Zawgyi
ရႈရန္ထင္း
လီေက်ာင္း၏ေအာင္ျမင္မႈကို ဂုဏ္ျပဳရန္အတြက္ မိုးေကာင္းကင္တိမ္တိုက္ အဖြဲ႕သားမ်ားသည္ စားေသာက္ပြဲလုပ္ရန္ စုစည္းခ့ဲၾကသည္။ စားပြဲရွိ လူမ်ားက "လီေက်ာင္းက စင္ဟြားတကၠသိုလ္ကို ေရြးမွာလား။ ေပက်င္းတကၠသိုလ္ကို ေရြးမွာလား။" ဟု ေတြးေတာေနၾက၏။
စုန္႔ယီြသည္ လီေက်ာင္းနံေဘးတြင္ ထိုင္ကာ အံ့အားသင့္ေနေသာမ်က္ႏွာျဖင့္ ဤျမင္ကြင္းကိုၾကည့္ရင္း စိတ္နွင့္လူ မကပ္ေတာ့ေပ။ သူသည္ အဖြဲ႕ထဲတြင္ ရက္အေတာ္ၾကာေနခဲ့ေသာ္လည္း အဖြဲ႕သားမ်ား၏ ျဖဴစင္ၿပီး ဟန္ေဆာင္မႈကင္းေသာပုံစံက သူ႕အား အျမင္က်ယ္ေစခ့ဲသည္။
သူသည္ တူကို ခ်လိုက္ၿပီး လီေက်ာင္းက ေခါင္းမေဖာ္တမ္း စားေသာက္ေနသည္ကို ေတြ႕လိုက္ရ၏။ "စား…စား… စား…။ ဆက္စားေနရင္ အဆီတက္လာမွာ မေၾကာက္ဘူးလား။"
"မေၾကာက္ပါဘူး။" လီေက်ာင္းက ပုစြန္တစ္ေကာင္ကို ယူလိုက္သည္။ "အစ္ကို သိတဲ့အတိုင္း ကြ်န္ေတာ့္မွာ အဆီမတက္တ့ဲခႏၶာကိုယ္ ရွိတယ္။"
အဆီမတက္နိုင္ဘူးလား။
သူသည္ လီေက်ာင္း၏ စိတ္အေႏွာက္အယွက္ျဖစ္ေစေသာ ခႏၶာကိုယ္ကို ေမ့လုနီးပါးပင္။
စုန္႔ယီြ၏ ဦးေႏွာက္ထဲတြင္ တဝီဝီ ျမည္သြားခ့ဲသည္။
ယခုအခါ သူသည္ 'လႊမ္းမိုးျခယ္လွယ္နိုင္စြမ္းရွိေသာ အမ်ိဳးသမီးဥကၠ႒' အဖြဲ႕ထဲရွိစဥ္က လီေက်ာင္းကို ေန႔တိုင္း ေကြ်းေမြးခ့ဲပံုကို ျမင္ေယာင္ျပီး ထိုအရာက မိုက္မဲလြန္းေၾကာင္း နားလည္သြားေပသည္။ သူဘာလုပ္ဖို႔ ႀကိဳးစားမိခ့ဲတာလဲ။
လီေက်ာင္းရဲ႕အစာအိမ္ကို ျဖည့္ေပးရံုပဲလား။
စုန္႔ယီြက ထမင္းအနည္းငယ္ထပ္စားရံုျဖင့္ ဝလာေလ့ရွိေသာ သူ႔ခႏၶာကိုယ္အေၾကာင္း ေတြးမိျပီး စားရန္ျပင္ထားေသာ ငါးခ်ဥ္တစ္ပိုင္းကို ပန္းကန္ထဲ ျပန္ခ်ထားလိုက္၏။
ခ်ဥ္လြန္းတယ္လို႔ ခံစားရတယ္…
"လီေက်ာင္း…" စုန္႔ယီြက လီေက်ာင္းကို စိုက္ၾကည့္ျပီး သူ႕အား ေနာက္တစ္ၾကိမ္ တြန္႕ဆုတ္တြန္႕ဆုတ္ျဖင့္ ေတာင္းပန္ျပန္သည္။ "အရင္က ကိစၥေတြအတြက္ ေတာင္းပန္ပါတယ္။"
မာစတာစုန္႔သည္ လူမ်ားကို ေတာင္းပန္ေလ့မရွိေခ်။ ထိုစကားကို ေျပာျပီးသည္နွင့္ ဟိုဘက္လွည့္လိုက္ျပီး သူ႔နားရြက္မ်ားက ေသြးက့ဲသို႔ ရဲရဲနီေနခ့ဲသည္။
"မင္းက ငါ့ကို အဓိကဇာတ္လိုက္ လုပ္ခြင့္ေပးၿပီး အစားအေသာက္ေတြလည္း ေကြၽးတယ္ေလ။ အ့ဲဒါေၾကာင့္ ေတာင္းပန္စရာ မလိုပါဘူး။ တကယ္ေတာ့ ကိုယ္က်ိဳးစြန႔္တာပဲ။" လီေက်ာင္းက သူ႕မ်က္လုံးမ်ားကို တည့္တည့္ၾကည့္ျပီး ၿပဳံးလိုက္သည္။ သူ႕မ်က္လုံးမ်ားက ၾကည္လင္ေတာက္ပေနျပီး စုန္႕ယီြကို အျပစ္တင္သည့္အရိပ္အေယာင္ စိုးစဥ္းမ်ွ မရွိေပ။ "ေနာက္ဆုံး တစ္ေခါက္က ပို႔ေပးခဲ့တဲ့ စာအိတ္နီေတြအတြက္ ေက်းဇူးတင္ပါတယ္။"
ထိုမ်က္လုံးမ်ားကိုၾကည့္ရင္း စုန္႔ယီြသည္ ပို၍ပင္ အျပစ္ရွိသလို ခံစားလာရၯ။ မကြယ္မဝွက္တမ္းေျပာရလ်ွင္ လီေက်ာင္း၏အတိတ္ကို သူသိစကတည္းက ၾကီးမားလွသည့္အျပစ္ရွိစိတ္ကို ခံစားေနရျခင္းျဖစ္သည္။
"ဘယ္လိုပဲျဖစ္ျဖစ္... မင္းမေျဖရွင္းနိုင္တဲ့ ကိစၥတစ္ခုခု ေတြ႕ရင္ ငါ့ဆီလာခ့ဲေပါ့။" စုန္႔ယီြက ကိုးရိုးကားရား ေျပာလိုက္သည္။ "ဒီအသိုင္းအဝိုင္းမွာ ငါက နည္းနည္းမ်က္နွာသာ ေပးခံရပါတယ္။"
လီေက်ာင္းက ၿပဳံးလိုက္၏။ "ေက်းဇူးတင္ပါတယ္။"
"ငါက မင္းကို ေလးေလးနက္နက္ ေျပာေနတာ။ မင္း ဒီထက္ပိုၿပီး အေလးအနက္မထားနိုင္ဘူးလား။" စုန္႔ယီြက ရႈံ႕မဲ့သြားသည္။ "ငါေျပာတာကို ယဥ္ေက်းသမႈနဲ႕ ေျပာတယ္မထင္နဲ႕။ အတည္ေျပာေနတာ။"
စုန္႔ယီြသည္ မုသားစကား မေျပာတတ္ေပ။
"ဟုတ္ကဲ့ ယုံပါတယ္။" လီေက်ာင္းက ေခါင္းညိတ္လိုက္သည္။
"ျပီးတာပဲ။" စုန္႔ယီြက လီေက်ာင္းလည္ပင္းကို ဖက္ျပီး ဓာတ္ပုံရိုက္ရန္ သူ႕ဖုန္းကို ေကာက္ကိုင္လိုက္၏။
"ကြၽန္ေတာ္ ဓာတ္ပုံရိုက္ေပးမယ္။ မင္းလက္ေတြ..."
"ဟင့္အင္း…" စုန္႔ယီြသည္ လီေက်ာင္း၏ ဓာတ္ပုံရိုက္ေပးမည့္ ကမ္းလွမ္းခ်က္ကို ျပင္းျပင္းထန္ထန္ ျငင္းဆိုခဲ့သည္။ "ငါ့ရဲ႕အနုပညာရွင္သမိုင္းမွာ ေနာက္ထပ္ ဆိုးဝါးတ့ဲဓာတ္ပုံေတြ မထားခဲ့ခ်င္ဘူး။"
လူအနည္းစု၏မ်က္ႏွာကသာ လီေက်ာင္း၏ ေသမင္းတမန္ ကင္မရာေထာင့္ကို ခံနိုင္ရည္ရွိသည္။
လီေက်ာင္း "......"
