Zawgyi
အင္တာဗ်ဴး
ညေနစာစားခ်ိန္ေရာက္ေသာအခါ လီေက်ာင္းသည္ အႏူးညံ့ဆုံးအစ္မရွႏွင့္ စကားအမ်ားဆံုးရန္ထင္းကို ေတြ႕လိုက္ရ၏။ ညစာစားျပီးခ်ိန္အထိ ဘယ္သူကမွ လီေက်ာင္းေကာင္းေကာင္းေျဖနိုင္ခ့ဲလားဟူ၍ မေမးၾကေပ။ ထိုအေၾကာင္းေၾကာင့္ ေကာင္းေကာင္းေျဖဆိုနိုင္ခ့ဲသည့္ လီေက်ာင္းမွာ အနည္းငယ္ အထီးက်န္သလို ခံစားလိုက္ရသည္။
"ေမးခြန္းေတြကို ဘယ္လိုေျဖခဲ့လဲဆိုျပီး ဘာလို့ ကြ်န္ေတာ့္ကို မေမးတာလဲ။"
က်ဴးရွႏွင့္ အျခားသူမ်ားက ေမးခြန္းမေမးခင္ တစ္ေယာက္ကိုတစ္ေယာက္ ေစ့ေစ့စပ္စပ္ ၾကည့္လိုက္သည္။ "ဒါဆို မင္းဘယ္လိုေနလဲ။"
"ေျဖနိုင္တာေပါ့။" လီေက်ာင္းက ေခါင္းညိတ္လိုက္၏။ "ေမးခြန္းေတြအကုန္လံုးကို ေျဖခ့ဲတယ္။ ျပီးေတာ့ အ့ဲေမးခြန္းေတြက ကြ်န္ေတာ္နဲ႕ထင္းထင္း အတူတူေျဖျပီးသားေတြ။"
"ေကာင္းတယ္၊ ေကာင္းတယ္။" လူတိုင္း ျပံဳးေပ်ာ္ေနၾကသည္။ ထို႔ေနာက္ သူတို႔က ပို၍သက္ေတာင့္သက္သာျဖစ္သြားေအာင္ လက္ခုပ္တီးလိုက္ၾကသည္။
"အစ္ကိုတို႔ကို ၾကည့္ရတာ ကေလးေခ်ာ့ေနတ့ဲပံုနဲ႕။"
"ဘယ္ကသာ။" ခ်န္းေရွာင္ကြ်င္းက ရယ္လိုက္သည္။ "မင္းရဲ႕ေအာင္ျမင္မႈေတြအတြက္ ငါတို႔က ဂုဏ္ယူေနတာပါ။"
လူတိုင္းက ခဏတစ္ျဖဳတ္ စကားေျပာခ့ဲၾက၏။ထို႔ေနာက္ လီေက်ာင္း၏အနားယူမႈကို ထိခိုက္မည္စိုးသျဖင့္ ႏႈတ္ဆက္စကားေျပာကာ ထလိုက္ၾကသည္။
ညသည္ တိတ္ဆိတ္ေန၏။ လီေက်ာင္းသည္ သက္ေတာင့္သက္သာရွိေသာ ကုတင္ေပၚတြင္ လွဲေနေသာ္လည္း အိပ္မေပ်ာ္နိုင္ေပ။ သူ႕ဖုန္းကို လွမ္းကိုင္လိုက္ၿပီး ရန္ထင္းထံမွ မက္ေဆ့ခ်္တစ္ေစာင္ကို ေတြ႕လိုက္ရသည္။
[ရန္ထင္း : ေကာင္းေကာင္းအိပ္ေတာ့။ ဖုန္း မေဆာ့နဲ႕။]
လီေက်ာင္းသည္ အျပစ္ရွိသလို ခံစားမိျပီး လက္ျပန္ရုတ္လိုက္သည္။
သူ၏ဦးေႏွာက္ထဲတြင္ ဓာတုေဗဒ၊ ႐ူပေဗဒ ေဖာ္ျမဴလာအမ်ိဳးအစားအားလံုးႏွင့္ အဂၤလိပ္ စကားလုံးမ်ားစြာျဖင့္ ျပည့္ႏွက္ေနသည္။ သူ တစ္ခဏမ်ွ လူးလြန္႔ေနျပီး ေနာက္ဆံုးတြင္ အိပ္ေမာက်သြား၏။ ထို႔ေနာက္ အိပ္မက္ထဲသို႔ က်ေရာက္သြားသည္။ လီေက်ာင္းသည္ စာေမးပြဲခန္းထဲတြင္ ထိုင္ရင္း ေမးခြန္းတစ္ခုကို မေျဖနိုင္ဘဲ က်န္ခ့ဲျပီး နာမည္ႏွင့္ ခံုနံပါတ္ေရးရန္ ေမ့သြားသည္ဟု အိပ္မက္မက္ခ့ဲသည္။
"ကံေကာင္းလို႔။ ဒါက အိပ္မက္တစ္ခုပဲ။" သူသည္ အိပ္ရာမွ ျဖည္းညင္းစြာ ထလိုက္ျပီး စားဖိုမႉးေဒၚေလး၏ ခ်စ္ျခင္းေမတၱာအျပည့္ျဖင့္ ျပင္ဆင္ေပးထားေသာ နံနက္စာကို စားကာ အလံနီစိုက္ထားသည့္ 666 ကားေပၚတြင္ ထိုင္လ်က္ စာေမးပြဲခန္းသို႔ သြားခဲ့သည္။
နံနက္ပိုင္းစာေမးပြဲၿပီးေသာအခါ၊ လီေက်ာင္း သည္ သတင္းေထာက္ႏွင့္ မေတြ႕ဆုံေစရန္အတြက္ လူအုပ္ၾကီးႏွင့္ တမင္ေရာေႏွာကာ အျပင္သို႔ ထြက္ခဲ့သည္။
“ဒီေက်ာင္းသားေလး၊ ခြင့္ျပဳပါဦး…”
မ်က္လုံးႏွစ္လုံး ေတြ႕ဆုံသြားျပီး သတင္းေထာက္က အသံတိတ္သြားလ်က္ လီေက်ာင္းကလည္း တိတ္ဆိတ္ေနခ့ဲ၏။
မင္းပဲလား။ ဘယ္လိုျဖစ္လို႔ မင္းပဲ ထပ္ျဖစ္ေနရတာလဲ။
“ကံၾကမၼာအရ ဆံုေတြ႕ၾကတာဆိုေတာ့ စကားနည္းနည္းေလာက္ ေျပာေပးပါဦး။" သတင္းေထာက္က သူ႕ကံတရားကို လက္ခံလိုက္သည္။ သူသည္ ျမိဳ႕ေတာ္႐ုပ္သံဌာန၏ သတင္းေထာက္တစ္ဦးျဖစ္၏။ ႏွစ္စဥ္ႏွစ္တိုင္း တကၠသိုလ္ဝင္ခြင့္စာေမးပြဲသည္ တစ္နိုင္ငံလံုး၏ ဂရုျပဳမႈကို ခံရေလ့ရွိသည္။ သူသည္ ေျဖဆိုသူတစ္ေယာက္တည္းကို သုံးႀကိမ္ဆက္တိုက္ အင္တာဗ်ဴးခ့ဲျပီး တူညီေသာေမးခြန္းကိုသာ ေမးခ့ဲရသည္။
“ေမးခြန္းေတြအကုန္လံုး ေျဖခ့ဲတယ္။ အဆင္ေျပပါတယ္၊ သိပ္ေတာ့မခက္ပါဘူး။”
လီေက်ာင္း၏စကားလံုးမ်ားက ၾကြားလံုးထုတ္ေနသက့ဲသို႔ပင္။
သတင္းေထာက္က သူ႕အား အခက္ေတြ႕ေအာင္ မလုပ္ေပ။ "ေန႕လယ္ပိုင္းက်ရင္လည္း ထူးထူးျခားျခားစြမ္းေဆာင္နိုင္ျပီးေတာ့ အမွတ္ေကာင္းေကာင္းရပါေစလို႔ ဆုေတာင္းေပးပါတယ္။"
