မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 226
“တွေဝေခြင်း”
အနက်ရောင်ဝတ်ဆင်ထားသော လူသည် ရဲရှောင်၏ အမေးအား ပြန်မဖြေဘဲ ရဲရှောင်အား စူးစိုက်၍ သာ ကြည့်လိုက်သည်။ ထို့နောက် ထိုလူ၏ မျက်လုံးများမှ ထူးဆန်းသော အငွေ့အချို့ ထွက်ပေါ်လာခဲ့သည်။ ထို့ပြင် သူ၏ လက်အား မြောက်လိုက်ပြီး ထူးခြား ဆန်းကြယ်သော စွမ်းအားများစွာဖြင့် ရဲရှောင် လှုပ်ရှား၍ မရစေရန် ဖိနှိပ်ထားလိုက်သည်။
ရဲရှောင်အနေဖြင့် ပြင်ဆင်ချိန်ပင် မရလိုက်ချေ။
အနက်ရောင်ဝတ်ဆင်ထားသော မိန်းမပျိုသည် ရှေ့သို့ တိုးလိုက်ပြီး ရဲရှောင်အား အိပ်ရာထက်သို့ လှဲချလိုက်သည်။
ထိုအချိန်တွင် မိန်းမပျို၏ ခန္ဓာကိုယ်သည်လည်း တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်လျက် ရှိသည်။ ထို့နောက် ရဲရှောင်၏ လက်ကောက်ဝတ်အား မရဲတရဲဖင့် ဆုပ်ကိုင်လိုက်ရင်း သွေးကြောများအား စစ်ဆေးကြည့်လိုက်သည်။ ထိုအခါ အချိန်တိုအတွင်း ရဲရှောင်၏ ကိုယ်တွင်းအခြေအနေများအား သိရှိသွားလေသည်။
“ငါသိပြီ . . . ငါတို့ရဲ့ ဝေဒနာကို သူကုနိုင်တယ် ဆိုတာလည်း မထူးဆန်းပါဘူးလေ . . .”
“အရမ်းကို ပြင်းထန်တဲ့ စွမ်းအားတွေနဲ့ ခရမ်းရောင်ချီဓာတ်ပါလား . . ."
“ထင်ထားတဲ့အတိုင်းပဲ၊ ရှေ့ဖြစ်ဟော နိမ်ိတ်ထဲက လူက ပေါ်လာပြီကိုး။ ဒါပေမယ့် ဘာလို့ အခုမှ ပေါ်လာတာလဲ။ ငါ့မှာ အချိန်တစ်လပဲ ကျန်တော့တယ် . . .”
မိန်းမပျိုသည် ခဏတာမျှ တွေဝေ တုံ့ဆိုင်းနေရာမှ သူ၏ စိတ်အား ဒုံးဒုံးချ၍ စိတ်ပိုင်းဖြတ်လိုက်သည်။ ထို့နောက် အံကိုတင်းတင်းကြိတ်၍ ဝတ်ရုံလက်အစအား မတင်လိုက်ပြီး သူ၏ သွယ်လျလှပသော လက်များဖြင့် ရဲရှောင်၏ အင်္ကျီထံသို့ လှမ်းလိုက်လေသည်။
စိတ်လှုပ်ရှားမှုကြောင့် သူမ၏ လက်များသာမက တစ်ကိုယ်လုံးပင် တဆတ်ဆတ် တုန်နေခဲ့သည်။
ကောင်းကင်ထက်ရှိ တိမ်မည်းများကဲ့သို့ပင် သူမ၏ မျက်နှာသည်လည်း ပျက်ယွင်းလျက် ရှိသည်။
အဆင့်မြင့် ပညာရှင်တစ်ဦးဖြစ်သော သူမအဖို့ တစ်ဖက်လူ၏ အဝတ်များအား ချွတ်ရန် အချိန်တစ်စက္ကန့်ပင် မလိုသော်လည်း ယခုအခါတွင်မူ ချီတုံချတုံပင် ဖြစ်နေလေသည်။ ထို့ပြင် သူမ၏ စိတ်ထဲတွင်လည်း အတွေးပေါင်းများစွာဖြင့် လွန်ဆွဲလျက် ရှိသည်။
ထိုအချိန်တွင် ပြတင်းပေါက်မှ တစ်ဆင့် လေပြင်းများသည် မုန်တိုင်းတိုက်နေသကဲ့သို့ပင် ကြမ်းတမ်းစွာဖြင့် ဝင်ရောက်တိုက်ခတ်လာကြသည်။
“တစ်လ . . .”
မိန်းမပျိုသည် ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် သူမ၏ မျက်ဝန်းများမှ မျက်ရည်များ စီးကျလာကာ -
“ဒီလောက်ထိ အကြာကြီး ရှင်သန်ခဲ့ပြီးမှတော့ ငါသေမှာ အရေးမကြီးပါဘူး။ သေမယ်ဆိုလည်း သေပျော်ပါပြီ။ ဒါပေမယ့် ငါသေသွားရင် ငါ့ဂိုဏ်း ဘာဆက်ဖြစ်မလဲ . . .”