ဒီလူကေတာ့ ကိစၥတစ္ခုခုရွိရင္ သူ႕ကိုရွာဖို႔ ေျပာေပမဲ့ သူ႔ကို ဓာတ္ပုံေလးေတာင္ ရိုက္ခြင့္ မေပးဘူး။ ၿမိဳ႕သူၿမိဳ႕သားေတြရဲ႕ လုပ္ရိုးလုပ္စဥ္က တကယ့္ကို နက္နဲလြန္းတယ္။
ဓါတ္ပုံေကာင္းေကာင္းရိုက္ၿပီးေနာက္ စုန္႔ယီြက လီေက်ာင္းထံ ပို႔လိုက္၏။ "ငါ သြားျပီး ပိုစ့္တင္လိုက္မယ္။ forward လုပ္ဖို႔ မေမ့နဲ႕ေနာ္။"
စုန္႔ယီြ V : ၇၀၁ မွတ္ေတာင္ ရခ့ဲတ့ဲအတြက္ @လီေက်ာင္း V ကို လိႈက္လိႈက္လွဲလွဲ ဂုဏ္ျပဳပါတယ္။ [ဓာတ္ပုံ]
လီေက်ာင္းက ဤက့ဲသို႔ လွပသည့္ ဓာတ္ပုံမ်ားကို မရိုက္နိုင္ေသာေၾကာင့္ ဤ Selfie ကို ေရွာင္ယီြက ရိုက္ခ့ဲျခင္းျဖစ္မည္ဟု အင္တာနက္အသုံးျပဳသူမ်ားက ခ်က္ခ်င္းေဆြးေႏြးခ့ဲၾကသည္။
" Weibo မွာ ျမန္ျမန္ forward လုပ္လိုက္ေတာ့။ ငါလည္း မင္းရဲ႕ေအာင္ျမင္မႈကို ကပ္သံုးခ်င္ေသးတယ္ေလ။" စုန္႔ယီြက ပို႔စ္တင္ၿပီးေနာက္ လီေက်ာင္းကို ထပ္မံ သတိေပးရန္ မေမ့ေခ်။
"အိုး..." လီေက်ာင္းက သူ႕ဖုန္းကို ထုတ္ကာ ပို႔စ္ကို forward လုပ္လိုက္သည္။
"ေနာက္ထပ္ စကားလုံးနည္းနည္း ရိုက္ျပီး အီမိုဂ်ီတစ္ခု ထည့္လို႔မရဘူးလား။ ဒီလို forward လုပ္တာမ်ိဳးက ရိုးရွင္းလြန္းတယ္။"
လီေက်ာင္းက စုန္႔ယီြကို တိတ္တိတ္ေလး ၾကည့္လိုက္ျပီး သူ၏ Weibo တြင္ ၿပဳံးေနေသာ အီမိုဂ်ီတစ္ခုကို ထပ္ထည့္လိုက္၏။
စုန္႔ယီြ "......"
လီေက်ာင္း၏ေအာင္ျမင္မႈကို ကပ္သံုးရန္ ႀကိဳးစားရသည္မွာ ခက္ခဲလြန္းလွသည္။ ၿပဳံးေနေသာအီမိုဂ်ီေလးသည္ သူ႕အား ရက္ရက္စက္စက္ ေလွာင္ေျပာင္ေန၏။ စုန္႔ယီြ၏အမူအရာမွာ မေက်မနပ္ျဖစ္ေနေသးသည္ကို ျမင္လိုက္ရသျဖင့္ လီေက်ာင္းသည္ ေနာက္ထပ္ အၿပဳံးမ်က္ႏွာႏွစ္ခု ထပ္ထည့္ရေလသည္။ "အခု ေက်နပ္ၿပီလား။"
ယီြပရိသတ္မ်ားႏွင့္ လီပရိသတ္မ်ားက ကြန္းမန္႕ေရးသည့္ေနရာတြင္ ရယ္ေမာခ့ဲၾကသည္။
"ငါက ယီြပရိသတ္ တစ္ေယာက္ျဖစ္ေပမဲ့ ဒါက ရယ္စရာေကာင္းလြန္းတယ္လို႔ ေျပာခ်င္တယ္။ ဟားဟားဟား။"
"လီပရိသတ္ေတြကို ေတာင္းပန္ပါတယ္။ ေက်းဇူးျပဳၿပီး ငါတို႔ ေရွာင္ယီြေလးကို ခြင့္လႊတ္ေပးၾကပါ၊ သူက နာမည္ၾကီးလာဖို႔ အရမ္းၾကိဳးစားပမ္စား လုပ္ေနရတယ္။"
"ေဟး… ယီြပရိတ္သတ္ေတြ စိတ္မဆိုးပါနဲ႕ ။ ငါတို႔မိသားစုရဲ႕ ေက်ာင္းေက်ာင္းက ေရွာင္ယီြ႕ ကို ေလွာင္ေျပာင္ဖို႔ ရည္႐ြယ္ခ်က္မရွိပါဘူး။ သူက ေျဖာင့္မတ္လြန္းျပီး အင္တာနက္ေခတ္ေရစီးေၾကာင္းကို လိုက္မမီလို႔ပါ။"
" ေက်ာင္းေက်ာင္း စိတ္ထဲမွာေတာ့ အၿပဳံးအီမိုဂ်ီက ယဥ္ေက်းတယ္လို႔ ထင္မွာပဲ။ အ့ဲဒါေၾကာင့္ ... သိတယ္မလား။"
(fake smile နဲ႕ မွားထည့္မိတာထင္တာပဲ။ မက်ိန္းေသပါ။)
"ငါသိတယ္၊ ငါတို႔နားလည္တယ္။"
ၿပဳံးေနသည့္အီမိုဂ်ီႏွင့္ ပတ္သက္ၿပီး ယီြပရိသတ္မ်ားနွင့္ လီပရိသတ္မ်ားၾကားတြင္ နားလည္မႈလြဲျခင္း မရွိေခ်။ ယင္းအစား ကြန္းမန္႕ထဲတြင္ အခ်င္းခ်င္း ရယ္ေမာၾကသည္။
ယီြပရိသတ္မ်ားသည္ စုန္႔ယီြက သူ႕ညီအစ္ကို၏ေက်ာ္ၾကားမႈကို ကပ္သံုးခ်င္သည္ဟု ေျပာၾကသည္။ လီပရိသတ္မ်ားကလည္း လီေက်ာင္းသည္ ငယ္႐ြယ္ေသာ္လည္း အင္တာနက္ဗန္းစကားမ်ားကို နားမလည္ေသာ ဘူရိုးလူေျဖာင့္ၾကီးျဖစ္ေၾကာင္း ေျပာဆိုၾကျပန္၏။ ထို ေဖာ္ေ႐ြေသာအေငြ႕အသက္မ်ားက အႏုပညာရွင္ႏွစ္ဦးစလုံးအေပၚထားသည့္ ျဖတ္ေလ်ွာက္မ်ား၏အျမင္ကို ေကာင္းမြန္ေစၿပီး စုန္႔ယီြ၏ေက်ာ္ၾကားမႈကို ကပ္သံုးခ်င္ေသာဆႏၵကို ျဖည့္ဆည္းေပးခဲ့သည္။
ထမင္းစားၿပီးေနာက္ အဖြဲ႕သားမ်ားသည္ ၎တို႔၏ ျပည့္အင့္ေနေသာဗိုက္ကို ထိရင္း ေက်နပ္မႈအျပည့္ျဖင့္ ထြက္ခြာသြားၾကသည္။ သူတို႔ေဘးရွိ အခန္းမွာလည္း အလြန္အသက္ဝင္ေနျပီး တံခါးဝကေန ရယ္ေမာသံကို ၾကားေနရ၏။
"ေယာင္ယိကြမ္းေရ၊ မင္းမွာ ဒီပုလင္းကို အကုန္ေသာက္နိုင္စြမ္း ရွိပါတယ္။"
"မဟုတ္တာ။ ငါ့မွာ အရည္အခ်င္းမရွိဘူး။ မင္းနဲ႕ ျပိဳင္မေသာက္နိုင္လို႔ ငါ့ဘက္ကပဲ ေျခတစ္လွမ္းျပန္ဆုတ္ေပးပါ့မယ္။"
"မသြားနဲ႕ဦးေလ။ အခုထိ ဝိုင္ေတာင္ မေသာက္ရေသးဘူး။"
"ဟုတ္သားပဲ။ မင္းရဲ႕ အင္အားၾကီးတဲ့ ဝမ္းကြဲအစ္ကိုအားကိုးရွိလို႔ ငါတို႔ကို လ်စ္လ်ဴရႈတာလား။"
ဤစကားကိုေျပာလိုက္သည့္အခိုက္ တစ္ခန္းလံုး အပ္က်သံပင္ ၾကားရေလာက္ေအာင္ တိတ္ဆိတ္သြားၯ။
