မိုးကောင်းကင်အောက်မှကလဲ့စား (...
Autorstwa KazunoMora
52K 3.8K 5
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ chara... Więcej
🔥ရှင်းလင်းချက်🔥
အကျဉ်းချုပ် အက်ဥ္းခ်ဳပ္
Chapter - 209 "ရှင်လုပ်နိုင်ပါတယ်"
Chapter - 210 "တိမ်မြူခိုးနန်းတော်၏ကြမ္မာဆိုး"
Chapter - 211 "ရှေ့ဖြစ်နိမိတ်"
Chapter - 212 "သူဘယ်လိုသိ"
Chapter - 213 "ကျောက်စိမ်းအားဖြည့် ကြာပန်းပင်"
Chapter - 214"အမှားကြီးမှားခြင်း"
Chapter - 215 "အထင်လွဲခြင်း"
Chapter - 216 "လင်းရှောင်ရေခဲကျင့်စဉ်"
Chapter - 217"ယုံတမ်းစကားများ"
Chapter - 218 "သိက္ခာဆိုတာဘာလဲ"
Chapter - 219"မဖြစ်နိုင်သော"
Chapter - 220 "ကောင်းကင်အပြစ်ဒဏ်"
Chapter - 221"အမည်မသိ"
Chapter - 222"နောက်ယောင်ခံလိုက်ခြင်း"
Chapter - 223"ကျော့ကွင်း"
Chapter - 224"ဝမ်းနည်းနေသောဆောင်ဂျု"
Chapter - 226 "တွေဝေခြင်း"
Chapter - 227"ထိပ်တိုက်ရင်ဆိုင်မှု"
Chapter - 228"မိုးရွာတုန်း ရေခံ"
Chapter - 229"ပညာရှင်နှစ်ဦး၏တိုက်ပွဲ"
Chapter - 230 "ကြာပန်းကိုးခိုင်"
Chapter - 231"သူသေကိုယ်သေ"
Chapter - 232"ကယ်တင်ခြင်း (၁)"
Chapter - 233"ကယ်တင်ခြင်း (၂)"
Chapter - 234"အ‌စေ‌ခံ (၁)"
Chapter - 235"အစေခံ (၂)"
Chapter - 236"ဥတစ်ဥနှင့်လူတစ်ယောက်"
Chapter - 237"သနားစရာမိန်းကလေး ပိုင်အာ"
Chapter - 238"ဘဝတူ"
Chapter - 239"အံ့ဖွယ်လက်ဆောင်"
Chapter - 240"ကျီစားသန်က ရန်များ၏"
Chapter - 241"အဆင့်တက်အောင်ကူညီစေခြင်း (၁)"
Chapter - 242"အဆင့်တက်အောင်ကူညီစေခြင်း (၂)"
Chapter - 243"အဆင့်တက်အောင်ကူညီစေခြင်း (၃)"
Chapter - 244"မယုံနိုင်ဖွယ် အဆင့်တက်ခြင်း"
Chapter - 245"အဆင့်တက်ခြင်း၏ အကျိုးသက်ရောက်မှု"
Chapter - 246"အထူးခြားဆုံးသောကျင့်စဉ်တစ်ခု"
Chapter - 247 "ကုသမှုအား လက်ခံလိုက်ခြင်း"
Chapter - 248"ကျုပ်မှာအချိန်မရှိဘူး"
Chapter - 249"ဝေဒနာအား ကုသပေးခြင်း"
Chapter - 250"ထူးခြား စွမ်းအင်"
Chapter - 251"ပဟေဠိဆန်သော ပုစ္ဆာ"
Chapter - 252"နူးညံ့မှု"
Chapter - 253"ဝမ်ဇန်းဟို၏အခက်အခဲ"
Chapter - 254"အချောင်သမားများ"
Chapter - 255"သနားစဖွယ် ဥ"
Chapter - 256"ထူးဆန်းသောစွမ်းအင်"
Chapter - 257"ဥ၏နေရာ"
