မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 242
“အဆင့်တက်အောင်ကူညီစေခြင်း (၂)”
ပိုင်ရှင်းယွဲ့သည် တိုက်ပွဲအား အစပိုင်းတွင်သာ စိတ်ဝင်တစားဖြင့် ကြည့်နေမိသည်။ နောက်ပိုင်း မည်ကဲ့သို့ အဆုံးသတ်မည်ကို စိတ်ပါဝင်စားခြင်း မရှိတော့ချေ။ ဝမ်ရမ်ချူးချူးသည် ရဲရှောင်ထက် ကျင့်ကြံမှုပိုင်းတွင် သာလွန်နေသည်။ သို့သော် အတွေ့အကြုံပိုင်းတွင်မူ ရဲရှောင်သည် ဝမ်ရမ်ချုးချူးထက် သာလွန်နေပြန်သည်။ ခန့်မှန်းရခက်သော တိုက်ပွဲတစ်ခုပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရဲရှောင် အစပျိုးလိုက်သည့် တိုက်ပွဲကြောင့် တပည့်ဖြစ်သူ ဝမ်ရမ်ချူးချူးအတွက် လေ့ကျင့်ပေးသကဲ့သို့ပင် ဖြစ်နေလေသည်။
ပိုင်ရှင်းယွဲ့၏ စိတ်ထဲတွင် ဝမ်ရမ်ချုးချုးအား ရှုံးနိမ့်စေချင်နေမိသည်။ အဘယ့်ကြောင့်ဆိုသော် ရှုံးနိမ့်ခြင်းဆိုသည့် မမေ့နိုင်သော သင်ခန်းစာ တစ်ခု ရရှိစေချင်၍ ဖြစ်သည်။ ထိုအခါ တပည့်ဖြစ်သူသည် ရှက်ရွံ့မှုကြောင့် မခံချင်စိတ်ဖြင့် ပို၍ ကြိုးစား လာပေလိမ့်မည်။ အရှုံးသည် ဝမ်ရမ်ချူးချူးအတွက် အနာဂတ်တွင် ပို၍ အစွမ်းထက်စေမည့် တွန်းအားတစ်ခု ဖြစ်လာနိုင်ပေမည် မဟုတ်ပါလော။ ထို့ပြင် ယခုကဲ့သို့ အဆင့်နိမ့် ပညာရှင် ၂ ဦး၏ တိုက်ပွဲတွင် အန္တရာယ်ရှိသော အခြေအနေတစ်ခု ဖြစ်လာမည် ဆိုပါကလည်း ပိုင်ရှင်းယွဲ့အနေဖြင့် ကောင်းစွာ တားဆီးပေးနိုင်စွမ်း ရှိလေသည်။ ရဲရှောင်တို့၏ တိုက်ပွဲသည် သူ့အတွက်မူ ကလေးနှစ်ယောက် ရန်ဖြစ်နေကြသည်နှင့်ပင် တူနေပါသည်။
ပိုင်ရှင်းယွဲ့သည် ရဲရှောင်တို့ နှစ်ဦး အပြန်အလှန် တိုက်ခိုက်နေကြစဉ် တပည့်ဖြစ်သူ၏ အသွင်အပြင်အား သေသေချာချာ ကြည့်လိုက်မိသည်။ ဝမ်ရမ်ချူးချူး၏ မျက်နှာသည် ဒေါသကြောင့် နီရဲနေသည်ကို တွေ့လိုက်ရသည်။ ထို့ပြင် ခါးအား ကြည့်လိုက်မိသောအခါ လက်ဝါးအရွယ်ခန့်သာ ရှိသည်ကို တွေ့လိုက်ရသဖြင့် ပိုင်ရှင်းယွဲ့တစ်ယောက် ပြုံးမိလိုက်သည်။
ရဲရှောင်သည် ဝမ်ရမ်ချူးချူးကဲ့သို့ အပြစ်ပြောစရာ မရှိသော မိန်းကလေးတစ်ဦးအား ဝသည်ဟု ဆိုလိုက်ခြင်းသည် တမင်ရန်စနေခြင်းပင် မဟုတ်ပါလော။ မျက်စိကန်းနေသော လူပင် လက်ဖြင့် စမ်းကြည့်ရုံဖြင့် အမှန်တရားအား သိနိုင်ပေလိမ့်မည်။ မော်တယ်ကမ္ဘာတစ်ခုလုံးတွင် ဝမ်ရမ်ချူးချူးထက် ပိန်သွယ်သောခါး မရှိနိုင်ဟု ပိုင်ရှင်းယွဲ့ ယုံကြည်နေမိသည်။
[ဒီဖန်ဇီလင်ကတော့ ဗြောင်လိမ်နေတာပဲ။ ငါ့တပည့်ကိုများ ဝတယ် သွားပြောသေးတယ်။ ဘယ်သူမဆို ဒါမျိုး ဘယ်အပြောခံချင်ပါ့မလဲ။ သူ့ပါးစပ်က အဲ့ဒီလိုစကား ပြောလိုက်ရင် ချူးချူးဘက်က အခုလို သူ့ကို ဒေါသတကြီး တိုက်ခိုက်မယ် ဆိုတာ သူ မသိတာလား . . .]
