မိုးကောင်းကင်အောက်မှကလဲ့စား (...

By KazunoMora

52K 3.8K 5

Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ chara... More

🔥ရှင်းလင်းချက်🔥
အကျဉ်းချုပ် အက်ဥ္းခ်ဳပ္
Chapter - 209 "ရှင်လုပ်နိုင်ပါတယ်"
Chapter - 210 "တိမ်မြူခိုးနန်းတော်၏ကြမ္မာဆိုး"
Chapter - 211 "ရှေ့ဖြစ်နိမိတ်"
Chapter - 212 "သူဘယ်လိုသိ"
Chapter - 213 "ကျောက်စိမ်းအားဖြည့် ကြာပန်းပင်"
Chapter - 214"အမှားကြီးမှားခြင်း"
Chapter - 215 "အထင်လွဲခြင်း"
Chapter - 216 "လင်းရှောင်ရေခဲကျင့်စဉ်"
Chapter - 217"ယုံတမ်းစကားများ"
Chapter - 218 "သိက္ခာဆိုတာဘာလဲ"
Chapter - 219"မဖြစ်နိုင်သော"
Chapter - 220 "ကောင်းကင်အပြစ်ဒဏ်"
Chapter - 222"နောက်ယောင်ခံလိုက်ခြင်း"
Chapter - 223"ကျော့ကွင်း"
Chapter - 224"ဝမ်းနည်းနေသောဆောင်ဂျု"
Chapter - 225"ကျူးကျော်ဝင်ရောက်လာခြင်း"
Chapter - 226 "တွေဝေခြင်း"
Chapter - 227"ထိပ်တိုက်ရင်ဆိုင်မှု"
Chapter - 228"မိုးရွာတုန်း ရေခံ"
Chapter - 229"ပညာရှင်နှစ်ဦး၏တိုက်ပွဲ"
Chapter - 230 "ကြာပန်းကိုးခိုင်"
Chapter - 231"သူသေကိုယ်သေ"
Chapter - 232"ကယ်တင်ခြင်း (၁)"
Chapter - 233"ကယ်တင်ခြင်း (၂)"
Chapter - 234"အ‌စေ‌ခံ (၁)"
Chapter - 235"အစေခံ (၂)"
Chapter - 236"ဥတစ်ဥနှင့်လူတစ်ယောက်"
Chapter - 237"သနားစရာမိန်းကလေး ပိုင်အာ"
Chapter - 238"ဘဝတူ"
Chapter - 239"အံ့ဖွယ်လက်ဆောင်"
Chapter - 240"ကျီစားသန်က ရန်များ၏"
Chapter - 241"အဆင့်တက်အောင်ကူညီစေခြင်း (၁)"
Chapter - 242"အဆင့်တက်အောင်ကူညီစေခြင်း (၂)"
Chapter - 243"အဆင့်တက်အောင်ကူညီစေခြင်း (၃)"
Chapter - 244"မယုံနိုင်ဖွယ် အဆင့်တက်ခြင်း"
Chapter - 245"အဆင့်တက်ခြင်း၏ အကျိုးသက်ရောက်မှု"
Chapter - 246"အထူးခြားဆုံးသောကျင့်စဉ်တစ်ခု"
Chapter - 247 "ကုသမှုအား လက်ခံလိုက်ခြင်း"
Chapter - 248"ကျုပ်မှာအချိန်မရှိဘူး"
Chapter - 249"ဝေဒနာအား ကုသပေးခြင်း"
Chapter - 250"ထူးခြား စွမ်းအင်"
Chapter - 251"ပဟေဠိဆန်သော ပုစ္ဆာ"
Chapter - 252"နူးညံ့မှု"
Chapter - 253"ဝမ်ဇန်းဟို၏အခက်အခဲ"
Chapter - 254"အချောင်သမားများ"
Chapter - 255"သနားစဖွယ် ဥ"
Chapter - 256"ထူးဆန်းသောစွမ်းအင်"
Chapter - 257"ဥ၏နေရာ"
Chapter - 258"ပျော်ရွှင်သွားသောဥ"
Chapter - 259 "ပိုင်အာ၏ကြိုးပမ်းမှု"
Chapter - 260 "နှိပ်စက်ခံနေရသကဲ့သို့"
Chapter - 261"ကြောက်မက်ဖွယ်ရာ ချီဓာတ်များ"
Chapter - 262"ထင်ယောင်ထင်မှားဖြစ်ခြင်း"
Chapter -263"လျှို့ဝှက်ချက်ပေါ်သွားခြင်း"
Chapter - 264"နန်ရှန်ဆင်း"
Chapter - 265"အကောင်းဆုံးကြိုးစားခြင်း"
Chapter - 266"ပထမတိုက်ကွက်"
Chapter - 267"သက်ရောက်မှုမရှိခြင်း"
Chapter - 268"ဓားတစ်လက်ဖြစ်ပေါ်လာခြင်း"
Chapter - 269"ရယ်မောခြင်းလေပြည်"
Chapter - 270"တန်ပြန်တိုက်ခိုက်မှု"
Chapter - 271"အသေသတ်တိုက်ကွက်"
Chapter - 272"စားရကံ ကြုံလို့ မုတ်ဆိတ် ပျားစွဲ"
Chapter - 273"မလူးသာမလွန့်သာ"
Chapter - 274"ဝှက်ဖဲ"
Chapter - 275"အပ်ကိုသုံးတာဘယ်သူလဲ"
Chapter - 276"အနန္တသူတော်စင်"
Chapter - 277"မင်းသိလား"
Chapter - 278"လေလံခန်းမဖွင့်လှစ်ခြင်း"
Chapter - 279"မုန်တိုင်းအိမ်တော်၏ အရှိန်အဝါ"
Chapter - 280"ဖိနှိပ်ခံရခြင်း"
Chapter - 281 - 285
286 - 290
291 - 295
296 - 300
301 - 306
307 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 336
Chapter - 337"ဉာဏ်ကောင်းလှသည့်ဇုဝူကျီ"
Chapter - 338"စဉ်းစားခန်းဝင်ခြင်း"
