မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 227
“ထိပ်တိုက်ရင်ဆိုင်မှု”
မိုးစက်မိုးပေါက်များ သည်းထန်စွာ ရွာသွန်းနေသည့်အချိန်တွင် အလင်းတန်းတစ်ခုသည် မြူခိုးများအကြားမှ လျင်မြန်စွာဖြင့် ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။ လျင်မြန်လွန်းသဖြင့် မည်သူမျှ သတိမပြုမိလိုက်ချေ။
တစ်ချိန်တည်းမှာပင် ထိုအလင်းတန်း၏ အနောက်သို့ အနက်ရောင် အခိုးအငွေ့တစ်ခုသည် အရိပ်ပမာ ထပ်ကြပ်မခွာ၍ လိုက်ပါသွားခဲ့သည်။
အဆိုပါ အရာနှစ်ခု ဖြတ်သန်းသွားသည့်အချိန်တွင် လေထုပင် တုန်ခါသွားပြီး ကောင်းကင်ထက်၌လည်း လင်းခနဲပင် ဖြစ်သွားသည်။
ထိုကဲ့သို့သော အစွမ်းမျိုးအား မော်တယ်ကမ္ဘာတွင် မည်သူမျှ မြင်တွေ့ဖူးကြလိမ့်မည် မဟုတ်ချေ။
အလင်းတန်း နှင့် အနက်ရောင်အခိုးအငွေ့တို့သည်
တိမ်စိုင်များအကြား တိုးဝင်သွားကြသည်။ ထိုအရာနှစ်ခုသည် မြေပြင်နှင့် မည်မျှအထိ ကွာဝေးသည်ကို မည်သူကမှ မှန်းဆနိုင်လိမ့်မည် မဟုတ်ချေ။
"ဘုန္း . . ."
ကောင်းကင်ထက်၌ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်သွားသည်။
အသံသည် မကျယ်လောင်လှသည့်တိုင် ကောင်းကင်တစ်ခွင်လုံးသာမက မော်တယ်ကမ္ဘာတစ်ခုလုံးပင် တုန်ခါသွားလေသည်။
ကောင်းကင် နှင့် မြေပြင်တစ်ခုလုံးကိုပင် သိမ့်သိမ့်တုန်သွားစေသည့်အတွက် မည်မျှထိ စွမ်းအားပြင်းထန်သည် ဆိုသည်ကို သိနိုင်ပေသည်။
ထို့နောက် မိုးကြိုးပစ်သံများသည် ကျယ်လောင်စွာဖြင့် အဆက်မပြတ် ထွက်ပေါ်လာပြန်သည်။ ကောင်းကင်ပြင်ကြီးတစ်ခုလုံး ဝမ်းနည်းပက်လက်ဖြင့် ငိုကြွေးနေသည့်အလား မိုးများသည်လည်း သည်းထန်စွာ ရွာသွန်းနေကြသည်။ မော်တယ်ကမ္ဘာတစ်ခုလုံး ရေလွှမ်းသွားမတတ်ပင် ဖြစ်နေလေသည်။
ပေါက်ကွဲထွက်သွားသည့် အရှိန်ကြောင့် တောင်များပင် တုန်ခါသွားကြပြီး တောင်ပေါ်မှ ကျောက်တုံးကျောက်ခဲများ လွင့်စင်ထွက်သွားကြသည်။
မိုးကြိုးများသည် အဆက်မပြတ် ပစ်ချနေသောကြောင့် ကောင်းကင်ယံတစ်ခွင်လုံး သောသောညံလျက်ရှိ်သည်။
ကောင်းကင်ပြင်တွင်လည်း အရောင်အမျိုးမျိုးဖြင့် လင်းလက်လျက်ရှိသော လျှပ်စီးများ ဖြစ်ပေါ်နေလေသည်။ ထိုမြင်ကွင်းသည် အလွန်လှပသော ပန်းချီကားတစ်ချပ်နှင့်ပင် တူနေပါသေးသည်။
မိုးကြိုးပစ်သံများသည် တဖြည်းဖြည်း စိပ်လာခဲ့သည်။ နောက်ဆုံးတွင်မူ မိုးကြိုးများစွာ တစ်ပြိုင်နက်တည်း ပစ်ချလိုက်ပြန်သည်။ ထို့ပြင် လျှပ်စီးများသည်လည်း ကမ္ဘာမြေတစ်ခုလုံးအား ကွန်ယက်သဖွယ် ဖုံးအုပ်ထားသည်။
လူတိုင်းသည် ဆောက်တည်ရာမရအောင်ပင် တုန်လှုပ်နေကြသည်။
မိုးကြိုးများ အဆက်မပြတ် ပစ်ခတ်နေမှုကြောင့် မိုးကြိုးနတ်ဘုရားနှစ်ပါး စစ်ခင်းနေကြသလားဟုပင် တွေးတောနေမိကြသည်။
