FOX DEMON CULTIVATION MANUAL

Av BelliaHanna

203K 35.8K 1.5K

[FDCM] 【2nd book of a Trilogy】 It's just a fan translation. I don't own anything of this story. Full credit t... Mer

Snoypsis
၀၀၁
၀၀၂
၀၀၃
၀၀၄
၀၀၅
၀၀၆
၀၀၇
၀၀၈
၀၀၉
၀၁၀
၀၁၁
၀၁၂
၀၁၃
၀၁၄
၀၁၅
၀၁၆
၀၁၇
၀၁၈
၀၁၉
၀၂၀
၀၂၁
၀၂၂
၀၂၃
၀၂၄
၀၂၅
၀၂၆ (က)
၀၂၆ (ခ)
၀၂၇
၀၂၈
၀၂၉
၀၃၀
၀၃၁
၀၃၂
၀၃၃
၀၃၄
၀၃၅
၀၃၆
၀၃၇
၀၃၈
၀၃၉
၀၄၀
၀၄၁
၀၄၂
၀၄၃
၀၄၄
၀၄၅
၀၄၆
၀၄၇
၀၄၈
၀၄၉
၀၅၀
၀၅၁
၀၅၂
၀၅၃
၀၅၄
၀၅၅
၀၅၆
၀၅၇
၀၅၈
၀၅၉
၀၆၀
၀၆၁
၀၆၂
၀၆၃
၀၆၄
၀၆၅
၀၆၆
၀၆၇
၀၆၈
၀၆၉
၀၇၀
၀၇၁
၀၇၂
၀၇၃
၀၇၄
၀၇၅
၀၇၆
၀၇၇
၀၇၈
၀၇၉
၀၈၀
၀၈၁
၀၈၂
၀၈၃
၀၈၅
၀၈၆
၀၈၇
၀၈၈
၀၈၉
၀၉၀
Presento

၀၈၄

2.2K 404 21
Av BelliaHanna

ထိုကောင်လေးဟာ အိပ်ယာပေါ်တွင်ငုတ်တုတ်ထိုင်ရင်း ပိုးသားဖက်လုံးကိုဖက်ထားလျက် ငိုက်မျဉ်းနေသည်။ သူ့မျက်လုံးလေးများက မှိတ်တော့မလိုလို ၊ ဖွင့်တော့မလိုလိုဖြင့်။ သူ့ပုံစံဟာ နေ့လယ်တိုင်း နန်းတော်ဆောင်ဘေး၌ ခြေကားယားလက်ကားယား တမေ့တမောအိပ်တတ်လေ့ရှိသည့် အပျင်းထူထူ ကြောင်ကတိုးနှစ်ကောင်နှင့်ပင် တူသေးသည်။

စုန့်ချီကို တစ်ချက်ဝင်ကြည့်ပြီးသည့်နောက် ရုန်ပိုင်သည် ခြေကိုခပ်ဖွဖွနင်း၍ ရေချိုးသန့်စင်ရန်အတွက် ရေပူစမ်းသို့ တိုးတိုးတိတ်တိတ် ထွက်ခွာသွား၏။ သူသည် ရေသန့်စင်ပြီးသည့်အခါ အဝတ်အစားသန့်သန့်များလဲဝတ်၍ အိပ်ယာပေါ်တက်လိုက်သည်။ ကနဦးကမူ သူသည် စုန့်ချီကို နှိုးမိသွားမှာ စိုးရိမ်ခဲ့၏။ သို့သော် သူပိုကြည့်မိလေ ဤကောင်လေးကို ပိုထိချင်လာလေဖြစ်ပေ၏။ ဤသို့ဖြင့် သူ၏ဆိုးဆိုးသွမ်းသွမ်းလက်ကလေးက စုန့်ချီ၏ခါးလေးကို ဆုပ်ထွေးလိုက်ကာ ရင်ခွင်ထဲသို့ ဆွေ့ခနဲ သွင်းလိုက်လေတော့၏။

ရုန်ပိုင်သည် သူ့ကို အနောက်မှသိုင်းဖက်ထားရင်း မျက်နှာကို သူ့လည်တိုင်ကြားထဲမြှုပ်နှံထားလျက် အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။ ထို့နောက် သူ့မေးစေ့လေးဆီသို့ ရွေ့လျားသွား၍ ဖွဖွကလေး နမ်းရှိုက်လိုက်ပေသည်။

အမှန်တကယ်တွင်မူ စုန့်ချီသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ခြင်း မဟုတ်ပေ။ နုနုရွရွ အထိအတွေ့တို့ကြောင့် သူ ချက်ချင်းဆိုသလို နိုးလာတော့သည်။ ရုန်ပိ်ုင်ကို မြင်လိုက်သည့်အခိုက်အတန့်တွင် သူ၏ပထမဆုံး တုံ့ပြန်မှုသည်ကား ကိုယ်ကိုတစ်ဖက်သို့လှည့်၍ အကြင်သူ၏လည်တိုင်ကို သိုင်းဖက်လိုက်ခြင်းသာ ဖြစ်လေတော့၏။ သူသည် အကြင်သူနှင့် နှီးနွယ်ရန် လောကြီးမနေဘဲ အမေးပြုလိုက်ပါ၏။ 

" ဒီနေ့ကျ ဘာလို့ ပြန်လာတာ တအားနောက်ကျရတာလဲ"

ရုန်ပိုင်သည် ခေါင်းကိုညွှတ်လိုက်ကာ ပင်ပန်းနွမ်းနယ်နေဟန် ပိတ်တစ်ဝက်၊ ဖွင့်တစ်ဝက် မျက်ဝန်းပြာများဖြင့် သူ့အားငုံ့မိုး၍ ကြည့်လာသည်။ စုန့်ချီ၏ခါးတစ်ဝိုက်မှ သူ့လက်များကမူ ပိုမိုတင်းကြပ်သွားပြီး နှစ်ဦးသား၏ခန္ဓာကိုယ်ချင်းဟာလည်း တစ်ယောက်အပူငွေ့ကိုတစ်ယောက် ခံစားမိသည်အထိ ပူးကပ်သွားကြသည်။

စုန့်ချီဟာ အတန်ကြာသည်အထိ စောင့်ဆိုင်းနေပါသော်လည်း အဖြေကိုမကြားရသေးပါချေ။ သူသည် ထပ်မံမေးလိုက်တော့မည်ပြုစဉ် ရုန်ပိုင်က ငုံ့၍နမ်းရှိုက်လာပြီး စကားသံများကို ချိပ်ပိတ်လိုက်လေသည်။ သူသည် စုန့်ချီကို အိပ်ယာထက်ဖိကပ်ထားလိုက်ပေ၏။ သူ၏လက်တစ်ဖက်က စုန့်ချီ၏ခါးပေါ်တွင် ရှိနေဆဲဖြစ်ပြီး ကျန်တစ်ဖက်ကမူ အကြင်ကောင်လေး၏လက်ကိုထွေးဆုပ်လျက် ဦးခေါင်းအထက်သို့ မြှောက်တင်ထားသည်။ ထို့နောက်တွင်တော့ သူဟာတစ်ဖက်ကောင်လေး၏လက်တို့ကို အပေါ်မြှောက်ကိုင်လျက်သားဖြင့် သူ့လက်ချောင်းများနှင့် အတူတကွ ယှက်ဖြာဆုပ်ကိုင်လိုက်လေတော့သည်။

စုန့်ချီသည် ရုန်ပိုင်၏စိတ်အခြေအနေကို ရုတ်ခြည်း နားလည်သွားရ၏။ ရုန်ပိုင်ဟာ စိတ်ပျော်ရွှင်မနေကြောင်း စုန့်ချီ အသေအချာကို ခံစားမိနိုင်၏။ အကြင်သူဟာ ဖွင့်ထုတ်မပြောချင်လောက်အောင်ကို စိတ်အခြေအနေ အင်မတန် ဆိုးဝါးနေသည်။ သူသည် စုန့်ချီအား နူးနူးညံ့ညံ့ဖြင့်သာ သိမ်းကျုံးထွေးပိုက်၍ သူ့ခံစားချက်များကို အနမ်းမိုးများအဖြစ် သွန်းဖြိုးရွာချနေပေ၏။

စုန့်ချီကလည်း သူ့အား အတင်းအကြပ် မတိုက်တွန်းပါချေ။ သူသည် အားနေသည့်လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ရုန်ပိုင်၏လည်တိုင်ကို သိုင်းဖက်လိုက်သည်။ သူသည် ရုန်ပိုင်၏ရှည်လျားသော ဆံနွယ်ဖြူတို့ကို သပ်ပေးရင်း အနမ်းတို့ကို ဖြည်းညင်းစွာ တုံ့ပြန်မှုပြုသည်၊ နှုတ်ခမ်းလွှာ နှင့် လျှာတို့၏ ပြေးလွှားလှုပ်ရှားမှုတစ်ခုချင်းစီကိုတောင် ထိထိမိမိခံစားမိနိုင်ပါ၏။

ကနဦးက သူသည် ရုန်ပိုင်၏မျက်ဝန်းပြာများနှင့် ဆံနွယ်ဖြူတို့ဟာ ဤကမ္ဘာတွင် တုနှိုင်းမဲ့ အခမ်းနားဆုံးအရာများဟု ထင်ခဲ့မိသည်။ ယခုတွင်မူ သူနားလည်သွားခဲ့ရလေပြီ၊ ဤအရောင်အဆင်းများဟာ ရုန်စန်း၏သွေးမြေခ အသက်သွေးကြွေးများမှ ဖြစ်တည်လာသော အရာများသာဖြစ်ပေ၏။ ရုန်ပိုင် ကိုယ်ကိုယ်၌က ဤအရောင်အဆင်းများကို မုန်းတီးနေပေရော့မည်။

ယောက်ျားပျိုနှစ်ဦးဟာ အိပ်ယာထက်တွင် အချိန်အတော်ကြာ လူးလှိမ့်နေကြပြီးနောက် ရုန်ပိုင်သည် သူ့ကို ခပ်ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။ ရုန်ပိုင်သည် စုန့်ချီ၏လည်တိုင်ဖွေးဖွေးကို နှာဖျားလေးဖြင့် ပွတ်တိုက်ကျီစယ်၍ သွေးကြောလေးများစိမ်းနေသည့်လည်ပင်းသားလေးကို လျှာဖြင့်လျက်လိုက်သည်။

စုန့်ချီသည် အသည်းယားစွာ ဟားခနဲ ရယ်လိုက်ကာ လည်ပင်းလေးကို အနောက်ကျုံ့လိုက်သည်။ ထို့နောက်တွင်တော့ သူသည် ရုန်ပိုင်နှင့်အတူ စကားစမြည်ပြောရန်သာ ပြင်တော့သည်။

" ရုန်ပိုင် ၊ ခင်ဗျား လူသားလောကကို ရောက်ဖူးလား"

" ဟင့်အင်း "

ရုန်ပိုင်က အမှုမဲ့အမှုတ်မဲ့သာပြန်ဖြေလာပြီး သူ့အား အိပ်ယာပေါ်မှ ဆွဲထူလိုက်ကာ လက်မောင်းများထဲ သိမ်းကျုံး၍ ဆွဲဖက်ထားလိုက်သည်။

" ဒါဆို သွားလည်ကြည့်ချင်တယ်လို့ရော တွေးဖူးလား"

" ကိုယ်အရင်က တွေးခဲ့ဖူးတယ် "