Chapter - 339"အစော်ကားခံရသည့်ဖန်ဧကရာဇ်"
Chapter - 340"နိုင်ငံရေးနားမလည်သောရဲရှောင်"
Chapter - 341"ဝမ်အာရောက်လာခြင်း"
Chapter - 342"အိန္ဒြေရရ‌ နေကြပါ"
Chapter - 343"လျှို့ဝှက်မြေပုံ"
Chapter - 344"လုပ်ကြံသတ်ဖြတ်သူနှစ်ဦး တွေ့ဆုံကြခြင်း"
Chapter - 345"သေသည့်တိုင် တာဝန်ယူမည်"
Chapter - 346"ခင်ဗျားကိုငှားချင်တယ်"
Chapter - 347"ရှေ့ဆက်ရမည့်အစီအစဉ်"
Chapter - 348"လုပ်ငန်းစတင်ခြင်း"
Chapter - 349"လှုပ်ရှားခြင်း"
Chapter - 350"အသေအချာ သိသွားကြခြင်း"
Chapter - 351"စိတ်နှင့်ကိုယ်မကပ်ခြင်း"
Chapter - 352"ဆဲဆိုကြခြင်း"
Chapter - 353"ဆဲဆိုကြခြင်း"
Chapter - 354"အရက်သောက်ကြခြင်း"
Chapter - 355"ကမ္ဘာ့ရန်"
Chapter - 356"တိုက်ပွဲ"
Chapter - 357"တိုးတက်မှုမရှိခြင်း"
Chapter - 358"ပူးပေါင်းမှု"
Chapter - 359"ဝတ်ရုံနက်ဖြင့်လူ"
Chapter - 360"ခင်ဗျားဘယ်သူလဲ"
Chapter - 361"သွေးခွဲခြင်း"
Chapter - 362"တိုက်ကွက်ဆန်း"
Chapter - 363"စစ်ယု"
Chapter - 364"အတူတကွရင်ဆိုင်ရန်"
Chapter - 365"ကျားရဲတွင်းသို့"
Chapter - 366"ဓားတစ်ချောင်းနှင့်လူတစ်ယောက်"
Chapter - 367"စံပြပုဂ္ဂိုလ်"
Chapter - 368"ကမ္ဘာမကြေ ရန်ငြိုး"
Chapter - 369"ဗိုက်ခေါက်ကြီး"
Chapter - 370"ဆရာနင်"
371 - 375
376--377
378--379
380--381
382--383
384--385
386--387
388--389
390--391
392--393
394--395
396--397
398--399
400
401--402
403--404
405--406
Chapter (407)"ကောင်ကင်အဆင့်တစ်ပညာရှင်လော"
Chapter (408)"ကောင်းကင်အဆင့်နှစ်ပညာရှင်လော"
Chapter (409)"အနိုင်ရမည်လော"
Chapter (410)"တစ်ချက်တည်းဖြင့်"
Chapter (411)"ကြိုးစားခွင့်"
Chapter (412)"သတ်ဖြတ်ခြင်းဘုရင်"
Chapter (413)"ခင်ဗျားမှာအကူရှိတယ်"
Chapter (414)"ပြောင်းလဲသွားသောအခြေအနေ"
Chapter (415)"တိုက်ခိုက်မှုစတင်ခြင်း"
Chapter (416)"လှုံ့ဆော်မှု"
Chapter (417)"တရားခံဘယ်သူလဲ"
Chapter (418)"ရှက်ရွံ့နေသည့်သခင်ကြီးဘိုင်"
Chapter (419)"ထူးဆန်းသောအဖြစ်အပျက်"
Chapter (420)"စိတ်တန်ခိုးမျက်လုံး"
Chapter (421)"လေနှင့်အတူ"
Chapter (422)"ယင်ယန်အသီးများ"
Chapter (423)"ရင်နင့်စွာဖြင့်"
Chapter (424)"အချစ်အတွက်ဆို"
Chapter (425)"နည်းလမ်းနှစ်ခု"
Chapter (426)"မိုးကောင်းကင်ကို ထိတွေ့ရသည်ထက် ခက်၏"
Chapter (427)"တစ်နှစ်တစ်ခါ"
Chapter (428)"ရယ်မောခြင်း၏အဓိပ္ပါယ်"
Chapter (429)"အထီးကျန်သောဘဝ"
Chapter (430)"လက်ကိုင်တုတ်"
Chapter (431)"လုပ်ကြံသတ်ဖြတ်သူများစုဝေးခြင်း"
Chapter (432)"အဖြေမရှိ"
Chapter (433)"ထိပ်တန်းပညာရှင်များအား ပျိုးထောင်ပေးခြင်း"
Chapter (434)"အံ့မခန်းအမြန်နှုန်း"
Chapter (435)"ရေခဲဝိညာဉ်ဓား"
Chapter (436)"ဓားနှင့်တသားတည်းဖြစ်သွားခြင်း"
Chapter (437)"မခေါ်ဘဲလာသည့်ဧည့်သည်"
Chapter (438)"လင်းဝုရှဲ့"
439--440
441--442
443--444
445--446
447--448
449--450
451--452
453--454
455--456
457--458
459--460
461--462
463--464
465--466
467--468
469--470
471--472
473--474
475--476
477--478
479--480
Chapter (481)"ကျုပ်တို့မလိုချင်ပါဘူး"
Chapter (482)"ဒုက္ခလှိုင်းများ"
Chapter (483)"ဝမ်းနည်းနေသော လင်းဝုရှဲ့"
Chapter (484)"မန်ဟွာချင်း"
Chapter (485)"အံ့ဩတုန်လှုပ်ခြင်း"
Chapter (486)"ထွက်ခွာကြရတော့မည်"
Chapter (487)"ရှင့်အကူအညီလိုတယ်"
Chapter (488)"ဆွေးနွေးမှုပျက်ပြယ်ခြင်း"
Chapter (489)"ခြိမ်းခြောက်မှု"
Chapter (490)"ဘယ်တော့မှအလျော့မပေးဘူး"
🔥🔥🔥🔥

