မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 214
“အမှားကြီးမှားခြင်း”
“ခင်ဗျားလည်း မြင်တဲ့အတိုင်းပဲ။ ကျုပ်မှာ ဒီကြာပန်းကို အတော်အားစိုက်ပြီး လုပ်ခဲ့ရတာ။ လုပ်နေရတဲ့ အတောအတွင်းမှာလည်း ကျုပ်ဂိုဏ်းက လျှို့ဝှက် ရတနာ တစ်ခုကို အသုံးပြုခဲ့ရသေးတယ်။ အဲဒါကြောင့်ပဲ ဒီလောက် အချိန်တိုအတွင်း လုပ်နိုင်ခဲ့တာပေါ့။ အရည်အသွေးကလည်း မြင်တဲ့ အတိုင်းပဲလေ။ လိုအပ်တဲ့ ပစ္စည်းတွေသာ အလုံအလောက် ရှိမယ်ဆိုရင် ဒီကြာပန်းကို သေချာပေါက် ထပ်ပြောင်းနိုင်မှာပါ။ ဒါပေမယ့် အခု ကျုပ်သုံးလိုက်တာက တစ်ခါသုံးနည်းပဲ။ တစ်ခါပဲ သုံးလို့ရတာ . . .”
ရဲရှောင် မည်မျှပင် လိမ်နေစေကာမူ အန္တရာယ်အငွေ့အသက်များအား ခံစားနေရသည်။
ပိုင်ရှင်းယွဲ့သည် သူ့အား ဖမ်းဆီး၍ သူမတို့၏ ဂိုဏ်းတွင် ကြာပန်းများ အဆက်မပြတ် ပြုလုပ်ခိုင်းမည်ကို စိုးရိမ်နေမိသည်။ ထိုအခါတွင် သူ၏ ဘဝသည် လှောင်အိမ်ထဲမှ ငှက်တစ်ကောင်ကဲ့သို့ပင် ဖြစ်သွားပေလိမ့်မည်။
ပိုင်ရှင်းယွဲ့သည် စိတ်ပျက်အားလျော့သွားသည့် အမူအယာဖြင့် -
“ဟင် . . . ဒါဆို ရှင်က နောက်ထပ်ကြာပန်းတွေ မလုပ်နိုင်တော့ဘူးလို့ ဆိုလိုချင်တာလား . . .”
“အဲ့ဒီလိုတော့လည်း မဟုတ်ပါဘူး၊ အချိန်နည်းနည်း ပိုကြာသွားမယ့် သဘောပါ။ ဥပမာ နောက်ထပ် ဒီလို မှင်ရောင်အားဖြည့် ကြာပန်းကို ကျောက်စိမ်းအားဖြည့် ကြာပန်းဖြစ်အောင် ပြောင်းမယ်ဆိုရင် သုံးနှစ်ကနေ ငါးနှစ်လောက် ကြာလိမ့်မယ်။ ကျောက်စိမ်းအားဖြည့် ကြာပန်းကနေ ကျောက်စိမ်းအသက်ဝင် ကြာပန်းကို ပြောင်းမယ်ဆိုရင် နှစ်သုံးရာကနေ ငါးရာအတွင်း ကြာလိမ့်မယ်။ အဲဒါကြောင့် ကျုပ်နည်းကလည်း ခင်ဗျားတို့ဂိုဏ်းက နည်းနဲ့ သိပ်တော့ ထူးမခြားနားပါပဲ . . .”
“နှစ်သုံးရာကနေ ငါးရာ ဟုတ်လား . . .”
ပိုင်ရှင်းယွဲ့သည် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ကျွန်မကို သိပ်တော့ နားမလည်ပေမယ့် ပစ္စည်းအလုံအလောက်နဲ့ အနှောင့်အယှက်ကင်းကင်း လုပ်နိုင်မယ်ဆိုရင် နှစ်သုံးရာလောက်ပဲ ကြာမယ် မဟုတ်လား . . .”
ရဲရှောင် ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို ဒီကြာပန်းအပြင် နောက်ထပ်ကြာပန်းတွေတော့ ထပ်ရနိုင်ဦးမှာပေါ့ . . .”
ပိုင်ရှင်းယွဲ့သည် အစပိုင်းတွင် မျက်မှောင်ကြုတ်နေသော်လည်း နောက်ပိုင်းတွင် စိတ်သက်သာရာ ရသွားသည့် ပုံပင်။
“ဒီလို ကျောက်စိမ်းအသက်ဝင် ကြာပန်းကို နောက်ထပ် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ထပ်ပြီး အဆင့်မြင့်မယ်ဆိုရင် နှစ်ငါးထောင်လောက် ကြာရင် ဒဏ္ဍာရီထဲမှာပဲရှိတဲ့ အရာကို ပြုလုပ်နိုင်လိမ့်မယ်”
ရဲရှောင် လေးလေးနက်နက်ပင် ပြောလိုက်သည်။
“အဲဒါကတော့ . . . ကောင်းကင်ရွှေကြာပန်းပဲ . . .”
“ကောင်းကင်ရွှေကြာပန်း ဟုတ်လား . . .”
