မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 262
“ထင်ယောင်ထင်မှားဖြစ်ခြင်း”
ဟင်းလင်းပြင်ကြီး အတွင်းရှိ ဟင်းလင်းပြင် ကိုးခုသည် စွမ်းအင်များအား စုပ်ယူနေသောကြောင့်သာ ပေါက်ကွဲထွက်မသွားခြင်း ဖြစ်သည်။ ခဏအကြာတွင် ကျင့်ကြံမှုအား ရူးသွပ်စွာ ပြုလုပ်နေသည့် ရဲရှောင်၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်မတတ်ပင် ဖောင်းကားလာခဲ့သည်။ ထို့ကြောင့် ရဲရှောင်သည် ချက်ချင်းပင် ထထိုင်လိုက်ပြီး ကျင့်ကြံမှု ပြုနေခြင်းအား ရပ်တန့်လိုက်သည်။ ထိုအခါ စီးဆင်းဝင်ရောက်နေသည့် ခရမ်းရောင် ချီဓာတ်များသည်လည်း ချက်ချင်းပင် ရပ်တန့် သွားလေသည်။
ရဲရှောင်၏ စွမ်းအင်သိုလှောင်ရာသည် ယခင်ကကဲ့သို့ ဟာလာဟင်းလင်း ဖြစ်မနေဘဲ ဝိညာဉ်တော်ချီဓာတ်များဖြင့် ပေါက်ကွဲလုမတတ် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
ရဲရှောင် အလွန်အံ့သြသွားလေသည်။
တစ်ညအတွင်း ထိုမျှလောက်ထိ ကြီးမားသည့် ပြောင်းလဲမှုမျိုး မည်သို့ ဖြစ်ပေါ်သွားသည်ကို သိချင်သွားမိသည်။
ရဲရှောင်သည် ကျင့့်စဉ် ဆက်လက် ကျင့်ကြံခြင်း မပြုတော့သဖြင့် သူ့ထံသို့ စီးဆင်းလာသည့် ကမ္ဘာအနှံ့အပြားမှ ချီဓာတ်များသည် ရပ်တန့်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲထွက်ရန် အနည်းငယ်သာ လိုပါတော့သည်။
ထိုအချိန်တွင် ပိုင်အာ၏ ညည်းညူသံ သဲ့သဲ့အား ရဲရှောင် ကြားလိုက်ရသည်။ သူမ၏ မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့လျက် ရှိသည်။ အလွန်အမင်း နာကျင်ခံစားနေရသည့် ပုံပင်။
သို့သော် ခဏအကြာတွင် ပိုင်အာ၏ အသက်ရှူသံ
များသည် ပုံမှန် ပြန်ဖြစ်သွား၍ သက်သာသွားလေသည်။
ရဲရှောင်သည် စိုးရိမ်ပူပန်စွာဖြင့် -
“ပိုင်အာ . . . ဘာဖြစ်နေတာလဲ . . .”
ပိုင်အာလည်း စိတ်ရှုပ်ထွေးနေသည့် အမူအယာမျိုးဖြင့် -
“ကျွန်မတစ်ကိုယ်လုံး ရုတ်တရက် ပေါက်ကွဲသွားတော့မလို ခံစားလိုက်ရတယ်။ ဒါပေမယ့် အခုတော့ ကောင်းသွားပြီ။ ဘာမှ မဖြစ်တော့သလိုပဲ။ ပိုပြီးတော့တောင် သက်တောင့်သက်သာ ဖြစ်လာသေးတယ်။ တော်တော်ထူးဆန်းတာပဲ . . .”
ရဲရှောင်သည် သူ၏ ကျင့်ကြံမှုကြောင့် ပိုင်အာ ထိုကဲ့သို့ ခံစားလိုက်ရမှန်း သဘောပေါက်လိုက်သည်။ ယခုအခါ ပြန်လည် သက်သာသွားပြီ ဖြစ်သဖြင့် ရဲရှောင်လည်း စိတ်သက်သာရာ ရသွားလေသည်။
သို့သော် ရဲရှောင် မသိလိုက်သည့် အချက်တစ်ချက် ရှိနေပါသေးသည်။ ထိုအချက်မှာ ခရမ်းရောင် ချီဓာတ်များ ပိုင်အာ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားခြင်းပင် ဖြစ်သည်။ ရဲရှောင်၏ ကျင့်ကြံမှုကြောင့် စွမ်းအင်သိုလှောင်ရာနှင့် ဟင်းလင်းပြင်အတွင်း ခရမ်းရောင် ချီဓာတ်များဖြင့် ပြည့်နှက်သွားခဲ့သည်။ ရဲရှောင်မှ ကျင့်ကြံမှု ရုတ်တရက် ရပ်တန့်လိုက်သောအခါ ချီဓာတ်များသည်လည်း သူ့ထံသို့ ဆက်လက် စီးဝင်ခြင်း မရှိတော့ချေ။ သို့သော် နောက်ဆုံး သက်ရောက်လာသည့် ခရမ်းရောင် ချီဓာတ် များမှာမူ ပိုင်အာ၏ သွေးကြောများအတွင်း ဝင်ရောက်သွားခဲ့သည်။
ထို့ကြောင့်ပင် ပိုင်အာသည် တစ်ကိုယ်လုံး ပေါက်ကွဲထွက်မတတ် နာကျင်မှု ခံစားလိုက်ရခြင်း ဖြစ်သည်။
သို့သော် ထိုခရမ်းရောင်ချီဓာတ်များသည် ပိုင်အာ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားပြီး အချိန်ခဏလေးအတွင်းမှာပင် ချက်ချင်း ပျောက်ပြယ်သွားကာ သာမန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ ထိုကဲသို့ ဖြစ်ပျက်သွားသည့် အခြေအနေများအား ပိုင်အာသည် ဘာဆို ဘာမှ မသိလိုက်ချေ။
