မိုးကောင်းကင်အောက်မှကလဲ့စား (...

By KazunoMora

52K 3.8K 5

Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ chara... More

🔥ရှင်းလင်းချက်🔥
အကျဉ်းချုပ် အက်ဥ္းခ်ဳပ္
Chapter - 209 "ရှင်လုပ်နိုင်ပါတယ်"
Chapter - 210 "တိမ်မြူခိုးနန်းတော်၏ကြမ္မာဆိုး"
Chapter - 211 "ရှေ့ဖြစ်နိမိတ်"
Chapter - 212 "သူဘယ်လိုသိ"
Chapter - 213 "ကျောက်စိမ်းအားဖြည့် ကြာပန်းပင်"
Chapter - 214"အမှားကြီးမှားခြင်း"
Chapter - 215 "အထင်လွဲခြင်း"
Chapter - 216 "လင်းရှောင်ရေခဲကျင့်စဉ်"
Chapter - 217"ယုံတမ်းစကားများ"
Chapter - 218 "သိက္ခာဆိုတာဘာလဲ"
Chapter - 219"မဖြစ်နိုင်သော"
Chapter - 220 "ကောင်းကင်အပြစ်ဒဏ်"
Chapter - 221"အမည်မသိ"
Chapter - 222"နောက်ယောင်ခံလိုက်ခြင်း"
Chapter - 223"ကျော့ကွင်း"
Chapter - 224"ဝမ်းနည်းနေသောဆောင်ဂျု"
Chapter - 225"ကျူးကျော်ဝင်ရောက်လာခြင်း"
Chapter - 226 "တွေဝေခြင်း"
Chapter - 227"ထိပ်တိုက်ရင်ဆိုင်မှု"
Chapter - 228"မိုးရွာတုန်း ရေခံ"
Chapter - 229"ပညာရှင်နှစ်ဦး၏တိုက်ပွဲ"
Chapter - 230 "ကြာပန်းကိုးခိုင်"
Chapter - 231"သူသေကိုယ်သေ"
Chapter - 232"ကယ်တင်ခြင်း (၁)"
Chapter - 233"ကယ်တင်ခြင်း (၂)"
Chapter - 234"အ‌စေ‌ခံ (၁)"
Chapter - 235"အစေခံ (၂)"
Chapter - 236"ဥတစ်ဥနှင့်လူတစ်ယောက်"
Chapter - 237"သနားစရာမိန်းကလေး ပိုင်အာ"
Chapter - 238"ဘဝတူ"
Chapter - 239"အံ့ဖွယ်လက်ဆောင်"
Chapter - 240"ကျီစားသန်က ရန်များ၏"
Chapter - 241"အဆင့်တက်အောင်ကူညီစေခြင်း (၁)"
Chapter - 242"အဆင့်တက်အောင်ကူညီစေခြင်း (၂)"
Chapter - 243"အဆင့်တက်အောင်ကူညီစေခြင်း (၃)"
Chapter - 244"မယုံနိုင်ဖွယ် အဆင့်တက်ခြင်း"
Chapter - 245"အဆင့်တက်ခြင်း၏ အကျိုးသက်ရောက်မှု"
Chapter - 246"အထူးခြားဆုံးသောကျင့်စဉ်တစ်ခု"
Chapter - 247 "ကုသမှုအား လက်ခံလိုက်ခြင်း"
Chapter - 248"ကျုပ်မှာအချိန်မရှိဘူး"
Chapter - 249"ဝေဒနာအား ကုသပေးခြင်း"
Chapter - 250"ထူးခြား စွမ်းအင်"
Chapter - 252"နူးညံ့မှု"
Chapter - 253"ဝမ်ဇန်းဟို၏အခက်အခဲ"
Chapter - 254"အချောင်သမားများ"
Chapter - 255"သနားစဖွယ် ဥ"
Chapter - 256"ထူးဆန်းသောစွမ်းအင်"
Chapter - 257"ဥ၏နေရာ"
Chapter - 258"ပျော်ရွှင်သွားသောဥ"
Chapter - 259 "ပိုင်အာ၏ကြိုးပမ်းမှု"
Chapter - 260 "နှိပ်စက်ခံနေရသကဲ့သို့"
Chapter - 261"ကြောက်မက်ဖွယ်ရာ ချီဓာတ်များ"
Chapter - 262"ထင်ယောင်ထင်မှားဖြစ်ခြင်း"
Chapter -263"လျှို့ဝှက်ချက်ပေါ်သွားခြင်း"
Chapter - 264"နန်ရှန်ဆင်း"
Chapter - 265"အကောင်းဆုံးကြိုးစားခြင်း"
Chapter - 266"ပထမတိုက်ကွက်"
Chapter - 267"သက်ရောက်မှုမရှိခြင်း"
Chapter - 268"ဓားတစ်လက်ဖြစ်ပေါ်လာခြင်း"
Chapter - 269"ရယ်မောခြင်းလေပြည်"
Chapter - 270"တန်ပြန်တိုက်ခိုက်မှု"
Chapter - 271"အသေသတ်တိုက်ကွက်"
Chapter - 272"စားရကံ ကြုံလို့ မုတ်ဆိတ် ပျားစွဲ"
Chapter - 273"မလူးသာမလွန့်သာ"
Chapter - 274"ဝှက်ဖဲ"
Chapter - 275"အပ်ကိုသုံးတာဘယ်သူလဲ"
Chapter - 276"အနန္တသူတော်စင်"
Chapter - 277"မင်းသိလား"
Chapter - 278"လေလံခန်းမဖွင့်လှစ်ခြင်း"
Chapter - 279"မုန်တိုင်းအိမ်တော်၏ အရှိန်အဝါ"
Chapter - 280"ဖိနှိပ်ခံရခြင်း"
Chapter - 281 - 285
286 - 290
291 - 295
296 - 300
301 - 306
307 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 336
Chapter - 337"ဉာဏ်ကောင်းလှသည့်ဇုဝူကျီ"
Chapter - 338"စဉ်းစားခန်းဝင်ခြင်း"
Chapter - 339"အစော်ကားခံရသည့်ဖန်ဧကရာဇ်"
Chapter - 340"နိုင်ငံရေးနားမလည်သောရဲရှောင်"
Chapter - 341"ဝမ်အာရောက်လာခြင်း"
Chapter - 342"အိန္ဒြေရရ‌ နေကြပါ"
Chapter - 343"လျှို့ဝှက်မြေပုံ"
Chapter - 344"လုပ်ကြံသတ်ဖြတ်သူနှစ်ဦး တွေ့ဆုံကြခြင်း"
Chapter - 345"သေသည့်တိုင် တာဝန်ယူမည်"
Chapter - 346"ခင်ဗျားကိုငှားချင်တယ်"
Chapter - 347"ရှေ့ဆက်ရမည့်အစီအစဉ်"
Chapter - 348"လုပ်ငန်းစတင်ခြင်း"
Chapter - 349"လှုပ်ရှားခြင်း"
Chapter - 350"အသေအချာ သိသွားကြခြင်း"
Chapter - 351"စိတ်နှင့်ကိုယ်မကပ်ခြင်း"
Chapter - 352"ဆဲဆိုကြခြင်း"
Chapter - 353"ဆဲဆိုကြခြင်း"
Chapter - 354"အရက်သောက်ကြခြင်း"
Chapter - 355"ကမ္ဘာ့ရန်"
Chapter - 356"တိုက်ပွဲ"
Chapter - 357"တိုးတက်မှုမရှိခြင်း"
Chapter - 358"ပူးပေါင်းမှု"
Chapter - 359"ဝတ်ရုံနက်ဖြင့်လူ"
Chapter - 360"ခင်ဗျားဘယ်သူလဲ"
Chapter - 361"သွေးခွဲခြင်း"
Chapter - 362"တိုက်ကွက်ဆန်း"
Chapter - 363"စစ်ယု"
Chapter - 364"အတူတကွရင်ဆိုင်ရန်"
Chapter - 365"ကျားရဲတွင်းသို့"
Chapter - 366"ဓားတစ်ချောင်းနှင့်လူတစ်ယောက်"
Chapter - 367"စံပြပုဂ္ဂိုလ်"
Chapter - 368"ကမ္ဘာမကြေ ရန်ငြိုး"
Chapter - 369"ဗိုက်ခေါက်ကြီး"
Chapter - 370"ဆရာနင်"
371 - 375
376--377
378--379
380--381
382--383
384--385
386--387
388--389
390--391
392--393
394--395
396--397
398--399
400
401--402
403--404
405--406
Chapter (407)"ကောင်ကင်အဆင့်တစ်ပညာရှင်လော"
Chapter (408)"ကောင်းကင်အဆင့်နှစ်ပညာရှင်လော"
Chapter (409)"အနိုင်ရမည်လော"
Chapter (410)"တစ်ချက်တည်းဖြင့်"
Chapter (411)"ကြိုးစားခွင့်"
Chapter (412)"သတ်ဖြတ်ခြင်းဘုရင်"
Chapter (413)"ခင်ဗျားမှာအကူရှိတယ်"
Chapter (414)"ပြောင်းလဲသွားသောအခြေအနေ"
Chapter (415)"တိုက်ခိုက်မှုစတင်ခြင်း"
Chapter (416)"လှုံ့ဆော်မှု"
Chapter (417)"တရားခံဘယ်သူလဲ"
Chapter (418)"ရှက်ရွံ့နေသည့်သခင်ကြီးဘိုင်"
Chapter (419)"ထူးဆန်းသောအဖြစ်အပျက်"
Chapter (420)"စိတ်တန်ခိုးမျက်လုံး"
Chapter (421)"လေနှင့်အတူ"
Chapter (422)"ယင်ယန်အသီးများ"
Chapter (423)"ရင်နင့်စွာဖြင့်"
Chapter (424)"အချစ်အတွက်ဆို"
Chapter (425)"နည်းလမ်းနှစ်ခု"
Chapter (426)"မိုးကောင်းကင်ကို ထိတွေ့ရသည်ထက် ခက်၏"
Chapter (427)"တစ်နှစ်တစ်ခါ"
Chapter (428)"ရယ်မောခြင်း၏အဓိပ္ပါယ်"
Chapter (429)"အထီးကျန်သောဘဝ"
Chapter (430)"လက်ကိုင်တုတ်"
Chapter (431)"လုပ်ကြံသတ်ဖြတ်သူများစုဝေးခြင်း"
Chapter (432)"အဖြေမရှိ"
Chapter (433)"ထိပ်တန်းပညာရှင်များအား ပျိုးထောင်ပေးခြင်း"
Chapter (434)"အံ့မခန်းအမြန်နှုန်း"
Chapter (435)"ရေခဲဝိညာဉ်ဓား"
Chapter (436)"ဓားနှင့်တသားတည်းဖြစ်သွားခြင်း"
Chapter (437)"မခေါ်ဘဲလာသည့်ဧည့်သည်"
Chapter (438)"လင်းဝုရှဲ့"
439--440
441--442
443--444
445--446
447--448
449--450
451--452
453--454
455--456
457--458
459--460
461--462
463--464
465--466
467--468
469--470
471--472
473--474
475--476
477--478
479--480
Chapter (481)"ကျုပ်တို့မလိုချင်ပါဘူး"
Chapter (482)"ဒုက္ခလှိုင်းများ"
Chapter (483)"ဝမ်းနည်းနေသော လင်းဝုရှဲ့"
Chapter (484)"မန်ဟွာချင်း"
Chapter (485)"အံ့ဩတုန်လှုပ်ခြင်း"
Chapter (486)"ထွက်ခွာကြရတော့မည်"
Chapter (487)"ရှင့်အကူအညီလိုတယ်"
Chapter (488)"ဆွေးနွေးမှုပျက်ပြယ်ခြင်း"
Chapter (489)"ခြိမ်းခြောက်မှု"
Chapter (490)"ဘယ်တော့မှအလျော့မပေးဘူး"
🔥🔥🔥🔥

