မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 270
“တန်ပြန်တိုက်ခိုက်မှု”
နန်ရှန်ဆင်းသည် ရဲရှောင်၏ တိုက်ခိုက်မှုအား အကောင်းဆုံး ကာကွယ်နိုင်ရန် ကြိုးစားသည့်အနေဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်၍ ရှောင်တိမ်းလိုက်သည်။
ရန်သူ့ဘက်မှနေ၍ ယခုကဲ့သို့ ပြင်းပြင်းထန်ထန် တုန့်ပြန် တိုက်ခိုက်လာခြင်းမျိုးအား သူ၏ ဘဝတွင် တစ်ခါမျှ မကြုံဖူးခဲ့ချေ။ ယခုတိုက်ပွဲတွင် အနိုင်ရရှိရန်ထက် အသက်မဆုံးရှုံးရန်သာ ပို၍ အရေးကြီးကြောင်း နန်ရှန်ဆင်း ဆင်ခြင်သုံးသပ်လိုက်မိသည်။
“ဘုန်း . . .”
ကောင်းကင်ထက်မှ တောင်ကြီးများ ကျဆင်းလာသည့်အလား ဓားသည် အရှိန်အဟုန် အပြည့်ဖြင့် နန်ရှန်ဆင်းပေါ်သို့ ကျရောက်လျက် ရှိသည်။
နန်ရှန်ဆင်းသည် ထိပ်တန်းအဆင့် ပညာရှင်တစ်ဦး ဖြစ်ပြီး မော်တယ်ကမ္ဘာ၏ အတော်ဆုံး ပညာရှင်များထဲမှ တစ်ယောက်ဖြစ်ကာ ကောင်းကင်အဆင့်ပင် ဖြစ်သော်လည်း ယခုအခါတွင်မူ ပြန်လည်၍ ထိုးစစ်ဆင်နိုင်ခြင်း မရှိတော့ပေ။ သူ့ထံသို့ ကျဆင်းလာသည့် ဓားချက်များကိုသာ အသည်းအသည် ရှောင်တိမ်းနေရသည်။
ထိုတိုက်ကွက်သည် ချင်းယန်နယ်ပယ် တစ်ခုလုံးကိုပင် ဖိန့်ဖိန့်တုန်စေသည့် တိုက်ကွက် ဖြစ်လေသည်။
နန်ရှန်ဆင်းသည် နံရံကို ကပ်မိသည်အထိ နောက်ဆုတ်ပြီးသောအခါ ဓားမှ အလင်းတန်းများ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာဒဏ်ချက် ပေါင်းများစွာ ရရှိနေပြီ ဖြစ်သည်။ နက်ရှိုင်းစွာ ခုတ်ပိုင်းခံထားရခြင်း မဟုတ်သည့်တိုင် သွေးစက်များမှာမူ တစက်စက် ကျဆင်းလျက် ရှိသည်။
ရဲရှောင်၏ ဓားချက်ကြောင့် နန်ရှန်ဆင်း၏ ခန္ဓာကိုယ်တွင် အနည်းဆုံး ဒဏ်ရာပေါင်း ၇၀ ကျော်မျှ ရရှိသွားခဲ့ပြီ ဖြစ်သည်။
ရဲရှောင်လည်း နောက်ဆုံး ဓားချက်အား အံကြိတ်၍ ပြုလုပ်လိုက်သည်။
ဓားချက်များအား ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည့်အတွက် လက်ရှိအချိန်တွင် ရဲရှောင်သည် အားအင်ကုန်ခန်းနေပြီ ဖြစ်သည်။ သူ၏ ဝိညာဉ်တော်ချီဓာတ်များသည် ကုန်ဆင်းနေပြီဖြစ်သော်လည်း နန်ရှန်ဆင်းမှာမူ အတတ်နိုင်ဆုံး ခုခံလျက် ရှိနေတုန်းပင် ဖြစ်သည်။ နန်ရှန်ဆင်းဘက်မှ တန်ပြန်တိုက်ခိုက်လိုက်သည့် လက်ဝါးရိုက်ချက်မှာလည်း အလွန်အားပါ ပြင်းထန်လှသည့်အတွက် အရိုက်ခံထိသွားသောအခါ ရဲရှောင် လွင့်ထွက်သွားမတတ်ပင် ဖြစ်သွားခဲ့သည်။
ရဲရှောင်သည် နန်ရှန်ဆင်းနှင့် အဆင့်များစွာ ကွာခြားလှသည်။ ရှောင်ဧကရာဇ်၏ ဓားရေးသည် ပြိုင်ဘက်ကင်း၍ အတုမရှိအောင် အစွမ်းထက်လှသည့်အတွက် ယခုတိုက်ပွဲတွင် အပေါ်စီးမှသာ တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် နန်ရှန်ဆင်းအား ကြီးကြီးမားမား ဒဏ်ရာရရှိအောင် မလုပ်နိုင်ခဲ့ချေ။ ထို့ပြင်
ရဲရှောင်၏ စွမ်းအင်များ ကုန်ဆုံးလာပြီ ဖြစ်သည့်အတွက် ဓားချက်များသည် အားပျော့လာခဲ့သည်။ ရဲရှောင်အနေဖြင့် ဆက်လက်၍ ထိန်းထားရန် မစွမ်းသာတော့ချေ။ ထို့ကြောင့် နန်ရှန်ဆင်း၏ လက်ဝါးရိုက်ချက်များကိုသာ အလူးအလဲ ခံစားနေရသည်။
အရိုက်ခံလိုက်ရသည့် တစ်စက္ကန့်အတွင်းမှာပင် ရဲရှောင်၏ တစ်ကိုယ်လုံး တုန်ခါ၍ ကလီစာများ ဗြောင်းဆန်သွားသလိုပင် ဖြစ်သွားခဲ့သည်။ ထို့ပြင် စွမ်းအင်များ အကုန်အစင် ထုတ်သုံးခဲ့သောကြောင့်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်မတတ်ပင် ခံစားနေရသည်။