ေန႔လယ္ခင္း အဂၤလိပ္စာေမးပြဲ၏ အၾကားစြမ္းရည္စစ္ေဆးေနစဥ္ကာလအတြင္း လီေက်ာင္သည္ ယခုနွစ္၏ listening ေမးခြန္းမ်ားက ယမန္ႏွစ္ကထက္ ပိုလြယ္ကူေၾကာင္း ေတြ႕ရွိခ့ဲသည္။ ရန္ထင္းက အိမ္အကူမ်ားအား သူႏွင့္ ဆက္ဆံရာတြင္ အဂၤလိပ္လိုေျပာခိုင္းသျဖင့္ သူ၏အဂၤလိပ္စာအေျပာစြမ္းရည္ အလြန္တိုးတက္လာခ့ဲ၏။ ဟုတ္တာေပါ့၊ အရာရာကို ဘဝကေန သင္ယူရတာပဲေလ။ အဂၤလိပ္စာကလည္း အ့ဲလိုပဲေပါ့။
သူ႔ညာဘက္တြင္ ထိုင္ေနသည့္ေျဖဆိုသူသည္ အေျဖမွန္ေရြးသည့္ေမးခြန္းမ်ားကို အသည္းအသန္ဖတ္ေနျပီး မ်က္လုံးမွိတ္ေခါင္းညိတ္ကာ စာ႐ြက္ေပၚတြင္ စာအနည္းငယ္ေရးေနခဲ့သည္။ သူ၏သာမန္ကာလ်ံွကာ ျပဳမူပံုမွာ အပူအပင္ကင္းမ့ဲသည့္ ဗုဒၶဘာသာဝင္အလားပင္။
(စာမရလို႔ နံၾကားေထာက္ေျဖေနတာန့ဲတူတယ္)
ေနာက္ဆုံးစာေမးပြဲအၿပီးတြင္ လီေက်ာင္း သည္ maskႏွင့္ ဦးထုပ္ေဆာင္းကာ စာေမးပြဲခန္းမွ ထြက္လာခဲ့၏။ သူသည္ အသံတိတ္ ၾကိတ္ငိုေနေသာ ေျဖဆိုသူတစ္ေယာက္ႏွင့္ သူမကို ႏွစ္သိမ့္ေပးေနသည့္လူတစ္ေယာက္ကို ျမင္ေတြ႕ခ့ဲသည္။ ေပ်ာ္႐ႊင္ေနပါေစ ဝမ္းနည္းေနပါေစ လူငယ္မ်ား၏မ်က္ႏွာထက္တြင္ ေမ်ွာ္လင့္ခ်က္အျပည့္ျဖစ္ေနေသာ မ်က္ဝန္းမ်ားကို ေတြ႕နိုင္ေပသည္။
လီေက်ာင္းက ရပ္တန္႔ကာ ဂင္ဂိုပင္၏ စိမ္းလန္းစိုျပည္ေနေသာ သစ္႐ြက္မ်ားကို ေငးၾကည့္လိုက္သည္။ ထိုအခ်ိန္တြင္ သူ႔မ်က္လံုးမ်ားသည္ တလက္လက္ေတာက္ပေနျပီး မ်က္ရည္အခ်ိဳ႕ စီးက်လာခ့ဲသည္။
"သြားၾကစို႔၊ ဒီည ကားေမာင္းထြက္ၾကမယ္။"
“မနက္ျဖန္က်ရင္ အတန္းရဲ႕ မိတ္ဆံုစားပြဲရွိတယ္ေနာ္။ မေမ့ၾကနဲ႕ဦး။"
လီေက်ာင္းက အေဝးသို႔ေရာက္သြားေသာ ေယာက္်ားေလးမ်ားကို လွမ္းၾကည့္ျပီး ေျဖဆိုသူမ်ား ပစ္ခ်ထားခ့ဲသည့္အမိႈက္တစ္ခ်ိဳ႕ကို ေကာက္ယူရန္ ငံု႔လိုက္၏။ ထို႔ေနာက္ အမိႈက္မ်ားကို အမွိုက္ပုံးထဲသို႔ ထည့္လိုက္သည္။ မနက္ပိုင္းကေျဖဆိုသူႏွင့္ ထပ္မေတြ႕ေစရန္အတြက္ သတင္းေထာက္သည္ ေနာက္က်သည့္အခ်ိန္ကို တမင္ေရြးျပီး ေနာက္က်မွထြက္လာသည့္ ေျဖဆိုသူမ်ားကို အင္တာဗ်ဴးခ့ဲသည္။
လူေပါင္းမ်ားစြာကို အင္တာဗ်ဴးၿပီးေနာက္ သူသည္ mask တပ္ထားသည့္ ေျဖဆိုသူႏွင့္ ဆံုေတြ႕ျပန္သည္။
"ေတြ႕ျပီဆိုမွေတာ့ ေမးၾကတာေပါ့။" လီေက်ာင္းက တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္၏။ ေနာက္ဆုံးစာေမးပြဲၿပီးသြားသည့္အတြက္ သူ စိတ္ေကာင္းဝင္ေနခ့ဲသည္။
သတင္းေထာက္ “……”
ဘယ္လိုပဲလုပ္လုပ္ ဆုံတာပဲလား။ ဒါက ဘယ္လိုကံၾကမၼာမ်ိဳးလဲ။
“ဒါဆို စာေမးပြဲနဲ႕ မဆိုင္တဲ့ ေမးခြန္းတစ္ခု ေမးမယ္။ ဘာလို႔ စာေမးပြဲေျဖတိုင္း mask တပ္ျပီး ဦးထုပ္ေဆာင္းထားတာလဲ။"
“ဒါဟာ ေနေရာင္ျခည္ကို ကာကြယ္တဲ့သေဘာပါပဲ။ ကြ်န္ေတာ္က အသားမညိဳခ်င္ဘူးေလ။"
"တကၠသိုလ္ေရာက္တဲ႕အခါ ေကာင္မေလးရေအာင္လို႔လား။"
"မဟုတ္ပါဘူး၊ မွန္ၾကည့္တ့ဲအခါ စိတ္မညစ္ရေအာင္လို႔ပါ။"
သတင္းေထာက္က ထိုစကားဝိုင္းကို ဆက္မေျပာနိုင္ေတာ့ဟု ခံစားလိုက္ရသည္။
"ငါတို႔က ခဏခဏ ေရစက္ပါေနတာဆိုေတာ့ မင္းရဲ႕mask ကိုခြ်တ္ျပီး မ်က္ႏွာကို ရိုက္ကူးခြင့္ ျပဳနိုင္မလား။" သတင္းေထာက္က သူ႕ဦးေႏွာက္ နည္းနည္းေခ်ာင္သြားျပီဟု ေတြးမိသြား၏။ သူ ဘာလို႔ ဒီလိုေတာင္းဆိုခ့ဲမိတာလဲ။
"မရေလာက္ဘူးထင္တယ္။" လီေက်ာင္းက ေျဖဆိုသူမ်ားႏွင့္ မိဘမ်ားကို လွည့္ပတ္ၾကည့္ရႈၿပီး ေခါင္းယမ္းလိုက္သည္။ “ဒီမွာ လုံၿခဳံေရး လုံလုံေလာက္ေလာက္ မရွိမွာစိုးတယ္။”
သတင္းေထာက္ “……”
ဤေျဖဆိုသူက ႂကြားလုံးထုတ္ျခင္းကို ႏွစ္သက္ေၾကာင္း သူသိေသာ္လည္း ဤအတိုင္းအတာအထိ ျဖစ္လိမ့္မည္ဟု သူ မေမွ်ာ္လင့္ထားေပ။ သူ႕မ်က္ႏွာကို ျပတာက အုတ္ေအာ္ေသာင္းတင္း ျဖစ္ေစနိုင္လို႔လား။ ဒီလူက သူ႕ကိုယ္သူ အရမ္းအရမ္း နာမည္ၾကီးတ့ဲ စတားတစ္ေယာက္လို႔ ထင္ေနတာလား။
သတင္းေထာက္က ေျခာက္ကပ္ကပ္ အၿပဳံးျဖင့္ လီေက်ာင္းႏွင့္ လက္ဆြဲႏႈတ္ဆက္လိုက္၏။ "စာေမးပြဲမွာ ရလဒ္ေကာင္းပါေစလို႔ ဆုေတာင္းပါတယ္။"
