မိုးကောင်းကင်အောက် မှ ကလဲ့စား
Chapter – 211
“ရှေ့ဖြစ်နိမိတ်”
ပိုင်ရှင်းယွဲ့၏ စကားကြောင့် ရဲရှောင် မျက်မှောင်ကြုတ်လိုက်ရင်း -
[ချင်းယန်နယ်ပယ်မှာ အအေးလှိုင်းဖြတ်သွားတဲ့ ကိစ္စ ငါလည်း မသိလိုက်ပါလား။ လွန်ခဲ့တဲ့ ၃ နှစ်ကတဲ့၊ လွန်ခဲ့တဲ့ ၃ နှစ်ကဆိုရင် အဲဒီနယ်ပယ်မှာ ငါတော်တော် ခြယ်လှယ်နိုင်နေပါပြီ၊ အဲ့ဒါကိုတောင် ငါ ဘာလို့ မကြားခဲ့ရတာပါလိမ့်၊ ဒီလိုသာ တကယ်ဖြစ်ခဲ့ရိုးမှန်ရင် ငါလည်း သိရမှာပေါ့ . . .]
ပိုင်ရှင်းယွဲ့သည် ညိုးငယ်သော မျက်နှာဖြင့် -
“အဲ့ဒီ အအေးလှိုင်းကြောင့် ကျွန်မတို့ဂိုဏ်းလည်း နေ့တစ်ဝက်လောက်နဲ့ အကုန်ဖရိုဖရဲ ဖြစ်ကုန်တာပဲ။
ကျွန်မတို့ ဂိုဏ်းက ဆရာမကြီးတွေက ဘာကြောင့် အဲ့ဒီလို ဖြစ်ရတယ်ဆိုတာကို အဖြေရှာခဲ့ကြတယ်။ နောက်ဆုံးကြတော့ ကြယ်တစ်လုံး ကျလာလို့ ဖြစ်တယ် ဆိုတာ သိသွားကြတယ်။ အဲဒါနဲ့ပဲ ပညာရှင်ပေါင်း ၈၀၀ လောက် စုပေါင်းပြီး ကြယ်ကြီးကို ရွှေ့ဖို့ ကြိုးစားခဲ့ကြတယ်။ လုပ်လည်း လုပ်နိုင်ခဲ့ကြတယ်။ ဒါပေမယ့် နောက်ဆက်တွဲအနေနဲ့ ဘာဆက်ဖြစ်ခဲ့့တယ်ထင်လဲ။ မူလတာအို အဆင့်ပညာရှင် ၃၆၅ ယောက် သူတို့ရဲ့ ကျင့်ကြံမှုတွေ ဆုံးရှုံးခဲ့ကြတယ်။ ကျင့်ကြံမှုတွေ မရှိတော့ ဘာမှ အသုံးမဝင်တော့တဲ့ လူတွေလိုပဲ တစ်သက်လုံး နေသွားကြရတော့တယ် . . .”
ရဲရှောင်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားလောက်အောင်အထိ အံ့ဩသွားကာ -
[ဘုရားရေ . . . မူလတာအိုအဆင့် ပညာရှင် ၃၆၅ ယောက်တောင် ဒီအအေးလှိုင်းကိစ္စကို ဖြေရှင်းရင်း ကျင့်ကြံမှုတွေ ဆုံးရှုံး သွားခဲ့ရတယ် ဆိုပါလား . . .]
အကယ်၍ ထိုအဖြစ်အား သခင်ကြီးဘိုင်သာ သိရှိသွားမည် ဆိုပါက တိမ်မြူခိုး နန်းတော်အား ချက်ချင်းပင် အမှုန့်ကြိတ်ချင်စိတ် ပေါက်သွားမည်မှာ သေချာပေါက်ပင် ဖြစ်သည်။ ကောင်းကင်လျှို့ဝှက် ရတနာ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ရသည့် အကြောင်းအရင်းအား သခင်ကြီးဘိုင်သည် အလွန်အမင်း သိချင်နေမိခဲ့သည်။ အမှန်တကယ်တွင် တိမ်မြူခိုးနန်းတော်၏ လုပ်ရပ်ကြောင့်သာ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ ကောင်းကင်လျှို့ဝှက်ရတနာဟု ခေါ်သည့် ကြယ်ကြီးအား ဖယ်ရှားပစ်ရန်အတွက် ပညာရှင်ပေါင်း ၃၆၅ ယောက်ပင် စတေးခဲ့ရသည် မဟုတ်ပါလော။
ရဲရှောင်နှင့် ပိုင်ရှင်းယွဲ့တို့သည် သခင်ကြီးဘိုင်၏ လက်ချက်ဖြစ်သည်ကို မသိကြပေ။ တိမ်မြူခိုးနန်းတော်တွင်ရှိသော လူများသည်လည်း သိလိမ့်မည် မဟုတ်ချေ။
အကယ်၍ သိသွားခဲ့ပါက သခင်ကြီးဘိုင်အား စုပေါင်း၍ တစစီပင် လုပ်ပစ်ကြပေလိမ့်မည်။ သခင်ကြီးဘိုင်ကြောင့်သာ ကြယ်ကြီး ကြွေကျလာခဲ့ပြီး တိမ်မြူခိုးနန်းတော်သည်လည်း ကြမ္မာဆိုးနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုကြယ်ကြီးကြောင့် ဂိုဏ်းတစ်ခုလုံး ပြိုကွဲသွားမတတ်ပင် ဖြစ်ခဲ့ရသည်။