“ဒါပေမယ့် . . . ငါ့ရဲ့ အပျိုစင် ဘဝကလည်း . . .”
“နှစ်ပေါင်းမရေမတွက်နိုင်အောင် စောင့်ထိန်းခဲ့တဲ့ ငါ့ရဲ့ အပျိုစင်ဘဝကို သူစိမ်းယောကျာ်း တစ်ယောက်ဆီမှာ ဘယ်လို အဆုံးရှုံးခံရပါ့မလဲ . . .”
“ငါရှေ့ဆက်တိုးသင့်လား၊ နောက်ဆုတ်သင့်လား။ နှစ်ခုစလုံးက မှန်ကန်တဲ့ ရွေးချယ်မှုတွေ ချည်းပဲ။ ဒါပေမယ့် နှစ်ခုစုလုံးကိုလည်း ငါမလုပ်ချင်ဘူး . . .”
မိန်းမပျို၏ မျက်ဝန်းများတွင် ဝေခွဲမရဖြစ်နေသည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်လျက်ရှိသည်။
သူ၏ ပုံစံအား တစ်စုံတစ်ယောက်မှ မြင်တွေ့သွားမည် ဆိုပါက အလွန်ပင် အံ့သြသွားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့ ချီတုံချတုံ ဖြစ်နေသည့် သူ၏ ပုံစံအား မည်သူကမျှ တွေ့မြင်ခဲ့ဖူးလိမ့်မည် မဟုတ်ပေ။ မိန်းမပျိုသည် တုန်ယင်နေသော လက်များဖြင့် ရဲရှောင်၏ အင်္ကျီကြယ်သီးများအား တစ်လုံးချင်း ချွတ်နေမိသည်။
ရဲရှောင်သည် သတိလစ်နေသဖြင့် ဘာဆိုဘာမှ
မသိပေ။ မိန်းမပျို ပြုသမျှ နုရတော့မည့် အနေအထားပင်။
နောက်ဆုံးတွင်မူ ကြယ်သီးများအားလုံး ကျွတ်သွားခဲ့ချေပြီ။ မိန်းမပျိုသည် သူ၏ နူးညံ့သော လက်များဖြင့် ရဲရှောင်၏ ရင်ဘတ်အား ထိတွေ့လိုက်သည်။
ယောကျာ်းတစ်ယောက်၏ အသားအား ထိလိုက်ရ၍ မိန်းမပျိုသည် လျှပ်စီးနှင့် တို့ခံလိုက်ရသလိုပင် ခံစားလိုက်ရသည်။ ထို့ကြောင့် သူမ၏ လက်အား ချက်ချင်းပင် ပြန်ရုတ်လိုက်ပြီး မျက်နှာတစ်ခုလုံး သွေးမရှိတော့သည့်အတိုင်း ဖြူရော်ရော်ပင် ဖြစ်သွားလေသည်။
“ငါ . . .”
မိန်းမပျိုသည် ခြေမကိုင်မိ လက်မကိုင်မိဖြင့် ထိုင်လိုက်ထလိုက်ပင် လုပ်နေရင်း -
“ငါဘာလုပ်ရတော့မလဲ။ ဒီလိုတာဝန်ကြီးက ဘာလို့ ငါ့အပေါ်မှာ ကျလာရတာလဲ၊ ငါ . . . ငါ မလုပ်နိုင်ဘူး . . .”
မိန်းမပျိုသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ တိမ်မဲများ တရွေ့ရွေ့ သွားနေသည်ကိုကြည့်ရင်း သူ၏ ပါးပြင်ထက်မှ မျက်ရည်ပေါက်များသည် တလိမ့်ချင်းဖြင့် စီးကျလာလေသည်။
ထိုအချိန်တွင် အပြင်ဘက်မှ ဟားတိုက်ရယ်မောလိုက်သည့် ရယ်သံတစ်ခုအား ကြားလိုက်ရသည်။
“ဟား ဟား . . .”
လေပြင်းများ ဆူညံစွာ တိုက်ခတ်နေသော်လည်း ထိုရယ်သံသည် ကြည်လင်ပြတ်သားစွာဖြင့်ပင် ထွက်ပေါ်လာသည်။
မိန်းမပျိုသည် ချက်ချင်းပင် မတ်တတ်ထရပ်လိုက်သည်။ သူ၏ အကြည့် သူ၏ အပြုအမူများသည် ရက်စက်သွေးအေးသော လူတစ်ယောက်အသွင်သို့ ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။
“နင်ပဲ . . .”