ပိုင်ရှင်းယွဲ့သည် ကြာပန်း၏ အမည်အား ကြားလိုက်ရသောအခါ "ဝုန်း" ကနဲပင် မတ်တတ်ထရပ်လိုက်သည်။
“ရှင်တကယ်ပဲ ဒီရွှေကြာပန်းကို လုပ်နိုင်တယ်ပေါ့ ဟုတ်လား၊ တကယ်ပဲ ယုံကြည်ချက် ရှိတယ်ပေါ့”
ရဲရှောင်လည်း ပြုံးလိုက်ရင်း -
“သိပ်သေချာတာပေါ့ဗျာ။ ကျုပ်သာ အကောင်းဆုံးကြိုးစားမယ်၊ လိုအပ်တဲ့ ပစ္စည်းတွေလည်း ရနိုင်မယ် ဆိုရင် အချိန်နည်းနည်း ပေးလိုက်တာနဲ့ ရကိုရတယ် . . .”
ပိုင်ရှင်းယွဲ့သည် ကတုန်ကယင် ဖြစ်နေလေသည်။ စိတ်လှုပ်ရှားမှုကြောင့် သူမ၏ အသက်ရှူသံများပင် ပုံမှန် မဟုတ်ချင်တော့သကဲ့သို့ ခံစားနေရသည်။
ကောင်းကင်ရွှေကြာပန်းဆိုသည်မှာ ဒဏ္ဍာရီလာ ပစ္စည်း ကိုးခုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။
ထိုကြာပန်းသည် သူမတို့ ဂိုဏ်းရှိ လူများ၏ ကျင့်ကြံမှုအား ထိပ်ဆုံးသို့ ရောက်နိုင်ပေလိမ့်မည်။ ထို့ပြင် အောင်မြင်မှု ပန်းတိုင်သို့ တက်လှမ်းနိုင်မည့် ပစ္စည်းတစ်ခုဟု ဆိုလျှင်လည်း မမှားပေ။
ကောင်းကင်ရွှေကြာပန်းအား ဒဏ္ဍာရီထဲတွင်သာ ကြားဖူးကြပြီး မည်သူမျှ မမြင်တွေ့ဖူးကြချေ။
မည်သည့်ဂိုဏ်းပင် ဖြစ်စေ အရည်အသွေးမြင့် ကျောက်စိမ်းအသက်ဝင် ကြာပန်းကိုသာ တွေ့မြင်အသုံးပြုဖူးကြလေသည်။ ရွှေကြာပန်းကိုမူ မြင်ပင် မမြင်ဖူးကြချေ။ သို့သော် ထိုကဲ့သို့သော ကြာပန်းမျိုးအား မော်တယ်ကမ္ဘာကဲ့သို့ အဆင့်နိမ့်ကမ္ဘာတစ်ခုမှ ဖန်ဇီလင် ဆိုသောလူသည် သာမန်ပစ္စည်း တစ်ခု လုပ်နိုင်သကဲ့သို့ပင် ပြောနေသည် မဟုတ်ပါလော။
“လုပ်နေတဲ့ အတောအတွင်းမှာ ဘယ်လို ပစ္စည်းတွေများ လိုအပ်မလဲဆိုတာ မေးလို့ရမလား”
ပိုင်ရှင်းယွဲ့သည် အပူတပြင်း မေးလိုက်သည်။
“ခင်ဗျားအဖို့ ကြားရတာ ထူးဆန်းနေမယ် ဆိုတာကို ကျုပ်သိပါတယ်။ ကျုပ်ပိုပြောမိလေ ကျုပ်အတွက် ပိုပြီး အန္တရာယ်ကြီးလေပဲ။ အသံကြောင့် ဖားသံ အဖြစ်မျိုးတော့ ကျုပ် အဖြစ်မခံနိုင်ဘူး။ ကျုပ်ထူးဆန်းသလို ခံစားနေရတာက ခင်ဗျားတို့တွေ ကျုပ်ကို ဖမ်းပြီး ခင်ဗျားတို့ဂိုဏ်းအတွက် ကြာပန်းတွေ လုပ်ခိုင်းမှာတော့ မဟုတ်လောက်ပါဘူးနော်။ ဘာလို့လဲဆိုတော့ ကျုပ်က ခင်ဗျားတို့အားလုံးရဲ့ အနာဂတ်လို ဖြစ်နေတာ မဟုတ်လား . . .”
ရဲရှောင် ယတိပြတ်ပင် ပြောလိုက်သည်။
“ကျုပ် အခုလို ခင်ဗျားကို အများကြီး ပြောပြနေတယ် ဆိုတာကလည်း ရှင်းပါတယ်။ ခင်ဗျားသာ အခု ကြာပန်းကို မယူဘူးဆိုရင် ခင်ဗျား အသက်ရှင်ဖို့က သိပ်မသေချာဘူးလေ . . .”
“မိန်းမလှလေးတစ်ယောက် နှစ်ဝက်အတွင်း သေသွားရမှာကတော့ နှမြောစရာပါပဲ . . .”