Chapter - 221"အမည်မသိ"

296 19 0
By KazunoMora

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter - 221

"အမည်မသိ"

"ငါတို့တွေ အဲဒီနေ့ကိုပဲ စောင့်ကြတာပေါ့။ ငါတို့ရဲ့ ခေါင်းဆောင်မရှိတော့ရင် ရန်သူတွေ ဒီကို သေချာပေါက် ရောက်လာမှာပဲ။ အဲဒီနေ့ကျမှ ငါတို့ စုပေါင်းပြီး သူတို့ကို ငရဲပို့ပစ်မယ် တိုက်ရင်းနဲ့ ငါတို့ အတူသေကြတာပေါ့။ အဲ့ဒီအခါကြမှ တမလွန်ကနေ ခေါင်းဆောင်ကို ဆက်ရှာကြမယ်။ ငါတို့တွေ သူ့အရိပ်အောက်မှာပဲ ခိုလှုံကြတာပေါ့ . . ."

တိမ်မြူခိုးနန်းတော်တွင် ငိုကြွေးသံများဖြင့် ဖုံးလွှမ်းသွားလေသည်။

အရှေ့အရပ်၌ အနီရောင်အလင်းတန်းများသည် အဆက်မပြတ် လင်းလက်တောက်ပလျက် ရှိသည်။ ထိုအချိန်တွင် ပေါက်ကွဲသံကြီးတစ်ခုသည် ကျယ်လောင်စွာဖြင့် မြည်ဟီးသွားသည်။

ထိုပေါက်ကွဲသံကြီးကြောင့် ချင်းယန်နယ်ပယ် တစ်ခုလုံးပင် တုန်ခါသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။

ထို့နောက် စူးစူးဝါးဝါးဖြင့် အော်ဟစ်လိုက်သည့် အသံတစ်သံသည် ထွက်ပေါ်လာပြီး ချက်ချင်းပင် ပြန်လည် ငြိမ်ကျသွားသည်။

ကမ္ဘာကြီးတစ်ခုလုံး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။

မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မည်သူမျှ မသိနိုင်ချေ။

[ငါတို့ရဲ့ ခေါင်းဆောင် အဆင်ရော ပြေရဲ့လား . . .]

မိန်းကလေးများသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း တွေးလိုက်မိကြသည်။

"ငါတို့တွေ သွားကြည့်ကြမယ် . . ."

ဆံပင်များ ဖွေးဖွေးဖြူနေသည့် အဘွားအိုကြီးတစ်ဦးသည် ဝမ်းပန်းတနည်းဖြင့် ပြောလိုက်သည်။

"ဘယ်လိုပဲ ဖြစ်ဖြစ်၊ ငါတို့ရဲ့ ခေါင်းဆောင် အဆင်ပြေလား မပြေလားဆိုတာ သိမှဖြစ်မယ် . . ."

သူမတို့အားလုံးသည် အံကိုတင်းတင်းကြိတ်၍ မျက်ရည်များ သုတ်လိုက်ကြသည်။ ထို့နောက် တွေဝေတုန့်ဆိုင်းခြင်း အလျဉ်းမရှိဘဲ အရှေ့အရပ်သို့ ပြေးထွက်သွားကြပါတော့သည်။

. . .

မော်တယ်ကမ္ဘာတွင် ဝမ်ရမ်ချူးချူးနှင့် ပိုင်ရှင်းယွဲ့တို့ နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး စကားမဆိုဘဲ နှုတ်ဆိတ်လျက်သာရှိသည်။ ဖန်ဇီလင်နှင့် ပတ်သက်၍ တွေးတောနေကြသောကြောင့်ပင် ဖြစ်သည်။ သို့သော် သူတို့နှစ်ဦး၏ အတွေးများသည် တူညီနိုင်မည် မဟုတ်ပေ။

နောက်ဆုံးတွင်မူ ပိုင်ရှင်းယွဲ့သည် တိတ်ဆိတ်မှုအား စတင်၍ ဖြိုခွင်းလိုက်သည်။

"ချူးချူး . . . ငါ အများကြီး စဉ်းစားပြီးသွားပြီ။ ဖန်ဇီလင်ကို ဖမ်းပြီး ငါတို့ဂိုဏ်းမှာ ခိုင်းထားမယ်ဆိုရင် ဘယ်လို ဆက်ဖြစ်လာမယ်လို့ မင်းထင်လဲ . . ."

ဝမ်ရမ်ချူးချူး၏ မျက်နှာသည် ချက်ချင်းပင် ဖြူရော်ရော် ဖြစ်သွားကာ -

"ဆရာ . . . ဒီလိုလုပ်တာ တရားနည်းလမ်း ကျပါ့မလား . . ."

ပိုင်ရှင်းယွဲ့သည် သက်ပြင်းတစ်ချက် ချလိုက်ရင်း -

"မတရားဘူးဆိုတာ ငါသိပါတယ်။ သူနဲ့ ငါတို့ကြားက ဆက်ဆံရေးကလည်း ဘယ်လိုမှ ကောင်းစရာ မရှိတော့ဘူး။ ဒါပေမယ့် ဒီလူက ငါတို့ တိမ်မြူခိုးနန်းတော်အတွက် အရမ်းကို အရေးပါလွန်းတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတို့ ဆုံးဖြတ်ချက်မှားလို့ မဖြစ်ဘူး . . ."

ပိုင်ရှင်းယွဲ့တို့နှစ်ဦး စကားပြောနေသည့်အချိန်တွင်
ချင်းယန်နယ်ပယ်၌ အနက်ရောင်ပုံရိပ်တစ်ခုသည် ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုပုံရိပ်သည် သူ၏ လက်ဖြင့် တိမ်မည်းများကို ဝေ့ယမ်းလိုက်ပြီး ဟင်းလင်းပြင်အား အက်ကွဲစေလိုက်သည်။

ထို့နောက် ဟင်းလင်းပြင် အက်ကွဲကြောင်းမှတစ်ဆင့် မော်တယ်ကမ္ဘာသို့ ဆင်းသက်လာလေသည်။

ဝမ်ရမ်ချူးချူးသည် ဆရာဖြစ်သူအား ကြည့်ရင်း -

"ဆရာ . . . ဆရာ ဘာမှမသိသေးဘူးနော်။ ဖန်ဇီလင်ဆိုတဲ့လူက တကယ်ခေါင်းမာတဲ့လူ။ ကျွန်မတို့ ထင်ထားတာထက်ကို ပိုပြီး ခေါင်းမာသေးတယ်။ ကျွန်မ သူနဲ့ စတွေ့တုန်းကဆိုရင် သူ့ကို ရန်သူတွေ ဝိုင်းရိုက်ထားလို့ ဒဏ်ရာအပြင်းအထန်ရပြီး လဲကျနေတာ။ အဲဒီနေ့က သူ့ဘာသာသူတစ်ယောက်တည်း နာကျင်မှုတွေကို အံကြိတ်ခံနေတာ။ သူ့ကို ကြည့်နေတဲ့ ကျွန်မတောင်မှ တော်တော် အသည်းယားမိတယ်။ ဒါပေမယ့် အဲ့ဒီလို ဒဏ်ရာအပြင်းအထန် ရထားလည်း တစ်ချက်မညည်းဘူးနော်။ ဒီလို ခေါင်းမာတဲ့ လူတစ်ယောက်ကို ကျွန်မတို့သာ ဖမ်းလိုက်မယ်ဆိုရင် သူနဲ့ ကျွန်မတို့ ဆက်ဆံရေး ပြတ်သွားရုံတင် မဟုတ်ဘူး၊ ကျွန်မတို့ကို မကူညီချင်တာနဲ့ သူ့ကိုယ်သူပါ သတ်သေသွားလောက်တယ်။ အဲဒီအခါကြမှ ကျွန်မတို့ဂိုဏ်းအတွက် ပိုပြီးတော့တောင် မျှော်လင့်ချက် မဲ့သွားလိမ့်မယ် . . ."