မိန်းမပျိုသည် ခက်ထန်သော အသံဖြင့် ပြောလိုက်သည်။
အပြင်ဘက်မှ လူသည် ခနဲ့တဲ့တဲ့ဖြင့်ပင် ရယ်မောလိုက်ပြန်သည်။ ထိုအသံထဲတွင် အထင်သေးမှု နှင့် ကောက်ကျစ်မှုများ ပါဝင်နေသယောင်ပင်။
ရဲရှောင်၏ အခန်းထဲတွင် ရှိနေသော မိန်းကလေးသည် တစ်မြို့လုံးအား မုန်တိုင်းထန်အောင် ပြုလုပ်ထားသည့်အပြင် ရဲရှောင်၏ အခန်းကိုလည်း ပိတ်ဆို့ထားခဲ့သည်။ သာမန်လူတစ်ဦးအနေဖြင့် မည်သည့်အကြောင်းနှင့်မျှ ယခုနေရာသို့ ရောက်လာနိုင်စရာ အကြောင်းမရှိချေ။
ယခုအခါတွင်မူ အသံပိုင်ရှင်သည် ပြတင်းပေါက်နားသို့ ရောက်လာသည်သာမက သူ၏ ရယ်သံကိုပင် ကောင်းစွာ ကြားနေရသည်။
“လက်စသတ်တော့ ရှဲ့ဒန်ယူ . . . နင်ကိုး . . ."
မိန်းမပျိုသည် တည်ငြိမ်စွာဖြင့်ပင် ပြောလိုက်သည်။
အပြင်ဘက်မှ မိန်းကလေးသည်လည်း ခနဲ့တဲ့တဲ့ အသံမျိုးဖြင့် -
“ငါ တကယ်ပဲ မထင်ထားခဲ့မိဘူး။ ကမ္ဘာကြီးမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ ပြည့်နေတာပါလား ။ ချင်းယန်နယ်ပယ်က နာမည်အကြီးဆုံး ရွှမ်ပိုင်ဆိုတဲ့ နတ်သမီးဆီမှာ ဒီလို အကျင့်မျိုး ဝါသနာမျိုး ရှိမယ်လို့ ထင်ကို မထင်ထားခဲ့မိဘူး။ တော်တော်ကို အံ့ဩစရာပဲ။ ဟဲဟဲ . . . အရင်တုန်းကဆိုရင် မိန်းမတွေကို မုဒိမ်းကျင့်တဲ့ ယောကျာ်းမျိုးကို လူယုတ်မာတွေလို့ သတ်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် အခုလို ယောကျာ်းတစ်ယောက်ကို မုဒိမ်းကျင့်တဲ့ မိန်းမကိုတော့ ငါတစ်ခါမှ မကြားလည်း မကြားဖူးခဲ့ဘူး မမြင်လည်း မမြင်ဖူးခဲ့ဘူး။ အမျိုးသမီးမုဒိမ်းသမား ဆိုတဲ့ စကားက တကယ်ရှိနေတာပါလား . . .”
“မိန်းကလေး ရွှမ် . . . နင်ကတော့ လမ်းသစ်ထွင်လိုက်တာပဲ။ နင်ကိုယ်တိုင် ဒီလိုဖြစ်နေတာ ငါတော့ တော်တော် အထင်ကြီးမိပြီ . . .”
ထို့နောက် ဟက်ဟက်ပက်ပက်ပင် ရယ်မောလိုက်ပြန်ရင်း -
“ကမ္ဘာကြီးတစ်ခုလုံးကိုတောင် အုပ်စိုးနိုင်စွမ်းရှိတဲ့ ရွှမ်ပိုင် နတ်သမီးရဲ့ ဖြူစင်မှုဆိုတာ ဒါလား။ ဟက်ဟက် . . . တော်တော်တော့ ရယ်ရတယ်။ နင်ရွေးတဲ့လူကလည်း အဆင့်နိမ့် ကမ္ဘာက လူချောလေး ပါလား။ ဉာဏ်တော့ တော်တော် ကောင်းတယ်နော်။ နင့်ရဲ့ လုပ်ရပ်ကို လူသိဖို့ဆိုတာ ဘယ်ဖြစ်နိုင်တော့မလဲ . . .”
“ငါတော့ ဒီနေ့ နင့်ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကြီးကို တွေ့လိုက်ရပြီ ထင်တယ် . . .”
“ဟမ့် . . . နင်က င့ါတစ်ဂိုဏ်းလုံးကို ဖြိုကွဲပြီး ငါတို့ဂိုဏ်းရဲ့ အမွေအနှစ်တွေကို ဖျက်ဆီးခဲ့တယ်။ ငါတို့ရဲ့ မီးတောင် ၁၀၉ ခုလုံးကိုလည်း မီးရှို့ပြီး ပေါက်ကွဲအောင် လုပ်ခဲ့တယ် . . .”
“ရွှမ်ပိုင် . . . နင်က တော်တော်ကို ရက်စက်တာပါလား။ နင်ကြ ဒီမှာ စိတ်အေးလက်အေးနဲ့ မော်တယ်ကမ္ဘာက လူချောလေးနဲ့ ပျော်ပါးတော့မယ်ပေါ့လေ။ နင့်ကိုတော့ တော်တော် အထင်ကြီးသွားမိပြီ . . .”
