မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 244
“မယုံနိုင်ဖွယ် အဆင့်တက်ခြင်း”
ဖန်ဇီလင်၏ ခန္ဓာကိုယ်အား လှည့်ပတ်နေသော ချီဓာတ်များသည် တောက်ပသည်ထက် တောက်ပလာကြပြီး အမှုန်လေးများသဖွယ်ပင် ဖြစ်တည်လာကြသည်။ ထို့နောက် ထိုအမှုန်လေးများသည် လျင်မြန်စွာဖြင့်ပင် ပျောက်ကွယ်သွားကြသည်။ ထိုမှတဖန် ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာပြန်သည်။
အလင်းတန်းများသည် တောက်ပလွန်းသဖြင့် မျက်စိဖြင့် သေချာစူးစိုက် ကြည့်ရန်ပင် ခက်ခဲလှသည်။
ခဏအကြာတွင် ပင်လယ်ပြင်ကြီး၏ အရောင်ကဲ့သို့
အပြာရင့်ရင့် အလင်းတန်းများသည် ထပ်မံ၍ ထွက်လာပြန်သည်။
အဆိုပါ အလင်းတန်းများသည် ပတ်ဝန်းကျင် တစ်ခုလုံးအား လွှမ်းခြုံထားလျက် ရှိသည်။
အလင်းတန်းများ ထွက်လာပြီးသည့်နောက်တွင် ရဲရှောင်၏ ပါးစပ်မှ ခရမ်းရောင်နှင့် ရွှေရောင်စပ်ထားသည့် အရောင်အဆင်းရှိသည့် သွေးများ အန်ထွက်လာသည်။
ထိုကဲ့သို့ အန်ထွက်သွားပြီးနောက် ရဲရှောင်တစ်ယောက် ချက်ချင်းပင် သက်သာသွားသည့်ပုံစံ ပေါက်သွားလေသည်။
ဝမ်ရမ်ချူးချူးတို့ ဆရာတပည့် နှစ်ဦးသည် ရဲရှောင်အား အံ့ဩမှင်သက်စွာဖြင့် ငေးကြည့်နေမိကြသည်။
ယခုကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်လာခဲ့ခြင်းအတွက် ပိုင်ရှင်းယွဲ့တို့နှစ်ဦးသည် ကိုယ့်မျက်စိကိုယ်ပင် မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။
တိုက်ရင်းခိုက်ရင်းဖြင့် အဆင့်တက်သွားစေရန် ပြုလုပ်ခြင်းသည် အလွန်ခက်ခဲသော ကိစ္စတစ်ခုပင် ဖြစ်သည်။
ရဲရှောင်သည် ယခုအခါတွင်မူ မြေကြီးအဆင့်နှင့် ကောင်းကင်အဆင့်ကြားတွင် ရှိသော အတားအဆီးအား ကျော်ဖြတ်၍ ကောင်းကင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
အဆင့်တက်ခြင်းသည် ကျင့်ကြံမှု ပြုလုပ်သူတိုင်း၏ အရေးကြီးဆုံး အခိုက်အတန့်ပင် ဖြစ်သည်။
ကောင်းကင်အဆင့်သို့ တက်လှမ်းနိုင်ခြင်းသည် ထိပ်တန်းကျင့်ကြံမှု နယ်ပယ်၏ ခရီးအစသို့ ခြေချမိလိုက်ခြင်းပင် ဖြစ်သည်။
ရဲရှောင်အဖို့ ကောင်းကင်အဆင့်သို့ ရောက်ရှိသွားခဲ့သော်လည်း သူ၏ ကျင့်ကြံမှုခရီးစဉ်သည် ယခုမှပင် အစပြုသည်ဟု ဆိုရပေမည်။ ယခင်ဘဝထက် ပိုမိုသာလွန်သော အခြေအနေရရှိရန် ကျင့်ကြံမည်ဟုလည်း စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။
ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံထားသော အပြာရောင်အလင်းတန်းများသည် တခဏမျှ တောက်ပနေပြီးနောက် ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားသည်။ ရဲရှောင်လည်း သူ၏ ပါးစပ်မှ သွေးများအား သုတ်လိုက်ရင်း ထခုန်မတတ်ပင် ပျော်ရွှင်မြူးတူးလျက် ရှိသည်။ ထို့နောက် သူ့အား အံ့သြတကြီး ရပ်ကြည့်နေကြသည့် ဝမ်ရမ်ချုးချူးတို့၏ အနားသို့ ပြေးသွားကာ -
“ဝမ်ရမ်ချူးချူး . . . ငါ့ကို အဆင့်တက်အောင် ကူညီပေးလို့ ကျေးဇူးတင်ပါတယ် . . .”
ဝမ်ရမ်ချူးချူးသည် ရဲရှောင်အား မျက်လုံးအပြူးသားဖြင့် ကြည့်နေပြီး တုန်ယင်သော အသံဖြင့် -
“ရှင် . . . ရှင်က အဆင့်တက်သွားတယ်ပေါ့ . . .”
ရဲရှောင် သူ၏ သွားများပင် ပေါ်အောင် ပြုံးလိုက်ရင်း -
“ဒါပေါ့။ ငါကောင်းကင်အဆင့် ရောက်သွားပြီဆိုတာကို မင်းမခံစားမိဘူးလား။ လာစမ်းပါ၊ နောက်တစ်ပွဲလောက် တိုက်ကြရအောင် . . .”