“ကျုပ်ကတော့ ခင်ဗျားကို မသေစေချင်ဘူး။ ခင်ဗျားသေရင် အရမ်းကို ဝမ်းနည်းမယ့် လူတစ်ယောက် ရှိတယ်။ ခင်ဗျား အသက်ရှင်ချင်စိတ် ပေါက်ဖို့အတွက် မျှော်လင့််ချက်တွေ စိတ်အားတက်စရာတွေ ပြောပေးတာလောက်ပဲ ကျုပ်လည်း တတ်နိုင်တယ်။ အခုခင်ဗျားကို ပြောပြခဲ့တာတွေ အားလုံးက ခင်ဗျား စိတ်အားတက်လာစေဖို့ပဲ . . .”
ရဲရှောင်၏ စကားကြောင့် ပိုင်ရှင်းယွဲ့သည် ရုတ်တရက် ကြောင်သွားမိသည်။ ထို့နောက် အနည်းငယ်လည်း ရှက်ရွံ့သွားသည့်ဟန်ဖြင့် -
“ရှင် . . . ရှင် အခုလို ဘာလို့ ပြောတာလဲ။ ကျွန်မသေသေ ရှင်ရှင် ရှင်နဲ့ မဆိုင်ဘူး။ ရှင့် ကိစ္စမှ မဟုတ်တာ . . .”
ပိုင်ရှင်းယွဲ့သည် ရဲရှောင်အား မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် -
“ဆရာဖန် . . . နည်းနည်းပါးပါးလည်း ကိုယ့်သိက္ခာ ကိုယ်ထိန်းပါဦး . . .”
ရဲရှောင် ကြောင်သွားလေသည်။
ပိုင်ရှင်းယွဲ့သည် သူ့အား နားလည်မှု လွဲသွားခြင်းပင် ဖြစ်သည်။ အကြိမ်ကြိမ်အခါခါပင် မှားနေသော သူ့ကိုယ်သူပင် အပြစ်တင်နေမိရင်း -
[သေစမ်း . . . မှားပြန်ပြီကွာ၊ မင်းသေတာ မသေတာ ငါဝမ်းနည်းမှာကို ပြောချင်တာ မဟုတ်ဘူးဟ။ လျန်လျန်ကို ထပ်ပြီး ဝမ်းမနည်းစေချင်လို့ပဲ။ သူ့ရဲ့ အချစ်ရဆုံး မိတ်ဆွေ ညီမလေး တစ်ယောက်ကို မဆုံးရှုံး စေချင်လို့။ ကျန်တာ ဘာမှ စိတ်မဝင်စားဘူးဟ။ မင်းက ဘာတွေ တွေးနေလဲ မသိဘူး . . .]
အမှန်တကယ်တွင် ရဲရှောင်အား ပိုင်ရှင်းယွဲ့ဘက်မှ အထင်လွဲသွားခြင်း ဖြစ်သည်။
ရဲရှောင် အပြောမတတ်ခြင်းမှာလည်း ယောကျာ်းနှင့်မိန်းမ မည်ကဲ့သို့ ပြောဆို ဆက်ဆံရမည်ကို ကောင်းစွာ မသိသောကြောင့်ပင် ဖြစ်သည်။
အလွန်လှပ၍ ပြစ်မျိုးမှည့်မထင် ရှိသည့် မိန်းကလေးတစ်ဦး အသက်အရွယ် ပုံစံအားဖြင့်လည်း ပြောစရာ မရှိသည့် မိန်းကလေး တစ်ဦးအား ယောကျာ်းတစ်ဦးမှ “ကျုပ်ကတော့ ခင်ဗျားကို မသေစေချင်ဘူး။ ခင်ဗျားသေရင် အရမ်းကို ဝမ်းနည်းမယ့် လူတစ်ယောက် ရှိတယ်” ဟု ပြောလိုက်ခြင်းသည် ထိုဝမ်းနည်းနေမယ့်လူသည် သူကိုယ်တိုင်ပင်ဖြစ်ကြောင်း ဝန်ခံလိုက်သည်နှင့်ပင် တူနေသည် မဟုတ်ပါလော။
ထို့အပြင် အသက်ရှင်ရန်အတွက် စိတ်အားတက်ကြွဖွယ်စကားများ ပြောပေးနေသည် ဆိုသည်မှာလည်း မေတ္တာပိုနေသကဲ့သို့ပင် ဖြစ်နေသည် မဟုတ်ပါလော။
သို့သော် ရဲရှောင်ဘက်မှ ကြည့်လျှင်လည်း သူပြောခဲ့သည့် စကားများသည် အမှန်ပင် ဖြစ်သည်။ ပိုင်ရှင်းယွဲ့ သေသွားပါက ကျွင့်ယင်းလျန် အလွန်ဝမ်းနည်းနေမည်ကို စိုးရိမ်နေမိခြင်း ဖြစ်သည်။
အဘယ့်အတွက်ကြောင့် ထိုကဲ့သို့သော စကားများ ပြောရသည်ကို ထုတ်ဖော်ရှင်းပြခြင်း မပြုတော့ဘဲ ရဲရှောင်သည် သူ၏ စိတ်ထဲတွင်သာ မြိုသိပ်ထားလိုက်တော့သည်။
[ငါ့ရဲ့ လျန်လျန်ကို ဝမ်းမနည်းစေချင်တော့ဘူး၊ အဲဒါကြောင့် ငါပြောလိုက်တာပါကွာ . . .]