ရုန်ပိုင်သည် သူ့စကားများကို အာရုံရမနေသည်မှာ  သိသာလှပြီး သူ့လက်တစ်ဖက်ကမူ စုန့်ချီ၏အင်္ကျီထဲသို့ လျှောခနဲ လျှိုဝင်လာသည်။ တစ်ချိန်တည်းမှာပင် သူဟာ စုန့်ချီ၏ဆံပင်ရှည်များကို မြှောက်ပင့်လိုက်ပြီး နားရွက်ဖျားလေးကို တနူးတညံ့ပွတ်သပ်လိုက်ပေသည်။

ပူပြင်းလောင်မြိုက်လှသည့် လေပူငွေ့နွေးနွေးတို့ကြောင့် စုန့်ချီ၏နားရွက်တစ်ပြင်လုံး လျင်မြန်စွာ နီမြန်းသွားတော့၏။ စုန့်ချီသည် မနေတတ်စွာ ခေါင်းကိုဘေးသို့ လွှဲရှောင်လိုက်ရင်း စကားဆက်လေသည်။

" ကျွန်တော်က အဲ့ဒီနေရာက လာခဲ့တာ "

ထိုစကားသံအဆုံးတွင် ရုန်ပိုင်၏ရွေ့လျားလှုပ်ရှားနေသည့် လက်တို့က အကြွင်မဲ့ ရပ်တန့်သွားကြကုန်သည်။ သူသည် ယခင်ကကဲ့သို့ အာရုံပျံလွင့်နေခြင်းမျိုး အလျှဉ်းမရှိတော့ပေ။ သူသည် စုန့်ချီ၏နားရွက်လေးကို လွှတ်ပေးလိုက်၍ အံ့အားသင့်မှုတစ်ချို့ဖြင့် စုန့်ချီအား လှည့်ကြည့်လာသည်။

" မင်းက လူ့ပြည်ကလို့ ပြောလိုက်တာလား"

စုန့်ချီ ခေါင်းငြိမ့်လိုက်သည်။ သူ့မျက်နှာထက်က အပြုံးများဟာလည်း ပိုမိုကာ ထင်ရှားသက်ဝင်လာပြီး မျက်လုံးကလေးများက တလက်လက်တောက်ပလာသည်။ ယင်းက သူ့မွေးရပ်ဌာနေကို ထုတ်ဖော်ပြောပြလိုက်ရခြင်းကြောင့် မဟုတ်ရပါဘဲ ရုန်ပိုင်က သူ၏အတိတ်နောက်ကြောင်းအား သိလိုစိတ်ပြင်းပြနေခြင်းကို မြင်တွေ့လိုက်ရသောကြောင့်သာ ဖြစ်လေသည်။

အမှန်တကယ်တွင်မူ နှစ်ဦးသား ပထမဦးဆုံး စတင်ဆုံစည်းခဲ့ရာ စစ်ဟွမ်းတောင်၌ ၊ သူသည် သုခေါ့မြှားကို ပုတ်ထုတ်လိုက်နိုင်သည့် အခိုက်အတန့်ကတည်းက ရုန်ပိုင်ဟာ သူ့နောက်ကြောင်းကို အလွန်အင်မတန် သိလိုစိတ်ပြင်းပြနေခဲ့ကြောင်း စုန့်ချီ သိခဲ့ပေသည်။ သို့သော်လည်း နှစ်ဦးသား အတူတကွနေထိုင်သည်မှာ ရက်များစွာကြာသည့်တိုင် ရုန်ပိုင်ဟာ ထိုအကြောင်းကို အစပျိုးမေးမြန်းလာခြင်း မရှိခဲ့ပါချေ။

သိလိုစိတ်ပြင်းပြခြင်းနှင့် မေးမြန်းခြင်းက သက်သက်စီပင်ဖြစ်ပါ၏။

ရုန်ပိုင်သည် စုန့်ချီဟာ ဘယ်အရပ်မှလာခဲ့သည်လဲ သို့တည်းမဟုတ် စုန့်ချီ၏ စစ်ဟွမ်းတောင်တွင် ရုတ်တရက်ပေါ်လာခဲ့ရသည့် ရည်ရွယ်ချက်ကို ဂရုစိုက်ခြင်းအလျှဉ်းမရှိခဲ့ပါချေ။ လူပေါင်းမြောက်မြားစွာက စုန့်ချီအား သံသယဝင်ခဲ့ကြပါသော်လည်း ရုန်ပိုင်ကား မပါဝင်ခဲ့ပါချေ။ ဤကဲ့သို့ ယုံကြည်မှုမျိုးကို အကြွင်းမဲ့ ယုံကြည်ခြင်းဟုခေါ်ပေ၏ — အကြောင်းပြချက်မရှိဘဲ အလိုအလျောက်ဖြစ်တည်လာသော ယုံကြည်မှုတစ်ခုပင်။

စုန့်ချီက စကားဆိုလာ၏။

" အဲ့ဒီနေရာက နတ်ဘုရားလောကနဲ့ သိပ်ကိုဝေးလံလှတဲ့ လောကဘုံတစ်ခုပေါ့။ တစ်နေ့ကျရင် ခင်ဗျားနဲ့အတူ သွားလည်ကြရင် မကောင်းဘူးလား"

ရုန်ပိုင်၏မျက်ဝန်းတို့က အံ့သြဝမ်းသာမှုတို့ဖြင့် မကြုံစဖူး ပြူးကျယ်လို့သွားကြသည်။ သူသည် ဦးခေါင်းကိုငုံ့၍ နှုတ်ခမ်းတစ်ခုလုံးကို ဖိကိုက်လိုက်ရင်း ဗလုံးဗထွေး အသံဖြင့် အဖြေပေး တုံ့ပြန်လာသည်။

" အွန်း ကတိ "

စုန့်ချီ၏နှုတ်ခမ်းထောင့်စွန်းလေးများက အပြုံးလေးအဖြစ် ပီပီပြင်ပြင် ကွေးတက်သွားပြီး အကြင်သူကို နောက်ပြန်သိုင်းဖက်ထားလိုက်သည်။ ယောက်ျားပျိုနှစ်ဦးသည် အိပ်ယာပေါ် ထပ်မံ၍လူးလှိမ့်ကြပြန်ရင်း ဆွဲခွာမရအောင် ပူးကပ်သွားကြပြန်သည်။ စုန့်ချီသည် ရုန်ပိုင်ကို ကုတ်တွယ်ဖက်ထားလျက် ခဏတာလေးပင် ခွဲခွာလိုစိတ် မရှိတော့ပါချေ။

ရုန်ပိုင်က နောက်တစ်နေ့ နံနက်ရောက်သည်နှင့် ထွက်သွားလေသည်။ စုန့်ချီသည် ဝဝလင်လင်အိပ်ပြီးခါမှ ထလာကာ ဆေးကြောသန့်စင်ပြီး ထမင်းသုံးဆောင်သည်။ ထို့နောက် သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်လျက် ထုရှန်းဟုမ်ကိုရှာရန်အတွက် ရုန်ပိုင်၏နန်းဆောင်မှ ထွက်လာခဲ့လေ၏။

သည့်မတိုင်ခင်က စုန့်ချီသည် ပတ်ဝန်းကျင်တွင် စုံစမ်းမေးမြန်းမှုများကို ပြုလုပ်ခဲ့သေး၏။ ထုရှန်းပိတွင် တရားဝင် ထိပ်တင်ဇနီးမယားက ရုန်စန်းတစ်ဦးတည်းသာဖြစ်ပါသော်လည်း ကိုယ်လုပ်တော်များနှင့် သားသမီးများကမူ တစ်ပြုံတစ်သိုက်လိုက်ကြီးရှိပေ၏။ ရုန်ပိုင်က ခုနစ်ယောက်မြောက်သားတော်ဖြစ်ပြီး၊ ထုရှန်းဟုမ်က ရှစ်ယောက်မြောက်ဖြစ်၏။

ရှိရှိသမျှကိုယ်လုပ်တော်များထဲတွင် ထုရှန်းပိသည် ထုရှန်းလျံ၏မယ်တော်ကိုသာ အချစ်မြတ်နိုးဆုံးဖြစ်ပြီး သြဇာအာဏာအရှိဆုံး ကိုယ်လုပ်တော်ကမူ ထုရှန်းဟုမ်၏မယ်တော်ဖြစ်၏။ ရုန်စန်းသည် တရားဝင် ဇနီးမယားဖြစ်သည့်တိုင် မိဘနှစ်ပါးလုံးဟာ သူမဖွားမြင်ပြီးမကြာခင်မှာပဲ ဆုံးပါးသွားကြပြီး၊ သူမ၏တစ်ဦးတည်းသော ဆွေမျိုးဖြစ်သူ မိခင်ဘက်မှအဘိုးတော်သည်လည်း နတ်ဆိုးများလက်ချက်ဖြင့် အသက်ဆုံးရှုံးသွားခဲ့ရှာသည်။

သူမတွင် သွေးသားရင်းချာဟူ၍ သူမ၏သားတော်၊ မျိုးနွယ်စု၏ဆက်ခံသူ ရုန်ပိုင်တစ်ဦးတည်းသာလျှင် ရှိခဲ့ပါ၏။ သို့ပေမည့် သူမအနေဖြင့် ရုန်ပိုင် ကြီးပြင်းအရွယ်ရောက်လာသည်ကို ဘယ်သောအခါမှ မြင်ခွင့်မရတော့ခြင်းက သိပ်ကိုဝမ်းနည်းဖွယ်ကောင်းလှသည်။

ထုရှန်းဟုမ်သည်ကား ကလေးတစ်သိုက်ကြားတွင် ရာထူးအဆင့်အတန်း အတော်ကလေးမြင့်မားသည့်တိုင် သူကိုယ်တိုင်ကမူ ဒုတိယသခင်လေးမျိုးဆက်၏ သူကြွယ်သား၊ လူပေါ်ကြော့လေးသာဖြစ်ချေ၏။ သူဟာ ဘာအလုပ်အကိုင်မှ မည်မည်ရရမလုပ်ဘဲ ဟိုယောင်ယောင်၊ ဒီယောင်ယောင်နှင့် နေရာအနှံ့ပြဲပြဲစင် ပြဿနာများ မီးခွက်ထွန်းလိုက်ရှာတတ်သည်။ ကောလဟာလများပင်ရှိသေး၏၊ ထုရှန်းဟုမ်ဟာ သူစိတ်မထင်ရင်မထင်သလို သူ့ကိုယ်သူပါ ထထရိုက်တတ်သေးသည်ဟူ၍ပင်။

သားသမီးများအားလုံးထဲတွင် ထုရှန်းလျံသည်သာ ထုရှန်းပိ သည်းသည်းလှုပ်အချစ်ရဆုံး မင်းသမီးငယ်လေးဖြစ်ချေ၏။ သူမဟာ အင်မတန် မာနကြီး၊ အထက်စီးဆန်ကာ ထုရှန်းကလူတိုင်းစေ့ကို တင်စီးစွာဖြင့် မောက်မောက်မာမာဆက်ဆံရဲသည်။ သို့သည့်တိုင် သူမတောင်မှ ဘယ်သူမှဂရုမစိုက်တတ်သည့် ဤပေါ့ပေါ့နေ၊ ပေါ့ပေါ့စား ဖြစ်ကတက်ဆန်း သခင်ငယ်လေးနှင့်တွေ့သည်အခါ အရှုံးပေးရစမြဲဖြစ်သည်သာ။

စုန့်ချီ ထုရှန်းဟုမ်ကို တွေ့လိုက်ရသည့်အချိန်၌ ထိုသူဟာ နောက်လိုက်သားငတိတစ်သိုက်နှင့် ခေါင်းချင်းဆိုင်ပြီး ကိစ္စတစ်ခုကို တိုးတိုး တိုးတိုးနဲ့ လျှို့ဝှက်ကြံစည်နေကြချိန်ဖြစ်သည်။

စုန့်ချီသည် သူတို့အရှေ့ရောက်နေသည်မှာ ကြာလှပြီဖြစ်ပါသော်လည်း ထိုတစ်သိုက်ကတော့ အင်တိုက်အားတိုက် ဆွေးနွေးနေကြသည်မှာ တစ်ဦးတစ်ယောက်မျှ သူ့အား သတိထားမိခြင်းမရှိကြသေး။ စိတ်အားထက်သန်နေပုံပေါ်သည့် ထုရှန်းဟုမ်က သူ့ပေါင်သူဖြောင်းခနဲ ရိုက်ချလိုက်ရင်း ခပ်ကျယ်ကျယ် အော်ပြောသည်။

" အေး အဲ့တိုင်းပဲလုပ်ကြစို့! "

သူသည် အော်ပြောပြီးပြီးချင်း အပေါ်ကိုမော့ကြည့်မိလိုက်ရာ စုန့်ချီကို ဘွားခနဲမြင်လိုက်ရလေသည်။ သူသည် တုန်လှုပ်လန့်ဖျပ်သွားပြီး ကျောက်တုံးကြီးပေါ်မှ ဆွေ့ခနဲ ထခုန်မိသွားသည်။

" မင်းဘယ်အချိန်ထဲက ရောက်နေတာလဲ။ ဘယ်လိုလုပ် ရောက်လာတာလဲ။ မင်း ငါ့ကို ချောင်းနားထောင်နေတာလား!"

