မိုးကောင်းကင်အောက်မှကလဲ့စား (...
By KazunoMora
55.7K 3.8K 5
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ chara... More
🔥ရှင်းလင်းချက်🔥
အကျဉ်းချုပ် အက်ဥ္းခ်ဳပ္
Chapter - 209 "ရှင်လုပ်နိုင်ပါတယ်"
Chapter - 210 "တိမ်မြူခိုးနန်းတော်၏ကြမ္မာဆိုး"
Chapter - 211 "ရှေ့ဖြစ်နိမိတ်"
Chapter - 212 "သူဘယ်လိုသိ"
Chapter - 213 "ကျောက်စိမ်းအားဖြည့် ကြာပန်းပင်"
Chapter - 214"အမှားကြီးမှားခြင်း"
Chapter - 215 "အထင်လွဲခြင်း"
Chapter - 216 "လင်းရှောင်ရေခဲကျင့်စဉ်"
Chapter - 217"ယုံတမ်းစကားများ"
Chapter - 218 "သိက္ခာဆိုတာဘာလဲ"
Chapter - 219"မဖြစ်နိုင်သော"
Chapter - 220 "ကောင်းကင်အပြစ်ဒဏ်"
Chapter - 221"အမည်မသိ"
Chapter - 222"နောက်ယောင်ခံလိုက်ခြင်း"
Chapter - 224"ဝမ်းနည်းနေသောဆောင်ဂျု"
Chapter - 225"ကျူးကျော်ဝင်ရောက်လာခြင်း"
Chapter - 226 "တွေဝေခြင်း"
Chapter - 227"ထိပ်တိုက်ရင်ဆိုင်မှု"
Chapter - 228"မိုးရွာတုန်း ရေခံ"
Chapter - 229"ပညာရှင်နှစ်ဦး၏တိုက်ပွဲ"
Chapter - 230 "ကြာပန်းကိုးခိုင်"
Chapter - 231"သူသေကိုယ်သေ"
Chapter - 232"ကယ်တင်ခြင်း (၁)"
Chapter - 233"ကယ်တင်ခြင်း (၂)"
Chapter - 234"အ‌စေ‌ခံ (၁)"
Chapter - 235"အစေခံ (၂)"
Chapter - 236"ဥတစ်ဥနှင့်လူတစ်ယောက်"
Chapter - 237"သနားစရာမိန်းကလေး ပိုင်အာ"
Chapter - 238"ဘဝတူ"
Chapter - 239"အံ့ဖွယ်လက်ဆောင်"
Chapter - 240"ကျီစားသန်က ရန်များ၏"
Chapter - 241"အဆင့်တက်အောင်ကူညီစေခြင်း (၁)"
Chapter - 242"အဆင့်တက်အောင်ကူညီစေခြင်း (၂)"
Chapter - 243"အဆင့်တက်အောင်ကူညီစေခြင်း (၃)"
Chapter - 244"မယုံနိုင်ဖွယ် အဆင့်တက်ခြင်း"
Chapter - 245"အဆင့်တက်ခြင်း၏ အကျိုးသက်ရောက်မှု"
Chapter - 246"အထူးခြားဆုံးသောကျင့်စဉ်တစ်ခု"
Chapter - 247 "ကုသမှုအား လက်ခံလိုက်ခြင်း"
Chapter - 248"ကျုပ်မှာအချိန်မရှိဘူး"
Chapter - 249"ဝေဒနာအား ကုသပေးခြင်း"
Chapter - 250"ထူးခြား စွမ်းအင်"
Chapter - 251"ပဟေဠိဆန်သော ပုစ္ဆာ"
Chapter - 252"နူးညံ့မှု"
Chapter - 253"ဝမ်ဇန်းဟို၏အခက်အခဲ"
Chapter - 254"အချောင်သမားများ"
Chapter - 255"သနားစဖွယ် ဥ"
Chapter - 256"ထူးဆန်းသောစွမ်းအင်"
Chapter - 257"ဥ၏နေရာ"
Chapter - 258"ပျော်ရွှင်သွားသောဥ"
Chapter - 259 "ပိုင်အာ၏ကြိုးပမ်းမှု"
Chapter - 260 "နှိပ်စက်ခံနေရသကဲ့သို့"
Chapter - 261"ကြောက်မက်ဖွယ်ရာ ချီဓာတ်များ"
Chapter - 262"ထင်ယောင်ထင်မှားဖြစ်ခြင်း"