Chapter - 251"ပဟေဠိဆန်သော ပုစ္ဆာ"

264 21 0
By KazunoMora

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 251

“ပဟေဠိဆန်သော ပုစ္ဆာ”

ပိုင်ရှင်းယွဲ့သည် လိမ္မာပါးနပ်သည့် လူတစ်ယောက် ပီပီ ဖန်ဇီလင်၏ စိတ်ထဲတွင် မည်ကဲ့သို့ တွေးနေသည်ကို ရိပ်စားမိလိုက်သည်။ သူကိုယ်တိုင်သည်လည်း မည်သည့်စွမ်းအင်ဖြစ်မှန်း မသိချေ။ ထုိ့ကြောင့် တုန်ယင်နေသော အသံဖြင့် -

“ကျွန် . . . ကျွန်မလည်း မသိဘူး . . .”

ပိုင်ရှင်းယွဲ့၏ ခန္ဓာကိုယ်သည် အနည်းငယ် ယောင်ကိုင်းနေသကဲ့သို့ ဖြစ်နေသည်။ မတ်တပ်ရပ်နေရင်းဖြင့် ကြိုးပျက်သွားသည့် လေတံခွန်အလား ရဲရှောင်၏ ရင်ခွင်ထဲသို့ ပုံရက်သား လဲကျသွားပြန်သည်။ သူမ၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများသည် နေရာအပြည့်ယူထားလေသည်။

ပိုင်ရှင်းယွဲ့ကိုယ်တိုင်ပင် သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ထူးဆန်းသည့် စွမ်းအင်တစ်မျိုးအား ထိတ်လန့်နေမိသည်။

“ခင်ဗျား ဘယ်လိုခံစားနေရလဲဆိုတာ အတိအကျ ပြောစမ်းပါ . . .”