အကြောင်းအရင်းအမှန်အား မည်သူမျှ မသိကြချေ။
အမှန်တကယ်တွင် မိုးကြိုးနတ်ဘုရား နှစ်ပါး မဟုတ်ဘဲ မိန်းကလေးနှစ်ဦး တိုက်ခိုက်နေကြခြင်းပင် ဖြစ်သည်။ ထိုမိန်းကလေး နှစ်ဦးစလုံးသည် စွမ်းအားကြီးရုံသာမက အလွန်လှပသော ရုပ်ရည်မျိုးလည်း ရှိကြသည်။
သူတို့နှစ်ဦးသည် အစွမ်းကုန် တိုက်ခိုက်နေကြပြီး နှစ်ယောက်ထဲမှ တစ်ယောက်သေသွားမှသာ ရပ်တန့်သွားပေလိမ့်မည်။
လက်ဝါးချင်း ထိတွေ့ရာတွင်လည်းကောင်း၊ ဓားချင်းထိတွေ့ရာတွင်လည်းကောင်း ကောင်းကင်ထက်၌ လျှပ်စီးများလက်သွားသကဲ့သို့ပင် ဖြစ်သွားကြသည်။ ယခုအချိန်ထိ သူမတို့သည် အကြိမ်ပေါင်း ၃၀၀၀ ကျော်ခန့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
နှစ်ဦးစလုံးသည် မည်သည့်ဘက်ကမျှ အရှုံးပေးမည့်ပုံ မပေါ်ချေ။
မိုးများသည်လည်း သည်းထန်စွာ ရွာသွန်းနေတုန်းပင် ဖြစ်သည်။
ကောင်းကင်ထက်ရှိ တိမ်စိုင်များနှင့် မြူခိုးများသည်လည်း ပြန့်ကျဲသွားခြင်း မရှိသေးပေ။
ထို့အတူ မိုးကြိုးများသည်လည်း အဆက်မပြတ်ပင် ပစ်နေတုန်းပင် ဖြစ်သည်။
ကျောက်တုံးများနှင့် မြေပြင်တစ်ခုလုံး ကွဲကြေသွားမှသာ မိုးကြိုးပစ်ခြင်း ရပ်တန့်မည်လောဟု လူတိုင်း တွေးနေမိကြသည်။ ထို့အတူ မော်တယ်ကမ္ဘာကြီးတစ်ခုလုံး ရေများဖြင့် ဖုံးလွှမ်းသွားသည့်အခါမှသာ မိုးအရွာ ရပ်နိုင်မည်လောဟု ထင်နေကြသည်။
တစ်ညတာ ကုန်ဆုံးသွားခဲ့ပြီး နောက်တစ်နေ့ မွန်းတည့်ချိန်သို့ပင် ရောက်ရှိလာလေသည်။ ထိုအချိန်တိုင်အောင် အခြေအနေသည် ပြောင်းလဲလာခြင်း မရှိသေးပေ။
မိန်းမပျိုနှစ်ဦး တိုက်ခိုက်နေကြစဉ် ဖြစ်ပေါ်လာသည့် ရေခိုးရေငွေ့များသည် ရဲရှောင်၏ ဟင်းလင်းပြင်များ အတွင်း ဝင်ရောက်သွားကြသည်။
ထိုအချိန်ထိ ရဲရှောင်သည် သတိလစ်နေတုန်းပင် ဖြစ်သည်။
အပြင်ဘက်တွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများအား ရဲရှောင် မသိသေးချေ။
ရဲရှောင်၏ ကိုယ်တွင်းရှိ ရှေးဦးခရမ်းရောင် ချီဓာတ်များသည် အလိုလို စီးဆင်းလာကြပြီး သွေးကြောများ ပိတ်ဆို့နေသည်ကို တဖြည်းဖြည်းချင်း ဖွင့်ပေးလျက်ရှိသည်။
ညနေစောင်းချိန်သို့ ရောက်သောအခါ ရှေးဦးခရမ်းရောင် ချီဓာတ်များသည် ရေငွေ့များ၏ အကူအညီဖြင့် ပွက်ပွက်ဆူလာပြီး ရဲရှောင်၏ သွေးကြောများအတွင်း ပေါက်ကွဲထွက်သွားလေသည်။
“ဘုန်း . . .”
ရဲရှောင် နိုးလာချေပြီ။
နိုးလာလာခြင်း ကောင်းကင်ထက်မှ ကျယ်လောင်သော အသံများအား ကြားလိုက်ရသဖြင့် ရဲရှောင်တစ်ယောက် လန့်သွားမိသည်။
“ဘာဖြစ်တာလဲဟ . . . ဘယ်လိုဖြစ်လို့ မိုးက သည်းသည်းမည်းမည်း ရွာနေတာလဲ။ မိုးကြိုးပစ်သံတွေကရော ဘာလို့ ဒီလောက်ထိ ကျယ်လောင် နေရတာလဲ . . .”
