက်ပြန်ရင်း -

“အမှန်တိုင်း ပြောရရင် မင်းမှာရှိတဲ့ လက်နက်ပုန်း အရေအတွက်ရယ်၊ ဘယ်နားမှာ ဖွက်ထားသလဲ ဆိုတာကိုပါ ငါသိထားတယ် ဖန်ဧကရာဇ်ရဲ့ . . .”

ပြောနေရင်းဖြင့် ထိုလူသည် ရဲရှောင်၏ ခန္ဓာကိုယ်အား လက်ညှိုးထိုးပြလိုက်ကာ -

“ဖန်ဧကရာဇ် . . . မင်းရဲ့ လက်တွေထဲမှာရယ်၊ လက်မောင်းတွေမှာရယ်၊ ခြေချင်းဝတ်တွေမှာရယ် နောက်ပြီး လည်ပင်းမှာတောင် ဖွက်ထားတယ် မဟုတ်လား။ မင်းက တော်တော်တော့ ဉာဏ်များသားပဲ။ ဖြူကောင်လိုပဲ ခန္ဓာကိုယ်အနှံ့မှာ လက်နက်တွေ ရှိနေတယ်။ တော်တော် လေးစားစရာပဲ။ ဒါနဲ့ မင်းရဲ့ ငယ်ပါမှာရော ဖွက်ထားသေးလား။ ငါတော့ အဲဒီနေရာက လျှို့ဝှက်တဲ့ နေရာဆိုတော့ ဖွက်ထားလို့ အကောင်းဆုံးလို့ ထင်တာပဲ . . .”

ထိုလူ၏ အသံသည် ခြောက်ကပ်ကပ် နိုင်လှသည်။ အရာအားလုံးအား သူ၏ လက်ခုပ်ထဲမှရေကဲ့သို့ပင် မှတ်ယူထားဟန် ရှိသည်။

ရဲရှောင် ချောင်းဆိုးလိုက်ကာ သွေးအချို့ အန်ထွက်သွားပြီးနောက် -

“ငါကတောင် မင်းကို လေးစားရမှာပါ။ မင်းသေချာကို မှတ်ထားနိုင်တာပဲ။ လင်းပါအိုခန်းမရဲ့ ဧကရာဇ်တစ်ယောက် အနေနဲ့ ကိုယ့်အသက်ကိုယ် ကာကွယ်ဖို့ အစီအမံလေးတွေ လုပ်ထားရုံပါ . . .”

ထိုလူသည် ရယ်မောလိုက်ရင်း -

“ဖန်ဧကရာဇ် . . . မင်းက အခု ငါ့လက်ထဲမှာနော်။ အဲဒါတောင် မင်းက ငါ့ကို ပမာမခန့်လေသံနဲ့ ရွဲ့သလိုလို စောင်းသလိုလို ပြောနေနိုင်သေးတယ်ပေါ့။ တောင်းပန်ရုံလောက်နဲ့ရော လွတ်မြောက်နိုင်မယ် ထင်နေလား။ ငါ့လက်ထဲ ရောက်နေတာတောင် ငါ့ကို ဆန့်ကျင်နေချင်သေးတယ်။ တကယ့်အရူးပဲ . . .”

ထို့နောက် သူ၏ ဓားအား ဆွဲထုတ်လိုက်ကာ -

“ဖန်ဧကရာဇ် . . . အခု မင်းရဲ့ အပ်သေးသေးလေးတွေ အကုန်လုံးကို ထုတ်လိုက်စမ်း။ ဒီလိုမှ မဟုတ်ရင် ဒီဓားနဲ့ မင်းကို ခုတ်ပစ်လိုက်မယ်။ ငါလည်း မလိုလားအပ်တဲ့ အရာတွေ မလုပ်ချင်ပါဘူး။ မင်းက အသက်ရှိနေမှသာ တန်ဖိုးရှိတာကွ။ မင်းသာ သေသွားရင် ငါ့အတွက် ဘာမှ တန်ဖိုးရှိမှာ မဟုတ်တော့ဘူး။ မင်းကို မျက်နှာသာပေးတဲ့ အနေနဲ့ မင်းရဲ့ အောက်ခံတွေကိုတော့ ဝတ်ထားခွင့် ပေးလိုက်မယ်။ ဒီလို ချွန်ထက်တဲ့ အပ်တွေ ဓားမြောင်တွေကိုတော့ ပေါင်ကြားထဲ ထည့်မထားဘူး ထင်တာပဲ . . .”

“ဒါမှမဟုတ် ဘာမှမကျန်အောင် အကုန်ချွတ်ခိုင်းမှထင်တယ်။ ကြယ်ရောင်ဂိုဏ်းက နန်ရှန်ဆင်းကို တောင် မင်းက သတ်လိုက်နိုင်တယ်ဆိုတော့ ငါ့ကိုဆို အလွယ်တကူ သတ်နိုင်မှာပဲ။ မင်းကို ဘာအခွင့်အရေးမှ ပေးလို့ မဖြစ်ဘူး။ အခုကစပြီး ငါ တစ်ကနေသုံးအထိ ရေမယ်။ မင်းအကုန်မချွတ်ဘူးဆိုရင် မင်းကို ငါချက်ချင်း သတ်ပစ်မှာနော် . . .”