ပိုင်ရှင်းယွဲ့သည် တခဏမျှ ငိုင်ကျသွားကာ -

"မင်းပြောတာ မှန်တယ်။ သူဒီလောက်ထိ ခေါင်းမာမယ်မှန်း ငါမသိခဲ့ဘူး . . ."

ထိုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားသကဲ့သို့ ဖြစ်သွားသည်။ ပိုင်ရှင်းယွဲ့တို့ နှစ်ဦးစလုံး လဲကျသွားမတတ်ပင် ဖြစ်သွားရင်း ခေါင်းများလည်း ချာချာလည် မူးဝေသွားခဲ့သည်။

ကောင်းကင်တစ်ခုလုံးသည်လည်း တစ်စက္ကန့်မျှ မှောင်မိုက်သွားသည်။

ပိုင်ရှင်းယွဲ့သည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ -

"ဘာဖြစ်တာလဲ . . ."

ဝမ်ရမ်ချူးချူးလည်း မော့ကြည့်ရင်း -

"ကျွန်မလည်း မသိဘူး၊ ငလျင်လှုပ်တာများလား . . ."

"မဟုတ်ဘူး . . ."

ပိုင်ရှင်းယွဲ့သည် ပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက် ကြည့်လိုက်ပြီး သတိမြဲမြံစွာ နေလိုက်သည်။

သို့သော် ခေါင်မိုးပေါ်တွင် လူရိပ်တစ်ခု ရောက်ရှိလာသည်ကို သတိမပြုမိလိုက်ကြပေ။

အဆိုပါ အနက်ရောင်ပုံရိပ်သည် ပိုင်ရှင်းယွဲ့အား မြင်လိုက်ရသောအခါ စိတ်သက်သာရာ ရသွားသည့်ပုံပင်။

[နောက်ဆုံးတော့ သူ့ကိုငါတွေ့ပြီ၊ နောက်တော့ မကျသေးပါဘူး . . .]

ဝမ်ရမ်ချူးချူးသည် မျက်မှောင်ကြုတ်လျက် -

"အနည်းဆုံးတော့ ကျွန်မတို့ ဖန်ဇီလင်ကို ဖမ်းပြီး အားဖြည့်ကြာပန်းတွေ လုပ်ခိုင်းမယ် ဆိုရင်တောင် သူ့ဘက်က လုပ်ချင်မှာ မဟုတ်ဘူး။ နောက်ပြီး ဒီလို ကြာပန်းတွေလုပ်ရုံမကဘူး အသားချင်းထိပြီး ကုဖို့လည်း လိုအပ်တယ် မဟုတ်လား။ ဒီကိစ္စကို ကျွန်မတို့ဂိုဏ်းက တခြားလူတွေက လက်ခံပါ့မလား . . ."

အမိုးပေါ်မှ လူသည် အောက်သို့ ဆင်းသက်လာရန် ပြင်နေခိုက် ဝမ်ရမ်ချူးချူး၏ စကားကြောင့် ကိုယ်ရှိန်သပ်သွားသည်။ ထို့နောက် မျက်မှောင်ကြုတ်လိုက်ရင်း -

[အသားချင်းထိပြီး ကုမယ် . . . ဘာကို ကုမှာလဲ . . .]

ပိုင်ရှင်းယွဲ့သည် ခေါင်းညိတ်လိုက်ကာ -

"မှန်တယ် . . . ဒါက ဖြေရှင်းရခက်တဲ့ ပုစ္ဆာတစ်ပုဒ်လိုပဲ။ ငါတို့အားလုံးက ယင်ဖိုတောင် တစ်ခါမှ မနားဖူးသေးတဲ့ အပျိုစင်တွေ။ ယောကျာ်းတစ်ယောက်နဲ့ ထိတွေ့ဆက်ဆံရမှာကို ခံချင်ကြမှာ မဟုတ်ဘူး။ ဒါဆို ဖန်ဇီလင်ကို မော်တယ်ကမ္ဘာမှာပဲ ထားမှာလား . . ."

ဝမ်ရမ်ချူးချူးသည် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ မည်သို့ရယ်ကြောင့်မှန်း မသိ၊ သူမ၏ စိတ်ထဲတွင် အတွေးများ လွန်ဆွဲလျက်ရှိသည်။ ဖန်ဇီလင်အား တစ်ယောက်ယောက်မှ အနိုင်ကျင့်မည့် အဖြစ်မျိုး အဖြစ်မခံနိုင်အောင်ပေ။

ဝမ်ရမ်ချုးချုးသည် ပြုံးလိုက်ရင်း -

"မော်တယ်ကမ္ဘာမှာပဲ သူ့ကို ဆက်ထားထားတာ ပိုကောင်းမယ် ထင်ပါတယ်။ ဒါက အဆင့်နိမ့် နယ်ပယ် တစ်ခုလေ။ ချင်းယန်နယ်ပယ်က လူတွေဆိုတာလည်း ဒီကို လာခဲတယ်။ ကျွန်မတို့ရဲ့ လျှို့ဝှက်ချက်ကိုလည်း ဖုံးဖိပြီးသား ဖြစ်တာပေါ့။ နောက်ပြီး သူနဲ့သာ ဆက်ဆံရေး ပြေလည်ရင် ကျွန်မတို့ဂိုဏ်းအတွက် အကျိုးအမြတ် အများကြီး ရနိုင်တယ်။ ဖန်ဇီလင်လို လူမျိုးကလည်း ချင်းယန် နယ်ပယ်ကို အနှေးနဲ့အမြန် ဆိုသလို ရောက်လာမှာပါ . . ."