မေးခွန်းသုံးခုဟာ တစ်ခုပြီးတစ်ခု ရှေ့ဆင့်နောက်ဆင့် ထွက်လာသည်။ စုန့်ချီသည် အလျဉ်းသင့်သော တစ်ခုကိုသာ ပြန်ဖြေလိုက်သည်။

" ငါ မင်းကိုပြောစရာရှိတယ် "

နံဘေးက နောက်လိုက်သားငတိတို့မှာလည်း ရုတ်တရက်ထအော်သံကြောင့် လန့်ဖျပ်သွားကြရှာသည်။ အားလုံးက ထရပ်လိုက်ကြပြီး သူ့အား ဝိုင်းကြည့်လာကြသည်။

ထုရှန်းဟုမ်သည် ချက်ချင်းလက်ငင်း သူတို့ကို လက်ယမ်းကာ အရ်ိပ်ပြလိုက်သည်။

" တခြားနေရာသွားကြဦး။ ငါ့မှာ ကိစ္စတစ်ခုပေါ်လာလို့"

နောက်လိုက်သားငတိတို့သည် နာနာခံခံဖြင့် အလျှိုလျှိုထွက်ခွာသွားကြသည်။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာတင် သူတို့နှစ်ယောက်သာ ကျန်ရစ်ခဲ့တော့၏။ ထုရှန်းဟုမ်က ကျောက်တုံးကြီးပေါ် တစ်ဖန်ပြန်ထိုင်ချလိုက်ရင်း ပြောလာသည်။

" ထိုင်ပြီးပြောရအောင် "

စုန့်ချီသည်လည်း ယဉ်ကျေးမနေတော့ဘဲ သူနှင့် မျက်နှာချင်းဆိုင်က ကျောက်တုံးကြီးပေါ် ဝင်ထိုင်လိုက်သည်။

" ငါမေးချင်တာက ဒီရက်ပိုင်းထဲ ရုန်ပိုင်တစ်ခုခုဖြစ်နေတာလား"

" ရုန်ပိုင် အကြောင်းဆိုရင် ဘာလို့သူ့ကို သွားမမေးလဲ? ဘာလို့ငါ့လာမေးတာလဲ?"

ထုရှန်းဟုမ်သည် ထိုက်ကျီသိုင်းတစ်ကွက်ဖြင့် သူ့ကို အလျင်ဦးစွာ တိုက်စစ်ဆင်လာသည်။

စုန့်ချီကလည်း ဖြောင့်ချက်ပေး၏။

" သူ စိတ်အခြေအနေ သိပ်ကောင်းမနေတာကို ငါ တွေ့နေရတော့၊ သူစိတ်မပျော်ဖြစ်စေမယ့် ဘယ်ကိစ္စကိုမှ ငါထုတ်မမေးချင်ဘူး"

" မှန်တယ်။ သေချာပေါက် သူပျော်နေမှာမဟုတ်ဘူး"

ထုရှန်းဟုမ်က ပြောသည်။

" နတ်ဘုရားလောက,က လူတိုင်း ဒီအကြောင်းကို သိကြတယ်။ ဒီတော့ မင်းကို ပြောပြလိုက်လည်း ပြဿနာတော့သိပ်မရှိပါဘူး။ နောက်နှစ်ရက်နေရင် ကျူးမျိုးနွယ် နန်းမြိုင်သခင်ရဲ့ သမီးမွေးနေ့ရှိတယ်။ မျိုးနွယ်စု နှစ်ဦးနှစ်ဖက်လုံးက ရုန်ပိုင်နဲ့ ကျူးဟန့်ကို အဲ့ဒီနေ့မှာ လက်ထပ်စေချင်ကြတယ်၊ ဒါမှ ပျော်ရွှင်သုခ နှစ်ဆတိုးပွားအောင်လို့တဲ့"

" ဘာာ "

စုန့်ချီ အလွန်အံ့သြသွားသည်။

" အဲ့လိုကြီးလား "

" ရုန်ပိုင်နဲ့ ကျူးဟန့်ရဲ့ လက်ထပ်ပွဲက မျိုးဆက်နှစ်ခု ပေါင်းစည်းတာလို့ ပြောရမယ်"

ထုရှန်းဟုမ်၏အကြည့်များက လေးပင်အုံ့ဆိုင်းသွားသည်။

" ငါတို့မျိုးနွယ်စုမှာ ထုရှန်းသွေးသားစစ်စစ်ရယ်လို့ ထပ်မရှိတော့ဘူး၊ ရုန်ပိုင်က နောက်ဆုံးတစ်ယောက်ပဲ။ ဒီလက်ထပ်ပွဲက ထုရှန်းရဲ့ အာဏာစက်ကို အထွဋ်အထိပ်နေရာမှာ ဆက်လက်ထိန်းသိမ်းထားဖို့ရယ်၊ နတ်ဘုရားလောကသစ်နဲ့ နတ်ဘုရားလောကဟောင်းကြားက တင်းမာနေတဲ့ဆက်ဆံရေးကို ဖြေလျော့ပေးဖို့ရယ် ရည်ရွယ်တာ"

" ဒါက ရုန်ပိုင်ရဲ့မယ်တော်နဲ့ တူမနေဘူးလား"

စုန့်ချီက တီးတိုးညည်းညူလိုက်သည်။

" ကြည့်ရတာ မင်း မယ်မယ့်အကြောင်းသိပြီးသားထင်တယ်"

ထုရှန်းဟုမ်က သူ့အား တစ်ချက်ကြည့်လာကာပြော၏။

" မျိုးရိုးက ပိုပြီးအားကောင်းလေ၊ ခွန်အားပိုကြီးလေပဲ။ ထုရှန်းအမြှီးကိုးချောင်းမြေခွေးနဲ့ ဟင်္သာပြဒါးငှက်ရဲ့ကလေးက ဘယ်လောက်ခွန်အားကြီးလိမ့်မလဲ မင်းမှန်းဆကြည့်ဖူးလား"

" လူတစ်ယောက် ခွန်အားကြီးတယ်၊မကြီးဘူး ဆိုတာက မျိုးရိုးနဲ့မှသိပ်မဆိုင်တာကို။ ဟုတ်တယ်မလား?"

စုန့်ချီမှာ ဤမသေမျိုးတို့၏အတွေးအခေါ်များကြောင့် အနည်းငယ် ကူရာမဲ့သလိုပင် ခံစားလိုက်ရသည်။ ကိစ္စတိုင်းကို မျိုးဆက်ကြောင့်ဟု ဘာကြောင့်များ လွှဲလွှဲချကြသည်လဲ?

" မင်းပြောတာ ငါထောက်ခံတယ်။ ဒါပေမယ့် မင်းက‘ မျိုးဆက်’အကြောင်းနဲ့ပက်သက်ပြီး တအားကို ဗဟုသုတခေါင်းပါးနေတော့ ငါကပဲ အဲ့ဒီလူတွေရဲ့ရှုထောင့်ကနေ ရှင်းပြပေးရမှာပေါ့"

ထုရှန်းဟုမ်က ဆိုလေသည်။

" မင်း နတ်ဘုရားသခင် ရန့်ဆုန့် ကိုသိလား "

စုန့်ချီ ခေါင်းငြိမ့်ပြလိုက်ပြီး အလွန်အာရုံတစိုက်ရှိသော နားသောတဆင်သူပမာ ပုံစံဖမ်းလိုက်သည်။

" နတ်ဘုရားသခင် ရန့်ဆုန့်က ရှေးစုနှစ်တွေကတည်းက ဖွားမြင်ခဲ့တာ။ အဲ့ဒီခေတ်ကာလကြီးက အကြီးအကျယ်သွေးချောင်းစီးပြီး အလဲလဲအပြိုပြိုဖြစ်နေခဲ့တဲ့ အချိန်အခါကြီးပေါ့။ နတ်ဆိုးဘုရင်က မကောင်းမှု ဒုစရိုက်ပေါင်းစုံကို လုပ်ခဲ့တယ်။ ဘယ်သူမှ သူ့ကို တားဆီးလို့မရတဲ့အထိ ဆိုးသွမ်းခဲ့တာ။ ဒီလိုနဲ့ ကမ္ဘာလောကကြီး ပြန်လည်ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ရအောင်လို့ လေးသညာ သားရဲနတ်ဘုရားမျိုးနွယ်ဝင်တွေ စုပေါင်းပြီးနတ်ဆိုးဘုရင်ကို တန်ပြန်တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမယ့် စစ်ပွဲကြီးမစခင်မှာပဲ ဟင်္သာပြဒါးငှက်နဲ့ လိပ်နက်မျိုးနွယ်တို့က ရှောင်ပြေးသွားခဲ့ကြတယ်။ နဂါးပြာနဲ့ ကျားဖြူတို့ အတူပူးပေါင်းပြီးတိုက်ခဲ့ကြပေမယ့် ဒီလောက်လေးက နတ်ဆိုးဘုရင်ရဲ့ ပြိုင်ဘက်တောင်မဟုတ်သေးဘူး။ နတ်ဆိုးဘုရင်ကို ချိပ်ပိတ်နိုင်လိုက်တဲ့အပြီးမှာ မျိုးနွယ်စုနှစ်ခုက အမြစ်ပြတ် သုတ်သင်ခံလိုက်ရလုနီးပါး ဖြစ်သွားခဲ့တယ်။ နတ်ဘုရားသခင် ရန့်ဆုန့်ကိုတော့ အဏ္ဏဝါ ချီလင် နတ်ဘုရားတွေလက်ထဲ အပ်နှံခဲ့ကြတာကြောင့် နဂါးပြာမျိုးနွယ်ရဲ့ နောက်ဆုံးကျန်ရစ်သူ မျိုးဆက်ဖြစ်လာခဲ့တယ်"

" အဲ့ဒီအချိန်တုန်းက နတ်ဘုရားသခင် ရန့်ပေက...."