“ကဲ အခုကစပြီး ရေပြီနော်၊ သေချာ နားထောင်ထား ဖန်ဧကရာဇ်၊ တစ် . . .”

ရဲရှောင် ပြုံးလိုက်ရင်း -

“မင်းက တကယ်ကို သတိကောင်းတဲ့ လူပါပဲလား။ မင်းတို့ နေရောင်ဂိုဏ်းက လူတိုင်း မင်းလိုပဲလား . . .”

ရဲရှောင်၏ စိတ်ထဲတွင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

အကြောင်းမှာ ထိုလူသည် အနည်းငယ် နောက်ကျမှသာ ရောက်လာသဖြင့် ရဲရှောင်၏ သရုပ်အမှန်အား သိမသွားခဲ့ချေ။ အကြောင်းအရာ အနည်းငယ်ကိုသာ သိသွားခြင်း ဖြစ်သည်။ နန်ရှန်ဆင်းနှင့် ပွဲသိမ်းတိုက်ကွက် တိုက်ခိုက်နေသည့် အချိန်တွင် ထိုလူ ရောက်ရှိလာခြင်း ဖြစ်နိုင်ပြီး အစောပိုင်းတွင် ရဲရှောင်တို့ နှစ်ဦး ပြောဆိုခဲ့ကြသည့် ကိစ္စများကိုမူ သိဟန်မတူချေ။

တိုက်ပွဲအစတွင် နန်ရှန်ဆင်းသည် အပြင်းအထန် ဒဏ်ရာ ရရှိထားခြင်း မရှိသေးချေ။ နန်ရှန်ဆင်း၏ အာရုံခံနိုင်စွမ်းဖြင့်သာဆိုလျှင် ထိုလူ ရောက်ရှိလာခြင်းအား ကောင်းစွာ အာရုံခံမိမည်မှာ အသေအချာပင် ဖြစ်သည်။ ထိုအခါ ရဲရှောင်ထက် ထိုလူကိုသာ အရင်သွားသတ်နိုင်ပေသည်။

အကြောင်းမှာ ရောက်ရှိလာသည့် လူသည် နန်ရှန်ဆင်းအတွက် ဝေစုခွဲပေးရမည့် လူပင် ဖြစ်လာနိုင်သည် မဟုတ်ပါလော။

နန်ရှန်ဆင်း အနေဖြင့် ရဲရှောင်ထံမှ ရရှိမည့် အကျိုးအမြတ်များအား မည်သူ့ကိုမျှ ခွဲဝေမပေးချင်ပေ။ နန်ရှန်ဆင်းအတွက်မူ အနားသို့ ရောက်ရှိလာသည့် လူအား သတ်ပစ်ရန်မှာ အသက်ရှူရသည်ထက်ပင် ပို၍ လွယ်ကူနေပါသေးသည်။

ရဲရှောင်သည် သူ၏ လက်နက်ပုန်းများအား အချိန်ကုန်ခံ၍ ပြန်လည် ကောက်ယူသိမ်းဆည်းခဲ့ရသည်။ သို့သော် ယခုအခါတွင် ပြန်၍ ထုတ်ရပြန်ပြီ ဖြစ်သည့်အတွက် စိတ်မသက်သာရာပင် ဖြစ်နေမိသည်။ အတွင်းခံကိုမူ ချန်ထားခိုင်းမည်ဟု ပြောသဖြင့် ရဲရှောင်လည်း ချန်ထားရန် ဆုံးဖြတ်လိုက်သည်။

“ဖန်ဧကရာဇ် . . . ငါနံပါတ်စဉ် ရေနေတာနော်၊ နှစ် . . .”

ရဲရှောင် သက်ပြင်းသာ ချလိုက်မိသည်။ ထို့နောက် တုံ့ဆိုင်းခြင်း အလျင်းမရှိတော့ဘဲ ဆံပင်ထဲတွင် ဝှက်ထားသော အပ်များအား လျင်မြန်စွာ ဖြုတ်လိုက်သည်။

ထိုလူသည် ရဲရှောင်ပြန်၍ သက်သာလာပြီး သူ့အား တိုက်ခိုက်လာမည်ကို အချိန်နှင့်အမျှ သတိကြီးစွာထား၍ ထိတ်လန့်နေသည့် ဟန်ရှိသည်။ ထိုကဲ့သို့သာ ဖြစ်လာမည် ဆိုပါက သူ သေဆုံးရမည်မှာ သေချာပေါက်ပင် ဖြစ်သည်။ ရဲရှောင် ထိတ်လန့်နေမိသည်မှာ ယခုအရှုပ်ထုပ်အတွင်းသို့ နောက်ထပ်လူတစ်ယောက် ထပ်မံဝင်ရောက် လာမည်ကိုပင် ဖြစ်သည်။

(လုံခြုံစိတ်ချရတဲ့ နေရာဆိုတာ ဘယ်မှာမှ မရှိပါလား . . .)

(ဒီနေရာက ချောင်ကျပြီး လျှို့ဝှက်နေရာ တစ်ခုလို ဖြစ်နေတာ၊ ဒီနေ့ကျမှ လူစုံ ရောက်လာရတယ်လို့ကွာ . . .)