ရဲရှောင်သည် ပိုင်ရှင်းယွဲ့အား ဖေးမထားရင်း မေးလိုက်သည်။

ပိုင်ရှင်းယွဲ့သည် အကြောသေနေသူ တစ်ဦးကဲ့သို့ပင် ရဲရှောင်အား မှီထားရသည်။ ရဲရှောင်သည်လည်း သူမအား ဖက်ထားရသဖြင့် ချစ်သူနှစ်ဦး အပြန်အလှန် ပွေ့ဖက်နေကြသည်နှင့်ပင် တူနေပါသေးသည်။

ပဟေဠိသဖွယ် ထူးဆန်းသော စွမ်းအင်ဆီသို့သာ စိတ်ရောက်နေကြသည့်အတွက် နှစ်ဦးစလုံး၏ အမူအယာများ မည်သို့မည်ပုံ ဖြစ်ပျက်နေကြသည်ကို သတိမထားမိကြချေ။

“ထူးဆန်းတဲ့ စွမ်းအင်တစ်မျိုး ဘယ်ကနေ ဘယ်လို
ထွက်လာမှန်း မသိဘူး။ ရှင်နှိုးဆွပေးလိုက်တဲ့ အချိန်မှာပဲ ကျွန်မ အဲဒီစွမ်းအင်ကို ခံစားမိလိုက်တာ . . .”

ပိုင်ရှင်းယွဲ့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်နေသည့် အရိပ်အယောင်များ အထင်းသား မြင်တွေ့နေရသည်။

“ကျွန်မကို တစ်စုံတစ်ခုက လှုံ့ဆော်လိုက်သလိုပဲ။ ရှင် နားလည်အောင် ကျွန်မ ရှင်းပြဖို့က ခက်နေတယ်။ ရှင်ရပ်လိုက်တာနဲ့ အဲဒီစွမ်းအင်လည်း ပျောက်သွားတာပဲ . . .”

ရဲရှောင်သည် ပိုင်ရှင်းယွဲ့အား ခဏတာမျှ စိုက်ကြည့်လိုက်ကာ -

“ဒါဆို ကျုပ်က အဲဒီစွမ်းအင်ပေါ်အောင် လုပ်လိုက်မိတာပေါ့ . . .”

ပိုင်ရှင်းယွဲ့၏ ခန္ဓာကိုယ်ထဲမှ ထူးဆန်းသော စွမ်းအင်တစ်မျိုး နိုးကြွလာသောကြောင့် ရဲရှောင်ကိုယ်တိုင်ပင် အထိတ်တလန့် ဖြစ်သွားခဲ့ရသည်။

သူ့အတွက်မူ ထူးခြားသော အဖြစ်အပျက် တစ်ခုပင် ဖြစ်သည်။

ပိုင်ရှင်းယွဲ့သည် ရဲရှောင်အား ကြည့်လိုက်ရင်း -

“ဒါ ကျွန်မကိုယ်ထဲက စွမ်းအင်ဆိုတာ တကယ်ပဲလား . . .”

“ဟုတ်တယ် . . . ခင်ဗျားရဲ့ သွေးကြောထဲကပဲ . . .”

ရဲရှောင် ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

ထို့နောက် သက်ပြင်းချလိုက်ရင်း လေးနက်သော လေသံဖြင့် -

“ဒါ . . . အမွေအနှစ်သွေးကြောတစ်ခု ဖြစ်မယ် . . .”

ပိုင်ရှင်းယွဲ့သည် ပါးစပ်အဟောင်းသား ဖြစ်သွားလောက်အောင်အထိ အံ့ဩသွားကာ -

“ဒါ . . . ဒါဆို ကျွန်မက . . . လူသားစစ်စစ် မဟုတ်ဘူးပေါ့ . . .”

ထူးခြားသည့် အမွေအနှစ် သွေးကြောများ ပိုင်ဆိုင်ထားကြသော ထိပ်တန်းအဆင့် ပညာရှင်များသည် များသောအားဖြင့် အလွန်အစွမ်းထက်လှသည့် ဝိညာဉ်တော် သားရဲများသာ ဖြစ်ကြသည်။ အဆိုပါ သားရဲများသည် ၎င်းတို့ မွေးဖွားလာသည့် ရင်သွေးများ ကျင့်ကြံမှု ခရီးလမ်းတွင် ပေါက်မြောက်မှု ရှိစေရန်အတွက် ယခုကဲ့သို့ သူတို့၏ အမွေအနှစ်သွေးကြောများအား ထည့်သွင်းပေးတတ်ကြသည်။

ထိုသွေးကြောသည် မွေးဖွားပြီးပြီးချင်း နိုးထလာကြခြင်း မဟုတ်ဘဲ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရ၍ဖြစ်စေ အခြားမတော်တဆမှုကြောင့်ဖြစ်စေ ကြုံတွေ့ရသည့် အခါမှသာ နိုးထလာတတ်ကြသည်။ ထိုအခါ သွေးကြောပိုင်ရှင်သည် စွမ်းအားများ တိုးပွားလာ၍ သေဘေးမှ လွတ်မြောက်နိုင်မည် ဖြစ်သည်။

တစ်နည်းအားဖြင့် မမျှော်လင့်သော အန္တရာယ်နှင့် ရင်ဆိုင်ရပါက လွတ်မြောက်စေရန်အတွက် ထည့်သွင်းပေးထားခြင်းပင် ဖြစ်သည်။

ထိုအစွမ်းထက်လှသည့် သားရဲအများစုသည် တစ်ကိုယ်တည်းသာ နေတတ်ကြပြီး အစုအဖွဲ့နှင့် တွေ့ရသည်မှာ ရှားလှသည်။ အချို့ဆိုလျှင် မွေးဖွားစဉ်မှစ၍ နှစ်ပေါင်းထောင်ချီကြာသည်အထိ တစ်ကောင်တည်းသာ ဖြတ်သန်းတတ်ကြသည်။

အမွေအနှစ် သွေးကြောပိုင်ဆိုင်ထားသူများသည် သေဘေးမှ လွတ်မြောက်ရန် အခွင့်အရေး ပိုသာကြသည်။

ရဲရှောင် မျက်မှောင်ကြုတ်လျက် -

“လောကကြီးမှာ မဖြစ်နိုင်ဘူး ဆိုတာတော့ ဘာမှမရှိဘူး။ ခင်ဗျားထင်သလိုလည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ တကယ်တော့ လူသားတွေမှာလည်း ဒီလိုအမွေအနှစ်သွေးကြောကို ပေးလို့ရတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို သွေးကြောကို ပိုင်ဆိုင်ထားတဲ့လူက ကမ္ဘာလောကကြီး တစ်ခုလုံးကိုတောင် ကိုင်လှုပ်နိုင်စွမ်း ရှိမှာတော့ အသေအချာပဲ . . .”

“ကျင့်ကြံမှု နည်းစနစ်တွေ၊ အတွေ့အကြုံတွေကို မွေးလာမယ့် ကလေးတွေရဲ့ သွေးထဲ အမွေအနှစ် အဖြစ် ပေးလိုက်နိုင်တဲ့ လူက တကယ့်ကို အစွမ်းထက်ဆုံး လူပဲ ဖြစ်လိမ့်မယ် . . .”

