မိုးကောင်းကင်အောက်မှကလဲ့စား (...

By KazunoMora

52K 3.8K 5

Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ chara... More

🔥ရှင်းလင်းချက်🔥
အကျဉ်းချုပ် အက်ဥ္းခ်ဳပ္
Chapter - 209 "ရှင်လုပ်နိုင်ပါတယ်"
Chapter - 210 "တိမ်မြူခိုးနန်းတော်၏ကြမ္မာဆိုး"
Chapter - 211 "ရှေ့ဖြစ်နိမိတ်"
Chapter - 212 "သူဘယ်လိုသိ"
Chapter - 213 "ကျောက်စိမ်းအားဖြည့် ကြာပန်းပင်"
Chapter - 214"အမှားကြီးမှားခြင်း"
Chapter - 215 "အထင်လွဲခြင်း"
Chapter - 217"ယုံတမ်းစကားများ"
Chapter - 218 "သိက္ခာဆိုတာဘာလဲ"
Chapter - 219"မဖြစ်နိုင်သော"
Chapter - 220 "ကောင်းကင်အပြစ်ဒဏ်"
Chapter - 221"အမည်မသိ"
Chapter - 222"နောက်ယောင်ခံလိုက်ခြင်း"
Chapter - 223"ကျော့ကွင်း"
Chapter - 224"ဝမ်းနည်းနေသောဆောင်ဂျု"
Chapter - 225"ကျူးကျော်ဝင်ရောက်လာခြင်း"
Chapter - 226 "တွေဝေခြင်း"
Chapter - 227"ထိပ်တိုက်ရင်ဆိုင်မှု"
Chapter - 228"မိုးရွာတုန်း ရေခံ"
Chapter - 229"ပညာရှင်နှစ်ဦး၏တိုက်ပွဲ"
Chapter - 230 "ကြာပန်းကိုးခိုင်"
Chapter - 231"သူသေကိုယ်သေ"
Chapter - 232"ကယ်တင်ခြင်း (၁)"
Chapter - 233"ကယ်တင်ခြင်း (၂)"
Chapter - 234"အ‌စေ‌ခံ (၁)"
Chapter - 235"အစေခံ (၂)"
Chapter - 236"ဥတစ်ဥနှင့်လူတစ်ယောက်"
Chapter - 237"သနားစရာမိန်းကလေး ပိုင်အာ"
Chapter - 238"ဘဝတူ"
Chapter - 239"အံ့ဖွယ်လက်ဆောင်"
Chapter - 240"ကျီစားသန်က ရန်များ၏"
Chapter - 241"အဆင့်တက်အောင်ကူညီစေခြင်း (၁)"
Chapter - 242"အဆင့်တက်အောင်ကူညီစေခြင်း (၂)"
Chapter - 243"အဆင့်တက်အောင်ကူညီစေခြင်း (၃)"
Chapter - 244"မယုံနိုင်ဖွယ် အဆင့်တက်ခြင်း"
Chapter - 245"အဆင့်တက်ခြင်း၏ အကျိုးသက်ရောက်မှု"
Chapter - 246"အထူးခြားဆုံးသောကျင့်စဉ်တစ်ခု"
Chapter - 247 "ကုသမှုအား လက်ခံလိုက်ခြင်း"
Chapter - 248"ကျုပ်မှာအချိန်မရှိဘူး"
Chapter - 249"ဝေဒနာအား ကုသပေးခြင်း"
Chapter - 250"ထူးခြား စွမ်းအင်"
Chapter - 251"ပဟေဠိဆန်သော ပုစ္ဆာ"
Chapter - 252"နူးညံ့မှု"
Chapter - 253"ဝမ်ဇန်းဟို၏အခက်အခဲ"
Chapter - 254"အချောင်သမားများ"
Chapter - 255"သနားစဖွယ် ဥ"
Chapter - 256"ထူးဆန်းသောစွမ်းအင်"
Chapter - 257"ဥ၏နေရာ"
Chapter - 258"ပျော်ရွှင်သွားသောဥ"
Chapter - 259 "ပိုင်အာ၏ကြိုးပမ်းမှု"
Chapter - 260 "နှိပ်စက်ခံနေရသကဲ့သို့"
Chapter - 261"ကြောက်မက်ဖွယ်ရာ ချီဓာတ်များ"
Chapter - 262"ထင်ယောင်ထင်မှားဖြစ်ခြင်း"
Chapter -263"လျှို့ဝှက်ချက်ပေါ်သွားခြင်း"
Chapter - 264"နန်ရှန်ဆင်း"
Chapter - 265"အကောင်းဆုံးကြိုးစားခြင်း"
Chapter - 266"ပထမတိုက်ကွက်"
Chapter - 267"သက်ရောက်မှုမရှိခြင်း"
Chapter - 268"ဓားတစ်လက်ဖြစ်ပေါ်လာခြင်း"
Chapter - 269"ရယ်မောခြင်းလေပြည်"
Chapter - 270"တန်ပြန်တိုက်ခိုက်မှု"
Chapter - 271"အသေသတ်တိုက်ကွက်"
Chapter - 272"စားရကံ ကြုံလို့ မုတ်ဆိတ် ပျားစွဲ"
Chapter - 273"မလူးသာမလွန့်သာ"
Chapter - 274"ဝှက်ဖဲ"
Chapter - 275"အပ်ကိုသုံးတာဘယ်သူလဲ"
Chapter - 276"အနန္တသူတော်စင်"
Chapter - 277"မင်းသိလား"
Chapter - 278"လေလံခန်းမဖွင့်လှစ်ခြင်း"
Chapter - 279"မုန်တိုင်းအိမ်တော်၏ အရှိန်အဝါ"
Chapter - 280"ဖိနှိပ်ခံရခြင်း"
Chapter - 281 - 285
286 - 290
291 - 295
296 - 300
301 - 306
307 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 336
Chapter - 337"ဉာဏ်ကောင်းလှသည့်ဇုဝူကျီ"
Chapter - 338"စဉ်းစားခန်းဝင်ခြင်း"
Chapter - 339"အစော်ကားခံရသည့်ဖန်ဧကရာဇ်"
Chapter - 340"နိုင်ငံရေးနားမလည်သောရဲရှောင်"
Chapter - 341"ဝမ်အာရောက်လာခြင်း"
Chapter - 342"အိန္ဒြေရရ‌ နေကြပါ"
Chapter - 343"လျှို့ဝှက်မြေပုံ"
Chapter - 344"လုပ်ကြံသတ်ဖြတ်သူနှစ်ဦး တွေ့ဆုံကြခြင်း"
Chapter - 345"သေသည့်တိုင် တာဝန်ယူမည်"
Chapter - 346"ခင်ဗျားကိုငှားချင်တယ်"
Chapter - 347"ရှေ့ဆက်ရမည့်အစီအစဉ်"
Chapter - 348"လုပ်ငန်းစတင်ခြင်း"
Chapter - 349"လှုပ်ရှားခြင်း"
Chapter - 350"အသေအချာ သိသွားကြခြင်း"
Chapter - 351"စိတ်နှင့်ကိုယ်မကပ်ခြင်း"
Chapter - 352"ဆဲဆိုကြခြင်း"
Chapter - 353"ဆဲဆိုကြခြင်း"
Chapter - 354"အရက်သောက်ကြခြင်း"
Chapter - 355"ကမ္ဘာ့ရန်"
Chapter - 356"တိုက်ပွဲ"
Chapter - 357"တိုးတက်မှုမရှိခြင်း"
Chapter - 358"ပူးပေါင်းမှု"
Chapter - 359"ဝတ်ရုံနက်ဖြင့်လူ"
Chapter - 360"ခင်ဗျားဘယ်သူလဲ"
Chapter - 361"သွေးခွဲခြင်း"
Chapter - 362"တိုက်ကွက်ဆန်း"
Chapter - 363"စစ်ယု"
Chapter - 364"အတူတကွရင်ဆိုင်ရန်"
Chapter - 365"ကျားရဲတွင်းသို့"
Chapter - 366"ဓားတစ်ချောင်းနှင့်လူတစ်ယောက်"
Chapter - 367"စံပြပုဂ္ဂိုလ်"
Chapter - 368"ကမ္ဘာမကြေ ရန်ငြိုး"
Chapter - 369"ဗိုက်ခေါက်ကြီး"
Chapter - 370"ဆရာနင်"
371 - 375
376--377
378--379
380--381
382--383
384--385
386--387
388--389
390--391
392--393
394--395
396--397
398--399
400
401--402
403--404
405--406
Chapter (407)"ကောင်ကင်အဆင့်တစ်ပညာရှင်လော"
Chapter (408)"ကောင်းကင်အဆင့်နှစ်ပညာရှင်လော"
Chapter (409)"အနိုင်ရမည်လော"
Chapter (410)"တစ်ချက်တည်းဖြင့်"
Chapter (411)"ကြိုးစားခွင့်"
Chapter (412)"သတ်ဖြတ်ခြင်းဘုရင်"
Chapter (413)"ခင်ဗျားမှာအကူရှိတယ်"
Chapter (414)"ပြောင်းလဲသွားသောအခြေအနေ"
Chapter (415)"တိုက်ခိုက်မှုစတင်ခြင်း"
Chapter (416)"လှုံ့ဆော်မှု"
Chapter (417)"တရားခံဘယ်သူလဲ"
Chapter (418)"ရှက်ရွံ့နေသည့်သခင်ကြီးဘိုင်"
Chapter (419)"ထူးဆန်းသောအဖြစ်အပျက်"
Chapter (420)"စိတ်တန်ခိုးမျက်လုံး"
Chapter (421)"လေနှင့်အတူ"
Chapter (422)"ယင်ယန်အသီးများ"
Chapter (423)"ရင်နင့်စွာဖြင့်"
Chapter (424)"အချစ်အတွက်ဆို"
Chapter (425)"နည်းလမ်းနှစ်ခု"
Chapter (426)"မိုးကောင်းကင်ကို ထိတွေ့ရသည်ထက် ခက်၏"
Chapter (427)"တစ်နှစ်တစ်ခါ"
Chapter (428)"ရယ်မောခြင်း၏အဓိပ္ပါယ်"
Chapter (429)"အထီးကျန်သောဘဝ"
Chapter (430)"လက်ကိုင်တုတ်"
Chapter (431)"လုပ်ကြံသတ်ဖြတ်သူများစုဝေးခြင်း"
Chapter (432)"အဖြေမရှိ"
Chapter (433)"ထိပ်တန်းပညာရှင်များအား ပျိုးထောင်ပေးခြင်း"
Chapter (434)"အံ့မခန်းအမြန်နှုန်း"
Chapter (435)"ရေခဲဝိညာဉ်ဓား"
Chapter (436)"ဓားနှင့်တသားတည်းဖြစ်သွားခြင်း"
Chapter (437)"မခေါ်ဘဲလာသည့်ဧည့်သည်"
Chapter (438)"လင်းဝုရှဲ့"
439--440
441--442
443--444
445--446
447--448
449--450
451--452
453--454
455--456
457--458
459--460
461--462
463--464
465--466
467--468
469--470
471--472
473--474
475--476
477--478
479--480
Chapter (481)"ကျုပ်တို့မလိုချင်ပါဘူး"
Chapter (482)"ဒုက္ခလှိုင်းများ"
Chapter (483)"ဝမ်းနည်းနေသော လင်းဝုရှဲ့"
Chapter (484)"မန်ဟွာချင်း"
Chapter (485)"အံ့ဩတုန်လှုပ်ခြင်း"
Chapter (486)"ထွက်ခွာကြရတော့မည်"
Chapter (487)"ရှင့်အကူအညီလိုတယ်"
Chapter (488)"ဆွေးနွေးမှုပျက်ပြယ်ခြင်း"
Chapter (489)"ခြိမ်းခြောက်မှု"
Chapter (490)"ဘယ်တော့မှအလျော့မပေးဘူး"
🔥🔥🔥🔥