ထို့နောက် ရဲရှောင်သည် ယခင်နေ့ညမှ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအား ပြန်လည် မှတ်မိသွားသည်။
“အနက်ရောင်ဝတ် လူတစ်ယောက် ငါ့အခန်းထဲ ရောက်လာခဲ့တယ်။ သူက ငါ့ကို ဝေခွဲမရတဲ့ အကြည့်မျိုးနဲ့ ကြည့်နေခဲ့တာပဲ။ အဲဒီနောက်ပိုင်းတော့ ငါလည်း ဘာမှ မမှတ်မိတော့ဘူး . . .”
ရဲရှောင် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ မည်သို့မည်ပုံ သတိလစ်ခဲ့သည်ကို စဉ်းစားမရအောင်ပင် ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် အေးစက်နေသော သူ၏ ရင်ဘတ်အား သတိပြုမိသွားသည်။ ရဲရှောင်တစ်ယောက် အလန့်တကြားဖြင့် ငုံ့ကြည့်လိုက်သောအခါ အင်္ကျီကြယ်သီးများသည် တစ်လုံးမကျန် ပြုတ်နေကို တွေ့လိုက်ရသည်။
“ဒါ . . . ဒါ . . ."
ရဲရှောင်သည် သူ၏ ရင်ဘတ်အား ငုံ့ကြည့်ရင်း အလန့်တကြားပင် ဖြစ်သွားလေသည်။
“ဘယ်လို ဖြစ်တာလဲဟ . . . ဒီလူက ငါ့ကို မေ့အောင်လုပ်ပြီး ငါ့အပေါ်ပိုင်းကို လာချွတ်တာလား . . ."
ရဲရှောင် အိပ်ရာထက်မှ ကမန်းကတမ်း ထလိုက်သည်။ သူ၏ မျက်နှာတစ်ခုလုံးသည်လည်း ဖြူရော်နေပြီး -
“ငါ . . . ငါ မုဒိန်းအကျင့်ခံလိုက်ရတာတော့ မဟုတ်လောက်ပါဘူးနော် . . .”
ထို့နောက် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများအား တစ်ခုမကျန် စစ်ဆေးလိုက်သည်။ ထူးခြားမှုတော့ မရှိပေ။ ထို့ပြင် သူ၏ စွမ်းအင်များအား လည်ပတ်စေလိုက်ပြီး ကိုယ်တွင်းရှိ သန့်စင်သော ယန်စွမ်းအင်များအား စစ်ဆေးကြည့်လိုက်သောအခါတွင်လည်း အကောင်းပတိအတိုင်းပင် ရှိနေလေသည်။
“ဘာတွေ ဖြစ်ခဲ့တာလဲ . . . သူက တော်တော်ကို အစွမ်းထက်တဲ့ ပညာရှင်တစ်ယောက်ပဲ။ ငါ့ကို မေ့သွားအောင် ဘာလို့လုပ်တာလဲ။ ကြည့်ရသလောက်တော့ သူဘာမှ မလုပ်လိုက်ရဘဲ ပြန်ထွက်သွားတာ ထင်တယ် . . .”
ရဲရှောင် ခေါင်းကုတ်ရင်း အဖြေရှာနေမိသည်။
သူ၏ နှစ်ဘဝစာ အတွေ့အကြုံများအတွင်း ယခုကဲ့သို့ တစ်ခါမျှ မကြုံခဲ့ဖူးချေ။
ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် ရဲရှောင်တစ်ယောက် မျက်မှောင်ကြုတ်လိုက်ရင်း -
[ပိုင်ရှင်းယွဲ့များလား . . . မနေ့ညက ငါ့အခန်းထဲ ဝင်လာတဲ့လူကို သေချာမမှတ်မိလိုက်ဘူး။ သူ့ကို တွေ့လိုက်ရတဲ့ အချိန်က စက္ကန့်ဝက်လောက်ပဲ ရှိမယ်ထင်တယ်။ ဒါပေမယ့် သူ့ရဲ့ အငွေ့အသက်က ဝမ်ရမ်ချူးချူးတို့နဲ့ ဆင်နေတယ် . . .]
[ပိုင်ရှင်းယွဲ့ ဆိုရင်ရော သူက ဘာလို့ ထွက်သွားရတာလဲ။ ငါ့သရုပ်အမှန်ကို သိသွားလို့များလား။ ဒါဆို အခုလိုလုပ်ဖို့ ဘာလို့ ကြိုးစားခဲ့ရတာလဲ . . .]