Chapter -263"လျှို့ဝှက်ချက်ပေါ်သွားခြင်း"
Chapter - 264"နန်ရှန်ဆင်း"
Chapter - 265"အကောင်းဆုံးကြိုးစားခြင်း"
Chapter - 266"ပထမတိုက်ကွက်"
Chapter - 267"သက်ရောက်မှုမရှိခြင်း"
Chapter - 268"ဓားတစ်လက်ဖြစ်ပေါ်လာခြင်း"
Chapter - 269"ရယ်မောခြင်းလေပြည်"
Chapter - 270"တန်ပြန်တိုက်ခိုက်မှု"
Chapter - 271"အသေသတ်တိုက်ကွက်"
Chapter - 272"စားရကံ ကြုံလို့ မုတ်ဆိတ် ပျားစွဲ"
Chapter - 273"မလူးသာမလွန့်သာ"
Chapter - 274"ဝှက်ဖဲ"
Chapter - 275"အပ်ကိုသုံးတာဘယ်သူလဲ"
Chapter - 276"အနန္တသူတော်စင်"
Chapter - 277"မင်းသိလား"
Chapter - 278"လေလံခန်းမဖွင့်လှစ်ခြင်း"
Chapter - 279"မုန်တိုင်းအိမ်တော်၏ အရှိန်အဝါ"
Chapter - 280"ဖိနှိပ်ခံရခြင်း"
Chapter - 281 - 285
286 - 290
291 - 295
296 - 300
301 - 306
307 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 336
Chapter - 337"ဉာဏ်ကောင်းလှသည့်ဇုဝူကျီ"
Chapter - 338"စဉ်းစားခန်းဝင်ခြင်း"
Chapter - 339"အစော်ကားခံရသည့်ဖန်ဧကရာဇ်"
Chapter - 340"နိုင်ငံရေးနားမလည်သောရဲရှောင်"
Chapter - 341"ဝမ်အာရောက်လာခြင်း"
Chapter - 342"အိန္ဒြေရရ‌ နေကြပါ"
Chapter - 343"လျှို့ဝှက်မြေပုံ"
Chapter - 344"လုပ်ကြံသတ်ဖြတ်သူနှစ်ဦး တွေ့ဆုံကြခြင်း"
Chapter - 345"သေသည့်တိုင် တာဝန်ယူမည်"
Chapter - 346"ခင်ဗျားကိုငှားချင်တယ်"
Chapter - 347"ရှေ့ဆက်ရမည့်အစီအစဉ်"
Chapter - 348"လုပ်ငန်းစတင်ခြင်း"
Chapter - 349"လှုပ်ရှားခြင်း"
Chapter - 350"အသေအချာ သိသွားကြခြင်း"
Chapter - 351"စိတ်နှင့်ကိုယ်မကပ်ခြင်း"
Chapter - 352"ဆဲဆိုကြခြင်း"
Chapter - 353"ဆဲဆိုကြခြင်း"
Chapter - 354"အရက်သောက်ကြခြင်း"
Chapter - 355"ကမ္ဘာ့ရန်"
Chapter - 356"တိုက်ပွဲ"
Chapter - 357"တိုးတက်မှုမရှိခြင်း"
Chapter - 358"ပူးပေါင်းမှု"
Chapter - 359"ဝတ်ရုံနက်ဖြင့်လူ"
Chapter - 360"ခင်ဗျားဘယ်သူလဲ"
Chapter - 361"သွေးခွဲခြင်း"
Chapter - 362"တိုက်ကွက်ဆန်း"
Chapter - 363"စစ်ယု"
Chapter - 364"အတူတကွရင်ဆိုင်ရန်"
Chapter - 365"ကျားရဲတွင်းသို့"
Chapter - 366"ဓားတစ်ချောင်းနှင့်လူတစ်ယောက်"
Chapter - 367"စံပြပုဂ္ဂိုလ်"
Chapter - 368"ကမ္ဘာမကြေ ရန်ငြိုး"
Chapter - 369"ဗိုက်ခေါက်ကြီး"
Chapter - 370"ဆရာနင်"
371 - 375
376--377
378--379
380--381
382--383
384--385
386--387
388--389
390--391
392--393
394--395
396--397
398--399
400
401--402
403--404
405--406