Chapter - 258"ပျော်ရွှင်သွားသောဥ"
Chapter - 259 "ပိုင်အာ၏ကြိုးပမ်းမှု"
Chapter - 260 "နှိပ်စက်ခံနေရသကဲ့သို့"
Chapter - 261"ကြောက်မက်ဖွယ်ရာ ချီဓာတ်များ"
Chapter - 262"ထင်ယောင်ထင်မှားဖြစ်ခြင်း"
Chapter -263"လျှို့ဝှက်ချက်ပေါ်သွားခြင်း"
Chapter - 264"နန်ရှန်ဆင်း"
Chapter - 265"အကောင်းဆုံးကြိုးစားခြင်း"
Chapter - 266"ပထမတိုက်ကွက်"
Chapter - 267"သက်ရောက်မှုမရှိခြင်း"
Chapter - 268"ဓားတစ်လက်ဖြစ်ပေါ်လာခြင်း"
Chapter - 269"ရယ်မောခြင်းလေပြည်"
Chapter - 270"တန်ပြန်တိုက်ခိုက်မှု"
Chapter - 271"အသေသတ်တိုက်ကွက်"
Chapter - 272"စားရကံ ကြုံလို့ မုတ်ဆိတ် ပျားစွဲ"
Chapter - 273"မလူးသာမလွန့်သာ"
Chapter - 274"ဝှက်ဖဲ"
Chapter - 275"အပ်ကိုသုံးတာဘယ်သူလဲ"
Chapter - 276"အနန္တသူတော်စင်"
Chapter - 277"မင်းသိလား"
Chapter - 278"လေလံခန်းမဖွင့်လှစ်ခြင်း"
Chapter - 279"မုန်တိုင်းအိမ်တော်၏ အရှိန်အဝါ"
Chapter - 280"ဖိနှိပ်ခံရခြင်း"
Chapter - 281 - 285
286 - 290
291 - 295
296 - 300
301 - 306
307 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 336
Chapter - 337"ဉာဏ်ကောင်းလှသည့်ဇုဝူကျီ"
Chapter - 338"စဉ်းစားခန်းဝင်ခြင်း"
Chapter - 339"အစော်ကားခံရသည့်ဖန်ဧကရာဇ်"
Chapter - 340"နိုင်ငံရေးနားမလည်သောရဲရှောင်"
Chapter - 341"ဝမ်အာရောက်လာခြင်း"
Chapter - 342"အိန္ဒြေရရ‌ နေကြပါ"
Chapter - 343"လျှို့ဝှက်မြေပုံ"
Chapter - 344"လုပ်ကြံသတ်ဖြတ်သူနှစ်ဦး တွေ့ဆုံကြခြင်း"
Chapter - 345"သေသည့်တိုင် တာဝန်ယူမည်"
Chapter - 346"ခင်ဗျားကိုငှားချင်တယ်"
Chapter - 347"ရှေ့ဆက်ရမည့်အစီအစဉ်"
Chapter - 348"လုပ်ငန်းစတင်ခြင်း"
Chapter - 349"လှုပ်ရှားခြင်း"
Chapter - 350"အသေအချာ သိသွားကြခြင်း"
Chapter - 351"စိတ်နှင့်ကိုယ်မကပ်ခြင်း"
Chapter - 352"ဆဲဆိုကြခြင်း"
Chapter - 353"ဆဲဆိုကြခြင်း"
Chapter - 354"အရက်သောက်ကြခြင်း"
Chapter - 355"ကမ္ဘာ့ရန်"
Chapter - 356"တိုက်ပွဲ"
Chapter - 357"တိုးတက်မှုမရှိခြင်း"
Chapter - 358"ပူးပေါင်းမှု"
Chapter - 359"ဝတ်ရုံနက်ဖြင့်လူ"
Chapter - 360"ခင်ဗျားဘယ်သူလဲ"
Chapter - 361"သွေးခွဲခြင်း"
Chapter - 362"တိုက်ကွက်ဆန်း"
Chapter - 363"စစ်ယု"