လက်တွေ့ဘဝ၌ ဖြစ်ပျက်နေသော အဖြစ်အပျက်များသည် စိတ်ကူးယဉ်သည်ထက်ပင် ပို၍ ဆန်းကြယ်တတ်လေသည်။
တစ်ခါတစ်ရံတွင် ကိုယ်လုပ်လိုက်သည့် ကိစ္စတစ်ခုသည် အခြားလူများအတွက် ထိခိုက်နစ်နာစရာ အဖြစ်မျိုး ဖြစ်သွားတတ်သည်။ သို့သော် ထိုကဲ့သို့ ဖြစ်သွားသည်ကို ကာယကံရှင် ကိုယ်တိုင်သည်လည်း သိချင်မှ သိပေလိမ့်မည်။
ပိုင်ရှင်းယွဲ့သည် သက်ပြင်းချလိုက်ရင်း -
“ကျွန်မပြောခဲ့သလိုပဲ၊ ကျွန်မတို့တွေ ချင်းယန်နယ်ပယ်မှာ အားဖြည့်ကြာပန်းပင်တွေ လိုက်ရှာပြီး စုဆောင်းခဲ့ကြတယ်။ တွေ့တဲ့အခါကြရင်လည်း အပင်ပဲဖြစ်ဖြစ်၊ အစေ့ပဲဖြစ်ဖြစ် တိမ်မြူခိုးနန်းတော်ကို မရရတဲ့နည်းနဲ့ ယူလာကြတယ်။ ကျွန်မတို့မှာ ဆေးဥယျာဉ် ရှိနေတယ်လေ။ အဲ့ဒီဥယျာဉ်ထဲမှာ ကြာပန်းတွေကို ကောင်းကောင်း စိုက်ပျိုးနိုင်တယ်။ ပိုပြီး အဆင့်မြင့်သွားအောင်လည်း လုပ်နိုင်တယ်။ အခုလို ဖြစ်မယ်လို့ ထင်ကို မထင်ထားခဲ့ဘူး . . .”
ရဲရှောင်လည်း စိတ်မကောင်းဖြစ်သွားဟန်ဖြင့် -
“ဒါဆို အခုလို ဖြစ်သွားတော့ ချင်းယန်နယ်ပယ်မှာတောင် ကြာပန်းတစ်ပွင့် ရှာဖို့ဆိုတာ တော်တော်ခက်ခဲသွားတာပေါ့နော် . . .”
ပိုင်ရှင်းယွဲ့ ခေါင်းညိတ်လိုက်ရင်း -
“အဲဒီနေ့မှာပဲ ဥယျာဉ်တစ်ခုလုံး ရစရာမရှိအောင်ကို ပျက်ဆီးသွားခဲ့တယ်။ ပျက်သာ မပျက်ဆီးခဲ့ဘူးဆိုရင် အခုလို အခက်အခဲတွေနဲ့ ကြုံစရာ အကြောင်းကိုမရှိဘူး . . .”
ရဲရှောင် နှုတ်ဆိတ်သွားလေသည်။
တိမ်မြူခိုးနန်းတော် ဆက်လက် တည်တံ့စေနိုင်ရန်အတွက် ဂိုဏ်းသားများသည် နှစ်ထောင်ပေါင်းများစွာ ကြာပန်းများ စုဆောင်းရင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်။ အပြင်ဘက်တွင် ရှာ၍ မရလောက်တော့သည်ထိ သူတို့၏ ဥယျာဉ်ထဲတွင်သာ စုဆောင်းထားခဲ့ကြသည်။ သို့သော် မတော်တဆမှု တစ်ခုသည် အရာအားလုံးအား ဖျက်ဆီးပစ်လိုက်သည်။
ကံကြမ္မာ၏ ဆိုးရွားလှသည့် ထိုးနှက်ချက် တစ်ခုပင်ဖြစ်သည်။
နှစ်ထောင်ပေါင်းများစွာ ကြိုးစားထားခဲ့သမျှသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ပျက်ဆီး သွားခဲ့ရလေသည်။
“ကျွန်မတို့တွေ အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာကို အပြင်က လူတွေကို မသိအောင် လျှို့ဝှက်ထားခဲ့ကြတယ်။ ဒီသတင်းသာပြန့်သွားရင် ကျွန်မတို့အတွက် ပိုပြီး ဆိုးလာဖို့ပဲ ရှိတယ်။ တခြားဂိုဏ်းတွေကသာ သိသွားကြရင် ဒီအခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ဘယ်သူ့ကိုမှ အသိမခံဘဲ လျှို့ဝှက်ထားကြတာ။ နောက်ပြီး အဆင့်နိမ့် ဂိုဏ်းသားတော်တော်များကို သူတို့ နေထိုင်တဲ့ နေရာတွေကို ပြန်ပို့လိုက်ကြတယ် . . .”