Chapter (407)"ကောင်ကင်အဆင့်တစ်ပညာရှင်လော"
Chapter (408)"ကောင်းကင်အဆင့်နှစ်ပညာရှင်လော"
Chapter (409)"အနိုင်ရမည်လော"
Chapter (410)"တစ်ချက်တည်းဖြင့်"
Chapter (411)"ကြိုးစားခွင့်"
Chapter (412)"သတ်ဖြတ်ခြင်းဘုရင်"
Chapter (413)"ခင်ဗျားမှာအကူရှိတယ်"
Chapter (414)"ပြောင်းလဲသွားသောအခြေအနေ"
Chapter (415)"တိုက်ခိုက်မှုစတင်ခြင်း"
Chapter (416)"လှုံ့ဆော်မှု"
Chapter (417)"တရားခံဘယ်သူလဲ"
Chapter (418)"ရှက်ရွံ့နေသည့်သခင်ကြီးဘိုင်"
Chapter (419)"ထူးဆန်းသောအဖြစ်အပျက်"
Chapter (420)"စိတ်တန်ခိုးမျက်လုံး"
Chapter (421)"လေနှင့်အတူ"
Chapter (422)"ယင်ယန်အသီးများ"
Chapter (423)"ရင်နင့်စွာဖြင့်"
Chapter (424)"အချစ်အတွက်ဆို"
Chapter (425)"နည်းလမ်းနှစ်ခု"
Chapter (426)"မိုးကောင်းကင်ကို ထိတွေ့ရသည်ထက် ခက်၏"
Chapter (427)"တစ်နှစ်တစ်ခါ"
Chapter (428)"ရယ်မောခြင်း၏အဓိပ္ပါယ်"
Chapter (429)"အထီးကျန်သောဘဝ"
Chapter (430)"လက်ကိုင်တုတ်"
Chapter (431)"လုပ်ကြံသတ်ဖြတ်သူများစုဝေးခြင်း"
Chapter (432)"အဖြေမရှိ"
Chapter (433)"ထိပ်တန်းပညာရှင်များအား ပျိုးထောင်ပေးခြင်း"
Chapter (434)"အံ့မခန်းအမြန်နှုန်း"
Chapter (435)"ရေခဲဝိညာဉ်ဓား"
Chapter (436)"ဓားနှင့်တသားတည်းဖြစ်သွားခြင်း"
Chapter (437)"မခေါ်ဘဲလာသည့်ဧည့်သည်"
Chapter (438)"လင်းဝုရှဲ့"
439--440
441--442
443--444
445--446
447--448
449--450
451--452
453--454
455--456
457--458
459--460
461--462
463--464
465--466
467--468
469--470
471--472
473--474
475--476
477--478
479--480
Chapter (481)"ကျုပ်တို့မလိုချင်ပါဘူး"
Chapter (482)"ဒုက္ခလှိုင်းများ"
Chapter (483)"ဝမ်းနည်းနေသော လင်းဝုရှဲ့"
Chapter (484)"မန်ဟွာချင်း"
Chapter (485)"အံ့ဩတုန်လှုပ်ခြင်း"
Chapter (486)"ထွက်ခွာကြရတော့မည်"
Chapter (487)"ရှင့်အကူအညီလိုတယ်"
Chapter (488)"ဆွေးနွေးမှုပျက်ပြယ်ခြင်း"
Chapter (489)"ခြိမ်းခြောက်မှု"
Chapter (490)"ဘယ်တော့မှအလျော့မပေးဘူး"
🔥🔥🔥🔥
Chapter - 223"ကျော့ကွင်း"
307 21 0
By KazunoMora
မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 223
“ကျော့ကွင်း”
ရဲရှောင်၏ အပြုအမူကြောင့် စောင့်ကြည့်နေသော မိန်းမပျိုသည် ကြောင်ငေးသွားကာ -
[ဒီလူက ဘာလဲဟ ခုပဲသွားတယ်၊ ခုပဲ ပြန်လာတယ်။ အခု လူတွေကလည်း အများကြီး ရှိနေတော့ သူ့အနားကို အရမ်းနီးနီးကပ်ကပ် သွားလို့ မရသေးဘူး။ ငါ့နှယ်တော့ . . . ဘာဆက်လုပ်ရမှန်းကို မသိတော့ပါဘူး . . .]