"သူ ချင်းယန်နယ်ပယ်ကို ရောက်လာတဲ့အခါမှ ချင်းယန်ရဲ့ ကြီးနိုင်ငယ်ညှင်း စနစ်ကြီးကို သဘောပေါက် သွားလိမ့်မယ်။ သူကြုံတွေ့ရမယ့် အခက်အခဲတွေကို ကျွန်မတို့ဘက်က ဖြေရှင်းပေးတဲ့အခါကြ သူ့ဘက်ကလည်း ကျွန်မတို့ကို ကျေးဇူးတင်မှာပဲ။ အဲဒါဆို ကျွန်မတို့က ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဖြစ်သွားပြီပေါ့။ ကျွန်မတို့နဲ့ သူနဲ့ ပိုပူးပေါင်းမိသွားပြီး ကျွန်မတို့အတွက်လည်း အခွင့်အရေးတွေ အများကြီး ရလာနိုင်တယ်။ အရေးကြီးဆုံးက ဆရာ့ရဲ့ ဝေဒနာ အမြန်ဆုံး ပျောက်ကင်းဖို့ပါပဲ . . ."

ပြောရင်း ပြောရင်းဖြင့် ဝမ်ရမ်ချူးချူးတစ်ယောက် ဝမ်းနည်းလာသည့်ပုံပင်။ သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝေ့တက်လျက်ရှိသည်။

ပိုင်ရှင်းယွဲ့သည် အဝေးသို့ ရီဝေစွာ ငေးကြည့်နေလေသည်။ သူမ၏ မျက်လုံးထဲတွင် တွေဝေနေသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။ ယခုကဲ့သို့ တွေဝေနေရခြင်းသည် သူ၏ ဘဝ၌ ပထမဦးဆုံး အကြိမ်ပင် ဖြစ်သည်။

ပိုင်ရှင်းယွဲ့သည် လေးတွဲ့သော အသံဖြင့် -

"ငါသေချာ စဉ်းစားလိုက်ပါဦးမယ်။ အသားချင်း ထိတာကြတော့လည်း . . ."

အမိုးပေါ်ရှိလူသည် မျက်မှောင်ကြုတ်လျက် စဉ်းစားနေမိသည်။

သူ စိတ်အဝင်စားဆုံး စကားမှာ အသားချင်းထိ၍ ကုသခြင်း ဆိုသည့် စကားလုံးပင် ဖြစ်သည်။

"ဒါဆိုလည်း ဆရာအေးအေးဆေးဆေး စဉ်းစားလိုက်ပါဦး . . ."

ဝမ်ရမ်ချူးချူးသည် ဆရာဖြစ်သူဘက်မှ အနည်းငယ် စိတ်လည်လာပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

"အခုဆို ကျွန်မတို့ဂိုဏ်းအတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာပြီနော်။ တောက်ပတဲ့ အနာဂတ်က ကျွန်မတို့ကို ဆီးကြိုနေတယ်။ ကျွန်မတို့ဘက်ကသာ ကြိုးစားလိုက်မယ်ဆိုရင် အောင်မြင်မှာပဲ။ ကျွန်မတို့ရဲ့ စီနီယာကြီး ဘိုးဘေးတွေ အကုန်လုံးကလည်း ဒီလိုပဲ ဆန္ဒရှိမှာ သေချာတယ် . . ."

ပိုင်ရှင်းယွဲ့သည် စိတ်ရှုပ်လာသည့်ဟန်ဖြင့် -

"ထပ်မပြောနဲ့တော့၊ ငါသေချာ စဉ်းစားလိုက်ပါဦးမယ် . . ."

ဝမ်ရမ်ချူးချူးလည်း သက်ပြင်းသာ ချလိုက်မိသည်။

"သူက ဘာလို့ လင်းပါအိုရဲ့ ဧကရာဇ် ဖြစ်နေရတာလဲ။ လင်းပါအိုခန်းမ စပေါ်လာကတည်းက ဘယ်အရှုပ်အရှင်းထဲကိုမှ ဝင်ပါလေ့ မရှိပါဘူး။ အခုကြ စစ်ပွဲထဲ ဘာလို့ ဝင်ပါချင်နေရတာလဲ . . ."

"ရှင်ဘယ်သူလဲ၊ ရှင်က ဘယ်သူများလဲ၊ ရှင့်ရဲ့ သရုပ်အမှန်က ဘာလဲ . . ."

ဝမ်ရမ်ချူးချူးတစ်ယောက် တစ်ကိုယ်တည်း လေသံတီးတိုးဖြင့် ရေရွတ်လိုက်မိပါတော့သည်။

မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား

Chapter - 221

"အမည္မသိ"

"ငါတို႔ေတြ အဲဒီေန႔ကိုပဲ ေစာင့္ၾကတာေပါ့။ ငါတို႔ရဲ႕ ေခါင္းေဆာင္မ႐ွိေတာ့ရင္ ရန္သူေတြ ဒီကို ေသခ်ာေပါက္ ေရာက္လာမွာပဲ။ အဲဒီေန႔က်မွ ငါတို႔ စုေပါင္းၿပီး သူတို႔ကို ငရဲပို႔ပစ္မယ္ တိုက္ရင္းနဲ႔ ငါတို႔ အတူေသၾကတာေပါ့။ အဲ့ဒီအခါၾကမွ တမလြန္ကေန ေခါင္းေဆာင္ကို ဆက္႐ွာၾကမယ္။ ငါတို႔ေတြ သူ႕အရိပ္ေအာက္မွာပဲ ခိုလႈံၾကတာေပါ့ . . ."

တိမ္ျမဴခိုးနန္းေတာ္တြင္ ငိုေႂကြးသံမ်ားျဖင့္ ဖုံးလႊမ္းသြားေလသည္။

အေ႐ွ႕အရပ္၌ အနီေရာင္အလင္းတန္းမ်ားသည္ အဆက္မျပတ္ လင္းလက္ေတာက္ပလ်က္ ႐ွိသည္။ ထိုအခ်ိန္တြင္ ေပါက္ကြဲသံႀကီးတစ္ခုသည္ က်ယ္ေလာင္စြာျဖင့္ ျမည္ဟီးသြားသည္။

ထိုေပါက္ကြဲသံႀကီးေၾကာင့္ ခ်င္းယန္နယ္ပယ္ တစ္ခုလုံးပင္ တုန္ခါသြားသကဲ့သို႔ ျဖစ္သြားခဲ့သည္။

ထို႔ေနာက္ စူးစူးဝါးဝါးျဖင့္ ေအာ္ဟစ္လိုက္သည့္ အသံတစ္သံသည္ ထြက္ေပၚလာၿပီး ခ်က္ခ်င္းပင္ ျပန္လည္ ၿငိမ္က်သြားသည္။

ကမ႓ာႀကီးတစ္ခုလုံး အပ္က်သံပင္ မၾကားရေလာက္ေအာင္ တိတ္ဆိတ္သြားခဲ့သည္။

မည္သည့္အရာမ်ား ျဖစ္ပ်က္ေနသည္ကို မည္သူမွ် မသိႏိုင္ေခ်။

[ငါတို႔ရဲ႕ ေခါင္းေဆာင္ အဆင္ေရာ ေျပရဲ႕လား . . .]

