မိုးကောင်းကင်အောက်မှကလဲ့စား (...

Від KazunoMora

52K 3.8K 5

Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ chara... Більше

🔥ရှင်းလင်းချက်🔥
အကျဉ်းချုပ် အက်ဥ္းခ်ဳပ္
Chapter - 209 "ရှင်လုပ်နိုင်ပါတယ်"
Chapter - 210 "တိမ်မြူခိုးနန်းတော်၏ကြမ္မာဆိုး"
Chapter - 211 "ရှေ့ဖြစ်နိမိတ်"
Chapter - 212 "သူဘယ်လိုသိ"
Chapter - 213 "ကျောက်စိမ်းအားဖြည့် ကြာပန်းပင်"
Chapter - 214"အမှားကြီးမှားခြင်း"
Chapter - 215 "အထင်လွဲခြင်း"
Chapter - 216 "လင်းရှောင်ရေခဲကျင့်စဉ်"
Chapter - 217"ယုံတမ်းစကားများ"
Chapter - 218 "သိက္ခာဆိုတာဘာလဲ"
Chapter - 219"မဖြစ်နိုင်သော"
Chapter - 220 "ကောင်းကင်အပြစ်ဒဏ်"
Chapter - 221"အမည်မသိ"
Chapter - 222"နောက်ယောင်ခံလိုက်ခြင်း"
Chapter - 223"ကျော့ကွင်း"
Chapter - 224"ဝမ်းနည်းနေသောဆောင်ဂျု"
Chapter - 225"ကျူးကျော်ဝင်ရောက်လာခြင်း"
Chapter - 226 "တွေဝေခြင်း"
Chapter - 227"ထိပ်တိုက်ရင်ဆိုင်မှု"
Chapter - 228"မိုးရွာတုန်း ရေခံ"
Chapter - 229"ပညာရှင်နှစ်ဦး၏တိုက်ပွဲ"
Chapter - 230 "ကြာပန်းကိုးခိုင်"
Chapter - 231"သူသေကိုယ်သေ"
Chapter - 232"ကယ်တင်ခြင်း (၁)"
Chapter - 233"ကယ်တင်ခြင်း (၂)"
Chapter - 234"အ‌စေ‌ခံ (၁)"
Chapter - 235"အစေခံ (၂)"
Chapter - 236"ဥတစ်ဥနှင့်လူတစ်ယောက်"
Chapter - 237"သနားစရာမိန်းကလေး ပိုင်အာ"
Chapter - 238"ဘဝတူ"
Chapter - 239"အံ့ဖွယ်လက်ဆောင်"
Chapter - 240"ကျီစားသန်က ရန်များ၏"
Chapter - 241"အဆင့်တက်အောင်ကူညီစေခြင်း (၁)"
Chapter - 242"အဆင့်တက်အောင်ကူညီစေခြင်း (၂)"
Chapter - 243"အဆင့်တက်အောင်ကူညီစေခြင်း (၃)"
Chapter - 244"မယုံနိုင်ဖွယ် အဆင့်တက်ခြင်း"
Chapter - 245"အဆင့်တက်ခြင်း၏ အကျိုးသက်ရောက်မှု"
Chapter - 246"အထူးခြားဆုံးသောကျင့်စဉ်တစ်ခု"
Chapter - 247 "ကုသမှုအား လက်ခံလိုက်ခြင်း"
Chapter - 248"ကျုပ်မှာအချိန်မရှိဘူး"
Chapter - 249"ဝေဒနာအား ကုသပေးခြင်း"
Chapter - 250"ထူးခြား စွမ်းအင်"
Chapter - 251"ပဟေဠိဆန်သော ပုစ္ဆာ"
Chapter - 253"ဝမ်ဇန်းဟို၏အခက်အခဲ"
Chapter - 254"အချောင်သမားများ"
Chapter - 255"သနားစဖွယ် ဥ"
Chapter - 256"ထူးဆန်းသောစွမ်းအင်"
Chapter - 257"ဥ၏နေရာ"
Chapter - 258"ပျော်ရွှင်သွားသောဥ"
Chapter - 259 "ပိုင်အာ၏ကြိုးပမ်းမှု"
Chapter - 260 "နှိပ်စက်ခံနေရသကဲ့သို့"
Chapter - 261"ကြောက်မက်ဖွယ်ရာ ချီဓာတ်များ"
Chapter - 262"ထင်ယောင်ထင်မှားဖြစ်ခြင်း"
Chapter -263"လျှို့ဝှက်ချက်ပေါ်သွားခြင်း"
Chapter - 264"နန်ရှန်ဆင်း"
Chapter - 265"အကောင်းဆုံးကြိုးစားခြင်း"
Chapter - 266"ပထမတိုက်ကွက်"
Chapter - 267"သက်ရောက်မှုမရှိခြင်း"
Chapter - 268"ဓားတစ်လက်ဖြစ်ပေါ်လာခြင်း"
Chapter - 269"ရယ်မောခြင်းလေပြည်"
Chapter - 270"တန်ပြန်တိုက်ခိုက်မှု"
Chapter - 271"အသေသတ်တိုက်ကွက်"
Chapter - 272"စားရကံ ကြုံလို့ မုတ်ဆိတ် ပျားစွဲ"
Chapter - 273"မလူးသာမလွန့်သာ"
Chapter - 274"ဝှက်ဖဲ"
Chapter - 275"အပ်ကိုသုံးတာဘယ်သူလဲ"
Chapter - 276"အနန္တသူတော်စင်"
Chapter - 277"မင်းသိလား"
Chapter - 278"လေလံခန်းမဖွင့်လှစ်ခြင်း"
Chapter - 279"မုန်တိုင်းအိမ်တော်၏ အရှိန်အဝါ"
Chapter - 280"ဖိနှိပ်ခံရခြင်း"
Chapter - 281 - 285
286 - 290
291 - 295
296 - 300
301 - 306
307 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 336
Chapter - 337"ဉာဏ်ကောင်းလှသည့်ဇုဝူကျီ"
Chapter - 338"စဉ်းစားခန်းဝင်ခြင်း"
Chapter - 339"အစော်ကားခံရသည့်ဖန်ဧကရာဇ်"
Chapter - 340"နိုင်ငံရေးနားမလည်သောရဲရှောင်"
Chapter - 341"ဝမ်အာရောက်လာခြင်း"
Chapter - 342"အိန္ဒြေရရ‌ နေကြပါ"
Chapter - 343"လျှို့ဝှက်မြေပုံ"
Chapter - 344"လုပ်ကြံသတ်ဖြတ်သူနှစ်ဦး တွေ့ဆုံကြခြင်း"
Chapter - 345"သေသည့်တိုင် တာဝန်ယူမည်"
Chapter - 346"ခင်ဗျားကိုငှားချင်တယ်"
Chapter - 347"ရှေ့ဆက်ရမည့်အစီအစဉ်"
Chapter - 348"လုပ်ငန်းစတင်ခြင်း"
Chapter - 349"လှုပ်ရှားခြင်း"
Chapter - 350"အသေအချာ သိသွားကြခြင်း"
Chapter - 351"စိတ်နှင့်ကိုယ်မကပ်ခြင်း"
Chapter - 352"ဆဲဆိုကြခြင်း"
Chapter - 353"ဆဲဆိုကြခြင်း"
Chapter - 354"အရက်သောက်ကြခြင်း"
Chapter - 355"ကမ္ဘာ့ရန်"
Chapter - 356"တိုက်ပွဲ"
Chapter - 357"တိုးတက်မှုမရှိခြင်း"
Chapter - 358"ပူးပေါင်းမှု"
Chapter - 359"ဝတ်ရုံနက်ဖြင့်လူ"
Chapter - 360"ခင်ဗျားဘယ်သူလဲ"
Chapter - 361"သွေးခွဲခြင်း"
Chapter - 362"တိုက်ကွက်ဆန်း"
Chapter - 363"စစ်ယု"
Chapter - 364"အတူတကွရင်ဆိုင်ရန်"
Chapter - 365"ကျားရဲတွင်းသို့"
Chapter - 366"ဓားတစ်ချောင်းနှင့်လူတစ်ယောက်"
Chapter - 367"စံပြပုဂ္ဂိုလ်"
Chapter - 368"ကမ္ဘာမကြေ ရန်ငြိုး"
Chapter - 369"ဗိုက်ခေါက်ကြီး"
Chapter - 370"ဆရာနင်"
371 - 375
376--377
378--379
380--381
382--383
384--385
386--387
388--389
390--391
392--393
394--395
396--397
398--399
400
401--402
403--404
405--406
Chapter (407)"ကောင်ကင်အဆင့်တစ်ပညာရှင်လော"
Chapter (408)"ကောင်းကင်အဆင့်နှစ်ပညာရှင်လော"
Chapter (409)"အနိုင်ရမည်လော"
Chapter (410)"တစ်ချက်တည်းဖြင့်"
Chapter (411)"ကြိုးစားခွင့်"
Chapter (412)"သတ်ဖြတ်ခြင်းဘုရင်"
Chapter (413)"ခင်ဗျားမှာအကူရှိတယ်"
Chapter (414)"ပြောင်းလဲသွားသောအခြေအနေ"
Chapter (415)"တိုက်ခိုက်မှုစတင်ခြင်း"
Chapter (416)"လှုံ့ဆော်မှု"
Chapter (417)"တရားခံဘယ်သူလဲ"
Chapter (418)"ရှက်ရွံ့နေသည့်သခင်ကြီးဘိုင်"
Chapter (419)"ထူးဆန်းသောအဖြစ်အပျက်"
Chapter (420)"စိတ်တန်ခိုးမျက်လုံး"
Chapter (421)"လေနှင့်အတူ"
Chapter (422)"ယင်ယန်အသီးများ"
Chapter (423)"ရင်နင့်စွာဖြင့်"
Chapter (424)"အချစ်အတွက်ဆို"
Chapter (425)"နည်းလမ်းနှစ်ခု"
Chapter (426)"မိုးကောင်းကင်ကို ထိတွေ့ရသည်ထက် ခက်၏"
Chapter (427)"တစ်နှစ်တစ်ခါ"
Chapter (428)"ရယ်မောခြင်း၏အဓိပ္ပါယ်"
Chapter (429)"အထီးကျန်သောဘဝ"
Chapter (430)"လက်ကိုင်တုတ်"
Chapter (431)"လုပ်ကြံသတ်ဖြတ်သူများစုဝေးခြင်း"
Chapter (432)"အဖြေမရှိ"
Chapter (433)"ထိပ်တန်းပညာရှင်များအား ပျိုးထောင်ပေးခြင်း"
Chapter (434)"အံ့မခန်းအမြန်နှုန်း"
Chapter (435)"ရေခဲဝိညာဉ်ဓား"
Chapter (436)"ဓားနှင့်တသားတည်းဖြစ်သွားခြင်း"
Chapter (437)"မခေါ်ဘဲလာသည့်ဧည့်သည်"
Chapter (438)"လင်းဝုရှဲ့"
439--440
441--442
443--444
445--446
447--448
449--450
451--452
453--454
455--456
457--458
459--460
461--462
463--464
465--466
467--468
469--470
471--472
473--474
475--476
477--478
479--480
Chapter (481)"ကျုပ်တို့မလိုချင်ပါဘူး"
Chapter (482)"ဒုက္ခလှိုင်းများ"
Chapter (483)"ဝမ်းနည်းနေသော လင်းဝုရှဲ့"
Chapter (484)"မန်ဟွာချင်း"
Chapter (485)"အံ့ဩတုန်လှုပ်ခြင်း"
Chapter (486)"ထွက်ခွာကြရတော့မည်"
Chapter (487)"ရှင့်အကူအညီလိုတယ်"
Chapter (488)"ဆွေးနွေးမှုပျက်ပြယ်ခြင်း"
Chapter (489)"ခြိမ်းခြောက်မှု"
Chapter (490)"ဘယ်တော့မှအလျော့မပေးဘူး"
🔥🔥🔥🔥