ရဲရှောင်၏ စွမ်းအင်သိုလှောင်ရာသည် ဝိညာဉ်တော်ချီဓာတ်များအား အလွန်လျင်မြန်သော နှုန်းဖြင့် စုပ်ယူနေသော်လည်း နောက်ထပ်တစ်ချက် ခုတ်ပိုင်းရန်အတွက်မူ စွမ်းအင်လုံလောက်မှု မရှိတော့သည်ကို ရဲရှောင် သိနေလေသည်။ ထို့ကြောင့် သက်ပြင်းများသာ အကြိမ်ကြိမ် ချနေမိတော့သည်။
ရှောင်ဧကရာဇ်၏ ဓားသိုင်းကွက်တွင် ဓားရေး ၉ မျိုး ပါရှိသည်။ ယခုတိုက်ပွဲတွင် ရဲရှောင်အနေဖြင့် သူ၏ ရှိရှိသမျှသော စွမ်းအင်များအားလုံး ထုတ်သုံးခဲ့သည့်တိုင် ဓားရေး ၃ မျိုးကိုသာ ထုတ်သုံးနိုင်ခဲ့သည်။ ထို သုံးမျိုး သုံးပြီးသည်နှင့် သူလည်း စွမ်းအင်အကုန်ပင် ဖြစ်သည်။
ရဲရှောင်သည် အစွမ်းကုန် ဆက်လက်၍ ခုတ်ပိုင်းနေချင်သော်လည်း ထိုကဲ့သို့ ဓားရေး ၉ မျိုးလုံး အသုံးပြုနိုင်ရန်မှာ မူလတာအိုအဆင့်သို့ ရောက်ရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။
လက်ရှိအချိန်တွင် ရဲရှောင်သည် ဆက်လက် ထိန်းထားနိုင်စွမ်း မရှိတော့ချေ။ နန်ရှန်ဆင်းသည်လည်း ရဲရှောင်၏ ဓားချက် အားလျော့နည်းသွားသည်နှင့် အဆက်မပြတ် ပြန်လည်၍ တိုက်ခိုက်လိုက်သည်။ သူ့ကိုယ်သူပင် သက်သာအောင် မလုပ်တော့ချေ။
နန်ရှန်ဆင်း၏ လှုပ်ရှားမှုများသည် လေကဲ့သို့ပင် မြန်ဆန် လွန်းလှသည့်အတွက် ရဲရှောင်ပင် မျက်ခြေမပြတ် မကြည့်နိုင်တော့ပေ။ ထိုအချိန်တွင် ရဲရှောင်၏ ရှေ့၌ သွေးချင်းချင်း နီနေသော နန်ရှန်ဆင်းသည် ရုတ်တရက် ပေါ်လာလေသည်။ ရဲရှောင် ပြင်ဆင်ချိန် မရလိုက်ခင်မှာပင် နန်ရှန်ဆင်း၏ လက်ဝါးရိုက်ချက်သည် သူ၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ထိမှန် သွားခဲ့သည်။
ထိုအချိန်တွင် နန်ရှန်ဆင်းသည် ရဲရှောင်အား တန်ဖိုးရှိသည်ဟု မမှတ်ယူတော့ချေ။ သူ့အား ဒုက္ခပြန်
ပေးနိုင်သည့် အရာတစ်ခုဟုသာ မှတ်ယူသွားမိသည်။ ရဲရှောင်အား သက်ညှာမိလျှင် မြွေပွေးအား ခါးပိုက် ပိုက်ထားသည်နှင့်ပင် တူနေပေလိမ့်မည်။ ကနဦးတွင် ရဲရှောင်၏ တိုက်ခိုက်မှုများကြောင့် အသက်နှင့် ခန္ဓာကိုယ် အိုးစားမကွဲခဲ့သည်မှာ နန်ရှန်ဆင်းအဖို့ ကံကောင်းသွားခြင်း ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ရဲရှောင်၏ အစွမ်းအစအား မြင်တွေ့လိုက်ပြီ ဖြစ်သောကြောင့် စိတ်အေးလက်အေး မနေရဲတော့ချေ။ သို့သော် သူ၏ စိတ်ထဲတွင် ရဲရှောင်အား အရှင်ဖမ်း၍ ရနိုင်လိမ့်မည်ဟုလည်း တွေးနေမိပြန်သည်။ အကယ်၍ ရဲရှောင် သေဆုံးသွားခဲ့လျှင် ဖြစ်စေ သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရသွားခဲ့လျှင် ဖြစ်စေ သူ့အဖို့ အကျိုးမရှိနိုင်တော့မည် မဟုတ်ပေ။
လက်ဝါးဖြင့် အရိုက်ခံလိုက်ရပြီးနောက် ရဲရှောင်သည် နောက်သို့ လွင့်ထွက်သွားခဲ့ပြီး ပါးစပ်မှပင် သွေးများ အန်ထွက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ် မြေပြင်
နှင့် မထိခင်မှာပင် နန်ရှန်ဆင်းသည် အနားသို့ ချက်ချင်း ရောက်လာကာ ရင်ဘတ်အား ပြင်းထန်စွာ ရိုက်ချလိုက်ပြန်သည်။ ထို့နောက် နန်ရှန်ဆင်းသည် မကျေမချမ်း ဖြစ်နေသော အသံဖြင့် -
“ခွေးကောင် . . . ငါမင်းကို သတ်ပစ်မယ်၊ မင်းလိုကောင်ကများ ရာရာစစ ငါ့ကို ဒဏ်ရာတွေ ရစေရတယ်လို့ကွာ . . .”
ရဲရှောင်သည် မြေပြင်ပေါ်တွင် လဲကျနေလျက်ရှိပြီး အနည်းငယ်မျှသာ လှုပ်နိုင်တော့သည်။ နန်ရှန်ဆင်းသည် ရဲရှောင်၏ ကိုယ်ပေါ်သို့ ခြေဖြင့် နင်းထားသည်။ သို့သော် ရဲရှောင်သည် နန်ရှန်ဆင်းအား အထင်သေးသည့် အကြည့်များဖြင့် ကြည့်နေတုန်းပင် ရှိပြီး လေသံ ခပ်မာမာဖြင့် -
“လုပ်လေ . . . ဘာလို့ ရပ်နေတာလဲ။ သတ်လိုက်ပါလား၊ မင်းငါ့ကို တိုက်ခိုက်တာ ၃၀ ရာခိုင်နှုန်းပဲလား . . .”