ပိုင်ရှင်ယွဲ့သည် ယခုအခါမှသာ စိတ်သက်သာရာ ရသွားပြီး ပြုံးလိုက်မိသည်။
ကျင့်ကြံမှုအရာတွင် အတွေ့အကြုံ ကြွယ်ဝသူတစ်ဦးပီပီ ပိုင်ရှင်းယွဲ့သည် ဖန်ဇီလင်အနေဖြင့် အဘယ်ကြောင့် ယခုကဲ့သို့ ပြုလုပ်လိုက်သည် ဆိုသည်ကို နားလည်သဘောပေါက်လိုက်သည်။ ပိုင်ရှင်းယွဲ့သည် ဖန်ဇီလင်အား အထင်သေးခဲ့မိသည်။ အစပိုင်းတွင် ဝမ်ရမ်ချူးချူးနှင့် တိုက်ခိုက်ခဲ့ခြင်းသည် လေ့ကျင့်မှု ပြုရုံအတွက်သာ ထင်ခဲ့မိသည်။ နောက်ပိုင်းတွင်မူ ရဲရှောင်သည် ဝမ်ရမ်ချုးချုးဘက်မှ အစွမ်းကုန် တိုက်ခိုက်လာစေရန်အတွက် မခံချင်အောင် အောင် ပြောဆိုရင်းဖြင့် အဆုံးသတ်တွင် အဆင့်တက်သွားစေရန် ပြုလုပ်ခဲ့သည်။ ရဲရှောင်သည် အရာရာတိုင်းအား သူ့စိတ်တိုင်းကျ လိုသလို ကြိုးဆွဲသွားခြင်းပင် ဖြစ်သည်။
ရဲရှောင်သည် သူ၏ စွမ်းအင်များအား စွမ်းအင်သိုလှောင်ရာ အတွင်း၌ ဖိနှိပ်သထက် ဖိနှိပ်ထားခဲ့ပြီး ခုခံနေရုံသာ ခုခံခဲ့သည်။ အမှန်တကယ်တွင်မူ ရဲရှောင်ဘက်မှ အခွင့်အရေးရရန် စောင့်ဆိုင်းနေခြင်းပင် ဖြစ်သည်။
အခွင့်အရေး အမိအရ ရသည့်အခါ ထိုစွမ်းအင်များအား ပေါက်ကွဲထွက်စေ၍ အဆင့်တက်ရန် ကြိုးစားခဲ့သည်။
ရဲရှောင်တစ်ယောက် အဆင့်တက်ရန် လုပ်နေမှန်း သိသည့်တိုင် သူ၏ အသက်အား စတေးရလောက်သည်အထိ စွန့်စားဝံ့လောက်မည်မဟုတ်ဟု ပိုင်ရှင်းယွဲ့ ထင်ခဲ့မိသည်။
ရဲရှောင်၏ လုပ်ရပ်သည် လွန်စွာ အန္တရာယ်များသော လုပ်ရပ်ပင် ဖြစ်သည်။
အဖြစ်အပျက် အလုံးစုံအား ခြုံငုံသုံးသပ်လိုက်မိသည့်တိုင် ပိုင်ရှင်းယွဲ့သည် စိတ်လှုပ်ရှားမှုကြောင့် ရင်ခုန်သံ မြန်နေဆဲပင် ဖြစ်သည်။ ထိတ်လန့်စိတ်လည်း မပြေသေးချေ။
တစ်စုံတစ်ခု မှားယွင်းခဲ့မည် ဆိုပါက မတွေးဝံ့စရာပင် မဟုတ်ပါလော။
[ဘယ်လိုများ လုပ်နိုင်ရတာလဲ၊ စွန့်စားလွန်းရာ မကျဘူးလား။ တစ်ခုခုသာ မှားယွင်းသွားရင် သူ့အသက်တင် မဟုတ်ဘူး ဝိညာဉ်တော်ပါ ပျက်ဆီးသွားမယ် ဆိုတာ သူ မသိတာလား။ သူ့လိုလူမျိုးကတော့ စကြဝဠာ တစ်ခုလုံးမှာ တစ်ယောက်ပဲရှိမယ် ထင်တယ် . . .]
[သူ့အတွက် အဆင့်တက်ဖို့ ရာခိုင်နှုန်းက မရှိသလောက်ကို နည်းတယ်။ တစ်ခုခုဖြစ်လို့ ကယ်မယ် ဆိုရင်တောင် ငါကယ်ပေးနိုင်မှာ မဟုတ်ဘူး . . .]
[လောကမှာ တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းသွားတဲ့ ပညာရှင်ကြီးတွေ အများကြီးရှိတယ်။ ငါ့ဘဝတစ်လျှောက်လုံး ဒီလိုမျိုး ကိုယ့်အသက်ကိုယ် စတေးပြီး အဆင့်တက်အောင်လုပ်တာ မြင်ဖူးဖို့ မပြောနဲ့ ကြားတောင် မကြားဖူးဘူး။ ဖန်ဇီလင်က ကိုယ့်အသက်ကို တန်ဖိုးမထားဘဲ ကစားနေသလိုပဲ . . .]