Chapter - 216 "လင်းရှောင်ရေခဲကျင့်စဉ်"

312 22 0
By KazunoMora

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter – 216

“လင်းရှောင်ရေခဲကျင့်စဉ်”

ပိုင်ရှင်းယွဲ့သည် သူမပြောခဲ့သည့် စကားများ၏ အဓိပ္ပါယ်များအား ပြန်စဉ်းစားနေမိသည်။

[ဘုရားရေ . . . ငါ့စိတ်ထဲ ဘာတွေ ဖြစ်နေတာလဲ၊ သူ့ကို ဒီလိုလူမျိုးလို့များ ဘာလို့ ထင်ခဲ့မိတာလဲ မသိဘူး၊ သူစိတ်ဆိုးတာလည်း မထူးဆန်းပါဘူးလေ။ ဘယ်သူမဆို ဒီလို ဖြစ်ကြမှာပဲ။ သူက ငါ့အပေါ် ကောင်းရဲ့သားနဲ့ ငါက အထင်မှားသွားတာကို . . .]

ဒေါသထွက်နေသည့် ဖန်ဇီလင်အားကြည့်ရင်း ပိုင်ရှင်းယွဲ့ အားတုံ့အားနာ ဖြစ်သွားသည်။ ထို့နောက် လေသံတီးတိုးဖြင့် -

“စိတ် . . . စိတ်မဆိုးပါနဲ့၊ ကျွန်မ နားလည်မှု လွဲသွားမိတာပါ။ ရှင့်ရဲ့ သိက္ခာကို အထင်မှားသွားမိခဲ့တယ်။ အဲဒါကလည်း ကျွန်မ စိတ်တွေ ရှုပ်ထွေးနေခဲ့လို့ပါ။ တောင်းပန်ပါတယ်။ ကျွန်မကို ခွင့်လွှတ်ပေးပါနော်. . .”