နန်ရှန်ဆင်းသည် အလွန်အမင်း ဒေါသထွက်နေသည့်တိုင် ရဲရှောင်အား မသတ်ချင်သေးပေ။
ဖန်ဇီလင် အသက်ရှင်လျက် ရှိနေသည်က သူ့အတွက် ပို၍ အကျိုးရှိနိုင်မည် ဖြစ်သည်။
သူ့အတွက်မူ ဖန်ဇီလင်သည် ငွေတွင်းတစ်တွင်းပင် ဖြစ်သည်။ အကယ်၍ ရဲရှောင်သာ သေဆုံးသွားမည် ဆိုပါက သူကြိုးစားတိုက်ခိုက်ခဲ့ရသမျှ သဲထဲရေသွန်ပင် ဖြစ်သွားပေလိမ့်မည်။
ဖန်ဇီလင်၏ သေဆုံးသွားသည့် ခန္ဓာကိုယ်ကြီးသည် သူ့အတွက် အသုံးဝင်မည် မဟုတ်ချေ။
နန်ရှန်ဆင်းသည် ရဲရှောင်အား ဒေါသထွက်သည့်အပြင် အသွေးထဲအသားထဲမှပင် မုန်းတီးနေမိသည်။ သို့သော် မသတ်နိုင် ဖြစ်နေပြန်သည်။
ဖန်ဇီလင်အား သတ်လိုက်မည် ဆိုပါက ခဏတာ စိတ်ကျေနပ်မှု ရသွားနိုင်မည် ဖြစ်သော်လည်း ထူးခြားအစွမ်းထက် ဆေးလုံးများကိုမူ ဘယ်သောအခါမျှ ထပ်ရနိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် နန်ရှန်ဆင်းအနေဖြင့် ရှေ့တိုးရခက် နောက်ဆုတ်ရခက်ပင် ဖြစ်နေမိသည်။
သို့သော် ဒေါသအလွန်အမင်း ထွက်နေသည့်အတွက် ထိုဒေါသများအား ဖြေဖျောက်ရန် နည်းလမ်း ရှာမတွေ့နိုင်အောင်ပင် ဖြစ်နေမိသည်။ ထို့ကြောင့် ထွက်ပေါက်ပေးသည့် အနေဖြင့် ရဲရှောင်၏ ပါးအား ဖြန်းခနဲ မြည်အောင်ပင် ရိုက်ချလိုက်သည်။ ထို့နောက် အေးစက်သော အပြုံးများဖြင့် ပြုံးလိုက်ရင်း -
“မင်းကို အခု ငါ မသတ်ချင်သေးဘူး။ ဒါပေမယ့် ငရဲကျတာထက် ဆိုးအောင်ကို နှိပ်စက်ပြမယ်။ သေတာထက် ပိုပြီးဆိုးတဲ့ ဘဝရှိတယ် ဆိုတာကို မင်းသိအောင် ပြရသေးတာပေါ့ . . .”
ရဲရှောင်လည်း မတုန်မလှုပ် အမူအယာဖြင့် -
“မင်းမပြောလည်း ပိုဆိုးမယ်ဆိုတာ ငါသိပြီးသားပါ . . .”
နန်ရှန်ဆင်းသည် ရဲရှောင်၏ မျက်နှာအား ထပ်မံ၍ ရိုက်လိုက်ပြန်ရင်း ခနဲ့သော အသံဖြင့် -
“မင်းက အခု ငါ့လက်ခုပ်ထဲကရေ ဖြစ်နေပြီ။ အဲဒါတောင် စောင့်ကြွားကြွားနဲ့ ပြန်ပြောနိုင်သေးတယ်ပေါ့။ ဟဲဟဲ . . . မင်းတစ်ခွန်းပြောတာနဲ့ ငါလည်း တစ်ချက် ရိုက်ရမှာပဲ။ ဘယ်လောက်ထိ ပြောနိုင်မလဲ ပြောစမ်း . . .”
ထိုအချိန်တွင် ရဲရှောင်၏ ပါးစပ်မှ သွေးများ ရုတ်တရက် အန်ထွက်လာခဲ့သည်။ သွေးများသည် ရဲရဲနီလျက် ရှိပြီး ပမာဏအားဖြင့် အလွန်များပြားလှသည်။
နန်ရှန်ဆင်းသည် ထိုမြင်ကွင်းအား ကြည့်ရင်း ထိတ်ထိတ်ပြာပြာပင် ဖြစ်သွားသည်။ ရဲရှောင်အား မတော်တဆ သတ်မိသွားမည်ကိုလည်း စိုးရိမ်မိသွားသည်။ ထို့ကြောင့် ရဲရှောင်၏ ကိုယ်ပေါ်သို့ နင်းထားသည့် သူ၏ ခြေထောက်အား အနည်းငယ် ကြွပေးလိုက်သည်။ ထိုအချိန်မှာပင် ရဲရှောင်၏ ဟင်းလင်းပြင်ကြီး အတွင်းရှိ ဥသည် ရုတ်တရက် လေထဲသို့ မြောက်တက်သွားသည်။ ရဲရှောင် အန္တရာယ် ကျရောက်နေသည်ကို ဥမှ အာရုံခံမိသွားသည့်အလား လေထဲသို့ မြောက်တက်ရင်း တုန်ခါလျက် ရှိသည်။
ထိုကဲ့သို့ ဥ သည် တုန်ခါနေသောအခါ လေထဲရှိ ခရမ်းရောင် ချီဓာတ်များသည် စုဆုံ၍ ရောက်ရှိလာကြသည်။
ခဏအကြာတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရဲရှောင်၏ စွမ်းအင်သိုလှောင်ရာသို့ များပြားသိပ်သည်းလှသည့် ခရမ်းရောင် ချီဓာတ်များသည် ဒီရေအလား တဟုန်ထိုး စီးဆင်းဝင်ရောက်သွားကြသည်။