ရဲရှောင် တွေးလေ ခေါင်းရှုပ်လေပင် ဖြစ်လျက်ရှိသည်။
ထိုအချိန်တွင် ကျယ်လောင်သော မိုးကြိုးပစ်သံကြီးတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။
ရဲရှောင်သည် အဝတ်အစားများအား ကမန်းကတန်း ပြန်ဝတ်လိုက်ပြီး ပြတင်းပေါက်အနားသို့ တိုးကပ်၍ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ ထို့နောက် မိုးကြိုးပစ်သံအား သေချာစွာ နားထောင်လိုက်ပြီး လျှပ်စီးများ လက်နေသည့် ပုံစံကိုလည်း အသေအချာ ကြည့်မိလိုက်သည်။ ခဏအကြာတွင် ရဲရှောင်၏ မျက်လုံးများထဲ၌ အံ့ဩသင့်နေသည့် အရိပ်အယောင်များ ဖုံးလွှမ်းသွားသည်။
အခြားလူများအဖို့ နတ်ဘုရားချင်း စစ်ခင်းနေကြသဖြင့် မိုးကြိုးများ ပစ်နေသည်ဟုသာ တွေးကောင်းတွေး ကြပေလိမ့်မည်။
သို့သော် ရဲရှောင်မှာမူ နတ်ဘုရားများ၏ လက်ချက် မဟုတ်သည်ကို သိနေလေသည်။
ရဲရှောင်သည် ကောင်းကင်ထက်သို့ မျက်မှောင်ကြုတ်၍ စိုက်ကြည့်လိုက်ရင်း -
[ထိပ်တန်းအဆင့် ပညာရှင်ကြီး နှစ်ယောက် ကောင်းကင်ထက်မှာ တိုက်ခိုက်နေကြတာပဲ ဖြစ်မယ်။ နှစ်ယောက်ထဲကတစ်ယောက် သေတဲ့အထိ တိုက်နေကြပုံပဲ . . .]
တိုက်ပွဲအခြေအနေအရ တစ်ယောက်မဟုတ် တစ်ယောက် သေသွားနိုင်သကဲ့သို့ နှစ်ယောက်စလုံးလည်း သေသွားနိုင်သည်ဟု ရဲရှောင် တွေးနေမိသည်။
ပို၍ အံ့သြစရာ ကောင်းသည့်အချက်မှာ ရဲရှောင်၏ နှစ်ဘဝလုံးတွင် ယခုကဲ့သို့ ပြင်းထန်သည့် တိုက်ပွဲမျိုးအား တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
ထို့ပြင် ယခုတိုက်ခိုက်နေကြသည့် လူနှစ်ဦးစလုံးသည် သူ၏ ယခင်ဘဝ ရှောင်ဧကရာဇ်ထက်ပင် ပို၍ အစွမ်းထက်ကြသည်မှာ သေချာလှပေသည်။
ကောင်းကင်ထက်တွင် တိုက်ခိုက်နေသော လူများသည် မည်သူမည်ဝါ ဖြစ်သည်ကို ရဲရှောင် တွေးနေမိပါတော့သည်။
္မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား
Chapter – 227
“ထိပ္တိုက္ရင္ဆိုင္မႈ”
မိုးစက္မိုးေပါက္မ်ား သည္းထန္စြာ ႐ြာသြန္းေနသည့္အခ်ိန္တြင္ အလင္းတန္းတစ္ခုသည္ ျမဴခိုးမ်ားအၾကားမွ လ်င္ျမန္စြာျဖင့္ ေကာင္းကင္ထက္သို႔ ပ်ံသန္းသြားသည္။ လ်င္ျမန္လြန္းသျဖင့္ မည္သူမွ် သတိမျပဳမိလိုက္ေခ်။
တစ္ခ်ိန္တည္းမွာပင္ ထိုအလင္းတန္း၏ အေနာက္သို႔ အနက္ေရာင္ အခိုးအေငြ႕တစ္ခုသည္ အရိပ္ပမာ ထပ္ၾကပ္မခြာ၍ လိုက္ပါသြားခဲ့သည္။
အဆိုပါ အရာႏွစ္ခု ျဖတ္သန္းသြားသည့္အခ်ိန္တြင္ ေလထုပင္ တုန္ခါသြားၿပီး ေကာင္းကင္ထက္၌လည္း လင္းခနဲပင္ ျဖစ္သြားသည္။
ထိုကဲ့သို႔ေသာ အစြမ္းမ်ိဳးအား ေမာ္တယ္ကမ႓ာတြင္ မည္သူမွ် ျမင္ေတြ႕ဖူးၾကလိမ့္မည္ မဟုတ္ေခ်။
အလင္းတန္း ႏွင့္ အနက္ေရာင္အခိုးအေငြ႕တို႔သည္
တိမ္စိုင္မ်ားအၾကား တိုးဝင္သြားၾကသည္။ ထိုအရာႏွစ္ခုသည္ ေျမျပင္ႏွင့္ မည္မွ်အထိ ကြာေဝးသည္ကို မည္သူကမွ မွန္းဆႏိုင္လိမ့္မည္ မဟုတ္ေခ်။
"ဘုန္း . . ."