ပြောခဲ့မိသည့် စကားများအတွက် ပိုင်ရှင်းယွဲ့၏ စိတ်ထဲတွင် နောင်တအကြီးအကျယ် ရနေမိသည်။ ခေါင်းမဖော်နိုင်အောင်ပင် ရှက်နေမိသည့်အတွက် အပြင်သို့ ချက်ချင်းပင် ထွက်ခွာသွားလေသည်။

ဝမ်ရမ်ချူးချူးသည်လည်း ဆရာဖြစ်သူနှင့် ဖန်ဇီလင်တို့နှစ်ဦး စကားအချေအတင် ဖြစ်နေသည်ကို နားလည် သဘောပေါက်သွားသဖြင့် ပြုံးမိလိုက်သည်။ ယခုအကြိမ်တွင်မူ ပိုင်ရှင်းယွဲ့အား သူမ မတားဆီးတော့ချေ။

ဆရာဖြစ်သူ၏ အလှအပများအောက်တွင် ဖန်ဇီလင်တစ်ယောက် ကျဆုံးသွားလေမလား ဟူ၍ စောင့်ကြည့်နေမိခဲ့သည်။ သို့သော်လည်း သူမ၏ အထင်နှင့်အမြင်သည် တက်တက်စင်အောင်ပင် လွဲခဲ့ရသည်။

ဝမ်ရမ်ချုးချုးသည် ရဲရှောင်ရှိရာသို့ လျှောက်လာရင်း -

“နောင်ကြီးဖန် . . . ဆရာ့ကို ကုဖို့အတွက် တခြားနည်းလမ်း မရှိတော့ဘူးလား . . .”

ဖန်ဇီလင် စိတ်ပြေစေရန်အတွက် စကားလမ်းကြောင်း လွှဲပေးလိုက်ခြင်း ဖြစ်သည်။ ဝမ်ရမ်ချူးချူးအတွက် အရေးကြီးဆုံးအချက်မှာ ဆရာဖြစ်သူ ပိုင်ရှင်းယွဲ့ ၏ အသက်ရှင်ရေးပင် ဖြစ်သည်။ ရဲရှောင်သည် မည်မျှပင် စိတ်ဆိုးနေစေကာမူ ဆရာဖြစ်သူအပေါ် တပည့်ဖြစ်သူမှထားသည့် စေတနာအား အသိအမှတ်ပြုသည့်အနေဖြင့် ကောင်းကောင်းမွန်မွန်ပင် ပြန်ပြောလိမ့်မည်ဟု ဝမ်ရမ်ချူးချူးဘက်မှ တွေးနေမိသည်။

“အခုလောလောဆယ်တော့ နည်းလမ်း နှစ်မျိုးကလွဲပြီး ငါလည်း မစဉ်းစားတတ်သေးဘူး . . .”

ထင်ထားသည့် အတိုင်းပင် ရဲရှောင်မှ ပြေပြေလည်လည်ပင် ပြန်ပြောခဲ့သည်။

ရဲရှောင်လည်း ဝမ်ရမ်ချူးချူးအား မော့ကြည့်ပြီး ပြောရန်အတွက် သူ၏ ခေါင်းအားမော့လိုက်စဉ် အလွန်လန့်သွားလေသည်။

“အမလေး . . .”

ရဲရှောင်၏ နှုတ်မှ "အမလေး"ပင် တ၍ အော်လိုက်ရသည့် အကြောင်းအရင်းမှာ သူ၏ ရှေ့၌ အလွန်တရာမှပင် လှပသော မိန်းကလေး တစ်ဦးအား မြင်တွေ့လိုက်ရကြောင့် ဖြစ်သည်။ ထိုမိန်းကလေးတွင် စင်ရော်တောင်ကဲ့သို့ လှပသော မျက်ခုံးမွှေးများရှိပြီး ပုရိသများ လည်ပြန်ငေးလောက်အောင်ပင် အချိုးအစားအလွန်ပြေပြစ်သော ခန္ဓာကိုယ်ကောက်ကြောင်းမျိုးလည်း ရှိသည်။ ထို့ပြင် လေတိုက်တိုင်း ယိမ်းနွဲ့သွားသည့် သူမ၏ ဆံကေသာ အလှများကြောင့် အလှပေါ်အလှဆင့်နေသလိုပင် ဖြစ်နေလေသည်။ သူ၏ ရှေ့တွင်ရပ်နေသော မိန်းမလှလေးအား ကြည့်ရင်း ရဲရှောင်၏ စိတ်ထဲတွင် ကောင်းကင်ဘုံမှ နတ်သက်ကြွေ၍ ဆင်းလာသည့် နတ်သမီးလေးတစ်ပါးဟုပင် ထင်နေမိသည်။

သူမ၏ အရပ်အမောင်းနှင့် ခန္ဓာကိုယ် အချိုးအစားသည်လည်း အပြစ်ဆိုစရာမရှိအောင်ပင် လိုက်ဖက်ညီမှုရှိလှသည်။ ထို့ပြင် ကြည်လင်ဝင်းပသော အသားအရည်နှင့်ထပ်တူ ညှို့ငင်အားကောင်းသော မျက်ဝန်းအစုံသည်လည်း ဖန်ဂေါ်လီလုံးများကဲ့သို့ ကြည်လင်တောက်ပလျက် ရှိသည်။

“မင်း . . . မင်းဘယ်သူလဲ . . .”

ရဲရှောင် တုန်လှုပ်အံ့သြသင့်စွာဖြင့် မေးလိုက်သည်။

သူ၏ ရှေ့တွင်ရှိသော မိန်းကလေး၏ အလှအား စာဖွဲ့ပြ၍ မမီနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုမိန်းကလေး၏ အလှသည် စကြာဝဠာအတွင်းရှိ မိန်းကလေးများ အားလုံးထက် သာလွန်နေသောကြောင့်ပင် ဖြစ်သည်။

မော်တယ်ကမ္ဘာနှင့် သူမ၏ အလှသည် လုံးဝပင် မတန်ချေ။

ရဲရှောင်သည် ယခင်က မော်တယ်ကမ္ဘာ၌ စုယဲ့ယွဲ့ကိုသာ အလှဆုံးဟု ထင်မှတ်ခဲ့မိသည်။ သို့သော် ယခုကဲ့သို့ ကောင်းကင်ဘုံမှ နတ်သမီးရှုံးအောင် လှပသည့် မိန်းကလေးမျိုး ရှိနေလိမ့်မည်ဟု မထင်ထားပေ။ စုယဲ့ယွဲ့သည် ငယ်ရွယ်၍ ချစ်စဖွယ်ကောင်းသော်လည်း သူ၏ ရှေ့တွင်ရှိသော မိန်းကလေးမှာမူ အလွန်ရင့်ကျက်၍ ဆွဲမက်ဖွယ်ကောင်းသော အလှမျိုးအား ပိုင်ဆိုင်ထားသည်။

သူမ၏ အလှကြောင့် နိုင်ငံများပင် စစ်မက်ဖြစ်ပွားနိုင်သည်။ ပြစ်မျိုးမှည့်မထင်လှသည့် အလှဆိုသည်မှာ ယခုမိန်းကလေး၏ အလှပင် ဖြစ်ချေလိမ့်မည်။

“ကျွန်မ ဘယ်သူလဲ . . . ကျွန်မက ဘယ်သူလဲ . . .”