ရဲရှောင်သည် နန်ရှန်ဆင်း ပြုသမျှ နုနေရပြီး အားအင်ချိနဲ့လျက် ရှိသည်။ ထို့ပြင် သူ၏ စွမ်းအင် သိုလှောင်ရာတစ်ခုလုံးတွင်လည်း ဟာလာဟင်းလင်း ဖြစ်နေသည့်အလား ခံစားနေရသည်။ သို့သော် ချက်ချင်းဆိုသလိုပင် စွမ်းအင်သိုလှောင်ရာ အတွင်း၌ စွမ်းအင်များ ရုတ်တရက် ပြည့်ဝလာသကဲ့သို့ ခံစားလိုက်ရသည်။ စွမ်းအင်များသည် ပြည့်လျှံလွန်းသွားသည့်အတွက် ပေါက်ကွဲထွက်မတတ်ပင် ဖြစ်သွားလေသည်။ ထိုစွမ်းအင်များကိုသာ ထုတ်မသုံးလျှင် ရဲရှောင်၏ ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲထွက်သွားနိုင်ပေသည်။
လက်ရှိတိုက်ပွဲ အခြေအနေအရ နန်ရှန်ဆင်းဘက်မှ အသာစီး ရလျက်ရှိသည်။ အရုပ်ကြိုးပျက်ပင် လဲကျနေသည့် ရဲရှောင်သည် သူ၏ ခြေထောက်အောက်တွင်ပင် ရောက်ရှိနေပြီ ဖြစ်သဖြင့် ရဲရှောင်ဘက်မှ မည်သည့်နည်းနှင့်မျှ သူ့အား ပြန်လည် တိုက်ခိုက်နိုင်တော့မည် မဟုတ်ကြောင်း နန်ရှန်ဆင်း ယုံကြည်ထားခဲ့မိသည်။ သို့သော် ရဲရှောင်၏ စွမ်းအင်သိုလှောင်ရာအတွင်းတွင် စွမ်းအင်များသည် ထင်မှတ်မထားလောက်အောင်ပင် ပြည့်လျှံသွားခဲ့သည်။ ထိုအချိန်တွင် ရဲရှောင်လည်း တွေဝေတုံ့ဆိုင်းခြင်း အလျင်း မရှိတော့ဘဲ ကျယ်လောင်စွာ အော်ဟစ်၍ ဝုန်းခနဲပင် မတ်တတ်ထရပ်လိုက်ကာ နန်ရှန်ဆင်း၏ ရင်ဘတ်အား သူ၏ လက်များဖြင့် ရိုက်ထုတ်ပစ်လိုက်ပါတော့သည်။
နန်ရှန်ဆင်းသည် ရဲရှောင်ဘက်မှ ယခုကဲ့သို့ တန်ပြန်တိုက်ခိုက်မှုမျိုး ပြုလုပ်လာသည်ကို တွေ့လိုက်ရသောအခါ အလွန်အံ့သြသွားလေသည်။
သူ၏ ရင်ဘတ်အား မိမိရရပင် ထိမှန်သွားခြင်း ဖြစ်သည်။
အရိုက်ခံပြီးသည့်နောက်တွင် အရိုးကျိုးသံကဲ့သို့ အသံတစ်သံ ထွက်ပေါ်သွားခဲ့သည်။ ရဲရှောင်၏ ရိုက်ချက်ကြောင့် နန်ရှန်ဆင်း၏ နံရိုး ၂ ချောင်းကျိုးသွားခဲ့လေပြီ။ သို့သော် ထိုကဲ့သို့ အရိုက်ခံလိုက်ရသည့်တိုင် နန်ရှန်ဆင်းဘက်မှ ပြန်လည် တိုက်ခိုက်နိုင်သည့် စွမ်းအင်မျိုး ရှိနေသေးသဖြင့် ရဲရှောင်အား အားကုန်သုံးကာ ရိုက်ချလိုက်သည်။
သို့သော် ရဲရှောင်သည် နန်ရှန်ဆင်းအား ရိုက်ပြီးသည်နှင့် ခုန်လိုက်ပြီးသားပင် ဖြစ်သည်။ ရဲရှောင်၏ စွမ်းအင် သိုလှောင်ရာ အတွင်းရှိ ဝိညာဉ်တော် ချီဓာတ်များသည် ရေနွေးအိုးထဲမှ ရေများ ဆူပွက်နေသကဲ့သို့ ပေါက်ကွဲထွက်တော့မလိုပင် ရှိနေခဲ့သည်။ ထိုပမာဏသည် သူ့အဆင့်နှင့် ပိုင်ဆိုင်နိုင်သော ပမာဏမျိုး မဟုတ်ချေ။
ရဲရှောင် ခုန်လိုက်ပြီးနောက် သူ့ထံသို့ ထပ်မံ သက်ရောက်လာသည့် နောက်ထပ် ရိုက်ချက်တစ်ချက်အား ရှောင်တိမ်းခြင်း မပြုတော့ဘဲ ရှေ့သို့ပင် တစ်လှမ်းတိုးကာ ယုံကြည်မှုရှိရှိဖြင့် ရင်ဘတ်အား ထိုးခံ၍ ပေးလိုက်ပါတော့သည်။
မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား
Chapter – 270
“တန္ျပန္တိုက္ခိုက္မႈ”
နန္႐ွန္ဆင္းသည္ ရဲေ႐ွာင္၏ တိုက္ခိုက္မႈအား အေကာင္းဆုံး ကာကြယ္ႏိုင္ရန္ ႀကိဳးစားသည့္အေနျဖင့္ ေနာက္သို႔ ေျခတစ္လွမ္းဆုတ္၍ ေ႐ွာင္တိမ္းလိုက္သည္။
ရန္သူ႕ဘက္မွေန၍ ယခုကဲ့သို႔ ျပင္းျပင္းထန္ထန္ တုန္႔ျပန္ တိုက္ခိုက္လာျခင္းမ်ိဳးအား သူ၏ ဘဝတြင္ တစ္ခါမွ် မၾကဳံဖူးခဲ့ေခ်။ ယခုတိုက္ပြဲတြင္ အႏိုင္ရ႐ွိရန္ထက္ အသက္မဆုံး႐ႈံးရန္သာ ပို၍ အေရးႀကီးေၾကာင္း နန္႐ွန္ဆင္း ဆင္ျခင္သုံးသပ္လိုက္မိသည္။
“ဘုန္း . . .”