ထို့နောက် ရဲရှောင်သည် လင်းပါအို ခန်းမအတွင်းသို့ ပြန်ဝင်သွားသည်ကို တွေ့လိုက်ရပြန်သည်။ ယခုအခေါက်တွင် တော်တော်နှင့် ပြန်မထွက်မလာတော့ချေ။
မိန်းမပျိုသည် အပြင်ဘက်တွင် စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေလေသည်။ အတော်အတန်ကြာသည်အထိ ရဲရှောင်ထွက်မလာ၍ သူမ၏ စိတ်စွမ်းအားဖြင့် ရဲရှောင်အား ကြည့်လိုက်သည်။ ထိုအခါ အသည်းပေါက်မတတ်ပင် မကျေမနပ် ဖြစ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ဖန်ဇီလင်သည် လင်းပါအိုခန်းမအတွင်း၌ အေးအေးလူလူဖြင့်ပင် အရက်ထိုင်သောက်လျက် ရှိနေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ဖန်ဇီလင်၏ ဘေးတွင် အနှစ်တစ်သောင်းလျှင် တစ်ကြိမ်ပင် မြင်ရခဲလှသည့် အလွန်တရာ ဝလှသည့် လူဝကြီးတစ်ဦး ထိုင်နေလေသည်။ ထိုလူဝကြီး၏ အသားများသည် တွဲကျနေပြီး ဖန်ဇီလင်အပေါ် ရိုရိုကျိုးကျိုးဖြင့် ဆက်ဆံနေသည်ကို သူမ တွေ့လိုက်ရသည်။
ဖန်ဇီလင်သည် မှိုရသည့် မျက်နှာမျိုးဖြင့်ပင် သောက်လျက်ရှိနေပြီး တစ်ချက်တစ်ချက်တွင် ကျယ်လောင်စွာ ရယ်မောလိုက်ပြန်သည်။ ထိုကဲ့သို့ ရယ်မောလိုက်သည့်အခါတိုင်း သူ၏ ပါးစပ်ထဲရှိ သွားများ ပင် အကုန်ပေါ်သွားလေသည်။
“ဘာလဲဟ . . . တော်တော်ကြာတဲ့အထိ လျှောက်သွားပြီးမှ ရုတ်တရက် ပြန်လှည့်လာပြီး ဘာလို့ လာသောက်နေရတာလဲ . . .”
အမှောင်ထဲမှ မိန်းမပျိုသည် နားမလည်ဟန်ဖြင့် ရေရွတ်လိုက်သည်။
ထိုမိန်းမပျိုသည် ချင်းယန်နယ်ပယ်မှ အစွမ်းထက်ဆုံး ပညာရှင် ၃ ဦးထဲမှ တစ်ဦးပင် ဖြစ်သည်။ ထို့ပြင် အတွေ့အကြုံများလည်း ကြွယ်ဝသူတစ်ဦးဖြစ်သောကြောင့် သူမအား ယှဉ်နိုင်သည့် လူဟူ၍ မရှိသလောက်ပင်ဖြစ်သည်။
သို့သော် ထိုကဲ့သို့ ပါးရပ်နပ်ရည် ရှိလှသည့် လူတစ်ယောက်ပင်ဖြစ်လင့်ကစား ဖန်ဇီလင်၏ အပြုအမူများနှင့် ပတ်သက်၍ နားမလည်နိုင်အောင်ပင် ဖြစ်လျက်ရှိသည်။
[သူတစ်ခုခုကိုများ အာရုံခံမိသွားလို့လား။ မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး။ သူက ဘာအဆင့်မှ မရှိသေးတဲ့ဟာ နောက်ထပ် နှစ်တစ်သောင်းလောက် ကျင့်ကြံမှုတွေ လုပ်ပါစေဦး ငါ့ကို ဘယ်လိုမှ သတိပြုမိစရာ အကြောင်းမရှိဘူး . . .]