အပြင်ဘက်မှ မိန်းကလေးသည် သူ၏ နှုတ်ခမ်းအား ပြတ်မတတ်ပင် ကိုက်၍ ပြောလိုက်သည်။
ရှဲ့ဒန်ယူ၏ စကားများကြောင့် အခန်းထဲရှိ ရွှမ်ပိုင်သည် ရှက်ရွံ့စိတ်ကြောင့် မျက်နှာတစ်ခုလုံး ရဲရဲနီသွားလေသည်။ သို့သော် အမှန်တရားအား သူမ ဘက်မှ ရှင်းပြနိုင်စွမ်း မရှိချေ။
ရွှမ်ပိုင်သည် ရှဲ့ဒန်ယူအား အလွန်မုန်းတီးသော အကြည့်မျိုးဖြင့် ကြည့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများ ထုတ်လွှတ်လိုက်သည်။ ထိုစွမ်းအင်လှိုင်းများကြောင့် ရွှမ်ပိုင်သည် အခိုးအငွေ့အဖြစ် တဖြည်းဖြည်းပြောင်းလဲသွားပြီးနောက် အခန်းထဲမှ ပျောက်ကွယ်သွားကာ အပြင်ဘက်သို့ ရောက်သွားလေသည်။
“ရှဲ့ဒန်ယူ . . . နင်တို့ ပျက်ဆီးရတယ်ဆိုတာ နင်ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းကြောင့်ပဲ။ အခုလို ငါ့ကို တွေ့သွားမှတော့ ငါမသေခင် နင့်ကို ငရဲပို့ပေးရတော့မှာပေါ့ . . .”
“နင့်ကြောင့် လူတွေ ဘယ်လောက်ထိများ သေခဲ့ရသလဲ။ ဒီနေ့ အဲဒီလူတွေအတွက် နင့်ကို သွေးကြွေး ဆပ်ရမယ် . . .”
“ဟားဟား . . . ရွှမ်ပိုင် . . . နင့်ရဲ့ လျှို့ဝှက်ချက်ကို ငါလျှောက်ပြောမှာ စိုးတာနဲ့ပဲ ငါ့ကို သတ်ချင်နေပြီပေ့ါ။ ကောင်းပြီလေ . . . နင်က ငါ့ကို ငရဲခေါ်သွားမယ် ဆိုပေမယ့် ငါကတော့ မလိုက်ချင်သေးဘူး။ ငရဲဆိုတာ ငါ့နေရာမဟုတ်ဘူး၊ နင့်လိုလူမျိုးရဲ့ နေရာပဲ။ ဒီနေ့မြင်ကွင်းကတော့ ငါ့တစ်သက် မေ့ရတော့မှာကို မဟုတ်ဘူး။ တော်တော်ကို စိတ်ကြွနေပုံပဲ ဟားဟား . . .”
ရှဲ့ဒန်ယူသည် ခနဲ့တဲ့တဲ့ဖြင့် ရယ်မောရင်း ပြောလိုက်ပါတော့သည်။
မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား
Chapter – 226
“ေတြေဝျခင္း”
အနက္ေရာင္ဝတ္ဆင္ထားေသာ လူသည္ ရဲေ႐ွာင္၏ အေမးအား ျပန္မေျဖဘဲ ရဲေ႐ွာင္အား စူးစိုက္၍ သာ ၾကည့္လိုက္သည္။ ထို႔ေနာက္ ထိုလူ၏ မ်က္လုံးမ်ားမွ ထူးဆန္းေသာ အေငြ႕အခ်ိဳ႕ ထြက္ေပၚလာခဲ့သည္။ ထို႔ျပင္ သူ၏ လက္အား ေျမာက္လိုက္ၿပီး ထူးျခား ဆန္းၾကယ္ေသာ စြမ္းအားမ်ားစြာျဖင့္ ရဲေ႐ွာင္ လႈပ္႐ွား၍ မရေစရန္ ဖိႏွိပ္ထားလိုက္သည္။
ရဲေ႐ွာင္အေနျဖင့္ ျပင္ဆင္ခ်ိန္ပင္ မရလိုက္ေခ်။
အနက္ေရာင္ဝတ္ဆင္ထားေသာ မိန္းမပ်ိဳသည္ ေ႐ွ႕သို႔ တိုးလိုက္ၿပီး ရဲေ႐ွာင္အား အိပ္ရာထက္သို႔ လွဲခ်လိုက္သည္။
ထိုအခ်ိန္တြင္ မိန္းမပ်ိဳ၏ ခႏၶာကိုယ္သည္လည္း တစ္ကိုယ္လုံး တဆတ္ဆတ္တုန္ယင္လ်က္ ႐ွိသည္။ ထို႔ေနာက္ ရဲေ႐ွာင္၏ လက္ေကာက္ဝတ္အား မရဲတရဲဖင့္ ဆုပ္ကိုင္လိုက္ရင္း ေသြးေၾကာမ်ားအား စစ္ေဆးၾကည့္လိုက္သည္။ ထိုအခါ အခ်ိန္တိုအတြင္း ရဲေ႐ွာင္၏ ကိုယ္တြင္းအေျခအေနမ်ားအား သိ႐ွိသြားေလသည္။
“ငါသိၿပီ . . . ငါတို႔ရဲ႕ ေဝဒနာကို သူကုႏိုင္တယ္ ဆိုတာလည္း မထူးဆန္းပါဘူးေလ . . .”