ပိုင်ရှင်းယွဲ့သည် ဖန်ဇီလင်အား မကျေမနပ်ဖြင့် တွေးနေမိသော်လည်း တိုက်ပွဲအား တားဆီးခြင်း မရှိချေ။ ကျေနပ်၍ပင် နေမိနေပါသေးသည်။
ဖန်ဇီလင်ဘက်မှ ဝမ်ရမ်ချုးချူးအား မထိတထိဖြင့် ပြောလိုက်သည့် အကြောင်းရင်းကိုလည်း သူ ရိပ်စားမိခဲ့သည်။
ပိုင်ရှင်းယွဲ့သည် ဖန်ဇီလင်၏ ပါးရည်နပ်ရည် ရှိပုံကိုပင် သဘောကျသွားမိသည်။ အဘယ့်ကြောင့်ဆိုသော် ဖန်ဇီလင်သည် အကြံနှင့် ပြောလိုက်ခြင်း ဖြစ်သည်ကို သူ သိနေသောကြောင့်ပင် ဖြစ်သည်။ ယခုတိုက်ပွဲတွင် ဖန်ဇီလင်သည် ကြိမ်းသေအနိုင်ရမည် မသေချာသည့်တိုင် ဝမ်ရမ်ချူးချူးအား မခံချင်အောင် ပြောဆိုခဲ့သည်။ ဝမ်ရမ်ချူးချူးဘက်မှ သည်းမခံနိုင်၍ တိုက်ခိုက်လာပါက ပြန်လည် ခုခံတိုက်ခိုက်ရင်းဖြင့် ဖန်ဇီလင်သည် သူ့ကိုယ်သူ တိုးတက်အောင် လုပ်ချင်သဖြင့် ပြောလိုက်မှန်း ပိုင်ရှင်းယွဲ့ သဘောပေါက်လိုက်မိသည်။
ရဲရှောင်သည် ရေခဲစွမ်းအားနှင့် မီးစွမ်းအား နှစ်မျိုးစလုံးအား ထိန်းချုပ်နိုင်သည်ကို ပိုင်ရှင်းယွဲ့ သိထားပြီး ဖြစ်သည်။ ထိုစွမ်းအင်နှစ်ခုအား အသုံးပြု၍ ပေါက်ကွဲထွက်စေလိုက်လျှင် အလွန်ပြင်းထန် သွားမည် ဆိုသည်ကိုလည်း သိနေခဲ့သည်။ သို့သော် ထိုကဲ့သို့ မလုပ်သည်ကို ကြည့်ခြင်းအားဖြင့် ဖန်ဇီလင်၏ တိုက်ခိုက်ချင်သည့် ရည်ရွယ်ချက်မှာ သိသာနေပြီ ဖြစ်သည်။
ဝမ်ရမ်ချူးချူးသည် ရဲရှောင်အား အလွန်စိတ်ဆိုးလျက် ရှိသည်။ တိုက်ခိုက်နေရာမှ ရုတ်တရက် သူ၏ လက်ခုပ်နှစ်ဖက်အား တီးလိုက်ရင်း -
“ရှင့်ရဲ့ ပါးစပ်က လူတစ်ယောက်ကို ဘယ်လို လေးစားရမှန်း မသိမှတော့ သင်ခန်းစာ ကောင်းကောင်းပေးရသေးတာပေါ့ . . .”
အေးစက်သော ချီဓာတ်များသည် ဝမ်ရမ်ချုးချုး၏ ကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လေထဲတွင် ဝဲကတော့ပုံစံများ ဖြစ်ပေါ်လာပြီး ထိုဝဲကတော့များသည် တဖြည်းဖြည်း များသွားသည်။ ထိုမှတဆင့် ဝဲများ အားလုံးသည် နဂါးတစ်ကောင်အသွင် ပေါင်းစပ်သွားပြီး ရဲရှောင်အား လွှမ်းခြုံသွားလေသည်။
ထိုတိုက်ကွက်သည် လင်းရှောင်ရေခဲတိုက်ကွက်ပင် ဖြစ်သည်။
တိမ်မြူခိုးနန်းတော်၏ ဒဏ္ဍာရီလာ တိုက်ကွက်သည် မော်တယ်ကမ္ဘာကဲ့သို့ အဆင့်နိမ့် ကမ္ဘာတစ်ခုတွင် ပေါ်ပေါက်လာချေပြီ။ မမျှော်လင့်သော အဖြစ်အပျက်တစ်ခုပင်။
ဝမ်ရမ်ချူးချူးသည် အစွမ်းအစ အသင့်အတင့် ရှိသည့်သော်လည်း ယခုတိုက်ကွက်၏ ကနဦးအဆင့်ကိုသာ ပြုလုပ်နိုင်သေးသည်။ သို့သော် တိုက်ကွက်သည် အစွမ်းထက်လှပြီး သူမ၏ စွမ်းအင်များသည်လည်း ယခင်ကထက် ၃ ဆခန့် ပို၍ တိုးလာခဲ့သည်။