အဆင့်တက်သွားသော ဖန်ဇီလင်အား မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသည့်တိုင် ပိုင်ရှင်းယွဲ့သည် ထိုကဲ့သို့ လုပ်ရဲရသည့် အကြောင်းရင်းအား တွေးလေတွေးလေ နားမလည်နိုင်အောင်ပင် ဖြစ်နေမိသည်။
သူ၏ အမြင်တွင် ဖန်ဇီလင်သည် ပါးနပ်လိမ္မာသောလူ၊ ထူးခြားသော ဆေးပညာရှင်တစ်ယောက်သာ ဖြစ်သည်။ ထိုကဲ့သို့ ရိုးသားအေးဆေးသည့် လူတစ်ယောက်သည် ယခုကဲ့သို့ အသက်စွန့်ဝံ့သည့် ကိစ္စမျိုး မလုပ်နိုင်ဟုသာ မှတ်ယူမိခဲ့သည်။
ပိုင်ရှင်းယွဲ့ တွေးနေစဉ်မှာပင် တိုက်ခိုက်သံများအား ကြားလိုက်ရပြန်သည်။ ဖန်ဇီလင် နှင့် ဝမ်ရမ်ချူးချူးတို့ ထပ်မံ၍ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
ယခုအကြိမ်တွင်မူ ဖန်ဇီလင်သည် စွမ်းအင်များ ပို၍ ပြည့်ဝနေသည့်ပုံပင်။
ဝမ်ရမ်ချူးချူးသည် ကျင့်ကြံမှုအရာတွင် သာလွန်နေသည့်တိုင် ယခုအခါတွင်မူ အရေးနိမ့်လျက် ရှိသည်။ သူမဘက်မှ ရဲရှောင်အား ပြင်းပြင်းထန်ထန်လည်း မတိုက်ခိုက်ရဲတော့ချေ။ ထို့ပြင် လင်းရှောင်ရေခဲတိုက်ကွက်လည်း ထုတ်မသုံးဝံ့တော့သဖြင့် ဝမ်ရမ်ချုးချုးတစ်ယောက် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေဖြင့် ရင်ဆိုင်နေရသည်။
တိုက်ခိုက်နေရင်းဖြင့် ဝမ်ရမ်ချူးချုး၏ စိတ်ထဲတွင် ရှုပ်ထွေးလျက် ရှိသည်။
ပိုင်ရှင်းယွဲ့သည် တပည့်ဖြစ်သူအား ကြည့်ရင်း ခေါင်းတယမ်းယမ်းဖြင့် -
[ဒီလိုသာဆို ချူးချူးတော့ ရှုံးမှာပဲ . . .]
ကနဦးတွင် ရဲရှောင်သည် ဝမ်ရမ်ချူးချူးနှင့် တိ်ုက်ခိုက်ချင်သည့် အကြောင်းအရင်းမှာ သူ၏ စွမ်းအင် အတိမ်အနက်အား စမ်းသပ်ကြည့်ချင်လို၍ ဖြစ်သည်။ တိုက်ခိုက်ရင်းဖြင့် အဆင့်တက်နိုင် မတက်နိုင်ဆိုသည်ကိုမူ ရဲရှောင်ကိုယ်တိုင်လည်း အသေအချာ မသိခဲ့ပေ။
ထို့ကြောင့် ဝမ်ရမ်ချူးချူးဘက်မှ အစွမ်းကုန် တိုက်ခိုက်လာစေရန်အတွက် ဒေါသများ ဆွပေးခဲ့သည်။
ရဲရှောင်သည် သူ၏ စွမ်းအင်များအား အပြည့်အဝ အသုံးပြုချင်သည့်တိုင် ပိုင်ရှင်းယွဲ့အား သတိထားနေရပါသေးသည်။ ထို့ကြောင့် တိုက်ခိုက်ချင်တိုင်း တိုက်ခိုက်၍ မရဘဲ ချိန်ဆ၍သာ တိုက်ခိုက်နေခဲ့ရသည်။
ရဲရှောင်သည် ဝမ်ရမ်ချူးချူးအား အနိုင်ရရန် ယုံကြည်ချက် ရှိသည့်တိုင် ပိုင်ရှင်းယွဲ့ကိုမူ မည်သို့မျှ အနိုင်တိုက်နိုင်လိမ့်မည် မဟုတ်ချေ။ သေချာပေါက်ပင် ရှုံးနိမ့်ရပေလိမ့်မည်။ ရဲရှောင်အနေဖြင့် ကောင်းကင်အဆင့်၏ ထိပ်ဆုံးအဆင့်သို့ ရောက်နေသည့်တိုင် ပိုင်ရှင်းယွဲ့အား အနည်းငယ်မျှ ထိခိုက်အောင်ပင် လုပ်နိုင်ဦးမည် မဟုတ်သေးပေ။