Chapter - 252"နူးညံ့မှု"

263 20 0
Від KazunoMora

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 252

“နူးညံ့မှု”

“ခင်ဗျားရဲ့ လက်ရှိမိဘတွေကလည်း အမှန်တရားကို သိနေခဲ့ကြမယ်လို့ ကျုပ်ထင်တယ်။ ခင်ဗျားက သူတို့သမီးအရင်း မဟုတ်ဘူး ဆိုတာကိုပေါ့။ နောက်ပြီး အခုဆို သူတို့က သေသွားကြပြီ မဟုတ်လား။ အဲ့ဒါကို ခင်ဗျားက ဘာတွေစိုးရိမ်နေတာလဲ၊ အမြင်ကျယ်စမ်းပါဗျာ . . .”

ရဲရှောင် အားမလို အားမရပင် ပြောလိုက်သည်။

“သူတို့ ကျွန်မကို အပြစ်မတင်ဘူး ဆိုတာလည်း ကျွန်မသိပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ကိုယ့်ဝတ္တရားအတိုင်း ကိုယ်ပြုမူနေထိုင်ရမှာပဲ . . .”

“သူတို့ မရှိကြတော့ပေမယ့် တမလွန်ကနေ ကျွန်မကိုကြည့်ပြီး နာကျင် ခံစားနေရမယ့် အဖြစ်မျိုး ကျွန်မ မလိုလားဘူး . . .”

“ကျွန်မ . . . ဘာလုပ်ရမှန်းကို မသိတော့ပါဘူး . . .”