ရဲရှောင်သည် စွမ်းအင်များဖြင့် အဖိနှိပ်ခံနေရပြီး စိတ်ထဲ လေးလံကာ ထိတ်လန့်သွားမိသည်။
တိမ်မြူခိုးနန်းတော် နာမည်ကြီးမည်ဆိုလျှင် ကြီးလောက်စရာပင်။
နန်းတော်သုံးခုတွင် နံပါတ် ၁ နန်းတော်ဖြစ်ခဲ့သည်မှာလည်း အံ့သြစရာတော့ မဟုတ်ချေ။
တိမ်မြူခိုးနန်းတော်မှ မိန်းကလေးများအားလုံးသည် သူတုိ့၏ ဂိုဏ်း ပြန်လည် နလန်ထူလာမည်ဟု မျှော်လင့်နေကြသည်မှာလည်း ထိုကျင့်စဉ်ကြောင့်ပင်
ဖစ်သည်။ မှင်ရောင်အားဖြည့် ကြာပန်းပင်များ ရှာဖွေစိုက်ပျိုးနိုင်ရန်သာ မျှော်လင့်လျက် ရှိနေကြသည်။
လင်းရှောင်ရေခဲကျင့်စဉ်အား မစွန့်လွှတ်ချင်သည့် လူများစွာ ရှိနေသည်မှာလည်း မထူးဆန်းပေ။
လင်းရှောင်ရေခဲကျင့်စဉ်သည် ကျင့်ကြံသူ၏ အစွမ်းအား ၃ ဆခန့် ချက်ချင်း တိုးတက်သွားစေနိုင်စွမ်း ရှိသည်။
အလွန်ထူးဆန်းသော တိုက်ကွက်တစ်ခုပင်ဖြစ်ပြီး မယုံနိုင်စရာပင် ကောင်းလှသည်။
ယခုတိုက်ကွက်သည် ဝမ်ရမ်ချူးချူး အသုံးပြုလိုက်သည့် လင်းရှောင်ရေခဲတိုက်ကွက်မို့ပင် တော်သေးသည်ဟု ဆိုရပေမည်။ ထိုတိုက်ကွက်အား ပိုင်ရှင်းယွဲ့သည်သာ သုံးလိုက်မည်ဆိုပါက မည်မျှအထိ အစွမ်းထက်သွားမည်ကို ရဲရှောင် မခန့်မှန်းရဲတော့ချေ။
တိမ်မြူခိုးနန်းတော်၏ ဒဏ္ဍာရီထဲမှ ခေါင်းဆောင်ဖြစ်သော ရွှမ်ပိုင်သာ အသုံးပြုခဲ့မည်ဆိုပါက ပို၍ပင် မမှန်းဆနိုင်တော့ချေ။
ချင်းယန်နယ်ပယ်၏ နံပါတ် ၁ ပညာရှင်ဖြစ်သည့် ဝုဖသည် တိမ်မြူခိုးနန်းတော်နှင့် နှစ်ပေါင်း အတော်ကြာ ရန်ငြိုးရန်စ ရှိခဲ့ကြသည်။ သူတို့ကြားမှ အမုန်းတရားများသည် မည်သည့်အခါမျှ အဆုံးသတ်ကြမည် မဟုတ်ချေ။ သို့သော် ဝုဖသည် တိမ်မြူခိုးနန်းတော်အား မုန်းတီးနေသည့်တိုင် သူ၏ ဆန္ဒများအား ချိုးနှိမ်ထားခဲ့ရသည်။
ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ရွှမ်ပိုင်၏ လင်းရှောင်ရေခဲတိုက်ကွက်အား ကြောက်ရွံ့၍ပင် ဖြစ်သည်။
ဝမ်ရမ်ချူးချူး၏ အသုံးပြုမှုပင် ယခုလောက် အစွမ်းထက်နေလျှင် ရွှမ်ပိုင်သာ အစွမ်းကုန်သုံး၍ ပြုလုပ်လိုက်မည် ဆိုပါက ဝုဖကိုပင် အနိုင်ရသွားနိုင်လောက်သည်ဟု ရဲရှောင် တွက်ဆမိလိုက်သည်။
အနည်းဆုံးမူ ဝုဖတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပေလိမ့်မည်။
ထို့ကြောင့်ပင် ဝုဖသည် နှစ်ပေါင်းများစွာ ကြာသည့်တိုင် တိမ်မြူခိုး နန်းတော်အား မည်သည့်အရာမျှ မလုပ်ဝံ့ဘဲ လက်မှိုင်ချနေရခြင်းပင် ဖြစ်သည်။
ထိုတိုက်ကွက်သာ မရှိခဲ့ပါက တိမ်မြူခိုးနန်းတော်အား ဖြိုခွဲပစ်ပြီးသည်မှာ ကြာလောက်ချေပြီ။