Chapter - 364"အတူတကွရင်ဆိုင်ရန်"
Chapter - 365"ကျားရဲတွင်းသို့"
Chapter - 366"ဓားတစ်ချောင်းနှင့်လူတစ်ယောက်"
Chapter - 367"စံပြပုဂ္ဂိုလ်"
Chapter - 368"ကမ္ဘာမကြေ ရန်ငြိုး"
Chapter - 369"ဗိုက်ခေါက်ကြီး"
Chapter - 370"ဆရာနင်"
371 - 375
376--377
378--379
380--381
382--383
384--385
386--387
388--389
390--391
392--393
394--395
396--397
398--399
400
401--402
403--404
405--406
Chapter (407)"ကောင်ကင်အဆင့်တစ်ပညာရှင်လော"
Chapter (408)"ကောင်းကင်အဆင့်နှစ်ပညာရှင်လော"
Chapter (409)"အနိုင်ရမည်လော"
Chapter (410)"တစ်ချက်တည်းဖြင့်"
Chapter (411)"ကြိုးစားခွင့်"
Chapter (412)"သတ်ဖြတ်ခြင်းဘုရင်"
Chapter (413)"ခင်ဗျားမှာအကူရှိတယ်"
Chapter (414)"ပြောင်းလဲသွားသောအခြေအနေ"
Chapter (415)"တိုက်ခိုက်မှုစတင်ခြင်း"
Chapter (416)"လှုံ့ဆော်မှု"
Chapter (417)"တရားခံဘယ်သူလဲ"
Chapter (418)"ရှက်ရွံ့နေသည့်သခင်ကြီးဘိုင်"
Chapter (419)"ထူးဆန်းသောအဖြစ်အပျက်"
Chapter (420)"စိတ်တန်ခိုးမျက်လုံး"
Chapter (421)"လေနှင့်အတူ"
Chapter (422)"ယင်ယန်အသီးများ"
Chapter (423)"ရင်နင့်စွာဖြင့်"
Chapter (424)"အချစ်အတွက်ဆို"
Chapter (425)"နည်းလမ်းနှစ်ခု"
Chapter (426)"မိုးကောင်းကင်ကို ထိတွေ့ရသည်ထက် ခက်၏"
Chapter (427)"တစ်နှစ်တစ်ခါ"
Chapter (428)"ရယ်မောခြင်း၏အဓိပ္ပါယ်"
Chapter (429)"အထီးကျန်သောဘဝ"
Chapter (430)"လက်ကိုင်တုတ်"
Chapter (431)"လုပ်ကြံသတ်ဖြတ်သူများစုဝေးခြင်း"
Chapter (432)"အဖြေမရှိ"
Chapter (433)"ထိပ်တန်းပညာရှင်များအား ပျိုးထောင်ပေးခြင်း"
Chapter (434)"အံ့မခန်းအမြန်နှုန်း"
Chapter (435)"ရေခဲဝိညာဉ်ဓား"
Chapter (436)"ဓားနှင့်တသားတည်းဖြစ်သွားခြင်း"
Chapter (437)"မခေါ်ဘဲလာသည့်ဧည့်သည်"
Chapter (438)"လင်းဝုရှဲ့"
439--440
441--442
443--444
445--446
447--448
449--450
451--452
453--454
455--456
457--458
459--460
461--462
463--464
465--466
467--468
469--470
471--472
473--474
475--476
477--478
479--480
Chapter (481)"ကျုပ်တို့မလိုချင်ပါဘူး"
Chapter (482)"ဒုက္ခလှိုင်းများ"
Chapter (483)"ဝမ်းနည်းနေသော လင်းဝုရှဲ့"
Chapter (484)"မန်ဟွာချင်း"
Chapter (485)"အံ့ဩတုန်လှုပ်ခြင်း"