ရဲရှောင်ကိုယ်တိုင်ပင် မသိလိုက်ခြင်း ဖြစ်သည်။
ပိုင်အာထံသို့ ချီဓာတ်များ မည်ကဲ့သို့ သက်ရောက်သွားသည် ဆိုသည်ကို ရဲရှောင်မသိချေ။ ရဲရှောင် လက်ခံထားသည့်အတိုင်း ပိုင်အာသည် သာမန်မိန်းကလေးတစ်ဦး ဖြစ်မည်ဆိုပါက အဆိုပါ ချီဓာတ်များတဟုန်ထိုး ဝင်ရောက်သွားမှုကြောင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားမည် ဆိုသည့် အချက်ကိုလည်း ရဲရှောင် မစဉ်းစားလိုက်မိချေ။
ယခင်ကထက်ပင် ပို၍ သက်တောင့်သက်သာ ဖြစ်သွားခဲ့သည် ဆိုသည့် ပိုင်အာ၏ စကားသည် စိတ်ထင်နေခြင်း မဟုတ်ချေ။ ခမ်းခြောက်နေသည်မှာ ကြာမြှင့်လှပြီ ဖြစ်သည့် သူမ၏ သွေးကြောများအား
များပြား သိပ်သည်းလှသည့် ခရမ်းရောင်ချီဓာတ်များသည် စိုစွတ်ပေးစေလိုက်သည့်အတွက် အမှန်တကယ်ပင် နေလို့ ကောင်းသွားခြင်း ဖြစ်သည်။
ရဲရှောင်သည် ချီဓာတ်များဖြင့် ပိုင်အာ၏ သွေးကြောများအား မကြာခဏ သန့်စင်ပေးခဲ့သည်။ သူ၏ အမြင်တွင် ပိုင်အာသည် ကျင့်ကြံမှု မရှိသည့် သာမန်မိန်းကလေး တစ်ဦးပင် ဖြစ်သည်။ ထို့ကြောင့် သူ၏ ချီဓာတ်များဖြင့် လေးငါးကြိမ်မျှ သန့်စင်ပေးခဲ့ခြင်း ဖြစ်သည်။ ရှေးဦးခရမ်းရောင် ချီဓာတ်များသည် အလွန်ထူးခြား ဆန်းကြယ်လှသော်လည်း ရဲရှောင်သည် အဆင့်မြင့် ပညာရှင်တစ်ဦး မဟုတ်သေးသည့်အတွက် သူ၏ ချီဓာတ်ပမာဏမှာ ပိုင်အာအား အပြည့်အဝ အထောက်အကူ မဖြစ်ခဲ့ချေ။
ရဲရှောင်၏ ကုသပေးမှုကြောင့် ပိုင်အာ၏ ဝေဒနာများ အနည်းငယ် ပြန်လည်သက်သာလာခဲ့သော်လည်း အရှင်းပျောက်စေရန်အတွက်မူ အချိန်အနည်းငယ် ယူရဦးပေမည်။ သို့သော် ယခုအခါတွင်မူ ခရမ်းရောင်ချီဓာတ်များသည် ပိုင်အာ၏ သွေးကြောများအတွင်း စီးဆင်းဝင်ရောက်သွားကြသည့်အတွက် ထိုသွေးကြောများသည် ခြောက်သွေ့ညှိုးနွမ်းနေသော အပင်အား ရေဖြင့် လောင်းချလိုက်သည့်အလားပင် ဖြစ်သွားလေသည်။ အလွန်ကြီးမားသော
အကျိုးသက်ရောက်မှုပင် ဖြစ်သည်။
ပိုင်အာ သက်သာသွားပြီ ဖြစ်သဖြင့် ရဲရှောင်လည်း သူ၏ ဟင်းလင်းပြင်အား စတင်၍ စစ်ဆေးလိုက်သည်။ ထိုအခါ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ရဲရှောင်အဖို့ ပါးစပ်အဟောင်းသားပင် ဖြစ်သွားလေသည်။
ဟင်းလင်းပြင်ကြီးအတွင်း အလွန် သိပ်သည်းလှသော ခရမ်းရောင်ချီဓာတ်များဖြင့် ပြည့်နှက်လျက် ရှိသည်။ ဟင်းလင်းပြင် ကိုးခုသည်လည်း အဆိုပါချီဓာတ်များအား စုပ်ယူ၍ မနိုင်အောင်ပင် ဖြစ်နေလေသည်။
(ဘယ်လိုဖြစ်တာလဲ . . . သဘာဝကိုတောင် ဆန့်ကျင်နေသလို ဖြစ်နေပါရောလား . . .)
ရဲရှောင်၏ စိတ်ထဲတွင် တွေးရင်း အံ့ဩနေမိသည်။
အတွေ့အကြုံရင့်ကျက်၍ ဗဟုသုတ ပြည့်စုံကြွယ်ဝသူ တစ်ဦး ဖြစ်သည့်တိုင် အဖြစ်အပျက်များအား နားမလည်နိုင်အောင်ပင် ဖြစ်နေမိလေသည်။
တစ်ညတည်းဖြင့် ယခုကဲ့သို့ ပြောင်းလဲသွားခြင်းသည် မယုံနိုင်ဖွယ်ရာပင် ဖြစ်၏။
ရဲရှောင်သည် ကောင်းကင်အဆင့် ၁ သို့ ရောက်ခါစပင် ရှိသေးသော်လည်း ယခုအခါတွင်မူ အဆင့် ၂ ကိုပင် ကျော်ဖြတ်လုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဟင်းလင်းပြင်ကြီး အတွင်းရှိ ချီဓာတ်များသည်လည်း သိပ်သည်းလွန်းသောကြောင့် အချိန်မရွေး ပေါက်ကွဲထွက်တော့မည့် အလား ဖြစ်နေလေသည်။
“ဒီလိုသာ နေ့တိုင်း ကြုံရမယ်ဆို နေ့တိုင်း အဆင့်တွေ တက်နေတော့မှာပဲ . . .”