“အရမ္းကို ျပင္းထန္တဲ့ စြမ္းအားေတြနဲ႔ ခရမ္းေရာင္ခ်ီဓာတ္ပါလား . . ."
“ထင္ထားတဲ့အတိုင္းပဲ၊ ေ႐ွ႕ျဖစ္ေဟာ နိမ္ိတ္ထဲက လူက ေပၚလာၿပီကိုး။ ဒါေပမယ့္ ဘာလို႔ အခုမွ ေပၚလာတာလဲ။ ငါ့မွာ အခ်ိန္တစ္လပဲ က်န္ေတာ့တယ္ . . .”
မိန္းမပ်ိဳသည္ ခဏတာမွ် ေတြေဝ တုံ႔ဆိုင္းေနရာမွ သူ၏ စိတ္အား ဒုံးဒုံးခ်၍ စိတ္ပိုင္းျဖတ္လိုက္သည္။ ထို႔ေနာက္ အံကိုတင္းတင္းႀကိတ္၍ ဝတ္႐ုံလက္အစအား မတင္လိုက္ၿပီး သူ၏ သြယ္လ်လွပေသာ လက္မ်ားျဖင့္ ရဲေ႐ွာင္၏ အက်ႌထံသို႔ လွမ္းလိုက္ေလသည္။
စိတ္လႈပ္႐ွားမႈေၾကာင့္ သူမ၏ လက္မ်ားသာမက တစ္ကိုယ္လုံးပင္ တဆတ္ဆတ္ တုန္ေနခဲ့သည္။
ေကာင္းကင္ထက္႐ွိ တိမ္မည္းမ်ားကဲ့သို႔ပင္ သူမ၏ မ်က္ႏွာသည္လည္း ပ်က္ယြင္းလ်က္ ႐ွိသည္။
အဆင့္ျမင့္ ပညာ႐ွင္တစ္ဦးျဖစ္ေသာ သူမအဖို႔ တစ္ဖက္လူ၏ အဝတ္မ်ားအား ခြၽတ္ရန္ အခ်ိန္တစ္စကၠန္႔ပင္ မလိုေသာ္လည္း ယခုအခါတြင္မူ ခ်ီတုံခ်တုံပင္ ျဖစ္ေနေလသည္။ ထို႔ျပင္ သူမ၏ စိတ္ထဲတြင္လည္း အေတြးေပါင္းမ်ားစြာျဖင့္ လြန္ဆြဲလ်က္ ႐ွိသည္။
ထိုအခ်ိန္တြင္ ျပတင္းေပါက္မွ တစ္ဆင့္ ေလျပင္းမ်ားသည္ မုန္တိုင္းတိုက္ေနသကဲ့သို႔ပင္ ၾကမ္းတမ္းစြာျဖင့္ ဝင္ေရာက္တိုက္ခတ္လာၾကသည္။
“တစ္လ . . .”
မိန္းမပ်ိဳသည္ ခပ္တိုးတိုး ေရ႐ြတ္လိုက္ၿပီးေနာက္ သူမ၏ မ်က္ဝန္းမ်ားမွ မ်က္ရည္မ်ား စီးက်လာကာ -
“ဒီေလာက္ထိ အၾကာႀကီး ႐ွင္သန္ခဲ့ၿပီးမွေတာ့ ငါေသမွာ အေရးမႀကီးပါဘူး။ ေသမယ္ဆိုလည္း ေသေပ်ာ္ပါၿပီ။ ဒါေပမယ့္ ငါေသသြားရင္ ငါ့ဂိုဏ္း ဘာဆက္ျဖစ္မလဲ . . .”
“ဒါေပမယ့္ . . . ငါ့ရဲ႕ အပ်ိဳစင္ ဘဝကလည္း . . .”
“ႏွစ္ေပါင္းမေရမတြက္ႏိုင္ေအာင္ ေစာင့္ထိန္းခဲ့တဲ့ ငါ့ရဲ႕ အပ်ိဳစင္ဘဝကို သူစိမ္းေယာက်ာ္း တစ္ေယာက္ဆီမွာ ဘယ္လို အဆုံး႐ႈံးခံရပါ့မလဲ . . .”