"ေက်းဇူးတင္ပါတယ္။"
သတင္းေထာက္က အသံသြင္းကိရိယာကို ပိတ္ကာ “ဒီေခတ္ကေလးေတြက ဘယ္လိုဟန္ေဆာင္ရမလဲဆိုတာကို ေတာ္ေတာ္သိၾကတာပဲ။" ဟု ကင္မရာမန္းကို ေျပာလိုက္သည္။
ရုပ္သံဌာနကို ျပန္သည့္အခ်ိန္၌ သတင္းေထာက္က Weibo တြင္ ပိုစ့္တစ္ခု တင္လိုက္သည္။
ေနာက္က်တဲ့ထိမေနခ်င္ဘူး : စာေမးပြဲေလးႀကိမ္ဆက္တိုက္ေျဖတာကို ေျဖတိုင္းေျဖတိုင္း ေျဖဆိုသူတစ္ေယာက္တည္းကို အင္တာဗ်ဴးမိခ့ဲတယ္။ ဘယ္လိုေရစက္မ်ိဳးလဲ။
ရုပ္သံဌာနက ႏွစ္ရက္တာ အင္တာဗ်ဴးခ့ဲသည့္ အေၾကာင္းအရာမ်ားကို တည္းျဖတ္ခ့ဲသည္။ ဒါရိုက္တာက ေျဖဆိုသူတစ္ေယာက္တည္းကို ေလးၾကိမ္ဆက္တိုက္ အင္တာဗ်ဴးမိျခင္းက စိတ္ဝင္စားစရာေကာင္းသည္ဟု ယူဆခ့ဲ၏။ ထိုအင္တာဗ်ဴးေလးခုကို အစီအစဥ္တြင္ ထည့္သြင္းေဖာ္ျပရံုသာမက တရားဝင္ Weibo တြင္လည္း ပိုစ့္တင္လိုက္သည္။
ဤပရိုဂရမ္သည္ အေသးအဖြဲအေၾကာင္းအရာေလးမ်ား ေဖာ္ျပရသည္ကို ႏွစ္သက္ၿပီး အဓိကပစ္မွတ္ထားေသာပရိသတ္မွာ အသက္ငါးဆယ္ေက်ာ္အရြယ္မ်ားျဖစ္၏။ ထို႔ေၾကာင့္ Weibo ကို ဘယ္သူကမွ အေရးမစိုက္ဘဲ ရရွိေသာ likeႏွင့္ comment အားလံုးမွာ ရိုက္ကူးေရးအဖြဲ႕အတြင္းရွိ လူမ်ားထံမွ ျဖစ္သည္။
ဤတစ္ခါတြင္လည္း ဗီဒီယိုတင္ၿပီးေနာက္ ကံၾကမၼာက မေျပာင္းလဲေခ်။ လူတိုင္းက ဂရုမစိုက္ၾကေပ။ တကၠသိုလ္ဝင္ခြင့္ စာေမးပြဲ ၿပီးဆုံးခ်ိန္တြင္ လူအမ်ားေစာင့္ၾကည့္ေနၾကသည့္ ေျဖဆိုသူအခ်ိဳ႕ ရွိေပလိမ့္မည္။ ဤတစ္ၾကိမ္တြင္လည္း နာမည္ၾကီးေနသည့္ ေျဖဆိုသူမ်ား ရွိျပီး ၎က ေဘးတိုက္ပံုတစ္ပံုမွ အစျပဳလာျခင္းျဖစ္သည္။
ဘုရားသခင္ေကာင္းခ်ီးေပးေတာ္မူပါ : ငါ ေနာက္ဆုံးစာေမးပြဲ ေျဖျပီးသြားေတာ့ စာေမးပြဲခန္းအျပင္ဘက္မွာ လူေခ်ာေလးတစ္ေယာက္နဲ႕ ေတြ႕ခဲ့တယ္။ သူ႕ေျခဖ်ားကေန လည္ပင္းအထိပဲ။ [ဓာတ္ပုံ]
ဓာတ္ပုံထဲရွိလူငယ္က ရိုးရိုးတီရွပ္အျဖဴဝတ္ထားျပီး mask တပ္ကာ ဦးထုပ္ေဆာင္းထား၏။ သူသည္ ဂင္ဂိုပင္ကို ေငးေမာၾကည့္ေနၿပီး ေ႐ႊေရာင္အလင္းတန္းက သူ႕ဆံပင္တစ္ဝိုက္ကို ဖံုးအုပ္ထားကာ မ်က္ေတာင္ရွည္မ်ားက တဖ်က္ဖ်က္လက္လ်က္ ေ႐ႊဝါေရာင္ေတာက္ေနခ့ဲသည္။
သိပ္မၾကာခင္ ထိုဓာတ္ပုံက နာမည္ၾကီးလာခ့ဲသည္။
“က်ဲက်ဲေရ၊ ငါက ဒီလူေခ်ာေလးနဲ႕ စာေမးပြဲခန္းတစ္ခန္းတည္း က်ခ့ဲတာ။ သူက ဒုတိယတန္းမွာ ထိုင္ရတာ၊ သူ႕ေျခေထာက္ေတြက တကယ္ရွည္တယ္။ သူ႕လက္ေတြကလည္း အရမ္းလွတာပဲ။”
“ဒီဓာတ္ပုံက တကယ္ကို ရင္သပ္ရႈေမာဖြယ္ရာဆိုေပမယ့္ သူ႕မ်က္ႏွာကို တင္းတင္းၾကပ္ၾကပ္ ဖုံးအုပ္ထားေတာ့ သူက ႐ုပ္ေခ်ာလား ႐ုပ္ဆိုးလား မေျပာတတ္ဘူး။ ငါသိတာကေတာ့ သူ႕မ်က္လုံးေတြက လွပၿပီး သူ႕ေျခေထာက္ေတြက ရွည္တယ္။"
"ေနေရာင္ေအာက္မွာ ေနပူစာလႈံေနတ့ဲ ေကာင္ေခ်ာေလးပဲ။ အ့ဲဒါေတာ့ ငါေျပာနိုင္တယ္။"
"က်ဲက်ဲတို႔ေရ၊ 'The Things Around You 'ဆိုတ့ဲ page ကို သြားပါ။ အ့ဲမွာ အံ့ၾသစရာတစ္ခုရွိတယ္။”
လူေခ်ာေလး၏ ဆြဲေဆာင္မႈေၾကာင့္ ျဖတ္သြားျဖတ္လာမ်ားသည္ ေဒသပိုင္ရုပ္သံဌာန၏ တရားဝင္ Weibo သို႔ ေျပးၾကသည္။ The Things Around You V - စာေမးပြဲေလးၾကိမ္ ေျဖရတ့ဲ ႏွစ္ရက္အတြင္းမွာ ေျဖျပီးတိုင္း ေျဖျပီးတိုင္း တူညီတ့ဲလူတစ္ေယာက္တည္းကို အင္တာဗ်ဴးမိသြားတယ္။ [ဗီဒီယို]
“ဒါက ဒီႏွစ္ တကၠသိုလ္ဝင္ခြင့္စာေမးပြဲရဲ႔ခက္ခဲမႈဆိုရင္ ကြ်န္ေတာ့္အတြက္ကေတာ့ သိပ္မခက္ဘူးလို႔ေျပာရမွာပဲ။"
"ကြၽန္ေတာ္ အေကာင္းဆုံးႀကိဳးစားၿပီးျပီဆိုေတာ့ ကံတရားပဲေပါ့။"
“ေမးခြန္းေတြအကုန္လံုး ေျဖခ့ဲတယ္။ အဆင္ေျပပါတယ္၊ သိပ္ေတာ့မခက္ပါဘူး။”
"မဟုတ္ပါဘူး၊ မွန္ၾကည့္တ့ဲအခါ စိတ္မညစ္ရေအာင္လို႔ပါ။"
အင္တာဗ်ဳးဗီဒီယိုကိုၾကည့္ၿပီးေနာက္ အင္တာနက္အသုံးျပဳသူမ်ားက ရယ္ေမာခဲ့ၾကသည္။
"ဒီေမာင္ေလးက ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈေတြျပည့္ႏွက္ေနတာပဲ။"