ပိုင်ရှင်းယွဲ့သည် မောသွားဟန်ဖြင့် ခေတ္တခဏ နားလိုက်သည်။
“ကျုပ် သဘောပေါက်သွားပါပြီ . . .”
နောက်ဆုံးတွင် ရဲရှောင်သည် အကြောင်းရင်းမှန်များအား နားလည်သွားသည်။ ဝမ်ရမ်ချူးချူး အဘယ့်အတွက်ကြောင့် မော်တယ်ကမ္ဘာသို့ ပြန်ရောက်လာသည်ကိုလည်း ရိပ်စားမိသွားသည်။
ဝမ်ရမ်ချူးချူး၏ အနေအထားအရ ဂိုဏ်းမှ ထုတ်ပယ် ခြင်း ခံရလိမ့်မည် မဟုတ်ပေ။ ယခုလို ကိစ္စကြောင့်သာ ပြန်ရောက်လာရခြင်း ဖြစ်သည်။
ပိုင်ရှင်းယွဲ့သည် ပြုံးလျက် -
“ဒီလိုလုပ်တာကလည်း အကြောင်းရှိလို့ပါ။ ပြန်လွှတ်လိုက်တဲ့ လူတွေကိုလည်း ကျွန်မတို့ လျှို့ဝှက်ချက်ကို ပြန်မပြောဖို့ သေချာမှာလိုက်တယ်။ ကျွန်မတို့အားလုံး လုံလုံခြုံခြုံပဲ နေချင်တယ်။ ပြန်သွားတဲ့ မိန်းကလေးတွေလည်း သူတို့ရဲ့ နေထိုင်တဲ့ နေရာတွေမှာ အားဖြည့်ကြာပန်းပင်တွေ တွေ့ကောင်း တွေ့နိုင်မယ်လေ။ ကျွန်မတို့ရဲ့ ကြာပန်းဥယျာဉ်က ပျက်ဆီးသွားတာဆိုတော့ ဂိုဏ်းမှာရှိတဲ့ ထိပ်သီး ဆရာမကြီးတွေ အားလုံး အချိန်မရွေး အန္တရာယ်နဲ့ ကြုံတွေ့နိုင်တယ်။ အခု ချူးချူးလိုမျိုး တစ်ပွင့်စီလောက် ရှာနိုင်ရင်ကို ကျွန်မတို့အတွက် အရမ်း အသုံးဝင်တယ်. . .”
“ကျုပ်နားလည်ပါပြီ။ နားမလည်တာက ခင်ဗျားဘာလို့ ဒီကိစ္စတွေ ကျုပ်ကို လာပြောပြနေရတာလဲ၊ ဒါခင်ဗျားတို့ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေလေ မဟုတ်ဘူးလား . . .”
ရဲရှောင် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ဒါကတော့ ဒီလိုပါ။ ရှင့်မှာ ယင်နဲ့ယန် စွမ်းအားတွေ ရှိနေတယ်။ ရှင်ပြောတဲ့ ခရမ်းရောင် ကောင်းကင်မီးလည်း ပိုင်ဆိုင်ထားတယ် မဟုတ်လား . . .”
ပိုင်ရှင်းယွဲ့သည် ပြုံး၍ ပြောလိုက်သည်။
ရဲရှောင်လည်း ပါးစပ်အဟောင်းသားဖြင့်သာ နားထောင်နေလေသည်။
သူ့အတွက် အကျပ်အတည်းဖြင့် ရင်ဆိုင်ရတော့မည်ဟုလည်း ခံစားနေမိသည်။
“အဲဒီအချိန်တုန်းက ပညာရှင်ပေါင်း ၃၆၅ ယောက်တောင် ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့် မုန်တိုင်းပြီးရင် လေပြည်လာတယ်ဆိုတဲ့ စကားအတိုင်းပဲ ကံဆိုးမှုတွေပြီးတော့ ကံကောင်းမှုတွေက ရောက်လာကြတယ်။ အခုဆို သူတို့ရဲ့ စိတ်အာရုံတွေ အကုန်လုံးကို ရှင်းလင်းပြီး လက်ကျန်စွမ်းအားလေးတွေနဲ့ ကျွန်မတို့ဂိုဏ်းရဲ့ အနာဂတ်ကို ရှေ့ဖြစ်ဟောတာ လုပ်နေကြတယ်။ သူတို့ကပြောတယ် ကျွန်မတို့ဂိုဏ်းအတွက် အနာဂတ် အလင်းရောင်ကို မြင်တွေ့ပြီးပြီတဲ့ . . .”