“ငါေ႐ွ႕ဆက္တိုးသင့္လား၊ ေနာက္ဆုတ္သင့္လား။ ႏွစ္ခုစလုံးက မွန္ကန္တဲ့ ေ႐ြးခ်ယ္မႈေတြ ခ်ည္းပဲ။ ဒါေပမယ့္ ႏွစ္ခုစုလုံးကိုလည္း ငါမလုပ္ခ်င္ဘူး . . .”
မိန္းမပ်ိဳ၏ မ်က္ဝန္းမ်ားတြင္ ေဝခြဲမရျဖစ္ေနသည့္ အရိပ္အေယာင္မ်ား အထင္းသား ေပၚလြင္လ်က္႐ွိသည္။
သူ၏ ပုံစံအား တစ္စုံတစ္ေယာက္မွ ျမင္ေတြ႕သြားမည္ ဆိုပါက အလြန္ပင္ အံ့ၾသသြားေပလိမ့္မည္။
အဘယ္ေၾကာင့္ဆိုေသာ္ ယခုကဲ့သို႔ ခ်ီတုံခ်တုံ ျဖစ္ေနသည့္ သူ၏ ပုံစံအား မည္သူကမွ် ေတြ႕ျမင္ခဲ့ဖူးလိမ့္မည္ မဟုတ္ေပ။ မိန္းမပ်ိဳသည္ တုန္ယင္ေနေသာ လက္မ်ားျဖင့္ ရဲေ႐ွာင္၏ အက်ႌၾကယ္သီးမ်ားအား တစ္လုံးခ်င္း ခြၽတ္ေနမိသည္။
ရဲေ႐ွာင္သည္ သတိလစ္ေနသျဖင့္ ဘာဆိုဘာမွ
မသိေပ။ မိန္းမပ်ိဳ ျပဳသမွ် ႏုရေတာ့မည့္ အေနအထားပင္။
ေနာက္ဆုံးတြင္မူ ၾကယ္သီးမ်ားအားလုံး ကြၽတ္သြားခဲ့ေခ်ၿပီ။ မိန္းမပ်ိဳသည္ သူ၏ ႏူးညံ့ေသာ လက္မ်ားျဖင့္ ရဲေ႐ွာင္၏ ရင္ဘတ္အား ထိေတြ႕လိုက္သည္။
ေယာက်ာ္းတစ္ေယာက္၏ အသားအား ထိလိုက္ရ၍ မိန္းမပ်ိဳသည္ လွ်ပ္စီးႏွင့္ တို႔ခံလိုက္ရသလိုပင္ ခံစားလိုက္ရသည္။ ထို႔ေၾကာင့္ သူမ၏ လက္အား ခ်က္ခ်င္းပင္ ျပန္႐ုတ္လိုက္ၿပီး မ်က္ႏွာတစ္ခုလုံး ေသြးမ႐ွိေတာ့သည့္အတိုင္း ျဖဴေရာ္ေရာ္ပင္ ျဖစ္သြားေလသည္။
“ငါ . . .”
မိန္းမပ်ိဳသည္ ေျခမကိုင္မိ လက္မကိုင္မိျဖင့္ ထိုင္လိုက္ထလိုက္ပင္ လုပ္ေနရင္း -
“ငါဘာလုပ္ရေတာ့မလဲ။ ဒီလိုတာဝန္ႀကီးက ဘာလို႔ ငါ့အေပၚမွာ က်လာရတာလဲ၊ ငါ . . . ငါ မလုပ္ႏိုင္ဘူး . . .”
မိန္းမပ်ိဳသည္ ေကာင္းကင္ထက္သို႔ ေမာ့ၾကည့္လိုက္သည္။ တိမ္မဲမ်ား တေ႐ြ႕ေ႐ြ႕ သြားေနသည္ကိုၾကည့္ရင္း သူ၏ ပါးျပင္ထက္မွ မ်က္ရည္ေပါက္မ်ားသည္ တလိမ့္ခ်င္းျဖင့္ စီးက်လာေလသည္။
ထိုအခ်ိန္တြင္ အျပင္ဘက္မွ ဟားတိုက္ရယ္ေမာလိုက္သည့္ ရယ္သံတစ္ခုအား ၾကားလိုက္ရသည္။
“ဟား ဟား . . .”
ေလျပင္းမ်ား ဆူညံစြာ တိုက္ခတ္ေနေသာ္လည္း ထိုရယ္သံသည္ ၾကည္လင္ျပတ္သားစြာျဖင့္ပင္ ထြက္ေပၚလာသည္။
မိန္းမပ်ိဳသည္ ခ်က္ခ်င္းပင္ မတ္တတ္ထရပ္လိုက္သည္။ သူ၏ အၾကည့္ သူ၏ အျပဳအမူမ်ားသည္ ရက္စက္ေသြးေအးေသာ လူတစ္ေယာက္အသြင္သို႔ ႐ုတ္ခ်ည္းေျပာင္းလဲသြားခဲ့သည္။
“နင္ပဲ . . .”