ေယာင္ယိကြမ္းသည္ ထိုစကားေျပာလိုက္ေသာ ဦးေႏွာက္မဲ့သူကို ၾကည့္ၿပီး နွာေခါင္းရံႈ႕ကာ မတ္တပ္ရပ္လိုက္သည္။ "ငါက အခုအရင္ေလာက္ ၾသဇာမရွိေတာ့ေပမ့ဲ တစ္ျခားသူေတြက ငါ့ကို ေလွာင္ရယ္ရဲတ့ဲအဆင့္ထိေတာ့ မနိမ့္က်ေသးဘူး။"
ထို႔ေနာက္ သူက တံခါးကိုဆြဲဖြင့္ကာ ထိုလူကို ကန္ထုတ္လိုက္ျပီးေနာက္ ခ်က္ခ်င္း ဘရိတ္အုပ္လိုက္ရသည္။
"မစ္…မစၥတာလီ၊ ခင္ဗ်ား ဘာလို႔ ဒီေရာက္ေနတာလဲ။" ေယာင္ယိကြမ္းက ေျခတစ္လွမ္း ေနာက္ဆုတ္လိုက္၏။ လီေက်ာင္း၏လက္ကို ဂ႐ုတစိုက္ၾကည့္ရင္း သူ႕ဒူးအနည္းငယ္ေပ်ာ့ေခြသြားသည္။ ေနာက္ဆုံးအႀကိမ္တြင္ ျပင္းထန္စြာ အရိုက္ခံခ့ဲရၿပီး သူ႕ႏွလုံးသားထဲတြင္ အရိပ္မည္းႀကီးတစ္ခုအျဖစ္ က်န္ရွိေနခ့ဲသည္။
"ေယာင္ေကာ၊ ဒါက ဘယ္သူလဲ။" လီေက်ာင္း ေနာက္မွ လိုက္လာသည့္လူက ေမးလိုက္သည္။ "ဒါက သ႐ုပ္ေဆာင္လား။ သူက ၾကည့္ေကာင္းတယ္။ ေယာင္ေကာ မင္းသူ႕ကိုႀကိဳက္လား။"
"ဟင့္အင္း၊ အဓိပၸာယ္မရွိတ့ဲစကားေတြ မေျပာနဲ႕။" ေယာင္ယိကြမ္း၏ ေၾကာက္လန႔္ေနေသာမ်က္ႏွာသည္ ျဖဴဆုတ္သြား၏။ "မစၥတာလီက ေလးနက္တဲ့ လူငယ္သ႐ုပ္ေဆာင္တစ္ေယာက္ေလ။ သူက တကၠသိုလ္ဝင္ခြင့္စာေမးပြဲမွာ အမွတ္ 700 ေက်ာ္ရခဲ့ၿပီး မင္းတို႔သံုးေလးေယာက္ ေပါင္းလို႔ရတ့ဲ ရမွတ္ကေတာင္ သူ႔ေလာက္မမ်ားဘူး။"
"တကၠသိုလ္ဝင္ခြင့္ စာေမးပြဲအမွတ္ေကာင္းတာက ဘာအသံုးက်လို႔လဲ။ ကစားရံုသက္သက္ပဲကို…။"
'ကစား' ဟူေသာ စကားလုံးကို ေျပာၿပီးခ်ိန္တြင္ ေယာင္ယိကြမ္းက ထိုလူကို ေဘးသို႔ ကန္ထုတ္ကာ လီေက်ာင္းကို ၿပဳံးျပလိုက္သည္။ "မစၥတာလီ၊ ငါက ဒီလူနဲ႕ သိပ္မရင္းႏွီးပါဘူး။"
"ေယာင္ယိကြမ္းလား…။" စုန္႔ယီြသည္ လီေက်ာင္းႏွင့္အတူ ထြက္လာၿပီး ေယာင္ယိကြမ္းကို မွတ္မိေပသည္။ သူတို႔မိသားစုႏွစ္စုသည္ စီးပြားေရးအတူတူလုပ္ခဲ့ေသာ္လည္း လြန္ခဲ့သည့္ႏွစ္ႏွစ္အတြင္း ေယာင္မိသားစုတြင္ ျပသနာမ်ား ေပၚေပါက္ခ့ဲ၏။ ေယာင္ယိကြမ္း၏ဖခင္သည္ ေထာင္ထဲသို႔ပင္ အပို႔ခံခဲ့ရသည္။
သူတို႔ႏွစ္ဦးစလုံးသည္ ခ်မ္းသာေသာ ဒုတိယမ်ိဳးဆက္ ျဖစ္နိုင္ေသာ္လည္း စုန္႔ယီြႏွင့္ ေယာင္ယိကြမ္းတို႔က မတူညီေသာလမ္းမ်ားကို ေရြးခ်ယ္ခ့ဲၾကသည္။ ႏွစ္ေယာက္သားသည္ မ်ားေသာအားျဖင့္ ေခါင္းျငိမ့္ႏႈတ္ဆက္ေလ့ရွိသည့္ အသိအကြၽမ္းမ်ားပင္။
"ခုနက သရုပ္ေဆာင္ေတြကို ဘယ္သူ ကဲ့ရဲ႕တာလဲ။" သူ႕မိသားစု၏ ပိုင္ဆိုင္မႈကို အေမြမဆက္ခံလိုေသာ ခ်မ္းသာသည့္ ဒုတိယမ်ိဳးဆက္ျဖစ္သူ စုန္႔ယီြသည္ 'ကစားရံု…' ဟူေသာ စကားလုံးကို ၾကားရေသာအခါ ေပါက္ကြဲသြားသည္။ သူက ေယာင္ယိကြမ္း ေနာက္ရွိလူမ်ားကို ၾကည့္လိုက္၏။ "အရည္အခ်င္းရွိရင္ မတ္တပ္ရပ္ၿပီး ေျပာလိုက္။ ေနာက္ကြယ္ကေန ခိုးေၾကာင္ခိုးဝွက္လုပ္မေနနဲ႕။"
ေယာင္ယိကြမ္းေနာက္ရွိ လူငယ္မ်ားသည္ စုန္႔ယီြက အလြန္ေမာက္မာသျဖင့္ မခံမရပ္နိုင္ျဖစ္သြားၾကသည္။ သူတို႔က အက်ီလက္ကို ေခါက္တင္ကာ စုန္႔ယီြကို ဆဲဆိုရန္ ဟန္ျပင္ေနၾကသည္။
"မင္းတို႔အားလုံး ငါ့ကို ေျပာခြင့္ေပးၾကပါဦး။" ေယာင္ယိကြမ္းက ေနာက္လွည့္ၿပီး သူတို႔ကို စိုက္ၾကည့္လိုက္သည္။ "မစၥတာလီက အဲဒီလူရဲ႕ သူငယ္ခ်င္းေကာင္းပဲ။"
ရန္ပြဲစရန္ အဆင္သင့္ျဖစ္ေနၾကေသာ လူငယ္မ်ားသည္ ႐ုတ္တရက္ ရပ္တန႔္သြားျပီး လီေက်ာင္းအေပၚထားေသာ သူတို႔၏ အၾကည့္မ်ား ေျပာင္းလဲသြားသည္။
ေယာင္ယိကြမ္းရဲ႕ဝမ္းကြဲနဲ႕ မိတ္ေဆြျဖစ္နိုင္တ့ဲသူက လြန္ဆန္ဖို႔မျဖစ္နိုင္တ့ဲ ဆရာသခင္တစ္ေယာက္ ျဖစ္ရမယ္။
"မစၥတာလီ စားၿပီးၿပီလား။" ေယာင္ယိကြမ္းက ၿပဳံးလိုက္၏။ "တကၠသိုလ္ဝင္ခြင့္စာေမးပြဲမွာ အမွတ္ေကာင္းေကာင္းရခ့ဲတ့ဲအတြက္ ဂုဏ္ယူပါတယ္။"
လီေက်ာင္းက ေအးစက္စက္ၾကည့္ေနျပီး စကားျပန္မေျပာေခ်။ ေယာင္ယိကြမ္းက ရန္ထင္းကို မည္ကဲ့သို႔ ဆဲဆိုခဲ့သည္ကို ေတြးမိသမ်ွကာလပတ္လံုး ေယာင္ယိကြမ္းအတြက္ ေကာင္းမြန္ေသာ ခံစားခ်က္မ်ိဳး မရွိနိုင္ေပ။
သူ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ "မင္း ခုနက ေျပာခဲ့တဲ့ ဝမ္းကြဲဆိုတာက… ရန္ထင္းလား။"
"မဟုတ္ဘူး။ မဟုတ္ဘူး။" ေယာင္ယိကြမ္း က ေၾကာက္႐ြံ႕စြာျဖင့္ ေခါင္းယမ္းလိုက္သည္။ "ငါက သူ႕ကို ဝမ္းကြဲလို႔ ဘယ္လိုလုပ္ ေခၚရဲမွာလဲ။"
