မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 239
"အံ့ဖွယ်လက်ဆောင်"
မြေကြီးအဆင့်၏ နောက်ဆုံးအဆင့်နှင့် ကောင်းကင်အဆင့်သည် နီးကပ်နေပြီ ဖြစ်သော်လည်း ကွာခြားမှုမှာမူ ကြီးမားလှသည်။ ကောင်းကင်အဆင့်သို့ ရောက်ရှိသွားပါက ရဲရှောင်အဖို့ သူ၏ ကျင့်ကြံမှု ခရီးစဉ်အစသို့ ရောက်ပြီဟု ဆိုရပေမည်။
သို့သော် မော်တယ်ကမ္ဘာတွင် ကောင်းကင်အဆင့် သည် လူတိုင်းအတွက် အိပ်မက် တစ်ခုကဲ့သို့ပင် ဖြစ်သည်။
ကောင်းကင်အဆင့်သည် သာမန်လူများအဖို့ အလွန်ကြီးကျယ်ခမ်းနားသော အဆင့်တစ်ခုဖြစ်သော်လည်း ရဲရှောင်အတွက်မူ ကျင့်ကြံမှုခရီးစဉ်၏ အစမျှသာ ရှိသေးပေသည်။ ထိုထက်မက မြင့်မားသော အဆင့်များ တက်လှမ်းနိုင်ရန် ကြိုးစားရပေဦးမည် ဖြစ်သည်။
အဆင့်တက်တော့မည့်အတွက် ရဲရှောင် အကျေနပ်ကြီး ကျေနပ်နေမိသည်။ ကျင့်ကြံမှုများ ပြုလုပ်နေရင်းဖြင့် တစ်ခါတစ်ရံတွင် ပိုင်အာထံသို့ သွားရောက်၍ ကြည့်ရှုပေးနေရသည်။ သူစိမ်းမိန်းကလေးတစ်ယောက်ပင် ဖြစ်လင့်ကစား နေ့စဉ် ပြုစုစောင့်ရှောက်ပေးနေရသည့်အတွက် ရဲရှောင်အဖို့ နေသားကျလာကာ ခက်ခဲမှု မရှိတော့ချေ။ ပိုင်အာ၏ ဖြူစင်သော မျက်ဝန်းများအား မြင်တိုင်း သူ၏ ပခုံးထက်တွင် အလွန်လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ရောက်လာသကဲ့သို့ ရဲရှောင် ခံစားနေရသည်။
သံယောဇဉ်နှင့် မေတ္တာတရားများကြောင့် နွေးထွေးရသကဲ့သို့ ရှေ့ရှေးနှင့် ပတ်သက်၍ ရင်ပူနေရပြန်သည်။
ကျင့်ကြံမှုများ ပြုလုပ်ရင်းဖြင့် သူ၏ ချီဓာတ်များ တိုးတက်လာသည်ကို ရဲရှောင် ခံစားနေရသည်။ သူ့ထံသို့ ပိုင်အာ ရောက်လာသည့် အချိန်မှစ၍ ပို၍ ပင်ပန်းခဲ့သော်လည်း ပင်ပန်းသည်ဟု မခံစားခဲ့ရပေ။ ယခင်ရှောင်ဧကရာဇ်ကဲ့သုိ့ အထီးကျန်ဘဝမျိုးနှင့်စာလျှင် ယခုဘဝသည် သူ့အတွက် နွေးထွေးမှုများဖြင့် ပြည့်နှက်နေသကဲ့သို့ ခံစားနေရသည်။
“ဘဝဆိုတာ ဒါလား . . . တာဝန်ယူမှု၊ တာဝန်ခံမှု၊ စောင့်ရှောက်မှုတွေနဲ့ အဓိပ္ပါယ်အပြည့်ပါပဲလား။ ငါ့အတွက် ပိုပြီး အတွေ့အကြုံတွေ ပြည့်ဝစေတယ်။ ဘာပဲပြောပြော . . . အနည်းဆုံးတော့ ငါ အထီးမကျန်ရတော့ဘူးပေါ့လေ . . .”
ရဲရှောင် လက်ရှိဘဝအား တွေးတော သုံးသပ်နေမိသည်။
“ကျင့်ကြံမှုတွေချည်းလုပ်ပြီး ငါ အင်အား ကြီးသထက် ကြီးလာမယ်။ ငါသတ်ချင်တဲ့ ဘယ်သူ့ကိုမဆို သတ်နိုင်လောက်တဲ့အထိ အစွမ်းထက်လာမယ်၊ ငါ့ရဲ့ ကျင့်ကြံမှု အဆင့်ကလည်း မြင့်သထက် မြင့်လာရင်တောင်မှ အထီးကျန်နေရင် ဘာများ ပျော်ရွှင်စရာ ရှိတော့မှာလဲ . . .”
“တကယ်တော့ ကျင့်ကြံမှု နဲ့ ချစ်ခြင်းမေတ္တာဆိုတာ လမ်းကြောင်း တစ်ခုတည်းပဲ။ ငါ့ဘဝမှာ ဒါတွေနဲ့ တွေ့ကြုံရလေလေ ပိုပြီး ပြည့်စုံလေလေပဲ။ ငါသေတဲ့အချိန်မှာတောင် အထီးကျန်ဆန်ဆန် မသေသွားရဖို့က အရေးကြီးတယ် . . .”