ရဲရှောင်မှ သူ့အား ရုပ်ဆိုးသည်ဟု ပြောခဲ့သည်ကို မကျေနပ်သဖြင့် ဝမ်ရမ်ချုးချူးမှ သူမ၏ ပုံစံ အစစ်အမှန်အား ပြသလိုက်ခြင်းပင် ဖြစ်သည်။

ရဲရှောင် ထိုကဲ့သို့ ပြောခဲ့စဉ်က သူမ၏ ပုံစံအစစ်အမှန် မဟုတ်သည့်တိုင် မခံချိ မခံသာ ဖြစ်ခဲ့ရသည်။

[ဟမ့် . . . ကမ္ဘာပေါ်မှာ ဘယ်ဟာက အလှအစစ်လဲဆိုတာ သိအောင် ပြရတာပေါ့ . . . ကျွန်မရဲ့ပုံစံအစစ်အမှန်ကို ပြလိုက်တော့ ရှင်တွေ့ဖူးခဲ့တဲ့ လှပါတယ်ဆိုတဲ့ မိန်းကလေးတွေက ဘာမှ မဟုတ်တော့ဘူးဆိုတာ ရှင်လည်း သိသွားလောက်ပြီပေါ့ . . .]

သို့သော် ဖန်ဇီလင်သည် အလွန်အမင်း အံ့သြနေသည့်ပုံ မပေါ်ချေ။ ရုတ်တရက်မို့ လန့်သွားသည့် သဘောသာ ရှိလေသည်။ ဝမ်ရမ်ချုးချုးသည် ရဲရှောင်အား ပတ်၍ လမ်းလျှောက်လိုက်ပြီးနောက် ဆွဲမက်ဖွယ်ကောင်းလောက်အောင်ပင် ပြုံးလိုက်ရင်း -

“ဘာလဲ . . . ကျွန်မ မလှဘူးလား . . .”

“မလှဘူး၊ တော်တော် ရုပ်ဆိုးတယ် . . .”

ရဲရှောင်သည် ဝမ်ရမ်ချုးချုး၏ စိတ်ထဲတွင် ကျေနပ်သွားမည့် အဖြစ်မျိုး အဖြစ်မခံနိုင်ချေ။ ထို့ကြောင့် တမင်အရွဲ့တိုက်၍ ပြောနေခြင်းပင် ဖြစ်သည်။

“မင်းက တော်တော်ကို ဝတာပဲ။ လှတယ်ဆိုတဲ့ စကားနဲ့တောင် မထိုက်တန်ဘူး။ မင်းရဲ့ ရုပ်ဆိုးမှုက ဒီကမ္ဘာကိုတောင် သိက္ခာချနေသလိုပဲ။ မင်းဟာမင်း ရုပ်ဆိုးတာ ကိစ္စမရှိဘူး၊ လူတကာကို ကျွန်မလှလား
ကျွန်မလှလားဆိုပြီး လိုက်မေးနေတာကတော့ တော်တော် အလိုက်ကန်းဆိုး မသိတာပဲ။ မင်းကတော့တော်တော်ကိုပဲကွာ . . .”

“ရှင် . . . ရှင် . . .”

ဝမ်ရမ်ချူးချူးလည်း ဒေါသအလွန်အမင်း ထွက်သွားသောကြောင့် ရဲရှောင်အား ရိုက်ရန် ဟန်ပြင်လိုက်ရင်း -

"ရှင်ကတော့ တကယ်ကို အရိုက်ခံချင်နေပြီ ထင်တယ်။ အရင်ကတော့ ကျွန်မပုံအစစ် မဟုတ်လို့ ရှင်ပြောသမျှ သည်းခံပေးနေလို့ ရသေးတယ်။ အခုကြ ရှင့်မျက်လုံးနဲ့ မြင်နေရတာတောင် လိမ်နေတာကတော့ ကျွန်မ သည်းမခံနိုင်တော့ဘူး . . ."

ရဲရှောင်လည်း ချက်ချင်းပင် -

“နေဦး . . . မင်းရဲ့ ရောဂါကို ငါ့ကို မကုစေချင်တော့ဘူးလား၊ မင်းနဲ့ တိုက်ခိုက်ရင် ငါနိုင်ချင်မှ နိုင်လိမ့်မယ်။ ဒါပေမယ့် မင်းငါ့ကို ထိရဲရင် ထိကြည့် မင်းအတွက် နောက်ထပ် အားဖြည့်ကြာပန်း လုံးဝ မလုပ်ပေးတော့ဘူးလို့ ငါကျိန်ဆိုတယ်။ မင်းတို့ရဲ့ ပြဿနာတွေကိုလည်း မဖြေရှင်းပေးတော့ဘူး။ မင်းရိုက်ချင်လည်းရိုက်၊ ငါ့ဘက်ကတော့ ဘာမှ မတုန့်ပြန်ဘူး။ အဲ့ဒီအတွက် မင်းကြိုက်သလို လုပ်နိုင်တယ် . . .”

ဝမ်ရပ်ချူးချူးသည် ကိုယ်ရှိန်သပ်လိုက်ပြီး မကျေမနပ်ဖြင့် -

“ဖန်ဇီလင် . . . ရှင်က ကျွန်မကို ကလေးကလား လာခြိမ်းခြောက်နေတာလား၊ ရှင်ဘာလို့ ဒီလို လုပ်နေရတာလဲ . . .”

ရဲရှောင်မှ -

“ဘယ်လူကြီးလူကောင်းမဆို အရိုက်တော့ ခံချင်ကြမှာ မဟုတ်ဘူး။ အဲ့ဒါကို မင်းနားလည်တယ် မဟုတ်လား မိန်းကလေး ချူးချူး . . .”