လီေက်ာင္း ေရွ႕မွာသာ ေျပာရဲရင္ ရန္ထင္း သူ႕ကို သတ္ပစ္လိမ့္မယ္။
ေယာင္ယိကြမ္းသည္ လီေက်ာင္းက သူ႔အား မ်က္ႏွာသာေပးလိမ့္မည္ဟု မေမွ်ာ္လင့္ခဲ့ေပ။သူသည္ ပ်ဴငွာစြာျဖင့္ လီေက်ာင္းအတြက္ ေငြရွင္းရန္ ကူညီေပးၿပီး လီေက်ာင္းကို တံခါးဝဆီ လိုက္ပို႔ေပးခ့ဲသည္။ ထို႔ေနာက္ တံခါးအျပင္ဘက္တြင္ ရပ္ေနသည့္ ရင္းႏွီးေသာ အသြင္အျပင္ကို ျမင္လိုက္ရ၏။
ရန္…ရန္ထင္းလား။ သူ ထိတ္လန႔္တုန္လႈပ္စြာ ေနာက္ဆုတ္သြားၿပီး ရန္ထင္းက သူ႔ကို မေတြ႕သြားေစရန္ ပုန္းလိုက္သည္။
" ေက်ာင္းေက်ာင္း…" တကယ္တမ္း ရန္ထင္း၏မ်က္လုံးထဲတြင္ အျခားလူမရွိေပ။ သူက စုန္႔ယီြအနားမွ ထြက္လာသည့္ လီေက်ာင္းကိုသာ စိုက္ၾကည့္ေနခ့ဲသည္။ ငါ မင္းကို လာၾကိဳျပီ…။
လီေက်ာင္းသည္ ရန္ထင္းကိုျမင္ေသာအခါ ျပံဳးျပီး လမ္းေလွ်ာက္သြားခ့ဲသည္။ "မင္းဘာလို႔ ဒီကိုေရာက္ေနတာလဲ။"
"ျဖတ္သြားရင္းနဲ႕ လမ္းၾကံဳလို႔ ဝင္လာခ့ဲတာ။"
ရန္ထင္းက စုန္႔ယီြကို တစ္ခ်က္ၾကည့္လိုက္သည္။ "ထမင္းေကာင္းေကာင္း စားၿပီးၿပီလား။"
"ဟုတ္ကဲ့။" လီေက်ာင္း ေခါင္းညိတ္လိုက္သည္။
'မင္း ဘာလို႔ တျခားသူေတြနဲ႕ ဓာတ္ပုံရိုက္ရတာလဲဆိုတာ မအံ့ၾသပါဘူး။'
ရန္ထင္းက မ်က္လႊာခ်လိုက္သည္။ "အျပင္မွာ ပူတယ္။ ကားထဲကို အရင္သြားရေအာင္။"
"ေကာင္းၿပီ။" လီေက်ာင္းက အဖြဲ႕သားေတြကို ႏႈတ္ဆက္ၿပီး ရန္ထင္းနွင့္အတူ ကားေပၚတက္လိုက္သည္။
ကားထဲရွိ ေလေအးေပးစက္ေၾကာင့္ အျပင္ထက္ ပို၍ သက္ေတာင့္သက္သာ ရွိေပသည္။
လီေက်ာင္းသည္ ေယာင္ယိကြမ္းႏွင့္ေတြ႕ဆံုခ့ဲေၾကာင္း ရန္ထင္းကို မေျပာျပခဲ့ေပ။ ရန္ထင္း မႀကိဳက္တဲ့ ေဆြမ်ိဳးေတြအေၾကာင္း ေျပာျပတာက ထင္းထင္းရဲ႕ ေကာင္းမြန္တဲ့ စိတ္အေျခအေနကို ထိခိုက္ေစလိမ့္မယ္။
ဒါပါပဲ...
ေယာင္ယိကြမ္းနဲ႕ သူ႕ရဲ႔လူဆိုးသူငယ္ခ်င္းေတြ ထင္းထင္းကို ေၾကာက္ၾကတာက သာမန္ထက္ နည္းနည္းေလး ပိုေနသလိုပဲ။
***
ႏွစ္ရက္အၾကာတြင္ လီေက်ာင္းသည္ မိုးေကာင္းကင္က်ဴးရင့္သံ ဒရာမာကို နိုင္ငံေတာ္႐ုပ္သံလိုင္းတြင္ ရက္အနည္းငယ္အတြင္း ထုတ္လႊင့္ျပသမည္ျဖစ္ၿပီး ဝဘ္ဆိုက္ ပလက္ေဖာင္းသံုးခုက မူပိုင္ခြင့္ကို ဝယ္ယူထားေၾကာင္း မိုးေကာင္းကင္က်ဴးရင့္သံ အဖြဲ႕သားမ်ားထံမွ သတင္းရရွိခဲ့၏။ အဖြဲ႕သားမ်ားသည္ အခမ္းအနားပြဲ က်င္းပမည္ျဖစ္ျပီး လီေက်ာင္းအား ပါဝင္ရန္ ဖိတ္ၾကားခဲ့သည္။
မိုးေကာင္ကင္က်ဴးရင့္သံအဖြဲ႕သည္ အလြန္အေလးအနက္ ျဖစ္ေနေသာေၾကာင့္ တခယ္သည္ လီေက်ာင္းအား ပြဲက်င္းပသည့္ေနရာသို႕ ေစာေစာစီးစီး ေခၚသြားခဲ့သည္။ ဟိုတယ္ထဲ ဝင္လိုက္သည္နွင့္ လီေက်ာင္းသည္ မိန္းကေလးတစ္ေယာက္ကို အနိုင္က်င့္ေနသည့္ ရက္စက္ၾကမ္းၾကဳတ္ေသာ ျမင္ကြင္းကို ေတြ႕ၾကံဳလိုက္ရသည္။
ထိုမိန္းကေလးသည္ လီေက်ာင္းနွင့္ သိသူျဖစ္သည္။ သူမသည္ ခ်န္ရွီးေၾကာ္ျငာကို သူႏွင့္အတူ ရိုက္ကူးခဲ့ေသာ အကသမားငယ္ေလးျဖစ္၏။ အနိုင္က်င့္သူမွာလည္း လီေက်ာင္း သိသည့္သူ ျဖစ္၏။ သူသည္ လြန္ခဲ့ေသာ ရက္အနည္းငယ္က ေယာင္ယိကြမ္းေနာက္တြင္ ရပ္ေနသူတစ္ဦးျဖစ္သည္။
ကေလးမေလးက ဓာတ္ေလွကားတံခါးနားတြင္ ဝမ္းနည္းစြာ ငိုေၾကြးေနသည္။ ဓာတ္ေလွကားထဲမွ လီေက်ာင္း ထြက္လာသည္ကို သူမျမင္သည္နွင့္ ေတြးေတာမေနဘဲ ေျပးလာၿပီး လီေက်ာင္းေနာက္တြင္ ပုန္းေနလိုက္၏။
အရက္မူးေနသည့္ ခ်မ္းသာေသာ ဒုတိယမ်ိဳးဆက္ေလးက လီေက်ာင္းကို ၾကည့္လိုက္တယ္။ "လီေက်ာင္းလား။"
သူက နွာေခါင္းရံႈ႕လိုက္သည္။ "ငါ့ကို မ်က္ႏွာေပးပါဦး။ ငါ ဒီမိန္းကေလးကို သေဘာက်တာမို႕လို႔ တျခားသူေတြရဲ႕ ကိစၥကို စိတ္ပူမေနနဲ႕။"
"လူ႕အဖြဲ႕အစည္းရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ အမ်ိဳးသမီးေတြကို မဖြယ္မရာလုပ္ခိုင္းတာဟာ ဥပေဒနဲ႕မညီဘူး။" လီေက်ာင္း၏လက္သည္ သူ႕ေနာက္မွ ေကာင္မေလးကို ကာကြယ္ေပးထားသည္။ "ဟိုတယ္အျပင္ဘက္မွာ သတင္းေထာက္ေတြ အမ်ားႀကီးရွိတယ္။ ဥပေဒခ်ိဳးေဖာက္တယ္ဆိုျပီး အနုပညာသတင္းမွာ ပါလာခ်င္လား။"
မိန္းကေလးက ေအာ္ဟစ္ငိုေၾကြးလိုက္သည္။ "ကြၽန္မရဲ႕ ေအးဂ်င့္ေျပာတာက စာခ်ဳပ္တစ္ခုအေၾကာင္း ေျပာရံုပါပဲတ့ဲ၊ မေမွ်ာ္လင့္ထားတာက…...."