ပိုင်ရှင်းယွဲ့သည် သက်ပြင်းတစ်ချက် ချလိုက်ကာ ရဲရှောင်အား စူးစူးစိုက်စိုက် ကြည့်လိုက်ရင်း -
“အဲဒီ ရှေ့ဖြစ်ဟောနိမိတ်က စကြာဝဠာကြီး အစမှာ အရှေ့အရပ်ကနေ ခရမ်းရောင်ချီဓာတ်တွေ ထွက်ပေါ်လာတယ်။ ဧကရာဇ်တစ်ပါးက ဓားကို ကိုင်စွဲပီး နယ်ပယ်အားလုံးကို အုပ်စိုးနိုင်လိမ့်မယ်။ တိမ်မြူခိုးဟာလည်း အောင်မြင်မှုတွေ ရလိမ့်မယ်တဲ့ . . .”
[အရှေ့အရပ်က ခရမ်းရောင်ချီဓာတ် . . . ဧကရာဇ်က ဓားကို ကိုင်စွဲမယ် . . .]
ထိုစကားစုများအား ကြားလိုက်ရသောအခါ ရဲရှောင် တစ်ယောက် နှလုံးခုန်သံများပင် မြန်သွားကာ -
[ဘာလဲဟ၊ ငါတော့ ဒုက္ခနဲ့ လှလှရောက်ပြီ ထင်တယ်။ စကြာဝဠာ တစ်ခုလုံးမှာ ဒီလို ခရမ်းရောင်ချီဓာတ် ရှိတဲ့လူက ငါတစ်ယောက်တည်းလားဟ . . .]
ပိုင်ရှင်းယွဲ့သည် ရဲရှောင်အား အားကိုးသော အကြည့်များဖြင့် ကြည့်လိုက်ရင်း -
"ပညာရှင် ၃၆၅ ယောက်လုံးက သူတို့ရဲ့ လက်ကျန်စွမ်းအားလေးတွေနဲ့ ရှေ့ဖြစ်နိမိတ်ဟောပေးတာ ဆိုပေမယ့် ကျွန်မတို့ကတော့ အဲ့ဒီနိမိတ် အမှန်တကယ် ဖြစ်လာဖို့ မျှော်လင့်တကြီး စောင့်ဆိုင်းနေရတယ် . . .”
[မင်းတို့က ဒီရှေ့ဖြစ်နိမိတ်ကို အဲ့ဒီလောက်ထိတောင် ယုံနေကြတာလား . . .]
ရဲရှောင်၏ စိတ်ထဲတွင် တစ်ကိုယ်တည်း တွေးနေမိသည်။
ပိုင်ရှင်းယွဲ့သည်လည်း ရဲရှောင်အား မျက်တောင်မခတ်တမ်းပင် စူးစိုက်၍ ကြည့်နေပါတော့သည်။
မိုးေကာင္းကင္ေအာက္ မွ ကလဲ့စား
Chapter – 211
“ေ႐ွ႕ျဖစ္နိမိတ္”
ပိုင္႐ွင္းယြဲ႕၏ စကားေၾကာင့္ ရဲေ႐ွာင္ မ်က္ေမွာင္ၾကဳတ္လိုက္ရင္း -
[ခ်င္းယန္နယ္ပယ္မွာ အေအးလိႈင္းျဖတ္သြားတဲ့ ကိစၥ ငါလည္း မသိလိုက္ပါလား။ လြန္ခဲ့တဲ့ ၃ ႏွစ္ကတဲ့၊ လြန္ခဲ့တဲ့ ၃ ႏွစ္ကဆိုရင္ အဲဒီနယ္ပယ္မွာ ငါေတာ္ေတာ္ ျခယ္လွယ္ႏိုင္ေနပါၿပီ၊ အဲ့ဒါကိုေတာင္ ငါ ဘာလို႔ မၾကားခဲ့ရတာပါလိမ့္၊ ဒီလိုသာ တကယ္ျဖစ္ခဲ့႐ိုးမွန္ရင္ ငါလည္း သိရမွာေပါ့ . . .]