"သူ အေကာင္းဆုံးႀကိဳးစားၿပီးျပီဆိုေတာ့ ကံတရားပဲေပါ့ တ့ဲ။ ဟားဟားဟား၊ သတင္းေထာက္ေတာ့ ျပိဳလဲခ်င္ေနေလာက္ျပီ။"
“ငါ့ရဲ႔ဝမ္းကြဲက ဒီႏွစ္စာေမးပြဲကို ဝင္ေျဖခ့ဲတယ္။ သူက သခၤ်ာေမးခြန္းေတြက အရမ္းခက္တာပဲဆိုျပီး ငိုယိုၿပီး ျပန္လာတယ္ေလ။ ဒီအစ္ကိုက အရမ္းတည္ၿငိမ္လြန္းတယ္။"
“သူက လူဖ်င္းတစ္ေယာက္ ဒါမွမဟုတ္ ဉာဏ္ၾကီးရွင္တစ္ေယာက္ ျဖစ္လိမ့္မယ္။ အ့ဲလိုလူမ်ိဳးကပဲ ဒီပံုစံေနနိုင္တာ။"
“ရယ္စရာအေကာင္းဆုံးက စတုတၳေျမာက္အင္တာဗ်ဴးပဲ။ သူတို႔ထပ္ေတြ႕တာကို အ့ဲဒီေမာင္ေလးသိတာနဲ႕ ကူကယ္ရာမ့ဲျဖစ္သြားျပီး သူကသတင္းေထာက္ကို အေၾကာင္းျပခ်က္မရွိဘဲ ျပသနာလာရွာတ့ဲ တေစၧတစ္ေကာင္လို ၾကည့္ေနတာ။"
“ငါက တကယ့္ကို ပြဲရွာခ်င္တာ မဟုတ္ရပါဘူး။ လီေက်ာင္းရဲ႕ ပရိတ္သတ္တစ္ေယာက္လည္း မဟုတ္ပါဘူး။ ဒါေပမ့ဲ ငါ့နွလံုးသားထဲမွာ ဟိုးအရင္ကတည္းက စြဲစြဲျမဲျမဲ မွတ္မိေနတ့ဲ ပံုသဏၭာန္တစ္ခုရွိတယ္။ ဒီေမာင္ေလးရဲ႕မ်က္လုံးေတြက လီေက်ာင္းနဲ႕ အရမ္းဆင္တူတယ္လို႔ တစ္ေယာက္ေယာက္က ေတြးမိၾကေသးလား။"
“နည္းနည္းေတာ့ တူတယ္။ သတင္းေထာက္က သူနဲ႕ ဘာလို႔ အခ်ိန္တိုင္း ေတြ႕ေနလဲဆိုတာ နားလည္နိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီေကာင္ေလးရဲ႕ပင္ကိုယ္စရိုက္က လူၾကားထဲမွာ ထင္းထြက္ေနတာေလ။ အရမ္းထင္ရွားလြန္းတယ္။"
"လီေက်ာင္းက ႐ုပ္ရွင္ရိုက္ေနတာမဟုတ္ဘူးလား။ ဒီႏွစ္ စာေမးပြဲ ေျဖဆိုမယ့္ အႏုပညာရွင္ စာရင္းမွာလည္း မပါပါဘူး။ ဒီလူက ႐ုပ္ခ်င္းဆင္တာမလား။”
မူလက လီေက်ာင္း ပရိသတ္မ်ားသည္ ပြဲၾကည့္ရန္ လာေရာက္ခဲ့ၾကေသာ္လည္း ဗီဒီယိုကိုၾကည့္ၿပီးေနာက္ စကားမေျပာရဲေတာ့ေခ်။ သူတို႔သည္ ဘယ္က ၾကည့္ၾကည့္၊ ညာကၾကည့္ၾကည့္၊ အေပၚကၾကည့္ၾကည့္၊ ေအာက္ကၾကည့္ၾကည့္ ဦးထုပ္နွင့္ mask တပ္ထားေသာ ဤလူငယ္ေလးသည္ သူတို႔၏ေဘဘီေလးႏွင့္ တူသည္ဟု ခံစားလိုက္ရသည္။
လီေက်ာင္း၏အဖြဲ႕သည္ ေက်ာင္းေက်ာင္း တကၠသိုလ္ဝင္ခြင့္စာေမးပြဲ ေျဖဆိုမည့္သတင္းကို တစ္ခါမွ် မေၾကညာခဲ့ဘဲ ေက်ာင္းေက်ာင္း အတြက္ ျပသနာျဖစ္ေစမည္ကို စိုးရိမ္၍ ဝင္မေျပာဝံ့ၾကေပ။
လီပရိသတ္မ်ားက ထိုအေၾကာင္းကို မေျပာၾကေသာ္လည္း မားကတ္တင္းအေကာင့္မ်ားက သိကၡာေစာင့္ထိန္းမႈမရွိေပ။ သူတို႔က ပို႔စ္ကို ထပ္ဆင့္ share ကာ နာမည္ၾကီးလာေအာင္ ဖန္တီးေတာ့သည္။
# လီေက်ာင္း တကၠသိုလ္ဝင္ခြင့္စာေမးပြဲ #
# လီေက်ာင္းနဲ႕ဆင္တူျပီး ေခ်ာေမာတ့ဲေကာင္ေလးတစ္ေယာက္ စာေမးပြဲခန္းမွာ ေပၚလာတယ္ #
#အေခ်ာဆုံး စာေမးပြဲေျဖဆိုသူ #
# လီေက်ာင္း : ကြ်န္ေတာ္ အေကာင္းဆုံး လုပ္ခဲ့ပါတယ္။ ကံတရားအတိုင္းပဲေပါ့။ #
ဆက္စပ္အေၾကာင္းအရာမ်ားသည္ စိတ္လႈပ္ရွားစရာ အေၾကာင္းအရာမ်ားႏွင့္ ျပည့္ႏွက္ေနၿပီး ေလာ့ရုန္၊ က်န္းေရွာင္ယြမ္တို႔ႏွင့္ ေကာင္းမြန္ေသာ ဆက္ဆံေရးရွိသည့္ မီဒီယာမ်ားက အဆိုပါသတင္းႏွင့္ပတ္သက္၍ ေမးျမန္းရန္ ဖုန္းေခၚဆိုခဲ့ၾက၏။ သို႔ေသာ္ လူႏွစ္ေယာက္က ထိုဖုန္းမ်ားကို ပိတ္ထားၾကသည္။
ယခုႏွစ္ တကၠသိုလ္ဝင္ခြင့္ စာေမးပြဲတြင္ ပါဝင္သည့္ အႏုပညာရွင္မ်ားသည္ လီေက်ာင္း၏ ဖိနွိပ္မႈကို ခံခဲ့ရၿပီး ေစ်းကြက္ရွာေဖြေရးအတြက္ ပိုက္ဆံ မသံုးလိုက္ရေပ။ ကံၾကမၼာကိုသာ ယိုးမယ္ဖြဲ႕ရေပေတာ့သည္။
(ဒီအပိုင္းက အရွည္ၾကီးပဲ။ ေရးရင္းေရးရင္းနဲ႕ မျပီးနိုင္ေတာ့လို႔ တစ္ဝက္အရင္တင္ေပးလိုက္ပါတယ္။ ဒီ novel ေလးကို review ေရးေပးတ့ဲ ေရွာင့္ယီြကို ေက်းဇူးတင္ပါတယ္။ ျပီးေတာ့ ဒါေလးျပီးဖို႔ကို အဘြားၾကီးျဖစ္တ့ဲထိေစာင့္စရာမလိုပါဘူးလို႔ စာဖတ္သူေလးကို ေျပာခ်င္ပါတယ္။ 😅😅 )
#4344words
#24.10.22
Unicode
အင်တာဗျူး
ညနေစာစားချိန်ရောက်သောအခါ လီကျောင်းသည် အနူးညံ့ဆုံးအစ်မရှနှင့် စကားအများဆုံးရန်ထင်းကို တွေ့လိုက်ရ၏။ ညစာစားပြီးချိန်အထိ ဘယ်သူကမှ လီကျောင်းကောင်းကောင်းဖြေနိုင်ခဲ့လားဟူ၍ မမေးကြပေ။ ထိုအကြောင်းကြောင့် ကောင်းကောင်းဖြေဆိုနိုင်ခဲ့သည့် လီကျောင်းမှာ အနည်းငယ် အထီးကျန်သလို ခံစားလိုက်ရသည်။