သူမသည္ ေက်ာင္းမၿပီးေသးေသာ မိန္းကေလးငယ္တစ္ဦးမွ်သာျဖစ္၏။ ဤအေျခအေနနွင့္ ႀကဳံရၿပီးေနာက္ သူမ ထိတ္လန႔္သြားၿပီး လီေက်ာင္း၏ထြက္ေပၚလာမႈက သူမ၏တစ္ခုတည္းေသာ ေမ်ွာ္လင့္ခ်က္ ျဖစ္လာခ့ဲသည္။
"စာခ်ဳပ္အေၾကာင္းေျပာရင္ ရိုးသားဖို႔ လိုတယ္။ ဒီစည္းမ်ဥ္းကို နားမလည္ဘူးလား။" ခ်မ္းသာေသာ ဒုတိယမ်ိဳးဆက္က မိန္းကေလး၏လက္ကို ဆြဲရန္ လက္လွမ္းလိုက္ေသာ္လည္း လီေက်ာင္းက တြန္းဖယ္ပစ္လိုက္သည္။
"လီေက်ာင္း၊ ငါမင္းကိုထပ္ေျပာမယ္၊ ငါ့ကိစၥကို လာမရႈပ္နဲ႕။" ဒုတိယမ်ိဳးဆက္က အရက္ေသာက္ရင္း ေလခ်ဥ္တက္လိုက္သည္။ "ရႈရန္ထင္းေပါင္ကို ဖက္ထားတ့ဲအတြက္ မင္းအသိုင္းအဝိုင္းထဲမွာ ဝင္ဆန္႔လိမ့္မယ္လို႔ မေတြထားနဲ႕။ ငါမင္းကိုေျပာမယ္။ မင္းလိုမ်ိဳး ကစားစရာေလးက တစ္ခါသံုးသာသာမို႔ သံုးျပီးရင္ စြန္႔ပစ္ခံရမွာပဲ။ ရႈရန္ထင္းက မင္းကို ဘယ္ေလာက္ၾကာၾကာ ကာကြယ္ေပးမွာလဲ။"
စာေရးသူမွာ ေျပာစရာရွိတယ္။
ေဘဘီထင္းထင္း : ေက်ာင္းေက်ာင္းက ကေလးမေလးေတြနဲ႕သာမက တစ္ျခားအတန္းက ေယာက်္ားေလးေတြနဲ႕ပါ ဓါတ္ပံုရိုက္ခ့ဲတယ္။ ငါသူ႕ကို သြားျပန္ေခၚမွ ျဖစ္မယ္။
အလစ္တဲေလး ေနာက္က်သြားတယ္။ ဟီးဟီး
(ဒီအပိုင္းမွာေတာ့ တစ္ေယာက္တည္း ရွာလကာရည္ေသာက္ေနတ့ဲထင္းထင္းကို ျမင္ရမွာျဖစ္ပါတယ္။)
#5096words
#19.12.22
Unicode
ရှုရန်ထင်း
လီကျောင်း၏အောင်မြင်မှုကို ဂုဏ်ပြုရန်အတွက် မိုးကောင်းကင်တိမ်တိုက် အဖွဲ့သားများသည် စားသောက်ပွဲလုပ်ရန် စုစည်းခဲ့ကြသည်။ စားပွဲရှိ လူများက "လီကျောင်းက စင်ဟွားတက္ကသိုလ်ကို ရွေးမှာလား။ ပေကျင်းတက္ကသိုလ်ကို ရွေးမှာလား။" ဟု တွေးတောနေကြ၏။
စုန့်ယွီသည် လီကျောင်းနံဘေးတွင် ထိုင်ကာ အံ့အားသင့်နေသောမျက်နှာဖြင့် ဤမြင်ကွင်းကိုကြည့်ရင်း စိတ်နှင့်လူ မကပ်တော့ပေ။ သူသည် အဖွဲ့ထဲတွင် ရက်အတော်ကြာနေခဲ့သော်လည်း အဖွဲ့သားများ၏ ဖြူစင်ပြီး ဟန်ဆောင်မှုကင်းသောပုံစံက သူ့အား အမြင်ကျယ်စေခဲ့သည်။
သူသည် တူကို ချလိုက်ပြီး လီကျောင်းက ခေါင်းမဖော်တမ်း စားသောက်နေသည်ကို တွေ့လိုက်ရ၏။ "စား…စား… စား…။ ဆက်စားနေရင် အဆီတက်လာမှာ မကြောက်ဘူးလား။"
"မကြောက်ပါဘူး။" လီကျောင်းက ပုစွန်တစ်ကောင်ကို ယူလိုက်သည်။ "အစ်ကို သိတဲ့အတိုင်း ကျွန်တော့်မှာ အဆီမတက်တဲ့ခန္ဓာကိုယ် ရှိတယ်။"
အဆီမတက်နိုင်ဘူးလား။
သူသည် လီကျောင်း၏ စိတ်အနှောက်အယှက်ဖြစ်စေသော ခန္ဓာကိုယ်ကို မေ့လုနီးပါးပင်။
စုန့်ယွီ၏ ဦးနှောက်ထဲတွင် တဝီဝီ မြည်သွားခဲ့သည်။
ယခုအခါ သူသည် 'လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသော အမျိုးသမီးဥက္ကဋ္ဌ' အဖွဲ့ထဲရှိစဉ်က လီကျောင်းကို နေ့တိုင်း ကျွေးမွေးခဲ့ပုံကို မြင်ယောင်ပြီး ထိုအရာက မိုက်မဲလွန်းကြောင်း နားလည်သွားပေသည်။ သူဘာလုပ်ဖို့ ကြိုးစားမိခဲ့တာလဲ။
လီကျောင်းရဲ့အစာအိမ်ကို ဖြည့်ပေးရုံပဲလား။
စုန့်ယွီက ထမင်းအနည်းငယ်ထပ်စားရုံဖြင့် ဝလာလေ့ရှိသော သူ့ခန္ဓာကိုယ်အကြောင်း တွေးမိပြီး စားရန်ပြင်ထားသော ငါးချဉ်တစ်ပိုင်းကို ပန်းကန်ထဲ ပြန်ချထားလိုက်၏။
ချဉ်လွန်းတယ်လို့ ခံစားရတယ်…
"လီကျောင်း…" စုန့်ယွီက လီကျောင်းကို စိုက်ကြည့်ပြီး သူ့အား နောက်တစ်ကြိမ် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် တောင်းပန်ပြန်သည်။ "အရင်က ကိစ္စတွေအတွက် တောင်းပန်ပါတယ်။"
မာစတာစုန့်သည် လူများကို တောင်းပန်လေ့မရှိချေ။ ထိုစကားကို ပြောပြီးသည်နှင့် ဟိုဘက်လှည့်လိုက်ပြီး သူ့နားရွက်များက သွေးကဲ့သို့ ရဲရဲနီနေခဲ့သည်။
"မင်းက ငါ့ကို အဓိကဇာတ်လိုက် လုပ်ခွင့်ပေးပြီး အစားအသောက်တွေလည်း ကျွေးတယ်လေ။ အဲ့ဒါကြောင့် တောင်းပန်စရာ မလိုပါဘူး။ တကယ်တော့ ကိုယ်ကျိုးစွန့်တာပဲ။" လီကျောင်းက သူ့မျက်လုံးများကို တည့်တည့်ကြည့်ပြီး ပြုံးလိုက်သည်။ သူ့မျက်လုံးများက ကြည်လင်တောက်ပနေပြီး စုန့်ယွီကို အပြစ်တင်သည့်အရိပ်အယောင် စိုးစဉ်းမျှ မရှိပေ။ "နောက်ဆုံး တစ်ခေါက်က ပို့ပေးခဲ့တဲ့ စာအိတ်နီတွေအတွက် ကျေးဇူးတင်ပါတယ်။"
ထိုမျက်လုံးများကိုကြည့်ရင်း စုန့်ယွီသည် ပို၍ပင် အပြစ်ရှိသလို ခံစားလာရဍ္ဎ။ မကွယ်မဝှက်တမ်းပြောရလျှင် လီကျောင်း၏အတိတ်ကို သူသိစကတည်းက ကြီးမားလှသည့်အပြစ်ရှိစိတ်ကို ခံစားနေရခြင်းဖြစ်သည်။
"ဘယ်လိုပဲဖြစ်ဖြစ်... မင်းမဖြေရှင်းနိုင်တဲ့ ကိစ္စတစ်ခုခု တွေ့ရင် ငါ့ဆီလာခဲ့ပေါ့။" စုန့်ယွီက ကိုးရိုးကားရား ပြောလိုက်သည်။ "ဒီအသိုင်းအဝိုင်းမှာ ငါက နည်းနည်းမျက်နှာသာ ပေးခံရပါတယ်။"
လီကျောင်းက ပြုံးလိုက်၏။ "ကျေးဇူးတင်ပါတယ်။"
"ငါက မင်းကို လေးလေးနက်နက် ပြောနေတာ။ မင်း ဒီထက်ပိုပြီး အလေးအနက်မထားနိုင်ဘူးလား။" စုန့်ယွီက ရှုံ့မဲ့သွားသည်။ "ငါပြောတာကို ယဉ်ကျေးသမှုနဲ့ ပြောတယ်မထင်နဲ့။ အတည်ပြောနေတာ။"
စုန့်ယွီသည် မုသားစကား မပြောတတ်ပေ။
"ဟုတ်ကဲ့ ယုံပါတယ်။" လီကျောင်းက ခေါင်းညိတ်လိုက်သည်။
"ပြီးတာပဲ။" စုန့်ယွီက လီကျောင်းလည်ပင်းကို ဖက်ပြီး ဓာတ်ပုံရိုက်ရန် သူ့ဖုန်းကို ကောက်ကိုင်လိုက်၏။
"ကျွန်တော် ဓာတ်ပုံရိုက်ပေးမယ်။ မင်းလက်တွေ..."