ပိုင္႐ွင္းယြဲ႕သည္ ညိဳးငယ္ေသာ မ်က္ႏွာျဖင့္ -
“အဲ့ဒီ အေအးလိႈင္းေၾကာင့္ ကြၽန္မတို႔ဂိုဏ္းလည္း ေန႔တစ္ဝက္ေလာက္နဲ႔ အကုန္ဖ႐ိုဖရဲ ျဖစ္ကုန္တာပဲ။
ကြၽန္မတို႔ ဂိုဏ္းက ဆရာမႀကီးေတြက ဘာေၾကာင့္ အဲ့ဒီလို ျဖစ္ရတယ္ဆိုတာကို အေျဖ႐ွာခဲ့ၾကတယ္။ ေနာက္ဆုံးၾကေတာ့ ၾကယ္တစ္လုံး က်လာလို႔ ျဖစ္တယ္ ဆိုတာ သိသြားၾကတယ္။ အဲဒါနဲ႔ပဲ ပညာ႐ွင္ေပါင္း ၈၀၀ ေလာက္ စုေပါင္းၿပီး ၾကယ္ႀကီးကို ေ႐ႊ႕ဖို႔ ႀကိဳးစားခဲ့ၾကတယ္။ လုပ္လည္း လုပ္ႏိုင္ခဲ့ၾကတယ္။ ဒါေပမယ့္ ေနာက္ဆက္တြဲအေနနဲ႔ ဘာဆက္ျဖစ္ခဲ့့တယ္ထင္လဲ။ မူလတာအို အဆင့္ပညာ႐ွင္ ၃၆၅ ေယာက္ သူတို႔ရဲ႕ က်င့္ၾကံမႈေတြ ဆုံး႐ႈံးခဲ့ၾကတယ္။ က်င့္ၾကံမႈေတြ မ႐ွိေတာ့ ဘာမွ အသုံးမဝင္ေတာ့တဲ့ လူေတြလိုပဲ တစ္သက္လုံး ေနသြားၾကရေတာ့တယ္ . . .”
ရဲေ႐ွာင္လည္း ပါးစပ္အေဟာင္းသား ျဖစ္သြားေလာက္ေအာင္အထိ အံ့ဩသြားကာ -
[ဘုရားေရ . . . မူလတာအိုအဆင့္ ပညာ႐ွင္ ၃၆၅ ေယာက္ေတာင္ ဒီအေအးလိႈင္းကိစၥကို ေျဖ႐ွင္းရင္း က်င့္ၾကံမႈေတြ ဆုံး႐ႈံး သြားခဲ့ရတယ္ ဆိုပါလား . . .]
အကယ္၍ ထိုအျဖစ္အား သခင္ႀကီးဘိုင္သာ သိ႐ွိသြားမည္ ဆိုပါက တိမ္ျမဴခိုး နန္းေတာ္အား ခ်က္ခ်င္းပင္ အမႈန္႔ႀကိတ္ခ်င္စိတ္ ေပါက္သြားမည္မွာ ေသခ်ာေပါက္ပင္ ျဖစ္သည္။ ေကာင္းကင္လွ်ိဳ႕ဝွက္ ရတနာ ထူးဆန္းစြာ ေပ်ာက္ဆုံးသြားခဲ့ရသည့္ အေၾကာင္းအရင္းအား သခင္ႀကီးဘိုင္သည္ အလြန္အမင္း သိခ်င္ေနမိခဲ့သည္။ အမွန္တကယ္တြင္ တိမ္ျမဴခိုးနန္းေတာ္၏ လုပ္ရပ္ေၾကာင့္သာ ေပ်ာက္ဆုံးသြားျခင္း ျဖစ္သည္။ ေကာင္းကင္လွ်ိဳ႕ဝွက္ရတနာဟု ေခၚသည့္ ၾကယ္ႀကီးအား ဖယ္႐ွားပစ္ရန္အတြက္ ပညာ႐ွင္ေပါင္း ၃၆၅ ေယာက္ပင္ စေတးခဲ့ရသည္ မဟုတ္ပါေလာ။
ရဲေ႐ွာင္ႏွင့္ ပိုင္႐ွင္းယြဲ႕တို႔သည္ သခင္ႀကီးဘိုင္၏ လက္ခ်က္ျဖစ္သည္ကို မသိၾကေပ။ တိမ္ျမဴခိုးနန္းေတာ္တြင္႐ွိေသာ လူမ်ားသည္လည္း သိလိမ့္မည္ မဟုတ္ေခ်။
အကယ္၍ သိသြားခဲ့ပါက သခင္ႀကီးဘိုင္အား စုေပါင္း၍ တစစီပင္ လုပ္ပစ္ၾကေပလိမ့္မည္။ သခင္ႀကီးဘိုင္ေၾကာင့္သာ ၾကယ္ႀကီး ေႂကြက်လာခဲ့ၿပီး တိမ္ျမဴခိုးနန္းေတာ္သည္လည္း ၾကမၼာဆိုးႏွင့္ ရင္ဆိုင္ခဲ့ရသည္။ ထိုၾကယ္ႀကီးေၾကာင့္ ဂိုဏ္းတစ္ခုလုံး ၿပိဳကြဲသြားမတတ္ပင္ ျဖစ္ခဲ့ရသည္။
လက္ေတြ႕ဘဝ၌ ျဖစ္ပ်က္ေနေသာ အျဖစ္အပ်က္မ်ားသည္ စိတ္ကူးယဥ္သည္ထက္ပင္ ပို၍ ဆန္းၾကယ္တတ္ေလသည္။