ရဲရှောင်သည် သူ့ထံသို့ ဖိအားတစ်ခု သက်ရောက်သကဲ့သို့ ခံစားနေရပြီး သူ၏ အနားသို့ ဝမ်ရမ်ချုးချုး ကပ်လာလေလေ အသက်ရှူရန်ပင် ခက်ခဲလာလေလေ ဖြစ်သည်။ အသက်ကိုပင် အသည်းအသန် ရှူနေရသော ရဲရှောင်အဖို့ ခုခံတိုက်ခိုက်ရန်မှာ မလွယ်ကူတော့ချေ။
ရဲရှောင်အဖို့ ပထမဆုံးအကြိမ် ချွေးပြန်သွားမိခြင်း ဖြစ်သည်။
ထိုတိုက်ကွက်အတွင်း တစ်ဖက်လူ၏ စိတ်အား သက်ရောက်စေသည့် ထူးခြားသော အစွမ်းတစ်ခု ပါဝင်နေလိမ့်မည်ဟု ရဲရှောင် ခံစားမိလိုက်သည်။ ထိုအစွမ်းကိုမူ ရဲရှောင် လေးစားသွားခဲ့မိသည်။ တစ်ဖက်လူ၏ စိတ်အား လွှမ်းမိုးသွားပြီး ကြောက်ရွံ့နေစေခြင်းပင် ဖြစ်သည်။
ထိုအစွမ်း၏ သက်ရောက်မှုသည် စိတ်၏ အနက်ရှိုင်းဆုံး နေရာအထိ သက်ရောက်သွားခဲ့ပါက အသက်မသေဆုံးသည့်တိုင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ဖြစ်သွားမည်မှာ သေချာပေါက်ပင် ဖြစ်သည်။
ထိုအချက်သည် လင်းရှောင်ရေခဲတိုက်ကွက်၏ အစွမ်းထက်ဆုံး အာနိသင်ပင် ဖြစ်သည်။
ရဲရှောင်သည် အချိန်မဆွဲတော့ဘဲ ချက်ချင်းပင် သူ၏ စွမ်းအင်သိုလှောင်ရာအား ဖွင့်ချလိုက်သည်။ ထိုအခါ ရှေးဦးခရမ်းရောင် ချီဓာတ်များသည် အရှိန်အဟုန်ဖြင့် စီးဆင်းလာကြသည်။ တိုက်ပွဲအစကတည်းကပင် ရဲရှောင်သည် သူ၏ စွမ်းအင်များအားဖိနှိပ်ထားသဖြင့် ယခုကဲ့သို့ ရုတ်တရက် ဖွင့်ချလိုက်သောအခါ ပေါက်ကွဲထွက်သွားခြင်း ဖြစ်သည်။
ကျစ်ကျစ်ပါအောင် ဆုပ်ထားသော ရဲရှောင်၏ လက်သီးနှစ်ဖက်တွင် စွမ်းအားများ အပြည့်စီးဆင်းလျက်ရှိသည်။
“ဘုန်း . . .”
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်သွားခဲ့သည်။ ရဲရှောင်၏ အင်ပြည့်အားပြည့် တိုက်ခိုက်မှုသည် လေဟာနယ်ကိုပင် တုန်လှုပ်သွားစေသည်။ ထို့ပြင် ရဲရှောင်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ခရမ်းရောင် အလင်းများ ထွက်ပေါ်လျက်ရှိသည်။
ဝမ်ရမ်ချူးချူးသည် မကျေမချမ်းဖြစ်နေသော လေသံဖြင့် -
“ဟမ့် . . . ငါ့ကိုတောင် ဝတယ်လို့ ပြောရဲတာ တွေ့မယ် . . .”
ရဲရှောင်၏ စိတ်ထဲတွင် -
“နေက အရှေ့အရပ်က ထွက်တယ်ဆိုတာ အမြဲတမ်း အမှန်တရားပဲ။ အေး . . . အဲ့ဒီလိုပဲ မင်းကဝတယ်၊ ခါးတုတ်တယ်ဆိုတာကလည်း အမှန်တရားက ပဲ။ ခါးက တုတ်လွန်းတော့ မင်းတင်ပါးတောင် ငါသေချာမမြင်ရဘူး။ ငါက အမှန်ကို အမှန်တိုင်း ပြောတာ။ မင်းအခုလို ငါ့ကို တိုက်ခိုက်တာနဲ့ပဲ အမှန်တရားက ပျောက်ကွယ်သွားရောလား . . .”
ရဲရှောင် မခိုးမခန့်ပင် ပြောလိုက်ပါတော့သည်။
မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား
Chapter – 242
“အဆင့္တက္ေအာင္ကူညီေစျခင္း (၂)”