မိန္းကေလးမ်ားသည္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ရင္း ေတြးလိုက္မိၾကသည္။

"ငါတို႔ေတြ သြားၾကည့္ၾကမယ္ . . ."

ဆံပင္မ်ား ေဖြးေဖြးျဖဴေနသည့္ အဘြားအိုႀကီးတစ္ဦးသည္ ဝမ္းပန္းတနည္းျဖင့္ ေျပာလိုက္သည္။

"ဘယ္လိုပဲ ျဖစ္ျဖစ္၊ ငါတို႔ရဲ႕ ေခါင္းေဆာင္ အဆင္ေျပလား မေျပလားဆိုတာ သိမွျဖစ္မယ္ . . ."

သူမတို႔အားလုံးသည္ အံကိုတင္းတင္းႀကိတ္၍ မ်က္ရည္မ်ား သုတ္လိုက္ၾကသည္။ ထို႔ေနာက္ ေတြေဝတုန္႔ဆိုင္းျခင္း အလ်ဥ္းမ႐ွိဘဲ အေ႐ွ႕အရပ္သို႔ ေျပးထြက္သြားၾကပါေတာ့သည္။

. . .

ေမာ္တယ္ကမ႓ာတြင္ ဝမ္ရမ္ခ်ဴးခ်ဴးႏွင့္ ပိုင္႐ွင္းယြဲ႕တို႔ ႏွစ္ဦးသည္ တစ္ဦးႏွင့္တစ္ဦး စကားမဆိုဘဲ ႏႈတ္ဆိတ္လ်က္သာ႐ွိသည္။ ဖန္ဇီလင္ႏွင့္ ပတ္သက္၍ ေတြးေတာေနၾကေသာေၾကာင့္ပင္ ျဖစ္သည္။ သို႔ေသာ္ သူတို႔ႏွစ္ဦး၏ အေတြးမ်ားသည္ တူညီႏိုင္မည္ မဟုတ္ေပ။

ေနာက္ဆုံးတြင္မူ ပိုင္႐ွင္းယြဲ႕သည္ တိတ္ဆိတ္မႈအား စတင္၍ ၿဖိဳခြင္းလိုက္သည္။

"ခ်ဴးခ်ဴး . . . ငါ အမ်ားႀကီး စဥ္းစားၿပီးသြားၿပီ။ ဖန္ဇီလင္ကို ဖမ္းၿပီး ငါတို႔ဂိုဏ္းမွာ ခိုင္းထားမယ္ဆိုရင္ ဘယ္လို ဆက္ျဖစ္လာမယ္လို႔ မင္းထင္လဲ . . ."

ဝမ္ရမ္ခ်ဴးခ်ဴး၏ မ်က္ႏွာသည္ ခ်က္ခ်င္းပင္ ျဖဴေရာ္ေရာ္ ျဖစ္သြားကာ -

"ဆရာ . . . ဒီလိုလုပ္တာ တရားနည္းလမ္း က်ပါ့မလား . . ."

ပိုင္႐ွင္းယြဲ႕သည္ သက္ျပင္းတစ္ခ်က္ ခ်လိုက္ရင္း -

"မတရားဘူးဆိုတာ ငါသိပါတယ္။ သူနဲ႔ ငါတို႔ၾကားက ဆက္ဆံေရးကလည္း ဘယ္လိုမွ ေကာင္းစရာ မ႐ွိေတာ့ဘူး။ ဒါေပမယ့္ ဒီလူက ငါတို႔ တိမ္ျမဴခိုးနန္းေတာ္အတြက္ အရမ္းကို အေရးပါလြန္းတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ငါတို႔ ဆုံးျဖတ္ခ်က္မွားလို႔ မျဖစ္ဘူး . . ."

ပိုင္႐ွင္းယြဲ႕တို႔ႏွစ္ဦး စကားေျပာေနသည့္အခ်ိန္တြင္
ခ်င္းယန္နယ္ပယ္၌ အနက္ေရာင္ပုံရိပ္တစ္ခုသည္ ႐ုတ္တရက္ ေပၚလာခဲ့သည္။ ထိုပုံရိပ္သည္ သူ၏ လက္ျဖင့္ တိမ္မည္းမ်ားကို ေဝ့ယမ္းလိုက္ၿပီး ဟင္းလင္းျပင္အား အက္ကြဲေစလိုက္သည္။

ထို႔ေနာက္ ဟင္းလင္းျပင္ အက္ကြဲေၾကာင္းမွတစ္ဆင့္ ေမာ္တယ္ကမ႓ာသို႔ ဆင္းသက္လာေလသည္။

ဝမ္ရမ္ခ်ဴးခ်ဴးသည္ ဆရာျဖစ္သူအား ၾကည့္ရင္း -

"ဆရာ . . . ဆရာ ဘာမွမသိေသးဘူးေနာ္။ ဖန္ဇီလင္ဆိုတဲ့လူက တကယ္ေခါင္းမာတဲ့လူ။ ကြၽန္မတို႔ ထင္ထားတာထက္ကို ပိုၿပီး ေခါင္းမာေသးတယ္။ ကြၽန္မ သူနဲ႔ စေတြ႕တုန္းကဆိုရင္ သူ႕ကို ရန္သူေတြ ဝိုင္း႐ိုက္ထားလို႔ ဒဏ္ရာအျပင္းအထန္ရၿပီး လဲက်ေနတာ။ အဲဒီေန႔က သူ႕ဘာသာသူတစ္ေယာက္တည္း နာက်င္မႈေတြကို အံႀကိတ္ခံေနတာ။ သူ႕ကို ၾကည့္ေနတဲ့ ကြၽန္မေတာင္မွ ေတာ္ေတာ္ အသည္းယားမိတယ္။ ဒါေပမယ့္ အဲ့ဒီလို ဒဏ္ရာအျပင္းအထန္ ရထားလည္း တစ္ခ်က္မညည္းဘူးေနာ္။ ဒီလို ေခါင္းမာတဲ့ လူတစ္ေယာက္ကို ကြၽန္မတို႔သာ ဖမ္းလိုက္မယ္ဆိုရင္ သူနဲ႔ ကြၽန္မတို႔ ဆက္ဆံေရး ျပတ္သြား႐ုံတင္ မဟုတ္ဘူး၊ ကြၽန္မတို႔ကို မကူညီခ်င္တာနဲ႔ သူ႕ကိုယ္သူပါ သတ္ေသသြားေလာက္တယ္။ အဲဒီအခါၾကမွ ကြၽန္မတို႔ဂိုဏ္းအတြက္ ပိုၿပီးေတာ့ေတာင္ ေမွ်ာ္လင့္ခ်က္ မဲ့သြားလိမ့္မယ္ . . ."