. . .
ဖန်ဇီလင်တစ်ယောက် အချိန်များအား မေ့လျော့၍ ပျော်ရွှင်စွာ သောက်စားနေခဲ့သည်မှာ ညအချိန်သို့ပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
အပြင်ဘက်တွင် မှောင်ရိပ်ခို၍ စောင့်ဆိုင်းနေသည့်
မိန်းမပျိုသည်လည်း စိတ်မရှည်တော့သောကြောင့် သက်ပြင်းများ တဟင်းဟင်းချရင်း ဒေါသထွက်နေမိသည်။ မကျေမနပ်ဖြင့် အံတကြိတ်ကြိတ် လုပ်ရလွန်း၍ သွားများပင် ကျိုးမတတ် ဖြစ်နေခဲ့သည်။
တစ်မြို့လုံးအား အမှုန့်ချေပစ်ချင်နေသည့် စိတ်များခဏခဏ ချိုးနှိမ်၍ ထားနေရသည်။ ဖန်ဇီလင်အား ကြည့်ကာ တောက်တခေါက်ခေါက်ဖြင့်ပင် ဒေါသထွက်နေမိရင်း -
[တောက် . . . သောက်ချင်လှချည်ရဲ့ ဆိုလည်း သောက်ပေါ့။ အခုဟာက မဟုတ်သေးပါဘူး၊ လက်သည်းခွံလောက်ရှိတဲ့ ခွက်လေးတစ်ခွက်ကို အခါတစ်ရာလောက် မော့နေတယ်။ ဒီလူက ဘာလဲဟ၊ လူတောင် ဟုတ်ရဲ့လား . . .]
မီးများ ထိန်ထိန်လင်းလာသည့် အချိန်မှသာ ဖန်ဇီလင်သည် ထိုင်ရာမှ ထလိုက်သည်။
“နောက်ဆုံးတော့ ပြီးပြီထင်တယ် . . .”
အမှောင်ထဲမှ မိန်းမပျိုသည် စိတ်သက်သာရာ ရသွားဟန်ဖြင့် ရေရွတ်လိုက်သည်။
“နောက်ထပ် ရူးကြောင်ကြောင် အလုပ်တွေ ထပ်မလုပ်ဖို့ မျှော်လင့်ရတာပဲ . . .”