ေကာင္းကင္ထက္မွ ေတာင္ႀကီးမ်ား က်ဆင္းလာသည့္အလား ဓားသည္ အ႐ွိန္အဟုန္ အျပည့္ျဖင့္ နန္႐ွန္ဆင္းေပၚသို႔ က်ေရာက္လ်က္ ႐ွိသည္။
နန္႐ွန္ဆင္းသည္ ထိပ္တန္းအဆင့္ ပညာ႐ွင္တစ္ဦး ျဖစ္ၿပီး ေမာ္တယ္ကမ႓ာ၏ အေတာ္ဆုံး ပညာ႐ွင္မ်ားထဲမွ တစ္ေယာက္ျဖစ္ကာ ေကာင္းကင္အဆင့္ပင္ ျဖစ္ေသာ္လည္း ယခုအခါတြင္မူ ျပန္လည္၍ ထိုးစစ္ဆင္ႏိုင္ျခင္း မ႐ွိေတာ့ေပ။ သူ႕ထံသို႔ က်ဆင္းလာသည့္ ဓားခ်က္မ်ားကိုသာ အသည္းအသည္ ေ႐ွာင္တိမ္းေနရသည္။
ထိုတိုက္ကြက္သည္ ခ်င္းယန္နယ္ပယ္ တစ္ခုလုံးကိုပင္ ဖိန္႔ဖိန္႔တုန္ေစသည့္ တိုက္ကြက္ ျဖစ္ေလသည္။
နန္႐ွန္ဆင္းသည္ နံရံကို ကပ္မိသည္အထိ ေနာက္ဆုတ္ၿပီးေသာအခါ ဓားမွ အလင္းတန္းမ်ား ေပ်ာက္ကြယ္သြားသည္ကို ေတြ႕လိုက္ရသည္။ သူ၏ ခႏၶာကိုယ္တြင္လည္း ဒဏ္ရာဒဏ္ခ်က္ ေပါင္းမ်ားစြာ ရ႐ွိေနၿပီ ျဖစ္သည္။ နက္႐ိႈင္းစြာ ခုတ္ပိုင္းခံထားရျခင္း မဟုတ္သည့္တိုင္ ေသြးစက္မ်ားမွာမူ တစက္စက္ က်ဆင္းလ်က္ ႐ွိသည္။
ရဲေ႐ွာင္၏ ဓားခ်က္ေၾကာင့္ နန္႐ွန္ဆင္း၏ ခႏၶာကိုယ္တြင္ အနည္းဆုံး ဒဏ္ရာေပါင္း ၇၀ ေက်ာ္မွ် ရ႐ွိသြားခဲ့ၿပီ ျဖစ္သည္။
ရဲေ႐ွာင္လည္း ေနာက္ဆုံး ဓားခ်က္အား အံႀကိတ္၍ ျပဳလုပ္လိုက္သည္။
ဓားခ်က္မ်ားအား ျပင္းထန္စြာ ခုတ္ပိုင္းခ်လိုက္သည့္အတြက္ လက္႐ွိအခ်ိန္တြင္ ရဲေ႐ွာင္သည္ အားအင္ကုန္ခန္းေနၿပီ ျဖစ္သည္။ သူ၏ ဝိညာဥ္ေတာ္ခ်ီဓာတ္မ်ားသည္ ကုန္ဆင္းေနၿပီျဖစ္ေသာ္လည္း နန္႐ွန္ဆင္းမွာမူ အတတ္ႏိုင္ဆုံး ခုခံလ်က္ ႐ွိေနတုန္းပင္ ျဖစ္သည္။ နန္႐ွန္ဆင္းဘက္မွ တန္ျပန္တိုက္ခိုက္လိုက္သည့္ လက္ဝါး႐ိုက္ခ်က္မွာလည္း အလြန္အားပါ ျပင္းထန္လွသည့္အတြက္ အ႐ိုက္ခံထိသြားေသာအခါ ရဲေ႐ွာင္ လြင့္ထြက္သြားမတတ္ပင္ ျဖစ္သြားခဲ့သည္။
ရဲေ႐ွာင္သည္ နန္႐ွန္ဆင္းႏွင့္ အဆင့္မ်ားစြာ ကြာျခားလွသည္။ ေ႐ွာင္ဧကရာဇ္၏ ဓားေရးသည္ ၿပိဳင္ဘက္ကင္း၍ အတုမ႐ွိေအာင္ အစြမ္းထက္လွသည့္အတြက္ ယခုတိုက္ပြဲတြင္ အေပၚစီးမွသာ တိုက္ခိုက္ႏိုင္ခဲ့သည္။ သို႔ေသာ္ နန္႐ွန္ဆင္းအား ႀကီးႀကီးမားမား ဒဏ္ရာရ႐ွိေအာင္ မလုပ္ႏိုင္ခဲ့ေခ်။ ထို႔ျပင္
ရဲေ႐ွာင္၏ စြမ္းအင္မ်ား ကုန္ဆုံးလာၿပီ ျဖစ္သည့္အတြက္ ဓားခ်က္မ်ားသည္ အားေပ်ာ့လာခဲ့သည္။ ရဲေ႐ွာင္အေနျဖင့္ ဆက္လက္၍ ထိန္းထားရန္ မစြမ္းသာေတာ့ေခ်။ ထို႔ေၾကာင့္ နန္႐ွန္ဆင္း၏ လက္ဝါး႐ိုက္ခ်က္မ်ားကိုသာ အလူးအလဲ ခံစားေနရသည္။
အ႐ိုက္ခံလိုက္ရသည့္ တစ္စကၠန္႔အတြင္းမွာပင္ ရဲေ႐ွာင္၏ တစ္ကိုယ္လုံး တုန္ခါ၍ ကလီစာမ်ား ေျဗာင္းဆန္သြားသလိုပင္ ျဖစ္သြားခဲ့သည္။ ထို႔ျပင္ စြမ္းအင္မ်ား အကုန္အစင္ ထုတ္သုံးခဲ့ေသာေၾကာင့္လည္း သူ၏ ခႏၶာကိုယ္တစ္ခုလုံး ေပါက္ကြဲထြက္မတတ္ပင္ ခံစားေနရသည္။
ရဲေ႐ွာင္၏ စြမ္းအင္သိုေလွာင္ရာသည္ ဝိညာဥ္ေတာ္ခ်ီဓာတ္မ်ားအား အလြန္လ်င္ျမန္ေသာ ႏႈန္းျဖင့္ စုပ္ယူေနေသာ္လည္း ေနာက္ထပ္တစ္ခ်က္ ခုတ္ပိုင္းရန္အတြက္မူ စြမ္းအင္လုံေလာက္မႈ မ႐ွိေတာ့သည္ကို ရဲေ႐ွာင္ သိေနေလသည္။ ထို႔ေၾကာင့္ သက္ျပင္းမ်ားသာ အႀကိမ္ႀကိမ္ ခ်ေနမိေတာ့သည္။