ပိုင်ရှင်းယွဲ့ သက်ပြင်းချရင်း ပြောလိုက်သည်။

“ကျုပ်နားလည်ပါတယ် . . .”

ရဲရှောင် နှစ်သိမ့်ပေးလိုက်သည်။

“ကျွန်မတို့ ပြန်စကြတော့မလား . . .”

ပိုင်ရှင်းယွဲ့သည် ရဲရှောင်အား ကြည့်ရင်း မေးလိုက်သည်။ ထိုအချိန်တွင် ပိုင်ရှင်းယွဲ့၏ မျက်နှာတစ်ခုလုံးသည် နီရဲသွားသည်။

အဘယ့်ကြောင့်ဆိုသော် ရဲရှောင်၏ လက်တစ်ဖက်သည် သူ၏ ဗိုက်အား ထိထား၍ ကျန်လက်တစ်ဖက်မှာမူ တင်ပါးအား ကိုင်ထားသောကြောင့်ပင် ဖြစ်သည်။ ထို့ထက်ပို၍ အရေးကြီးသည့် အချက်မှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရဲရှောင်၏ ရင်ခွင်ထဲသို့ ရောက်ရှိနေခြင်းပင် ဖြစ်သည်။

သူ့ဘက်မှစ၍ ရဲရှောင်ထံ လဲကျသွားခဲ့ခြင်း ဖြစ်ကြောင်းလည်း ပိုင်ရှင်းယွဲ့ ပြန်လည် အမှတ်ရသွားသည်။

ထို့ကြောင့် ကပျာကယာပင် ရုန်းထလိုက်ရင်း တင်ပျဉ်ခွေအနေအထားဖြင့် ထိုင်လိုက်သည်။ သူ၏ ရင်ခုန်သံများသည်လည်း အတိုင်းမသိ မြန်ဆန်လာခဲ့သည်။ သို့သော် ယခုအကြိမ်တွင်မူ ရဲရှောင်အပေါ် ဒေါသထွက်သည့် ခံစားချက်မျိုး မခံစားရတော့ပေ။

. . .

နောက်ထပ် ၆ နာရီမျှ ကြာသည်အထိ ရဲရှောင်သည် ပိုင်ရှင်းယွဲ့၏ ကိုယ်တွင်းမှ အအေးစွမ်းအင်များ အား စုပ်ယူပေးနေခဲ့သည်။ ညအချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည့်တိုင် ပိုင်ရှင်းယွဲ့ထံမှ စွမ်းအင် ၁၀ ရာခိုင်နှုန်းခန့်သာ စုပ်ယူ၍ ပြီးစီးသေးသည်။

အမှန်တကယ်တွင်မူ ၁၀ ရာခိုင်နှုန်းပင် ရှိချင်မှ ရှိပေလိမ့်မည်။

ပိုင်ရှင်းယွဲ့အား ကုသပေးရခြင်းသည် ဝမ်ရမ်ချူးချူးထက်ပင် များစွာ ခက်ခဲနေလေသည်။

အကယ်၍ ရဲရှောင်သည်သာ ကောင်းကင်အဆင့်သို့ ရောက်ရှိခြင်း မရှိသေးပါက ပိုင်ရှင်းယွဲ့၏ ရေခဲချီဓာတ်များမှ တုံ့ပြန်မှုအား ကောင်းစွာ ထိန်းချုပ်နိုင်မည် မဟုတ်ချေ။

“နောက်နေ့မှ ပြန်စကြတာပေါ့ . . .”

“တစ်နေကုန်ကြီးဆိုတော့ ရှင်လည်း ပင်ပန်းနေရော့မယ်။ မနက်ဖြန်လည်း လေလံပွဲက ရှိသေးတယ် မဟုတ်လား။ အဲ့ဒါကြောင့် ရှင် အနားယူလိုက်ပါတော့ . . .”

ပိုင်ရှင်းယွဲ့၏ အသံသည် ယခင်ကကဲ့သို့ အေးစက်စက် အသံမျိုး မဟုတ်တော့ဘဲ နူးညံ့ချိုသာလျက် ရှိသည်။

အကယ်၍ အဆိုပါ မြင်ကွင်းအား ဝမ်ရမ်ချုးချုးသာ
မြင်သွားခဲ့မည် ဆိုပါက အံ့သြလွန်းသဖြင့် ငုတ်တုပ်ပင် မေ့သွားနိုင်လေသည်။ အဘယ့်ကြောင့်ဆိုသော်ဆရာဖြစ်သူသည် ရဲရှောင်နှင့်တွေ့မှ အလွန်မိန်းမဆန်နေခဲ့ပြီ မဟုတ်ပါလော။

သို့သော် မိန်းမကျမ်းမကြေသည့် ရဲရှောင်မှာမူ ပိုင်ရှင်းယွဲ့၏ ပြောင်းလဲမှုအား သတိမပြုမိချေ။

“ဟုတ်တယ် . . . နောက်နေ့မှ ဆက်လုပ်ကြတာပေါ့ . . .”

ရဲရှောင် သွက်သွက်လက်လက်ပင် ပြောလိုက်သည်။

ထို့နောက် ရဲရှောင်သည် မတ်တတ်ထ၍ အခန်းအပြင်သို့ ထွက်ရန် ဟန်ပြင်လိုက်သည်။ သူ၏ ပုံစံသည် လောင်အိမ်ထဲမှ ပျံသန်းသွားသည့် ဌက်တစ်ကောင်အလား ယခုမှပင် လွတ်လပ်ပေါ့ပါးသွားသည့် ပုံစံမျိုးပင် ဖြစ်နေလေသည်။

ပိုင်ရှင်းယွဲ့လည်း ရဲရှောင်အား ငေးကြည့်နေရာမှ
သူ၏ အဝတ်အစားများအား သပ်သပ်ရပ်ရပ်ဖြစ်စေရန် ပြင်ဆင်လိုက်သည်။

ထို့နောက် ရဲရှောင်၏ အရှေ့မှ အခန်းအပြင်ဘက်သို့ အရင်ဦးစွာ ထွက်သွားလေသည်။

သူ့ထက်ဦးအောင်ပင် ထွက်သွားသော ပိုင်ရှင်းယွဲ့အား ကြည့်ရင်း ရဲရှောင်၏ စိတ်ထဲတွင် -

(ဘာလဲဟ . . . ငါ့မှာတော့ သူ့ရဲ့ ရောဂါကို အားသွန်ခွန်စိုက် ကုပေးနေလိုက်ရတာ။ အနည်းဆုံးတော့ ငါ့ကို ကျေးဇူးတင်စကား ပြောသင့်တယ် မဟုတ်ဘူးလား။ အခုကျတော့ ဘာမှ မဖြစ်ခဲ့သလိုပဲ အေးအေးဆေးဆေးနဲ့ ငါ့ထက်ဦးအောင်ကို ထွက်သွားတယ်။ ဘယ်လိုမိန်းမလဲဟ။ လူတွေနဲ့ ဘယ်လိုပေါင်းသင်း ဆက်ဆံရမယ် ဆိုတာကို မသိဘူးထင်တယ် . . .)