ဝမ်ရမ်ချူးချူး မခံချိ မခံသာပင် ဖြစ်နေလေသည်။ သူမအနေဖြင့် မည်သည့်အရာမျှ မတတ်နိုင်တော့၍
သက်ပြင်းသာ ချလိုက်နိုင်တော့သည်။

ရဲရှောင်လည်း ပြုံးလိုက်ရင်း -

“ငါက သဘောထားကြီးတဲ့လူပါ။ မင်းကို ဒီလိုပဲ ဆက်ဆံမှာ မဟုတ်ပါဘူး၊ ကဲ မင်းရဲ့ ကျင့်ကြံမှုက ဘယ်လိုလဲ၊ လင်းရှောင်ရေခဲကျင့်စဉ်ရဲ့ ဘယ်အဆင့်ကို ရောက်နေပြီလဲ . . .”

လင်းရှောင် ရေခဲကျင့်စဉ် ဟူသည့် စကားလုံးအား ကြားရသောအခါ ဝမ်ရမ်ချူးချူးသည် အလွန် တုန်လှုပ် သွားလေသည်။ အပေါက်ဝတွင် နားထောင်နေသည့် ပိုင်ရှင်းယွဲ့သည်ပင်လျှင် အံ့သြသွားမိသည်။

တိမ်မြူခိုးနန်းတော်၏ အဓိက ကျင့်စဉ်မှာ လင်းရှောင်ရေခဲကျင့်စဉ်ပင် ဖြစ်သည်။

ဝမ်ရမ်ချူးချူးနှင့် ပိုင်ရှင်းယွဲ့တို့ ကျင့်ကြံသည်မှာလည်း ထိုကျင့်စဉ်ပင် ဖြစ်သည်။ တနည်းအားဖြင့် ထိုကျင့်စဉ်ကြောင့်ပင် အားဖြည့်ကြာပန်းပင်များ လိုအပ်နေခြင်း ဖြစ်သည်။

ပိုင်ရှင်းယွဲ့သည် သူမတို့၏ ဂိုဏ်းအကြောင်း ပြောပြခဲ့သော်လည်း ကျင့်စဉ်နာမည်ကိုမူ မပြောခဲ့ချေ။

သို့သော်လည်း ဖန်ဇီလင်မှ ယခုကဲ့သို့ ထုတ်ပြောလာသည့်အတွက် သူမတို့၏ ဂိုဏ်းအကြောင်း အတော်များများ သိနေမည်မှာ သေချာပေါက်ပင် ဖြစ်သည်။

“မော်တယ်အဆင့် ၇ . . .”

ဝမ်ရမ်ချူးချူးသည် အမှန်တိုင်းပင် ပြောလိုက်သည်။

“ဪ . . . မော်တယ်အဆင့် ၇ တောင် ရောက်နေပြီဆိုတော့ တော်တော် မြန်တယ် ပြောရမယ်။ ဒါပေမယ့် မင်းမြေကြီးအဆင့်ကို ရောက်ရင်တော့ အဆင့်တက်တာ နှေးသွားမှာပဲ။ ကောင်းကင်အဆင့် ဆိုရင်တော့ ပိုပိုနှေးသွားမှာပေါ့ . . .”

ဝမ်ရမ်ချူးချူးသည် မျက်မှောင်ကြုတ်လိုက်ရင်း -

“အဲ့ဒါ ရှင်ဘယ်လို သိလဲ . . .”

“ငါသိတာပေါ့ . . .”

ရဲရှောင် အဓိပ္ပါယ်ပါသော အပြုံးများဖြင့် ပြုံး၍ ပြောလိုက်သည်။

တကယ်တမ်းတွင်မူ ရဲရှောင်သည် ထိုမျှလောက်သာ သိထားခြင်း ဖြစ်သည်။ ချင်းယန်နယ်ပယ်တွင် တိမ်မြူခိုးနန်းတော်သည် လျှို့ဝှက်စွာ နေထိုင်သည့် ဂိုဏ်းတစ်ခုဖြစ်သောကြောင့် ထိုဂိုဏ်းအကြောင်းအား သိသောလူသည် လက်ချိုး၍ပင် ရေတွက်၍ ရနိုင်သည်။

ရှောင်ဧကရာဇ်သည် ချင်းယန်နယ်ပယ်တွင် တစ်ကိုယ်တော် ထင်တိုင်းကြဲခဲ့သူ ဖြစ်ပြီး ကျောထောက် နောက်ခံဟူ၍လည်း မရှိခဲ့ချေ။ ထို့ကြောင့် ထိုကဲ့သို့သော ဂိုဏ်းများ၏ လျှို့ဝှက်ချက်အား သိနေသည်မှာ ထူးဆန်းနေသလိုပင် ဖြစ်နေပါတော့သည်။

မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား

Chapter – 216

“လင္းေ႐ွာင္ေရခဲက်င့္စဥ္”

ပိုင္႐ွင္းယြဲ႕သည္ သူမေျပာခဲ့သည့္ စကားမ်ား၏ အဓိပၸါယ္မ်ားအား ျပန္စဥ္းစားေနမိသည္။

[ဘုရားေရ . . . ငါ့စိတ္ထဲ ဘာေတြ ျဖစ္ေနတာလဲ၊ သူ႕ကို ဒီလိုလူမ်ိဳးလို႔မ်ား ဘာလို႔ ထင္ခဲ့မိတာလဲ မသိဘူး၊ သူစိတ္ဆိုးတာလည္း မထူးဆန္းပါဘူးေလ။ ဘယ္သူမဆို ဒီလို ျဖစ္ၾကမွာပဲ။ သူက ငါ့အေပၚ ေကာင္းရဲ႕သားနဲ႔ ငါက အထင္မွားသြားတာကို . . .]

ေဒါသထြက္ေနသည့္ ဖန္ဇီလင္အားၾကည့္ရင္း ပိုင္႐ွင္းယြဲ႕ အားတုံ႔အားနာ ျဖစ္သြားသည္။ ထို႔ေနာက္ ေလသံတီးတိုးျဖင့္ -

“စိတ္ . . . စိတ္မဆိုးပါနဲ႔၊ ကြၽန္မ နားလည္မႈ လြဲသြားမိတာပါ။ ႐ွင့္ရဲ႕ သိကၡာကို အထင္မွားသြားမိခဲ့တယ္။ အဲဒါကလည္း ကြၽန္မ စိတ္ေတြ ႐ႈပ္ေထြးေနခဲ့လို႔ပါ။ ေတာင္းပန္ပါတယ္။ ကြၽန္မကို ခြင့္လႊတ္ေပးပါေနာ္. . .”