ေ႐ွာင္ဧကရာဇ္၏ ဓားသိုင္းကြက္တြင္ ဓားေရး ၉ မ်ိဳး ပါ႐ွိသည္။ ယခုတိုက္ပြဲတြင္ ရဲေ႐ွာင္အေနျဖင့္ သူ၏ ႐ွိ႐ွိသမွ်ေသာ စြမ္းအင္မ်ားအားလုံး ထုတ္သုံးခဲ့သည့္တိုင္ ဓားေရး ၃ မ်ိဳးကိုသာ ထုတ္သုံးႏိုင္ခဲ့သည္။ ထို သုံးမ်ိဳး သုံးၿပီးသည္ႏွင့္ သူလည္း စြမ္းအင္အကုန္ပင္ ျဖစ္သည္။
ရဲေ႐ွာင္သည္ အစြမ္းကုန္ ဆက္လက္၍ ခုတ္ပိုင္းေနခ်င္ေသာ္လည္း ထိုကဲ့သို႔ ဓားေရး ၉ မ်ိဳးလုံး အသုံးျပဳႏိုင္ရန္မွာ မူလတာအိုအဆင့္သို႔ ေရာက္႐ွိမွသာ ျဖစ္ႏိုင္ေပလိမ့္မည္။
လက္႐ွိအခ်ိန္တြင္ ရဲေ႐ွာင္သည္ ဆက္လက္ ထိန္းထားႏိုင္စြမ္း မ႐ွိေတာ့ေခ်။ နန္႐ွန္ဆင္းသည္လည္း ရဲေ႐ွာင္၏ ဓားခ်က္ အားေလ်ာ့နည္းသြားသည္ႏွင့္ အဆက္မျပတ္ ျပန္လည္၍ တိုက္ခိုက္လိုက္သည္။ သူ႕ကိုယ္သူပင္ သက္သာေအာင္ မလုပ္ေတာ့ေခ်။
နန္႐ွန္ဆင္း၏ လႈပ္႐ွားမႈမ်ားသည္ ေလကဲ့သို႔ပင္ ျမန္ဆန္ လြန္းလွသည့္အတြက္ ရဲေ႐ွာင္ပင္ မ်က္ေျခမျပတ္ မၾကည့္ႏိုင္ေတာ့ေပ။ ထိုအခ်ိန္တြင္ ရဲေ႐ွာင္၏ ေ႐ွ႕၌ ေသြးခ်င္းခ်င္း နီေနေသာ နန္႐ွန္ဆင္းသည္ ႐ုတ္တရက္ ေပၚလာေလသည္။ ရဲေ႐ွာင္ ျပင္ဆင္ခ်ိန္ မရလိုက္ခင္မွာပင္ နန္႐ွန္ဆင္း၏ လက္ဝါး႐ိုက္ခ်က္သည္ သူ၏ ရင္ဘတ္ဆီသို႔ ျပင္းထန္စြာ ထိမွန္ သြားခဲ့သည္။
ထိုအခ်ိန္တြင္ နန္႐ွန္ဆင္းသည္ ရဲေ႐ွာင္အား တန္ဖိုး႐ွိသည္ဟု မမွတ္ယူေတာ့ေခ်။ သူ႕အား ဒုကၡျပန္
ေပးႏိုင္သည့္ အရာတစ္ခုဟုသာ မွတ္ယူသြားမိသည္။ ရဲေ႐ွာင္အား သက္ညႇာမိလွ်င္ ေႁမြေပြးအား ခါးပိုက္ ပိုက္ထားသည္ႏွင့္ပင္ တူေနေပလိမ့္မည္။ ကနဦးတြင္ ရဲေ႐ွာင္၏ တိုက္ခိုက္မႈမ်ားေၾကာင့္ အသက္ႏွင့္ ခႏၶာကိုယ္ အိုးစားမကြဲခဲ့သည္မွာ နန္႐ွန္ဆင္းအဖို႔ ကံေကာင္းသြားျခင္း ျဖစ္သည္။ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ရဲေ႐ွာင္၏ အစြမ္းအစအား ျမင္ေတြ႕လိုက္ၿပီ ျဖစ္ေသာေၾကာင့္ စိတ္ေအးလက္ေအး မေနရဲေတာ့ေခ်။ သို႔ေသာ္ သူ၏ စိတ္ထဲတြင္ ရဲေ႐ွာင္အား အ႐ွင္ဖမ္း၍ ရႏိုင္လိမ့္မည္ဟုလည္း ေတြးေနမိျပန္သည္။ အကယ္၍ ရဲေ႐ွာင္ ေသဆုံးသြားခဲ့လွ်င္ ျဖစ္ေစ သို႔မဟုတ္ ဒဏ္ရာအျပင္းအထန္ ရသြားခဲ့လွ်င္ ျဖစ္ေစ သူ႕အဖို႔ အက်ိဳးမ႐ွိႏိုင္ေတာ့မည္ မဟုတ္ေပ။
လက္ဝါးျဖင့္ အ႐ိုက္ခံလိုက္ရၿပီးေနာက္ ရဲေ႐ွာင္သည္ ေနာက္သို႔ လြင့္ထြက္သြားခဲ့ၿပီး ပါးစပ္မွပင္ ေသြးမ်ား အန္ထြက္လာခဲ့သည္။ သူ၏ ခႏၶာကိုယ္ ေျမျပင္
ႏွင့္ မထိခင္မွာပင္ နန္႐ွန္ဆင္းသည္ အနားသို႔ ခ်က္ခ်င္း ေရာက္လာကာ ရင္ဘတ္အား ျပင္းထန္စြာ ႐ိုက္ခ်လိုက္ျပန္သည္။ ထို႔ေနာက္ နန္႐ွန္ဆင္းသည္ မေက်မခ်မ္း ျဖစ္ေနေသာ အသံျဖင့္ -
“ေခြးေကာင္ . . . ငါမင္းကို သတ္ပစ္မယ္၊ မင္းလိုေကာင္ကမ်ား ရာရာစစ ငါ့ကို ဒဏ္ရာေတြ ရေစရတယ္လို႔ကြာ . . .”
ရဲေ႐ွာင္သည္ ေျမျပင္ေပၚတြင္ လဲက်ေနလ်က္႐ွိၿပီး အနည္းငယ္မွ်သာ လႈပ္ႏိုင္ေတာ့သည္။ နန္႐ွန္ဆင္းသည္ ရဲေ႐ွာင္၏ ကိုယ္ေပၚသို႔ ေျချဖင့္ နင္းထားသည္။ သို႔ေသာ္ ရဲေ႐ွာင္သည္ နန္႐ွန္ဆင္းအား အထင္ေသးသည့္ အၾကည့္မ်ားျဖင့္ ၾကည့္ေနတုန္းပင္ ႐ွိၿပီး ေလသံ ခပ္မာမာျဖင့္ -
“လုပ္ေလ . . . ဘာလို႔ ရပ္ေနတာလဲ။ သတ္လိုက္ပါလား၊ မင္းငါ့ကို တိုက္ခိုက္တာ ၃၀ ရာခိုင္ႏႈန္းပဲလား . . .”