တစ္ခါတစ္ရံတြင္ ကိုယ္လုပ္လိုက္သည့္ ကိစၥတစ္ခုသည္ အျခားလူမ်ားအတြက္ ထိခိုက္နစ္နာစရာ အျဖစ္မ်ိဳး ျဖစ္သြားတတ္သည္။ သို႔ေသာ္ ထိုကဲ့သို႔ ျဖစ္သြားသည္ကို ကာယကံ႐ွင္ ကိုယ္တိုင္သည္လည္း သိခ်င္မွ သိေပလိမ့္မည္။
ပိုင္႐ွင္းယြဲ႕သည္ သက္ျပင္းခ်လိုက္ရင္း -
“ကြၽန္မေျပာခဲ့သလိုပဲ၊ ကြၽန္မတို႔ေတြ ခ်င္းယန္နယ္ပယ္မွာ အားျဖည့္ၾကာပန္းပင္ေတြ လိုက္႐ွာၿပီး စုေဆာင္းခဲ့ၾကတယ္။ ေတြ႕တဲ့အခါၾကရင္လည္း အပင္ပဲျဖစ္ျဖစ္၊ အေစ့ပဲျဖစ္ျဖစ္ တိမ္ျမဴခိုးနန္းေတာ္ကို မရရတဲ့နည္းနဲ႔ ယူလာၾကတယ္။ ကြၽန္မတို႔မွာ ေဆးဥယ်ာဥ္ ႐ွိေနတယ္ေလ။ အဲ့ဒီဥယ်ာဥ္ထဲမွာ ၾကာပန္းေတြကို ေကာင္းေကာင္း စိုက္ပ်ိဳးႏိုင္တယ္။ ပိုၿပီး အဆင့္ျမင့္သြားေအာင္လည္း လုပ္ႏိုင္တယ္။ အခုလို ျဖစ္မယ္လို႔ ထင္ကို မထင္ထားခဲ့ဘူး . . .”
ရဲေ႐ွာင္လည္း စိတ္မေကာင္းျဖစ္သြားဟန္ျဖင့္ -
“ဒါဆို အခုလို ျဖစ္သြားေတာ့ ခ်င္းယန္နယ္ပယ္မွာေတာင္ ၾကာပန္းတစ္ပြင့္ ႐ွာဖို႔ဆိုတာ ေတာ္ေတာ္ခက္ခဲသြားတာေပါ့ေနာ္ . . .”
ပိုင္႐ွင္းယြဲ႕ ေခါင္းညိတ္လိုက္ရင္း -
“အဲဒီေန႔မွာပဲ ဥယ်ာဥ္တစ္ခုလုံး ရစရာမ႐ွိေအာင္ကို ပ်က္ဆီးသြားခဲ့တယ္။ ပ်က္သာ မပ်က္ဆီးခဲ့ဘူးဆိုရင္ အခုလို အခက္အခဲေတြနဲ႔ ၾကဳံစရာ အေၾကာင္းကိုမ႐ွိဘူး . . .”
ရဲေ႐ွာင္ ႏႈတ္ဆိတ္သြားေလသည္။
တိမ္ျမဴခိုးနန္းေတာ္ ဆက္လက္ တည္တံ့ေစႏိုင္ရန္အတြက္ ဂိုဏ္းသားမ်ားသည္ ႏွစ္ေထာင္ေပါင္းမ်ားစြာ ၾကာပန္းမ်ား စုေဆာင္းရင္းျဖင့္သာ အခ်ိန္ကုန္ဆုံးခဲ့သည္။ အျပင္ဘက္တြင္ ႐ွာ၍ မရေလာက္ေတာ့သည္ထိ သူတို႔၏ ဥယ်ာဥ္ထဲတြင္သာ စုေဆာင္းထားခဲ့ၾကသည္။ သို႔ေသာ္ မေတာ္တဆမႈ တစ္ခုသည္ အရာအားလုံးအား ဖ်က္ဆီးပစ္လိုက္သည္။
ကံၾကမၼာ၏ ဆိုး႐ြားလွသည့္ ထိုးႏွက္ခ်က္ တစ္ခုပင္ျဖစ္သည္။
ႏွစ္ေထာင္ေပါင္းမ်ားစြာ ႀကိဳးစားထားခဲ့သမွ်သည္ မ်က္စိတစ္မွိတ္ အတြင္းမွာပင္ ပ်က္ဆီး သြားခဲ့ရေလသည္။
“ကြၽန္မတို႔ေတြ အခုလို အျဖစ္ဆိုးနဲ႔ ၾကဳံေတြ႕ခဲ့ရတာကို အျပင္က လူေတြကို မသိေအာင္ လွ်ိဳ႕ဝွက္ထားခဲ့ၾကတယ္။ ဒီသတင္းသာျပန္႔သြားရင္ ကြၽန္မတို႔အတြက္ ပိုၿပီး ဆိုးလာဖို႔ပဲ ႐ွိတယ္။ တျခားဂိုဏ္းေတြကသာ သိသြားၾကရင္ ဒီအခြင့္အေရးကို လက္လြတ္ခံမွာ မဟုတ္ဘူး။ အဲ့ဒါေၾကာင့္ ဘယ္သူ႕ကိုမွ အသိမခံဘဲ လွ်ိဳ႕ဝွက္ထားၾကတာ။ ေနာက္ၿပီး အဆင့္နိမ့္ ဂိုဏ္းသားေတာ္ေတာ္မ်ားကို သူတို႔ ေနထိုင္တဲ့ ေနရာေတြကို ျပန္ပို႔လိုက္ၾကတယ္ . . .”