ေကာင္းကင္ထက္၌ ေပါက္ကြဲသံတစ္ခု ထြက္ေပၚသြားသည္။
အသံသည္ မက်ယ္ေလာင္လွသည့္တိုင္ ေကာင္းကင္တစ္ခြင္လုံးသာမက ေမာ္တယ္ကမ႓ာတစ္ခုလုံးပင္ တုန္ခါသြားေလသည္။
ေကာင္းကင္ ႏွင့္ ေျမျပင္တစ္ခုလုံးကိုပင္ သိမ့္သိမ့္တုန္သြားေစသည့္အတြက္ မည္မွ်ထိ စြမ္းအားျပင္းထန္သည္ ဆိုသည္ကို သိႏိုင္ေပသည္။
ထို႔ေနာက္ မိုးႀကိဳးပစ္သံမ်ားသည္ က်ယ္ေလာင္စြာျဖင့္ အဆက္မျပတ္ ထြက္ေပၚလာျပန္သည္။ ေကာင္းကင္ျပင္ႀကီးတစ္ခုလုံး ဝမ္းနည္းပက္လက္ျဖင့္ ငိုေႂကြးေနသည့္အလား မိုးမ်ားသည္လည္း သည္းထန္စြာ ႐ြာသြန္းေနၾကသည္။ ေမာ္တယ္ကမ႓ာတစ္ခုလုံး ေရလႊမ္းသြားမတတ္ပင္ ျဖစ္ေနေလသည္။
ေပါက္ကြဲထြက္သြားသည့္ အ႐ွိန္ေၾကာင့္ ေတာင္မ်ားပင္ တုန္ခါသြားၾကၿပီး ေတာင္ေပၚမွ ေက်ာက္တုံးေက်ာက္ခဲမ်ား လြင့္စင္ထြက္သြားၾကသည္။
မိုးႀကိဳးမ်ားသည္ အဆက္မျပတ္ ပစ္ခ်ေနေသာေၾကာင့္ ေကာင္းကင္ယံတစ္ခြင္လုံး ေသာေသာညံလ်က္႐ွိ္သည္။
ေကာင္းကင္ျပင္တြင္လည္း အေရာင္အမ်ိဳးမ်ိဳးျဖင့္ လင္းလက္လ်က္႐ွိေသာ လွ်ပ္စီးမ်ား ျဖစ္ေပၚေနေလသည္။ ထိုျမင္ကြင္းသည္ အလြန္လွပေသာ ပန္းခ်ီကားတစ္ခ်ပ္ႏွင့္ပင္ တူေနပါေသးသည္။
မိုးႀကိဳးပစ္သံမ်ားသည္ တျဖည္းျဖည္း စိပ္လာခဲ့သည္။ ေနာက္ဆုံးတြင္မူ မိုးႀကိဳးမ်ားစြာ တစ္ၿပိဳင္နက္တည္း ပစ္ခ်လိုက္ျပန္သည္။ ထို႔ျပင္ လွ်ပ္စီးမ်ားသည္လည္း ကမ႓ာေျမတစ္ခုလုံးအား ကြန္ယက္သဖြယ္ ဖုံးအုပ္ထားသည္။
လူတိုင္းသည္ ေဆာက္တည္ရာမရေအာင္ပင္ တုန္လႈပ္ေနၾကသည္။
မိုးႀကိဳးမ်ား အဆက္မျပတ္ ပစ္ခတ္ေနမႈေၾကာင့္ မိုးႀကိဳးနတ္ဘုရားႏွစ္ပါး စစ္ခင္းေနၾကသလားဟုပင္ ေတြးေတာေနမိၾကသည္။
အေၾကာင္းအရင္းအမွန္အား မည္သူမွ် မသိၾကေခ်။
အမွန္တကယ္တြင္ မိုးႀကိဳးနတ္ဘုရား ႏွစ္ပါး မဟုတ္ဘဲ မိန္းကေလးႏွစ္ဦး တိုက္ခိုက္ေနၾကျခင္းပင္ ျဖစ္သည္။ ထိုမိန္းကေလး ႏွစ္ဦးစလုံးသည္ စြမ္းအားႀကီး႐ုံသာမက အလြန္လွပေသာ ႐ုပ္ရည္မ်ိဳးလည္း ႐ွိၾကသည္။
သူတို႔ႏွစ္ဦးသည္ အစြမ္းကုန္ တိုက္ခိုက္ေနၾကၿပီး ႏွစ္ေယာက္ထဲမွ တစ္ေယာက္ေသသြားမွသာ ရပ္တန္႔သြားေပလိမ့္မည္။