ရဲရှောင်သည် ပြုံးလိုက်ပြန်ရင်း -

“ကျုပ်ပြောတဲ့ အစွမ်းထက်ဆုံးဆိုတာ ချင်းယန်နယ်ပယ်လာက်ကို ပြောတာ မဟုတ်ဘူးနော်။ အဲ့ဒီထက်ပိုတဲ့ အဆင့်မြင့် နယ်ပယ်ကြီးတွေကို ပြောတာ . . .”

ပိုင်ရှင်းယွဲ့၏ မျက်နှာတစ်ခုလုံးတစ်ခုလုံးသည် သွေးမရှိတော့သည့်အလား ဖြူဖတ်ဖြူရော်ပင် ဖြစ်နေလေသည်။ နားမလည်နိုင်သော မျက်ဝန်းများဖြင့် ရဲရှောင်အား ကြည့်လိုက်ရင်း တုန်ယင်သော အသံဖြင့် -

“အဲဒီလူက အရမ်းကို အစွမ်းထက်ပြီး သူ့ကလေးတွေကို ဂရုစိုက်ချင်တယ်ဆိုရင် ဘာလို့ စွန့်ပစ်ခဲ့တာလဲ . . ."

ရဲရှောင် သက်ပြင်းချလိုက်ရင်း -

“လောကကြီးမှာ မယုံနိုင်စရာကောင်းတဲ့ အဖြစ်အပျက်တွေ အများကြီးရှိတယ်။ တချို့ အဖြစ်အပျက်တွေက စိတ်ကူးနိုင်တာထက်ကို ပိုပြီး ဆန်းကြယ်တယ်။ ဘယ်သူမှ အရာရာကို သိနိုင်စွမ်း မရှိဘူး။ ကမ္ဘာကြီးမှာ ကျုပ်တို့ဥာဏ်နဲ့ လိုက်မမီနိုင်တဲ့ ထူးဆန်းမှုတွေဆိုတာ အပြည့်ပဲ။ အဲဒါကြောင့် ကျုပ်တို့အနေနဲ့ ဘယ်အရာကိုမှ တရားသေ မှတ်လို့ မရဘူး . . .”

ပိုင်ရှင်းယွဲ့၏ မျက်နှာတွင် တွေဝေသွားသည့် အရိပ်အယောင်များ ယှက်သန်းသွားကာ ပါးပြင်ထက်မှ မျက်ရည်များ စီးကျလာခဲ့သည်။

ရဲရှောင်လည်း သက်ပြင်းချလိုက်ရင်း -

“ခင်ဗျားမှာ မိဘတွေ ရှိလား . . .”

ပိုင်ရှင်းယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ ရဲရှောင် မေးလိုက်သည့် စကားကြောင့် ငိုချင်ရက် လက်တို့ပင် ဖြစ်သွားကာ မျက်ရည်များ ပိုမို စီးကျလာပြန်သည်။

ပိုင်ရှင်းယွဲ့အား ကြည့်ရင်း ရဲရှောင် နှုတ်ဆိတ်သွားမိသည်။ သူ့အနေဖြင့် ထိုခံစားချက်အား ကောင်းကောင်းကြီး သိနေသဖြင့် ကိုယ်ချင်းစာမိသွားသည်။

ပိုင်ရှင်းယွဲ့တွင် အမွေအနှစ်သွေးကြော ရှိနေသည့်အတွက် လက်ရှိမိဘများသည် သူမ၏ မိဘအရင်းများ မဖြစ်နိုင်တော့ချေ။ ထိုသို့ဆိုလျှင် သူမ၏ မိဘအစစ်သည် မည်သူများ ဖြစ်နိုင်မည်နည်း။

ပိုင်ရှင်းယွဲ့သည် မည်သည့်နေရာမှ လာ၍ မည်သို့ ဆက်လုပ်သင့်သနည်း။

“အဲ့ဒါဆို ခင်ဗျားမိဘတွေ အခု ရှိကြသေးလား . . .”

ရဲရှောင် ပိုင်ရှင်းယွဲ့အား ကြည့်ရင်း မေးလိုက်သည်။

အကယ်၍ သက်ရှိထင်ရှား ရှိနေဦးမည်ဆိုပါက ၎င်းတို့ထံမှတဆင့် သဲလွန်စ တစ်ခုခု ရရှိနိုင်ပေလိမ့် မည်။

“သူတို့တွေ တိမ်းပါးသွားခဲ့ကြတာ ကြာပါပြီ . . .”

ပိုင်ရှင်းယွဲ့သည် ညိုးငယ်သော မျက်နှာဖြင့် ပြောလိုက်သည်။

ရဲရှောင် သက်ပြင်းချလိုက်ရင်း -

“ဒါဆိုရင်တော့ အမှန်တရားကို ကိုယ့်အားကိုယ်ကိုးပြီးပဲ ရှာကြရတော့မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အမှားထက် အမှန်ကို သိရတာ ကောင်းပါတယ်လေ . . .”

ပိုင်ရှင်းယွဲ့သည် ဖျော့တော့သော အသံဖြင့် -

“ဒါပေမယ့် . . . ကျွန်မ ကြောက်နေမိတယ် . . .”

အမှန်တရားအား ရှာဖွေနိုင်ရန်အတွက် သူမ၏ အမွေအနှစ်သွေးကြောအား အပြည့်အဝ နိုးထစေရန်အတွက် လှုံ့ဆော်ပေးရန် လိုအပ်ပေသည်။ ထိုအခါ သူမ၏ သွေးကြောမှ အမွေအနှစ် မှတ်ဉာဏ်များ နိုးထလာပြီး ထိုမှတ်ဉာဏ်များမှတစ်ဆင့် အမှန်တရားအား သိရှိသွားပေလိမ့်မည်။ သို့သော် ပိုင်ရှင်းယွဲ့သည် ထိုကဲ့သို့ ပြုလုပ်ရန်အတွက် မဝံ့မရဲ ဖြစ်နေမိသည်။

အမွေအနှစ်မှတ်ဉာဏ်များအား လက်ခံလိုက်မည်ဆိုပါက သူ၏ သရုပ်မှန်များ ပေါ်လာမည် ဖြစ်ပြီး ယခင်ပိုင်ရှင်းယွဲ့ မဖြစ်နိုင်တော့ချေ။

ယခုအချိန်ထိ သူ ဖြတ်သန်းလာခဲ့ရသမျှသည် အိပ်မက်တစ်ခုပမာ ဖြစ်သွားပေလိမ့်မည်။

သူ့အတွက်မူ အမှန်တရားအား လက်ခံရန် အဆင်သင့် မဖြစ်သေးပေ။

ရဲရှောင်သည် ပိုင်ရှင်းယွဲ့အား ကြည့်ရင်း စိတ်မကောင်းသည့်ဟန်ဖြင့် -

“ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။ ခင်ဗျားအကြောင်းကိုတော့ ကျုပ် လျှို့ဝှက်ပေးထားပါ့မယ်။ တခြား ဘယ်သူမှ မသိစေရဘူးလို့ ကတိပေးပါတယ် . . .”