သို့သော် သူမ၏ အထင်နှင့်အမြင်သည် တက်တက်စင်အောင်ပင် လွဲသွားခဲ့သည်။
သူ ကြည့်နေသည့်အချိန်မှာပင် ဖန်ဇီလင်သည် ကျောက်မျက်ရတနာဆိုင် တစ်ဆိုင်သို့ ဝင်သွားပြန်သည်။
အထဲသို့ ရောက်သောအခါ ဖန်ဇီလင်သည် ဟိုဟိုဒီဒီ လျှောက်ကိုင်ရင်း ကြည့်နေလေသည်။ သူကြိုက်သည့် ပစ္စည်းဆိုလျှင် စျေးဆစ်ပြန်သည်။ ရောင်းသူနှင့် ဝယ်သူအကြား စျေးဆစ်ခြင်း ဟူသည်မှာ မထူးဆန်းသော ကိစ္စတစ်ခု ဖြစ်သော်လည်း ဖန်ဇီလင်မှာမူ အနည်းငယ် ထူးဆန်းနေသည်။ ဖန်ဇီလင်သည် ငွေစ ၈၄၀ တန်သော ပစ္စည်းအား ငွေစ ၂ စဖြင့် ရအောင် စျေးဆစ်နေခြင်းပင် ဖြစ်သည်။ ဆိုင်ရှင်ဖြစ်သူမှ မည်သည့်နည်းနဲ့မျှ လက်မခံနိုင်သော်လည်း ဖန်ဇီလင်သည် ငွေစ ၁ စခွဲခန့်ဆီ တိုးတိုးပေး၍ ဆစ်နေပြန်သည်။ ထိုကဲ့သို့ စျေးဆစ်နေသည်နှင့်ပင် ၂ နာရီခန့် ကြာမြင့်သွားခဲ့သည်။ နောက်ဆုံးတွင်မူ ငွေစ ၃၃၀ ဖြင့် ရရှိသွားလေတော့သည်။
နောက်ယောင်ခံလိုက်လာသော မိန်းမပျိုသည် ဒေါသထွက်လွန်းသဖြင့် အသားများပင် တဆတ်ဆတ် တုန်လျက်ရှိသည်။
ဆိုင်ရှင်ဖြစ်သူမှာလည်း မျက်စိပျက်မျက်နှာပျက်ပင် ဖြစ်နေပြီး ဖန်ဇီလင်အား စကားအဖတ်လုပ်၍ပင် မပြောချင်တော့ပေ။ ထို့ကြောင့် မတန်တဆ စျေးလျော့၍ ရောင်းချပေးလိုက်ခြင်း ဖြစ်သည်။ ပစ္စည်းတစ်ခု အတွက်နှင့် စိတ်ရှုပ်မခံချင်တော့သကဲ့သို့ အချိန်ကုန်လည်း မခံချင်တော့ပေ။ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို၍ မရောင်းဘူး ဆိုပါကလည်း အများအမြင်တွင် သူ၏ဆိုင် သိက္ခာကျနိုင်လေသည်။
ထို့နောက် ဖန်ဇီလင်သည် ဆံထိုးတစ်ချောင်းဖြင့် သူ၏ နားအား သန့်ရှင်းရေး လုပ်နေရင်း ဆိုင်ထဲမှ ပြန်ထွက်လာခဲ့သည်။ ဆံထိုးဖြင့် နားဖာကလော်ပြီးသောအခါ နားမှ အညစ်အကြေးများအား လက်ဖြင့် ဖယ်လိုက်ရင်း အနံ့ရှူလိုက်ပြန်သည်။
“ဝေါ့ . . .”
ဖန်ဇီလင်သည် ဖယ်လိုက် ရှူလိုက်ဖြင့် လေးငါးခါမကပင် လုပ်နေလေသည်။ စောင့်ကြည့်နေသော မိန်းကလေးသည် ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ အလွန်ပင် အော်ဂလီဆန်မိသွားသည်။
“တော်တော် အရှက်မဲ့တဲ့ လူပါလား။ ဟိုမိန်းကလေးတွေက ဒီလိုလူမျိုးနဲ့များ အသားချင်းထိဆက်ဆံပြီး သူတို့ရဲ့ အပျိုစင်ဘဝကို ပေးချင်နေကြသေးတယ်။ ဒီလိုလူထိတာ ခံမယ့်အစား အသေခံလိုက်တာကမှ ကောင်းဦးမယ် . . .”