သို့သော်လည်း ပိုင်ရှင်းယွဲ့၏ စိတ်ထဲတွင်မူ -
[ဝမ်းနည်းနေမယ့် လူတစ်ယောက် ဆိုတာ ဘာကို ဆိုလိုလိုက်တာလဲ။ ဘယ်သူက ဝမ်းနည်းမှာလဲ။ ကျွန်မက အခု မော်တယ်ကမ္ဘာကို ရောက်နေတာ၊ ဒီကမ္ဘာမှာ ကျွန်မကို သိတဲ့လူဆိုလို့ ကျွန်မတပည့် တစ်ယောက်ပဲ ရှိတယ်။ အဲဒါဆိုလည်း ချူးချူး ဝမ်းနည်းမယ်လို့ ပြောပေါ့။ အခုတော့ ဘာလဲ လူတစ်ယောက်။ ရှင့်ကိုယ်ရှင် ပြောနေတာလား . . .]
သူမအဖို့ တစ်ယောက်ယောက် ဆိုသည့် စကားလုံးအား အဓိပ္ပါယ်တစ်မျိုး ယူဆသွားခြင်း ဖြစ်သည်။
“ကျုပ်က ဒီလိုသဘောပြောတာ မဟုတ်ဘူး။ အထင်မလွဲပါနဲ့ . . . ခင်ဗျားက ကျုပ်ကို အထင်လွဲနေတာပဲ . . .”
ရဲရှောင် အမောတကော ရှင်းပြလိုက်သည်။
“ကျွန်မ ကြားလိုက်တာ ကျွန်မသိပါတယ်။ ကျွန်မ နားနဲ့ ဆက်ဆက်ကို ကြားလိုက်ရတာ။ ရှင်လည်း ဘယ်လို သဘောနဲ့ ပြောလိုက်တယ် ဆိုတာကို ရှင့်ကိုယ်ရှင် သိမှာပေါ့ . . .”
ပိုင်ရှင်းယွဲ့ အေးစက်စွာ ပြုံးလျက် ပြောလိုက်သည်။
“အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် ဆရာဖန် . . . ကျောက်စိမ်းအားဖြည့် ကြာပန်းပင်နဲ့ ပတ်သက်တဲ့ ကိစ္စကတော့ ရှင့်တာဝန်ပဲ။ အကောင်းဆုံး ကြိုးစားပေးပါဦး . . .”
“ရှင်လိုအပ်တဲ့ ဘယ်အရာမဆို ကျွန်မတို့ဂိုဏ်းက ထောက်ပံ့ပေးပါ့မယ်။ ရှင်ဘာပဲလိုလို စိတ်မပူနဲ့၊ နောက်ပြီး ကျွန်မတို့ရှင့်ကို အတင်းအကြပ် မခိုင်းပါဘူး။ ရှင့်ရဲ့ ပေါက်ကရ အတွေးတွေကို ခေါင်းထဲက ထုတ်ထားလိုက်ပါတော့ . . .”
ပိုင်ရှင်းယွဲ့သည် ရဲရှောင်အား စူးစိုက်ကြည့်၍ ပြောလိုက်သည်။
ရဲရှောင်လည်း ဆွံ့အလျက် ငေးမောကြည့်နေမိသည်။သူ အမှားကြီး မှားခဲ့ပြီဟုလည်း တွေးနေမိပါတော့သည် . . .။
မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား
Chapter – 214
“အမွားႀကီးမွားျခင္း”
“ခင္ဗ်ားလည္း ျမင္တဲ့အတိုင္းပဲ။ က်ဳပ္မွာ ဒီၾကာပန္းကို အေတာ္အားစိုက္ၿပီး လုပ္ခဲ့ရတာ။ လုပ္ေနရတဲ့ အေတာအတြင္းမွာလည္း က်ဳပ္ဂိုဏ္းက လွ်ိဳ႕ဝွက္ ရတနာ တစ္ခုကို အသုံးျပဳခဲ့ရေသးတယ္။ အဲဒါေၾကာင့္ပဲ ဒီေလာက္ အခ်ိန္တိုအတြင္း လုပ္ႏိုင္ခဲ့တာေပါ့။ အရည္အေသြးကလည္း ျမင္တဲ့ အတိုင္းပဲေလ။ လိုအပ္တဲ့ ပစၥည္းေတြသာ အလုံအေလာက္ ႐ွိမယ္ဆိုရင္ ဒီၾကာပန္းကို ေသခ်ာေပါက္ ထပ္ေျပာင္းႏိုင္မွာပါ။ ဒါေပမယ့္ အခု က်ဳပ္သုံးလိုက္တာက တစ္ခါသုံးနည္းပဲ။ တစ္ခါပဲ သုံးလို႔ရတာ . . .”