Chapter (486)"ထွက်ခွာကြရတော့မည်"
Chapter (487)"ရှင့်အကူအညီလိုတယ်"
Chapter (488)"ဆွေးနွေးမှုပျက်ပြယ်ခြင်း"
Chapter (489)"ခြိမ်းခြောက်မှု"
Chapter (490)"ဘယ်တော့မှအလျော့မပေးဘူး"
🔥🔥🔥🔥
Chapter - 225"ကျူးကျော်ဝင်ရောက်လာခြင်း"
286 23 0
Autorstwa KazunoMora
မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 225
“ကျူးကျော်ဝင်ရောက်လာခြင်း”
ခေါင်းငိုက်စိုက်ကျ ပြောဆိုနေရင်းဖြင့် ဆောင်ဂျူတစ်ယောက် အလွန် ဝမ်းနည်းလျက်ရှိသည်။ သူ၏ ဘဝအား အကြီးအကျယ် စိတ်ပျက်လျက်ရှိပြီး အသက်ပင် ဆက်၍ မရှင်ချင်တော့သည့်ပုံ ပေါက်နေလေသည်။
ထို့နောက် ရဲရှောင်အား မော့ကြည့်လိုက်သောအခါ -
“ဟမ် . . . ဘယ်ရောက်သွားတာလဲဟ . . .”
အခန်းထဲမှ ထွက်ပေါ်လာသော ဟောက်သံအားယခုမှသာ ဆောင်ဂျု သတိပြုမိသွားသည်။ ရဲရှောင်၏ ဟောက်သံပင် ဖြစ်သည်။
ရဲရှောင်၏ အပြုအမူသည် ဆောင်ဂျုအား “ကျုပ်အိပ်နေပြီ ခင်ဗျားသွားတော့ . . .” ဟုပြော၍ နှင်ထုတ်နေသည့် အမူအယာနှင့်ပင် တူနေပါသေးသည်။
“ခွေးမသားလေး၊ မအေဘေး၊ သူတောင်းစားလေး . . ."
ဆောင်ဂျု ဒေါသတကြီးဖြင့်ပင် ဆဲဆိုလိုက်ရင်း -
[ငါပြောတာတောင် နားမထောင်သွားဘူး၊ ငါကတော့ ငါ့ခံစားချက်တွေကို ပြောနေလိုက်ရတာ၊ ဘယ်လိုကောင်လဲ မသိဘူး။ အသိစိတ်ရော ရှိသေးရဲ့လား။ မင်းအဖေထက်တောင် မင်းက ပိုပြီး လက်ပေါက်ကတ်နေသေးတယ် . . .]
ဒေါသအလွန်ထွက်နေသော ဆောင်ဂျုသည် ဆဲနည်းပေါင်းမျိုးစုံဖြင့် မိုးမွှန်အောင်ပင် ဆဲနေသည်မှာ တော်တော်နှင့် မပြီးတော့ချေ။
ရဲအိမ်တော် တစ်ခုလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသောကြောင့် ဆောင်ဂျု၏ ဆဲဆိုသံများအား အတိုင်းသားပင် ကြားနေရလေသည်။
ခေါင်းမိုးပေါ်ရှိ မိန်းမပျိုပင် အဆဲသန်သော ဆောင်ဂျုအား လေးစားသွားမိသည်။ ရေပက်မဝင်အောင်ပင် ဆဲဆိုနေသော ဆောင်ဂျု၏ ဆဲဆိုသံများအား သူမလည်း ကြားနေရသည်။ ဆောင်ဂျု၏ ပါးစပ်မှ ၂ နာရီမျှ ကြာသည်အထိ မရပ်မနားဘဲ တောက်လျှောက်ကို ဆဲဆိုနေသည့်အတွက် မိန်းမပျိုသည် အလွန်အမင်းပင် အံ့သြနေမိသည်။ ထို့အပြင် ဆဲဆိုနေသည့် စကားလုံးများသည် အက်ကြောင်းထပ်မနေဘဲ တစ်ခါဆဲတစ်မျိုးဖြင့်ပင် ဆဲနေခြင်း ဖြစ်သည်။ မိန်းမပျိုသည် ပြုံးလိုက်ရင်း -
[ဒီအိမ်တော်ထိန်းက ဆဲတဲ့နေရာမှာတော့ တစ်ကမ္ဘာလုံးက အရှုံးပေးရမယ် ထင်တယ် . . .]