"ဟင့်အင်း…" စုန့်ယွီသည် လီကျောင်း၏ ဓာတ်ပုံရိုက်ပေးမည့် ကမ်းလှမ်းချက်ကို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့သည်။ "ငါ့ရဲ့အနုပညာရှင်သမိုင်းမှာ နောက်ထပ် ဆိုးဝါးတဲ့ဓာတ်ပုံတွေ မထားခဲ့ချင်ဘူး။"
လူအနည်းစု၏မျက်နှာကသာ လီကျောင်း၏ သေမင်းတမန် ကင်မရာထောင့်ကို ခံနိုင်ရည်ရှိသည်။
လီကျောင်း "......"
ဒီလူကတော့ ကိစ္စတစ်ခုခုရှိရင် သူ့ကိုရှာဖို့ ပြောပေမဲ့ သူ့ကို ဓာတ်ပုံလေးတောင် ရိုက်ခွင့် မပေးဘူး။ မြို့သူမြို့သားတွေရဲ့ လုပ်ရိုးလုပ်စဉ်က တကယ့်ကို နက်နဲလွန်းတယ်။
ဓါတ်ပုံကောင်းကောင်းရိုက်ပြီးနောက် စုန့်ယွီက လီကျောင်းထံ ပို့လိုက်၏။ "ငါ သွားပြီး ပိုစ့်တင်လိုက်မယ်။ forward လုပ်ဖို့ မမေ့နဲ့နော်။"
စုန့်ယွီ V : ၇၀၁ မှတ်တောင် ရခဲ့တဲ့အတွက် @လီကျောင်း V ကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်။ [ဓာတ်ပုံ]
လီကျောင်းက ဤကဲ့သို့ လှပသည့် ဓာတ်ပုံများကို မရိုက်နိုင်သောကြောင့် ဤ Selfie ကို ရှောင်ယွီက ရိုက်ခဲ့ခြင်းဖြစ်မည်ဟု အင်တာနက်အသုံးပြုသူများက ချက်ချင်းဆွေးနွေးခဲ့ကြသည်။
" Weibo မှာ မြန်မြန် forward လုပ်လိုက်တော့။ ငါလည်း မင်းရဲ့အောင်မြင်မှုကို ကပ်သုံးချင်သေးတယ်လေ။" စုန့်ယွီက ပို့စ်တင်ပြီးနောက် လီကျောင်းကို ထပ်မံ သတိပေးရန် မမေ့ချေ။
"အိုး..." လီကျောင်းက သူ့ဖုန်းကို ထုတ်ကာ ပို့စ်ကို forward လုပ်လိုက်သည်။
"နောက်ထပ် စကားလုံးနည်းနည်း ရိုက်ပြီး အီမိုဂျီတစ်ခု ထည့်လို့မရဘူးလား။ ဒီလို forward လုပ်တာမျိုးက ရိုးရှင်းလွန်းတယ်။"
လီကျောင်းက စုန့်ယွီကို တိတ်တိတ်လေး ကြည့်လိုက်ပြီး သူ၏ Weibo တွင် ပြုံးနေသော အီမိုဂျီတစ်ခုကို ထပ်ထည့်လိုက်၏။
စုန့်ယွီ "......"
လီကျောင်း၏အောင်မြင်မှုကို ကပ်သုံးရန် ကြိုးစားရသည်မှာ ခက်ခဲလွန်းလှသည်။ ပြုံးနေသောအီမိုဂျီလေးသည် သူ့အား ရက်ရက်စက်စက် လှောင်ပြောင်နေ၏။ စုန့်ယွီ၏အမူအရာမှာ မကျေမနပ်ဖြစ်နေသေးသည်ကို မြင်လိုက်ရသဖြင့် လီကျောင်းသည် နောက်ထပ် အပြုံးမျက်နှာနှစ်ခု ထပ်ထည့်ရလေသည်။ "အခု ကျေနပ်ပြီလား။"
ယွီပရိသတ်များနှင့် လီပရိသတ်များက ကွန်းမန့်ရေးသည့်နေရာတွင် ရယ်မောခဲ့ကြသည်။
"ငါက ယွီပရိသတ် တစ်ယောက်ဖြစ်ပေမဲ့ ဒါက ရယ်စရာကောင်းလွန်းတယ်လို့ ပြောချင်တယ်။ ဟားဟားဟား။"
"လီပရိသတ်တွေကို တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ငါတို့ ရှောင်ယွီလေးကို ခွင့်လွှတ်ပေးကြပါ၊ သူက နာမည်ကြီးလာဖို့ အရမ်းကြိုးစားပမ်စား လုပ်နေရတယ်။"
"ဟေး… ယွီပရိတ်သတ်တွေ စိတ်မဆိုးပါနဲ့ ။ ငါတို့မိသားစုရဲ့ ကျောင်းကျောင်းက ရှောင်ယွီ့ ကို လှောင်ပြောင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ သူက ဖြောင့်မတ်လွန်းပြီး အင်တာနက်ခေတ်ရေစီးကြောင်းကို လိုက်မမီလို့ပါ။"
" ကျောင်းကျောင်း စိတ်ထဲမှာတော့ အပြုံးအီမိုဂျီက ယဉ်ကျေးတယ်လို့ ထင်မှာပဲ။ အဲ့ဒါကြောင့် ... သိတယ်မလား။"
(fake smile နဲ့ မှားထည့်မိတာထင်တာပဲ။ မကျိန်းသေပါ။)
"ငါသိတယ်၊ ငါတို့နားလည်တယ်။"
ပြုံးနေသည့်အီမိုဂျီနှင့် ပတ်သက်ပြီး ယွီပရိသတ်များနှင့် လီပရိသတ်များကြားတွင် နားလည်မှုလွဲခြင်း မရှိချေ။ ယင်းအစား ကွန်းမန့်ထဲတွင် အချင်းချင်း ရယ်မောကြသည်။
ယွီပရိသတ်များသည် စုန့်ယွီက သူ့ညီအစ်ကို၏ကျော်ကြားမှုကို ကပ်သုံးချင်သည်ဟု ပြောကြသည်။ လီပရိသတ်များကလည်း လီကျောင်းသည် ငယ်ရွယ်သော်လည်း အင်တာနက်ဗန်းစကားများကို နားမလည်သော ဘူရိုးလူဖြောင့်ကြီးဖြစ်ကြောင်း ပြောဆိုကြပြန်၏။ ထို ဖော်ရွေသောအငွေ့အသက်များက အနုပညာရှင်နှစ်ဦးစလုံးအပေါ်ထားသည့် ဖြတ်လျှောက်များ၏အမြင်ကို ကောင်းမွန်စေပြီး စုန့်ယွီ၏ကျော်ကြားမှုကို ကပ်သုံးချင်သောဆန္ဒကို ဖြည့်ဆည်းပေးခဲ့သည်။
ထမင်းစားပြီးနောက် အဖွဲ့သားများသည် ၎င်းတို့၏ ပြည့်အင့်နေသောဗိုက်ကို ထိရင်း ကျေနပ်မှုအပြည့်ဖြင့် ထွက်ခွာသွားကြသည်။ သူတို့ဘေးရှိ အခန်းမှာလည်း အလွန်အသက်ဝင်နေပြီး တံခါးဝကနေ ရယ်မောသံကို ကြားနေရ၏။
"ယောင်ယိကွမ်းရေ၊ မင်းမှာ ဒီပုလင်းကို အကုန်သောက်နိုင်စွမ်း ရှိပါတယ်။"
"မဟုတ်တာ။ ငါ့မှာ အရည်အချင်းမရှိဘူး။ မင်းနဲ့ ပြိုင်မသောက်နိုင်လို့ ငါ့ဘက်ကပဲ ခြေတစ်လှမ်းပြန်ဆုတ်ပေးပါ့မယ်။"
"မသွားနဲ့ဦးလေ။ အခုထိ ဝိုင်တောင် မသောက်ရသေးဘူး။"
"ဟုတ်သားပဲ။ မင်းရဲ့ အင်အားကြီးတဲ့ ဝမ်းကွဲအစ်ကိုအားကိုးရှိလို့ ငါတို့ကို လျစ်လျူရှုတာလား။"
ဤစကားကိုပြောလိုက်သည့်အခိုက် တစ်ခန်းလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားဍ္ဎ။
ယောင်ယိကွမ်းသည် ထိုစကားပြောလိုက်သော ဦးနှောက်မဲ့သူကို ကြည့်ပြီး နှာခေါင်းရှုံ့ကာ မတ်တပ်ရပ်လိုက်သည်။ "ငါက အခုအရင်လောက် သြဇာမရှိတော့ပေမဲ့ တစ်ခြားသူတွေက ငါ့ကို လှောင်ရယ်ရဲတဲ့အဆင့်ထိတော့ မနိမ့်ကျသေးဘူး။"
ထို့နောက် သူက တံခါးကိုဆွဲဖွင့်ကာ ထိုလူကို ကန်ထုတ်လိုက်ပြီးနောက် ချက်ချင်း ဘရိတ်အုပ်လိုက်ရသည်။
"မစ်…မစ္စတာလီ၊ ခင်ဗျား ဘာလို့ ဒီရောက်နေတာလဲ။" ယောင်ယိကွမ်းက ခြေတစ်လှမ်း နောက်ဆုတ်လိုက်၏။ လီကျောင်း၏လက်ကို ဂရုတစိုက်ကြည့်ရင်း သူ့ဒူးအနည်းငယ်ပျော့ခွေသွားသည်။ နောက်ဆုံးအကြိမ်တွင် ပြင်းထန်စွာ အရိုက်ခံခဲ့ရပြီး သူ့နှလုံးသားထဲတွင် အရိပ်မည်းကြီးတစ်ခုအဖြစ် ကျန်ရှိနေခဲ့သည်။