ရဲရှောင် မကျေမနပ်ပင် ဖြစ်နေမိသည်။

ထိုလူသည် စူးရှသော မျက်လုံးများဖြင့် ရဲရှောင်အား ကြည့်နေရင်း ရဲရှောင် လက်နက်တစ်ခု ထုတ်ပြီးတိုင်း နံပါတ်စဉ်မှတ်၍ ရေတွက်နေလေသည်။ ရဲရှောင်သည် သူ၏ နောက်ဆုံးလက်နက် ဖြစ်သော ခြေချင်းဝတ်မှ အပ်အား ထုတ်လိုက်ပြီးသည့်အချိန်တွင် အားအင်ကုန်ခန်း နွမ်းနယ်နေပြီ ဖြစ်သည်။ လက်နက်ပုန်းများ ကုန်သွားပြီ ဖြစ်သည့်အတွက် ရန်သူသည် စိတ်သာရာ ရသွားသည့်ဟန်ဖြင့် -

“ဖန်ဧကရာဇ်က လိမ္မာပါးနပ်တဲ့ လူတစ်ယောက်ပါ။ ကိုယ့်အခြေအနေကိုယ် သိပုံပဲ . . .”

ရဲရှောင် အားတင်း၍ ပြုံးလိုက်ကာ -

(ဒီကောင်က ရှေ့တောင် နည်းနည်းလေးမှ တိုးမလာရဲဘူး။ ငါနဲ့ နည်းနည်း အလှမ်းဝေးနေတယ်။ ငါသူ့ကို တစ်ချက်တည်းနဲ့ သတ်နိုင်ပါ့မလား ဆိုတာလည်း မသေချာဘူး။ အခု ငါက ဒဏ်ရာ အပြင်းအထန် ရထားတယ်။ ငါ့အကြံအစည်သာ မအောင်မြင်ခဲ့ရင် ဒီကောင်က ငါ့ကို ချက်ချင်း သတ်ပစ်လိုက်နိုင်တယ်။ တော်တော်လည်း သတိကြီးတဲ့ကောင်ပဲ။ ချမ်းသာမှုကို ရွေးမလား၊ အသက်ကို ရွေးမလားဆိုရင် သေချာပေါက် သူ့အသက်သူ ရွေးမယ့်ကောင် . . .)

ရဲရှောင် ဆက်လက်၍ ထိန်းချုပ်နိုင်စွမ်း မရှိတော့သဖြင့် မြေပြင်ပေါ်သို့ လှဲချလိုက်ကာ အလွန်ပင်ပန်း နွမ်းနယ်နေသည့်ဟန်ဖြင့် -

“မင်းဘယ်သူလဲ၊ နေရောင်ဂိုဏ်းထဲက ဘယ်သူများလဲ။ မင်းလိုလူမျိုး နေရောင်ဂိုဏ်းထဲ ရှိနေမယ် ထင်မထားခဲ့မိဘူး . . .”

ထိုလူသည် ရယ်မောလိုက်ရင်း ဂုဏ်ယူဝံ့ကြွားသည့် ဟန်ပန်မျိုးဖြင့် -

“ဖန်ဧကရာဇ် . . . ငါ့နာမည်က ချန်ယွင်းဖန်လို့ ခေါ်တယ်။ ငါက ဘာမှ မပြောပလောက်တဲ့ လူတစ်ယောက်ပါ . . .”

ရဲရှောင်သည် သူ၏ မျက်လုံးများ မှိတ်လိုက်ကာ ခေါင်းညိတ်လိုက်ရင်း -

“ဒါပေါ့၊ မင်းက ဘာကောင်မှ မဟုတ်ဘူး။ ဖန်ဇီလင်ဆိုတဲ့ ငါက တစ်ကမ္ဘာလုံးအနှံ့ သွားလာခဲ့ဖူးတယ်။ အဲ့ဒါတောင် ဒီလို ဘာမဟုတ်တဲ့ လူတစ်ယောက်ရဲ့ လက်ထဲကို ရောက်လာခဲ့ရတာကတော့ တော်တော်ဆိုးတဲ့ ကံတရားပဲ . . .”

ချန်ယွင်းဖန်၏ မျက်နှာသည် အေးစက်မာကြောသွားကာ မကျေမချမ်း ဖြစ်သွားသည့် အသံဖြင့် -

“ဒါပေါ့၊ မင်းဟာမင်း ဘယ်လောက်ပဲ စွမ်းစွမ်း အခုတော့ ရေနစ်နေတဲ့ ခွေးတစ်ကောင်လို ဖြစ်နေပြီ မဟုတ်လား။ ငါ မင်းကို အကြံတစ်ခုပေးမယ် ဖန်ဧကရာဇ် မင်းဘာမှ မလုပ်နိုင် မတတ်နိုင်တော့တဲ့ အခါမျိုးကြရင် မင်းပါးစပ်ကို ပိတ်ရင် ပိတ်ထားလိုက် ဒါမှမဟုတ် စကားကောင်းကောင်း ပြောရင်ပြော။ အဲ့ဒါ မင်းအတွက် အဆင်ပြေဆုံးပဲ . . .”