ဝမ်ရမ်ချူးချူးသည် အပြင်ဘက်တွင် လက်ပိုက်လျက် ရှေ့မှနောက်သို့ လျှောက်နေသည်။ ရဲရှောင်တို့ ကုသနေသည့် အခန်းအား အချိန်ပြည့် ကြည့်နေရင်း ရင်ထဲတွင်လည်း စိုးရိမ်စိတ်များ ဖြစ်ပေါ်လျက် ရှိသည်။

ထိုအချိန်တွင် အခန်းအပြင်ဘက်သို့ ရဲရှောင်တို့ ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ဝမ်ရမ်ချုးချုးလည်း အပြေးတပိုင်း သွားလိုက်ရင်း -

“ဘယ်လိုလဲ . . .  အလုပ်ဖြစ်ရဲ့လား၊ အဆင်ပြေတယ် မဟုတ်လားဟင် . . .”

ထိုကဲ့သို့ မေးနေရင်းဖြင့် ရဲရှောင်တို့၏ မျက်နှာများအား စိုးရိမ်ပူပန်နေသော အကြည့်များဖြင့် ကြည့်လျက်ရှိသည်။

“အင်း . . .”

ရဲရှောင် သက်ပြင်းချလိုက်ရင်း -

“ငါ အကောင်းဆုံးတော့ ကြိုးစားပေးခဲ့တာပဲ။ ဒါပေမယ့် . . .”

“ဒါပေမယ့် . . . ဘာ ဒါပေမယ့်လည်း ဆက်ပြောလေ။ ဘာလဲ . . . ရှင်ကုပေးတာ အလုပ်မဖြစ်ဘူးလား၊ ဘယ်လိုဖြစ်လို့လဲ၊ ကျွန်မကိုတောင် အလုပ်ဖြစ်ခဲ့တယ် မဟုတ်လား။ ကျွန်မဆရာကိုကြတော့ ဘာမှလုပ်လို့ မရခဲ့ဘူးလား။ ရှင်ကြိုးစားခဲ့တယ်ဆိုတာကရော တကယ်ရော ဟုတ်ရဲ့လား . . .”

ဝမ်ရမ်ချူးချူးတစ်ယောက် ရေပက်မဝင်အောင်ပင် တရစပ် မေးနေမိသည်။ ထိုကဲ့သို့ မေးနေရင်းဖြင့် ငိုသံပင် အနည်းငယ် ပေါက်သွားလေသည်။

“ဟင် . . . ဘာလဲ၊ ငါဘာပြောရသေးလို့လဲ။ ငါ့ဟာငါ သက်ပြင်းချရုံပဲ ရှိတာပါဟ။ အလုပ်မဖြစ်ဘူး လို့ မပြောမိပါဘူး။ မင်းကလေ ဘာမှတောင် မပြောရသေးဘူး အဆိုးဆုံးကို ကြိုတွေးနေတော့တာပဲ”

ငိုတော့မည့်ဟန် ပြင်နေသည့် ဝမ်ရမ်ချူးချုးအား ကြည့်ရင်း ရဲရှောင် ထပ်မစဝံ့တော့ပေ။ ထို့ကြောင့် ခပ်မြန်မြန် ရှင်းပြလိုက်ခြင်း ဖြစ်သည်။ ဝမ်ရမ်ချူးချူးသည် စိတ်မြန်လက်မြန် ရှိသော လူတစ်ဦးပီပီ မထင်လျှင် မထင်သလို တိုက်ခိုက်လာနိုင်ပေသည်။ ရဲရှောင်မှာမူ လက်ရှိအချိန်တွင် အားအင်ကုန်ခမ်းနေသဖြင့် ဝမ်ရမ်ချုးချုးအား ကောင်းစွာ ရင်ဆိုင်နိုင်ဦးမည် မဟုတ်ချေ။ ထို့ကြောင့် အလျင်အမြန်ပင် ရှင်းပြလိုက်ခြင်း ဖြစ်သည်။

“အာ . . . ဒါဆို အလုပ်ဖြစ်တယ်ပေါ့ . . . ကောင်းလိုက်တာ၊ တကယ်ကောင်းတယ်။ ကျွန်မ သိနေသားပဲ။ အလုပ်ဖြစ်မှာပါဆို . . .”

ဝမ်ရမ်ချူးချူးသည် ရယ်မောလိုက်ရင်း ပျော်ရွှင်ကျေနပ်သွားသည့် အသံဖြင့် ပြောလိုက်သည်။

ရဲရှောင်သည် ချုးချုးအား ကြည့်ရင်း  အံ့သြသွားမိသည်။ အပြောင်းအလဲ မြန်လွန်းလှသော မိန်းမများ၏ စိတ်အား နားမလည်နိုင်အောင်ပင် ဖြစ်နေခဲ့သည်။

(မင်းက တော်တော်ကို အပြောင်းအလဲ မြန်တာပဲ။ ပထမတုန်းကကြ ငိုတော့မယ့်ပုံနဲ့ စကားတွေ တရစပ် ပြောနေလိုက်တာ။ အခုကြ ချက်ချင်းပဲ သူမဟုတ်တဲ့အတိုင်း ရယ်သွားပြန်ပြီ။ မိန်းမတွေများ ဘယ်လိုတောင်လဲကွာ . . .)

“အလုပ်ဖြစ်တယ်ဆိုတော့ သိပ်မကြာခင် ပြန်ကောင်းတော့မှာပေါ့နော်။ ဒါနဲ့ အလုပ်ဖြစ်တယ်ဆိုရင် ရှင်က ဘာလို့ သက်ပြင်းတွေ ချနေရတာလဲ။ ဘာလဲကျွန်မကို စမလို့ မဟုတ်လား။ ဒီလိုလုပ်တာ ရယ်စရာ မကောင်းဘူးနော် . . .”