ထိုအကြောင်းအရာများ အားလုံးသည် မကြာသေးမီ အချိန်ကမှ ရဲရှောင်နားလည်ခဲ့သော အရာများ ဖြစ်သည်။ သူ၏ အတွေးအခေါ်အသစ်များ ဆိုလျှင်လည်း မမှားချေ။
နောက်ရက်အနည်းငယ်တွင် ရဲရှောင်သည် ပိုင်အာ၏ သွေးကြောများအား စစ်ဆေး ကုသ၍ သွေးအတွင်းရှိ အညစ်အကြေးများအား ဖယ်ထုတ်ပေးလိုက်သည်။ ထိုအခါ အံ့သြစရာကောင်းသော အရာတစ်ခုအား ရဲရှောင် တွေ့လိုက်ရသည်။ ပိုင်အာ၏ သွေးကြောများသည် ရှုပ်ထွေးပိတ်ဆို့နေခြင်း မရှိဘဲ ရှင်းလင်းနေကြောင်း တွေ့လိုက်ရခြင်းပင် ဖြစ်သည်။
ချီဓာတ်များ ရှိမနေသော်လည်း သူမ၏ ခန္ဓာကိုယ်သည် ကျင့်ကြံမှုများ ပြုလုပ်ရန် အထူးသင့်တော် ကောင်းမွန်လှကြောင်း ရဲရှောင် တွေ့လိုက်ရသည်။
အံ့သြစရာကောင်းသော ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။
ပိုင်အာအနေဖြင့် မည်သည့် ကျင့်ကြံမှုမျိုးကိုမဆို ကျင့်ကြံပါက လျင်မြန်စွာ တိုးတက်နိုင်ပေလိမ့်မည်။
ထိုကဲ့သို့သော ခန္ဓာကိုယ် ပိုင်ရှင်မျိုးအား ရဲရှောင် တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
ဥပမာအားဖြင့် စုယဲ့ယွဲ့သည် ဖီးနစ်ခန္ဓာကိုယ် မပိုင်ဆိုင်ခင် အချိန်ကပင် ထူးခြားသော မိန်းကလေး တစ်ဦး ဖြစ်ခဲ့သည်။ သင်ကြားပြသပေးမည့် ဆရာမရှိဘဲ မော်တယ်အဆင့် ၇ သို့ ရောက်ရှိခဲ့သည်။ ထိုကဲ့သို့ ကျင့်ကြံနိုင်မှုသည် အလွန်ရှားပါးလှသည်။ ချင်းယန်နယ်ပယ်မှာပင် ထိုကဲ့သို့သော ပါရမီရှင်မျိုး အလွန်ရှားသည်ဟု ဆိုရပေမည်။ စုယဲ့ယွဲ့ကဲ့သို့ တပည့်မျိုးအား ချင်းယန်နယ်ပယ်ရှိ ထင်ရှားကျော်ကြားသော ဂိုဏ်းများမှ အသည်းအသန် လိုချင်နေကြမည်မှာ သေချာပေါက်ပင်ဖြစ်သည်။ ယခင်ဘဝ ရဲရှောင်ပင်လျှင် ယဲ့ယွဲ့လောက် ကျင့်ကြံမှုအား မကောင်းသည်ကို ဝန်ခံရပေလိမ့်မည်။
သို့သော် ယခု ရဲရှောင်၏ ရှေ့တွင်ရှိနေသော ပိုင်အာမှာမူ စုယဲ့ယွဲ့ထက်ပင် ပင်ကိုယ်ပါရမီ ထူးကဲ ကောင်းမွန်သူ ဖြစ်နေလေသည်။ ခန္ဓာကိုယ် လိုအပ်ချက်လည်း ပိုမိုပြည့်စုံပြီး ဘုရားပေးသော လက်ဆောင်ဟုပင် ဆိုနိုင်ပေသည်။ သာမန်လူတစ်ဦး တစ်နှစ်ခန့် ကျင့်ကြံရမည်ဆိုလျှင် ပိုင်အာအနေဖြင့် တစ်ရက်တည်းဖြင့် ကျင့်ကြံနိုင်ပေလိမ့်မည်။ ထိုထက်ပင် ပို၍ မြန်နိုင်ဦးမည် ဖြစ်သည်။
ထို့ကြောင့် ရဲရှောင် အံ့သြနေမိခြင်း ဖြစ်သည်။
ရဲရှောင်အဖို့ အလုပ်တစ်ခု ပိုလာခဲ့သည်။ ပိုင်အာအား စာဖတ်တတ်စေရန် သင်ကြားပေးခြင်းပင် ဖြစ်၏။ အစပိုင်းတွင် ရဲရှောင်သည် စာလုံး ၁၀ လုံးသာ သင်ကြားပေးခဲ့သည်။ သို့သော် ပိုင်အာအပေါ် အထင်သေးသွားမိမှန်း သိပ်မကြာခင်အချိန်တွင် ရဲရှောင် သိလိုက်ရလေသည်။