ထုရှန်းဟုမ်က လက်ဟန်အမူအရာလုပ်ပြသည်။ “နဂါးဥကနေတောင် မပေါက်သေးဘူး”

" ငါ အဲ့တာကို အရင်ကကြားခဲ့ဖူးတယ်"

စုန့်ချီက ကြားဝင်ပြောလိုက်သည်။

ထုရှန်းဟုမ်သည် စုန့်ချီကို ပါးစပ်ပိတ်ထားဖို့ လက်ဟန်ပြလိုက်ပြီး စကားဆက်သည်။

" နောက်ပိုင်းမှာ ဟင်္သာပြဒါးငှက်တွေက သူတို့ကို လက်စားပြန်ချေကြမှာ ကြောက်ပြီး နတ်ဘုရားသခင် ရန့်ဆုန့်ကို ဝှက်ထားပေးတဲ့ ချီလင်မျိုးနွယ်ကို အမြစ်ပြတ်သုတ်သင်ပစ်လိုက်တယ်"

ပြောပြီးသည်နှင့် သူက စုန့်ချီကို စိုက်ကာ ကြည့်လာသည်။

"............"

တစ်ခဏကြာသည်ထိ တစ်ဦးနှင့်တစ်ဦး အပြန်ပြန်အလှန်လှန် စိုက်ကြည့်နေကြအပြီးတွင် စုန့်ချီသည် တုံ့ပြန်မှုတစ်ခုခုပြန်ပေးသင့်သည်ဟု တွေးမိသွားသဖြင့် ဒေါသတကြီးဆိုလိုက်သည်။

" ယုတ်မာလိုက်ကြတာ! "

" မင်း မအံ့သြဘူးလား "

ထုရှန်းဟုမ်က နားမလည်နိုင်စွာဖြင့် မေးလာသည်။

" ဘာကိုလဲ "

စုန့်ချီက ပြန်မေးလိုက်သည်။

" ဟင်္သာပြဒါးငှက်မျိုးနွယ်တွေက ဘာလို့ တအားယုတ်မာကြတာလဲဆိုတာကိုလား?"

ထုရှန်းဟုမ်က သက်ပြင်းချလေသည်။

" ဟင်္သာပြဒါးငှက်တွေ အဏ္ဏဝါ ချီလင်မျိုးနွယ်ကို အမြစ်ပြတ်သုတ်သင်ပစ်ဖို့ ရေကုန်ရေခမ်း ကြိုးပမ်းပြီး ဒီလောက်အရင်းအနှီးကြီးကို ပေးဆပ်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းအရင်းက နတ်ဘုရားသခင် ရန့်ဆုန့် ပဲ။ ဒါက မင်းကိုအံ့သြစေဖို့ မလုံလောက်ဘူးလား" 

" မင်းပြောမှပဲ ငါအခုပိုတောင်သိချင်လာပြီ။ သူတို့က ဘာကြောင့်အဲ့လိုလုပ်ရတာလဲ"

" မျိုးဆက်ကြောင့် "

ထုရှန်းဟုမ်က စကားလမ်းကြောင်းကို ပြန်ဆွဲခေါ်သည်။

" နဂါးပြာမျိုးဆက်က သားရဲအလုံးစုံရဲ့ အကြီးအမှူးခေါင်ချုပ်ပဲ။ မျိုးနွယ်ဖွား တစ်ဦးတည်းဆိုရင်တောင်မှ ကမ္ဘာတစ်ဝှမ်းလုံးက သားရဲတိရစ္ဆာန် နဲ့ နတ်ဘုရားတွေတင်မကဘူး မိစ္ဆာမျိုးစိတ်ကိုပါ လွှမ်းမိုးအုပ်စိုးနိုင်တယ်။ အသက်ရှင်ကျန်ရစ်သူက တစ်ချိန်တုန်းက ကလေးသာသာ အရွယ်လောက်ပဲရှိသေးတဲ့ နတ်ဘုရားသခင် ရန့်ဆုန့် နဲ့ မပေါက်သေးတဲ့နဂါးဥလေးပဲ ဖြစ်ပါစေဦး ဟင်္သာပြဒါးငှက်တွေကို သေမတတ်ကြောက်လန့်ဖို့ လုံလောက်တာထက် ပိုနေဆဲပဲဖြစ်တယ်"

" ကံကောင်းလို့၊ ချီလင်နတ်ဘုရားတွေ အမြစ်ပြတ်အသုတ်သင်မခံရခင် လက်မတင်လေးမှာ နတ်ဘုရားသခင် ရန့်ဆုန့် နဲ့ နတ်ဘုရားသခင် ရန့်ပေကို ဖွက်ထားပေးနိုင်ခဲ့လို့။ အဲ့ဒီလိုနဲ့ နှစ်ကာလတွေအတော်ကြီး ကြာပြီးတဲ့နောက်မှာ ဟင်္သာပြဒါးငှက်တွေက နတ်ဘုရားလောကတစ်ခုလုံးကို မောင်ပိုင်စီးပြီးသိမ်းယူတော့လုဆဲဆဲအချိန်မှာ နတ်ဘုရားသခင် ရန့်ဆုန့်က ချိပ်စည်းကနေ ဖောက်ထွက်ပြီး ကမ္ဘာမြေပြင်ဆီ ပြန်ပေါ်လာခဲ့တယ်။ အဲ့ဒီအချိန်ကစလို့ နတ်ဘုရားလောကသစ်နဲ့ နတ်ဘုရားလောကဟောင်းဆိုပြီး နှစ်ပိုင်းကွဲသွားတော့တာပါပဲ။ နတ်ဘုရားသခင် ရန့်ဆုန့်က အခုထိ နတ်ဘုရားသခင်ပဲ ဆိုပေမယ့် နတ်ဘုရားလောကသစ်မှာ လူအများစုက သူ့ကို နတ်ဘုရားဧကရာဇ်လို့ အမည်တပ် ခေါ်ဝေါ်နေကြပြီ"

ထုရှန်းဟုမ်က ဆက်ကာဆိုသည်။

" မျိုးဆက်ဆိုတာ အဲ့ဒီလိုလူတွေအတွက် သိပ်ကိုအရေးပါတယ်"

စုန့်ချီ အမေးတစ်ခု ပြုလိုက်လေသည်။

" ကျားဖြူနတ်ဘုရားမျိုးဆက်မှာလည်း အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ကျန်ခဲ့တယ်ဆိုတာ ငါမှတ်မိတယ်။ သူ့ကိုက ဘယ်သူဖွက်ပေးထားတာလဲ"

ထုရှန်းဟုမ်က သူ့ကို ဖျတ်ခနဲ တစ်ချက်ကြည့်သည်။

" ထုရှန်း "

" ဟင်္သာပြဒါးငှက်တွေက ထုရှန်းကိုတော့ လာမထိရဲကြဘူး။ ဒါကြောင့် အဲ့ဒီကျားဖြူမျိုးဆက်က အခုထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲပါပဲ"

ထုရှန်းဟုမ်သည် ထုရှန်း၏ပိုင်နက်မြေထဲတွင် တခူးခူးတခေါခေါ နှင့် မိန့်မိန့်ကြီး လာအိပ်ပျော်နေသည့် ထိုကျားဖြူကို သိသိသာသာကို ဘဝင်မကျတာကြောင့် စကားလမ်းကြောင်းလွှဲလိုက်တော့သည်။

" ဒါနဲ့ နောက်နှစ်ရက်အတွက် မင်းရဲ့အစီအစဉ်က ဘာလဲ"

" မင်း စီစဉ်ထားပြီးသားပဲ မဟုတ်ဘူးလား"

စုန့်ချီက မေးခွန်းပေါ်မေးခွန်းဆင့်ပြီး ပြန်မေးလိုက်သည်။

" မင်းငါ့ကို တကယ်ကြီး ချောင်းနားထောင်နေခဲ့တာပဲ!"

ထုရှန်းဟုမ်က အော်လေတော့သည်။

" မင်းတို့ကောင်တွေကိုက စကားပြောတာ တအားကျယ်လွန်းတာကိုး"

စုန့်ချီက မျက်နှာအရည်ထူထူနှင့်ပင် ခွန်းတုံ့ပြန်ပြောသည်။

ထုရှန်းဟုမ်က ထိုကိစ္စနှင့်ပက်သက်ပြီး ဆက်လက်ငြင်းခုံခြင်းမပြုတော့ဘဲ ပြန်သာပြောလိုက်သည်။

" ငါ့အကြံအစည်က၊ ငါ့ကိစ္စပဲ။ မင်းနဲ့ ဘာဆိုင်သလဲ"

" ငါနဲ့ဆိုင်သွားရင် ပိုပြီးတော့ လွယ်ကူချောမွေ့သွားနိုင်တယ် မဟုတ်လား? မင်းတို့ အစီအစဉ်ထဲ ငါ့ကိုပါထည့်လိုက်"

စုန့်ချီဘက်က အရင်ဦးစွာလက်ဦး၍ ပူးပေါင်းဖို့ကမ်းလှမ်းမှုပြုတော့သည်။

" မင်းကိုလား? "

ထုရှန်းဟုမ်က သူ့ကို မယုံသင်္ကာနှင့် အထက်အောက် စုန်ချီဆန်ချီ ကြည့်သည်။

စုန့်ချီ ထရပ်ကာ သူ့ကိုပြောလိုက်သည်။

" ငါ့ကို အဲ့လိုလာမကြည့်နဲ့ ။ မင်းလို လူဆယ်ယောက်ဆိုရင်တောင် ငါ အခက်အခဲမရှိ အသာလေး အနိုင်ချနိုင်တယ်"

──────── ❃ ────────

ကိစၥတစ္ခ်ိဳ႕ေၾကာင့္ အလုပ္ရႈပ္ေနသျဖင့္ ႐ုန္ပိုင္သည္ အခ်ိန္အနည္းငယ္ေနာက္က်မွသာ အိမ္ျပန္လာႏိုင္ခဲ့သည္။

သူသည္ နန္းေတာ္ေဆာင္ထဲသို႔ ဝင္ဝင္လာခ်င္း၌ အဝတ္အစားေလ်ာ့တိေလ်ာ့ရဲသာ ဝတ္စားထားသည့္ စုန္႔ခ်ီကို ေတြ႕လိုက္ရေပ၏။ ထိုေကာင္ေလးဟာ အိပ္ယာေပၚတြင္ငုတ္တုတ္ထိုင္ရင္း ပိုးသားဖက္လံုးကိုဖက္ထားလ်က္ ငိုက္မ်ဥ္းေနသည္။ သူ႔မ်က္လံုးေလးမ်ားက မွိတ္ေတာ့မလိုလို ၊ ဖြင့္ေတာ့မလိုလိုျဖင့္။ သူ႔ပံုစံဟာ ေန႔လယ္တိုင္း နန္းေတာ္ေဆာင္ေဘး၌ ေျခကားယားလက္ကားယား တေမ့တေမာအိပ္တတ္ေလ့ရွိသည့္ အပ်င္းထူထူ ေၾကာင္ကတိုးႏွစ္ေကာင္ႏွင့္ပင္ တူေသးသည္။

စုန္႔ခ်ီကို တစ္ခ်က္ဝင္ၾကည့္ၿပီးသည့္ေနာက္ ႐ုန္ပိုင္သည္ ေျခကိုခပ္ဖြဖြနင္း၍ ေရခ်ိဳးသန္႔စင္ရန္အတြက္ ေရပူစမ္းသို႔ တိုးတိုးတိတ္တိတ္ ထြက္ခြာသြား၏။ သူသည္ ေရသန္႔စင္ၿပီးသည့္အခါ အဝတ္အစားသန္႔သန္႔မ်ားလဲဝတ္၍ အိပ္ယာေပၚတက္လိုက္သည္။ ကနဦးကမူ သူသည္ စုန္႔ခ်ီကို ႏႈိးမိသြားမွာ စိုးရိမ္ခဲ့၏။ သို႔ေသာ္ သူပိုၾကည့္မိေလ ဤေကာင္ေလးကို ပိုထိခ်င္လာေလျဖစ္ေပ၏။ ဤသို႔ျဖင့္ သူ၏ဆိုးဆိုးသြမ္းသြမ္းလက္ကေလးက စုန္႔ခ်ီ၏ခါးေလးကို ဆုပ္ေထြးလိုက္ကာ ရင္ခြင္ထဲသို႔ ေဆြ႕ခနဲ သြင္းလိုက္ေလေတာ့၏။