ဝမ်ရမ်ချူးချူးသည် ဆရာဖြစ်သူ၏ ရောဂါဝေဒနာများ လုံးဝဥသုံ ပျောက်ကင်းသွားပြီဟု ထင်မြင်နေမိခြင်း ဖြစ်သည်။ ထို့ကြောင့် အတိုင်းမသိ ပျော်ရွှင်သွားခဲ့မိသည်။ သို့သော် ရဲရှောင်မှ စနောက်နေသည့် အမူအယာဖြင့် ပြောခဲ့သည့် အကြောင်းအား စဉ်းစားမိသွားသောအခါ ရုတ်တရက် ဒေါသထွက်သွားခဲ့သည်။ ရဲရှောင်မှ အလျင်အမြန် ရှင်းပြလိုက်၍သာ အရိုက်မခံလိုက်ရခြင်း ဖြစ်သည်။

“မင်းက ဘယ်လိုဖြစ်လို့ စိတ်မြန်လက်မြန် ဖြစ်နေရတာလဲ။ ငါ့ဟာငါ တွေးမိတာကို သက်ပြင်း ချလိုက်တာလေ။ အလုပ်ဖြစ်တာတော့ မှန်တယ်။ ဒါပေမယ့် ထင်သလောက် မဖြစ်ခဲ့ဘူး။ မင်းကို ငါကုသ ပေးခဲ့ရတာထက် အဆပေါင်းများစွာ ပိုခက်တယ်ကွ . . .”

ရဲရှောင် စိတ်မရှည်သည့်ဟန်ဖြင့် ပြောလိုက်သည်။

“ဟင် . . . ဘယ်လိုလဲ။ ကျွန်မကိုတော့ ကုနိုင်ပြီး ကျွန်မ ဆရာကြမှ ဘာလို့ အလုပ်သိပ်မဖြစ် ရတာလဲ . . .”

ဝမ်ရမ်ချုးချုးသည် နားမလည်နိုင်သည့် မျက်ဝန်းများဖြင့် ရဲရှောင်အား ကြည့်ရင်း မေးလိုက်သည်။

“မင်းနဲ့ မင်းဆရာရဲ့ ရောဂါက အခြေအနေချင် မတူဘူးကွ။ မင်းရဲ့ ဆရာက ကျင့်ကြံမှု အရမ်းအဆင့်မြင့်တယ်လေ။ အဲဒါကြောင့် ငါအချိန်တိုအတွင်း ကုပေးနိုင်မှာ မဟုတ်ဘူး။ လေးငါးခြောက်ခါလောက်တော့ ကုရဦးမှာ သေချာတယ်။ ရက်နည်းနည်းတော့ ကြာဦးမှာပေါ့ကွာ . . .”

ပိုင်ရှင်းယွဲ့လည်း ခေါင်းညိတ်ပြလိုက်ရင်း -

“ဟုတ်တယ် . . . ဆရာဖန်ရဲ့ ကုသနိုင်စွမ်းကတော့ အံ့သြစရာပါပဲ။ လုံးဝ ပျောက်ကင်းနိုင်ဖို့ထိ ဆိုရင်တော့ အချိန်တိုအတွင်း မရနိုင်လောက်ဘူး . . .”

ပြောနေရင်း သူ၏ စိတ်ထဲတွင် တစ်စုံတစ်ခုအား တွေးလိုက်မိသည့်အတွက် ငေးငိုင်သွားမိသည်။ စိတ်နှင့်ကိုယ် မကပ်တော့သလိုပင် ဖြစ်သွားပြီး မျက်ဝန်းများတွင် မျက်ရည်များပင် စို့သွားခဲ့သည်။

ဆရာဖြစ်သူ၏ အမူအယာအား ကြည့်ရင်း ဝမ်ရမ်ချူးချူး၏ စိတ်ထဲတွင် နားမလည်နိုင်အောင်ပင် ဖြစ်သွားခဲ့သည်။

(ဆရာ ဒီလိုပုံစံဖြစ်တာ ဒါ ပထမဆုံး မြင်ဖူးတာပဲ။ ကြည့်ရတာ သူ့စိတ်ထဲ အများကြီး စဉ်းစားနေတာထင်တယ်။ ဟိုဟိုဒီဒီ ကိစ္စမျိုးတော့ မဟုတ်လောက်ဘူး။ ဖန်ဇီလင် တစ်ခုခု လုပ်လိုက် တာလည်း မဖြစ်နိုင်ပါဘူး၊ ဒါဆို ဘာများ ဖြစ်မလဲ။ ငါ့ဆရာကို ဒီလို စိတ်နဲ့ကိုယ် မကပ်တော့လောက်အောင်အထိ ခံစားစေတာ ဘာများလဲ။ အခုမှ ကုသမှုကို ခံယူပြီးကာစဆိုတော့ ကုသမှု ခံနေတဲ့ အချိန်တုန်းက ဘာများ ဖြစ်ခဲ့လို့လဲ . . .)

ပိုင်ရှင်းယွဲ့သည် မည်သည့်စကားမျှ ဆက်မပြော
တော့သဖြင့် ဝမ်ရမ်ချူးချူးဘက်မှ ဖွင့်ဟ၍ မေးမြန်းရန် မစွမ်းသာ ဖြစ်နေပါတော့သည်။

မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား

Chapter – 252

“ႏူးညံ့မႈ”

“ခင္ဗ်ားရဲ႕ လက္႐ွိမိဘေတြကလည္း အမွန္တရားကို သိေနခဲ့ၾကမယ္လို႔ က်ဳပ္ထင္တယ္။ ခင္ဗ်ားက သူတို႔သမီးအရင္း မဟုတ္ဘူး ဆိုတာကိုေပါ့။ ေနာက္ၿပီး အခုဆို သူတို႔က ေသသြားၾကၿပီ မဟုတ္လား။ အဲ့ဒါကို ခင္ဗ်ားက ဘာေတြစိုးရိမ္ေနတာလဲ၊ အျမင္က်ယ္စမ္းပါဗ်ာ . . .”

ရဲေ႐ွာင္ အားမလို အားမရပင္ ေျပာလိုက္သည္။

“သူတို႔ ကြၽန္မကို အျပစ္မတင္ဘူး ဆိုတာလည္း ကြၽန္မသိပါတယ္။ ဒါေပမယ့္ ကြၽန္မကေတာ့ ကိုယ့္ဝတၱရားအတိုင္း ကိုယ္ျပဳမူေနထိုင္ရမွာပဲ . . .”

“သူတို႔ မ႐ွိၾကေတာ့ေပမယ့္ တမလြန္ကေန ကြၽန္မကိုၾကည့္ၿပီး နာက်င္ ခံစားေနရမယ့္ အျဖစ္မ်ိဳး ကြၽန္မ မလိုလားဘူး . . .”

“ကြၽန္မ . . . ဘာလုပ္ရမွန္းကို မသိေတာ့ပါဘူး . . .”

ပိုင္႐ွင္းယြဲ႕ သက္ျပင္းခ်ရင္း ေျပာလိုက္သည္။

“က်ဳပ္နားလည္ပါတယ္ . . .”

ရဲေ႐ွာင္ ႏွစ္သိမ့္ေပးလိုက္သည္။

“ကြၽန္မတို႔ ျပန္စၾကေတာ့မလား . . .”