ပိုင္႐ွင္းယြဲ႕သည္ တခဏမွ် ငိုင္က်သြားကာ -

"မင္းေျပာတာ မွန္တယ္။ သူဒီေလာက္ထိ ေခါင္းမာမယ္မွန္း ငါမသိခဲ့ဘူး . . ."

ထိုအခ်ိန္တြင္ ကမ႓ာႀကီးတစ္ခုလုံး တုန္ခါသြားသကဲ့သို႔ ျဖစ္သြားသည္။ ပိုင္႐ွင္းယြဲ႕တို႔ ႏွစ္ဦးစလုံး လဲက်သြားမတတ္ပင္ ျဖစ္သြားရင္း ေခါင္းမ်ားလည္း ခ်ာခ်ာလည္ မူးေဝသြားခဲ့သည္။

ေကာင္းကင္တစ္ခုလုံးသည္လည္း တစ္စကၠန္႔မွ် ေမွာင္မိုက္သြားသည္။

ပိုင္႐ွင္းယြဲ႕သည္ ေကာင္းကင္ထက္သို႔ ေမာ့ၾကည့္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္ကာ -

"ဘာျဖစ္တာလဲ . . ."

ဝမ္ရမ္ခ်ဴးခ်ဴးလည္း ေမာ့ၾကည့္ရင္း -

"ကြၽန္မလည္း မသိဘူး၊ ငလ်င္လႈပ္တာမ်ားလား . . ."

"မဟုတ္ဘူး . . ."

ပိုင္႐ွင္းယြဲ႕သည္ ပတ္ဝန္းက်င္အား က်ီးကန္းေတာင္းေမွာက္ ၾကည့္လိုက္ၿပီး သတိၿမဲျမံစြာ ေနလိုက္သည္။

သို႔ေသာ္ ေခါင္မိုးေပၚတြင္ လူရိပ္တစ္ခု ေရာက္႐ွိလာသည္ကို သတိမျပဳမိလိုက္ၾကေပ။

အဆိုပါ အနက္ေရာင္ပုံရိပ္သည္ ပိုင္႐ွင္းယြဲ႕အား ျမင္လိုက္ရေသာအခါ စိတ္သက္သာရာ ရသြားသည့္ပုံပင္။

[ေနာက္ဆုံးေတာ့ သူ႕ကိုငါေတြ႕ၿပီ၊ ေနာက္ေတာ့ မက်ေသးပါဘူး . . .]

ဝမ္ရမ္ခ်ဴးခ်ဴးသည္ မ်က္ေမွာင္ၾကဳတ္လ်က္ -

"အနည္းဆုံးေတာ့ ကြၽန္မတို႔ ဖန္ဇီလင္ကို ဖမ္းၿပီး အားျဖည့္ၾကာပန္းေတြ လုပ္ခိုင္းမယ္ ဆိုရင္ေတာင္ သူ႕ဘက္က လုပ္ခ်င္မွာ မဟုတ္ဘူး။ ေနာက္ၿပီး ဒီလို ၾကာပန္းေတြလုပ္႐ုံမကဘူး အသားခ်င္းထိၿပီး ကုဖို႔လည္း လိုအပ္တယ္ မဟုတ္လား။ ဒီကိစၥကို ကြၽန္မတို႔ဂိုဏ္းက တျခားလူေတြက လက္ခံပါ့မလား . . ."

အမိုးေပၚမွ လူသည္ ေအာက္သို႔ ဆင္းသက္လာရန္ ျပင္ေနခိုက္ ဝမ္ရမ္ခ်ဴးခ်ဴး၏ စကားေၾကာင့္ ကိုယ္႐ွိန္သပ္သြားသည္။ ထို႔ေနာက္ မ်က္ေမွာင္ၾကဳတ္လိုက္ရင္း -

[အသားခ်င္းထိၿပီး ကုမယ္ . . . ဘာကို ကုမွာလဲ . . .]

ပိုင္႐ွင္းယြဲ႕သည္ ေခါင္းညိတ္လိုက္ကာ -

"မွန္တယ္ . . . ဒါက ေျဖ႐ွင္းရခက္တဲ့ ပုစၧာတစ္ပုဒ္လိုပဲ။ ငါတို႔အားလုံးက ယင္ဖိုေတာင္ တစ္ခါမွ မနားဖူးေသးတဲ့ အပ်ိဳစင္ေတြ။ ေယာက်ာ္းတစ္ေယာက္နဲ႔ ထိေတြ႕ဆက္ဆံရမွာကို ခံခ်င္ၾကမွာ မဟုတ္ဘူး။ ဒါဆို ဖန္ဇီလင္ကို ေမာ္တယ္ကမ႓ာမွာပဲ ထားမွာလား . . ."

ဝမ္ရမ္ခ်ဴးခ်ဴးသည္ စိတ္သက္သာရာ ရသြားဟန္ျဖင့္ သက္ျပင္းခ်လိုက္သည္။ မည္သို႔ရယ္ေၾကာင့္မွန္း မသိ၊ သူမ၏ စိတ္ထဲတြင္ အေတြးမ်ား လြန္ဆြဲလ်က္႐ွိသည္။ ဖန္ဇီလင္အား တစ္ေယာက္ေယာက္မွ အႏိုင္က်င့္မည့္ အျဖစ္မ်ိဳး အျဖစ္မခံႏိုင္ေအာင္ေပ။

ဝမ္ရမ္ခ်ဳးခ်ဳးသည္ ျပဳံးလိုက္ရင္း -

"ေမာ္တယ္ကမ႓ာမွာပဲ သူ႕ကို ဆက္ထားထားတာ ပိုေကာင္းမယ္ ထင္ပါတယ္။ ဒါက အဆင့္နိမ့္ နယ္ပယ္ တစ္ခုေလ။ ခ်င္းယန္နယ္ပယ္က လူေတြဆိုတာလည္း ဒီကို လာခဲတယ္။ ကြၽန္မတို႔ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကိုလည္း ဖုံးဖိၿပီးသား ျဖစ္တာေပါ့။ ေနာက္ၿပီး သူနဲ႔သာ ဆက္ဆံေရး ေျပလည္ရင္ ကြၽန္မတို႔ဂိုဏ္းအတြက္ အက်ိဳးအျမတ္ အမ်ားႀကီး ရႏိုင္တယ္။ ဖန္ဇီလင္လို လူမ်ိဳးကလည္း ခ်င္းယန္ နယ္ပယ္ကို အေႏွးနဲ႔အျမန္ ဆိုသလို ေရာက္လာမွာပါ . . ."