ပိုင္႐ွင္းယြဲ႕သည္ တိုက္ပြဲအား အစပိုင္းတြင္သာ စိတ္ဝင္တစားျဖင့္ ၾကည့္ေနမိသည္။ ေနာက္ပိုင္း မည္ကဲ့သို႔ အဆုံးသတ္မည္ကို စိတ္ပါဝင္စားျခင္း မ႐ွိေတာ့ေခ်။ ဝမ္ရမ္ခ်ဴးခ်ဴးသည္ ရဲေ႐ွာင္ထက္ က်င့္ၾကံမႈပိုင္းတြင္ သာလြန္ေနသည္။ သို႔ေသာ္ အေတြ႕အၾကဳံပိုင္းတြင္မူ ရဲေ႐ွာင္သည္ ဝမ္ရမ္ခ်ဳးခ်ဴးထက္ သာလြန္ေနျပန္သည္။ ခန္႔မွန္းရခက္ေသာ တိုက္ပြဲတစ္ခုပင္ ျဖစ္သည္။ မည္သို႔ပင္ဆိုေစကာမူ ရဲေ႐ွာင္ အစပ်ိဳးလိုက္သည့္ တိုက္ပြဲေၾကာင့္ တပည့္ျဖစ္သူ ဝမ္ရမ္ခ်ဴးခ်ဴးအတြက္ ေလ့က်င့္ေပးသကဲ့သို႔ပင္ ျဖစ္ေနေလသည္။
ပိုင္႐ွင္းယြဲ႕၏ စိတ္ထဲတြင္ ဝမ္ရမ္ခ်ဳးခ်ဳးအား ႐ႈံးနိမ့္ေစခ်င္ေနမိသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ႐ႈံးနိမ့္ျခင္းဆိုသည့္ မေမ့ႏိုင္ေသာ သင္ခန္းစာ တစ္ခု ရ႐ွိေစခ်င္၍ ျဖစ္သည္။ ထိုအခါ တပည့္ျဖစ္သူသည္ ႐ွက္႐ြံ႕မႈေၾကာင့္ မခံခ်င္စိတ္ျဖင့္ ပို၍ ႀကိဳးစား လာေပလိမ့္မည္။ အ႐ႈံးသည္ ဝမ္ရမ္ခ်ဴးခ်ဴးအတြက္ အနာဂတ္တြင္ ပို၍ အစြမ္းထက္ေစမည့္ တြန္းအားတစ္ခု ျဖစ္လာႏိုင္ေပမည္ မဟုတ္ပါေလာ။ ထို႔ျပင္ ယခုကဲ့သို႔ အဆင့္နိမ့္ ပညာ႐ွင္ ၂ ဦး၏ တိုက္ပြဲတြင္ အႏၲရာယ္႐ွိေသာ အေျခအေနတစ္ခု ျဖစ္လာမည္ ဆိုပါကလည္း ပိုင္႐ွင္းယြဲ႕အေနျဖင့္ ေကာင္းစြာ တားဆီးေပးႏိုင္စြမ္း ႐ွိေလသည္။ ရဲေ႐ွာင္တို႔၏ တိုက္ပြဲသည္ သူ႕အတြက္မူ ကေလးႏွစ္ေယာက္ ရန္ျဖစ္ေနၾကသည္ႏွင့္ပင္ တူေနပါသည္။
ပိုင္႐ွင္းယြဲ႕သည္ ရဲေ႐ွာင္တို႔ ႏွစ္ဦး အျပန္အလွန္ တိုက္ခိုက္ေနၾကစဥ္ တပည့္ျဖစ္သူ၏ အသြင္အျပင္အား ေသေသခ်ာခ်ာ ၾကည့္လိုက္မိသည္။ ဝမ္ရမ္ခ်ဴးခ်ဴး၏ မ်က္ႏွာသည္ ေဒါသေၾကာင့္ နီရဲေနသည္ကို ေတြ႕လိုက္ရသည္။ ထို႔ျပင္ ခါးအား ၾကည့္လိုက္မိေသာအခါ လက္ဝါးအ႐ြယ္ခန္႔သာ ႐ွိသည္ကို ေတြ႕လိုက္ရသျဖင့္ ပိုင္႐ွင္းယြဲ႕တစ္ေယာက္ ျပဳံးမိလိုက္သည္။
ရဲေ႐ွာင္သည္ ဝမ္ရမ္ခ်ဴးခ်ဴးကဲ့သို႔ အျပစ္ေျပာစရာ မ႐ွိေသာ မိန္းကေလးတစ္ဦးအား ဝသည္ဟု ဆိုလိုက္ျခင္းသည္ တမင္ရန္စေနျခင္းပင္ မဟုတ္ပါေလာ။ မ်က္စိကန္းေနေသာ လူပင္ လက္ျဖင့္ စမ္းၾကည့္႐ုံျဖင့္ အမွန္တရားအား သိႏိုင္ေပလိမ့္မည္။ ေမာ္တယ္ကမ႓ာတစ္ခုလုံးတြင္ ဝမ္ရမ္ခ်ဴးခ်ဴးထက္ ပိန္သြယ္ေသာခါး မ႐ွိႏိုင္ဟု ပိုင္႐ွင္းယြဲ႕ ယုံၾကည္ေနမိသည္။
[ဒီဖန္ဇီလင္ကေတာ့ ေျဗာင္လိမ္ေနတာပဲ။ ငါ့တပည့္ကိုမ်ား ဝတယ္ သြားေျပာေသးတယ္။ ဘယ္သူမဆို ဒါမ်ိဳး ဘယ္အေျပာခံခ်င္ပါ့မလဲ။ သူ႕ပါးစပ္က အဲ့ဒီလိုစကား ေျပာလိုက္ရင္ ခ်ဴးခ်ဴးဘက္က အခုလို သူ႕ကို ေဒါသတႀကီး တိုက္ခိုက္မယ္ ဆိုတာ သူ မသိတာလား . . .]