ပိုင္႐ွင္းယြဲ႕သည္ ရဲေ႐ွာင္အား ၾကည့္ရင္း ေမးလိုက္သည္။ ထိုအခ်ိန္တြင္ ပိုင္႐ွင္းယြဲ႕၏ မ်က္ႏွာတစ္ခုလုံးသည္ နီရဲသြားသည္။

အဘယ့္ေၾကာင့္ဆိုေသာ္ ရဲေ႐ွာင္၏ လက္တစ္ဖက္သည္ သူ၏ ဗိုက္အား ထိထား၍ က်န္လက္တစ္ဖက္မွာမူ တင္ပါးအား ကိုင္ထားေသာေၾကာင့္ပင္ ျဖစ္သည္။ ထို႔ထက္ပို၍ အေရးႀကီးသည့္ အခ်က္မွာ သူ၏ ခႏၶာကိုယ္တစ္ခုလုံးသည္ ရဲေ႐ွာင္၏ ရင္ခြင္ထဲသို႔ ေရာက္႐ွိေနျခင္းပင္ ျဖစ္သည္။

သူ႕ဘက္မွစ၍ ရဲေ႐ွာင္ထံ လဲက်သြားခဲ့ျခင္း ျဖစ္ေၾကာင္းလည္း ပိုင္႐ွင္းယြဲ႕ ျပန္လည္ အမွတ္ရသြားသည္။

ထို႔ေၾကာင့္ ကပ်ာကယာပင္ ႐ုန္းထလိုက္ရင္း တင္ပ်ဥ္ေခြအေနအထားျဖင့္ ထိုင္လိုက္သည္။ သူ၏ ရင္ခုန္သံမ်ားသည္လည္း အတိုင္းမသိ ျမန္ဆန္လာခဲ့သည္။ သို႔ေသာ္ ယခုအႀကိမ္တြင္မူ ရဲေ႐ွာင္အေပၚ ေဒါသထြက္သည့္ ခံစားခ်က္မ်ိဳး မခံစားရေတာ့ေပ။

. . .

ေနာက္ထပ္ ၆ နာရီမွ် ၾကာသည္အထိ ရဲေ႐ွာင္သည္ ပိုင္႐ွင္းယြဲ႕၏ ကိုယ္တြင္းမွ အေအးစြမ္းအင္မ်ား အား စုပ္ယူေပးေနခဲ့သည္။ ညအခ်ိန္သို႔ ေရာက္႐ွိေနၿပီ ျဖစ္သည့္တိုင္ ပိုင္႐ွင္းယြဲ႕ထံမွ စြမ္းအင္ ၁၀ ရာခိုင္ႏႈန္းခန္႔သာ စုပ္ယူ၍ ၿပီးစီးေသးသည္။

အမွန္တကယ္တြင္မူ ၁၀ ရာခိုင္ႏႈန္းပင္ ႐ွိခ်င္မွ ႐ွိေပလိမ့္မည္။

ပိုင္႐ွင္းယြဲ႕အား ကုသေပးရျခင္းသည္ ဝမ္ရမ္ခ်ဴးခ်ဴးထက္ပင္ မ်ားစြာ ခက္ခဲေနေလသည္။

အကယ္၍ ရဲေ႐ွာင္သည္သာ ေကာင္းကင္အဆင့္သို႔ ေရာက္႐ွိျခင္း မ႐ွိေသးပါက ပိုင္႐ွင္းယြဲ႕၏ ေရခဲခ်ီဓာတ္မ်ားမွ တုံ႔ျပန္မႈအား ေကာင္းစြာ ထိန္းခ်ဳပ္ႏိုင္မည္ မဟုတ္ေခ်။

“ေနာက္ေန႔မွ ျပန္စၾကတာေပါ့ . . .”

“တစ္ေနကုန္ႀကီးဆိုေတာ့ ႐ွင္လည္း ပင္ပန္းေနေရာ့မယ္။ မနက္ျဖန္လည္း ေလလံပြဲက ႐ွိေသးတယ္ မဟုတ္လား။ အဲ့ဒါေၾကာင့္ ႐ွင္ အနားယူလိုက္ပါေတာ့ . . .”

ပိုင္႐ွင္းယြဲ႕၏ အသံသည္ ယခင္ကကဲ့သို႔ ေအးစက္စက္ အသံမ်ိဳး မဟုတ္ေတာ့ဘဲ ႏူးညံ့ခ်ိဳသာလ်က္ ႐ွိသည္။

အကယ္၍ အဆိုပါ ျမင္ကြင္းအား ဝမ္ရမ္ခ်ဳးခ်ဳးသာ
ျမင္သြားခဲ့မည္ ဆိုပါက အံ့ၾသလြန္းသျဖင့္ ငုတ္တုပ္ပင္ ေမ့သြားႏိုင္ေလသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ဆရာျဖစ္သူသည္ ရဲေ႐ွာင္ႏွင့္ေတြ႕မွ အလြန္မိန္းမဆန္ေနခဲ့ၿပီ မဟုတ္ပါေလာ။

သို႔ေသာ္ မိန္းမက်မ္းမေၾကသည့္ ရဲေ႐ွာင္မွာမူ ပိုင္႐ွင္းယြဲ႕၏ ေျပာင္းလဲမႈအား သတိမျပဳမိေခ်။

“ဟုတ္တယ္ . . . ေနာက္ေန႔မွ ဆက္လုပ္ၾကတာေပါ့ . . .”

ရဲေ႐ွာင္ သြက္သြက္လက္လက္ပင္ ေျပာလိုက္သည္။

ထို႔ေနာက္ ရဲေ႐ွာင္သည္ မတ္တတ္ထ၍ အခန္းအျပင္သို႔ ထြက္ရန္ ဟန္ျပင္လိုက္သည္။ သူ၏ ပုံစံသည္ ေလာင္အိမ္ထဲမွ ပ်ံသန္းသြားသည့္ ဌက္တစ္ေကာင္အလား ယခုမွပင္ လြတ္လပ္ေပါ့ပါးသြားသည့္ ပုံစံမ်ိဳးပင္ ျဖစ္ေနေလသည္။

ပိုင္႐ွင္းယြဲ႕လည္း ရဲေ႐ွာင္အား ေငးၾကည့္ေနရာမွ
သူ၏ အဝတ္အစားမ်ားအား သပ္သပ္ရပ္ရပ္ျဖစ္ေစရန္ ျပင္ဆင္လိုက္သည္။

ထို႔ေနာက္ ရဲေ႐ွာင္၏ အေ႐ွ႕မွ အခန္းအျပင္ဘက္သို႔ အရင္ဦးစြာ ထြက္သြားေလသည္။

သူ႕ထက္ဦးေအာင္ပင္ ထြက္သြားေသာ ပိုင္႐ွင္းယြဲ႕အား ၾကည့္ရင္း ရဲေ႐ွာင္၏ စိတ္ထဲတြင္ -

(ဘာလဲဟ . . . ငါ့မွာေတာ့ သူ႕ရဲ႕ ေရာဂါကို အားသြန္ခြန္စိုက္ ကုေပးေနလိုက္ရတာ။ အနည္းဆုံးေတာ့ ငါ့ကို ေက်းဇူးတင္စကား ေျပာသင့္တယ္ မဟုတ္ဘူးလား။ အခုက်ေတာ့ ဘာမွ မျဖစ္ခဲ့သလိုပဲ ေအးေအးေဆးေဆးနဲ႔ ငါ့ထက္ဦးေအာင္ကို ထြက္သြားတယ္။ ဘယ္လိုမိန္းမလဲဟ။ လူေတြနဲ႔ ဘယ္လိုေပါင္းသင္း ဆက္ဆံရမယ္ ဆိုတာကို မသိဘူးထင္တယ္ . . .)