ေျပာခဲ့မိသည့္ စကားမ်ားအတြက္ ပိုင္႐ွင္းယြဲ႕၏ စိတ္ထဲတြင္ ေနာင္တအႀကီးအက်ယ္ ရေနမိသည္။ ေခါင္းမေဖာ္ႏိုင္ေအာင္ပင္ ႐ွက္ေနမိသည့္အတြက္ အျပင္သို႔ ခ်က္ခ်င္းပင္ ထြက္ခြာသြားေလသည္။

ဝမ္ရမ္ခ်ဴးခ်ဴးသည္လည္း ဆရာျဖစ္သူႏွင့္ ဖန္ဇီလင္တို႔ႏွစ္ဦး စကားအေခ်အတင္ ျဖစ္ေနသည္ကို နားလည္ သေဘာေပါက္သြားသျဖင့္ ျပဳံးမိလိုက္သည္။ ယခုအႀကိမ္တြင္မူ ပိုင္႐ွင္းယြဲ႕အား သူမ မတားဆီးေတာ့ေခ်။

ဆရာျဖစ္သူ၏ အလွအပမ်ားေအာက္တြင္ ဖန္ဇီလင္တစ္ေယာက္ က်ဆုံးသြားေလမလား ဟူ၍ ေစာင့္ၾကည့္ေနမိခဲ့သည္။ သို႔ေသာ္လည္း သူမ၏ အထင္ႏွင့္အျမင္သည္ တက္တက္စင္ေအာင္ပင္ လြဲခဲ့ရသည္။

ဝမ္ရမ္ခ်ဳးခ်ဳးသည္ ရဲေ႐ွာင္႐ွိရာသို႔ ေလွ်ာက္လာရင္း -

“ေနာင္ႀကီးဖန္ . . . ဆရာ့ကို ကုဖို႔အတြက္ တျခားနည္းလမ္း မ႐ွိေတာ့ဘူးလား . . .”

ဖန္ဇီလင္ စိတ္ေျပေစရန္အတြက္ စကားလမ္းေၾကာင္း လႊဲေပးလိုက္ျခင္း ျဖစ္သည္။ ဝမ္ရမ္ခ်ဴးခ်ဴးအတြက္ အေရးႀကီးဆုံးအခ်က္မွာ ဆရာျဖစ္သူ ပိုင္႐ွင္းယြဲ႕ ၏ အသက္႐ွင္ေရးပင္ ျဖစ္သည္။ ရဲေ႐ွာင္သည္ မည္မွ်ပင္ စိတ္ဆိုးေနေစကာမူ ဆရာျဖစ္သူအေပၚ တပည့္ျဖစ္သူမွထားသည့္ ေစတနာအား အသိအမွတ္ျပဳသည့္အေနျဖင့္ ေကာင္းေကာင္းမြန္မြန္ပင္ ျပန္ေျပာလိမ့္မည္ဟု ဝမ္ရမ္ခ်ဴးခ်ဴးဘက္မွ ေတြးေနမိသည္။

“အခုေလာေလာဆယ္ေတာ့ နည္းလမ္း ႏွစ္မ်ိဳးကလြဲၿပီး ငါလည္း မစဥ္းစားတတ္ေသးဘူး . . .”

ထင္ထားသည့္ အတိုင္းပင္ ရဲေ႐ွာင္မွ ေျပေျပလည္လည္ပင္ ျပန္ေျပာခဲ့သည္။

ရဲေ႐ွာင္လည္း ဝမ္ရမ္ခ်ဴးခ်ဴးအား ေမာ့ၾကည့္ၿပီး ေျပာရန္အတြက္ သူ၏ ေခါင္းအားေမာ့လိုက္စဥ္ အလြန္လန္႔သြားေလသည္။

“အမေလး . . .”

ရဲေ႐ွာင္၏ ႏႈတ္မွ "အမေလး"ပင္ တ၍ ေအာ္လိုက္ရသည့္ အေၾကာင္းအရင္းမွာ သူ၏ ေ႐ွ႕၌ အလြန္တရာမွပင္ လွပေသာ မိန္းကေလး တစ္ဦးအား ျမင္ေတြ႕လိုက္ရေၾကာင့္ ျဖစ္သည္။ ထိုမိန္းကေလးတြင္ စင္ေရာ္ေတာင္ကဲ့သို႔ လွပေသာ မ်က္ခုံးေမႊးမ်ား႐ွိၿပီး ပုရိသမ်ား လည္ျပန္ေငးေလာက္ေအာင္ပင္ အခ်ိဳးအစားအလြန္ေျပျပစ္ေသာ ခႏၶာကိုယ္ေကာက္ေၾကာင္းမ်ိဳးလည္း ႐ွိသည္။ ထို႔ျပင္ ေလတိုက္တိုင္း ယိမ္းႏြဲ႕သြားသည့္ သူမ၏ ဆံေကသာ အလွမ်ားေၾကာင့္ အလွေပၚအလွဆင့္ေနသလိုပင္ ျဖစ္ေနေလသည္။ သူ၏ ေ႐ွ႕တြင္ရပ္ေနေသာ မိန္းမလွေလးအား ၾကည့္ရင္း ရဲေ႐ွာင္၏ စိတ္ထဲတြင္ ေကာင္းကင္ဘုံမွ နတ္သက္ေႂကြ၍ ဆင္းလာသည့္ နတ္သမီးေလးတစ္ပါးဟုပင္ ထင္ေနမိသည္။

သူမ၏ အရပ္အေမာင္းႏွင့္ ခႏၶာကိုယ္ အခ်ိဳးအစားသည္လည္း အျပစ္ဆိုစရာမ႐ွိေအာင္ပင္ လိုက္ဖက္ညီမႈ႐ွိလွသည္။ ထို႔ျပင္ ၾကည္လင္ဝင္းပေသာ အသားအရည္ႏွင့္ထပ္တူ ညိႇဳ႕ငင္အားေကာင္းေသာ မ်က္ဝန္းအစုံသည္လည္း ဖန္ေဂၚလီလုံးမ်ားကဲ့သို႔ ၾကည္လင္ေတာက္ပလ်က္ ႐ွိသည္။

“မင္း . . . မင္းဘယ္သူလဲ . . .”

ရဲေ႐ွာင္ တုန္လႈပ္အံ့ၾသသင့္စြာျဖင့္ ေမးလိုက္သည္။

သူ၏ ေ႐ွ႕တြင္႐ွိေသာ မိန္းကေလး၏ အလွအား စာဖြဲ႕ျပ၍ မမီႏိုင္ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုမိန္းကေလး၏ အလွသည္ စၾကာဝဠာအတြင္း႐ွိ မိန္းကေလးမ်ား အားလုံးထက္ သာလြန္ေနေသာေၾကာင့္ပင္ ျဖစ္သည္။