ပိုင်ရှင်းယွဲ့သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ကာ -

“အခုလောလောဆယ်တော့ ကျွန်မ ဆုံးဖြတ်ချက် မချနိုင်သေးဘူး။ ကျွန်မ . . . အချိန်တစ်ခုထိတော့ စောင့်ချင်သေးတယ် . . .”

“အဖြစ်အပျက်တွေက ပြောင်းလဲတာ သိပ်မြန်ဆန်လွန်းတယ်။ ဒါပေမယ့် လောလောဆယ်တော့ ကျွန်မရဲ့ အမွေအနှစ် သွေးကြောကို ယာယီ ထိန်းထားလိုက်ပါဦးမယ်။ ရှင့်တာဝန်အတိုင်း ကျွန်မကို ဒုက္ခပေးနေတဲ့ စွမ်းအင်တွေကိုသာ ဆက်ပြီး စုပ်ယူပေးပါ။ ရှင့်ကို ကျွန်မရဲ့ အမွေအနှစ် သွေးကြောက စွမ်းအင်တွေ တန်ပြန်သက်ရောက်မှု မရှိအောင် ကျွန်မ ထိန်းထားပေးမယ်။ ဒါပေမယ့် အကြာကြီးတော့ မရနိုင်ဘူး။ အထက်အောက် စီးဆင်းမှု အကြိမ် ၃၀၀ လောက်ပဲ ထိန်းထားနိုင်လိမ့်မယ်။ အဲဒါကြောင့် အကြိမ် ၃၀၀ ပြီးရင် ကျွန်မကို ခဏနားပြီး ပြန်အားပြည့်အောင် လုပ်ခွင့်ပေး။ အဲ့ဒီလိုမဟုတ်ဘဲ အတင်းလုပ်မိရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်လိမ့်မယ် . . .”

ရဲရှောင်မှ တည်ငြိမ်စွာဖြင့် -

“ခင်ဗျားပြောတာ လက်တွေ့ကျပါတယ်။ ဒါပေမယ့် ကျုပ် တစ်ခုပြောဦးမယ်။ ခင်ဗျားရဲ့ အမွေအနှစ် သွေးကြောရဲ့ စွမ်းအားကို ကျုပ် ခံစားမိလိုက်တယ်။ တော်တော်ကို သန့်စင်ပြီး ပြင်းလွန်းတဲ့ စွမ်းအင်ပဲ။ ကြည့်ရသလောက်တော့ အမွေအနှစ်ပေးခဲ့သူက တော်တော်ကို အစွမ်းထက်လိမ့်မယ် ထင်တယ်။ အဲ့ဒီသွေးကြောသာ နိုးထသွားရင်း ခင်ဗျား ချင်းယန်နယ်ပယ်မှာ အစွမ်းထက်ဆုံး လူတစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်။ ဒီလိုပိုင်ဆိုင်ဖို့ဆိုတာ လူတိုင်း အိပ်မက်တောင် မမက်နိုင်ကြဘူးဗျ . . .”

“ကျွန်မသိပါတယ်။ ဒါပေမယ့် ဒီအမွေအနှစ်ကို နိုးထစေလိုက်ရင် လက်ရှိဘဝက ကျွန်မမိဘတွေ အပေါ်မှာ ကျေးဇူးမသိတတ်ရာများ ဖြစ်သွားမလား စိုးရိမ်နေမိတယ်။ သူတို့က ကျွန်မကို ကောင်းကောင်း ပြုစုပျိုးထောင်ပေးခဲ့တယ်။ ဒါတောင်မှ ကျွန်မက သူတို့ရဲ့ သမီးအရင်း မဟုတ်ဘူးနော်။ ကျွန်မသာ သရုပ်အမှန်ကို လက်ခံလိုက်မယ်ဆိုရင် သူတို့အတွက် ရက်စက်သလို ဖြစ်သွားလိမ့်မယ် . . .”

ပိုင်ရှင်းယွဲ့သည် ပြုံးရင်း ပြောလိုက်ပါတော့သည်။

မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား

Chapter – 251

“ပေဟဠိဆန္ေသာ ပုစၧာ”

ပိုင္႐ွင္းယြဲ႕သည္ လိမၼာပါးနပ္သည့္ လူတစ္ေယာက္ ပီပီ ဖန္ဇီလင္၏ စိတ္ထဲတြင္ မည္ကဲ့သို႔ ေတြးေနသည္ကို ရိပ္စားမိလိုက္သည္။ သူကိုယ္တိုင္သည္လည္း မည္သည့္စြမ္းအင္ျဖစ္မွန္း မသိေခ်။ ထုိ႕ေၾကာင့္ တုန္ယင္ေနေသာ အသံျဖင့္ -

“ကြၽန္ . . . ကြၽန္မလည္း မသိဘူး . . .”

ပိုင္႐ွင္းယြဲ႕၏ ခႏၶာကိုယ္သည္ အနည္းငယ္ ေယာင္ကိုင္းေနသကဲ့သို႔ ျဖစ္ေနသည္။ မတ္တပ္ရပ္ေနရင္းျဖင့္ ႀကိဳးပ်က္သြားသည့္ ေလတံခြန္အလား ရဲေ႐ွာင္၏ ရင္ခြင္ထဲသို႔ ပုံရက္သား လဲက်သြားျပန္သည္။ သူမ၏ မ်က္ဝန္းမ်ားထဲတြင္ ေၾကာက္႐ြံ႕မႈမ်ားသည္ ေနရာအျပည့္ယူထားေလသည္။

ပိုင္႐ွင္းယြဲ႕ကိုယ္တိုင္ပင္ သူ၏ ခႏၶာကိုယ္ထဲတြင္ ႐ွိေနေသာ ထူးဆန္းသည့္ စြမ္းအင္တစ္မ်ိဳးအား ထိတ္လန္႔ေနမိသည္။

“ခင္ဗ်ား ဘယ္လိုခံစားေနရလဲဆိုတာ အတိအက် ေျပာစမ္းပါ . . .”

ရဲေ႐ွာင္သည္ ပိုင္႐ွင္းယြဲ႕အား ေဖးမထားရင္း ေမးလိုက္သည္။

ပိုင္႐ွင္းယြဲ႕သည္ အေၾကာေသေနသူ တစ္ဦးကဲ့သို႔ပင္ ရဲေ႐ွာင္အား မွီထားရသည္။ ရဲေ႐ွာင္သည္လည္း သူမအား ဖက္ထားရသျဖင့္ ခ်စ္သူႏွစ္ဦး အျပန္အလွန္ ေပြ႕ဖက္ေနၾကသည္ႏွင့္ပင္ တူေနပါေသးသည္။

ပေဟဠိသဖြယ္ ထူးဆန္းေသာ စြမ္းအင္ဆီသို႔သာ စိတ္ေရာက္ေနၾကသည့္အတြက္ ႏွစ္ဦးစလုံး၏ အမူအယာမ်ား မည္သို႔မည္ပုံ ျဖစ္ပ်က္ေနၾကသည္ကို သတိမထားမိၾကေခ်။

“ထူးဆန္းတဲ့ စြမ္းအင္တစ္မ်ိဳး ဘယ္ကေန ဘယ္လို
ထြက္လာမွန္း မသိဘူး။ ႐ွင္ႏိႈးဆြေပးလိုက္တဲ့ အခ်ိန္မွာပဲ ကြၽန္မ အဲဒီစြမ္းအင္ကို ခံစားမိလိုက္တာ . . .”