"မေးခွန်းတွေကို ဘယ်လိုဖြေခဲ့လဲဆိုပြီး ဘာလို့ ကျွန်တော့်ကို မမေးတာလဲ။"
ကျူးရှနှင့် အခြားသူများက မေးခွန်းမမေးခင် တစ်ယောက်ကိုတစ်ယောက် စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ "ဒါဆို မင်းဘယ်လိုနေလဲ။"
"ဖြေနိုင်တာပေါ့။" လီကျောင်းက ခေါင်းညိတ်လိုက်၏။ "မေးခွန်းတွေအကုန်လုံးကို ဖြေခဲ့တယ်။ ပြီးတော့ အဲ့မေးခွန်းတွေက ကျွန်တော်နဲ့ထင်းထင်း အတူတူဖြေပြီးသားတွေ။"
"ကောင်းတယ်၊ ကောင်းတယ်။" လူတိုင်း ပြုံးပျော်နေကြသည်။ ထို့နောက် သူတို့က ပို၍သက်တောင့်သက်သာဖြစ်သွားအောင် လက်ခုပ်တီးလိုက်ကြသည်။
"အစ်ကိုတို့ကို ကြည့်ရတာ ကလေးချော့နေတဲ့ပုံနဲ့။"
"ဘယ်ကသာ။" ချန်းရှောင်ကျွင်းက ရယ်လိုက်သည်။ "မင်းရဲ့အောင်မြင်မှုတွေအတွက် ငါတို့က ဂုဏ်ယူနေတာပါ။"
လူတိုင်းက ခဏတစ်ဖြုတ် စကားပြောခဲ့ကြ၏။ထို့နောက် လီကျောင်း၏အနားယူမှုကို ထိခိုက်မည်စိုးသဖြင့် နှုတ်ဆက်စကားပြောကာ ထလိုက်ကြသည်။
ညသည် တိတ်ဆိတ်နေ၏။ လီကျောင်းသည် သက်တောင့်သက်သာရှိသော ကုတင်ပေါ်တွင် လှဲနေသော်လည်း အိပ်မပျော်နိုင်ပေ။ သူ့ဖုန်းကို လှမ်းကိုင်လိုက်ပြီး ရန်ထင်းထံမှ မက်ဆေ့ချ်တစ်စောင်ကို တွေ့လိုက်ရသည်။
[ရန်ထင်း : ကောင်းကောင်းအိပ်တော့။ ဖုန်း မဆော့နဲ့။]
လီကျောင်းသည် အပြစ်ရှိသလို ခံစားမိပြီး လက်ပြန်ရုတ်လိုက်သည်။
သူ၏ဦးနှောက်ထဲတွင် ဓာတုဗေဒ၊ ရူပဗေဒ ဖော်မြူလာအမျိုးအစားအားလုံးနှင့် အင်္ဂလိပ် စကားလုံးများစွာဖြင့် ပြည့်နှက်နေသည်။ သူ တစ်ခဏမျှ လူးလွန့်နေပြီး နောက်ဆုံးတွင် အိပ်မောကျသွား၏။ ထို့နောက် အိပ်မက်ထဲသို့ ကျရောက်သွားသည်။ လီကျောင်းသည် စာမေးပွဲခန်းထဲတွင် ထိုင်ရင်း မေးခွန်းတစ်ခုကို မဖြေနိုင်ဘဲ ကျန်ခဲ့ပြီး နာမည်နှင့် ခုံနံပါတ်ရေးရန် မေ့သွားသည်ဟု အိပ်မက်မက်ခဲ့သည်။
"ကံကောင်းလို့။ ဒါက အိပ်မက်တစ်ခုပဲ။" သူသည် အိပ်ရာမှ ဖြည်းညင်းစွာ ထလိုက်ပြီး စားဖိုမှူးဒေါ်လေး၏ ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ပြင်ဆင်ပေးထားသော နံနက်စာကို စားကာ အလံနီစိုက်ထားသည့် 666 ကားပေါ်တွင် ထိုင်လျက် စာမေးပွဲခန်းသို့ သွားခဲ့သည်။
နံနက်ပိုင်းစာမေးပွဲပြီးသောအခါ၊ လီကျောင်း သည် သတင်းထောက်နှင့် မတွေ့ဆုံစေရန်အတွက် လူအုပ်ကြီးနှင့် တမင်ရောနှောကာ အပြင်သို့ ထွက်ခဲ့သည်။
“ဒီကျောင်းသားလေး၊ ခွင့်ပြုပါဦး…”
မျက်လုံးနှစ်လုံး တွေ့ဆုံသွားပြီး သတင်းထောက်က အသံတိတ်သွားလျက် လီကျောင်းကလည်း တိတ်ဆိတ်နေခဲ့၏။
မင်းပဲလား။ ဘယ်လိုဖြစ်လို့ မင်းပဲ ထပ်ဖြစ်နေရတာလဲ။
“ကံကြမ္မာအရ ဆုံတွေ့ကြတာဆိုတော့ စကားနည်းနည်းလောက် ပြောပေးပါဦး။" သတင်းထောက်က သူ့ကံတရားကို လက်ခံလိုက်သည်။ သူသည် မြို့တော်ရုပ်သံဌာန၏ သတင်းထောက်တစ်ဦးဖြစ်၏။ နှစ်စဉ်နှစ်တိုင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသည် တစ်နိုင်ငံလုံး၏ ဂရုပြုမှုကို ခံရလေ့ရှိသည်။ သူသည် ဖြေဆိုသူတစ်ယောက်တည်းကို သုံးကြိမ်ဆက်တိုက် အင်တာဗျူးခဲ့ပြီး တူညီသောမေးခွန်းကိုသာ မေးခဲ့ရသည်။
“မေးခွန်းတွေအကုန်လုံး ဖြေခဲ့တယ်။ အဆင်ပြေပါတယ်၊ သိပ်တော့မခက်ပါဘူး။”
လီကျောင်း၏စကားလုံးများက ကြွားလုံးထုတ်နေသကဲ့သို့ပင်။
သတင်းထောက်က သူ့အား အခက်တွေ့အောင် မလုပ်ပေ။ "နေ့လယ်ပိုင်းကျရင်လည်း ထူးထူးခြားခြားစွမ်းဆောင်နိုင်ပြီးတော့ အမှတ်ကောင်းကောင်းရပါစေလို့ ဆုတောင်းပေးပါတယ်။"
နေ့လယ်ခင်း အင်္ဂလိပ်စာမေးပွဲ၏ အကြားစွမ်းရည်စစ်ဆေးနေစဉ်ကာလအတွင်း လီကျောင်သည် ယခုနှစ်၏ listening မေးခွန်းများက ယမန်နှစ်ကထက် ပိုလွယ်ကူကြောင်း တွေ့ရှိခဲ့သည်။ ရန်ထင်းက အိမ်အကူများအား သူနှင့် ဆက်ဆံရာတွင် အင်္ဂလိပ်လိုပြောခိုင်းသဖြင့် သူ၏အင်္ဂလိပ်စာအပြောစွမ်းရည် အလွန်တိုးတက်လာခဲ့၏။ ဟုတ်တာပေါ့၊ အရာရာကို ဘဝကနေ သင်ယူရတာပဲလေ။ အင်္ဂလိပ်စာကလည်း အဲ့လိုပဲပေါ့။