လက္ဝါးခ်င္း ထိေတြ႕ရာတြင္လည္းေကာင္း၊ ဓားခ်င္းထိေတြ႕ရာတြင္လည္းေကာင္း ေကာင္းကင္ထက္၌ လွ်ပ္စီးမ်ားလက္သြားသကဲ့သို႔ပင္ ျဖစ္သြားၾကသည္။ ယခုအခ်ိန္ထိ သူမတို႔သည္ အႀကိမ္ေပါင္း ၃၀၀၀ ေက်ာ္ခန္႔ တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ၿပီး ျဖစ္သည္။
ႏွစ္ဦးစလုံးသည္ မည္သည့္ဘက္ကမွ် အ႐ႈံးေပးမည့္ပုံ မေပၚေခ်။
မိုးမ်ားသည္လည္း သည္းထန္စြာ ႐ြာသြန္းေနတုန္းပင္ ျဖစ္သည္။
ေကာင္းကင္ထက္႐ွိ တိမ္စိုင္မ်ားႏွင့္ ျမဴခိုးမ်ားသည္လည္း ျပန္႔က်ဲသြားျခင္း မ႐ွိေသးေပ။
ထို႔အတူ မိုးႀကိဳးမ်ားသည္လည္း အဆက္မျပတ္ပင္ ပစ္ေနတုန္းပင္ ျဖစ္သည္။
ေက်ာက္တုံးမ်ားႏွင့္ ေျမျပင္တစ္ခုလုံး ကြဲေၾကသြားမွသာ မိုးႀကိဳးပစ္ျခင္း ရပ္တန္႔မည္ေလာဟု လူတိုင္း ေတြးေနမိၾကသည္။ ထို႔အတူ ေမာ္တယ္ကမ႓ာႀကီးတစ္ခုလုံး ေရမ်ားျဖင့္ ဖုံးလႊမ္းသြားသည့္အခါမွသာ မိုးအ႐ြာ ရပ္ႏိုင္မည္ေလာဟု ထင္ေနၾကသည္။
တစ္ညတာ ကုန္ဆုံးသြားခဲ့ၿပီး ေနာက္တစ္ေန႔ မြန္းတည့္ခ်ိန္သို႔ပင္ ေရာက္႐ွိလာေလသည္။ ထိုအခ်ိန္တိုင္ေအာင္ အေျခအေနသည္ ေျပာင္းလဲလာျခင္း မ႐ွိေသးေပ။
မိန္းမပ်ိဳႏွစ္ဦး တိုက္ခိုက္ေနၾကစဥ္ ျဖစ္ေပၚလာသည့္ ေရခိုးေရေငြ႕မ်ားသည္ ရဲေ႐ွာင္၏ ဟင္းလင္းျပင္မ်ား အတြင္း ဝင္ေရာက္သြားၾကသည္။
ထိုအခ်ိန္ထိ ရဲေ႐ွာင္သည္ သတိလစ္ေနတုန္းပင္ ျဖစ္သည္။
အျပင္ဘက္တြင္ ျဖစ္ပ်က္ေနသည့္ အေၾကာင္းအရာမ်ားအား ရဲေ႐ွာင္ မသိေသးေခ်။
ရဲေ႐ွာင္၏ ကိုယ္တြင္း႐ွိ ေ႐ွးဦးခရမ္းေရာင္ ခ်ီဓာတ္မ်ားသည္ အလိုလို စီးဆင္းလာၾကၿပီး ေသြးေၾကာမ်ား ပိတ္ဆို႔ေနသည္ကို တျဖည္းျဖည္းခ်င္း ဖြင့္ေပးလ်က္႐ွိသည္။
ညေနေစာင္းခ်ိန္သို႔ ေရာက္ေသာအခါ ေ႐ွးဦးခရမ္းေရာင္ ခ်ီဓာတ္မ်ားသည္ ေရေငြ႕မ်ား၏ အကူအညီျဖင့္ ပြက္ပြက္ဆူလာၿပီး ရဲေ႐ွာင္၏ ေသြးေၾကာမ်ားအတြင္း ေပါက္ကြဲထြက္သြားေလသည္။
“ဘုန္း . . .”
ရဲေ႐ွာင္ ႏိုးလာေခ်ၿပီ။
ႏိုးလာလာျခင္း ေကာင္းကင္ထက္မွ က်ယ္ေလာင္ေသာ အသံမ်ားအား ၾကားလိုက္ရသျဖင့္ ရဲေ႐ွာင္တစ္ေယာက္ လန္႔သြားမိသည္။
“ဘာျဖစ္တာလဲဟ . . . ဘယ္လိုျဖစ္လို႔ မိုးက သည္းသည္းမည္းမည္း ႐ြာေနတာလဲ။ မိုးႀကိဳးပစ္သံေတြကေရာ ဘာလို႔ ဒီေလာက္ထိ က်ယ္ေလာင္ ေနရတာလဲ . . .”