ရဲေ႐ွာင္ မည္မွ်ပင္ လိမ္ေနေစကာမူ အႏၲရာယ္အေငြ႕အသက္မ်ားအား ခံစားေနရသည္။
ပိုင္႐ွင္းယြဲ႕သည္ သူ႕အား ဖမ္းဆီး၍ သူမတို႔၏ ဂိုဏ္းတြင္ ၾကာပန္းမ်ား အဆက္မျပတ္ ျပဳလုပ္ခိုင္းမည္ကို စိုးရိမ္ေနမိသည္။ ထိုအခါတြင္ သူ၏ ဘဝသည္ ေလွာင္အိမ္ထဲမွ ငွက္တစ္ေကာင္ကဲ့သို႔ပင္ ျဖစ္သြားေပလိမ့္မည္။
ပိုင္႐ွင္းယြဲ႕သည္ စိတ္ပ်က္အားေလ်ာ့သြားသည့္ အမူအယာျဖင့္ -
“ဟင္ . . . ဒါဆို ႐ွင္က ေနာက္ထပ္ၾကာပန္းေတြ မလုပ္ႏိုင္ေတာ့ဘူးလို႔ ဆိုလိုခ်င္တာလား . . .”
“အဲ့ဒီလိုေတာ့လည္း မဟုတ္ပါဘူး၊ အခ်ိန္နည္းနည္း ပိုၾကာသြားမယ့္ သေဘာပါ။ ဥပမာ ေနာက္ထပ္ ဒီလို မွင္ေရာင္အားျဖည့္ ၾကာပန္းကို ေက်ာက္စိမ္းအားျဖည့္ ၾကာပန္းျဖစ္ေအာင္ ေျပာင္းမယ္ဆိုရင္ သုံးႏွစ္ကေန ငါးႏွစ္ေလာက္ ၾကာလိမ့္မယ္။ ေက်ာက္စိမ္းအားျဖည့္ ၾကာပန္းကေန ေက်ာက္စိမ္းအသက္ဝင္ ၾကာပန္းကို ေျပာင္းမယ္ဆိုရင္ ႏွစ္သုံးရာကေန ငါးရာအတြင္း ၾကာလိမ့္မယ္။ အဲဒါေၾကာင့္ က်ဳပ္နည္းကလည္း ခင္ဗ်ားတို႔ဂိုဏ္းက နည္းနဲ႔ သိပ္ေတာ့ ထူးမျခားနားပါပဲ . . .”
“ႏွစ္သုံးရာကေန ငါးရာ ဟုတ္လား . . .”
ပိုင္႐ွင္းယြဲ႕သည္ မ်က္ေမွာင္ၾကဳတ္၍ ေမးလိုက္သည္။
“ကြၽန္မကို သိပ္ေတာ့ နားမလည္ေပမယ့္ ပစၥည္းအလုံအေလာက္နဲ႔ အေႏွာင့္အယွက္ကင္းကင္း လုပ္ႏိုင္မယ္ဆိုရင္ ႏွစ္သုံးရာေလာက္ပဲ ၾကာမယ္ မဟုတ္လား . . .”
ရဲေ႐ွာင္ ေခါင္းညိတ္ျပလိုက္သည္။
“ဒါဆို ဒီၾကာပန္းအျပင္ ေနာက္ထပ္ၾကာပန္းေတြေတာ့ ထပ္ရႏိုင္ဦးမွာေပါ့ . . .”
ပိုင္႐ွင္းယြဲ႕သည္ အစပိုင္းတြင္ မ်က္ေမွာင္ၾကဳတ္ေနေသာ္လည္း ေနာက္ပိုင္းတြင္ စိတ္သက္သာရာ ရသြားသည့္ ပုံပင္။
“ဒီလို ေက်ာက္စိမ္းအသက္ဝင္ ၾကာပန္းကို ေနာက္ထပ္ လိုအပ္တဲ့ ပစၥည္းေတြနဲ႔ ထပ္ၿပီး အဆင့္ျမင့္မယ္ဆိုရင္ ႏွစ္ငါးေထာင္ေလာက္ ၾကာရင္ ဒ႑ာရီထဲမွာပဲ႐ွိတဲ့ အရာကို ျပဳလုပ္ႏိုင္လိမ့္မယ္”
ရဲေ႐ွာင္ ေလးေလးနက္နက္ပင္ ေျပာလိုက္သည္။
“အဲဒါကေတာ့ . . . ေကာင္းကင္ေ႐ႊၾကာပန္းပဲ . . .”
“ေကာင္းကင္ေ႐ႊၾကာပန္း ဟုတ္လား . . .”