သူ့ညာဘက်တွင် ထိုင်နေသည့်ဖြေဆိုသူသည် အဖြေမှန်ရွေးသည့်မေးခွန်းများကို အသည်းအသန်ဖတ်နေပြီး မျက်လုံးမှိတ်ခေါင်းညိတ်ကာ စာရွက်ပေါ်တွင် စာအနည်းငယ်ရေးနေခဲ့သည်။ သူ၏သာမန်ကာလျံှကာ ပြုမူပုံမှာ အပူအပင်ကင်းမဲ့သည့် ဗုဒ္ဓဘာသာဝင်အလားပင်။
(စာမရလို့ နံကြားထောက်ဖြေနေတာနဲ့တူတယ်)
နောက်ဆုံးစာမေးပွဲအပြီးတွင် လီကျောင်း သည် maskနှင့် ဦးထုပ်ဆောင်းကာ စာမေးပွဲခန်းမှ ထွက်လာခဲ့၏။ သူသည် အသံတိတ် ကြိတ်ငိုနေသော ဖြေဆိုသူတစ်ယောက်နှင့် သူမကို နှစ်သိမ့်ပေးနေသည့်လူတစ်ယောက်ကို မြင်တွေ့ခဲ့သည်။ ပျော်ရွှင်နေပါစေ ဝမ်းနည်းနေပါစေ လူငယ်များ၏မျက်နှာထက်တွင် မျှော်လင့်ချက်အပြည့်ဖြစ်နေသော မျက်ဝန်းများကို တွေ့နိုင်ပေသည်။
လီကျောင်းက ရပ်တန့်ကာ ဂင်ဂိုပင်၏ စိမ်းလန်းစိုပြည်နေသော သစ်ရွက်များကို ငေးကြည့်လိုက်သည်။ ထိုအချိန်တွင် သူ့မျက်လုံးများသည် တလက်လက်တောက်ပနေပြီး မျက်ရည်အချို့ စီးကျလာခဲ့သည်။
"သွားကြစို့၊ ဒီည ကားမောင်းထွက်ကြမယ်။"
“မနက်ဖြန်ကျရင် အတန်းရဲ့ မိတ်ဆုံစားပွဲရှိတယ်နော်။ မမေ့ကြနဲ့ဦး။"
လီကျောင်းက အဝေးသို့ရောက်သွားသော ယောက်ျားလေးများကို လှမ်းကြည့်ပြီး ဖြေဆိုသူများ ပစ်ချထားခဲ့သည့်အမှိုက်တစ်ချို့ကို ကောက်ယူရန် ငုံ့လိုက်၏။ ထို့နောက် အမှိုက်များကို အမှိုက်ပုံးထဲသို့ ထည့်လိုက်သည်။ မနက်ပိုင်းကဖြေဆိုသူနှင့် ထပ်မတွေ့စေရန်အတွက် သတင်းထောက်သည် နောက်ကျသည့်အချိန်ကို တမင်ရွေးပြီး နောက်ကျမှထွက်လာသည့် ဖြေဆိုသူများကို အင်တာဗျူးခဲ့သည်။
လူပေါင်းများစွာကို အင်တာဗျူးပြီးနောက် သူသည် mask တပ်ထားသည့် ဖြေဆိုသူနှင့် ဆုံတွေ့ပြန်သည်။
"တွေ့ပြီဆိုမှတော့ မေးကြတာပေါ့။" လီကျောင်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ နောက်ဆုံးစာမေးပွဲပြီးသွားသည့်အတွက် သူ စိတ်ကောင်းဝင်နေခဲ့သည်။
သတင်းထောက် “……”
ဘယ်လိုပဲလုပ်လုပ် ဆုံတာပဲလား။ ဒါက ဘယ်လိုကံကြမ္မာမျိုးလဲ။
“ဒါဆို စာမေးပွဲနဲ့ မဆိုင်တဲ့ မေးခွန်းတစ်ခု မေးမယ်။ ဘာလို့ စာမေးပွဲဖြေတိုင်း mask တပ်ပြီး ဦးထုပ်ဆောင်းထားတာလဲ။"
“ဒါဟာ နေရောင်ခြည်ကို ကာကွယ်တဲ့သဘောပါပဲ။ ကျွန်တော်က အသားမညိုချင်ဘူးလေ။"
"တက္ကသိုလ်ရောက်တဲ့အခါ ကောင်မလေးရအောင်လို့လား။"
"မဟုတ်ပါဘူး၊ မှန်ကြည့်တဲ့အခါ စိတ်မညစ်ရအောင်လို့ပါ။"
သတင်းထောက်က ထိုစကားဝိုင်းကို ဆက်မပြောနိုင်တော့ဟု ခံစားလိုက်ရသည်။
"ငါတို့က ခဏခဏ ရေစက်ပါနေတာဆိုတော့ မင်းရဲ့mask ကိုချွတ်ပြီး မျက်နှာကို ရိုက်ကူးခွင့် ပြုနိုင်မလား။" သတင်းထောက်က သူ့ဦးနှောက် နည်းနည်းချောင်သွားပြီဟု တွေးမိသွား၏။ သူ ဘာလို့ ဒီလိုတောင်းဆိုခဲ့မိတာလဲ။
"မရလောက်ဘူးထင်တယ်။" လီကျောင်းက ဖြေဆိုသူများနှင့် မိဘများကို လှည့်ပတ်ကြည့်ရှုပြီး ခေါင်းယမ်းလိုက်သည်။ “ဒီမှာ လုံခြုံရေး လုံလုံလောက်လောက် မရှိမှာစိုးတယ်။”
သတင်းထောက် “……”
ဤဖြေဆိုသူက ကြွားလုံးထုတ်ခြင်းကို နှစ်သက်ကြောင်း သူသိသော်လည်း ဤအတိုင်းအတာအထိ ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူ့မျက်နှာကို ပြတာက အုတ်အော်သောင်းတင်း ဖြစ်စေနိုင်လို့လား။ ဒီလူက သူ့ကိုယ်သူ အရမ်းအရမ်း နာမည်ကြီးတဲ့ စတားတစ်ယောက်လို့ ထင်နေတာလား။
သတင်းထောက်က ခြောက်ကပ်ကပ် အပြုံးဖြင့် လီကျောင်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်၏။ "စာမေးပွဲမှာ ရလဒ်ကောင်းပါစေလို့ ဆုတောင်းပါတယ်။"
"ကျေးဇူးတင်ပါတယ်။"