“ဒါဆို ၁၀ ရက်နဲ့တောင် ချင်းယန်နယ်ပယ်ကို ရောက်နိုင်မှာပေါ့ . . .”
ရဲရှောင်သည် သူ၏ မေးစေ့အား ပွတ်လိုက်ရင်း ကျေနပ်သည့် အပြုံးများဖြင့် ပြုံးလိုက်သည်။
သို့သော် ထိုအတွေးသည် အိပ်မက်တစ်ခုသာ ဖြစ်သည် ဆိုသည်ကိုမူ ရဲရှောင် မသိခဲ့ချေ။ ရဲရှောင်သည် ကျင့်ကြံမှုများ ပြုလုပ်ရင်း ပိုင်အာ၏ သွေးကြောများအား ကုသပေးနေစဉ်တွင် ထူးခြားဆန်းကြယ်သည့် အခြေအနေနှင့် ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။ ထိုသည်မှာ ရဲရှောင်၏ စိတ်သည် သဘာဝတရားနှင့် တစ်သားတည်း ဖြစ်သွားခဲ့ခြင်းပင် ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်အနေဖြင့် စိတ်အား သဘာဝဖြင့် တစ်သားတည်းဖြစ်အောင် လုပ်ဆောင်နိုင်ခြင်းသည် အံ့သြဖွယ်ရာကောင်းသော အခြေအနေတစ်ခုပင် ဖြစ်သည်။ ရဲရှောင်သည် ထိုကဲ့သို့သော အခြေအနေမျိုးဖြင့် ကြုံကြိုက်လိုက်ရသည့်အတွက် ကျင့်ကြံမှုအပေါ်တွင် ပို၍ အာရုံစိုက်နိုင်ခဲ့ပြီး သာမန်အခြေအနေတွင် ရက် ၁၀၀ မျှ ကျင့်ကြံရမည့် အခြေအနေအား တစ်ညတည်းဖြင့် ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအခြေအနေမျိုးအား အမြဲတမ်း လုပ်ယူနိုင်မည် မဟုတ်ချေ။ အခြေအနေ အကြောင်းတရားများ တိုက်ဆိုင်မှသာ ရရှိနိုင်ပေလိမ့်မည်။ သို့သော် ထိုနည်းလမ်းသည် သူ၏ ကျင့်ကြံမှုများတိုးတက်စေရန်အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုပင် ဖြစ်ပေသည်။
အပေါ်ယံအားဖြင့် ပိုင်အာ၏ သွေးကြောများသည် သာမန်လူတစ်ဦးကဲ့သို့ပင် ဖြစ်နေခဲ့သော်လည်း အမှန်စစ်စစ်တွင်မူ သူမ၏ သွေးကြောများသည် ပင်လယ်ပြင်ကဲ့သို့ပင် နက်ရှိုင်းလှသည်။
ရဲရှောင်သည် သဘာဝနှင့် တစ်သားတည်းဖြစ်၍ ကျင့်ကြံမှု ပြုလုပ်နေစဉ် ပိုင်အာ၏ ခန္ဓာကိုယ်အတွင်းရှိ ပုန်းအောင်းနေသော စွမ်းအားတစ်ခုအား နှိုးဆွပေး
လိုက်သလိုပင် ဖြစ်သွားခဲ့သည်။ ထို့ကြောင့်ပင် ကောင်းကင်နှင့် မြေကြီးအား ဆက်သွယ်ထားသော တံတားတစ်စင်းသဖွယ် သက်တန့်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ရှေးဦးခရမ်းရောင်ချီဓာတ်၏ အကူအညီဖြင့် တစ်စက္ကန့်အတွင်းမှာပဲ ကမ္ဘာပေါ်ရှိ ခရမ်းရောင် ချီဓာတ်များ အားလုံးသည် အဆက်မပြတ် စီးဆင်းလာခဲ့ပြန်သည်။
ထိုကဲ့သို့ ဖြစ်ပျက်သွားသော အခြင်းအရာများအား မည်သူမျှ သတိပြုမိခဲ့ခြင်း မရှိချေ။ ရဲရှောင်တို့ နှစ်ဦးစလုံးအတွက် အကျိုးဖြစ်ထွန်းခဲ့သော်လည်း အန္တရာယ်နှင့်မူ အလွန်နီးကပ်ခဲ့ကြသည်။ အကယ်၍ ရဲရှောင်ထံတွင် ကမ္ဘာတစ်ဝန်းလုံးရှိ ခရမ်းရောင် ချီဓာတ်များအား ထိန်းသိမ်းထားနိုင်သည့် ဟင်းလင်းပြင်ကြီးတစ်ခု ရှိမနေခဲ့လျှင်ဖြစ်စေ ပိုင်အာ၏ ခန္ဓာကိုယ်မှ နောက်ဆုံးသက်ရောက်လာသည့် ခရမ်းရောင် ချီဓာတ်များအား လက်ခံနိုင်စွမ်း မရှိခဲ့လျှင်ဖြစ်စေ နှစ်ဦးစလုံး၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ချီဓာတ်များ၏
ပမာဏသည် အလွန်များပြားနေသောကြောင့်ပင် ဖြစ်သည်။
အကယ်၍ ယခုကဲ့သို့ အခြေအနေမျိုး ထပ်မံ ရရှိခဲ့လျှင်ပင် အချိန်ကိုက် ထိန်းညှိနိုင်ရန် လွယ်ကူမည် မဟုတ်တော့ချေ။ အခွင့်အရေး၊ ကံ၊ နေရာ၊ အချိန်နှင့် အခြားသော အချက်အလက်အားလုံး ကွက်တိကျမှသာ ဖြစ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ရဲရှောင်၏ အတွေးသည် အိပ်မက်ဆန်နေသည်ဟု ဆိုရခြင်း ဖြစ်သည်။