နန္႐ွန္ဆင္းသည္ အလြန္အမင္း ေဒါသထြက္ေနသည့္တိုင္ ရဲေ႐ွာင္အား မသတ္ခ်င္ေသးေပ။
ဖန္ဇီလင္ အသက္႐ွင္လ်က္ ႐ွိေနသည္က သူ႕အတြက္ ပို၍ အက်ိဳး႐ွိႏိုင္မည္ ျဖစ္သည္။
သူ႕အတြက္မူ ဖန္ဇီလင္သည္ ေငြတြင္းတစ္တြင္းပင္ ျဖစ္သည္။ အကယ္၍ ရဲေ႐ွာင္သာ ေသဆုံးသြားမည္ ဆိုပါက သူႀကိဳးစားတိုက္ခိုက္ခဲ့ရသမွ် သဲထဲေရသြန္ပင္ ျဖစ္သြားေပလိမ့္မည္။
ဖန္ဇီလင္၏ ေသဆုံးသြားသည့္ ခႏၶာကိုယ္ႀကီးသည္ သူ႕အတြက္ အသုံးဝင္မည္ မဟုတ္ေခ်။
နန္႐ွန္ဆင္းသည္ ရဲေ႐ွာင္အား ေဒါသထြက္သည့္အျပင္ အေသြးထဲအသားထဲမွပင္ မုန္းတီးေနမိသည္။ သို႔ေသာ္ မသတ္ႏိုင္ ျဖစ္ေနျပန္သည္။
ဖန္ဇီလင္အား သတ္လိုက္မည္ ဆိုပါက ခဏတာ စိတ္ေက်နပ္မႈ ရသြားႏိုင္မည္ ျဖစ္ေသာ္လည္း ထူးျခားအစြမ္းထက္ ေဆးလုံးမ်ားကိုမူ ဘယ္ေသာအခါမွ် ထပ္ရႏိုင္ေတာ့မည္ မဟုတ္ေခ်။ ထို႔ေၾကာင့္ နန္႐ွန္ဆင္းအေနျဖင့္ ေ႐ွ႕တိုးရခက္ ေနာက္ဆုတ္ရခက္ပင္ ျဖစ္ေနမိသည္။
သို႔ေသာ္ ေဒါသအလြန္အမင္း ထြက္ေနသည့္အတြက္ ထိုေဒါသမ်ားအား ေျဖေဖ်ာက္ရန္ နည္းလမ္း ႐ွာမေတြ႕ႏိုင္ေအာင္ပင္ ျဖစ္ေနမိသည္။ ထို႔ေၾကာင့္ ထြက္ေပါက္ေပးသည့္ အေနျဖင့္ ရဲေ႐ွာင္၏ ပါးအား ျဖန္းခနဲ ျမည္ေအာင္ပင္ ႐ိုက္ခ်လိုက္သည္။ ထို႔ေနာက္ ေအးစက္ေသာ အျပဳံးမ်ားျဖင့္ ျပဳံးလိုက္ရင္း -
“မင္းကို အခု ငါ မသတ္ခ်င္ေသးဘူး။ ဒါေပမယ့္ ငရဲက်တာထက္ ဆိုးေအာင္ကို ႏွိပ္စက္ျပမယ္။ ေသတာထက္ ပိုၿပီးဆိုးတဲ့ ဘဝ႐ွိတယ္ ဆိုတာကို မင္းသိေအာင္ ျပရေသးတာေပါ့ . . .”
ရဲေ႐ွာင္လည္း မတုန္မလႈပ္ အမူအယာျဖင့္ -
“မင္းမေျပာလည္း ပိုဆိုးမယ္ဆိုတာ ငါသိၿပီးသားပါ . . .”
နန္႐ွန္ဆင္းသည္ ရဲေ႐ွာင္၏ မ်က္ႏွာအား ထပ္မံ၍ ႐ိုက္လိုက္ျပန္ရင္း ခနဲ႔ေသာ အသံျဖင့္ -
“မင္းက အခု ငါ့လက္ခုပ္ထဲကေရ ျဖစ္ေနၿပီ။ အဲဒါေတာင္ ေစာင့္ႂကြားႂကြားနဲ႔ ျပန္ေျပာႏိုင္ေသးတယ္ေပါ့။ ဟဲဟဲ . . . မင္းတစ္ခြန္းေျပာတာနဲ႔ ငါလည္း တစ္ခ်က္ ႐ိုက္ရမွာပဲ။ ဘယ္ေလာက္ထိ ေျပာႏိုင္မလဲ ေျပာစမ္း . . .”
ထိုအခ်ိန္တြင္ ရဲေ႐ွာင္၏ ပါးစပ္မွ ေသြးမ်ား ႐ုတ္တရက္ အန္ထြက္လာခဲ့သည္။ ေသြးမ်ားသည္ ရဲရဲနီလ်က္ ႐ွိၿပီး ပမာဏအားျဖင့္ အလြန္မ်ားျပားလွသည္။
နန္႐ွန္ဆင္းသည္ ထိုျမင္ကြင္းအား ၾကည့္ရင္း ထိတ္ထိတ္ျပာျပာပင္ ျဖစ္သြားသည္။ ရဲေ႐ွာင္အား မေတာ္တဆ သတ္မိသြားမည္ကိုလည္း စိုးရိမ္မိသြားသည္။ ထို႔ေၾကာင့္ ရဲေ႐ွာင္၏ ကိုယ္ေပၚသို႔ နင္းထားသည့္ သူ၏ ေျခေထာက္အား အနည္းငယ္ ႂကြေပးလိုက္သည္။ ထိုအခ်ိန္မွာပင္ ရဲေ႐ွာင္၏ ဟင္းလင္းျပင္ႀကီး အတြင္း႐ွိ ဥသည္ ႐ုတ္တရက္ ေလထဲသို႔ ေျမာက္တက္သြားသည္။ ရဲေ႐ွာင္ အႏၲရာယ္ က်ေရာက္ေနသည္ကို ဥမွ အာ႐ုံခံမိသြားသည့္အလား ေလထဲသို႔ ေျမာက္တက္ရင္း တုန္ခါလ်က္ ႐ွိသည္။
ထိုကဲ့သို႔ ဥ သည္ တုန္ခါေနေသာအခါ ေလထဲ႐ွိ ခရမ္းေရာင္ ခ်ီဓာတ္မ်ားသည္ စုဆုံ၍ ေရာက္႐ွိလာၾကသည္။