ပိုင္႐ွင္းယြဲ႕သည္ ေမာသြားဟန္ျဖင့္ ေခတၱခဏ နားလိုက္သည္။
“က်ဳပ္ သေဘာေပါက္သြားပါၿပီ . . .”
ေနာက္ဆုံးတြင္ ရဲေ႐ွာင္သည္ အေၾကာင္းရင္းမွန္မ်ားအား နားလည္သြားသည္။ ဝမ္ရမ္ခ်ဴးခ်ဴး အဘယ့္အတြက္ေၾကာင့္ ေမာ္တယ္ကမ႓ာသို႔ ျပန္ေရာက္လာသည္ကိုလည္း ရိပ္စားမိသြားသည္။
ဝမ္ရမ္ခ်ဴးခ်ဴး၏ အေနအထားအရ ဂိုဏ္းမွ ထုတ္ပယ္ ျခင္း ခံရလိမ့္မည္ မဟုတ္ေပ။ ယခုလို ကိစၥေၾကာင့္သာ ျပန္ေရာက္လာရျခင္း ျဖစ္သည္။
ပိုင္႐ွင္းယြဲ႕သည္ ျပဳံးလ်က္ -
“ဒီလိုလုပ္တာကလည္း အေၾကာင္း႐ွိလို႔ပါ။ ျပန္လႊတ္လိုက္တဲ့ လူေတြကိုလည္း ကြၽန္မတို႔ လွ်ိဳ႕ဝွက္ခ်က္ကို ျပန္မေျပာဖို႔ ေသခ်ာမွာလိုက္တယ္။ ကြၽန္မတို႔အားလုံး လုံလုံျခဳံျခဳံပဲ ေနခ်င္တယ္။ ျပန္သြားတဲ့ မိန္းကေလးေတြလည္း သူတို႔ရဲ႕ ေနထိုင္တဲ့ ေနရာေတြမွာ အားျဖည့္ၾကာပန္းပင္ေတြ ေတြ႕ေကာင္း ေတြ႕ႏိုင္မယ္ေလ။ ကြၽန္မတို႔ရဲ႕ ၾကာပန္းဥယ်ာဥ္က ပ်က္ဆီးသြားတာဆိုေတာ့ ဂိုဏ္းမွာ႐ွိတဲ့ ထိပ္သီး ဆရာမႀကီးေတြ အားလုံး အခ်ိန္မေ႐ြး အႏၲရာယ္နဲ႔ ၾကဳံေတြ႕ႏိုင္တယ္။ အခု ခ်ဴးခ်ဴးလိုမ်ိဳး တစ္ပြင့္စီေလာက္ ႐ွာႏိုင္ရင္ကို ကြၽန္မတို႔အတြက္ အရမ္း အသုံးဝင္တယ္. . .”
“က်ဳပ္နားလည္ပါၿပီ။ နားမလည္တာက ခင္ဗ်ားဘာလို႔ ဒီကိစၥေတြ က်ဳပ္ကို လာေျပာျပေနရတာလဲ၊ ဒါခင္ဗ်ားတို႔ဂိုဏ္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြေလ မဟုတ္ဘူးလား . . .”
ရဲေ႐ွာင္ မ်က္ေမွာင္ၾကဳတ္၍ ေမးလိုက္သည္။
“ဒါကေတာ့ ဒီလိုပါ။ ႐ွင့္မွာ ယင္နဲ႔ယန္ စြမ္းအားေတြ ႐ွိေနတယ္။ ႐ွင္ေျပာတဲ့ ခရမ္းေရာင္ ေကာင္းကင္မီးလည္း ပိုင္ဆိုင္ထားတယ္ မဟုတ္လား . . .”