ေမာ္တယ္ကမ႓ာႏွင့္ သူမ၏ အလွသည္ လုံးဝပင္ မတန္ေခ်။

ရဲေ႐ွာင္သည္ ယခင္က ေမာ္တယ္ကမ႓ာ၌ စုယဲ့ယြဲ႕ကိုသာ အလွဆုံးဟု ထင္မွတ္ခဲ့မိသည္။ သို႔ေသာ္ ယခုကဲ့သို႔ ေကာင္းကင္ဘုံမွ နတ္သမီး႐ႈံးေအာင္ လွပသည့္ မိန္းကေလးမ်ိဳး ႐ွိေနလိမ့္မည္ဟု မထင္ထားေပ။ စုယဲ့ယြဲ႕သည္ ငယ္႐ြယ္၍ ခ်စ္စဖြယ္ေကာင္းေသာ္လည္း သူ၏ ေ႐ွ႕တြင္႐ွိေသာ မိန္းကေလးမွာမူ အလြန္ရင့္က်က္၍ ဆြဲမက္ဖြယ္ေကာင္းေသာ အလွမ်ိဳးအား ပိုင္ဆိုင္ထားသည္။

သူမ၏ အလွေၾကာင့္ ႏိုင္ငံမ်ားပင္ စစ္မက္ျဖစ္ပြားႏိုင္သည္။ ျပစ္မ်ိဳးမွည့္မထင္လွသည့္ အလွဆိုသည္မွာ ယခုမိန္းကေလး၏ အလွပင္ ျဖစ္ေခ်လိမ့္မည္။

“ကြၽန္မ ဘယ္သူလဲ . . . ကြၽန္မက ဘယ္သူလဲ . . .”

ရဲေ႐ွာင္မွ သူ႕အား ႐ုပ္ဆိုးသည္ဟု ေျပာခဲ့သည္ကို မေက်နပ္သျဖင့္ ဝမ္ရမ္ခ်ဳးခ်ဴးမွ သူမ၏ ပုံစံ အစစ္အမွန္အား ျပသလိုက္ျခင္းပင္ ျဖစ္သည္။

ရဲေ႐ွာင္ ထိုကဲ့သို႔ ေျပာခဲ့စဥ္က သူမ၏ ပုံစံအစစ္အမွန္ မဟုတ္သည့္တိုင္ မခံခ်ိ မခံသာ ျဖစ္ခဲ့ရသည္။

[ဟမ့္ . . . ကမ႓ာေပၚမွာ ဘယ္ဟာက အလွအစစ္လဲဆိုတာ သိေအာင္ ျပရတာေပါ့ . . . ကြၽန္မရဲ႕ပုံစံအစစ္အမွန္ကို ျပလိုက္ေတာ့ ႐ွင္ေတြ႕ဖူးခဲ့တဲ့ လွပါတယ္ဆိုတဲ့ မိန္းကေလးေတြက ဘာမွ မဟုတ္ေတာ့ဘူးဆိုတာ ႐ွင္လည္း သိသြားေလာက္ၿပီေပါ့ . . .]

သို႔ေသာ္ ဖန္ဇီလင္သည္ အလြန္အမင္း အံ့ၾသေနသည့္ပုံ မေပၚေခ်။ ႐ုတ္တရက္မို႔ လန္႔သြားသည့္ သေဘာသာ ႐ွိေလသည္။ ဝမ္ရမ္ခ်ဳးခ်ဳးသည္ ရဲေ႐ွာင္အား ပတ္၍ လမ္းေလွ်ာက္လိုက္ၿပီးေနာက္ ဆြဲမက္ဖြယ္ေကာင္းေလာက္ေအာင္ပင္ ျပဳံးလိုက္ရင္း -

“ဘာလဲ . . . ကြၽန္မ မလွဘူးလား . . .”

“မလွဘူး၊ ေတာ္ေတာ္ ႐ုပ္ဆိုးတယ္ . . .”

ရဲေ႐ွာင္သည္ ဝမ္ရမ္ခ်ဳးခ်ဳး၏ စိတ္ထဲတြင္ ေက်နပ္သြားမည့္ အျဖစ္မ်ိဳး အျဖစ္မခံႏိုင္ေခ်။ ထို႔ေၾကာင့္ တမင္အ႐ြဲ႕တိုက္၍ ေျပာေနျခင္းပင္ ျဖစ္သည္။

“မင္းက ေတာ္ေတာ္ကို ဝတာပဲ။ လွတယ္ဆိုတဲ့ စကားနဲ႔ေတာင္ မထိုက္တန္ဘူး။ မင္းရဲ႕ ႐ုပ္ဆိုးမႈက ဒီကမ႓ာကိုေတာင္ သိကၡာခ်ေနသလိုပဲ။ မင္းဟာမင္း ႐ုပ္ဆိုးတာ ကိစၥမ႐ွိဘူး၊ လူတကာကို ကြၽန္မလွလား
ကြၽန္မလွလားဆိုၿပီး လိုက္ေမးေနတာကေတာ့ ေတာ္ေတာ္ အလိုက္ကန္းဆိုး မသိတာပဲ။ မင္းကေတာ့ေတာ္ေတာ္ကိုပဲကြာ . . .”

“႐ွင္ . . . ႐ွင္ . . .”

ဝမ္ရမ္ခ်ဴးခ်ဴးလည္း ေဒါသအလြန္အမင္း ထြက္သြားေသာေၾကာင့္ ရဲေ႐ွာင္အား ႐ိုက္ရန္ ဟန္ျပင္လိုက္ရင္း -

"႐ွင္ကေတာ့ တကယ္ကို အ႐ိုက္ခံခ်င္ေနၿပီ ထင္တယ္။ အရင္ကေတာ့ ကြၽန္မပုံအစစ္ မဟုတ္လို႔ ႐ွင္ေျပာသမွ် သည္းခံေပးေနလို႔ ရေသးတယ္။ အခုၾက ႐ွင့္မ်က္လုံးနဲ႔ ျမင္ေနရတာေတာင္ လိမ္ေနတာကေတာ့ ကြၽန္မ သည္းမခံႏိုင္ေတာ့ဘူး . . ."

ရဲေ႐ွာင္လည္း ခ်က္ခ်င္းပင္ -

“ေနဦး . . . မင္းရဲ႕ ေရာဂါကို ငါ့ကို မကုေစခ်င္ေတာ့ဘူးလား၊ မင္းနဲ႔ တိုက္ခိုက္ရင္ ငါႏိုင္ခ်င္မွ ႏိုင္လိမ့္မယ္။ ဒါေပမယ့္ မင္းငါ့ကို ထိရဲရင္ ထိၾကည့္ မင္းအတြက္ ေနာက္ထပ္ အားျဖည့္ၾကာပန္း လုံးဝ မလုပ္ေပးေတာ့ဘူးလို႔ ငါက်ိန္ဆိုတယ္။ မင္းတို႔ရဲ႕ ျပႆနာေတြကိုလည္း မေျဖ႐ွင္းေပးေတာ့ဘူး။ မင္း႐ိုက္ခ်င္လည္း႐ိုက္၊ ငါ့ဘက္ကေတာ့ ဘာမွ မတုန္႔ျပန္ဘူး။ အဲ့ဒီအတြက္ မင္းႀကိဳက္သလို လုပ္ႏိုင္တယ္ . . .”