"ယောင်ကော၊ ဒါက ဘယ်သူလဲ။" လီကျောင်း နောက်မှ လိုက်လာသည့်လူက မေးလိုက်သည်။ "ဒါက သရုပ်ဆောင်လား။ သူက ကြည့်ကောင်းတယ်။ ယောင်ကော မင်းသူ့ကိုကြိုက်လား။"
"ဟင့်အင်း၊ အဓိပ္ပာယ်မရှိတဲ့စကားတွေ မပြောနဲ့။" ယောင်ယိကွမ်း၏ ကြောက်လန့်နေသောမျက်နှာသည် ဖြူဆုတ်သွား၏။ "မစ္စတာလီက လေးနက်တဲ့ လူငယ်သရုပ်ဆောင်တစ်ယောက်လေ။ သူက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ် 700 ကျော်ရခဲ့ပြီး မင်းတို့သုံးလေးယောက် ပေါင်းလို့ရတဲ့ ရမှတ်ကတောင် သူ့လောက်မများဘူး။"
"တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအမှတ်ကောင်းတာက ဘာအသုံးကျလို့လဲ။ ကစားရုံသက်သက်ပဲကို…။"
'ကစား' ဟူသော စကားလုံးကို ပြောပြီးချိန်တွင် ယောင်ယိကွမ်းက ထိုလူကို ဘေးသို့ ကန်ထုတ်ကာ လီကျောင်းကို ပြုံးပြလိုက်သည်။ "မစ္စတာလီ၊ ငါက ဒီလူနဲ့ သိပ်မရင်းနှီးပါဘူး။"
"ယောင်ယိကွမ်းလား…။" စုန့်ယွီသည် လီကျောင်းနှင့်အတူ ထွက်လာပြီး ယောင်ယိကွမ်းကို မှတ်မိပေသည်။ သူတို့မိသားစုနှစ်စုသည် စီးပွားရေးအတူတူလုပ်ခဲ့သော်လည်း လွန်ခဲ့သည့်နှစ်နှစ်အတွင်း ယောင်မိသားစုတွင် ပြသနာများ ပေါ်ပေါက်ခဲ့၏။ ယောင်ယိကွမ်း၏ဖခင်သည် ထောင်ထဲသို့ပင် အပို့ခံခဲ့ရသည်။
သူတို့နှစ်ဦးစလုံးသည် ချမ်းသာသော ဒုတိယမျိုးဆက် ဖြစ်နိုင်သော်လည်း စုန့်ယွီနှင့် ယောင်ယိကွမ်းတို့က မတူညီသောလမ်းများကို ရွေးချယ်ခဲ့ကြသည်။ နှစ်ယောက်သားသည် များသောအားဖြင့် ခေါင်းငြိမ့်နှုတ်ဆက်လေ့ရှိသည့် အသိအကျွမ်းများပင်။
"ခုနက သရုပ်ဆောင်တွေကို ဘယ်သူ ကဲ့ရဲ့တာလဲ။" သူ့မိသားစု၏ ပိုင်ဆိုင်မှုကို အမွေမဆက်ခံလိုသော ချမ်းသာသည့် ဒုတိယမျိုးဆက်ဖြစ်သူ စုန့်ယွီသည် 'ကစားရုံ…' ဟူသော စကားလုံးကို ကြားရသောအခါ ပေါက်ကွဲသွားသည်။ သူက ယောင်ယိကွမ်း နောက်ရှိလူများကို ကြည့်လိုက်၏။ "အရည်အချင်းရှိရင် မတ်တပ်ရပ်ပြီး ပြောလိုက်။ နောက်ကွယ်ကနေ ခိုးကြောင်ခိုးဝှက်လုပ်မနေနဲ့။"
ယောင်ယိကွမ်းနောက်ရှိ လူငယ်များသည် စုန့်ယွီက အလွန်မောက်မာသဖြင့် မခံမရပ်နိုင်ဖြစ်သွားကြသည်။ သူတို့က အကျီလက်ကို ခေါက်တင်ကာ စုန့်ယွီကို ဆဲဆိုရန် ဟန်ပြင်နေကြသည်။
"မင်းတို့အားလုံး ငါ့ကို ပြောခွင့်ပေးကြပါဦး။" ယောင်ယိကွမ်းက နောက်လှည့်ပြီး သူတို့ကို စိုက်ကြည့်လိုက်သည်။ "မစ္စတာလီက အဲဒီလူရဲ့ သူငယ်ချင်းကောင်းပဲ။"
ရန်ပွဲစရန် အဆင်သင့်ဖြစ်နေကြသော လူငယ်များသည် ရုတ်တရက် ရပ်တန့်သွားပြီး လီကျောင်းအပေါ်ထားသော သူတို့၏ အကြည့်များ ပြောင်းလဲသွားသည်။
ယောင်ယိကွမ်းရဲ့ဝမ်းကွဲနဲ့ မိတ်ဆွေဖြစ်နိုင်တဲ့သူက လွန်ဆန်ဖို့မဖြစ်နိုင်တဲ့ ဆရာသခင်တစ်ယောက် ဖြစ်ရမယ်။
"မစ္စတာလီ စားပြီးပြီလား။" ယောင်ယိကွမ်းက ပြုံးလိုက်၏။ "တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်ကောင်းကောင်းရခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။"
လီကျောင်းက အေးစက်စက်ကြည့်နေပြီး စကားပြန်မပြောချေ။ ယောင်ယိကွမ်းက ရန်ထင်းကို မည်ကဲ့သို့ ဆဲဆိုခဲ့သည်ကို တွေးမိသမျှကာလပတ်လုံး ယောင်ယိကွမ်းအတွက် ကောင်းမွန်သော ခံစားချက်မျိုး မရှိနိုင်ပေ။
သူ မျက်မှောင်ကြုတ်လိုက်သည်။ "မင်း ခုနက ပြောခဲ့တဲ့ ဝမ်းကွဲဆိုတာက… ရန်ထင်းလား။"
"မဟုတ်ဘူး။ မဟုတ်ဘူး။" ယောင်ယိကွမ်း က ကြောက်ရွံ့စွာဖြင့် ခေါင်းယမ်းလိုက်သည်။ "ငါက သူ့ကို ဝမ်းကွဲလို့ ဘယ်လိုလုပ် ခေါ်ရဲမှာလဲ။"
လီကျောင်း ရှေ့မှာသာ ပြောရဲရင် ရန်ထင်း သူ့ကို သတ်ပစ်လိမ့်မယ်။
ယောင်ယိကွမ်းသည် လီကျောင်းက သူ့အား မျက်နှာသာပေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။သူသည် ပျူငှာစွာဖြင့် လီကျောင်းအတွက် ငွေရှင်းရန် ကူညီပေးပြီး လီကျောင်းကို တံခါးဝဆီ လိုက်ပို့ပေးခဲ့သည်။ ထို့နောက် တံခါးအပြင်ဘက်တွင် ရပ်နေသည့် ရင်းနှီးသော အသွင်အပြင်ကို မြင်လိုက်ရ၏။
ရန်…ရန်ထင်းလား။ သူ ထိတ်လန့်တုန်လှုပ်စွာ နောက်ဆုတ်သွားပြီး ရန်ထင်းက သူ့ကို မတွေ့သွားစေရန် ပုန်းလိုက်သည်။
" ကျောင်းကျောင်း…" တကယ်တမ်း ရန်ထင်း၏မျက်လုံးထဲတွင် အခြားလူမရှိပေ။ သူက စုန့်ယွီအနားမှ ထွက်လာသည့် လီကျောင်းကိုသာ စိုက်ကြည့်နေခဲ့သည်။ ငါ မင်းကို လာကြိုပြီ…။
လီကျောင်းသည် ရန်ထင်းကိုမြင်သောအခါ ပြုံးပြီး လမ်းလျှောက်သွားခဲ့သည်။ "မင်းဘာလို့ ဒီကိုရောက်နေတာလဲ။"
"ဖြတ်သွားရင်းနဲ့ လမ်းကြုံလို့ ဝင်လာခဲ့တာ။"
ရန်ထင်းက စုန့်ယွီကို တစ်ချက်ကြည့်လိုက်သည်။ "ထမင်းကောင်းကောင်း စားပြီးပြီလား။"
"ဟုတ်ကဲ့။" လီကျောင်း ခေါင်းညိတ်လိုက်သည်။
'မင်း ဘာလို့ တခြားသူတွေနဲ့ ဓာတ်ပုံရိုက်ရတာလဲဆိုတာ မအံ့သြပါဘူး။'
ရန်ထင်းက မျက်လွှာချလိုက်သည်။ "အပြင်မှာ ပူတယ်။ ကားထဲကို အရင်သွားရအောင်။"
"ကောင်းပြီ။" လီကျောင်းက အဖွဲ့သားတွေကို နှုတ်ဆက်ပြီး ရန်ထင်းနှင့်အတူ ကားပေါ်တက်လိုက်သည်။
ကားထဲရှိ လေအေးပေးစက်ကြောင့် အပြင်ထက် ပို၍ သက်တောင့်သက်သာ ရှိပေသည်။
လီကျောင်းသည် ယောင်ယိကွမ်းနှင့်တွေ့ဆုံခဲ့ကြောင်း ရန်ထင်းကို မပြောပြခဲ့ပေ။ ရန်ထင်း မကြိုက်တဲ့ ဆွေမျိုးတွေအကြောင်း ပြောပြတာက ထင်းထင်းရဲ့ ကောင်းမွန်တဲ့ စိတ်အခြေအနေကို ထိခိုက်စေလိမ့်မယ်။
ဒါပါပဲ...