"သူ ခ်င္းယန္နယ္ပယ္ကို ေရာက္လာတဲ့အခါမွ ခ်င္းယန္ရဲ႕ ႀကီးႏိုင္ငယ္ညႇင္း စနစ္ႀကီးကို သေဘာေပါက္ သြားလိမ့္မယ္။ သူၾကဳံေတြ႕ရမယ့္ အခက္အခဲေတြကို ကြၽန္မတို႔ဘက္က ေျဖ႐ွင္းေပးတဲ့အခါၾက သူ႕ဘက္ကလည္း ကြၽန္မတို႔ကို ေက်းဇူးတင္မွာပဲ။ အဲဒါဆို ကြၽန္မတို႔က ကိုင္းကြၽန္းမွီ၊ ကြၽန္းကိုင္းမွီ ျဖစ္သြားၿပီေပါ့။ ကြၽန္မတို႔နဲ႔ သူနဲ႔ ပိုပူးေပါင္းမိသြားၿပီး ကြၽန္မတို႔အတြက္လည္း အခြင့္အေရးေတြ အမ်ားႀကီး ရလာႏိုင္တယ္။ အေရးႀကီးဆုံးက ဆရာ့ရဲ႕ ေဝဒနာ အျမန္ဆုံး ေပ်ာက္ကင္းဖို႔ပါပဲ . . ."

ေျပာရင္း ေျပာရင္းျဖင့္ ဝမ္ရမ္ခ်ဴးခ်ဴးတစ္ေယာက္ ဝမ္းနည္းလာသည့္ပုံပင္။ သူမ၏ မ်က္လုံးမ်ားတြင္ မ်က္ရည္မ်ား ေဝ့တက္လ်က္႐ွိသည္။

ပိုင္႐ွင္းယြဲ႕သည္ အေဝးသို႔ ရီေဝစြာ ေငးၾကည့္ေနေလသည္။ သူမ၏ မ်က္လုံးထဲတြင္ ေတြေဝေနသည့္ အရိပ္အေယာင္မ်ား ျဖစ္ေပၚေနသည္။ ယခုကဲ့သို႔ ေတြေဝေနရျခင္းသည္ သူ၏ ဘဝ၌ ပထမဦးဆုံး အႀကိမ္ပင္ ျဖစ္သည္။

ပိုင္႐ွင္းယြဲ႕သည္ ေလးတြဲ႕ေသာ အသံျဖင့္ -

"ငါေသခ်ာ စဥ္းစားလိုက္ပါဦးမယ္။ အသားခ်င္း ထိတာၾကေတာ့လည္း . . ."

အမိုးေပၚ႐ွိလူသည္ မ်က္ေမွာင္ၾကဳတ္လ်က္ စဥ္းစားေနမိသည္။

သူ စိတ္အဝင္စားဆုံး စကားမွာ အသားခ်င္းထိ၍ ကုသျခင္း ဆိုသည့္ စကားလုံးပင္ ျဖစ္သည္။

"ဒါဆိုလည္း ဆရာေအးေအးေဆးေဆး စဥ္းစားလိုက္ပါဦး . . ."

ဝမ္ရမ္ခ်ဴးခ်ဴးသည္ ဆရာျဖစ္သူဘက္မွ အနည္းငယ္ စိတ္လည္လာၿပီ ျဖစ္ေၾကာင္း သိလိုက္ရသည္။

"အခုဆို ကြၽန္မတို႔ဂိုဏ္းအတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ သန္းလာၿပီေနာ္။ ေတာက္ပတဲ့ အနာဂတ္က ကြၽန္မတို႔ကို ဆီးႀကိဳေနတယ္။ ကြၽန္မတို႔ဘက္ကသာ ႀကိဳးစားလိုက္မယ္ဆိုရင္ ေအာင္ျမင္မွာပဲ။ ကြၽန္မတို႔ရဲ႕ စီနီယာႀကီး ဘိုးေဘးေတြ အကုန္လုံးကလည္း ဒီလိုပဲ ဆႏၵ႐ွိမွာ ေသခ်ာတယ္ . . ."

ပိုင္႐ွင္းယြဲ႕သည္ စိတ္႐ႈပ္လာသည့္ဟန္ျဖင့္ -

"ထပ္မေျပာနဲ႔ေတာ့၊ ငါေသခ်ာ စဥ္းစားလိုက္ပါဦးမယ္ . . ."

ဝမ္ရမ္ခ်ဴးခ်ဴးလည္း သက္ျပင္းသာ ခ်လိုက္မိသည္။

"သူက ဘာလို႔ လင္းပါအိုရဲ႕ ဧကရာဇ္ ျဖစ္ေနရတာလဲ။ လင္းပါအိုခန္းမ စေပၚလာကတည္းက ဘယ္အ႐ႈပ္အ႐ွင္းထဲကိုမွ ဝင္ပါေလ့ မ႐ွိပါဘူး။ အခုၾက စစ္ပြဲထဲ ဘာလို႔ ဝင္ပါခ်င္ေနရတာလဲ . . ."

"႐ွင္ဘယ္သူလဲ၊ ႐ွင္က ဘယ္သူမ်ားလဲ၊ ႐ွင့္ရဲ႕ သ႐ုပ္အမွန္က ဘာလဲ . . ."

ဝမ္ရမ္ခ်ဴးခ်ဴးတစ္ေယာက္ တစ္ကိုယ္တည္း ေလသံတီးတိုးျဖင့္ ေရ႐ြတ္လိုက္မိပါေတာ့သည္။

Continue Reading

You'll Also Like

558K 75.6K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
36.2K 2.7K 104
ဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်...
413K 51.3K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...