႐ုန္ပိုင္သည္ သူ႔ကို အေနာက္မွသိုင္းဖက္ထားရင္း မ်က္ႏွာကို သူ႔လည္တိုင္ၾကားထဲျမႇဳပ္ႏွံထားလ်က္ အသက္ျပင္းျပင္းရွဴရႈိက္လိုက္သည္။ ထို႔ေနာက္ သူ႔ေမးေစ့ေလးဆီသို႔ ေရြ႕လ်ားသြား၍ ဖြဖြကေလး နမ္းရႈိက္လိုက္ေပသည္။

အမွန္တကယ္တြင္မူ စုန္႔ခ်ီသည္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနခဲ့ျခင္း မဟုတ္ေပ။ ႏုႏုရြရြ အထိအေတြ႕တို႔ေၾကာင့္ သူ ခ်က္ခ်င္းဆိုသလို ႏိုးလာေတာ့သည္။ ႐ုန္ပိ္ုင္ကို ျမင္လိုက္သည့္အခိုက္အတန္႔တြင္ သူ၏ပထမဆံုး တံု႔ျပန္မႈသည္ကား ကိုယ္ကိုတစ္ဖက္သို႔လွည့္၍ အၾကင္သူ၏လည္တိုင္ကို သိုင္းဖက္လိုက္ျခင္းသာ ျဖစ္ေလေတာ့၏။ သူသည္ အၾကင္သူႏွင့္ ႏွီးႏြယ္ရန္ ေလာႀကီးမေနဘဲ အေမးျပဳလိုက္ပါ၏။ 

" ဒီေန႔က် ဘာလို႔ ျပန္လာတာ တအားေနာက္က်ရတာလဲ"

႐ုန္ပိုင္သည္ ေခါင္းကိုၫႊတ္လိုက္ကာ ပင္ပန္းႏြမ္းနယ္ေနဟန္ ပိတ္တစ္ဝက္၊ ဖြင့္တစ္ဝက္ မ်က္ဝန္းျပာမ်ားျဖင့္ သူ႔အားငံု႔မိုး၍ ၾကည့္လာသည္။ စုန္႔ခ်ီ၏ခါးတစ္ဝိုက္မွ သူ႔လက္မ်ားကမူ ပိုမိုတင္းၾကပ္သြားၿပီး ႏွစ္ဦးသား၏ခႏၶာကိုယ္ခ်င္းဟာလည္း တစ္ေယာက္အပူေငြ႕ကိုတစ္ေယာက္ ခံစားမိသည္အထိ ပူးကပ္သြားၾကသည္။

စုန္႔ခ်ီဟာ အတန္ၾကာသည္အထိ ေစာင့္ဆိုင္းေနပါေသာ္လည္း အေျဖကိုမၾကားရေသးပါေခ်။ သူသည္ ထပ္မံေမးလိုက္ေတာ့မည္ျပဳစဥ္ ႐ုန္ပိုင္က ငံု႔၍နမ္းရႈိက္လာၿပီး စကားသံမ်ားကို ခ်ိပ္ပိတ္လိုက္ေလသည္။ သူသည္ စုန္႔ခ်ီကို အိပ္ယာထက္ဖိကပ္ထားလိုက္ေပ၏။ သူ၏လက္တစ္ဖက္က စုန္႔ခ်ီ၏ခါးေပၚတြင္ ရွိေနဆဲျဖစ္ၿပီး က်န္တစ္ဖက္ကမူ အၾကင္ေကာင္ေလး၏လက္ကိုေထြးဆုပ္လ်က္ ဦးေခါင္းအထက္သို႔ ေျမႇာက္တင္ထားသည္။ ထို႔ေနာက္တြင္ေတာ့ သူဟာတစ္ဖက္ေကာင္ေလး၏လက္တို႔ကို အေပၚေျမႇာက္ကိုင္လ်က္သားျဖင့္ သူ႔လက္ေခ်ာင္းမ်ားႏွင့္ အတူတကြ ယွက္ျဖာဆုပ္ကိုင္လိုက္ေလေတာ့သည္။

စုန္႔ခ်ီသည္ ႐ုန္ပိုင္၏စိတ္အေျခအေနကို ႐ုတ္ျခည္း နားလည္သြားရ၏။ ႐ုန္ပိုင္ဟာ စိတ္ေပ်ာ္ရႊင္မေနေၾကာင္း စုန္႔ခ်ီ အေသအခ်ာကို ခံစားမိႏိုင္၏။ အၾကင္သူဟာ ဖြင့္ထုတ္မေျပာခ်င္ေလာက္ေအာင္ကို စိတ္အေျခအေန အင္မတန္ ဆိုးဝါးေနသည္။ သူသည္ စုန္႔ခ်ီအား ႏူးႏူးညံ့ညံ့ျဖင့္သာ သိမ္းက်ံဳးေထြးပိုက္၍ သူ႔ခံစားခ်က္မ်ားကို အနမ္းမိုးမ်ားအျဖစ္ သြန္းၿဖိဳးရြာခ်ေနေပ၏။

စုန္႔ခ်ီကလည္း သူ႔အား အတင္းအၾကပ္ မတိုက္တြန္းပါေခ်။ သူသည္ အားေနသည့္လက္တစ္ဖက္ကို ေျမႇာက္လိုက္ၿပီး ႐ုန္ပိုင္၏လည္တိုင္ကို သိုင္းဖက္လိုက္သည္။ သူသည္ ႐ုန္ပိုင္၏ရွည္လ်ားေသာ ဆံႏြယ္ျဖဴတို႔ကို သပ္ေပးရင္း အနမ္းတို႔ကို ျဖည္းညင္းစြာ တံု႔ျပန္မႈျပဳသည္၊ ႏႈတ္ခမ္းလႊာ ႏွင့္ လွ်ာတို႔၏ ေျပးလႊားလႈပ္ရွားမႈတစ္ခုခ်င္းစီကိုေတာင္ ထိထိမိမိခံစားမိႏိုင္ပါ၏။

ကနဦးက သူသည္ ႐ုန္ပိုင္၏မ်က္ဝန္းျပာမ်ားႏွင့္ ဆံႏြယ္ျဖဴတို႔ဟာ ဤကမ႓ာတြင္ တုႏႈိင္းမဲ့ အခမ္းနားဆံုးအရာမ်ားဟု ထင္ခဲ့မိသည္။ ယခုတြင္မူ သူနားလည္သြားခဲ့ရေလၿပီ၊ ဤအေရာင္အဆင္းမ်ားဟာ ႐ုန္စန္း၏ေသြးေျမခ အသက္ေသြးေႂကြးမ်ားမွ ျဖစ္တည္လာေသာ အရာမ်ားသာျဖစ္ေပ၏။ ႐ုန္ပိုင္ ကိုယ္ကိုယ္၌က ဤအေရာင္အဆင္းမ်ားကို မုန္းတီးေနေပေရာ့မည္။

ေယာက္်ားပ်ိဳႏွစ္ဦးဟာ အိပ္ယာထက္တြင္ အခ်ိန္အေတာ္ၾကာ လူးလွိမ့္ေနၾကၿပီးေနာက္ ႐ုန္ပိုင္သည္ သူ႔ကို ခပ္ျဖည္းျဖည္းခ်င္း လႊတ္ေပးလိုက္သည္။ ႐ုန္ပိုင္သည္ စုန္႔ခ်ီ၏လည္တိုင္ေဖြးေဖြးကို ႏွာဖ်ားေလးျဖင့္ ပြတ္တိုက္က်ီစယ္၍ ေသြးေၾကာေလးမ်ားစိမ္းေနသည့္လည္ပင္းသားေလးကို လွ်ာျဖင့္လ်က္လိုက္သည္။

စုန္႔ခ်ီသည္ အသည္းယားစြာ ဟားခနဲ ရယ္လိုက္ကာ လည္ပင္းေလးကို အေနာက္က်ံဳ႕လိုက္သည္။ ထို႔ေနာက္တြင္ေတာ့ သူသည္ ႐ုန္ပိုင္ႏွင့္အတူ စကားစျမည္ေျပာရန္သာ ျပင္ေတာ့သည္။

" ႐ုန္ပိုင္ ၊ ခင္ဗ်ား လူသားေလာကကို ေရာက္ဖူးလား"

" ဟင့္အင္း "

႐ုန္ပိုင္က အမႈမဲ့အမႈတ္မဲ့သာျပန္ေျဖလာၿပီး သူ႔အား အိပ္ယာေပၚမွ ဆြဲထူလိုက္ကာ လက္ေမာင္းမ်ားထဲ သိမ္းက်ံဳး၍ ဆြဲဖက္ထားလိုက္သည္။

" ဒါဆို သြားလည္ၾကည့္ခ်င္တယ္လို႔ေရာ ေတြးဖူးလား"

" ကိုယ္အရင္က ေတြးခဲ့ဖူးတယ္ "

႐ုန္ပိုင္သည္ သူ႔စကားမ်ားကို အာရံုရမေနသည္မွာ  သိသာလွၿပီး သူ႔လက္တစ္ဖက္ကမူ စုန္႔ခ်ီ၏အက်ႌထဲသို႔ ေလွ်ာခနဲ လွ်ိဳဝင္လာသည္။ တစ္ခ်ိန္တည္းမွာပင္ သူဟာ စုန္႔ခ်ီ၏ဆံပင္ရွည္မ်ားကို ေျမႇာက္ပင့္လိုက္ၿပီး နားရြက္ဖ်ားေလးကို တႏူးတညံ့ပြတ္သပ္လိုက္ေပသည္။

ပူျပင္းေလာင္ၿမိဳက္လွသည့္ ေလပူေငြ႕ေႏြးေႏြးတို႔ေၾကာင့္ စုန႔္ခ်ီ၏နားရြက္တစ္ျပင္လံုး လ်င္ျမန္စြာ နီျမန္းသြားေတာ့၏။ စုန္႔ခ်ီသည္ မေနတတ္စြာ ေခါင္းကိုေဘးသို႔ လႊဲေရွာင္လိုက္ရင္း စကားဆက္ေလသည္။

" ကြ်န္ေတာ္က အဲ့ဒီေနရာက လာခဲ့တာ "

ထိုစကားသံအဆံုးတြင္ ႐ုန္ပိုင္၏ေရြ႕လ်ားလႈပ္ရွားေနသည့္ လက္တို႔က အႂကြင္မဲ့ ရပ္တန္႔သြားၾကကုန္သည္။ သူသည္ ယခင္ကကဲ့သို႔ အာရံုပ်ံလြင့္ေနျခင္းမ်ိဳး အလွ်ဥ္းမရွိေတာ့ေပ။ သူသည္ စုန္႔ခ်ီ၏နားရြက္ေလးကို လႊတ္ေပးလိုက္၍ အံ့အားသင့္မႈတစ္ခ်ိဳ႕ျဖင့္ စုန္႔ခ်ီအား လွည့္ၾကည့္လာသည္။

" မင္းက လူ႔ျပည္ကလို႔ ေျပာလိုက္တာလား"