ထို့ကြောင့် ဝမ်ရမ်ချူးချူးအား စိတ်ရှိတိုင်း မတိုက်ခိုက်ခဲ့ဘဲ လေ့ကျင့်နေသည့် သဘောမျိုးဖြင့်သာ တိုက်ခိုက်ခဲ့သည်။
ရဲရှောင်တို့ နှစ်ဦးသည် တိုက်ခိုက်ရင်းဖြင့် ပိုင်ရှင်းယွဲ့၏ အနားသို့ ရောက်သွားခဲ့ကြသည်။
ပိုင်ရှင်းယွဲ့၏ မျက်နှာတွင် ရန်လိုသော အရိပ်အယောင်မျိုး ရှိမနေသည်ကို တွေ့လိုက်ရသည်။ နှစ်ဦးစလုံး၏ တိုက်ခိုက်မှုများ မပြင်းထန်သေးသ၍ ပိုင်ရှင်းယွဲ့ဘက်မှလည်း ဝင်ပါဦးမည် မဟုတ်ပေ။
ထို့ကြောင့် ရဲရှောင်သည် ဝမ်ရမ်ချူးချူး၏ ဒေါသများ ထွက်သည်ထက် ထွက်လာစေရန် ပြောဆိုနေခဲ့ပြီး တိုက်ခိုက်မှုများ ပြင်းထန်လာစေရန်လည်း ပြုလုပ်ခဲ့သည်။ ပထမအဆင့်အနေဖြင့် ဝမ်ရမ်ချုးချုးအား ဒေါသထွက်စေရန် ပြုလုပ်ခဲ့ပြီးသည့်နောက် ဒုတိယအဆင့်အနေဖြင့် ရဲရှောင်သည် တိုက်ခိုက်မှုများ ခုခံရင်းဖြင့် သူ၏ စွမ်းအင်များအား ဖိနှိပ်နေခဲ့သည်။
စွမ်းအင်များအားတစ်ခါ ဖိနှိပ်လိုက်သည့်အခါတိုင်း ရှေးဦးခရမ်းရောင်ချီဓာတ် အနည်းငယ်ကိုပါ ဖိနှိပ်လိုက်မိသည်ကိုလည်း ခံစားလိုက်ရသည်။ ထိုခရမ်းရောင်ချီဓာတ်များ ပမာဏတစ်ခုသို့ ရောက်ရှိလာပါက ဖွင့်ချလိုက်မည်ဟု ကြံရွယ်ထားခဲ့သည်။
ပိုင်ရှင်းယွဲ့သည် ဝမ်ရမ်ချူးချူးအား အနည်းငယ်မျှ ထိခိုက်ခံလိမ့်မည် မဟုတ်ကြောင်း ရဲရှောင် အတပ်သိလေသည်။
ဝမ်ရမ်ချူးချူးသည် ဒေါသထွက်လွန်းသဖြင့် သူ့အား သေအောင်ပင် ရိုက်ပစ်ချင်နေ၍ ပိုင်ရှင်းယွဲ့မှာမူ အခြေအနေအရပ်ရပ်အား စောင့်ကြည့်နေသည်ဟုလည်း ရဲရှောင် ခံစားနေမိသည်။ တိုက်ခိုက်မှုတွင် အန္တရာယ်များသည့် အခြေအနေတစ်ခုခု ဖြစ်လာမည် ဆိုပါက ပိုင်ရှင်းယွဲ့ဘက်မှ သေချာပေါက်ပင် ဝင်ရောက်တားဆီးပေလိမ့်မည်။
ရဲရှောင်သည် အတွေ့အကြုံ ရင့်ကျက်သူတစ်ဦးပီပီ ပိုင်ရှင်းယွဲ့မှ ဝင်ရောက် ဟန့်တားလာမည့် အခြေအနေအား ကြိုတင်၍ ရိပ်စားနေမိသည်။ သူမှဖြစ်စေ ဝမ်ရမ်ချူးချူးမှဖြစ်စေ သေစေနိုင်လောက်သော တိုက်ကွက်မျိုး ထုတ်လိုက်မည် ဆိုပါက ချက်ချင်းပင် တားဆီးမည်မှာ အသေအချာပင် ဖြစ်ပါတော့သည်။
မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား
Chapter – 244
“မယုံႏိုင္ဖြယ္ အဆင့္တက္ျခင္း”
ဖန္ဇီလင္၏ ခႏၶာကိုယ္အား လွည့္ပတ္ေနေသာ ခ်ီဓာတ္မ်ားသည္ ေတာက္ပသည္ထက္ ေတာက္ပလာၾကၿပီး အမႈန္ေလးမ်ားသဖြယ္ပင္ ျဖစ္တည္လာၾကသည္။ ထို႔ေနာက္ ထိုအမႈန္ေလးမ်ားသည္ လ်င္ျမန္စြာျဖင့္ပင္ ေပ်ာက္ကြယ္သြားၾကသည္။ ထိုမွတဖန္ ခရမ္းေရာင္ အလင္းတန္းမ်ား ထြက္ေပၚလာျပန္သည္။
အလင္းတန္းမ်ားသည္ ေတာက္ပလြန္းသျဖင့္ မ်က္စိျဖင့္ ေသခ်ာစူးစိုက္ ၾကည့္ရန္ပင္ ခက္ခဲလွသည္။