ရဲရှောင် မျက်လုံးများ မှိတ်ထားလျက်ပင် -

“ဒါတော့ဒါပေါ့၊ ဒါပေမယ့် မင်းလိုကောင်ရဲ့ လက်ထဲ ရောက်ရမှာ ခံပြင်းလို့ပါကွာ၊ ငါမလှုပ်နိုင်တာလည်း ကံဆိုးတာပေါ့ . . .

ချန်ယွင်းဖန်သည် သည်းမခံနိုင်တော့သည့်ဟန်ဖြင့် -

“မင်းကငါ့ကို လှောင်ရဲတယ်ပေါ့။ ဒီလို အခြေအနေမျိုးမှာတောင် ငါ့ကို လှောင်နိုင်သေးတယ်ပေါ့ လေ . . .”

ပြောနေရင်းဖြင့် ထိုလူသည် ရှေ့သို့ လျှောက်လာလေသည်။

ချန်ယွင်းဖန်သည် ဒေါသ အလွန်အမင်း ထွက်နေသော်လည်း သတိလက်လွတ် မနေချေ။ သူ၏ လက်ထဲမှ ဓားအား တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ဖန်ဇီလင် အသက်ရှူနေသေးသ၍ ကာလပတ်လုံး သူ့အတွက် အန္တရာယ် ရှိနိုင်သည်ဟု မှတ်ယူထားသည့် ပုံပင်။

ဖန်ဇီလင် ဆိုသည်မှာလည်း နန်ရှန်ဆင်းကဲ့သို့ ပညာရှင်တစ်ဦးကိုပင် သတ်နိုင်ခဲ့သည့် လူတစ်ဦးပင် မဟုတ်ပါလော။ ထို့ကြောင့် သူလို လူတစ်ယောက်အား အနည်းငယ်မျှ လှုပ်ရှားနိုင်လျှင်ပင် လွယ်လွယ်ကူကူဖြင့် သတ်ပစ်နိုင်သည်ကို သိနေ၍ပင် ဖြစ်ပါတော့သည်။

မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား

Chapter – 273

“မလူးသာမလြန္႔သာ”

ထိုလူသည္ မေမွ်ာ္လင့္ထားေသာ ျမင္ကြင္းအား ျမင္ေတြ႕လိုက္ရသည့္အတြက္ အံ့ၾသမႈႏွင့္အတူ ေပ်ာ္႐ႊင္မႈကိုပါ အတိုင္းမသိ ခံစားလိုက္ရသည္။ နန္႐ွန္ဆင္း၏ အသက္မဲ့ေနေသာ ခႏၶာကိုယ္ႏွင့္ မလႈပ္ႏိုင္ေတာ့ေသာ ရဲေ႐ွာင္အား ၾကည့္ရင္း ေက်နပ္ေနမိသည္။

ရဲေ႐ွာင္၏ ေ႐ွ႕တြင္ ႐ွိေနေသာ လူသည္ အသက္အ႐ြယ္အားျဖင့္ ႀကီးေသးပုံ မေပၚေခ်။ ခန္႔မွန္းေျခအားျဖင့္ အသက္ ၄၀ ခန္႔သာ ႐ွိႏိုင္ေသးသည္။

ထိုလူ၏ က်င့္ၾကံမႈအဆင့္သည္လည္း နိမ့္လွၿပီး ေျမႀကီးအဆင့္ ၆ ထက္ မပိုႏိုင္ေခ်။ ရဲေ႐ွာင္ အဆင့္မတက္ခဲ့လွ်င္ပင္ ထိုကဲ့သို႔ေသာ လူမ်ိဳးအား မ်က္စိမွိတ္၍ တိုက္ခိုက္ႏိုင္ေသာ္လည္း ယခုကဲ့သို႔ မလႈပ္ႏိုင္ မ႐ွားႏိုင္ ျဖစ္ေနသည့္ အခ်ိန္တြင္မူ ေသခ်ာေပါက္ ႐ႈံးနိမ့္သြားေပလိမ့္မည္။

ရဲေ႐ွာင္သည္ အားတင္းလိုက္၍ -

“မင္းဘယ္သူလဲ . . .”

ထိုလူသည္ ရဲေ႐ွာင္၏ အသံအား ၾကားလိုက္ရေသာအခါ ခ်က္ခ်င္းပင္ သတိအေနအထား ျဖစ္သြားကာ ရဲေ႐ွာင္အား လွမ္းၾကည့္လိုက္သည္။ ထို႔ေနာက္ ရယ္ေမာလိုက္ရင္း -

“မင္းက နန္႐ွန္ဆင္းလို ငါ့ကို အာ႐ုံလႊဲၿပီး မင္းေထာင္ေခ်ာက္ထဲ ထည့္ေတာ့မလို႔လား၊ ဟဲဟဲ . . . ငါသာ မင္းရဲ႕ လႈပ္႐ွားမႈေတြကို မေတြ႕ခဲ့ရရင္ ေသခ်ာေပါက္ ေသရမွာပဲ။ ဒါေပမယ့္ မင္းရဲ႕အၾကံေတြကို ငါ အကုန္ သိထားၿပီးသားပါ . . .”