ပိုင်အာသည် မှတ်ဉာဏ်များ ပျောက်ဆုံးနေသည့်တိုင် အလွန်ထူးခြားသော မှတ်သားနိုင်စွမ်း ရှိသည်။ တစ်ခေါက် မြင်ရုံဖြင့်ပင် သူ မြင်ခဲ့သည့် အရာအားလုံး မှတ်မိနေခြင်းပင် ဖြစ်သည်။
ရဲရှောင်သည် ပို၍ ပျော်ရွှင်ကျေနပ် သွားမိသည်။ တဖြည်းဖြည်း တိုး၍ သင်ပေးသွားရာ ရက်အနည်းငယ် အတွင်းမှာပင် အခြေအနေသည် များစွာ တိုးတက်လာခဲ့သည်။ တစ်ရက်တည်းဖြင့် စာလုံး ၃၀၀ခန့်ထိ တိုး၍ သင်နိုင်ခဲ့သည်။
ရဲရှောင်အဖို့ တစ်ခါမျှ မမြင်တွေ့ဖူးသော တိုးတက်မှုနှုန်းပင် ဖြစ်သည်။
ထို့ကြောင့် ရက်အနည်းငယ်အတွင်းတွင် ပိုင်အာသည် အသုံးများသော စာလုံးမှန်သမျှအား တတ်ကျွမ်း သွားခဲ့ပြီး ဖြစ်သည်။ ဖြစ်နိုင်သည့် အချက်တစ်ချက်မှာ ပိုင်အာသည် မှတ်ဉာဏ်ပျောက်ဆုံးနေသည့်တိုင် ယခင်က သင်ကြားခဲ့ဖူးသည်များအား ပြန်လည် အမှတ်ရလာခြင်းပင် ဖြစ်နိုင်ပေသည်။ သူမ၏ စိတ်ထဲတွင် စွဲမြဲနေပြီးသော အရာများဖြစ်နေ၍ ပို၍ မြန်ဆန်နေခြင်းလည်း ဖြစ်နိုင်သည်။
မည်သို့ပင် ဆိုစေကာမူ ပိုင်အာသည် စာကောင်းကောင်း ဖတ်တတ်သွားခဲ့ပြီ ဖြစ်သည်။
ရဲရှောင်လည်း စိတ်ကျေနပ်မှု အပြည့်ရရှိနေခဲ့သည်။ နေ့စဉ်သုံး စကားလုံးများအား သင်ကြား ပေးနေရာမှ ကျင့်စဉ်များ၊ သွေးကြောများနှင့် သက်ဆိုင်သည့် စကားလုံးများအား စတင်၍ သင်ကြားပေးခဲ့ပြန်သည်။ ပိုင်အာသည် အံ့သြဖွယ် ကောင်းလောက်အောင်ပင် မှတ်ဉာဏ် ကောင်းလှသဖြင့် ရဲရှောင်သင်သမျှအား လွယ်လွယ်ကူကူဖြင့် တတ်မြောက်ခဲ့သည်။ ထို့အပြင် အကြောင်းအရာအချို့နှင့် ပတ်သက်၍ သူမ၏ ထင်မြင်ယူဆချက်များကိုပင် ပေးနိုင်လေသည်။
ပိုင်အာသည် ပြန်လည် သက်သာလာသည့်တိုင် လှုပ်ရှား၍ မရသေးသဖြင့် စကားသာ ပြောဆိုနိုင်သေးသည်။ ရဲရှောင်ထံမှ ချီးမွမ်းစကား ကြားရသည့် အခါတိုင်း ကျေနပ်သော အပြုံးများဖြင့် ပြုံးနေလေ့ရှိသည်။
ရဲရှောင်ဘက်မှလည်း အမှန်တကယ် ကျေနပ်နေမိသောကြောင့် ရင်ထဲမှနေ၍ လိုလိုလားလားပင် ချီးကျူးစကား ဆိုလေ့ရှိသည်။
ရဲရှောင်အား ထပ်မံ၍ အံ့အားသင့်စေခဲ့သည့် အချက်မှာ ပိုင်အာသည် လှုပ်ရှား၍ မရနိုင် သေးသော်လည်း ရဲရှောင်ပြောသည့်အတိုင်း ကျင့်ကြံမှုများ စတင်လုပ်ဆောင်ရန် ကြိုးစားခြင်းပင် ဖြစ်သည်။ ကျင့်ကြံမှု လုပ်ဆောင်သည့် သုံးရက်အတွင်း ကမ္ဘာလောကကြီး အတွင်းရှိ ဝိညာဉ်တော် ချီဓာတ်များအား သူမ စတင် ခံစားမိသွားခဲ့သည်။
“ကမ္ဘာပေါ်မှာ သက်ရှိတွေ အများကြီး ရှိနေတယ်လို့ ကျွန်မခံစားနေရတယ်။ အဲဒီသက်ရှိတွေက ကျွန်မခန္ဓာကိုယ်ထဲ တိုးဝင်လာသလိုပဲ။ ဒါပေမယ့် ဘာတွေလဲဆိုတာ ကျွန်မ မသိဘူး ဖြစ်နေတယ်။ ဖမ်းဆုပ်လို့လည်း မရဘူးနော် . . .”