မိန္းမပ်ိဳသည္ ခက္ထန္ေသာ အသံျဖင့္ ေျပာလိုက္သည္။
အျပင္ဘက္မွ လူသည္ ခနဲ႔တဲ့တဲ့ျဖင့္ပင္ ရယ္ေမာလိုက္ျပန္သည္။ ထိုအသံထဲတြင္ အထင္ေသးမႈ ႏွင့္ ေကာက္က်စ္မႈမ်ား ပါဝင္ေနသေယာင္ပင္။
ရဲေ႐ွာင္၏ အခန္းထဲတြင္ ႐ွိေနေသာ မိန္းကေလးသည္ တစ္ၿမိဳ႕လုံးအား မုန္တိုင္းထန္ေအာင္ ျပဳလုပ္ထားသည့္အျပင္ ရဲေ႐ွာင္၏ အခန္းကိုလည္း ပိတ္ဆို႔ထားခဲ့သည္။ သာမန္လူတစ္ဦးအေနျဖင့္ မည္သည့္အေၾကာင္းႏွင့္မွ် ယခုေနရာသို႔ ေရာက္လာႏိုင္စရာ အေၾကာင္းမ႐ွိေခ်။
ယခုအခါတြင္မူ အသံပိုင္႐ွင္သည္ ျပတင္းေပါက္နားသို႔ ေရာက္လာသည္သာမက သူ၏ ရယ္သံကိုပင္ ေကာင္းစြာ ၾကားေနရသည္။
“လက္စသတ္ေတာ့ ႐ွဲ႕ဒန္ယူ . . . နင္ကိုး . . ."
မိန္းမပ်ိဳသည္ တည္ၿငိမ္စြာျဖင့္ပင္ ေျပာလိုက္သည္။
အျပင္ဘက္မွ မိန္းကေလးသည္လည္း ခနဲ႔တဲ့တဲ့ အသံမ်ိဳးျဖင့္ -
“ငါ တကယ္ပဲ မထင္ထားခဲ့မိဘူး။ ကမ႓ာႀကီးမွာ ထူးဆန္းတဲ့ အျဖစ္အပ်က္ေတြနဲ႔ ျပည့္ေနတာပါလား ။ ခ်င္းယန္နယ္ပယ္က နာမည္အႀကီးဆုံး ႐ႊမ္ပိုင္ဆိုတဲ့ နတ္သမီးဆီမွာ ဒီလို အက်င့္မ်ိဳး ဝါသနာမ်ိဳး ႐ွိမယ္လို႔ ထင္ကို မထင္ထားခဲ့မိဘူး။ ေတာ္ေတာ္ကို အံ့ဩစရာပဲ။ ဟဲဟဲ . . . အရင္တုန္းကဆိုရင္ မိန္းမေတြကို မုဒိမ္းက်င့္တဲ့ ေယာက်ာ္းမ်ိဳးကို လူယုတ္မာေတြလို႔ သတ္မွတ္ခဲ့ၾကတယ္။ ဒါေပမယ့္ အခုလို ေယာက်ာ္းတစ္ေယာက္ကို မုဒိမ္းက်င့္တဲ့ မိန္းမကိုေတာ့ ငါတစ္ခါမွ မၾကားလည္း မၾကားဖူးခဲ့ဘူး မျမင္လည္း မျမင္ဖူးခဲ့ဘူး။ အမ်ိဳးသမီးမုဒိမ္းသမား ဆိုတဲ့ စကားက တကယ္႐ွိေနတာပါလား . . .”
“မိန္းကေလး ႐ႊမ္ . . . နင္ကေတာ့ လမ္းသစ္ထြင္လိုက္တာပဲ။ နင္ကိုယ္တိုင္ ဒီလိုျဖစ္ေနတာ ငါေတာ့ ေတာ္ေတာ္ အထင္ႀကီးမိၿပီ . . .”
ထို႔ေနာက္ ဟက္ဟက္ပက္ပက္ပင္ ရယ္ေမာလိုက္ျပန္ရင္း -
“ကမ႓ာႀကီးတစ္ခုလုံးကိုေတာင္ အုပ္စိုးႏိုင္စြမ္း႐ွိတဲ့ ႐ႊမ္ပိုင္ နတ္သမီးရဲ႕ ျဖဴစင္မႈဆိုတာ ဒါလား။ ဟက္ဟက္ . . . ေတာ္ေတာ္ေတာ့ ရယ္ရတယ္။ နင္ေ႐ြးတဲ့လူကလည္း အဆင့္နိမ့္ ကမ႓ာက လူေခ်ာေလး ပါလား။ ဉာဏ္ေတာ့ ေတာ္ေတာ္ ေကာင္းတယ္ေနာ္။ နင့္ရဲ႕ လုပ္ရပ္ကို လူသိဖို႔ဆိုတာ ဘယ္ျဖစ္ႏိုင္ေတာ့မလဲ . . .”