ခဏအၾကာတြင္ က်ယ္ေလာင္ေသာ ေပါက္ကြဲသံႏွင့္အတူ ရဲေ႐ွာင္၏ စြမ္းအင္သိုေလွာင္ရာသို႔ မ်ားျပားသိပ္သည္းလွသည့္ ခရမ္းေရာင္ ခ်ီဓာတ္မ်ားသည္ ဒီေရအလား တဟုန္ထိုး စီးဆင္းဝင္ေရာက္သြားၾကသည္။
ရဲေ႐ွာင္သည္ နန္႐ွန္ဆင္း ျပဳသမွ် ႏုေနရၿပီး အားအင္ခ်ိနဲ႔လ်က္ ႐ွိသည္။ ထို႔ျပင္ သူ၏ စြမ္းအင္ သိုေလွာင္ရာတစ္ခုလုံးတြင္လည္း ဟာလာဟင္းလင္း ျဖစ္ေနသည့္အလား ခံစားေနရသည္။ သို႔ေသာ္ ခ်က္ခ်င္းဆိုသလိုပင္ စြမ္းအင္သိုေလွာင္ရာ အတြင္း၌ စြမ္းအင္မ်ား ႐ုတ္တရက္ ျပည့္ဝလာသကဲ့သို႔ ခံစားလိုက္ရသည္။ စြမ္းအင္မ်ားသည္ ျပည့္လွ်ံလြန္းသြားသည့္အတြက္ ေပါက္ကြဲထြက္မတတ္ပင္ ျဖစ္သြားေလသည္။ ထိုစြမ္းအင္မ်ားကိုသာ ထုတ္မသုံးလွ်င္ ရဲေ႐ွာင္၏ ခႏၶာကိုယ္ တစ္ခုလုံး ေပါက္ကြဲထြက္သြားႏိုင္ေပသည္။
လက္႐ွိတိုက္ပြဲ အေျခအေနအရ နန္႐ွန္ဆင္းဘက္မွ အသာစီး ရလ်က္႐ွိသည္။ အ႐ုပ္ႀကိဳးပ်က္ပင္ လဲက်ေနသည့္ ရဲေ႐ွာင္သည္ သူ၏ ေျခေထာက္ေအာက္တြင္ပင္ ေရာက္႐ွိေနၿပီ ျဖစ္သျဖင့္ ရဲေ႐ွာင္ဘက္မွ မည္သည့္နည္းႏွင့္မွ် သူ႕အား ျပန္လည္ တိုက္ခိုက္ႏိုင္ေတာ့မည္ မဟုတ္ေၾကာင္း နန္႐ွန္ဆင္း ယုံၾကည္ထားခဲ့မိသည္။ သို႔ေသာ္ ရဲေ႐ွာင္၏ စြမ္းအင္သိုေလွာင္ရာအတြင္းတြင္ စြမ္းအင္မ်ားသည္ ထင္မွတ္မထားေလာက္ေအာင္ပင္ ျပည့္လွ်ံသြားခဲ့သည္။ ထိုအခ်ိန္တြင္ ရဲေ႐ွာင္လည္း ေတြေဝတုံ႔ဆိုင္းျခင္း အလ်င္း မ႐ွိေတာ့ဘဲ က်ယ္ေလာင္စြာ ေအာ္ဟစ္၍ ဝုန္းခနဲပင္ မတ္တတ္ထရပ္လိုက္ကာ နန္႐ွန္ဆင္း၏ ရင္ဘတ္အား သူ၏ လက္မ်ားျဖင့္ ႐ိုက္ထုတ္ပစ္လိုက္ပါေတာ့သည္။
နန္႐ွန္ဆင္းသည္ ရဲေ႐ွာင္ဘက္မွ ယခုကဲ့သို႔ တန္ျပန္တိုက္ခိုက္မႈမ်ိဳး ျပဳလုပ္လာသည္ကို ေတြ႕လိုက္ရေသာအခါ အလြန္အံ့ၾသသြားေလသည္။
သူ၏ ရင္ဘတ္အား မိမိရရပင္ ထိမွန္သြားျခင္း ျဖစ္သည္။
အ႐ိုက္ခံၿပီးသည့္ေနာက္တြင္ အ႐ိုးက်ိဳးသံကဲ့သို႔ အသံတစ္သံ ထြက္ေပၚသြားခဲ့သည္။ ရဲေ႐ွာင္၏ ႐ိုက္ခ်က္ေၾကာင့္ နန္႐ွန္ဆင္း၏ နံ႐ိုး ၂ ေခ်ာင္းက်ိဳးသြားခဲ့ေလၿပီ။ သို႔ေသာ္ ထိုကဲ့သို႔ အ႐ိုက္ခံလိုက္ရသည့္တိုင္ နန္႐ွန္ဆင္းဘက္မွ ျပန္လည္ တိုက္ခိုက္ႏိုင္သည့္ စြမ္းအင္မ်ိဳး ႐ွိေနေသးသျဖင့္ ရဲေ႐ွာင္အား အားကုန္သုံးကာ ႐ိုက္ခ်လိုက္သည္။
သို႔ေသာ္ ရဲေ႐ွာင္သည္ နန္႐ွန္ဆင္းအား ႐ိုက္ၿပီးသည္ႏွင့္ ခုန္လိုက္ၿပီးသားပင္ ျဖစ္သည္။ ရဲေ႐ွာင္၏ စြမ္းအင္ သိုေလွာင္ရာ အတြင္း႐ွိ ဝိညာဥ္ေတာ္ ခ်ီဓာတ္မ်ားသည္ ေရေႏြးအိုးထဲမွ ေရမ်ား ဆူပြက္ေနသကဲ့သို႔ ေပါက္ကြဲထြက္ေတာ့မလိုပင္ ႐ွိေနခဲ့သည္။ ထိုပမာဏသည္ သူ႕အဆင့္ႏွင့္ ပိုင္ဆိုင္ႏိုင္ေသာ ပမာဏမ်ိဳး မဟုတ္ေခ်။
ရဲေ႐ွာင္ ခုန္လိုက္ၿပီးေနာက္ သူ႕ထံသို႔ ထပ္မံ သက္ေရာက္လာသည့္ ေနာက္ထပ္ ႐ိုက္ခ်က္တစ္ခ်က္အား ေ႐ွာင္တိမ္းျခင္း မျပဳေတာ့ဘဲ ေ႐ွ႕သို႔ပင္ တစ္လွမ္းတိုးကာ ယုံၾကည္မႈ႐ွိ႐ွိျဖင့္ ရင္ဘတ္အား ထိုးခံ၍ ေပးလိုက္ပါေတာ့သည္။