ထို႔ေနာက္ ေကာက္က်စ္ယုတ္မာသည့္ဟန္ျဖင့္ ရယ္ေမာလိုက္ျပန္ရင္း -

“အမွန္တိုင္း ေျပာရရင္ မင္းမွာ႐ွိတဲ့ လက္နက္ပုန္း အေရအတြက္ရယ္၊ ဘယ္နားမွာ ဖြက္ထားသလဲ ဆိုတာကိုပါ ငါသိထားတယ္ ဖန္ဧကရာဇ္ရဲ႕ . . .”

ေျပာေနရင္းျဖင့္ ထိုလူသည္ ရဲေ႐ွာင္၏ ခႏၶာကိုယ္အား လက္ညိႇဳးထိုးျပလိုက္ကာ -

“ဖန္ဧကရာဇ္ . . . မင္းရဲ႕ လက္ေတြထဲမွာရယ္၊ လက္ေမာင္းေတြမွာရယ္၊ ေျခခ်င္းဝတ္ေတြမွာရယ္ ေနာက္ၿပီး လည္ပင္းမွာေတာင္ ဖြက္ထားတယ္ မဟုတ္လား။ မင္းက ေတာ္ေတာ္ေတာ့ ဉာဏ္မ်ားသားပဲ။ ျဖဴေကာင္လိုပဲ ခႏၶာကိုယ္အႏွံ႔မွာ လက္နက္ေတြ ႐ွိေနတယ္။ ေတာ္ေတာ္ ေလးစားစရာပဲ။ ဒါနဲ႔ မင္းရဲ႕ ငယ္ပါမွာေရာ ဖြက္ထားေသးလား။ ငါေတာ့ အဲဒီေနရာက လွ်ိဳ႕ဝွက္တဲ့ ေနရာဆိုေတာ့ ဖြက္ထားလို႔ အေကာင္းဆုံးလို႔ ထင္တာပဲ . . .”

ထိုလူ၏ အသံသည္ ေျခာက္ကပ္ကပ္ ႏိုင္လွသည္။ အရာအားလုံးအား သူ၏ လက္ခုပ္ထဲမွေရကဲ့သို႔ပင္ မွတ္ယူထားဟန္ ႐ွိသည္။

ရဲေ႐ွာင္ ေခ်ာင္းဆိုးလိုက္ကာ ေသြးအခ်ိဳ႕ အန္ထြက္သြားၿပီးေနာက္ -

“ငါကေတာင္ မင္းကို ေလးစားရမွာပါ။ မင္းေသခ်ာကို မွတ္ထားႏိုင္တာပဲ။ လင္းပါအိုခန္းမရဲ႕ ဧကရာဇ္တစ္ေယာက္ အေနနဲ႔ ကိုယ့္အသက္ကိုယ္ ကာကြယ္ဖို႔ အစီအမံေလးေတြ လုပ္ထား႐ုံပါ . . .”

ထိုလူသည္ ရယ္ေမာလိုက္ရင္း -

“ဖန္ဧကရာဇ္ . . . မင္းက အခု ငါ့လက္ထဲမွာေနာ္။ အဲဒါေတာင္ မင္းက ငါ့ကို ပမာမခန္႔ေလသံနဲ႔ ႐ြဲ႕သလိုလို ေစာင္းသလိုလို ေျပာေနႏိုင္ေသးတယ္ေပါ့။ ေတာင္းပန္႐ုံေလာက္နဲ႔ေရာ လြတ္ေျမာက္ႏိုင္မယ္ ထင္ေနလား။ ငါ့လက္ထဲ ေရာက္ေနတာေတာင္ ငါ့ကို ဆန္႔က်င္ေနခ်င္ေသးတယ္။ တကယ့္အ႐ူးပဲ . . .”

ထို႔ေနာက္ သူ၏ ဓားအား ဆြဲထုတ္လိုက္ကာ -

“ဖန္ဧကရာဇ္ . . . အခု မင္းရဲ႕ အပ္ေသးေသးေလးေတြ အကုန္လုံးကို ထုတ္လိုက္စမ္း။ ဒီလိုမွ မဟုတ္ရင္ ဒီဓားနဲ႔ မင္းကို ခုတ္ပစ္လိုက္မယ္။ ငါလည္း မလိုလားအပ္တဲ့ အရာေတြ မလုပ္ခ်င္ပါဘူး။ မင္းက အသက္႐ွိေနမွသာ တန္ဖိုး႐ွိတာကြ။ မင္းသာ ေသသြားရင္ ငါ့အတြက္ ဘာမွ တန္ဖိုး႐ွိမွာ မဟုတ္ေတာ့ဘူး။ မင္းကို မ်က္ႏွာသာေပးတဲ့ အေနနဲ႔ မင္းရဲ႕ ေအာက္ခံေတြကိုေတာ့ ဝတ္ထားခြင့္ ေပးလိုက္မယ္။ ဒီလို ခြၽန္ထက္တဲ့ အပ္ေတြ ဓားေျမာင္ေတြကိုေတာ့ ေပါင္ၾကားထဲ ထည့္မထားဘူး ထင္တာပဲ . . .”