“ငါေတာ့ ဒီေန႔ နင့္ရဲ႕ အႀကီးမားဆုံး လွ်ိဳ႕ဝွက္ခ်က္ႀကီးကို ေတြ႕လိုက္ရၿပီ ထင္တယ္ . . .”
“ဟမ့္ . . . နင္က င့ါတစ္ဂိုဏ္းလုံးကို ၿဖိဳကြဲၿပီး ငါတို႔ဂိုဏ္းရဲ႕ အေမြအႏွစ္ေတြကို ဖ်က္ဆီးခဲ့တယ္။ ငါတို႔ရဲ႕ မီးေတာင္ ၁၀၉ ခုလုံးကိုလည္း မီး႐ိႈ႕ၿပီး ေပါက္ကြဲေအာင္ လုပ္ခဲ့တယ္ . . .”
“႐ႊမ္ပိုင္ . . . နင္က ေတာ္ေတာ္ကို ရက္စက္တာပါလား။ နင္ၾက ဒီမွာ စိတ္ေအးလက္ေအးနဲ႔ ေမာ္တယ္ကမ႓ာက လူေခ်ာေလးနဲ႔ ေပ်ာ္ပါးေတာ့မယ္ေပါ့ေလ။ နင့္ကိုေတာ့ ေတာ္ေတာ္ အထင္ႀကီးသြားမိၿပီ . . .”
အျပင္ဘက္မွ မိန္းကေလးသည္ သူ၏ ႏႈတ္ခမ္းအား ျပတ္မတတ္ပင္ ကိုက္၍ ေျပာလိုက္သည္။
႐ွဲ႕ဒန္ယူ၏ စကားမ်ားေၾကာင့္ အခန္းထဲ႐ွိ ႐ႊမ္ပိုင္သည္ ႐ွက္႐ြံ႕စိတ္ေၾကာင့္ မ်က္ႏွာတစ္ခုလုံး ရဲရဲနီသြားေလသည္။ သို႔ေသာ္ အမွန္တရားအား သူမ ဘက္မွ ႐ွင္းျပႏိုင္စြမ္း မ႐ွိေခ်။
႐ႊမ္ပိုင္သည္ ႐ွဲ႕ဒန္ယူအား အလြန္မုန္းတီးေသာ အၾကည့္မ်ိဳးျဖင့္ ၾကည့္လိုက္ၿပီး သူမ၏ ခႏၶာကိုယ္မွ စြမ္းအင္လိႈင္းမ်ား ထုတ္လႊတ္လိုက္သည္။ ထိုစြမ္းအင္လိႈင္းမ်ားေၾကာင့္ ႐ႊမ္ပိုင္သည္ အခိုးအေငြ႕အျဖစ္ တျဖည္းျဖည္းေျပာင္းလဲသြားၿပီးေနာက္ အခန္းထဲမွ ေပ်ာက္ကြယ္သြားကာ အျပင္ဘက္သို႔ ေရာက္သြားေလသည္။
“႐ွဲ႕ဒန္ယူ . . . နင္တို႔ ပ်က္ဆီးရတယ္ဆိုတာ နင္ကိုယ္တိုင္ ေ႐ြးခ်ယ္ခဲ့တဲ့ လမ္းေၾကာင့္ပဲ။ အခုလို ငါ့ကို ေတြ႕သြားမွေတာ့ ငါမေသခင္ နင့္ကို ငရဲပို႔ေပးရေတာ့မွာေပါ့ . . .”
“နင့္ေၾကာင့္ လူေတြ ဘယ္ေလာက္ထိမ်ား ေသခဲ့ရသလဲ။ ဒီေန႔ အဲဒီလူေတြအတြက္ နင့္ကို ေသြးေႂကြး ဆပ္ရမယ္ . . .”
“ဟားဟား . . . ႐ႊမ္ပိုင္ . . . နင့္ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို ငါေလွ်ာက္ေျပာမွာ စိုးတာနဲ႔ပဲ ငါ့ကို သတ္ခ်င္ေနၿပီေပ့ါ။ ေကာင္းၿပီေလ . . . နင္က ငါ့ကို ငရဲေခၚသြားမယ္ ဆိုေပမယ့္ ငါကေတာ့ မလိုက္ခ်င္ေသးဘူး။ ငရဲဆိုတာ ငါ့ေနရာမဟုတ္ဘူး၊ နင့္လိုလူမ်ိဳးရဲ႕ ေနရာပဲ။ ဒီေန႔ျမင္ကြင္းကေတာ့ ငါ့တစ္သက္ ေမ့ရေတာ့မွာကို မဟုတ္ဘူး။ ေတာ္ေတာ္ကို စိတ္ႂကြေနပုံပဲ ဟားဟား . . .”
႐ွဲ႕ဒန္ယူသည္ ခနဲ႔တဲ့တဲ့ျဖင့္ ရယ္ေမာရင္း ေျပာလိုက္ပါေတာ့သည္။