စုန္႔ခ်ီ ေခါင္းၿငိမ့္လိုက္သည္။ သူ႔မ်က္ႏွာထက္က အျပံဳးမ်ားဟာလည္း ပိုမိုကာ ထင္ရွားသက္ဝင္လာၿပီး မ်က္လံုးကေလးမ်ားက တလက္လက္ေတာက္ပလာသည္။ ယင္းက သူ႔ေမြးရပ္ဌာေနကို ထုတ္ေဖာ္ေျပာျပလိုက္ရျခင္းေၾကာင့္ မဟုတ္ရပါဘဲ ႐ုန္ပိုင္က သူ၏အတိတ္ေနာက္ေၾကာင္းအား သိလိုစိတ္ျပင္းျပေနျခင္းကို ျမင္ေတြ႕လိုက္ရေသာေၾကာင့္သာ ျဖစ္ေလသည္။

အမွန္တကယ္တြင္မူ ႏွစ္ဦးသား ပထမဦးဆံုး စတင္ဆံုစည္းခဲ့ရာ စစ္ဟြမ္းေတာင္၌ ၊ သူသည္ သုေခါ့ျမႇားကို ပုတ္ထုတ္လိုက္ႏိုင္သည့္ အခိုက္အတန္႔ကတည္းက ႐ုန္ပိုင္ဟာ သူ႔ေနာက္ေၾကာင္းကို အလြန္အင္မတန္ သိလိုစိတ္ျပင္းျပေနခဲ့ေၾကာင္း စုန္႔ခ်ီ သိခဲ့ေပသည္။ သို႔ေသာ္လည္း ႏွစ္ဦးသား အတူတကြေနထိုင္သည္မွာ ရက္မ်ားစြာၾကာသည့္တိုင္ ႐ုန္ပိုင္ဟာ ထိုအေၾကာင္းကို အစပ်ိဳးေမးျမန္းလာျခင္း မရွိခဲ့ပါေခ်။

သိလိုစိတ္ျပင္းျပျခင္းႏွင့္ ေမးျမန္းျခင္းက သက္သက္စီပင္ျဖစ္ပါ၏။

႐ုန္ပိုင္သည္ စုန္႔ခ်ီဟာ ဘယ္အရပ္မွလာခဲ့သည္လဲ သို႔တည္းမဟုတ္ စုန္႔ခ်ီ၏ စစ္ဟြမ္းေတာင္တြင္ ႐ုတ္တရက္ေပၚလာခဲ့ရသည့္ ရည္ရြယ္ခ်က္ကို ဂ႐ုစိုက္ျခင္းအလွ်ဥ္းမရွိခဲ့ပါေခ်။ လူေပါင္းေျမာက္ျမားစြာက စုန္႔ခ်ီအား သံသယဝင္ခဲ့ၾကပါေသာ္လည္း ႐ုန္ပိုင္ကား မပါဝင္ခဲ့ပါေခ်။ ဤကဲ့သို႔ ယံုၾကည္မႈမ်ိဳးကို အႂကြင္းမဲ့ ယံုၾကည္ျခင္းဟုေခၚေပ၏ — အေၾကာင္းျပခ်က္မရွိဘဲ အလိုအေလ်ာက္ျဖစ္တည္လာေသာ ယံုၾကည္မႈတစ္ခုပင္။

စုန္႔ခ်ီက စကားဆိုလာ၏။

" အဲ့ဒီေနရာက နတ္ဘုရားေလာကနဲ႔ သိပ္ကိုေဝးလံလွတဲ့ ေလာကဘံုတစ္ခုေပါ့။ တစ္ေန႔က်ရင္ ခင္ဗ်ားနဲ႔အတူ သြားလည္ၾကရင္ မေကာင္းဘူးလား"

႐ုန္ပိုင္၏မ်က္ဝန္းတို႔က အံ့ၾသဝမ္းသာမႈတို႔ျဖင့္ မၾကံဳစဖူး ျပဴးက်ယ္လို႔သြားၾကသည္။ သူသည္ ဦးေခါင္းကိုငံု႔၍ ႏႈတ္ခမ္းတစ္ခုလံုးကို ဖိကိုက္လိုက္ရင္း ဗလံုးဗေထြး အသံျဖင့္ အေျဖေပး တံု႔ျပန္လာသည္။

" အြန္း ကတိ "

စုန္႔ခ်ီ၏ႏႈတ္ခမ္းေထာင့္စြန္းေလးမ်ားက အျပံဳးေလးအျဖစ္ ပီပီျပင္ျပင္ ေကြးတက္သြားၿပီး အၾကင္သူကို ေနာက္ျပန္သိုင္းဖက္ထားလိုက္သည္။ ေယာက္်ားပ်ိဳႏွစ္ဦးသည္ အိပ္ယာေပၚ ထပ္မံ၍လူးလွိမ့္ၾကျပန္ရင္း ဆြဲခြာမရေအာင္ ပူးကပ္သြားၾကျပန္သည္။ စုန္႔ခ်ီသည္ ႐ုန္ပိုင္ကို ကုတ္တြယ္ဖက္ထားလ်က္ ခဏတာေလးပင္ ခြဲခြာလိုစိတ္ မရွိေတာ့ပါေခ်။

႐ုန္ပိုင္က ေနာက္တစ္ေန႔ နံနက္ေရာက္သည္ႏွင့္ ထြက္သြားေလသည္။ စုန္႔ခ်ီသည္ ဝဝလင္လင္အိပ္ၿပီးခါမွ ထလာကာ ေဆးေၾကာသန္႔စင္ၿပီး ထမင္းသံုးေဆာင္သည္။ ထို႔ေနာက္ သပ္သပ္ရပ္ရပ္ ဝတ္စားဆင္ယင္လ်က္ ထုရွန္းဟုမ္ကိုရွာရန္အတြက္ ႐ုန္ပိုင္၏နန္းေဆာင္မွ ထြက္လာခဲ့ေလ၏။

သည့္မတိုင္ခင္က စုန္႔ခ်ီသည္ ပတ္ဝန္းက်င္တြင္ စံုစမ္းေမးျမန္းမႈမ်ားကို ျပဳလုပ္ခဲ့ေသး၏။ ထုရွန္းပိတြင္ တရားဝင္ ထိပ္တင္ဇနီးမယားက ႐ုန္စန္းတစ္ဦးတည္းသာျဖစ္ပါေသာ္လည္း ကိုယ္လုပ္ေတာ္မ်ားႏွင့္ သားသမီးမ်ားကမူ တစ္ျပံဳတစ္သိုက္လိုက္ႀကီးရွိေပ၏။ ႐ုန္ပိုင္က ခုနစ္ေယာက္ေျမာက္သားေတာ္ျဖစ္ၿပီး၊ ထုရွန္းဟုမ္က ရွစ္ေယာက္ေျမာက္ျဖစ္၏။

ရွိရွိသမွ်ကိုယ္လုပ္ေတာ္မ်ားထဲတြင္ ထုရွန္းပိသည္ ထုရွန္းလ်ံ၏မယ္ေတာ္ကိုသာ အခ်စ္ျမတ္ႏိုးဆံုးျဖစ္ၿပီး ၾသဇာအာဏာအရွိဆံုး ကိုယ္လုပ္ေတာ္ကမူ ထုရွန္းဟုမ္၏မယ္ေတာ္ျဖစ္၏။ ႐ုန္စန္းသည္ တရားဝင္ ဇနီးမယားျဖစ္သည့္တိုင္ မိဘႏွစ္ပါးလံုးဟာ သူမဖြားျမင္ၿပီးမၾကာခင္မွာပဲ ဆံုးပါးသြားၾကၿပီး၊ သူမ၏တစ္ဦးတည္းေသာ ေဆြမ်ိဳးျဖစ္သူ မိခင္ဘက္မွအဘိုးေတာ္သည္လည္း နတ္ဆိုးမ်ားလက္ခ်က္ျဖင့္ အသက္ဆံုးရွံဳးသြားခဲ့ရွာသည္။

သူမတြင္ ေသြးသားရင္းခ်ာဟူ၍ သူမ၏သားေတာ္၊ မ်ိဳးႏြယ္စု၏ဆက္ခံသူ ႐ုန္ပိုင္တစ္ဦးတည္းသာလွ်င္ ရွိခဲ့ပါ၏။ သို႔ေပမည့္ သူမအေနျဖင့္ ႐ုန္ပိုင္ ႀကီးျပင္းအရြယ္ေရာက္လာသည္ကို ဘယ္ေသာအခါမွ ျမင္ခြင့္မရေတာ့ျခင္းက သိပ္ကိုဝမ္းနည္းဖြယ္ေကာင္းလွသည္။

ထုရွန္းဟုမ္သည္ကား ကေလးတစ္သိုက္ၾကားတြင္ ရာထူးအဆင့္အတန္း အေတာ္ကေလးျမင့္မားသည့္တိုင္ သူကိုယ္တိုင္ကမူ ဒုတိယသခင္ေလးမ်ိဳးဆက္၏ သူႂကြယ္သား၊ လူေပၚေၾကာ့ေလးသာျဖစ္ေခ်၏။ သူဟာ ဘာအလုပ္အကိုင္မွ မည္မည္ရရမလုပ္ဘဲ ဟိုေယာင္ေယာင္၊ ဒီေယာင္ေယာင္ႏွင့္ ေနရာအႏွံ႕ၿပဲၿပဲစင္ ျပႆနာမ်ား မီးခြက္ထြန္းလိုက္ရွာတတ္သည္။ ေကာလဟာလမ်ားပင္ရွိေသး၏၊ ထုရွန္းဟုမ္ဟာ သူစိတ္မထင္ရင္မထင္သလို သူ႔ကိုယ္သူပါ ထထ႐ိုက္တတ္ေသးသည္ဟူ၍ပင္။

သားသမီးမ်ားအားလံုးထဲတြင္ ထုရွန္းလ်ံသည္သာ ထုရွန္းပိ သည္းသည္းလႈပ္အခ်စ္ရဆံုး မင္းသမီးငယ္ေလးျဖစ္ေခ်၏။ သူမဟာ အင္မတန္ မာနႀကီး၊ အထက္စီးဆန္ကာ ထုရွန္းကလူတိုင္းေစ့ကို တင္စီးစြာျဖင့္ ေမာက္ေမာက္မာမာဆက္ဆံရဲသည္။ သို႔သည့္တိုင္ သူမေတာင္မွ ဘယ္သူမွဂ႐ုမစိုက္တတ္သည့္ ဤေပါ့ေပါ့ေန၊ ေပါ့ေပါ့စား ျဖစ္ကတက္ဆန္း သခင္ငယ္ေလးႏွင့္ေတြ႕သည္အခါ အရႈံးေပးရစၿမဲျဖစ္သည္သာ။

စုန္႔ခ်ီ ထုရွန္းဟုမ္ကို ေတြ႕လိုက္ရသည့္အခ်ိန္၌ ထိုသူဟာ ေနာက္လိုက္သားငတိတစ္သိုက္ႏွင့္ ေခါင္းခ်င္းဆိုင္ၿပီး ကိစၥတစ္ခုကို တိုးတိုး တိုးတိုးနဲ႔ လွ်ိဳ႕ဝွက္ၾကံစည္ေနၾကခ်ိန္ျဖစ္သည္။

စုန္႔ခ်ီသည္ သူတို႔အေရွ႕ေရာက္ေနသည္မွာ ၾကာလွၿပီျဖစ္ပါေသာ္လည္း ထိုတစ္သိုက္ကေတာ့ အင္တိုက္အားတိုက္ ေဆြးေႏြးေနၾကသည္မွာ တစ္ဦးတစ္ေယာက္မွ် သူ႔အား သတိထားမိျခင္းမရွိၾကေသး။ စိတ္အားထက္သန္ေနပံုေပၚသည့္ ထုရွန္းဟုမ္က သူ႔ေပါင္သူေျဖာင္းခနဲ ႐ိုက္ခ်လိုက္ရင္း ခပ္က်ယ္က်ယ္ ေအာ္ေျပာသည္။

" ေအး အဲ့တိုင္းပဲလုပ္ၾကစို႔! "

သူသည္ ေအာ္ေျပာၿပီးၿပီးခ်င္း အေပၚကိုေမာ့ၾကည့္မိလိုက္ရာ စုန္႔ခ်ီကို ဘြားခနဲျမင္လိုက္ရေလသည္။ သူသည္ တုန္လႈပ္လန္႔ဖ်ပ္သြားၿပီး ေက်ာက္တံုးႀကီးေပၚမွ ေဆြ႕ခနဲ ထခုန္မိသြားသည္။

" မင္းဘယ္အခ်ိန္ထဲက ေရာက္ေနတာလဲ။ ဘယ္လိုလုပ္ ေရာက္လာတာလဲ။ မင္း ငါ့ကို ေခ်ာင္းနားေထာင္ေနတာလား!"