“ဒါမွမဟုတ္ ဘာမွမက်န္ေအာင္ အကုန္ခြၽတ္ခိုင္းမွထင္တယ္။ ၾကယ္ေရာင္ဂိုဏ္းက နန္႐ွန္ဆင္းကို ေတာင္ မင္းက သတ္လိုက္ႏိုင္တယ္ဆိုေတာ့ ငါ့ကိုဆို အလြယ္တကူ သတ္ႏိုင္မွာပဲ။ မင္းကို ဘာအခြင့္အေရးမွ ေပးလို႔ မျဖစ္ဘူး။ အခုကစၿပီး ငါ တစ္ကေနသုံးအထိ ေရမယ္။ မင္းအကုန္မခြၽတ္ဘူးဆိုရင္ မင္းကို ငါခ်က္ခ်င္း သတ္ပစ္မွာေနာ္ . . .”

“ကဲ အခုကစၿပီး ေရၿပီေနာ္၊ ေသခ်ာ နားေထာင္ထား ဖန္ဧကရာဇ္၊ တစ္ . . .”

ရဲေ႐ွာင္ ျပဳံးလိုက္ရင္း -

“မင္းက တကယ္ကို သတိေကာင္းတဲ့ လူပါပဲလား။ မင္းတို႔ ေနေရာင္ဂိုဏ္းက လူတိုင္း မင္းလိုပဲလား . . .”

ရဲေ႐ွာင္၏ စိတ္ထဲတြင္ အနည္းငယ္ စိတ္သက္သာရာ ရသြားခဲ့သည္။

အေၾကာင္းမွာ ထိုလူသည္ အနည္းငယ္ ေနာက္က်မွသာ ေရာက္လာသျဖင့္ ရဲေ႐ွာင္၏ သ႐ုပ္အမွန္အား သိမသြားခဲ့ေခ်။ အေၾကာင္းအရာ အနည္းငယ္ကိုသာ သိသြားျခင္း ျဖစ္သည္။ နန္႐ွန္ဆင္းႏွင့္ ပြဲသိမ္းတိုက္ကြက္ တိုက္ခိုက္ေနသည့္ အခ်ိန္တြင္ ထိုလူ ေရာက္႐ွိလာျခင္း ျဖစ္ႏိုင္ၿပီး အေစာပိုင္းတြင္ ရဲေ႐ွာင္တို႔ ႏွစ္ဦး ေျပာဆိုခဲ့ၾကသည့္ ကိစၥမ်ားကိုမူ သိဟန္မတူေခ်။

တိုက္ပြဲအစတြင္ နန္႐ွန္ဆင္းသည္ အျပင္းအထန္ ဒဏ္ရာ ရ႐ွိထားျခင္း မ႐ွိေသးေခ်။ နန္႐ွန္ဆင္း၏ အာ႐ုံခံႏိုင္စြမ္းျဖင့္သာဆိုလွ်င္ ထိုလူ ေရာက္႐ွိလာျခင္းအား ေကာင္းစြာ အာ႐ုံခံမိမည္မွာ အေသအခ်ာပင္ ျဖစ္သည္။ ထိုအခါ ရဲေ႐ွာင္ထက္ ထိုလူကိုသာ အရင္သြားသတ္ႏိုင္ေပသည္။

အေၾကာင္းမွာ ေရာက္႐ွိလာသည့္ လူသည္ နန္႐ွန္ဆင္းအတြက္ ေဝစုခြဲေပးရမည့္ လူပင္ ျဖစ္လာႏိုင္သည္ မဟုတ္ပါေလာ။

နန္႐ွန္ဆင္း အေနျဖင့္ ရဲေ႐ွာင္ထံမွ ရ႐ွိမည့္ အက်ိဳးအျမတ္မ်ားအား မည္သူ႕ကိုမွ် ခြဲေဝမေပးခ်င္ေပ။ နန္႐ွန္ဆင္းအတြက္မူ အနားသို႔ ေရာက္႐ွိလာသည့္ လူအား သတ္ပစ္ရန္မွာ အသက္႐ွဴရသည္ထက္ပင္ ပို၍ လြယ္ကူေနပါေသးသည္။

ရဲေ႐ွာင္သည္ သူ၏ လက္နက္ပုန္းမ်ားအား အခ်ိန္ကုန္ခံ၍ ျပန္လည္ ေကာက္ယူသိမ္းဆည္းခဲ့ရသည္။ သို႔ေသာ္ ယခုအခါတြင္ ျပန္၍ ထုတ္ရျပန္ၿပီ ျဖစ္သည့္အတြက္ စိတ္မသက္သာရာပင္ ျဖစ္ေနမိသည္။ အတြင္းခံကိုမူ ခ်န္ထားခိုင္းမည္ဟု ေျပာသျဖင့္ ရဲေ႐ွာင္လည္း ခ်န္ထားရန္ ဆုံးျဖတ္လိုက္သည္။

“ဖန္ဧကရာဇ္ . . . ငါနံပါတ္စဥ္ ေရေနတာေနာ္၊ ႏွစ္ . . .”