ပိုင္႐ွင္းယြဲ႕သည္ ျပဳံး၍ ေျပာလိုက္သည္။
ရဲေ႐ွာင္လည္း ပါးစပ္အေဟာင္းသားျဖင့္သာ နားေထာင္ေနေလသည္။
သူ႕အတြက္ အက်ပ္အတည္းျဖင့္ ရင္ဆိုင္ရေတာ့မည္ဟုလည္း ခံစားေနမိသည္။
“အဲဒီအခ်ိန္တုန္းက ပညာ႐ွင္ေပါင္း ၃၆၅ ေယာက္ေတာင္ ဆုံး႐ႈံးခဲ့ရတယ္။ ဒါေပမယ့္ မုန္တိုင္းၿပီးရင္ ေလျပည္လာတယ္ဆိုတဲ့ စကားအတိုင္းပဲ ကံဆိုးမႈေတြၿပီးေတာ့ ကံေကာင္းမႈေတြက ေရာက္လာၾကတယ္။ အခုဆို သူတို႔ရဲ႕ စိတ္အာ႐ုံေတြ အကုန္လုံးကို ႐ွင္းလင္းၿပီး လက္က်န္စြမ္းအားေလးေတြနဲ႔ ကြၽန္မတို႔ဂိုဏ္းရဲ႕ အနာဂတ္ကို ေ႐ွ႕ျဖစ္ေဟာတာ လုပ္ေနၾကတယ္။ သူတို႔ကေျပာတယ္ ကြၽန္မတို႔ဂိုဏ္းအတြက္ အနာဂတ္ အလင္းေရာင္ကို ျမင္ေတြ႕ၿပီးၿပီတဲ့ . . .”
ပိုင္႐ွင္းယြဲ႕သည္ သက္ျပင္းတစ္ခ်က္ ခ်လိုက္ကာ ရဲေ႐ွာင္အား စူးစူးစိုက္စိုက္ ၾကည့္လိုက္ရင္း -
“အဲဒီ ေ႐ွ႕ျဖစ္ေဟာနိမိတ္က စၾကာဝဠာႀကီး အစမွာ အေ႐ွ႕အရပ္ကေန ခရမ္းေရာင္ခ်ီဓာတ္ေတြ ထြက္ေပၚလာတယ္။ ဧကရာဇ္တစ္ပါးက ဓားကို ကိုင္စြဲပီး နယ္ပယ္အားလုံးကို အုပ္စိုးႏိုင္လိမ့္မယ္။ တိမ္ျမဴခိုးဟာလည္း ေအာင္ျမင္မႈေတြ ရလိမ့္မယ္တဲ့ . . .”
[အေ႐ွ႕အရပ္က ခရမ္းေရာင္ခ်ီဓာတ္ . . . ဧကရာဇ္က ဓားကို ကိုင္စြဲမယ္ . . .]
ထိုစကားစုမ်ားအား ၾကားလိုက္ရေသာအခါ ရဲေ႐ွာင္ တစ္ေယာက္ ႏွလုံးခုန္သံမ်ားပင္ ျမန္သြားကာ -
[ဘာလဲဟ၊ ငါေတာ့ ဒုကၡနဲ႔ လွလွေရာက္ၿပီ ထင္တယ္။ စၾကာဝဠာ တစ္ခုလုံးမွာ ဒီလို ခရမ္းေရာင္ခ်ီဓာတ္ ႐ွိတဲ့လူက ငါတစ္ေယာက္တည္းလားဟ . . .]
ပိုင္႐ွင္းယြဲ႕သည္ ရဲေ႐ွာင္အား အားကိုးေသာ အၾကည့္မ်ားျဖင့္ ၾကည့္လိုက္ရင္း -
"ပညာ႐ွင္ ၃၆၅ ေယာက္လုံးက သူတို႔ရဲ႕ လက္က်န္စြမ္းအားေလးေတြနဲ႔ ေ႐ွ႕ျဖစ္နိမိတ္ေဟာေပးတာ ဆိုေပမယ့္ ကြၽန္မတို႔ကေတာ့ အဲ့ဒီနိမိတ္ အမွန္တကယ္ ျဖစ္လာဖို႔ ေမွ်ာ္လင့္တႀကီး ေစာင့္ဆိုင္းေနရတယ္ . . .”
[မင္းတို႔က ဒီေ႐ွ႕ျဖစ္နိမိတ္ကို အဲ့ဒီေလာက္ထိေတာင္ ယုံေနၾကတာလား . . .]
ရဲေ႐ွာင္၏ စိတ္ထဲတြင္ တစ္ကိုယ္တည္း ေတြးေနမိသည္။
ပိုင္႐ွင္းယြဲ႕သည္လည္း ရဲေ႐ွာင္အား မ်က္ေတာင္မခတ္တမ္းပင္ စူးစိုက္၍ ၾကည့္ေနပါေတာ့သည္။