ရွံလွန်းသဖြင့် သူမကိုယ် သူမ သတ်သေပစ်ချင်စိတ်ပင် ပေါက်နေလေသည်။
ထို့နောက် ဖန်ဇီလင်သည် အလှပြင်ပစ္စည်းရောင်းသည့် ဆိုင်တစ်ဆိုင်သို့ ဝင်လိုက်ပြန်သည်။ ထိုမှတဆင့် လက်နက်ပစ္စည်းများ ရောင်းသည့်ဆိုင်သို့ ထပ်မံ၍ ဝင်ရောက်ပြန်သည်။
ထိုသို့ဖြင့် ဆိုင်ပေါင်းများစွာ တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်နေခဲ့သည်။
အဆိုပါ ဆိုင်များ၏ ဆိုင်ရှင်များသည် ဖန်ဇီလင်၏ အဆမတန် စျေးဆစ်ခြင်းအပေါ် သည်းမခံနိုင်ကြတော့ဘဲ မျက်စိပျက် မျက်နှာပျက်စွာဖြင့် စျေးများလျော့ကာ ရောင်းလိုက်ကြသည်။
နောက်ဆုံးတွင်မူ ဖန်ဇီလင်သည် ကျောက်စိမ်းဆိုင် တစ်ဆိုင်မှ ကျောက်စိမ်းတုံး နှစ်တုံးကိုင်ဆောင်၍ ထွက်လာလေသည်။ ဖန်ဇီလင်၏ စျေးဆစ်သည့် အသံများအား နားမထောင်ချင်တော့သောကြောင့် အ မိန်းမပျိုသည် ကျောခိုင်း၍သာ နေနေခဲ့သည်။ ကြားမိပါက ဒေါသထွက်မိနေဦးမည် မဟုတ်ပါလော။
သန်းခေါင်ယံ အချိန်သို့ပင် ရောက်လာပြီ ဖြစ်သောကြောင့် လမ်းမပေါ်တွင် လူသွားလူလာဟူ၍ မရှိတော့ချေ။
ရဲရှောင်သည် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ဖြင့် မြို့ပတ်နေရခြင်းမှာ သူ၏ နောက်မှ တစ်စုံတစ်ယောက် လိုက်လာမည်စိုး၍ အာရုံခံနေခြင်းပင် ဖြစ်သည်။
နောက်ဆုံးတွင် မည်သူမျှ မရှိကြောင်း အတည်ပြုလိုက်မိသည်။ သူအမှတ်မှားခြင်း ဖြစ်နိုင်သည်ဟုလည်း ရဲရှောင် တွေးလိုက်မိသည်။ အကယ်၍ သူ၏ နောက်သို့ တစ်စုံတစ်ယောက် လိုက်လာခဲ့မည် ဆိုပါက ထိုလူသည် သူ၏ လုပ်ရပ်များကြောင့် စိတ်ညစ်လွန်း၍ ထွက်သွားပေလိမ့်မည်။
တိတ်ဆိတ်ငြိမ်သက်သော မြို့လယ်လမ်းမပေါ်တွင်
ရဲရှောင်တစ်ဦးတည်းသာ ထီးထီးကြီး ကျန်ရှိတော့သည်။ သူ၏ ရန်သူသာ ဆိုပါက လူသူမရှိသည်ကို အခွင့်ကောင်းယူ၍ ယခုနေရာတွင် လာရောက်တိုက်ခိုက် ပေလိမ့်မည်။
သို့သော် မည်သည့် ထူးခြားမှုမျှ မတွေ့ရချေ။
ထို့ကြောင့် သူ၏ အာရုံခံမှု တစ်ခုခု မှားယွင်းနေသည်ဟုသာ မှတ်ယူလိုက်မိသည်။
[ငါမှားတာပဲ ဖြစ်မှာပါ။ ငါ့ရဲ့ အာရုံခံနိုင်စွမ်းကလည်း သိပ်မှ မမြင့်သေးတာ အဲဒီတော့ မှားနိုင်တာပဲ . . .]
ရဲရှောင်သည် စိတ်သက်သာရာ ရသွားသည့်ဟန်ဖြင့် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ရယ်မောခြင်း ကောင်းကင် ခြေလှမ်းကို အသုံးပြုကာ လှစ်ခနဲပင် ပြေးထွက်သွားသည်။
“ဝှစ် . . .”
ရဲရှောင်သည် ချက်ချင်းပင် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
[ငါအိမ်မပြန်တာ နည်းနည်းကြာနေပြီဆိုတော့ ဦးလေးဆောင်လည်း ငါ့ကို စိတ်ပူနေလောက် ရောပေါ့ . . .]