ပိုင္႐ွင္းယြဲ႕သည္ ၾကာပန္း၏ အမည္အား ၾကားလိုက္ရေသာအခါ "ဝုန္း" ကနဲပင္ မတ္တတ္ထရပ္လိုက္သည္။
“႐ွင္တကယ္ပဲ ဒီေ႐ႊၾကာပန္းကို လုပ္ႏိုင္တယ္ေပါ့ ဟုတ္လား၊ တကယ္ပဲ ယုံၾကည္ခ်က္ ႐ွိတယ္ေပါ့”
ရဲေ႐ွာင္လည္း ျပဳံးလိုက္ရင္း -
“သိပ္ေသခ်ာတာေပါ့ဗ်ာ။ က်ဳပ္သာ အေကာင္းဆုံးႀကိဳးစားမယ္၊ လိုအပ္တဲ့ ပစၥည္းေတြလည္း ရႏိုင္မယ္ ဆိုရင္ အခ်ိန္နည္းနည္း ေပးလိုက္တာနဲ႔ ရကိုရတယ္ . . .”
ပိုင္႐ွင္းယြဲ႕သည္ ကတုန္ကယင္ ျဖစ္ေနေလသည္။ စိတ္လႈပ္႐ွားမႈေၾကာင့္ သူမ၏ အသက္႐ွဴသံမ်ားပင္ ပုံမွန္ မဟုတ္ခ်င္ေတာ့သကဲ့သို႔ ခံစားေနရသည္။
ေကာင္းကင္ေ႐ႊၾကာပန္းဆိုသည္မွာ ဒ႑ာရီလာ ပစၥည္း ကိုးခုထဲတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။
ထိုၾကာပန္းသည္ သူမတို႔ ဂိုဏ္း႐ွိ လူမ်ား၏ က်င့္ၾကံမႈအား ထိပ္ဆုံးသို႔ ေရာက္ႏိုင္ေပလိမ့္မည္။ ထို႔ျပင္ ေအာင္ျမင္မႈ ပန္းတိုင္သို႔ တက္လွမ္းႏိုင္မည့္ ပစၥည္းတစ္ခုဟု ဆိုလွ်င္လည္း မမွားေပ။
ေကာင္းကင္ေ႐ႊၾကာပန္းအား ဒ႑ာရီထဲတြင္သာ ၾကားဖူးၾကၿပီး မည္သူမွ် မျမင္ေတြ႕ဖူးၾကေခ်။
မည္သည့္ဂိုဏ္းပင္ ျဖစ္ေစ အရည္အေသြးျမင့္ ေက်ာက္စိမ္းအသက္ဝင္ ၾကာပန္းကိုသာ ေတြ႕ျမင္အသုံးျပဳဖူးၾကေလသည္။ ေ႐ႊၾကာပန္းကိုမူ ျမင္ပင္ မျမင္ဖူးၾကေခ်။ သို႔ေသာ္ ထိုကဲ့သို႔ေသာ ၾကာပန္းမ်ိဳးအား ေမာ္တယ္ကမ႓ာကဲ့သို႔ အဆင့္နိမ့္ကမ႓ာတစ္ခုမွ ဖန္ဇီလင္ ဆိုေသာလူသည္ သာမန္ပစၥည္း တစ္ခု လုပ္ႏိုင္သကဲ့သို႔ပင္ ေျပာေနသည္ မဟုတ္ပါေလာ။
“လုပ္ေနတဲ့ အေတာအတြင္းမွာ ဘယ္လို ပစၥည္းေတြမ်ား လိုအပ္မလဲဆိုတာ ေမးလို႔ရမလား”
ပိုင္႐ွင္းယြဲ႕သည္ အပူတျပင္း ေမးလိုက္သည္။
“ခင္ဗ်ားအဖို႔ ၾကားရတာ ထူးဆန္းေနမယ္ ဆိုတာကို က်ဳပ္သိပါတယ္။ က်ဳပ္ပိုေျပာမိေလ က်ဳပ္အတြက္ ပိုၿပီး အႏၲရာယ္ႀကီးေလပဲ။ အသံေၾကာင့္ ဖားသံ အျဖစ္မ်ိဳးေတာ့ က်ဳပ္ အျဖစ္မခံႏိုင္ဘူး။ က်ဳပ္ထူးဆန္းသလို ခံစားေနရတာက ခင္ဗ်ားတို႔ေတြ က်ဳပ္ကို ဖမ္းၿပီး ခင္ဗ်ားတို႔ဂိုဏ္းအတြက္ ၾကာပန္းေတြ လုပ္ခိုင္းမွာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္။ ဘာလို႔လဲဆိုေတာ့ က်ဳပ္က ခင္ဗ်ားတို႔အားလုံးရဲ႕ အနာဂတ္လို ျဖစ္ေနတာ မဟုတ္လား . . .”
ရဲေ႐ွာင္ ယတိျပတ္ပင္ ေျပာလိုက္သည္။
“က်ဳပ္ အခုလို ခင္ဗ်ားကို အမ်ားႀကီး ေျပာျပေနတယ္ ဆိုတာကလည္း ႐ွင္းပါတယ္။ ခင္ဗ်ားသာ အခု ၾကာပန္းကို မယူဘူးဆိုရင္ ခင္ဗ်ား အသက္႐ွင္ဖို႔က သိပ္မေသခ်ာဘူးေလ . . .”
“မိန္းမလွေလးတစ္ေယာက္ ႏွစ္ဝက္အတြင္း ေသသြားရမွာကေတာ့ ႏွေျမာစရာပါပဲ . . .”