တိုက်ဆိုင်မှုသည် အန္တရာယ်နှင့် အလွန်နီးကပ်ခဲ့သော်လည်း ရဲရှောင်မှာ အကျိုးအမြတ်များစွာ ဖြစ်ထွန်းသွားခဲ့သည်။ ပိုင်အာသည်လည်း ထို့အတူပင် ဖြစ်သည်။ နောက်ရက်အနည်းငယ်အတွင်း သူမ ပြန်န်လည် သက်လာလာတော့မည် ဖြစ်သည်။
ရဲရှောင်သည် သူ၏ ဝိညာဉ်တော်ချီဓာတ်များကြောင့် ယုံကြည်မှုများ ပြည့်ဝလျက် ရှိသည်။
“လေလံပွဲပြီးတဲ့နေ့ကျရင် ဒုတိယ အဆင့်ကနေ တက်အောင် လုပ်ရမယ် . . .”
ထို့နောက် ရဲရှောင်သည် ရေမိုးချိုးလိုက်ပြီး ပိုင်အာအား နှုတ်ဆက်၍ အပြင်ထွက်ရန် ပြင်လိုက်သည်။
ပိုင်အာလည်း ရဲရှောင် ထွက်သွားတော့မည်မှန်း သိသောအခါ သူမ၏ မျက်လုံးရွဲကြီးများအား ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ငိုချင်နေလေသည်။ သူမ၏ နှုတ်မှ ရဲရှောင်အား တစ်စုံတစ်ခု ပြောချင်နေသည့်တိုင် ပြောမထွက်ပေ။
ထိုအချိန်တွင် ရဲရှောင်သည် ပိုင်အာ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားပါတော့သည်။
“ငါ အစ်ကိုကြီးရှောင်ကို ဘာလို့ ထူးခြားတဲ့ ခံစားမှုမျိုး ခံစားနေရတာပါလိမ့်။ သူ့ ခန္ဓာကိုယ်ထဲမှာ သွေးတွေနဲ့အတူ တခြား ကြောက်စရာ အရာတစ်ခုခုများ ရှိနေတာလား။ ငါ့အထင်ပဲ မှားနေတာလား။ ငါစိတ်ထင်ယောင်ထင်မှား ဖြစ်တာပဲ နေမှာပါလေ . . .”
ပိုင်အာသည် မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်ပါတော့သတည်း။
မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား
Chapter – 262
“ထင္ေယာင္ထင္မွားျဖစ္ျခင္း”
ဟင္းလင္းျပင္ႀကီး အတြင္း႐ွိ ဟင္းလင္းျပင္ ကိုးခုသည္ စြမ္းအင္မ်ားအား စုပ္ယူေနေသာေၾကာင့္သာ ေပါက္ကြဲထြက္မသြားျခင္း ျဖစ္သည္။ ခဏအၾကာတြင္ က်င့္ၾကံမႈအား ႐ူးသြပ္စြာ ျပဳလုပ္ေနသည့္ ရဲေ႐ွာင္၏ ခႏၶာကိုယ္သည္ ေပါက္ကြဲထြက္မတတ္ပင္ ေဖာင္းကားလာခဲ့သည္။ ထို႔ေၾကာင့္ ရဲေ႐ွာင္သည္ ခ်က္ခ်င္းပင္ ထထိုင္လိုက္ၿပီး က်င့္ၾကံမႈ ျပဳေနျခင္းအား ရပ္တန္႔လိုက္သည္။ ထိုအခါ စီးဆင္းဝင္ေရာက္ေနသည့္ ခရမ္းေရာင္ ခ်ီဓာတ္မ်ားသည္လည္း ခ်က္ခ်င္းပင္ ရပ္တန္႔ သြားေလသည္။
ရဲေ႐ွာင္၏ စြမ္းအင္သိုေလွာင္ရာသည္ ယခင္ကကဲ့သို႔ ဟာလာဟင္းလင္း ျဖစ္မေနဘဲ ဝိညာဥ္ေတာ္ခ်ီဓာတ္မ်ားျဖင့္ ေပါက္ကြဲလုမတတ္ ျပည့္ႏွက္ေနသည္ကို ေတြ႕လိုက္ရသည္။
ရဲေ႐ွာင္ အလြန္အံ့ၾသသြားေလသည္။
တစ္ညအတြင္း ထိုမွ်ေလာက္ထိ ႀကီးမားသည့္ ေျပာင္းလဲမႈမ်ိဳး မည္သို႔ ျဖစ္ေပၚသြားသည္ကို သိခ်င္သြားမိသည္။
ရဲေ႐ွာင္သည္ က်င့့္စဥ္ ဆက္လက္ က်င့္ၾကံျခင္း မျပဳေတာ့သျဖင့္ သူ႕ထံသို႔ စီးဆင္းလာသည့္ ကမ႓ာအႏွံ႔အျပားမွ ခ်ီဓာတ္မ်ားသည္ ရပ္တန္႔သြားခဲ့သည္။
သူ၏ ခႏၶာကိုယ္သည္လည္း ေပါက္ကြဲထြက္ရန္ အနည္းငယ္သာ လိုပါေတာ့သည္။
ထိုအခ်ိန္တြင္ ပိုင္အာ၏ ညည္းညဴသံ သဲ့သဲ့အား ရဲေ႐ွာင္ ၾကားလိုက္ရသည္။ သူမ၏ မ်က္ႏွာသည္ နာက်င္မႈေၾကာင့္ ႐ႈံ႕မဲ့လ်က္ ႐ွိသည္။ အလြန္အမင္း နာက်င္ခံစားေနရသည့္ ပုံပင္။
သို႔ေသာ္ ခဏအၾကာတြင္ ပိုင္အာ၏ အသက္႐ွဴသံ
မ်ားသည္ ပုံမွန္ ျပန္ျဖစ္သြား၍ သက္သာသြားေလသည္။
ရဲေ႐ွာင္သည္ စိုးရိမ္ပူပန္စြာျဖင့္ -
“ပိုင္အာ . . . ဘာျဖစ္ေနတာလဲ . . .”