သတင်းထောက်က အသံသွင်းကိရိယာကို ပိတ်ကာ “ဒီခေတ်ကလေးတွေက ဘယ်လိုဟန်ဆောင်ရမလဲဆိုတာကို တော်တော်သိကြတာပဲ။" ဟု ကင်မရာမန်းကို ပြောလိုက်သည်။
ရုပ်သံဌာနကို ပြန်သည့်အချိန်၌ သတင်းထောက်က Weibo တွင် ပိုစ့်တစ်ခု တင်လိုက်သည်။
နောက်ကျတဲ့ထိမနေချင်ဘူး : စာမေးပွဲလေးကြိမ်ဆက်တိုက်ဖြေတာကို ဖြေတိုင်းဖြေတိုင်း ဖြေဆိုသူတစ်ယောက်တည်းကို အင်တာဗျူးမိခဲ့တယ်။ ဘယ်လိုရေစက်မျိုးလဲ။
ရုပ်သံဌာနက နှစ်ရက်တာ အင်တာဗျူးခဲ့သည့် အကြောင်းအရာများကို တည်းဖြတ်ခဲ့သည်။ ဒါရိုက်တာက ဖြေဆိုသူတစ်ယောက်တည်းကို လေးကြိမ်ဆက်တိုက် အင်တာဗျူးမိခြင်းက စိတ်ဝင်စားစရာကောင်းသည်ဟု ယူဆခဲ့၏။ ထိုအင်တာဗျူးလေးခုကို အစီအစဉ်တွင် ထည့်သွင်းဖော်ပြရုံသာမက တရားဝင် Weibo တွင်လည်း ပိုစ့်တင်လိုက်သည်။
ဤပရိုဂရမ်သည် အသေးအဖွဲအကြောင်းအရာလေးများ ဖော်ပြရသည်ကို နှစ်သက်ပြီး အဓိကပစ်မှတ်ထားသောပရိသတ်မှာ အသက်ငါးဆယ်ကျော်အရွယ်များဖြစ်၏။ ထို့ကြောင့် Weibo ကို ဘယ်သူကမှ အရေးမစိုက်ဘဲ ရရှိသော likeနှင့် comment အားလုံးမှာ ရိုက်ကူးရေးအဖွဲ့အတွင်းရှိ လူများထံမှ ဖြစ်သည်။
ဤတစ်ခါတွင်လည်း ဗီဒီယိုတင်ပြီးနောက် ကံကြမ္မာက မပြောင်းလဲချေ။ လူတိုင်းက ဂရုမစိုက်ကြပေ။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ပြီးဆုံးချိန်တွင် လူအများစောင့်ကြည့်နေကြသည့် ဖြေဆိုသူအချို့ ရှိပေလိမ့်မည်။ ဤတစ်ကြိမ်တွင်လည်း နာမည်ကြီးနေသည့် ဖြေဆိုသူများ ရှိပြီး ၎င်းက ဘေးတိုက်ပုံတစ်ပုံမှ အစပြုလာခြင်းဖြစ်သည်။
ဘုရားသခင်ကောင်းချီးပေးတော်မူပါ : ငါ နောက်ဆုံးစာမေးပွဲ ဖြေပြီးသွားတော့ စာမေးပွဲခန်းအပြင်ဘက်မှာ လူချောလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူ့ခြေဖျားကနေ လည်ပင်းအထိပဲ။ [ဓာတ်ပုံ]
ဓာတ်ပုံထဲရှိလူငယ်က ရိုးရိုးတီရှပ်အဖြူဝတ်ထားပြီး mask တပ်ကာ ဦးထုပ်ဆောင်းထား၏။ သူသည် ဂင်ဂိုပင်ကို ငေးမောကြည့်နေပြီး ရွှေရောင်အလင်းတန်းက သူ့ဆံပင်တစ်ဝိုက်ကို ဖုံးအုပ်ထားကာ မျက်တောင်ရှည်များက တဖျက်ဖျက်လက်လျက် ရွှေဝါရောင်တောက်နေခဲ့သည်။
သိပ်မကြာခင် ထိုဓာတ်ပုံက နာမည်ကြီးလာခဲ့သည်။
“ကျဲကျဲရေ၊ ငါက ဒီလူချောလေးနဲ့ စာမေးပွဲခန်းတစ်ခန်းတည်း ကျခဲ့တာ။ သူက ဒုတိယတန်းမှာ ထိုင်ရတာ၊ သူ့ခြေထောက်တွေက တကယ်ရှည်တယ်။ သူ့လက်တွေကလည်း အရမ်းလှတာပဲ။”
“ဒီဓာတ်ပုံက တကယ်ကို ရင်သပ်ရှုမောဖွယ်ရာဆိုပေမယ့် သူ့မျက်နှာကို တင်းတင်းကြပ်ကြပ် ဖုံးအုပ်ထားတော့ သူက ရုပ်ချောလား ရုပ်ဆိုးလား မပြောတတ်ဘူး။ ငါသိတာကတော့ သူ့မျက်လုံးတွေက လှပပြီး သူ့ခြေထောက်တွေက ရှည်တယ်။"
"နေရောင်အောက်မှာ နေပူစာလှုံနေတဲ့ ကောင်ချောလေးပဲ။ အဲ့ဒါတော့ ငါပြောနိုင်တယ်။"
"ကျဲကျဲတို့ရေ၊ 'The Things Around You 'ဆိုတဲ့ page ကို သွားပါ။ အဲ့မှာ အံ့သြစရာတစ်ခုရှိတယ်။”
လူချောလေး၏ ဆွဲဆောင်မှုကြောင့် ဖြတ်သွားဖြတ်လာများသည် ဒေသပိုင်ရုပ်သံဌာန၏ တရားဝင် Weibo သို့ ပြေးကြသည်။ The Things Around You V - စာမေးပွဲလေးကြိမ် ဖြေရတဲ့ နှစ်ရက်အတွင်းမှာ ဖြေပြီးတိုင်း ဖြေပြီးတိုင်း တူညီတဲ့လူတစ်ယောက်တည်းကို အင်တာဗျူးမိသွားတယ်။ [ဗီဒီယို]
“ဒါက ဒီနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရဲ့ခက်ခဲမှုဆိုရင် ကျွန်တော့်အတွက်ကတော့ သိပ်မခက်ဘူးလို့ပြောရမှာပဲ။"
"ကျွန်တော် အကောင်းဆုံးကြိုးစားပြီးပြီဆိုတော့ ကံတရားပဲပေါ့။"
“မေးခွန်းတွေအကုန်လုံး ဖြေခဲ့တယ်။ အဆင်ပြေပါတယ်၊ သိပ်တော့မခက်ပါဘူး။”
"မဟုတ်ပါဘူး၊ မှန်ကြည့်တဲ့အခါ စိတ်မညစ်ရအောင်လို့ပါ။"
အင်တာဗျုးဗီဒီယိုကိုကြည့်ပြီးနောက် အင်တာနက်အသုံးပြုသူများက ရယ်မောခဲ့ကြသည်။
"ဒီမောင်လေးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေပြည့်နှက်နေတာပဲ။"