ရဲရှောင်သည် တွေးရင်းဖြင့် အိမ်သို့ ခပ်မြန်မြန်ပင် သုတ်ခြေတင်ကာ သွားလိုက်သည်။
ညသည် မှောင်မိုက်နေသည့်အပြင် လမ်းမပေါ်တွင်လည်း မည်သူမှ ရှိမနေသောကြောင့် သူ၏ လှုပ်ရှားမှုအား မည်သူတစ်ဦးတစ်ယောက်ကမျှ သတိပြုမိလိမ့်မည် မဟုတ်ဟု ရဲရှောင် တွေးနေမိသည်။
မိန်းမပျိုသည် သူမ၏ ရင်ထဲရှိ ဒေါသများအား ချုပ်တည်း၍ နေနေရသည်။ ထိုအချိန်တွင် တစ်ခုခု ရွေ့လျားသွားသည့် အသံအား ကြားလိုက်ရပြီး သူမချက်ချင်း လှည့်ကြည့်လိုက်သောအခါ ဖန်ဇီလင် မရှိတော့သည်ကို မြင်တွေ့လိုက်ရသည်။
ထိုအချိန်မှသာ သူ၏ စိတ်ထဲ သဘောပေါက်သွားလေသည်။
[ဒီလူက တမင် ဟန်ဆောင်နေခဲ့တာပဲ။ သူ့နောက်ကို တစ်ယောက်ယောက် လိုက်နေတာ သိလို့ ထင်တယ် . . .]
ရဲရှောင်သည် သူ၏နောက်သို့ မည်သူမျှ လိုက်နိုင်တော့မည် မဟုတ်ဟု တွေးမိသည့်အလျောက် စိတ်လက်ပေါ့ပါးစွာပင် အိမ်သို့ပြန်သွားခဲ့သည်။
အမှောင်ထဲမှ မိန်းကလေး၏ စိတ်ထဲတွင်လည်း -
[လင်းပါအိုလို လေလံခန်းမကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်က စျေးပေါပေါ ပစ္စည်းတွေကို ဆိုင်လေးတွေကနေ အဆမတန် စျေးဆစ်ပြီး ဝယ်နေတာ အချိန်ဆွဲနေတဲ့ သဘောများလား၊ တကယ်ဆို သူက ဒီမော်တယ်ကမ္ဘာမှာ အချမ်းသာဆုံးတောင် ဖြစ်ဦးမယ် . . .]
“ကောင်းပြီလေ . . .  ရှင်အခုတော့ ပြေးထားဦးပေါ့။
ရှင့် ကျွန်မလက်က လွတ်မယ်များ ထင်နေတာလား . . .”
အမှောင်ထဲမှ မိန်းမပျိုသည် ခနဲ့တဲ့တဲ့ပင် ရေရွတ်လိုက်ပါတော့သည်။
Chapter – 223
“ကျော့ကွင်း”
. . .
“ဝေါ့ . . .”
အဆိုပါ ဆိုင်များ၏ ဆိုင်ရှင်များသည် ဖန်ဇီလင်၏ အဆမတန် ဈေးဆစ်ခြင်းအပေါ် သည်းမခံနိုင်ကြတော့ဘဲ မျက်စိပျက် မျက်နှာပျက်စွာဖြင့် ဈေးများလျော့ကာ ရောင်းလိုက်ကြသည်။
“ဝှစ် . . .”
[လင်းပါအိုလို လေလံခန်းမကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်က ဈေးပေါပေါ ပစ္စည်းတွေကို ဆိုင်လေးတွေကနေ အဆမတန် ဈေးဆစ်ပြီး ဝယ်နေတာ အချိန်ဆွဲနေတဲ့ သဘောများလား၊ တကယ်ဆို သူက ဒီမော်တယ်ကမ္ဘာမှာ အချမ်းသာဆုံးတောင် ဖြစ်ဦးမယ် . . .]
Continue Reading
You'll Also Like
358K 56.4K 65
Author(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transmigration Cannon Fodder's Record of Count...
2.5M 325K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
584K 77K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
1.1K 96 9
ဘာသာပြန်သူ- စွဲညို့အသင်း (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)