ပိုင္အာလည္း စိတ္႐ႈပ္ေထြးေနသည့္ အမူအယာမ်ိဳးျဖင့္ -
“ကြၽန္မတစ္ကိုယ္လုံး ႐ုတ္တရက္ ေပါက္ကြဲသြားေတာ့မလို ခံစားလိုက္ရတယ္။ ဒါေပမယ့္ အခုေတာ့ ေကာင္းသြားၿပီ။ ဘာမွ မျဖစ္ေတာ့သလိုပဲ။ ပိုၿပီးေတာ့ေတာင္ သက္ေတာင့္သက္သာ ျဖစ္လာေသးတယ္။ ေတာ္ေတာ္ထူးဆန္းတာပဲ . . .”
ရဲေ႐ွာင္သည္ သူ၏ က်င့္ၾကံမႈေၾကာင့္ ပိုင္အာ ထိုကဲ့သို႔ ခံစားလိုက္ရမွန္း သေဘာေပါက္လိုက္သည္။ ယခုအခါ ျပန္လည္ သက္သာသြားၿပီ ျဖစ္သျဖင့္ ရဲေ႐ွာင္လည္း စိတ္သက္သာရာ ရသြားေလသည္။
သို႔ေသာ္ ရဲေ႐ွာင္ မသိလိုက္သည့္ အခ်က္တစ္ခ်က္ ႐ွိေနပါေသးသည္။ ထိုအခ်က္မွာ ခရမ္းေရာင္ ခ်ီဓာတ္မ်ား ပိုင္အာ၏ ခႏၶာကိုယ္အတြင္း ဝင္ေရာက္သြားျခင္းပင္ ျဖစ္သည္။ ရဲေ႐ွာင္၏ က်င့္ၾကံမႈေၾကာင့္ စြမ္းအင္သိုေလွာင္ရာႏွင့္ ဟင္းလင္းျပင္အတြင္း ခရမ္းေရာင္ ခ်ီဓာတ္မ်ားျဖင့္ ျပည့္ႏွက္သြားခဲ့သည္။ ရဲေ႐ွာင္မွ က်င့္ၾကံမႈ ႐ုတ္တရက္ ရပ္တန္႔လိုက္ေသာအခါ ခ်ီဓာတ္မ်ားသည္လည္း သူ႕ထံသို႔ ဆက္လက္ စီးဝင္ျခင္း မ႐ွိေတာ့ေခ်။ သို႔ေသာ္ ေနာက္ဆုံး သက္ေရာက္လာသည့္ ခရမ္းေရာင္ ခ်ီဓာတ္ မ်ားမွာမူ ပိုင္အာ၏ ေသြးေၾကာမ်ားအတြင္း ဝင္ေရာက္သြားခဲ့သည္။
ထို႔ေၾကာင့္ပင္ ပိုင္အာသည္ တစ္ကိုယ္လုံး ေပါက္ကြဲထြက္မတတ္ နာက်င္မႈ ခံစားလိုက္ရျခင္း ျဖစ္သည္။
သို႔ေသာ္ ထိုခရမ္းေရာင္ခ်ီဓာတ္မ်ားသည္ ပိုင္အာ၏ ခႏၶာကိုယ္အတြင္း ဝင္ေရာက္သြားၿပီး အခ်ိန္ခဏေလးအတြင္းမွာပင္ ခ်က္ခ်င္း ေပ်ာက္ျပယ္သြားကာ သာမန္အေျခအေနသို႔ ျပန္လည္ ေရာက္႐ွိသြားခဲ့သည္။ ထိုကဲသို႔ ျဖစ္ပ်က္သြားသည့္ အေျခအေနမ်ားအား ပိုင္အာသည္ ဘာဆို ဘာမွ မသိလိုက္ေခ်။
ရဲေ႐ွာင္ကိုယ္တိုင္ပင္ မသိလိုက္ျခင္း ျဖစ္သည္။
ပိုင္အာထံသို႔ ခ်ီဓာတ္မ်ား မည္ကဲ့သို႔ သက္ေရာက္သြားသည္ ဆိုသည္ကို ရဲေ႐ွာင္မသိေခ်။ ရဲေ႐ွာင္ လက္ခံထားသည့္အတိုင္း ပိုင္အာသည္ သာမန္မိန္းကေလးတစ္ဦး ျဖစ္မည္ဆိုပါက အဆိုပါ ခ်ီဓာတ္မ်ားတဟုန္ထိုး ဝင္ေရာက္သြားမႈေၾကာင့္ သူမ၏ ခႏၶာကိုယ္တစ္ခုလုံး ေပါက္ကြဲထြက္သြားမည္ ဆိုသည့္ အခ်က္ကိုလည္း ရဲေ႐ွာင္ မစဥ္းစားလိုက္မိေခ်။