ပိုင္႐ွင္းယြဲ႕သည္ ဖန္ဇီလင္အား မေက်မနပ္ျဖင့္ ေတြးေနမိေသာ္လည္း တိုက္ပြဲအား တားဆီးျခင္း မ႐ွိေခ်။ ေက်နပ္၍ပင္ ေနမိေနပါေသးသည္။
ဖန္ဇီလင္ဘက္မွ ဝမ္ရမ္ခ်ဳးခ်ဴးအား မထိတထိျဖင့္ ေျပာလိုက္သည့္ အေၾကာင္းရင္းကိုလည္း သူ ရိပ္စားမိခဲ့သည္။
ပိုင္႐ွင္းယြဲ႕သည္ ဖန္ဇီလင္၏ ပါးရည္နပ္ရည္ ႐ွိပုံကိုပင္ သေဘာက်သြားမိသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ဖန္ဇီလင္သည္ အၾကံႏွင့္ ေျပာလိုက္ျခင္း ျဖစ္သည္ကို သူ သိေနေသာေၾကာင့္ပင္ ျဖစ္သည္။ ယခုတိုက္ပြဲတြင္ ဖန္ဇီလင္သည္ ႀကိမ္းေသအႏိုင္ရမည္ မေသခ်ာသည့္တိုင္ ဝမ္ရမ္ခ်ဴးခ်ဴးအား မခံခ်င္ေအာင္ ေျပာဆိုခဲ့သည္။ ဝမ္ရမ္ခ်ဴးခ်ဴးဘက္မွ သည္းမခံႏိုင္၍ တိုက္ခိုက္လာပါက ျပန္လည္ ခုခံတိုက္ခိုက္ရင္းျဖင့္ ဖန္ဇီလင္သည္ သူ႕ကိုယ္သူ တိုးတက္ေအာင္ လုပ္ခ်င္သျဖင့္ ေျပာလိုက္မွန္း ပိုင္႐ွင္းယြဲ႕ သေဘာေပါက္လိုက္မိသည္။
ရဲေ႐ွာင္သည္ ေရခဲစြမ္းအားႏွင့္ မီးစြမ္းအား ႏွစ္မ်ိဳးစလုံးအား ထိန္းခ်ဳပ္ႏိုင္သည္ကို ပိုင္႐ွင္းယြဲ႕ သိထားၿပီး ျဖစ္သည္။ ထိုစြမ္းအင္ႏွစ္ခုအား အသုံးျပဳ၍ ေပါက္ကြဲထြက္ေစလိုက္လွ်င္ အလြန္ျပင္းထန္ သြားမည္ ဆိုသည္ကိုလည္း သိေနခဲ့သည္။ သို႔ေသာ္ ထိုကဲ့သို႔ မလုပ္သည္ကို ၾကည့္ျခင္းအားျဖင့္ ဖန္ဇီလင္၏ တိုက္ခိုက္ခ်င္သည့္ ရည္႐ြယ္ခ်က္မွာ သိသာေနၿပီ ျဖစ္သည္။
ဝမ္ရမ္ခ်ဴးခ်ဴးသည္ ရဲေ႐ွာင္အား အလြန္စိတ္ဆိုးလ်က္ ႐ွိသည္။ တိုက္ခိုက္ေနရာမွ ႐ုတ္တရက္ သူ၏ လက္ခုပ္ႏွစ္ဖက္အား တီးလိုက္ရင္း -
“႐ွင့္ရဲ႕ ပါးစပ္က လူတစ္ေယာက္ကို ဘယ္လို ေလးစားရမွန္း မသိမွေတာ့ သင္ခန္းစာ ေကာင္းေကာင္းေပးရေသးတာေပါ့ . . .”
ေအးစက္ေသာ ခ်ီဓာတ္မ်ားသည္ ဝမ္ရမ္ခ်ဳးခ်ဳး၏ ကိုယ္မွ ႐ုတ္တရက္ ထြက္ေပၚလာခဲ့သည္။ ထို႔ေနာက္ ေလထဲတြင္ ဝဲကေတာ့ပုံစံမ်ား ျဖစ္ေပၚလာၿပီး ထိုဝဲကေတာ့မ်ားသည္ တျဖည္းျဖည္း မ်ားသြားသည္။ ထိုမွတဆင့္ ဝဲမ်ား အားလုံးသည္ နဂါးတစ္ေကာင္အသြင္ ေပါင္းစပ္သြားၿပီး ရဲေ႐ွာင္အား လႊမ္းျခဳံသြားေလသည္။
ထိုတိုက္ကြက္သည္ လင္းေ႐ွာင္ေရခဲတိုက္ကြက္ပင္ ျဖစ္သည္။
တိမ္ျမဴခိုးနန္းေတာ္၏ ဒ႑ာရီလာ တိုက္ကြက္သည္ ေမာ္တယ္ကမ႓ာကဲ့သို႔ အဆင့္နိမ့္ ကမ႓ာတစ္ခုတြင္ ေပၚေပါက္လာေခ်ၿပီ။ မေမွ်ာ္လင့္ေသာ အျဖစ္အပ်က္တစ္ခုပင္။
ဝမ္ရမ္ခ်ဴးခ်ဴးသည္ အစြမ္းအစ အသင့္အတင့္ ႐ွိသည့္ေသာ္လည္း ယခုတိုက္ကြက္၏ ကနဦးအဆင့္ကိုသာ ျပဳလုပ္ႏိုင္ေသးသည္။ သို႔ေသာ္ တိုက္ကြက္သည္ အစြမ္းထက္လွၿပီး သူမ၏ စြမ္းအင္မ်ားသည္လည္း ယခင္ကထက္ ၃ ဆခန္႔ ပို၍ တိုးလာခဲ့သည္။