ရဲရှောင်သည် သူ၏ နားအား ပိတ်ထားကာ မကြားချင်ယောင်ပင် ဆောင်နေလိုက်သည်။
ဆောင်ဂျုအား ဖြစ်ခဲ့သည့် အကြောင်းအရာများနှင့် ပက်သက်၍ အမှန်တိုင်းပြော၍လည်း မဖြစ်နိုင်ပေ။ ထို့ပြင် လိမ်လည်း မလိမ်ချင်တော့သဖြင့် အိပ်ချင်ယောင် ဆောင်လိုက်ခြင်းဖြစ်သည်။ ရဲရှောင်တစ်ယောက် ပညာသားပါပါဖြင့် ရှောင်ထွက်လိုက်ခြင်းပင် ဖြစ်သည်။
အကယ်၍ ရှင်းပြရမည် ဆိုပါကလည်း ဖြစ်စဉ် အစအဆုံးအား မည်ကဲ့သို့ ရှင်းပြရပါမည်နည်း။
ပြောမည်ဆိုလျှင် သူလုပ်ထားသည့် အရာမှန်သမျှ အား အကုန်ပြောမှသာ ဖြစ်နိုင်ပေလိမ့်မည်။ သို့သော် ထိုကိစ္စများအား ယခုအချိန်တွင် ပြောပြရန် မသင့်သေးချေ။
ထို့ကြောင့်ပင် ရဲရှောင် ရှောင်ထွက်ခဲ့ရခြင်း ဖြစ်သည်။
အိပ်ချင်ယောင် ဆောင်နေသည့်တိုင် ဆောင်ဂျု၏ ကျယ်လောင်လှသော ဆဲဆိုသံများသည် ရဲရှောင်၏ နားထဲသို့ အဆက်မပြတ် တိုးဝင်လျက်ရှိသည်။ ၂ နာရီတိုင်တိုင် ဝအောင် ဆဲဆိုပြီးမှသာ ဆောင်ဂျုသည် ရဲရှောင်၏ အခန်းထဲမှ ထွက်ခွာသွားတော့သည်။
ရဲရှောင်တစ်ယောက် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရင်း -
[တောက် . . . ဆဲနေလိုက်တာများ ငါ့နားတောင် ကွဲထွက်တော့မယ်။ တော်တော်လေးကို လေးစားစရာ ကောင်းတယ်။ ငါတောင်မှ သူ့လို မဆဲနိုင်လောက်ဘူး။ ရှောင်နေလို့သာပဲ တော်တော့တယ် . . .]