ဝမ္ရမ္ခ်ဴးခ်ဴးသည္ အျပင္ဘက္တြင္ လက္ပိုက္လ်က္ ေ႐ွ႕မွေနာက္သို႔ ေလွ်ာက္ေနသည္။ ရဲေ႐ွာင္တို႔ ကုသေနသည့္ အခန္းအား အခ်ိန္ျပည့္ ၾကည့္ေနရင္း ရင္ထဲတြင္လည္း စိုးရိမ္စိတ္မ်ား ျဖစ္ေပၚလ်က္ ႐ွိသည္။

ထိုအခ်ိန္တြင္ အခန္းအျပင္ဘက္သို႔ ရဲေ႐ွာင္တို႔ ထြက္လာသည္ကို ျမင္ေတြ႕လိုက္ရသည္။ ဝမ္ရမ္ခ်ဳးခ်ဳးလည္း အေျပးတပိုင္း သြားလိုက္ရင္း -

“ဘယ္လိုလဲ . . .  အလုပ္ျဖစ္ရဲ႕လား၊ အဆင္ေျပတယ္ မဟုတ္လားဟင္ . . .”

ထိုကဲ့သို႔ ေမးေနရင္းျဖင့္ ရဲေ႐ွာင္တို႔၏ မ်က္ႏွာမ်ားအား စိုးရိမ္ပူပန္ေနေသာ အၾကည့္မ်ားျဖင့္ ၾကည့္လ်က္႐ွိသည္။

“အင္း . . .”

ရဲေ႐ွာင္ သက္ျပင္းခ်လိုက္ရင္း -

“ငါ အေကာင္းဆုံးေတာ့ ႀကိဳးစားေပးခဲ့တာပဲ။ ဒါေပမယ့္ . . .”

“ဒါေပမယ့္ . . . ဘာ ဒါေပမယ့္လည္း ဆက္ေျပာေလ။ ဘာလဲ . . . ႐ွင္ကုေပးတာ အလုပ္မျဖစ္ဘူးလား၊ ဘယ္လိုျဖစ္လို႔လဲ၊ ကြၽန္မကိုေတာင္ အလုပ္ျဖစ္ခဲ့တယ္ မဟုတ္လား။ ကြၽန္မဆရာကိုၾကေတာ့ ဘာမွလုပ္လို႔ မရခဲ့ဘူးလား။ ႐ွင္ႀကိဳးစားခဲ့တယ္ဆိုတာကေရာ တကယ္ေရာ ဟုတ္ရဲ႕လား . . .”

ဝမ္ရမ္ခ်ဴးခ်ဴးတစ္ေယာက္ ေရပက္မဝင္ေအာင္ပင္ တရစပ္ ေမးေနမိသည္။ ထိုကဲ့သို႔ ေမးေနရင္းျဖင့္ ငိုသံပင္ အနည္းငယ္ ေပါက္သြားေလသည္။

“ဟင္ . . . ဘာလဲ၊ ငါဘာေျပာရေသးလို႔လဲ။ ငါ့ဟာငါ သက္ျပင္းခ်႐ုံပဲ ႐ွိတာပါဟ။ အလုပ္မျဖစ္ဘူး လို႔ မေျပာမိပါဘူး။ မင္းကေလ ဘာမွေတာင္ မေျပာရေသးဘူး အဆိုးဆုံးကို ႀကိဳေတြးေနေတာ့တာပဲ”

ငိုေတာ့မည့္ဟန္ ျပင္ေနသည့္ ဝမ္ရမ္ခ်ဴးခ်ဳးအား ၾကည့္ရင္း ရဲေ႐ွာင္ ထပ္မစဝံ့ေတာ့ေပ။ ထို႔ေၾကာင့္ ခပ္ျမန္ျမန္ ႐ွင္းျပလိုက္ျခင္း ျဖစ္သည္။ ဝမ္ရမ္ခ်ဴးခ်ဴးသည္ စိတ္ျမန္လက္ျမန္ ႐ွိေသာ လူတစ္ဦးပီပီ မထင္လွ်င္ မထင္သလို တိုက္ခိုက္လာႏိုင္ေပသည္။ ရဲေ႐ွာင္မွာမူ လက္႐ွိအခ်ိန္တြင္ အားအင္ကုန္ခမ္းေနသျဖင့္ ဝမ္ရမ္ခ်ဳးခ်ဳးအား ေကာင္းစြာ ရင္ဆိုင္ႏိုင္ဦးမည္ မဟုတ္ေခ်။ ထို႔ေၾကာင့္ အလ်င္အျမန္ပင္ ႐ွင္းျပလိုက္ျခင္း ျဖစ္သည္။

“အာ . . . ဒါဆို အလုပ္ျဖစ္တယ္ေပါ့ . . . ေကာင္းလိုက္တာ၊ တကယ္ေကာင္းတယ္။ ကြၽန္မ သိေနသားပဲ။ အလုပ္ျဖစ္မွာပါဆို . . .”

ဝမ္ရမ္ခ်ဴးခ်ဴးသည္ ရယ္ေမာလိုက္ရင္း ေပ်ာ္႐ႊင္ေက်နပ္သြားသည့္ အသံျဖင့္ ေျပာလိုက္သည္။

ရဲေ႐ွာင္သည္ ခ်ဳးခ်ဳးအား ၾကည့္ရင္း  အံ့ၾသသြားမိသည္။ အေျပာင္းအလဲ ျမန္လြန္းလွေသာ မိန္းမမ်ား၏ စိတ္အား နားမလည္ႏိုင္ေအာင္ပင္ ျဖစ္ေနခဲ့သည္။

(မင္းက ေတာ္ေတာ္ကို အေျပာင္းအလဲ ျမန္တာပဲ။ ပထမတုန္းကၾက ငိုေတာ့မယ့္ပုံနဲ႔ စကားေတြ တရစပ္ ေျပာေနလိုက္တာ။ အခုၾက ခ်က္ခ်င္းပဲ သူမဟုတ္တဲ့အတိုင္း ရယ္သြားျပန္ၿပီ။ မိန္းမေတြမ်ား ဘယ္လိုေတာင္လဲကြာ . . .)