“က်ဳပ္ကေတာ့ ခင္ဗ်ားကို မေသေစခ်င္ဘူး။ ခင္ဗ်ားေသရင္ အရမ္းကို ဝမ္းနည္းမယ့္ လူတစ္ေယာက္ ႐ွိတယ္။ ခင္ဗ်ား အသက္႐ွင္ခ်င္စိတ္ ေပါက္ဖို႔အတြက္ ေမွ်ာ္လင့္္ခ်က္ေတြ စိတ္အားတက္စရာေတြ ေျပာေပးတာေလာက္ပဲ က်ဳပ္လည္း တတ္ႏိုင္တယ္။ အခုခင္ဗ်ားကို ေျပာျပခဲ့တာေတြ အားလုံးက ခင္ဗ်ား စိတ္အားတက္လာေစဖို႔ပဲ . . .”
ရဲေ႐ွာင္၏ စကားေၾကာင့္ ပိုင္႐ွင္းယြဲ႕သည္ ႐ုတ္တရက္ ေၾကာင္သြားမိသည္။ ထို႔ေနာက္ အနည္းငယ္လည္း ႐ွက္႐ြံ႕သြားသည့္ဟန္ျဖင့္ -
“႐ွင္ . . . ႐ွင္ အခုလို ဘာလို႔ ေျပာတာလဲ။ ကြၽန္မေသေသ ႐ွင္႐ွင္ ႐ွင္နဲ႔ မဆိုင္ဘူး။ ႐ွင့္ ကိစၥမွ မဟုတ္တာ . . .”
ပိုင္႐ွင္းယြဲ႕သည္ ရဲေ႐ွာင္အား မေက်မနပ္ျဖစ္ေနေသာ မ်က္ႏွာထားျဖင့္ -
“ဆရာဖန္ . . . နည္းနည္းပါးပါးလည္း ကိုယ့္သိကၡာ ကိုယ္ထိန္းပါဦး . . .”
ရဲေ႐ွာင္ ေၾကာင္သြားေလသည္။
ပိုင္႐ွင္းယြဲ႕သည္ သူ႕အား နားလည္မႈ လြဲသြားျခင္းပင္ ျဖစ္သည္။ အႀကိမ္ႀကိမ္အခါခါပင္ မွားေနေသာ သူ႕ကိုယ္သူပင္ အျပစ္တင္ေနမိရင္း -
[ေသစမ္း . . . မွားျပန္ၿပီကြာ၊ မင္းေသတာ မေသတာ ငါဝမ္းနည္းမွာကို ေျပာခ်င္တာ မဟုတ္ဘူးဟ။ လ်န္လ်န္ကို ထပ္ၿပီး ဝမ္းမနည္းေစခ်င္လို႔ပဲ။ သူ႕ရဲ႕ အခ်စ္ရဆုံး မိတ္ေဆြ ညီမေလး တစ္ေယာက္ကို မဆုံး႐ႈံး ေစခ်င္လို႔။ က်န္တာ ဘာမွ စိတ္မဝင္စားဘူးဟ။ မင္းက ဘာေတြ ေတြးေနလဲ မသိဘူး . . .]
အမွန္တကယ္တြင္ ရဲေ႐ွာင္အား ပိုင္႐ွင္းယြဲ႕ဘက္မွ အထင္လြဲသြားျခင္း ျဖစ္သည္။
ရဲေ႐ွာင္ အေျပာမတတ္ျခင္းမွာလည္း ေယာက်ာ္းႏွင့္မိန္းမ မည္ကဲ့သို႔ ေျပာဆို ဆက္ဆံရမည္ကို ေကာင္းစြာ မသိေသာေၾကာင့္ပင္ ျဖစ္သည္။
အလြန္လွပ၍ ျပစ္မ်ိဳးမွည့္မထင္ ႐ွိသည့္ မိန္းကေလးတစ္ဦး အသက္အ႐ြယ္ ပုံစံအားျဖင့္လည္း ေျပာစရာ မ႐ွိသည့္ မိန္းကေလး တစ္ဦးအား ေယာက်ာ္းတစ္ဦးမွ “က်ဳပ္ကေတာ့ ခင္ဗ်ားကို မေသေစခ်င္ဘူး။ ခင္ဗ်ားေသရင္ အရမ္းကို ဝမ္းနည္းမယ့္ လူတစ္ေယာက္ ႐ွိတယ္” ဟု ေျပာလိုက္ျခင္းသည္ ထိုဝမ္းနည္းေနမယ့္လူသည္ သူကိုယ္တိုင္ပင္ျဖစ္ေၾကာင္း ဝန္ခံလိုက္သည္ႏွင့္ပင္ တူေနသည္ မဟုတ္ပါေလာ။
ထို႔အျပင္ အသက္႐ွင္ရန္အတြက္ စိတ္အားတက္ႂကြဖြယ္စကားမ်ား ေျပာေပးေနသည္ ဆိုသည္မွာလည္း ေမတၱာပိုေနသကဲ့သို႔ပင္ ျဖစ္ေနသည္ မဟုတ္ပါေလာ။
သို႔ေသာ္ ရဲေ႐ွာင္ဘက္မွ ၾကည့္လွ်င္လည္း သူေျပာခဲ့သည့္ စကားမ်ားသည္ အမွန္ပင္ ျဖစ္သည္။ ပိုင္႐ွင္းယြဲ႕ ေသသြားပါက ကြၽင့္ယင္းလ်န္ အလြန္ဝမ္းနည္းေနမည္ကို စိုးရိမ္ေနမိျခင္း ျဖစ္သည္။
အဘယ့္အတြက္ေၾကာင့္ ထိုကဲ့သို႔ေသာ စကားမ်ား ေျပာရသည္ကို ထုတ္ေဖာ္႐ွင္းျပျခင္း မျပဳေတာ့ဘဲ ရဲေ႐ွာင္သည္ သူ၏ စိတ္ထဲတြင္သာ ၿမိဳသိပ္ထားလိုက္ေတာ့သည္။
[ငါ့ရဲ႕ လ်န္လ်န္ကို ဝမ္းမနည္းေစခ်င္ေတာ့ဘူး၊ အဲဒါေၾကာင့္ ငါေျပာလိုက္တာပါကြာ . . .]