ထို႔ေနာက္ ရဲေ႐ွာင္သည္ ယခင္ေန႔ညမွ ျဖစ္ပ်က္ခဲ့သည့္ အျဖစ္အပ်က္မ်ားအား ျပန္လည္ မွတ္မိသြားသည္။
“အနက္ေရာင္ဝတ္ လူတစ္ေယာက္ ငါ့အခန္းထဲ ေရာက္လာခဲ့တယ္။ သူက ငါ့ကို ေဝခြဲမရတဲ့ အၾကည့္မ်ိဳးနဲ႔ ၾကည့္ေနခဲ့တာပဲ။ အဲဒီေနာက္ပိုင္းေတာ့ ငါလည္း ဘာမွ မမွတ္မိေတာ့ဘူး . . .”
ရဲေ႐ွာင္ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ သူ မည္သို႔မည္ပုံ သတိလစ္ခဲ့သည္ကို စဥ္းစားမရေအာင္ပင္ ျဖစ္ေနခဲ့သည္။
ထိုအခ်ိန္တြင္ ေအးစက္ေနေသာ သူ၏ ရင္ဘတ္အား သတိျပဳမိသြားသည္။ ရဲေ႐ွာင္တစ္ေယာက္ အလန္႔တၾကားျဖင့္ ငုံ႔ၾကည့္လိုက္ေသာအခါ အက်ႌၾကယ္သီးမ်ားသည္ တစ္လုံးမက်န္ ျပဳတ္ေနကို ေတြ႕လိုက္ရသည္။
“ဒါ . . . ဒါ . . ."
ရဲေ႐ွာင္သည္ သူ၏ ရင္ဘတ္အား ငုံ႔ၾကည့္ရင္း အလန္႔တၾကားပင္ ျဖစ္သြားေလသည္။
“ဘယ္လို ျဖစ္တာလဲဟ . . . ဒီလူက ငါ့ကို ေမ့ေအာင္လုပ္ၿပီး ငါ့အေပၚပိုင္းကို လာခြၽတ္တာလား . . ."
ရဲေ႐ွာင္ အိပ္ရာထက္မွ ကမန္းကတမ္း ထလိုက္သည္။ သူ၏ မ်က္ႏွာတစ္ခုလုံးသည္လည္း ျဖဴေရာ္ေနၿပီး -
“ငါ . . . ငါ မုဒိန္းအက်င့္ခံလိုက္ရတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္ . . .”
ထို႔ေနာက္ သူ၏ ခႏၶာကိုယ္ အစိတ္အပိုင္းမ်ားအား တစ္ခုမက်န္ စစ္ေဆးလိုက္သည္။ ထူးျခားမႈေတာ့ မ႐ွိေပ။ ထို႔ျပင္ သူ၏ စြမ္းအင္မ်ားအား လည္ပတ္ေစလိုက္ၿပီး ကိုယ္တြင္း႐ွိ သန္႔စင္ေသာ ယန္စြမ္းအင္မ်ားအား စစ္ေဆးၾကည့္လိုက္ေသာအခါတြင္လည္း အေကာင္းပတိအတိုင္းပင္ ႐ွိေနေလသည္။
“ဘာေတြ ျဖစ္ခဲ့တာလဲ . . . သူက ေတာ္ေတာ္ကို အစြမ္းထက္တဲ့ ပညာ႐ွင္တစ္ေယာက္ပဲ။ ငါ့ကို ေမ့သြားေအာင္ ဘာလို႔လုပ္တာလဲ။ ၾကည့္ရသေလာက္ေတာ့ သူဘာမွ မလုပ္လိုက္ရဘဲ ျပန္ထြက္သြားတာ ထင္တယ္ . . .”
ရဲေ႐ွာင္ ေခါင္းကုတ္ရင္း အေျဖ႐ွာေနမိသည္။
သူ၏ ႏွစ္ဘဝစာ အေတြ႕အၾကဳံမ်ားအတြင္း ယခုကဲ့သို႔ တစ္ခါမွ် မၾကဳံခဲ့ဖူးေခ်။
ျဖစ္ေပၚေနသည့္ အေျခအေနမ်ားေၾကာင့္ ရဲေ႐ွာင္တစ္ေယာက္ မ်က္ေမွာင္ၾကဳတ္လိုက္ရင္း -
[ပိုင္႐ွင္းယြဲ႕မ်ားလား . . . မေန႔ညက ငါ့အခန္းထဲ ဝင္လာတဲ့လူကို ေသခ်ာမမွတ္မိလိုက္ဘူး။ သူ႕ကို ေတြ႕လိုက္ရတဲ့ အခ်ိန္က စကၠန္႔ဝက္ေလာက္ပဲ ႐ွိမယ္ထင္တယ္။ ဒါေပမယ့္ သူ႕ရဲ႕ အေငြ႕အသက္က ဝမ္ရမ္ခ်ဴးခ်ဴးတို႔နဲ႔ ဆင္ေနတယ္ . . .]