ခဏအၾကာတြင္ ပင္လယ္ျပင္ႀကီး၏ အေရာင္ကဲ့သို႔
အျပာရင့္ရင့္ အလင္းတန္းမ်ားသည္ ထပ္မံ၍ ထြက္လာျပန္သည္။
အဆိုပါ အလင္းတန္းမ်ားသည္ ပတ္ဝန္းက်င္ တစ္ခုလုံးအား လႊမ္းျခဳံထားလ်က္ ႐ွိသည္။
အလင္းတန္းမ်ား ထြက္လာၿပီးသည့္ေနာက္တြင္ ရဲေ႐ွာင္၏ ပါးစပ္မွ ခရမ္းေရာင္ႏွင့္ ေ႐ႊေရာင္စပ္ထားသည့္ အေရာင္အဆင္း႐ွိသည့္ ေသြးမ်ား အန္ထြက္လာသည္။
ထိုကဲ့သို႔ အန္ထြက္သြားၿပီးေနာက္ ရဲေ႐ွာင္တစ္ေယာက္ ခ်က္ခ်င္းပင္ သက္သာသြားသည့္ပုံစံ ေပါက္သြားေလသည္။
ဝမ္ရမ္ခ်ဴးခ်ဴးတို႔ ဆရာတပည့္ ႏွစ္ဦးသည္ ရဲေ႐ွာင္အား အံ့ဩမွင္သက္စြာျဖင့္ ေငးၾကည့္ေနမိၾကသည္။
ယခုကဲ့သို႔ အျဖစ္အပ်က္မ်ိဳး ျဖစ္လာခဲ့ျခင္းအတြက္ ပိုင္႐ွင္းယြဲ႕တို႔ႏွစ္ဦးသည္ ကိုယ့္မ်က္စိကိုယ္ပင္ မယုံၾကည္ႏိုင္ေအာင္ ျဖစ္ေနၾကသည္။
တိုက္ရင္းခိုက္ရင္းျဖင့္ အဆင့္တက္သြားေစရန္ ျပဳလုပ္ျခင္းသည္ အလြန္ခက္ခဲေသာ ကိစၥတစ္ခုပင္ ျဖစ္သည္။
ရဲေ႐ွာင္သည္ ယခုအခါတြင္မူ ေျမႀကီးအဆင့္ႏွင့္ ေကာင္းကင္အဆင့္ၾကားတြင္ ႐ွိေသာ အတားအဆီးအား ေက်ာ္ျဖတ္၍ ေကာင္းကင္အဆင့္သို႔ ေရာက္႐ွိသြားခဲ့ၿပီ ျဖစ္သည္။
အဆင့္တက္ျခင္းသည္ က်င့္ၾကံမႈ ျပဳလုပ္သူတိုင္း၏ အေရးႀကီးဆုံး အခိုက္အတန္႔ပင္ ျဖစ္သည္။
ေကာင္းကင္အဆင့္သို႔ တက္လွမ္းႏိုင္ျခင္းသည္ ထိပ္တန္းက်င့္ၾကံမႈ နယ္ပယ္၏ ခရီးအစသို႔ ေျခခ်မိလိုက္ျခင္းပင္ ျဖစ္သည္။
ရဲေ႐ွာင္အဖို႔ ေကာင္းကင္အဆင့္သို႔ ေရာက္႐ွိသြားခဲ့ေသာ္လည္း သူ၏ က်င့္ၾကံမႈခရီးစဥ္သည္ ယခုမွပင္ အစျပဳသည္ဟု ဆိုရေပမည္။ ယခင္ဘဝထက္ ပိုမိုသာလြန္ေသာ အေျခအေနရ႐ွိရန္ က်င့္ၾကံမည္ဟုလည္း စိတ္ပိုင္းျဖတ္ထားၿပီး ျဖစ္သည္။
ပတ္ဝန္းက်င္တစ္ခုလုံးအား လႊမ္းျခဳံထားေသာ အျပာေရာင္အလင္းတန္းမ်ားသည္ တခဏမွ် ေတာက္ပေနၿပီးေနာက္ ခ်က္ခ်င္းပင္ ျပန္လည္ေပ်ာက္ကြယ္သြားသည္။ ရဲေ႐ွာင္လည္း သူ၏ ပါးစပ္မွ ေသြးမ်ားအား သုတ္လိုက္ရင္း ထခုန္မတတ္ပင္ ေပ်ာ္႐ႊင္ျမဴးတူးလ်က္ ႐ွိသည္။ ထို႔ေနာက္ သူ႕အား အံ့ၾသတႀကီး ရပ္ၾကည့္ေနၾကသည့္ ဝမ္ရမ္ခ်ဳးခ်ဴးတို႔၏ အနားသို႔ ေျပးသြားကာ -
“ဝမ္ရမ္ခ်ဴးခ်ဴး . . . ငါ့ကို အဆင့္တက္ေအာင္ ကူညီေပးလို႔ ေက်းဇူးတင္ပါတယ္ . . .”
ဝမ္ရမ္ခ်ဴးခ်ဴးသည္ ရဲေ႐ွာင္အား မ်က္လုံးအျပဴးသားျဖင့္ ၾကည့္ေနၿပီး တုန္ယင္ေသာ အသံျဖင့္ -
“႐ွင္ . . . ႐ွင္က အဆင့္တက္သြားတယ္ေပါ့ . . .”
ရဲေ႐ွာင္ သူ၏ သြားမ်ားပင္ ေပၚေအာင္ ျပဳံးလိုက္ရင္း -
“ဒါေပါ့။ ငါေကာင္းကင္အဆင့္ ေရာက္သြားၿပီဆိုတာကို မင္းမခံစားမိဘူးလား။ လာစမ္းပါ၊ ေနာက္တစ္ပြဲေလာက္ တိုက္ၾကရေအာင္ . . .”