ရဲေ႐ွာင္သည္ စြမ္းအင္မ်ားျဖင့္ အဖိႏွိပ္ခံေနရၿပီး စိတ္ထဲ ေလးလံကာ ထိတ္လန္႔သြားမိသည္။
တိမ္ျမဴခိုးနန္းေတာ္ နာမည္ႀကီးမည္ဆိုလွ်င္ ႀကီးေလာက္စရာပင္။
နန္းေတာ္သုံးခုတြင္ နံပါတ္ ၁ နန္းေတာ္ျဖစ္ခဲ့သည္မွာလည္း အံ့ၾသစရာေတာ့ မဟုတ္ေခ်။
တိမ္ျမဴခိုးနန္းေတာ္မွ မိန္းကေလးမ်ားအားလုံးသည္ သူတုိ႕၏ ဂိုဏ္း ျပန္လည္ နလန္ထူလာမည္ဟု ေမွ်ာ္လင့္ေနၾကသည္မွာလည္း ထိုက်င့္စဥ္ေၾကာင့္ပင္
ဖစ္သည္။ မွင္ေရာင္အားျဖည့္ ၾကာပန္းပင္မ်ား ႐ွာေဖြစိုက္ပ်ိဳးႏိုင္ရန္သာ ေမွ်ာ္လင့္လ်က္ ႐ွိေနၾကသည္။
လင္းေ႐ွာင္ေရခဲက်င့္စဥ္အား မစြန္႔လႊတ္ခ်င္သည့္ လူမ်ားစြာ ႐ွိေနသည္မွာလည္း မထူးဆန္းေပ။
လင္းေ႐ွာင္ေရခဲက်င့္စဥ္သည္ က်င့္ၾကံသူ၏ အစြမ္းအား ၃ ဆခန္႔ ခ်က္ခ်င္း တိုးတက္သြားေစႏိုင္စြမ္း ႐ွိသည္။
အလြန္ထူးဆန္းေသာ တိုက္ကြက္တစ္ခုပင္ျဖစ္ၿပီး မယုံႏိုင္စရာပင္ ေကာင္းလွသည္။
ယခုတိုက္ကြက္သည္ ဝမ္ရမ္ခ်ဴးခ်ဴး အသုံးျပဳလိုက္သည့္ လင္းေ႐ွာင္ေရခဲတိုက္ကြက္မို႔ပင္ ေတာ္ေသးသည္ဟု ဆိုရေပမည္။ ထိုတိုက္ကြက္အား ပိုင္႐ွင္းယြဲ႕သည္သာ သုံးလိုက္မည္ဆိုပါက မည္မွ်အထိ အစြမ္းထက္သြားမည္ကို ရဲေ႐ွာင္ မခန္႔မွန္းရဲေတာ့ေခ်။
တိမ္ျမဴခိုးနန္းေတာ္၏ ဒ႑ာရီထဲမွ ေခါင္းေဆာင္ျဖစ္ေသာ ႐ႊမ္ပိုင္သာ အသုံးျပဳခဲ့မည္ဆိုပါက ပို၍ပင္ မမွန္းဆႏိုင္ေတာ့ေခ်။
ခ်င္းယန္နယ္ပယ္၏ နံပါတ္ ၁ ပညာ႐ွင္ျဖစ္သည့္ ဝုဖသည္ တိမ္ျမဴခိုးနန္းေတာ္ႏွင့္ ႏွစ္ေပါင္း အေတာ္ၾကာ ရန္ၿငိဳးရန္စ ႐ွိခဲ့ၾကသည္။ သူတို႔ၾကားမွ အမုန္းတရားမ်ားသည္ မည္သည့္အခါမွ် အဆုံးသတ္ၾကမည္ မဟုတ္ေခ်။ သို႔ေသာ္ ဝုဖသည္ တိမ္ျမဴခိုးနန္းေတာ္အား မုန္းတီးေနသည့္တိုင္ သူ၏ ဆႏၵမ်ားအား ခ်ိဳးႏွိမ္ထားခဲ့ရသည္။
ထိုကဲ့သို႔ ျဖစ္ရျခင္းမွာ ႐ႊမ္ပိုင္၏ လင္းေ႐ွာင္ေရခဲတိုက္ကြက္အား ေၾကာက္႐ြံ႕၍ပင္ ျဖစ္သည္။
ဝမ္ရမ္ခ်ဴးခ်ဴး၏ အသုံးျပဳမႈပင္ ယခုေလာက္ အစြမ္းထက္ေနလွ်င္ ႐ႊမ္ပိုင္သာ အစြမ္းကုန္သုံး၍ ျပဳလုပ္လိုက္မည္ ဆိုပါက ဝုဖကိုပင္ အႏိုင္ရသြားႏိုင္ေလာက္သည္ဟု ရဲေ႐ွာင္ တြက္ဆမိလိုက္သည္။
အနည္းဆုံးမူ ဝုဖတစ္ေယာက္ ျပင္းျပင္းထန္ထန္ ဒဏ္ရာရ႐ွိသြားေပလိမ့္မည္။
ထို႔ေၾကာင့္ပင္ ဝုဖသည္ ႏွစ္ေပါင္းမ်ားစြာ ၾကာသည့္တိုင္ တိမ္ျမဴခိုး နန္းေတာ္အား မည္သည့္အရာမွ် မလုပ္ဝံ့ဘဲ လက္မိႈင္ခ်ေနရျခင္းပင္ ျဖစ္သည္။
ထိုတိုက္ကြက္သာ မ႐ွိခဲ့ပါက တိမ္ျမဴခိုးနန္းေတာ္အား ၿဖိဳခြဲပစ္ၿပီးသည္မွာ ၾကာေလာက္ေခ်ၿပီ။