[ပိုင္႐ွင္းယြဲ႕ ဆိုရင္ေရာ သူက ဘာလို႔ ထြက္သြားရတာလဲ။ ငါ့သ႐ုပ္အမွန္ကို သိသြားလို႔မ်ားလား။ ဒါဆို အခုလိုလုပ္ဖို႔ ဘာလို႔ ႀကိဳးစားခဲ့ရတာလဲ . . .]
ရဲေ႐ွာင္ ေတြးေလ ေခါင္း႐ႈပ္ေလပင္ ျဖစ္လ်က္႐ွိသည္။
ထိုအခ်ိန္တြင္ က်ယ္ေလာင္ေသာ မိုးႀကိဳးပစ္သံႀကီးတစ္ခုသည္ ထြက္ေပၚလာခဲ့သည္။
ရဲေ႐ွာင္သည္ အဝတ္အစားမ်ားအား ကမန္းကတန္း ျပန္ဝတ္လိုက္ၿပီး ျပတင္းေပါက္အနားသို႔ တိုးကပ္၍ ေကာင္းကင္ေပၚသို႔ ေမာ့ၾကည့္လိုက္သည္။ ထို႔ေနာက္ မိုးႀကိဳးပစ္သံအား ေသခ်ာစြာ နားေထာင္လိုက္ၿပီး လွ်ပ္စီးမ်ား လက္ေနသည့္ ပုံစံကိုလည္း အေသအခ်ာ ၾကည့္မိလိုက္သည္။ ခဏအၾကာတြင္ ရဲေ႐ွာင္၏ မ်က္လုံးမ်ားထဲ၌ အံ့ဩသင့္ေနသည့္ အရိပ္အေယာင္မ်ား ဖုံးလႊမ္းသြားသည္။
အျခားလူမ်ားအဖို႔ နတ္ဘုရားခ်င္း စစ္ခင္းေနၾကသျဖင့္ မိုးႀကိဳးမ်ား ပစ္ေနသည္ဟုသာ ေတြးေကာင္းေတြး ၾကေပလိမ့္မည္။
သို႔ေသာ္ ရဲေ႐ွာင္မွာမူ နတ္ဘုရားမ်ား၏ လက္ခ်က္ မဟုတ္သည္ကို သိေနေလသည္။
ရဲေ႐ွာင္သည္ ေကာင္းကင္ထက္သို႔ မ်က္ေမွာင္ၾကဳတ္၍ စိုက္ၾကည့္လိုက္ရင္း -
[ထိပ္တန္းအဆင့္ ပညာ႐ွင္ႀကီး ႏွစ္ေယာက္ ေကာင္းကင္ထက္မွာ တိုက္ခိုက္ေနၾကတာပဲ ျဖစ္မယ္။ ႏွစ္ေယာက္ထဲကတစ္ေယာက္ ေသတဲ့အထိ တိုက္ေနၾကပုံပဲ . . .]
တိုက္ပြဲအေျခအေနအရ တစ္ေယာက္မဟုတ္ တစ္ေယာက္ ေသသြားႏိုင္သကဲ့သို႔ ႏွစ္ေယာက္စလုံးလည္း ေသသြားႏိုင္သည္ဟု ရဲေ႐ွာင္ ေတြးေနမိသည္။
ပို၍ အံ့ၾသစရာ ေကာင္းသည့္အခ်က္မွာ ရဲေ႐ွာင္၏ ႏွစ္ဘဝလုံးတြင္ ယခုကဲ့သို႔ ျပင္းထန္သည့္ တိုက္ပြဲမ်ိဳးအား တစ္ခါမွ် မျမင္ေတြ႕ခဲ့ဖူးေခ်။
ထို႔ျပင္ ယခုတိုက္ခိုက္ေနၾကသည့္ လူႏွစ္ဦးစလုံးသည္ သူ၏ ယခင္ဘဝ ေ႐ွာင္ဧကရာဇ္ထက္ပင္ ပို၍ အစြမ္းထက္ၾကသည္မွာ ေသခ်ာလွေပသည္။
ေကာင္းကင္ထက္တြင္ တိုက္ခိုက္ေနေသာ လူမ်ားသည္ မည္သူမည္ဝါ ျဖစ္သည္ကို ရဲေ႐ွာင္ ေတြးေနမိပါေတာ့သည္။