ပိုင္႐ွင္ယြဲ႕သည္ ယခုအခါမွသာ စိတ္သက္သာရာ ရသြားၿပီး ျပဳံးလိုက္မိသည္။
က်င့္ၾကံမႈအရာတြင္ အေတြ႕အၾကဳံ ႂကြယ္ဝသူတစ္ဦးပီပီ ပိုင္႐ွင္းယြဲ႕သည္ ဖန္ဇီလင္အေနျဖင့္ အဘယ္ေၾကာင့္ ယခုကဲ့သို႔ ျပဳလုပ္လိုက္သည္ ဆိုသည္ကို နားလည္သေဘာေပါက္လိုက္သည္။ ပိုင္႐ွင္းယြဲ႕သည္ ဖန္ဇီလင္အား အထင္ေသးခဲ့မိသည္။ အစပိုင္းတြင္ ဝမ္ရမ္ခ်ဴးခ်ဴးႏွင့္ တိုက္ခိုက္ခဲ့ျခင္းသည္ ေလ့က်င့္မႈ ျပဳ႐ုံအတြက္သာ ထင္ခဲ့မိသည္။ ေနာက္ပိုင္းတြင္မူ ရဲေ႐ွာင္သည္ ဝမ္ရမ္ခ်ဳးခ်ဳးဘက္မွ အစြမ္းကုန္ တိုက္ခိုက္လာေစရန္အတြက္ မခံခ်င္ေအာင္ ေအာင္ ေျပာဆိုရင္းျဖင့္ အဆုံးသတ္တြင္ အဆင့္တက္သြားေစရန္ ျပဳလုပ္ခဲ့သည္။ ရဲေ႐ွာင္သည္ အရာရာတိုင္းအား သူ႕စိတ္တိုင္းက် လိုသလို ႀကိဳးဆြဲသြားျခင္းပင္ ျဖစ္သည္။
ရဲေ႐ွာင္သည္ သူ၏ စြမ္းအင္မ်ားအား စြမ္းအင္သိုေလွာင္ရာ အတြင္း၌ ဖိႏွိပ္သထက္ ဖိႏွိပ္ထားခဲ့ၿပီး ခုခံေန႐ုံသာ ခုခံခဲ့သည္။ အမွန္တကယ္တြင္မူ ရဲေ႐ွာင္ဘက္မွ အခြင့္အေရးရရန္ ေစာင့္ဆိုင္းေနျခင္းပင္ ျဖစ္သည္။
အခြင့္အေရး အမိအရ ရသည့္အခါ ထိုစြမ္းအင္မ်ားအား ေပါက္ကြဲထြက္ေစ၍ အဆင့္တက္ရန္ ႀကိဳးစားခဲ့သည္။
ရဲေ႐ွာင္တစ္ေယာက္ အဆင့္တက္ရန္ လုပ္ေနမွန္း သိသည့္တိုင္ သူ၏ အသက္အား စေတးရေလာက္သည္အထိ စြန္႔စားဝံ့ေလာက္မည္မဟုတ္ဟု ပိုင္႐ွင္းယြဲ႕ ထင္ခဲ့မိသည္။
ရဲေ႐ွာင္၏ လုပ္ရပ္သည္ လြန္စြာ အႏၲရာယ္မ်ားေသာ လုပ္ရပ္ပင္ ျဖစ္သည္။
အျဖစ္အပ်က္ အလုံးစုံအား ျခဳံငုံသုံးသပ္လိုက္မိသည့္တိုင္ ပိုင္႐ွင္းယြဲ႕သည္ စိတ္လႈပ္႐ွားမႈေၾကာင့္ ရင္ခုန္သံ ျမန္ေနဆဲပင္ ျဖစ္သည္။ ထိတ္လန္႔စိတ္လည္း မေျပေသးေခ်။
တစ္စုံတစ္ခု မွားယြင္းခဲ့မည္ ဆိုပါက မေတြးဝံ့စရာပင္ မဟုတ္ပါေလာ။
[ဘယ္လိုမ်ား လုပ္ႏိုင္ရတာလဲ၊ စြန္႔စားလြန္းရာ မက်ဘူးလား။ တစ္ခုခုသာ မွားယြင္းသြားရင္ သူ႕အသက္တင္ မဟုတ္ဘူး ဝိညာဥ္ေတာ္ပါ ပ်က္ဆီးသြားမယ္ ဆိုတာ သူ မသိတာလား။ သူ႕လိုလူမ်ိဳးကေတာ့ စၾကဝဠာ တစ္ခုလုံးမွာ တစ္ေယာက္ပဲ႐ွိမယ္ ထင္တယ္ . . .]
[သူ႕အတြက္ အဆင့္တက္ဖို႔ ရာခိုင္ႏႈန္းက မ႐ွိသေလာက္ကို နည္းတယ္။ တစ္ခုခုျဖစ္လို႔ ကယ္မယ္ ဆိုရင္ေတာင္ ငါကယ္ေပးႏိုင္မွာ မဟုတ္ဘူး . . .]
[ေလာကမွာ တစ္ဆင့္ၿပီး တစ္ဆင့္ တက္လွမ္းသြားတဲ့ ပညာ႐ွင္ႀကီးေတြ အမ်ားႀကီး႐ွိတယ္။ ငါ့ဘဝတစ္ေလွ်ာက္လုံး ဒီလိုမ်ိဳး ကိုယ့္အသက္ကိုယ္ စေတးၿပီး အဆင့္တက္ေအာင္လုပ္တာ ျမင္ဖူးဖို႔ မေျပာနဲ႔ ၾကားေတာင္ မၾကားဖူးဘူး။ ဖန္ဇီလင္က ကိုယ့္အသက္ကို တန္ဖိုးမထားဘဲ ကစားေနသလိုပဲ . . .]