ပိုင္႐ွင္းယြဲ႕၏ မ်က္လုံးမ်ားထဲတြင္ ေၾကာက္႐ြံ႕ထိတ္လန္႔ေနသည့္ အရိပ္အေယာင္မ်ား အထင္းသား ျမင္ေတြ႕ေနရသည္။

“ကြၽန္မကို တစ္စုံတစ္ခုက လႈံ႕ေဆာ္လိုက္သလိုပဲ။ ႐ွင္ နားလည္ေအာင္ ကြၽန္မ ႐ွင္းျပဖို႔က ခက္ေနတယ္။ ႐ွင္ရပ္လိုက္တာနဲ႔ အဲဒီစြမ္းအင္လည္း ေပ်ာက္သြားတာပဲ . . .”

ရဲေ႐ွာင္သည္ ပိုင္႐ွင္းယြဲ႕အား ခဏတာမွ် စိုက္ၾကည့္လိုက္ကာ -

“ဒါဆို က်ဳပ္က အဲဒီစြမ္းအင္ေပၚေအာင္ လုပ္လိုက္မိတာေပါ့ . . .”

ပိုင္႐ွင္းယြဲ႕၏ ခႏၶာကိုယ္ထဲမွ ထူးဆန္းေသာ စြမ္းအင္တစ္မ်ိဳး ႏိုးႂကြလာေသာေၾကာင့္ ရဲေ႐ွာင္ကိုယ္တိုင္ပင္ အထိတ္တလန္႔ ျဖစ္သြားခဲ့ရသည္။

သူ႕အတြက္မူ ထူးျခားေသာ အျဖစ္အပ်က္ တစ္ခုပင္ ျဖစ္သည္။

ပိုင္႐ွင္းယြဲ႕သည္ ရဲေ႐ွာင္အား ၾကည့္လိုက္ရင္း -

“ဒါ ကြၽန္မကိုယ္ထဲက စြမ္းအင္ဆိုတာ တကယ္ပဲလား . . .”

“ဟုတ္တယ္ . . . ခင္ဗ်ားရဲ႕ ေသြးေၾကာထဲကပဲ . . .”

ရဲေ႐ွာင္ ေခါင္းညိတ္၍ ျပန္ေျဖလိုက္သည္။

ထို႔ေနာက္ သက္ျပင္းခ်လိုက္ရင္း ေလးနက္ေသာ ေလသံျဖင့္ -

“ဒါ . . . အေမြအႏွစ္ေသြးေၾကာတစ္ခု ျဖစ္မယ္ . . .”

ပိုင္႐ွင္းယြဲ႕သည္ ပါးစပ္အေဟာင္းသား ျဖစ္သြားေလာက္ေအာင္အထိ အံ့ဩသြားကာ -

“ဒါ . . . ဒါဆို ကြၽန္မက . . . လူသားစစ္စစ္ မဟုတ္ဘူးေပါ့ . . .”

ထူးျခားသည့္ အေမြအႏွစ္ ေသြးေၾကာမ်ား ပိုင္ဆိုင္ထားၾကေသာ ထိပ္တန္းအဆင့္ ပညာ႐ွင္မ်ားသည္ မ်ားေသာအားျဖင့္ အလြန္အစြမ္းထက္လွသည့္ ဝိညာဥ္ေတာ္ သားရဲမ်ားသာ ျဖစ္ၾကသည္။ အဆိုပါ သားရဲမ်ားသည္ ၎တို႔ ေမြးဖြားလာသည့္ ရင္ေသြးမ်ား က်င့္ၾကံမႈ ခရီးလမ္းတြင္ ေပါက္ေျမာက္မႈ ႐ွိေစရန္အတြက္ ယခုကဲ့သို႔ သူတို႔၏ အေမြအႏွစ္ေသြးေၾကာမ်ားအား ထည့္သြင္းေပးတတ္ၾကသည္။

ထိုေသြးေၾကာသည္ ေမြးဖြားၿပီးၿပီးခ်င္း ႏိုးထလာၾကျခင္း မဟုတ္ဘဲ အသက္အႏၲရာယ္ႏွင့္ ရင္ဆိုင္ရ၍ျဖစ္ေစ အျခားမေတာ္တဆမႈေၾကာင့္ျဖစ္ေစ ၾကဳံေတြ႕ရသည့္ အခါမွသာ ႏိုးထလာတတ္ၾကသည္။ ထိုအခါ ေသြးေၾကာပိုင္႐ွင္သည္ စြမ္းအားမ်ား တိုးပြားလာ၍ ေသေဘးမွ လြတ္ေျမာက္ႏိုင္မည္ ျဖစ္သည္။

တစ္နည္းအားျဖင့္ မေမွ်ာ္လင့္ေသာ အႏၲရာယ္ႏွင့္ ရင္ဆိုင္ရပါက လြတ္ေျမာက္ေစရန္အတြက္ ထည့္သြင္းေပးထားျခင္းပင္ ျဖစ္သည္။

ထိုအစြမ္းထက္လွသည့္ သားရဲအမ်ားစုသည္ တစ္ကိုယ္တည္းသာ ေနတတ္ၾကၿပီး အစုအဖြဲ႕ႏွင့္ ေတြ႕ရသည္မွာ ႐ွားလွသည္။ အခ်ိဳ႕ဆိုလွ်င္ ေမြးဖြားစဥ္မွစ၍ ႏွစ္ေပါင္းေထာင္ခ်ီၾကာသည္အထိ တစ္ေကာင္တည္းသာ ျဖတ္သန္းတတ္ၾကသည္။

အေမြအႏွစ္ ေသြးေၾကာပိုင္ဆိုင္ထားသူမ်ားသည္ ေသေဘးမွ လြတ္ေျမာက္ရန္ အခြင့္အေရး ပိုသာၾကသည္။

ရဲေ႐ွာင္ မ်က္ေမွာင္ၾကဳတ္လ်က္ -

“ေလာကႀကီးမွာ မျဖစ္ႏိုင္ဘူး ဆိုတာေတာ့ ဘာမွမ႐ွိဘူး။ ခင္ဗ်ားထင္သလိုလည္း ဟုတ္ခ်င္မွ ဟုတ္မွာပါ။ တကယ္ေတာ့ လူသားေတြမွာလည္း ဒီလိုအေမြအႏွစ္ေသြးေၾကာကို ေပးလို႔ရတာပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီလို ေသြးေၾကာကို ပိုင္ဆိုင္ထားတဲ့လူက ကမ႓ာေလာကႀကီး တစ္ခုလုံးကိုေတာင္ ကိုင္လႈပ္ႏိုင္စြမ္း ႐ွိမွာေတာ့ အေသအခ်ာပဲ . . .”