ရဲေ႐ွာင္ သက္ျပင္းသာ ခ်လိုက္မိသည္။ ထို႔ေနာက္ တုံ႔ဆိုင္းျခင္း အလ်င္းမ႐ွိေတာ့ဘဲ ဆံပင္ထဲတြင္ ဝွက္ထားေသာ အပ္မ်ားအား လ်င္ျမန္စြာ ျဖဳတ္လိုက္သည္။

ထိုလူသည္ ရဲေ႐ွာင္ျပန္၍ သက္သာလာၿပီး သူ႕အား တိုက္ခိုက္လာမည္ကို အခ်ိန္ႏွင့္အမွ် သတိႀကီးစြာထား၍ ထိတ္လန္႔ေနသည့္ ဟန္႐ွိသည္။ ထိုကဲ့သို႔သာ ျဖစ္လာမည္ ဆိုပါက သူ ေသဆုံးရမည္မွာ ေသခ်ာေပါက္ပင္ ျဖစ္သည္။ ရဲေ႐ွာင္ ထိတ္လန္႔ေနမိသည္မွာ ယခုအ႐ႈပ္ထုပ္အတြင္းသို႔ ေနာက္ထပ္လူတစ္ေယာက္ ထပ္မံဝင္ေရာက္ လာမည္ကိုပင္ ျဖစ္သည္။

(လုံျခဳံစိတ္ခ်ရတဲ့ ေနရာဆိုတာ ဘယ္မွာမွ မ႐ွိပါလား . . .)

(ဒီေနရာက ေခ်ာင္က်ၿပီး လွ်ိဳ႕ဝွက္ေနရာ တစ္ခုလို ျဖစ္ေနတာ၊ ဒီေန႔က်မွ လူစုံ ေရာက္လာရတယ္လို႔ကြာ . . .)

ရဲေ႐ွာင္ မေက်မနပ္ပင္ ျဖစ္ေနမိသည္။

ထိုလူသည္ စူး႐ွေသာ မ်က္လုံးမ်ားျဖင့္ ရဲေ႐ွာင္အား ၾကည့္ေနရင္း ရဲေ႐ွာင္ လက္နက္တစ္ခု ထုတ္ၿပီးတိုင္း နံပါတ္စဥ္မွတ္၍ ေရတြက္ေနေလသည္။ ရဲေ႐ွာင္သည္ သူ၏ ေနာက္ဆုံးလက္နက္ ျဖစ္ေသာ ေျခခ်င္းဝတ္မွ အပ္အား ထုတ္လိုက္ၿပီးသည့္အခ်ိန္တြင္ အားအင္ကုန္ခန္း ႏြမ္းနယ္ေနၿပီ ျဖစ္သည္။ လက္နက္ပုန္းမ်ား ကုန္သြားၿပီ ျဖစ္သည့္အတြက္ ရန္သူသည္ စိတ္သာရာ ရသြားသည့္ဟန္ျဖင့္ -

“ဖန္ဧကရာဇ္က လိမၼာပါးနပ္တဲ့ လူတစ္ေယာက္ပါ။ ကိုယ့္အေျခအေနကိုယ္ သိပုံပဲ . . .”

ရဲေ႐ွာင္ အားတင္း၍ ျပဳံးလိုက္ကာ -

(ဒီေကာင္က ေ႐ွ႕ေတာင္ နည္းနည္းေလးမွ တိုးမလာရဲဘူး။ ငါနဲ႔ နည္းနည္း အလွမ္းေဝးေနတယ္။ ငါသူ႕ကို တစ္ခ်က္တည္းနဲ႔ သတ္ႏိုင္ပါ့မလား ဆိုတာလည္း မေသခ်ာဘူး။ အခု ငါက ဒဏ္ရာ အျပင္းအထန္ ရထားတယ္။ ငါ့အၾကံအစည္သာ မေအာင္ျမင္ခဲ့ရင္ ဒီေကာင္က ငါ့ကို ခ်က္ခ်င္း သတ္ပစ္လိုက္ႏိုင္တယ္။ ေတာ္ေတာ္လည္း သတိႀကီးတဲ့ေကာင္ပဲ။ ခ်မ္းသာမႈကို ေ႐ြးမလား၊ အသက္ကို ေ႐ြးမလားဆိုရင္ ေသခ်ာေပါက္ သူ႕အသက္သူ ေ႐ြးမယ့္ေကာင္ . . .)

ရဲေ႐ွာင္ ဆက္လက္၍ ထိန္းခ်ဳပ္ႏိုင္စြမ္း မ႐ွိေတာ့သျဖင့္ ေျမျပင္ေပၚသို႔ လွဲခ်လိုက္ကာ အလြန္ပင္ပန္း ႏြမ္းနယ္ေနသည့္ဟန္ျဖင့္ -

“မင္းဘယ္သူလဲ၊ ေနေရာင္ဂိုဏ္းထဲက ဘယ္သူမ်ားလဲ။ မင္းလိုလူမ်ိဳး ေနေရာင္ဂိုဏ္းထဲ ႐ွိေနမယ္ ထင္မထားခဲ့မိဘူး . . .”