အဆင့္တက္သြားေသာ ဖန္ဇီလင္အား မ်က္ျမင္ကိုယ္ေတြ႕ ေတြ႕လိုက္ရသည့္တိုင္ ပိုင္႐ွင္းယြဲ႕သည္ ထိုကဲ့သို႔ လုပ္ရဲရသည့္ အေၾကာင္းရင္းအား ေတြးေလေတြးေလ နားမလည္ႏိုင္ေအာင္ပင္ ျဖစ္ေနမိသည္။
သူ၏ အျမင္တြင္ ဖန္ဇီလင္သည္ ပါးနပ္လိမၼာေသာလူ၊ ထူးျခားေသာ ေဆးပညာ႐ွင္တစ္ေယာက္သာ ျဖစ္သည္။ ထိုကဲ့သို႔ ႐ိုးသားေအးေဆးသည့္ လူတစ္ေယာက္သည္ ယခုကဲ့သို႔ အသက္စြန္႔ဝံ့သည့္ ကိစၥမ်ိဳး မလုပ္ႏိုင္ဟုသာ မွတ္ယူမိခဲ့သည္။
ပိုင္႐ွင္းယြဲ႕ ေတြးေနစဥ္မွာပင္ တိုက္ခိုက္သံမ်ားအား ၾကားလိုက္ရျပန္သည္။ ဖန္ဇီလင္ ႏွင့္ ဝမ္ရမ္ခ်ဴးခ်ဴးတို႔ ထပ္မံ၍ တိုက္ခိုက္ေနၾကျခင္း ျဖစ္သည္။
ယခုအႀကိမ္တြင္မူ ဖန္ဇီလင္သည္ စြမ္းအင္မ်ား ပို၍ ျပည့္ဝေနသည့္ပုံပင္။
ဝမ္ရမ္ခ်ဴးခ်ဴးသည္ က်င့္ၾကံမႈအရာတြင္ သာလြန္ေနသည့္တိုင္ ယခုအခါတြင္မူ အေရးနိမ့္လ်က္ ႐ွိသည္။ သူမဘက္မွ ရဲေ႐ွာင္အား ျပင္းျပင္းထန္ထန္လည္း မတိုက္ခိုက္ရဲေတာ့ေခ်။ ထို႔ျပင္ လင္းေ႐ွာင္ေရခဲတိုက္ကြက္လည္း ထုတ္မသုံးဝံ့ေတာ့သျဖင့္ ဝမ္ရမ္ခ်ဳးခ်ဳးတစ္ေယာက္ ေ႐ွ႕မတိုးသာ ေနာက္မဆုတ္သာ အေျခအေနျဖင့္ ရင္ဆိုင္ေနရသည္။
တိုက္ခိုက္ေနရင္းျဖင့္ ဝမ္ရမ္ခ်ဴးခ်ဳး၏ စိတ္ထဲတြင္ ႐ႈပ္ေထြးလ်က္ ႐ွိသည္။
ပိုင္႐ွင္းယြဲ႕သည္ တပည့္ျဖစ္သူအား ၾကည့္ရင္း ေခါင္းတယမ္းယမ္းျဖင့္ -
[ဒီလိုသာဆို ခ်ဴးခ်ဴးေတာ့ ႐ႈံးမွာပဲ . . .]
ကနဦးတြင္ ရဲေ႐ွာင္သည္ ဝမ္ရမ္ခ်ဴးခ်ဴးႏွင့္ တိ္ဳက္ခိုက္ခ်င္သည့္ အေၾကာင္းအရင္းမွာ သူ၏ စြမ္းအင္ အတိမ္အနက္အား စမ္းသပ္ၾကည့္ခ်င္လို၍ ျဖစ္သည္။ တိုက္ခိုက္ရင္းျဖင့္ အဆင့္တက္ႏိုင္ မတက္ႏိုင္ဆိုသည္ကိုမူ ရဲေ႐ွာင္ကိုယ္တိုင္လည္း အေသအခ်ာ မသိခဲ့ေပ။
ထို႔ေၾကာင့္ ဝမ္ရမ္ခ်ဴးခ်ဴးဘက္မွ အစြမ္းကုန္ တိုက္ခိုက္လာေစရန္အတြက္ ေဒါသမ်ား ဆြေပးခဲ့သည္။
ရဲေ႐ွာင္သည္ သူ၏ စြမ္းအင္မ်ားအား အျပည့္အဝ အသုံးျပဳခ်င္သည့္တိုင္ ပိုင္႐ွင္းယြဲ႕အား သတိထားေနရပါေသးသည္။ ထို႔ေၾကာင့္ တိုက္ခိုက္ခ်င္တိုင္း တိုက္ခိုက္၍ မရဘဲ ခ်ိန္ဆ၍သာ တိုက္ခိုက္ေနခဲ့ရသည္။