“က်င့္ၾကံမႈ နည္းစနစ္ေတြ၊ အေတြ႕အၾကဳံေတြကို ေမြးလာမယ့္ ကေလးေတြရဲ႕ ေသြးထဲ အေမြအႏွစ္ အျဖစ္ ေပးလိုက္ႏိုင္တဲ့ လူက တကယ့္ကို အစြမ္းထက္ဆုံး လူပဲ ျဖစ္လိမ့္မယ္ . . .”

ရဲေ႐ွာင္သည္ ျပဳံးလိုက္ျပန္ရင္း -

“က်ဳပ္ေျပာတဲ့ အစြမ္းထက္ဆုံးဆိုတာ ခ်င္းယန္နယ္ပယ္လာက္ကို ေျပာတာ မဟုတ္ဘူးေနာ္။ အဲ့ဒီထက္ပိုတဲ့ အဆင့္ျမင့္ နယ္ပယ္ႀကီးေတြကို ေျပာတာ . . .”

ပိုင္႐ွင္းယြဲ႕၏ မ်က္ႏွာတစ္ခုလုံးတစ္ခုလုံးသည္ ေသြးမ႐ွိေတာ့သည့္အလား ျဖဴဖတ္ျဖဴေရာ္ပင္ ျဖစ္ေနေလသည္။ နားမလည္ႏိုင္ေသာ မ်က္ဝန္းမ်ားျဖင့္ ရဲေ႐ွာင္အား ၾကည့္လိုက္ရင္း တုန္ယင္ေသာ အသံျဖင့္ -

“အဲဒီလူက အရမ္းကို အစြမ္းထက္ၿပီး သူ႕ကေလးေတြကို ဂ႐ုစိုက္ခ်င္တယ္ဆိုရင္ ဘာလို႔ စြန္႔ပစ္ခဲ့တာလဲ . . ."

ရဲေ႐ွာင္ သက္ျပင္းခ်လိုက္ရင္း -

“ေလာကႀကီးမွာ မယုံႏိုင္စရာေကာင္းတဲ့ အျဖစ္အပ်က္ေတြ အမ်ားႀကီး႐ွိတယ္။ တခ်ိဳ႕ အျဖစ္အပ်က္ေတြက စိတ္ကူးႏိုင္တာထက္ကို ပိုၿပီး ဆန္းၾကယ္တယ္။ ဘယ္သူမွ အရာရာကို သိႏိုင္စြမ္း မ႐ွိဘူး။ ကမ႓ာႀကီးမွာ က်ဳပ္တို႔ဥာဏ္နဲ႔ လိုက္မမီႏိုင္တဲ့ ထူးဆန္းမႈေတြဆိုတာ အျပည့္ပဲ။ အဲဒါေၾကာင့္ က်ဳပ္တို႔အေနနဲ႔ ဘယ္အရာကိုမွ တရားေသ မွတ္လို႔ မရဘူး . . .”

ပိုင္႐ွင္းယြဲ႕၏ မ်က္ႏွာတြင္ ေတြေဝသြားသည့္ အရိပ္အေယာင္မ်ား ယွက္သန္းသြားကာ ပါးျပင္ထက္မွ မ်က္ရည္မ်ား စီးက်လာခဲ့သည္။

ရဲေ႐ွာင္လည္း သက္ျပင္းခ်လိုက္ရင္း -

“ခင္ဗ်ားမွာ မိဘေတြ ႐ွိလား . . .”

ပိုင္႐ွင္းယြဲ႕ ေခါင္းညိတ္ျပလိုက္သည္။ ရဲေ႐ွာင္ ေမးလိုက္သည့္ စကားေၾကာင့္ ငိုခ်င္ရက္ လက္တို႔ပင္ ျဖစ္သြားကာ မ်က္ရည္မ်ား ပိုမို စီးက်လာျပန္သည္။

ပိုင္႐ွင္းယြဲ႕အား ၾကည့္ရင္း ရဲေ႐ွာင္ ႏႈတ္ဆိတ္သြားမိသည္။ သူ႕အေနျဖင့္ ထိုခံစားခ်က္အား ေကာင္းေကာင္းႀကီး သိေနသျဖင့္ ကိုယ္ခ်င္းစာမိသြားသည္။

ပိုင္႐ွင္းယြဲ႕တြင္ အေမြအႏွစ္ေသြးေၾကာ ႐ွိေနသည့္အတြက္ လက္႐ွိမိဘမ်ားသည္ သူမ၏ မိဘအရင္းမ်ား မျဖစ္ႏိုင္ေတာ့ေခ်။ ထိုသို႔ဆိုလွ်င္ သူမ၏ မိဘအစစ္သည္ မည္သူမ်ား ျဖစ္ႏိုင္မည္နည္း။

ပိုင္႐ွင္းယြဲ႕သည္ မည္သည့္ေနရာမွ လာ၍ မည္သို႔ ဆက္လုပ္သင့္သနည္း။

“အဲ့ဒါဆို ခင္ဗ်ားမိဘေတြ အခု ႐ွိၾကေသးလား . . .”

ရဲေ႐ွာင္ ပိုင္႐ွင္းယြဲ႕အား ၾကည့္ရင္း ေမးလိုက္သည္။

အကယ္၍ သက္႐ွိထင္႐ွား ႐ွိေနဦးမည္ဆိုပါက ၎တို႔ထံမွတဆင့္ သဲလြန္စ တစ္ခုခု ရ႐ွိႏိုင္ေပလိမ့္ မည္။

“သူတို႔ေတြ တိမ္းပါးသြားခဲ့ၾကတာ ၾကာပါၿပီ . . .”

ပိုင္႐ွင္းယြဲ႕သည္ ညိဳးငယ္ေသာ မ်က္ႏွာျဖင့္ ေျပာလိုက္သည္။

ရဲေ႐ွာင္ သက္ျပင္းခ်လိုက္ရင္း -

“ဒါဆိုရင္ေတာ့ အမွန္တရားကို ကိုယ့္အားကိုယ္ကိုးၿပီးပဲ ႐ွာၾကရေတာ့မွာေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ အမွားထက္ အမွန္ကို သိရတာ ေကာင္းပါတယ္ေလ . . .”

ပိုင္႐ွင္းယြဲ႕သည္ ေဖ်ာ့ေတာ့ေသာ အသံျဖင့္ -

“ဒါေပမယ့္ . . . ကြၽန္မ ေၾကာက္ေနမိတယ္ . . .”