ဝမ္ရပ္ခ်ဴးခ်ဴးသည္ ကိုယ္႐ွိန္သပ္လိုက္ၿပီး မေက်မနပ္ျဖင့္ -

“ဖန္ဇီလင္ . . . ႐ွင္က ကြၽန္မကို ကေလးကလား လာၿခိမ္းေျခာက္ေနတာလား၊ ႐ွင္ဘာလို႔ ဒီလို လုပ္ေနရတာလဲ . . .”

ရဲေ႐ွာင္မွ -

“ဘယ္လူႀကီးလူေကာင္းမဆို အ႐ိုက္ေတာ့ ခံခ်င္ၾကမွာ မဟုတ္ဘူး။ အဲ့ဒါကို မင္းနားလည္တယ္ မဟုတ္လား မိန္းကေလး ခ်ဴးခ်ဴး . . .”

ဝမ္ရမ္ခ်ဴးခ်ဴး မခံခ်ိ မခံသာပင္ ျဖစ္ေနေလသည္။ သူမအေနျဖင့္ မည္သည့္အရာမွ် မတတ္ႏိုင္ေတာ့၍
သက္ျပင္းသာ ခ်လိုက္ႏိုင္ေတာ့သည္။

ရဲေ႐ွာင္လည္း ျပဳံးလိုက္ရင္း -

“ငါက သေဘာထားႀကီးတဲ့လူပါ။ မင္းကို ဒီလိုပဲ ဆက္ဆံမွာ မဟုတ္ပါဘူး၊ ကဲ မင္းရဲ႕ က်င့္ၾကံမႈက ဘယ္လိုလဲ၊ လင္းေ႐ွာင္ေရခဲက်င့္စဥ္ရဲ႕ ဘယ္အဆင့္ကို ေရာက္ေနၿပီလဲ . . .”

လင္းေ႐ွာင္ ေရခဲက်င့္စဥ္ ဟူသည့္ စကားလုံးအား ၾကားရေသာအခါ ဝမ္ရမ္ခ်ဴးခ်ဴးသည္ အလြန္ တုန္လႈပ္ သြားေလသည္။ အေပါက္ဝတြင္ နားေထာင္ေနသည့္ ပိုင္႐ွင္းယြဲ႕သည္ပင္လွ်င္ အံ့ၾသသြားမိသည္။

တိမ္ျမဴခိုးနန္းေတာ္၏ အဓိက က်င့္စဥ္မွာ လင္းေ႐ွာင္ေရခဲက်င့္စဥ္ပင္ ျဖစ္သည္။

ဝမ္ရမ္ခ်ဴးခ်ဴးႏွင့္ ပိုင္႐ွင္းယြဲ႕တို႔ က်င့္ၾကံသည္မွာလည္း ထိုက်င့္စဥ္ပင္ ျဖစ္သည္။ တနည္းအားျဖင့္ ထိုက်င့္စဥ္ေၾကာင့္ပင္ အားျဖည့္ၾကာပန္းပင္မ်ား လိုအပ္ေနျခင္း ျဖစ္သည္။

ပိုင္႐ွင္းယြဲ႕သည္ သူမတို႔၏ ဂိုဏ္းအေၾကာင္း ေျပာျပခဲ့ေသာ္လည္း က်င့္စဥ္နာမည္ကိုမူ မေျပာခဲ့ေခ်။

သို႔ေသာ္လည္း ဖန္ဇီလင္မွ ယခုကဲ့သို႔ ထုတ္ေျပာလာသည့္အတြက္ သူမတို႔၏ ဂိုဏ္းအေၾကာင္း အေတာ္မ်ားမ်ား သိေနမည္မွာ ေသခ်ာေပါက္ပင္ ျဖစ္သည္။

“ေမာ္တယ္အဆင့္ ၇ . . .”

ဝမ္ရမ္ခ်ဴးခ်ဴးသည္ အမွန္တိုင္းပင္ ေျပာလိုက္သည္။

“ဪ . . . ေမာ္တယ္အဆင့္ ၇ ေတာင္ ေရာက္ေနၿပီဆိုေတာ့ ေတာ္ေတာ္ ျမန္တယ္ ေျပာရမယ္။ ဒါေပမယ့္ မင္းေျမႀကီးအဆင့္ကို ေရာက္ရင္ေတာ့ အဆင့္တက္တာ ေႏွးသြားမွာပဲ။ ေကာင္းကင္အဆင့္ ဆိုရင္ေတာ့ ပိုပိုေႏွးသြားမွာေပါ့ . . .”

ဝမ္ရမ္ခ်ဴးခ်ဴးသည္ မ်က္ေမွာင္ၾကဳတ္လိုက္ရင္း -

“အဲ့ဒါ ႐ွင္ဘယ္လို သိလဲ . . .”

“ငါသိတာေပါ့ . . .”

ရဲေ႐ွာင္ အဓိပၸါယ္ပါေသာ အျပဳံးမ်ားျဖင့္ ျပဳံး၍ ေျပာလိုက္သည္။

တကယ္တမ္းတြင္မူ ရဲေ႐ွာင္သည္ ထိုမွ်ေလာက္သာ သိထားျခင္း ျဖစ္သည္။ ခ်င္းယန္နယ္ပယ္တြင္ တိမ္ျမဴခိုးနန္းေတာ္သည္ လွ်ိဳ႕ဝွက္စြာ ေနထိုင္သည့္ ဂိုဏ္းတစ္ခုျဖစ္ေသာေၾကာင့္ ထိုဂိုဏ္းအေၾကာင္းအား သိေသာလူသည္ လက္ခ်ိဳး၍ပင္ ေရတြက္၍ ရႏိုင္သည္။

ေ႐ွာင္ဧကရာဇ္သည္ ခ်င္းယန္နယ္ပယ္တြင္ တစ္ကိုယ္ေတာ္ ထင္တိုင္းႀကဲခဲ့သူ ျဖစ္ၿပီး ေက်ာေထာက္ ေနာက္ခံဟူ၍လည္း မ႐ွိခဲ့ေခ်။ ထို႔ေၾကာင့္ ထိုကဲ့သို႔ေသာ ဂိုဏ္းမ်ား၏ လွ်ိဳ႕ဝွက္ခ်က္အား သိေနသည္မွာ ထူးဆန္းေနသလိုပင္ ျဖစ္ေနပါေတာ့သည္။

Continue Reading

You'll Also Like

129K 13.9K 93
Fb page name=ဂန္တဝင်စနစ် ကောင်းလားမကောင်းလား ထွေထွေထူးထူးမပြောတော့ဘူး ကိုယ့်ကိုသာယုံလိုက်😉 ဘာသာပြန်သူ၏ခွင့်ပြုချက်နဲ့တင်ခြင်းဖြစ်သည်။
125K 16.7K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
558K 75.6K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...