နောက်ဆုံးတွင်မူ ရဲရှောင်တစ်ယောက် ကောင်းမွန်စွာ အိပ်စက်ခွင့် ရသွားခဲ့ပြီ ဖြစ်သည်။
ရဲရှောင် သက်ပြင်းချလိုက်ရင်း စောင်ခြုံလိုက်သည်။ မအိပ်ခင်အချိန်တွင် သူ၏ ဝိညာဉ်တော် စွမ်းအင်များအား ဟင်းလင်းပြင်များ အတွင်းသို့ ထည့်သွင်း၍ ကျင့်ကြံမှုများ ပြုလုပ်ရဦးမည် ဖြစ်သည်။ သို့သော် အာရုံစိုက်၍ မရသကဲ့သို့ ခံစားနေရသည်။ စိတ်တည်ငြိမ်လာအောင် မည်ကဲ့သို့ ကြိုးစား ကြိုးစား အချည်းနှီးပင် ဖြစ်နေခဲ့သည်။
ရဲရှောင် အံ့သြသွားမိသည်။ ယခင်က ယခုကဲ့သို့ တစ်ခါမျှ မဖြစ်ခဲ့ဖူးချေ။
[ဘာတွေဖြစ်နေတာလဲ . . . တစ်ခုခုများ မှားနေတာလား၊ ထူးဆန်းလိုက်တာ . . .]
အာရုံမစိုက်နိုင်သည့် နောက်ဆုံးတွင် အိပ်ယာထက်မှ ထထိုင်လိုက်သည်။ မျက်မှောင်ကြုတ်၍ မည်သည့်အချက် မှားယွင်းနေသည်ကို အာရုံစိုက်၍ ပြန်လည် ဆင်ခြင်သုံးသပ်နေမိသည်။
[ဝမ်ရမ်ချူးချူးတို့အိမ်မှာ ငါဘာများ လုပ်ခဲ့မိလဲ၊ ပိုင်ရှင်းယွဲ့ကြောင့်လား။ လင်းပါအို ခန်းမမှာများလား၊ ဒါမှမဟုတ် နယ်စပ်က စစ်ပွဲတွေကြောင့်များလား။ဘယ်အရာက ငါ့ကို စိတ်အနှောင့်အယှက် ပေးနေတာလဲ။ ငါ့ကိုယ်ငါ သတိမထားမိဘူး ဆိုတာ မရှိသလောက်ပဲဟာ . . .]
ရဲရှောင် တွေးနေမိသော်လည်း အဖြေကိုမူ ရှာမတွေ့ပေ။
“ဒီည ဘာလို့များ ငါအာရုံစိုက်လို့ မရတာပါလိမ့် . . .”
ထိုအချိန်တွင် အမိုးပေါ်မှ မိန်းမပျိုသည်လည်း ရဲရှောင်ကဲ့သို့ပင် ခံစားနေရသည်။
သူမကိုယ်တိုင်ပင် ရဲရှောင်ကဲ့သို့ တွေးနေမိသည်။
[ငါဘာလို့ အာရုံစိုက်လို့ မရတာပါလိမ့် . . .]
ဖန်ဇီလင် တစ်ဖြစ်လဲ ရဲရှောင်သည် ရုပ်ဖျက်ထားခြင်းမှ မူလ ငယ်ရွယ်ချောမောသော ပုံစံသို့ ပြန်ပြောင်းလိုက်ပြီဖြစ်ကာ အိပ်ယာထက်တွင် တစ်ကိုယ်တည်း အတွေးနယ်ချဲ့လျက် ရှိသည်။
ခေါင်မိုးပေါ်ရှိ မိန်းကလေးသည်လည်း ရဲရှောင်ကဲ့သို့ပင် အတွေးပင်လယ်ထဲ မျောလွင့်လျက် ရှိသည်။