ပိုင်အာ နားမလည်ဟန်ဖြင့် မေးလိုက်သည်။
“ကျွန်မ ရူးများနေတာလားဟင်၊ ကျွန်မ ခံစားမိနေတာတွေက အမှန်တွေပဲလား . . .”
သူမ၏ အမေးကြောင့် ရဲရှောင်တစ်ယောက် ဆွံ့အသွားမိသည်။
[မင်းက ရူးနေတယ် ဟုတ်လား။ မင်းသာ ရူးနေရင် ချင်းယန်နယ်ပယ်နဲ့ ဒီကမ္ဘာပေါ်က ပညာရှင်တွေအားလုံး ရှက်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားလောက်တယ်။ မင်းပြောနေတဲ့ သက်ရှိဆိုတာ တကယ့်သက်ရှိ မဟုတ်ဘူးကွ။ ဝိညာဉ်တော်ချီဓာတ်လို့ ခေါ်တယ်။ လှုပ်ရှားနေလို့ မင်းက သက်ရှိထင်နေတာ . . .]
[သာမန်လူတွေဆိုရင် ဒီချီဓာတ်ကို ခံစားသိရှိဖို့က မလွယ်ဘူး။ လူ ၁၀၀ မှာ ၉၉ ယောက်လောက်က မသိကြဘူး . . .]
[အဲ့ဒီလို သိသွားတဲ့ လူတွေကလည်း ပညာရှင်တွေ ဖြစ်ကုန်ကြတာပဲ။ ဒါပေမယ့် တော်တော်များများက ဒီလို ချီဓာတ်တွေ ရှိနေတာကို သိဖို့ အချိန်အတော်ကြာတယ် . . .]
[မင်းကတော့ သုံးရက်တည်းနဲ့ ချီဓာတ်တွေ ကမ္ဘာပေါ်မှာ ရှိနေတယ် ဆိုတာကို သိသွားပြီပေါ့။ သူ့လို လူမျိုး ဘယ်မှာမှတောင် ရှိနိုင်မယ်လို့ ငါမထင်ဘူး . . .]
ရဲရှောင် တအံ့တဩဖြင့် စဉ်းစားနေမိသည်။
[သူ့ရဲ့ ပါရမီက တော်တော်ကို ထူးခြားတာပါလား . . .]
ရဲရှောင်၏ စိတ်ထဲတွင်လည်း အလွန်ပျော်ရွှင်သွားမိသည်။ ယခုကဲ့သို့ ဝိညာဉ်တော်ချီဓာတ်များအား ခံစားသိရှိသွားပြီ ဖြစ်သဖြင့် ရှေ့ဆက်၍လည်း တိုးတက်မှုများ ပို၍ မြန်ဆန်လာမည် ဖြစ်သည်။
ပိုင်အာ၏ ဒဏ်ရာများသည်လည်း တဖြည်းဖြည်း သက်သာလာခဲ့ပြီ ဖြစ်သည်။
[ငါအခုမှ စဉ်းစားမိတယ်။ သူ့ရဲ့ ဒဏ်ရာတွေ သက်သာလာတာလည်း တော်တော်ကို မြန်ပါလား။ ငါကောက်တွေ့ခဲ့တဲ့ အမှိုက်လေးက စကြာဝဠာတစ်ခုလုံးမှာ အရှားပါးဆုံး ရတနာတစ်ခု ဖြစ်နေတာပါလား . . .]
ရဲရှောင် တအံ့တဩ တွေးနေမိပါတော့သည်။
မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား
Chapter – 239
"အံ့ဖြယ္လက္ေဆာင္"
ေျမႀကီးအဆင့္၏ ေနာက္ဆုံးအဆင့္ႏွင့္ ေကာင္းကင္အဆင့္သည္ နီးကပ္ေနၿပီ ျဖစ္ေသာ္လည္း ကြာျခားမႈမွာမူ ႀကီးမားလွသည္။ ေကာင္းကင္အဆင့္သို႔ ေရာက္႐ွိသြားပါက ရဲေ႐ွာင္အဖို႔ သူ၏ က်င့္ၾကံမႈ ခရီးစဥ္အစသို႔ ေရာက္ၿပီဟု ဆိုရေပမည္။
သို႔ေသာ္ ေမာ္တယ္ကမ႓ာတြင္ ေကာင္းကင္အဆင့္ သည္ လူတိုင္းအတြက္ အိပ္မက္ တစ္ခုကဲ့သို႔ပင္ ျဖစ္သည္။