ရဲေ႐ွာင္သည္ ဝမ္ရမ္ခ်ဴးခ်ဴးအား အႏိုင္ရရန္ ယုံၾကည္ခ်က္ ႐ွိသည့္တိုင္ ပိုင္႐ွင္းယြဲ႕ကိုမူ မည္သို႔မွ် အႏိုင္တိုက္ႏိုင္လိမ့္မည္ မဟုတ္ေခ်။ ေသခ်ာေပါက္ပင္ ႐ႈံးနိမ့္ရေပလိမ့္မည္။ ရဲေ႐ွာင္အေနျဖင့္ ေကာင္းကင္အဆင့္၏ ထိပ္ဆုံးအဆင့္သို႔ ေရာက္ေနသည့္တိုင္ ပိုင္႐ွင္းယြဲ႕အား အနည္းငယ္မွ် ထိခိုက္ေအာင္ပင္ လုပ္ႏိုင္ဦးမည္ မဟုတ္ေသးေပ။
ထို႔ေၾကာင့္ ဝမ္ရမ္ခ်ဴးခ်ဴးအား စိတ္႐ွိတိုင္း မတိုက္ခိုက္ခဲ့ဘဲ ေလ့က်င့္ေနသည့္ သေဘာမ်ိဳးျဖင့္သာ တိုက္ခိုက္ခဲ့သည္။
ရဲေ႐ွာင္တို႔ ႏွစ္ဦးသည္ တိုက္ခိုက္ရင္းျဖင့္ ပိုင္႐ွင္းယြဲ႕၏ အနားသို႔ ေရာက္သြားခဲ့ၾကသည္။
ပိုင္႐ွင္းယြဲ႕၏ မ်က္ႏွာတြင္ ရန္လိုေသာ အရိပ္အေယာင္မ်ိဳး ႐ွိမေနသည္ကို ေတြ႕လိုက္ရသည္။ ႏွစ္ဦးစလုံး၏ တိုက္ခိုက္မႈမ်ား မျပင္းထန္ေသးသ၍ ပိုင္႐ွင္းယြဲ႕ဘက္မွလည္း ဝင္ပါဦးမည္ မဟုတ္ေပ။
ထို႔ေၾကာင့္ ရဲေ႐ွာင္သည္ ဝမ္ရမ္ခ်ဴးခ်ဴး၏ ေဒါသမ်ား ထြက္သည္ထက္ ထြက္လာေစရန္ ေျပာဆိုေနခဲ့ၿပီး တိုက္ခိုက္မႈမ်ား ျပင္းထန္လာေစရန္လည္း ျပဳလုပ္ခဲ့သည္။ ပထမအဆင့္အေနျဖင့္ ဝမ္ရမ္ခ်ဳးခ်ဳးအား ေဒါသထြက္ေစရန္ ျပဳလုပ္ခဲ့ၿပီးသည့္ေနာက္ ဒုတိယအဆင့္အေနျဖင့္ ရဲေ႐ွာင္သည္ တိုက္ခိုက္မႈမ်ား ခုခံရင္းျဖင့္ သူ၏ စြမ္းအင္မ်ားအား ဖိႏွိပ္ေနခဲ့သည္။
စြမ္းအင္မ်ားအားတစ္ခါ ဖိႏွိပ္လိုက္သည့္အခါတိုင္း ေ႐ွးဦးခရမ္းေရာင္ခ်ီဓာတ္ အနည္းငယ္ကိုပါ ဖိႏွိပ္လိုက္မိသည္ကိုလည္း ခံစားလိုက္ရသည္။ ထိုခရမ္းေရာင္ခ်ီဓာတ္မ်ား ပမာဏတစ္ခုသို႔ ေရာက္႐ွိလာပါက ဖြင့္ခ်လိုက္မည္ဟု ၾကံ႐ြယ္ထားခဲ့သည္။
ပိုင္႐ွင္းယြဲ႕သည္ ဝမ္ရမ္ခ်ဴးခ်ဴးအား အနည္းငယ္မွ် ထိခိုက္ခံလိမ့္မည္ မဟုတ္ေၾကာင္း ရဲေ႐ွာင္ အတပ္သိေလသည္။
ဝမ္ရမ္ခ်ဴးခ်ဴးသည္ ေဒါသထြက္လြန္းသျဖင့္ သူ႕အား ေသေအာင္ပင္ ႐ိုက္ပစ္ခ်င္ေန၍ ပိုင္႐ွင္းယြဲ႕မွာမူ အေျခအေနအရပ္ရပ္အား ေစာင့္ၾကည့္ေနသည္ဟုလည္း ရဲေ႐ွာင္ ခံစားေနမိသည္။ တိုက္ခိုက္မႈတြင္ အႏၲရာယ္မ်ားသည့္ အေျခအေနတစ္ခုခု ျဖစ္လာမည္ ဆိုပါက ပိုင္႐ွင္းယြဲ႕ဘက္မွ ေသခ်ာေပါက္ပင္ ဝင္ေရာက္တားဆီးေပလိမ့္မည္။
ရဲေ႐ွာင္သည္ အေတြ႕အၾကဳံ ရင့္က်က္သူတစ္ဦးပီပီ ပိုင္႐ွင္းယြဲ႕မွ ဝင္ေရာက္ ဟန္႔တားလာမည့္ အေျခအေနအား ႀကိဳတင္၍ ရိပ္စားေနမိသည္။ သူမွျဖစ္ေစ ဝမ္ရမ္ခ်ဴးခ်ဴးမွျဖစ္ေစ ေသေစႏိုင္ေလာက္ေသာ တိုက္ကြက္မ်ိဳး ထုတ္လိုက္မည္ ဆိုပါက ခ်က္ခ်င္းပင္ တားဆီးမည္မွာ အေသအခ်ာပင္ ျဖစ္ပါေတာ့သည္။