"သူ အကောင်းဆုံးကြိုးစားပြီးပြီဆိုတော့ ကံတရားပဲပေါ့ တဲ့။ ဟားဟားဟား၊ သတင်းထောက်တော့ ပြိုလဲချင်နေလောက်ပြီ။"
“ငါ့ရဲ့ဝမ်းကွဲက ဒီနှစ်စာမေးပွဲကို ဝင်ဖြေခဲ့တယ်။ သူက သင်္ချာမေးခွန်းတွေက အရမ်းခက်တာပဲဆိုပြီး ငိုယိုပြီး ပြန်လာတယ်လေ။ ဒီအစ်ကိုက အရမ်းတည်ငြိမ်လွန်းတယ်။"
“သူက လူဖျင်းတစ်ယောက် ဒါမှမဟုတ် ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်လိမ့်မယ်။ အဲ့လိုလူမျိုးကပဲ ဒီပုံစံနေနိုင်တာ။"
“ရယ်စရာအကောင်းဆုံးက စတုတ္ထမြောက်အင်တာဗျူးပဲ။ သူတို့ထပ်တွေ့တာကို အဲ့ဒီမောင်လေးသိတာနဲ့ ကူကယ်ရာမဲ့ဖြစ်သွားပြီး သူကသတင်းထောက်ကို အကြောင်းပြချက်မရှိဘဲ ပြသနာလာရှာတဲ့ တစ္ဆေတစ်ကောင်လို ကြည့်နေတာ။"
“ငါက တကယ့်ကို ပွဲရှာချင်တာ မဟုတ်ရပါဘူး။ လီကျောင်းရဲ့ ပရိတ်သတ်တစ်ယောက်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့နှလုံးသားထဲမှာ ဟိုးအရင်ကတည်းက စွဲစွဲမြဲမြဲ မှတ်မိနေတဲ့ ပုံသဏ္ဌာန်တစ်ခုရှိတယ်။ ဒီမောင်လေးရဲ့မျက်လုံးတွေက လီကျောင်းနဲ့ အရမ်းဆင်တူတယ်လို့ တစ်ယောက်ယောက်က တွေးမိကြသေးလား။"
“နည်းနည်းတော့ တူတယ်။ သတင်းထောက်က သူနဲ့ ဘာလို့ အချိန်တိုင်း တွေ့နေလဲဆိုတာ နားလည်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကောင်လေးရဲ့ပင်ကိုယ်စရိုက်က လူကြားထဲမှာ ထင်းထွက်နေတာလေ။ အရမ်းထင်ရှားလွန်းတယ်။"
"လီကျောင်းက ရုပ်ရှင်ရိုက်နေတာမဟုတ်ဘူးလား။ ဒီနှစ် စာမေးပွဲ ဖြေဆိုမယ့် အနုပညာရှင် စာရင်းမှာလည်း မပါပါဘူး။ ဒီလူက ရုပ်ချင်းဆင်တာမလား။”
မူလက လီကျောင်း ပရိသတ်များသည် ပွဲကြည့်ရန် လာရောက်ခဲ့ကြသော်လည်း ဗီဒီယိုကိုကြည့်ပြီးနောက် စကားမပြောရဲတော့ချေ။ သူတို့သည် ဘယ်က ကြည့်ကြည့်၊ ညာကကြည့်ကြည့်၊ အပေါ်ကကြည့်ကြည့်၊ အောက်ကကြည့်ကြည့် ဦးထုပ်နှင့် mask တပ်ထားသော ဤလူငယ်လေးသည် သူတို့၏ဘေဘီလေးနှင့် တူသည်ဟု ခံစားလိုက်ရသည်။
လီကျောင်း၏အဖွဲ့သည် ကျောင်းကျောင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုမည့်သတင်းကို တစ်ခါမျှ မကြေညာခဲ့ဘဲ ကျောင်းကျောင်း အတွက် ပြသနာဖြစ်စေမည်ကို စိုးရိမ်၍ ဝင်မပြောဝံ့ကြပေ။
လီပရိသတ်များက ထိုအကြောင်းကို မပြောကြသော်လည်း မားကတ်တင်းအကောင့်များက သိက္ခာစောင့်ထိန်းမှုမရှိပေ။ သူတို့က ပို့စ်ကို ထပ်ဆင့် share ကာ နာမည်ကြီးလာအောင် ဖန်တီးတော့သည်။
# လီကျောင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ #
# လီကျောင်းနဲ့ဆင်တူပြီး ချောမောတဲ့ကောင်လေးတစ်ယောက် စာမေးပွဲခန်းမှာ ပေါ်လာတယ် #
#အချောဆုံး စာမေးပွဲဖြေဆိုသူ #
# လီကျောင်း : ကျွန်တော် အကောင်းဆုံး လုပ်ခဲ့ပါတယ်။ ကံတရားအတိုင်းပဲပေါ့။ #
ဆက်စပ်အကြောင်းအရာများသည် စိတ်လှုပ်ရှားစရာ အကြောင်းအရာများနှင့် ပြည့်နှက်နေပြီး လော့ရုန်၊ ကျန်းရှောင်ယွမ်တို့နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် မီဒီယာများက အဆိုပါသတင်းနှင့်ပတ်သက်၍ မေးမြန်းရန် ဖုန်းခေါ်ဆိုခဲ့ကြ၏။ သို့သော် လူနှစ်ယောက်က ထိုဖုန်းများကို ပိတ်ထားကြသည်။
ယခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ပါဝင်သည့် အနုပညာရှင်များသည် လီကျောင်း၏ ဖိနှိပ်မှုကို ခံခဲ့ရပြီး ဈေးကွက်ရှာဖွေရေးအတွက် ပိုက်ဆံ မသုံးလိုက်ရပေ။ ကံကြမ္မာကိုသာ ယိုးမယ်ဖွဲ့ရပေတော့သည်။
(ဒီအပိုင်းက အရှည်ကြီးပဲ။ ရေးရင်းရေးရင်းနဲ့ မပြီးနိုင်တော့လို့ တစ်ဝက်အရင်တင်ပေးလိုက်ပါတယ်။ ဒီ novel လေးကို review ရေးပေးတဲ့ ရှောင့်ယွီကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒါလေးပြီးဖို့ကို အဘွားကြီးဖြစ်တဲ့ထိစောင့်စရာမလိုပါဘူးလို့ စာဖတ်သူလေးကို ပြောချင်ပါတယ်။ 😅😅 )
#4344words
#24.10.22