သို႔ေသာ္လည္း ပိုင္႐ွင္းယြဲ႕၏ စိတ္ထဲတြင္မူ -
[ဝမ္းနည္းေနမယ့္ လူတစ္ေယာက္ ဆိုတာ ဘာကို ဆိုလိုလိုက္တာလဲ။ ဘယ္သူက ဝမ္းနည္းမွာလဲ။ ကြၽန္မက အခု ေမာ္တယ္ကမ႓ာကို ေရာက္ေနတာ၊ ဒီကမ႓ာမွာ ကြၽန္မကို သိတဲ့လူဆိုလို႔ ကြၽန္မတပည့္ တစ္ေယာက္ပဲ ႐ွိတယ္။ အဲဒါဆိုလည္း ခ်ဴးခ်ဴး ဝမ္းနည္းမယ္လို႔ ေျပာေပါ့။ အခုေတာ့ ဘာလဲ လူတစ္ေယာက္။ ႐ွင့္ကိုယ္႐ွင္ ေျပာေနတာလား . . .]
သူမအဖို႔ တစ္ေယာက္ေယာက္ ဆိုသည့္ စကားလုံးအား အဓိပၸါယ္တစ္မ်ိဳး ယူဆသြားျခင္း ျဖစ္သည္။
“က်ဳပ္က ဒီလိုသေဘာေျပာတာ မဟုတ္ဘူး။ အထင္မလြဲပါနဲ႔ . . . ခင္ဗ်ားက က်ဳပ္ကို အထင္လြဲေနတာပဲ . . .”
ရဲေ႐ွာင္ အေမာတေကာ ႐ွင္းျပလိုက္သည္။
“ကြၽန္မ ၾကားလိုက္တာ ကြၽန္မသိပါတယ္။ ကြၽန္မ နားနဲ႔ ဆက္ဆက္ကို ၾကားလိုက္ရတာ။ ႐ွင္လည္း ဘယ္လို သေဘာနဲ႔ ေျပာလိုက္တယ္ ဆိုတာကို ႐ွင့္ကိုယ္႐ွင္ သိမွာေပါ့ . . .”
ပိုင္႐ွင္းယြဲ႕ ေအးစက္စြာ ျပဳံးလ်က္ ေျပာလိုက္သည္။
“အရာအားလုံးအတြက္ ေက်းဇူးတင္ပါတယ္ ဆရာဖန္ . . . ေက်ာက္စိမ္းအားျဖည့္ ၾကာပန္းပင္နဲ႔ ပတ္သက္တဲ့ ကိစၥကေတာ့ ႐ွင့္တာဝန္ပဲ။ အေကာင္းဆုံး ႀကိဳးစားေပးပါဦး . . .”
“႐ွင္လိုအပ္တဲ့ ဘယ္အရာမဆို ကြၽန္မတို႔ဂိုဏ္းက ေထာက္ပံ့ေပးပါ့မယ္။ ႐ွင္ဘာပဲလိုလို စိတ္မပူနဲ႔၊ ေနာက္ၿပီး ကြၽန္မတို႔႐ွင့္ကို အတင္းအၾကပ္ မခိုင္းပါဘူး။ ႐ွင့္ရဲ႕ ေပါက္ကရ အေတြးေတြကို ေခါင္းထဲက ထုတ္ထားလိုက္ပါေတာ့ . . .”
ပိုင္႐ွင္းယြဲ႕သည္ ရဲေ႐ွာင္အား စူးစိုက္ၾကည့္၍ ေျပာလိုက္သည္။
ရဲေ႐ွာင္လည္း ဆြံ႕အလ်က္ ေငးေမာၾကည့္ေနမိသည္။သူ အမွားႀကီး မွားခဲ့ၿပီဟုလည္း ေတြးေနမိပါေတာ့သည္ . . .။