ေကာင္းကင္အဆင့္သည္ သာမန္လူမ်ားအဖို႔ အလြန္ႀကီးက်ယ္ခမ္းနားေသာ အဆင့္တစ္ခုျဖစ္ေသာ္လည္း ရဲေ႐ွာင္အတြက္မူ က်င့္ၾကံမႈခရီးစဥ္၏ အစမွ်သာ ႐ွိေသးေပသည္။ ထိုထက္မက ျမင့္မားေသာ အဆင့္မ်ား တက္လွမ္းႏိုင္ရန္ ႀကိဳးစားရေပဦးမည္ ျဖစ္သည္။
အဆင့္တက္ေတာ့မည့္အတြက္ ရဲေ႐ွာင္ အေက်နပ္ႀကီး ေက်နပ္ေနမိသည္။ က်င့္ၾကံမႈမ်ား ျပဳလုပ္ေနရင္းျဖင့္ တစ္ခါတစ္ရံတြင္ ပိုင္အာထံသို႔ သြားေရာက္၍ ၾကည့္႐ႈေပးေနရသည္။ သူစိမ္းမိန္းကေလးတစ္ေယာက္ပင္ ျဖစ္လင့္ကစား ေန႔စဥ္ ျပဳစုေစာင့္ေ႐ွာက္ေပးေနရသည့္အတြက္ ရဲေ႐ွာင္အဖို႔ ေနသားက်လာကာ ခက္ခဲမႈ မ႐ွိေတာ့ေခ်။ ပိုင္အာ၏ ျဖဴစင္ေသာ မ်က္ဝန္းမ်ားအား ျမင္တိုင္း သူ၏ ပခုံးထက္တြင္ အလြန္ေလးလံေသာ ဝန္ထုပ္ဝန္ပိုးႀကီးတစ္ခု ေရာက္လာသကဲ့သို႔ ရဲေ႐ွာင္ ခံစားေနရသည္။
သံေယာဇဥ္ႏွင့္ ေမတၱာတရားမ်ားေၾကာင့္ ေႏြးေထြးရသကဲ့သို႔ ေ႐ွ႕ေ႐ွးႏွင့္ ပတ္သက္၍ ရင္ပူေနရျပန္သည္။
က်င့္ၾကံမႈမ်ား ျပဳလုပ္ရင္းျဖင့္ သူ၏ ခ်ီဓာတ္မ်ား တိုးတက္လာသည္ကို ရဲေ႐ွာင္ ခံစားေနရသည္။ သူ႕ထံသို႔ ပိုင္အာ ေရာက္လာသည့္ အခ်ိန္မွစ၍ ပို၍ ပင္ပန္းခဲ့ေသာ္လည္း ပင္ပန္းသည္ဟု မခံစားခဲ့ရေပ။ ယခင္ေ႐ွာင္ဧကရာဇ္ကဲ့သုိ႕ အထီးက်န္ဘဝမ်ိဳးႏွင့္စာလွ်င္ ယခုဘဝသည္ သူ႕အတြက္ ေႏြးေထြးမႈမ်ားျဖင့္ ျပည့္ႏွက္ေနသကဲ့သို႔ ခံစားေနရသည္။
“ဘဝဆိုတာ ဒါလား . . . တာဝန္ယူမႈ၊ တာဝန္ခံမႈ၊ ေစာင့္ေ႐ွာက္မႈေတြနဲ႔ အဓိပၸါယ္အျပည့္ပါပဲလား။ ငါ့အတြက္ ပိုၿပီး အေတြ႕အၾကဳံေတြ ျပည့္ဝေစတယ္။ ဘာပဲေျပာေျပာ . . . အနည္းဆုံးေတာ့ ငါ အထီးမက်န္ရေတာ့ဘူးေပါ့ေလ . . .”
ရဲေ႐ွာင္ လက္႐ွိဘဝအား ေတြးေတာ သုံးသပ္ေနမိသည္။
“က်င့္ၾကံမႈေတြခ်ည္းလုပ္ၿပီး ငါ အင္အား ႀကီးသထက္ ႀကီးလာမယ္။ ငါသတ္ခ်င္တဲ့ ဘယ္သူ႕ကိုမဆို သတ္ႏိုင္ေလာက္တဲ့အထိ အစြမ္းထက္လာမယ္၊ ငါ့ရဲ႕ က်င့္ၾကံမႈ အဆင့္ကလည္း ျမင့္သထက္ ျမင့္လာရင္ေတာင္မွ အထီးက်န္ေနရင္ ဘာမ်ား ေပ်ာ္႐ႊင္စရာ ႐ွိေတာ့မွာလဲ . . .”
“တကယ္ေတာ့ က်င့္ၾကံမႈ နဲ႔ ခ်စ္ျခင္းေမတၱာဆိုတာ လမ္းေၾကာင္း တစ္ခုတည္းပဲ။ ငါ့ဘဝမွာ ဒါေတြနဲ႔ ေတြ႕ၾကဳံရေလေလ ပိုၿပီး ျပည့္စုံေလေလပဲ။ ငါေသတဲ့အခ်ိန္မွာေတာင္ အထီးက်န္ဆန္ဆန္ မေသသြားရဖို႔က အေရးႀကီးတယ္ . . .”