[ငါဘာလုပ်ရတော့မလဲ . . . ငါ့မှာ အသက်ရှင်ဖို့ အချိန်တစ်လတောင် မလိုတော့ဘူး။ တစ်လနေလို့မှ အသက်ဝင် ကျောက်စိမ်းကြာပန်းကို မရရင် သေရတော့မယ်။ ငါ့အသက်က အဖိုးမတန်တောင် ငါ့ဂိုဏ်းကရော ဘယ်လို လုပ်မလဲ၊ ငါ့ကာကွယ်မှု မရှိဘဲ ဂိုဏ်းတစ်ခုလုံး လုံခြုံပါ့မလား၊ ဘယ်အချိန် ပြိုကွဲမလဲ မသိနိုင်ဘူး။ ဒီလို ဖြစ်လာအောင် ငါတို့ရဲ့ ဘိုးဘေးတွေက အများကြီး ကြိုးစားခဲ့ကြရတာ။ ငါဒီကို လာတယ်ဆိုတာကလည်း ပိုင်ရှင်းယွဲ့ကို နောက်ဆုံးအနေနဲ့ လာမှာတာ။ ဒါပေမယ့် ယင်နဲ့ယန် စွမ်းအား ရှိတယ်ဆိုတဲ့ လူတစ်ယောက် အကြောင်းကို သူ့ဆီကနေ မထင်မှတ်ပဲ ကြားလိုက်ရတယ်။ အသက်ဝင်ကျောက်စိမ်း ကြာပန်းကိုမှ မသုံးရင် ဒီလိုစွမ်းအင်ကပဲ ငါ့ကို ကုသပေးနိုင်မှာ။ ဒါပေမယ့် ဒီလူနဲ့ ငါ အသားချင်းထိပြီး အပျိုစင်ဘဝ ပေးရမှာကတော့ စိတ်ပျက်စရာပဲ။ ဒါ ငါလုံးဝ လက်ခံနိုင်တဲ့ အချက်မဟုတ်ဘူး . . .]
[ငါ့ရဲ့ အပျိုစင်ဘဝကို တစ်သက်လုံး ဖြူဖြူစင်စင်နဲ့ စောင့်ထိန်း လာခဲ့တာ။ အခုတော့ သူစိမ်း ယောက်ျား တစ်ယောက်ကို ပေးရတော့မှာပါလား။ နောက်ပြီး သူက ဒီလို အဆင့်နိမ့်ကမ္ဘာက ပုရွတ်ဆိတ်လောက် အစွမ်းနဲ့ လူတစ်ယောက် ဖြစ်နေရတယ်တဲ့လား။ ဘယ်လိုမှ လက်မခံနိုင်စရာပဲ . . .]
မိန်းမပျို၏ စိတ်ထဲတွင် အတွေးပေါင်းများစွာဖြင့် လွန်ဆွဲလျက် ရှိသည်။
အချိန်အတော်ကြာသည့်တိုင် ရဲရှောင်သည် အဖြေရှာ၍ မရခဲ့ချေ။ ထို့ကြောင့် တင်ပျဉ်ခွေ ထိုင်လိုက်ရင်း သူ၏ ကျင့်စဉ်များဖြင့် စိတ်တည်ငြိမ်အောင် ကြိုးစားကြည့်သည်။ သို့သော် မည်မျှပင် ကြိုးစားစေကာမူ ပို၍ပင် မတည်မငြိမ် ဖြစ်လာခဲ့သည်။ အဘယ်အတွက်ကြောင့် ယခုကဲ့သို့ ဖြစ်နေရသည်ကို ရဲရှောင် မစဉ်းစားတတ်တော့ပေ။
ရဲရှောင်သည် သက်ပြင်းအကြိမ်ကြိမ် ချလိုက်ရင်း
“အရုဏ်တောင် တက်တော့မယ်။ တော်တော်ကို ထူးဆန်းတဲ့ ညပါလား . . .”
မိန်းမပျိုသည်လည်း ပတ်ဝန်းကျင်အား တစ်ချက် အကဲခတ်လိုက်ပြီးနောက် -
[ဟင် . . . အရုဏ်တောင် တက်တော့မှာပါလား . . .]