ေမးခြန္းသံုးခုဟာ တစ္ခုၿပီးတစ္ခု ေရွ႕ဆင့္ေနာက္ဆင့္ ထြက္လာသည္။ စုန္႔ခ်ီသည္ အလ်ဥ္းသင့္ေသာ တစ္ခုကိုသာ ျပန္ေျဖလိုက္သည္။

" ငါ မင္းကိုေျပာစရာရွိတယ္ "

နံေဘးက ေနာက္လိုက္သားငတိတို႔မွာလည္း ႐ုတ္တရက္ထေအာ္သံေၾကာင့္ လန္႔ဖ်ပ္သြားၾကရွာသည္။ အားလံုးက ထရပ္လိုက္ၾကၿပီး သူ႔အား ဝိုင္းၾကည့္လာၾကသည္။

ထုရွန္းဟုမ္သည္ ခ်က္ခ်င္းလက္ငင္း သူတို႔ကို လက္ယမ္းကာ အရိ္ပ္ျပလိုက္သည္။

" တျခားေနရာသြားၾကဦး။ ငါ့မွာ ကိစၥတစ္ခုေပၚလာလို႔"

ေနာက္လိုက္သားငတိတို႔သည္ နာနာခံခံျဖင့္ အလွ်ိဳလွ်ိဳထြက္ခြာသြားၾကသည္။ မ်က္ေတာင္တစ္ခတ္စာအခ်ိန္အတြင္းမွာတင္ သူတို႔ႏွစ္ေယာက္သာ က်န္ရစ္ခဲ့ေတာ့၏။ ထုရွန္းဟုမ္က ေက်ာက္တံုးႀကီးေပၚ တစ္ဖန္ျပန္ထိုင္ခ်လိုက္ရင္း ေျပာလာသည္။

" ထိုင္ၿပီးေျပာရေအာင္ "

စုန္႔ခ်ီသည္လည္း ယဥ္ေက်းမေနေတာ့ဘဲ သူႏွင့္ မ်က္ႏွာခ်င္းဆိုင္က ေက်ာက္တံုးႀကီးေပၚ ဝင္ထိုင္လိုက္သည္။

" ငါေမးခ်င္တာက ဒီရက္ပိုင္းထဲ ႐ုန္ပိုင္တစ္ခုခုျဖစ္ေနတာလား"

" ႐ုန္ပိုင္ အေၾကာင္းဆိုရင္ ဘာလို႔သူ႔ကို သြားမေမးလဲ? ဘာလို႔ငါ့လာေမးတာလဲ?"

ထုရွန္းဟုမ္သည္ ထိုက္က်ီသိုင္းတစ္ကြက္ျဖင့္ သူ႔ကို အလ်င္ဦးစြာ တိုက္စစ္ဆင္လာသည္။

စုန္႔ခ်ီကလည္း ေျဖာင့္ခ်က္ေပး၏။

" သူ စိတ္အေျခအေန သိပ္ေကာင္းမေနတာကို ငါ ေတြ႕ေနရေတာ့၊ သူစိတ္မေပ်ာ္ျဖစ္ေစမယ့္ ဘယ္ကိစၥကိုမွ ငါထုတ္မေမးခ်င္ဘူး"

" မွန္တယ္။ ေသခ်ာေပါက္ သူေပ်ာ္ေနမွာမဟုတ္ဘူး"

ထုရွန္းဟုမ္က ေျပာသည္။

" နတ္ဘုရားေလာက,က လူတိုင္း ဒီအေၾကာင္းကို သိၾကတယ္။ ဒီေတာ့ မင္းကို ေျပာျပလိုက္လည္း ျပႆနာေတာ့သိပ္မရွိပါဘူး။ ေနာက္ႏွစ္ရက္ေနရင္ က်ဴးမ်ိဳးႏြယ္ နန္းၿမိဳင္သခင္ရဲ႕ သမီးေမြးေန႔ရွိတယ္။ မ်ိဳးႏြယ္စု ႏွစ္ဦးႏွစ္ဖက္လံုးက ႐ုန္ပိုင္နဲ႔ က်ဴးဟန္႔ကို အဲ့ဒီေန႔မွာ လက္ထပ္ေစခ်င္ၾကတယ္၊ ဒါမွ ေပ်ာ္ရႊင္သုခ ႏွစ္ဆတိုးပြားေအာင္လို႔တဲ့"

" ဘာာ "

စုန္႔ခ်ီ အလြန္အံ့ၾသသြားသည္။

" အဲ့လိုႀကီးလား "

" ႐ုန္ပိုင္နဲ႔ က်ဴးဟန္႔ရဲ႕ လက္ထပ္ပြဲက မ်ိဳးဆက္ႏွစ္ခု ေပါင္းစည္းတာလို႔ ေျပာရမယ္"

ထုရွန္းဟုမ္၏အၾကည့္မ်ားက ေလးပင္အံု႔ဆိုင္းသြားသည္။

" ငါတို႔မ်ိဳးႏြယ္စုမွာ ထုရွန္းေသြးသားစစ္စစ္ရယ္လို႔ ထပ္မရွိေတာ့ဘူး၊ ႐ုန္ပိုင္က ေနာက္ဆံုးတစ္ေယာက္ပဲ။ ဒီလက္ထပ္ပြဲက ထုရွန္းရဲ႕ အာဏာစက္ကို အထြဋ္အထိပ္ေနရာမွာ ဆက္လက္ထိန္းသိမ္းထားဖို႔ရယ္၊ နတ္ဘုရားေလာကသစ္နဲ႔ နတ္ဘုရားေလာကေဟာင္းၾကားက တင္းမာေနတဲ့ဆက္ဆံေရးကို ေျဖေလ်ာ့ေပးဖို႔ရယ္ ရည္ရြယ္တာ"

" ဒါက ႐ုန္ပိုင္ရဲ႕မယ္ေတာ္နဲ႔ တူမေနဘူးလား"

စုန္႔ခ်ီက တီးတိုးညည္းညဴလိုက္သည္။

" ၾကည့္ရတာ မင္း မယ္မယ့္အေၾကာင္းသိၿပီးသားထင္တယ္"

ထုရွန္းဟုမ္က သူ႔အား တစ္ခ်က္ၾကည့္လာကာေျပာ၏။

" မ်ိဳး႐ိုးက ပိုၿပီးအားေကာင္းေလ၊ ခြန္အားပိုႀကီးေလပဲ။ ထုရွန္းအျမႇီးကိုးေခ်ာင္းေျမေခြးနဲ႔ ဟသၤာျပဒါးငွက္ရဲ႕ကေလးက ဘယ္ေလာက္ခြန္အားႀကီးလိမ့္မလဲ မင္းမွန္းဆၾကည့္ဖူးလား"

" လူတစ္ေယာက္ ခြန္အားႀကီးတယ္၊မႀကီးဘူး ဆိုတာက မ်ိဳး႐ိုးနဲ႔မွသိပ္မဆိုင္တာကို။ ဟုတ္တယ္မလား?"

စုန္႔ခ်ီမွာ ဤမေသမ်ိဳးတို႔၏အေတြးအေခၚမ်ားေၾကာင့္ အနည္းငယ္ ကူရာမဲ့သလိုပင္ ခံစားလိုက္ရသည္။ ကိစၥတိုင္းကို မ်ိဳးဆက္ေၾကာင့္ဟု ဘာေၾကာင့္မ်ား လႊဲလႊဲခ်ၾကသည္လဲ?

" မင္းေျပာတာ ငါေထာက္ခံတယ္။ ဒါေပမယ့္ မင္းက‘ မ်ိဳးဆက္’အေၾကာင္းနဲ႔ပက္သက္ၿပီး တအားကို ဗဟုသုတေခါင္းပါးေနေတာ့ ငါကပဲ အဲ့ဒီလူေတြရဲ႕ရႈေထာင့္ကေန ရွင္းျပေပးရမွာေပါ့"

ထုရွန္းဟုမ္က ဆိုေလသည္။

" မင္း နတ္ဘုရားသခင္ ရန္႔ဆုန္႔ ကိုသိလား "

စုန္႔ခ်ီ ေခါင္းၿငိမ့္ျပလိုက္ၿပီး အလြန္အာရံုတစိုက္ရွိေသာ နားေသာတဆင္သူပမာ ပံုစံဖမ္းလိုက္သည္။

" နတ္ဘုရားသခင္ ရန္႔ဆုန္႔က ေရွးစုႏွစ္ေတြကတည္းက ဖြားျမင္ခဲ့တာ။ အဲ့ဒီေခတ္ကာလႀကီးက အႀကီးအက်ယ္ေသြးေခ်ာင္းစီးၿပီး အလဲလဲအၿပိဳၿပိဳျဖစ္ေနခဲ့တဲ့ အခ်ိန္အခါႀကီးေပါ့။ နတ္ဆိုးဘုရင္က မေကာင္းမႈ ဒုစ႐ိုက္ေပါင္းစံုကို လုပ္ခဲ့တယ္။ ဘယ္သူမွ သူ႔ကို တားဆီးလို႔မရတဲ့အထိ ဆိုးသြမ္းခဲ့တာ။ ဒီလိုနဲ႔ ကမ႓ာေလာကႀကီး ျပန္လည္ၿငိမ္းၿငိမ္းခ်မ္းခ်မ္းျဖစ္ရေအာင္လို႔ ေလးသညာ သားရဲနတ္ဘုရားမ်ိဳးႏြယ္ဝင္ေတြ စုေပါင္းၿပီးနတ္ဆိုးဘုရင္ကို တန္ျပန္တိုက္ခိုက္ဖို႔ ဆံုးျဖတ္ခဲ့ၾကတယ္။ ဒါေပမယ့္ စစ္ပြဲႀကီးမစခင္မွာပဲ ဟသၤာျပဒါးငွက္နဲ႔ လိပ္နက္မ်ိဳးႏြယ္တို႔က ေရွာင္ေျပးသြားခဲ့ၾကတယ္။ နဂါးျပာနဲ႔ က်ားျဖဴတို႔ အတူပူးေပါင္းၿပီးတိုက္ခဲ့ၾကေပမယ့္ ဒီေလာက္ေလးက နတ္ဆိုးဘုရင္ရဲ႕ ၿပိဳင္ဘက္ေတာင္မဟုတ္ေသးဘူး။ နတ္ဆိုးဘုရင္ကို ခ်ိပ္ပိတ္ႏိုင္လိုက္တဲ့အၿပီးမွာ မ်ိဳးႏြယ္စုႏွစ္ခုက အျမစ္ျပတ္ သုတ္သင္ခံလိုက္ရလုနီးပါး ျဖစ္သြားခဲ့တယ္။ နတ္ဘုရားသခင္ ရန္႔ဆုန္႔ကိုေတာ့ အဏၰဝါ ခ်ီလင္ နတ္ဘုရားေတြလက္ထဲ အပ္ႏွံခဲ့ၾကတာေၾကာင့္ နဂါးျပာမ်ိဳးႏြယ္ရဲ႕ ေနာက္ဆံုးက်န္ရစ္သူ မ်ိဳးဆက္ျဖစ္လာခဲ့တယ္"

" အဲ့ဒီအခ်ိန္တုန္းက နတ္ဘုရားသခင္ ရန္႔ေပက...."