ထိုအေၾကာင္းအရာမ်ား အားလုံးသည္ မၾကာေသးမီ အခ်ိန္ကမွ ရဲေ႐ွာင္နားလည္ခဲ့ေသာ အရာမ်ား ျဖစ္သည္။ သူ၏ အေတြးအေခၚအသစ္မ်ား ဆိုလွ်င္လည္း မမွားေခ်။
ေနာက္ရက္အနည္းငယ္တြင္ ရဲေ႐ွာင္သည္ ပိုင္အာ၏ ေသြးေၾကာမ်ားအား စစ္ေဆး ကုသ၍ ေသြးအတြင္း႐ွိ အညစ္အေၾကးမ်ားအား ဖယ္ထုတ္ေပးလိုက္သည္။ ထိုအခါ အံ့ၾသစရာေကာင္းေသာ အရာတစ္ခုအား ရဲေ႐ွာင္ ေတြ႕လိုက္ရသည္။ ပိုင္အာ၏ ေသြးေၾကာမ်ားသည္ ႐ႈပ္ေထြးပိတ္ဆို႔ေနျခင္း မ႐ွိဘဲ ႐ွင္းလင္းေနေၾကာင္း ေတြ႕လိုက္ရျခင္းပင္ ျဖစ္သည္။
ခ်ီဓာတ္မ်ား ႐ွိမေနေသာ္လည္း သူမ၏ ခႏၶာကိုယ္သည္ က်င့္ၾကံမႈမ်ား ျပဳလုပ္ရန္ အထူးသင့္ေတာ္ ေကာင္းမြန္လွေၾကာင္း ရဲေ႐ွာင္ ေတြ႕လိုက္ရသည္။
အံ့ၾသစရာေကာင္းေသာ ခႏၶာကိုယ္အား ပိုင္ဆိုင္ထားျခင္းပင္ ျဖစ္သည္။
ပိုင္အာအေနျဖင့္ မည္သည့္ က်င့္ၾကံမႈမ်ိဳးကိုမဆို က်င့္ၾကံပါက လ်င္ျမန္စြာ တိုးတက္ႏိုင္ေပလိမ့္မည္။
ထိုကဲ့သို႔ေသာ ခႏၶာကိုယ္ ပိုင္႐ွင္မ်ိဳးအား ရဲေ႐ွာင္ တစ္ခါမွ် မျမင္ေတြ႕ခဲ့ဖူးေခ်။
ဥပမာအားျဖင့္ စုယဲ့ယြဲ႕သည္ ဖီးနစ္ခႏၶာကိုယ္ မပိုင္ဆိုင္ခင္ အခ်ိန္ကပင္ ထူးျခားေသာ မိန္းကေလး တစ္ဦး ျဖစ္ခဲ့သည္။ သင္ၾကားျပသေပးမည့္ ဆရာမ႐ွိဘဲ ေမာ္တယ္အဆင့္ ၇ သို႔ ေရာက္႐ွိခဲ့သည္။ ထိုကဲ့သို႔ က်င့္ၾကံႏိုင္မႈသည္ အလြန္႐ွားပါးလွသည္။ ခ်င္းယန္နယ္ပယ္မွာပင္ ထိုကဲ့သို႔ေသာ ပါရမီ႐ွင္မ်ိဳး အလြန္႐ွားသည္ဟု ဆိုရေပမည္။ စုယဲ့ယြဲ႕ကဲ့သို႔ တပည့္မ်ိဳးအား ခ်င္းယန္နယ္ပယ္႐ွိ ထင္႐ွားေက်ာ္ၾကားေသာ ဂိုဏ္းမ်ားမွ အသည္းအသန္ လိုခ်င္ေနၾကမည္မွာ ေသခ်ာေပါက္ပင္ျဖစ္သည္။ ယခင္ဘဝ ရဲေ႐ွာင္ပင္လွ်င္ ယဲ့ယြဲ႕ေလာက္ က်င့္ၾကံမႈအား မေကာင္းသည္ကို ဝန္ခံရေပလိမ့္မည္။
သို႔ေသာ္ ယခု ရဲေ႐ွာင္၏ ေ႐ွ႕တြင္႐ွိေနေသာ ပိုင္အာမွာမူ စုယဲ့ယြဲ႕ထက္ပင္ ပင္ကိုယ္ပါရမီ ထူးကဲ ေကာင္းမြန္သူ ျဖစ္ေနေလသည္။ ခႏၶာကိုယ္ လိုအပ္ခ်က္လည္း ပိုမိုျပည့္စုံၿပီး ဘုရားေပးေသာ လက္ေဆာင္ဟုပင္ ဆိုႏိုင္ေပသည္။ သာမန္လူတစ္ဦး တစ္ႏွစ္ခန္႔ က်င့္ၾကံရမည္ဆိုလွ်င္ ပိုင္အာအေနျဖင့္ တစ္ရက္တည္းျဖင့္ က်င့္ၾကံႏိုင္ေပလိမ့္မည္။ ထိုထက္ပင္ ပို၍ ျမန္ႏိုင္ဦးမည္ ျဖစ္သည္။
ထို႔ေၾကာင့္ ရဲေ႐ွာင္ အံ့ၾသေနမိျခင္း ျဖစ္သည္။
ရဲေ႐ွာင္အဖို႔ အလုပ္တစ္ခု ပိုလာခဲ့သည္။ ပိုင္အာအား စာဖတ္တတ္ေစရန္ သင္ၾကားေပးျခင္းပင္ ျဖစ္၏။ အစပိုင္းတြင္ ရဲေ႐ွာင္သည္ စာလုံး ၁၀ လုံးသာ သင္ၾကားေပးခဲ့သည္။ သို႔ေသာ္ ပိုင္အာအေပၚ အထင္ေသးသြားမိမွန္း သိပ္မၾကာခင္အခ်ိန္တြင္ ရဲေ႐ွာင္ သိလိုက္ရေလသည္။