အမွန္တရားအား ႐ွာေဖြႏိုင္ရန္အတြက္ သူမ၏ အေမြအႏွစ္ေသြးေၾကာအား အျပည့္အဝ ႏိုးထေစရန္အတြက္ လႈံ႕ေဆာ္ေပးရန္ လိုအပ္ေပသည္။ ထိုအခါ သူမ၏ ေသြးေၾကာမွ အေမြအႏွစ္ မွတ္ဉာဏ္မ်ား ႏိုးထလာၿပီး ထိုမွတ္ဉာဏ္မ်ားမွတစ္ဆင့္ အမွန္တရားအား သိ႐ွိသြားေပလိမ့္မည္။ သို႔ေသာ္ ပိုင္႐ွင္းယြဲ႕သည္ ထိုကဲ့သို႔ ျပဳလုပ္ရန္အတြက္ မဝံ့မရဲ ျဖစ္ေနမိသည္။

အေမြအႏွစ္မွတ္ဉာဏ္မ်ားအား လက္ခံလိုက္မည္ဆိုပါက သူ၏ သ႐ုပ္မွန္မ်ား ေပၚလာမည္ ျဖစ္ၿပီး ယခင္ပိုင္႐ွင္းယြဲ႕ မျဖစ္ႏိုင္ေတာ့ေခ်။

ယခုအခ်ိန္ထိ သူ ျဖတ္သန္းလာခဲ့ရသမွ်သည္ အိပ္မက္တစ္ခုပမာ ျဖစ္သြားေပလိမ့္မည္။

သူ႕အတြက္မူ အမွန္တရားအား လက္ခံရန္ အဆင္သင့္ မျဖစ္ေသးေပ။

ရဲေ႐ွာင္သည္ ပိုင္႐ွင္းယြဲ႕အား ၾကည့္ရင္း စိတ္မေကာင္းသည့္ဟန္ျဖင့္ -

“က်ဳပ္တို႔ ဘာဆက္လုပ္ၾကမလဲ။ ခင္ဗ်ားအေၾကာင္းကိုေတာ့ က်ဳပ္ လွ်ိဳ႕ဝွက္ေပးထားပါ့မယ္။ တျခား ဘယ္သူမွ မသိေစရဘူးလို႔ ကတိေပးပါတယ္ . . .”

ပိုင္႐ွင္းယြဲ႕သည္ အသက္ျပင္းျပင္းတစ္ခ်က္ ႐ွဴသြင္းလိုက္ကာ -

“အခုေလာေလာဆယ္ေတာ့ ကြၽန္မ ဆုံးျဖတ္ခ်က္ မခ်ႏိုင္ေသးဘူး။ ကြၽန္မ . . . အခ်ိန္တစ္ခုထိေတာ့ ေစာင့္ခ်င္ေသးတယ္ . . .”

“အျဖစ္အပ်က္ေတြက ေျပာင္းလဲတာ သိပ္ျမန္ဆန္လြန္းတယ္။ ဒါေပမယ့္ ေလာေလာဆယ္ေတာ့ ကြၽန္မရဲ႕ အေမြအႏွစ္ ေသြးေၾကာကို ယာယီ ထိန္းထားလိုက္ပါဦးမယ္။ ႐ွင့္တာဝန္အတိုင္း ကြၽန္မကို ဒုကၡေပးေနတဲ့ စြမ္းအင္ေတြကိုသာ ဆက္ၿပီး စုပ္ယူေပးပါ။ ႐ွင့္ကို ကြၽန္မရဲ႕ အေမြအႏွစ္ ေသြးေၾကာက စြမ္းအင္ေတြ တန္ျပန္သက္ေရာက္မႈ မ႐ွိေအာင္ ကြၽန္မ ထိန္းထားေပးမယ္။ ဒါေပမယ့္ အၾကာႀကီးေတာ့ မရႏိုင္ဘူး။ အထက္ေအာက္ စီးဆင္းမႈ အႀကိမ္ ၃၀၀ ေလာက္ပဲ ထိန္းထားႏိုင္လိမ့္မယ္။ အဲဒါေၾကာင့္ အႀကိမ္ ၃၀၀ ၿပီးရင္ ကြၽန္မကို ခဏနားၿပီး ျပန္အားျပည့္ေအာင္ လုပ္ခြင့္ေပး။ အဲ့ဒီလိုမဟုတ္ဘဲ အတင္းလုပ္မိရင္ မလိုလားအပ္တဲ့ ျပႆနာေတြ ျဖစ္လာႏိုင္လိမ့္မယ္ . . .”

ရဲေ႐ွာင္မွ တည္ၿငိမ္စြာျဖင့္ -

“ခင္ဗ်ားေျပာတာ လက္ေတြ႕က်ပါတယ္။ ဒါေပမယ့္ က်ဳပ္ တစ္ခုေျပာဦးမယ္။ ခင္ဗ်ားရဲ႕ အေမြအႏွစ္ ေသြးေၾကာရဲ႕ စြမ္းအားကို က်ဳပ္ ခံစားမိလိုက္တယ္။ ေတာ္ေတာ္ကို သန္႔စင္ၿပီး ျပင္းလြန္းတဲ့ စြမ္းအင္ပဲ။ ၾကည့္ရသေလာက္ေတာ့ အေမြအႏွစ္ေပးခဲ့သူက ေတာ္ေတာ္ကို အစြမ္းထက္လိမ့္မယ္ ထင္တယ္။ အဲ့ဒီေသြးေၾကာသာ ႏိုးထသြားရင္း ခင္ဗ်ား ခ်င္းယန္နယ္ပယ္မွာ အစြမ္းထက္ဆုံး လူတစ္ေယာက္ ျဖစ္လာႏိုင္လိမ့္မယ္။ ဒီလိုပိုင္ဆိုင္ဖို႔ဆိုတာ လူတိုင္း အိပ္မက္ေတာင္ မမက္ႏိုင္ၾကဘူးဗ် . . .”

“ကြၽန္မသိပါတယ္။ ဒါေပမယ့္ ဒီအေမြအႏွစ္ကို ႏိုးထေစလိုက္ရင္ လက္႐ွိဘဝက ကြၽန္မမိဘေတြ အေပၚမွာ ေက်းဇူးမသိတတ္ရာမ်ား ျဖစ္သြားမလား စိုးရိမ္ေနမိတယ္။ သူတို႔က ကြၽန္မကို ေကာင္းေကာင္း ျပဳစုပ်ိဳးေထာင္ေပးခဲ့တယ္။ ဒါေတာင္မွ ကြၽန္မက သူတို႔ရဲ႕ သမီးအရင္း မဟုတ္ဘူးေနာ္။ ကြၽန္မသာ သ႐ုပ္အမွန္ကို လက္ခံလိုက္မယ္ဆိုရင္ သူတို႔အတြက္ ရက္စက္သလို ျဖစ္သြားလိမ့္မယ္ . . .”

ပိုင္႐ွင္းယြဲ႕သည္ ျပဳံးရင္း ေျပာလိုက္ပါေတာ့သည္။

Continue Reading

You'll Also Like

209K 14K 55
Jeon Jungkook x Kim Taehyung
27.2K 1.5K 148
Description ကိုအထဲမှာ ထည့်ပေးထားပါတယ်ရှင့်။ဒီမှာရေးလိုက်တာနဲ့ တင်လို့မရလို့ပါရှင့်
49.7K 4.6K 25
[ host လုပ်ရမှာက တာဝန်ထမ်းဆောင်တဲ့ ကမ္ဘာက ဇာတ်လိုက်မ ကံကြမ္မာကို ခိုးယူပြီး host က ဇာတ်လိုက်မဖြစ်ဖို့ပဲ.. ] ' ဒါကြီးက ခက်နေသလားလို့ ' [ ကျနော် ကူညီမှ...
125K 16.7K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...