ယခင္ကထက္ပင္ ပို၍ သက္ေတာင့္သက္သာ ျဖစ္သြားခဲ့သည္ ဆိုသည့္ ပိုင္အာ၏ စကားသည္ စိတ္ထင္ေနျခင္း မဟုတ္ေခ်။ ခမ္းေျခာက္ေနသည္မွာ ၾကာျမႇင့္လွၿပီ ျဖစ္သည့္ သူမ၏ ေသြးေၾကာမ်ားအား
မ်ားျပား သိပ္သည္းလွသည့္ ခရမ္းေရာင္ခ်ီဓာတ္မ်ားသည္ စိုစြတ္ေပးေစလိုက္သည့္အတြက္ အမွန္တကယ္ပင္ ေနလို႔ ေကာင္းသြားျခင္း ျဖစ္သည္။
ရဲေ႐ွာင္သည္ ခ်ီဓာတ္မ်ားျဖင့္ ပိုင္အာ၏ ေသြးေၾကာမ်ားအား မၾကာခဏ သန္႔စင္ေပးခဲ့သည္။ သူ၏ အျမင္တြင္ ပိုင္အာသည္ က်င့္ၾကံမႈ မ႐ွိသည့္ သာမန္မိန္းကေလး တစ္ဦးပင္ ျဖစ္သည္။ ထို႔ေၾကာင့္ သူ၏ ခ်ီဓာတ္မ်ားျဖင့္ ေလးငါးႀကိမ္မွ် သန္႔စင္ေပးခဲ့ျခင္း ျဖစ္သည္။ ေ႐ွးဦးခရမ္းေရာင္ ခ်ီဓာတ္မ်ားသည္ အလြန္ထူးျခား ဆန္းၾကယ္လွေသာ္လည္း ရဲေ႐ွာင္သည္ အဆင့္ျမင့္ ပညာ႐ွင္တစ္ဦး မဟုတ္ေသးသည့္အတြက္ သူ၏ ခ်ီဓာတ္ပမာဏမွာ ပိုင္အာအား အျပည့္အဝ အေထာက္အကူ မျဖစ္ခဲ့ေခ်။
ရဲေ႐ွာင္၏ ကုသေပးမႈေၾကာင့္ ပိုင္အာ၏ ေဝဒနာမ်ား အနည္းငယ္ ျပန္လည္သက္သာလာခဲ့ေသာ္လည္း အ႐ွင္းေပ်ာက္ေစရန္အတြက္မူ အခ်ိန္အနည္းငယ္ ယူရဦးေပမည္။ သို႔ေသာ္ ယခုအခါတြင္မူ ခရမ္းေရာင္ခ်ီဓာတ္မ်ားသည္ ပိုင္အာ၏ ေသြးေၾကာမ်ားအတြင္း စီးဆင္းဝင္ေရာက္သြားၾကသည့္အတြက္ ထိုေသြးေၾကာမ်ားသည္ ေျခာက္ေသြ႕ညိႇဳးႏြမ္းေနေသာ အပင္အား ေရျဖင့္ ေလာင္းခ်လိုက္သည့္အလားပင္ ျဖစ္သြားေလသည္။ အလြန္ႀကီးမားေသာ
အက်ိဳးသက္ေရာက္မႈပင္ ျဖစ္သည္။
ပိုင္အာ သက္သာသြားၿပီ ျဖစ္သျဖင့္ ရဲေ႐ွာင္လည္း သူ၏ ဟင္းလင္းျပင္အား စတင္၍ စစ္ေဆးလိုက္သည္။ ထိုအခါ ျမင္ေတြ႕လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ ရဲေ႐ွာင္အဖို႔ ပါးစပ္အေဟာင္းသားပင္ ျဖစ္သြားေလသည္။
ဟင္းလင္းျပင္ႀကီးအတြင္း အလြန္ သိပ္သည္းလွေသာ ခရမ္းေရာင္ခ်ီဓာတ္မ်ားျဖင့္ ျပည့္ႏွက္လ်က္ ႐ွိသည္။ ဟင္းလင္းျပင္ ကိုးခုသည္လည္း အဆိုပါခ်ီဓာတ္မ်ားအား စုပ္ယူ၍ မႏိုင္ေအာင္ပင္ ျဖစ္ေနေလသည္။
(ဘယ္လိုျဖစ္တာလဲ . . . သဘာဝကိုေတာင္ ဆန္႔က်င္ေနသလို ျဖစ္ေနပါေရာလား . . .)