ယောင်ယိကွမ်းနဲ့ သူ့ရဲ့လူဆိုးသူငယ်ချင်းတွေ ထင်းထင်းကို ကြောက်ကြတာက သာမန်ထက် နည်းနည်းလေး ပိုနေသလိုပဲ။
***
နှစ်ရက်အကြာတွင် လီကျောင်းသည် မိုးကောင်းကင်ကျူးရင့်သံ ဒရာမာကို နိုင်ငံတော်ရုပ်သံလိုင်းတွင် ရက်အနည်းငယ်အတွင်း ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ဝဘ်ဆိုက် ပလက်ဖောင်းသုံးခုက မူပိုင်ခွင့်ကို ဝယ်ယူထားကြောင်း မိုးကောင်းကင်ကျူးရင့်သံ အဖွဲ့သားများထံမှ သတင်းရရှိခဲ့၏။ အဖွဲ့သားများသည် အခမ်းအနားပွဲ ကျင်းပမည်ဖြစ်ပြီး လီကျောင်းအား ပါဝင်ရန် ဖိတ်ကြားခဲ့သည်။
မိုးကောင်ကင်ကျူးရင့်သံအဖွဲ့သည် အလွန်အလေးအနက် ဖြစ်နေသောကြောင့် တခယ်သည် လီကျောင်းအား ပွဲကျင်းပသည့်နေရာသို့ စောစောစီးစီး ခေါ်သွားခဲ့သည်။ ဟိုတယ်ထဲ ဝင်လိုက်သည်နှင့် လီကျောင်းသည် မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်နေသည့် ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းကို တွေ့ကြုံလိုက်ရသည်။
ထိုမိန်းကလေးသည် လီကျောင်းနှင့် သိသူဖြစ်သည်။ သူမသည် ချန်ရှီးကြော်ငြာကို သူနှင့်အတူ ရိုက်ကူးခဲ့သော အကသမားငယ်လေးဖြစ်၏။ အနိုင်ကျင့်သူမှာလည်း လီကျောင်း သိသည့်သူ ဖြစ်၏။ သူသည် လွန်ခဲ့သော ရက်အနည်းငယ်က ယောင်ယိကွမ်းနောက်တွင် ရပ်နေသူတစ်ဦးဖြစ်သည်။
ကလေးမလေးက ဓာတ်လှေကားတံခါးနားတွင် ဝမ်းနည်းစွာ ငိုကြွေးနေသည်။ ဓာတ်လှေကားထဲမှ လီကျောင်း ထွက်လာသည်ကို သူမမြင်သည်နှင့် တွေးတောမနေဘဲ ပြေးလာပြီး လီကျောင်းနောက်တွင် ပုန်းနေလိုက်၏။
အရက်မူးနေသည့် ချမ်းသာသော ဒုတိယမျိုးဆက်လေးက လီကျောင်းကို ကြည့်လိုက်တယ်။ "လီကျောင်းလား။"
သူက နှာခေါင်းရှုံ့လိုက်သည်။ "ငါ့ကို မျက်နှာပေးပါဦး။ ငါ ဒီမိန်းကလေးကို သဘောကျတာမို့လို့ တခြားသူတွေရဲ့ ကိစ္စကို စိတ်ပူမနေနဲ့။"
"လူ့အဖွဲ့အစည်းရဲ့ အုပ်ချုပ်မှုအောက်မှာ အမျိုးသမီးတွေကို မဖွယ်မရာလုပ်ခိုင်းတာဟာ ဥပဒေနဲ့မညီဘူး။" လီကျောင်း၏လက်သည် သူ့နောက်မှ ကောင်မလေးကို ကာကွယ်ပေးထားသည်။ "ဟိုတယ်အပြင်ဘက်မှာ သတင်းထောက်တွေ အများကြီးရှိတယ်။ ဥပဒေချိုးဖောက်တယ်ဆိုပြီး အနုပညာသတင်းမှာ ပါလာချင်လား။"
မိန်းကလေးက အော်ဟစ်ငိုကြွေးလိုက်သည်။ "ကျွန်မရဲ့ အေးဂျင့်ပြောတာက စာချုပ်တစ်ခုအကြောင်း ပြောရုံပါပဲတဲ့၊ မမျှော်လင့်ထားတာက…...."
သူမသည် ကျောင်းမပြီးသေးသော မိန်းကလေးငယ်တစ်ဦးမျှသာဖြစ်၏။ ဤအခြေအနေနှင့် ကြုံရပြီးနောက် သူမ ထိတ်လန့်သွားပြီး လီကျောင်း၏ထွက်ပေါ်လာမှုက သူမ၏တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာခဲ့သည်။
"စာချုပ်အကြောင်းပြောရင် ရိုးသားဖို့ လိုတယ်။ ဒီစည်းမျဉ်းကို နားမလည်ဘူးလား။" ချမ်းသာသော ဒုတိယမျိုးဆက်က မိန်းကလေး၏လက်ကို ဆွဲရန် လက်လှမ်းလိုက်သော်လည်း လီကျောင်းက တွန်းဖယ်ပစ်လိုက်သည်။
"လီကျောင်း၊ ငါမင်းကိုထပ်ပြောမယ်၊ ငါ့ကိစ္စကို လာမရှုပ်နဲ့။" ဒုတိယမျိုးဆက်က အရက်သောက်ရင်း လေချဉ်တက်လိုက်သည်။ "ရှုရန်ထင်းပေါင်ကို ဖက်ထားတဲ့အတွက် မင်းအသိုင်းအဝိုင်းထဲမှာ ဝင်ဆန့်လိမ့်မယ်လို့ မတွေထားနဲ့။ ငါမင်းကိုပြောမယ်။ မင်းလိုမျိုး ကစားစရာလေးက တစ်ခါသုံးသာသာမို့ သုံးပြီးရင် စွန့်ပစ်ခံရမှာပဲ။ ရှုရန်ထင်းက မင်းကို ဘယ်လောက်ကြာကြာ ကာကွယ်ပေးမှာလဲ။"
စာရေးသူမှာ ပြောစရာရှိတယ်။
ဘေဘီထင်းထင်း : ကျောင်းကျောင်းက ကလေးမလေးတွေနဲ့သာမက တစ်ခြားအတန်းက ယောကျ်ားလေးတွေနဲ့ပါ ဓါတ်ပုံရိုက်ခဲ့တယ်။ ငါသူ့ကို သွားပြန်ခေါ်မှ ဖြစ်မယ်။
အလစ်တဲလေး နောက်ကျသွားတယ်။ ဟီးဟီး
(ဒီအပိုင်းမှာတော့ တစ်ယောက်တည်း ရှာလကာရည်သောက်နေတဲ့ထင်းထင်းကို မြင်ရမှာဖြစ်ပါတယ်။)
#5096words
#19.12.22