ထုရွန္းဟုမ္က လက္ဟန္အမူအရာလုပ္ျပသည္။ “နဂါးဥကေနေတာင္ မေပါက္ေသးဘူး”

" ငါ အဲ့တာကို အရင္ကၾကားခဲ့ဖူးတယ္"

စုန္႔ခ်ီက ၾကားဝင္ေျပာလိုက္သည္။

ထုရွန္းဟုမ္သည္ စုန္႔ခ်ီကို ပါးစပ္ပိတ္ထားဖို႔ လက္ဟန္ျပလိုက္ၿပီး စကားဆက္သည္။

" ေနာက္ပိုင္းမွာ ဟသၤာျပဒါးငွက္ေတြက သူတို႔ကို လက္စားျပန္ေခ်ၾကမွာ ေၾကာက္ၿပီး နတ္ဘုရားသခင္ ရန္႔ဆုန္႔ကို ဝွက္ထားေပးတဲ့ ခ်ီလင္မ်ိဳးႏြယ္ကို အျမစ္ျပတ္သုတ္သင္ပစ္လိုက္တယ္"

ေျပာၿပီးသည္ႏွင့္ သူက စုန္႔ခ်ီကို စိုက္ကာ ၾကည့္လာသည္။

"............"

တစ္ခဏၾကာသည္ထိ တစ္ဦးႏွင့္တစ္ဦး အျပန္ျပန္အလွန္လွန္ စိုက္ၾကည့္ေနၾကအၿပီးတြင္ စုန္႔ခ်ီသည္ တံု႔ျပန္မႈတစ္ခုခုျပန္ေပးသင့္သည္ဟု ေတြးမိသြားသျဖင့္ ေဒါသတႀကီးဆိုလိုက္သည္။

" ယုတ္မာလိုက္ၾကတာ! "

" မင္း မအံ့ၾသဘူးလား "

ထုရွန္းဟုမ္က နားမလည္ႏိုင္စြာျဖင့္ ေမးလာသည္။

" ဘာကိုလဲ "

စုန္႔ခ်ီက ျပန္ေမးလိုက္သည္။

" ဟသၤာျပဒါးငွက္မ်ိဳးႏြယ္ေတြက ဘာလို႔ တအားယုတ္မာၾကတာလဲဆိုတာကိုလား?"

ထုရွန္းဟုမ္က သက္ျပင္းခ်ေလသည္။

" ဟသၤာျပဒါးငွက္ေတြ အဏၰဝါ ခ်ီလင္မ်ိဳးႏြယ္ကို အျမစ္ျပတ္သုတ္သင္ပစ္ဖို႔ ေရကုန္ေရခမ္း ႀကိဳးပမ္းၿပီး ဒီေလာက္အရင္းအႏွီးႀကီးကို ေပးဆပ္ခဲ့တဲ့ တစ္ခုတည္းေသာ အေၾကာင္းအရင္းက နတ္ဘုရားသခင္ ရန္႔ဆုန္႔ ပဲ။ ဒါက မင္းကိုအံ့ၾသေစဖို႔ မလံုေလာက္ဘူးလား" 

" မင္းေျပာမွပဲ ငါအခုပိုေတာင္သိခ်င္လာၿပီ။ သူတို႔က ဘာေၾကာင့္အဲ့လိုလုပ္ရတာလဲ"

" မ်ိဳးဆက္ေၾကာင့္ "

ထုရွန္းဟုမ္က စကားလမ္းေၾကာင္းကို ျပန္ဆြဲေခၚသည္။

" နဂါးျပာမ်ိဳးဆက္က သားရဲအလံုးစံုရဲ႕ အႀကီးအမွဴးေခါင္ခ်ဳပ္ပဲ။ မ်ိဳးႏြယ္ဖြား တစ္ဦးတည္းဆိုရင္ေတာင္မွ ကမ႓ာတစ္ဝွမ္းလံုးက သားရဲတိရစၧာန္ နဲ႔ နတ္ဘုရားေတြတင္မကဘူး မိစၧာမ်ိဳးစိတ္ကိုပါ လႊမ္းမိုးအုပ္စိုးႏိုင္တယ္။ အသက္ရွင္က်န္ရစ္သူက တစ္ခ်ိန္တုန္းက ကေလးသာသာ အရြယ္ေလာက္ပဲရွိေသးတဲ့ နတ္ဘုရားသခင္ ရန္႔ဆုန္႔ နဲ႔ မေပါက္ေသးတဲ့နဂါးဥေလးပဲ ျဖစ္ပါေစဦး ဟသၤာျပဒါးငွက္ေတြကို ေသမတတ္ေၾကာက္လန္႔ဖို႔ လံုေလာက္တာထက္ ပိုေနဆဲပဲျဖစ္တယ္"

" ကံေကာင္းလို႔၊ ခ်ီလင္နတ္ဘုရားေတြ အျမစ္ျပတ္အသုတ္သင္မခံရခင္ လက္မတင္ေလးမွာ နတ္ဘုရားသခင္ ရန္႔ဆုန္႔ နဲ႔ နတ္ဘုရားသခင္ ရန္႔ေပကို ဖြက္ထားေပးႏိုင္ခဲ့လို႔။ အဲ့ဒီလိုနဲ႔ ႏွစ္ကာလေတြအေတာ္ႀကီး ၾကာၿပီးတဲ့ေနာက္မွာ ဟသၤာျပဒါးငွက္ေတြက နတ္ဘုရားေလာကတစ္ခုလံုးကို ေမာင္ပိုင္စီးၿပီးသိမ္းယူေတာ့လုဆဲဆဲအခ်ိန္မွာ နတ္ဘုရားသခင္ ရန္႔ဆုန္႔က ခ်ိပ္စည္းကေန ေဖာက္ထြက္ၿပီး ကမ႓ာေျမျပင္ဆီ ျပန္ေပၚလာခဲ့တယ္။ အဲ့ဒီအခ်ိန္ကစလို႔ နတ္ဘုရားေလာကသစ္နဲ႔ နတ္ဘုရားေလာကေဟာင္းဆိုၿပီး ႏွစ္ပိုင္းကြဲသြားေတာ့တာပါပဲ။ နတ္ဘုရားသခင္ ရန္႔ဆုန္႔က အခုထိ နတ္ဘုရားသခင္ပဲ ဆိုေပမယ့္ နတ္ဘုရားေလာကသစ္မွာ လူအမ်ားစုက သူ႔ကို နတ္ဘုရားဧကရာဇ္လို႔ အမည္တပ္ ေခၚေဝၚေနၾကၿပီ"

ထုရွန္းဟုမ္က ဆက္ကာဆိုသည္။

" မ်ိဳးဆက္ဆိုတာ အဲ့ဒီလိုလူေတြအတြက္ သိပ္ကိုအေရးပါတယ္"

စုန္႔ခ်ီ အေမးတစ္ခု ျပဳလိုက္ေလသည္။

" က်ားျဖဴနတ္ဘုရားမ်ိဳးဆက္မွာလည္း အသက္ရွင္က်န္ရစ္သူ တစ္ေယာက္က်န္ခဲ့တယ္ဆိုတာ ငါမွတ္မိတယ္။ သူ႔ကိုက ဘယ္သူဖြက္ေပးထားတာလဲ"

ထုရွန္းဟုမ္က သူ႔ကို ဖ်တ္ခနဲ တစ္ခ်က္ၾကည့္သည္။

" ထုရွန္း "

" ဟသၤာျပဒါးငွက္ေတြက ထုရွန္းကိုေတာ့ လာမထိရဲၾကဘူး။ ဒါေၾကာင့္ အဲ့ဒီက်ားျဖဴမ်ိဳးဆက္က အခုထိ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနဆဲပါပဲ"

ထုရွန္းဟုမ္သည္ ထုရွန္း၏ပိုင္နက္ေျမထဲတြင္ တခူးခူးတေခါေခါ ႏွင့္ မိန္႔မိန္႔ႀကီး လာအိပ္ေပ်ာ္ေနသည့္ ထိုက်ားျဖဴကို သိသိသာသာကို ဘဝင္မက်တာေၾကာင့္ စကားလမ္းေၾကာင္းလြႊဲလိုက္ေတာ့သည္။

" ဒါနဲ႔ ေနာက္ႏွစ္ရက္အတြက္ မင္းရဲ႕အစီအစဥ္က ဘာလဲ"

" မင္း စီစဥ္ထားၿပီးသားပဲ မဟုတ္ဘူးလား"

စုန္႔ခ်ီက ေမးခြန္းေပၚေမးခြန္းဆင့္ၿပီး ျပန္ေမးလိုက္သည္။

" မင္းငါ့ကို တကယ္ႀကီး ေခ်ာင္းနားေထာင္ေနခဲ့တာပဲ!"

ထုရွန္းဟုမ္က ေအာ္ေလေတာ့သည္။

" မင္းတို႔ေကာင္ေတြကိုက စကားေျပာတာ တအားက်ယ္လြန္းတာကိုး"

စုန္႔ခ်ီက မ်က္ႏွာအရည္ထူထူႏွင့္ပင္ ခြန္းတံု႔ျပန္ေျပာသည္။

ထုရွန္းဟုမ္က ထိုကိစၥႏွင့္ပက္သက္ၿပီး ဆက္လက္ျငင္းခံုျခင္းမျပဳေတာ့ဘဲ ျပန္သာေျပာလိုက္သည္။

" ငါ့အၾကံအစည္က၊ ငါ့ကိစၥပဲ။ မင္းနဲ႔ ဘာဆိုင္သလဲ"

" ငါနဲ႔ဆိုင္သြားရင္ ပိုၿပီးေတာ့ လြယ္ကူေခ်ာေမြ႕သြားႏိုင္တယ္ မဟုတ္လား? မင္းတို႔ အစီအစဥ္ထဲ ငါ့ကိုပါထည့္လိုက္"

စုန္႔ခ်ီဘက္က အရင္ဦးစြာလက္ဦး၍ ပူးေပါင္းဖို႔ကမ္းလွမ္းမႈျပဳေတာ့သည္။

" မင္းကိုလား? "

ထုရွန္းဟုမ္က သူ႔ကို မယံုသကၤာႏွင့္ အထက္ေအာက္ စုန္ခ်ီဆန္ခ်ီ ၾကည့္သည္။

စုန္႔ခ်ီ ထရပ္ကာ သူ႔ကိုေျပာလိုက္သည္။

" ငါ့ကို အဲ့လိုလာမၾကည့္နဲ႔ ။ မင္းလို လူဆယ္ေယာက္ဆိုရင္ေတာင္ ငါ အခက္အခဲမရွိ အသာေလး အႏိုင္ခ်ႏိုင္တယ္"

──────── ❃ ────────

Fortsätt läs

Du kommer också att gilla

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...