ထိုလူသည္ ရယ္ေမာလိုက္ရင္း ဂုဏ္ယူဝံ့ႂကြားသည့္ ဟန္ပန္မ်ိဳးျဖင့္ -

“ဖန္ဧကရာဇ္ . . . ငါ့နာမည္က ခ်န္ယြင္းဖန္လို႔ ေခၚတယ္။ ငါက ဘာမွ မေျပာပေလာက္တဲ့ လူတစ္ေယာက္ပါ . . .”

ရဲေ႐ွာင္သည္ သူ၏ မ်က္လုံးမ်ား မွိတ္လိုက္ကာ ေခါင္းညိတ္လိုက္ရင္း -

“ဒါေပါ့၊ မင္းက ဘာေကာင္မွ မဟုတ္ဘူး။ ဖန္ဇီလင္ဆိုတဲ့ ငါက တစ္ကမ႓ာလုံးအႏွံ႔ သြားလာခဲ့ဖူးတယ္။ အဲ့ဒါေတာင္ ဒီလို ဘာမဟုတ္တဲ့ လူတစ္ေယာက္ရဲ႕ လက္ထဲကို ေရာက္လာခဲ့ရတာကေတာ့ ေတာ္ေတာ္ဆိုးတဲ့ ကံတရားပဲ . . .”

ခ်န္ယြင္းဖန္၏ မ်က္ႏွာသည္ ေအးစက္မာေၾကာသြားကာ မေက်မခ်မ္း ျဖစ္သြားသည့္ အသံျဖင့္ -

“ဒါေပါ့၊ မင္းဟာမင္း ဘယ္ေလာက္ပဲ စြမ္းစြမ္း အခုေတာ့ ေရနစ္ေနတဲ့ ေခြးတစ္ေကာင္လို ျဖစ္ေနၿပီ မဟုတ္လား။ ငါ မင္းကို အၾကံတစ္ခုေပးမယ္ ဖန္ဧကရာဇ္ မင္းဘာမွ မလုပ္ႏိုင္ မတတ္ႏိုင္ေတာ့တဲ့ အခါမ်ိဳးၾကရင္ မင္းပါးစပ္ကို ပိတ္ရင္ ပိတ္ထားလိုက္ ဒါမွမဟုတ္ စကားေကာင္းေကာင္း ေျပာရင္ေျပာ။ အဲ့ဒါ မင္းအတြက္ အဆင္ေျပဆုံးပဲ . . .”

ရဲေ႐ွာင္ မ်က္လုံးမ်ား မွိတ္ထားလ်က္ပင္ -

“ဒါေတာ့ဒါေပါ့၊ ဒါေပမယ့္ မင္းလိုေကာင္ရဲ႕ လက္ထဲ ေရာက္ရမွာ ခံျပင္းလို႔ပါကြာ၊ ငါမလႈပ္ႏိုင္တာလည္း ကံဆိုးတာေပါ့ . . .

ခ်န္ယြင္းဖန္သည္ သည္းမခံႏိုင္ေတာ့သည့္ဟန္ျဖင့္ -

“မင္းကငါ့ကို ေလွာင္ရဲတယ္ေပါ့။ ဒီလို အေျခအေနမ်ိဳးမွာေတာင္ ငါ့ကို ေလွာင္ႏိုင္ေသးတယ္ေပါ့ ေလ . . .”

ေျပာေနရင္းျဖင့္ ထိုလူသည္ ေ႐ွ႕သို႔ ေလွ်ာက္လာေလသည္။

ခ်န္ယြင္းဖန္သည္ ေဒါသ အလြန္အမင္း ထြက္ေနေသာ္လည္း သတိလက္လြတ္ မေနေခ်။ သူ၏ လက္ထဲမွ ဓားအား တင္းက်ပ္စြာ ဆုပ္ကိုင္ထားသည္။ ဖန္ဇီလင္ အသက္႐ွဴေနေသးသ၍ ကာလပတ္လုံး သူ႕အတြက္ အႏၲရာယ္ ႐ွိႏိုင္သည္ဟု မွတ္ယူထားသည့္ ပုံပင္။

ဖန္ဇီလင္ ဆိုသည္မွာလည္း နန္႐ွန္ဆင္းကဲ့သို႔ ပညာ႐ွင္တစ္ဦးကိုပင္ သတ္ႏိုင္ခဲ့သည့္ လူတစ္ဦးပင္ မဟုတ္ပါေလာ။ ထို႔ေၾကာင့္ သူလို လူတစ္ေယာက္အား အနည္းငယ္မွ် လႈပ္႐ွားႏိုင္လွ်င္ပင္ လြယ္လြယ္ကူကူျဖင့္ သတ္ပစ္ႏိုင္သည္ကို သိေန၍ပင္ ျဖစ္ပါေတာ့သည္။

Continue Reading

You'll Also Like

440K 62.1K 200
ဒါလေးက အရမ်းကံဆိုးလွန်းတဲ့ ဇာတ်လိုက်အကြောင်းပါ .... ကံဆိုးလွန်းပေမဲ့ အားလုံးက သူ့ကို ကံကြမ္မာသားတော် ထင်နေတဲ့အခါ ... သူတော်စင်ရာထူးကိုလဲ အလွယ်လေး ရသ...
2.5M 326K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
449K 53.5K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
41.2K 5.5K 41
Genres: Fantasy/ Horror/School life *Trigger Warning*