ပိုင္အာသည္ မွတ္ဉာဏ္မ်ား ေပ်ာက္ဆုံးေနသည့္တိုင္ အလြန္ထူးျခားေသာ မွတ္သားႏိုင္စြမ္း ႐ွိသည္။ တစ္ေခါက္ ျမင္႐ုံျဖင့္ပင္ သူ ျမင္ခဲ့သည့္ အရာအားလုံး မွတ္မိေနျခင္းပင္ ျဖစ္သည္။
ရဲေ႐ွာင္သည္ ပို၍ ေပ်ာ္႐ႊင္ေက်နပ္ သြားမိသည္။ တျဖည္းျဖည္း တိုး၍ သင္ေပးသြားရာ ရက္အနည္းငယ္ အတြင္းမွာပင္ အေျခအေနသည္ မ်ားစြာ တိုးတက္လာခဲ့သည္။ တစ္ရက္တည္းျဖင့္ စာလုံး ၃၀၀ခန္႔ထိ တိုး၍ သင္ႏိုင္ခဲ့သည္။
ရဲေ႐ွာင္အဖို႔ တစ္ခါမွ် မျမင္ေတြ႕ဖူးေသာ တိုးတက္မႈႏႈန္းပင္ ျဖစ္သည္။
ထို႔ေၾကာင့္ ရက္အနည္းငယ္အတြင္းတြင္ ပိုင္အာသည္ အသုံးမ်ားေသာ စာလုံးမွန္သမွ်အား တတ္ကြၽမ္း သြားခဲ့ၿပီး ျဖစ္သည္။ ျဖစ္ႏိုင္သည့္ အခ်က္တစ္ခ်က္မွာ ပိုင္အာသည္ မွတ္ဉာဏ္ေပ်ာက္ဆုံးေနသည့္တိုင္ ယခင္က သင္ၾကားခဲ့ဖူးသည္မ်ားအား ျပန္လည္ အမွတ္ရလာျခင္းပင္ ျဖစ္ႏိုင္ေပသည္။ သူမ၏ စိတ္ထဲတြင္ စြဲၿမဲေနၿပီးေသာ အရာမ်ားျဖစ္ေန၍ ပို၍ ျမန္ဆန္ေနျခင္းလည္း ျဖစ္ႏိုင္သည္။
မည္သို႔ပင္ ဆိုေစကာမူ ပိုင္အာသည္ စာေကာင္းေကာင္း ဖတ္တတ္သြားခဲ့ၿပီ ျဖစ္သည္။
ရဲေ႐ွာင္လည္း စိတ္ေက်နပ္မႈ အျပည့္ရ႐ွိေနခဲ့သည္။ ေန႔စဥ္သုံး စကားလုံးမ်ားအား သင္ၾကား ေပးေနရာမွ က်င့္စဥ္မ်ား၊ ေသြးေၾကာမ်ားႏွင့္ သက္ဆိုင္သည့္ စကားလုံးမ်ားအား စတင္၍ သင္ၾကားေပးခဲ့ျပန္သည္။ ပိုင္အာသည္ အံ့ၾသဖြယ္ ေကာင္းေလာက္ေအာင္ပင္ မွတ္ဉာဏ္ ေကာင္းလွသျဖင့္ ရဲေ႐ွာင္သင္သမွ်အား လြယ္လြယ္ကူကူျဖင့္ တတ္ေျမာက္ခဲ့သည္။ ထို႔အျပင္ အေၾကာင္းအရာအခ်ိဳ႕ႏွင့္ ပတ္သက္၍ သူမ၏ ထင္ျမင္ယူဆခ်က္မ်ားကိုပင္ ေပးႏိုင္ေလသည္။
ပိုင္အာသည္ ျပန္လည္ သက္သာလာသည့္တိုင္ လႈပ္႐ွား၍ မရေသးသျဖင့္ စကားသာ ေျပာဆိုႏိုင္ေသးသည္။ ရဲေ႐ွာင္ထံမွ ခ်ီးမြမ္းစကား ၾကားရသည့္ အခါတိုင္း ေက်နပ္ေသာ အျပဳံးမ်ားျဖင့္ ျပဳံးေနေလ့႐ွိသည္။
ရဲေ႐ွာင္ဘက္မွလည္း အမွန္တကယ္ ေက်နပ္ေနမိေသာေၾကာင့္ ရင္ထဲမွေန၍ လိုလိုလားလားပင္ ခ်ီးက်ဴးစကား ဆိုေလ့႐ွိသည္။
ရဲေ႐ွာင္အား ထပ္မံ၍ အံ့အားသင့္ေစခဲ့သည့္ အခ်က္မွာ ပိုင္အာသည္ လႈပ္႐ွား၍ မရႏိုင္ ေသးေသာ္လည္း ရဲေ႐ွာင္ေျပာသည့္အတိုင္း က်င့္ၾကံမႈမ်ား စတင္လုပ္ေဆာင္ရန္ ႀကိဳးစားျခင္းပင္ ျဖစ္သည္။ က်င့္ၾကံမႈ လုပ္ေဆာင္သည့္ သုံးရက္အတြင္း ကမ႓ာေလာကႀကီး အတြင္း႐ွိ ဝိညာဥ္ေတာ္ ခ်ီဓာတ္မ်ားအား သူမ စတင္ ခံစားမိသြားခဲ့သည္။
“ကမ႓ာေပၚမွာ သက္႐ွိေတြ အမ်ားႀကီး ႐ွိေနတယ္လို႔ ကြၽန္မခံစားေနရတယ္။ အဲဒီသက္႐ွိေတြက ကြၽန္မခႏၶာကိုယ္ထဲ တိုးဝင္လာသလိုပဲ။ ဒါေပမယ့္ ဘာေတြလဲဆိုတာ ကြၽန္မ မသိဘူး ျဖစ္ေနတယ္။ ဖမ္းဆုပ္လို႔လည္း မရဘူးေနာ္ . . .”