“အလုပ္ျဖစ္တယ္ဆိုေတာ့ သိပ္မၾကာခင္ ျပန္ေကာင္းေတာ့မွာေပါ့ေနာ္။ ဒါနဲ႔ အလုပ္ျဖစ္တယ္ဆိုရင္ ႐ွင္က ဘာလို႔ သက္ျပင္းေတြ ခ်ေနရတာလဲ။ ဘာလဲကြၽန္မကို စမလို႔ မဟုတ္လား။ ဒီလိုလုပ္တာ ရယ္စရာ မေကာင္းဘူးေနာ္ . . .”

ဝမ္ရမ္ခ်ဴးခ်ဴးသည္ ဆရာျဖစ္သူ၏ ေရာဂါေဝဒနာမ်ား လုံးဝဥသုံ ေပ်ာက္ကင္းသြားၿပီဟု ထင္ျမင္ေနမိျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ အတိုင္းမသိ ေပ်ာ္႐ႊင္သြားခဲ့မိသည္။ သို႔ေသာ္ ရဲေ႐ွာင္မွ စေနာက္ေနသည့္ အမူအယာျဖင့္ ေျပာခဲ့သည့္ အေၾကာင္းအား စဥ္းစားမိသြားေသာအခါ ႐ုတ္တရက္ ေဒါသထြက္သြားခဲ့သည္။ ရဲေ႐ွာင္မွ အလ်င္အျမန္ ႐ွင္းျပလိုက္၍သာ အ႐ိုက္မခံလိုက္ရျခင္း ျဖစ္သည္။

“မင္းက ဘယ္လိုျဖစ္လို႔ စိတ္ျမန္လက္ျမန္ ျဖစ္ေနရတာလဲ။ ငါ့ဟာငါ ေတြးမိတာကို သက္ျပင္း ခ်လိုက္တာေလ။ အလုပ္ျဖစ္တာေတာ့ မွန္တယ္။ ဒါေပမယ့္ ထင္သေလာက္ မျဖစ္ခဲ့ဘူး။ မင္းကို ငါကုသ ေပးခဲ့ရတာထက္ အဆေပါင္းမ်ားစြာ ပိုခက္တယ္ကြ . . .”

ရဲေ႐ွာင္ စိတ္မ႐ွည္သည့္ဟန္ျဖင့္ ေျပာလိုက္သည္။

“ဟင္ . . . ဘယ္လိုလဲ။ ကြၽန္မကိုေတာ့ ကုႏိုင္ၿပီး ကြၽန္မ ဆရာၾကမွ ဘာလို႔ အလုပ္သိပ္မျဖစ္ ရတာလဲ . . .”

ဝမ္ရမ္ခ်ဳးခ်ဳးသည္ နားမလည္ႏိုင္သည့္ မ်က္ဝန္းမ်ားျဖင့္ ရဲေ႐ွာင္အား ၾကည့္ရင္း ေမးလိုက္သည္။

“မင္းနဲ႔ မင္းဆရာရဲ႕ ေရာဂါက အေျခအေနခ်င္ မတူဘူးကြ။ မင္းရဲ႕ ဆရာက က်င့္ၾကံမႈ အရမ္းအဆင့္ျမင့္တယ္ေလ။ အဲဒါေၾကာင့္ ငါအခ်ိန္တိုအတြင္း ကုေပးႏိုင္မွာ မဟုတ္ဘူး။ ေလးငါးေျခာက္ခါေလာက္ေတာ့ ကုရဦးမွာ ေသခ်ာတယ္။ ရက္နည္းနည္းေတာ့ ၾကာဦးမွာေပါ့ကြာ . . .”

ပိုင္႐ွင္းယြဲ႕လည္း ေခါင္းညိတ္ျပလိုက္ရင္း -

“ဟုတ္တယ္ . . . ဆရာဖန္ရဲ႕ ကုသႏိုင္စြမ္းကေတာ့ အံ့ၾသစရာပါပဲ။ လုံးဝ ေပ်ာက္ကင္းႏိုင္ဖို႔ထိ ဆိုရင္ေတာ့ အခ်ိန္တိုအတြင္း မရႏိုင္ေလာက္ဘူး . . .”

ေျပာေနရင္း သူ၏ စိတ္ထဲတြင္ တစ္စုံတစ္ခုအား ေတြးလိုက္မိသည့္အတြက္ ေငးငိုင္သြားမိသည္။ စိတ္ႏွင့္ကိုယ္ မကပ္ေတာ့သလိုပင္ ျဖစ္သြားၿပီး မ်က္ဝန္းမ်ားတြင္ မ်က္ရည္မ်ားပင္ စို႔သြားခဲ့သည္။

ဆရာျဖစ္သူ၏ အမူအယာအား ၾကည့္ရင္း ဝမ္ရမ္ခ်ဴးခ်ဴး၏ စိတ္ထဲတြင္ နားမလည္ႏိုင္ေအာင္ပင္ ျဖစ္သြားခဲ့သည္။

(ဆရာ ဒီလိုပုံစံျဖစ္တာ ဒါ ပထမဆုံး ျမင္ဖူးတာပဲ။ ၾကည့္ရတာ သူ႕စိတ္ထဲ အမ်ားႀကီး စဥ္းစားေနတာထင္တယ္။ ဟိုဟိုဒီဒီ ကိစၥမ်ိဳးေတာ့ မဟုတ္ေလာက္ဘူး။ ဖန္ဇီလင္ တစ္ခုခု လုပ္လိုက္ တာလည္း မျဖစ္ႏိုင္ပါဘူး၊ ဒါဆို ဘာမ်ား ျဖစ္မလဲ။ ငါ့ဆရာကို ဒီလို စိတ္နဲ႔ကိုယ္ မကပ္ေတာ့ေလာက္ေအာင္အထိ ခံစားေစတာ ဘာမ်ားလဲ။ အခုမွ ကုသမႈကို ခံယူၿပီးကာစဆိုေတာ့ ကုသမႈ ခံေနတဲ့ အခ်ိန္တုန္းက ဘာမ်ား ျဖစ္ခဲ့လို႔လဲ . . .)

ပိုင္႐ွင္းယြဲ႕သည္ မည္သည့္စကားမွ် ဆက္မေျပာ
ေတာ့သျဖင့္ ဝမ္ရမ္ခ်ဴးခ်ဴးဘက္မွ ဖြင့္ဟ၍ ေမးျမန္းရန္ မစြမ္းသာ ျဖစ္ေနပါေတာ့သည္။

Продовжити читання

Вам також сподобається

78.2K 7.1K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး
413K 51.3K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
104K 13.7K 72
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...
191K 34.9K 200
sequel of Book 4 Author - Goosefive