ရဲေ႐ွာင္၏ စိတ္ထဲတြင္ ေတြးရင္း အံ့ဩေနမိသည္။
အေတြ႕အၾကဳံရင့္က်က္၍ ဗဟုသုတ ျပည့္စုံႂကြယ္ဝသူ တစ္ဦး ျဖစ္သည့္တိုင္ အျဖစ္အပ်က္မ်ားအား နားမလည္ႏိုင္ေအာင္ပင္ ျဖစ္ေနမိေလသည္။
တစ္ညတည္းျဖင့္ ယခုကဲ့သို႔ ေျပာင္းလဲသြားျခင္းသည္ မယုံႏိုင္ဖြယ္ရာပင္ ျဖစ္၏။
ရဲေ႐ွာင္သည္ ေကာင္းကင္အဆင့္ ၁ သို႔ ေရာက္ခါစပင္ ႐ွိေသးေသာ္လည္း ယခုအခါတြင္မူ အဆင့္ ၂ ကိုပင္ ေက်ာ္ျဖတ္လုနီးပါး အေျခအေနသို႔ ေရာက္႐ွိေနၿပီ ျဖစ္သည္။ ဟင္းလင္းျပင္ႀကီး အတြင္း႐ွိ ခ်ီဓာတ္မ်ားသည္လည္း သိပ္သည္းလြန္းေသာေၾကာင့္ အခ်ိန္မေ႐ြး ေပါက္ကြဲထြက္ေတာ့မည့္ အလား ျဖစ္ေနေလသည္။
“ဒီလိုသာ ေန႔တိုင္း ၾကဳံရမယ္ဆို ေန႔တိုင္း အဆင့္ေတြ တက္ေနေတာ့မွာပဲ . . .”
“ဒါဆို ၁၀ ရက္နဲ႔ေတာင္ ခ်င္းယန္နယ္ပယ္ကို ေရာက္ႏိုင္မွာေပါ့ . . .”
ရဲေ႐ွာင္သည္ သူ၏ ေမးေစ့အား ပြတ္လိုက္ရင္း ေက်နပ္သည့္ အျပဳံးမ်ားျဖင့္ ျပဳံးလိုက္သည္။
သို႔ေသာ္ ထိုအေတြးသည္ အိပ္မက္တစ္ခုသာ ျဖစ္သည္ ဆိုသည္ကိုမူ ရဲေ႐ွာင္ မသိခဲ့ေခ်။ ရဲေ႐ွာင္သည္ က်င့္ၾကံမႈမ်ား ျပဳလုပ္ရင္း ပိုင္အာ၏ ေသြးေၾကာမ်ားအား ကုသေပးေနစဥ္တြင္ ထူးျခားဆန္းၾကယ္သည့္ အေျခအေနႏွင့္ ရင္ဆိုင္လိုက္ရျခင္း ျဖစ္သည္။ ထိုသည္မွာ ရဲေ႐ွာင္၏ စိတ္သည္ သဘာဝတရားႏွင့္ တစ္သားတည္း ျဖစ္သြားခဲ့ျခင္းပင္ ျဖစ္သည္။
က်င့္ၾကံသူတစ္ေယာက္အေနျဖင့္ စိတ္အား သဘာဝျဖင့္ တစ္သားတည္းျဖစ္ေအာင္ လုပ္ေဆာင္ႏိုင္ျခင္းသည္ အံ့ၾသဖြယ္ရာေကာင္းေသာ အေျခအေနတစ္ခုပင္ ျဖစ္သည္။ ရဲေ႐ွာင္သည္ ထိုကဲ့သို႔ေသာ အေျခအေနမ်ိဳးျဖင့္ ၾကဳံႀကိဳက္လိုက္ရသည့္အတြက္ က်င့္ၾကံမႈအေပၚတြင္ ပို၍ အာ႐ုံစိုက္ႏိုင္ခဲ့ၿပီး သာမန္အေျခအေနတြင္ ရက္ ၁၀၀ မွ် က်င့္ၾကံရမည့္ အေျခအေနအား တစ္ညတည္းျဖင့္ ေရာက္႐ွိႏိုင္ခဲ့ျခင္း ျဖစ္သည္။ ထိုအေျခအေနမ်ိဳးအား အၿမဲတမ္း လုပ္ယူႏိုင္မည္ မဟုတ္ေခ်။ အေျခအေန အေၾကာင္းတရားမ်ား တိုက္ဆိုင္မွသာ ရ႐ွိႏိုင္ေပလိမ့္မည္။ သို႔ေသာ္ ထိုနည္းလမ္းသည္ သူ၏ က်င့္ၾကံမႈမ်ားတိုးတက္ေစရန္အတြက္ အေကာင္းဆုံး နည္းလမ္းတစ္ခုပင္ ျဖစ္ေပသည္။
အေပၚယံအားျဖင့္ ပိုင္အာ၏ ေသြးေၾကာမ်ားသည္ သာမန္လူတစ္ဦးကဲ့သို႔ပင္ ျဖစ္ေနခဲ့ေသာ္လည္း အမွန္စစ္စစ္တြင္မူ သူမ၏ ေသြးေၾကာမ်ားသည္ ပင္လယ္ျပင္ကဲ့သို႔ပင္ နက္႐ိႈင္းလွသည္။
ရဲေ႐ွာင္သည္ သဘာဝႏွင့္ တစ္သားတည္းျဖစ္၍ က်င့္ၾကံမႈ ျပဳလုပ္ေနစဥ္ ပိုင္အာ၏ ခႏၶာကိုယ္အတြင္း႐ွိ ပုန္းေအာင္းေနေသာ စြမ္းအားတစ္ခုအား ႏိႈးဆြေပး