ပိုင္အာ နားမလည္ဟန္ျဖင့္ ေမးလိုက္သည္။
“ကြၽန္မ ႐ူးမ်ားေနတာလားဟင္၊ ကြၽန္မ ခံစားမိေနတာေတြက အမွန္ေတြပဲလား . . .”
သူမ၏ အေမးေၾကာင့္ ရဲေ႐ွာင္တစ္ေယာက္ ဆြံ႕အသြားမိသည္။
[မင္းက ႐ူးေနတယ္ ဟုတ္လား။ မင္းသာ ႐ူးေနရင္ ခ်င္းယန္နယ္ပယ္နဲ႔ ဒီကမ႓ာေပၚက ပညာ႐ွင္ေတြအားလုံး ႐ွက္လို႔ ကိုယ့္ကိုယ္ကိုယ္ သတ္ေသသြားေလာက္တယ္။ မင္းေျပာေနတဲ့ သက္႐ွိဆိုတာ တကယ့္သက္႐ွိ မဟုတ္ဘူးကြ။ ဝိညာဥ္ေတာ္ခ်ီဓာတ္လို႔ ေခၚတယ္။ လႈပ္႐ွားေနလို႔ မင္းက သက္႐ွိထင္ေနတာ . . .]
[သာမန္လူေတြဆိုရင္ ဒီခ်ီဓာတ္ကို ခံစားသိ႐ွိဖို႔က မလြယ္ဘူး။ လူ ၁၀၀ မွာ ၉၉ ေယာက္ေလာက္က မသိၾကဘူး . . .]
[အဲ့ဒီလို သိသြားတဲ့ လူေတြကလည္း ပညာ႐ွင္ေတြ ျဖစ္ကုန္ၾကတာပဲ။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားက ဒီလို ခ်ီဓာတ္ေတြ ႐ွိေနတာကို သိဖို႔ အခ်ိန္အေတာ္ၾကာတယ္ . . .]
[မင္းကေတာ့ သုံးရက္တည္းနဲ႔ ခ်ီဓာတ္ေတြ ကမ႓ာေပၚမွာ ႐ွိေနတယ္ ဆိုတာကို သိသြားၿပီေပါ့။ သူ႕လို လူမ်ိဳး ဘယ္မွာမွေတာင္ ႐ွိႏိုင္မယ္လို႔ ငါမထင္ဘူး . . .]
ရဲေ႐ွာင္ တအံ့တဩျဖင့္ စဥ္းစားေနမိသည္။
[သူ႕ရဲ႕ ပါရမီက ေတာ္ေတာ္ကို ထူးျခားတာပါလား . . .]
ရဲေ႐ွာင္၏ စိတ္ထဲတြင္လည္း အလြန္ေပ်ာ္႐ႊင္သြားမိသည္။ ယခုကဲ့သို႔ ဝိညာဥ္ေတာ္ခ်ီဓာတ္မ်ားအား ခံစားသိ႐ွိသြားၿပီ ျဖစ္သျဖင့္ ေ႐ွ႕ဆက္၍လည္း တိုးတက္မႈမ်ား ပို၍ ျမန္ဆန္လာမည္ ျဖစ္သည္။
ပိုင္အာ၏ ဒဏ္ရာမ်ားသည္လည္း တျဖည္းျဖည္း သက္သာလာခဲ့ၿပီ ျဖစ္သည္။
[ငါအခုမွ စဥ္းစားမိတယ္။ သူ႕ရဲ႕ ဒဏ္ရာေတြ သက္သာလာတာလည္း ေတာ္ေတာ္ကို ျမန္ပါလား။ ငါေကာက္ေတြ႕ခဲ့တဲ့ အမိႈက္ေလးက စၾကာဝဠာတစ္ခုလုံးမွာ အ႐ွားပါးဆုံး ရတနာတစ္ခု ျဖစ္ေနတာပါလား . . .]
ရဲေ႐ွာင္ တအံ့တဩ ေတြးေနမိပါေတာ့သည္။