ထို့နောက် အံတင်းတင်းကြိတ်၍ မျက်စိမှိတ်လိ်ုက်ပြီး သူ၏ လက်အား ဝေ့ယမ်းလိုက်သည်။ ထိုအခါ လင်းခါစ အလင်းရောင်သည် အမှောင်ပြန်ဖုံးသွားပြီး အရာအားလုံးသည် အမှောင်အတိကျသွားခဲ့သည်။
တိမ်မည်းများစွာသည် ကောင်းကင်ထက်တွင် စုစည်းလာကြပြီး ချန်ရှင်းမြို့တော်တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။ တခဏအကြာတွင် မိုးခြိမ်းသံများပင် ထွက်ပေါ်လာပြီး လေပြင်းများလည်း တိုက်ခတ်သွားခဲ့သည်။
မိန်းမပျိုသည် သူ၏ ညာဘက်လက်အား ဝေ့ယမ်းလိုက်ပြီး ရဲရှောင်၏ အခန်းအား စည်းချလိုက်သည်။ ရဲရှောင်၏ အခန်းထဲသို့ စွမ်းအင်လှိုင်းများ အပြည့်ပင် ဝင်ရောက်သွားပြီး တစ်ကမ္ဘာလုံးနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်သကဲ့သို့ တသီးတသန့်ပင် ဖြစ်သွားသည်။ ရဲရှောင်၏ အခန်းထဲသို့ မည်သူမျှ အဝင်အထွက် ပြုလုပ်၍ မရနိုင်တော့သကဲ့သို့ အခန်းထဲတွင် ဖြစ်ပျက်နေသော အသံများကိုလည်း အပြင်ဘက်မှ ကြားရတော့မည် မဟုတ်ပေ။
မိန်းမပျိုသည် အခိုးအငွေ့တစ်ခုကဲ့သို့ပင် ရဲရှောင်၏ အခန်းတွင်းသို့ ဝင်ရောက်သွားသည်။
ရဲရှောင်၏ အခန်းသည် သော့ခတ်ထားသော်လည်း သူမအဖို့ တစ်စက္ကန့်မျှပင် မကြာဘဲ ဝင်ရောက်နိုင်လိုက်သည်။
ရဲရှောင်သည် မျက်မှောင်ကြုတ်လျက် အဖြေထုတ်နေဆဲပင် ဖြစ်ပြီး ပြဿနာ၏ အရင်းအမြစ်အား သိချင်နေမိသည်။ ထိုကဲ့သို့ အာရုံစိုက်လျက် ရှိနေသောကြောင့် သူ၏ အခန်းထဲသို့ လူတစ်ယောက် ရောက်လာသည်ကို သတိမပြုမိခဲ့ချေ။
ခဏအကြာတွင် အသက်ရှူသံသဲ့သဲ့ ကြားလိုက်ရသဖြင့် ရဲရှောင်လည်း သူ၏ အခန်းထဲသို့ လူတစ်ဦး ရောက်ရှိနေမှန်း သတိထားလိုက်မိသည်။ ထိုလူသည် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားလေသည်။
“ဘယ်သူလဲ . . .”
ရဲရှောင် အလန့်တကြားပင် အော်မေးလိုက်သည်။
[ဒီလူကို ငါအာရုံခံလို့ မရပါလား။ ကြည့်ရတာ ထူးခြားတဲ့ အစွမ်းမျိုး ရှိနေတဲ့ လူပဲ ဖြစ်ရမယ်။ အနည်းဆုံးတော့ မူလတာအိုအဆင့်ပဲ။ သေချာတာတစ်ခုက မော်တယ်ကမ္ဘာက လုံးဝ မဟုတ်ဘူး။ တခြား အဆင့်မြင့် နယ်ပယ် တစ်ခုခုက လာတာပဲ ဖြစ်ရမယ်။ ဒီလိုလူက ငါ့အခန်းထဲကို ဘာလို့ တိတ်တိတ်လေး ဝင်လာရတာလဲ။ သူဘာလိုချင်နေတာလဲ . . .]
ရဲရှောင်၏ ခေါင်းထဲတွင် အတွေးများစွာဖြင့် ယောက်ယတ်ခတ်သွားပါတော့သည်။
Chapter – 225