ရဲေ႐ွာင္သည္ သူ႕ထံသို႔ ဖိအားတစ္ခု သက္ေရာက္သကဲ့သို႔ ခံစားေနရၿပီး သူ၏ အနားသို႔ ဝမ္ရမ္ခ်ဳးခ်ဳး ကပ္လာေလေလ အသက္႐ွဴရန္ပင္ ခက္ခဲလာေလေလ ျဖစ္သည္။ အသက္ကိုပင္ အသည္းအသန္ ႐ွဴေနရေသာ ရဲေ႐ွာင္အဖို႔ ခုခံတိုက္ခိုက္ရန္မွာ မလြယ္ကူေတာ့ေခ်။
ရဲေ႐ွာင္အဖို႔ ပထမဆုံးအႀကိမ္ ေခြၽးျပန္သြားမိျခင္း ျဖစ္သည္။
ထိုတိုက္ကြက္အတြင္း တစ္ဖက္လူ၏ စိတ္အား သက္ေရာက္ေစသည့္ ထူးျခားေသာ အစြမ္းတစ္ခု ပါဝင္ေနလိမ့္မည္ဟု ရဲေ႐ွာင္ ခံစားမိလိုက္သည္။ ထိုအစြမ္းကိုမူ ရဲေ႐ွာင္ ေလးစားသြားခဲ့မိသည္။ တစ္ဖက္လူ၏ စိတ္အား လႊမ္းမိုးသြားၿပီး ေၾကာက္႐ြံ႕ေနေစျခင္းပင္ ျဖစ္သည္။
ထိုအစြမ္း၏ သက္ေရာက္မႈသည္ စိတ္၏ အနက္႐ိႈင္းဆုံး ေနရာအထိ သက္ေရာက္သြားခဲ့ပါက အသက္မေသဆုံးသည့္တိုင္ စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္ ျဖစ္သြားမည္မွာ ေသခ်ာေပါက္ပင္ ျဖစ္သည္။
ထိုအခ်က္သည္ လင္းေ႐ွာင္ေရခဲတိုက္ကြက္၏ အစြမ္းထက္ဆုံး အာနိသင္ပင္ ျဖစ္သည္။
ရဲေ႐ွာင္သည္ အခ်ိန္မဆြဲေတာ့ဘဲ ခ်က္ခ်င္းပင္ သူ၏ စြမ္းအင္သိုေလွာင္ရာအား ဖြင့္ခ်လိုက္သည္။ ထိုအခါ ေ႐ွးဦးခရမ္းေရာင္ ခ်ီဓာတ္မ်ားသည္ အ႐ွိန္အဟုန္ျဖင့္ စီးဆင္းလာၾကသည္။ တိုက္ပြဲအစကတည္းကပင္ ရဲေ႐ွာင္သည္ သူ၏ စြမ္းအင္မ်ားအားဖိႏွိပ္ထားသျဖင့္ ယခုကဲ့သို႔ ႐ုတ္တရက္ ဖြင့္ခ်လိုက္ေသာအခါ ေပါက္ကြဲထြက္သြားျခင္း ျဖစ္သည္။
က်စ္က်စ္ပါေအာင္ ဆုပ္ထားေသာ ရဲေ႐ွာင္၏ လက္သီးႏွစ္ဖက္တြင္ စြမ္းအားမ်ား အျပည့္စီးဆင္းလ်က္႐ွိသည္။
“ဘုန္း . . .”
က်ယ္ေလာင္ေသာ ေပါက္ကြဲသံတစ္ခု ထြက္ေပၚသြားခဲ့သည္။ ရဲေ႐ွာင္၏ အင္ျပည့္အားျပည့္ တိုက္ခိုက္မႈသည္ ေလဟာနယ္ကိုပင္ တုန္လႈပ္သြားေစသည္။ ထို႔ျပင္ ရဲေ႐ွာင္၏ ခႏၶာကိုယ္တစ္ခုလုံးတြင္ ခရမ္းေရာင္ အလင္းမ်ား ထြက္ေပၚလ်က္႐ွိသည္။
ဝမ္ရမ္ခ်ဴးခ်ဴးသည္ မေက်မခ်မ္းျဖစ္ေနေသာ ေလသံျဖင့္ -
“ဟမ့္ . . . ငါ့ကိုေတာင္ ဝတယ္လို႔ ေျပာရဲတာ ေတြ႕မယ္ . . .”
ရဲေ႐ွာင္၏ စိတ္ထဲတြင္ -
“ေနက အေ႐ွ႕အရပ္က ထြက္တယ္ဆိုတာ အၿမဲတမ္း အမွန္တရားပဲ။ ေအး . . . အဲ့ဒီလိုပဲ မင္းကဝတယ္၊ ခါးတုတ္တယ္ဆိုတာကလည္း အမွန္တရားက ပဲ။ ခါးက တုတ္လြန္းေတာ့ မင္းတင္ပါးေတာင္ ငါေသခ်ာမျမင္ရဘူး။ ငါက အမွန္ကို အမွန္တိုင္း ေျပာတာ။ မင္းအခုလို ငါ့ကို တိုက္ခိုက္တာနဲ႔ပဲ အမွန္တရားက ေပ်ာက္ကြယ္သြားေရာလား . . .”
ရဲေ႐ွာင္ မခိုးမခန္႔ပင္ ေျပာလိုက္ပါေတာ့သည္။