လိုက္သလိုပင္ ျဖစ္သြားခဲ့သည္။ ထို႔ေၾကာင့္ပင္ ေကာင္းကင္ႏွင့္ ေျမႀကီးအား ဆက္သြယ္ထားေသာ တံတားတစ္စင္းသဖြယ္ သက္တန္႔ႀကီးတစ္ခု ျဖစ္ေပၚလာခဲ့ျခင္း ျဖစ္သည္။ ထို႔ျပင္ ေ႐ွးဦးခရမ္းေရာင္ခ်ီဓာတ္၏ အကူအညီျဖင့္ တစ္စကၠန္႔အတြင္းမွာပဲ ကမ႓ာေပၚ႐ွိ ခရမ္းေရာင္ ခ်ီဓာတ္မ်ား အားလုံးသည္ အဆက္မျပတ္ စီးဆင္းလာခဲ့ျပန္သည္။
ထိုကဲ့သို႔ ျဖစ္ပ်က္သြားေသာ အျခင္းအရာမ်ားအား မည္သူမွ် သတိျပဳမိခဲ့ျခင္း မ႐ွိေခ်။ ရဲေ႐ွာင္တို႔ ႏွစ္ဦးစလုံးအတြက္ အက်ိဳးျဖစ္ထြန္းခဲ့ေသာ္လည္း အႏၲရာယ္ႏွင့္မူ အလြန္နီးကပ္ခဲ့ၾကသည္။ အကယ္၍ ရဲေ႐ွာင္ထံတြင္ ကမ႓ာတစ္ဝန္းလုံး႐ွိ ခရမ္းေရာင္ ခ်ီဓာတ္မ်ားအား ထိန္းသိမ္းထားႏိုင္သည့္ ဟင္းလင္းျပင္ႀကီးတစ္ခု ႐ွိမေနခဲ့လွ်င္ျဖစ္ေစ ပိုင္အာ၏ ခႏၶာကိုယ္မွ ေနာက္ဆုံးသက္ေရာက္လာသည့္ ခရမ္းေရာင္ ခ်ီဓာတ္မ်ားအား လက္ခံႏိုင္စြမ္း မ႐ွိခဲ့လွ်င္ျဖစ္ေစ ႏွစ္ဦးစလုံး၏ ခႏၶာကိုယ္သည္ ေပါက္ကြဲထြက္သြားၾကေပလိမ့္မည္။ အဘယ္ေၾကာင့္ဆိုေသာ္ ခ်ီဓာတ္မ်ား၏
ပမာဏသည္ အလြန္မ်ားျပားေနေသာေၾကာင့္ပင္ ျဖစ္သည္။
အကယ္၍ ယခုကဲ့သို႔ အေျခအေနမ်ိဳး ထပ္မံ ရ႐ွိခဲ့လွ်င္ပင္ အခ်ိန္ကိုက္ ထိန္းညႇိႏိုင္ရန္ လြယ္ကူမည္ မဟုတ္ေတာ့ေခ်။ အခြင့္အေရး၊ ကံ၊ ေနရာ၊ အခ်ိန္ႏွင့္ အျခားေသာ အခ်က္အလက္အားလုံး ကြက္တိက်မွသာ ျဖစ္ႏိုင္ေပလိမ့္မည္။ ထို႔ေၾကာင့္ ရဲေ႐ွာင္၏ အေတြးသည္ အိပ္မက္ဆန္ေနသည္ဟု ဆိုရျခင္း ျဖစ္သည္။
တိုက္ဆိုင္မႈသည္ အႏၲရာယ္ႏွင့္ အလြန္နီးကပ္ခဲ့ေသာ္လည္း ရဲေ႐ွာင္မွာ အက်ိဳးအျမတ္မ်ားစြာ ျဖစ္ထြန္းသြားခဲ့သည္။ ပိုင္အာသည္လည္း ထို႔အတူပင္ ျဖစ္သည္။ ေနာက္ရက္အနည္းငယ္အတြင္း သူမ ျပန္န္လည္ သက္လာလာေတာ့မည္ ျဖစ္သည္။
ရဲေ႐ွာင္သည္ သူ၏ ဝိညာဥ္ေတာ္ခ်ီဓာတ္မ်ားေၾကာင့္ ယုံၾကည္မႈမ်ား ျပည့္ဝလ်က္ ႐ွိသည္။
“ေလလံပြဲၿပီးတဲ့ေန႔က်ရင္ ဒုတိယ အဆင့္ကေန တက္ေအာင္ လုပ္ရမယ္ . . .”
ထို႔ေနာက္ ရဲေ႐ွာင္သည္ ေရမိုးခ်ိဳးလိုက္ၿပီး ပိုင္အာအား ႏႈတ္ဆက္၍ အျပင္ထြက္ရန္ ျပင္လိုက္သည္။
ပိုင္အာလည္း ရဲေ႐ွာင္ ထြက္သြားေတာ့မည္မွန္း သိေသာအခါ သူမ၏ မ်က္လုံး႐ြဲႀကီးမ်ားအား ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း ငိုခ်င္ေနေလသည္။ သူမ၏ ႏႈတ္မွ ရဲေ႐ွာင္အား တစ္စုံတစ္ခု ေျပာခ်င္ေနသည့္တိုင္ ေျပာမထြက္ေပ။
ထိုအခ်ိန္တြင္ ရဲေ႐ွာင္သည္ ပိုင္အာ၏ ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားပါေတာ့သည္။
“ငါ အစ္ကိုႀကီးေ႐ွာင္ကို ဘာလို႔ ထူးျခားတဲ့ ခံစားမႈမ်ိဳး ခံစားေနရတာပါလိမ့္။ သူ႕ ခႏၶာကိုယ္ထဲမွာ ေသြးေတြနဲ႔အတူ တျခား ေၾကာက္စရာ အရာတစ္ခုခုမ်ား ႐ွိေနတာလား။ ငါ့အထင္ပဲ မွားေနတာလား။ ငါစိတ္ထင္ေယာင္ထင္မွား ျဖစ္တာပဲ ေနမွာပါေလ . . .”
ပိုင္အာသည္ မ်က္ေမွာင္ၾကဳတ္၍ ေရ႐ြတ္လိုက္ပါေတာ့သတည္း။